အလုပ်ကို မကြီးကြပ်ဝံ့ခြင်းအားဖြင့် ရှောင်ရှားခြင်း ခံရသည့်အရာ
ရွှင်ချို နယ်သာလန်နိုင်ငံ ပြီးခဲ့တဲ့နှစ် မေလတုန်းက လူသစ်တွေ ရေလောင်းတာကို ကျွန်မ ကြီးကြပ်ရတယ်။ ဒါက အတော်အတန် လွယ်တဲ့အလုပ်လို့ အရင်က...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မ ငယ်ငယ်ကတည်းက အမေက ပြောပြတယ်။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ပြီးတော့ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” လို့ ပြောတယ်။ တခြားလူတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေကို သတိထားမိရင် သူတို့ကို လုံးဝ တဲ့တိုးမပြောရဘူး၊ ဒါဟာ မကောင်းတဲ့ တုံ့ပြန်ချက်ကို ဖြစ်သွားစေလိမ့်မယ်၊ ပြီးတော့ တခြားလူတွေနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ဖို့ အရာရာကို မသိကျိုးကျွန်ပြုရမယ်လို့ သူက ကျွန်မကို ပြောပြတယ်။ အဲဒီအချိန်ကစပြီး ကျွန်မ အမေ့စကားတွေကို စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ ကျောင်းမှာပဲဖြစ်ဖြစ်၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကြားမှာပဲဖြစ်ဖြစ် သူများတွေရဲ့ ပြဿနာတွေကို သတိထားမိတဲ့အခါ ကျွန်မ ဘယ်တော့မှ ထုတ်မပြောခဲ့ဘူး။ ကျွန်မ အလယ်တန်းကျောင်း တက်တုန်းက သူများတွေက ကျွန်မနဲ့ တစ်ခုံတည်းထိုင်တဲ့ သူငယ်ချင်းကို တစ်ဇွတ်ထိုးနိုင်ပြီး ဗိုလ်ကျတတ်တယ် ထင်ကြလို့ သူနဲ့ မပေါင်းချင်ကြတဲ့အကြောင်း ကျွန်မကို ပြောပြတယ်။ သူ တကယ်ပဲ အဲဒီလိုဖြစ်နေလားလို့ ကျွန်မကို မေးတယ်။ တကယ်တော့ သူ့မှာ ဒီပြဿနာတွေရှိမှန်း ကျွန်မ သိပြီး သူ့ကို အမှန်အတိုင်း ပြောချင်ခဲ့ပေမဲ့၊ နောက်တော့ ကျွန်မ စဉ်းစားလိုက်တယ်။ “ငါသာ အမှန်အတိုင်း ပြောလိုက်ရင် သူ ရှက်သွားပြီး ငါနဲ့ မပေါင်းတော့ဘဲ နေချင်မှာလား”လို့ပေါ့။ ကျွန်မ တွေးနေတာနဲ့ ဆန့်ကျင်ပြီး ပြောလိုက်တယ်။ “ငါတော့ အဲဒီလို မထင်ပါဘူး။ သူများတွေရဲ့ ပေါက်ကရစကားတွေကို နားမယောင်ပါနဲ့”လို့ပေါ့။ ဒါကိုကြားတော့ ကျွန်မသူငယ်ချင်းက ဝမ်းသာအားရ ပြောတယ်၊ “ငါထင်တဲ့အတိုင်းပဲ၊ နင်က တခြားလူတွေထက် ပိုကောင်းတယ်။ သူများတွေက ငါ့ကို အမြဲ အမြင်မကြည်ကြဘူး။ နင်တစ်ယောက်ပဲ ငါ့ကို နားလည်တယ်”တဲ့။ အဲဒီနောက်မှာ ကျွန်မတို့ရဲ့ ဆက်ဆံရေးက ပိုတောင်ကောင်းသွားသေးတယ်။ ဒီလို ကျင့်ကြံပြုမူတာက ကောင်းတဲ့နည်းလမ်းပဲလို့ ကျွန်မ ထင်ခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ပြီး အသင်းတော်မှာ ပုံထုတ်လုပ်တဲ့တာဝန်ကို စပြီး ထမ်းဆောင်ခဲ့တယ်။ အစ်မ ကလိုအီရဲ့ နည်းပညာကျွမ်းကျင်မှုက အတော်လေးညံ့တယ်။ ကျွန်မတို့ ဒီဇိုင်းစိတ်ကူးတွေကို ဆွေးနွေးတဲ့အခါတိုင်း သူ့မှာ အခက်အခဲတွေ ရှိလားဆိုတာကို အမြဲမေးတယ်၊ သူ့ရဲ့ မေးခွန်းတွေကိုလည်း စိတ်ရှည်ရှည်နဲ့ ဖြေပေးခဲ့တယ်။ ဒီလိုဆိုရင် သူက တိုးတက်မှု မြန်လိမ့်မယ်လို့ ကျွန်မထင်ခဲ့တာ။ နောက်ပိုင်းမှာ စိတ်ကူးတွေကို ကျွန်မတို့ ဆွေးနွေးပြီးတဲ့နောက်မှာ ကလိုအီက ထုတ်လုပ်မှုကို ချက်ချင်း မစခဲ့တာ ကျွန်မ သိခဲ့ရတယ်။ အဲဒီအစား ဓမ္မတေးတွေ ခဏလောက် နားထောင်လိုက်၊ ပြီးရင် သူ့တာဝန်တွေနဲ့ မဆိုင်တဲ့ သတင်းတွေကို အင်တာနက်မှာ ခဏလောက် လျှောက်ကြည့်လိုက်လုပ်နေတတ်တယ်။ အဆုံးမှာတော့ သူလုပ်ထားတဲ့ ရုပ်ပုံတွေက အရမ်းကို အကြမ်းဖျင်းဆန်နေတာပေါ့။ သူ့တာဝန်ကို ထမ်းဆောင်ရာမှာ သူ ဝတ်ကျေတမ်းကျေလုပ်နေတာကို မြင်တော့ သူ့ပြဿနာတွေကို ထောက်ပြချင်ခဲ့တယ်။ စုဝေးပွဲတစ်ခုမှာ ကလိုအီကို ရုပ်ပုံလုပ်တာ ဘာလို့ အရမ်းနှေးတာလဲလို့ ကျွန်မ မေးလိုက်တယ်။ အခက်အခဲတွေ ကြုံနေရလို့ပါလို့ သူက ပြောတယ်။ ကျွန်မက ပြောလိုက်တယ်၊ “အခက်အခဲတွေ ကြုံရင် ကျွန်မတို့ကို အစ်မ ချက်ချင်း ပြောသင့်တယ်။ ဒီလိုနဲ့ ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ပြီး တိုးတက်မှုက နှောင့်နှေးမှာ မဟုတ်ဘူး”လို့ပေါ့။ အဲဒီအချိန်တုန်းက သူ တာဝန်ထမ်းဆောင်ရာမှာ ဝတ်ကျေတမ်းကျေဖြစ်ခဲ့ပုံကို ကျွန်မ နဂိုက ဖော်ထုတ်ချင်ခဲ့တာ။ ဒါပေမဲ့ သူ စိတ်မရှည်တာကို သတိထားမိတော့ ပြောမဲ့စကားတွေကို ကျွန်မ ပြန်မျိုသိပ်ခဲ့တယ်။ အဲဒီနောက်မှာ တခြားညီအစ်မတွေကလည်း ကလိုအီနဲ့ မိတ်သဟာယပြုဖို့ သူ့ဆီကို သွားကြတယ်။ ကျွန်မက သူ့အခက်အခဲတွေကို နားမလည်ဘဲ သူ့အပေါ် အရမ်းတောင်းဆိုလွန်းတယ်၊ ဒါပေမဲ့ သူက ဘုရားသခင်ဆီကနေ အဲဒါကို ခံယူပြီး သူ့တာဝန်အပေါ်ထားတဲ့ သဘောထားကို ပြောင်းလဲမယ်လို့ ပြောတယ်။ ဒါကိုကြားတော့ ကျွန်မ နည်းနည်း စိုးရိမ်သွားပြီး စဉ်းစားမိတယ်။ “အခုဆို ကလိုအီက ငါ့အပေါ် အမြင်စောင်းသွားပြီ၊ နောက်ဆို ငါတို့ ဘယ်လိုများ အတူတူ ပေါင်းသင်းဆက်ဆံကြမလဲ။ တခြားညီအစ်မတွေကရော ငါ့ကို လူ့သဘာဝမကောင်းဘူး၊ ထောက်ထားမှုမရှိဘူးလို့ ထင်သွားကြမလား”လို့ပေါ့။ အဲဒီနောက်မှာတော့ ကလိုအီက အရင်ကထက် ရုပ်ပုံတွေကို ပိုမြန်မြန်လုပ်လာတာကို ကျွန်မ သတိထားမိပြီး သူက နည်းနည်း ပြောင်းလဲသွားပြီလို့ ထင်လိုက်တယ်။ ဒါပေမဲ့ သုံးလေးရက်နေတော့ သူ့တာဝန်ထမ်းဆောင်ရာမှာ အရေးတကြီးလုပ်ရမယ်ဆိုတဲ့စိတ် လုံးဝမရှိသေးတဲ့အပြင် ဘာသာတရားမရှိတဲ့ လောကရဲ့ ဗီဒီယိုတွေတောင် ကြည့်နေတာ ကျွန်မတွေ့ခဲ့ရတယ်။ “ကြီးကြပ်ရေးမှူးက ကျွန်မတို့ကို အသစ်အဆန်းတွေလုပ်ဖို့ အမြဲပြောနေတာ၊ ဒါပေမဲ့ အသစ်အဆန်းလုပ်တယ်ဆိုတာက လွယ်တာမှတ်လို့။ ကျွန်မတို့အားလုံးက ဒီတာဝန်ကို အခုမှ စလုပ်ကြတာလေ။ ကျွန်မတို့အပေါ် ဒီလောက်တောင် တောင်းဆိုနေတာက ကိုယ့်လုပ်နိုင်စွမ်းထက်ပိုတာကို အတင်းအကျပ်ခိုင်းနေတာ မဟုတ်ဘူးလား” ပြီးတော့ “ငါ ရုပ်ပုံတစ်ပုံလုပ်လိုက်တိုင်းမှာ ထောက်ပြစရာ ပြဿနာတွေက အများကြီးပဲ။ သူက အသေးစိတ်တွေကို အရမ်းအာရုံစိုက်လွန်းတယ်”ဆိုပြီး ပြောရင်းနဲ့ ခဏခဏ ညည်းတယ်။ ကျွန်မနဲ့ တခြားညီအစ်မတစ်ယောက်က ဒီလိုအပျက်သဘောဆောင်တဲ့စကားတွေ မပြောဖို့ သူ့ကို တားလေ့ရှိပေမဲ့ သူကတော့ သိပ်ပြီး ချုပ်တည်းတာမျိုး မရှိဘူး။ သူ့လုပ်ရပ်တွေရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို ကျွန်မ စိစစ်ပေးသင့်တယ်၊ မဟုတ်ရင် သူက တခြားညီအစ်မတွေ တာဝန်ထမ်းဆောင်တာကိုပါ သက်ရောက်မှုရှိစေလိမ့်မယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ အရင်တစ်ခေါက်တုန်းက ကျွန်မ သူ့ကို စကားပြောပြီးတဲ့နောက် သူက ကျွန်မအပေါ် အမြင်စောင်းသွားတာကို ပြန်တွေးမိတယ်၊ ပြီးတော့ တခြားညီအစ်မတွေရှေ့မှာ ကျွန်မက သူ့ကို လုပ်နိုင်စွမ်းထက်ပိုတာတွေ အတင်းခိုင်းတယ်လို့ ပြောခဲ့ပုံကိုလည်း ပြန်တွေးမိတော့ ကျွန်မ တွေဝေသွားတယ်။ “ငါသာ သူ့ပြဿနာတွေကို ဆက်ပြီးဖော်ထုတ်၊ စိတ်ဖြာသုံးသပ်နေရင် သူနဲ့ငါ့ရဲ့ဆက်ဆံရေးက တင်းမာသွားရင် ဘယ်လိုလုပ်မလဲ။ သူ့အခြေအနေကို ကြီးကြပ်ရေးမှူးဆီ တိုင်လိုက်ရင် ပိုကောင်းမလား။ ဒါပေမဲ့ ဒီအကြောင်းကို ကလိုအီသာ သိသွားရင်၊ ငါက သူ့နောက်ကျောကို ဓားနဲ့ထိုးတယ်လို့ ထင်ပြီး ငါ့မှာ လူ့သဘာဝမကောင်းဘူးလို့ ပြောမှာလား” လို့ တွေးမိတယ်။ သေချာစဉ်းစားပြီးတဲ့နောက်မှာတော့ ထောက်ပြဖို့ရော သူ့ပြဿနာတွေကို တိုင်ကြားဖို့ပါ သတ္တိမရှိခဲ့ဘူး။
မကြာပါဘူး၊ ကလိုအီဟာ သူ့တာဝန်ကို အချိန်အတော်ကြာ ဝတ်ကျေတမ်းကျေ ထမ်းဆောင်နေမှန်း ကြီးကြပ်ရေးမှူးက သိသွားတော့ သူ့တာဝန်ကို ပြောင်းလိုက်တယ်။ ကြီးကြပ်ရေးမှူးက ကျွန်မကိုလည်း ပြုပြင်ပြီးပြောတယ်၊ “နင်က ကလိုအီ တာဝန်ကို ဝတ်ကျေတမ်းကျေလုပ်ပြီး အပျက်သဘောဆောင်တာတွေ ဖြန့်ဝေနေတာကို မြင်နေခဲ့တာ ကြာပြီဆိုပေမဲ့ သူ့ကို ဖော်ထုတ်လည်းမဖော်ထုတ်ဘူး၊ တိုင်လည်းမတိုင်ဘူး။ နင်က လူ့အကြိုက်လိုက်သူပဲ၊ အသင်းတော်အလုပ်ကို နည်းနည်းလေးမှတောင် ကာကွယ်မပေးဘူး။ အရမ်းတစ်ကိုယ်ကောင်းဆန်တာပဲ။ ဒီအကြောင်းကို သေချာပြန်သုံးသပ်ကြည့်သင့်တယ်”တဲ့။ ကြီးကြပ်ရေးမှူးရဲ့ စကားတွေက ကျွန်မရဲ့ မျက်နှာကို ဆက်တိုက်ဖြတ်ရိုက်ချလိုက်သလိုပါပဲ။ အဲဒီအချိန်မှာ ကျွန်မ ရှက်လွန်းလို့ မြေကျင်းတစ်ခုရှာပြီး တွားသွားပြီးဝင်သွားချင်တော့တယ်။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးပြောခဲ့တဲ့စကားတွေကို ပြန်စဉ်းစားမိတိုင်း ကျွန်မ စိတ်ထဲမှာ အရမ်းကို မသက်မသာဖြစ်ရတယ်။ ကျွန်မ စိတ်ထဲမှာ အကြိမ်ကြိမ် ပြန်မေးနေမိတယ်၊ “ငါ ဘာလို့ ကလိုအီရဲ့ ပြဿနာတွေကို ဖော်ထုတ်ဖို့၊ တိုင်ကြားဖို့ သတ္တိမရှိခဲ့ရတာလဲ” လို့ပေါ့။ တစ်နေ့မှာ ဝတ်ပြုနေတုန်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကျွန်မဖတ်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ဆိုးယုတ်သော လူတို့နှင့် မကောင်းသောလူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် အသင်းတော်၏ အမှုကို နှောင့်ယှက်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က စေ့စေ့စပ်စပ် နားမလည်သကဲ့သို့ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ အဓိကအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်းခံရသည့် အကျိုးဆက်ဖြစ်သည်။ သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ တစ်ခုသည် လှည့်ဖြားတတ်သော စိတ်သဘောထားဖြစ်သည်။ သင့်၌ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သင်ပထမဆုံးတွေးသောအရာမှာ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများဖြစ်သည်။ သင်ပထမဆုံး ထည့်တွက်သောအရာမှာ အကျိုးဆက်များ၊ ဤအရာက သင့်အတွက် အကျိုးရှိမရှိဖြစ်သည်။ ဤသည်မှာ လှည့်ဖြားတတ်သောစိတ်သဘောထားမဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်၊ သို့ဖြစ်၍အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်’ ဟု တွေးသည်။ ထိုအတွေးများနှင့် စကားများသည် သင် သတိရှိစွာ တွေးတောသည့် အရာတစ်ခု မဟုတ်သော်လည်း သင်၏မသိစိတ်က ဖြစ်ပေါ်စေခြင်း ဖြစ်ကာ၊ ယင်းသည် လူများ ပြဿနာတစ်ခုကြုံတွေ့သည့်အခါ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်တွေးခေါ်သည့်ပုံစံကို အုပ်စိုးပြီး သင်၏လက်များနှင့် ခြေတို့ကို ချည်နှောင်ကာ၊ သင်ပြောသည့်အရာကို ထိန်းချုပ်သည်။ သင်၏ စိတ်နှလုံးထဲတွင် ရင်ဆိုင်ကာ ပြောလိုသော်လည်း သင်သည် ဒွိဟဖြစ်နေပြီး သင်ထုတ်ပြောသည့်အခါတွင်ပင်၊ ဝေ့လည်ကြောင်ပတ်ဖြင့် သင့်ကိုယ်သင် လူးသာလွန့်သာ ရှိအောင်လုပ်သည်၊ သို့မဟုတ်လျှင် သင်သည် မလိမ့်တပတ်လုပ်ပြီး အမှန်အတိုင်းမပြောပေ။ မြင်တတ်သောသူတို့သည် ဤအရာကို မြင်နိုင်သည်။ အမှန်တွင်၊ သင်ပြောသင့်သည့် အရာအားလုံး သင် မပြောရသေးကြောင်း၊ သင် ပြောပြီးသည့်အရာသည် အကျိုးသက်ရောက်မှုမရှိကြောင်း၊ သင်သည် ဝတ်ကျေတမ်းကျေသာလုပ်ဆောင်နေကြောင်း၊ ပြဿနာ မပြေလည်သေးကြောင်း သင်၏ စိတ်နှလုံးထဲတွင် သင် သိပေသည်။ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းသေးပေ၊ သို့သော် သင်က သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်သည်၊ သို့မဟုတ် ဖြစ်ပျက်နေခဲ့သည့်အရာသည် သင့်အဖို့ မရှင်းလင်းခဲ့ပါဟု ပေါ်ပေါ်ထင်ထင် ဆိုသည်။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ သင်အမှန်တကယ် ထင်သောအရာဟုတ်သလော။ ထိုသို့ဆိုလျှင် သင်သည် စာတန်ဆန်သော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေသည်မဟုတ်လော။...သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ်တွင် သင်သည် ဩဇာမရှိပေ။ သင်အလိုရှိလျှင်ပင် သမ္မာတရားကို သင်မပြောဆိုနိုင်ပေ၊ သို့မဟုတ် သင်အမှန်တကယ်ထင်သည့်အရာကို မပြောနိုင်ပေ။ သင်အလိုရှိလျှင်ပင် သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင်အလိုရှိလျှင်ပင် သင်၏ တာဝန်များကို မဖြည့်ဆည်းနိုင်ပေ။ သင်ပြောသမျှ၊ လုပ်သမျှ၊ လက်တွေ့လုပ်ဆောင်သမျှ အရာတိုင်းသည် မုသားဖြစ်သည်။ သင်သည် ဝတ်ကျေတမ်းကျေ လုပ်သည်။ သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထား၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။ သင်သည် သမ္မာတရားကို လက်ခံပြီး သမ္မာတရား ကို လက်တွေ့လုပ်ဆောင်လိုစိတ်ရှိနိုင်သည်။ သို့သော် ဤသည်မှာ သင့်အပေါ်တွင် မမူတည်ပေ။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားက သင့်ကို ထိန်းချုပ်သည့်အခါ သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထားက လုပ်ဆောင်ခိုင်းသည့် မည်သည့်အရာကိုမဆို ပြောဆိုပြီး လုပ်ဆောင်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော ဇာတိပကတိ၏ ရုပ်သေးရုပ်တစ်ရုပ်ကလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ပေ။ သင်သည် စာတန်၏ တန်ဆာပလာတစ်ခု ဖြစ်လာသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားချင့်ချိန်ရင်း ကျွန်မရဲ့ စိတ်နှလုံးကို စူးနစ်သွားစေတယ်။ ကျွန်မဟာ ဘုရားသခင် ဖော်ထုတ်ခဲ့တဲ့ လူစားမျိုးပဲ။ ကလိုအီရဲ့ ပြဿနာတွေအားလုံးကို ကျွန်မ သိနေပေမဲ့ ဖော်ထုတ်ဖို့၊ စိတ်ဖြာလေ့လာဆွေးနွေးဖို့ မရဲခဲ့ဘူး။ တစ်ခုခုပြောခဲ့ရင်တောင်မှ အခြေအနေအမြစ် တစ်စက်မှ မရှိတဲ့ စကားတွေပဲ ပြောခဲ့တယ်။ တစ်ဝက်ပဲပြောပြီး ကျန်တစ်ဝက်ကို ကိုယ့်ဘာသာ မျိုသိပ်ထားတယ်၊ ကလိုအီကို စိတ်ဆိုးအောင်လုပ်မိမှာ ကြောက်လို့လေ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ သူနဲ့ကျွန်မရဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် သူ့ပြဿနာတွေကို ကျွန်မ မပြောဘဲနေခဲ့တယ်။ ကျွန်မဟာ ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်လိုက်သလဲ။ ကလိုအီက နောင်တရတဲ့ လက္ခဏာတစ်ခုမှမရှိဘဲ သူ့တာဝန်ကို တစ်စိုက်မတ်မတ် ဝတ်ကျေတမ်းကျေ လုပ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကြားမှာလည်း အပျက်သဘောဆောင်တာတွေ ဖြန့်ဝေခဲ့တယ်၊ သူက စာတန်ရဲ့ အခန်းကဏ္ဍကနေ သရုပ်ဆောင်နေခဲ့တာ။ ကျွန်မက သူ့ကို မတားမြစ်ခဲ့ရုံဘဲမကဘူး၊ သူ့ကို ဖုံးကွယ်ပေးခဲ့ပြီး သူ့ပြဿနာတွေကို ခေါင်းဆောင်တွေဆီ မတိုင်ကြားခဲ့ဘူး။ ဒါဟာ ကျွန်မက စာတန်ရဲ့ ကြံရာပါနဲ့ အကာအကွယ်ပေးသူအဖြစ် လုပ်ဆောင်နေခဲ့တာ မဟုတ်ဘူးလား။ ဘုရားသခင်ဆီက လာတဲ့အရာအားလုံးကို ကျွန်မ ပျော်မွေ့ခံစားနေရပေမဲ့ ကျွေးတဲ့လက်ကို ပြန်ကိုက်ခဲ့တယ်။ ကိုယ့်တာဝန်တွေကို တစ်ခုမှ ကောင်းကောင်း မဖြည့်ဆည်းခဲ့ဘူး။ ကျွန်မဟာ တကယ်ကို ဘုရားသခင်ရဲ့ရှေ့မှာ အသက်ရှင်ဖို့ မထိုက်တန်ပါဘူး။ ဒီလိုတွေးလိုက်တော့ ကျွန်မ အပြစ်ရှိသလို၊ အနေရခက်သလို ခံစားရပြီး ကိုယ်လုပ်ခဲ့တာတွေအတွက် တကယ်ကို နောင်တရမိတယ်။
နောက်ပိုင်းမှာ ကျွန်မက အနုပညာဒီဇိုင်းအလုပ်ကို ကြီးကြပ်စပြုလာတယ်။ အစ်မ အမ်မလီက တော်တော်လေး မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်တတ်တယ်၊ သူတစ်ပါးရဲ့ အကြံပြုချက်တွေကို လက်ခံချင်စိတ်မရှိဘူးဆိုတာကို ကျွန်မ တွေ့ရှိခဲ့တယ်။ ဒါက ရုပ်ပုံထုတ်လုပ်ရေးရဲ့ ရလဒ်တွေကို ထိခိုက်နေခဲ့တယ်။ အမ်မလီရဲ့ ပြဿနာတွေကို ထောက်ပြပြီး ဒီအခြေအနေကနေ အမြန်ဆုံး ပြောင်းလဲအောင် ကူညီပေးသင့်မှန်း ကျွန်မသိတယ်။ ဒါပေမဲ့ နောက်တော့ စဉ်းစားမိတယ်၊ “ငါသာ သူ့ပြဿနာတွေကို တဲ့တိုး ထောက်ပြလိုက်ရင် သူ့ကို အရမ်းနာကျင်စေမလား။ သူက လက်မခံနိုင်ဘဲ ငါ့အပေါ် အမြင်စောင်းသွားရင် ဘယ်လိုလုပ်မလဲ။ ဒါပေမဲ့ ငါမပြောရင်လည်း အလုပ်ကို ထိခိုက်မှာပဲ။ ဒါဆို ငါက လမ်းဟောင်းကိုပဲ ပြန်လျှောက်နေတာ မဟုတ်ဘူးလား”လို့ပေါ့။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ဖို့ ခွန်အားပေးပါလို့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ အဲဒီနောက် ကျွန်မရဲ့ အခြေအနေနဲ့ တစ်ပုံစံတည်းဖြစ်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ရှာတွေ့ခဲ့တယ်။ “လူ့အကြိုက်လိုက်သူတစ်ဦး၏ ရည်ရွယ်ချက်နှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင်၊ အခြေအနေအားလုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်မဟုတ်ပေ၊ သို့မဟုတ် စည်းမျဉ်းများကို စောင့်ထိန်းမည် မဟုတ်ပေ၊ ပြီးလျှင် သင်သည် အစဉ် ကျရှုံးပြီး လဲကျလိမ့်မည်။ သင်သည် အသိတရားမရပါက၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေပါက သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး သမ္မာတရားနှင့် အသက်တို့ကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သောအမှုအရာများနှင့် တွေ့ကြုံရသည့်အခါတွင် သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး အော်ခေါ်ကာ သူ၏ ကယ်တင်ခြင်းအတွက် တောင်းလျှောက်ရမည်။ သင့်အား ယုံကြည်ခြင်းနှင့် ခွန်အားကို ပေးရန်လည်းကောင်း၊ သင့်အား စည်းမျဉ်းများကို စောင့်ထိန်းစေနိုင်ရန်လည်းကောင်း၊ သင်လုပ်သင့်သည့်အရာကို လုပ်ဆောင်နိုင်စေရန်လည်းကောင်း၊ စည်းမျဉ်းများနှင့်အညီ အမှုအရာများကို ကိုင်တွယ်နိုင်စေရန်လည်းကောင်း၊ သင်ရပ်တည်သင့်သည့်နေရာတွင် ခိုင်မြဲစွာ ရပ်တည်နိုင်စေရန်လည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်စေရန်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို ဆုံးရှုံးမှုတစ်ခုတလေ ခံစားရခြင်းမှ တားဆီးနိုင်စေရန်လည်းကောင်း တောင်းလျှောက်ရမည်။ သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ ဂုဏ်သိက္ခာနှင့် လူ့အကြိုက်လိုက်သူတစ်ဦးနှင့်ဆိုင်သော အမြင်ရှုထောင့်တို့ကို သင် ပုန်ကန်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီးလိမ့်မည်ဖြစ်ပြီး သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့စိတ်နှလုံးကို လင်းလက်သွားစေတယ်။ လူ့အကြိုက်လိုက်သူတစ်ယောက်ရဲ့ အတွေးအခေါ်အမြင်တွေကို စွန့်လွှတ်ချင်တယ်ဆိုရင် အသင်းတော်ရဲ့ အကျိုးစီးပွားကို ဦးစားပေးရမယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ သူများတွေ ဘယ်လိုပဲထင်ထင်၊ သူတို့ကို စိတ်ဆိုးအောင်လုပ်မိသည်ဖြစ်စေ၊ မလုပ်မိသည်ဖြစ်စေ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းရမယ်၊ အသင်းတော်အလုပ်ကို ထိခိုက်ခွင့်မပေးရဘူး။ ကျွန်မက ညီအစ်ကို မောင်နှမတွေအတွက် တာဝန်ယူပြီး အသင်းတော်ရဲ့အကျိုးစီးပွားကို ကာကွယ်မယ်လို့ မျှော်လင့်လို့ အသင်းတော်က ကျွန်မကို ကြီးကြပ်ရေးမှူးဖြစ်ဖို့အတွက် စီစဉ်ပေးခဲ့တာပဲ။ ကျွန်မသာ လူ့အကြိုက်လိုက်သူအဖြစ် ဆက်လုပ်နေပြီး အမ်မလီရဲ့ ပြဿနာတွေကို မထောက်ပြဘူးဆိုရင် ကျွန်မက သူနဲ့ အသင်းတော်အလုပ်ကို ထိခိုက်နစ်နာစေမှာဖြစ်တယ်။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေအရ သူ့လုပ်ရပ်တွေရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို ကျွန်မ စိတ်ဖြာလေ့လာဆွေးနွေးခဲ့တယ်။ အရင်က ကျွန်မရဲ့ မာနထောင်လွှားတဲ့စိတ်သဘောထားကြောင့် အသင်းတော်အလုပ်နဲ့ ကျွန်မရဲ့ ကိုယ်ပိုင်အသက်ဝင်ရောက်မှုအပေါ် ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက်မှုကိုလည်း ကျွန်မ ပြောပြခဲ့တယ်။ ကျွန်မ မထင်မှတ်ထားခဲ့တာက ဒါတွေကိုကြားပြီးတဲ့နောက် အမ်မလီက ကျွန်မအပေါ် အမြင်မစောင်းသွားတဲ့အပြင် ဘုရားနှုတ်ကပတ်တော်တွေနဲ့ဆက်စပ်ပြီး သူ့ပြဿနာတွေကို သူ နားလည်လာပြီး ပြောင်းလဲချင်စိတ်ရှိလာတာပါပဲ။ ဒီကိစ္စကြောင့် အမ်မလီက ကျွန်မနဲ့ အဆက်အသွယ်ဖြတ်သွားတာမျိုးလည်း မရှိခဲ့ဘူး။ သူ တာဝန်ထမ်းဆောင်ရင်း ထုတ်ဖော်မိတဲ့ ဖောက်ပြန်ပျက်စီးခြင်းတွေအကြောင်း၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကျွန်မနဲ့ မိတ်သဟာယပြုရာမှာ ထုတ်ပြောတတ်လာတယ်။ ဒီအတွေ့အကြုံကနေတစ်ဆင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းရဲ့ ချိုမြိန်မှုကို ကျွန်မ မြည်းစမ်းခွင့်ရခဲ့ပြီး စိတ်ထဲမှာ အထူးသဖြင့်ကို တည်ငြိမ်အေးချမ်းသွားတယ်။
၂၀၂၄ ခုနှစ်မှာ ကျွန်မ အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး အဖွဲ့လိုက်စုဝေးပွဲတွေကို တာဝန်ယူခဲ့ရတယ်။ စုဝေးပွဲတွေမှာ အစ်မ အဲလစ်ရဲ့ မိတ်သဟာယက ခဏခဏ စကားလမ်းကြောင်းလွဲသွားတတ်ပြီး သူက သူ့ရဲ့မိတ်သဟာယကိုသုံးပြီး သူတစ်ပါးကို အပြစ်တင်ဝေဖန်တတ်တာကို ကျွန်မ တွေ့ရှိခဲ့တယ်။ တစ်ခါမှာ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက် အဲလစ်က နှုတ်ကပတ်တော်နဲ့ ကိုယ့်ကိုယ်ကိုယ် ဆက်စပ်ပြီး နားလည်အောင်မလုပ်ဘဲ အောလီဗီယာမှာ မာနထောင်လွှားတဲ့ စိတ်သဘောထားရှိတယ်လို့ ပြောတယ်။ သူက အောလီဗီယာကို အရင်က အကြံပြုချက်တွေ အကြိမ်ကြိမ်ပေးခဲ့ပေမဲ့ အောလီဗီယာက အရမ်းကို အတိုက်အခံလုပ်ပြီး သူ့ကို စကားပြောတာတွေကလည်း အရမ်းမာကြောတော့ သူ့ကို ဘောင်ခတ်ပြီး ထိခိုက်နစ်နာစေတယ်လို့ ပြောတယ်။ ပြီးတော့ သူက အောလီဗီယာကို ဘယ်လိုမေတ္တာနဲ့ ကူညီခဲ့တယ်ဆိုတာကို ဆက်ပြောတယ်။ သူ ဒီလိုပြောတာကိုကြားတော့ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “သူ ဒီလိုပြောနေတာက သူတစ်ပါးကို နှိမ့်ချပြီး ကိုယ့်ကိုယ်ကိုယ် မြှင့်တင်နေတာ မဟုတ်ဘူးလား။ အောလီဗီယာမှာ တကယ်ပဲ ဒီပြဿနာတွေရှိနေရင် သူ့ကို သီးသန့်ခေါ်ပြီး ထောက်ပြ၊ မိတ်သဟာယပြုပေးလို့ရတာပဲ။ စုဝေးပွဲအချိန်ကိုသုံးပြီး ကိုယ့်ရဲ့မကျေနပ်ချက်တွေကို ဖွင့်ထုတ်ဖို့ မသင့်တော်ဘူး။ ဒါ့အပြင် သူ မိတ်သဟာယပြုနေတဲ့အကြောင်းအရာက စုဝေးပွဲရဲ့ခေါင်းစဉ်ကနေ သွေဖည်သွားပြီ။ သူ့ကို အမြန် တားရမယ်”လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်၊ “ငါသာ သူ့ကို တိုက်ရိုက်စကားဖြတ်ပြောလိုက်ရင် သူ ရှက်သွားပြီး ငါ့အပေါ် အမြင်စောင်းသွားရင် ဘယ်လိုလုပ်မလဲ။ ထားလိုက်ပါတော့။ စုဝေးပွဲပြီးတဲ့အထိ စောင့်ပြီးမှ သူ့ကို သီးသန့်ခေါ်ပြောလိုက်တော့မယ်”လို့ပေါ့။ ဒါကြောင့် ကျွန်မက သူ့ကို မတားခဲ့ဘူး။ ကျွန်မက ခပ်တိုတိုပဲပြောလိုက်တယ်၊ “အားလုံးပဲ ကိုယ်မိတ်သဟာယပြုတဲ့ကြာချိန်ကို သတိထားရအောင်နော်၊ ဒါမှ တခြားသူတွေ မိတ်သဟာယပြုဖို့ အချိန်ရမှာ”လို့ပေါ့။ စုဝေးပွဲပြီးရင် အဲလစ်နဲ့ သူ့ပြဿနာအကြောင်း ပြောမယ်လို့ ကျွန်မ စိတ်ကူးထားခဲ့ပေမဲ့ တခြားညီအစ်မတွေဆီကနေ အဲလစ်က အရင်တုန်းက လူတွေကို နောက်ကွယ်မှာ အပြစ်တင်ဝေဖန်တတ်တယ်ဆိုတာကို ကြားလိုက်ရတယ်၊ ညီအစ်မတစ်ယောက်က အဲလစ်ကို စိတ်ဆိုးအောင်လုပ်ခဲ့ဖူးတော့ အဲလစ်က အဲဒီညီအစ်မရဲ့ မကောင်းကြောင်းကို နောက်ကွယ်မှာ စပြောတော့တာပဲ၊ ပြီးတော့ အဲလစ်က သူ့ကို အေးစက်စက်ဆက်ဆံပြီး အနေရခက်အောင်တောင် လုပ်ခဲ့တယ်တဲ့။ ကျွန်မ စိတ်ထင့်သွားပြီး စဉ်းစားမိတယ်၊ “ငါသာ သူ့ပြဿနာကို ထောက်ပြလို့ သူ့ကို စိတ်ဆိုးအောင်လုပ်မိရင် သူ ငါ့ကိုလည်း အဲဒီလိုပဲ ဆက်ဆံမှာလား။ နောက်ဆို ငါတို့က ခဏခဏ တွေ့နေရမှာဆိုတော့ ဘယ်လောက်တောင် အနေရခက်လိုက်မလဲ။ သူ့အခြေအနေကို ခေါင်းဆောင်တွေဆီ တိုင်လိုက်ရင် ပိုကောင်းမယ်ထင်တယ်”လို့ပေါ့။ ဒါပေမဲ့ ကျွန်မ ပြန်စဉ်းစားမိတယ်၊ “ငါနဲ့အဲလစ်က တော်တော်လေး အဆင်ပြေနေတာပဲ။ နေ့စဉ်ဘဝမှာလည်း သူက ငါ့ကို တော်တော်ဂရုစိုက်တယ်။ ငါသာ သူ့ပြဿနာတွေကို နောက်ကွယ်ကနေ တိုင်လိုက်ရင် ဒါက အရမ်းကို မရိုးသားရာကျတယ်။ နောက်ကျောကို ဓားနဲ့ထိုးတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ သူ့ပြဿနာတွေကို တိုင်တာ ငါမှန်း သူသာသိသွားရင် ငါ့အပေါ် အငြိုးထားပြီး နောက်ကွယ်မှာ ငါ့ကို အပြစ်တင်ဝေဖန်မှာ မဟုတ်ဘူးလား။ ထားလိုက်ပါတော့၊ အခု သူနဲ့ငါ့ရဲ့ ဆက်ဆံရေးကို မဖျက်ဆီးပဲနေလိုက်ရအောင်ပါ”လို့ပေါ့။ ဒီလိုတွေးလိုက်တော့ အဲလစ်ရဲ့ ပြဿနာတွေကို ထောက်ပြမယ့် စိတ်ကူးကို ကျွန်မ လက်လျှော့လိုက်တယ်။
မကြာပါဘူး၊ ညီအစ်မနှစ်ယောက်က အဲလစ်ရဲ့ အခြေအနေကို ကျွန်မဆီလာပြီး ပြောပြတယ်။ အဲလစ်က ဘုရားနှုတ်ကပတ်တော်နဲ့ မိတ်သဟာယပြုတဲ့အခါ အမြဲတမ်း စကားလမ်းကြောင်းလွဲသွားတယ်၊ ဒါကြောင့် စုဝေးပွဲအချိန်တွေ အများကြီးကုန်ပြီး ဘယ်သူ့အတွက်မှ အကျိုးကျေးဇူး၊ တည်ဆောက်စရာမဖြစ်ဘူးလို့ ညီအစ်မတစ်ယောက်က ပြောတယ်။ နောက်ညီအစ်မတစ်ယောက်ကကျတော့ အဲလစ်က စုဝေးပွဲတွေမှာ သူများတွေကို အမြဲအပြစ်တင်ဝေဖန်ပြီး သူတို့ရဲ့ ပြဿနာတွေကိုပဲ ပြောနေတတ်တယ်။ ဒါက လူတွေကို အမှားအမှန် ငြင်းခုံမှုတွေထဲကို ဆွဲသွင်းသလိုဖြစ်ပြီး အသင်းတော်အသက်တာကို အတော်လေး နှောင့်ယှက်နေတယ်လို့ ပြောတယ်။ ညီအစ်မတွေ ဒီလိုပြောတာကိုကြားတော့ ကျွန်မ စိတ်ထဲမှာ နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရတယ်။ အဲလစ်ရဲ့ ပြဿနာတွေကို ကျွန်မ ကောင်းကောင်းကြီးသိနေပေမဲ့ ထောက်ပြလည်းမထောက်ပြခဲ့ဘူး၊ တိုင်လည်းမတိုင်ခဲ့ဘူး။ ဒါတွေအားလုံးက ကျွန်မရဲ့ တာဝန်မဲ့မှုကြောင့်ပဲ။ ဝတ်ပြုနေတုန်း ကျွန်မ အတွေ့အကြုံသက်သေခံချက် ဗီဒီယိုတစ်ခုကို ကြည့်လိုက်ရတယ်။ အဲဒီထဲမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်က ကျွန်မရဲ့ စိတ်နှလုံးကို တို့ထိလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့။ သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ ခံစားချက်များကို ဘေးဖယ်ကာ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ အလိုတော် အထမြောက်အောင် လုပ်ဆောင်ခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏ရည်ရွယ်ချက်များကို လိုက်လျှောက်သောသူတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) “သမ္မာတရားသည် သင့်တွင် အသက်ဖြစ်လာပြီးသည်နှင့် သင်သည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသော၊ ဘုရားသခင်အား မကြောက်ရွံ့သော၊ မိမိ၏တာဝန်ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ပြုသော၊ သို့မဟုတ် အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သောသူကို သတိပြုမိသောအခါ သင်သည် သမ္မာတရားစည်းမျဉ်းနှင့်အညီ တုံ့ပြန်လိမ့်မည်။ ထိုသူအား လိုအပ်သလို ခွဲခြားပြီး ဖော်ထုတ်နိုင်လိမ့်မည်။ သမ္မာတရားသည် သင်၏ အသက် ဖြစ်မလာသေးသကဲ့သို့ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ဆဲဖြစ်ပါက အသင်းတော်အလုပ်ကို အနှောင့်အယှက်များနှင့် အလျဉ်ပြတ်မှုများ ဖြစ်စေသည့် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကို သင် ရှာဖွေတွေ့ရှိသည့်အခါ သင်သည်မသိကျိုးကျွန်ပြုလိမ့်မည်ဖြစ်ပြီး ဂရုစိုက်လိမ့်မည် မဟုတ်။ လိပ်ပြာလုံစွာဖြင့် ယင်းတို့ကို သင် ဘေးဖယ်ထားလိုက်လိမ့်မည်ဖြစ်သည်။ အသင်းတော်အလုပ်ကို အနှောင့်အယှက်များ ဖြစ်စေနေသည့် သူတစ်ဦးမျှ သင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟုပင် သင် တွေးလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏အကျိုးစီးပွားတို့ မည်မျှ ထိခိုက်ပါစေ သင် ဂရုမစိုက်၊ ကြားဝင်စွက်ဖက်ခြင်း မရှိပေ၊ သို့မဟုတ် အပြစ်ရှိသည်ဟု မခံစားရပေ။ ယင်းက သင့်အား အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူတစ်ဦး၊ မယုံကြည်သူတစ်ဦး၊ အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်သည့်အရာကို စားကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အရာကို သောက်ပြီး ဘုရားသခင်ထံမှ လာသည့်အရာများအားလုံးကို မွေ့လျော်သော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်သည့်ထိခိုက်ခြင်းကမျှ သင်နှင့်ဆက်နွှယ်ခြင်း မရှိဟု ခံစားရသည်။ ယင်းက သင့်အား ကျွေးသောလက်ကို ကိုက်သည့် သစ္စာဖောက်တစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ပါက၊ သင်သည် လူပင် ဟုတ်ပါ၏လော။ ယင်းက အသင်းတော်ထဲသို့ အယုံသွင်း၍ ချဉ်းကပ်လာသည့် နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်မှုရှိဟန်ဆောင်သည်၊ ရွေးချယ်ခံထားရသူ တစ်ဦးအဖြစ် ဟန်ဆောင်ပြီး ဘုရားသခင်၏ အိမ်တော်၌ ကပ်ပါးရပ်ပါး လုပ်လိုသည်။ သင်သည် လူသားတစ်ဦး၏ ဘဝကို ရှင်သန်မနေဘဲ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းထက် မိစ္ဆာကောင်တစ်ဦး ပို၍ဖြစ်နေကာ ရှင်းလင်းစွာပင် မယုံကြည်သူများထဲမှ တစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦးဖြစ်လျှင်၊ သင် သမ္မာတရားနှင့် အသက် မရရှိသေးလျှင်ပင် အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်၏ဘက်မှ စကားပြောကာ ပြုမူလိမ့်မည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်နေသည်ကို သင်မြင်သည့်အခါ အနည်းဆုံးအနေဖြင့် သင်သည် အကြောင်းမဲ့သက်သက် ရပ်နေမည် မဟုတ်ပေ။ သင် မသိကျိုးကျွန်ပြုလိုသည့်ဆန္ဒရှိသည့်အခါတွင် သင်သည် အပြစ်ရှိသည်ဟု ခံစားရမည် ဖြစ်ပြီး အနေရခက်လိမ့်မည်၊ ပြီးလျှင် ‘ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားများ မထိခိုက်စေရန်နှင့် အသင်းတော်အသက်တာ အနှောင့်အယှက် မဖြစ်စေဖို့အလို့ငှာ၊ ငါ ဤနေရာတွင် ထိုင်ပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေ၍မရချေ၊ ငါ ထရပ်ပြီး တစ်စုံတစ်ခု ပြောရမည်၊ ငါတာဝန်ယူရမည်။ ဤဆိုးယုတ်သော အပြုအမူကို ငါ ဖော်ထုတ်ရမည်၊ ငါ တားရမည်’ ဟု သင့်ကိုယ်သင် ပြောလိမ့်မည်။ သမ္မာတရားက သင်၏ အသက်ဖြစ်လာလျှင်၊ သင်၌ ဤသတ္တိနှင့် သန္နိဋ္ဌာန် ရှိပြီး ကိစ္စရပ်ကို လုံးဝ သိနားလည်နိုင်စွမ်း ရှိလိမ့်မည်သာမက၊ ဘုရားသခင်၏အမှုနှင့် သူ၏အိမ်တော် အကျိုးစီးပွားများအတွက် ယူသင့်သည့် တာဝန်ကိုလည်း သင် ဖြည့်ဆည်းလိမ့်မည် ဖြစ်ပြီး ထိုသို့ဖြင့် သင်၏ တာဝန်သည် ကျေပွန်လိမ့်မည်။ သင်၏တာဝန်ကို သင်၏တာဝန်နှင့် ဝတ္တရားအဖြစ်လည်းကောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် အဖြစ်မှတ်ယူပြီး ဤသည်မှာ ဘုရားသခင်နှင့် သင်၏အသိစိတ်တို့ကို ရင်ဆိုင်ဖို့အလို့ငှာ လိုအပ်သည်ဟု သင်ခံစားရပါက သင်သည် လူ့သဘာဝ၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာတို့ဖြင့် အသက်ရှင်နေထိုင်နေခြင်း ဖြစ်မည် မဟုတ်လော။ သင်၏ လုပ်ဆောင်ချက်များနှင့် အပြုအမူတို့သည် သူ ပြောဆိုသည့် ‘ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ကြဉ်ခြင်း’ ဖြစ်ပေမည်။ သင်သည် ဤနှုတ်ကပတ်တော်တို့၏ အနှစ်သာရကို ဆောင်ရွက်နေမည်ဖြစ်ပြီး၊ ယင်းတို့၏ လက်တွေ့အရှိတရားအတိုင်း အသက်ရှင်နေထိုင်နေပေမည်။ သမ္မာတရားက လူတစ်ဦး၏ အသက်ဖြစ်လာချိန်တွင်၊ ၎င်းသည် ဤလက်တွေ့အရှိတရားအတိုင်း အသက်ရှင်နေထိုင်နိုင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မ အပြစ်ရှိသလို၊ စိတ်ဆင်းရဲသလို ခံစားရတယ်။ ဘုရားသခင်ကို ယုံကြည်သူတွေအနေနဲ့ အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေတဲ့လူတွေကို မြင်တဲ့အခါ ညီအစ်ကိုမောင်နှမတွေက ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုထဲမှာ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး သမ္မာတရားကို မိတ်သဟာယပြုနိုင်ကြဖို့အတွက် ကျွန်မတို့က ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားမှုပြပြီး အဲဒါကို တားဆီးဖို့ ထရပ်သင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တယ်။ အဲလစ်က စုဝေးပွဲတွေမှာ ခဏခဏ စကားလမ်းကြောင်းလွဲတတ်ပြီး နောက်ကွယ်မှာ သူများတွေကို အမြဲအပြစ်တင်ဝေဖန်၊ နှိမ့်ချတတ်တယ်ဆိုတာ၊ ဒါဟာ အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေတာပဲဆိုတာကို ကျွန်မ ကောင်းကောင်းကြီး သိနေခဲ့တယ်။ ဒါပေမဲ့ သူ့ကို စိတ်ဆိုးအောင်လုပ်မိမှာကို ရှောင်ဖို့အတွက် လိပ်တစ်ကောင်လို ကိုယ့်အခွံထဲမှာပဲ ကျုံ့ဝင်ပြီး ကြောက်ကြောက်နဲ့ နေခဲ့တယ်၊ သူ့လုပ်ရပ်တွေကို ရပ်တန့်ဖို့ မရဲခဲ့ဘူး။ သူ့လုပ်ရပ်တွေရဲ့ သဘောသဘာဝကို ဖော်ထုတ်ဖို့၊ စိတ်ဖြာသုံးသပ်ပေးဖို့လည်း မရဲခဲ့ဘူး။ ကျွန်မရဲ့ဘဝက သနားစရာကောင်းလိုက်တာ။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ သိတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်နေပေမဲ့ လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘူး။ အသင်းတော်အသက်တာကို အဲလစ် နှောင့်ယှက်နေတာကို ဘေးကနေ ထိုင်ကြည့်နေခဲ့တယ်။ ကျွန်မက ဘယ်လိုလုပ် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက် ဖြစ်မှာလဲ။ ကျွန်မက ကျွေးတဲ့လက်ကို ကိုက်ခဲ့မိပြီ။ ဘုရားသခင်ရဲ့ရှေ့မှာ အသက်ရှင်ဖို့ မထိုက်တန်ပါဘူး။ ကျွန်မ စိတ်ထဲမှာ အရမ်းကို အပြစ်ရှိပြီး အနေရခက်တာကို ခံစားရလို့ ရေချိုးခန်းထဲမှာ ပုန်းပြီး ကိုယ့်ပါးကိုယ် ပြန်ရိုက်နေမိတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်မေးတယ်၊ “ဘာလို့ ငါက မှန်တဲ့စကားတစ်ခွန်း ပြောဖို့တောင် ဒီလောက်ခက်ခဲနေရတာလဲ။ ဘာလို့ ငါက ဒီလောက် တစ်ကိုယ်ကောင်းဆန်ရတာလဲ”လို့ပေါ့။ အခန်းထဲပြန်ရောက်တော့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ သမီးမှားသွားပါတယ်။ သမီး ဒီလိုမျိုး ဆက်မရှင်သန်ချင်တော့ပါဘူး။ သမီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး တရားမျှတစိတ်ရှိတဲ့လူတစ်ယောက် ဖြစ်ချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် နားလည်နိုင်ဖို့ သမီးကို လမ်းပြတော်မူပါ”လို့ပေါ့။
အဲဒီနောက်မှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုကို ဖြစ်စေ၏’ ဆိုသော လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တွင် ယုံကြည်မှုတစ်ခုရှိသည်။ ဤသည်မှာ မိတ်ဆွေကောင်းဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့မိတ်ဆွေ၏ ပြဿနာများကို ရှင်းရှင်းလင်းလင်း မြင်လျှင်ပင် နှုတ်ဆိတ်နေရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့၏ မျက်နှာကို မရိုက်ခြင်း သို့မဟုတ် သူတစ်ပါးတို့၏အားနည်းချက်များကို မဖော်ခြင်းဟူသော စည်းမျဉ်းများအတိုင်း လိုက်နာကြသည်။ ၎င်းတို့သည် အချင်းချင်း လှည့်စားကြသည်။ အချင်းချင်း ဖုံးကွယ်ကြပြီး အချင်းချင်း လျှို့ဝှက်ကြံစည်မှု ပြုလုပ်ကြသည်။ အခြားလူမှာ မည်သို့သောသူမျိုး ဖြစ်သည်ကို အလွန်ပင် ရှင်းလင်းစွာ သိသော်လည်း တဲ့တိုးမပြောကြဘဲ မိမိတို့၏ ဆက်ဆံရေးကို ထိန်းသိမ်းရန် စဉ်းလဲသော နည်းလမ်းများကို အသုံးချကြသည်။ ဤသို့သော ဆက်ဆံရေးများကို အဘယ်ကြောင့် ထိန်းသိမ်းချင်သနည်း။ ဤလူ့အဖွဲ့အစည်း၊ မိမိ၏အဖွဲ့အတွင်းတွင် ရန်သူများရှိအောင် မပြုလုပ်လိုခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်လျှင် မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေများ ကျရောက်စေခြင်း ဖြစ်သည်ဟု ဆိုလိုပေမည်။ တစ်စုံတစ်ဦးကို သူ၏ အားနည်းချက်များအား သင်ဖော်ပြီးနောက်၊ သို့မဟုတ် သူ့ကို နာကျင်အောင် လုပ်ပြီးနောက် ထိုသူသည် သင်၏ ရန်သူဖြစ်လာပြီး သင့်ကို အန္တရာယ်ပြုမည်ကို သိကာ သင်သည် ထိုအခြေအနေသို့ မကျရောက်လိုပါက ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟု ဆိုသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ် ယုံကြည်မှုကို သင် အသုံးချသည်။ ဤအရာအရ လူနှစ်ယောက်သည် ဤသို့သော ဆက်ဆံရေးတွင်ရှိလျှင် စစ်မှန်သည့်မိတ်ဆွေများအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) အချင်းချင်း၏ ယုံကြည်ရသူဖြစ်ဖို့မဆိုထားနှင့်၊ စစ်မှန်သော မိတ်ဆွေများမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ အတိအကျ မည်သည့်ဆက်ဆံရေးမျိုးဖြစ်သနည်း။ အခြေခံ လူမှုဆက်ဆံရေးတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့သော လူမှုဆက်ဆံရေးများတွင် လူတစ်ဦးနှင့် တစ်ဦးကြား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းများကို မလုပ်ဆောင်နိုင်သကဲ့သို့ လေးနက်သော ဆက်သွယ်မှုကို မရနိုင်ပေ။ ၎င်းတို့ ဆန္ဒရှိသလို မပြောနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာ၊ သို့မဟုတ် သူတစ်ပါးတို့တွင် ၎င်းတို့မြင်သော ပြဿနာများ၊ သို့မဟုတ် သူတစ်ပါးတို့အတွက် အကျိုးဖြစ်မည့်စကားများကို ၎င်းတို့ ထုတ်မပြောနိုင်ပေ။ ထိုအစား အခြားသူများ၏ မျက်နှာသာပေးခြင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြားကောင်းသော စကားများကို ရွေးပြောသည်။ အခြားသူများက ၎င်းတို့အပေါ် ရန်လိုသောအတွေးများ မဖြစ်လာစေရန် တားဆီးဖို့အလို့ငှာ ၎င်းတို့သည် အမှန်တရားအကြောင်း မပြောရဲကြပေ၊ သို့မဟုတ် စည်းမျဉ်းများကို မစောင့်ထိန်းရဲကြပေ။ တစ်စုံတစ်ဦးကို မည်သူကမျှ မခြိမ်းခြောက်နေသောအခါ ထိုသူသည် အတော်အတန် သက်သာ၊ အေးချမ်းစွာဖြင့် အသက်ရှင်ရသည် မဟုတ်လော။ ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့်ဆိုရိုးကို အားပေးမြှင့်တင်ဖို့မှာ လူတို့၏ ပန်းတိုင်မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ မိမိကိုယ်ကို ထိန်းသိမ်းခြင်းသည် ပန်းတိုင်ဖြစ်သော သတိထားရှောင်ခြင်း နည်းလမ်းတစ်မျိုးဖြင့် ကလိမ်ကကျစ်ကျပြီး လှည့်စားတတ်သည့် ရှင်သန်မှု နည်းလမ်းတစ်ခု ဖြစ်သည်မှာ ရှင်းသည်။ ဤသို့အသက်ရှင်ရာတွင် ယုံကြည်ရသူ မရှိပေ။ သူတို့နှစ်သက်သည့်အရာ မှန်သမျှကို ပြောနိုင်သည့် ရင်းနှီးသောမိတ်ဆွေများမရှိပေ။ လူတို့ကြားတွင် တစ်ဦးချင်းစီက ၎င်းတို့ လိုအပ်သည့်အရာကို ထိုပေါင်းသင်းဆက်ဆံရေးမှ ယူဆောင်ခြင်းဖြင့် အပြန်အလှန် သတိထားရှောင်ခြင်း၊ အပြန်အလှန် အသုံးချခြင်းနှင့် အပြန်အလှန် ကျိတ်ကြံစည်ခြင်းများ ရှိကြသည်။ ဤသို့မဟုတ်သလော။ ဤအရာ၏ အရင်းအမြစ်တွင် ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့် ပန်းတိုင်သည် သူတစ်ပါးတို့အား စိတ်ဆိုးအောင်ပြုလုပ်ပြီး ရန်သူများဖြစ်စေခြင်းကို တားဆီးရန်၊ မည်သူ့ကိုမျှ မထိခိုက်စေခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကိုမထိခိုက်အောင် ထိန်းသိမ်းရန် အကြင်သူ ခံယူသည့် နည်းပရိယာယ်နှင့် နည်းလမ်းဖြစ်သည်။ ယင်း၏အနှစ်သာရနှင့်ပတ်သက်သည့် ရှုထောင့်အချို့ကို ကြည့်သောအခါ ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့် လူတို့၏ သူတော်ကောင်းတရားမှ တောင်းဆိုမှုသည် မြင့်မြတ်သောအရာ ဖြစ်သလော။ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ထိုအရာက လူတို့ကို မည်သည့်အရာကို သင်ကြားပေးသနည်း။ မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်ဖြစ်အောင် သို့မဟုတ် နာကျင်အောင်မလုပ်ရပေ၊ သို့မဟုတ်လျှင် အဆုံး၌ နာကျင်ရမည်မှာ သင်ဖြစ်သည်ဟု သင်ကြားပေးခြင်းဖြစ်သည်။ ပြီးလျှင် မည်သူ့ကိုမျှ မယုံသင့်ဟု သင်ကြားပေးခြင်းလည်းဖြစ်သည်။ သင်သည် သင်၏ သူငယ်ချင်းကောင်းများထဲမှ တစ်စုံတစ်ယောက်ကို နာကျင်စေလျှင် ခင်မင်ရင်းနှီးမှုက တိတ်ဆိတ်စွာ စတင်ပြောင်းလဲလာမည်။ ၎င်းတို့သည် သင်၏ ကောင်းသော၊ ရင်းနှီးသောသူငယ်ချင်းဖြစ်ရာမှ လူစိမ်းတစ်ယောက်အဖြစ်သို့၊ သို့မဟုတ် ရန်သူတစ်ယောက်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။ လူတို့ကို ထိုသို့ပြုမူဆောင်ရွက်ရန် သင်ကြားပေးခြင်းအားဖြင့် မည်သည့်ပြဿနာများကို ဖြေရှင်းပေးနိုင်သနည်း။ သင်သည် ဤသို့ပြုမူလုပ်ဆောင်ခြင်းအားဖြင့် ရန်သူများမရှိဘဲ အချို့ရန်သူများပင် ပပျောက်သွားလျှင် လူတို့က သင့်အား လေးစားပြီး ထောက်ခံမည်လော။ သင့်အား မိတ်ဆွေအဖြစ် အစဉ်ထားရှိမည်လော။ ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအတွက် စံနှုန်းကို အပြည့်အဝရရှိသလော။ အများဆုံးအနေဖြင့် ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခုထက် မပိုပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားချင့်ချိန်ရင်း ကျွန်မ ဘာလို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့တာလဲ၊ သူတစ်ပါးရဲ့ ပြဿနာတွေကို ထောက်ပြဖို့ ဘာလို့ မရဲခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကို နားလည်သွားတယ်။ ဒါတွေအားလုံးဟာ စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ ဥပဒေသတွေက ကျွန်မရဲ့စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေလို့ပါပဲ။ ကျွန်မ ငယ်ငယ်ကတည်းက မိဘတွေက “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်”၊ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏”ဆိုတာနဲ့ “ပွင့်လင်းခြင်းသည် အခြားသူများကို စိတ်အနှောင့်အယှက် ဖြစ်စေသဖြင့် အခြားသူများ၏ခံစားချက်များ၊ ဆင်ခြင်တုံတရားများနှင့် သဟဇာတဖြစ်ရန် ကောင်းသော စကားများကို ပြောပါ” ဆိုတာတွေကို သင်ပေးခဲ့တယ်။ သူတို့က ကျွန်မကို သူများတွေနဲ့ ဆက်ဆံတဲ့အခါ အရမ်းကို သတိထားပြီး အမြော်အမြင်ရှိဖို့၊ သူများတွေရဲ့ ပြဿနာတွေကို ဘယ်တော့မှ တဲ့တိုး မဖော်ထုတ်ဖို့ သူတို့ကို စိတ်ဆိုးအောင်လုပ်မိမှာနဲ့ သူတို့ရဲ့ လက်စားချေတာ၊ အန္တရာယ်ပြုတာကို ခံရမှာကို ရှောင်ဖို့ သင်ပေးခဲ့တယ်။ ကျွန်မက ဒီအတွေးအခေါ်အမြင်တွေအတိုင်း အမြဲတမ်း အသက်ရှင်နေထိုင်ခဲ့တယ်။ ကျောင်းတက်တုန်းက ကျွန်မနဲ့ တစ်ခုံတည်းထိုင်တဲ့ သူငယ်ချင်းက ဗိုလ်ကျပြီး ခြယ်လှယ်လွန်းတာကို မြင်ပေမဲ့ သူ့ကို စိတ်ဆိုးအောင်လုပ်မိမှာ ကြောက်လို့ သူ့ပြဿနာတွေကို ဘယ်တော့မှ မထောက်ပြခဲ့ဘူး။ စိတ်ထဲရှိတာနဲ့ ဆန့်ကျင်တဲ့စကားတွေပြောပြီး သူ့ကိုတောင် လှည့်စားခဲ့သေးတယ်။ ဘုရားကို စယုံကြည်ပြီးတဲ့နောက် ကျွန်မနဲ့ ကလိုအီ ကျွန်မတို့ရဲ့တာဝန်တွေကို အတူတူထမ်းဆောင်ခဲ့ကြတယ်။ သူက သူ့တာဝန်ကို ဝတ်ကျေတမ်းကျေလုပ်နေပြီး အပျက်သဘောဆောင်တာတွေ ဖြန့်ဝေတဲ့အပြင် သူတစ်ပါး တာဝန်ထမ်းဆောင်တာကို နှောင့်ယှက်နေမှန်း ကျွန်မ ကောင်းကောင်းသိနေပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် သူ့ပြဿနာတွေကို ဘယ်တော့မှ ဖော်ထုတ်ဖို့၊ စိတ်ဖြာလေ့လာဆွေးနွေးဖို့ ဆန္ဒမရှိခဲ့ဘူး။ အဲလစ်က စုဝေးပွဲတွေမှာ မိတ်သဟာယပြုရင် ခဏခဏ စကားလမ်းကြောင်းလွဲသွားပြီး သူတစ်ပါးကိုတောင် အပြစ်တင်ဝေဖန်တတ်တာကို ကျွန်မ သတိထားမိတယ်။ ဒါပေမဲ့ သူက ကျွန်မကို လက်စားချေမှာ၊ အပြစ်တင်ဝေဖန်မှာကို ကြောက်လို့ သူ့ပြဿနာတွေကို ဘယ်တော့မှ စိစစ်ပေးဖို့ ဆန္ဒမရှိခဲ့တော့ သူ အသင်းတော်အသက်တာကို နှောင့်ယှက်နေတာကို ဘေးကနေ ထိုင်ကြည့်နေခဲ့တယ်။ စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ ဥပဒေသတွေအတိုင်း အသက်ရှင်နေထိုင်ရင်းနဲ့ ကျွန်မဟာ ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်လာတယ်၊ သူတစ်ပါးနဲ့ ဆက်ဆံရာမှာ စစ်မှန်ရိုးသားမှု လုံးဝ မရှိတော့ဘူး။ အပေါ်ယံမှာတော့ ကျွန်မက ကြင်နာတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး ကလိုအီနဲ့ အဲလစ်နဲ့လည်း ကောင်းကောင်းမွန်မွန် ပေါင်းသင်းဆက်ဆံခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြဿနာတွေကို မြင်တဲ့အခါ ကျွန်မက သူတို့ကို ဘာအကူအညီမှ မပေးခဲ့ဘူး၊ သူတို့အပေါ်မှာ စစ်မှန်တဲ့ မေတ္တာ တစ်စက်မှ မပြခဲ့ဘူး။ သူတို့အပေါ် ကျွန်မရဲ့ ကြင်နာမှုအားလုံးဟာ အတုအယောင်နဲ့ ကြောင်သူတော်ဆန်တာတွေချည်းပဲ၊ ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးကို ထိန်းသိမ်းပြီး သူတို့ ကျွန်မနဲ့ သဟဇာတဖြစ်အောင် ပေါင်းသင်းဆက်ဆံဖို့ပဲ ရည်ရွယ်ခဲ့တယ်။ ကျွန်မဟာ တကယ်ကို ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်ခဲ့တာပါပဲ။ စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ ဥပဒေသတွေအတိုင်း အသက်ရှင်နေထိုင်ရင်းနဲ့ ကျွန်မရဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားတွေ ဆုံးရှုံးသွားခဲ့တာ ကြာပြီဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်၊ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး ကြောက်တတ်တဲ့သူ ဖြစ်လာခဲ့တယ်၊ ဘုမသိဘမသိနဲ့ စာတန်ရဲ့ ကြံရာပါနဲ့ အကာအကွယ်ပေးသူ ဖြစ်လာခဲ့တယ်။ ကျွန်မသာ ဒီအတိုင်းဆက်သွားပြီး မပြောင်းလဲဘူးဆိုရင် ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကို သေချာပေါက် ခံရမှာပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟူသော ဆိုရိုးစကားတွင် ‘ဖော်’ ဆိုသည့်စကားသည် ကောင်းသလော၊ ဆိုးသလော။ ‘ဖော်’ ဆိုသည့် စကားသည် ဘုရားနှုတ်ကပတ်တော်အတွင်းတွင် လူတို့ ထုတ်ဖော်ခံရခြင်း၊ သို့မဟုတ် ဖွင့်ပြခံရခြင်းကို ရည်ညွှန်းသည့် အဆင့်တွင်ရှိသလော။ (မရှိပါ။) လူသား၏ ဘာသာစကားတွင် တည်ရှိသည့်ပုံစံအရ ‘ဖော်’ ဟူသည့် စကားအပေါ် ငါ၏ နားလည်မှုတွင် ယင်းကို မဆိုလိုပေ။ ယင်း၏ အနှစ်သာရသည် အတော်အတန် မလိုမုန်းထားသော ပုံစံတစ်ခုဖြင့် ဖော်ထုတ်ခြင်းဖြစ်သည်။ ယင်းသည် လူတို့၏ ပြဿနာများနှင့် ချို့ယွင်းချက်များ၊ သို့မဟုတ် သူတစ်ပါးတို့မသိသည့် အချို့သောအရာများနှင့် အပြုအမူများ၊ သို့မဟုတ် နောက်ကွယ်တွင် လုပ်ဆောင်နေသည့် အချို့သော ကြံစည်မှု၊ အယူအဆ၊ သို့မဟုတ် အမြင်များအား ထုတ်ဖော်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ ‘သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသော ဆိုရိုးစကားတွင်ရှိသော ‘ဖော်’ ဟူသော စကား၏ အဓိပ္ပာယ်ဖြစ်သည်။ လူနှစ်ယောက်သည် ဆက်ဆံရေးကောင်းစွာအဆင်ပြေပြီး အတွင်းရေးများကို ပြောဆိုကြသောသူများဖြစ်ကာ ၎င်းတို့ကြားတွင် မည်သည့်အတားအဆီးမျှ မရှိလျှင်၊ ၎င်းတို့တစ်ဦးချင်းစီက အချင်းချင်းအပေါ် အကျိုးဖြစ်စေပြီး အကူအညီဖြစ်စေဖို့ မျှော်လင့်လျှင် အတူတကွထိုင်ပြီး ပွင့်လင်းစွာ၊ ရိုးသားစွာဖြင့် အချင်းချင်း၏ ပြဿနာများကို ချပြခြင်းက ၎င်းတို့အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သည်။ အခြားလူများ၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်ပေ။ သင်သည် အခြားလူတစ်ယောက်၏ ပြဿနာကို မြင်တွေ့သော်လည်း ထိုသူသည် သင်၏ အကြံကို လက်မခံနိုင်သေးသည်ကို မြင်လျှင် စကားများခြင်း၊ ပဋိပက္ခဖြစ်ခြင်းကို ရှောင်ကြဉ်ရန် မည်သည့်အရာကိုမျှ မပြောနှင့်။ သင်သည် ထိုသူကို ကူညီလိုလျှင် သူ၏ အမြင်ကို သိအောင်ပြုလုပ်ပြီး သူ့အား ရှေးဦးစွာ မေးလော့။ ‘မင်းမှာ ပြဿနာ နည်းနည်းရှိနေတာကို ငါသိတယ်။ မင်းကို အကြံနည်းနည်း ပေးဖို့ ငါ ဆန္ဒရှိတယ်။ မင်း လက်ခံနိုင်မလားဆိုတာ ငါမသိပါဘူး။ လက်ခံမယ်ဆိုရင် ငါပြောပြမယ်။ လက်မခံရင် လောလောဆယ် ဒီတိုင်းထားလိုက်ပြီး ဘာမှ မပြောတော့ဘူး’ ဟူ၍ ဖြစ်သည်။ ထိုသူက ‘ငါ မင်းကို ယုံတယ်။ မင်းပြောစရာ ဘာပဲရှိရှိ အလွန်အကျွံဖြစ်မှာမဟုတ်ဘူး။ ငါ လက်ခံနိုင်ပါတယ်’ ဟု ပြောလျှင် သင်က ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် သဘောဖြစ်သည်။ ထို့နောက် သူ၏ ပြဿနာများကို သူ့အား တစ်ခုချင်း ပြောပြနိုင်သည်။ သူသည် သင်ပြောသည့်အရာကို အပြည့်အဝ လက်ခံမည်သာမက ယင်းမှနေ အကျိုးဖြစ်လိမ့်မည်။ သင်တို့နှစ်ယောက်သည် ပုံမှန် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ဆဲ ဖြစ်လိမ့်မည်။ ဤသည်မှာ ရိုးသားစစ်မှန်မှုဖြင့် အချင်းချင်း ဆက်ဆံခြင်းမဟုတ်လော။ (ဟုတ်သည်။) ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းအတွက် မှန်ကန်သော နည်းလမ်းဖြစ်သည်။ သူတစ်ပါးတို့၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်ပေ။ ယခုဆွေးနွေးနေသည့် ဆိုရိုးစကားအရ ‘သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်ခြင်း’ ဆိုသည်မှာ မည်သို့အဓိပ္ပာယ်ရသနည်း။ သူတစ်ပါးတို့၏ ချို့ယွင်းချက်များကို မပြောခြင်း၊ သူတစ်ပါးတို့၏ မပြောအပ်ဆုံးသော ပြဿနာများကို မပြောခြင်း၊ သူတစ်ပါးတို့၏ ပြဿနာများ၏ အနှစ်သာရကို မဖော်ထုတ်ခြင်း၊ ဖော်ထုတ်ရာတွင် အလွန်ပင် ပြောင်ပြောင်တင်းတင်း မဖြစ်ခြင်းကို ဆိုလိုသည်။ အပေါ်ယံအဆင့် မှတ်ချက်များကိုသာ ပေးခြင်း၊ လူအားလုံးက အပြောများသည့်အရာများကိုသာ ပြောခြင်း၊ ထိုသူကိုယ်၌က မြင်နိုင်ပြီးဖြစ်သည့်အရာများကို ပြောဆိုခြင်း၊ ထိုသူက ယခင်က ပြုလုပ်ခဲ့သောအမှားများ၊ သို့မဟုတ် ထိခိုက်လွယ်သော ပြဿနာများကို ဖွင့်မပြခြင်းတို့ကို ဆိုလိုသည်။ သင်သည် ဤသို့ လုပ်ဆောင်လျှင် ထိုသူအတွက် မည်သို့ အကျိုးဖြစ်သနည်း။ သင်သည် ထိုသူကို စိတ်မကျေမနပ်မဖြစ်စေခြင်း၊ သို့မဟုတ် သူနှင့် ရန်သူမဖြစ်ခြင်းတို့ ရှိကောင်းရှိမည်။ သို့သော် သင်လုပ်ဆောင်သည့်အရာသည် ထိုသူအား မည်သို့မျှ အကူအညီမပေးပေ၊ သို့မဟုတ် ထိုသူအတွက် အကျိုးမဖြစ်ပေ။ ထို့ကြောင့် ‘သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့် စကားကိုယ်၌က တိမ်းရှောင်ခြင်းဖြစ်ပြီး လူတို့ အချင်းချင်း ဆက်ဆံရာတွင် ရိုးသားစစ်မှန်မှုကို ခွင့်မပြုသော လှည့်စားမှု ပုံစံတစ်ခုဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် မကောင်းသော ရည်ရွယ်ချက်များကို ထားရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် မှန်ကန်သော နည်းလမ်းမဟုတ်ပေ။ ဘာသာတရားမရှိသူများက ‘သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည်ကို မြင့်မြတ်သော ကိုယ်ကျင့်တရားရှိသူတစ်ယောက်က လုပ်ဆောင်သင့်သည့်အရာဟုပင် မြင်ကြသည်။ ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် လှည့်စားသည့် ပုံစံတစ်ခုဖြစ်သည်မှာ ရှင်းသည်။ ယင်းကို လူတို့က မိမိကိုယ်ကို ကာကွယ်ရန်အတွက် ခံယူကျင့်သုံးခြင်းဖြစ်သည်။ ဆက်ဆံရာတွင် သင့်တင့်လျောက်ပတ်သောနည်းလမ်း လုံးဝ မဟုတ်ပေ။ သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်ခြင်းကိုယ်၌က မရိုးသားခြင်းဖြစ်သည်။ သူတစ်ပါးတို့၏ အားနည်းချက်များကို ဖော်ခြင်းတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်တစ်ခု ရှိနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)) “ဘုရားသခင် ရွေးချယ်ထားသောလူများသည် အနည်းဆုံးအားဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သင့်ပြီး၊ ဘုရားသခင်က လူတို့ထံမှ တောင်းဆိုသည့် စည်းမျဉ်းများနှင့် စံနှုန်းများအတိုင်း အခြားသူများနှင့် အပြန်အလှန်ဆက်ဆံသင့်သည်၊ ပေါင်းသင်းကာ အတူတကွ အလုပ်လုပ်သင့်ကြပေသည်။ ဤသည်မှာ အကောင်းဆုံးသော လုပ်နည်းကိုင်နည်း ဖြစ်သည်။ ဤအရာက ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ သို့ဆိုလျှင် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား စည်းမျဉ်းများမှာ အဘယ်နည်း။ ယင်းမှာ လူတို့က အခြားသူများ အားနည်းပြီး အပျက်သဘောဆောင်သည့်အခါ နားလည်ပေးခြင်း၊ ၎င်းတို့၏ နာကျင်မှုနှင့် အခက်အခဲများကို ထောက်ထားခြင်း၊ ထို့နောက် ဤအရာများအကြောင်းကို မေးမြန်းခြင်း၊ အကူအညီနှင့် အားပေးမှုကို ပေးခြင်း၊ ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရာတွင် ကူညီရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အား ဖတ်ပြခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်စေပြီး အားနည်းခြင်းကို ရပ်တန့်နိုင်စေခြင်းနှင့် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ဆောင်ကြဉ်းပေးခြင်းတို့ ဖြစ်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသည် မဟုတ်လော။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။ ပင်ကိုအားဖြင့်၊ ဤ ဆက်ဆံရေးမျိုးများသည် သမ္မာတရား စည်းမျဉ်းများနှင့် သာ၍ပင် ကိုက်ညီလေသည်။ လူတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို တမင်တကာ ဖြစ်စေသည့်အခါ၊ သို့မဟုတ် မိမိတို့၏ တာဝန်ကို တမင်တကာ ဝတ်ကျေတမ်းကျေပုံစံဖြင့် လုပ်ဆောင်သည့်အခါ၊ အကယ်၍ သင်သည် ဤအရာကို မြင်ပြီး ဤအရာများကို ၎င်းတို့ထံ ထောက်ပြနိုင်လျှင်၊ ၎င်းတို့ကို အပြစ်ဖော်ဆုံးမပြီး စည်းမျဉ်းများအတိုင်း ကူညီနိုင်လျှင်၊ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။ အကယ်၍ သင်သည် ၎င်းတို့၏ အပြုအမူကို မသိကျိုးကျွန်ပြုလျှင် သို့မဟုတ် ဖြစ်ခွင့်ပြုပြီး ၎င်းတို့အတွက် ဖုံးကွယ်ပေးကာ၊ ၎င်းတို့ကို ချီးမွမ်းဂုဏ်ပြုရန် ကောင်းသောစကားများ ပြောဆိုသည်အထိပင် ပြုလုပ်လျှင်၊ လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းနှင့် ပြဿနာများကို ဖြေရှင်းခြင်းတို့နှင့်ဆိုင်သည့် ဤနည်းလမ်းများသည် သမ္မာတရား စည်းမျဉ်းများနှင့် သိသာထင်ရှားစွာပင်ဆန့်ကျင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အခြေခံခြင်း မရှိပေ။ သို့ဖြစ်၍ လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းတို့နှင့်ဆိုင်သည့် ဤနည်းလမ်းများသည် သိသာထင်ရှားစွာပင် လျော်ကန်ခြင်းမရှိသည့်အပြင်၊ ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း စိတ်ဖြာလေ့လာဆွေးနွေးပြီး ပိုင်းခြားသိမြင်ခြင်းမပြုပါက ဤအရာကို သိရှိရန် အမှန်တကယ် မလွယ်ကူပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၄)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ စိတ်ထဲက အကျိတ်အခဲကို ဖြေပေးလိုက်တယ်။ အရင်က ကျွန်မက သူတစ်ပါးရဲ့ ပြဿနာတွေနဲ့ ချို့ယွင်းချက်တွေကို ထောက်ပြတာဟာ သူတို့ရဲ့ အားနည်းချက်တွေကို ဖော်ထုတ်တာပဲ၊ သူတို့ကို နာကျင်စေလိမ့်မယ်လို့ ထင်ခဲ့တယ်။ အခုတော့ ကျွန်မ နားလည်သွားပြီ၊ တစ်စုံတစ်ယောက်က သူ့တာဝန်ကို ဝတ်ကျေတမ်းကျေလုပ်နေတာ ဒါမှမဟုတ် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေတာကို တွေ့ရှိခဲ့ရင် ကျွန်မတို့က စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ပြီး သူတို့ရဲ့ ပြဿနာတွေကို အချိန်မီ ထောက်ပြသင့်တယ်၊ လိုအပ်တဲ့အခါ သူတို့ကို ပြုပြင်လို့ရတယ်။ ကျွန်မတို့က မာရေကျောရေနဲ့ ပြောဆိုရင်တောင်မှ ပြောတဲ့စကားက အချက်အလက်တွေနဲ့ ကိုက်ညီနေသရွေ့၊ ပြီးတော့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က သူတို့ကို ကူညီဖို့နဲ့ အသင်းတော်အလုပ်ကို ကာကွယ်ဖို့ဖြစ်နေသရွေ့ ဒါတွေအားလုံးဟာ အပြုသဘောဆောင်တဲ့အရာတွေချည်းပဲ၊ သမ္မာတရားကို လက်ခံတဲ့လူတွေကလည်း ဒါကို မှန်မှန်ကန်ကန် သဘောထားနိုင်ကြတယ်။ ပြုပြင်ပြီးတဲ့နောက်မှာ သူတို့က လက်မခံဘူး၊ နောင်တမရဘူးဆိုရင် ကျွန်မတို့က သူတို့အကြောင်းကို အထက်ပိုင်းခေါင်းဆောင်တွေဆီ တိုင်ကြားလို့လည်းရတယ်။ ဒါက သူတို့ရဲ့အားနည်းချက်တွေကို ဖော်ထုတ်တာမဟုတ်ဘူး၊ နောက်ကျောကို ဓားနဲ့ထိုးတာလည်း မဟုတ်ဘူး။ ဒါက အသင်းတော်အလုပ်ကို ကာကွယ်နေတာဖြစ်တယ်။ တစ်စုံတစ်ယောက်ရဲ့ အားနည်းချက်တွေကို ဖော်ထုတ်တယ်ဆိုတာက မသမာတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာ၊ သူတို့အပေါ် အမြင်စောင်းတာနဲ့ ရန်လိုမုန်းတီးမှုတွေနဲ့လုပ်တာဖြစ်တယ်။ ဒါက သူတို့ရဲ့ အသေးစား ပြဿနာလေးတွေကိုပဲ မဲပြီး ပုံကြီးချဲ့တာ၊ သူတို့ကို လှောင်ပြောင်တာ၊ သေးသိမ်စေတာ၊ သရော်တာ၊ တမင်တကာ နာကျင်အောင်လုပ်တာဖြစ်တယ်။ ဒါက သူတို့ကို ဘာတည်ဆောက်စရာ၊ ဘာအကျိုးကျေးဇူးမှ မပေးနိုင်တဲ့အပြင် သူတို့ကို အပျက်သဘောဆောင်ပြီး စိတ်ဆင်းရဲအောင်ပဲ လုပ်နိုင်တယ်။ လူတစ်ယောက်ရဲ့ အားနည်းချက်တွေကို ဖော်ထုတ်တယ်ဆိုတာ ဒါကိုပြောတာ။ ကျွန်မကိုယ်တိုင်လည်း စိတ်ထဲမှာ မှားယွင်းတဲ့အမြင်တစ်ခုရှိခဲ့တယ်၊ သူတစ်ပါးရဲ့ ပြဿနာတွေကို ခေါင်းဆောင်တွေဆီ တိုင်ကြားတာဟာ မလိုမုန်းထားတဲ့ စွပ်စွဲတာတွေလုပ်တာ၊ နောက်ကျောကို ဓားနဲ့ထိုးတာလို့ ယုံကြည်ခဲ့တယ်။ တကယ်တော့ ပြဿနာတွေကို တွေ့ရှိတဲ့အခါ အချိန်မီ တိုင်ကြားတာဟာ အသင်းတော်အလုပ်ကို ကာကွယ်နေတာပဲ။ ဒါက လူတွေ ကောင်းကောင်း ဖြည့်ဆည်းသင့်တဲ့ တာဝန်တစ်ခုဖြစ်တယ်။ နောက်ကျောကို ဓားနဲ့ထိုးတာ ဒါမှမဟုတ် မလိုမုန်းထားတဲ့ စွပ်စွဲမှုတွေလုပ်တယ်ဆိုတာက အချက်အလက်တွေကို လိုရာစွဲပြောပြီး အခြေအမြစ်မရှိတဲ့ ကောလာဟလတွေဖြန့်တဲ့အပြင် အဲဒီလူကို နောက်ကွယ်မှာ အသရေဖျက်တာပဲ။ ဒါက ကိုယ့်ရဲ့ စက်ဆုပ်စရာကောင်းတဲ့ ပန်းတိုင်တွေရောက်ဖို့အတွက် သူတစ်ပါးကို နှိပ်စက်ဖို့ ရည်ရွယ်တာဖြစ်တယ်။ ဒီအချိန်မှာ အဲလစ်ရဲ့ မိတ်သဟာယက စုဝေးပွဲတွေမှာ အကြောင်းအရာလွဲသွားပြီး သူက သူများတွေကို ခဏခဏ အပြစ်တင်ဝေဖန်တတ်တာကို ကျွန်မ တွေ့ရှိခဲ့တယ်။ တခြားညီအစ်မတွေကလည်း ဒါက အဲလစ်ရဲ့ တစ်သမတ်တည်းဖြစ်တဲ့ အပြုအမူပဲ၊ ဒီအကြောင်းနဲ့ပတ်သက်ပြီး မိတ်သဟာယတွေ အကြိမ်ကြိမ်လုပ်ပြီးတာတောင် သူက အခုထိ မပြောင်းလဲသေးဘူးလို့ ပြောကြတယ်။ ကျွန်မက သူ့ပြဿနာတွေကို ထောက်ပြသင့်ခဲ့တယ်၊ ပြီးတော့ သူ့အခြေအနေကို ခေါင်းဆောင်တွေ အချိန်မီ နားလည်ပြီး သူ့အပြုအမူအပေါ်မူတည်ပြီး သင့်တော်တဲ့ စီစဉ်မှုတွေလုပ်နိုင်အောင်လို့ သူတို့ဆီကို အမြန်ဆုံး တိုင်ကြားသင့်ခဲ့တယ်။ ဒါမှသာ အသင်းတော်အသက်တာ နှောင့်ယှက်မခံရအောင် သေချာစေနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းပဲ။
စုဝေးပွဲတစ်ခုပြီးတဲ့နောက် ကျွန်မက ဘုရားနှုတ်ကပတ်တော်နဲ့ဆက်စပ်ပြီး အဲလစ်ရဲ့ ပြဿနာတွေကို ထောက်ပြခဲ့တယ်၊ စုဝေးပွဲတွေမှာ သူက သူတစ်ပါးကို အပြစ်တင်ဝေဖန်တဲ့ပုံစံဟာ အသင်းတော်အသက်တာကို နှောင့်ယှက်နေတယ်ဆိုတာကို ဖော်ထုတ်ခဲ့တယ်။ အစပိုင်းမှာတော့ အဲလစ်က လက်မခံခဲ့ဘူး၊ ဒါပေမဲ့ တခြားညီအစ်မတွေကပါ သူ့ပြဿနာတွေအပေါ် မိတ်သဟာယပြုပြီး စိစစ်တဲ့အခါမှာတော့ သူက အင်တင်တင်နဲ့ ဝန်ခံခဲ့တယ်။ သူက ငိုတောင်ငိုပြီး ဒါက တကယ်ပဲ သူ့ပြဿနာပါလို့ ပြောခဲ့တယ်။ မကြာပါဘူး၊ သူက ညီအစ်မတစ်ယောက်ရှေ့မှာ သူများတွေကို နောက်တစ်ခါ အပြစ်တင်ဝေဖန်နေပြန်တယ်ဆိုတာကို ကျွန်မ သိလိုက်ရလို့ သူ့အခြေအနေကို အသင်းတော်ခေါင်းဆောင်တွေဆီ တိုင်ကြားလိုက်တယ်။ ခေါင်းဆောင်တွေက သူ့ပြဿနာတွေကို ဖော်ထုတ်ပြီး စိစစ်ခဲ့တယ်၊ အဲဒီအချိန်ကစပြီး သူက သူတစ်ပါးကို အပြစ်တင်ဝေဖန်တဲ့ပုံစံမျိုးနဲ့ ပြုမူတာကို ကျွန်မ ဘယ်တော့မှ မတွေ့ရတော့ဘူး။ သမ္မာတရားတချို့ကို လက်တွေ့လုပ်ဆောင်နိုင်အောင် လမ်းပြပေးခဲ့လို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ စိတ်နှလုံးက အရမ်းကို အေးချမ်းနေတယ်လို့ ခံစားရတယ်။ ကျွန်မကို ဒီလိုပြောင်းလဲမှုတွေရအောင် ဦးဆောင်ပေးခဲ့တာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါပဲ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ရွှင်ချို နယ်သာလန်နိုင်ငံ ပြီးခဲ့တဲ့နှစ် မေလတုန်းက လူသစ်တွေ ရေလောင်းတာကို ကျွန်မ ကြီးကြပ်ရတယ်။ ဒါက အတော်အတန် လွယ်တဲ့အလုပ်လို့ အရင်က...
သင်းလိ အမေရိကန်နိုင်ငံ အစ်မ ဘာဘရာနဲ့ ကျွန်မက သိတာ နှစ်နှစ်ရှိပြီ။ တော်တော်ကောင်းတဲ့ ခင်မင်နားလည်မှုကို တည်ဆောက်ခဲ့ကြတယ်။ ကျွန်မတို့...
ဟောင်ကျန့် တရုတ်နိုင်ငံကျွန်တော်က ကံကြွေးချစနစ်နှင့် ရှုပ်ထွေးသည့် လူမှုဆက်ဆံရေးများရှိသည့်၊ ဆင်းရဲပြီး ခေတ်နောက်ကျနေသည့် ရွာတစ်ရွာက...
လီယျူရီ တရုတ်နိုင်ငံကျွန်မ ယုံကြည်သူမဖြစ်မီက အခြားလူများကို မစော်ကားမိစေဖို့ အမြဲတမ်း ဂရုစိုက်ခဲ့ပြီး လူတိုင်းနှင့် အဆင်ပြေသည်။...