ခေါင်းရှောင်လို့ မရသည့် တာဝန်တစ်ခု

29.04.2024

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို ၂၀၁၉ မှာ ကျွန်မ လက်ခံခဲ့ပြီး၊ တစ်လအကြာမှာ ဧဝံဂေလိကို စဖြန့်ဝေခဲ့တယ်။ ကိုယ့်တာဝန် ထမ်းဆောင်နိုင်တာ ကျွန်မ အရမ်းဝမ်းသာခဲ့တယ်။ နောက်ပိုင်းမှာ၊ မိသားစု ပြဿနာတွေနဲ့ အာရုံပြောင်းသွားပြီး ကျွန်မရဲ့ ဧဝံဂေလိအလုပ်မှာ ဝန်ထမ်းတာ ပေါ့လျော့သွားခဲ့တယ်။ အချိန်အများကြီးရှိပြီး ဖြည်းဖြည်း လုပ်လို့ရတယ်လို့ တွေးခဲ့လို့၊ အလုပ်ရှာတာနဲ့ ဧဝံဂေလိဖြန့်တာတွေကြားမှာ အချိန်ကို ခွဲလုပ်ခဲ့တယ်။ ဒါပေမဲ့ ကိုဗစ်ဖြစ်တော့ ကျွန်မ အလုပ်လုပ်တာ ရက် ၂၀ပဲရှိသေးတယ်။ ရောဂါက အရမ်းကို မြန်မြန် ပျံ့သွားပြီး၊ ဝပြည်နယ်ကို စပြီး ပိတ်ချလိုက်တယ်။ စတိုးဆိုင်တွေနဲ့ ကုမ္ပဏီတွေ ပိတ်ပြီး လမ်းတွေ ပိတ်သွားတယ်။ ဒီလိုဖြစ်တော့ ကျွန်မ နည်းနည်း ပူပန်လာတယ်။ အချိန်အများကြီးရှိပြီး ဖြည်းဖြည်း လုပ်လို့ရတယ်လို့ ကျွန်မ တွေးခဲ့တာလေ။ ဒါကြောင့် ဧဝံဂေလိ ဖြန့်ရာမှာ အလျင်မလိုခဲ့ဘူး။ ဒါပေမဲ့ ကပ်ဘေးတွေက ပိုပြင်းထန်လာနေပြီး၊ ဘုရားအသံကို မကြားသေးတဲ့သူတွေ အများကြီးရှိနေတုန်းပဲ၊ ကျွန်မတာဝန်ကို ကျွန်မ မဖြည့်ဆည်းရသေးသလို၊ ဘုရားကို အကြွေးတင်တယ်လို့ မြင်ခဲ့တယ်။ နောက်တော့၊ ဘုရားနှုတ်ကပတ်တော်ဒီအပိုဒ်ကို တွေ့ခဲ့တယ်။ “ယခုအခါတွင် သင်တို့၏ တာဝန်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့ကို ကျေးဇူးတော်ခေတ်မှ ခေတ်သစ်ထဲသို့ ခေါ်ဆောင်ရန် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး သူ၏နာမတော်ကို ခေါ်ရုံမျှဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းနိုင်သလော။ ဘုရားနှုတ်ကပတ်တော် အနည်းငယ်ကို တရားဟောကြားရုံဖြင့် လုံလောက်သလော။ သေချာပေါက် မလုံလောက်ချေ။ ဤသည်မှာ ဧဝံဂေလိ ဖြန့်ဝေခြင်းဖြစ်သည့် ဤတာဝန်ပေးစေခိုင်းချက်ကို တာဝန်ယူဖို့၊ ဘုရားနှုတ်ကပတ်တော်များကို ကျယ်ပြန့်စွာ ဖြန့်ဝေဖို့၊ ဘုရားနှုတ်ကပတ်တော်များကို နည်းလမ်းမျိုးစုံဖြင့် ဖြန့်ဝေဖို့၊ နိုင်ငံတော် ဧဝံဂေလိကို ကြေညာပြီး ဖြန့်ကျက်ဖို့ ဝန်တာထားစိတ် သင်တို့အားလုံးတွင် ရှိရန် လိုအပ်သည်။ ဖြန့်ကျက်ဖို့သည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ နောက်ဆုံးသောကာလရှိ ဘုရားအမှုတော်ကို လက်မခံရသေးသည့်သူများအား ဘုရားနှုတ်ကပတ်တော်များကို သိရှိစေဖို့၊ ဘုရားသခင်သည် အမှုအသစ်ပြုနေကြောင်း ပို၍များသော လူများအား သိစေပြီးနောက် ၎င်းတို့ထံ ဘုရားနှုတ်ကပတ်တော်များကို သက်သေခံဖို့၊ ဘုရားအမှုတော်ကို သက်သေခံရန် သင်တို့၏ အတွေ့အကြုံများကို အသုံးပြုပြီး ၎င်းတို့ကိုလည်း ခေတ်သစ်ထဲသို့ ဆောင်ကြဉ်းဖို့ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် သင်တို့ကဲ့သို့ပင် ခေတ်သစ်ထဲသို့ ဝင်ရောက်လိမ့်မည်။ ဘုရားအလိုတော်က ရှင်းပေသည်။ ခေတ်သစ်ထဲ ဝင်ရောက်ဖို့မှာ သူ၏ နှုတ်ကပတ်တော်များကို ကြားနာပြီးဖြစ်သော၊ လက်ခံပြီးဖြစ်သော၊ သူ့နောက်သို့ လိုက်ပြီးဖြစ်သော သင်တို့အတွက်သာ မဟုတ်ဘဲ သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ခေတ်သစ်ထဲသို့ ဦးဆောင်လမ်းပြမည် ဖြစ်သည်။ ဤသည်မှာ ဘုရားအလိုတော်ဖြစ်ပြီး ယခု ဘုရားသခင်နောက် လိုက်နေသည့်သူအားလုံး နားလည်သင့်သည့် သမ္မာတရားဖြစ်သည်။ ဘုရားသခင်သည် လူတစ်စု သို့မဟုတ် လူအစုအဖွဲ့ငယ်လေးတစ်ခု သို့မဟုတ် လူမျိုးနွယ်စုငယ်လေးတစ်ရပ်ကိုသာ ခေတ်သစ်ထဲသို့ ဦးဆောင်လမ်းပြနေခြင်း မဟုတ်။ ထိုအစား လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်သစ်ထဲသို့ ဦးဆောင်လမ်းပြရန် သူရည်ရွယ်၏။ ဤပန်းတိုင်ကို မည်သို့စွမ်းဆောင်ရရှိနိုင်မည်နည်း။ (ဧဝံဂေလိကို ကျယ်ပြန့်စွာ ဖြန့်ဝေခြင်းအားဖြင့် ဖြစ်ပါသည်။) အမှန်ပင်။ ယင်းကို ဧဝံဂေလိအား ကျယ်ပြန့်စွာ ဖြန့်ဝေခြင်းအားဖြင့်၊ ဧဝံဂေလိအား ကျယ်ပြန့်စွာ သိရှိစေရန် မျိုးစုံသော နည်းစနစ်များနှင့် လမ်းကြောင်းများအားဖြင့် စွမ်းဆောင်ရရှိရမည်။ ဧဝံဂေလိကို ကျယ်ပြန့်စွာ ဖြန့်ဝေခြင်းအကြောင်း ပြောခြင်းသည် လွယ်ကူသော်လည်း ယင်းကို အတိအကျအားဖြင့် မည်သို့လုပ်ဆောင်သင့်သနည်း။ (ယင်းမှာ လူ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။) အတိအကျပင်။ ဤသည်မှာ လူ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁- လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့်၊ ကျွန်မ သဘောပေါက်လိုက်တယ်၊ ဘုရားက လူအဖွဲ့သေးသေးလေးကိုပဲ၊ သီးသန့် နိုင်ငံတစ်နိုင်ကိုပဲ ကယ်တင်ဖို့ အမှုပြုနေတာ မဟုတ်ဘူး၊ အဲဒါထက်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အားလုံးကို ခေတ်သစ်ထဲ ဦးဆောင်လမ်းပြဖို့ သူ အမှုပြုတယ်။ ဒါက ဘုရားရဲ့ အလိုတော်ပဲဖြစ်တယ်။ ဘုရားအသံကို မကြားရသေးသလို ဘုရားရဲ့ ကယ်တင်ခြင်းကို မရသေးသူအများကြီး ရှိသေးတယ်။ သူတို့က အပြစ်ထဲမှာ၊ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ညှဉ်းဆဲခြင်းထဲမှာ အသက်ရှင်ကြတုန်းပဲ။ သူတို့ကို နိုင်ငံတော် ဧဝံဂေလိ ဖြန့်ပေးဖို့ရယ်၊ ဘုရားရဲ့ ဧဝံဂေလိတရားကို ကြားပြီး သူ့ကယ်တင်ခြင်းကို ရရှိအောင် သူတို့ကို အခွင့်ပေးဖို့ရယ် ဘုရားရဲ့ အမှုသစ်ကို လက်ခံခဲ့ကြတဲ့ ကျွန်မတို့ကို သူတို့လိုအပ်ကြတယ်။ ဒါက ကျွန်မတို့ရဲ့ စုပေါင်းတာဝန်ပဲ။ ကပ်ဘေးတွေက ပိုပြင်းထန်လာနေပြီး ကမ္ဘာ့ကပ်ရောဂါက ပျံ့နေတယ်။ ကျွန်မအနေနဲ့ အချိန်အများကြီး ရှိတယ်လို့ အမြဲ ယုံကြည်ပြီး၊ ကျွန်မရဲ့ ဇာတိအလိုဖြည့်ပြီးတော့ ဧဝံဂေလိ ဖြန့်ရာမှာ အဖိုးအခမပေးဘဲ ဧဝံဂေလိဖြန့်တာကို အလေးအနက်မထားခဲ့ရင်၊ ကပ်ဘေးတွေက ပိုပြင်းထန်လာနေတာနဲ့အမျှ ဧဝံဂေလိဖြန့်ဖို့ ပိုခက်ခဲသွားရုံပဲရှိမှာ။ ကျွန်မရဲ့ ဇာတိမြို့က လူတွေကို ဘယ်သူကမှ ဧဝံဂေလိ မဖြန့်ရသေးဘူး။ ကပ်ဘေးတွေ ဆက်ပြင်းထန်လာနေရင်၊ ဘုရားရှေ့ကို သူတို့ လာနိုင်ကြမှာ မဟုတ်ဘူး။ ကျွန်မရဲ့ ဇာတိအလိုဖြည့်တာကို ရပ်ရမယ်၊ ဘုရားရဲ့အလိုတော်ကို အလေးဂရုပြုပြီး ကျွန်မရဲ့တာဝန်ကို ဖြည့်ဆည်းရမယ်။ ဒါကြောင့် ကျွန်မရဲ့ဇာတိမြို့မှာ ဧဝံဂေလိ ဖြန့်ဖို့ ဘုရားရှေ့မှာ ကျွန်မ သန္နိဋ္ဌာန်ချခဲ့တယ်။ ၂၀၂၁ ခုနှစ်မှာ ဇာတိမြို့ကို ကျွန်မ ပြန်သွားပြီး၊ မိတ်ဆွေအနည်းငယ်နဲ့ အသိတွေဆီမှာ ဧဝံဂေလိဖြန့်ခဲ့တယ်။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သူတို့ လက်ခံတဲ့နောက်မှာ၊ ကောင်းမှုပြင်ဆင်တာနဲ့ပတ်သက်လို့ ကျွန်မ သူတို့နဲ့ မိတ်သဟာယပြုပြီး သူတို့အမျိုးနဲ့ မိတ်ဆွေတွေကို ဘုရားနှုတ်ကပတ်တော်တွေ နားထောင်ရအောင် ခေါ်လာခဲ့ဖို့ ပြောခဲ့တယ်။ သူတို့အားလုံး လိုလိုလားလား ဖြစ်ခဲ့ကြတယ်။ အဲဒီလိုနဲ့၊ ပိုများတဲ့သူတွေဆီ ကျွန်မတို့ ဧဝံဂေလိ စဖြန့်ပြီး၊ နောက်ဆုံးမှာ အသင်းတော်တစ်ပါး တည်ထောင်ခဲ့တယ်။ ကျွန်မ အရမ်းဝမ်းသာခဲ့တယ်။ ကျွန်မရဲ့တာဝန်ကို လုံ့လရှိရှိနဲ့ တာဝန်သိသိ ဖြည့်ဆည်းဖို့ဆိုတာ ဘာကိုဆိုလိုမှန်း သဘောပေါက်ခဲ့တာ အဲဒီအချိန်အတောအတွင်းမှာ ဖြစ်ပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ကျွန်မ ခံစားခဲ့ရပြီး၊ ဧဝံဂေလိ ဖြန့်ဖို့ ပိုလို့တောင် လိုလားနေမိခဲ့တယ်။ အထူးသဖြင့် လူသစ်တွေက စုဝေးပွဲတွေတက်ဖို့ စိတ်ထက်သန်မှုနဲ့ ဆန္ဒတွေ ပြကြတာ မြင်တိုင်း ကျွန်မ အားတက်မိတယ်။

တစ်နေ့၊ ယန်နီနဲ့ ကျွန်မ နေရာတစ်ခုမှာ စုဝေးပွဲတစ်ခု လုပ်နေခဲ့ပေမဲ့၊ သတ်မှတ်ထားတဲ့အချိန်မှာ ဘယ်သူမှ ရောက်လာခဲ့ကြဘူး။ ဒါကြောင့် ကျွန်မက ယန်နီကို သူတို့ကို သွားရှာခိုင်းတယ်။ သူ ပြန်လာတော့ ပြောတယ်။ “လူသစ် အီမာရဲ့ ယောက်ျားက ခုတင် မိုင်းမောကနေ ပြန်လာပြီး သူ ကျွန်မတို့ရဲ့ ဧဝံဂေလိက အတုအယောင်ဖြစ်တယ်ပြောတယ်။ အစိုးရက ဧဝံဂေလိ အမှုဆောင်တွေကို ဖမ်းနေပြီး ယုံကြည်သူတွေလည်း အဖမ်းခံရမယ်လို့လည်း သူက ပြောတယ်။ ရွာတစ်ရွာမှာသူ အလုပ်သွားလုပ်ခဲ့ပြီး၊ ဒေသခံ သင်းအုပ်ဆရာ၊ ရွာသူကြီး ဒါမှမဟုတ် ရွာမြေခေါင်းဆောင် မသိဘဲ တစ်ယောက်ယောက်က အဲဒီမှာ ဧဝံဂေလိကို တိတ်တဆိတ် ဖြန့်နေခဲ့တယ်။ သူတို့က ကောင်းတဲ့အရာတစ်ခုခု ဖြန့်နေတယ်ဆိုရင် ဘာလို့ တိတ်တဆိတ် လုပ်စရာလိုလို့လဲတဲ့။ လူတွေကလှည့်ဖြားမခံရအောင်လို့ နားမထောင်ခင် သေချာဆင်ခြင်စဉ်းစားသင့်တယ်လို့ ပြောတယ် သူတို့အားလုံး အရမ်းကြောက်သွားလို့ စုဝေးပွဲတွေ မလာရဲကြတာပဲ။” ကျွန်မ နည်းနည်း စိတ်ဓာတ်ကျသွားတယ်။ အရင်တုန်းက လူသစ်တွေ အဆင်ပြေနေကြပြီး စုဝေးပွဲတွေကို ထက်ထက်သန်သန် တက်ခဲ့ကြပေမဲ့၊ ကောလာဟလတွေနောက်မှာ သူတို့ မတက်ကြတော့ဘူး။ အဲဒါဆိုရင် ကျွန်မတို့ ဘယ်လိုလုပ် ဧဝံဂေလိ ဆက်ဖြန့်နိုင်မှာလဲ။ ဘာဆက်လုပ်ရန်မှန်း ကျွန်မ မသိခဲ့ဘူး။ ဒါကြောင့် ဘုရားဆီ ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ၊ ကျွန်မရဲ့ ကြီးကြပ်ရေးမှူး အီဆာက ကျွန်မတို့နဲ့ မိတ်သဟာယပြုခဲ့တယ်။ “ဘုရားရဲ့ အမှုတော် လုပ်ဆောင်တဲ့နေရာတိုင်းမှာ၊ စာတန်က အမြဲ လာနှောင့်ယှက်မှာပဲ။ ဒီပြဿနာနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဘုရားအလိုတော်ကို အတူရှာရအောင်”တဲ့။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် သူ ပို့ပေးခဲ့တယ်။ “မည်သည့်ကိစ္စများဖြစ်ပေါ်ပါစေ သင်သည် အစဉ်သဖြင့် သင်ခန်းစာယူရမည်ဖြစ်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ရှိရမည်။ ယင်းတို့ကို အချည်းနှီး တစ်စတစ်စ လက်လွှတ်ဆုံးရှုံး၍ မရသကဲ့သို့ သင်ခန်းစာယူဖို့နှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိဖို့ မည်သည့်အခွင့်အရေးကိုမျှ လွဲချော်၍လည်း မရပေ။ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ကြောင်း မှန်ကန်သည့်အတွက် ကျွန်ုပ်တို့သည် ယင်းကို အပျက်သဘောဆောင်၊ အပြစ်တင်သော သဘောထားဖြင့် မချဉ်းကပ်ရပေ။ ထိုအစား အပြုသဘောဆောင်သော သဘောထားဖြင့် ထိုအရာကို ရင်ဆိုင်သင့်သည်။ ယင်းကို မည်သို့ ပြုလုပ်ရသနည်း။ ပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာခြင်းအားဖြင့် ဖြစ်သည်။ လူအားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး လူသားမျိုးနွယ်တွင် ကောင်းသောလူများနှင့် ဆိုးယုတ်သောလူများအကြား ကွဲပြားခြားနားခြင်း ရှိသည်။ ထို့ကြောင့် လူတို့ စုဝေးသောအခါ ပြဿနာများသည် မည်သို့ မပေါ်ဘဲနေနိုင်မည်နည်း။ ဘုရားသခင်သည် သင့်အတွက် ဤပတ်ဝန်းကျင်ကို ချပေးခဲ့ကြောင်း၊ သင့်အနီးတွင် ဖြစ်ပေါ်သည့်အနေဖြင့် ဤသို့သောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ဘုရားသခင်က သင့်အား ပြကြောင်းကို ထောက်ဆသော်၊ သင်၏ သဘောထားသည် မည်သို့ ဖြစ်သင့်သနည်း။ သင့်ရှေ့တွင် ဤအမျိုးမျိုးသော ပြဿနာများကို ချပေးခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်လော့။ ဘုရားသခင်သည် သင့်အား လေ့ကျင့်ပြီး သင်ယူရန်နှင့် သမ္မာတရား စစ်မှန်မှုထဲ ဝင်ရောက်ရန် အခွင့်အရေးပေးနေခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၀)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့်၊ သူ့အလိုတော်ကို ကျွန်မ နားလည်လာခဲ့တယ်။ ဒီအခြေအနေမှာ ဘုရားရဲ့ စေတနာကောင်း ပါပါတယ်။ ကျွန်မတို့ကို သမ္မာတရား ရှာဖွေစေပြီး ချင့်ချိန်နိုင်စွမ်း ရစေဖို့ ရည်ရွယ်ခဲ့တာပါ။ လူသစ်တွေက အရမ်း စိတ်ထက်သန်လေ့ရှိခဲ့တာ၊ နေ့ရောညပါ စုဝေးပွဲအတွက် သူတို့ လာခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ သူတို့ကြားတဲ့ ကောလာဟလကြောင့် ကြောက်ပြီး မတက်ကြတော့ဘူး။ ဘုရားက လူတွေကို ကယ်တင်နေတာ မြင်တော့၊ စာတန်က သူ့အစွမ်းရှိသမျှနဲ့ စပြီး နှောင့်ယှက်၊ ဖျက်ဆီးခဲ့တယ်။ လူတွေကို လှည့်ဖြား၊ လိမ်လည်ဖို့ ကောလာဟလတွေကို သုံးတယ်၊ သူတို့ကို ဘုရားဆီကနေ ဝေးကွာစေပြီး သူတို့ရဲ့ ကယ်တင်ခြင်း အခွင့်အရေး ဆုံးရှုံးစေတယ်။ စာတန်က အရမ်းဆိုးယုတ်ပြီး စက်ဆုပ်စရာကောင်းတယ်။ ဝိညာဉ်ရေးရာ တိုက်ပွဲက ပြင်းထန်မှန်း အရင်က ကျွန်မသိခဲ့ပေမဲ့ ကိုယ်တိုင်က မတွေ့ကြုံခဲ့ဖူးသလို၊ စာတန်ရဲ့ ဆိုးယုတ်တဲ့ ရည်ရွယ်ချက်တွေကို မရိပ်စားမိခဲ့ဘူး။ ဒါကြောင့် ကျွန်မ အငိုက်မိပြီး ဒီအခြေအနေရဲ့ လွမ်းမိုးတာခံခဲ့ရသလို၊ ဘာလို့ ဖြစ်ခဲ့တာလဲဆိုတာကို နားမလည်ခဲ့ဘူး။ သူတို့အနေနဲ့ ဘုရားအသံကို ကြားပြီး၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ရရှိအောင်လို့ သူတို့ဆီ ကျွန်မ ဧဝံဂေလိဖြန့်နေခဲ့တာလေ။ အဲဒါ ကောင်းတဲ့အရာတစ်ခုပဲ။ ဘာလို့ ဒီကောလာဟလတွေကို သူတို့ ဖြန့်ရတာလဲ။ ကောလာဟလ ဖြန့်ခဲ့တဲ့သူနဲ့ ကောလာဟလကြောင့် ဖြစ်တဲ့ အခြေအနေကိုလည်း ကျွန်မ အပြစ်တင်မိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ သဘောပေါက်လိုက်တယ်။ ပြဿနာတွေ ရှိတဲ့အခါ ကျွန်မ အပျက်သဘောဆောင်ပြီး အပြစ်မတင်သင့်ဘဲ၊ ကျိုးနွံနာခံတဲ့ သဘောထား ရှိသင့်တယ်ဆိုတာပေါ့။ ဘုရားက ကျွန်မကို လက်တွေ့လုပ်ဖို့ အခွင့်အရေး ပေးခဲ့ပြီး ဒီအခြေအနေကနေ ကျွန်မ သင်ယူရမယ်။ ဒီအခက်အခဲမှာ သမ္မာတရားကို ရှာပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုဖို့ လူသစ်တွေကို ရှာရမယ်။ ဒါမှ သူတို့က စာတန်ရဲ့ အလိမ်အညာတွေကို ချင့်ချိန်နိုင်စွမ်း ရပြီး အလှည့်ဖြားမခံရမှာ။ ဒါကို ကျွန်မ သဘောပေါက်လိုက်တာနဲ့ ရှေ့ဆက်ဖို့ အသင့်ပဲ။

အဲဒီနောက် ယန်နီနဲ့ ကျွန်မက လူသစ်တွေကို တစ်ယောက်ပြီးတစ်ယောက် ရှာခဲ့တယ်။ သူတို့ကို အဖွဲ့လိုက် ရနိုင်ရင်၊ သူတို့နဲ့ ကျွန်မတို့ အတူ မိတ်သဟာယပြုမှာ ဖြစ်ပေမဲ့၊ ကျွန်မတို့ မရနိုင်တော့၊ တစ်ဦးချင်းစီ မိတ်သဟာယပြုခဲ့ရတယ်။ တစ်ခါ၊ အဖွဲ့တစ်ဖွဲ့ကို ကျွန်မတို့ မိတ်သဟာယပြုနေတုန်း၊ သင်းအုပ်တစ်ယောက်လည်း လာတယ်။ အရင်က တရားဒေသနာတွေကို အဲဒီသင်းအုပ်ကလည်း နားထောင်ခဲ့ပြီးပြီ၊ ဒါပေမဲ့ ကောလာဟလတွေ ကြားကတည်းက မလာတော့တာ။ ဒီတစ်ခါမှာ၊ သူက သူ့မိန်းမကို စုဝေးပွဲကနေ လာခေါ်ဖို့ပဲ သူလာတာ။ သူ ရောက်တော့၊ ကျွန်မတန်းသွားပြီး နှုတ်ဆက်လိုက်တယ်။ သင်းအုပ်က သူ့ရဲ့ ကျမ်းစာကိုဖွင့်ပြီး ပြောတယ်။ “မဿဲ အခန်းကြီး ၂၄၊ အပိုဒ်ငယ် ၂၃-၂၄ မှာ၊ နောက်ဆုံးသော ကာလမှာ လူတွေကို လှည့်ဖြားဖို့ ခရစ်တော် အယောင်ဆောင်တွေ ပေါ်လာမယ်လို့ ပြောတယ်။ အခု ဧဝံဂေလိကို ဖြန့်တဲ့လူတွေ အရမ်းများနေပေမဲ့၊ ဘယ်သူက မှန်တဲ့လမ်းခရီးကို ဟောနေပြီး ဘယ်သူက မှားတဲ့လမ်းကို ဟောနေတယ်ဆိုတာ ကျွန်တော်တို့ မသိကြဘူး။ ကျွန်တော်တို့ လှည့်စားခံရမှာ ကြောက်လို့ စုဝေးပွဲတွေ မတက်ရဲကြတာ”တဲ့။ သူ့ကို ကျွန်မ ပြန်ပြောလိုက်တယ်။ “သခင်ရဲ့ ကြွလာခြင်းကို ကြိုဆိုတာက အရေးကြီးတဲ့ ကိစ္စပဲ။ တခြားလူတွေ ဘာပဲပြောပါစေ၊ ကိုယ်ကိုယ်တိုင်အတွက် ကျွန်မတို့ စုံစမ်းစစ်ဆေးသင့်တယ်။ တကယ်ကို အရသာရှိတဲ့ ပန်းသီးတစ်လုံးရှိပေမဲ့ တခြားလူတွေက ဆရာ့ကို အရသာမကောင်းဘူးလို့ ပြောလို့ ဆရာက မမြည်းကြည့်ဖို့ ဆုံးဖြတ်လိုက်ရင်၊ အဲဒါ မိုက်မဲရာကျမှာ မဟုတ်လား။ မှန်တဲ့ လမ်းခရီးကို ရှာပြီး စုံစမ်းစစ်ဆေးတာလည်း အဲဒီအတိုင်းပါပဲ။ ကိုယ်တိုင် ရှာဖွေပြီး မစုံစမ်းသလို တခြားလူတွေ ပြောတာနဲ့ပဲ သွားရင်၊ သခင့်ကို ကြိုဆိုဖို့ ဆရာ့ရဲ့ အခွင့်အရေးနဲ့ လွဲပြီး အမြဲထာဝရ နောင်တရသွားနိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်က မှန်တဲ့ လမ်းခရီးလားဆိုတာနဲ့ လူ့ဇာတိခံ ဘုရားရဲ့ အမှုတော်လားဆိုတာ သိချင်ရင်၊ ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရား ဖော်ပြချက်တွေ ဟုတ်မဟုတ် မြင်ရဖို့ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြခဲ့တဲ့ စကားတွေကို ဖတ်ရမယ်”လို့ပေါ့။ သူတို့ကို ဒီဘုရားနှုတ်ကပတ်တော်အပိုဒ် ကျွန်မ ဖတ်ပြခဲ့တယ်။ “ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကိုသိရန် လိုအပ်ပေသည်- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက်သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည်ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) စာပိုဒ်ကို ဖတ်ပြီးတဲ့နောက်မှာ၊ သူတို့နဲ့ ကျွန်မ မိတ်သဟာယပြုခဲ့တယ်။ လူ့ဇာတိခံ ဘုရားကို ပိုင်းခြားသိမြင်ဖို့ အကောင်းဆုံး နည်းလမ်းက သူဟာ သမ္မာတရားဖော်ပြ၊ ဘုရားအမှုတော်ကို လုပ်ဆောင်နိုင်ပြီး၊ လူတွေဆီ သမ္မာတရား၊ လမ်းခရီးနဲ့ အသက် ယူဆောင်နိုင်တယ်ဆိုတာကို အတည်ပြုဖို့ဖြစ်ပါတယ်။ အဲဒီလူက သမ္မာတရားကို မဖော်ပြနိုင်ရင်၊ လူ့ဇာတိခံ ဘုရားမဟုတ်ဘူး၊ ခရစ်တော် မဟုတ်ဘူး။ ခရစ်တော်က လူ့ဇာတိအသွင်ယူတဲ့ ဘုရားရဲ့ ဝိညာဉ်တော်ဖြစ်တယ်၊ သူ့မှာ ဘုရားအနှစ်သာရရှိတယ်။ ခရစ်တော်ကပဲ သမ္မာတရားကို ဖော်ပြပြီး ကယ်တင်ခြင်းအမှု ပြုနိုင်တယ်။ သူ့ကို ဘယ်သူမှ အစားထိုးလို့ မရဘူး။ ဥပမာအနေနဲ့၊ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့တယ်၊ လူသားမျိုးနွယ်အားလုံးရဲ့ အပြစ်တွေကို သယ်ဆောင်ခဲ့တယ်၊ နောင်တလမ်းကို ဖော်ပြခဲ့ပြီး၊ မျက်စိကန်းသူကို ပြန်မြင်စေတာ၊ လက်ခြေသေသူကို လမ်းလျှောက်စေတာ၊ သေသူကို ပြန်ရှင်စေတာတွေ အပါအဝင်၊ နိမိတ်လက္ခဏာအများကြီး လုပ်ခဲ့တယ်။ အဲဒါတွေအားလုံးက ဘုရားရဲ့ ဩဇာအာဏာကို ထင်ရှားစေခဲ့တယ်။ ဘုရားအပြင်၊ ဘယ်သူက သမ္မာတရားကို ဖော်ပြပြီး လူသေကို အသက်ရှင်စေနိုင်မှာလဲ။ ရွေးနုတ်ခြင်း အမှုကို ဘယ်သူ ထမ်းဆောင်နိုင်မှာလဲ။ အဲဒီဩဇာအာဏာ အဆင့်ကို တခြားဘယ်သူရှိမှာလဲ။ ဘယ်သူမှမရှိဘူး။ သခင့်ယေရှုရဲ့ စကားနဲ့ အမှုတော်ကတစ်ဆင့်၊ သူဟာ ခရစ်တော်၊ ဘုရားကိုယ်တိုင် ဖြစ်တယ်လို့ ကျွန်မတို့ အသိအမှတ်ပြုကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရား အများကြီး ဖော်ပြပြီးပြီ၊ နောက်ဆုံးသော ကာလမှာ တရားစီရင်ခြင်း အမှုပြုပြီးပြီဖြစ်သလို၊ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး နိုင်ငံတော်ခေတ်ကို တည်ထောင်ပြီးပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်အပေါ် ဘုရားရဲ့ စီမံခန့်ခွဲခြင်းအမှုရဲ့ နက်နဲမှုကို ဖွင့်ဟပြီးပြီ။ လူ့အပြစ်နဲ့ ဘုရားကို အတိုက်အခံလုပ်ခြင်းရဲ့ ရင်းမြစ်ကို တရားစီရင်၊ ဖော်ထုတ်ပြီးပြီဖြစ်သလို၊ လူသားမျိုးနွယ်ကို သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်း လမ်းကြောင်း ပေးပြီးပြီ။ အဲဒါက နောက်ဆုံးမှာ သူတို့ကို နှစ်သက်စရာကောင်းတဲ့ ခရီးပန်းတိုင်ဆီ ပို့မှာပဲ။ တခြားဘယ်သူကမှ ဒီစကားတွေကို မဖော်ပြနိုင်ဘူး၊ ဒီအမှုကို မပြုနိုင်ဘူး။ ဘုရားကိုယ်တိုင်ပဲ ဒီအမှုမျိုးကို လုပ်နိုင်တာ။ ဒီအရာကနေ အတည်ပြုလို့ရတာက၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်တယ်၊ သူဟာ သခင်ယေရှုရဲ့ ဒုတိယအကြိမ် ကြွလာခြင်းဖြစ်တယ်ဆိုတာပဲ။ ဒါ့အပြင်၊ ဘုရားက အမြဲ သစ်လွင်ပြီး လုံးဝ အိုဟောင်းမသွားသလို၊ အလုပ်တစ်ခုတည်းကို နှစ်ခါ မလုပ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသော ကာလမှာ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်း အမှု အခြေခံအုတ်မြစ်ပေါ်မှာ တရားစီရင်ခြင်း အမှုကို ပြုတယ်။ သူက ကျေးဇူးတော်ခေတ်မှာ ပြုခဲ့တဲ့ အနာငြိမ်းစေပြီး နတ်ဆိုးနှင်ထုတ်တဲ့ အလုပ်ကို ထပ်မလုပ်ဘူး။ အယောင်ဆောင် ခရစ်တော်တွေကတော့၊ ဘုရားရဲ့ အနှစ်သာရမရှိသလို၊ သမ္မာတရားကို ဖော်ပြနိုင်စွမ်း မရှိကြဘူး။ ဘုရားရဲ့ ပြီးခဲ့တဲ့ လုပ်ဆောင်ချက်တွေကိုပဲ အတုခိုးလို့ရပြီး၊ လူတွေကို လှည့်ဖြားဖို့ အခြေခံကျတဲ့ နိမိတ်လက္ခဏာတချို့ကို ပြုနိုင်တယ်။ နိမိတ်လက္ခဏာတွေ ပြုနိုင်တဲ့ တစ်ယောက်ယောက် ပေါ်လာပြီး၊ သူတို့က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်လို့ ပြောရင်၊ လူတွေကို လှည့်စားဖို့ ကြိုးစားနေတဲ့ အတု၊ အယောင်ဆောင် ခရစ်တော် ဖြစ်မှာ သေချာတယ်။ ဒါကြောင့်၊ နောက်ဆုံးသောကာလမှာ အယောင်ဆောင် ခရစ်တော်တွေရှိတာနဲ့ပဲ ဘုရားအမှုတော်ကို စုံစမ်းတာ ကျွန်မတို့ မရပ်သင့်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေ မဖတ်ဘဲ သူ့အမှုကို မစုံစမ်းရင်၊ ဘုရားအသံကို ဘယ်လိုလုပ် ကြားမှာလဲ။ ဘုရားက သူ့ကို စိတ်ရင်းအတိုင်း ယုံကြည်သူတွေကို ကယ်တင်နေတယ်။ သခင့်ရဲ့ ကြွလာခြင်းကို ကြိုဆိုတာနဲ့ လွဲသွားရင်၊ ကျွန်မတို့ ထာဝရအမြဲ နောင်တရမှာ။ ကျွန်မရဲ့ မိတ်သဟာယကို ကြားပြီးတဲ့အခါ သူတို့က ပြောတယ်။ “ကျွန်တော် နားလည်ပါတယ်၊ ဘုရားက အမှုသစ်ကို ဆောင်ရွက်နေပြီ၊ သူက ကျေးဇူးတော်ခေတ်ကလို အနာငြိမ်းပြီး နတ်ဆိုးတွေ မနှင်ထုတ်တော့ဘူး။ တစ်ယောက်ယောက်က နိမိတ်လက္ခဏာတွေ ပြုနိုင်ပေမဲ့ သမ္မာတရားကို မဖော်ပြနိုင်ရင်၊ အယောင်ဆောင် ခရစ်တော်ပဲ”တဲ့။ ကျွန်မတို့လည်း ဘုရားရဲ့ အမှုတော် အဆင့်သုံးဆင့်၊ ဘုရားရဲ့ လူ့ဇာတိခံခြင်းနဲ့ သူ့နာမ အဓိပ္ပာယ်တွေကို ဆက်မိတ်သဟာယပြုခဲ့တယ်။ ကျွန်မတို့ ပြောခဲ့တာ သမ္မာကျန်းအခြေပြုချက်ရှိမှန်း သင်းအုပ်က မြင်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေ ကျွန်မတို့ ဖတ်နေမှန်း၊ ဘုရားက အမှုတော်ရဲ့ အဆင့်သစ်ကို ပြုဖို့ ကြွလာပြီဖြစ်မှန်း အသိအမှတ်ပြုခဲ့တယ်။

နောက်ပိုင်းမှာ၊ လူသစ်တစ်ယောက်က “ဘုရားအမှုတော်ဖြစ်မှတော့၊ ဘာလို့ ကျွန်မတို့ လူသိရှင်ကြား မဟောကြတာလဲ”တဲ့။ သမ္မာကျမ်းချက်နှစ်ချက်ကို ကျွန်မ အရင်ဆုံး ဖတ်ပြလိုက်တယ်။ “ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကို၎င်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိကြ၏။(ရှင်ယောဟန် ဩဝါဒစာ ပဌမစောင် ၅:၁၉)အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။(ရှင်ယောဟန်ခရစ်ဝင် ၃:၁၉) အဲဒီနောက် ဒီလို မိတ်သဟာယပြုခဲ့တယ်။ ဒီလောကကြီးက အရမ်းဆိုးယုတ်တယ်၊ လူသားမျိုးနွယ်အားလုံး စာတန်ရဲ့ တန်ခိုးအောက်မှာ အသက်ရှင်ကြတယ်။ သမ္မာတရားနဲ့ အလင်းကို စက်ဆုပ်ပြီး၊ ဆိုးယုတ်မှုနဲ့ အမှောင်ကို နှစ်သက်ကြတယ်။ ဘုရားက သူ့အမှုကို ပြုပြီး လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လူ့ဇာတိခံတာနဲ့အမျှ၊ လူသားမျိုးနွယ်က သူ့ကို လက်မခံရုံမက၊ အတိုက်အခံလုပ်ပြီး ငြင်းပယ်ကြပြီးပြီ။ ဆိုးယုတ်တဲ့ အစိုးရတွေနဲ့ ဘာသာရေးလောကရဲ့ အန္တိခရစ် အင်အားစုတွေက အထူးသဖြင့် ဘုရားရဲ့ကြွလာခြင်းကို စက်ဆုပ်ကြတယ်။ သူတို့ရဲ့ တန်ခိုးအာဏာကို ထိန်းသိမ်းပြီး၊ သူတို့အဆင့်အတန်းနဲ့ ကြွယ်ဝမှုကို သေချာစေဖို့၊ လူတွေကို ဘုရားကို မယုံကြည်အောင်၊ သူ့နှုတ်ကပတ်တော်တွေ နားမထောင်အောင် တားဆီးကြတယ်။ ဘုရားကို ယုံကြည်ပြီး ဧဝံဂေလိ ဖြန့်တဲ့သူတွေကိုလည်း နှိပ်စက်ဖမ်းဆီးကြတယ်။ ဘုရားအမှုတော်ကိုတောင် လုံးလုံးလျားလျား တရားမဝင်ကြောင်း ကြေညာချင်ကြတယ်။ ဒါက သူ့ရဲ့အမှုကို သခင်ယေရှု ပြုခဲ့တုန်းကလိုပါပဲ။ ဟေရုဒ်က အသစ်မွေးဖွားတဲ့ သခင်ယေရှုက ဂျူးတွေရဲ့ ဘုရင်ဖြစ်မှန်း ကြားပြီး သူ့ကို သေစေချင်ခဲ့တယ်။ ဒါကြောင့် မွေးကင်းစ နှစ်နှစ်အောက် သားယောက်ျားလေးအားလုံးကို သတ်ဖို့ အမိန့်ပေးခဲ့တယ်။ ပြီးတော့ ဘာသာရေးလောကရဲ့ ဖာရိရှဲတွေက သခင်ယေရှုကို လူတွေအားလုံး ယုံကြည်ပြီး သူ့စကားတွေ နားထောင်ကြမှာ၊ သူတို့နောက်ကို လူတွေ မလိုက်တော့မှာကို စိုးရိမ်ခဲ့ကြတယ်။ ဒါကြောင့် သခင်ယေရှုကို အတိုက်အခံလုပ်ပြီး ရှုတ်ချခဲ့ကြတယ်။ ဒါကြောင့်၊ ကျေးဇူးတော်ခေတ်မှာ၊ သခင်ယေရှုက တရားဇရပ်တွေမှာ ကောင်းကင်နိုင်ငံတော်ရဲ့ ဧဝံဂေလိတရားကို လူသိရှင်ကြား မဟောခဲ့တာ။ သူက တောင်တွေနဲ့ ငါးဖမ်းလှေတွေပေါ်မှာ သူ့တပည့်တော်တွေကို တရားဒေသနာတွေ ဟောခဲ့တယ်။ ဆိုးယုတ်တဲ့ မကောင်းဆိုးဝါးတွေရဲ့ နှောင့်ယှက်မှုနဲ့ စုံစမ်းခြင်းကို ရှောင်ရှားဖို့ ဒါကို လုပ်ခဲ့တာပဲ။ အဲဒါက သူ့အမှုတော်အတွက် အကျိုးရှိခဲ့တယ်။ ပြီးတော့ သခင်ယေရှုက သူ့တပည့်တော်တွေကိုလည်း ပြောခဲ့တယ်။ “တမြို့၌ သင်တို့ကို ညှဉ်းဆဲလျှင် တမြို့သို့ပြေးကြလော့။(ရှင်မဿဲခရစ်ဝင် ၁၀:၂၃) အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသော ကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရာ ဖော်ပြပြီးသလိုပဲ၊ ဆိုးယုတ်တဲ့ အစိုးရတွေနဲ့ ဘာသာရေးလောကရဲ့ အန္တိခရစ် အင်အားစုတွေရဲ့ နှိပ်စက်၊ ရှုတ်ချတာခံရပြီးပြီ။ ဧဝံဂေလိကို ကျွန်မတို့ လူသိရှင်ကြား ဟောရင်၊ ပြင်းထန်တဲ့ အဟန့်အတားတွေနဲ့ ရင်ဆိုင်ရမှာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယုဒပြည်၌ ယေရှုအမှုပြုခဲ့ချိန်တွင် ပွင့်လင်းစွာ သူ လုပ်ဆောင်ခဲ့သည်၊ သို့သော် ယခုတွင် ငါသည် သင်တို့အလယ်တွင် တိတ်တဆိတ် အမှုပြုကာ စကားပြောသည်။ မယုံကြည်သူများသည် ယင်းကို လုံးဝ သတိမပြုမိကြချေ။ သင်တို့အလယ် ငါ၏အမှုသည် အပြင်ဘက်၌ ရှိသူများအဖို့ ပိတ်ထားလျက်ရှိသည်။ ဤနှုတ်ကပတ်တော်များ၊ ပြစ်တင်ဆုံးမခြင်းများနှင့် တရားစီရင်မှုများကို သင်တို့သာ သိကြပြီး အခြားသောသူများက မသိကြပေ။ ဤအမှုအားလုံးကို သင်တို့အလယ်တွင် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ သင်တို့အဖို့သာ ဖွင့်ဟထားပေသည်။ အချိန်မကျသေးသည့်အတွက် ယင်းကို မယုံကြည်သူများထဲမှ မည်သူမျှ မသိပေ။ ဤနေရာ၌ရှိသော လူများသည် ပြစ်တင်ဆုံးမခြင်းများကို ကြံ့ကြံ့ခံပြီးနောက် စုံလင်စေခြင်းခံရရန် နီးစပ်ကြသော်လည်း၊ အပြင်တွင်ရှိကြသူများက ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မသိကြချေ။ ဤအမှုသည် အလွန် ကွယ်ဝှက်လွန်းလှပေသည်။ ၎င်းတို့အဖို့၊ ဘုရားသခင် လူ့ဇာတိခံယူသည်မှာ ဖုံးကွယ်ထားလျက်ရှိသော်လည်း၊ ဤရေစီးကြောင်းအတွင်း၌ ရှိသောသူများအဖို့မူ သူသည် ဖွင့်ဟထားသည်ဟု ပြော၍ရပေသည်။ ဘုရားသခင်၌ အရာအားလုံး ဖွင့်ထားသော်လည်း၊ အရာအားလုံး ထုတ်ဖော်ပြထားသော်လည်း၊ အရာအားလုံး လွတ်လပ်သော်လည်း၊ ဤအရာသည် သူ့ကို ယုံကြည်သော သူများအတွက်သာ မှန်ကန်ပေသည်။ ကျန်သောသူများ ဖြစ်သည့် မယုံကြည်သူများနှင့် ပတ်သက်သရွေ့၊ မည်သည့်အရာကိုမျှ အသိပေးခြင်း မရှိပေ။ သင်တို့အလယ်နှင့် တရုတ်ပြည်တွင် လတ်တလော လုပ်ဆောင်လျက်ရှိသည့် အမှုသည် ၎င်းတို့ မသိစေဖို့၊ တင်းတင်းကြပ်ကြပ် ပိတ်ထားလျက်ရှိသည်။ ဤအမှုကို ၎င်းတို့ သိရှိလာခဲ့ပါလျှင်လည်း၊ ၎င်းတို့ လုပ်မည့်အရာ ဟူသမျှမှာ ယင်းကို ရှုတ်ချပြီး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံစေဖို့သာ ဖြစ်ပေသည်။ ယင်းကို ၎င်းတို့ ယုံကြည်ကြမည် မဟုတ်ပေ။ ဤခေတ်နောက်အကျန်ဆုံးနေရာဖြစ်သည့် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်မှာ လွယ်ကူသည့် အလုပ် မဟုတ်ပေ။ ဤအမှုကို လူပုံအလယ်တွင် ထားမည်ဆိုပါက၊ ဆက်လက်လုပ်ဆောင်ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ အမှု၏ ဤအဆင့်ကို ဤနေရာတွင် တကယ်ကို ဆောင်ရွက်၍မရနိုင်ပေ။ ဤအလုပ်ကို လူပုံအလယ်တွင် ဆောင်ရွက်ခဲ့မည်ဆိုပါက၊ ယင်းကို ရှေ့ဆက်လုပ်ဆောင်ရန် ၎င်းတို့ မည်သို့ခွင့်ပြုနိုင်မည်နည်း။ ဤအရာက အမှုကို သာ၍ ကြီးမားသည့်အန္တရာယ်အောက်သို့ ရောက်ရှိစေမည်မဟုတ်လော။ ဤအမှုကို ဖုံးကွယ်ထားခြင်းမရှိဘဲ၊ ယင်းထက် မကျန်းမာသူများကို အံ့ဘနန်း ကျန်းမာစေပြီး နတ်ဆိုးများကိုလည်း နှင်ထုတ်ခဲ့သည့် ယေရှု၏အချိန်ကာလကဲ့သို့ ဆောင်ရွက်မည်ဆိုပါက၊ ယင်းကို နတ်ဆိုးများက အချိန်ကြာမြင့်စွာက ‘ဖမ်းဆီးခံရခြင်း’ ဖြစ်စေပြီးဖြစ်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို သည်းခံနိုင်ကြမည်လော။ ယခုတွင် တရားဇရပ်များထဲသို့ တရားဟောရန်နှင့် ဩဝါဒပေးရန် ဝင်ရောက်မည် ဆိုပါက၊ ငါသည် အချိန်ကြာမြင့်စွာက အစိတ်စိတ်အမြွှာအမြွှာ ပစ်ပေါက်ခံရပြီးဖြစ်မည် မဟုတ်လော။ ဤအရာ ဖြစ်အပျက်ခဲ့ပါက၊ ငါ၏အမှုကို မည်သို့ ဆက်လက် ဆောင်ရွက်နိုင်မည်နည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပွင့်လင်းစွာ လုံးဝ မပြသသည့် အကြောင်းရင်းမှာ ဖုံးကွယ်ခြင်းအတွက် ဖြစ်သည်။ ထို့ကြောင့်၊ မယုံကြည်သူများအဖို့ ငါ၏အမှုကို မြင်၍မရ၊ သိ၍မရ၊ သို့မဟုတ် ရှာဖွေတွေ့ရှိ၍လည်း မရပေ။ အမှု၏ ဤအဆင့်ကို ကျေးဇူးတော်ခေတ်တွင် ယေရှုလုပ်ခဲ့သည်နည်းတူ လုပ်ဆောင်ခဲ့မည် ဆိုပါက၊ ယခုကဲ့သို့ အလွန် တည်တည်ငြိမ်ငြိမ် ရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့်၊ ဤကဲ့သို့ လျှို့ဝှက်စွာ အလုပ်လုပ်ခြင်းသည် သင်တို့နှင့် အမှုအဖို့ တစ်ပေါင်းတစ်စည်းတည်း အကျိုးရှိလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)) ဘုရားနှုတ်ကပတ်တော်တွေက အတော်ရှင်းတယ်။ စစ်မှန်တဲ့ လမ်းခရီးကို လက်ခံပြီး ဘုရားနောက်လိုက်သူတွေအတွက်၊ နောက်ဆုံးသော ကာလရဲ့ အမှုတော် အသေးစိတ်တွေကို လုံးဝ ဖွင့်ဟထားပါတယ်။ ဘယ်သွင်ပြင်လက္ခဏာမှ ကွယ်ဝှက်မထားပါဘူး။ ဒါပေမဲ့ အဲဒါက မယုံကြည်သူတွေနဲ့ ဘုရားကို အတိုက်အခံလုပ်သူတွေတွက် မဖွင့်ဟထားဘူး။ အထူးသဖြင့် ဘုရားက နှိပ်ကွပ်ခံနေရတဲ့ ဒေသတွေမှာ၊ ဧဝံဂေလိကို လူသိရှင်ကြား ဖြန့်ဝေလို့မရဘူး။ ဥပမာအနေနဲ့၊ ဒီနေ့ခေတ်မှာ၊ တချို့အစိုးရတွေက ယုံကြည်ခြင်းကို လူတွေ ကျင့်သုံးနေပြီး ဧဝံဂေလိကို ဖြန့်နေတာ ကြားတဲ့အခါ၊ သူတို့ကို ဖမ်းဆီး၊ နှိပ်စက်ဖို့ အမိန့်ပေးကြတယ်။ ပြီးတော့ ဘာသာရေးလောကက ကောလာဟလတွေနဲ့ အလိမ်အညာတွေ ဖြန့်ပြီး လူတွေကို စစ်မှန်တဲ့ လမ်းခရီး မရှာအောင်၊ မစုံစမ်းအောင် တားကြတယ်။ ကျွန်မတို့က ဧဝံဂေလိကို လူသိရှင်ကြား ဖြန့်မယ်ဆိုရင်၊ အလုပ်က ကြန့်ကြာသွားမှာပဲ။ ပြီးတော့ လူသိရှင်ကြား ဟောခြင်းရှိမရှိကို အခြေခံပြီး စစ်မှန်တဲ့ လမ်းခရီးကို မစုံစမ်းသင့်ဘူး။ အဲဒါထက် သမ္မာတရား ရှိမရှိနဲ့ ဘုရားရဲ့ အသံ ဟုတ်မဟုတ်ဆိုတာကို အခြေခံသင့်တယ်။ ဒါကသာ နည်းမှန်လမ်းမှန်ဖြစ်တယ်။ သူတို့က ကောလာဟလအပေါ် ချင့်ချိန်နိုင်စွမ်း ရခဲ့ကြတယ်၊ စစ်မှန်တဲ့ လမ်းခရီးကို လက်ခံခြင်းရဲ့ အရေးပါမှုကို နားလည်ပြီး၊ တရားဒေသနာတွေကို ဆက်နားထောင်ဖို့ လိုလားနေခဲ့ကြတယ်။ ကျွန်မရဲ့ မိတ်သဟာယကို ကြားပြီးတဲ့အခါ၊ ကျွန်မတို့ ဖတ်တဲ့ စကားတွေက သမ္မာတရားနဲ့ ဘုရားအသံဖြစ်မှန်းလည်း သင်းအုပ်က အသိအမှတ်ပြုသွားတယ်။ အဲဒီနောက်မှာ သူက အနှောင့်အယှက်တစ်ခုမှ မပေးတော့သလို၊ အချိန်ရတဲ့အခါ စုဝေးပွဲတွေကို လာခဲ့တယ်။ ဘုရားရဲ့ လမ်းပြခြင်းအတွက် ကျွန်မ ကျေးဇူးအရမ်းတင်ပါတယ်။

ဒါပေမဲ့ ကောလာဟလတွေက ရပ်မသွားခဲ့ဘူး။ အီမာက စုဝေးပွဲတွေ မလာတော့သလို၊ သူ့ယောက်ျားနဲ့ပတ်သက်ပြီး အနှောင့်အယှက်တွေဖြစ်အောင် လုပ်လာခဲ့တယ်။ သူက အနီးအနားသွားပြီး ကျွန်မတို့ ဟောတဲ့ ဧဝံဂေလိက တရုတ်ပြည်ကနေလာတယ်၊ ကျွန်မတို့ရဲ့ ဧဝံဂေလိ အမှုဆောင်တွေက လူအများကြီးကို သတ်ခဲ့တယ်၊ ကျွန်မတို့က ကမ္ဘာအနှံ့ ခရီးသွားပြီး၊ လူတွေကို ကျွန်မတို့ရဲ့ ဧဝံဂေလိနဲ့ လှည့်ဖြားနေသလို အခု အဲဒီအတိုင်းလုပ်ဖို့ မြန်မာနိုင်ငံကို လာတာမို့လို့ လူတွေအနေနဲ့ နားထောင်တာကို ရှောင်သင့်တယ်လို့ ပြောနေခဲ့တယ်။ လူသစ်တချို့က သူ့ကို မယုံကြည်ခဲ့ကြဘူး၊ ကျွန်မတို့ လူကောင်းတွေဖြစ်ပြီး သူတို့ကို လှည့်ဖြားမနေခဲ့မှန်း သူတို့ သိခဲ့ကြတယ်။ သူက ကျွန်မတို့ဟာ သူတို့ကို အရင်ဆုံး ကြင်နာပြဟန်ဆောင်မှာဖြစ်ပေမဲ့၊ တဖြည်းဖြည်းနဲ့ ငွေတောင်းမှာဖြစ်ပြီး၊ တစ်ခုမှမရရင်၊ သူတို့ ကလေးတွေကို ကျွန်မတို့ ခေါ်သွားမှာဖြစ်သလို၊ စုဝေးပွဲတွေ သူတို့ မတက်ရင်၊ ကျွန်မတို့က သူတို့ကို သတ်မှာလို့လည်း ပြောတယ်။ အဲဒီတုန်းက ကျွန်မ ဒေါသထွက်သွားပြီး၊ အဲဒီလို ကောလာဟလတွေကို သူတို့ ဘာလို့ ဖြန့်ရတယ်ဆိုတာ နားကိုမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ နည်းနည်းလည်း ကြောက်သွားမိတယ်။ ကျွန်မက ရွာပြင်ကနေ လာတာဖြစ်ပြီး၊ လူသစ်တွေက ကျွန်မကို ကောင်းကောင်း သိကြတာ မဟုတ်ဘူး။ တစ်ယောက်ယောက်က ကောလာဟလတွေရဲ့ လှည့်ဖြားတာခံရပြီး အီမာပြောသလို ကျွန်မ ပြုမူနိုင်တယ်လို့ တွေးရင်၊ သူတို့ ကျွန်မကို တိုင်ကြမှာလား။ အီမာနဲ့ သူ့ယောက်ျားက တွေ့တဲ့လူတိုင်းကို ကျွန်မက လူသတ်သမားဖြစ်တယ်လို့ ပြောပြီး၊ ကျွန်မရဲ့အိမ်ရှင်က ကျွန်မကို နှင်ထုတ်အောင် ကြိုးစားကြတယ်။ တစ်ညမှာ ကျွန်မ ဧဝံဂေလိထွက်ဖြန့်ပြီး လူသစ်တွေကို ရေလောင်းပေးနေတုန်း၊ အီမာပြောတာကို ယုံကြည်တဲ့ ကျွန်မရဲ့ အိမ်ရှင်က ကျွန်မ အပြင်ထွက်တုန်း အိမ်သော့ခတ်ထားလိုက်တယ်။ ရွာသားတွေလည်း ကျွန်မကို ကြောက်လာကြတယ်၊ စုဝေးပွဲတွေကို မလာတော့သလို၊ ကျွန်မကို နှင်ထုတ်ချင်ကြတယ်။ ကျွန်မ အရမ်းကို စိတ်ဓာတ်ကျသွားတယ်။ ကျွန်မမှာတော့ သူတို့လည်း ဘုရားရဲ့ ကယ်တင်ခြင်း ကျေးဇူးတော် ရနိုင်အောင်လို့ ဘုရားရဲ့ နောက်ဆုံးသော ကာလ ကယ်တင်ခြင်း ဧဝံဂေလိကို ဖြန့်ဖို့ ကျွန်မ လာခဲ့တာပါ။ သူတို့ကတော့ ကောလာဟလတွေ ဖြန့်တယ်၊ ကျွန်မကို အသရေဖျက်ပြီး လူသတ်သမားလို့ ပြောကြတယ်။ လူတိုင်းက ကျွန်မကို ကြောက်ကြပြီး ထွက်သွားစေချင်ကြတယ်။ ကျွန်မ ထွက်မသွားရင်၊ အဖမ်းခံရနိုင်တယ်။ ကျွန်မ တကယ်ကို ကြောက်သွားတယ်။ အဖမ်းခံရပြီး ထောင်ထဲအထည့်ခံရရင်၊ နှစ်ရှည်ထောင်ဒဏ်အချခံရမှာလား။ ကျွန်မ မိသားစုက သိသွားရင် ဘယ်လိုထင်ကြမလဲ။ သိက္ခာကျလိုက်မယ့်ဖြစ်ခြင်း။ အဖမ်းခံရပြီး အရှက်ခွဲခံရမှာစိုးလွန်းလို့ ကျွန်မ ညမှာ အိပ်မပျော်နိုင်ခဲ့ဘူး။ ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမှန်း မသိခဲ့ဘူး။ ဒါကြောင့် ဘုရားဆီ ဆုတောင်းတယ်၊ ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။ နောက်တစ်နေ့မှာ၊ ကျွန်မရဲ့ ကြီးကြပ်ရေးမှူးက ဖြစ်ပျက်တာကို ကြားတော့၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးတယ်။ “လူတစ်ဦးသည် ဧဝံဂေလိဖြန့်ဝေနေစဉ် ထိုသို့သော လှောင်ပြောင်သရော်မှု၊ ပြက်ရယ်ပြုခြင်း၊ အထင်သေးသည့် အကြည့်များနှင့် အသရေဖျက်ခြင်းတို့ကို မကြာခဏ ကြုံတွေ့ရမည် သို့မဟုတ် သူ့ကိုယ်သူ အန္တရာယ်ရှိသော အခြေအနေများထဲ၌ပင် မိမိကိုယ်ကို တွေ့ရလိမ့်မည်။ သာဓကအားဖြင့် ညီအစ်ကို မောင်နှမအချို့သည် ဆိုးယုတ်သောလူတို့၏ လူသိရှင်ကြား စွပ်စွဲရှုတ်ချခြင်း သို့မဟုတ် အဓမ္မခေါ်ဆောင်သွားခြင်း ခံရပြီး အခြားသူများမှာမူ ရဲများထံ အတိုင်ခံရကာ ထိုသူတို့မှာ အစိုးရထံ လွှဲပြောင်းအပ်နှံခြင်းခံရလေသည်။ အချို့မှာ အဖမ်းခံရပြီး အကျဉ်းချခံရစဉ် အခြားသူများမှာ သေသည်အထိပင် အရိုက်ခံရကောင်း ခံရမည်ဖြစ်သည်။ ဤအရာအားလုံးမှာ ဖြစ်ပျက်နေသော အရာများပင်ဖြစ်၏။ သို့သော် ယခုအခါတွင် ဤအရာများအကြောင်းကို ငါတို့ သိလာသဖြင့် ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်အပေါ် ငါတို့၏ သဘောထားကို ပြောင်းသင့်သလော။ (မပြောင်းသင့်ပါ။) ဧဝံဂေလိဖြန့်ဝေခြင်းသည် လူတိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ မည်သည့်အချိန်၌မဆို၊ ငါတို့ကြားသည့်အရာ၊ သို့မဟုတ် မြင်သည့်အရာက မည်သည့်အရာဖြစ်စေ၊ သို့မဟုတ် မည်သည့်ဆက်ဆံမှုမျိုးကို ငါတို့ကြုံတွေ့သည်ဖြစ်စေ ဧဝံဂေလိဖြန့်ဝေခြင်း ဟူသည့် ဤတာဝန်ကို ငါတို့ အမြဲတမ်း ထိန်းသိမ်းရမည်။ မည်သည့်အခြေအနေ၌ဖြစ်စေ ငါတို့သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းချက်ကြောင့် ဤတာဝန်ကို စွန့်လွှတ်၍မရပေ။ ဧဝံဂေလိဖြန့်ဝေရမည့် တာဝန်သည် ချောမွေ့သောခရီး မဟုတ်ဘဲ အန္တရာယ်နှင့် အတိပြီး၏။ သင်တို့သည် ဧဝံဂေလိဖြန့်ဝေသောအခါ ကောင်းကင်တမန်များ၊ သို့မဟုတ် ဂြိုဟ်သားများ၊ သို့မဟုတ် စက်ရုပ်များကို ရင်ဆိုင်ရမည် မဟုတ်ပေ။ သင်တို့သည် ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားများ၊ အသက်ရှိသော နတ်ဆိုးများ၊ လူ့တိရစ္ဆာန်များကိုသာ ရင်ဆိုင်ရမည်ဖြစ်ပြီး ၎င်းတို့အားလုံးသည် ဆိုးယုတ်သော ဤနေရာ၊ ဆိုးယုတ်သော ဤကမ္ဘာ၌ ရှင်သန်နေသည့်၊ စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခြင်းကို ခံထားရသော လူသားများဖြစ်ကြပြီး ဘုရားသခင်ကို ခုခံကြသည်။ ထို့ကြောင့် ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းစဉ်၌ တွေ့နေကျ ဖြစ်စဉ်များဖြစ်သည့် အသေးအဖွဲမျှသော အသရေဖျက်မှု၊ အထင်သေးသည့် အကြည့်များနှင့် နားလည်မှုလွဲမှားခြင်းများကို မဆိုနှင့်၊ အန္တရာယ်မျိုးပေါင်းစုံ ရှိနေသည်မှာ အသေအချာပင် ဖြစ်သည်။ အကယ်၍ သင်သည် ဧဝံဂေလိဖြန့်ဝေခြင်းကို တာဝန်တစ်ခုအဖြစ်၊ ဝတ္တရားတစ်ခုအဖြစ်သာမက သင်၏တာဝန်အဖြစ် အမှန်တကယ် သဘောထားပါက သင်သည် ဤအရာများကို မှန်ကန်စွာ သဘောထားနိုင်ပြီး ယင်းတို့ကို မှန်ကန်စွာပင် ကိုင်တွယ်နိုင်မည် ဖြစ်သည်။ သင်သည် တာဝန်နှင့် ဝတ္တရားကို စွန့်လွှတ်မည် မဟုတ်သကဲ့သို့ သင်သည် ဤအရာများကြောင့် ဧဝံဂေလိဖြန့်ဝေပြီး ဘုရားသခင်အား သက်သေခံမည့် သင်၏ နဂိုမူလ ရည်ရွယ်ချက်မှ လမ်းလွဲသွားမည် မဟုတ်သည့်အပြင် ဤသည်မှာ သင့်တာဝန်ဖြစ်သည့်အတွက် ဤတာဝန်ကို မည်သည့်အခါမျှ ဘေးဖယ်ထားမည် မဟုတ်ပေ။ ဤတာဝန်ကို မည်ကဲ့သို့ နားလည်သင့်သနည်း။ ယင်းသည် လူ့ဘဝ၏ တန်ဖိုးနှင့် အခြေခံဝတ္တရား ဖြစ်၏။ နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် သတင်းကောင်းနှင့် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ဧဝံဂေလိတရားအား ဖြန့်ဝေခြင်းသည် လူ့ဘဝ၏တန်ဖိုးပင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မသဘောပေါက်ခဲ့တယ်။ ဧဝံဂေလိကို ကျွန်မတို့ ဖြန့်ဝေတဲ့အခါ၊ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းခံရတဲ့ ဆိုးယုတ်တဲ့ လူတွေအပြင်၊ အန္တိခရစ်တွေ၊ မကောင်းမှုပြုသူတွေနဲ့ မယုံကြည်သူတွေဆီကနေ ရှုတ်ချ၊ တိုက်ခိုက်မှုမျိုးစုံ ကျွန်မတို့ ရင်ဆိုင်နေရတယ်။ ကျွန်မတို့ လှောင်ပြောင်၊ အသရေဖျက်ခံရပြီး စော်ကားခံရနိုင်တယ်၊ တိုင်ကြားခံရပြီး အဖမ်းခံရနိုင်သလို၊ ကျွန်မတို့ရဲ့ ဘဝတွေ ခြိမ်းခြောက်ခံရနိုင်တယ်။ ကျွန်မက လူသတ်သမားဖြစ်ပြီး မကောင်းတာတွေ လုပ်ခဲ့တယ်လို့ ကောလာဟလဖြန့်တဲ့သူတွေဟာ ကျွန်မရဲ့ ဂုဏ်သတင်းကို ပျက်စေပြီး ဧဝံဂေလိ မဖြန့်အောင် တားဆီးဖို့ ကြိုးစားနေကြတာပဲ။ ကျွန်မ စိတ်ဓာတ်ကျအောင် ကောလာဟလတွေနဲ့ အသရေဖျက်မှုကို သုံးချင်ကြတာ။ အဲဒါမှ ကျွန်မက ဧဝံဂေလိ မဖြန့်ရဲမှာဖြစ်သလို ဘုရားကို သက်သေမခံရဲမှာလေ။ ဒါက စာတန်ရဲ့ ဒုက္ခပေးတဲ့ အကြံပဲ။ ကျွန်မ ရွာက ထွက်သွားပြီး၊ ဧဝံဂေလိဖြန့်တာ၊ လူသစ်တွေကို ရေလောင်းတာတွေ ရပ်လိုက်ရင်၊ စာတန်ရဲ့ လှည့်ကွက်ထဲ မိသွားမှာဖြစ်ပြီး သူ့ရဲ့ လှောင်ရယ်စရာ ဖြစ်လာမှာ။ လူသစ်တွေကေ အတိုင်ခံရပြီး အဖမ်းခံရမှာကြောက်လို့ စုဝေးပွဲတွေလာပြီး ဘုရားနှုတ်ကပတ်တော် မဖတ်ရဲတာနဲ့ပတ်သက်လို့ သူတို့က ပိုလို့တောင် ရေလောင်းပေးဖို့လိုမှန်း ကျွန်မ သိခဲ့တယ်။ အဲဒါမှ သူတို့က သမ္မာတရားကို နားလည်နိုင်မှာ၊ စာတန်ရဲ့ ဒုက္ခပေးတဲ့ အကြံကို ရိပ်စားမိပြီး ကြောက်စိတ်နဲ့ အသက်မရှင်ကြမှာလေ။ ဒါပေမဲ့ ကျွန်မက အပြင်မှာ အထုတ်ခံရတော့၊ မတရားခံရသလို ခံစားပြီး၊ အဖမ်းခံရပြီး အရှက်ခွဲခံရမှာကို ပိုလို့တောင် စိုးရိမ်ခဲ့တယ်။ ဒါကြောင့် နုတ်ထွက်ပြီး အိမ်ပြန်ချင်ခဲ့တာ။ ဧဝံဂေလိ ဖြန့်တာကို ကျွန်မရဲ့ တာဝန်နဲ့ ဝတ္တရားလို ကျွန်မ သဘောမထားခဲ့ဘူး။ ကျွန်မတာဝန်ကို လုံးဝ မဖြည့်ဆည်းခဲ့ဘူး။ ဒီမလိုလားအပ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတော့၊ ဘုရားအလိုတော်ကို မရှာခဲ့၊ လူသစ်တွေကို မစဉ်းစားပေးခဲ့သလို၊ ကိုယ့်တာဝန်ကိုပဲ စွန့်ပစ်လိုက်ချင်ခဲ့တယ်။ ကျွန်မမှာ တာဝန်သိစိတ် နည်းနည်းမှ မရှိခဲ့တာပါ။ အခြေအနေက ပိုခက်ခဲပြီး စာတန်ရဲ့ အမှောင် အင်အားစုတွေက သူတို့ကို တိုက်ခိုက်ပြီး နှောင့်ယှက်လေ၊ ဘုရားအလိုတော်ကို တကယ် အလေးထားတဲ့သူတွေက ရင်ဆိုင်ဖို့၊ သမ္မာတရားကို မိတ်သဟာယပြုဖို့၊ စာတန်ရဲ့ မုသားတွေနဲ့ အတွေးမှားတွေကို ချေပပြီး ဖော်ထုတ်ဖို့၊ ဘုရားအိမ်တော်ရဲ့ အမှုကို ထိန်းသိမ်းပြီး စာတန်ကို အရှက်ရစေဖို့ ပိုပြီးတောင် တာဝန်ရှိတယ်လို့ ခံစားကြမှာ။ ဒါကသာ ဘုရားရဲ့ စိတ်နှလုံးကို နှစ်သိမ့်ပေးပြီး စစ်မှန်တဲ့ တာဝန်ဖြည့်ဆည်းမှု ဖြစ်ပါတယ်။ ကျွန်မရဲ့ တာဝန်နဲ့ ဝတ္တရားက ဧဝံဂေလိ ဖြန့်ပြီး ဖန်ဆင်းရှင်အတွက် သက်သေခံဖို့ပဲ။ ဒါက အရမ်းကို အဓိပ္ပာယ်ရှိတဲ့ အလုပ်ဖြစ်ပြီး ဘုရားရဲ့ အလျင်လိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ ဒီအရာအားလုံးကို သဘောပေါက်တော့၊ ကိုယ့်အလုပ်ကို ဆက်လုပ်ဖို့ စိတ်ချယုံကြည်မှု ရခဲ့တယ်။ စာတန်ကို ကျွန်မတို့ကို ဘယ်လိုပဲ နှောင့်ယှက်ပါစေ၊ လူသစ်တွေက ကျွန်မကို ဘယ်လိုပဲ ဆက်ဆံပါစေ၊ ကျွန်မ ဆက်နေပြီး ဧဝံဂေလိ ဖြန့်တာ၊ လူသစ်တွေကို ရေလောင်းတာတွေ ဆက်လုပ်မယ်။

အဲဒီနောက်မှာ၊ လူသစ်တွေကို ကျွန်မတို့ ထွက်ရှာခဲ့တယ်။ သူတို့က ကျွန်မတို့ကို ပြောမြဲပြောကြတယ်။ “ကျွန်မတို့လည်း စုဝေးချင်ပါတယ်၊ ဒါပေမဲ့ လှည့်ဖြားခံရမှာ ကြောက်သလို၊ အီမာရဲ့ ယောက်ျားက ရဲခေါ်ပြီး ဖမ်းခိုင်းမှာကို ပိုလို့တောင် ကြောက်တယ်”တဲ့။ အီဆာက သူတို့နဲ့ မိတ်သဟာယပြုပြီး၊ “သခင်ယေရှုက ဘုရားဖြစ်မှန်း ကျွန်မတို့အားလုံး သိကြတယ်၊ ဒီတော့ ဘာလို့ လူတွေက သူဟာ အဲဒီတုန်းက အယူလွဲကို ဖြန့်နေခဲ့တယ်လို့ ပြောခဲ့ကြတာလဲ။ ဒါကို ဘယ်သူပြောခဲ့တာလဲ။ ဘာသာရေးလောကရဲ့ သင်းအုပ်တွေနဲ့ အကြီးအကဲတွေပဲ။ သူတို့က သူတို့တပည့်တွေအားလုံး သခင်ယေရှုနောက် စလိုက်နေကြပုံကို မြင်ပြီး လန့်သွားကြတယ်။ လူတိုင်းက သခင်ယေရှုကို ယုံကြည်ချက်ထားကြရင်၊ ဘယ်သူကမှ သူတို့ တရားဒေသနာတွေ လာနားမထောင်တော့မှာ၊ ဘယ်သူကမှ သူတို့ကို မကြည်ညိုကြမှာ စိုးရိမ်ခဲ့ကြတယ်။ ဒါကြောင့် ကောလာဟလတွေ စဖြန့်ပြီး သူ့နောက် မလိုက်အောင် လူတွေကို တားမြစ်ခဲ့ကြတယ်။ ကျမ်းစာထဲမှာ မြင်ရတာက တချို့က သူ့ကို အယူလွဲလို့ စွပ်စွဲနေတုန်း၊ တခြားလူတွေက သူဟာ နတ်ဆိုးမင်းအကူအညီနဲ့ နတ်ဆိုးတွေနှင်ထုတ်တာလို့ ပြောကြတယ်။ သခင်ယေရှုက ကားစင်တင်ခံရပြီးတော့ ပြန်ထမြောက်တဲ့အခါမှာ၊ သင်္ချိုင်းကို စောင့်တဲ့ စစ်သားတွေကို သူတို့ လာဘ်ထိုးပြီး၊ သခင်ယေရှု တပည့်တော်တွေက သူ့အလောင်းကို သင်္ချိုင်းဂူကနေ ခိုးသွားခဲ့ပြီး၊ သူ တကယ် မထမြောက်ခဲ့ဘူးလို့ ပြောခိုင်းခဲ့တယ်။ သူတို့က ကောလာဟလတွေကို ဖြန့်နေခဲ့တာ မဟုတ်လား။ သခင်ယေရှုက ရှင်ပြန်ထမြောက်ခဲ့တာ သိသာပေမဲ့၊ သူတို့က လက်ကိုမခံခဲ့ကြဘူး။ အဲဒီတုန်းက ကောလာဟလတွေ အရမ်းများခဲ့သလို၊ အားလုံးက သခင်ယေရှုကို လူတွေ မယုံအောင် တားဆီးဖို့ လုပ်ခဲ့တာပဲ။ အခု၊ သခင်ယေရှုကို အယူလွဲအနေနဲ့ သူတို့ ရှုတ်ချခဲ့မှတော့၊ ဘာလို့ ကျွန်မတို့က သူ့ကို ယုံကြည်သင့်လဲ”လို့ ပြောတယ်။ လူသစ်တွေက ပြန်ဖြေကြတယ်။ “ဘာလို့လဲဆိုတော့ သခင်ယေရှုက ဘုရား၊ ရွေးနုတ်သောအရှင် ဖြစ်လို့ပဲ”တဲ့။ အီဆာက ဆက်ပြောတယ်။ “ဘုရားက သူ့အမှုတော်ကို ပြုပြီး လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လူ့ဇာတိခံပြီး လာခဲ့တယ်။ နတ်ဆိုးက လူတွေကို ဘုရား ပိုပိုရနေတာကို မမြင်နိုင်တော့လို့ ဘုရားနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ဖြန့်ပြီး၊ သူ့ရဲ့ တပည့်တော်တွေကို နှိပ်စက်ပြီး ဘုရားနောက်မလိုက်အောင် တားဖို့ အစိုးရနဲ့အတူ အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့၊ ဘုရားနောက်ကို ရိုးသားစစ်မှန်စွာ လိုက်ခဲ့ကြသူတွေဟာ စိတ်မပျက်ခဲ့ကြဘူး။ သခင်ယေရှုရဲ့ တပည့်တော်တစ်ယောက်က သေတဲ့အထိ မြင်းတွေနဲ့ တရွတ်တိုက်အဆွဲခံရတယ်။ တစ်ယောက်က ပြောင်းပြန် ကားစင်တင်ခံခဲ့ရပြီး တချို့ ထောင်ထဲအပို့ခံရတယ်။ ဒါပေမဲ့ သူတို့ သခင့်ကို ယုံကြည်ပြီး သူ့နောက်လိုက်ခဲ့ကြတုန်းပဲ။ ဒီနှိပ်စက်ခြင်းနဲ့ အခက်အခဲကတစ်ဆင့် စစ်မှန်တဲ့ ယုံကြည်သူတွေ ထုတ်ဖော်ပြခံခဲ့ရတာ မဟုတ်လား။ ‘မုန့်စားပြီး ဗိုက်ပြည့်ရုံပြည့်ခဲ့ကြတဲ့’ မယုံကြည်သူတွေကတော့၊ ကောလာဟလတွေကို ယုံခဲ့ကြတယ်၊ အဖမ်းခံရ၊ အနှိပ်စက်ခံရမှာကြောက်လို့ ဘုရားကို မယုံကြည်ရဲခဲ့ကြဘူး။ အဲဒီလိုလူတွေဟာ တောပင်တွေနဲ့ တူတယ်။ ဘုရားရဲ့ အမှုတော်က သူတို့ကို ဖော်ထုတ်ပြီး ဖယ်ရှားခံရတယ်။ နောက်ဆုံးမှာ သူတို့အားလုံး ကောလာဟလ ဖန်တီးခဲ့ကြသူတွေနဲ့အတူ ငရဲထဲ သက်ဆင်းကြရမှာပဲ”လို့ပေါ့။ အဲဒီနောက် သူက ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ဖတ်ပြတယ်။ “အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ငါသည် လူသားများ မတွေးတတ်အောင် ခက်ခဲနက်နဲသော အမှုအဆင့် တစ်ရပ်ကို ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အား လေတွင်ယိမ်းထိုးစေပြီးနောက် ၎င်းတို့အများအပြားသည် လေတိုက်သည့်အထဲတွင် တိတ်ဆိတ်စွာ လွင့်မျောသွားသည်။ အကယ်စင်စစ် ဤသည်မှာ ငါရှင်းလိုက်တော့မည့် ‘တလင်းပြင်’ ဖြစ်သည်၊ ယင်းသည် ငါတောင့်တသည့်အရာနှင့် ငါ၏အစီအစဉ်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုးယုတ်သူ အများအပြားသည် ငါအမှုပြုနေစဉ် တိတ်တဆိတ် ဝင်ရောက်လာခဲ့သော်လည်း၊ ငါသည် ၎င်းတို့ကို မောင်းနှင်ထုတ်ရန် အလျင်မလို သောကြောင့်ဖြစ်၏။ ထိုသို့မောင်းနှင်မည့်အစား အချိန်တန်သည့်အခါ၊ ငါသည် ၎င်းတို့အား တကွဲတပြား ပျံ့နှံ့သွားစေမည်။ ထို့နောက်မှသာလျှင် ငါသည် အသက်စမ်းရေဖြစ်ပြီး ငါ့ကို အမှန်တကယ် ချစ်မြတ်နိုးသူတို့အား ငါ့ထံမှ သင်္ဘောသဖန်းသီးနှင့် ကြာ၏ မွှေးကြိုင်သည့်ရနံ့တို့ကို ရယူခွင့်ပေးမည်။ စာတန် ခေတ္တ ကျင်လည်ရာ ဖုန်တောနယ်တွင် ရွှေစင်မရှိ၊ သဲသာရှိသဖြင့် ဤအခြေအနေများကို ရင်ဆိုင်လျက်၊ ငါသည် ထိုကဲ့သို့သော အမှု၏အဆင့်ကို ဆောင်ရွက်သည်။ ငါရရှိသည်မှာ အညစ်အကြေးကင်းသည့် ရွှေစင်ဖြစ်ပြီး သဲမဟုတ်ကြောင်းကို သင်သိသင့်သည်။ ဆိုးယုတ်သူများသည် ငါ၏အိမ်တွင် အဘယ်သို့ ကျန်ရှိနိုင်မည်နည်း။ ငါ၏ပရဒိသုဘုံတွင် ကပ်ပါးကောင်များအဖြစ် မြေခွေးတို့ကို ငါအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတော့ အီဆာက ဆက်ပြောတယ်။ “အဲဒီလို ကောလာဟလတွေရှိဖို့ ဘာလို့ ဘုရားက ခွင့်ပြုတာလဲ။ သူက လူတွေကို စစ်ဆေးဖို့ အဲဒီလို အခြေအနေတွေကို သုံးတယ်၊ သူတို့ရဲ့ ယုံကြည်ခြင်းက စစ်မှန်လား၊ အတုလားဆိုတာ မြင်ဖို့ပေါ့။ ဘုရားကို တကယ်ယုံကြည်သူအားလုံးက သူ့စကားကို နားထောင်ကြပြီး၊ ခက်ခဲတဲ့ အခြေအနေတွေမှာ စစ်မှန်ရိုးသားတဲ့ ယုံကြည်ခြင်းကို ပြပြီး ဘုရားနောက်လိုက်ကြတုန်းပဲ။ အယောင်ဆောင် ယုံကြည်သူတွေကတော့၊ ကောလာဟလဖြန့်သူတွေကို ယုံပြီး၊ ကြောက်စိတ်နဲ့ တွန့်ဆုတ်မှုကြောင့် ဘုရားနောက်လိုက် မလိုက်ရဲကြဘူး။ နောက်ဆုံးမှာ၊ စာတန်ရဲ့ ဖမ်းဆီးတာခံရပြီး သူတို့ရဲ့ ကယ်တင်ခြင်း အခွင့်အရေး ဆုံးရှုံးကြတယ်”တဲ့။ လူသစ်တချို့က ပြောကြတယ်၊ “ဒီကောလာဟလဖြန့်သူတွေက ကျွန်မတို့ကို သူတို့ရဲ့ ကောလာဟလနဲ့ လှည့်ဖြားဖို့ အမြဲ ကြိုးစားနေကြတယ်၊ သူတို့ အရမ်းဆိုးယုတ်တာပဲ။ သူတို့ပြောတာကို ကျွန်မတို့ ဘာလို့ နားထောင်ရဦးမှာလဲ။ နားမထောင်တော့ဘူး”တဲ့။ တချို့ကလည်း ပြောကြတယ်။ “အီမာနဲ့ သူ့ယောက်ျားပြောတာ ကျွန်မတို့ နားမထောင်တော့ဘူး၊ ဘုရားစကားတွေကို ကျွန်မတို့ နားထောင်မယ်”တဲ့။ လူသစ်တွေက ဒီလိုတွေပြောတာ ကြားတော့ ကျွန်မ ဘုရားကို အရမ်းကျေးဇူးတင်မိတယ်။ စာတန်က ဘယ်လိုပဲ ကြမ်းကြုတ်လာပြီး ဘယ်လို ဆိုးယုတ်တဲ့ လှည့်ကွက်၊ ကောလာဟလတွေ သုံးပါစေ၊ ဘုရားရဲ့ အမှုကို တားဆီးဖို့ အစွမ်းမဲ့ပါတယ်။ အဲဒီနောက်မှာ ကျွန်မ ဧဝံဂေလိကို ဆက်ဖြန့်ခဲ့တယ်။ တစ်ကြိမ်၊ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူနဲ့ စကားပြောဖို့ ကျွန်မ လူသစ်တစ်ယောက်နဲ့ သွားနေတုန်း၊ လက်ခံဖို့အလားအလာရှိသူက တခြားလူ ခုနှစ်ယောက်၊ ရှစ်ယောက်လောက်ကို နားထောင်ဖို့ ခေါ်လာပြီး၊ သူတို့အားလုံး အတော် စိတ်ထက်သန်နေခဲ့ကြတယ်။ သခင်ယေရှု ပြန်ကြွလာပြီးသားဖြစ်ပုံ၊ နောက်ဆုံးသောကာလမှာ သမ္မာတရား အများကြီး ဖော်ပြပြီး၊ တရားစီရင်ခြင်း အမှုပြုပုံကို ကျွန်မ သူတို့ဆီ သက်သေခံခဲ့တယ်။ အဲဒီနောက်မှာ၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားက အမှုတော်ရဲ့ အဆင့်သုံးဆင့်ပြုပုံကို သက်သေခံခဲ့တယ်။ နားထောင်ပြီးတော့ သူတို့အားလုံးက စုံစမ်းစစ်ဆေးဖို့ လိုလားနေခဲ့ကြပြီး၊ ဘုရားနှုတ်ကပတ်တော်တွေ ကြားရတာ အရမ်းဝမ်းသာတယ်လို့ တချို့က ပြောကြတယ်။ ကျွန်မတို့ တရားဒေသနာတွေ နားထောင်ဖို့ သူတို့ မိတ်ဆွေတွေနဲ့ မိသားစုကို ခေါ်လာဖို့ ကျွန်မ တိုက်တွန်းခဲ့ပြီး၊ သူတို့အားလုံး ပိုလို့တောင် လိုလားခဲ့ကြတယ်။ ရက်အနည်းငယ် မိတ်သဟာယပြုပြီးတဲ့နောက်မှာ၊ နောက်ထပ်လူတစ်စုက ဘုရားရဲ့ အမှုသစ်ကို လက်ခံခဲ့ကြတယ်။ ရှေ့ဆက်ရင်းနဲ့ ကျွန်မတို့ ဧဝံဂေလိ ဆက်ဖြန့်ခဲ့ကြပြီး၊ အဲဒီရွာကနေ စုစုပေါင်း ၆၄ ယောက်က ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံသွားခဲ့ကြတယ်။

အဲဒီ ဧဝံဂေလိဖြန့်တဲ့ အတွေ့အကြုံကို ပြန်ကြည့်လိုက်တဲ့အခါ၊ အဆင်ပြေချောမွေ့တဲ့ကိစ္စတော့ မဟုတ်ခဲ့ပါဘူး။ အန္တရာယ်များတဲ့ အခြေအနေတွေ အများကြီး ကြုံခဲ့ရတယ်၊ ကျွန်မတို့ နှိပ်ကွပ်ခံခဲ့ရပြီး အဖမ်းခံခဲ့ရနိုင်သလို၊ အသရေဖျက်၊ စော်ကားတာတွေလည်း ခံခဲ့ရတယ်။ ဒါပေမဲ့ ဘုရားက စာတန်ရဲ့ နှောင့်ယှက်မှုကို ကျွန်မရဲ့ ယုံကြည်ခြင်း စုံလင်စေဖို့နဲ့၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ချို့တဲ့မှုတွေကို သတိပြုမိခွင့်ပေးဖို့ အသုံးပြုနေခဲ့တယ်။ ဒီအတွေ့အကြုံကတစ်ဆင့်၊ အခု ဧဝံဂေလိဖြန့်ဖို့ ကျွန်မမှာ ပိုလို့တောင် စိတ်ချယုံကြည်မှု ရှိပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

စိတ်ကျဉ်းကျပ်မှုကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် ကျွန်မ လုပ်ခဲ့ပြီ

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ခေါင်းဆောင်က လီရှင်းနဲ့ ကျွန်မကို အသင်းတော်ရဲ့ စာအရေးအသားအလုပ်ကို ပူးတွဲကြီးကြပ်ဖို့ စီစဉ်ခဲ့တယ်။ ကျွန်မက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
​ဘောင်အပြည့်ချဲ့ကြည့်မည်
​ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်