ကျွန်မ လူ့အကြိုက်လိုက်သူ မဟုတ်တော့ပါ

03.04.2026

တရုတ်ပြည်မှ ကျန့်ကျင်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ အသင်းတော် သုံးလေးပါးရဲ့ ရေလောင်းတဲ့အလုပ်ကို ကြီးကြပ်ဖို့ ခေါင်းဆောင်တွေက ကျွန်မကို စီစဉ်ပေးခဲ့တယ်။ အစ်ကို လင်းဟိုင်က ကြီးကြပ်ရေးမှူးပေါ့။ ကျွန်မတို့အလုပ်ကို ကြီးကြပ်ပြီး လိုက်စစ်တာအပြင် တခြားအသင်းတော်တချို့ရဲ့ ရေလောင်းတဲ့ အလုပ်ကိုလည်း သူတာဝန်ယူရတယ်။ လင်းဟိုင်နဲ့ စပြီးအလုပ်လုပ်တုန်းက သူ့တာဝန်မှာ ဝန်တာထားတာကို ကျွန်မ တွေ့ခဲ့ရတယ်၊ သူက ချက်ချင်း နောက်ဆက်တွဲလုပ်ပေးပြီး ယုံကြည်သူသစ်တွေမှာရှိတဲ့ ပြဿနာတစ်ခုတလေကို ဖြေရှင်းပေးတယ်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ယုံကြည်သူအသစ်တွေကြားထဲက အဖြစ်များတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အသင်းတော်တွေကို ဆက်သွယ်ပြောဆိုတဲ့ စာတစ်စောင် ကျွန်မတို့ ပို့ခဲ့တယ်။ ပြီးတော့ ရေလောင်းသူတွေ ဖြစ်ဖို့ မသင့်တော်တဲ့ ဝန်ထမ်းတွေကို ချက်ချင်း တာဝန်ပြန်ပြင်ဆင်ဖို့ ကျွန်မတို့ လိုက်လုပ်ပေးခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မတို့ရဲ့ အလုပ်အကောင်အထည်ဖော်မှုကို လင်းဟိုင်က လိုက်မလုပ်နိုင်ရုံမက၊ သူတာဝန်ယူတဲ့ အသင်းတော်တွေကိုလည်း လိုက်မလုပ်ပေးတဲ့အပြင် ရေလောင်းသူတွေကိုလည်း အချိန်မီ တာဝန်ပြန်ပြင်ဆင်တာ မလုပ်ရသေးတာကို ကျွန်မတို့ သိခဲ့ရတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “သူ အခုတလော နေမကောင်းဖြစ်နေတာလား။ သွေးတိုးပြန်တက်နေတာလား။ ရောဂါဖြစ်နေတုန်းဖြစ်ပြီး သူ့တာဝန်မှာ သူ ဝန်တာမထားနိုင်တာများလား။ ငါသူ့ကို သတိပေးသင့်တယ်ထင်တယ်။ ဒါပေမဲ့ ငါက တဲ့တိုးကြီး ပြောလိုက်ရင် ငါက သူ့ကို မထောက်ထားဘူးလို့ သူပြောမလား။ ဒါ့အပြင် ငါက အဖွဲ့သားတစ်ယောက်ပဲလေ။ သူ့ပြဿနာတွေကို ငါ တိုက်ရိုက် ထောက်ပြလိုက်ရင်၊ သူ မျက်နှာပျက်ပြီး ငါ့ကို အငြိုးထားမလား။ အဲဒါက ငါတို့ကြားမှာ တင်းမာမှုဖြစ်စေရင် ဘယ်လိုလုပ်မလဲ။ အဲဒီနောက်ပိုင်းမှာ ပူးပေါင်းဆောင်ရွက်ရတာ ဘယ်လောက် ကသိကအောက်ဖြစ်လိုက်မလဲနော်” ပေါ့။ ဒါပေမဲ့ နောက်တောံ အလုပ်တွဲဖက်လုပ်သူတွေက အချင်းချင်း ကြီးကြပ်ပြီး သတိပေးသင့်တယ်လို့ ဘုရားသခင် မိတ်သဟာယပြုထားတာကို ကျွန်မ ပြန်သတိရတယ်။ သူ့ပြဿနာတွေကို မြင်ရက်နဲ့ ဘာမှမပြောဘဲနေတာက မမှန်ဘူးလို့ ခံစားရတယ်။ ဒါနဲ့ သူ လိုက်လုပ်ဖို့ လိုတဲ့ အလုပ်တွေနဲ့ ရေလောင်းသူ လိုအပ်နေတဲ့ အသင်းတော်စာရင်းကို သူ့ကိုပေးလိုက်ပြီး အဲဒီကိစ္စတွေကို လိုက်လုပ်ဖို့ သတိပေးလိုက်တယ်။ ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်တာ၊ တာဝန်မဲ့တာတွေရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေအကြောင်း သူ့ကို နဂိုက ကျွန်မ ပြောပြချင်ပေမဲ့ အဲဒီလိုပြောလိုက်တာက သူ့ကို စိတ်အနှောင့်အယှက်ပေးပြီး အနာဂတ်မှာ ဆက်ဆံရေးအဆင်ပြေဖို့ ပိုခက်သွားမှာကို စိုးရိမ်မိတယ်။ ဒါကြောင့် သူ့ရဲ့ လတ်တလော ကျန်းမာရေးကိုပဲ မေးလိုက်ပြီး တွဲဖက်အချင်းချင်း ကြီးကြပ်မှု၊ သတိပေးချက်တွေနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော် အပိုဒ်တချို့ကို ရှာပြီး သူ့ကိုပြလိုက်တယ်။ ဒီလိုဆိုရင် ကျွန်မက တမင်သက်သက် အပြစ်ရှာနေတာမဟုတ်ဘဲ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ဖို့ ကြိုးစားနေတယ်ဆိုတာကို သူသိသွားပြီး ကျွန်မအပေါ် အမြင်စောင်းမှာ မဟုတ်ဘူးပေါ့။ အံ့ဩစရာကတော့ လင်းဟိုင်က “ကောင်းပြီ” ဆိုတဲ့ စကားနှစ်လုံးပဲ ပြန်ပြောခဲ့တယ်။ သူ့ကိုယ်ပိုင် ပြဿနာတွေကို သတိပြုမိတဲ့အကြောင်း ဘာမှမပြောဘူး။ အဲဒီနောက်ပိုင်း အသင်းတော်တွေမှာ ရေလောင်းသူတွေကို တာဝန်ပြန်ပြင်ဆင်တာ သူ လိုက်မလုပ်တဲ့အပြင်၊ ကျွန်မတို့အလုပ်ကိုလည်း လိုက်မစစ်ဘူး၊ မကြီးကြပ်ဘူး။ အဲဒီအကြောင်း ထပ်ပြောဖို့ ကျွန်မ တွေးမိပေမဲ့ သူနောက်ဆုံးစာပြန်တုန်းက ဘယ်လောက် ချိုးနှိမ်ပြီးပြောခဲ့လဲဆိုတာ ပြန်သတိရလိုက်တယ်။ သူ စိတ်ပျက်နေတာဖြစ်နိုင်တယ်။ ကျွန်မ ထပ်ပြောရင် သူ သေချာပေါက် ပိုစိတ်ဆိုးသွားမှာ။ တခြားဘယ်သူကမှ ဘာမှမပြောကြဘူး၊ ဒါကြောင့် ကျွန်မတစ်ယောက်တည်းကပဲ သူ့ပြဿနာတွေကို ထောက်ပြနေရင် ကျွန်မကပဲ သူ့ကို အမြဲ အပြစ်ရှာနေသလို ဖြစ်နေမှာ။ သူ့ကို စိတ်ဆိုးအောင်လုပ်တဲ့သူ ကျွန်မ မဖြစ်ချင်ဘူး၊ ဒါကြောင့် အဲဒီကိစ္စကို ထားလိုက်တော့တယ်။

နောက်ပိုင်းမှာ ခရစ်ယာန်တွေကို တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးမှုတွေကြောင့် ကျွန်မတာဝန်ယူထားတဲ့ အသင်းတော်တွေက ရေလောင်းသူတချို့ဟာ လုံခြုံရေးအန္တရာယ်ရှိလို့ ပုန်းရှောင်နေရပြီး မသင့်တော်တဲ့ တခြားလူတွေကိုလည်း တာဝန်ပြင်ဆင်ချပေးဖို့ လိုအပ်ခဲ့တယ်။ ဒါပေမဲ့ တာဝန်လွှဲယူဖို့ သင့်တော်တဲ့လူတွေကို ကျွန်မတို့ မရှာနိုင်ခဲ့ဘူး၊ ဒါက အလုပ်ကို ထိခိုက်စေခဲ့တယ်။ ဆင်ခြင်သုံးသပ်ပြီး အနှစ်ချုပ်ကြည့်လိုက်တော့ ဒါဟာ ကျွန်မတို့အနေနဲ့ လူတွေကို ပျိုးထောင်ဖို့ ယေဘုယျအားဖြင့် အာရုံမစိုက်ခဲ့ကြလို့ ဖြစ်မှန်း ကျွန်မ တွေ့လိုက်ရတယ်။ ဒါကြောင့် ဒီပြဿနာနဲ့ပတ်သက်ပြီး အသင်းတော်တွေကို ကျွန်မ ဆက်သွယ်ပြောဆိုတဲ့စာ ရေးလိုက်တယ်၊ ဒီသွေဖည်မှုကို အချိန်မီ ပြုပြင်နိုင်အောင်လို့ လူတွေကို ပျိုးထောင်တာ အာရုံစိုက်ကြဖို့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို တောင်းဆိုလိုက်တယ်။ ပြီးတော့ အသင်းတော်တွေကို မပို့ခင် ဖြည့်စွက်တာတွေ၊ မွမ်းမံတာတွေ တစ်ခုခု လုပ်နိုင်အောင် ပြဿနာတွေ၊ ဟာကွက်တွေ တစ်ခုတလေကို ပြန်ဆန်းစစ်ဖို့အတွက် အဲဒီစာကို လင်းဟိုင်နဲ့ ကျွန်မတို့ရဲ့တွဲဖက် အစ်မဝမ်တန်ဆီကို ကျွန်မ တစ်ဆင့်ပို့လိုက်တယ်။ အလုပ် နှောင့်နှေးတာကို ရှောင်ဖို့ ချက်ချင်းစာပြန်ဖို့လည်း သူတို့ကို သတိပေးလိုက်တယ်။ ဒါပေမဲ့ ရက်နည်းနည်းကြာသွားပြီး လင်းဟိုင်က စာမပြန်သေးဘူး။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “သူ ဘာဖြစ်နေတာလဲ။ လူတွေကို ပျိုးထောင်တဲ့အလုပ်ကို သူ လိုက်မလုပ်ဘူး၊ အခု စာရေးထားပေမဲ့ သူ့အမြင်ကို သူ မပြောသေးဘူး။ ဒီစာကို ငါ ပို့သင့်လား၊ မပို့သင့်ဘူးလား။ မပို့ရင် အလုပ်နှောင့်နှေးသွားမယ်။ ပို့လိုက်ရင်လည်း မသင့်တော်တာ တစ်ခုခုပါသွားပြီး အဖျက်အမှောင့် ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ” ပေါ့။ စာရေးပြီးတော့ သူဘာတွေ စဉ်းစားပြီး ဘာလို့ စာမပြန်သေးတာလဲဆိုတာကို ကျွန်မ မေးချင်ပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်မရ့အကြံပြုတွေ သူ သိပ်လက်မခံခဲ့တာကို သတိရလိုက်တယ်။ သူ့ပြဿနာတွေကို ထပ်ထောက်ပြရင် သူပိုစိတ်ဆိုးသွားပြီး နောင်မှာ ကျွန်မတို့ဆက်ဆံရေး ခက်ခဲသွားမှာကို စိုးရိမ်လို့ ကျွန်မ မမေးဖြစ်ခဲ့ဘူး။ နောက်ပိုင်းမှာ စာက အဆင်ပြေပါတယ်လို့ ဝမ်တန်က စာပြန်လာတယ်၊ ဒါကြောင့် အလုပ်နှောင့်နှေးတာကို ရှောင်ရှားဖို့ ကျွန်မတို့ အဲဒီစာကို ပို့လိုက်ကြတယ်။

မကြာခင်မှာပဲ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးမှုတွေက ပိုပြင်းထန်လာခဲ့တယ်။ ယုံကြည်သူတွေကို ခြေရာခံပြီး ဖမ်းဆီးဖို့ နည်းလမ်းအမျိုးမျိုးကို သုံးလာခဲ့ပြီး၊ လူတွေကို အထင်အမြင်မှားစေဖို့ လုပ်ကြံဖန်တီးထားတဲ့ ကောလာဟလဟောင်းတွေကိုတောင် ဖြန့်ခဲ့ကြတယ်။ ပိုင်းခြားသိမြင်ခြင်းနဲ့ဆိုင်တဲ့ သမ္မာတရားအပြင်၊ ရူပါရုံနဲ့ဆက်စပ်တဲ့ သမ္မာတရားအကြောင်း ယုံကြည်သူအသစ်တွေနဲ့ ကျွန်မတို့ မိတ်သဟာယပြုခဲ့ကြပြီး သူတို့အများစုဟာ အခြေအမြစ်မရှိတဲ့ ကောလာဟလတချို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း ရခဲ့ကြတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “တခြားအသင်းတော်တွေက ရေလောင်းသူတွေက ဒီအခြေအမြစ်မရှိတဲ့ ကောလာဟလတွေနဲ့ပတ်သက်တဲ့ ပိုင်းခြားသိမြင်ခြင်း ရှုထောင့်မှာရှိတဲ့ သမ္မာတရားအကြောင်း ယုံကြည်သူအသစ်တွေနဲ့ မိတ်သဟာယပြုရဲ့လား မသိဘူး။ ယုံကြည်သူအသစ်တွေက အဲဒါတွေကို ပိုင်းခြားသိမြင်တာ တစ်ခုတလေရှိရဲ့လား” ပေါ့။ ဒါကြောင့် သူရဲ့ လုပ်ပိုင်ခွင့်အောက်က ရေလောင်းသူတွေကို ယုံကြည်သူအသစ်တွေမှာ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိမရှိဆိုတာကို စစ်ဆေးခိုင်းဖို့ အကြံပြုတဲ့စာ လင်းဟိုင်ဆီ ကျွန်မ ရေးလိုက်တယ်။ သူတို့ထဲက တစ်ယောက်ယောက် နားမလည်ရင် အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကြောင့် အထင်အမြင်မှားမသွားစေဖို့နဲ့ သူတို့အသက်တာမှာ ဆုံးရှုံးမှုတွေ မဖြစ်ရအောင် ရူပါရုံဆိုင်ရာ သမ္မာတရားအကြောင်း ချက်ချင်း မိတ်သဟာယပြုဖို့ လိုတယ်လို့ပေါ့။ ကျွန်မ စာပို့ပြီးတဲ့နောက်မှာ ဆယ်ရက်ကြာသွားပြီး လင်းဟိုင်ဆီက စာပြန်တာ မရှိသေးဘူး။ ကျွန်မ နည်းနည်း ဒေါသထွက်လာတယ်။ “ဒီအလုပ်က အရမ်းအရေးကြီးတာ။ သူက ဘယ်လိုလုပ် အဲဒါကို အလေးအနက်မထားဘဲ နေနိုင်ရတာလဲ” လို့ ကျွန်မ တွေးမိတယ်။ သူ တာဝန်မှာ ဝန်တာမထားဘူးဆိုတာကို ကျွန်မ တကယ် ထောက်ပြချင်ပေမဲ့ သူ စိတ်ဆိုးမှာကြောက်လို့ ထပ်ပြီး တိုက်ရိုက်မပြောခဲ့ဘူး။ အဲဒီအစား ကျွန်မရဲ့စာကို သူရမရ ညင်ညင်သာသာ မေးလိုက်ပြီး ဒီအလုပ်ကို လိုက်လုပ်ဖို့ အရေးကြီးတဲ့အကြောင်း မိတ်သဟာယပြုလိုက်တယ်။ အံ့ဩစရာကောင်းတာက၊ လင်းဟိုင်က၊ “ရေလောင်းသူတွေကို ဒီအကြောင်း အရင်က မိတ်သဟာယပြုခိုင်းပြီးပြီ။ ယုံကြည်သူအသစ်တွေ အကုန် သဘောပေါက်လောက်ပါပြီ။ ထပ်ပြီး လိုက်လုပ်စရာ မလိုတော့ပါဘူး” လို့ စာပြန်လာတာပါပဲ။ ယုံကြည်သူအသစ်တွေရဲ့ အခြေအနေကို သူ တကယ် နားလည်အောင် မကြိုးစားဘဲ သူ့စိတ်ကူးတွေပေါ် အခြေခံပြီး အကဲဖြတ်တာတွေလုပ်နေတာ တွေ့လိုက်ရတော့ သူ တကယ် တာဝန်မဲ့နေတယ်လို့ ကျွန်မ ခံစားလိုက်ရတယ်။ ဒီပြဿနာနဲ့ပတ်သက်လို့ သူနဲ့ မိတ်သဟာယပြုချင်ခဲ့ပေမဲ့ သူ့ပြဿနာတွေကို ကျွန်မ ဆက်ထောက်ပြနေရင် သူ ကျွန်မအပေါ် အမြင်စောင်းသွားမှာကို စိုးရိမ်မိပြန်တယ်။ ကျွန်မတို့ ဆက်ဆံရေးက ပိုကသိကအောက်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဒါပေမဲ့ သူ့ပြဿနာတွေကို မြင်ရက်နဲ့ ဘာမှမပြောဘဲနေတဲ့အတွက် ကျွန်မရဲ့ အသိစိတ်က ကျွန်မကို အပြစ်တင်ခဲ့တယ်။ ခဏနေတော့ ကျွန်မ တွေးမိပြန်တယ်၊ “ရှင်က ကြီးကြပ်ရေးမှူးပဲ၊ တခုခုမှားသွားရင် ရှင့်တာဝန်ပဲ။ ကျွန်မက ရှင့်ကို သတိပေးခဲ့ပြီး နားမထောင်တာက ရှင်ပဲဥစ္စာ” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ဒီလိုတွေးတာက ကျွန်မ တာဝန်မဲ့ရာရောက်တယ်လို့ ခံစားမိတယ်။ ကျွန်မ စိတ်တွေ အရမ်းရှုပ်ပြီး ဂနာမငြိမ်ဖြစ်နေတယ်၊ တာဝန်ထမ်းဆောင်ဖို့ စိတ်ကို ငြိမ်ငြိမ်မထားနိုင်ဘူး။

နာကျင်မှုနဲ့ ဘုရားသခင်ဆီ ဆုတောင်းပြီး သူ့ရဲ့ လမ်းပြမှုကို ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “သင်သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ထိုတာဝန်သည် အရေးကြီးသောတာဝန်တစ်ခု ဖြစ်သည်ဖြစ်စေ၊ သာမန်တာဝန်တစ်ခုဖြစ်သည်ဖြစ်စေ သင့်ကို ပေးအပ်ထားသော အလုပ်ထဲသို့ စိတ်မနှစ်လျှင်၊ သို့မဟုတ် သင်၏တာဝန်ကို စံမီအောင် မထမ်းဆောင်လျှင်၊ ထိုတာဝန်ကို ဘုရားသခင်၏ စေခိုင်းချက်အဖြစ် သင်မမြင်ဘဲ၊ သို့မဟုတ် သင်၏ကိုယ်ပိုင် တာဝန်နှင့် ဝတ္တရားအဖြစ် တာဝန်ယူဆောင်ရွက်ခြင်း မရှိဘဲ ဝတ်ကျေတမ်းကျေဟန်ပန်ဖြင့် အမှုကိစ္စများကို အစဉ်သဖြင့် ဆောင်ရွက်လျှင် ဤသည်မှာ ပြဿနာတစ်ခု ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်းအားဖြင့်သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆတဲ့အခါ ကျွန်မတာဝန်မှာ တာဝန်ယူစိတ် ရှိရမယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်မက ကြီးကြပ်ရေးမှူး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အသင်းတော်အလုပ်မှာ ပြဿနာတစ်ခု တွေ့နေသရွေ့ အသင်းတော်အလုပ်ကို ကာကွယ်ဖို့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းရမယ်။ ပြဿနာကို မြင်ရက်နဲ့ လစ်လျူရှုထားမယ်၊ ဝတ်ကျေတမ်းကျေလုပ်ပြီး တာဝန်မဲ့မယ်ဆိုရင် အဲဒါက တာဝန်ပျက်ကွက်မှုပဲ။ အဆင်းနီသော နဂါးကြီးက ခရစ်ယာန်တွေကို သဲကြီးမဲကြီး ဖမ်းဆီးပြီး အခြေအမြစ်မရှိတဲ့ ကောလာဟလတွေ ဖြန့်နေတာကြောင့် ယုံကြည်သူအသစ်တွေ အထင်အမြင်မှားသွားပြီး ထွက်သွားဖို့ အခွင့်အလမ်း အရမ်းများတယ်။ ပိုင်းခြားသိမြင်ခြင်းနဲ့ဆိုင်တဲ့ သမ္မာတရားအကြောင်း သူတို့နဲ့ ပိုပြီး မိတ်သဟာယပြုပေးဖို့ လင်းဟိုင်ကို သတိပေးတာက ကျွန်မ ဖြည့်ဆည်းသင့်တဲ့ တာဝန်ပဲ။ သူ ဒီကိစ္စကို လုံးဝ အလေးမထားတာ မြင်ရတုန်းက ကျွန်မ ထောက်ပြပြီး အချိန်မီ ကူညီပေးခဲ့သင့်တာ။ ဒါပေမဲ့ သူ ကျွန်မအပေါ် မကောင်းမြင်မှာ၊ သူ့ကို စိတ်ဆိုးအောင်လုပ်မိပြီး ကျွန်မတို့ဆက်ဆံရေး ခက်ခဲသွားမှာကို ကြောက်တာကြောင့် ကျွန်မ လူ့အကြိုက်လိုက်သူလိုပဲ ပြုမူခဲ့တယ်။ သူ့ပြဿနာတွေကို မြင်ပေမဲ့ တိုက်ရိုက် မထောက်ပြရဲခဲ့ဘူး။ ကျွန်မမှာ တာဝန်ယူစိတ် မရှိခဲ့သလို အသင်းတော်အကျိုးစီးပွားကိုလည်း ကာကွယ်မပေးခဲ့ဘူး။ ဒီလောက်အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မ တကယ် မထိုက်တန်ပါဘူး။ ကျွန်မရဲ့စိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဒါနဲ့ ကျွန်မအမြင်ကို ဆွေးနွေးဖို့ လင်းဟိုင်ဆီ စာရေးလိုက်တယ်။ ပြီးတော့ ကျွန်မတို့အမြင်တွေ မတူတော့ ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တခြားအစ်ကိုအစ်မတွေနဲ့လည်း ဆွေးနွေးသင့်တယ်လို့ တွေးမိတယ်။ ဒါပေမဲ့ “လင်းဟိုင် သိသွားရင်၊ သူ့ကို အရှက်ခွဲဖို့ ငါကြိုးစားနေတယ်လို့ ပြောမလား။ သူ ငါ့အပေါ် မကောင်းမြင်သွားမလား”လို့ စိုးရိမ်ရင်းနဲ့ ကျွန်မ ထပ်ပြီး တွန့်ဆုတ်မိပြန်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “‘ကျွန်ုပ်သည် လုံးဝ ကြောက်ရွံ့မည်မဟုတ်၊ လုံးဝ တွန့်ဆုတ်မည်မဟုတ်သည့်အပြင်၊ လုံးဝ စိတ်ဓာတ်ကျမည်မဟုတ်ပါ’ဟူ၍ ဖြစ်သည်။ သင်တို့၌ ဤစိတ်ပိုင်းဖြတ်မှု ရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၃)) အသင်းတော်ရဲ့ အကျိုးစီးပွားနဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှု ပါဝင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်လာတဲ့အခါ၊ သူများတွေ ကျွန်မကို ဘယ်လိုထင်မလဲဆိုတာ ကြောက်ပြီး ကျွန်မ အလျှော့ပေးလို့၊ နောက်ဆုတ်လို့ မရဘူး။ လင်းဟိုင် လက်ခံခံ၊ မခံခံ အသင်းတော်အကျိုးစီးပွားကို ကာကွယ်ဖို့ ကျွန်မ ရပ်တည်ရမယ်။ ဒါကြောင့် စာကို ကျွန်မ ထပ်ဆင့်ပို့လိုက်တယ်။ နောက်ပိုင်းမှာ တခြားတွဲဖက်တွေနဲ့ လင်းဟိုင်က ကျွန်မအမြင်ကို သဘောတူပါတယ်လို့ စာပြန်လာကြတယ်။ ကျွန်မ စိတ်သက်သာရာရပြီး သက်ပြင်းချနိုင်ခဲ့တယ်။

ဒါပေမဲ့ အဲဒီနောက်မှာ သူ့တာဝန်အပေါ် ဝတ်ကျေတမ်းကျေလုပ်တဲ့ သဘောထားနဲ့ပတ်သက်ပြီး လင်းဟိုင်နဲ့ ကျွန်မ မိတ်သဟာယမပြုသေးဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်သုံးသပ်မိတယ်။ လင်းဟိုင်ရဲ့ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မြင်ရက်နဲ့ ကျွန်မ တိုက်ရိုက် မထောက်ပြရဲခဲ့ဘူး။ ဒီနောက်ကွယ်မှာ ဘယ်လိုဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ပုန်းကွယ်နေသလဲပေါ့။ ကိုယ့်ပြဿနာတွေကို နားလည်အောင် လမ်းပြဖို့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ အဲဒီနောက် ကျွန်မအခြေအနေကို တိုက်ရိုက်ပြောတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ဆိုးယုတ်သော လူတို့နှင့် မကောင်းသောလူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် အသင်းတော်၏ အမှုကို နှောင့်ယှက်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က စေ့စေ့စပ်စပ် နားမလည်သကဲ့သို့ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ အဓိကအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်းခံရသည့် အကျိုးဆက်ဖြစ်သည်။ သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ တစ်ခုသည် လှည့်ဖြားတတ်သော စိတ်သဘောထားဖြစ်သည်။ သင့်၌ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သင်ပထမဆုံးတွေးသောအရာမှာ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများဖြစ်သည်။ သင်ပထမဆုံး ထည့်တွက်သောအရာမှာ အကျိုးဆက်များ၊ ဤအရာက သင့်အတွက် အကျိုးရှိမရှိဖြစ်သည်။ ဤသည်မှာ လှည့်ဖြားတတ်သောစိတ်သဘောထားမဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်၊ သို့ဖြစ်၍အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်’ ဟု တွေးသည်။ ထိုအတွေးများနှင့် စကားများသည် သင် သတိရှိစွာ တွေးတောသည့် အရာတစ်ခု မဟုတ်သော်လည်း သင်၏မသိစိတ်က ဖြစ်ပေါ်စေခြင်း ဖြစ်ကာ၊ ယင်းသည် လူများ ပြဿနာတစ်ခုကြုံတွေ့သည့်အခါ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်တွေးခေါ်သည့်ပုံစံကို အုပ်စိုးပြီး သင်၏လက်များနှင့် ခြေတို့ကို ချည်နှောင်ကာ၊ သင်ပြောသည့်အရာကို ထိန်းချုပ်သည်။ သင်၏ စိတ်နှလုံးထဲတွင် ရင်ဆိုင်ကာ ပြောလိုသော်လည်း သင်သည် ဒွိဟဖြစ်နေပြီး သင်ထုတ်ပြောသည့်အခါတွင်ပင်၊ ဝေ့လည်ကြောင်ပတ်ဖြင့် သင့်ကိုယ်သင် လူးသာလွန့်သာ ရှိအောင်လုပ်သည်၊ သို့မဟုတ်လျှင် သင်သည် မလိမ့်တပတ်လုပ်ပြီး အမှန်အတိုင်းမပြောပေ။ မြင်တတ်သောသူတို့သည် ဤအရာကို မြင်နိုင်သည်။ အမှန်တွင်၊ သင်ပြောသင့်သည့် အရာအားလုံး သင် မပြောရသေးကြောင်း၊ သင် ပြောပြီးသည့်အရာသည် အကျိုးသက်ရောက်မှုမရှိကြောင်း၊ သင်သည် ဝတ်ကျေတမ်းကျေသာလုပ်ဆောင်နေကြောင်း၊ ပြဿနာ မပြေလည်သေးကြောင်း သင်၏ စိတ်နှလုံးထဲတွင် သင် သိပေသည်။ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းသေးပေ၊ သို့သော် သင်က သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်သည်၊ သို့မဟုတ် ဖြစ်ပျက်နေခဲ့သည့်အရာသည် သင့်အဖို့ မရှင်းလင်းခဲ့ပါဟု ပေါ်ပေါ်ထင်ထင် ဆိုသည်။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ သင်အမှန်တကယ် ထင်သောအရာဟုတ်သလော။ ထိုသို့ဆိုလျှင် သင်သည် စာတန်ဆန်သော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေသည်မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) လူတွေဟာ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ အသက်ရှင်နေကြတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ တစ်ယောက်ယောက်က စည်းမျဉ်းတွေ ချိုးဖောက်တဲ့အရာတစ်ခုခု လုပ်နေတာကို မြင်တဲ့အချိန်မှာတောင် ကိုယ့်အကျိုးစီးပွားကိုပဲ စဉ်းစားပြီး အသင်းတော်အလုပ်ကို နည်းနည်းလေးမှ ကာကွယ်မပေးဘဲ မထောက်ပြရဲကြဘူး။ တချို့လူတွေကျတော့ တစ်ဖက်သားရဲ့ပြဿနာကို ထောက်ပြတဲ့အခါမှာတောင် စိတ်မဆိုးစေချင်လို့ ကွေ့ပတ်ပြောပြီး အရေးမကြီးသလိုပဲ ပြောကြတယ်။ ပြဿနာရဲ့ အဓိကအချက်ကို မပြောကြဘူး၊ ဒါကြောင့် သူတို့ တစ်ခုခုပြောလိုက်ရင်တောင် သက်ရောက်မှုမရှိဘူး။ ဘုရားနှုတ်ကပတ်တာ် ဖော်ထုတ်တာက ကျွန်မရဲ့အခြေအနေ အတိအကျပါပဲ။ အဲဒီအချိန်အတောအတွင်းမှာ လင်းဟိုင်က အလုပ်ကို လိုက်မလုပ်ဘူး၊ မကြီးကြပ်ဘူး၊ ပြီးတော့ တာဝန်မဲ့ပြီး သူ့တာဝန်မှာ ဝန်တာမထားဘူးဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ ဒါက ရေလောင်းခြင်းအလုပ်နဲ့ ယုံကြည်သူအသစ်တွေရဲ့ အသက်ဝင်ရောက်မှုကို ကြန့်ကြာစေခဲ့ပြီ။ အခြေအနေကို အမြန်ဆုံး ပြောင်းလဲနိုင်ဖို့ သူ့ကို ကူညီတဲ့အနေနဲ့ ကျွန်မ ထောက်ပြခဲ့သင့်တာ၊ ဒါပေမဲ့ သူ့မာနကို ထိခိုက်ပြီး ကျွန်မတို့ဆက်ဆံရေး ပျက်သွားမှာ၊ အဲဒီနောက်ပိုင်း ကျွန်မတို့ကြားမှာ အနေခက်သွားမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ဒါကြောင့် သူလိုက်လုပ်ဖို့ လိုတဲ့ အလုပ်တွေကိုပဲ စာရင်းလုပ်ပေးခဲ့တယ်၊ ဒါပေမဲ့ သူ့တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်တာရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို ကျွန်မ လုံးဝ မိတ်သဟာယမပြုခဲ့သလို စိတ်ဖြာလေ့လာမဆွေးနွေးခဲ့ဘူး။ နောက်ပိုင်းမှာ လင်းဟိုင်က လူတွေကို ပျိုးထောင်တာ အာရုံမစိုက်သလို၊ အဆင်းနီသော နဂါးကြီး ဖြန့်တဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ယုံကြည်သူအသစ်တွေ ပိုင်းခြားသိမြင်နိုင်သလားဆိုတာကို တကယ်မစစ်ဆေးခဲ့တာ ကျွန်မ တွေ့ရှိခဲ့တယ်။ သူက သူ့ရဲ့ ကိုယ်ပိုင်အယူအဆတွေနဲ့ စိတ်ကူးတွေအပေါ် အခြေခံပြီး ပြုမူဆောင်ရွက်နေတာဖြစ်သလို စစ်မှန်တဲ့အလုပ် ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ တာဝန်မဲ့ပြီး တာဝန်မှာ ဝန်တာမထားတဲ့အတွက် သူ့ကို ကျွန်မ ဖော်ထုတ်ချင်ခဲ့ပေမဲ့ သူ့ပြဿနာတွေကို ထပ်တလဲလဲ ထောက်ပြတာက သူ့မာနကို ထိခိုက်ပြီး သူ အရှက်ရသွားမှာကို စိုးရိမ်မိပြန်တယ်။ သူသာ ကျွန်မကို အမြင်စောင်းသွားရင် ကျွန်မတို့ကြားမှာ ဘယ်လို ကသိကအောက်ဖြစ်စရာတွေ ဖြစ်မလဲ။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ ရှောင်ဖို့အတွက် ကျွန်မ နှုတ်ဆိတ်နေဖို့ နောက်တစ်ခါ ရွေးခဲ့တယ်။ “ပြောသင့်တာတွေ ငါ ပြောပြီးပြီပဲ။ ငါ့အကြံပြုချက်တွေကို လက်မခံတာ သူ့အပြစ်ပဲ။ ပြဿနာတစ်ခုဖြစ်ရင်၊ သူ့တာဝန်ပဲ၊ ငါ့တာဝန်မဟုတ်ဘူး” ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ်တောင် နှစ်သိမ့်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အလုပ်ထဲက ပြဿနာတချို့ကို သူနဲ့ ဆွေးနွေးခဲ့ပေမဲ့ ဒီလိုပုံစံနဲ့ တာဝန်ထမ်းဆောင်တာရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို ဘယ်တုန်းကမှ မထောက်ပြခဲ့ဘူး။ ရလဒ်အနေနဲ့ လင်းဟိုင်က သူ့ပြဿနာတွေကို နားမလည်ခဲ့ဘူး၊ အပြောင်းအလဲ မလုပ်ခဲ့ဘူး၊ ရေလောင်းခြင်းအလုပ်မှာရှိတဲ့ ပြဿနာတွေကလည်း မပြေလည်ဘဲ ကျန်နေခဲ့တယ်။ ကျွန်မက စစ်မှန်တဲ့ ထိရောက်မှု ဘာတစ်ခုမှမရရှိဘဲနဲ့ ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေမိခဲ့တယ်။ ရေလောင်းခြင်းအလုပ်က ထိရောက်မှုမရှိတာကို တွေ့လိုက်ရတဲ့အခါ ပြဿနာတွေကို ဘယ်လိုဖြေရှင်းပြီး အသင်းတော်အလုပ်ကို ကာကွယ်ရမလဲဆိုတာ တွေးမယ့်အစား လင်းဟိုင်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် ကျွန်မ ထပ်ခါတလဲလဲ အလျှော့ပေးပြီး လိုက်လျောခဲ့တယ်။ အသင်းတော်အလုပ် ထပ်ခါထပ်ခါ ကြန့်ကြာမဲ့သဘောဖြစ်ရင်တောင် ပြဿနာတွေကို ကျွန်မ ရှင်းရှင်းလင်းလင်း မပြောပြခဲ့ဘူး။ အသင်းတော်ရဲ့အကျိုးစီးပွားကို စတေးပြီး ကျွန်မက သူနဲ့ဆက်ဆံရေးကို ထိန်းသိမ်းနေခဲ့တာ။ အနှစ်သာရအနေနဲ့ ကျွန်မက စာတန်ဘက်ကနေ ရပ်တည်ပြီး အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်နေခဲ့တာပဲ။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်တယ်၊ စက်ဆုပ်စရာကောင်းတယ်၊ မယုံရသလို လှည့်ဖြားတတ်ခဲ့တာပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီးတော့ ကိုယ့်ပြဿနာတွေကို ပိုနားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုကို ဖြစ်စေ၏’ ဆိုသော လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တွင် ယုံကြည်မှုတစ်ခုရှိသည်။ ဤသည်မှာ မိတ်ဆွေကောင်းဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့မိတ်ဆွေ၏ ပြဿနာများကို ရှင်းရှင်းလင်းလင်း မြင်လျှင်ပင် နှုတ်ဆိတ်နေရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့၏ မျက်နှာကို မရိုက်ခြင်း သို့မဟုတ် သူတစ်ပါးတို့၏အားနည်းချက်များကို မဖော်ခြင်းဟူသော စည်းမျဉ်းများအတိုင်း လိုက်နာကြသည်။ ၎င်းတို့သည် အချင်းချင်း လှည့်စားကြသည်။ အချင်းချင်း ဖုံးကွယ်ကြပြီး အချင်းချင်း လျှို့ဝှက်ကြံစည်မှု ပြုလုပ်ကြသည်။ အခြားလူမှာ မည်သို့သောသူမျိုး ဖြစ်သည်ကို အလွန်ပင် ရှင်းလင်းစွာ သိသော်လည်း တဲ့တိုးမပြောကြဘဲ မိမိတို့၏ ဆက်ဆံရေးကို ထိန်းသိမ်းရန် စဉ်းလဲသော နည်းလမ်းများကို အသုံးချကြသည်။ ဤသို့သော ဆက်ဆံရေးများကို အဘယ်ကြောင့် ထိန်းသိမ်းချင်သနည်း။ ဤလူ့အဖွဲ့အစည်း၊ မိမိ၏အဖွဲ့အတွင်းတွင် ရန်သူများရှိအောင် မပြုလုပ်လိုခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်လျှင် မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေများ ကျရောက်စေခြင်း ဖြစ်သည်ဟု ဆိုလိုပေမည်။ တစ်စုံတစ်ဦးကို သူ၏ အားနည်းချက်များအား သင်ဖော်ပြီးနောက်၊ သို့မဟုတ် သူ့ကို နာကျင်အောင် လုပ်ပြီးနောက် ထိုသူသည် သင်၏ ရန်သူဖြစ်လာပြီး သင့်ကို အန္တရာယ်ပြုမည်ကို သိကာ သင်သည် ထိုအခြေအနေသို့ မကျရောက်လိုပါက ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟု ဆိုသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ် ယုံကြည်မှုကို သင် အသုံးချသည်။ ဤအရာအရ လူနှစ်ယောက်သည် ဤသို့သော ဆက်ဆံရေးတွင်ရှိလျှင် စစ်မှန်သည့်မိတ်ဆွေများအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) အချင်းချင်း၏ ယုံကြည်ရသူဖြစ်ဖို့မဆိုထားနှင့်၊ စစ်မှန်သော မိတ်ဆွေများမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ အတိအကျ မည်သည့်ဆက်ဆံရေးမျိုးဖြစ်သနည်း။ အခြေခံ လူမှုဆက်ဆံရေးတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့သော လူမှုဆက်ဆံရေးများတွင် လူတစ်ဦးနှင့် တစ်ဦးကြား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းများကို မလုပ်ဆောင်နိုင်သကဲ့သို့ လေးနက်သော ဆက်သွယ်မှုကို မရနိုင်ပေ။ ၎င်းတို့ ဆန္ဒရှိသလို မပြောနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာ၊ သို့မဟုတ် သူတစ်ပါးတို့တွင် ၎င်းတို့မြင်သော ပြဿနာများ၊ သို့မဟုတ် သူတစ်ပါးတို့အတွက် အကျိုးဖြစ်မည့်စကားများကို ၎င်းတို့ ထုတ်မပြောနိုင်ပေ။ ထိုအစား အခြားသူများ၏ မျက်နှာသာပေးခြင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြားကောင်းသော စကားများကို ရွေးပြောသည်။ အခြားသူများက ၎င်းတို့အပေါ် ရန်လိုသောအတွေးများ မဖြစ်လာစေရန် တားဆီးဖို့အလို့ငှာ ၎င်းတို့သည် အမှန်တရားအကြောင်း မပြောရဲကြပေ၊ သို့မဟုတ် စည်းမျဉ်းများကို မစောင့်ထိန်းရဲကြပေ။ တစ်စုံတစ်ဦးကို မည်သူကမျှ မခြိမ်းခြောက်နေသောအခါ ထိုသူသည် အတော်အတန် သက်သာ၊ အေးချမ်းစွာဖြင့် အသက်ရှင်ရသည် မဟုတ်လော။ ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့်ဆိုရိုးကို အားပေးမြှင့်တင်ဖို့မှာ လူတို့၏ ပန်းတိုင်မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ မိမိကိုယ်ကို ထိန်းသိမ်းခြင်းသည် ပန်းတိုင်ဖြစ်သော သတိထားရှောင်ခြင်း နည်းလမ်းတစ်မျိုးဖြင့် ကလိမ်ကကျစ်ကျပြီး လှည့်စားတတ်သည့် ရှင်သန်မှု နည်းလမ်းတစ်ခု ဖြစ်သည်မှာ ရှင်းသည်။ ဤသို့အသက်ရှင်ရာတွင် ယုံကြည်ရသူ မရှိပေ။ သူတို့နှစ်သက်သည့်အရာ မှန်သမျှကို ပြောနိုင်သည့် ရင်းနှီးသောမိတ်ဆွေများမရှိပေ။ လူတို့ကြားတွင် တစ်ဦးချင်းစီက ၎င်းတို့ လိုအပ်သည့်အရာကို ထိုပေါင်းသင်းဆက်ဆံရေးမှ ယူဆောင်ခြင်းဖြင့် အပြန်အလှန် သတိထားရှောင်ခြင်း၊ အပြန်အလှန် အသုံးချခြင်းနှင့် အပြန်အလှန် ကျိတ်ကြံစည်ခြင်းများ ရှိကြသည်။ ဤသို့မဟုတ်သလော။ ဤအရာ၏ အရင်းအမြစ်တွင် ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့် ပန်းတိုင်သည် သူတစ်ပါးတို့အား စိတ်ဆိုးအောင်ပြုလုပ်ပြီး ရန်သူများဖြစ်စေခြင်းကို တားဆီးရန်၊ မည်သူ့ကိုမျှ မထိခိုက်စေခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကိုမထိခိုက်အောင် ထိန်းသိမ်းရန် အကြင်သူ ခံယူသည့် နည်းပရိယာယ်နှင့် နည်းလမ်းဖြစ်သည်။ ယင်း၏အနှစ်သာရနှင့်ပတ်သက်သည့် ရှုထောင့်အချို့ကို ကြည့်သောအခါ ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့် လူတို့၏ သူတော်ကောင်းတရားမှ တောင်းဆိုမှုသည် မြင့်မြတ်သောအရာ ဖြစ်သလော။ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ထိုအရာက လူတို့ကို မည်သည့်အရာကို သင်ကြားပေးသနည်း။ မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်ဖြစ်အောင် သို့မဟုတ် နာကျင်အောင်မလုပ်ရပေ၊ သို့မဟုတ်လျှင် အဆုံး၌ နာကျင်ရမည်မှာ သင်ဖြစ်သည်ဟု သင်ကြားပေးခြင်းဖြစ်သည်။ ပြီးလျှင် မည်သူ့ကိုမျှ မယုံသင့်ဟု သင်ကြားပေးခြင်းလည်းဖြစ်သည်။ သင်သည် သင်၏ သူငယ်ချင်းကောင်းများထဲမှ တစ်စုံတစ်ယောက်ကို နာကျင်စေလျှင် ခင်မင်ရင်းနှီးမှုက တိတ်ဆိတ်စွာ စတင်ပြောင်းလဲလာမည်။ ၎င်းတို့သည် သင်၏ ကောင်းသော၊ ရင်းနှီးသောသူငယ်ချင်းဖြစ်ရာမှ လူစိမ်းတစ်ယောက်အဖြစ်သို့၊ သို့မဟုတ် ရန်သူတစ်ယောက်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။ လူတို့ကို ထိုသို့ပြုမူဆောင်ရွက်ရန် သင်ကြားပေးခြင်းအားဖြင့် မည်သည့်ပြဿနာများကို ဖြေရှင်းပေးနိုင်သနည်း။ သင်သည် ဤသို့ပြုမူလုပ်ဆောင်ခြင်းအားဖြင့် ရန်သူများမရှိဘဲ အချို့ရန်သူများပင် ပပျောက်သွားလျှင် လူတို့က သင့်အား လေးစားပြီး ထောက်ခံမည်လော။ သင့်အား မိတ်ဆွေအဖြစ် အစဉ်ထားရှိမည်လော။ ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအတွက် စံနှုန်းကို အပြည့်အဝရရှိသလော။ အများဆုံးအနေဖြင့် ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခုထက် မပိုပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မက၊ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” တို့၊ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” တို့လို စာတန်ဆန်တဲ့ လောကီဆိုင်ရာ ဆက်ဆံရေးတွေအတွက် အတွေးအခေါ်တွေကို ကိုယ့်ရဲ့ကျင့်ဝတ်စည်းကမ်းတွေအနေနဲ့ မှတ်ယူထားမှန်း နားလည်လိုက်တယ်။ သူများတွေနဲ့ အဆင်ပြေဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ဖို့ သင်ယူရမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ တစ်ဖက်သားရဲ့ပြဿနာတွေကို ထောက်ပြတာက သူတို့ကို အလွယ်တကူ စိတ်ဆိုးစေပြီး ကိုယ့်အတွက် ရန်သူဖန်တီးသလို ဖြစ်မယ်၊ ဒါကြောင့် ပြဿနာတစ်ခုကို မြင်ရင်တောင် ကျွန်မ ထုတ်ပြောမှာမဟုတ်ဘူးလို့ တွေးခဲ့တယ်။ ဒီလိုဆိုရင် ကျွန်မတို့ဆက်ဆံရေးကို ထိခိုက်မှာ မဟုတ်ဘူး၊ ကိုယ်ကိုယ်တိုင်အတွက် ဒုက္ခဖြစ်စေမှာ မဟုတ်ဘူးပေါ့။ တကယ်တော့ ကျွန်မ လိုက်လျှောက်နေခဲ့တာတွေက လူတွေထဲကို စာတန် ထည့်ပေးထားတဲ့ စိတ်မချမရတဲ့အပြင် လှည့်ဖြားတတ်တဲ့ ရှင်သန်ရပ်တည်ရေး နည်းလမ်းတွေနဲ့ လောကီဆက်ဆံရေး အတွေးအခေါ်တွေ ဖြစ်နေတာကိုး။ ဒီလောကီဆက်ဆံရေး အတွေးအခေါ်တွေနဲ့ အသက်ရှင်ကြတဲ့အခါ လူတွေက အချင်းချင်း ရင်မဖွင့်နိုင်ကြဘူး။ အမြဲ သတိထားဆက်ဆံကြတယ်။ ပိုပိုပြီး ဟန်ဆောင်လာကြတယ်၊ စိတ်မချရသလို လှည့်ဖြားတတ်လာကြတယ်။ လင်းဟိုင်က ဝတ်ကျေတမ်းကျေလုပ်ပြီး စစ်မှန်တဲ့ အလုပ်ကို မလုပ်တာကြောင့် အသင်းတော်အလုပ် နှောင့်နှေးပြီးသားဖြစ်မှန်းနဲ့ သူ့ကိုယ်သူ သိလာအောင် ကူညီဖို့ သူ့ပြဿနာတွေကို ကျွန်မ ရှင်းရှင်းလင်းလင်း ထောက်ပြခဲ့သင့်မှန်း ကျွန်မ ကောင်းကောင်း သိခဲ့တယ်။ ဒါပေမဲ့ သူ့မာနကို ထိခိုက်မှာ၊ သူ့ကို အရှက်ရစေမှာ၊ သူ့ကို စိတ်ဆိုးစေပြီး ကျွန်မတို့ဆက်ဆံရေး ပျက်စီးသွားမှာကို ကြောက်လို့ ကျွန်မ အလျှော့ပေးပြီး နောက်ဆုတ်ဖို့ ရွေးချယ်ခဲ့တယ်။ အပေါ်ယံကြည့်ရင်တော့ ကျွန်မက သူ့မျက်နှာမပျက်အောင် ကူညီပေးပြီး အဆင်ပြေအောင် ထိန်းပေးနေသလိုပဲ၊ ဒါပေမဲ့ ကျွန်မက သူ့ကို စစ်ရင်းအမှန်နဲ့ စစ်မှန်စွာ ကူညီနေတာ မဟုတ်ဘူး။ ဒါက သူ့ရဲ့အသက်ဝင်ရောက်မှုအတွက် အကျိုးမရှိရုံတင်မကဘူး၊ ပိုဆိုးတာက ရေလောင်းခြင်းအလုပ်ကို ကြန့်ကြာစေခဲ့တယ်။ ညီအစ်ကို မောင်နှမတွေနဲ့ ဆက်ဆံပုံမှာ ပွင့်လင်းပြီး ရိုးသားဖို့ ဘုရားသခင်က ကျွန်မတို့ကို တောင်းဆိုတယ်။ တစ်ယောက်ယောက်နဲ့ပတ်သက်တဲ့ ပြဿနာတစ်ခု ရှာတွေ့တဲ့အခါ ချစ်ခင်တဲ့ စိတ်နှလုံးနဲ့ သူတို့ကို ကူညီဖို့ ထောက်ပြပြီး မိတ်သဟာယပြုသင့်တယ်။ အဲဒီအချိန်မှာ သူတို့ လက်မခံနိုင်ရင်တောင် သမ္မာတရားကို လက်ခံတဲ့လူ ဖြစ်နေသရွေ့ နောက်ပိုင်းမှာ သူတို့ ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်သုံးသပ်ကြလိမ့်မယ်။ ထောက်ပြပြီးတဲ့နောက်မှာ သူတို့ ဆက်ငြင်းဆန်နေရင် အသင်းတော်အလုပ် ထိခိုက်တာကို တားဆီးဖို့ ခေါင်းဆောင်တွေဆီ အမြန်ဆုံး အစီရင်ခံရမယ်။ ဒါက အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့လူတစ်ယောက် လုပ်သင့်တဲ့အရာပဲ၊ ပြီးတော့ ဒါက လူတစ်ယောက် ပိုင်ဆိုင်သင့်တဲ့ တရားမျှတစိတ်ပဲ။ ဘုရားသခင်က ရိုးသားဖြောင့်မတ်တဲ့လူတွေကို နှစ်သက်ပြီး လှည့်ဖြားတတ်တဲ့လူတွေကို စက်ဆုပ်တယ်။ ကျွန်မသာ လူ့အကြိုက်လိုက်သူ ဆက်လုပ်ရင်၊ အလယ်အလတ်လမ်းစဉ်ကို လိုက်နေမယ်ဆိုရင် ဘုရားသခင်ရဲ့ စက်ဆုပ်တာကို ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ဒါကို သဘောပေါက်သွားတော့၊ စွဲကျန်နေတဲ့ ကြောက်စိတ်တစ်ခုကို ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မ နောင်တရဖို့ လိုလားပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့လည်း အသက်မရှင်ချင်လို့ ဘုရားဆီ ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲကနေ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု တွေ့လိုက်ရပြီး ကျွန်မစိတ်ထဲမှာ ရှင်းလင်းသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တစ်ခါတစ်ရံတွင် သဟဇာတဖြစ်ခြင်းသည် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို ဆိုလိုသည်။ သို့သော် ခိုင်မြဲစွာ ရပ်တည်ပြီး ကိုယ်ကျင့်တရားများကို ထိန်းသိမ်းခြင်းကိုလည်း ဆိုလိုသည်။ သဟဇာတဖြစ်ခြင်းဆိုသည်မှာ ကိစ္စများ အဆင်ပြေချောမွေ့စေရန် စည်းမျဉ်းများကို ညှိနှိုင်းခြင်း၊ သို့မဟုတ် ‘လူ့အကြိုက်လိုက်သူ’ ဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်း၊ သို့မဟုတ် အစွန်းမရောက်သည့် လမ်းကြောင်း၌သာ ရှိနေခြင်းတို့ကို ဆိုလိုခြင်းမဟုတ်ပေ။ ပြီးလျှင် တစ်စုံတစ်ယောက်အား မျက်နှာလိုမျက်နှာရလုပ်ခြင်းကို သေချာပေါက် မဆိုလိုပေ။ ဤသည်တို့မှာ အခြေခံသဘောတရားများ ဖြစ်သည်။ ဤအခြေခံသဘောတရားတို့ကို သင် နားလည်သဘောပေါက်သည်နှင့်တစ်ပြိုင်နက် သင်သည် သတိ မထားမိလိုက်ဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ပြောဆိုကာ လုပ်ဆောင်မည့်အပြင် သမ္မာတရား၏ စစ်မှန်မှုအတိုင်းလည်း အသက်ရှင်နေထိုင်လိမ့်မည် ဖြစ်ကာ ဤနည်းအားဖြင့် စည်းလုံးမှုကို စွမ်းဆောင်ရရှိရန် လွယ်ကူ၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍)လူ့အကြိုက်လိုက်သူတစ်ဦး၏ ရည်ရွယ်ချက်နှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင်၊ အခြေအနေအားလုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်မဟုတ်ပေ၊ သို့မဟုတ် စည်းမျဉ်းများကို စောင့်ထိန်းမည် မဟုတ်ပေ၊ ပြီးလျှင် သင်သည် အစဉ် ကျရှုံးပြီး လဲကျလိမ့်မည်။ သင်သည် အသိတရားမရပါက၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေပါက သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး သမ္မာတရားနှင့် အသက်တို့ကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သောအမှုအရာများနှင့် တွေ့ကြုံရသည့်အခါတွင် သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး အော်ခေါ်ကာ သူ၏ ကယ်တင်ခြင်းအတွက် တောင်းလျှောက်ရမည်။ သင့်အား ယုံကြည်ခြင်းနှင့် ခွန်အားကို ပေးရန်လည်းကောင်း၊ သင့်အား စည်းမျဉ်းများကို စောင့်ထိန်းစေနိုင်ရန်လည်းကောင်း၊ သင်လုပ်သင့်သည့်အရာကို လုပ်ဆောင်နိုင်စေရန်လည်းကောင်း၊ စည်းမျဉ်းများနှင့်အညီ အမှုအရာများကို ကိုင်တွယ်နိုင်စေရန်လည်းကောင်း၊ သင်ရပ်တည်သင့်သည့်နေရာတွင် ခိုင်မြဲစွာ ရပ်တည်နိုင်စေရန်လည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်စေရန်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို ဆုံးရှုံးမှုတစ်ခုတလေ ခံစားရခြင်းမှ တားဆီးနိုင်စေရန်လည်းကောင်း တောင်းလျှောက်ရမည်။ သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ ဂုဏ်သိက္ခာနှင့် လူ့အကြိုက်လိုက်သူတစ်ဦးနှင့်ဆိုင်သော အမြင်ရှုထောင့်တို့ကို သင် ပုန်ကန်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီးလိမ့်မည်ဖြစ်ပြီး သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ညီညွတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ လူ့အကြိုက်လိုက်သူ လုပ်တာ၊ ဒါမှမဟုတ် အလယ်အလတ်လမ်းစဉ်ကို လိုက်တာ မဟုတ်သလို၊ အပေါ်ယံ သဟဇာတဖြစ်မှုကို ထိန်းသိမ်းပြီး ဘယ်သူ့ကိုမှ စိတ်မဆိုးစေတာ မဟုတ်မှန်း ကျွန်မ နားလည်လိုက်တယ်။ အဲဒီအစား အသင်းတော်အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ စည်းမျဉ်းတွေကို ထိန်းသိမ်းပြီး အသင်းတော်အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ခြင်း ဖြစ်တယ်။ လင်းဟိုင်က လက်တွေ့အလုပ်မလုပ်လို့ အသင်းတော်အလုပ်ကို နှောင့်နှေးစေနှင့်ခဲ့တာ မြင်ရတဲ့အခါ၊ မေတ္တာထားပြီး သူ့ကို မိတ်သဟာယပြုကာ ကူညီရမယ်။ လိုအပ်ရင် သူ့ကို ပြုပြင်ပေးလို့လည်း ရတယ်၊ သူ လက်မခံသေးရင် အချိန်မီ တာဝန်ချိန်ညှိဖို့ ဒါမှမဟုတ် ဖြုတ်ချဖို့ ခေါင်းဆောင်တွေကို တင်ပြရမယ်။ ဒါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာပဲ၊ ဒါက စစ်မှန်တဲ့မေတ္တာပဲ။ ဒါပေမဲ့ ကြီးကြပ်ရေးမှူးရဲ့ပြဿနာတွေကို ထောက်ပြတာက သူ့အားနည်းချက်ကို ထုတ်ဖော်တာ၊ သူ့ကို အရှက်ခွဲတာလို့ ကျွန်မ တလွဲတချော် ယုံကြည်ခဲ့တယ်။ ကျွန်မရဲ့ နားလည်သဘောပေါက်မှုက အရမ်း အဓိပ္ပာယ်မဲ့လိုက်တာ။ ကျွန်မအပေါ် ကိစ္စတွေ ဖြစ်လာပြီး ကိုယ့်ဇာတိကို ကျွန်မ ဆန့်ကျင်တွန်းလှန်ချင်ပေမဲ့ မကျော်လွှားနိုင်တဲ့အခါ၊ ဘုရားဆီ ဆုတောင်းပြီး ကျွန်မကို ခွန်အားပေးဖို့ တောင်းလျှောက်ရမယ်ဆိုတာကိုလည်း ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ လင်းဟိုင်က လက်တွေ့အလုပ်လုပ်ဖို့ ပျက်ကွက်တာကို ကျွန်မ ထောက်ပြပြီး ဖော်ထုတ်ရမယ်။ ကျွန်မ လူ့အကြိုက်လိုက်သူ မလုပ်နိုင်တော့သလို အလယ်အလတ်လမ်းစဉ်ကိုလည်း လိုက်လို့မရတော့ဘူး။ သူ့ပြဿနာတွေကို ထောက်ပြတာက သူ့ကို စိတ်ဆိုးစေမယ်ဆိုရင်တောင် သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ဆောင်ရမယ်။ ဒါကြောင့် ကျွန်မ လင်းဟိုင်ဆီ စာရေးပြီး စုဝေးပွဲအတွက် တွေ့ဆုံဖို့ သူ့ကို ဖိတ်ခေါ်လိုက်တယ်။ သူ့ဆီ မသွားခင်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်အောင် လမ်းပြပေးဖို့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။

စုဝေးပွဲမှာ လင်းဟိုင်ရဲ့ပြဿနာတွေကို ကျွန်မ ထောက်ပြခဲ့တယ်။ အစမှာတော့ သူ လက်မခံခဲ့သလို ပြန်ပြောပြီး သူ့ကိုယ်သူ ကာကွယ်ဖို့ ကြိုးစားတယ်၊ တခြားအစ်ကိုတစ်ယောက်ကလည်း ဝင်ပြီး ထောက်ခံပြောတယ်။ ဒီအစ်ကိုက လင်းဟိုင်ကို ကာကွယ်ပေးနေမှန်း ကျွန်မ သဘောပေါက်လိုက်တယ်၊ ဒါကြောင့် သူ့စကားကို ဖြတ်ပြောပြီး သူ ကြားဝင်ဖာထေးပေးနေတာကို ကျွန်မ ဘွင်းဘွင်း ဖော်ထုတ်လိုက်တယ်။ အခြေအနေက နည်းနည်း အနေခက်လာပြီး လင်းဟိုင်ရဲ့မျက်နှာထားကလည်း မကောင်းတော့ဘူး။ ကျွန်မ ထပ်ပြောရင် ကျွန်မတို့ဆက်ဆံရေး ပိုအနေခက်သွားမှာကို ကြောက်လို့ အလျှော့ပေးပြီး ဒီကိစ္စကို ထားလိုက်ချင်စိတ် ပေါက်သွားတယ်။ ဒါပေမဲ့ နောက်တော့ လင်းဟိုင်က ဝတ်ကျေတမ်းကျေလုပ်ပြီး လက်တွေ့အလုပ်ကို မလုပ်တာကြောင့် အလုပ်ကို ထိခိုက်စေခဲ့ပြီးပြီသားဖြစ်ပုံကို ကျွန်မ ပြန်တွေးမိတယ်။ သူ့ပြဿနာတွေ ထောက်ပြခံရတဲ့အချိန်မှာတောင် သူ လက်မခံခဲ့ဘူး။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် အသင်းတော် အလုပ်ကို ပိုလို့တောင် ထိခိုက်နစ်နာစေမှာပဲ။ ဓမ္မတေးသီချင်းထဲကနေ စာကြောင်း နည်းနည်းကို ကျွန်မ သတိရလိုက်တယ်။ “အသင်းတော်တွင်၊ ငါ့အတွက် သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်လော့၊ သမ္မာတရားကို ထိန်းသိမ်းလော့။ အမှန်သည် အမှန်၊ အမှားသည် အမှား ဖြစ်၏။ အဖြူနှင့် အမည်းကို ရောထွေးခြင်း မရှိနှင့်။ သင်သည် စာတန်နှင့် တိုက်ပွဲဖြစ်လိမ့်မည် ဖြစ်ပြီး ၎င်းကို အဘယ်သောအခါမျှ တစ်ဖန် မထကြွစေဖို့အလို့ငှာ အလျှင်း နှိမ်နင်းရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးတယ်။ ကျွန်မ လူ့အကြိုက်လိုက်သူ ဆက်လုပ်လို့ မရတော့ဘူး၊ စည်းမျဉ်းတွေကို ကျွန်မ ထိန်းသိမ်းရမယ်။ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်တွေကို ထုတ်သုံးရင်းနဲ့၊ လင်းဟိုင်ရဲ့ပြဿနာတွေကို ကျွန်မ ထောက်ပြလိုက်တယ်၊ အလုပ်ကို မကြီးကြပ်တာ၊ လိုက်မစစ်တာနဲ့ လူတွေကို ပျိုးထောင်ဖို့ အာရုံမစိုက်တာတွေရဲ့ အကျိုးဆက်တွေအကြောင်း မိတ်သဟာယပြုလိုက်တယ်။ ဒါကို ကြားပြီးတဲ့နောက် လင်းဟိုင်ရဲ့သဘောထား နည်းနည်း ပြောင်းသွားပြီး လက်ခံချင်စိတ်ရှိကြောင်း ပြောလာတယ်။ ဒီလို လက်တွေ့လုပ်ဆောင်မှပဲ ကျွန်မစိတ်နှလုံးထဲမှာ စိတ်အေးလက်အေးဖြစ်သွားတယ်။

နောက်ပိုင်းမှာ လင်းဟိုင် သိပ်မပြောင်းလဲသေးတာကို ကျွန်မ တွေ့ရတယ်၊ ဒါကြောင့် သူ့ပြဿနာတွေကို တစ်ခုချင်းစီ စာရင်းလုပ်ပြီး ခေါင်းဆောင်တွေကို တင်ပြလိုက်တယ်။ လင်းဟိုင်နဲ့ပတ်သက်တဲ့ သုံးသပ်ချက်တွေကို စုစည်းပြီးတဲ့နောက် ခေါင်းဆောင်တွေက သူ့မှာ အစွမ်းအစညံ့ပြီး အလုပ်လုပ်နိုင်စွမ်း မရှိတာ၊ တာဝန်မှာ ဝန်တာမထားတာကို တွေ့ရှိခဲ့ကြတယ်။ သူက လက်တွေ့အလုပ် ဘာမှမလုပ်တဲ့ အယောင်ဆောင် အမှုဆောင်ဖြစ်တဲ့အတွက် ဖြုတ်ချသင့်တယ်ပေါ့။ ခေါင်းဆောင်တွေက ကျွန်မကို ကြီးကြပ်ရေးမှူးအဖြစ် ရာထူးတိုးပေးပြီး လင်းဟိုင်နဲ့ မိတ်သဟာယပြုဖို့နဲ့ သူ့ကို ဖြုတ်ချဖို့ ပြောတယ်။ ကျွန်မ နည်းနည်း တွန့်ဆုတ်နေမိတယ်။ “သူ့ပြဿနာတွေကို တဲ့တိုး သွားဖော်ထုတ်ရင်၊ သူ ငါ့ကို အငြိုးထားပြီး အမြင်စောင်းသွားမလား” ပေါ့။ လူ့အကြိုက်လိုက်တတ်တဲ့ ကျွန်မရဲ့ စိတ်နေစိတ်ထားက ပြန်ပေါ်လာတာကို ကျွန်မ သဘောပေါက်လိုက်ပြီး၊ ဘုရားနှုတ်ကပတ်တော်ကို သတိရလိုက်တယ်။ “ယင်းကို သင်လုပ်ဆောင်ခြင်းက လူများကို ပြစ်မှားစော်ကားမိလျှင်ဖြစ်စေ၊ သင့်ကို နောက်ကွယ်တွင် ပြင်းထန်စွာ ဝေဖန်ခံရဖို့ ဖြစ်စေလျှင်ပင် အရေးမကြီးပေ။” အဲဒီနှုတ်ကပတ်တော်ကို ကျွန်မ အမြန်ရှာဖတ်လိုက်တယ်။ ဘုရားသခင်က ပြောသည် “အကယ်၍ ယင်းက စည်းမျဉ်းများနှင့်ကိုက်ညီသည့် လုပ်ရပ်တစ်ခုဖြစ်ပါက ယင်းကို သင်လုပ်ဆောင်ခြင်းက လူများကို ပြစ်မှားစော်ကားမိလျှင်ဖြစ်စေ၊ သင့်ကို နောက်ကွယ်တွင် ပြင်းထန်စွာ ဝေဖန်ခံရဖို့ ဖြစ်စေလျှင်ပင် အရေးမကြီးပေ။ သို့ရာတွင် ယင်းက စည်းမျဉ်းများနှင့်မကိုက်ညီသည့် လုပ်ရပ်တစ်ခုဖြစ်ပါက ယင်းကို လုပ်ဆောင်ခြင်းဖြင့် လူတိုင်းထံမှ အသိအမှတ်ပြုခြင်းနှင့် ထောက်ခံခြင်းတို့ကို သင်ရပြီး လူတိုင်းနှင့် အဆင်ပြေနေသော်လည်း တစ်ခုမှာ ဘုရားသခင်၏ ရှေ့မှောက်တွင် ယင်းကို အကြောင်းပြ စာရင်းရှင်းနိုင်ခြင်း မရှိပါက သင်သည် ဆုံးရှုံးနစ်နာမှုတစ်ခုကို ခံစားရပြီဖြစ်သည်။ အကယ်၍ သင်သည် လူအများစုနှင့် ဆက်ဆံရေးများကို ထိန်းသိမ်းထားပြီး ၎င်းတို့ကို ပျော်ရွှင်အောင်နှင့် စိတ်ကျေနပ်အောင် လုပ်ဆောင်ကာ ၎င်းတို့၏ချီးမွမ်းခြင်းကို ရထားသော်လည်း ဖန်ဆင်းရှင်ဖြစ်သည့် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပါက သင်သည် အဆုံးစွန် မိုက်မဲသောလူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သင် မည်သည့်အရာကိုလုပ်ပါစေ ယင်းက စည်းမျဉ်းများနှင့်ကိုက်ညီခြင်း ရှိမရှိ၊ ယင်းက ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း ရှိမရှိ ယင်းနှင့်ပတ်သက်သည့် ဘုရားသခင်၏သဘောထားက မည်သည့်အရာဖြစ်သည်၊ မည်သည့်ရပ်တည်ချက်ကို လူတို့ခံယူသင့်သည်၊ မည်သည့်စည်းမျဉ်းများကို လူတို့ထိန်းသိမ်းသင့်သည်၊ ဘုရားသခင်က မည်သို့ညွှန်ကြားထားသည်နှင့် ယင်းကို သင်မည်သို့လုပ်ဆောင်သင့်သည်တို့ကို သင် ရှင်းလင်းစွာ နားလည်ရမည်ဖြစ်သည်။ သင်သည် ဤအကြောင်းနှင့်ပတ်သက်၍ ရှေးဦးစွာ ရှင်းရှင်းလင်းလင်း သိထားသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၄)) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတဲ့နောက် ကျွန်မစိတ်နှလုံးက ရုတ်တရက် လင်းလက်သွားတယ်။ တာဝန်ထမ်းဆောင်ရာမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ် ရှိရမယ်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိစ္စတွေကို လုပ်ဆောင်ဖို့အတွက် စည်းမျဉ်းတွေကို ရှာဖွေရမယ်။ တစ်ခုခုက သမ္မာတရား စည်းမျဉ်းတွေနဲ့ ကိုက်ညီနေသရွေ့ ကျွန်မ မလျှော့တမ်းလုပ်ရမယ်။ ဘုရားသခင်ကို ကျေနပ်စေနိုင်သရွေ့ လူတွေကို စိတ်ဆိုးစေမိတာ၊ အပြောခံရတာတွေက ကိစ္စမရှိဘူး။ သမ္မာတရားကို သိရက်နဲ့ လူတွေနဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့သက်သက် လက်တွေ့မလုပ်ဆောင်ဘူးဆိုရင်၊ ဘယ်သူ့ကိုမှ စိတ်မဆိုးစေရင်တောင် အသင်းတော်အလုပ်ကို မကာကွယ်လို့ ကျူးလွန်မိတဲ့ ပြစ်မှားမှုအတွက် ဘုရားသခင်ရဲ့ ပြစ်တင်ရှုတ်ချတာ ခံရလိမ့်မယ်။ အဲဒါ တော်တော် မိုက်မဲရာကျမှာ။ ဒါကြောင့် ကျွန်မ လင်းဟိုင်နဲ့ သွားပြီး မိတ်သဟာယပြုတယ်၊ လက်တွေ့အလုပ် မလုပ်တဲ့ သူ့ရဲ့အပြုအမူတွေကို ဖော်ထုတ်ပြီး သူ့ကို ဖြုတ်ချလိုက်တယ်။ လင်းဟိုင်ကတော့ သူ့ကိုယ်သူ စေ့စေ့စပ်စပ် ဆင်ခြင်သုံးသပ်ပါ့မယ်လို့ ပြောတယ်။ ဒီအတွေ့အကြုံကတစ်ဆင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား စည်းမျဉ်းတွေအတိုင်း တခြားလူတွေနဲ့ ဆက်ဆံမှသာ လူသားပုံသဏ္ဌာန်နဲ့ အသက်ရှင်နိုင်မယ်ဆိုတာ ကျွန်မ သဘောပေါက်လာခဲ့တယ်။ ခုချိန်ကစပြီး တခြားလူတွေနဲ့ ကိုယ်ကိုယ်တိုင်ကို ထိခိုက်စေပြီးတော့ လူ့အကြိုက်လိုက်သူ ကျွန်မ ဖြစ်လို့မရတော့ဘူး။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အခြားသူများကို အမြဲ ကျေနပ်စေခြင်းမှ ဖြစ်လာသည့်အရာ

ရှင်းချန် အမေရိကန်နိုင်ငံအသင်းတော်မှာ ဧဝံဂေလိအလုပ်ကို ကျွန်မ ကိုင်တွယ်ရတယ်။ အစ်မဝမ်နဲ့ ကျွန်မက အဖွဲ့ခေါင်းဆောင် အတူလုပ်ကြတယ်။ အစမှာ၊...

ပြဿနာကို ထောက်ပြခြင်းက အားနည်းချက်များကို ဖော်ထုတ်ခြင်းနှင့် မတူပါ

ဖလောရင့်စ်၊ အီတလီနိုင်ငံကျွန်မ ငယ်ငယ်ကတည်းက အမေက ပြောပြတယ်။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည်...

ကျွန်မသည် သူတစ်ပါး၏ ပြဿနာများကို ထောက်ပြရန် အဘယ်ကြောင့် မရဲဝံ့ခဲ့သနည်း

ရှူဟွေး၊ တရုတ်ပြည်အရင်တုန်းက ကျွန်မ အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံတဲ့အခါ သူတို့ထဲက တစ်ယောက်က စကားကို တည့်တိုးပြောတတ်တာကို သတိထားမိတယ်။ သူက...

“ခေါင်းဆောင်ကောင်း”တစ်ယောက်၏ ဆင်ခြင်သုံးသပ်မှု

ရူဘီလင် ဖိလစ်ပိုင်နိုင်ငံ ကျွန်မ ကလေးကတည်းက မိဘတွေက ကျွန်မကို လူတွေနဲ့ ဖော်ရွေဖို့ ချဉ်းကပ်ရလွယ်တဲ့၊ ကိုယ်ချင်းစာတတ်တဲ့သူဖြစ်ဖို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။