ဘုရားသခင်အပေါ် ကျွန်မရဲ့ အထင်လွဲမှားခြင်းနဲ့ သတိထားခြင်းတို့ကို ဖယ်ထုတ်ခဲ့ပါတယ်

23.04.2026

ချုံးရှင်း၊ တရုတ်ပြည်

၂၀၂၃ ခုနှစ်တုန်းက အသင်းတော်မှာ ဧဝံဂေလိအလုပ်အတွက် ကျွန်မ တာဝန်ယူခဲ့ရတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခု ကြာပြီးတဲ့နောက်မှာ ကျွန်မရဲ့ အလုပ်လုပ်နိုင်စွမ်းက ညံ့ပြီး၊ အဖွဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်တွေကို မကိုင်တွယ်နိုင်တာကြောင့် တာဝန်ကနေ ဖြုတ်ချခံလိုက်ရတယ်။ ခေါင်းဆောင်တွေက ကျွန်မရဲ့ အစွမ်းအစအပေါ် မူတည်ပြီး ဧဝံဂေလိဟောဖို့ စီစဉ်ပေးခဲ့တယ်။ ကျွန်မ တွေးမိတာက “ငါက ဧဝံဂေလိဟောနိုင်သေးတယ် ဆိုပေမဲ့၊ ငါ့အစွမ်းအစက သာမန်ပါပဲ၊ အဖွဲ့ထဲမှာ အဓိကကျတဲ့ကဏ္ဍကနေ မပါဝင်နိုင်ဘူးလေ။ ဒီတာဝန်ကို ထမ်းဆောင်ပြီး ရလဒ်မရှိသေးဘူးဆိုရင်၊ ငါ့တာဝန် ဆုံးရှုံးသွားနိုင်ပြီး ဖယ်ရှားရှင်းလင်းခံရမယ့် အန္တရာယ် ရှိနိုင်တယ်” ပေါ့။ ဒါကြောင့် လူတွေ ပိုရဖို့ မျှော်လင့်ပြီး ဧဝံဂေလိဟောဖို့ ကျွန်မ မမောနိုင်မပန်းနိုင်လုပ်ခဲ့တယ်။

တစ်ခါတုန်းက ကျွန်မနဲ့ တွဲဖက်လုပ်တဲ့ ညီအစ်မ လီရှောင်က ကျွန်မ တာဝန်ထမ်းဆောင်ရာမှာ စည်းမျဉ်းတွေကို ချိုးဖောက်နေတာ၊ စည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတချို့ကို ကျွန်မ စွန့်လွှတ်လိုက်တာတွေကို သတိထားမိသွားတယ်။ ကျွန်မ စိတ်ထဲမှာ စိတ်မအေးနိုင်ဖြစ်ပြီး တွေးမိတယ်။ “ငါ လေ့ကျင့်နေတာ ဒီလောက်ကြာပြီ၊ ဒါပေမဲ့ ဒီလောက်ကြီးမားတဲ့ လွဲချော်မှုကို လုပ်မိနေတုန်းပါလား။ ခေါင်းဆောင်တွေသာ သိသွားရင်၊ ငါက ကိုယ့်တာဝန်မှာ စည်းမျဉ်းတွေကို နားမလည်ဘူးလို့ သူတို့ ထင်သွားနိုင်တယ်။ ပြီးတော့ ငါ့ကို ဒီတာဝန်ကို မလုပ်နိုင်ဘူးလို့ ယူဆပြီး တာဝန်ပြောင်းနိုင်တယ်။ အခု ဘုရားသခင်ရဲ့ အမှုတော်က ပြီးဆုံးဖို့ နီးကပ်နေပြီဆိုတော့၊ ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ငါ့တာဝန်ကို ထမ်းဆောင်ဖို့ပျက်ကွက်ခဲ့မယ်ဆိုရင်၊ ဒါက ငါ့ကို ဘုရားသခင် ဖယ်ရှားရှင်းလင်းမယ့် တောပင်အဖြစ် ထုတ်ဖော်လိုက်တာပဲ မဟုတ်ဘူးလား” ပေါ့။ အဲဒီအကြောင်း တွေးမိလေ၊ ကျွန်မ ပိုပြီး စိတ်ဆင်းရဲလေ ဖြစ်ရတယ်။ လီရှောင်က ကျွန်မထက် စည်းမျဉ်းတွေကို ပိုနားလည်တယ်ဆိုတာ ထည့်သွင်းစဉ်းစားပြီး၊ သူ့အကြံပြုချက်တွေကို ပိုနားထောင်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဒါဆိုရင် အမှားတွေကို လျှော့ချဖို့ အထောက်အကူဖြစ်လိမ့်မယ်၊ အမှားတွေ ဖြစ်ခဲ့ရင်တောင် ကျွန်မမှာ တာဝန် ပိုနည်းသွားမှာပေါ့။ အဲဒီနောက်ပိုင်း ရှင်းရှင်းလင်းလင်း မရှိတဲ့ ကိစ္စရပ်တွေဆိုရင် ကျွန်မက သေသေချာချာ မစဉ်းစားဘူး။ ငါ့ရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစနဲ့ဆိုရင် ကိစ္စတွေကို စဉ်းစားလည်း ရလဒ်ထွက်မှာ မဟုတ်ဘူးလို့ တွေးပြီး၊ လူတိုင်းနဲ့ ဆွေးနွေးဖို့ပဲ စောင့်တယ်။ ဆွေးနွေးတဲ့ အချိန်တွေမှာလည်း ကျွန်မရဲ့ အတွေးတွေကို အကျဉ်းချုပ်လောက်ပဲ ပြောပြပြီး၊ လီရှောင်က သူ့အမြင်တွေ ပြောလာမှာကိုပဲ ကျွန်မ စောင့်နေတတ်တယ်။ တစ်ခါတလေ ကျွန်မမှာ မတူညီတဲ့ အမြင်တွေ ရှိပေမဲ့ ထုတ်မပြောရဲခဲ့ဘူး။ ကျွန်မ အမှားလုပ်မိရင် တာဝန်ယူရမှာကို ကြောက်တယ်၊ ပြီးတော့ အဲဒါက ကျွန်မရဲ့ အနာဂတ် အလားအလာတွေနဲ့ ပန်းတိုင်ကို ထိခိုက်သွားမှာ စိုးရိမ်တယ်လေ။ ဒါကြောင့် အချိန်အများစုမှာ ကျွန်မက သူများတွေနောက်ပဲ လိုက်ပြီး၊ ကိုယ်ပိုင်အမြင်တွေက နည်းသထက် နည်းလာရော။

တစ်ခါတုန်းက ဘာသာရေးသမားတစ်ယောက်ဟာ ဧဝံဂေလိဟောလို့ရတဲ့ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူ ဟုတ်မဟုတ်ဆိုတာကို ကျွန်မတို့ ဆွေးနွေးကြတယ်။ သူက ဧဝံဂေလိဟောပြောခြင်းဆိုင်ရာ စည်းမျဉ်းတွေနဲ့ ကိုက်ညီတယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ လီရှောင်က သူဟာ သမ္မာတရားကို နားမလည်နိုင်ဘူး၊ ဒါကြောင့် သူ့ကို မဟောသင့်ဘူးလို့ ပြောတယ်။ အစတုန်းကတော့ ကျွန်မရဲ့အမြင်နဲ့ပတ်သက်ပြီး ထပ်ပြီး မိတ်သဟာယပြုချင်သေးတယ်။ ဒါပေမဲ့ “ငါ့အမြင်က မမှန်ကန်ဘဲ အမှားတွေ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ထားလိုက်ပါတော့၊ ငါ ဘာမှ မပြောတော့ပါဘူး။ လီရှောင်က စည်းမျဉ်းတွေကို ကောင်းကောင်း နားလည်သလို၊ ဧဝံဂေလိဟောရာမှာလည်း အတွေ့အကြုံ ပိုရှိတယ်၊ ဒါကြောင့် သူ့စကားပဲ နားထောင်လိုက်မယ်” လို့ တွေးလိုက်တယ်။ ဒါနဲ့ ဒီ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူကို စွန့်လွှတ်ဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်ကြတယ်။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက ဒီအခြေအနေကို သိသွားတယ်။ ပြီးတော့ ဒီ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူမှာ ဘာသာရေး အယူအဆတွေ အများကြီး ရှိရုံသက်သက်ပဲ၊ သမ္မာတရားကို လက်မခံနိုင်သူ မဟုတ်ဘူး၊ သူ့ကို လွယ်လွယ်ကူကူ စွန့်လွှတ်လိုက်တာက စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးလို့ ပြောတယ်။ အလုပ်မှာ ဒီလို လွဲချော်မှုမျိုးကို မြင်လိုက်ရတော့၊ အဲဒီအချိန်တုန်းက ဆက်ပြီး ရှာဖွေဖို့အတွက် ဒီကိစ္စကို မတင်ပြခဲ့မိတာကို ကျွန်မ တော်တော် နောင်တရသွားတယ်။ ဒါပေမဲ့ ကျွန်မ ပြန်တွေးမိတာက “ဒါက လီရှောင်ရဲ့ အကြံပြုချက်လေ၊ ဒီတော့ တာဝန်က ငါတစ်ယောက်တည်းအပေါ်မှာ ရှိတာ မဟုတ်ပါဘူး” ပေါ့။ ဒါကြောင့် အပြစ်ရှိတယ်လို့ ခံစားရတာ နည်းနည်း သက်သာသွားတယ်။

ကိစ္စတိုင်းကို သူများတွေကိုပဲ မေးပြီး ကိုယ်ပိုင်အတွေး လုံးဝမရှိတာကြောင့်၊ ကျွန်မ လုပ်သမျှအရာတိုင်းမှာ တဖြည်းဖြည်းနဲ့ အရမ်းကို ထိုင်းမှိုင်းလာတယ်။ ဧဝံဂေလိဟောရတာ ကျွန်မအတွက် ပိုပိုပြီး ခက်ခဲလာသလိုပဲ၊ ရလဒ်တွေကလည်း ပိုဆိုးလာပါတော့တယ်။ ပြန်စဉ်းစားကြည့်ရင်၊ အရင်တုန်းက ဧဝံဂေလိဟောတဲ့အချိန်မှာ ဘာသာရေးသမားတချို့ရဲ့ မေးခွန်းတွေကို ကျွန်မ မိတ်သဟာယပြုပြီး ဖြေရှင်းပေးနိုင်ခဲ့ဖူးတယ်၊ ဒါပေမဲ့ ဘာဖြစ်လို့ အခုကျတော့ ကျွန်မ ပြောစရာ စကား သိပ်မရှိတော့တာလဲ။ ကျွန်မ စိတ်ထဲမှာ တစ်ခုခုမှားနေတယ်လို့ ခံစားရပေမဲ့ အကြောင်းရင်းကို မသိခဲ့ဘူး။ ဒါနဲ့ ကျွန်မရဲ့ အစွမ်းအစ ညံ့ဖျင်းတာကြောင့်၊ သမ္မာတရားကို နားလည်သဘောပေါက်မှု မလေးနက်တာကြောင့် ဖြစ်မယ်လို့ပဲ ဘာမှမတတ်နိုင်တော့ဘဲနဲ့ တွေးမိတယ်။ ဒီလို တွေးမိတဲ့အခါ ကျွန်မ နည်းနည်း အပျက်သဘောဆောင်လာတယ်။ ကျွန်မရဲ့ အခြေအနေ မှားနေမှန်း သိပေမဲ့ အဲဒါကို ပြောင်းလဲဖို့ အားမရှိသလို ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက ကျွန်မတို့နဲ့ စုဝေးပွဲလုပ်ပြီး ကျွန်မရဲ့ ပြဿနာ အတော်များများကို ထောက်ပြခဲ့တယ်။ ဥပမာ၊ ကိုယ့်တာဝန်မှာ မတက်မကြွဖြစ်ပြီး သူများတွေကိုပဲ အမြဲ မှီခိုနေတာ၊ တကယ့်အလုပ်ကို မလုပ်တာ စသဖြင့်ပေါ့။ ဒီအကဲဖြတ်ချက်တွေကို ကျွန်မရှေ့မှာ တစ်ခုပြီးတစ်ခု ချပြလာတဲ့အခါ၊ ကျွန်မ ဆွံ့အသွားပြီး တွေးမိတယ်၊ “ငါ့တာဝန်မှာ ပြဿနာတွေက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် များနေတာလဲ။ အဖွဲ့ထဲမှာ ငါက ဘယ်နေရာကနေ ပါဝင်ခဲ့လို့လဲ” ပေါ့။

နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို မည်သည့်အခါမျှ မနာခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို ၎င်းတို့၏ ကောင်းချီးရရှိရန် မျှော်လင့်ချက်နှင့် အနာဂတ် ပန်းတိုင်တို့ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဆုံးရှုံးသွားသည်နှင့် ကောင်းချီးများ၊ ဆုလာဘ်များရရှိရန် မျှော်လင့်ချက်မရှိတော့သကဲ့သို့ပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့၏ အသက်ကို ဆုံးရှုံးရသကဲ့သို့ ခံစားရသည်။ ၎င်းတို့က ‘ငါသည် ဂရုစိုက်ရမည်။ ပေါ့ဆ၍ မရပေ။ ဘုရားအိမ်တော်၊ ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင်ကိုပင် အားကိုး၍မရပေ။ ၎င်းတို့ထဲမှ မည်သူ့ကိုမျှ ငါ ယုံကြည်၍မရပေ။ သင် အားအကိုးနိုင်ဆုံးသောသူနှင့် ယုံကြည်ရန် အထိုက်တန်ဆုံးသောသူမှာ သင်ကိုယ်တိုင်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင်အတွက် အစီအစဉ်များ မပြုလုပ်နေလျှင် သင့်အား မည်သူက ဂရုစိုက်မည်နည်း။ သင်၏ အနာဂတ်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ကောင်းချီးများအား သင်လက်ခံရရှိခြင်းရှိမည်၊ မရှိမည်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ထို့ကြောင့် ငါသည် ငါ၏အကျိုးအတွက် အစီအစဉ်များနှင့် တွက်ချက်မှုများကို သေချာလုပ်ဆောင်ရမည်။ အမှားများပြုလုပ်၍မရ၊ သို့မဟုတ် အနည်းငယ်မျှပင် ပေါ့ဆ၍ မရပေ။ မဟုတ်လျှင် တစ်စုံတစ်ယောက်က ငါ့အပေါ် အခွင့်အရေးယူဖို့ ကြိုးစားလျှင် မည်သည့်အရာကို ငါလုပ်ဆောင်ရမည်နည်း’ ဟု တွေးကြသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်စုံတစ်ယောက်က ၎င်းတို့အား ပိုင်းခြားသိမြင်မည်၊ သို့မဟုတ် ရိပ်စားမိမည်ကိုလည်းကောင်း၊ ဤသို့ဖြင့် ၎င်းတို့သည် ထုတ်ပယ်ခံရပြီး ၎င်းတို့၏ ကောင်းချီးရရှိဖို့အိပ်မက်က ပျက်စီးသွားမည်ကိုလည်းကောင်း ကြောက်ရွံ့လျက် ဘုရားအိမ်တော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များကို သတိထားကာကွယ်ကြသည်။ ၎င်းတို့သည် ကောင်းချီးများ ရရှိရန် မျှော်လင့်ချက်ကို ထားရှိဖို့အလို့ငှာ မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထိန်းသိမ်းရမည်ဟု ထင်ကြသည်။ ကောင်းချီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် သို့မဟုတ် မှတ်ချက်ပေးဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းချီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ကောင်းချီးခံစားရခြင်းနှင့် ဆက်စပ်ပြီး အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်လိုက်ရတာက၊ အန္တိခရစ်တွေက ကောင်းချီးမင်္ဂလာရဖို့အတွက်ပဲ ဘုရားသခင်ကို ယုံကြည်ကြတယ်၊ ကောင်းချီးမင်္ဂလာ လိုက်စားခြင်းကို သူတို့ရဲ့ အသက်သွေးကြောလို သဘောထားကြတယ်။ ပြီးတော့ ဘုရားအိမ်တော်နဲ့ ညီအစ်ကိုမောင်နှမတွေအပေါ် သံသယတွေ၊ သတိထားတာတွေ အများကြီးရှိကြတယ်။ သူတို့ ဒုစရိုက်ပြုမိပြီး၊ အနှောင့်အယှက်တွေ ဖြစ်စေရင်၊ ပြီးတော့ ဖော်ထုတ်ခံရရင်၊ တာဝန်ကနေ ဖြုတ်ချခံရမှာ၊ ဖယ်ရှားရှင်းလင်းခံရမှာ၊ ပြီးတော့ သူတို့ရဲ့ ကောင်းမွန်တဲ့ အနာဂတ် အလားအလာတွေနဲ့ ပန်းတိုင် ဆုံးရှုံးသွားမှာကို ကြောက်ကြတယ်လေ။ ကျွန်မရဲ့ လိုက်စားမှုနဲ့ အမြင်ရှုထောင့်တွေက အန္တိခရစ်တစ်ယောက်ရဲ့ အမြင်ရှုထောင့်တွေနဲ့ အတူတူပဲ ဆိုတာကို ကျွန်မ မြင်လိုက်ရတယ်။ အဖွဲ့ခေါင်းဆောင်အဖြစ်ကနေ ဖြုတ်ချခံရတဲ့ အချိန်ကစလို့၊ ကျွန်မ ဧဝံဂေလိဟောပြောတာက ရလဒ်ကောင်းတွေ မထွက်ရင်၊ တာဝန်နေရာ ထပ်ပြီး ပြောင်းရွှေ့ခံရမှာ၊ လုပ်စရာ တာဝန်မရှိတော့မှာကို ကျွန်မ ကြောက်ခဲ့တယ်။ ဒါကြောင့် ကိုယ့်တာဝန်ကို ထိန်းသိမ်းထားနိုင်ဖို့၊ ကောင်းမွန်တဲ့ အနာဂတ် အလားအလာနဲ့ ပန်းတိုင်ကို သေချာစေဖို့အတွက် ကျွန်မရဲ့ တာဝန် ထိရောက်မှုကို တိုးတက်အောင် လုပ်ဖို့ ရည်ရွယ်ခဲ့တယ်။ ကျွန်မနဲ့ တွဲဖက်လုပ်တဲ့ ညီအစ်မက ကျွန်မရဲ့ အလုပ်မှာ လမ်းလွဲတာတွေကို သတိထားမိပေမဲ့၊ ကျွန်မက အကြောင်းရင်းကို ချက်ချင်း ရှာဖွေပြီး မပြုပြင်ခဲ့ဘူး။ အဲဒီအစား ခေါင်းဆောင်တွေ သိသွားပြီး၊ ကျွန်မကို အရည်အချင်းမမီဘူးလို့ ယူဆပြီး တာဝန်ပြောင်းမှာကို ကြောက်လို့၊ စည်းမျဉ်းတွေကို နားမလည်တာကို ကာဗာအနေနဲ့ သုံးပြီးကျွန်မရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်။ ရှင်းရှင်းလင်းလင်း မသိတဲ့ ကိစ္စတွေကိုလည်း မရှာဖွေခဲ့ဘူး။ မတူညီတဲ့ အမြင်တွေကိုလည်း ထုတ်မပြောခဲ့ဘူး။ ကျွန်မနဲ့ တွဲဖက်လုပ်တဲ့ ညီအစ်မကိုပဲ မှီခိုခဲ့တယ်။ အမှားတွေ ဖြစ်ခဲ့ရင်တောင်၊ ကျွန်မမှာ တာဝန်ယူရတာ ပိုနည်းသွားမယ်၊ တာဝန်ပြောင်းခံရမှာ မဟုတ်ဘူးလို့ ယုံကြည်ခဲ့တာကိုး။ တာဝန်ထမ်းဆောင်တယ် ဆိုတာက နဂိုက ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တစ်ယောက်ရဲ့ အားသာချက်တွေနဲ့ တစ်ယောက်ကို ဖြည့်ဆည်းပေးဖို့ လိုအပ်တာပါ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ စိတ်ပူနေပြီး အသင်းတော်ရဲ့ အလုပ်ကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ ကိုယ့်တာဝန်တွေကိုတောင် မဖြည့်ဆည်းခဲ့ဘူး။ ကျွန်မဟာ တကယ်ကို တစ်ကိုယ်ကောင်းဆန်တယ်၊ ယုတ်ညံ့တယ်၊ စိတ်ချလို့မရဘဲ လှည့်ဖြားတတ်တာပဲ။ အရင်တုန်းက ကျွန်မ ဘာကြောင့် ဖြုတ်ချခံခဲ့ရလဲ ဆိုတာကို ပြန်ကြည့်ရင်၊ တစ်ဖက်မှာတော့ ကျွန်မဆီမှာ လူ့အကြိုက်လိုက်သူ ဖြစ်ခြင်းဆိုတဲ့ ဆိုးဝါးတဲ့ စိတ်သဘောထား ရှိနေပြီး အသင်းတော်ရဲ့ အလုပ်ကို မကာကွယ်ခဲ့လို့ပါ၊ နောက်တစ်ဖက်မှာကျတော့ ကျွန်မရဲ့ အစွမ်းအစ ညံ့ဖျင်းပြီး အဖွဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ အလုပ်ကို မကိုင်တွယ်နိုင်ခဲ့လို့ ဖြစ်တယ်။ လူ့အကြိုက်လိုက်သူ ဖြစ်ခြင်းဆိုတဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ ကျွန်မ သမ္မာတရားကို ရှာဖွေခဲ့သင့်တယ်။ ပြီးတော့ ဧဝံဂေလိဟောပြောခြင်းဆိုင်ရာ သမ္မာတရားနဲ့ စည်းမျဉ်းတွေကို ကိုယ့်မှာ အမြန်ဆုံး ရှိထားခဲ့သင့်တယ်။ ဒီနည်းလမ်းအတိုင်း လက်တွေ့လုပ်မှသာ၊ ကျွန်မရဲ့ တာဝန်မှာ တိုးတက်မှု ရနိုင်မှာပါ။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို မရှာဖွေဘဲ၊ ကိုယ့်အားနည်းချက်တွေကို ဖုံးကွယ်ဖို့ ကောက်ကျစ်စဉ်းလဲမှုကို အသုံးပြုဖို့ ကြိုးစားခဲ့တယ်။ အဲဒါက ကျွန်မရဲ့ အသက်တာကို ထိခိုက်ရုံတင်မကဘဲ၊ ကျွန်မ တာဝန်ရဲ့ ထိရောက်မှုကိုပါ ထိခိုက်ခဲ့တယ်။ ကျွန်မရဲ့ လုပ်ရပ်တွေက ဘုရားသခင် ကျွန်မကို စက်ဆုပ်ရွံရှာအောင် လုပ်နေတာ ကြာပါပြီ။ အခု ကျွန်မက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ဆုံးရှုံးပြီး အမှောင်ထဲမှာ နေထိုင်နေရတယ်။ ဒါက ကျွန်မအပေါ် ကျရောက်လာတဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားပါပဲ။ ကျွန်မသာ အသိတရား ရမလာရင်၊ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရပြီး ဇာတ်သိမ်းသွားမှာပါ။ ဒါကြောင့် ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့ပြီး နောင်တရပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်ချင်ပါတယ်လို့ ပြောခဲ့တယ်။

ခဏကြာတော့ လီရှောင်က တာဝန်နေရာ ပြောင်းရွှေ့ခံလိုက်ရပြီး၊ အဖွဲ့ထဲက အလုပ်ကို ညီအစ်မ ရှင်းယွဲ့နဲ့ ကျွန်မ လွှဲယူလိုက်တယ်။ ကျွန်မ မစိုးရိမ်ဘဲ မနေနိုင်ဖြစ်ပြီး တွေးမိတယ်။ “လီရှောင်တုန်းက ငါ ရှင်းရှင်းလင်းလင်း မသိတဲ့ ကိစ္စတွေကို သူက စိစစ်ပေးခဲ့တာလေ၊ ဆိုတော့ ပြဿနာတွေ ဖြစ်လာရင် ငါ့မှာ တာဝန်ယူရတာ ပိုနည်းခဲ့တယ်။ အခု ရှင်းယွဲ့က လေ့ကျင့်ကာစပဲ ရှိသေးတာ၊ အနာဂတ်မှာ ပြဿနာတွေ ဖြစ်လာရင် အလိုလိုနေရင်း ငါ့တာဝန် ဖြစ်လာမှာပဲ။ ဒါက ထင်ထင်ရှားရှားကြီးကို ဖြစ်နေတာ။ ပြီးရင် ပြုပြင်တာလောက်က ကိစ္စ သေးသေးလေးပဲ ရှိဦးမယ်၊ ကြီးလေးတဲ့ ကိစ္စတွေဆိုရင် ငါ့ကို တာဝန်ကနေ ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းလိုက်နိုင်တယ်” ပေါ့။ ကျွန်မရဲ့ အခြေအနေ မှားနေမှန်း သတိထားမိလိုက်တယ်၊ ဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ပုန်ကန်ဖို့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “ရိုးသားခြင်းဟူသည်မှာ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်ခြင်းကို ဆိုလို၏၊ မည်သည့်အရာ၌မဆို ဘုရားသခင်အပေါ် လှည့်ဖြားခြင်းမရှိဘဲ အရာခပ်သိမ်း၌ ကိုယ်တော့်ထံ ပွင့်လင်းခြင်း၊ အဖြစ်မှန်များကို မည်သည့်အခါမျှ မဖုံးကွယ်ခြင်း၊ သင့်အထက်ရှိသူများကို လှည့်ဖြားရန် မကြိုးစားခြင်းနှင့် သင့်အောက်ရှိသူများထံမှ အမှုအရာများကို မဖုံးကွယ်ခြင်း၊ ဘုရားသခင်၏ မျက်နှာလိုမျက်နှာရလုပ်ရန်သာ ကြိုးပမ်းသည့်အရာများကို မလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။...သင်သည် သမ္မာတရား၏လမ်းခရီးကို ရှာဖွေခြင်း၌ အမှန်တကယ် နှစ်သက်ပါက အလင်း၌ အစဉ်အမြဲ နေထိုင်သောသူတစ်ဦး ဖြစ်၏။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်လိုက်ရတာက၊ ရိုးသားသူတွေဟာ သူတို့ကိုယ်သူတို့ ဘုရားသခင်ဆီ အပြည့်အဝ အပ်နှံနိုင်ပြီး၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံနိုင်ကြတယ်။ ကိုယ့်အတွက် စီစဉ်တာ၊ ထည့်သွင်းစဉ်းစားတာမျိုး မရှိဘဲ ကိုယ့်တာဝန်တွေကို လုပ်ကြတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် အထမြောက်ဖို့အတွက် ကိုယ့်တာဝန်တွေကို ကောင်းကောင်း လုပ်ဖို့ပဲ တွေးကြတယ်။ ဒီလိုလူမျိုးတွေက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရနိုင်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ပြီးတဲ့နောက်မှာ၊ ကိုယ့်အားနည်းချက်တွေကို မဖော်ထုတ်ဘဲ ရှောင်နေတာက ကောင်းမွန်တဲ့ အနာဂတ် အလားအလာနဲ့ ပန်းတိုင်ဆီကို ပို့ဆောင်ပေးမှာ မဟုတ်ဘူးဆိုတာ ကျွန်မ နားလည်သွားတယ်။ ဒါနဲ့ ပြောင်းပြန်ပါပဲ။ ဘုရားသခင်ကို လှည့်စားဖို့ ကိုယ့်အားနည်းချက်တွေကို ဖုံးကွယ်ပြီး ကောက်ကျစ်စဉ်းလဲမှုကို သုံးလေလေ၊ ဘုရားသခင်က ကျွန်မကို ပိုပြီး စက်ဆုပ်ရွံရှာလေ ဖြစ်မှာ၊ ပြီးတော့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုကို ကျွန်မ ဆုံးရှုံးဖို့ ပိုများလေပဲ။ ဒီတာဝန်ကို ထမ်းဆောင်ဖို့ ဘုရားသခင်က ကျွန်မကို ခွင့်ပြုထားတာပါ၊ ဘုရားသခင်က ကျွန်မရဲ့ ချို့တဲ့မှုတွေနဲ့ အားနည်းချက်တွေ အားလုံးကို သိပါတယ်၊ ဒါပေမဲ့ ကျွန်မက အမြဲတမ်း ပုန်းကွယ်ပြီး ဖုံးကွယ်ချင်ခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ်ရော၊ ဘေးနားက လူတွေကိုပါ လှည့်စားဖို့ ကြိုးစားနေခဲ့တာပဲ။ ကျွန်မ တော်တော် မိုက်မဲခဲ့တာပဲ။ ရိုးသားသူတစ်ယောက် ဖြစ်အောင် ကျွန်မလက်တွေ့လုပ်သင့်တယ်၊ နားမလည်တဲ့ အရာတွေဆိုရင် ညီအစ်ကိုမောင်နှမတွေဆီကနေ ရှင်းလင်းအောင် မေးမြန်းသင့်တယ်။ အမှားတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး လက်ခံသင့်တယ်။ အားနည်းချက်တွေ ရှိပေမဲ့ တိုးတက်အောင် ကြိုးစားပြီး၊ ကျွန်မ လုပ်နိုင်သမျှ တာဝန်တွေ အားလုံးကို ဖြည့်ဆည်းသင့်တယ်။ ဒါကို နားလည်လိုက်တော့၊ ကျွန်မ စိတ်နှလုံးထဲမှာ ငြိမ်သက်အေးချမ်းသွားတယ်။ ရှင်းယွဲ့နဲ့အတူ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတွေရဲ့ ကိစ္စတွေကို ဆွေးနွေးတဲ့အခါ၊ ကျွန်မတို့ နားမလည်တာတွေ ကြုံရရင် သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေတယ်။ ပြီးတော့ အပြန်အလှန် မိတ်သဟာယပြုခြင်းအားဖြင့်၊ အစတုန်းက နားမလည်ခဲ့တဲ့ ကိစ္စတချို့က သူ့ဘာသာ ရှင်းလင်းသွားတယ်။ ဆွေးနွေးပြီးတာတောင် ရှင်းရှင်းလင်းလင်း မဖြစ်တဲ့ ကိစ္စတချို့ကျတော့၊ ကြီးကြပ်ရေးမှူးတွေဆီကနေ အကူအညီ ရယူခဲ့တယ်။ သူတို့ရဲ့ မိတ်သဟာယပြုခြင်းကနေတစ်ဆင့် ကျွန်မတို့ ပိုပြီး ရှင်းလင်းလာတယ်။ ဒီကာလအတွင်းမှာ ကျွန်မရဲ့ အားနည်းချက် အတော်များများ ထုတ်ဖော်ခံလိုက်ရပေမဲ့၊ ကျွန်မ စိတ်ထဲမှာ ဘောင်ခတ်ခံထားရသလို မခံစားရတော့ဘူး။ ပြဿနာတွေ ဖြစ်လာတဲ့အခါ၊ အချိန်မီ စိစစ်သုံးသပ်ခဲ့တယ်၊ သတိတောင် မထားမိလိုက်ဘဲနဲ့ ကျွန်မတို့ရဲ့ ဧဝံဂေလိဟောပြောတဲ့ ထိရောက်မှုက တိုးတက်လာတယ်။ ဘုရားသခင်ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့တယ်။

ခဏကြာတော့၊ ခေါင်းဆောင်တွေက ကျွန်မတို့ရဲ့ ဧဝံဂေလိဟောပြောခြင်း ထိရောက်မှုကို မေးမြန်းဖို့ စာရေးလာကြတယ်၊ ကျွန်မ နည်းနည်း ဖိအားပြန်ဝင်လာတယ်။ အရင်ကထက် ထိရောက်မှု ပိုရှိလာတယ် ဆိုပေမဲ့၊ သိသိသာသာ တိုးတက်လာတာမျိုး မပြသေးဘူးလေ။ ကျွန်မ မစိုးရိမ်ဘဲ မနေနိုင်ပြန်ဘူး၊ “အဖွဲ့ထဲမှာ ထိရောက်မှုက သိသိသာသာ တိုးတက်မလာရင်၊ ခေါင်းဆောင်တွေက ငါ့ကို ဒီတာဝန်နဲ့ မထိုက်တန်ဘူးလို့ ထင်ပြီး တာဝန်နေရာ ပြောင်းရွှေ့လိုက်မလား” ပေါ့။ ဒီအတွေးတွေက ကျွန်မကို နည်းနည်း စိတ်မချမ်းမသာ ဖြစ်စေတယ်။ ကျွန်မရဲ့ အနာဂတ်အတွက် ကျွန်မ ထပ်ပြီး စိုးရိမ်နေမိမှန်း သတိထားမိလိုက်တယ်။ ကျွန်မ ဘုရားဝတ်ပြုတဲ့အချိန်တစ်ခုမှာ၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုထဲက ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်မိတယ်၊ အဲဒါက ကျွန်မ အတိအကျ လိုအပ်နေတဲ့အရာပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် ဘုရားအိမ်တော်က လူများကို မျှတစွာ ဆက်ဆံနိုင်ကြောင်းကို မယုံကြည်ကြပေ။ သူ၏အိမ်တော်တွင် ဘုရားသခင် အုပ်ချုပ်ကြောင်းနှင့် ထိုနေရာတွင် သမ္မာတရားအုပ်စိုးကြောင်းကို ၎င်းတို့ မယုံကြည်ကြပေ။ လူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ပြဿနာတစ်ခုတက်လာလျှင် ဘုရားအိမ်တော်သည် ထိုလူကို ချက်ချင်း ကိုင်တွယ်လိမ့်မည်ဖြစ်ကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ဖို့ သူ၏အခွင့်အရေးကို ဖြုတ်ချကာ သူ့ကို အခြားသို့ပို့လိမ့်မည် သို့မဟုတ် အသင်းတော်မှပင် သူ့ကို ရှင်းထုတ်ပစ်နိုင်ကြောင်းတို့ကို ၎င်းတို့က ယုံကြည်ကြသည်။ ထိုသည်က အမှန်တကယ် ကိစ္စများ အလုပ်လုပ်သည့်ပုံလော။ ကျိန်းသေမဟုတ်ပေ။ ဘုရားအိမ်တော်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူတိုင်းကို ဆက်ဆံသည်။ ဘုရားသခင်သည် လူတိုင်းအပေါ် ဆက်ဆံရာတွင် ဖြောင့်မတ်သည်။ ဘုရားသည် ဖြစ်ရပ်တစ်ခုတွင် လူတစ်ယောက်၏ ပြုမူပုံပြုမူနည်း တစ်ခုတည်းကိုသာ မကြည့်ပေ။ လူတစ်ဦး၏သဘာဝအနှစ်သာရ၊ ထိုသူ၏ရည်ရွယ်ချက်များ၊ ထိုသူ၏သဘောထားတို့ကို သူကြည့်သည်။ ပြီးလျှင် သူသည် လူတစ်ဦး အမှားလုပ်မိသောအခါ သူ့ကိုယ်သူ ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ခြင်းရှိမရှိ၊ နောင်တရရှိခြင်းရှိမရှိနှင့် ထိုလူသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ပြဿနာ၏ အနှစ်သာရကို ထိုးဖောက်သိမြင်နိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို နားလည်လာနိုင်ခြင်းရှိမရှိ၊ မိမိကိုယ်ကို မုန်းတီးခြင်း ရှိမရှိနှင့် အစစ်အမှန် နောင်တရခြင်းရှိမရှိတို့ကို အထူးသဖြင့် သူကြည့်သည်။ အကယ်၍ လူတစ်ဦးသည် ဤမှန်ကန်သော သဘောထားမရှိဘဲ ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်များနှင့် လုံးဝ ရောထွေးနေပါက၊ စဉ်းလဲသောအကြံအစည်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းများဖြင့် ပြည့်နေပြီး ပြဿနာများ တက်လာသောအခါ ဟန်ဆောင်ခြင်း၊ တစ်ပတ်ရိုက်ခြင်း၊ ပြီးလျှင် ကိုယ့်ကိုယ်ကိုယ် ကျိုးကြောင်းပြပြောဆိုခြင်းနှင့် မိမိ၏လုပ်ရပ်များကို ဝန်ခံပြုဖို့ ခေါင်းမာစွာ ငြင်းဆန်ခြင်းတို့ကို ကျင့်သုံးပါက ထိုကဲ့သို့သောလူတစ်ယောက်ကို ကယ်တင်ဖို့ မဖြစ်နိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြဘဲ လုံးလုံး ထုတ်ဖော်ခံလိုက်ရသည်။ မမှန်ကန်သောလူများနှင့် သမ္မာတရားကို စိုးစဉ်းမျှ လက်မခံသော သူတို့သည် အနှစ်သာရအားဖြင့် မယုံကြည်သူများဖြစ်ကြပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရဖို့သာဖြစ်နိုင်တော့သည်။...ငါ့ကို ပြောလော့။ လူတစ်ဦးသည် အမှားတစ်ခု လုပ်ထားကာ အမှန်တကယ် နားလည်နိုင်စွမ်းရှိပြီး နောင်တရလိုစိတ်ရှိလျှင် ဘုရားအိမ်တော်က ထိုသူကို အခွင့်အရေးတစ်ခု မပေးဘဲ နေမည်လော။ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသို့ ရောက်လာနေပြီ ဖြစ်သည်နှင့်အညီ ထမ်းဆောင်ရန်လိုသည့် တာဝန်များစွာရှိသည်။ သို့သော် သင်သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသကဲ့သို့ မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်လျှင်၊ တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်း ရသော်လည်း တန်ဖိုးထားရမှန်း မသိလျှင်၊ အကောင်းဆုံးအချိန်ကို လွန်သွားစေလျက် သမ္မာတရားကို အနည်းငယ်မျှပင် မလိုက်စားလျှင် သင်သည် ထုတ်ဖော်ခြင်းခံရလိမ့်မည်။ သင်သည် တာဝန်ထမ်းဆောင်ရာတွင် အဆက်မပြတ် ဝတ်ကျေတမ်းကျေပြုလျှင်၊ ပြုပြင်ခံရခြင်းကို ရင်ဆိုင်ရသောအခါ၌ လုံးဝ နာခံခြင်းမရှိလျှင် ဘုရားအိမ်တော်က တာဝန်ထမ်းဆောင်ရန် သင့်ကို အသုံးပြုဦးမည်လော။ ဘုရားအိမ်တော်တွင် အုပ်စိုးသည်မှာ သမ္မာတရားဖြစ်သည်။ စာတန်မဟုတ်ပေ။ ဘုရားသခင်သည် အရာရာအပေါ် အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ လူသားကို ကယ်တင်ခြင်းအမှုကို ပြုနေသည်မှာ သူဖြစ်သည်။ အရာရာအပေါ် အချုပ်အခြာအာဏာ ကိုင်စိုးသူမှာ သူ ဖြစ်သည်။ မည်သည့်အရာက မှန်သည်၊ မှားသည်ဟူ၍ သင့်အနေဖြင့် စိစစ်ရန် မလိုအပ်ပေ။ သင်သည် ကြားနာပြီး ကျိုးနွံနာခံရန်သာ လိုအပ်သည်။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် သမ္မာတရားကို သင်လက်ခံရမည်၊ သင်၏ အမှားများကို ပြုပြင်နိုင်ရမည်။ ဤသို့ သင်လုပ်ဆောင်လျှင် ဘုရားအိမ်တော်သည် သင်၏ တာဝန်ထမ်းဆောင်ခွင့်ကို ဖယ်ရှားမည်မဟုတ်ပေ။ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကို အစဉ် ကြောက်ရွံ့နေလျှင်၊ ဆင်ခြေများ အစဉ်ပေးလျှင်၊ သင့်ကိုယ်သင် အစဉ် ရှင်းချက်ထုတ်ပြလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှပင် သင်လက်မခံကြောင်းနှင့် သင်သည် ကျိုးကြောင်းဆင်ခြင်မှု မရှိကြောင်းကို အခြားသူတို့အား တွေ့မြင်ခွင့်ပေးလျှင်၊ သင်ဒုက္ခရောက်ပြီဖြစ်သည်။ အသင်းတော်သည် သင့်ကို မဖြစ်မနေ ကိုင်တွယ်ရလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လုံးဝ လက်မခံဘဲ ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းကို အစဉ်ကြောက်ရွံ့နေလျှင် သင်၏ ဤအကြောက်တရားသည် လူ့ရည်ရွယ်ချက်နှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြင့် စွန်းထင်းနေသည်။ သံသယ၊ သတိထားကာကွယ်မှုနှင့် မှားယွင်းသော အယူအဆတို့ဖြင့် စွန်းထင်းနေသည်။ ဤအရာများထဲမှ မည်သည့်အရာကမျှ လူတစ်ယောက်၌ ရှိသင့်သည့် သဘောထားများမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်လိုက်ရတာက၊ ဘုရားအိမ်တော်က လူတွေကို စည်းမျဉ်းတွေအပေါ် မူတည်ပြီး ဖယ်ရှားရှင်းလင်းတာပါ၊ လူတစ်ယောက်ရဲ့ ယာယီအမှားတွေ၊ သူ့ရဲ့ အစွမ်းအစတွေအပေါ် မူတည်တာ မဟုတ်ပါဘူး။ သမ္မာတရားနဲ့ သူတို့တာဝန်တွေအပေါ်ထားတဲ့ သူတို့ရဲ့ သဘောထား၊ ပြီးတော့ အမှားလုပ်မိပြီးတဲ့နောက်မှာ သမ္မာတရားကို လက်ခံပြီး ဘုရားသခင်ဆီ နောင်တရသလား ဆိုတာတွေအပေါ် မူတည်ပါတယ်။ အမှားလုပ်မိပေမဲ့ နောင်တရဖို့ ငြင်းဆန်တဲ့သူတွေ၊ ပြီးတော့ သူတို့ရဲ့ သဘာဝ အနှစ်သာရအရ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့တဲ့သူတွေ ဟာ ဖယ်ရှားရှင်းလင်းခံရမယ့်သူတွေ ဖြစ်ပါတယ်။ နောက်ပြီးတော့ လူတစ်ယောက် တာဝန်နေရာ ပြောင်းရွှေ့ခံရတာဟာ ဖယ်ရှားရှင်းလင်းခံရတာပဲလို့ ကျွန်မ အမြဲ တွေးခဲ့ဖူးတယ်၊ ဒါပေမဲ့ ဒီအမြင်က ဘုရားနှုတ်ကပတ်တော်နဲ့ လုံးဝ မကိုက်ညီပါဘူး။ တချို့လူတွေက သူတို့ရဲ့ ကြီးလေးတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကြောင့် အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက် မိလို့ ဖြုတ်ချ ခံရတာပါ၊ ဒါပေမဲ့ ဖြုတ်ချခံရပြီးတဲ့နောက်မှာ သူတို့ ဆင်ခြင်သုံးသပ်ပြီး နောင်တရမယ်ဆိုရင်၊ အသင်းတော်က သူတို့တာဝန်တွေကို ထမ်းဆောင်ဖို့ အခွင့်အရေး ပေးပါသေးတယ်။ တစ်ယောက်ယောက်က သူ့အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်ကို မကိုင်တွယ်နိုင်လို့ တာဝန်နေရာ ပြောင်းရွှေ့ခံရရင် အသင်းတော်က သူ့ရဲ့ အစွမ်းအစနဲ့ အားသာချက်တွေအပေါ် မူတည်ပြီး သင့်တော်တဲ့ တာဝန်တွေကို စီစဉ်ပေးမှာပါ၊ အဲဒါက အသင်းတော်ရဲ့ အလုပ်အတွက်ရော၊ တစ်ဦးချင်းစီရဲ့ အသက် ဝင်ရောက်မှု အတွက်ပါ အကျိုးရှိပါတယ်။ ဖြုတ်ချခံရတာနဲ့ တာဝန်နေရာ ပြောင်းရွှေ့ခံရတာတွေက သမ္မာတရားကို လိုက်စားဖို့နဲ့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ လူတစ်ယောက်ရဲ့ အခွင့်အရေးကို ရုပ်သိမ်းလိုက်တာ မဟုတ်ပါဘူး၊ ဖယ်ရှားရှင်းလင်းခံရတယ် ဆိုတာကတော့ ဝေးရောပေါ့။ ဥပမာ ကျွန်မနဲ့ တွဲဖက်လုပ်ဖူးတဲ့ ညီအစ်မ ဟန်ယွိဆိုရင်၊ သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထား ကြောင့် သူ့အဆင့်အတန်းကို ပြပြီး သူများတွေကို ဘောင်ခတ် ခဲ့တယ်၊ အဲဒါက ညီအစ်ကိုမောင်နှမတွေကို ဘောင်ခတ်ခံရသလို ခံစားစေပြီး၊ အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့် လုပ်ခဲ့လို့ သူ ဖြုတ်ချခံခဲ့ရတယ်။ ဒါပေမဲ့ ဟန်ယွိက ဆင်ခြင်သုံးသပ်ပြီး သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို သိမြင်နားလည်မှု နည်းနည်း ရလာတဲ့နောက်မှာ၊ အသင်းတော်က သူ့ကို တာဝန်တွေ ပြန်ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။ အရင်တုန်းက ကျွန်မလည်း ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်း ကို လိုက်စားခဲ့လို့ ဖြုတ်ချခံခဲ့ရဖူးပါတယ်၊ ဒါပေမဲ့ ကျွန်မ နောင်တရဖို့ ဆန္ဒရှိလာတာနဲ့၊ အသင်းတော်က ကျွန်မကို တာဝန်တွေ ပြန်ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ဒါကို ကြည့်ရင်၊ ဘုရားသခင်က လူတွေကို ဖယ်ရှားရှင်းလင်းတာဟာ သူတို့ အမှားလုပ်သလားဆိုတဲ့အပေါ်၊ သူတို့ရဲ့ အစွမ်းအစ အပေါ် အခြေခံတာ မဟုတ်ဘဲ၊ သူတို့ သမ္မာတရားကို လက်ခံပြီး စစ်မှန်တဲ့ နောင်တရနိုင်လား ဆိုတာအပေါ် အခြေခံတယ်ဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထား ပါပဲ။

အဲဒီနောက် ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံကာ မိမိ၏တာဝန်ကို ထမ်းဆောင်ရန်နှင့် ၎င်းတို့လုပ်ဆောင်နိုင်သည်ကို လုပ်ဆောင်ရန် ဖန်ဆင်းရှင်နှင့်ပူးပေါင်းဆောင်ရွက်ပါက ယင်းသည် အပေးအယူတစ်ရပ်၊ သို့မဟုတ် ကုန်သွယ်မှုတစ်ခု မဟုတ်ပေ၊ လူတို့သည် ဘုရားသခင်ထံမှ ကတိတစ်ခုတလေ သို့မဟုတ် ကောင်းချီးများကို ရရှိရန် သဘောထားများကိုဖြစ်စေ၊ လုပ်ရပ်များနှင့် အပြုအမူများကိုဖြစ်စေ ဖော်ထုတ်ပြခြင်းများဖြင့် အလဲအထပ်လုပ်ရန် မကြိုးစားသင့်ပေ။ ဖန်ဆင်းရှင်က ဤအလုပ်ကို သင်တို့ထံ အပ်နှံသောအခါတွင် ဖန်ဆင်းခံများအနေဖြင့် ဤတာဝန်နှင့် တာဝန်ပေးစေခိုင်းချက်တို့ကို သင်တို့လက်ခံသည်မှာ မှန်ကန်ပြီး သင့်တော်ပေသည်။ ဤအရာနှင့်ပတ်သက်၍ အပေးအယူလုပ်ခြင်းတစ်ခုတလေ ရှိသလော။ (မရှိပါ။) ဖန်ဆင်းရှင်၏ဘက်တွင် သူသည် လူတို့ ထမ်းဆောင်သင့်သည့် တာဝန်များဖြင့် သင်တို့ အယောက်စီတိုင်းကို အပ်နှံဖို့ လိုလားလျက်ရှိသည်။ ဖန်ဆင်းခံ လူသားမျိုးနွယ်၏ ဘက်တွင်မူ လူတို့သည် ဤတာဝန်ကို မိမိတို့အသက်တာ၏ ဝတ္တရားအဖြစ်၊ ဤဘဝတွင် မိမိတို့ အသက်ရှင်နေထိုင်မှုဖြင့် ဖော်ပြသင့်သော တန်ဖိုးအဖြစ် မှတ်ယူကာ ဝမ်းမြောက်စွာ လက်ခံသင့်ပေသည်။ ဤနေရာတွင် အပေးအယူလုပ်ခြင်း မရှိ၊ ဤသည်မှာ ညီမျှသော အလဲအထပ်လုပ်ခြင်းတစ်ခု မဟုတ်၊ ယင်းက လူတို့ စိတ်ကူးထားသည့် ဆုလာဘ်တစ်ခုတလေဖြစ်စေ၊ အခြားစကားများဖြစ်စေ ပါဝင်ပတ်သက်ခြင်း ပို၍ပင် မရှိချေ။ ဤသည်မှာ သေချာပေါက် ကုန်သွယ်မှုမဟုတ်။ ယင်းသည် လူများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါတွင် ပေးသောအဖိုးအခဖြစ်စေ၊ ၎င်းတို့ လုပ်ဆောင်ပေးသည့် အလုပ်ကြိုးစားမှုကိုဖြစ်စေ အခြားသောအရာတစ်ခုဖြင့် အလဲအလှယ် လုပ်ခြင်းအကြောင်း မဟုတ်ပေ။ ဘုရားသခင်သည် ထိုအရာကို မည်သည့်အခါကမျှ မပြောခဲ့သကဲ့သို့ လူများကလည်း ယင်းကို ဤနည်းလမ်းဖြင့် နားမလည်သင့်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) “’ငါ့အစွမ်းအစက နည်းသော်လည်း ငါ့ထံတွင် ရိုးသားသည့် နှလုံးသားတစ်ခု ရှိသည်’။ ဤစကားလုံးများသည် အလွန်စစ်မှန်သည်ဟု ထင်ရပြီး ဘုရားသခင်က လူများကို လုပ်ဆောင်ခိုင်းသည့် သတ်မှတ်ချက်တစ်ခုအကြောင်းကို ပြောသည်။ မည်သည့်လိုအပ်ချက်နည်း။ လူများသည် အစွမ်းအစနည်းပါက ယင်းသည် ကမ္ဘာပျက်သောကိစ္စ မဟုတ်ပေ၊ သို့သော် သူတို့တွင် ရိုးသားသောနှလုံးသားတစ်ခု ပိုင်ဆိုင်ရမည်၊ ထိုသို့ပိုင်ဆိုင်လျှင် သူတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရနိုင်လိမ့်မည်။ သင့်အခြေအနေ သို့မဟုတ် နောက်ကြောင်းရာဇဝင်က မည်သို့ပင်ရှိစေ သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ရမည်၊ ရိုးရိုးသားသား ပြောဆိုရမည်၊ ရိုးရိုးသားသား ပြုမူရမည်၊ သင့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် ထမ်းဆောင်နိုင်ရမည်၊ သင့်တာဝန်ကို သစ္စာစောင့်သိရမည်၊ ဖြတ်လမ်းမလိုက်ရ၊ စိတ်မချရသော သို့မဟုတ် လိမ်လည်လှည့်ဖြားတတ်သောသူတစ်ဦး မဖြစ်ရ၊ မုသားမပြောရ သို့မဟုတ် မလှည့်စားရ၊ စကားကို ဝေ့လည်ကြောင်ပတ် မပြောရ။ သင်သည် သမ္မာတရားအတိုင်း ပြုမူရမည်ဖြစ်ပြီး သမ္မာတရားလိုက်စားသော သူတစ်ဦးဖြစ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားကြည့်တော့၊ ဘုရားသခင်က လူတွေကို တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး ပေးတာဟာ ဆုလာဘ်တွေအတွက် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး အသုံးခံဖို့ မဟုတ်ဘူးဆိုတာ ကျွန်မ နားလည်သွားတယ်။ တာဝန်ထမ်းဆောင်တယ် ဆိုတာက ဖန်ဆင်းခံတွေရဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်လို့ပါ၊ ပြီးတော့ လူတွေက ဒါကို ဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားသင့်တယ်။ ဒါဟာ သမ္မာတရားကို လိုက်စားဖို့နဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှား ဖို့အတွက် ဘုရားသခင် ပေးထားတဲ့ အခွင့်အရေး တစ်ခုလည်း ဖြစ်ပါတယ်။ ဘုရားသခင်က လူတစ်ယောက်ရဲ့ အစွမ်းအစကို မကြည့်ပါဘူး၊ သူ့တာဝန်တွေအပေါ် စစ်မှန်တဲ့ စိတ်နှလုံး ရှိမရှိ၊ သူ့ရဲ့ ကိုယ်ကျိုးစီးပွားတွေကို ဘေးဖယ်ထားနိုင်ခြင်းရှိမရှိ၊ စိတ်နှစ်ပြီး ကြိုးစားအားထုတ်ပြီး သူလုပ်နိုင်သမျှ အရာတိုင်းမှာ အကောင်းဆုံး လုပ်နိုင်ခြင်းရှိမရှိ ဆိုတာတွေကိုပဲ ကြည့်ပါတယ်။ ဒါက ကျွန်မတို့ တာဝန်တွေအပေါ် ထားရှိသင့်တဲ့ သဘောထားပါပဲ။ ရှေ့ဆက်ပြီးတော့၊ ကျွန်မ တာဝန်တွေကို ထမ်းဆောင်တဲ့အခါ ဝန်ထုပ်ဝန်ပိုး သိပ်မဖြစ်တော့ဘူး။ ကျွန်မက အစွမ်းအစ ညံ့ဖျင်းပေမဲ့၊ ကျွန်မ လုပ်နိုင်သမျှ အရာတိုင်းမှာ အကောင်းဆုံး လုပ်ဖို့ လိုပါသေးတယ်။ နားမလည်တဲ့ ပြဿနာတွေ ရှိရင်၊ ကျွန်မ ဆုတောင်းပြီး ဘုရားသခင်ကို မှီခိုတယ်၊ ဒါမှမဟုတ် ကြီးကြပ်ရေးမှူးတွေဆီကနေ အကူအညီ ရှာယူတယ်။ တစ်ခါတလေ ပြဿနာတွေ ဖြစ်လာရင်၊ ကြီးကြပ်ရေးမှူးတွေက ကျွန်မရဲ့ သရုပ်မှန်ကို မြင်သွားပြီး ဒီလောက်ကြာကြာ လေ့ကျင့်ပေးထားတာတောင် တိုးတက်မှု မရှိဘူးလို့ ပြောကြမလား ဆိုပြီး စိုးရိမ်မိတယ်။ ဒါပေမဲ့ ဘုရားသခင်က အရာအားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေး တယ်ဆိုတာ တွေးမိတဲ့အခါ၊ ဘုရားသခင်က ကျွန်မရဲ့ အားနည်းချက်တွေကို သိပြီးသားပါ၊ အဲဒါတွေကို ဖုံးကွယ်ထားတာက အလကားပါပဲလို့ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှု နဲ့ အစွမ်းအစအပေါ် မူတည်ပြီး၊ ကျွန်မ တာဝန်ထမ်းဆောင်ဖို့ သင့်တော်တဲ့ နေရာအတွက် ဘုရားသခင်ဆီမှာ သင့်တော်တဲ့ စီစဉ်မှုတွေ ရှိပါတယ်။ ဒါတွေက ကျွန်မ စိုးရိမ်ပူပန်ရမယ့် အရာတွေ မဟုတ်ပါဘူး။ ကျွန်မက ရိုးသားသူ ဖြစ်သင့်တယ်၊ ကိုယ့်အကျိုးစီးပွားတွေကို ဘေးဖယ်ထားပြီး၊ လက်ရှိ တာဝန်တွေကို ဘယ်လို ကောင်းကောင်း လုပ်ဆောင်မလဲ ဆိုတာကိုပဲ အာရုံစိုက်သင့်တယ်။ ကျွန်မ အစွမ်းကုန် ကြိုးစားပြီးတာတောင် ဒီတာဝန်ကို မကိုင်တွယ်နိုင်သေးဘူး ဆိုရင်၊ ကျွန်မ တာဝန်နေရာ ပြောင်းရွှေ့ခံရရင်တောင်မှ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံမှာပါ။ ဒီလို တွေးမိတော့၊ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လမ်းပြပေးဖို့ ကြီးကြပ်ရေးမှူးတွေကို ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ မေးမြန်းခဲ့တယ်။ ကြီးကြပ်ရေးမှူးတွေက ပြဿနာတချို့ကို ထောက်ပြပြီးတဲ့နောက်မှာ၊ ကျွန်မက ဒီလွဲချော်မှုတွေကို စိစစ်သုံးသပ်ပြီး ချက်ချင်း ပြုပြင်ခဲ့တယ်။ ဒီလိုပုံစံနဲ့ အချိန်ကာလတစ်ခုအထိ လက်တွေ့လုပ်ပြီးတဲ့နောက်မှာ၊ ကျွန်မတို့ရဲ့ ဧဝံဂေလိဟောပြောတဲ့ ထိရောက်မှုက အရင်ကထက် သိသိသာသာ တိုးတက်လာတယ်။ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ ဒီရလဒ်က ဘုရားသခင်ရဲ့ လမ်းပြမှုကြောင့်ပဲ ရတာပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မိမိ၏တာဝန်ကို သိတတ်စွာဖြင့် လုပ်ဆောင်ခြင်းသည် အသိတရားရှိခြင်းဖြစ်သည်

မနှစ်က ဇူလိုင်လ တစ်ရက်တွင် အဖွဲ့ခေါင်းဆောင် အစ်ကိုချန်းက အလွန် မာနထောင်လွှားသည်ဟု အစ်မလီက ကျွန်မကို တိုင်သည်။ စကားပြောဆက်ဆံသည့်အခါတွင် သူက...

ဘုရားသခင်၏ စိတ်နှလုံးတော်က အယူအဆလွဲများကို ပယ်ရှင်းနိုင်သည်ကို သိနားလည်ခြင်း

ချင်ဂန်၊ ဟေဘေးစီရင်စု ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊...

ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မ၏ ခုခံပြောဆိုမှုနှင့် အထင်လွဲမှုများကို ဖယ်ရှားခဲ့သည်

လီကျင့် တရုတ်နိုင်ငံ ကျွန်မ အသင်းတော် ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ၊ ကျွန်မက ကိုယ့်တာဝန်မှာ အတော်အတန် ထိရောက်ခဲ့ပြီး...

ကျွန်မ၏ တာဝန်ကို စိုးရိမ်ကြောက်ရွံ့ခြင်းမရှိဘဲ လက်ခံခြင်း

၂၀၂၃ ခုနှစ်၊ မေလကုန်ပိုင်းမှာ ကျွန်မတာဝန်ယူထားတဲ့ အသင်းတော်တွေက စီစီပီရဲ့ ဖမ်းဆီးမှုတွေကို ရင်ဆိုင်ခဲ့ရပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။