ကျောက်ကပ်ရောဂါ ပြန်လည်ဖြစ်ပွားရာမှ သင်ယူခဲ့ရသော သင်ခန်းစာများ

25.06.2026

ယဲ့ဖန်၊ တရုတ်ပြည်

၂၀၀၀ ခုနှစ်မှာ ကျွန်မ အသက် ၂၄ နှစ်ပေါ့။ အဲဒီအချိန်မှာ နာတာရှည် ကျောက်ကပ်ရောင်ရောဂါ ရှိတယ်လို့ သိလိုက်ရတယ်။ သွေးဆီးသွားတာ အရမ်းဆိုးပြီး ဆီးထဲမှာ ပရိုတင်းဓာတ်တွေ အန္တရာယ်ရှိလောက်အောင် မြင့်တက်နေခဲ့တယ်။ ကျွန်မ အရမ်းအားနည်းနေပြီး နေ့တိုင်း ပိုပိုပြီး ခြေကုန်လက်ပန်းကျလာသလို ခံစားခဲ့ရတယ်။ ကြမ်းတိုက်ဖို့ တံမြက်စည်းကိုတောင် မကိုင်နိုင်ဘူး။ တစ်ခါတလေ အပေါ်ထပ်ကို အမျိုးသားက ပွေ့ချီသွားပေးရတယ်။ ဆရာဝန်က ကုသမှုအတွက် ဟော်မုန်းဆေးတွေသောက်ဖို့ ပြောတယ်။ ဆေးသောက်ပြီး ခုနစ်ရက်လောက်အကြာမှာ ဆံပင်တွေ ကျွတ်ကျလာတာ ပြောင်သလောက်နီးပါးပဲ၊ ပြီးတော့ တစ်ကိုယ်လုံး ဖောင်းအစ်လာတယ်၊ ဒါပေမဲ့ ရောဂါအခြေအနေက မသက်သာဘူး။ တစ်ခုတည်းသော ဖြေရှင်းနည်းက ကျောက်ကပ် အစားထိုးကုသဖို့ပဲလို့ ဆရာဝန်က ပြောတယ်။ အဲဒါကို ကြားတော့ ကျွန်မ တွေးမိတယ်။ “ဒါက ပြောရရင် သေမိန့်ကျတာပဲ မဟုတ်ဘူးလား။ ကျောက်ကပ် အစားထိုးဖို့ဆိုတာ ယွမ် သိန်းချီ ကုန်ကျမှာ၊ ငါတို့မိသားစုက အဲဒီလောက် ကုန်ကျစရိတ်ကို မတတ်နိုင်ဘူးလေ” ပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရတော့မယ်လို့ တွေးမိတာက ကျွန်မကို အရမ်းနာကျင်စေပြီး အသက်ရှင်ချင်တဲ့ ဆန္ဒကတော့ ပြောပြလို့တောင် မရဘူး။ နောက်ပိုင်းမှာ၊ သခင်ကို ယုံကြည်ဖို့ အမေက ကျွန်မကို တိုက်တွန်းအားပေးတယ်။ နောက်ပြီး ကိုယ်ကလည်း အရမ်းနေမကောင်းဖြစ်နေတော့ စမ်းကြည့်လိုက်တာ မမှားပါဘူးလေလို့ တွေးပြီး သခင့်ဆီ စပြီး ဆုတောင်းခဲ့တယ်။ အံ့ဩစရာကောင်းတာက၊ ခုနစ်ရက်ကြာတော့ ဆေးစစ်ဖို့ သွားတဲ့အခါ သွေးထဲက ပရိုတင်းနဲ့ ဆီးထဲက ပရိုတင်း ရလဒ်တွေအားလုံး ပုံမှန် ပြန်ဖြစ်နေတယ်။ ကျွန်မ မယုံနိုင်ခဲ့ဘူး။ ဆေးစစ်ချက် ရလဒ်တွေ မှားနေတာဖြစ်ရင်ဖြစ်မှာလို့ တွေးမိတယ်။ ကုသပေးတဲ့ ဆရာဝန်တွေကလဲ ဒါကို အံ့သြစရာလို့ ထင်ကြပြီး အံ့ဖွယ်ရာတစ်ခုပဲလို့ ပြောကြတယ်။ အဲဒီတုန်းက ကျွန်မ တွေးမိတယ်၊ “ငါ့ရောဂါကို ကုသပေးပြီး ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးသနားခဲ့တာ ဘုရားသခင်ပဲ။ ဒါကြောင့် အခုကစပြီး ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ယုံကြည်ရမယ်။ ဘုရားသခင်က ငါ့ကို ပိုပြီးတော့တောင် ကောင်းချီးပေးမယ်လို့ ငါ ယုံကြည်တယ်” လို့ပေါ့။ ပြီးတော့ ဆရာဝန်က “သွေးပေါင် မတက်စေဖို့ သေချာ ဂရုစိုက်ပါ။ သွေးတိုးရင် ကျောက်ကပ်ရောဂါ ပြန်ဖြစ်လာနိုင်တယ်” ဆိုပြီး သေသေချာချာ သတိပေးတယ်။ အဲဒီနောက်မှာ၊ အရန်ကုသမှုတစ်ခုအနေနဲ့ သွေးတိုးကျဆေးကို ဆက်သောက်ခဲ့တော့ သွေးပေါင်ချိန်က ပုံမှန်ပဲ ဖြစ်နေခဲ့တယ်။ မကြာခင်မှာပဲ သွေးဆီးသွားတာ ပျောက်သွားပြီး ခန္ဓာကိုယ်က ပိုပြီး အားရှိလာသလို ခံစားလာရတယ်။

၂၀၀၄ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ကျွန်မ ပိုတောင် ပျော်ရွှင်ခဲ့ရတယ်။ ငါက အရမ်းကံကောင်းတာပဲ၊ ဘုရားသခင်က ငါ့ကို ဒုတိယ အသက်ကို ပေးပြီး အသက်ရှင်ခွင့် ပေးခဲ့တယ်လို့ ကျွန်မ တွေးမိတယ်။ ကိုယ်တော့်ရဲ့ အသံတော်ကို ကြားခွင့်ပေးပြီး ကိုယ်တော့်ရဲ့ ပလ္လင်တော်ရှေ့ကို ပြန်လာခွင့်ပေးခြင်းအားဖြင့် ကိုယ်တော်က ကျွန်မကို ချီးမြှင့်ခဲ့တယ်၊ ပြီးတော့ ကျွန်မကို ကြီးမားတဲ့ ကောင်းချီးတွေ ပေးခဲ့တယ်လို့ ခံစားခဲ့ရတယ်။ ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ဆပ်ဖို့၊ အသင်းတော်က ဘာတာဝန်ပဲ ပေးပေး၊ ပေးတဲ့တာဝန်ကို တက်တက်ကြွကြွ ထမ်းဆောင်ခဲ့တယ်။ အမျိုးသားက ကျွန်မ ဘုရားသခင်ကို ယုံကြည်တာကို ဆန့်ကျင်ပေမဲ့ ကျွန်မက ဘောင်ခတ်မခံရဘဲ ကိုယ့်တာဝန်တွေကို ဆက်ပြီး စွဲစွဲမြဲမြဲ ထမ်းဆောင်ခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ ဧဝံဂေလိတရား ဟောနေတုန်း ကျွန်မ ရဲဖမ်းခံလိုက်ရတယ်။ ပြန်လွတ်လာတော့ အမျိုးသားက ကျွန်မရဲ့ ယုံကြည်ခြင်းကို ပိုပြီးတော့တောင် ဆန့်ကျင်ခဲ့ပြီး နောက်ဆုံးမှာတော့ သူက ကျွန်မကို ကွာရှင်းခဲ့တယ်။ အဲဒီနောက်မှာတော့ ကိုယ့်တာဝန်တွေကို အချိန်ပြည့် ဆက်ကပ်ထမ်းဆောင်ခဲ့တယ်။

၂၀၁၇ ခုနှစ်မှာ ကျွန်မရဲ့ သွေးပေါင်ချိန်က ၁၈၀ mmHg အထိ စတက်လာပြီး ဆေးသောက်တာကလည်း အထောက်အကူ မဖြစ်တော့သလိုပဲ။ ၂၀၂၀ ခုနှစ်ရောက်တော့ ကျွန်မ လုံးဝ ခြေကုန်လက်ပန်းကျလာသလို ခံစားရတယ်။ လှေကားပေါ်တက်ဖို့တောင် အသက်ကို လုရှူနေရပြီး ကိုယ့်အဝတ်အစားကိုတောင် ကိုယ် မလျှော်နိုင်တော့ဘူး။ ကျွန်မ ကိုယ့်ဘာသာ စိတ်ပူမိတယ်၊ “ငါ့ကျောက်ကပ်ရောဂါများ ပြန်ဖြစ်လာတာလား။ တကယ်လို့ ပြန်ဖြစ်လာရင် ငါ ဘယ်လိုလုပ်ရမလဲ” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်၊ “အရင်က ဒီလောက် ပြင်းထန်တဲ့ရောဂါကိုတောင် ဘုရားသခင်က ကုသပေးခဲ့တာပဲ။ ပြီးတော့ ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက် အလုပ်နဲ့ မိသားစုကို ငါ စွန့်လွှတ်ခဲ့တယ်၊ အသင်းတော်က ပေးအပ်တဲ့ တာဝန်တွေအားလုံးကိုလည်း ကျိုးနွံနာခံခဲ့တယ်။ ငါ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အသုံးခံမှုတွေ အားလုံးကြောင့် သေချာပေါက် ဘုရားသခင်က ငါ့ကို ဘာမှ အဖြစ်ခံမှာ မဟုတ်ပါဘူးလေ” လို့ပေါ့။ နောက်ပိုင်းမှာ ရောဂါအခြေအနေ ပိုဆိုးလာတော့ ဆရာဝန်နဲ့ပြဖို့ အိမ်ကို ပြန်သွားခဲ့တယ်။ ဆေးစစ်ဖို့ ဆေးရုံသွားတော့ သွေးပေါင်တက်နေတာ၊ သွေးအားနည်းရောဂါ အကြီးအကျယ်ဖြစ်နေတာနဲ့ သွေးတွင်းသကြားဓာတ် တက်နေတာတွေကို သိလိုက်ရတယ်။ ဆီးစစ်ချက်ကလည်း ပုံမှန်မဟုတ်ဘူး။ ကျောက်ကပ်ရောဂါ ပြန်ဖြစ်နေပြီလို့ ဆရာဝန်က ပြောတယ်။ ပိုဆိုးလာရင် ကျောက်ကပ်ပျက်စီးပြီး သေတဲ့အထိ ဖြစ်နိုင်တယ်တဲ့။ ဒီရလဒ်တွေကို မြင်တော့ ကျွန်မ ဘယ်လိုခံစားရမှန်းကို မသိတော့ဘူး။ ယုံကြည်လာတဲ့ နှစ်တွေတစ်လျှောက် ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့အတွက် မိသားစု၊ အလုပ်အကိုင်နဲ့ ဇာတိပကတိ သာယာမှုတွေကို ကျွန်မ စွန့်လွှတ်ခဲ့တယ်။ ဒီလို စွန့်လွှတ်အနစ်နာခံတာတွေကြောင့် ဘုရားသခင်က ကျွန်မကို ကာကွယ်ပေးမယ်လို့ ထင်ခဲ့တာလေ။ အဆုံးမှာ ရောဂါဟောင်းက အရင်ကထက် ပိုဆိုးပြီး ပြန်ဖြစ်လာမယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့မိဘူး။ တစ်ခဏလောက်တော့ နှစ်တွေတစ်လျှောက် ကျွန်မ လုပ်ခဲ့တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ ကြိုးစားအားထုတ်မှုတွေအတွက် နောင်တရစပြုလာတယ်။ တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ မထွက်လာခဲ့ရင် အခု ရင်ဆိုင်နေရတဲ့ ဒီလို အထီးကျန်ပြီး အကူအညီမဲ့တဲ့ အခြေအနေမျိုး ရောက်နေမှာ မဟုတ်ဘူးလေ။ အထူးသဖြင့် ကုသပေးနေတဲ့ ဆရာဝန်ကြီးကျန်းက ရောဂါကို သုံးနှစ်လောက် ကုသဖို့ လိုမယ်လို့ ပြောတာကို ကြားပြီးတဲ့နောက်မှာ ကျွန်မ ပိုပြီးတော့တောင် စိုးရိမ်ပူပန်လာတယ်။ “ဒီသုံးနှစ်စာ ကုသစရိတ်က ယွမ် တစ်သိန်းကျော် ကုန်မှာ။ အဲဒီလောက် ပိုက်ဆံကို ငါ ဘယ်က သွားရှာရမလဲ” လို့ တွေးမိတယ်။ ဒါနဲ့ ကုသစရိတ်ရဖို့ အလုပ်လုပ်ဖို့ စစဉ်းစားမိတာပေါ့။ ဒါပေမဲ့ အလုပ်လုပ်တာ တစ်လပဲ ရှိသေးတယ်၊ ရဲတွေက ကျွန်မဆီ ဖုန်းဆက်ပြီး ဘယ်မှာလဲလို့ မေးတယ်။ ပြီးတော့ ဘုရားသခင်ကို သစ္စာမဲ့ဖို့ “ကတိခံဝန်ချက်သုံးမျိုး” ကို ပြန်လာလက်မှတ်ထိုးခိုင်းတယ်။ ရဲတွေ ထပ်ဖမ်းမှာကို ကြောက်လို့ ကျွန်မ အဲဒီဒေသကနေ မဖြစ်မနေ ထွက်လာခဲ့ရတယ်။ ကိုယ့်ဘာသာကိုယ် ကျွန်မ တွေးမိတယ်၊ “ငါ့ရောဂါက ဆက်တိုက်ကုသဖို့ လိုသေးတာ။ ဒီဒေသကနေ ထွက်သွားရင် ဆရာဝန်ကြီးကျန်းက သူ့မိသားစု လျှို့ဝှက်ဆေးနည်းနဲ့ ဖော်စပ်ထားတဲ့ ဆေးကို ငါ ရနိုင်တော့မှာ မဟုတ်ဘူး။ အရင်က ဆရာဝန်ကြီးကျန်းရဲ့ ဆေးကပဲ ငါ့ရောဂါကို သက်သာစေတာလေ။ သူ့ဆေးကို တစ်လလောက် သောက်ပြီးရင် အားရှိလာသလို ခံစားရတယ်။ ဒါပေမဲ့ တခြား တရုတ်တိုင်းရင်းဆေးတွေကျတော့ ငါ့အတွက် အလုပ်မဖြစ်သလိုပဲ။ ပြီးတော့ ရဲတွေက ငါ့ကို ဖမ်းဖို့ လုပ်နေကြနေလို့ အလုပ်လုပ်ပြီး ပိုက်ဆံရှာလို့လည်း မရဘူး။ ကုသစရိတ် မရှိရင် ငါ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး” လို့ပေါ့။ အဲဒီနောက်ပိုင်းမှာ ကျွန်မ တကယ်ကို စိတ်မချမ်းမသာဖြစ်တဲ့ အခြေအနေမှာပဲ ဆက်ရှိနေခဲ့တယ်။ ကျွန်မမှာ ဘာမှမကျန်တော့ဘူးဆိုတာကို တွေးမိတိုင်း ရင်ထဲမှာ နာကျင်မှုတွေနဲ့ ပြည့်နေပြီး အရင်ကလို တာဝန်တွေအပေါ်မှာ တက်ကြွတဲ့စိတ်မျိုးကို မမွေးမြူနိုင်တော့ဘူး။

တစ်နေ့မှာတော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ အောက်မေ့မိတယ်။

၅။ ငါ့အတွက် ချစ်ခြင်းများစွာနှင့်အတူ အစဉ်အမြဲ အလွန် သစ္စာစောင့်သိပြီးသည့်တိုင် မကျန်းမာမှု၊ ငွေကြေးကျပ်တည်းမှုနှင့် သင်၏ မိတ်ဆွေများ၊ ဆွေမျိုးများ၏ စွန့်ပစ်ခြင်းတည်းဟူသော ညှဉ်းဆဲမှုကို သင် ခံရပါက၊ သို့မဟုတ် ဘဝတွင် အခြား ကံအကြောင်းမလှသည့် ဖြစ်ရပ်တစ်ခုကို သင် ကြံ့ကြံ့ခံရပါက၊ ငါ့အတွက် သင်၏ သစ္စာစောင့်သိခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ဆက်ရှိဦးမည်လော။

၆။ သင်၏ စိတ်နှလုံးထဲက သင် စိတ်ကူးထားသည့် မည်သည့်အရာကမျှ ငါ လုပ်ဆောင်ခဲ့သည့်အရာနှင့် တစ်ထပ်တည်းမဖြစ်ပါက၊ သင်၏ အနာဂတ်လမ်းကြောင်းကို သင် မည်သို့ လျှောက်လှမ်းသင့်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)

နှုတ်ကပတ်တော်တွေထဲမှာ ဘုရားသခင်က ကျွန်မကို မျက်နှာချင်းဆိုင် မေးခွန်းထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိအောင် လုပ်နေသလိုပဲ။ နှစ်တွေတစ်လျှောက် ကိုယ့်တာဝန်မှာ ကျွန်မ စွန့်လွှတ်အနစ်နာခံပြီး အသုံးခံခဲ့လို့ ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ ယုံကြည်သူဆိုပြီး ကိုယ့်ကိုယ်ကိုယ် မှတ်ယူခဲ့တယ်။ ပြီးတော့ ဘုရားသခင်အပေါ် သစ္စာစောင့်သိပြီး ကျိုးနွံနာခံတယ်လို့ ယုံကြည်ခဲ့တာပေါ့။ ကုသလို့မရဘဲ သေနိုင်တဲ့အထိ ဖြစ်စေတဲ့ ကျောက်ကပ်ရောဂါ ပြန်ဖြစ်လာတာနဲ့ပတ်သက်ပြီး ဒီဖြစ်ရပ်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ မရှာဖွေခဲ့ဘဲ အဲဒီအစား ဘုရားသခင်ကို အထင်လွဲပြီး ညည်းညူခဲ့တယ်။ ဘုရားသခင်အတွက် အသုံးခံခဲ့တာတွေကိုတောင် နောင်တရပြီး ကိုယ့်တာဝန်ကို ဝတ်ကျေတမ်းကျေ စထမ်းဆောင်မိလာတယ်။ ဒီလိုလုပ်တာက ဘုရားသခင်ကို သစ္စာဖောက်တာ မဟုတ်ဘူးလား။ ဒီလောက်နှစ်တွေအများကြီး ယုံကြည်ခဲ့ပြီးတဲ့နောက်မှာတောင် ဘုရားသခင်အပေါ် ကျွန်မမှာ သစ္စာစောင့်သိခြင်း လုံးဝမရှိဘူးဆိုတာကို မြင်လိုက်ရတယ်။ ကျွန်မ အရမ်း အပြစ်ရှိသလို ခံစားရတယ်။ ဘုရားသခင်က ကျွန်မကို ကယ်တင်ဖို့ ကျွန်မရဲ့ အယူအဆတွေနဲ့ မကိုက်ညီတဲ့ ဒီအခြေအနေတွေကို စီစဉ်ပေးခဲ့တာ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင် အပင်ပန်းခံထားတဲ့ ရည်ရွယ်ချက်တွေကို နားမလည်ဘဲ အဲဒီအစား အပျက်သဘောဆောင်လာပြီး အလုပ်မှာလည်း ခိုကပ်လာခဲ့တယ်။ ကျွန်မမှာ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား တကယ်ကို ကင်းမဲ့နေခဲ့တာပဲ။ အဲဒီနောက်နောက်မှာ ကျွန်မ အရင်လောက် စိတ်ဆင်းရဲမနေတော့ဘဲ ကိုယ့်တာဝန်အတွက် ခွန်အားတချို့ ပြန်ရလာတယ်။

လပိုင်းလောက်ကြာတော့ ခန္ဓာကိုယ်က အားနည်းနေတုန်းပဲ၊ ရင်တုန်တာတွေ၊ အသက်ရှူကျပ်တာတွေ ဖြစ်နေတယ်။ တစ်ခါတလေဆို လှေကားတက်ရင် တစ်ယောက်ယောက်က ဆွဲတင်ပေးဖို့တောင် လိုတယ်။ အထူးသဖြင့် ပင်ပန်းတဲ့အခါ သွေးပေါင်တက်လာတတ်တယ်။ ဒီအခြေအနေက ကျောက်ကပ်အလုပ်မလုပ်တော့တဲ့အထိ ဖြစ်နိုင်တယ်လို့ ဆရာဝန် ပြောခဲ့တာကို ကျွန်မ တွေးမိပြီး “ငါ သေသွားရင် ဘယ်လိုလုပ်မလဲ” လို့ စိုးရိမ်လာတယ်။ ယုံကြည်လာတဲ့ နှစ်တွေတစ်လျှောက် မိသားစုနဲ့ အလုပ်အကိုင်ကို ကျွန်မ စွန့်လွှတ်ခဲ့တယ်။ ဒါကြောင့် သေသွားရင် အဲဒီနှစ်တွေတစ်လျှောက် ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေအားလုံးက အလကားဖြစ်သွားမှာ မဟုတ်ဘူးလား။ အဲဒီအချိန်က တော်တဲ့ မြို့ခံတရုတ်တိုင်းရင်းဆရာဝန် နှစ်ယောက်ကို ရှာတွေ့ခဲ့တယ်၊ သစ်ဖုမြစ်ဖု ဆေးတွေသောက်ပြီး အပ်စိုက်ကုသတာတွေတောင် လုပ်ခဲ့ပေမဲ့ ဘာမှ မထူးခြားခဲ့ဘူး။ တစ်ခါတော့ လှေကားနည်းနည်း တက်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းခြေကုန်လက်ပန်းကျသွားပြီး အိပ်ရာပေါ် လဲကျသွားတယ်၊ အသက်ကို လုရှူခဲ့ရတာပေါ့။ ကျွန်မရဲ့ အခြေအနေက ဆက်တိုက် ဆိုးလာနေတော့ ဘယ်အချိန် သေနိုင်လောက်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးလို့ တွေးမိပြီး ရင်ထဲမှာ နာကျင်မှုတွေနဲ့ ပြည့်နှက်သွားတယ်။ ကျွန်မ မနေနိုင်ဘဲ တွေးမိလိုက်တယ်၊ “ဘုရားသခင်။ ကိုယ်တော့်နောက် လိုက်ခဲ့တဲ့ နှစ်တွေတစ်လျှောက် မိသားစုနဲ့ အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့တယ်၊ ဒုက္ခခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တယ်။ ဒီအရာတွေအားလုံးကြောင့် သမီးရဲ့ရောဂါကို ကုသပေးပြီး နောက်ထပ် နှစ်အနည်းငယ်လောက် အသက်ရှင်ခွင့် ပေးနိုင်မလား” လို့ပေါ့။ နောက်ပိုင်း စိတ်ကို ငြိမ်ငြိမ်ထားပြီး ကိုယ့်အခြေအနေကို ဆင်ခြင်သုံးသပ်ကြည့်တော့ ဘုရားသခင်ဆီကနေ ဒီလိုတောင်းဆိုတာတွေက ဆင်ခြင်တုံတရားမဲ့တယ်ဆိုတာကို နောက်ဆုံးမှာ ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို တွေးမိလို့ ရှာဖတ်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မာနထောင်လွှားခြင်း၏ သရုပ်သကန်များစွာရှိသည်။ ဥပမာ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်က ဘုရားသခင်၏ ကျေးဇူးတော်ကို တောင်းဆိုသည် ဆိုပါစို့။ မည်သည့်အရာကို အခြေခံပြီး သင်တောင်းဆိုနိုင်သနည်း။ သင်သည် စာတန်က ဖျက်ဆီးခြင်းခံရသောသူ၊ ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်။ သင် အသက်ရှင်နေသည့်အချက်က ဘုရားသခင်၏ အကြီးမြတ်ဆုံး ကျေးဇူးတော်ဖြစ်နေပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘုရားသခင် ဖန်ဆင်းခဲ့သောအရာအားလုံးကို သင် ခံစားနိုင်သည်။ ဘုရားသခင်က သင့်အား လုံလောက်စွာ ပေးခဲ့ပြီးဖြစ်သည်။ ဤသို့ဆိုလျှင် သူ့အား အဘယ်ကြောင့်ပို၍ တောင်းဆိုမည်နည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ၎င်းတို့ ရရှိထားသော အခြေအနေကို မည်သည့်အခါမျှ မရောင့်ရဲသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် အခြားလူများထက် သာသည်၊ ပို၍ ရသင့်သည်ဟု အစဉ် ထင်မြင်ကြသည်။ ထို့ကြောင့် ဘုရားသခင်ဆီမှ အစဉ်တောင်းဆိုကြသည်။ ဤသည်မှာ ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို ကိုယ်စားပြုခြင်းဖြစ်သည်။ ၎င်းတို့နှုတ်က ထိုအရာကို ပြောကောင်းပြောမည် မဟုတ်သော်လည်း ဘုရားသခင်ကို လူတို့ ဦးစွာ စတင်ယုံကြည်သောအခါ ၎င်းတို့၏စိတ်နှလုံးထဲ၌ ‘ကျွန်ုပ်သည် ကောင်းကင်ဘုံသို့ သွားချင်သည်၊ ငရဲမသွားချင်ပါ။ ကျွန်ုပ်သည် မိမိကိုယ်ကိုယ်သာမက ကျွန်ုပ်၏ တစ်မိသားစုလုံးကို ကောင်းချီးခံစားစေချင်သည်။ ကျွန်ုပ်သည် အစာကောင်းကောင်း စားချင်သည်၊ အဝတ်အစားကောင်းကောင်း ဝတ်ချင်သည်၊ ကောင်းသောအရာများကို မွေ့လျော်ခံစားချင်သည်။ ကျွန်ုပ်သည် မိသားစုကောင်း၊ ခင်ပွန်းကောင်း (သို့မဟုတ် ဇနီးသည်ကောင်း) နှင့် သားသမီးကောင်းများကို လိုချင်သည်။ နောက်ဆုံး ကျွန်ုပ်သည် ရှင်ဘုရင်အဖြစ် စိုးစံချင်သည်’ ဟု စဉ်းစားကောင်း စဉ်းစားဖွယ်ရှိသည်။ ယင်းမှ ၎င်းတို့၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များနှင့် သက်ဆိုင်သောအရာများသာ ဖြစ်သည်။ ၎င်းတို့၏ ဤစိတ်သဘောထား၊ ၎င်းတို့၏စိတ်နှလုံးထဲ၌ စဉ်းစားသော ဤအရာများ၊ လွန်ကဲသော ဤဆန္ဒများ၊ ထိုအရာအားလုံးက လူသား၏ မာနထောင်လွှားသော သဘာဝကို ကိုယ်စားပြုသည်။ ငါ့ကို မည်သည့်အရာက ဤသို့ပြောစေသနည်း။ ယင်းက လူတို့၏ အဆင့်အတန်းပေါ် မူတည်သည်။ လူသည် မြေမှုန့်မှလာသော ဖန်ဆင်းခံသတ္တဝါဖြစ်သည်။ ဘုရားသခင်သည် လူကို ရွှံ့စေးဖြင့် ပုံဖော်ခဲ့ပြီး သူ့အထဲသို့ ဇီဝအသက်ကို မှုတ်သွင်းခဲ့သည်။ လူ၏ နိမ့်ကျသော အဆင့်အတန်းက ထိုသို့ဖြစ်စေကာမူ လူတို့သည် ဘုရားသခင်၏ရှေ့မှောက်တွင် ဟိုဟာသည်ဟာ လိုချင်လျက် ရောက်လာသည်။ လူ၏အဆင့်အတန်းက အလွန်ယုတ်ညံ့သည်၊ သူ၏ပါးစပ်ကိုဟပြီး ဘုရားသခင်ထံမှ မည်သည့်အရာကိုမျှ မတောင်းဆိုသင့်ပေ။ သို့ဆိုလျှင် လူတို့သည် မည်သည့်အရာ လုပ်သင့်သနည်း။ ၎င်းတို့သည် ဝေဖန်မှုက မည်သို့ရှိသည်ဖြစ်စေ အလုပ်ကြိုးစားသင့်သည်။ အားစိုက်ထုတ်သင့်သည်။ ဝမ်းမြောက်ဝမ်းသာ ကျိုးနွံနာခံသင့်သည်။ ယင်းသည် နှိမ့်ချခြင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံခြင်းနှင့်ဆိုင်သော ပြဿနာမဟုတ်ပေ။ နှိမ့်ချခြင်းကို ဝမ်းမြောက်ဝမ်းသာ လက်မခံနှင့်။ ဤသည်မှာ လူတို့နှင့်အတူ မွေးဖွားလာသော အဆင့်အတန်းဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းက အညတရဖြစ်သည့်အတွက် ၎င်းတို့သည် ပင်ကိုအားဖြင့် ကျိုးနွံနာခံပြီး နှိမ့်ချမှုရှိသင့်သည်၊ ထို့ကြောင့် ဘုရားသခင်ထံမှ အရာများကို မတောင်းဆိုသင့်သကဲ့သို့ ဘုရားသခင်အပေါ် လွန်ကဲသော ဆန္ဒများလည်း မရှိသင့်ပေ။ ဤသို့သောအရာများကို ၎င်းတို့၌ မတွေ့ရပေ။ ရိုးရှင်းသော ဥပမာတစ်ခုပြမည်။ ချမ်းသာသော အိမ်ထောင်စုတစ်စုက အစေခံတစ်ယောက် ငှားသည်။ ချမ်းသာသော အိမ်ထောင်စုတွင် ဤအစေခံ၏ နေရာသည် အထူးပင် နိမ့်ကျသည်။ သို့သော် မည်သို့ပင်ဖြစ်စေ သူသည် အိမ်၏ အရှင်သခင်အား ‘ကျွန်ုပ်သည် သခင့်၏ သား၏ ဦးထုပ်ကို ဝတ်လိုသည်။ သခင့်၏ ဆန်ကို စားလိုသည်။ သခင့်၏ အဝတ်အစားများကို ဝတ်လိုသည်။ သခင့်၏ အိပ်ရာတွင် အိပ်လိုသည်။ မည်သည့်အရာများကို သခင်အသုံးပြုသည်ဖြစ်စေ၊ ရွှေဖြစ်စေ၊ ငွေဖြစ်စေ ကျွန်ုပ်အလိုရှိသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ အလုပ်တွင် များစွာ ပံ့ပိုးသည်။ သခင့်၏ အိမ်တွင် ကျွန်ုပ်နေသည်။ ထို့ကြောင့် ထိုအရာများကို ကျွန်ုပ်အလိုရှိသည်’ ဟု ပြောသည်။ အရှင်သခင်က ထိုသူအား မည်သို့ ဆက်ဆံသင့်သနည်း။ အရှင်သခင်က ‘သင်သည် မည်သည့်အစားဖြစ်သည်၊ သင်၏ နေရာက မည်သည့်နေရာဖြစ်သည်ကို သိသင့်သည်။ သင်သည် အစေခံတစ်ယောက်ဖြစ်သည်။ ငါ၏သား အလိုရှိသည့်အရာကို ငါပေးသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏ အဆင့်အတန်းဖြစ်သည်။ သင်၏ အဆင့်အတန်းက အဘယ်နည်း။ သင်သည် မည်သူမည်ဝါ ဖြစ်သနည်း။ သင်သည် ဤအရာများကို တောင်းဆိုဖို့ အရည်အချင်းမပြည့်မီပေ။ သင်သည် သင်လုပ်သင့်သည့်အရာကို သွားရောက်လုပ်ဆောင်သင့်သည်။ သင်၏ အဆင့်အတန်းနှင့်အညီ၊ သင်၏အနေအထားနှင့်အညီ သင်၏ ဝတ္တရားများကို သွားရောက်ဆောင်ရွက်သင့်သည်’ ဟု ပြောမည်ဖြစ်သည်။ ဤသို့သောသူသည် အသိစိတ်တစ်ခုခုရှိသလော။ ဘုရားသခင်ကို ယုံကြည်သူများတွင် ထိုမျှ အသိစိတ်မရှိသော သူများစွာရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အချိန်မှစ၍ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များရှိပြီး ထို့နောက်တွင် ဘုရားသခင်ထံ တောင်းဆိုမှုများ မရပ်မနား ပြုလုပ်ကြသည်။ ‘ကျွန်ုပ် ဧဝံဂေလိ ဖြန့်ရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုက ကျွန်ုပ်၏ နောက်သို့ လိုက်ရန် လိုအပ်သည်။ မကောင်းသောအရာများကို ကျွန်ုပ်လုပ်ဆောင်သောအခါတွင်လည်း ကျွန်ုပ်ကို ခွင့်လွှတ်ပြီး သည်းခံရမည်။ ကျွန်ုပ်သည် အလုပ်များစွာ လုပ်လျှင် ကျွန်ုပ်အား ဆုချီးမြှင့်ရမည်’ ဟူ၍ ဖြစ်သည်။ အတိုချုပ်အားဖြင့် လူတို့သည် ဘုရားသခင်ထံမှအရာများကို အစဉ်သဖြင့် အလိုရှိကြသည်။ အစဉ်သဖြင့် လောဘကြီးကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ၏ မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် သူ၏ခုခံခြင်း၏ အရင်းအမြစ်ဖြစ်၏) နှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ ကျွန်မ တကယ်ကို စိတ်ဆင်းရဲမိတယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဖော်ပြထားတဲ့ ဆင်ခြင်တုံတရား လုံးဝကင်းမဲ့နေတဲ့ အစေခံနဲ့ တူနေတယ်။ သခင်က သူ့ကို စားစရာ၊ နေစရာနဲ့ ဆုလာဘ်တောင် ပေးခဲ့ပေမဲ့ အစေခံက သူ့သခင်ကို ကျေးဇူးတင်ရကောင်းမှန်း မသိခဲ့ဘူး။ သူ့သခင်အတွက် အလုပ်တချို့ လုပ်ပေးတာနဲ့ သူက ကုသိုလ်ရပြီလို့ ထင်ပြီး သခင်ရှိသမျှကို ခံစားချင်လို့ သခင့်ဆီကနေ တောင်းဆိုမှုတွေ လုပ်ခဲ့တယ်။ ဒီအစေခံက တကယ်ကို မာနထောင်လွှားတယ်၊ ဆင်ခြင်တုံတရား ကင်းမဲ့ပြီး အရှက်မရှိဘူးဆိုတာကို ကျွန်မ မြင်လိုက်ရတယ်။ ကျွန်မရောဂါ ကုလို့မရနိုင်ဘဲ သေမယ့်ဆဲဆဲ အခြေအနေကို ရောက်ခဲ့တုန်းက အချိန်ကို ပြန်တွေးမိတယ်။ အထူးသဖြင့် ကျွန်မလို ရောဂါမျိုးနဲ့ လူတွေ သေသွားတာကို မြင်ရတဲ့အခါ ကျွန်မရဲ့ မျှော်လင့်ချက်မဲ့တဲ့ ခံစားချက်က ပိုဆိုးလာခဲ့တယ်။ သခင့်ကို ယုံကြည်ပြီးနောက်မှာ ကိုယ်တော်က ကျွန်မရောဂါကို ဖယ်ရှားပေးပြီး အသက်ရှင်ခွင့် ပေးခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခွင့်ရပြီး သမ္မာတရားကို ရရှိဖို့၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရဖို့ အခွင့်အရေးကို ရရှိခဲ့တာဟာ ကျွန်မ ကံကောင်းလို့ပါပဲ။ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ ထူးကဲတဲ့ ချီးမြှောက်မှုနဲ့ ကျေးဇူးတော်ပဲ။ ဘုရားသခင်ဆီကနေ ကျွန်မ လုံလောက်အောင် ရရှိခဲ့ပေမဲ့ ကျေးဇူးတင်ရကောင်းမှန်း မသိခဲ့ဘူး။ တာဝန် နည်းနည်းပါးပါး ထမ်းဆောင်တာနဲ့ ကျွန်မက ကုသိုလ်ရပြီလို့ ထင်ပြီး နောက်တစ်ခါ ထပ်ပြိး မကျန်းမမာ မဖြစ်အောင် စောင့်ရှောက်ပေးဖို့ ဘုရားသခင်ဆီက တောင်းဆိုခဲ့တယ်။ ရောဂါ ပြန်ဖြစ်လာပြီး သေရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မ ကျိုးနွံနာခံမှု မရှိခဲ့ဘူး။ အဲဒီအစား ပြန်ငြင်းခုံပြီး ညည်းညူခဲ့တယ်။ ကျွန်မရဲ့ အသက်ကို ဆွဲဆန့်ပေးဖို့နဲ့ နောက်ထပ် နှစ်အနည်းငယ်လောက် အသက်ရှင်ခွင့်ပေးဖို့ အရှက်မရှိဘဲ ဘုရားသခင်ကို တောင်းဆိုခဲ့တယ်။ သာမန် ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ဘုရားသခင်ကို တောင်းဆိုဖို့ ကျွန်မမှာ ဘာအရည်အချင်းများ ရှိလို့လဲ။ ဘုရားသခင်ဟာ ဖန်ဆင်းခံအားလုံးရဲ့ သခင်ဖြစ်ပြီး ဘယ်သူ့ကို ကောင်းချီးပေးမလဲ၊ ဘယ်သူ့ကို ကောင်းချီးမပေးဘူးလဲဆိုတာကို ဆုံးဖြတ်တာက ဘုရားသခင်ပဲလေ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ကို ပြန်ငြင်းခုံပြီး စည်းကမ်းချက်တွေ သတ်မှတ်ရဲတဲ့ သတ္တိရှိခဲ့တယ်။ ကျွန်မ တကယ်ကို မာနထောင်လွှားပြီး ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တာပဲ။ ပြီးတော့ ကျွန်မက လုံးဝကို စက်ဆုပ်စရာကောင်းတယ်၊ လောဘကြီးပြီး အသိစိတ် ကင်းမဲ့နေတယ်ဆိုတာကိုပါ မြင်လိုက်ရတယ်။ ဒါတွေအားလုံးကို သဘောပေါက်လိုက်တော့ ကျွန်မရင်ထဲမှာ အကြီးအကျယ် အပြစ်ရှိစိတ်ဝင်သွားတယ်။

တစ်နေ့တော့ “ကယ်တင်ခြင်း” ဇာတ်ကားထဲက ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ တွေ့လိုက်ရတယ်။ အဲဒီနှုတ်ကပတ်တော်ကြောင့် ကျွန်မရဲ့ အခြေအနေကို နည်းနည်း နားလည်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရနိုင်လိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သည့်တိုင် နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူများအပေါ် ငါ၏ ဒေါသကို ပေးအပ်ပြီး တစ်ချိန်က ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းယူချိန်တွင် ၎င်းတို့သည် သံသယရှိလာ၏။ ငါသည် လူတို့အား ငရဲ၏ ဆင်းရဲဒုက္ခကို ပေးအပ်ပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ ၎င်းတို့သည် ဒေါသထောင်းခနဲထွက်လေ၏။ လူများက ၎င်းတို့ကို ရောဂါငြိမ်းစေရန် ငါ့အား တောင်းဆိုပြီး ငါသည် ၎င်းတို့ကို အလေးဂရုမပြုသည့်အပြင် ၎င်းတို့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားရသည့်အခါ ၎င်းတို့သည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကို ရှာရန် ငါ့ထံမှ ထွက်သွားလေသည်။ ငါ့ထံမှ ၎င်းတို့ တောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ ၎င်းတို့အားလုံးက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ သို့ဖြစ်၍ ငါ၏ ကျေးဇူးတော်သည် အလွန်ပေါလျှံပြီး ရရန် အကျိုးကျေးဇူးများမှာ အလွန် များလွန်းသောကြောင့် လူများသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားသခင် ဖော်ထုတ်ထားတာက ကျွန်မရဲ့ အခြေအနေ အတိအကျပဲ။ အစတုန်းက ဘုရားသခင်က ကျွန်မရောဂါကို ကုသပေးနိုင်တာကို မြင်ခဲ့တယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားရလို့ ကိုယ်တော့်နောက်ကို အပြည့်အဝလိုက်ဖို့ လိုလားခဲ့ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်တဲ့အပြင် မိသားစုနဲ့ အလုပ်အကိုင်ကိုပါ စွန့်လွှတ်နိုင်ခဲ့တာပေါ့။ အသင်းတော်က ကျွန်မကို ဘာတာဝန်ပဲ စီစဉ်ပေးပါစေ၊ စီစဉ်ပေးတဲ့တာဝန်ကို ကျွန်မ ထမ်းဆောင်ခဲ့တယ်။ ဧဝံဂေလိတရား ဟောနေတုန်း အဖမ်းခံရတာ၊ မိသားစုက လက်မခံဘဲ ငြင်းပယ်တာ၊ ဒါမှမဟုတ် ခန္ဓာကိုယ် မအီမသာ ဖြစ်နေတဲ့အချိန်မှာတောင် ကိုယ့်တာဝန်ကို ဆက်ပြီး စွဲစွဲမြဲမြဲ ထမ်းဆောင်နိုင်ခဲ့တုန်းပဲ။ ဘာလို့လဲဆိုတော့ ဘုရားသခင်အတွက် အသုံးခံရင် သူက ကျွန်မကို ဖျားနာခွင့်ပေးမှာ မဟုတ်ဘူးလို့ ထင်ခဲ့လို့ပဲ။ ဒါပေမဲ့ ကျောက်ကပ်ရောဂါ ပြန်ဖြစ်လာပြီး ပိုဆိုးလာတော့ ကုသဖို့ ပိုက်ဆံမရှိတဲ့အပြင် သေရမယ့်အခြေအနေနဲ့တောင် ရင်ဆိုင်ရနိုင်တဲ့အခါ ကျွန်မက ဆက်ပြီး ဒုက္ခခံဖို့၊ အသုံးခံဖို့ ဆန္ဒမရှိတော့ဘူး။ ဘုရားသခင်က ကျွန်မကို မကာကွယ်ပေးဘူးလို့ ညည်းညူခဲ့တယ်၊ ကိုယ်တော့်အတွက် အသုံးခံခဲ့တာတွေကို နောင်တရပြီး တာဝန်မှာ ကြိုးကြိုးစားစားမရှိတော့ဘူး။ ပြီးတော့ နှစ်တွေတစ်လျှောက် ကျွန်မရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အသုံးခံမှုတွေ အားလုံးကို အရင်းအနှီးတစ်ခုလို သုံးဖို့ကြိုးစားပြီး နောက်ထပ် သုံးလေးနှစ်လောက် အသက်ရှင်ခွင့်ပေးဖို့ ဘုရားသခင်ကို တောင်းဆိုခဲ့တယ်။ ကောင်းချီးတွေရဖို့ပဲ ဘုရားသခင်ကို ကျွန်မ ယုံကြည်ခဲ့တာကို သဘောပေါက်လိုက်တယ်။ ကောင်းချီးတွေ မရတဲ့အခါ ဘုရားသခင်ကို ယုံကြည်လို့ ငါရှုံးသွားပြီလို့ ခံစားရပြီး ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ ယုံကြည်တာ၊ တာဝန်တွေ ထမ်းဆောင်တာကို ရပ်လိုက်တယ်။ ဘုရားသခင်ဆီက ကောင်းချီးတွေကို ရဲရဲတင်းတင်း တောင်းဆိုတာမျိုးတောင် လုပ်ခဲ့သေးတယ်။ ဘုရားသခင်ကို ကျွန်မ ယုံကြည်တာက မယုံကြည်သူတွေ မုန့်ကို အဝစားဖို့ ရှာဖွေတာနဲ့ ဘာများ ကွာခြားလို့လဲ။ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ သမ္မာတရားကို မရှာဖွေခဲ့ဘဲ ကောင်းချီးတွေရဖို့ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာ။ ဒီလိုလုပ်တာက ဘုရားသခင်ကို အသုံးချပြီး လှည့်စားဖို့ ကြိုးစားနေတာပဲ။ ကောင်းချီးတွေ ရဖို့အတွက် ပေါလုက သခင့်ကို အစပိုင်းမှာ ဘယ်လိုယုံကြည်ခဲ့တယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ သူက ဒုက္ခနည်းနည်းခံပြီး စွန့်လွှတ်အနစ်နာခံမှု တချို့လုပ်တာကို မြင်တဲ့အခါ ကောင်းချီးတွေ ရပိုင်ခွင့်ရှိတယ်လို့ ထင်ပြီး ဘုရားသခင်ဆီကနေ သရဖူတစ်ခုကို ဗြောင်ကျကျ တောင်းဆိုခဲ့တယ်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေဩဝါဒစာဒုတိယစောင် ၄:၇-၈) တကယ်လို့ ဘုရားသခင်က သူ့ကို သရဖူနဲ့ ဆုလာဘ်တွေ မပေးရင် ဘုရားသခင်က မဖြောင့်မတ်ဘူးလို့ ဆိုလိုတာပဲလို့ သူပြောခဲ့တယ်။ အဆုံးမှာတော့ သူဟာ ဘုရားသခင်ရဲ့ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားမိပြီး ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရတယ်။ ကျွန်မသာ မပြောင်းလဲဘဲ ဒီအတိုင်း ဆက်သွားနေရင် ပေါလုလိုပဲ အပြစ်ဒဏ်ပေးခံရပြီး ငရဲထဲ ပစ်ချခံရမှာပဲ။

တစ်နေ့မှာတော့ “လူ၏သက်တမ်းကို ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းပြီးဖြစ်သည်” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ကျွန်မ ကြားလိုက်ရတယ်။

၁  လူများစွာတို့သည် မကြာခဏ နာမကျန်းဖြစ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့မည်မျှပင် ဆုတောင်းစေကာမူ သက်သာလာခြင်းမရှိကြ။ ၎င်းတို့၏ နာမကျန်းမှုကို မည်မျှပင် ဖယ်ရှားပစ်ချင်သည်ဖြစ်စေ မဖယ်ရှားနိုင်ကြ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အသက်အန္တရာယ်ရှိသည့် အခြေအနေများနှင့်ပင် ရင်ဆိုင်ရနိုင်ပြီး ယင်းတို့ကို မဖြစ်မနေ ထိပ်တိုက်ရင်ဆိုင်ကြရသည်။ အမှန်အားဖြင့် တစ်ဦးတစ်ယောက်သည် ၎င်း၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်မှုရှိပါက လူတစ်ဦး၏ သက်တမ်းမှာ ဘုရားသခင်၏ လက်ထဲတွင်ရှိကြောင်း ဦးစွာ သိရှိရမည်။ တစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အချိန်ကာလကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည်။ ဘုရားသခင်သည် လူတို့အား နာမကျန်းမှုကို ပေးသည့်အခါ ထိုနောက်ကွယ်တွင် အကြောင်းရင်းတစ်ရပ်ရှိသည်။ ထိုအရာတွင် အဓိပ္ပာယ်ရှိသည်။ ၎င်းတို့ ခံစားရသည့်အရာမှာ နာမကျန်းဖြစ်ခြင်း ဖြစ်သော်လည်း တကယ့်အမှန်တရားတွင် ၎င်းတို့အား ပေးထားသည့်အရာမှာ ကျေးဇူးတော်ဖြစ်သည်။ မကျန်းမာမှု မဟုတ်ပေ။ လူတို့သည် ပထမဦးစွာ ဤအချက်ကို သတိပြုကာ သေချာရမည်ဖြစ်ပြီး ယင်းကို အလေးအနက် ထားရမည်ဖြစ်သည်။

၂  လူတို့သည် မကျန်းမာမှု ခံစားနေရချိန်တွင် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာနိုင်ပြီး ၎င်းတို့လုပ်သင့်သည့် အရာကို ဆင်ခြင်မြော်တွေးမှုနှင့် သတိဖြင့် လုပ်ဆောင်ရန် သေချာစေနိုင်ပြီး ၎င်းတို့၏ တာဝန်ကိုလည်း အခြားသူများထက် သာ၍ ကြီးမားသော သတိနှင့် လုံ့လတို့ဖြင့် ကိုင်တွယ်နိုင်ကြလေသည်။ လူတို့နှင့် ပတ်သက်သရွေ့ ဤသည်မှာ ကွယ်ကာခြင်း ဖြစ်သည်၊ အချည်အနှောင်များ မဟုတ်ပေ။ ဤသည်မှာ အပျက်သဘောဆောင်သည့်ဘက်မှ နည်းလမ်း ဖြစ်သည်။ အယောက်တိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ မကျန်းမာမှုတစ်ခုသည် ဆေးပညာရှုထောင့်မှ ကြည့်လျှင် ရောဂါကျွမ်းကောင်း ကျွမ်းနေနိုင်သော်လည်း ဘုရားသခင်၏ ရှုထောင့်အမြင်မှ ကြည့်လျှင် သင်၏ သက်တမ်းသည် မပြီးသေးဘဲ သင်၏အချိန် မကျသေးပါက သင်သေချင်လျှင်ပင် သေ၍မရနိုင်ပေ။

၃  သင့်ထံတွင် ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်တစ်ခု ရှိပြီး သင်၏ အထူးတာဝန်က မပြီးဆုံးသေးလျှင် သင်သည် သေစေနိုင်လောက်သည်ဟု ယူဆရသော နာမကျန်းမှုတစ်ခု ဖြစ်လျှင်ပင် သေမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို ခေါ်ဆောင်ဦးမည်မဟုတ်ပေ။ သင်သည် ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်း မပြုလျှင်ပင်၊ ပြီးလျှင် သင်၏ မကျန်းမာခြင်းကို ကုသရန် အာရုံမစိုက်လျှင်ပင် သို့မဟုတ် သင်၏ ကုသမှုကို နှောင့်နှေးနေလျှင်ပင် သေဆုံးမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်ထံမှ အရေးကြီးသော တာဝန်ပေးစေခိုင်းချက်တစ်ခု ရှိထားသော သူတို့အတွက် အထူးသဖြင့် မှန်ကန်သည်။ ၎င်းတို့၏ သာသနာက ပြီးဆုံးခြင်း မရှိသေးသည့်အခါ ၎င်းတို့အပေါ် မည်သည့်ရောဂါပင် ကျရောက်ပါစေ ၎င်းတို့သည် ချက်ချင်း သေဆုံးမည်မဟုတ်။ အထူးတာဝန်ပြီးဆုံးသည့် နောက်ဆုံး အခိုက်အတန့်အထိ အသက်ရှင်လိမ့်မည်။

............

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဒီဓမ္မတေးကို နားထောင်ပြီးတဲ့နောက် လူတစ်ယောက်ရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ လူတိုင်း ဒီလောကထဲ ရောက်လာတဲ့အခါ သူတို့ကိုယ်ပိုင် အထူးတာဝန် ရှိကြပြီး လူတစ်ယောက်ရဲ့ ဘဝအဆုံးသတ်မယ့်နေ့ဟာ သူတို့ရဲ့ အထူးတာဝန်နဲ့ ဆက်စပ်နေတယ်။ လူတစ်ယောက်ရဲ့ သက်တမ်း ကုန်ဆုံးပြီး သူတို့ရဲ့ အထူးတာဝန် ပြီးမြောက်သွားတဲ့အခါ မဖျားနာရင်တောင် သေရမှာပဲ။ လူတစ်ယောက်က သူ့ရဲ့အထူးတာဝန်ကို မပြီးမြောက်သေးရင် သေလောက်တဲ့ရောဂါ ရှိနေရင်တောင် သေမှာ မဟုတ်ဘူး။ ပြန်တွေးကြည့်ရင် ကျွန်မ အသက်နှစ်ဆယ်ကျော်မှာ ကုသရခက်တဲ့ ရောဂါတစ်ခု ဖြစ်ခဲ့တယ်။ ကုသဖို့ ပိုက်ဆံမရှိခဲ့ပေမဲ့ ဘုရားသခင်က ကျွန်မကို အသေမခံခဲ့ဘူး။ အဲဒီအစား ဒီအချိန်အထိ ကောင်းကောင်း အသက်ရှင်ခွင့် ပေးခဲ့တယ်။ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းဟာ ဘုရားသခင်ရဲ့ လက်ထဲမှာရှိပြီး ဘုရားသခင် ကြိုတင်သတ်မှတ်ထားတယ်ဆိုတာကို ကျွန်မ မြင်လိုက်ရတယ်။ ဒီအရာတွေက လူတစ်ယောက်ရဲ့ ရောဂါ ဘယ်လောက် ပြင်းထန်သလဲဆိုတာနဲ့ ဘာမှမဆိုင်ဘူး။ ရဲတွေက ကျွန်မကို “ကတိခံဝန်ချက်သုံးမျိုး” လက်မှတ်ထိုးခိုင်းတော့ အဖမ်းမခံရအောင်လို့ အိမ်ကနေ မဖြစ်မနေ ထွက်လာခဲ့ရတယ်။ ဆရာဝန်ကြီးကျန်းဆီ သွားပြီး ဆေးယူလို့ မရတော့ဘူး။ ကုသဖို့ ပိုက်ဆံလည်း မရှိတော့ ဆေးမသောက်ရရင် ရောဂါပိုဆိုးလာပြီး သေသွားနိုင်တာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ တကယ့်အမှန်တရားက ဆရာဝန်ကြီးကျန်း ဘယ်လောက်ပဲ ကျွမ်းကျင်ပါစေ လူတစ်ယောက်ရဲ့ အသက်ကိုတော့ မကယ်နိုင်ဘူးလေ။ ကျွန်မနဲ့ ရောဂါတူတဲ့ လူနာတစ်ယောက်ဆို တစ်ကိုယ်လုံး ဖောင်းအစ်နေပြီး ဆီးသွားလို့ မရဘူး။ သူ့ရဲ့ ဝေဒနာတွေကြားထဲကနေ ဆရာဝန်ကြီးကျန်းရှေ့မှာ ဒူးထောက်ပြီး သူ့ရောဂါကို ကုပေးဖို့ တောင်းပန်ခဲ့တာကို ကျွန်မ မှတ်မိသေးတယ်။ ဒါပေမဲ့ ဆရာဝန်က ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ ကျွန်မရောဂါက အဲဒီလူနာနဲ့ အတူတူပဲလေ၊ ဆရာဝန်ကြီးကျန်းလည်း တတ်နိုင်တာဘာမှမရှိဘူး။ ကျွန်မရောဂါကို အံ့ဖွယ်နည်းနဲ့ ဖယ်ရှားပေးခဲ့တာ ဘုရားသခင်ပဲ။ ကျွန်မက ဒီလောက်ကြီးမားတဲ့ ကျေးဇူးတော်ကို ရရှိခဲ့ပြီး ဘုရားသခင်ရဲ့ အနန္တတန်ခိုးကို မြင်ခဲ့ရပေမဲ့ ဘုရားသခင်အပေါ် ယုံကြည်ခြင်း မရှိသေးဘူး။ ကျွန်မရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းဟာ ဆရာဝန်တစ်ယောက်ရဲ့ လက်ထဲမှာပဲ ရှိတယ်လို့ ထင်နေတုန်းပဲ။ ကျွန်မ တကယ်ကို နားဝေတိမ်တောင်ဖြစ်ပြီး မျက်ကန်းဖြစ်ခဲ့တာ၊ မိုက်မဲခဲ့တာပဲ။ ကျွန်မ ဆက်ပြီး မပုန်ကန်နိုင်တော့ဘူး၊ ကျွန်မရောဂါကို ဘုရားသခင်ရဲ့ လက်ထဲကို အပ်နှံမှဖြစ်မယ်။ အဲဒီအချိန်ကစပြီး အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံဖို့ လိုလားမယ်၊ ပြီးတော့ နောက်ထပ်တစ်ရက် အသက်ရှင်နေသရွေ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းသွားမယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင် ရှေ့မှောက်သို့ လာသည့်အခါ၊ မိမိတာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုပ်ဆောင်ရန် အလွန်သင့်တော်သည့် အရာတစ်ခုဖြစ်ပြီး ဤတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။ ဖန်ဆင်းခံများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည်ဟူသော အခြေခံအရ ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အကြားတွင် ပို၍ပင် ကြီးမြတ်သော အမှုကို ပြုတော်မူခဲ့ပြီး လူတို့အပေါ်တွင် နောက်ထပ် အမှုတော်တစ်ဆင့်ကို ဆောင်ရွက်တော်မူခဲ့လေသည်။ ထိုအမှုမှာ အဘယ်နည်း။ ကိုယ်တော်သည် လူသားမျိုးနွယ်အား သမ္မာတရားကို ပေးပြီး သူတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ဘုရားသခင်ထံမှ သမ္မာတရားကို ရရှိစေကာ ထိုမှတစ်ဆင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး သန့်စင်ခြင်းခံရစေသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်လာပြီး ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းစေသည်၊ အဆုံး၌ ဘုရားသခင်ကို ကြောက်ရွံ့နိုင်ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်၍ ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိသည့်အပြင် စာတန်၏ ဒုက္ခပေးခြင်းများကို မခံရတော့စေရန် အခွင့်ပေးလေသည်။ ဤသည်မှာ လူသားမျိုးနွယ်ကို တာဝန်များ ထမ်းဆောင်စေခြင်းအားဖြင့် ဘုရားသခင် ဖြစ်မြောက်အောင်မြင်ရန် ရည်ရွယ်သည့် နောက်ဆုံးအကျိုးဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်များကိုထမ်းဆောင်ခြင်း လုပ်ငန်းစဉ် အချိန်ကာလ အတွင်းတွင် ဘုရားသခင်သည် အကြောင်းကိစ္စတစ်ခုကို သင် ရှင်းရှင်းလင်းလင်း မြင်ပြီး သမ္မာတရားအနည်းငယ်ကို နားလည်အောင်သာ လုပ်ဆောင်ခြင်းမဟုတ်သကဲ့သို့ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်းအားဖြင့် သင် လက်ခံရရှိသည့် ကျေးဇူးတော်နှင့် ကောင်းချီးများကို သင်ခံစားခွင့်ပြုရန်မျှ လုပ်ဆောင်ခြင်းလည်း မဟုတ်ပေ။ ထိုထက် ဘုရားသခင်သည် သင့်အား သန့်စင်ခံရပြီး ကယ်တင်ခြင်းခံရကာအဆုံး၌ ဖန်ဆင်းရှင် မျက်နှာတော်၏ အလင်းရောင်တွင် ရှင်သန်လာရသည့် အခွင့်ကို ပေးသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဒီနှုတ်ကပတ်တော် အပိုဒ်ကို ဖတ်ပြီးတဲ့နောက် ကျွန်မ စိတ်နှလုံး ပိုလင်းလက်သွားတယ်။ လူတွေ သမ္မာတရားကို လိုက်စားပြီး ရရှိဖို့၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားပြီး သန့်စင်ခံရဖို့၊ ပြီးတော့ စိတ်သဘောထား ပြောင်းလဲမှုရရှိပြီး ကယ်တင်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းဖို့အတွက် ဘုရားသခင်က လူတွေကို တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး ပေးတာ။ ဒါပေမဲ့ ကျွန်မရဲ့ ယုံကြည်လာတဲ့ နှစ်တွေအားလုံးမှာ ဘုရားသခင်က ကျွန်မကို ကာကွယ်ပြီး ကောင်းချီးပေးဖို့ မျှော်လင့်ချက်နဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်နေခဲ့တာ၊ ပြီးတော့ ကိုယ့်တာဝန်ကို ကောင်းချီးတွေအတွက် အပေးအယူလုပ်စရာ အရာတစ်ခုလို သဘောထားခဲ့တယ်။ ယုံကြည်ခြင်းနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ အမြင်တွေက မှားယွင်းနေတယ်ဆိုတာကို ကျွန်မ နားလည်လာတယ်။ တာဝန်တစ်ခု ထမ်းဆောင်တာဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်၊ ဒါက ကောင်းချီးရတာ၊ ဒါမှမဟုတ် ဘေးဒုက္ခခံရတာနဲ့ ဘာမှမဆိုင်ဘူး။ ကိုယ့်တာဝန်မှာ သမ္မာတရားကို လိုက်စားဖို့နဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားဖို့ အာရုံစိုက်သင့်တယ်။ ဒါက ကျွန်မဘဝရဲ့ စစ်မှန်တဲ့ တန်ဖိုးနဲ့ အဓိပ္ပာယ်ပဲ။ ကောင်းချီးတွေကိုပဲ လိုက်စားပြီး စိတ်သဘောထား ပြောင်းလဲဖို့ကို မရှာဖွေဘူးဆိုရင် တစ်သက်လုံး ယုံကြည်ပြီးရင်တောင် သမ္မာတရားကို ဘယ်တော့မှ ရမှာမဟုတ်သလို နောက်ဆုံးမှာ ကယ်တင်ခံရမှာလဲ မဟုတ်ဘူး။

တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “ဘုရားသခင်က သင့်အပေါ် မည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ယင်းအပေါ် အစွမ်းကုန် သင် အလုပ်လုပ်ရန်သာ လိုအပ်ပြီး၊ သင်သည် အဆုံး၌ ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်လိမ့်မည်ဖြစ်ပြီး သူ့အား သင်၏ အဆုံးစွန် ဆည်းကပ်မှုကို ပေးနိုင်လိမ့်မည်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် သူ၏ ပလ္လင်ထက်တွင် ထိုင်နေရင်း သူ၏ကျေနပ်နှစ်သက်သော အပြုံးကို သင် မြင်နိုင်သရွေ့၊ ဤအခိုက်အတန့်သည် သတ်မှတ်ထားသည့် သင်၏ သေဆုံးခြင်းအချိန်ဖြစ်လျှင်ပင်၊ သင်၏မျက်လုံးများပိတ်စဉ် သင်သည် ရယ်ကာ ပြုံးနိုင်သင့်ပေသည်။ ကမ္ဘာမြေကြီးပေါ်ရှိ သင်၏ အချိန်ကာလ အတောအတွင်းတွင်၊ သင်သည် ဘုရားသခင်အတွက် သင်၏နောက်ဆုံး တာဝန်ကို လုပ်ဆောင်ရမည်။ အတိတ်တွင် ပေတရုသည် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရသည်။ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံတစ်ဦးသည် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထို့ကြောင့် သူ ဆန္ဒရှိသည်အတိုင်း သင့်ကို စီစဉ်ညွှန်ကြားရန်အတွက် သင်သည် ဘုရားသခင်ထံ သင့်ကိုယ်သင် ကြိုတင်၍ ပေးအပ်သင့်သည်။ ယင်းက ဘုရားသခင်အား ပျော်ရွှင်စေပြီး ကျေနပ်စေသရွေ့၊ သင်နှင့်ပတ်သက်၍ သူ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်ပါလေ့စေ။ လူသားများသည် စောဒကတက်သည့် စကားများ ပြောဆိုရန် မည်သည့်အခွင့်ရှိသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို ထုတ်ဖော်ချက်များ၊ အခန်း (၄၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မ ဘယ်လို ဖျားနာမှု၊ ဒါမှမဟုတ် နာကျင်မှုမျိုးနဲ့ ရင်ဆိုင်ရပါစေ၊ သေရင်တောင်မှ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကျွန်မ ကောင်းကောင်း ဖြည့်ဆည်းသင့်တဲ့ တာဝန်ကို ဖြည့်ဆည်းသရွေ့ ဒါက ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ခံရမယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ ယောဘကို ဘုရားသခင် ဘယ်လို စစ်ကြောခဲ့တယ်ဆိုတာ ကျွန်မ တွေးမိတယ်။ ယောဘဟာ သူ့ရဲ့ ကြီးမားတဲ့ စည်းစိမ်ဥစ္စာတွေနဲ့ သားသမီးတွေကို ဆုံးရှုံးခဲ့ရပြီး အနာစိမ်းတွေ တစ်ကိုယ်လုံး ပေါက်နေခဲ့ပေမဲ့ မညည်းညူဘဲ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခဲ့တယ်၊ ပြီးတော့ ဘုရားသခင်အတွက် သူ့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်။ ပေတရုက သူ့ဘဝတစ်လျှောက်လုံး ဘုရားသခင်ကို ကျိုးနွံနာခံဖို့နဲ့ ချစ်ဖို့ ရှာဖွေခဲ့တယ်၊ ကိုယ့်အတွက် ဘာမှ မတောင်းဆိုခဲ့ဘဲ နောက်ဆုံးမှာ ဘုရားသခင်အတွက် ဇောက်ထိုး လက်ဝါးကပ်တိုင်တင် ခံခဲ့ရတယ်။ သူက သေတဲ့အထိ ကျိုးနွံနာခံတဲ့ အဆင့်ကို ရောက်ခဲ့တယ်၊ စာတန်ကို လုံးဝ အရှက်ခွဲခဲ့ပြီး ဘုရားသခင်အတွက် ဘုန်းကြီးတဲ့ သက်သေခံချက် ပေးခဲ့တယ်။ ယောဘနဲ့ ပေတရုတို့ရဲ့ သက်သေခံချက်တွေက ကျွန်မကို တကယ်ပဲ ခွန်အားဖြစ်စေတယ်။ ကျွန်မရဲ့ရောဂါက ပြန်ဖြစ်လာပြီး အချိန်မရွေး ကျောက်ကပ်ပျက်စီးတာ၊ ဒါမှမဟုတ် သေတာကိုတောင် ရင်ဆိုင်ရနိုင်တယ်၊ ဒါပေမဲ့ အသက်ရှင်ပြီး အသက်ရှူနိုင်သရွေ့ ကိုယ့်တာဝန်ကို ကျွန်မ ထမ်းဆောင်သင့်တယ်။ အဲဒီအချိန်ကစပြီး ကျွန်မရဲ့ ကျန်ရှိနေတဲ့ အသက်တာကို ဘုရားသခင်ကို ပေးဖို့၊ စိတ်သဘောထား ပြောင်းလဲဖို့ လိုက်စားပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ ဆန္ဒရှိလာတယ်၊ ပြီးတော့ တစ်နေ့နေ့မှာ သေခြင်းတရားက ကျွန်မဆီ ရောက်လာရင်တောင် ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံမှာပဲ။

အဲဒီနောက်ပိုင်းမှာ ကိုယ့်တာဝန်မှာ ကျွန်မ စိတ်နှလုံး အပြည့်အဝ မြှုပ်နှံထားတယ်၊ အချိန်ရရင် ရသလို ကာယ လေ့ကျင့်ခန်း ကောင်းကောင်း လုပ်တယ်၊ အဲဒီအခါ ကျန်းမာရေးက တဖြည်းဖြည်း တိုးတက်လာတာကို တွေ့ရတယ်။ သွေးတွင်းသကြားဓာတ်နဲ့ သွေးပေါင်ချိန်တွေက တည်ငြိမ်တဲ့ အဆင့်ကို ပြန်ရောက်လာပြီး ကျွန်မ ဘာပဲလုပ်လုပ် ခွန်အားတွေ ရှိနေတာကို တွေ့ရတယ်။ ၂၀၂၄ ခုနှစ် မေလကုန်မှာ ခရိုင်ခေါင်းဆောင်အနေနဲ့ ကျွန်မ ရွေးချယ်ခံရတယ်၊ အလုပ်ပမာဏ ပိုများပေမဲ့ ကျွန်မ ခံနိုင်ရည်ရှိခဲ့တယ်။ တစ်ခါတလေ အလုပ်လုပ်ရတာ ပင်ပန်းတယ်လို့ ခံစားရတဲ့အခါ ခဏလောက် သင့်တော်သလို အနားယူလိုက်တယ်၊ အဲဒီနောက်မှာတော့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ အချိန်မဆိုင်းဘဲ လုပ်လိုက်တယ်။ ဒီလို လက်တွေ့လုပ်ဆောင်တဲ့အခါ ဘုရားသခင်နဲ့ ပိုနီးကပ်လာသလို ခံစားရပြီး တာဝန်ကို လုံ့လဝီရိယရှိရှိ ကောင်းကောင်း ဖြည့်ဆည်းတဲ့အခါ စိတ်အေးချမ်းမှုကို ခံစားရပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ စမ်းသပ်ခြင်းများနှင့်ဆိုင်သော အဓိပ္ပာယ်ကို နောက်ဆုံးတွင် ကျွန်မ နားလည်သွားသည်

လုယိ၊ တရုတ်ပြည်၂၀၂၄ ခုနှစ်၊ ဇူလိုင်လရဲ့ နေ့တစ်နေ့မှာပေါ့။ ကျွန်မနဲ့ ပူးပေါင်းလုပ်နေတဲ့ ညီအစ်မတွေနဲ့အတူ ဆောင်းပါးတွေကို သုံးသပ်နေခဲ့ကြတယ်။...

သေခြင်းတရားအားဖြင့် စမ်းသပ်မှုကာလ

ရှင်တောက် တောင်ကိုရီးယားနိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ...

ထူးခြားသော ကောင်းချီးမင်္ဂလာ

ထောင်လျန်၊ တရုတ်ပြည်။ကျွန်မ ငယ်ငယ်ကတည်းက အသည်းရောင်အသားဝါ ဘီရောဂါရှိခဲ့တယ်။ ကုဖို့အတွက် ဆရာဝန်အမျိုးမျိုး၊ ဆေးအမျိုးမျိုးကို ကျွန်မ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။