ထူးခြားသော ကောင်းချီးမင်္ဂလာ
ထောင်လျန်၊ တရုတ်ပြည်။ကျွန်မ ငယ်ငယ်ကတည်းက အသည်းရောင်အသားဝါ ဘီရောဂါရှိခဲ့တယ်။ ကုဖို့အတွက် ဆရာဝန်အမျိုးမျိုး၊ ဆေးအမျိုးမျိုးကို ကျွန်မ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၀၃ ခုနှစ်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်၊ သိပ်မကြာခင်မှာပဲ ခေါင်းဆောင်တာဝန်ကို ကျွန်မ ယူခဲ့တယ်။ အဲဒီတုန်းက ကျွန်မ အသက်က ငါးဆယ်ကျော်လေးပဲ ရှိသေးပြီး ကျန်းမာရေးပြဿနာ ဘာမှမရှိခဲ့ဘူး။ နေ့ခင်းဘက်ဆို စုဝေးပွဲတွေတက်ပြီး ဧဝံဂေလိတရားဟောတယ်၊ ညဘက်ဆို ဘယ်လောက်ပဲ နောက်ကျမှပြန်လာရပါစေ၊ ညီအစ်ကို မောင်နှမတွေရဲ့ အခြေအနေတွေအပေါ် မူတည်ပြီး ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လေ့ရှိတယ်။ နည်းနည်း အလုပ်များပြီး ပင်ပန်းပေမဲ့ ကျွန်မအနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်တယ်၊ နောင်မှာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရမယ်လို့ တွေးလိုက်တာနဲ့ ကျွန်မကို အဆုံးမရှိတဲ့ ခွန်အားတွေ ပေးခဲ့တယ်။ ဆယ်နှစ်ကျော်လောက် ကြာတဲ့အခါမှာ ကျွန်မ ကျန်းမာရေး စပြီး ဆိုးရွားလာတယ်။ ပထမတော့ ကျွန်မရဲ့ သည်းခြေအိတ်မှာ ပြဿနာရှိလို့ ခွဲစိတ်ဖယ်ရှားလိုက်ရတယ်၊ နောက်တော့ ခါးဆစ်ရိုးလွဲသွားလို့ ပြန်တည့်ဖို့ ခွဲစိတ်မှု လုပ်ခဲ့ရတယ်၊ ခွဲစိတ်မှု နှစ်ကြိမ်လုပ်ပြီးနောက်မှာ ကျွန်မ ခန္ဓာကိုယ် အခြေအနေက အများကြီး ပိုဆိုးသွားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။ သားအိမ်အသားလုံးနဲ့ နာတာရှည် အစာအိမ်ရောင်ရောဂါတွေပါ ဝင်လာတော့ ကျွန်မက အားနည်းပြီး စိတ်ပျက်အားငယ်လာတယ်။ အရင်လို သွက်သွက်လက်လက် မရှိတော့ဘဲ လှေကားတက်ရင်တောင် အခါခါ နားရတယ်။ မှတ်ဉာဏ်ကလဲ ပိုဆိုးလာတယ်၊ တစ်ခါတလေ ဘုရားနှုတ်ကပတ်တော်ရဲ့ အပိုင်းတစ်ပိုင်းကို ကျွန်မ ဖတ်ချင်တဲ့အခါ အဲဒါကို ရှာဖို့ ကြိုးစားလိုက်တာနဲ့ ဘာကို ဖတ်ချင်နေခဲ့တာလဲဆိုတာကိုတောင် ကျွန်မအမှတ်မရတော့ဘူး။ ကျွန်မရဲ့ ကျန်းမာရေး အခြေအနေအရ စုဝေးပွဲတစ်ဖွဲ့ကို ကိုယ်တိုင်ဦးဆောင်ဖို့ အသင်းတော်က စီစဉ်ပေးခဲ့တယ်၊ ညီအစ်ကို မောင်နှမတွေမှာ အခြေအနေတစ်ခုခုရှိရင် ဖြေရှင်းဖို့ ကျွန်မ ကူညီပေးတယ်၊ တစ်ခါတလေ အသင်းတော်မှာ ဧည့်ခံတဲ့အိမ်တွေ လိုအပ်တဲ့အခါ ဧည့်ခံဖို့ ကျွန်မ တာဝန်ယူရတယ်။ ကျွန်မ ကျန်းမာရေးက အရင်လောက် မကောင်းတော့ပေမဲ့ တာဝန်တချို့ကို ထမ်းဆောင်နိုင်သေးလို့ ခွန်အားရှိတယ်လို့ ခံစားရတယ်။
တစ်ခါတော့ စုဝေးပွဲအပြီး အိမ်အပြန်လမ်းမှာ အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါဟောင်းက ပြန်ထလာပြီး ဗိုက်ထဲမှာ တအား နာကျင်လာတယ်။ မတ်မတ်ရပ်နိုင်အောင်နဲ့ အိမ်ပြန်ရောက်အောင် ကျွန်မ မနည်းကြိုးစားခဲ့ရပြီး ခဏလောက် လှဲအိပ်လိုက်မှပဲ နည်းနည်း သက်သာလာတော့တယ်။ ကျွန်မ ကျန်းမာရေး မကောင်းတာကို မြင်တော့ အိမ်မှာလုပ်တဲ့ စုဝေးပွဲတွေအတွက် ညီအစ်ကိုမောင်နှမတွေကို တစ်ခါတလေ ဧည့်ခံပေးဖို့ ခေါင်းဆောင်က ပြောတယ်။ ဒီအစီအစဉ်ကို ကြားတော့ ကျွန်မ တွေးလိုက်တယ်၊ “ဒါပါပဲလေ။ အခု ငါ အိမ်မှာ ဧည့်ခံတာပဲ လုပ်နိုင်တော့တယ်။ အသက်ကြီးလာတာနဲ့အမျှ ငါ့ကျန်းမာရေးက ပိုပိုပြီး ဆိုးလာမှာပဲ။ တစ်နေ့ကျရင် ဧည့်ခံတဲ့တာဝန်ကိုတောင် မလုပ်နိုင်တော့ဘူးဆိုရင် ဘာတာဝန်မှ ထမ်းဆောင်နိုင်တော့မှာ မဟုတ်ဘူး၊ အဲဒီအခါကျရင် ငါ ကယ်တင်ခံရဖို့ ဘာမျှော်လင့်ချက် ရှိတော့မှာလဲ” လို့ပေါ့။ အဲဒီလို တွေးမိတော့ ကျွန်မမှာ ခွန်အားတွေ အကုန်ပျောက်သွားပြီး တကယ်ပဲ စိတ်မချမ်းမသာဖြစ်မိတယ်၊ ပြီးတော့ ကျွန်မ တွေးမိတယ်၊ “ငါက အသက်ပိုကြီးလာပြီ၊ မှတ်ဉာဏ်ကလဲ ပိုဆိုးလာတယ်၊ ဘုရားနှုတ်ကပတ်တော်တွေကိုတောင် မမှတ်မိနိုင်တော့ဘူး၊ ပြီးတော့ ခုလေးတင် ဖတ်ထားတာကို မေ့သွားတယ်။ သမ္မာတရားကို ငါ ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ ငါ့အသက်အရွယ်က လူတွေ ဘယ်လောက်ပဲ ကြိုးစားပြီး လိုက်စားပါစေ သူတို့ တိုးတက်နိုင်မှာ မဟုတ်ဘူး။ တစ်ရက်စာ အသက်ရှင်သန်ဖို့ပဲ ကြိုးစားတော့မယ်” လို့ပေါ့။ တစ်ခါတလေ ထမင်းဟင်းချက်တဲ့အခါ ခါးက တအားနာလွန်းလို့ မတ်မတ်တောင် မရပ်နိုင်ဘူး၊ အထူးသဖြင့် အစာအိမ်ရစ်နာတာ ပြန်ထလာတဲ့အခါ၊ အထူးသဖြင့် အစာအိမ်အောင့်တာ ပြန်ထလာတဲ့အခါ သေမလား၊ ရှင်မလားတောင် မသိရလောက်အောင်ကို တအား နာကျင်ရတယ်။ တစ်နေ့ကျရင် လဲကျသွားပြီး စုဝေးပွဲတွေကိုတောင် မတက်နိုင်တော့မှာကို ကျွန်မ စိုးရိမ်မိတယ်။ ပြေးလွှားခုန်ပေါက်နိုင်ပြီး ကျန်းမာရေးကောင်းကြတဲ့ လူငယ်တွေကို မြင်ရတဲ့အခါ ကျွန်မ အားကျမိပြီးတော့ တွေးမိတယ်၊ “ငယ်ရွယ်တာ ဘယ်လောက်ကောင်းလိုက်လဲ။ သူတို့က ဘယ်ကိုမဆို သွားနိုင်တယ်၊ ဘယ်တာဝန်ကိုမဆို ထမ်းဆောင်နိုင်တယ်၊ ပြီးတော့ သူတို့ ကယ်တင်ခံရဖို့ အခွင့်အရေးတွေက ပိုများတယ်။ ငါ့ကျန်းမာရေးကကျတော့ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်၊ နောင်မှာ တာဝန်တွေ ဘာမှ မထမ်းဆောင်နိုင်တော့ဘူးဆိုရင် ငါ အသုံးမကျတဲ့သူ ဖြစ်သွားမှာပဲ၊ ဘုရားသခင်ကလဲ ငါ့ကို သေချာပေါက် စွန့်ပစ်မှာပဲ” လို့ပေါ့။ တာဝန်တွေ ထမ်းဆောင်ရင်း ဘာကျန်းမာရေးပြဿနာမှ မရှိခဲ့တဲ့ လွန်ခဲ့တဲ့ သုံးလေးနှစ်တုန်းက အချိန်တွေကို ကျွန်မ ပြန်တွေးမိတယ်၊ ဒါပေမဲ့ အခုချိန်မှာတော့ ကျွန်မ အသက် ၇၂ နှစ်ရှိနေပြီ၊ ခန္ဓာကိုယ်ကလဲ အရင်တုန်းကနဲ့ လုံးဝကို ကွာခြားသွားပြီလေ။ အို၊ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကို အချိန်တွေ နောက်ပြန်ဆုတ်ပစ်လိုက်ချင်ပါရဲ့။ အဲဒါကြောင့် ကျွန်မ ခဏခဏ သောကရောက်ပြီး အပျက်သဘောဆောင်တဲ့ အခြေအနေထဲမှာ နေထိုင်နေခဲ့တယ်၊ ပြီးတော့ သမ္မာတရားကို ရဖို့ ကျွန်မ မကြိုးစားချင်ခဲ့ဘူး။ တစ်ခါတလေ အချိန်ကုန်အောင် တီဗီရှိုးတွေ ကြည့်တယ်၊ ကျွန်မဆီ ကိစ္စတွေ ဖြစ်ပျက်လာပြီး ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြမိတဲ့အခါ အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေခဲ့ဘူး၊ ကိစ္စတွေကို ခဏပဲ တွေးလိုက်ပြီး ဖြစ်သလိုပဲ ထားလိုက်တယ်။ ကျွန်မရဲ့ ဆုတောင်းချက်တွေတောင် ခြောက်ကပ်ကပ် စကားလုံး နည်းနည်းလောက်ပဲ ဖြစ်နေတယ်၊ ကျွန်မရဲ့ စိတ်နှလုံးက ဘုရားသခင်နဲ့ တဖြည်းဖြည်း ဝေးကွာသွားတယ်လို့ ခံစားခဲ့ရတယ်။ ဒီလိုမျိုး ဆက်သွားနေတာက အန္တရာယ်များတယ်ဆိုတာကို ကျွန်မ စိတ်ထဲမှာ သိနေတယ်၊ ပြီးတော့ ဒီစိတ်မချမ်းမသာဖြစ်တဲ့ အခြေအနေကို ဖြေရှင်းချင်ခဲ့တယ်။ ဒါပေမဲ့ ရှေ့ဆက်သွားဖို့ တိကျတဲ့ လမ်းကြောင်း ကျွန်မမှာ မရှိခဲ့ဘူး။
တစ်နေ့မှာတော့ သက်ကြီးရွယ်အိုတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့ခဲ့တယ်၊ အဲဒီနှုတ်ကပတ်တော်တွေထဲမှာ ကျွန်မကိုယ်ကျွန်မ ချက်ချင်း ပြန်မြင်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ညီအစ်ကို မောင်နှမများထဲတွင် အသက် ၆၀ မှ ၈၀ သို့မဟုတ် ၉၀ ခန့်ထိရှိပြီး၊ မိမိတို့၏ အိုမင်းသည့် အသက်အရွယ်ကြောင့် အချို့သော အခက်အခဲများလည်း တွေ့ကြုံကြရသည့် သက်ကြီးရွယ်အိုများလည်း ရှိသည်။ ၎င်းတို့၏ အသက်အရွယ် ထိုသို့ဖြစ်စေကာမူ၊ ၎င်းတို့၏ အတွေးအခေါ်သည် သေချာပေါက် မှန်ကန်ခြင်း သို့မဟုတ် ယုတ္တိတန်ခြင်း သိပ်မရှိသကဲ့သို့၊ ၎င်းတို့၏ စိတ်ကူးများနှင့် အမြင်များသည် သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီခြင်း မရှိပေ။ ဤသက်ကြီးရွယ်အိုများသည် အလားတူ ပြဿနာများသာ ရှိကြပြီး၊ ၎င်းတို့က၊ ‘ငါ့ ကျန်းမာရေး သိပ်မကောင်းတော့သကဲ့သို့ မည်သည့်တာဝန်ကို ငါ ထမ်းဆောင်နိုင်သည်နှင့်ပတ်သက်၍ အကန့်အသတ်ရှိသည်။ ဤသေးငယ်သည့် တာဝန်ကိုသာ ငါ ထမ်းဆောင်လျှင်၊ ဘုရားသခင်က ငါ့ကို သတိရပါမည်လား။ တစ်ခါတစ်ရံတွင် ငါ နာဖျားတတ်ပြီး ငါ့ကို စောင့်ရှောက်ဖို့ တစ်စုံတစ်ဦး လိုအပ်သည်။ ငါ့ကို စောင့်ရှောက်ရန် မည်သူမျှ မရှိသည့်အခါ၊ ငါ့တာဝန်ကို ငါ ထမ်းဆောင်နိုင်ခြင်း မရှိပါ။ ထို့ကြောင့် မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါသည် အိုမင်းပြီး၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ထိုနှုတ်ကပတ်တော်များကို မမှတ်မိနိုင်သကဲ့သို့ သမ္မာတရားကို နားလည်ရန် ငါ့အတွက် ခက်ခဲသည်။ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုနေချိန်တွင်၊ ကမောက်ကမဖြစ်ပြီး ယုတ္တိမရှိသော ပုံစံဖြင့် ငါ စကားပြောပြီး ဝေမျှထိုက်သည့် မည်သည့် အတွေ့အကြုံမျှ မရှိပါ။ ငါသည် အိုမင်းပြီဖြစ်ပြီး၊ လုံလောက်သည့် အားအင်မရှိပါ။ ငါ့အမြင်အာရုံသည် သိပ်မကောင်းသကဲ့သို့ ငါ မသန်မာတော့ပါ။ အရာရာသည် ငါ့အတွက် ခက်ခဲ၏။ ငါ့တာဝန်ကို ငါ မထမ်းဆောင်နိုင်ရုံမက၊ အမှုအရာများကို ငါ အလွယ်တကူ မေ့ပြီး၊ တလွဲဖြစ်စေသည်။ တစ်ခါတစ်ရံ ငါ စိတ်ရှုပ်ထွေးပြီး အသင်းတော်နှင့် ငါ၏ ညီအစ်ကို မောင်နှမများအတွက် ပြဿနာများဖြစ်စေသည်။ ငါသည် ကယ်တင်ခြင်း ရရှိလိုပြီး သမ္မာတရားကို လိုက်စားလိုသော်လည်း၊ အလွန်ခက်ခဲသည်။ မည်သည့်အရာကို ငါ လုပ်နိုင်သနည်း’ဟု အမြဲ စိုးရိမ်ပူပန်ကြလေသည်။ ဤအရာများကို ၎င်းတို့ တွေးသည့်အခါ၊ ‘ဘုရားသခင်ကို ငါ ဤအသက်အရွယ်တွင်သာ စတင် ယုံကြည်လာခဲ့သည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ မိမိတို့ အသက် ၂၀ နှင့် ၃၀ ခန့်အရွယ်တွင် ရှိကြသူများ သို့မဟုတ် မိမိတို့ အသက် ၄၀၊ ၅၀ ခန့်အရွယ်တွင်ရှိသူများနှင့်ပင် ငါ အဘယ်သို့ မတူရသနည်း။ အလွန်အိုမင်းသည့် ယခုအချိန်တွင်သာ ဘုရားသခင်၏ အမှုတော်ကို ငါ အဘယ်သို့ အမှတ်မထင် ကြုံလာရသနည်း။ ငါ့ ကံကြမ္မာ ဆိုးခြင်းတော့ မဟုတ်ပါ။ အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အမှုတော်ကို ယခု ငါ ကြုံရပြီဖြစ်သည်။ ငါ့ ကံကြမ္မာ ကောင်းမွန်ပြီး၊ ဘုရားသခင်က ငါ့ကို သနားကြင်နာလေပြီ။ ငါ ပျော်ရွှင်ချမ်းမြေ့ခြင်းမရှိသည့်အရာ တစ်ခုသာရှိပြီး ထိုအရာမှာ ငါ အိုမင်းလွန်းခြင်း ဖြစ်သည်။ ငါ့ မှတ်ဉာဏ် သိပ်မကောင်းသကဲ့သို့၊ ငါ့ ကျန်းမာရေးလည်း ထိုမျှမကောင်းပါ။ သို့သော် ငါ့မှာ ခိုင်ခံ့ပြီး မယိမ်းယိုင်သည့် အတွင်းခွန်အား ရှိပါသည်။ ငါ့ ခန္ဓာကိုယ်က ငါ့ကို မနာခံတော့ခြင်းသာဖြစ်ပြီး၊ စုဝေးပွဲများတွင် အတန်ငယ် နားထောင်ပြီးနောက် ငါ အိပ်ငိုက်သွားသည်။ တစ်ခါတစ်ရံ ငါ ဆုတောင်းဖို့ မျက်လုံးများမှိတ်ပြီးနောက် အိမ်မောကျသွားကာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ချိန်တွင် ငါ့စိတ်က ပျံ့လွင့်နေသည်။ အနည်းငယ်မျှ ဖတ်ပြီးနောက်တွင်၊ ငါ အိပ်ငိုက်သွားပြီး၊ တစ်မှေးအိပ်မိကာ နှုတ်ကပတ်တော်များကို သဘောမပေါက်ပါ။ ငါ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ထိုသို့သော လက်တွေ့ကျသည့် အခက်အခဲများဖြင့်၊ သမ္မာတရားကို ငါ လိုက်စားပြီး နားလည်နိုင်သေးပါသလား။ နားမလည်နိုင်လျှင်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ငါ လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိလျှင်၊ ငါ၏ ယုံကြည်မှုအားလုံးသည် အချည်းနှီးဖြစ်မည် မဟုတ်ပါလား။ ကယ်တင်ခြင်း ရရှိရန် ငါ ပျက်ကွက်မည်မဟုတ်ပါလား။ မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါ အလွန် စိုးရိမ်မိသည်။ ဤအသက်အရွယ်တွင်၊ မည်သည့်အရာမျှ အရေးမကြီးတော့ပါ။ ဘုရားသခင်ကို ယခု ငါ ယုံကြည်သည့်အတွက်၊ ငါ့မှာ နောက်ထပ် စိုးရိမ်မှုများမရှိတော့ပါ၊ စိတ်သောကရောက်စရာ မည်သည့်အရာမျှ မရှိသကဲ့သို့၊ ငါ၏ သားသမီးများ အရွယ်ရောက်ပြီး သူတို့ကို စောင့်ရှောက်ဖို့ သို့မဟုတ် ပြုစုပျိုးထောင်ဖို့ ငါ့ကို မလိုအပ်ကြတော့ပါ။ ဘဝတွင် ငါ့တွင် ကျန်ရှိသည့် နှစ်ကာလများ၌ ငါ၏ အကြီးမားဆုံးသော ဆန္ဒမှာ သမ္မာတရားကို လိုက်စားရန်၊ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ရန်နှင့် နောက်ဆုံးတွင် ကယ်တင်ခြင်း ရရှိရန်ဖြစ်သည်။ သို့ရာတွင် ငါ၏ တကယ့် အခြေအနေဖြစ်သည့် အသက်အရွယ်ကြောင့် အမြင်ဝေဝါးပြီး၊ စိတ်ရှုပ်ထွေးခြင်း၊ ကျန်းမာရေး ချို့တဲ့ခြင်း၊ မိမိတာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်ခြင်းနှင့် တစ်ခါတစ်ရံ ငါ တတ်နိုင်သမျှ လုပ်ဆောင်ရန် ကြိုးစားချိန်တွင် ပြဿနာများ ဖန်တီးနေမိခြင်းတို့ကို ယခု ကြည့်သည့်အခါ၊ ကယ်တင်ခြင်း ရရှိခြင်းသည် ငါ့အတွက် လွယ်ကူမည်မဟုတ်သည့်ပုံ ပေါ်ပေသည်’ဟု တွေးလျက် စတင်စိုးရိမ်သောကရောက်ကြလေသည်။ ဤအရာများကို ၎င်းတို့ အဖန်ဖန် တွေးကြပြီး၊ တိုး၍ ပူပန်သောကရောက်ကြပြီးနောက်၊ ‘လူငယ်များထံသို့သာ ကောင်းသည့်အရာများ ဖြစ်ပျက်ပြီး အိုမင်းသော လူများထံသို့ မဖြစ်ပျက်သည့်အလား ထင်ရသည်။ အမှုအရာများက မည်မျှ ကောင်းမွန်သည်ဖြစ်စေ၊ ထိုအရာများကို ငါ မွေ့လျော်နိုင်တော့မည် မဟုတ်သည့်အလား ထင်ရသည်’ဟု တွေးကြလေသည်။ ဤအရာများကို ၎င်းတို့ စဉ်းစားလေလေ၊ ၎င်းတို့ စိုးရိမ်သောကရောက်ပြီး ကြောင့်ကြလေလေဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုနှင့် ပတ်သက်၍ စိုးရိမ်ကြရုံမက၊ နာကျင်မှုကိုလည်းခံစားကြရလေသည်။...သက်ကြီးရွယ်အိုများသည် မိမိတို့၏ အသက်အရွယ်ကြောင့် သမ္မာတရားကို မလိုက်စားနိုင်တော့သည်လော။ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်စွမ်း မရှိသလော။ (နားလည်နိုင်စွမ်း ရှိကြပါသည်။) သက်ကြီးရွယ်အိုများသည် သမ္မာတရားကို နားလည်နိုင်ကြသလော။ ၎င်းတို့သည် အချို့ကို နားလည်နိုင်ကြပြီး၊ ငယ်ရွယ်သည့် လူများပင်လည်း အားလုံးကို နားမလည်နိုင်ကြချေ။ သက်ကြီးရွယ်အိုများသည် ၎င်းတို့ မရှင်းမလင်းဖြစ်ကြကြောင်း၊ ၎င်းတို့ မှတ်ဉာဏ်မကောင်းကြောင်းနှင့် ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ နားမလည်နိုင်ကြောင်း ယုံကြည်လျက်၊ အမြဲ နားလည်မှုလွဲခြင်းတစ်ခုရှိကြသည်။ ၎င်းတို့ မှန်ကန်ပါသလော။ (မမှန်ပါ။) ငယ်ရွယ်သောလူများသည် သက်ကြီးရွယ်အိုများထက် သာ၍ များစွာ အားအင်ရှိကြပြီး၊ ရုပ်ပိုင်းအရ သာ၍ သန်မာကြသော်လည်း၊ အမှန်တွင် ၎င်းတို့၏ နားလည်၊ သဘောပေါက်ပြီး သိနိုင်စွမ်းသည် သက်ကြီးရွယ်အိုများနှင့် အတူတူပင် ဖြစ်သည်။ သက်ကြီးရွယ်အိုများသည်လည်း တစ်ချိန်က ငယ်ရွယ်ခဲ့ကြသည် မဟုတ်လော။ ၎င်းတို့သည် မွေးရာပါ အိုမင်းကြခြင်း မဟုတ်သကဲ့သို့၊ ငယ်ရွယ်သည့်လူများသည်လည်း တစ်နေ့တွင် အားလုံး အိုမင်းသွားကြမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများက ၎င်းတို့ အိုမင်းကြသောကြောင့်၊ ရုပ်ပိုင်းအရ အားနည်းပြီး နေထိုင်မကောင်းသကဲ့သို့ မကောင်းသည့် မှတ်ဉာဏ်များ ရှိကြသောကြောင့် ငယ်ရွယ်သော လူများနှင့် ကွာခြားကြသည်ဟု အမြဲ တွေးမနေရပေ။ အမှန်တွင်၊ ကွာခြားမှုမရှိ။ ကွာခြားမှုမရှိဟု ဆိုသည့်အခါ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ တစ်စုံတစ်ဦးသည် အိုမင်းသည်ဖြစ်စေ၊ ငယ်ရွယ်သည်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အတူတူပင်ဖြစ်သည်၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ သဘောထားနှင့် အမြင်များ တူညီပြီး၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်နှင့်ရပ်တည်ချက်တို့သည် အတူတူပင်ဖြစ်သည်။ သို့ဖြစ်၍ သက်ကြီးရွယ်အိုများသည် ၎င်းတို့က ပို၍ အသက်ကြီးသောကြောင့်၊ လူငယ်များထက် သာ၍ နည်းပါးသော လွန်လွန်ကဲကဲ စိတ်ဆန္ဒများ ရှိသောကြောင့်၊ ၎င်းတို့က ပို၍ တည်ငြိမ်အောင် နေနိုင်သောကြောင့် ၎င်းတို့တွင် အထိန်းအကွပ်မဲ့သော ရည်မှန်းချက်များဖြစ်စေ၊ စိတ်ဆန္ဒများဖြစ်စေ၊ သာ၍ နည်းပါးသော စိတ်သဘောထားများဖြစ်စေ မရှိဟု မတွေးရပေ။ ဤသည်မှာ နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ငယ်ရွယ်သည့် လူများသည် ရာထူးအတွက် သူတစ်ပါးကို ချနင်းနိုင်ကြသည်။ သို့ဆိုလျှင် သက်ကြီးရွယ်အိုများသည် ရာထူးအတွက် သူတစ်ပါးကို မချနင်းနိုင်ကြသလော။ ငယ်ရွယ်သည့်လူများသည် စည်းမျဉ်းများကို ဆန့်ကျင်သည့်အရာများ လုပ်ဆောင်နိုင်ပြီး ထင်ရာမြင်ရာ ပြုမူနိုင်သည်။ သို့ဆိုလျှင် သက်ကြီးရွယ်အိုများသည်လည်း အလားတူ မလုပ်ဆောင်နိုင်ကြသလော။ (လုပ်ဆောင်နိုင်ကြပါသည်။) ငယ်ရွယ်သည့်လူများသည် မာနထောင်လွှားနိုင်သည်၊ သို့ဆိုလျှင် သက်ကြီးရွယ်အိုများသည်လည်း မာနထောင်လွှားနိုင်ခြင်း မရှိကြသလော။ သို့ရာတွင်၊ သက်ကြီးရွယ်အိုများ မာနထောင်လွှားကြသည့်အခါ၊ ၎င်းတို့၏ အိုမင်းသည့် အသက်အရွယ်ကြောင့်၊ သိပ်ရန်မူတတ်ခြင်း မရှိကြသကဲ့သို့၊ ထိုမျှ သဘောထားမြင့်မြတ်သော မာနထောင်လွှားမှု မဟုတ်ချေ။ ငယ်ရွယ်သော လူများသည် ၎င်းတို့၏ ကွေးနိုင်ဆန့်နိုင်သော ခြေလက်များနှင့် စိတ်များကြောင့် သာ၍ သိသာသည့် မာနထောင်လွှားမှု သရုပ်သကန်များကို ပြကြစဉ်တွင်၊ သက်ကြီးရွယ်အိုများသည် ၎င်းတို့၏ မာတောင့်သည့် ခြေလက်များနှင့် တင်းမာသော စိတ်များကြောင့် သာ၍ မသိသာသည့် မာနထောင်လွှားမှု သရုပ်သကန်များ ပြကြလေသည်။ သို့ရာတွင် ၎င်းတို့၏ မာနထောင်လွှားမှု အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အတူတူပင်ဖြစ်သည်။...ထို့ကြောင့် သက်ကြီးရွယ်အိုများသည် သမ္မာတရားကို မလိုက်စားနိုင်ခြင်း မဆိုထားနှင့်၊ လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိကြခြင်း မဟုတ်သကဲ့သို့၊ မိမိတို့တာဝန်များကို မထမ်းဆောင်နိုင်ကြခြင်းလည်း မဟုတ်ပေ။ ၎င်းတို့အတွက် လုပ်ဆောင်စရာများစွာ ရှိ၏။ သင်၏ တစ်သက်တာအတွင်း သင် စုဆောင်းပြီးဖြစ်သည့် အမျိုးမျိုးသော အယူလွဲများနှင့် အတွေးမှားများအပြင်၊ အမျိုးမျိုးသော အစဉ်အလာ စိတ်ကူးများနှင့် အယူအဆများ၊ မသိနားမလည်သည့်၊ ခေါင်းမာသည့်အရာများ၊ ရှေးရိုးစွဲ အရာများ၊ ယုတ္တိမရှိသည့် အရာများနှင့် သင် စုဆောင်းပြီးသည့် လိုရာဆွဲပြောသော အရာများအားလုံး သင့်စိတ်နှလုံးတွင် စုပုံနေပြီးဖြစ်ကာ ဤအရာများကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာပြီး သတိပြုရန် သင်သည် သာ၍ပင် အချိန်ကုန်ဆုံးသင့်ပေသည်။ သင့်အနေဖြင့် လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိသည်မှာ မဟုတ်ပေ၊ သို့မဟုတ် သင် မျှော်လင့်ချက် ကုန်ဆုံးသည့်အခါ စိတ်ဖိစီး၊ ပူပန်သောကရောက်သင့်သည်ဆိုသည်မှာ မဟုတ်ပေ။ ဤသည်မှာ သင်၏ အလုပ်မဟုတ်သကဲ့သို့ တာဝန်လည်း မဟုတ်ချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ကျွန်မရဲ့ အခြေအနေအတိအကျကို ဘုရားသခင်က ဖော်ထုတ်ပြခဲ့တယ်။ အခုတလော ကျွန်မဟာ သောကရောက်ပြီး စိုးရိမ်ပူပန်မှုတွေနဲ့ အသက်ရှင်နေခဲ့တယ်၊ ကျွန်မက အသက်ကြီးလာပြီ၊ ကျန်းမာရေးက မကောင်းဘူး၊ ပြီးတော့ ကိစ္စတွေကို ခဏခဏ မေ့နေတယ်လို့ အမြဲ ခံစားနေခဲ့တယ်၊ ဒါကြောင့် ကျွန်မက ဧည့်ခံတဲ့တာဝန်ကို တစ်ခါတလေလောက်ပဲ ကိုင်တွယ်နိုင်တော့တယ်လို့ တွေးခဲ့တာလေ။ ကျွန်မ အသက်ပိုကြီးလာပြီး ကျန်းမာရေး ပိုဆိုးလာတဲ့အခါ ကိုယ့်တာဝန်တွေ မထမ်းဆောင်နိုင်တော့တာမျိုး၊ ကယ်တင်မခံရတာမျိုး ဖြစ်မှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ ဘယ်လောက်ပဲ လိုက်စားလိုက်စား အကုန်လုံးက အသုံးမကျဘူးလို့ ထင်ရတယ်။ ဒီလို စိတ်မချမ်းမသာဖြစ်တဲ့ အခြေအနေမှာ နစ်မွန်းနေပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ဖို့ ဒါမှမဟုတ် သမ္မာတရားကို လိုက်စားဖို့ စိတ်အားထက်သန်မှု မရှိဘဲ မပူမအေးနဲ့ပဲ လိုက်လုပ်နေခဲ့တယ်။ အခုမှ ဒါတွေက မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ ကျွန်မရဲ့ အမြင်တွေဆိုတာကို သဘောပေါက်သွားတယ်။ တကယ်တမ်းကျတော့ သက်ကြီးရွယ်အိုတွေက ခန္ဓာကိုယ် ပိုအားနည်းပြီး ခွန်အားတွေ နည်းလို့ လူငယ်တွေထက် တုံ့ပြန်မှု နှေးကွေးနိုင်ပေမဲ့ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းနဲ့ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကတော့ လူငယ်တွေနဲ့ အတူတူပါပဲ။ သူတို့က သမ္မာတရားကို လိုက်စားပြီး သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းသရွေ့ သူတို့လဲ ကယ်တင်ခံရနိုင်ပါတယ်။ အသက်ကြီးတာကြောင့် လူ့အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုက ပိုပြင်းထန်တယ်၊ စိတ်ထဲက စာတန်ဆန်တဲ့ အဆိပ်တွေက လူငယ်တွေထက် ပိုများပြီး ပိုခေါင်းမာတယ်၊ ပြီးတော့ ဒီရိုးရာအယူအဆ မျိုးစုံနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို နားလည်ပြီး စိစစ်ဖို့ အချိန်ပိုလိုအပ်တယ်။ ဥပမာအနေနဲ့ ညီအစ်ကိုမောင်နှမတချို့ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြတာကို မြင်တဲ့အခါ သူတို့ကို ကျွန်မ အထင်သေးခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ သူတို့ကို ဝေဖန်ပြီး နှိမ်ခဲ့တယ်။ ဒါဟာ မာနထောင်လွှားတဲ့ စိတ်သဘောထားပဲ။ ဒါက ကျွန်မအနေနဲ့ ဆင်ခြင်သုံးသပ်ပြီး နားလည်သင့်တဲ့အရာ မဟုတ်ဘူးလား။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ နားမလည်ခဲ့ဘူး။ သောကရောက်ပြီး စိုးရိမ်ပူပန်တဲ့ အခြေအနေမှာ နစ်မွန်းနေခဲ့ပြီး သမ္မာတရားကို လိုက်စားရာမှာ ကျွန်မက မပူမအေး ဖြစ်နေခဲ့တယ်။ ဒီကိစ္စမှာ ဘုရားသခင်ကို ကျွန်မ အထင်အမြင်လွဲနေခဲ့တာ မဟုတ်ဘူးလား။ လူတစ်ယောက်က ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ သူတို့က သမ္မာတရားကို ဆာငတ်ပြီး လိုက်စားသရွေ့ ဘုရားသခင်က ဉာဏ်ပွင့်စေပြီး လမ်းပြလိမ့်မယ်ဆိုတာကို အခုတော့ ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားသခင်က အသက်အရွယ်မရွေး ကျွန်မတို့ကို ရေလောင်းပေးပြီး သမ္မာတရားနဲ့ ထောက်ပံ့ပေးတယ်၊ အရေးကြီးတာက ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ဖို့ ကြိုးစားအားထုတ်ချင်စိတ် ရှိမရှိ ဆိုတာပါပဲ။ ဒီနှုတ်ကပတ်တော်တွေမှာ သက်ကြီးရွယ်အိုတွေရဲ့ အခြေအနေတွေကို ဘုရားသခင်က အထူးရည်ရွယ်ပြီး ပြောခဲ့တာပါ၊ သက်ကြီးရွယ်အိုတွေ သူတို့ရဲ့ သောကတွေ၊ စိုးရိမ်ပူပန်မှုတွေကို လက်လွှတ်နိုင်ပြီး သမ္မာတရား လိုက်စားဖို့ အာရုံစိုက်နိုင်အောင်၊ ပြီးတော့ သူတို့ရဲ့ အယူအဆတွေ၊ စိတ်ကူးယဉ်မှုတွေထဲမှာ အသက်မရှင်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် အရှုံးမပေးဖို့ မျှော်လင့်ရင်းနဲ့ပေါ့။ ဒါပေမဲ့ သမ္မာတရား မလိုက်စားဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ဖို့ အကြောင်းပြချက်အဖြစ် ကျွန်မရဲ့ အသက်ကြီးတာနဲ့ မှတ်ဉာဏ်မကောင်းတာကို အမြဲ အသုံးပြုခဲ့တယ်၊ ဒီအတိုင်းသာ ဆက်သွားနေရင် နစ်နာဆုံးရှုံးရမဲ့သူက ကျွန်မကိုယ်တိုင်ပဲ ဖြစ်နေမှာ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်ပြီးမှပဲ ကျွန်မ နိုးကြားလာခဲ့တယ်၊ ဒီလို နားဝေတိမ်တောင်ဖြစ်တဲ့ အခြေအနေထဲမှာသာ ဆက်နေခဲ့ရင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့၊ အစွန်းရောက်တဲ့ အယူအဆတွေရဲ့ ချည်နှောင်မှုတာခံရပြီး နောက်ဆုံးမှာ သမ္မာတရားကို ရနိုင်မှာ မဟုတ်ဘဲ ကျွန်မရှေ့မှာ ပျက်စီးခြင်းပဲ ကျန်တော့မယ်ဆိုတာ သဘောပေါက်သွားတယ်။ ကျွန်မတို့ သက်ကြီးရွယ်အိုတွေအတွက် နှစ်သိမ့်မှုဖြစ်စေတဲ့ နှုတ်ကပတ်တော်တွေနဲ့ ခွန်အားပေးမှုအတွက်၊ ပြီးတော့ ကျွန်မတို့အတွက် သမ္မာတရား လိုက်စားဖို့ လမ်းကြောင်းကို ညွှန်ပြပေးခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ဒါဟာ ကျွန်မတို့အပေါ်ထားတဲ့ ဘုရားသခင်ရဲ့ မေတ္တာပါပဲ။ သမ္မာတရား လိုက်စားဖို့ ဆုံးဖြတ်ချက်ကို ကျွန်မ အပျောက်ခံလို့ မရဘူး၊ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် သဘောထားရမယ်၊ ဘုရားသခင် စီစဉ်ပေးတဲ့ အခြေအနေတွေထဲမှာ သင်ခန်းစာတွေယူပြီး သမ္မာတရား ရှာဖွေဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် သိဖို့ အာရုံစိုက်ရမယ်၊ ပြီးတော့ စိတ်သဘောထား ပြောင်းလဲမှုကို ရရှိအောင် လုပ်ရမယ်။ ဒါတွေက ကျွန်မ လုပ်ရမဲ့ အရာတွေပါပဲ။
ဒါကို သဘောပေါက်သွားတော့ ကျွန်မ စတင် ဆင်ခြင်တွေးတောမိတယ်၊ “အရင်တုန်းက တာဝန်တွေ ထမ်းဆောင်တဲ့အခါ နေ့တိုင်း အဆုံးမရှိတဲ့ ခွန်အားတွေ ရှိခဲ့ပေမဲ့၊ ဘာလို့ အခု အသက်ကြီးလာပြီး ခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့ ပိုအားနည်းလာတဲ့အခါကျမှ ငါ့စိတ်နှလုံးထဲမှာ အပျက်သဘောဆောင်တာတွေ၊ သောကရောက်တာတွေနဲ့ ပြည့်နေပြီး ရှေ့ဆက် မကြိုးစားချင်တော့တာလဲ။ ငါ့ကို ဘာက ထိန်းချုပ်နေတာလဲ” လို့ပေါ့။ ကျွန်မ ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရတယ်။ “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုံးကွယ်သော်လည်း လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံဆိုင်ရာ အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ အားသွန်ခွန်စိုက်လုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သို့မဟုတ် အသင်းတော်အသက်တာကို ရှင်သန်သည်နှင့်အမျှ ၎င်းတို့၏ မိသားစုများကို စွန့်လွှတ်နိုင်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ဝမ်းမြောက်စွာ အသုံးခံနိုင်သည်၊ ယခုအခါတွင် ကောင်းချီးရရန် ၎င်းတို့၏ စိတ်ဓာတ်လှုံ့ဆော်မှုအပေါ် အသိရှိသည်၊ ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဘေးဖယ်ထားပြီးဖြစ်ကာ ဤအရာ၏ အုပ်စိုးခြင်း၊ သို့မဟုတ် ချုပ်ချယ်ခြင်းကို မခံရတော့ဟု မိမိတို့ကိုယ်ကို ခံစားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့နောက်တွင် ၎င်းတို့တွင် ကောင်းချီးခံစားလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှု မရှိတော့ဟု ၎င်းတို့က ထင်မြင်ကြသည်။ သို့သော် ဘုရားသခင်က ဤသို့ မယုံကြည်ပေ။ လူတို့သည် အကြောင်းကိစ္စများကို အပေါ်ယံသာ ရှုမြင်သည်။ စမ်းသပ်မှုများမပါဘဲ ၎င်းတို့က မိမိတို့ကိုယ်ကို ကျေနပ်ကြသည်။ အသင်းတော်ကို ၎င်းတို့ မစွန့်ခွာသရွေ့၊ သို့မဟုတ် ဘုရားသခင်၏ အမည်နာမကို မငြင်းပယ်သရွေ့၊ ဘုရားသခင်အတွက် ဆက်လက် အသုံးခံသရွေ့ ၎င်းတို့က ပြောင်းလဲသွားပြီဟု ယုံကြည်ကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရာတွင် တစ်ကိုယ်ရေ စိတ်အားထက်သန်မှု၊ သို့မဟုတ် ခဏတာ ရုတ်တရက်ဖြစ်ပေါ်သော ဆန္ဒတို့အားဖြင့် တွန်းအားပေးခြင်းမခံရတော့ဟု ခံစားမိကြသည်။ ထိုအစား ၎င်းတို့က သမ္မာတရားကို လိုက်စားနိုင်သည်၊ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို အဆက်မပြတ်ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဤနည်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သန့်စင်ခံရပြီး စစ်မှန်သော ပြောင်းလဲမှုအချို့ကို ရရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သို့ရာတွင် လူတစ်ယောက်၏ ခရီးပန်းတိုင်၊ အဆုံးသတ်တို့နှင့် တိုက်ရိုက်ဆက်နွှယ်သောအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့ မည်သို့ ပြုမူကြသနည်း။ သမ္မာတရားကို အလုံးစုံ ထုတ်ဖော်ပြထားပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်တာ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်တွေးတောလိုက်တော့ သောကရောက်တာနဲ့ စိုးရိမ်ပူပန်မှုတွေထဲမှာ ပိတ်မိပြီး ကိုယ့်ကိုယ်ကိုယ် အရှုံးပေးလိုက်ရတဲ့ အကြောင်းရင်းက ကျွန်မ အသက်ကြီးလာပြီမလို့ နောင်မှာ ဘာတာဝန်မှ ထမ်းဆောင်နိုင်တော့မှာ မဟုတ်ဘူးလို့ ခံစားခဲ့ရလို့ပဲဆိုတာကို နောက်ဆုံးတော့ ကျွန်မ သဘောပေါက်သွားတယ်၊ ပြီးတော့ ကယ်တင်ခံရဖို့၊ ဒါမှမဟုတ် ကောင်းချီးခံစားရဖို့ ကျွန်မမှာ ဘာမျှော်လင့်ချက်မှ ရှိတော့မှာမဟုတ်ဘူးလို့ပေါ့။ ဒါကြောင့် အပျက်သဘောဆောင်တာတွေထဲမှာ အသက်ရှင်ပြီး ဘုရားသခင်ကို ကျွန်မ အတိုက်အခံလုပ်ခဲ့တာလေ။ အရင်တုန်းက ကိုယ့်တာဝန်တွေမှာ ကျွန်မ အနစ်နာခံနိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်တယ်၊ ပြီးတော့ အလုပ်များခံနိုင်တယ်၊ နေမကောင်းဖြစ်နေတဲ့ အချိန်မှာတောင် ကိုယ့်တာဝန်တွေကို ဝမ်းမြောက်ဝမ်းသာ ထမ်းဆောင်ခဲ့တာပဲ။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နိုင်သရွေ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရဖို့ မျှော်လင့်ချက်ရှိတယ်လို့ ကျွန်မ တွေးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မရဲ့ ဖျားနာမှုတွေက ပိုဆိုးလာပြီး ကျန်းမာရေးကလည်း တစ်နေ့ထက်တစ်နေ့ ပိုချူချာလာတော့ ဧည့်ခံတဲ့တာဝန်ကိုတောင် မထမ်းဆောင်နိုင်တော့တဲ့ အခြေအနေ ဖြစ်လာနိုင်တယ်။ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ ခံစားရတော့ ဘုရားသခင်ကို ယုံကြည်တာက အဓိပ္ပာယ်မဲ့သလို ဖြစ်သွားတယ်၊ ပြီးတော့ ဘဝကို သာသာယာယာ ဖြတ်သန်းတာကပဲ ကျွန်မအတွက် ပိုကောင်းလိမ့်မယ်လို့ ထင်မိတယ်။ ဒါနဲ့ပဲ တီဗီကြည့်ရင်း အချိန်တွေကို အလဟဿ ဖြုန်းတီးခဲ့တယ်၊ သမ္မာတရားအတွက် ကြိုးပမ်းတာကို ကျွန်မ ရပ်တန့်လိုက်တယ်၊ ပြီးတော့ ယုံကြည်ခြင်းအပေါ်ထားတဲ့ ကျွန်မရဲ့ သဘောထားက မပူမအေး ဖြစ်သွားတယ်။ ကျွန်မက ဘယ်နည်းနဲ့များ ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ ယုံကြည်ခဲ့တာ ဖြစ်မှာလဲ။ သမ္မာတရား လိုက်စားဖို့နဲ့ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေခဲ့တာ မဟုတ်ဘူးလေ။ အဲဒီအစား ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ခရီးဆုံးပန်းတိုင်တစ်ခု သေချာရဖို့ ကိုယ့်တာဝန်ထမ်းဆောင်တာကို အသုံးချပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားခဲ့တယ်၊ ကောင်းချီးခံစားရမှာ မဟုတ်ဘူးလို့ ယုံကြည်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် အရှုံးပေးလိုက်တော့တာပဲ။ ဒါဟာ ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ အမြင်တွေကြောင့် ဖြစ်ရတာပါ။ ဘုရားသခင်အတွက် စိတ်ရင်းမှန်နဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး သမ္မာတရားကို လိုက်စားတဲ့သူတွေအကြောင်းကို ကျွန်မ တွေးမိတယ်။ သူတို့တွေဟာ နာကျင်ရတဲ့ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့ အဆုံးသတ်နဲ့ ခရီးဆုံးပန်းတိုင်အတွက် စိုးရိမ်ပူပန်ကောင်း ပူပန်နိုင်ပေမဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားသခင်ဆီ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေနိုင်ကြတယ်၊ ပြီးတော့ ဘာဆုလာဘ်မှ မတောင်းဆိုဘဲ ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ်ဝမ်းမြောက်ဝမ်းသာ အသုံးခံကြတယ်။ ဘုရားသခင်အတွက် သက်သေခံဖို့နဲ့ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ပဲ သူတို့ရဲ့ တာဝန်တွေကို သူတို့ ကောင်းကောင်း ဖြည့်ဆည်းကြတာလေ။ ကျွန်မကျတော့ရော ဘယ်လိုလဲ။ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်အတော်ကြာပြီ ဖြစ်ပေမဲ့ စိတ်သဘောထား ပြောင်းလဲမှုကို ကျွန်မ မရှာဖွေခဲ့ဘူး၊ ဒါမှမဟုတ် သမ္မာတရား ဘယ်လောက် လက်တွေ့လုပ်ဆောင်ပြီးပြီလဲဆိုတာကို ဆင်ခြင်သုံးသပ်တာမျိုး မရှိခဲ့ဘူး၊ ကိုယ့်တာဝန်တွေနဲ့ ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းပြီးပြီလားဆိုတာကိုလဲ မစဉ်းစားခဲ့ဘဲ ကောင်းချီးခံစားရဖို့ ရှာဖွေရေးကိုပဲ အာရုံစိုက်နေခဲ့တယ်။ နာကျင်မှုတွေ ပိုဆိုးလာပြီး ကောင်းချီးမခံစားရနိုင်တော့ဘူးလို့ တွေးမိတဲ့အခါ မျှော်လင့်ချက် ကင်းမဲ့သွားတယ်။ ကျွန်မမှာ ဘုရားသခင်အပေါ် ဘယ်နည်းနဲ့များ စစ်မှန်တဲ့ ရိုးသားမှု ရှိခဲ့တာ ဖြစ်မှာလဲ။ အရင်က ကျွန်မရဲ့ အနစ်နာခံမှုတွေ၊ အသုံးခံမှုတွေ အားလုံးဟာ ကောင်းချီးတွေ၊ အကျိုးအမြတ်တွေ ရဖို့အတွက်ချည်းပဲ၊ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့၊ လှည့်ဖြားဖို့ ကြိုးစားတာ သက်သက်ပဲ။ ကျွန်မဟာ တကယ်ကို စက်ဆုပ်စရာ ကောင်းလိုက်တာ။ ပင်လယ်တွေ၊ ကုန်းမြေတွေကို ဖြတ်ကျော်ပြီး ဧဝံဂေလိတရား ဟောပြောခဲ့တဲ့၊ ကြီးမားတဲ့ အလုပ်တွေကို လုပ်ခဲ့တဲ့ ပေါလုအကြောင်းကို ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ တာဝန်တွေအပေါ်ထားတဲ့ သူ့ရဲ့ ရည်ရွယ်ချက်တွေက ကောင်းချီးတွေနဲ့ သရဖူတစ်ခု ရဖို့ဖြစ်နေတော့ နောက်ဆုံးမှာ သူ့ရဲ့ စိတ်သဘောထားက မပြောင်းလဲခဲ့ဘူးလေ။ ဖြောင့်မတ်ခြင်း သရဖူကို တောင်းဆိုပြီး ဘုရားသခင်ကိုတောင်မှ ဗြောင်ကျကျ ဆန့်ကျင် အော်ဟစ်ခဲ့သေးတယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့လို့ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာ၊ အပြစ်ဒဏ်ပေးတာကို သူ ခံခဲ့ရတယ်။ ဒါနဲ့ နှိုင်းယှဉ်ပြီး ကျွန်မကိုယ်ကျွန်မ ပြန်ကြည့်လိုက်တော့ တာဝန်တွေအပေါ်ထားတဲ့ ကျွန်မရဲ့ ရည်မှန်းချက်က ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပန်းတိုင်တစ်ခု ရဖို့ဖြစ်နေပြီး တာဝန်တွေမှာ ကျွန်မရဲ့ ရည်ရွယ်ချက်တွေ မှားယွင်းနေတာကို မြင်လိုက်ရတယ်။ ကျွန်မ တာဝန်တွေ ဘယ်လောက်ပဲ ထမ်းဆောင်ပါစေ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက မပြောင်းလဲဘဲ ကျန်နေမယ်ဆိုတဲ့ အချက်က ဘုရားသခင်ကို ကျွန်မအပေါ် စက်ဆုပ်ရွံရှာစေဦးမှာပဲ။ စာတန်ရဲ့ အန္တရာယ်ပြုမှုကနေ ကျွန်မတို့ကို ကယ်တင်ဖို့အတွက် ဘုရားသခင်က ဘယ်လောက်တောင် စကားတွေ အများကြီး ပြောခဲ့လဲဆိုတာကို ကျွန်မ တွေးမိတယ်၊ အဲဒီလိုပြောတဲ့အခါမှာလဲ သမ္မာတရား လိုက်စားတဲ့ လမ်းကြောင်းပေါ်ကို ကျွန်မတို့ လျှောက်လှမ်းဖို့ မျှော်လင့်ချက်အပြည့်နဲ့ အင်မတန် ဇွဲနပဲကြီးလို့ အလေးအနက်ထားပြီး ပြောခဲ့တာလေ။ ဒါပေမဲ့ ကျွန်မကတော့ ဘုရားသခင်အပေါ် ရိုးသားမှု တစ်စက်မှ မရှိခဲ့ဘူး။ ကျွန်မမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား လုံးဝကို ကင်းမဲ့နေခဲ့တာပဲ။ ဒီအရာတွေကို သဘောပေါက်သွားတော့ ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကိုယ်တော့်ကို သမီးယုံကြည်လာတာ အနှစ် ၂၀ ကျော်ပြီဖြစ်ပေမဲ့ ကိုယ်တော့်အတွက် စိတ်ရင်းမှန်နဲ့ အသုံးမခံခဲ့ပါဘူး။ သမီးဟာ တစ်ကိုယ်ကောင်းဆန်တယ်၊ စက်ဆုပ်စရာကောင်းတယ်၊ ပြီးတော့ လူ့သဘာဝ ကင်းမဲ့ပါတယ်။ သမီး အရမ်းကို ဖောက်ပြန်ပျက်စီးနေပေမဲ့ ကိုယ်တော်က သမီးကို အထင်မသေးခဲ့ဘဲ ကယ်တင်နေတုန်းပါပဲ။ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေကို စွန့်လွှတ်ပြီး သမီးရဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ သမီး ဆန္ဒရှိပါတယ်” လို့ပေါ့။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်၏အလိုဆန္ဒမှာ လူတိုင်း စုံလင်စေခြင်းခံရဖို့၊ နောက်ဆုံးတွင် သူ၏ရယူခြင်းခံရဖို့၊ သူ၏ လုံးဝသန့်စင်စေခြင်းကို ခံရဖို့နှင့် သူချစ်သော လူများဖြစ်လာကြရန် ဖြစ်၏။ သင်တို့ ခေတ်နောက်ကျန်နေသည် သို့မဟုတ် အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည် မပြောသည်မှာ အရေးမကြီးပေ။ ဤအရာအားလုံးမှာ အမှန်တရားဖြစ်၏။ ငါ ဤသို့ပြောဆိုခြင်းမှာ ငါသည် သင်တို့ကို ကယ်တင်ရန် လိုလားခြင်းမရှိဖို့ မဆိုထားနှင့်၊ သင့်ကို စွန့်ပစ်ရန် ငါရည်ရွယ်သည်၊ ငါသည် သင်တို့၌ မျှော်လင့်ချက် ကုန်ဆုံးသည်ကို သက်သေမပြပေ။ ယနေ့တွင် ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ဆိုလိုသည်မှာ ငါ လုပ်ဆောင်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက် ဖြစ်ပေသည်။ လူတိုင်း စုံလင်အောင်ပြုခြင်းခံရရန် အခွင့်အရေးရှိသည်။ သင် လိုလားပါက၊ သင် လိုက်စားပါက အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်မည်ဖြစ်ပြီး သင်တို့ထဲမှ တစ်ဦးတစ်ယောက်မျှ စွန့်ပစ်ခြင်းခံရမည် မဟုတ်ပေ။ သင်သည် အစွမ်းအစ ညံ့ဖျင်းပါက သင့်အပေါ် ငါ၏ တောင်းဆိုချက်များသည် သင်၏ ညံ့ဖျင်းသော အစွမ်းအစနှင့်အညီ ဖြစ်လိမ့်မည်၊ သင်သည် အစွမ်းအစ မြင့်မားပါက သင့်အပေါ် ငါ၏ တောင်းဆိုချက်များသည် သင်၏ မြင့်မားသော အစွမ်းအစနှင့်အညီ ဖြစ်လိမ့်မည်၊ သင်သည် အသိဉာဏ်မဲ့ပြီး စာမတတ်ပါက သင့်အပေါ် ငါ၏ တောင်းဆိုချက်များသည် သင်၏ အသိဉာဏ်မဲ့ပြီး စာမတတ်ခြင်းနှင့်အညီ ဖြစ်လိမ့်မည်၊ သင်သည် စာတတ်ပါက သင့်အပေါ် ငါ၏ တောင်းဆိုချက်များသည် သင် စာတတ်သည်ဟူသော အချက်နှင့်အညီ ဖြစ်လိမ့်မည်၊ သင်သည် သက်ကြီးရွယ်အိုဖြစ်ပါက သင့်အပေါ် ငါ၏ တောင်းဆိုချက်များသည် သင်၏ အသက်အရွယ်နှင့်အညီ ဖြစ်လိမ့်မည်၊ သင်သည် ဧည့်ခံဝတ်ပြုသည့် တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိပါက သင့်အပေါ် ငါ၏ တောင်းဆိုချက်များသည် သင်၏ ဧည့်ခံဝတ်ပြုခြင်း တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိခြင်းနှင့်အညီ ဖြစ်လိမ့်မည်၊ သင်သည် ဧည့်ခံဝတ်ပြုခြင်း တာဝန်ကို မထမ်းဆောင်နိုင်ဟု ဆိုပြီး ဧဝံဂေလိတရားကို ဟောပြောခြင်းဖြစ်စေ၊ အသင်းတော်ကို ဂရုစိုက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေကိစ္စရပ်များကို ဆောင်ရွက်ခြင်းဖြစ်စေ သတ်သတ်မှတ်မှတ် လုပ်ငန်းဆောင်တာတစ်ခုကိုသာ ထမ်းဆောင်နိုင်ပါက သင့်ကို ငါ၏ စုံလင်စေခြင်းသည် သင် ထမ်းဆောင်သော လုပ်ငန်းဆောင်တာအတိုင်း ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ပုံမှန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို ၎င်းတို့ မည်မျှ သနားစရာကောင်းသည်ကိုမဆိုထားနှင့်၊ အသက်၊ ဝါ၊ သို့မဟုတ် ဒုက္ခခံစားရမှု ပမာဏကို အခြေခံ၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ၎င်းတို့၌ သမ္မာတရား ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်နှင့်အညီသာ ဆုံးဖြတ်ပေသည်။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို လိုက်မလျှောက်သူအားလုံး ခြွင်းချက်မရှိ အပြစ်ဒဏ်ပေးခြင်း ခံရမည်ကို သင်တို့ နားလည်ရမည်။ ဤသည်မှာ မည်သည့်လူတစ်ဦးကမျှ မပြောင်းလဲနိုင်သည့် အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် အပြစ်ဒဏ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဒုစရိုက်အမှုများအတွက် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားသခင်ရဲ့ အမှုတော်က ပုံသေနည်းတစ်ခုတည်းကို သုံးတဲ့ ချဉ်းကပ်မှုမျိုး မဟုတ်ဘူး၊ ဘယ်သူ့ကိုမှလဲ သူတို့ရဲ့ စွမ်းရည်ထက်ကျော်လွန်ပြီး ဖိအားမပေးဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ သဘောပေါက်သွားတယ်။ အဲဒီအစား ဘုရားသခင်က လူတစ်ဦးချင်းစီရဲ့ အမှန်တကယ် အခြေအနေနဲ့ နောက်ခံအပေါ် မူတည်ပြီး သတ်မှတ်ချက်တွေ ထားတာပါ။ လူတစ်ယောက်က အသက်ကြီးတယ်ဆိုရင် ကိုယ်တော်က အဲဒီလူအသက်အရွယ်နဲ့အညီ တောင်းဆိုချက်တွေ ထားတယ်၊ လူတစ်ယောက်က အစွမ်းအစ ညံ့တယ်ဆိုရင် အဲဒီလူရဲ့ အစွမ်းအစနဲ့အညီ တောင်းဆိုချက်တွေ ထားတာလေ။ သမ္မာတရားကို လိုက်စားပြီး စည်းမျဉ်းတွေနဲ့အညီ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နိုင်သရွေ့ ကယ်တင်ခံရဖို့ အခွင့်အရေး ကျွန်မတို့ အားလုံးမှာ ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ လူတစ်ယောက်ရဲ့ အဆုံးသတ်ကို ဘုရားသခင်က သတ်မှတ်ပေးတာဟာ သူ့ရဲ့ အသက်အရွယ်၊ ဒါမှမဟုတ် အနစ်နာခံနိုင်စွမ်းအပေါ် အခြေခံတာ မဟုတ်ဘဲ အရေးကြီးတာက သမ္မာတရားကို လိုက်စားပြီး သူ့ရဲ့ စိတ်သဘောထား ပြောင်းလဲမှုကို တွေ့ကြုံရသလားဆိုတဲ့ အချက်ပဲ ဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ ကျွန်မ ကျန်းမာရေးက အရင်ကလောက် မသန်စွမ်းတော့ပေမဲ့ ဘုရားသခင်က ကျွန်မကို စွန့်ပစ်မထားခဲ့ဘူး၊ ကျွန်မရဲ့ ခန္ဓာကိုယ် အခြေအနေအရ တတ်နိုင်သမျှ တာဝန်တွေ ထမ်းဆောင်ဖို့ အသင်းတော်က စီစဉ်ပေးနေတုန်းပဲလေ။ ကျွန်မ ကျန်းမာရေး ပိုဆိုးလာပြီး တာဝန်ကြီးကြီးမားမားတွေကို မထမ်းဆောင်နိုင်တော့တာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်မ ရှာဖွေနိုင်တယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေ အခြေအနေ မကောင်းရင် သူတို့ကို ထောက်ပံ့ပေးပြီး မိတ်သဟာယပြုဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေပေးနိုင်သေးတယ်။ ပတ်ဝန်းကျင်က လူတွေကိုလဲ ဧဝံဂေလိတရား ဟောပြောနိုင်တယ်လေ။ ကျွန်မ ထမ်းဆောင်နိုင်တဲ့ တာဝန်တွေ မရှိတာမျိုး မဟုတ်ပါဘူးလေ။ ပြီးတော့ ကျွန်မက အသက်ကြီးပြီး ကျန်းမာရေး မကောင်းပေမဲ့လည်း ကျွန်မရဲ့ စိတ်က ကြည်လင်နေတုန်းပဲ၊ နားတွေက ကြားရတုန်းပဲ၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို နားထောင်နိုင်တယ်၊ မျက်စိတွေက ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်နိုင်သေးတယ်၊ ပြီးတော့ ပါးစပ်ကလဲ စကားပြောနိုင်၊ မိတ်သဟာယပြုနိုင်သေးတာပဲ။ သမ္မာတရားကို လိုက်စားနေသရွေ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရဖို့ ကျွန်မအတွက် မျှော်လင့်ချက် ရှိပါတယ်။ အရင်တုန်းက ကျွန်မ သမ္မာတရားကို မရှာဖွေခဲ့ဘဲ ကောင်းချီးခံစားချင်တဲ့ သောကတွေ၊ စိုးရိမ်ပူပန်မှုတွေထဲမှာပဲ အမြဲ နစ်မွန်းနေခဲ့တယ်၊ ပြီးတော့ သမ္မာတရား လိုက်စားဖို့အတွက် သုံးနိုင်တဲ့ အချိန်တွေကို အလဟဿ ဖြုန်းတီးခဲ့တယ်။ အသုံးမကျလိုက်တာ။
နောက်ပိုင်း ညီအစ်ကိုမောင်နှမတွေရဲ့ သတိပေးမှုကြောင့် “ကိုယ့်တာဝန်ကို ထမ်းဆောင်နေသရွေ့ ကောင်းချီးတွေရပြီး ကယ်တင်ခံရမယ်” ဆိုတာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တစ်ခုပဲဆိုတာကို နောက်ဆုံးတော့ ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားသခင်က ပြောသည် “လူ၏ တာဝန်နှင့် သူသည် ကောင်းချီးများ ရရှိသည် သို့မဟုတ် ဘေးဒုက္ခနှင့် ကြုံတွေ့ရသည်ဟူသော အချက်ကြားတွင် မည်သည့် ဆက်စပ်မှုမျှ မရှိပေ။ တာဝန်ဟူသည်မှာ လူက ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်၊ ယင်းမှာ ကောင်းကင်က ပေးအပ်သော သူ၏ အလုပ်အကိုင် ဖြစ်ပြီး သူသည် အကျိုးအမြတ်ကို မရှာဖွေဘဲ၊ ပြီးလျှင် သတ်မှတ်ချက်များ သို့မဟုတ် ဆင်ခြေများ မရှိဘဲ ယင်းကို ထမ်းဆောင်သင့်သည်။ ဤအရာကိုသာ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းဟု ခေါ်ဆိုနိုင်ပေသည်။ ကောင်းချီးများ ရရှိခြင်းဟူသည်မှာ လူတစ်ဦးသည် တရားစီရင်မှုကို တွေ့ကြုံပြီးနောက် စုံလင်အောင် ပြုခြင်းခံရသည့်အခါ ၎င်းတို့ ခံစားရသော ကောင်းချီးများကို ရည်ညွှန်းသည်။ ဘေးဒုက္ခနှင့် ကြုံတွေ့ရခြင်းဟူသည်မှာ လူတစ်ဦးသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုကို ဖြတ်သန်းပြီးနောက် ၎င်းတို့၏ စိတ်သဘောထား မပြောင်းလဲသည့်အခါ၊ ဆိုလိုသည်မှာ ၎င်းတို့ စုံလင်အောင် ပြုခြင်းမခံရသည့်အခါ ၎င်းတို့ ရရှိသော အပြစ်ဒဏ်ပေးခြင်းကို ရည်ညွှန်းသည်။ သို့သော် ၎င်းတို့သည် ကောင်းချီးများ ရရှိသည်ဖြစ်စေ၊ ဘေးဒုက္ခနှင့် ကြုံတွေ့ရသည်ဖြစ်စေ ဖန်ဆင်းခံများသည် မိမိတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်လျက်၊ မိမိတို့ လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်လျက် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်၊ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်ကို လိုက်စားသော လူတစ်ဦး လုပ်ဆောင်သင့်သည့် အနည်းဆုံးအရာ ဖြစ်သည်။ သင်သည် ကောင်းချီးများ ရရှိရန်အလို့ငှာ သင်၏ တာဝန်ကို မထမ်းဆောင်သင့်သည့်အပြင် ဘေးဒုက္ခနှင့် ကြုံတွေ့ရမည်ကို ကြောက်ရွံ့သောကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်ရန် မငြင်းဆန်သင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ကိုယ့်တာဝန် ထမ်းဆောင်တာက ကျွန်မ ကောင်းချီးခံစားရတာနဲ့ ဘာမှမဆိုင်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တာ၊ တာဝန်တွေ ပိုလုပ်တာ၊ ဒါမှမဟုတ် ဆင်းရဲဒုက္ခ ပိုခံတာတွေကြောင့် ကောင်းချီးခံစားရနိုင်တယ်ဆိုတာမျိုး မဟုတ်ဘူးလေ။ ဒါဟာ ကျွန်မရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်ပါပဲ။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်တယ်၊ ဒါကြောင့် ကျွန်မရဲ့ တာဝန်ဆိုတာ ကျွန်မ လုပ်သင့်လုပ်ထိုက်တဲ့ အရာပါပဲ။ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်တွေကို နားထောင်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်မှသာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုက ထုတ်ဖော်ခံရနိုင်တယ်၊ အဲဒီတော့မှသာ ကိုယ့်ကိုယ်ကိုယ်သိဖို့၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားဖို့နဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်း ခံရဖို့ အခွင့်အရေး ရနိုင်မှာပါ။ ကျွန်မ တာဝန်တွေ ဘယ်လောက်ပဲ ထမ်းဆောင်ပါစေ သမ္မာတရားကို မလိုက်စားဘဲ ကျွန်မရဲ့ အသက်စိတ်သဘောထားက တစ်စက်လေးမှ မပြောင်းလဲဘူးဆိုရင်တော့ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို ကျွန်မ ခံရဦးမှာပဲ။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရင်း သမ္မာတရားကို လိုက်စားပြီး စိတ်သဘောထား ပြောင်းလဲမှုကို အာရုံစိုက်ခဲ့တဲ့ ပေတရုအကြောင်းကို ကျွန်မ တွေးမိတယ်။ သူက ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သက်သက်အတွက်ပဲ သူ့တာဝန်ကို သူ ထမ်းဆောင်ခဲ့တယ်။ သူ့မှာ ဘာအညစ်အကြေး၊ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်တွေမှ မရှိခဲ့ဘဲ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ မကြိုးစားခဲ့ဘူး၊ ဘုရားသခင်က သူ့ကို စမ်းသပ်မှုတွေထဲ ဘယ်လိုပဲ ဖြတ်သန်းခိုင်းပါစေ၊ သူ့ကို ဘယ်လိုပဲ စစ်ဆေးပါစေ သေတဲ့အထိ သူက ကျိုးနွံနာခံခဲ့တယ်။ သူက သမ္မာတရား လိုက်စားတဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့လို့ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို သူ ရရှိခဲ့တယ်။ ပေတရုရဲ့ နမူနာကို လိုက်ပြီး စိတ်သဘောထား ပြောင်းလဲမှုကို ကျွန်မ လိုက်စားရမယ်။ အခု စုဝေးပွဲတွေကို ဧည့်ခံနိုင်ပြီဖြစ်လို့ ကျွန်မ တတ်နိုင်သမျှ အကောင်းဆုံး လုပ်သွားမယ်။ တစ်နေ့မှာ အပြင်းအထန် နေမကောင်းဖြစ်လို့ စုဝေးပွဲတွေ မတက်နိုင်၊ တာဝန်တွေ မထမ်းဆောင်နိုင်တော့ရင် ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံသွားမယ်၊ ဘုရားသခင်ကို ညည်းညူတာ၊ အပြစ်တင်တာမျိုး လုပ်မှာမဟုတ်ဘူး။ ပြန်တွေးကြည့်လိုက်တော့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံနိုင်ခဲ့တယ်၊ သမ္မာတရားတွေ၊ နက်နဲမှုတွေ အများကြီးကို နားလည်ခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော်ရဲ့ ထောက်ပံ့မှု အများကြီးကို ပျော်မွေ့ခံစားခဲ့ရတယ်၊ ပြီးတော့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိဖို့ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ခံယူခဲ့တယ်။ ဒီအရာတွေက ကျွန်မ အခုရောက်နေတဲ့ နေရာအထိ တစ်လှမ်းချင်းစီ လမ်းပြခေါ်ဆောင်လာခဲ့တာ ဘုရားသခင်ပဲ ဖြစ်တယ်ဆိုတာကို ပြသနေတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ မေတ္တာနဲ့ ကျေးဇူးတော် အများကြီးကို ကျွန်မ လက်ခံရရှိခဲ့တယ်လေ။ ဒါကို နားလည်သွားတော့ ကျွန်မရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေကြောင့် ဘောင်ခတ်ခံရတာမျိုး ဒါမှမဟုတ် ချည်နှောင်ခံရတာမျိုး မရှိတော့ဘူး။
ဒီအတွေ့အကြုံကနေတစ်ဆင့် ဘုရားသခင်ဟာ ဖြောင့်မတ်တယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်၊ လူတစ်ယောက်က သက်ကြီးရွယ်အိုဖြစ်စေ၊ လူငယ်ဖြစ်စေ ဘုရားသခင်က သူတို့ကို တန်းတူ ကျေးဇူးပြုတယ်၊ သမ္မာတရားကို လိုက်စားနေသရွေ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ကျွန်မတို့ ရရှိနိုင်တယ်။ အရင်တုန်းကတော့ ကျွန်မရဲ့ အသက်အရွယ်နဲ့ ရောဂါဝေဒနာ အများကြီးကြောင့်၊ ကိုယ့်တာဝန်တွေကို မထမ်းဆောင်နိုင်ရင် ဘုရားသခင်ရဲ့ လက်သင့်ခံတာကို ခံရမှာ မဟုတ်ဘူးလို့ အမြဲ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဒါတွေက ကျွန်မရဲ့ အယူအဆတွေ၊ စိတ်ကူးယဉ်မှုတွေ သက်သက်ပဲဖြစ်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ မကိုက်ညီခဲ့ပါဘူး။ အခုချိန်ကစပြီး ကျွန်မ ကျန်းမာရေး ဘယ်လိုပဲဖြစ်နေပါစေ သမ္မာတရား လိုက်စားဖို့ကိုပဲ အာရုံစိုက်မယ်၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်မှုတွေကို လိုက်နာပြီး ကျိုးနွံနာခံမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ မေတ္တာကို ကျေးဇူးဆပ်ဖို့ ကိုယ့်တာဝန်တွေကို တတ်နိုင်သမျှ အကောင်းဆုံး ထမ်းဆောင်သွားပါမယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ထောင်လျန်၊ တရုတ်ပြည်။ကျွန်မ ငယ်ငယ်ကတည်းက အသည်းရောင်အသားဝါ ဘီရောဂါရှိခဲ့တယ်။ ကုဖို့အတွက် ဆရာဝန်အမျိုးမျိုး၊ ဆေးအမျိုးမျိုးကို ကျွန်မ...
ရှောင်ချန် တရုတ်နိုင်ငံ ကျွန်တော်က အမြဲတမ်း နေမကောင်းဖြစ်လွယ်တယ်။ အသက် ၁၁နှစ်မှာ ကျွန်တော် သွေးအားနည်းရောဂါရှိနေတယ်လို့ တွေ့ရတယ်။ ဒါကြောင့်...
လီရှင်း၊ တရုတ်ပြည်၂၀၀၉ ခုနှစ်တုန်းက ဆွေမျိုးတစ်ယောက်က ကျွန်မကို ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရား ဟောပြခဲ့တယ်။ နောက်ဆုံးသောကာလမှာ...
လီယွန် တရုတ်နိုင်ငံ ကျွန်တော် ခရစ်ယာန်ဖြစ်ပြီးသည့်နောက်မှာ တရုတ်ကွန်မြူနစ်ပါတီက ဖမ်းသည်ကို သုံးလေးကြိမ်လောက် ခံရသော်လည်း၊ သခင့်ကို...