ကျွန်ုပ် အပြောအဆိုမတတ်၍ ဖြစ်လာသော သိမ်ငယ်စိတ်ကို ကျွန်ုပ် ခံစားရတော့မည် မဟုတ်ပါ

16.08.2024

ငယ်ငယ်ကတည်းက ကျွန်မက တော်တော်လေး တသီးတသန့်နေတတ်ပြီး ကိုယ်ပြောချင်တာကို ကောင်းကောင်းမပြောတတ်ဘူး။ လူစိမ်းတွေနဲ့ ဆက်ဆံတဲ့အခါမှာ စကားပြောဖို့ သိပ်သတ္တိမရှိဘူး။ ပြီးတော့ လူအများကြီးနားမှာ နေရတဲ့အခါ ကျွန်မ အရမ်းစိတ်လှုပ်ရှားတယ်။ ကျွန်မက ကိုယ့်ခံစားချက်ကို ရှင်းအောင် မပြောတတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အရူးလုပ်မိမှာကို အမြဲတမ်းကြောက်တယ်။ ဒါကြောင့် ကျွန်မက သူများတွေထက် နိမ့်ကျတယ်လို့ ခဏခဏ ခံစားရတယ်။ ၂၀၂၃ခုနှစ် ဩဂုတ်လမှာ အသင်းတော်က ကျွန်မကို လူသစ်တွေကို ရေလောင်းပေးဖို့ စီစဉ်တယ်။ ဒီတာဝန်ကို လုပ်ရင် ကျွန်မက လူသစ်တွေနဲ့ ခဏခဏ စုဝေးဖို့ လိုတယ်။ တခြားရေလောင်းဝန်ထမ်းတွေနဲ့လည်း ဆက်သွယ်စကားပြောဖို့လိုတယ်။ ဒီလိုအခြေအနေကို ရင်ဆိုင်ရတော့ ကျွန်မ ခဏခဏ စိတ်လှုပ်ရှားတယ်။ ကျွန်မ မိတ်သဟာယဖွဲ့ရမဲ့ အလှည့်ရောက်ရင် ကျွန်မ ရှင်းရှင်းလင်းလင်း မပြောမိမှာကို ကြောက်မိတယ်။ ဒါဆိုရင် ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ဘယ်လိုထင်မလဲ ပေါ့။

တစ်ခါတော့ ကျွန်မနဲ့ တွဲလုပ်တဲ့ အစ်မ စတေစီက လူသစ်တွေနဲ့ စုဝေးဖို့ ကျွန်မကို ခေါ်သွားတယ်။ အဲဒီမှာက လူတွေက အယောက် ၄၀၊ ၅၀လောက်ရှိတယ်။ ဒီမြင်ကွင်းကို ကျွန်မ မြင်တော့ ကျွန်မ စိတ်မလှုပ်ရှားဘဲ မနေနိုင်ဘူး။ လူတွေက အများကြီးပဲ။ ဒီလူအုပ်ရှေ့မှာ ကောင်းကောင်းမိတ်သဟာယမပြုရင် ဘယ်လောက် ရှက်ဖို့ကောင်းမလဲ ပေါ့။ သူတို့ကတော့ “ခင်ဗျားက နားလည်အောင်တောင် မပြောဘဲ ဒီလိုဖြစ်နေရင်၊ ကျွန်တော်တို့ကို တကယ်ရေလောင်းနိုင်မှာလား” ဆိုပြီး တွေးမှာပဲ။ ကျွန်မကို အထင်သေးကြမှာ မဟုတ်ဘူးလားပေါ့။ ဒီလို တွေးပြီး ကျွန်မ စိတ်ငြိမ်အောင် မထိန်းနိုင်ဘဲ ကျွန်မ ရင်တုန်ပန်းတုန်ဖြစ်နေတယ်။ အထူးသဖြင့် စတေစီရဲ့ မိတ်သဟာယမှာ သူ့အတွေးအခေါ်က ရှင်းလင်းပြီး အကြောင်းအရာက လက်တွေ့ကျတာကို မြင်တော့ ကျွန်မ အရမ်းအားကျမိတယ်။ တော်တော်လည်း စိတ်မချမ်းမသာဖြစ်တယ်။ ပြီးတော့ အဲဒီမှာ လူတွေအများကြီးရှိတော့ ကျွန်မ စိတ်လှုပ်ရှားတာနဲ့ တစ်ပြိုင်နက် ကျွန်မစိတ်က လွတ်သွားပြီး မိတ်သဟာယမဖွဲ့နိုင်မှာကို ကြောက်မိတယ်။ ဒါဆိုရင် ဘယ်လောက်ရှက်ဖို့ကောင်းမလဲ။ လူသစ်တွေက ငါ့ကို ဘယ်လိုထင်မလဲ ပေါ့။ ဒီလိုတွေးပြီး ကျွန်မက စကားမပြောတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ နားထောင်တဲ့သူ နေရာကပဲ နေမယ်ပေါ့။ ဒီလိုနဲ့ ကျွန်မက စကားတစ်ခွန်းမှမပြောဘဲ စုဝေးပွဲတစ်ခုလုံး ပြီးသွားတယ်။ တခြားရေလောင်းဝန်ထမ်းတွေနဲ့ ကျွန်မ စုဝေးတော့လည်း ကျွန်မက ဒီလိုပဲ။ သူတို့တွေအားလုံးက သူတို့ပြောချင်တာကို ပြောတဲ့နေရာမှာ တော်တော် ကျွမ်းကျင်တာကို ကျွန်မ မြင်ရတော့ အားကျလာတယ်။ ကျွန်မ ကိုယ့်ခံစားချက်ကို ပြောတာက လက်သင့်ခံနိုင်စရာမဟုတ်တော့ လူအများရှေ့ ချပြဖို့ သင့်တော်မှာမဟုတ်ဘူးလို့ တွေးပြီး ကျွန်မ စကားပြောတာနဲ့ပတ်သက်ပြီး ပိုပြီးတော့တောင် ယုံကြည်မှုနည်းလာတယ်။ ကျွန်မ တော်တော် စိတ်ဓာတ်ကျပြီး တွေးမိတယ်။ “ငါတို့အားလုံးက ရေလောင်းတာဝန်တွေကို လုပ်နေကြတာ။ ဒီတော့ ငါတို့ကြားမှာ ကွာဟမှုက ဘယ်လိုလုပ်ပြီး အရမ်းကြီးနိုင်ရတာလဲ။ ငါက ဘာကိုမှ တစ်ခါမှ မပြောဘူး။ ငါက လုံးဝ မိတ်သဟာယမဖွဲ့နိုင်ဘူး၊ တကယ့်ကို စိတ်ပျက်စရာပဲလို့ သူတို့ ထင်မှာမဟုတ်ဘူးလား” ပေါ့။ ကျွန်မက နည်းနည်းအပျက်သဘောဆောင်နေတယ်။ ပြီးတော့ “အရင်က ငါ့ကို ရေလောင်းတာဝန်တွေ ထမ်းဆောင်ဖို့ စီစဉ်ပေးတုန်းက အဲဒါက အမှားတစ်ခု မဟုတ်ဘူးလား။ ဒီတာဝန်ကို လုပ်ဖို့က သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ကိုယ့်ခံစားချက်ကို ပြောတဲ့နေရာမှာ ကျွမ်းကျင်လိမ္မာရမယ်။ ငါက တော်တော်ကို စကားမပြောတတ်တော့ ဒီတာဝန်ကို မလုပ်နိုင်မှာကို ကြောက်တယ်” လို့တောင် တွေးမိတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ကျွန်မ တွေးမိတယ်။ ဘယ်အဆင့်မှာ လူတစ်ယောက်က ဘယ်တာဝန်ကို ထမ်းဆောင်တယ်ဆိုတာ ဘုရားက ဆုံးဖြတ်တယ်၊ ကျွန်မက သူ့ရဲ့ ထောက်ထားမှုနဲ့ မတန်တာမျိုး မဖြစ်ချင်ဘူး ပေါ့။ ဒါပေမဲ့ ကျွန်မက နောက်ကျရင် လူတွေအများကြီးရှေ့မှာ ခဏခဏ စကားပြောရမှာ။ ကျွန်မ ဘာလုပ်သင့်လဲ ပေါ့။ အဲဒီသုံးလေးရက်မှာ နေ့တိုင်း ဒုက္ခခံပြီး နေနေရတယ်။ ဒီစိတ်ခံစားချက်ကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။

တစ်နေ့တော့ ကျွန်မ အခြေအနေအကြောင်းကို အစ်မတစ်ယောက်ကို ပြောပြတယ်။ သူက ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ပြတယ် “သင်သည် သင်၏ အသက်တာ၌ စွပ်စွဲသည့်အသိစိတ် မကြာခဏရှိပါက၊ သင်၏ စိတ်နှလုံးသည် အနားမရနိုင်ပါက၊ သင်သည် ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မရှိပါက၊ ပြီးလျှင် ကိစ္စအမျိုးစုံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းနှင့် သောကရောက်ခြင်းတို့၏ မကြာခဏ ဖိစီးခြင်းခံရပါက ဤသည်မှာ အဘယ်အရာကို ဖော်ပြသနည်း။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြောင်း၊ ဘုရားသခင်အတွက် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာမရပ်တည်ကြောင်းကို ဖော်ပြရုံမျှသာတည်း။ သင်သည် စာတန်၏ စိတ်သဘောထား အလယ်တွင် အသက်ရှင်သည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မကြာခဏပျက်ကွက်နိုင်ခြေရှိပြီး သမ္မာတရားကို ကျောခိုင်းဖို့၊ တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်ဖို့ ဖြစ်နိုင်ခြေရှိလေသည်။ သင်သည် သင်၏ပုံရိပ်၊ သင်၏နာမည်နှင့် ဂုဏ်အဆင့်အတန်း၊ ပြီးလျှင် သင်၏အကျိုးစီးပွားများကိုသာ ထိန်းသိမ်းသည်။ သင့်အတွက်သာ အစဉ် အသက်ရှင်ခြင်းက သင့်အား အစဉ် ကြီးစွာသော နာကျင်မှုဖြစ်စေသည်။ သင်သည် အလွန်များစွာသော တစ်ကိုယ်ကောင်းဆန်သည့် အလိုဆန္ဒများ၊ အရှုပ်အယှက်များ၊ သံယောဇဉ်များ၊ ဒွိဟများနှင့် ဒုက္ခများစွာတို့ သင့်ထံတွင် ရှိသည်မှာ သင်၌ အနည်းဆုံးသော ငြိမ်သက်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်းတို့မရှိချေ။ ဖောက်ပြန်ပျက်စီးသော ဇာတိပကတိအတွက် အသက်ရှင်ခြင်းသည် အလွန်အမင်း ဒုက္ခခံစားရခြင်း ဖြစ်လေသည်။ သမ္မာတရားကို လိုက်စားသောသူတို့မှာ မတူပေ။ သမ္မာတရားကို ၎င်းတို့ သာ၍ နားလည်လေ၊ သာ၍ လွတ်လပ်ကာ လွတ်မြောက်လေ ဖြစ်လာကြသည်။ သမ္မာတရားကို ၎င်းတို့ သာ၍ လက်တွေ့လုပ်ဆောင်လေ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို သာ၍ ရှိလေဖြစ်ကြသည်။ သမ္မာတရားကို ၎င်းတို့ ရရှိကြသည့်အခါ၊ အလင်းတွင် ၎င်းတို့ လုံးဝ အသက်ရှင်ကြလိမ့်မည်၊ ဘုရားသခင်၏ ကောင်းချီးများကို မွေ့လျော်ကာ မည်သည့် စိတ်ဆင်းရဲမှုမျှ ရှိကြလိမ့်မည် မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်) ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့ တကယ့်အခြေအနေကို ဖော်ထုတ်ခဲ့တယ်။ ဒီအချိန်အတွင်းမှာ ကျွန်မက ဘာလို့ ဒီလောက်စိတ်ဆင်းရဲနေရလဲဆိုတာ နားလည်သွားတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မက အမြဲတမ်း မာန်မာနကြီးတဲ့ အခြေအနေမှာ နေပြီး သမ္မာတရားကို လက်တွေ့မလုပ်လို့ပဲ။ လူသစ်တွေနဲ့ စုဝေးသည်ဖြစ်စေ၊ ရေလောင်းအမှုထမ်းတွေနဲ့ ဆက်သွယ်စကားပြောရသည်ဖြစ်စေ ကိုယ်ပြောချင်တာကို တကယ် မပြောရဲခဲ့ဘူး။ ကျွန်မ မိတ်သဟာယဖွဲ့တာ မကောင်းရင် သူများတွေက ကျွန်မကို အထင်သေးမှာကို အမြဲတမ်းကြောက်ခဲ့တယ်။ ကျွန်မ ထပ်ခါထပ်ခါ တွေးပြီး ကျွန်မရဲ့ ကိုယ်ပိုင်မာန်မာနနဲ့ပတ်သက်ပြီး စိုးရီမ်တာတွေ များနေခဲ့တယ်။ ကျွန်မ တွေးသမျှက ကျွန်မရဲ့ မာနနဲ့ အကျိုးစီးပွားပဲ။ ကျွန်မက ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ တစ်နေကုန် အသက်ရှင်နေလို့ မခံနိုင်အောင် စိတ်ဆင်းရဲနေတာပါ။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး ကျွန်မပြဿနာကို နည်းနည်းနားလည်လာတယ်။

သုံးလေးရက် ကြာတော့ ဦးဆောင်တဲ့သူက ပြောတယ်။ အခုကစပြီး ရေလောင်းအမှုထမ်းတွေကြား ဆက်သွယ်ပြောဆိုဖို့ ဦးဆောင်တာကို အလှည့်ကျလုပ်မယ် ပေါ့။ ဒီစကားတွေကို ကြားရတော့ ကျွန်မ ထပ်ပြီး စိတ်မလှုပ်ရှားဘဲ မနေနိုင်ဘူး။ “အခု ငါလုပ်နေတဲ့ တာဝန်ကို လုပ်တဲ့ ညီအစ်ကိုမောင်နှမတွေကို ငါ ရင်ဆိုင်နေရတာ။ အားလုံးပေါင်း ၁၁ ယောက်ရှိတယ်။ ရူပါရုံနဲ့ပတ်သက်တဲ့ သမ္မာတရားတွေကို ငါ မိတ်သဟာယဖွဲ့တာ သူတို့လောက် မတော်ဘူး။ အခု ငါက စုဝေးပွဲတွေကိုတောင် ဦးဆောင်ရမယ်။ ငါ ကိုယ့်ခံစားချက်ကို မပြောတတ်ဘဲ မိတ်သဟာယဖွဲ့တဲ့အချိန်မှာ စိတ်လှုပ်ရှားရင်၊ ပြီးတော့ အထစ်ထစ် အငေါ့ငေါ့ဖြစ်နေပြီး ငါ့အတွေးအခေါ်က မရှင်းလင်းရင် လူတိုင်းက ငါ့ကို ဘယ်လိုထင်မလဲ” ပေါ့။ သုံးလေးရက်ကြာတော့ စုဝေးပွဲနေ့ ရောက်လာတယ်။ ဦးဆောင်တဲ့သူက ကျွန်မကို ခေါ်ပြီး ပါဝင်ဖို့ တိုက်တွန်းတယ်။ ကျွန်မက စုဝေးပွဲကို ဦးမဆောင်ပေမဲ့ စိတ်ထဲမှာတော့ ရုန်းကန်နေရတုန်းပဲ။ ကျွန်မ သွားလိုက်လို့ မိတ်သဟာယဖွဲ့ဖို့ တောင်းဆိုကြတာကို တစ်ခွန်းမှ မပြောဘဲနေရင် အကြီးအကျယ် အရှက်ကွဲရမှာကို ကြောက်မိတယ်။ ကျွန်မ ပါဝင်ဖို့ သတ္တိမရှိခဲ့ဘူး။ အဲဒီနောက်ပိုင်း သုံးလေးရက်လောက်ကြာအောင် ကျွန်မရဲ့ရင်ထဲမှာ စို့နင့်လေးလံနေပြီး အသက်ကောင်းကောင်း မရှုနိုင်ဘူး။ အဲဒီနေ့ကို ကျွန်မ ရှောင်နိုင်ခဲ့ပေမဲ့ အမြဲတမ်း ဆက်ပြီးရှောင်နေနိုင်ပါ့မလား။ ကျွန်မက တကယ်ပဲ ရေလောင်းတာဝန်တွေကို လုပ်ဖို့ မသင့်တော်တာ ဖြစ်နိုင်တယ်လို့ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မ လက်လျှော့ဖို့ တွေးမိတဲ့အခါမှာ ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်ပြီး ဘုရားအပေါ် အကြွေးတင်သလို ခံစားရတယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မှပဲ ကျွန်မအခြေအနေက လမ်းကြောင်းပြောင်းသွားတာ။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “လူအချို့သည် ငယ်စဉ်ကတည်းက တသီးတသန့်နေတတ်သူများ ဖြစ်ကြပြီး စကားပြောဖို့ မနှစ်သက်ကြသည့်အပြင် လူရာဝင်ဆံ့ဖို့ ရုန်းကန်လှုပ်ရှားကြရသည်။ အသက်သုံးဆယ်ဝန်းကျင် သို့မဟုတ် လေးဆယ်ဝန်းကျင်တွင် ရှိနေကြသည့် အရွယ်ရောက်ပြီးလူကြီးများ ဖြစ်နေကြသည့်တိုင်အောင် ၎င်းတို့သည် ဤပင်ကိုစရိုက်ကို မကျော်လွှားနိုင်ကြသေးပေ။ မိန့်ခွန်းပြောရာတွင်ဖြစ်စေ၊ စကားစမြည်ပြောရာတွင်ဖြစ်စေ ၎င်းတို့သည် မကျွမ်းကျင်ကြပေ။ ၎င်းတို့သည် ပေါင်းသင်းဆက်ဆံရေးတွင်လည်း မတော်ကြပေ။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးသည့်နောက်တွင် ဤပင်ကိုစရိုက်လက္ခဏာသည် ၎င်းတို့၏အလုပ်တွင် ကျိန်းသေပေါက် ကန့်သတ်ချက်နှင့် အဟန့်အတားတစ်ခု ဖြစ်လာပြီး ၎င်းတို့ကို ပူပင်သောကနှင့် စိတ်ပျက်ဖွယ်ရာ မကြာခဏ ဖြစ်စေတတ်သောကြောင့် ၎င်းတို့သည် ဘောင်ခတ်ထားဘိသကဲ့သို့ ခံစားကြရသည်။ တသီးတသန့်နေခြင်းနှင့် စကားပြောဖို့ ဝန်လေးနေခြင်းတို့သည် ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်များဖြစ်ကြသည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်များဖြစ်ကြသောကြောင့် ယင်းတို့ကို ဘုရားသခင်အား ပြစ်မှားခြင်းများဟု ယူဆရမည်လော။ မဟုတ်ပေ၊ ယင်းတို့သည် ပြစ်မှားခြင်းများ မဟုတ်ကြသည့်အပြင် ဘုရားသခင်သည် ၎င်းတို့ကို မှန်မှန်ကန်ကန် ဆက်ဆံလိမ့်မည်။ သင်၏ပြဿနာများ၊ ချို့ယွင်းချက်များ၊ သို့မဟုတ် အပြစ်အနာအဆာများ မည်သို့ပင်ရှိစေ ဘုရားသခင်၏အမြင်တွင် ဤအရာများအနက်မှ တစ်ခုမှ ပြဿနာများမဟုတ်ကြချေ။ သမ္မာတရားကို သင်မည်သို့ရှာဖွေပုံ၊ သမ္မာတရားကို သင်မည်သို့လက်တွေ့လုပ်ဆောင်ပုံ၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်မည်သို့ပြုမူပုံနှင့် ပုံမှန်လူ့သဘာဝ၏ ပင်ကိုအခြေအနေများအောက်တွင် ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်မည်သို့လိုက်လျှောက်ပုံတို့ကို ဘုရားသခင်က ကြည့်သည်။ ဤအရာများသည် ဘုရားသခင်က ကြည့်သည့်အရာများ ဖြစ်ကြသည်။ ထို့ကြောင့် သမ္မာတရားစည်းမျဉ်းများနှင့် ဆက်စပ်သည့်ကိစ္စများတွင် သာမန်လူ့အစွမ်းအစ၊ ပင်ကိုအသိစိတ်များ၊ ပင်ကိုစရိုက်၊ အကျင့်များနှင့် ရှင်သန်နေထိုင်သည့်ပုံစံများကဲ့သို့သော အခြေခံအခြေအနေများက သင့်ကို ကန့်သတ်သည်ကို မခံနှင့်။ မှန်ပေသည်၊ ဤအခြေခံအခြေအနေများကို ကျော်လွှားဖို့ ကြိုးစားရာတွင် သင်၏စွမ်းအင်နှင့် အချိန်တို့ကို မသုံးသင့်သကဲ့သို့ ယင်းတို့ကို ပြောင်းလဲဖို့ ကြိုးစားရာတွင်လည်း မသုံးသင့်သည်မှာလည်း ပြောစရာမလိုပေ။...သင်၏ ပင်ကိုစရိုက်က မည်သို့ပင်ဖြစ်နေပါစေ၊ ယင်းသည် သင်၏ပင်ကိုစရိုက်အဖြစ်ပင် ဆက်ရှိနေဦးမည်။ ကယ်တင်ခြင်းခံရဖို့အတွက်သက်သက်ဖြင့် သင်၏ပင်ကိုစရိုက်ကို ပြောင်းလဲဖို့ မကြိုးစားနှင့်။ ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့်စိတ်ကူးတစ်ခုဖြစ်သည်။ သင့်တွင် မည်သည့်ပင်ကိုစရိုက်ရှိနေပါစေ၊ ထိုအချက်သည် သင်မပြောင်းလဲနိုင်သည့် ဓမ္မဓိဋ္ဌာန်ကျသော အချက်တစ်ခုပင်ဖြစ်သည်။ ဤအတွက် ဓမ္မဓိဋ္ဌာန်ကျသည့် အကြောင်းပြချက်များအရ သူ၏အမှုတော်တွင် ရယူဖို့ ဘုရားသခင် လိုချင်သည့်ရလဒ်သည် သင်၏ပင်ကိုစရိုက်နှင့် မည်သို့မျှမပတ်သက်ချေ။ သင်ကယ်တင်ခြင်း ခံရနိုင်မနိုင်ဆိုသည်မှာလည်း သင်၏ပင်ကိုစရိုက်နှင့် ဆက်စပ်မှုမရှိချေ။ ထို့အပြင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားစစ်မှန်မှုရှိသည့် လူတစ်ဦးဖြစ်မဖြစ်ဆိုသည်မှာ သင်၏ပင်ကိုစရိုက်နှင့် မည်သို့မျှမပတ်သက်ပေ။ ထို့ကြောင့် သင်သည် ထိုထိုသောအချို့တာဝန်များကို ထမ်းဆောင်နေရသောကြောင့် သို့မဟုတ် ထိုထိုသော အချို့လုပ်ငန်းတာဝန်များကို တာဝန်ယူထားရရုံဖြင့် သင်၏ပင်ကိုစရိုက်ကို ပြောင်းလဲဖို့ မကြိုးစားနှင့်။ ဤသည်မှာ မှားယွင်းသောစိတ်ကူးတစ်ခုပင်ဖြစ်သည်။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်၏ပင်ကိုစရိုက် သို့မဟုတ် ရှိရင်းစွဲအခြေအနေများကို ထည့်မစဉ်းစားဘဲ သင်သည် သမ္မာတရားစည်းမျဉ်းများကို လိုက်နာစောင့်ထိန်းပြီး လက်တွေ့လုပ်ဆောင်သင့်သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သူ၏လမ်းခရီးအတိုင်း သင်လိုက်လျှောက်မလျှောက်ကိုဖြစ်စေ၊ ကယ်တင်ခြင်း ခံရနိုင်မနိုင်ဆိုသည်ကိုဖြစ်စေ သင်၏ပင်ကိုစရိုက်အပေါ် မူတည်၍ မတိုင်းတာချေ။ ဘုရားသခင်သည် ပင်ကိုအစွမ်းအစ၊ စွမ်းပကားများ၊ ပါရမီများ၊ ဆုကျေးဇူးများ၊ သို့မဟုတ် သင်ပိုင်ဆိုင်သည့်ကျွမ်းကျင်မှုများက မည်သည့်အရာဖြစ်သည်ကို ထည့်သွင်းမစဉ်းစားပေ။ ထို့အပြင် သင်၏ ကိုယ်ခန္ဓာနှင့်ဆိုင်သည့် ပင်ကိုအသိစိတ်များနှင့် လိုအပ်ချက်များကို သင်မည်မျှများများ ချုပ်ထိန်းထားခဲ့ပြီဆိုသည်ကိုလည်း သူ အကဲမဖြတ်သည်မှာ အမှန်ပင်။ ထိုအစား ဘုရားသခင်နောက်သို့ လိုက်လျှောက်ပြီး သင်၏တာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း သင်သည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနေခြင်း ရှိမရှိ၊ သင့်တွင် သမ္မာတရားကို လိုက်စားဖို့ ရည်ရွယ်ချက်နှင့် စိတ်ပိုင်းဖြတ်ထားခြင်းတို့ ရှိမရှိနှင့် နောက်ဆုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏လမ်းခရီးကို လိုက်လျှောက်ခြင်းတို့ကို စွမ်းဆောင်ရရှိပြီး ရှိမရှိတို့ကို ဘုရားသခင်က ကြည့်သည်။ ဤသည်မှာ ဘုရားသခင်က ကြည့်သည့်အရာဖြစ်သည်။ ဤသည်ကို သင်နားလည်သလော။ (ဟုတ်ကဲ့၊ ကျွန်ုပ်နားလည်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရင်းနဲ့ ကျွန်မ တော်တော် တို့ထိခြင်းခံရပြီး နည်းနည်းလွတ်မြောက်သလို ခံစားရတယ်။ ဘုရားသခင်က လူတွေရဲ့ ဗီဇစိတ်နဲ့ ပင်ကိုစရိုက်တွေကို မပြောင်းလဲချင်ဘဲ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ပြောင်းလဲချင်တယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ ပင်ကိုစရိုက်အားနည်းချက်တွေက ဘုရားသခင် ရှုတ်ချခြင်းမရှိတဲ့ သာမန်လူ့သဘာဝရဲ့ သရုပ်သကန်တွေပဲ။ ကျွန်မမှာ အမြဲတမ်း အမြင်တစ်ခုရှိတယ်။ ကျွန်မက တသီးတသန့်နေတတ်ပြီး ကိုယ့်ခံစားချက်ကို ပြောတဲ့နေရာမှာ ညံ့တယ်၊ ရေလောင်းတာဝန်တွေ လုပ်ဖို့ မသင့်တော်ဘူးလို့ ထင်ခဲ့တယ်။ ကိုယ့်ခံစားချက်ကို ကောင်းကောင်းပြောတတ်တဲ့ သွက်လက်တဲ့သူတွေကို ကြုံတိုင်း ကျွန်မ စိတ်ကျဉ်းကျပ်နေသလို ခံစားရတယ်။ ကျွန်မက ကိုယ့်ခံစားချက်ကို ကောင်းကောင်းမပြောတတ်ရင် လူတွေက ကျွန်မကို ဘယ်လိုထင်မလဲဆိုတာ အမြဲတမ်းကြောက်နေခဲ့တယ်။ ကျွန်မက နိမ့်ကျသလို ခံစားရပြီး ရှက်ပြီးတော့ ဒီတာဝန်ကို မလုပ်နိုင်ဘူးလို့ ပိုပြီးတော့တောင် ခံစားရတယ်။ ဒါဟာ ကျွန်မရဲ့ ယုံမှားသံသယဖြစ်နေတဲ့ အမြင်ဆိုတာ သိလိုက်ရတယ်။ ကျွန်မက တသီးတသန့်နေတတ်ပြီး ကိုယ့်ခံစားချက်ကို ကောင်းကောင်းမပြောတတ်တာက ကျွန်မရဲ့ တာဝန်ထမ်းဆောင်မှုကို မထိခိုက်ပါဘူး။ အရင်တုန်းက တခြားတာဝန်တွေကို ကျွန်မလုပ်ခဲ့တဲ့ အချိန်ကို ပြန်စဉ်းစားကြည့်တော့ အဲဒီအချိန်တုန်းက ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ဖို့ ကျွန်မ ဝီရိယရှိရှိနဲ့ ကြိုးစားခဲ့တယ်။ တာဝန်ကို ဝီရိယရှိရှိနဲ့ လုပ်တော့ ရလဒ်တချို့ကို ကျွန်မ ရနိုင်တယ်။ စုဝေးတဲ့အခါ၊ မိတ်သဟာယဖွဲ့တဲ့အခါမှာ ဉာဏ်အလင်းနဲ့ အလင်းပေးခြင်းတချို့ကိုလည်း ကျွန်မရခဲ့တယ်။ သူများတွေလောက် ကိုယ့်ခံစားချက်ကို မပြောတတ်ပေမဲ့ ဘာကိုမှ ရှင်းရှင်းလင်းလင်း ပြောမပြနိုင်တာ မဟုတ်ပါဘူး။ တကယ်တော့ ဘုရားက ကျွန်မကိုပေးထားတာက လုံလောက်ပါတယ်။ အဓိကက မာန်မာနရဲ့ ချုပ်ချယ်တာကို ကျွန်မ ခံနေရပြီး မိတ်သဟာယပြုတာ မကောင်းရင် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်မိမှာကို ကြောက်နေတာပါ။ ကျွန်မက တသီးတသန့်နေတတ်တာနဲ့ စကားမပြောတတ်တာကို ဆင်ခြေအနေနဲ့လည်း အမြဲတမ်း သုံးခဲ့တယ်။ ပြီးတော့ ကျွန်မတာဝန်မှာ ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာကို မချင့်ချိန်ခဲ့ဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဆင်ခြင်သုံးသပ်ဖို့ဆိုတာ ထားလိုက်တော့။ ကျွန်မက ကျွန်မရဲ့ မာန်မာနထဲမှာ အသက်ရှင်ပြီး မလွတ်မြောက်နိုင်ခဲ့ဘူး။ ပြဿာနာတွေကို ဖြေရှင်းတဲ့ ကျွန်မနည်းလမ်းက မှားနေတယ်၊ ကျွန်မက တသီးတသန့်နေတတ်ပြီး ကိုယ့်ခံစားချက်ကို ကောင်းကောင်းမပြောတတ်တာကြောင့်နဲ့ အမြဲတမ်း အဆင့်နိမ့်တယ်လို့ ခံစားပြီး အပျက်သဘောဆောင်မနေသင့်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကြောင့် ကျွန်မ နားလည်သွားတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့်ရဲ့ ပင်ကိုစရိုက်ကို ဘုရားသခင်က သတ်မှတ်ထားတာဖြစ်ပြီး ပြောင်းလဲလို့မရလို့ပဲ။ ဒါဟာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား မဟုတ်လို့ပဲ။ ကျွန်မလုပ်နိုင်သမျှက သမ္မာတရားကို လိုက်စားဖို့၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့၊ မာန်မာနရဲ့ ချုပ်ချယ်တာကို မခံရတော့ဖို့ပဲ။ ဒါဆိုရင် ကျွန်မက စိတ်အေးပြီး လွတ်မြောက်မှာပဲ။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ခဲ့တယ်။ ကျွန်မရဲ့ ပင်ကိုစရိုက်အားနည်းချက်တွေကို အသိအမှတ်ပြုပြီး ရင်ဆိုင်ခဲ့တယ်။ ကျွန်မ လုပ်နိုင်တဲ့ နယ်ပယ်တွေမှာ အကောင်းဆုံးလုပ်ခဲ့တယ်။ ကျွန်မက စံမီအောင်မလုပ်နိုင်တဲ့ နေရာတွေမှာ ကျွန်မနဲ့ တွဲလုပ်တဲ့ ညီအစ်မတွေနဲ့ အတူလုပ်ပြီး ကျွန်မရဲ့ အားနည်းချက်ကို ဖာထေးဖို့ သူတို့ဆီကနေ သင်ယူတယ်။ ကျွန်မက တသီးတသန့်နေတတ်ပြီး စကားမပြောတတ်တာကြောင့်နဲ့ အဆင့်နိမ့်တယ်လို့ ခံစားပြီး ဝမ်းမနည်းနေတော့ဘူး။

နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်ကို ကျွန်မအခြေအနေအကြောင်း ပြောပြတော့ သူက ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခိုင်းတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဤပြဿနာများကို စဉ်းစားမည် မဟုတ်ချေ။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ချေ။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် ကြိုးစားအားထုတ်သည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့ကြိုးစားအားထုတ်ပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေ ဂရုအစိုက်ဆုံးက သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းပဲလို့ ဘုရားက ဖော်ထုတ်တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူတို့ရဲ့ ကိုယ်ပိုင်အသက်တွေထက်တောင် ပိုအရေးကြီးတယ်လို့ မြင်ကြတယ်။ ပြန်စဉ်းစားကြည့်တော့ ကျွန်မလည်း ဒီလိုအခြေအနေမျိုး ရှိခဲ့တယ်။ တကယ်တမ်းမှာ လူသစ်တွေနဲ့ စုဝေးတဲ့အချိန်မှာ ကျွန်မလုပ်ဖို့လိုသမျှက ဘုရားနှုတ်ကပတ်တော်ကို အာရုံစိုက်ပြီးတော့ ဆင်ခြင်ပြီး ကျွန်မ နားလည်နိုင်တဲ့ အပိုင်းတွေကို မိတ်သဟာယပြုဖို့ပဲ။ ဒါပေမဲ့ ကျွန်မက ဒီလိုမလုပ်ခဲ့ဘူး။ လူသစ်တွေကို ကျွန်မ မြင်တော့ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ဖို့၊ ဒါမှမဟုတ် လူသစ်တွေရဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းဖို့ကို အာရုံမစိုက်နေခဲ့ဘူး။ အဲဒီအစား သူတို့စိတ်နှလုံးထဲမှာ ကျွန်မကို အကောင်းမြင်သွားအောင် ဘယ်လို မိတ်သဟာယဖွဲ့ရမယ်ဆိုတာကို အာရုံစိုက်တယ်။ ကျွန်မက ကိုယ့်ခံစားချက်ကို ပြောပြီး မိတ်သဟာယဖွဲ့တာက မကောင်းရင် သူများတွေ ဘယ်လိုထင်မလဲဆိုတာကို တွေးတဲ့အချိန်မှာ ကျွန်မ စိတ်နှလုံးက စိတ်ကျဉ်းကျပ်ပြီးတော့ သွားပြီး မိတ်သဟာယမဖွဲ့ရဲခဲ့ဘူး။ ရေလောင်းအမှုထမ်းတွေနဲ့ စုဝေးပြီး ပြောဆိုဆက်ဆံတော့လည်း ဒီလိုပဲ။ သူတို့အားလုံးက ကိုယ်ပြောချင်တာကို ကျွန်မထပ်ပိုပြီး ကောင်းကောင်းပြောတတ်တာကို ကျွန်မ မြင်တော့ ကျွန်မအားနည်းချက်တွေကို ဖာထေးဖို့အတွက် သူတို့ဆီကနေ သင်ယူပြီး သူတို့နဲ့ ပြောဆိုဆက်ဆံဖို့ မစဉ်းစားခဲ့ဘူး။ ဒီအစား ကျွန်မက ကိုယ့်ခံစားချက်ကို ပြောပြီး မိတ်သဟာယဖွဲ့တာ မကောင်းရင် ကျွန်မကို သူတို့ ဘယ်လိုထင်မလဲဆိုတာကို တွေးတယ်။ ကျွန်မ ဘာမှမပြောတဲ့အချိန်ကျရင်လည်း သူတို့ ကျွန်မကို ဘယ်လိုထင်မလဲ စိတ်ပူတယ်။ တစ်ခါတော့ မာန်မာနရဲ့ ချည်နှောင်မှုကြောင့် အတိုင်းအတာတစ်ခုအထိ ကျွန်မ စိတ်ကျဉ်းကျပ်ခဲ့တယ်။ အမှုကိစ္စတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို အမြန်မရှာဖွေဘဲ ဒီအစား သူများတွေက ရိပ်စားမိမှာကို ကြောက်ခဲ့တယ်။ လူတွေက ကျွန်မကို အလကားလူလို့ ခေါ်ခံရတာနဲ့စာရင် ဒီတာဝန်ကိုပဲ ကျွန်မ မလုပ်ဘဲ နေမှာပဲ။ ဒီလိုဆိုရင် အနည်းဆုံးတော့ ကျွန်မရဲ့ နောက်ဆုံး ဂုဏ်သိက္ခာနည်းနည်းလေးကို ထိန်းထားနိုင်တာပေါ့။ ကျွန်မက စကားပြောနေသည်ဖြစ်စေ၊ တိတ်ဆိတ်နေသည်ဖြစ်စေ၊ ဘယ်လူအုပ်စုမှာ ကျွန်မရှိနေပါစေ ဘယ်နေရာမှာပဲရှိပါစေ ကျွန်မကိုယ်တိုင်ရဲ့ မာန်မာနကိုပဲ ထည့်စဉ်းစားတယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ဒီနေ့ ကျွန်မ ခံစားခဲ့ရတဲ့ နာကျင်မှု၊ အပျက်သဘောဆောင်မှု၊ နိမ့်ကျမှုတွေအားလုံးက ကျွန်မရဲ့ မာန်မာနကြောင့်ပဲ။ ဒါက လူတွေနားမှာ ကျွန်မမျက်နှာကို မပြနိုင်တာကြောင့် ဖြစ်ခဲ့တာပါ။ ပြီးတော့ ကျွန်မရဲ့ မာနကို မဖြည့်ဆည်းနိုင်တာကြောင့် တာဝန်ကိုတောင် လက်လွှတ်ချင်ခဲ့တယ်။ ကျွန်မ ငယ်ငယ်တုန်းက ကျွန်မ မိဘတွေက ကျွန်မကို “ဂုဏ်က တန်ဖိုးဖြတ်လို့မရဘူး” လို့ ခဏခဏပြောခဲ့တာကို တွေးမိတယ်။ ဒီလို စာတန်ဆန်တဲ့ အဆိပ်ရဲ့ လွှမ်းမိုးမှုကို ခံရပြီး ကျွန်မက ဘယ်သူနဲ့ ဆက်ဆံနေပါစေ သူ့အပေါ် အမြင်ကောင်းအောင် အမြဲတမ်းလုပ်ချင်ခဲ့တယ်။ ကျွန်မကို အထင်ကြီးအောင် မလုပ်နိုင်ခဲ့ရင် အနည်းဆုံးတော့ ကျွန်မကို အထင်သေးမခံနိုင်ဘူး။ ကျောင်းကလူတွေနဲ့ ဖြစ်စေ၊ အလုပ်ကလူတွေနဲ့ဖြစ်စေ၊ ဒါမှမဟုတ် တာဝန်ထမ်းဆောင်တဲ့နေရာက လူတွေနဲ့ဖြစ်စေ ကျွန်မက ဒီလိုပဲ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်မ လိုအပ်တာကို မဖြည့်ဆည်းနိုင်တဲ့အခါ ကျွန်မ အသက်ဆုံးရှုံးသွားသလိုပဲ။ ကျွန်မ ထုတ်ဖော်ပြတာက အန္တိခရစ်ရဲ့ စိတ်သဘောထားပဲဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ဒီလောက်အထိ သိမြင်လာပြီးတော့ ဘုရားသခင်က ကျွန်မအတွက် ဒီပင်ကိုစရိုက်မျိုးကို သတ်မှတ်တာရဲ့ နောက်ကွယ်မှာ သူ့ရဲ့ ထောက်ထားတတ်ခြင်းရှိတယ်ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ် “စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက် လူများသည် ၎င်းတို့အသက်တာ၏ အနှစ်သာရအဖြစ် စာတန်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပိုင်ဆိုင်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ကြသည်။ ထို့အပြင် ၎င်းတို့၏ အသက်တာများသည် ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ စိုးမိုးခြင်းကို ခံရသည်ဟူ၍ ဖြစ်သည်။ အကယ်၍ ဤအချက်အပြင် တစ်စုံတစ်ယောက်သည် နယ်ပယ်အားလုံးတွင် အစွမ်းအစကောင်း၊ ထူးခြားသောအစွမ်းအစနှင့် ပြီးပြည့်စုံ၍ စံထားလောက်သည့် အံ့ဖွယ်စွမ်းပကားများကို ပိုင်ဆိုင်ပါက ယင်းသည် ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အားပေးမြှင့်တင်ရုံသာဖြစ်ပြီး ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထကြွသောင်းကျန်းမှု ပို၍ပို၍ပြင်းထန်လာခြင်းသို့ ဦးတည်သွားရုံသာဖြစ်ကာ ယင်းကို ထိန်းချုပ်၍ မရအောင်ဖြစ်စေသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ပို၍မာနထောင်လွှားလာကြသည်၊ ပို၍ စိတ်နှလုံးခိုင်မာလာကြသည်၊ ပို၍လှည့်စားတတ်လာကြပြီး ပို၍ကောက်ကျစ်ဆိုးယုတ်လာကြသည်။ ၎င်းတို့၏သမ္မာတရားကို လက်ခံဖို့ အခက်အခဲသည် ပိုများလာကာ ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းဖို့ နည်းလမ်းမရှိတော့ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) ကျွန်မက ရှင်းရှင်းလင်းလင်း ပြောဆိုတတ်ရင်၊ ကိုယ့်ခံစားချက်ကို ကောင်းကောင်းပြောတတ်ရင်၊ အခြေအနေမျိုးစုံကို အလွယ်တကူ ထိန်းချုပ်နိုင်ပြီး အားလုံးက အာရုံစိုက်တာခံရပြီး သူများတွေက အထင်ကြီးတာခံရရင် ကျွန်မက သေချာပေါက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေပြီး ပျော်ရွှင်မြူးတူးနေမှာပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကိုဖတ်ပြီး ကျွန်မ နားလည်သွားတယ်။ ကျွန်မက ကိုယ့်ခံစားချက်ကို ပြောတဲ့နေရာမှာ မကျွမ်းကျင်တော့ အခက်အခဲတွေအလယ်မှာ ဘုရားကို အမှီပြုပြီး အားကိုးနိုင်တယ်။ ကျွန်မကိုယ်တိုင်ရဲ့ အားနည်းချက်နဲ့ မကျွမ်းကျင်မှု၊ အရေးမပါမှုနဲ့ စကားမပြောတတ်တာတွေကိုလည်း မြင်နိုင်တယ်။ ဒါကြောင့် ကျွန်မက အရမ်းမမောက်မာရဲဘူး။ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရမ်းစွဲလမ်းနေတာ။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်း မပြောတတ်ဘဲ ကိုယ့်ခံစားချက်ကို ပြောတဲ့နေရာမှာ ညံ့တယ်။ ကျွန်မမှာ ဒီလောက်ကြီးတဲ့ ချို့ယွင်းချက်တွေရှိနေပေမဲ့ သူများတွေ ကျွန်မကို ဘယ်လိုထင်မလဲဆိုတာကို အရမ်း ဂရုစိုက်တယ်။ ကျွန်မသာ စကားပြောကောင်းသူဆိုရင် ပိုပြီးတော့ပဲ မာနာထောင်လွှားလာမှာ။ ပြီးတော့ ကျွန်မက စာတန်လိုမျိုး လူတိုင်းထက်သာတယ်လို့ ထင်မှာပဲ။ ဘုရားသခင်က ကျွန်မကို စကားပြောကောင်းသူတစ်ယောက်ရဲ့ အရည်အချင်းကို မပေးခြင်းအားဖြင့် ကျွန်မကို တော်တော်လေး ကာကွယ်ပေးခဲ့တာပဲ။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ် “သမ္မာတရားကို လိုက်စားခြင်းကို မည်သည့်ရှုထောင့်မှ သင်ကြည့်သည်ဖြစ်စေ ယင်းသည်အရေးအကြီးဆုံးအရာ ဖြစ်သည်။ လူ့သဘာဝ၏ချို့ယွင်းချက်များနှင့် ပျော့ကွက်များကို သင်ရှောင်ရှားနိုင်သော်လည်း သင်သည် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းကို မည်သည့်အခါမျှ ရှောင်လွှဲနိုင်မည်မဟုတ်ချေ။ သင်၏လူ့သဘာဝက မည်မျှပြီးပြည့်စုံနေနိုင်သည်ဖြစ်စေ၊ မြင့်မြတ်နေနိုင်သည်ဖြစ်စေ၊ အခြားလူများထက် သင့်တွင် ပို၍နည်းပါးသောအပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များ ရှိပြီး ပို၍များသောခွန်အားများကို ပိုင်ဆိုင်သည်ဖြစ်စေ၊ ဤသည်မှာ သင်သည် သမ္မာတရားကို နားလည်သည်ဟု မညွှန်ပြသကဲ့သို့ ယင်းက သင်၏သမ္မာတရားလိုက်စားခြင်းကိုလည်း အစားမထိုးနိုင်ချေ။ ယင်းနှင့်ပြောင်းပြန်အနေဖြင့် အကယ်၍ သင်သည် သမ္မာတရားကို လိုက်စားပါက၊ သမ္မာတရားအကြောင်း များစွာ နားလည်ပြီး ယင်းနှင့်ပတ်သက်၍ လုံလောက်စွာ နက်နက်ရှိုင်းရှိုင်းနှင့် လက်တွေ့ကျကျ နားလည်မှုရှိပါက သင်၏လူ့သဘာဝရှိ ချို့ယွင်းချက်များနှင့် ပြဿနာများ အမြောက်အမြားကို ဤအရာက ထေမိစေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃))အကယ်၍ နေ့စဉ်နေ့တိုင်း အားလပ်နေသော အချိန်နာရီများတွင် သင်စဉ်းစားသည့် အရာတိုင်းက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ဖြေရှင်းရမည်၊ သမ္မာတရားကို မည်သို့လက်တွေ့ကျင့်သုံးရမည်၊ သမ္မာတရား၏ စည်းမျဉ်းများကို မည်သို့နားလည်ရမည်ဟူသည်နှင့် ပတ်သက်လျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ သင့်ပြဿနာများကို ပြေလည်စေရန်အတွက် သမ္မာတရားကို အသုံးပြုတတ်လာမည် ဖြစ်သည်။ ထိုသို့ဖြင့် သင်သည် အမှီအခိုကင်းစွာဖြင့် အသက်ရှင်နိုင်စွမ်းကို ရရှိမည်၊ အသက်ဝင်ရောက်မှုရှိမည်၊ ဘုရားသခင်နောက်လိုက်ရာ၌ ကြီးမားသော ပြဿနာများကို ရင်ဆိုင်ရတော့မည်မဟုတ်ဘဲ တစ်ဖြည်းဖြည်းနှင့် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်လာလိမ့်မည် ဖြစ်သည်။ အကယ်၍ သင့်စိတ်နှလုံးထဲတွင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအပေါ် စွဲလန်းနေသေးလျှင်၊ ကြွားဝါခြင်းနှင့် အခြားသူများအား သင့်ကို ကြည်ညိုလေးစားစေခြင်းကို အာရုံစိုက်နေသေးလျှင် သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး မဟုတ်သည့်အပြင် သင်သည် လမ်းမှားပေါ် လျှောက်နေပေသည်။ သင်လိုက်စားသည့်အရာက သမ္မာတရား မဟုတ်သကဲ့သို့ အသက်လည်း မဟုတ်။ သင်ချစ်မြတ်နိုးသည့် အရာများသာ ဖြစ်သည့် ကျော်ဇောခြင်း၊ အကျိုးအမြတ်နှင့် အဆင့်အတန်းဖြစ်သည်။ ဤသို့ဆိုလျှင် သင်ပြုလုပ်သော မည်သည့်အရာကမျှ သမ္မာတရားနှင့် မဆက်စပ်၊ ယင်းတို့အားလုံးက မကောင်းမှုပြုလုပ်ခြင်းနှင့် အလုပ်လုပ်ပေးခြင်းပင် ဖြစ်သည်။ အကယ်၍ သင့်စိတ်နှလုံးထဲတွင် သမ္မာတရားကို ချစ်ပြီး သမ္မာတရားအတွက် အစဉ်အမြဲ ကြိုးပမ်းပါက၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို လိုက်စားပါက၊ ဘုရားသခင်အား စစ်မှန်သောကျိုးနွံနာခံမှု ရရှိနိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကိုရှောင်နိုင်ပါက၊ ထို့အပြင် သင် ပြုလုပ်သမျှ၌ ချုပ်တည်းပြီး ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ပါက သင်၏အခြေအနေသည် ဆက်လက်၍ တိုးတက်နေမည်ဖြစ်ပြီး ဘုရားသခင်မျက်မှောက်၌ အသက်ရှင်သူတစ်ဦး ဖြစ်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပြုအမူကောင်းဟူသည်မှာ မိမိ၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ) သမ္မာတရားကို မလိုက်စားသူတွေက သူတို့ခံစားချက်ကို သူတို့ ဘယ်လောက်ကောင်းကောင်း ပြောတတ်ပါစေ သူတို့ ပင်ကိုစရိုက်က ဘယ်လောက်ကောင်းပါစေ၊ ဘယ်လောက်စကားပြောကောင်းသူ ဖြစ်ပါစေ၊ လူဘယ်လောက်က သူတို့ကို အထင်ကြီးပါစေ၊ ဘုရားသခင်က လက်ခံခြင်းကို ခံရမှာ မဟုတ်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်က လူတွေရဲ့ အားနည်းချက်တွေက ဘာလဲဆိုတာကို မကြည့်ဘူး။ ဒီအစား သမ္မာတရားကို လိုက်စားနိုင်သလား၊ သူ့ကို နာခံနိုင်သလား၊ ကြောက်ရွံ့နိုင်သလားဆိုတာကို ကြည့်တယ်။ လူသစ်တွေကို ရေလောင်းတဲ့တာဝန်ကို ကျွန်မ ထမ်းဆောင်တဲ့နေရာမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်မအနေနဲ့ တာဝန်ထမ်းဆောင်နေတုန်း သမ္မာတရားကို လိုက်စားဖို့၊ လူသစ်တွေကို၊ ဒါမှမဟုတ် ရေလောင်းအမှုထမ်းတွေကို ကျွန်မ ရင်ဆိုင်နေရသည်ဖြစ်စေ ကျွန်မတာဝန်ကို ဖြည့်ဆည်းဖို့၊ တစ်ချိန်တည်းမှာပဲ လူသစ်တွေက မကြာခင်မှာ လမ်းမှန်ပေါ်မှာ အခြေခံအုတ်မြစ်ချပြီး ဖန်ဆင်းခံတွေအနေနဲ့ သူတို့တာဝန်ကို ထမ်းဆောင်ကြဖို့အတွက် လူသစ်တွေရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ကျွန်မ ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာကို ရှာဖို့ပဲ။ ဒါပေမဲ့ လူသစ်တွေနဲ့ ရေလောင်းအမှုထမ်းတွေရှေ့ကို ကျွန်မလာတဲ့အချိန်မှာ နေ့တိုင်း ကျွန်မစဉ်းစားတာက ကျွန်မရဲ့ ကိုယ်ပိုင်မာန်မာနနဲ့ အဆင့်အတန်းပဲ။ ဒါက ဘုရားသခင်ပြောတဲ့ သမ္မာတရားကို လိုက်စားပြီး ချစ်တဲ့သူတွေ လျှောက်တဲ့ လမ်းကြောင်းနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ ဒီလိုဆိုရင် ကျွန်မက ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေနဲ့ ပိုပိုပြီးတော့ပဲ ဝေးသွားမှာပဲ။ ပြီးတော့ ဘုရားက ကျွန်မကို နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းပစ်မှာပဲ။ အဲဒီအချိန်ကစပြီး ဘုရားနှုတ်ကပတ်တော်က ပြောတဲ့အတိုင်း တာဝန်အပေါ်၊ ကျွန်မရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းခြင်းအပေါ် ကျွန်မ စိတ်နှလုံးကို နှစ်မြုပ်ဖို့ သတိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် စပြီး လေ့ကျင့်ခဲ့တယ်။ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေခြင်းနဲ့ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ အာရုံစိုက်ခဲ့တယ်။ အဲဒီနောက်တော့ စုဝေးပွဲတွေမှာ ဦးဆောင်ဖို့ကို အလှည့်ကျလုပ်တော့ ကျွန်မက ရှောင်ဖို့ကို မရွေးချယ်တော့ဘူး။ စုဝေးပွဲကို ဦးဆောင်ခြင်းအားဖြင့် ကိုယ့်ခံစားချက် ပြောဖို့ကို လေ့ကျင့်ပြီး တိုးတက်အောင်လုပ်နိုင်တယ်၊ ကျွန်မအားနည်းတာကို ဖာထေးနိုင်တယ်၊ တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်တယ်ဆိုတာကို ကျွန်မ သိခဲ့တယ်။ အဲဒါနဲ့ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့ ဘုရားကို တောင်းလျှောက်ခဲ့တယ်။ သူများတွေက ကျွန်မအပေါ် ထင်တာတွေကို အာရုံမစိုက်ဘူး။ ဘုရားက နဂိုကတည်းက ကျွန်မကိုပေးထားတဲ့အရာနဲ့ ကျွန်မ ကိုယ့်ဘာသာ စွမ်းဆောင်ရရှိနိုင်တဲ့အရာကိုပဲ လွတ်လွတ်လပ်လပ်လုပ်တာက ကျွန်မအတွက် လုံလောက်တယ်။ ကျွန်မ မိတ်သဟာယဖွဲ့ရမဲ့ အလှည့်ရောက်ရင် ကျွန်မနားလည်တာကို တည်တည်ငြိမ်ငြိမ်နဲ့ မိတ်သဟာယဖွဲ့တယ်။ ကျွန်မ ပြင်ဆင်မထားတဲ့ဟာ တချို့ကိုလည်း ပြောပြတယ်။ ကျွန်မရဲ့ မာနကြောင့် စိတ်မကျဉ်းကျပ်တော့ဘူး။

ဒါကို တွေ့ကြုံရတော့ ကျွန်မကို စိတ်ဓာတ်ကျပြီး စိတ်ဆင်းရဲအောင်လုပ်တာက စကားပြောမကောင်းတာမဟုတ်ဘဲ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်မ လိုက်စားတာကြောင့်ပဲဆိုတာ ကျွန်မ သိခဲ့တယ်။ ရှင်းရှင်းလင်းလင်း မပြောတတ်တာ၊ ကိုယ့်ခံစားချက်ကို ကောင်းကောင်း မပြောတတ်တာက လူ့သဘာဝရဲ့ အားနည်းချက်တစ်ခုပဲ။ ဒါပေမဲ့ ဒါက သေစေနိုင်တဲ့ ရောဂါတစ်ခု မဟုတ်ဘူး။ တာဝန်ထမ်းဆောင်တဲ့အခါမှာ ပြဿနာတွေ၊ အခက်အခဲတွေကို ကြုံရတဲ့အချိန်မှာ သမ္မာတရားကို လိုက်စားဖို့၊ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေဖို့အတွက် စိတ်နှစ်မြုပ်ဖို့က အရေးပါဆုံးအရာပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မရဲ့ မိဘတွေကို အရှိအတိုင်း မြင်တယ်

ရှင်းချယ် တောင်ကိုရီးယားနိုင်ငံ ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မမိဘတွေက ဘုရားရဲ့နောက်ကိုလိုက်တဲ့အတွက် စံပြတွေအဖြစ် ကျွန်မက အမြဲတမ်းမြင်ခဲ့တယ်။...

နောက်ဆုံးတွင် မိမိကိုယ်ကိုယ် အမှန်အတိုင်းမြင်နိုင်ခဲ့ပြီဖြစ်သည်

ရှန်ရှင်းဝေ့ အီတလီနိုင်ငံကျွန်မ၏တာဝန်က ၂၀၁၈ ခုနှစ်က အသင်းတော်မှာ စာရွက်စာတမ်းများကို အစ်မကျန်း အစ်မလျူတို့နှင့်အတူတူ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။