ရိုးရာအကျင့်သီလများကို လက်ခံလိုက်နာသင့်ပါသလား

08.02.2023

ရှောင်ရှန့် ပြင်သစ်နိုင်ငံ

ကျွန်မ မူလတန်းကျောင်းတုန်းက ကျွန်မအပေါ် တော်တော်သက်ရောက်သွားတဲ့ စာတစ်ခုရှိတယ်။ သစ်တော်သီးလက်ဆောင်ပေးတဲ့ ကောင်ရုန်ရဲ့ ဇာတ်လမ်းပေါ့။ ကောင်ရုန်က သူ့ရဲ့ အစ်ကိုတွေ၊ ညီတွေကို အကြီးဆုံးသစ်တော်သီးတွေပေးတယ်။ သူကတော့ အသေးဆုံးကိုယူတယ်။ သူ့အဖေက ချီးမွမ်းတာကို ခံရတယ်။ သူ့ဇာတ်လမ်းကို သုံးလုံးထပ် ဂန္တဝင်ကဗျာထဲမှာ ရေးထားတာ။ အဲဒီအချိန်တုန်းက ကျွန်မက သူ့အကျင့်စရိုက်က အကောင်းဆုံးပဲလို့ ထင်ခဲ့တယ်။ အဲဒီလို ကလေးမျိုးဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ်လည်း ပြောခဲ့တယ်။ အဲဒါနဲ့ ကျွန်မ ငယ်ငယ်ကတည်းက တော်တော်အရသာရှိတာ၊ ပျော်စရာကောင်းတာ တစ်ခုခုရှိရင် ကျွန်မက လိုချင်ပေမဲ့ ကောင်ရုန်ကို အတုခိုးပြီး ကျွန်မရဲ့အစ်မနဲ့ညီမတွေကို အဲဒါတွေကို ပေးတယ်။ ဒါတွေရဖို့ကို ဘယ်တော့မှ မကြိုးစားဘူး။ ဒါကြောင့် ကျွန်မအစ်မတွေက ကျွန်မကို အရမ်းချစ်ကြတယ်။ လူကြီးတွေက ကျွန်မကို ပိုပြီးတော့တောင် ချီးမွမ်းကြတယ်။ တခြားကလေးတွေကို ကျွန်မဆီကနေ သင်ယူဖို့ပြောတယ်။ ဒါကြောင့် ဒီဟာက လူတွေပိုင်ဆိုင်သင့်တဲ့ လူ့သဘာဝမျိုးပဲလို့ ကျွန်မ ပိုပြီးတော့တောင် ထင်ခဲ့တာပေါ့။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေနဲ့လည်း ဒီလိုမျိုး အဆင်ပြေခဲ့တယ်။ ကျွန်မရဲ့တာဝန်နဲ့ အသက်တာနှစ်ခုလုံးမှာ ကိစ္စတွေအတွက် ဘယ်တော့မှ မယှဉ်ပြိုင်ဘူး။ အရာရာတိုင်းမှာ သူများတွေကို ဉီးစားပေးတယ်။ အဲဒါကြောင့် ညီအစ်ကိုမောင်နှမတွေ ကျွန်မကို တော်တော်လက်ခံကြတာပေါ့။ ကျွန်မက ပေါင်းရတာ လွယ်တယ်။ တစ်ကိုယ်ကောင်းမဆန်ဘူး။ သူများတွေကို ထောက်ထားတယ်လို့ လူတိုင်းကပြောတယ်။ ဒီလိုပြုမူတဲ့အတွက် ကျွန်မ ကိုယ့်ကိုယ်ကိုယ် တော်တော်ဂုဏ်ယူတယ်။ ကျွန်မရဲ့ လူ့သဘာဝက ကောင်းတယ်လို့ ကျွန်မ အမြဲတမ်းထင်ခဲ့တယ်။ နောက်ပိုင်းမှာ ပတ်ဝန်းကျင်တချို့က ဖွင့်ပြပြီးတဲ့နောက်မှာ နောက်ဆုံးမှာ ကိစ္စတွေအပေါ် ကျွန်မရဲ့ လွဲမှားနေတဲ့ အမြင်တွေကို နည်းနည်းနားလည်သွားတယ်။

ဒီနှစ် ဇန်နဝါရီလမှာ ဧဝံဂေလိအလုပ် လိုအပ်ချက်တွေကြောင့် ဧဝံဂေလိနဲ့ ရေလောင်းအမှုဆောင်တွေအများကြီးကို ရှာရတယ်။ အဲဒါနဲ့ ကျွန်မက ရေလောင်းအမှုထမ်းတွေကို အမြဲတမ်းရှာပြီးလေ့ကျင့်ဖို့ လိုလာတာပေါ့။ တစ်ခါတလေမှာ ရေလောင်းဖို့အတွက် သင့်တော်တဲ့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ တွေ့တဲ့အချိန်မှာ ဧဝံဂေလိအမှုထမ်းတွေက ကျွန်မထက် ခြေတစ်လှမ်းသာပြီးတော့ သူတို့ကို ရသွားတယ်။ ဒီဟာကြောင့် ကျွန်မ တော်တော်စိတ်ညစ်မိတယ်။ ဒါပေမဲ့ ဒါကို ပြောဖို့ ကျွန်မ အရမ်းရှက်နေတယ်။ ကျွန်မက တစ်ကိုယ်ကောင်းဆန်တယ်လို့ လူတိုင်းက ထင်မှာပဲလို့ ကျွန်မ စဉ်းစားမိလို့ပေါ့။ အဲဒါနဲ့ ကျွန်မ နည်းလမ်းရှာတယ်။ ကျွန်မက ရေလောင်းသင်းထောက်ဆီကို တမင်တကာ စာတစ်စောင်ပို့လိုက်တယ်။ ရေလောင်းဖို့အတွက် သင့်တော်တဲ့သူတွေကို ဧဝံဂေလိအမှုဆောင်တွေက ယူသွားတယ်လို့ ပြောလိုက်တယ်။ ဒီဟာကြောင့် ရေလောင်းသင်းထောက်က ဧဝံဂေလိ အမှုဆောင်တွေကို အမြင်စောင်းလာပြီး သူတို့တွေကြားမှာ သဟဇာတဖြစ်ဖို့က မဖြစ်နိုင်တော့ဘူး။ အထက်ခေါင်းဆောင်က ဒီအကြောင်းကို သိသွားတော့ ကျွန်မကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းတယ်။ သဘောထားကွဲလွဲအောင်လုပ်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ဖို့ ပြောဆိုတဲ့အတွက် ကျွန်မကို ဖော်ထုတ်တယ်။ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတော့ ကျွန်မ ဝမ်းနည်းမိတယ်။ ဒါပေမဲ့ ကျွန်မက ပြန်မသုံးသပ်ဘူး။ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိခဲ့ဘူး။

နောက်တော့ တစ်နေ့မှာ လစ်စီဆိုတဲ့ အစ်မတစ်ယောက်က အစွမ်းအစကောင်းရှိပြီး နားလည်မှုရှိတယ်လို့ ကျွန်မကြားရတယ်။ ဒီတော့ သူက ရေလောင်းအလုပ်အတွက် အရမ်းသင့်တော်တာပေါ့။ လူသစ်တွေကို ရေလောင်းဖို့အတွက် ဒီအစ်မကို ရွှေ့ပြောင်းဖို့အတွက် ပြောဖို့ ကျွန်မ အသင်းတော်ခေါင်းဆောင်ဆီကိုသွားတယ်။ ဒါပေမဲ့ နောက်ကျတော့ ဧဝံဂေလိဟောဖို့အတွက် လူတွေ အရေးတကြီးလိုနေတယ်။ အသင်းတော်ခေါင်းဆောင်က လစ်စီကို ဧဝံဂေလိဖြန့်ဖို့အတွက် ပို့လိုက်တာပေါ့။ ဒီသတင်းကိုကြားတော့ ကျွန်မ တော်တော်စိတ်ထိခိုက်သွားတယ်။ ဒီအကြောင်းကို အသင်းတော်ခေါင်းဆောင်ကို ကျွန်မ ပြောပြချင်တာ။ ဒါပေမဲ့ ကျွန်မပြောလိုက်ရင် ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး ယှဉ်ပြိုင်ရယူချင်စိတ်ရှိတယ်လို့ ညီအစ်ကိုမောင်နှမတွေက သေချာပေါက်ထင်မှာပဲလို့ ကျွန်မ တွေးမိတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်ပြောလိုက်တယ်။ “မဖြစ်ဘူး။ ငါ လုပ်လို့မဖြစ်ဘူး။ ဒါဆိုရင် ငါက ရက်ရောပြီး စိတ်သဘောထားကောင်းတဲ့ပုံစံဖြစ်မှာပဲ” ပေါ့။ အဲဒါနဲ့ ကျွန်မ မကျေနပ်တာကို ချုပ်တည်းထားလိုက်တယ်။ ကျွန်မက လစ်စီအတွက် ပျော်ပါတယ်၊ ရေလောင်းတဲ့အလုပ်နဲ့ ဧဝံဂေလိအလုပ်နှစ်ခုလုံးက ဘုရားအိမ်တော်ရဲ့အလုပ်ပဲ လို့ သူတော်ကောင်းဟန်ဆောင်ပြီး ပြောလိုက်တယ်။ နောက်ပိုင်းမှာ အသင်းတော်ခေါင်းဆောင်က “အစ်ကိုဂျရုန်းက အစွမ်းအစကောင်းရှိပြီး ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ကောင်းကောင်းမိတ်သဟာယပြုတယ်” လို့ ပြောတာကို ကျွန်မ ကြားရတယ်။ ဒီအစ်ကိုကို လူသစ်တွေကို ရေလာလောင်းဖို့ ကျွန်မ ပြောချင်တာ။ ဒါပေမဲ့ မျှော်လင့်မထားဘဲနဲ့ အသင်းတော်ခေါင်းဆောင်က သူ့ကို ဧဝံဂေလိအမှုဆောင်လုပ်ဖို့ ပို့ပြီးသွားပြီလို့ ပြောတယ်။ ကျွန်မက မခံနိုင်တော့ဘူး။ အရင်တစ်ခေါက်က သူက အစ်မလစ်စီကို ဧဝံဂေလိ ဟောခိုင်းတယ်။ သူက နောက်လူတစ်ယောက်ကိုလည်း ဘာလို့ ဧဝံဂေလိအလုပ်ကို ချပေးရတာလဲ ပေါ့။ ရေလောင်းအလုပ်ကိုလုပ်ဖို့ လူတွေ အရမ်းကို လိုနေတာ။ အဲဒါနဲ့ အခြေအနေကို အသင်းတော်ခေါင်းဆောင်ကို ကျွန်မ ပြောပြတယ်။ ကျွန်မပြောတာနားထောင်ပြီးတော့ သူက ပြောတယ်။ “သူက ရေလောင်းအလုပ်လုပ်ဖို့ ပိုလိုတယ်ဆိုတော့ အစ်ကိုဂျရုန်းကို အစ်မကို ပေးလိုက်မယ်” တဲ့။ ဒါပေမဲ့ ကျွန်မ သတိထားမိတယ်။ အသင်းတော်ခေါင်းဆောင်က သူ့ကို ဧဝံဂေလိအလုပ်လုပ်ဖို့ ပို့ပြီးသွားပြီဆိုတော့ ကျွန်မက သူ့ကို မရမကယူလိုက်ရင် ကျွန်မက တစ်ကိုယ်ကောင်းဆန်တယ်။ လူကောင်းတွေကို မရမကယူတယ်လို့ သူတို့ပြောမှာကို စိတ်ပူမိတယ်။ အဲဒါနဲ့ သူ့ကို ဧဝံဂေလိဟောခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါဆိုရင် ကျွန်မက လူ့သဘာဝကောင်းရှိတယ်၊ တစ်ကိုယ်ကောင်းမဆန်ဘူး၊ သူများတွေအတွက် စဉ်းစားပေးနိုင်တယ်ဆိုတာ ပြမှာပဲ ပေါ့။ ဒီအဖွဲ့ထဲမှာ ဂျရုန်းက ဧဝံဂေလိအမှုဆောင်ကောင်းတစ်ယောက်ဖြစ်မှာပဲလို့ ကျွန်မ မက်ဆေ့ပို့လိုက်ပြီး အောင်ပွဲခံတဲ့ အီမိုဂျီတွေ အတွဲလိုက် ပို့လိုက်တယ်။ တကယ်တမ်းတော့ ဒါတွေအားလုံးက ဟန်ဆောင်တာပဲ။ ကျွန်မက တော်တော်ဆိုးတဲ့ စိတ်အခြေအနေရှိနေပြီး စောဒကတွေ အများကြီးတက်နေတာ။ ဧဝံဂေလိအလုပ်ကပဲ အမှုထမ်းကောင်းတွေလိုတယ်လို့ ခေါင်းဆောင်က ဘယ်လိုလုပ် ထင်ရတာလဲပေါ့။ သူက ကျွန်မတို့ရဲ့ တကယ့်အခက်အခဲတွေကို မမြင်ဘူးပေါ့။ ကျွန်မ တွေးလေလေ၊ စိတ်ထိခိုက်လေလေပဲ။

သုံးလေးရက်ကြာတော့ တခြားပတ်ဝန်းကျင်တစ်ခုက ကျွန်မဆီရောက်လာတယ်။ လတ်တလော ပျိုးထောင်ထားတဲ့ အမှုထမ်းတွေကို တင်ပြဖို့ ခေါင်းဆောင်က ကျွန်မတို့ကို ပြောတယ်။ ဧဝံဂေလိအမှုဆောင်တွေက ကျွန်မတို့ ရေလောင်းအမှုဆောင်တွေထက် လူတွေပိုပြီး ပျိုးထောင်ပေးတယ်ဆိုတာ ကျွန်မ မြင်ရပြီး ကျွန်မ ထပ်ပြီးတော့ မခံနိုင်ပြန်ဘူး။ ကျွန်မစိတ်ထဲမှာ မကျေနပ်တာ၊ နာကြည်းတာတွေက ချက်ချင်းပြည့်သွားတယ်။ သူတို့တွေက လူတွေအများကြီးပျိုးထောင်ပေးနေတယ်လို့ ကျွန်မ မျှော်လင့်မထားဘူး။ ကျွန်မ သူတို့ကို လစ်စီနဲ့ ဂျရုန်းကိုတောင် ယူခွင့်ပေးလိုက်သေးတယ်။ ဒါ တော်တော် မမျှတတာပဲ ပေါ့။ အခုဆို ဧဝံဂေလိအမှုဆောင်တွေက ရေလောင်းအမှုဆောင်တွေထက် ပိုများနေပြီ။ နောင်မှာ ရှိလာမယ့် လူသစ်တွေအများကြီးနဲ့ ကျွန်မတို့မှာရှိတဲ့ ရေလောင်းအမှုထမ်းနည်းနေတာကို စဉ်းစားပြီးတော့ ကျွန်မ ဖိအားတော်တော်ဖြစ်တယ်။ ခေါင်းဆောင်ကိုလည်း အမြင်စောင်းလာတယ်။ သူက ဧဝံဂေလိအလုပ်အတွက်ပဲ စဉ်းစားသလိုမျိုး၊ ရေလောင်းအလုပ်ကို ဘယ်သူကမှ မစဉ်းစားသလိုမျိုး ခံစားမိတယ်။ ဒါကို ကျွန်မ တွေးလေလေ၊ ဝမ်းနည်းလာလေလေပဲ။ အဲဒိမှာ ထိုင်နေရင်းနဲ့ ကျွန်မ မငိုဘဲ မနေနိုင်ဘူး။ ဧဝံဂေလိသင်းထောက်နဲ့ အသင်းတော်ခေါင်းဆောင်က အဖွဲ့ထဲက ကျွန်မတို့ လူသစ်တွေအကြောင်းကို စိတ်အားထက်ထက်သန်သန်နဲ့ပြောနေတာကို ကြည့်ရင်းနဲ့ ကျွန်မက ပြင်ပလူတစ်ယောက်လို ခံစားရတယ်။ အရမ်းအားမလိုအားမရဖြစ်ပြီး အဖွဲ့ကနေတောင် ထွက်ချင်တာ။ အဲဒီနေ့ နေ့လည်မှာ ကျွန်မ တော်တော်စိတ်ဆင်းရဲနေပြီး စားမဝင်ဘူး။ အိပ်ရာပေါ်မှာ တစ်ယောက်ထဲလှဲပြီး ရှိုက်ငိုနေတာပေါ့။ ဒီလိုဆက်သွားနေရင် ကျွန်မသေချာပေါက် နေမကောင်းဖြစ်မှာပဲလို့ ခံစားမိတယ်။ ကျွန်မနဲ့သိတဲ့ အစ်မတစ်ယောက်က ကျွန်မအခြေအနေကို မြင်တော့ သူကပြောတယ်။ ကျွန်မက နှိမ့်ချတယ်လို့ သူများတွေက ထင်ပြီး ကျွန်မကို အထင်ကြီးလေးစားအောင်လို့ ကျွန်မက တိုက်ရိုက်မပြောဘဲ ဟန်ဆောင်ခဲ့တယ် တဲ့။ ကျွန်မအစ်မရဲ့ သတိပေးချက်ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စပြီး သုံးသပ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်မ ဖတ်ရတာက။ “အဘယ်သူတို့သည် စင်စစ်အားဖြင့် ဖာရိရှဲများဖြစ်သည်ကို သင်တို့သိသလော။ သင်တို့အနီးတွင် ဖာရိရှဲတစ်ဦးတလေ ရှိသလော။ ဤလူများကို အဘယ်ကြောင့် ဖာရိရှဲများဟု ခေါ်သနည်း။ ဖာရိရှဲများကို မည်သို့ သရုပ်ဖော်သနည်း။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးဖြစ်သော၊ လုံးလုံး အတုအယောင် ဖြစ်ပြီး ၎င်းတို့ ပြုလေသမျှ၌ ဟိတ်ဟန်လုပ်သည်။ ၎င်းတို့သည် အဘယ်သို့ ဟိတ်ဟန်လုပ်သနည်း။ ကောင်းဟန်၊ ကြင်နာဟန်၊ အပြုသဘောဆောင်ဟန် ပြုသောသူများ ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် ယင်းကဲ့သို့ ဖြစ်ကြသလော။ လုံးဝ မဖြစ်ပေ။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးများ ဖြစ်သဖြင့် ၎င်းတို့ထဲ၌ ပေါ်လွင်သမျှနှင့် ထုတ်ဖော်သမျှမှာ ဟန်ဆောင်ထားခြင်း ဖြစ်သည်၊ ၎င်းတို့အားလုံးမှာ အယောင်ဆောင် ဖြစ်ကြ၏၊ ၎င်းမှာ ၎င်းတို့၏ သရုပ်မှန်မဟုတ်ပေ။ ၎င်းတို့၏ သရုပ်မှန်ကို အဘယ်နေရာတွင် ကွက်ဝှက်ထားသနည်း။ ယင်းကို သူတစ်ပါးတို့ လုံးဝ မမြင်စေရန် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဖုံးကွယ်ထားသည်။ အပြင်ပန်းတွင် ရှိသမျှသည် ဟန်ဆောင်မှုတစ်ခု ဖြစ်သည်၊ အားလုံးမှာ အတုအယောင်များဖြစ်သည်။ သို့သော် ၎င်းတို့သည် လူတို့ကိုသာ အရူးလုပ်နိုင်သည်။ ဘုရားသခင်ကို အရူးမလုပ်နိုင်ပေ။...အခြားလူများအဖို့၊ ဤသို့သောလူတို့သည် အလွန်ပင် ဘုရားတရားကိုင်းရှိုင်းပြီး နှိမ့်ချပုံရသော်လည်း ယင်းမှာ စင်စစ်အားဖြင့် အတုအယောင်သာ ဖြစ်သည်။ ၎င်းတို့သည် သည်းခံ၊ စိတ်ရှည်ပြီး ချစ်ခင်ဖွယ်ကောင်းပုံရသော်လည်း၊ ယင်းမှာ စင်စစ်အားဖြင့် ဟန်ဆောင်ထားခြင်းသာ ဖြစ်သည်။ ဘုရားသခင်ကို ချစ်သည်ဟု ၎င်းတို့က ပြောကြသည်။ အမှန်တကယ်တွင် ဟန်ဆောင်မှုတစ်ခုသာဖြစ်သည်။ ဤသို့သောလူတို့သည် သန့်ရှင်းသည်ဟု အခြားလူတို့က ထင်ကြသည်။ သို့သော် အမှန်တကယ်တွင် အတုအယောင်ဖြစ်သည်။ အမှန်တကယ် သန့်ရှင်းသူကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။ လူသားသန့်ရှင်းမှုသည် အားလုံး အတုအယောင်ဖြစ်သည်။ အားလုံးက အယောင်ဆောင်မှု၊ ဟန်ဆောင်မှုသာဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိပုံပေါက်သော်လည်း၊ အမှန်တွင် အခြားသူများ မြင်ဖို့ ၎င်းတို့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ မည်သူမျှ ကြည့်မနေသည့်အခါတွင်၊ ၎င်းတို့သည် စိုးစဉ်းမျှ သစ္စာမရှိကြသကဲ့သို့ ၎င်းတို့ပြုသမျှမှာ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံကြပြီး ၎င်းတို့၏မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ကြပြီးဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် အဘယ်အရာကို တိတ်တဆိတ် လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် အသင်းတော်တွင် မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို ဦးစီးဦးရွက်ပြုပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စီမံနေကြခြင်းဖြစ်ကာ အသင်းတော်ထံမှ အကျိုးအမြတ်ရယူနေပြီး ဘုရားသခင်အတွက် အလုပ်လုပ်သည့်ဟန်ကိုဆောင်လျက် လှူဖွယ်ပစ္စည်းများကို တိတ်တဆိတ် ခိုးယူနေခြင်းဖြစ်သည်။...ဤလူတို့သည် ခေတ်ပေါ် ကြောင်သူတော် ဖာရိရှဲများဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု)သင်လိုက်စားသည့်အရာမှာ သမ္မာတရားဖြစ်လျှင်၊ သင်လက်တွေ့လုပ်ဆောင်သည့်အရာမှာ သမ္မာတရားဖြစ်ပြီး၊ သင်ပြောဆိုပြုမူရာတွင် အခြေခံသည့်အရာမှာ ဘုရားနှုတ်ကပတ်တော်ဖြစ်လျှင် သူတစ်ပါးတို့သည် အကျိုးဖြစ်ပြီး စည်းမျဉ်းနှင့်ညီသော သင်၏ ပြောဆိုပြုမူမှုများမှ ရရှိကြလိမ့်မည်။ ယင်းမှာ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးဖြစ်မည်မဟုတ်သလော။ ရိုးရာယဉ်ကျေးမှုကို တွေးတောခြင်းဖြင့် ချုပ်ချယ်ခံရလျက် အသက်ရှင်ရင်း၊ သင်သည် ဟန်လုပ်စဉ် သူတစ်ပါးတို့ကလည်း အလားလူလုပ်ဆောင်လျှင်၊ သင်က ယဉ်ကျေးစွာဖြင့် သဘောကောင်းပြစဉ် ၎င်းတို့က မျက်နှာလိုမျက်နှာရပြုလုပ်လျှင်၊ တစ်ယောက်ချင်းစီတိုင်းက အခြားလူအတွက် ဟန်လုပ်နေလျှင် သင်တို့ထဲမှ မည်သူကမျှ လုံးဝ မကောင်းပေ။ သင်နှင့် ၎င်းတို့သည် သမ္မာတရား၏ စကားတစ်ခွန်းမှမပါဘဲ တစ်နေကုန် မျက်နှာလိုမျက်နှာရလုပ်ပြီး အသေးစိတ်များ လုပ်ဆောင်ကြကာ ရိုးရာယဉ်ကျေးမှုက အားပေးသော အပြုအမူကောင်းကိုသာ ဘဝတွင် သရုပ်ထင်စေကြသည်။ ဤသို့သောအပြုအမူသည် အပြင်ပန်းမှ သမားရိုးကျအဖြစ် မြင်ရသော်လည်း အားလုံးက သူတော်ကောင်း ဟန်ဆောင်ခြင်းဖြစ်သည်။ သူတစ်ပါးတို့ကို လိမ်လည်၊ လှည့်စားသောအပြုအမူ၊ လူတို့ကို အယုံသွင်းပြီး လှည့်စားသောအပြုအမူများဖြစ်သည်။ ရိုးသားစစ်မှန်သော စကားတစ်ခွန်းမျှ မကြားရပေ။ သင်သည် ဤသို့သောသူတစ်ဦးနှင့် မိတ်ဆွေဖွဲ့လျှင် အဆုံး၌ သင်သည် အယုံသွင်းခံရပြီး လှည့်စားခံရမည်မှာ သေချာသည်။ ၎င်းတို့၏ ကောင်းသောအပြုအမူမှ ရရှိသည့် မည်သည့်အရာကမျှ သင့်ကို စိတ်ဓာတ်မြှင့်တင်ပေးမည်မဟုတ်ပေ။ ယင်းက သင့်အား သင်ပေးရန်ရှိသည့်အရာများဟူသမျှမှာ မုသားနှင့် လှည့်စားမှုသာဖြစ်သည်။ သင်က ၎င်းတို့ကို လှည့်စားပြီး ၎င်းတို့က သင့်ကို လှည့်စားသည်။ အဆုံးတွင် သင်ခံစားရမည့်အရာသည် သင်၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာအလွန်အမင်း ဆုတ်ယုတ်ခြင်းဖြစ်ပြီး သင်တောင့်ခံဖို့သာ ရှိလိမ့်မည်။ သင်သည် သူတစ်ပါးတို့နှင့် အငြင်းပွားခြင်း၊ သို့မဟုတ် သူတစ်ပါးတို့ထံမှ အလွန်အမင်း တောင်းဆိုခြင်းမရှိဘဲ ရည်မွန်သော လောကဝတ်၊ ဓလေ့ထုံးတမ်းနှင့်ညီသော ယဉ်ကျေးမှုတို့ဖြင့် သင့်ကိုယ်သင် တင်ပြရဦးမည်ဖြစ်သည်။ သင်သည် တောက်ပသောအပြုံးတစ်ခုဖြင့် တည်ငြိမ်မှုရှိခြင်း၊ အမြင်ကျယ်သော သဘောထားကြီးမှုတို့ကို သက်ရောက်စေလျက် စိတ်ရှည်၊ သည်းခံရဦးမည်ဖြစ်သည်။ ဤသို့သော အခြေအနေတစ်ခုကို ရရှိရန်အတွက် နှစ်မည်မျှကြာရှည်စွာ ထိရောက်မှုရှိသော လေ့ကျင့်မှုကို လုပ်ဆောင်ရမည်နည်း။ သင်က သူတစ်ပါးတို့ရှေ့တွင် ဤသို့နေထိုင်ရန် သင့်ကိုယ်သင်တောင်းဆိုလျှင် သင်၏ အသက်တာသည် သင့်အား မောပန်းစေမည်မဟုတ်သလော။ သင်သည် များစွာသောချစ်ခြင်းတို့ မရှိသည်ကို ကောင်းစွာသိလျက်ဖြင့် ရှိဟန်ဆောင်ရခြင်းဖြစ်သည့် ထိုသို့သောသူတော်ကောင်း ဟန်ဆောင်မှုသည် လွယ်ကူသောအရာမဟုတ်ပေ။ လူတစ်ယောက်အနေဖြင့် သင့်ကိုယ်သင် ဤသို့ပြုမူခြင်းဖြင့် သင်သည် အစဉ်သဖြင့် ပို၍ အလွန်မောပန်းလိမ့်မည်။ သင်သည် သင်၏ နောက်ဘဝတွင် လူသားအဖြစ်ထက် နွား၊ သို့မဟုတ် မြင်း၊ ဝက်၊ သို့မဟုတ် ခွေးတစ်ကောင်အဖြစ်သာ မွေးဖွားလိုလိမ့်မည်။ ဤအရာတို့သည် သင့်အတွက် အလွန်အမင်းမှားယွင်းပြီး ဆိုးယုတ်ခြင်းသာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၃)) လူတွေက ရိုးရာယဉ်ကျေးမှုစိတ်ကူးတွေကို အခြေခံတဲ့ သူတော်ကောင်းဟန်ဆောင်မှုနဲ့ အသက်ရှင်ကြတယ်၊ ဒါက နာကျင်မှု၊ စိတ်ဓာတ်ကျမှုနဲ့ သီးခြားဖြစ်မှုတွေပဲ ဖြစ်ပေါ်စေတယ်ဆိုပြီး ဘုရားက ဖွင့်ပြတယ်။ ဒါက တော်တော်ကို စိတ်လှုပ်ရှားရတယ်။ ဒီစိတ်ကူးတွေက ကျွန်မကို အရမ်းကို ထိခိုက်ခဲ့လို့လေ။ အထူးသဖြင့် ဒါကို ဖတ်တဲ့အခါမှာပေါ့။ “သင်သည် များစွာသောချစ်ခြင်းတို့ မရှိသည်ကို ကောင်းစွာသိလျက်ဖြင့် ရှိဟန်ဆောင်ရခြင်းဖြစ်သည့် ထိုသို့သောသူတော်ကောင်း ဟန်ဆောင်မှုသည် လွယ်ကူသောအရာမဟုတ်ပေ။” ကျွန်မ တော်တော်ရှက်မိတယ်။ ဒီစကားလုံးတွေက ကျွန်မကို ဖော်ပြတာပဲ။ ကျွန်မက သိပ်ပြီး မရက်ရောတာ သိသာပါတယ်။ ဒါပေမဲ့ ရက်ရောဟန်ဆောင်ခဲ့တယ်။ အသင်းတော်အလုပ်ကို ကျွန်မ ထည့်မစဉ်းစားတဲ့အချိန်မှာ ထည့်စဉ်းစားဟန်ဆောင်နေတုန်းပဲ။ လစ်စီနဲ့ ဂျုရုန်းကို ဧဝံဂေလိဟောခိုင်းတော့ ကျွန်မက မပျော်တာ သိသာတယ်။ ဒါပေမဲ့ အားတင်းပြီးပြုံးတယ်။ သူတို့က ဧဝံဂေလိဟောနေတာကို ကျွန်မ ပျော်ပါတယ်လို့တောင် စာပို့ခဲ့တယ်။ ကျွန်မက အရမ်းမှားယွင်းပြီး အယောင်ဆောင်တာပဲ။ ဖာရိရှဲတွေက သူတို့ကိုယ်သူတို့ အမြဲတမ်း ဟန်ဆောင်တဲ့ ကြောင်သူတော်တွေဖြစ်တယ်လို့ ဘုရားနှုတ်ကပတ်တော်က ဖော်ပြပါတယ်။ အပြင်ပန်းမှာတော့ သူတို့က လူ့သဘာဝကောင်းရှိတယ်။ သည်းခံနှိမ့်ချတယ်။ ဘုရားတရားကိုင်းရှိုင်းတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ သူတို့က လူတွေကို လှည့်စားပြီး အမိဖမ်းဖို့ သူတို့ရဲ့ အဆင့်အတန်းနဲ့ ရာထူးကိုကာကွယ်ဖို့အတွက် ဒီနည်းလမ်းကို အသုံးပြုတာ။ သူတို့အနှစ်သာရက သမ္မာတရားနဲ့ ဘုရားသခင်ကို မုန်းတီးခြင်းပဲ။ ဒါကြောင့် သခင်ယေရှုက သူတို့တွေကို မြွေတွေလို့ ရှုတ်ချပြီး အမင်္ဂလာရှိတယ်လို့ ကြေညာခဲ့တယ်။ ဒါတွေကို ချင့်ချိန်စဉ်းစားရင်းနဲ့ ကျွန်မ ကြောက်လာတယ်။ ကျွန်မရဲ့ သူတော်ကောင်းဟန်ဆောင်မှုက အတိအကျကို ဖာရိရှဲတွေအတိုင်းပဲ။ အမှုထမ်းတွေ ခန့်တဲ့ကိစ္စမှာ ကျွန်မက သူများတွေနဲ့ မယှဉ်ပြိုင်ဘူးလို့ ပြသခဲ့တယ်။ ဒါနဲ့ ကျွန်မက သူများတွေ ကျွန်မအပေါ် အကဲဖြတ်တာကောင်းစေချင်ခဲ့တယ်။ ကျွန်မလုပ်သမျှက အသင်းတော် အကျိုးစီးပွားအတွက်ပဲလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မတကယ်တမ်း စဉ်းစားတာက ကိုယ့်ပုံရိပ်အတွက်ပဲ။ ကျွန်မက တစ်ကိုယ်ကောင်းဆန်တယ်၊ မကောင်းတဲ့လူ့သဘာဝရှိတယ်လို့ ဧဝံဂေလိ အမှုဆောင်တွေက ပြောမှာကို စိုးရိမ်ခဲ့ပြီး အသင်းတော်အလုပ်ကို ထည့်မစဉ်းစားခဲ့ဘူး။ ဒါကြောင့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းခဲ့ရတယ်။ ကျွန်မက အပြင်ပန်းမှာ ရက်ရောပြီး သဘောထားကြီးပုံရှိပေမဲ့ ကျွန်မက တော်တော်နာကျင်နေရပြီး မကျေနပ်ချက်တွေ အများကြီးရှိတယ်။ အသင်းတော်ခေါင်းဆောင်နဲ့ ဧဝံဂေလိသင်းထောက်ကိုတောင် အမြင်စောင်းခဲ့တယ်။ ဒါပေမဲ့ ဒီအတွေးတွေကို သူတို့မမြင်နိုင်တဲ့နေရာမှာ ကွယ်ဝှက်ထားလိုက်တယ်။ ဒီလိုနဲ့ ကျွန်မက လူ့သဘာဝကောင်းရှိပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းနိုင်တယ်လို့ ညီအစ်ကိုမောင်နှမတွေ ထင်အောင်ပေါ့။ ကျွန်မရဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်မ ဖွင့်ပြတာတွေကို သုံးသပ်ကြည့်ပြီး ကျွန်မ အပြုအမူကို ရွံရှာမိတယ်။ ကျွန်မရဲ့ အပြင်ပန်းကောင်းမှုတွေနဲ့ လူတွေကိုလှည့်စားပြီး ဆွဲဆောင်တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ပုံရိပ်ကို တည်ထောင်တယ်။ ကျွန်မပြောသမျှ၊ လုပ်သမျှက ဘုရားအတွက် စက်ဆုပ်စရာ၊ မုန်းတီးစရာဖြစ်ခဲ့တယ်။

နောက်ပိုင်းမှာ ရိုးရာယဉ်ကျေးမှုနဲ့ သူတော်ကောင်းတရားကို စိစစ်တဲ့ ဘုရားသခင်ရဲ့ မိတ်သဟာယကို ကျွန်မ သုံးလေးခေါက်နားထောင်ပြီး စပြီးတော့ ပြန်သုံးသပ်ကြည့်တယ်။ ကျွန်မက အရမ်းကို သူတော်ကောင်းဟန်ဆောင်ပြီး နာနာကျင်ကျင်နဲ့ အသက်ရှင််အောင် ဘယ်လို ရိုးရာယဉ်ကျေးမှုအယူအဆတွေက ကျွန်မကို ထိန်းချုပ်ခဲ့တာလဲပေါ့။ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်တယ်။ “ပို၍ကြီးသော သစ်တော်သီးများကို ပေးကမ်းသည့် ကောင်ရုံ၏ ရိုးရာယဉ်ကျေးမှု ပုံပြင်တစ်ပုဒ်ရှိသည်။ သင်တို့ မည်သို့ ထင်သနည်း။ ကောင်ရုံကဲ့သို့ မပြုလုပ်နိုင်သောမည်သူမဆိုသည် လူကောင်းတစ်ယောက် မဟုတ်ဘူးလော။ ကောင်ရုံကဲ့သို့ ပြုလုပ်နိုင်သူ မည်သူမဆိုသည် စရိုက်လက္ခဏာမြင့်မြတ်သည်၊ သမာဓိခိုင်မာသည်၊ တစ်ကိုယ်ကောင်းဆန်ခြင်းမရှိဘဲ ကိုယ်ကျိုးမကြည့်ပေ၊ လူကောင်းတစ်ယောက်ဖြစ်သည်ဟု လူတို့က ထင်မြင်လေ့ရှိသည်။ ဤသမိုင်းပုံပြင်ရှိ ကောင်ရုံသည် လူတိုင်းလိုက်လျှောက်သည့် စံပြတစ်ယောက်ဟုတ်သလော။ ဤဇာတ်ကောင်သည် လူတို့၏ စိတ်နှလုံးတွင် နေရာတစ်ခုခုရှိသလော။ (ရှိသည်။) လူတို့၏ စိတ်နှလုံးတွင် နေရာယူသည်မှာ သူ၏ အမည်မဟုတ်ဘဲ သူ၏ အတွေးများ၊ အလေ့အကျင့်များ၊ သူ၏ ကိုယ်ကျင့်တရားနှင့် အပြုအမူတို့ဖြစ်သည်။ လူတို့သည် ဤသို့သော အလေ့အကျင့်များကို အထင်ကြီးလေးစားပြီး လက်ခံကြသည်။ ကောင်ရုံ၏ သူတော်ကောင်းတရားကို စိတ်အတွင်း၌ လေးစားကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၁၀)) “ပညာတတ်များသည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းကို အလွန်အမင်း ခံထားရသည်။ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှုကို လက်ခံရုံမျှသာမဟုတ်၊ ရိုးရာယဉ်ကျေးမှု၏ အတွေးအမြင်များစွာကို ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် လက်ခံပြီး ယင်းတို့ကို အပြုသဘောဆောင်သောအရာများအဖြစ် မှတ်ယူသည်။ ၎င်းတို့သည် အချို့သောနာမည်ကြီးသည့် ဆိုရိုးစကားများကို နီတိများအဖြစ်ပင် မှတ်ယူသည်။ ဤအရာများကို လုပ်ဆောင်ရာတွင် ၎င်းတို့သည် အသက်တာတွင် လမ်းလွဲသွားကြပြီဖြစ်သည်။ ရိုးရာယဉ်ကျေးမှုသည် ကွန်ဖြူးရှပ်ဝါဒ၏ သင်ကြားမှုများတွင် ပါဝင်ဖွဲ့စည်းထားသည်။ ယင်းသည် ရိုးရာကိုယ်ကျင့်တရားများနှင့် ယဉ်ကျေးမှုကို အဓိကအားပေးမြှင့်တင်သည့် သဘောတရားနှင့် သီအိုရီ၏ အဓိကအပိုင်းတစ်ခု ပါဝင်သည်။ ဤသွန်သင်မှုများကို မင်းဆက်များစိုးစံသောခေတ်ကာလတစ်လျှောက်တွင် ကွန်ဖြူးရှပ်နှင့် မန်စီးယပ်ကို ပညာရှိများအဖြစ် ကြည်ညိုလေးစားသော အုပ်ချုပ်သူလူတန်းစားများမှ အထင်ကြီးလေးစားကြသည်။ ကွန်ဖြူးရှပ်ဝါဒမှ သွန်သင်မှုများက ခံယူသည်မှာ လူတစ်ယောက်အနေဖြင့် စေတနာသဒ္ဓါတရား၊ တရားမျှတမှု၊ ယဉ်ကျေးမှု၊ ဉာဏ်ပညာ၊ ရိုးသားစစ်မှန်မှုကို အသေအချာ ကိုင်စွဲထားရမည်။ ဆိုလိုသည်မှာ အမှုအရာများဖြစ်ပေါ်သည့်အခါ တည်ငြိမ်ပြီး ဣန္ဒြေမပျက်ရှိရန်၊ ခွင့်လွှတ်ရန်၊ ပြောဖို့ရှိသည့်အရာကို ကောင်းစွာပြောရန်၊ ယှဉ်ပြိုင်ခြင်း၊ သို့မဟုတ် ကြိုးပမ်းခြင်းမရှိရန် သင်ယူရမည်၊ အခြားသူများ၏ လေးစားမှုကိုရရှိရန်အတွက် ယဉ်ကျေးမှုရှိရန် သင်ယူရမည်၊ ထိုသို့သောလူတစ်ဦးူသည်သာ ပြုမူဆောင်ရွက်ခြင်း၌ စံပြဖြစ်သည်ဟု ဆိုလိုသည်။ ထိုသို့သောလူတစ်ဦးသည် မိမိကိုယ်ကို သာမန်လူတို့၏ အထက်တွင်ထားသည်။ သူ့အတွက် အခြားလူတိုင်းက ခွင့်လွှတ်ရမည့်၊ သည်းခံရမည့်သူများဖြစ်သည်။ အသိပညာ၏ ‘သက်ရောက်မှု’ သည် အလွန်ကြီးမားသည်။ ထိုသို့သောလူတို့သည် ကြောင်သူတော်များနှင့် အလွန်ဆင်တူသည် မဟုတ်လော။ လုံလောက်သော အသိပညာများဖြင့် လူတို့သည် ကြောင်သူတော်များ ဖြစ်လာကြသည်။ ဤ ပညာကြီးသည့်၊ ခံ့ညားသည့် ပါရမီရှိသူအုပ်စုကို ဆွဲဆောင်သည့် စကားစုသည် ‘ပညာရှင်ဆန်စွာ ရည်မွန်ခြင်း’ ဖြစ်သည်။...၎င်းတို့၏ အထက်တန်းလွှာများက ခံယူထားသော ယဉ်ကျေးသိမ်မွေ့သည့် ပြုမူပြောဆိုပုံကို လေ့လာပြီး အတုခိုးရန် အထူးသဖြင့် စီစဉ်ကြသည်။ ၎င်းတို့သည် အချင်းချင်းစကားပြောဆိုသောအခါ၊ အမှုအရာများကို ဆွေးနွေးသောအခါ ၎င်းတို့၏ လေသံမှာ အဘယ်နည်း။ ၎င်းတို့သည် အလွန်နူးညံ့သော စကားအသုံးအနှုန်းများကို သုံးကြသည်။ ၎င်းတို့၏ စကားလုံးများသည် ရည်မွန်ပြီး နူးညံ့သိမ်မွေ့သည်။ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆကိုသာ ဖော်ပြသည်။ အခြားလူ၏ ထင်မြင်ချက်က မှားသည်ဟု သိလျှင်ပင် မှားသည်ဟု ပြောမည်မဟုတ်။ မည်သူကမျှ အခြားလူကို ထိုသို့ ထိခိုက်မည်မဟုတ်ပေ။ ၎င်းတို့၏ စကားသည်လည်း အလွန်ပင် နူးညံ့သည်။ ဝါဂွမ်းက ဝါဂွမ်းကို ပွတ်တိုက်သကဲ့သို့ဖြစ်သည်။ ကြားရသောသူကို မအီမသာဖြစ်စေသော၊ စိတ်သောကရောက်ပြီး စိတ်ဆိုးအောင် ပြုလုပ်သော နာကျင်မှုမရှိသော စကားစမြည်များဖြစ်သည်။ ထိုသို့သောလူများသည် အလွန်ပင် ဟန်ဆောင်တတ်ကြသည်။ အသေးဆုံးအရာဖို့ပင် ၎င်းတို့၏ ဟန်ဆောင်မှုကို အသုံးချကြသည်။ ယင်းသည် မည်သည့်အရာဖြစ်သည်ကို မည်သူကမျှ ဖော်ထုတ်ပြောဆိုခြင်းမရှိဘဲ သေသပ်စွာ နိဂုံးချုပ်သည်။ သာမန်လူတို့ရှေ့တွင် ၎င်းတို့သည် မည်သို့သော ကိုယ်ဟန်အနေအထားမျိုးကို ပြလိုကြသနည်း။ မည်သို့သော ပုံရိပ်မျိုးကို ပြသလိုကြသနည်း။ ၎င်းတို့ကို နှိမ့်ချသော လူကြီးလူကောင်းများအဖြစ် သာမန်လူများက မြင်စေရန် ကြိုးစားကြသည်။ လူကြီးလူကောင်းများသည် အခြားလူတိုင်းထက် သိသိသာသာ ပိုကောင်းကြသည်။ ၎င်းတို့သည် လေးစားရမည့်သူများဖြစ်သည်။ ၎င်းတို့၏ ထင်မြင်ချက်များသည် သာမန်လူတို့ထက်ပို၍ အရေးပါသည်၊ ၎င်းတို့သည် အမှုအရာများကို ပို၍နားလည်သည်ဟု လူများက ထင်ကြသည်။ ထို့ကြောင့် လူတို့သည် ထိုသို့သော ပညာတတ်များကို ၎င်းတို့၏ အရေးကိစ္စအားလုံးအကြောင်း တိုင်ပင်ကြသည်။ ဤသည်မှာ ထိုပညာတတ်များက ရရှိလိုသော ရလဒ်မျိုးဖြစ်သည်။ ၎င်းတို့အားလုံးက ပညာရှိများအဖြစ် ကြည်ညိုလေးစားခြင်းကို ခံယူလိုကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မပြဿနာကို အတိအကျ ဖော်ပြတယ်။ ဒီသူတော်ကောင်းဟန်ဆောင်တဲ့ ကောင်းမှုတွေကို ဘာလို့ အတုခိုးစရာ အပြုသဘောဆောင်တာတွေအဖြစ် ကျွန်မက မြင်နိုင်တာလဲ။ ဒါက ဘာကြောင့်လဲဆိုရင် ကျွန်မက သစ်တော်သီးလက်ဆောင်တွေပေးတဲ့ ကောင်ရုန်ရဲ့ ရိုးရာယဉ်ကျေးမှုအယူအဆရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရလို့ပါ။ ငယ်ငယ်ကတည်းက ဒီအယူအဆနဲ့ ကျွန်မ အသက်ရှင်ခဲ့တယ်။ လိမ္မာတဲ့ကလေးဖြစ်တယ်လို့ လူတွေထင်အောင်လုပ်ဖို့ ကျွန်မအစ်မတွေကို ကျွန်မအကြိုက်ဆုံး အရုပ်တွေ၊ မုန့်တွေအများကြီးပေးခဲ့တယ်။ အရွယ်ရောက်လာတော့လည်း အရာရာမှာ နှိမ့်ချပြီး ရက်ရောမှုကို ပြတယ်။ ကျွန်မ စိတ်မပါတပါနဲ့ လုပ်ခဲ့ပေမဲ့ ဒီလိုလုပ်မှသာ ကျွန်မက လူ့သဘာဝကောင်းရှိပြီး ပြောဆိုပြုမူပုံတွေကို နားလည်တယ်ဆိုတာ ပြနိုင်တယ်၊ ဒါက သူများတွေလေးစားတာကိုရဖို့အတွက် တစ်ခုတည်းသောနည်းလမ်းပဲလို့ ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်မက စိတ်မပါတပါနဲ့ တောင့်ခံခဲ့တယ်။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ ဒီရိုးရာအယူအဆကို သမ္မာတရားအဖြစ် ကျင့်သုံးနေတုန်းပဲ။ ဒီအမှုထမ်းနှစ်ယောက်ကို ခန့်တဲ့ကိစ္စမှာ ကျွန်မက သည်းခံနေခဲ့တယ်။ ရေလောင်းအမှုထမ်းနည်းနေတာ ရှင်းပါတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ်ကျိုးမကြည့်ဘဲ ဆက်ကပ်အပ်နှံဟန်ဆောင်တယ်။ ရေလောင်းဖို့အတွက် သင့်တော်တဲ့ လူနှစ်ယောက်ကို ဧဝံဂေလိဟောဖို့အတွက် ခွင့်ပြုလိုက်တယ်။ ဒါကြောင့် ကျွန်မက အရမ်းမြင့်မြတ်ပြီး ရက်ရောတဲ့ ပုံစံပေါ်တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မက အရမ်းအပျက်သဘောဆောင်ပြီး အမှုထမ်းမရှိတာကြောင့် ခိုးပြီးတော့ သုံးလေးခါ ငိုခဲ့တယ်။ အသင်းတော်ခေါင်းဆောင်အပေါ် အမြင်စောင်းခဲ့တယ်။ နောက်ဆုံးမှာ ရေလောင်းတဲ့အလုပ်က ထိခိုက်သွားတယ်။ ဒီလိုမျိုုး “ပေးဆပ်တာ”က ဘာအဓိပ္ပာယ်ရှိသလဲ။ ကျွန်မကို အမြင်ကောင်းအောင်လို့ ကောင်ရုန်လိုမျိုး မြင့်မြတ်တဲ့ သဘောထားကို ခံယူခဲ့တယ်။ ဒါက အသင်းတော်အလုပ်ကို ထိခိုက်သလားဆိုတာ ဂရုမစိုက်ခဲ့ဘူး။ ကျွန်မက ကြောင်သူတော် စစ်စစ်တစ်ယောက်ပဲ။ ကျွန်မက အသင်းတော်အလုပ်ကို တကယ်အလေးထားရင် ရေလောင်းအလုပ်အတွက် တကယ်လိုအပ်နေတာတွေကို ကြည့်ပြီး ကျွန်မတို့ရဲ့ အမှုထမ်းလိုအပ်ချက်ကို အကဲဖြတ်မှာပဲ။ ဒါပေမဲ့ ကျွန်မရဲ့ ပုံရိပ်ကို ကာကွယ်ဖို့အတွက် စည်းမျဉ်းတွေကို လုံးဝ မလိုက်နာခဲ့ဘူး။ ရေလောင်းအလုပ်က အမှုထမ်းနည်းတာကြောင့် ထိခိုက်လာတဲ့အခါမှာတောင် ကျွန်မက ဆက်ပြီးတော့ လူတွေကို ရက်ရက်ရောရောနဲ့ လွတ်ပေးတုန်းပဲ။ ရေလောင်းအလုပ်ကို နှောင့်နှေးအောင်လုပ်ခြင်းအားဖြင့် သူများတွေရဲ့ ချီးမွမ်းမှုကို ကျွန်မ ရခဲ့တယ်။ ဒီလိုလူတွေက ကြောင်သူတော်တွေလို့ ဘုရားက ပြောတာမဆန်းပါဘူး။ ကျွန်မအပြုအမူက တကယ်ကို မှားယွင်းနေတာကို သဘောပေါက်သွားတယ်။

နောက်ပိုင်းမှာ ကျွန်မကို လှုံ့ဆော်ပေးတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူတော်ကောင်းတရားနှင့် သက်ဆိုင်သည့် မည်သည့်ပြောဆိုချက်မျိုးမဆိုသည် သမ္မာတရားအတွက် ရပ်တည်နိုင်ဖို့မဆိုထားနှင့်။ သမ္မာတရားပင်မဟုတ်သည်ကို သင်တို့ ရှင်းလင်းစွာ သိရမည်။ ထိုအရာများသည် အပြုသဘောဆောင်သောအရာများပင် မဟုတ်ပေ။ သူတော်ကောင်းတရားနှင့်သက်ဆိုင်သည့် ဤပြောဆိုချက််များသည် စာတန်က လူတို့ကို လှည့်စားသည့် မိစာဆဒိဌိဆန်သော အတွေးမှားများဖြစ်သည်ဟု သေချာပေါက် ဆိုနိုင်သည်။ ထိုအရာများသည် ၎င်းတို့ကိုယ်၌က လူတို့ပိုင်ဆိုင်သင့်သော သမ္မာတရား၏ စစ်မှန်မှုမဟုတ်သကဲ့သို့ သာမန်လူ့သဘာဝက အသက်ရှင်နေထိုင်သင့်သည့် အပြုသဘောဆောင်သောအရာများ မဟုတ်ပေ။ သူတော်ကောင်းတရားအကြောင်းဖြစ်သော ဤပြောဆိုချက်များတွင် အတုအယောင်များ၊ ဟန်ဆောင်မှုများ၊ မမှန်မကန်ပြုလုပ်ထားခြင်းများ၊ လှည့်ကွက်များပါဝင်သည်။ ယင်းတို့သည် အစစ်အမှန်မဟုတ်သော အပြုအမူများဖြစ်ပြီး၊ လူသား၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတွင်၊ သို့မဟုတ် လူသား၏ သာမန်စဉ်းစားပုံတွင် အရင်းခံခြင်း လုံးဝ မရှိပေ။ ထို့ကြောင့် သူတော်ကောင်းတရားနှင့် စပ်လျဉ်း သည့် ရိုးရာယဉ်ကျေးမှု၏ ပြောဆိုချက်များအားလုံးသည် ယုတ္တိမရှိပေ။ အဓိပ္ပာယ်မရှိသော မိစာဆဒိဌိအယူများနှင့် အတွေးမှားများဖြစ်သည်။ ဤမိတ်သဟာယအနည်းငယ်နှင့် ယနေ့တွင် စာတန်တင်ပြသော သူတော်ကောင်းတရားအကြောင်း ပြောဆိုမှုများသည် အလုံးစုံ သေခြင်းသို့ စီရင်ခံရသည်။ ယင်းတို့သည် အပြုသဘောဆောင်သောအရာများပင်မဟုတ်လျှင် လူတို့က ၎င်းတို့ကို လက်ခံနိုင်သည်မှာ အဘယ်သို့ဖြစ်သနည်း။ ဤအယူအဆ၊ ဤအမြင်များနှင့် လူတို့က မည်သို့ ရှင်သန်နိုင်သနည်း။ အကြောင်းမှာ သူတော်ကောင်းတရားနှင့်ပတ်သက်သည့် ဤပြောဆိုချက်များသည် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် အလွန်ကိုက်ညီသည်။ လေးစားခြင်း၊ လက်ခံခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် လူတို့သည် သူတော်ကောင်းတရားနှင့်သက်ဆိုင်သော ဤပြောဆိုချက်များကို ၎င်းတို့စိတ်နှလုံးထဲမှ လက်ခံသည်။ လူတို့သည် လက်တွေ့မလုပ်နိုင်သော်လည်း စိတ်အတွင်းတွင် ထိုအရာများကို အလွန်အားရစွာ လက်ခံယုံကြည်ပြီး ကိုးကွယ်ကြသည်။ ထိုနည်းအားဖြင့် စာတန်သည် လူတို့ကို လှည့်ဖြားရန်၊ ၎င်းတို့၏ စိတ်နှလုံးနှင့် အပြုအမူကို ထိန်းချုပ်ရန်အတွက် သူတော်ကောင်းတရားနှင့် သက်ဆိုင်သော ပြောဆိုချက်အမျိုးမျိုးကို အသုံးပြုသည်။ အကြောင်းမှာ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သူတော်ကောင်းတရားနှင့် သက်ဆိုင်သော ပြောဆိုချက်မျိုးစုံကို ကိုးကွယ်ပြီး မျက်ကန်းယုံကြည်မှုရှိကြသည်။ ၎င်းတို့အားလုံးသည် ပိုမိုကြီးမားသော ဂုဏ်သိက္ခာ၊ မြင့်မြတ်မှု၊ ကြင်နာမှုရှိဟန်ဆောင်ပြီး ဤနည်းအားဖြင့် အလွန်အထင်ကြီးခံရကာ ချီးမွမ်းခံရဖို့ဖြစ်သော ၎င်းတို့၏ ပန်းတိုင်ကို ရရှိရန် ဤပြောဆိုချက်များကို အသုံးပြုလိုကြသည်။ အနှစ်ချုပ်တွင် သူတော်ကောင်းတရားနှင့် သက်ဆိုင်သော ဖော်ပြချက်မျိုးစုံတို့သည် သူတော်ကောင်းတရားနယ်ပယ်တွင် အပြုအမူ၊ သို့မဟုတ် လူသားအရည်အသွေးအမျိုးအစားအချို့ကို ထင်ရှားစွာပြသသင့်သည်ဟု လူတို့ကို တောင်းဆိုသည်။ ဤအပြုအမူများနှင့် လူသားအရည်အသွေးများသည် အလွန်မြင့်မြတ်သည့်ပုံစံရှိပြီး ကြည်ညိုလေးစားခြင်းခံရသည်။ ထို့ကြောင့် လူအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးတွင် ထိုအရာများအပေါ် အလွန်ပင် ဆန္ဒပြင်းပျကြသည်။ သို့သော် ၎င်းတို့ ထည့်မစဉ်းစားသည့်အချက်မှာ သူတော်ကောင်းတရားနှင့် သက်ဆိုင်သော ဤပြောဆိုချက်များသည် သာမန်လူတစ်ယောက်လိုက်နာသင့်သည့် ပြုမူနေထိုင်မှုစည်းမျဉ်းများ လုံးဝ မဟုတ်ခြင်းပင်ဖြစ်သည်။ ယင်းအစား ဤအရာများသည် လူတစ်ယောက်က ရှိဟန်ဆောင်နိုင်သည့် သူတော်ကောင်းဟန်ဆောင်သော အပြုအမူအမျိုးမျိုးဖြစ်သည်။ ၎င်းတို့သည် အသိစိတ်၊ ဆင်ခြင်တုံတရား၏ စံနှုန်းများမှ သွေဖည်သည်။ သာမန်လူ့သဘာဝ၏ စိတ်မှ ခွဲထွက်သည်။ စာတန်သည် လူတို့ကို လှည့်စားရန်၊ စာတန်ကို ကိုးကွယ်ပြီး ထိုသူတော်ကောင်းယောင်ဆောင် ပညာရှိဆိုသူများကို ကိုးကွယ်ကြစေရန်၊ ဤနည်းအားဖြင့် သာမန်လူ့သဘာဝနှင့် လူသားအပြုအမူအတွက် စံသတ်မှတ်ချက်များကို သာမန်အဖြစ်၊ ရိုးရှင်းပြီး နိမ့်ကျသောအရာများအဖြစ်ပင် လူတို့ကို မြင်စေရန်အတွက် သူတော်ကောင်းတရားနှင့် သက်ဆိုင်သော မှားယွင်းပြီး ဟန်ဆောင်ထားသော ပြောဆိုချက်များကို အသုံးပြုသည်။ လူတို့သည် ဤအရာများကို အလွန်မုန်းတီးပြီး ရွံရှာဖွယ်အဖြစ် ထင်မြင်ကြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် စာတန်က ထောက်ခံအားပေးသည့် သူတော်ကောင်းတရားနှင့် သက်ဆိုင်သော ပြောဆိုချက်များသည် အမြင်တွင် အလွန်ကျေနပ်ဖွယ်ရာဖြစ်ပြီး လူ၏ အယူအဆများ၊ စိတ်ကူးများနှင့် အလွန် ကိုက်ညီသည်။ သို့သော် အမှန်တွင် သူတော်ကောင်းတရားနှင့် သက်ဆိုင်သော မည်သည့်ပြောဆိုချက်မဆိုသည် မည်သည့်အရာဖြစ်နိုင်ပါစေ လောကီတွင် လူတို့ ပြုမူဆောင်ရွက်ရာ၌၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းရာ၌ ၎င်းတို့လိုက်နာသင့်သည့် စည်းမျဉ်းမဟုတ်ပေ။ သေချာစဉ်းစားတွေးတောကြည့်လော့။ ဤကဲ့သို့ မဟုတ်သလော။ အနှစ်သာရတွင် သူတော်ကောင်းတရားများ၏ ဖော်ပြချက်များသည် လူတို့ကို ပို၍ ဂုဏ်ရှိသော၊ မြင့်မြတ်သောဘဝများကို အပေါ်ယံဆန်ဆန် ရှင်သန်စေပြီး ဤသို့ဖြင့် ဤအရာများကို အထင်သေးရမည့်အစား ကိုးကွယ်၊ ချီးမွမ်းစေရန်အတွက် တောင်းဆိုချက်များသာဖြစ်သည်။ ဤပြောဆိုချက်များသည် လူတို့ကို ကောင်းသောအပြုအမူမှတစ်ဆင့် သူတော်ကောင်းတရားကို ထင်ထင်ရှားရှားပြသပြီး ဤနည်းအားဖြင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ရည်မှန်းချက်များနှင့် လွန်ကျူးသော ဆန္ဒများကို ဖုံးကွယ်ပြီး ကန့်သတ်ရန်၊ လူ၏ ဆိုးယုတ်ပြီး အကျည်းတန်သော သဘာဝနှင့် အနှစ်သာရကို ဖုံးကွယ်ရန် တောင်းဆိုချက်များသာဖြစ်သည်ကို ပြသည်။ ဤအရာများသည် လူတစ်ယောက်၏ ပင်ကိုစရိုက်ကို အပေါ်ယံဆန်သော အပြုအမူကောင်းများ၊ အလေ့အကျင့်များမှတစ်ဆင့် မြှင့်တင်ပေးရန်၊ သူ့အပေါ် အခြားလူများ၏ အမြင်နှင့် ပိုမိုကျယ်ပြန့်သော လောကီ၏ ခန့်မှန်းချက်ကို မြှင့်တင်ပေးရန် ရည်ရွယ်သည်။ သူတော်ကောင်းတရား၏ ပြောဆိုချက်များသည် လူ၏ အတွင်းကျသော အတွေးများ၊ အမြင်များ၊ သူ၏ အကျည်းတန်သော မျက်နှာထား၊ သူ၏ သဘာဝနှင့် အနှစ်သာရတို့ကို အပေါ်ယံဆန်သော အပြုအမူ၊ အလေ့အကျင့်များနှင့် ဖုံးကွယ်ခြင်းဖြစ်သည်ဆိုသည်ကို ဤအချက်များက ပြသည်။ ဤအရာများကို အောင်မြင်စွာ ဖုံးကွယ်၍ရနိုင်သလော။ ဤအရာများကို ဖုံးကွယ်ရန် ကြိုးစားခြင်းသည် ပို၍ပင် သိသာစေသည် မဟုတ်လော။ သို့သော် စာတန်က ဤအရာကို ဂရုမစိုက်ပေ။ စာတန်၏ ရည်ရွယ်ချက်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အကျည်းတန်သော မျက်နှာထားကို ဖုံးကွယ်ရန်၊ လူ၏ ဖောက်ပြန်ပျက်စီးမှု၏ အမှန်တရားကို ဖုံးကွယ်ရန် ဖြစ်သည်။ ထို့ကြောင့် စာတန်သည် လူတို့ကို မိမိတို့ကိုယ်ကို အယောင်ဆောင်စေရန် သူတော်ကောင်းတရား၏ အပြုအမူဆိုင်ရာ ပြောဆိုချက်များကို ခံယူကျင့်သုံးစေသည်။ ဤသည်မှာ စာတန်က လူ၏ အသွင်အပြင်၏ သေသပ်သော ပြယုဂ်တစ်ခု ပြုလုပ်ရန် သူတော်ကောင်းတရားဖြစ်ခြင်း၏ စည်းကမ်းများ၊ အပြုအမူများကို အသုံးပြုသည်ဟု ဆိုလိုသည်။ ဤနည်းအားဖြင့် လူတစ်ယောက်သည် အခြားလူတို့၏ အထင်ကြီးမှုနှင့် ချီးမွမ်းမှုကို ရရှိနိုင်ဖို့အတွက် သူ၏ လူသားအရည်အသွေးများနှင့် ပင်ကိုစရိုက်တို့ကို မြှင့်တင်သည်။ အခြေခံအားဖြင့် သူတော်ကောင်းတရားနှင့် သက်ဆိုငသော ဤဖော်ပြချက်များသည် လူတစ်ယောက်က သူ၏ အပြုအမူကို အခြေခံပြီး မြင့်မြတ်သည်၊ သို့မဟုတ် နိမ့်ကျသည်ဆိုသည်ကို သတ်မှတ်ဆုံးဖြတ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၁၀)) ကျွန်မက လွဲမှားနေတဲ့အမြင်ကို အမြဲတမ်းဆုပ်ကိုင်ထားတယ်၊ ရိုးရာယဉ်ကျေးမှု သူတော်ကောင်းတရားကို လူတစ်ယောက်ရဲ့ လူ့သဘာဝက ကောင်းသလား၊ ဆိုးသလားဆိုတာ တိုင်းတာဖို့ စံနှုန်းအဖြစ် မှတ်ယူခဲ့တယ်ဆိုတဲ့ အမြင်ပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးမှပဲ ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မက သူတော်ကောင်းတရားကို သမ္မာတရားအဖြစ်မှားမြင်ပြီး သူတော်ကောင်းတရားရှိတဲ့လူတွေက လူ့သဘာဝကောင်းရှိတယ်လို့ ထင်ခဲ့တယ်။ တကယ်တမ်းတော့ သူတော်ကောင်းတရားက လူတွေ လိုက်နာသင့်တဲ့ ဘဝစည်းမျဉ်းမဟုတ်ဘူး။ သူတော်ကောင်းယောင်ဆောင်တဲ့ လုပ်ရပ်တစ်ခုပဲ။ အနှစ်သာရမှာ အဲဒါက လူတွေကို လှည့်စားပြီး ဖျက်ဆီးဖို့ စာတန်အသုံးပြုတဲ့ နည်းလမ်းတစ်ခုပဲ။ လူတွေ အသက်ရှင်နေထိုင်ဖို့ ကျင့်ဝတ်စံနှုန်းတွေကို ထည့်သွင်းပေးဖို့ ရိုးရာယဉ်ကျေးမှုကို စာတန်က အသုံးပြုတယ်။ ဒီလိုနဲ့ သူများတွေရဲ့ အထင်ကြီးမှုကိုရယူဖို့ နည်းလမ်းအနေနဲ့ သူတို့ကိုယ်သူတို့ ဟန်ဆောင်ပြီး အတွင်းထဲက ဖောက်ပြန်ပျက်စီးမှုကို ဖုံးကွယ်ဖို့အတွက် အပြင်ပန်းကောင်းမှုတွေကို အသုံးပြုကြတယ်။ ရလဒ်အနေနဲ့ လူတွေက ပိုပြီးတော့ကို ကြောင်သူတော်ဆန်ပြီး လှည့်စားလာကြတယ်။ ကျွန်မလည်း ဒီလိုပဲဆိုတာကို မြင်ခဲ့တယ်။ ကျွန်မက ရိုးရာယဉ်ကျေးမှု သူတော်ကောင်းတရားတွေကို ကျွန်မလုပ်ရပ်တွေအတွက် စံသတ်မှတ်ချက်အဖြစ် မှတ်ယူခဲ့တယ်။ ကျွန်မက ယှဉ်ပြိုင်ရယူတာတွေ မရှိဘဲ သူများတွေနဲ့ အဆင်ပြေနိုင်တဲ့ပုံစံရှိပေမဲ့ တကယ်တမ်းတော့ ကျွန်မက ကောင်းတယ်လို့ လူတွေပြောအောင်လုပ်ဖို့ လူတွေရဲ့ စိတ်နှလုံးထဲက ကျွန်မပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် ကောင်းမှုတွေလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးနေတာပဲ။ ဒါပေမဲ့ ကျွန်မက အသင်းတော်အလုပ်ကို ထည့်စဉ်းစားတယ်လို့ ပြောခဲ့တယ်။ ကျွန်မက အရမ်းကို လှည့်စားတတ်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်မ ဖတ်ရတယ်။ “သမ္မာတရားကို နားလည်သူတစ်ဦးသည် သူတော်ကောင်းတရားနှင့် စပ်လျဉ်းသည့် ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော ဆိုရိုးစကားများနှင့် တောင်းဆိုမှုများကို ပိုင်းခြားစိစစ်သင့်သည်။ ၎င်းတို့ထဲမှ မည်သည့်အရာကို သင်အမြတ်နိုးဆုံးဖြစ်သည်ကို ကြည့်လော့။ သင်အစဉ်သဖြင့် လေ့လာစောင့်ကြည့်သည့်အရာ၊ လူတို့နှင့် ဖြစ်ရပ်တို့ကို သင်ရှုမြင်ပုံအတွက်၊ သင့်ကိုယ်သင်ပြုမူဆောင်ရွက်ပုံအတွက် အစဉ်သဖြင့် အခြေပြုချက်၊ လမ်းညွှန်ချက်ဖြစ်သောအရာကို ကြည့်လော့။ ထို့နောက်တွင် ထိုအရာများကို နှုင်းယှဉ်ကြည့်ရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သတ်မှတ်ချက်များနှင့် ယှဉ်လေ့လာကြည့်ပြီး ဤရိုးရာယဉ်ကျေးမှုဖြစ်သောအရာများသည် ဘုရားသခင် ဖော်ပြသော သမ္မာတရားများနှင့် ကွဲလွဲဆန့်ကျင်နေခြင်းရှိမရှိကို ကြည့်သင့်သည်။ ပြဿနာတစ်ခုကို အမှန်တကယ် တွေ့ရှိလျှင် မည်သည့်နေရာ၌ ထိုရိုးရာယဉ်ကျေးမှုက မှားယွင်းပြီး အဓိပ္ပာယ်မရှိသည်ကို အတိအကျ ပိုင်းခြားစိစစ်သင့်သည်။ ဤပြဿနာများကို သင်ရှင်းလင်းသွားသည့်အခါ မည်သည့်အရာက သမ္မာတရားဖြစ်သည်၊ မည်သည့်အရာက အတွေးမှားဖြစ်သည်ကို သင် သိလိမ့်မည်။ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ရှိလိမ့်မည်ဖြစ်ပြီး၊ သင်လျှောက်သင့်သည့် လမ်းကြောင်းကို ရွေးချယ်လိမ့်မည်။ ဤနည်းဖြင့် သမ္မာတရားကို ရှာဖွေလော့။ သင်၏လမ်းခရီးကို သင်ပြုပြင်နိုင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၅)) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်။ ဒီရိုးရာအယူအဆတွေနဲ့ အသက်မရှင်ချင်ဘူးဆိုရင် အရင်ဆုံး အဲဒါတွေကို ပိုင်းခြားသိမြင်ပြီး စိစစ်ရမယ်။ ဘယ်နေရာမှာ မှားနေတယ်၊ ဘာလို့ အဓိပ္ပာယ်မရှိဖြစ်တယ်၊ သမ္မာတရားကို ဘယ်လိုချိုးဖောက်တယ် ဒါတွေနဲ့ အသက်ရှင်ခြင်းကြောင့် ဘာအကျိုးဆက်တွေဖြစ်စေတယ်ဆိုတာတွေကို သိအောင်လုပ်ရမယ်။ ဒါတွေကို ရှင်းရှင်းလင်းလင်း မြင်မှသာ ဒါတွေကို လက်လွတ်နိုင်ပြီး သမ္မာတရားကို လက်ခံနိုင်တယ်။ ကျွန်မ စပြီးတော့ တွေးမိတယ်။ သစ်တော်သီးလက်ဆောင်တွေပေးတဲ့ “ပေးဆပ်ခြင်း”က သမ္မာတရားစည်းမျဉ်းတွေနဲ့ ကိုက်ညီသလား။ ဒီ “ပေးဆပ်ခြင်း”က သာမန်လူ့သဘာဝအတွက် ဘုရားသခင်ရဲ့ သတ်မှတ်ချက်တစ်ခုလား။ အရာရာကို သည်းခံတဲ့သူတွေက တကယ် လူကောင်းတွေလားပေါ့။ ကျွန်မကိုယ်တိုင်ရဲ့ မဆင်မခြင်သည်းခံမှုက ရေလောင်းအလုပ်မှာ အမှုထမ်းနည်းပါးတာတွေ တော်တော်ဖြစ်သွားတယ်။ အရာရာမှာ ရက်ရောမှု၊ သည်းခံမှုကို ပြဖို့အတွက် ကြောင်သူတော်ဆန်တဲ့ အလိမ်အညာတွေအများကြီး ပြောခဲ့တယ်။ ဒီရိုးရာအယူအဆတွေကို သင်ပေးခံခဲ့ရပြီး ကျွန်မက လူကောင်းဖြစ်မယ့်အစား ကြောင်သူတော်ဆန်ပြီး လှည့်စားတတ်သွားတယ်။ သူများတွေ အထင်ကြီးတာကို ကျွန်မ ရတဲ့အချိန်မှာ မပျော်ဘူး။ အဲဒီအစား ပိုပိုပြီး စိတ်ဓာတ်ကျပြီး စိတ်ဆင်းရဲလာတယ်။ ဒါတွေက ကျွန်မအတွက် ရိုးရာယဉ်ကျေးမှုကို ကိုးကွယ်ခြင်းရဲ့ ခါးသီးတဲ့ အသီးအပွင့်တွေပဲ။ ရိုးရာယဉ်ကျေးမှုရဲ့ အနှစ်သာရကို ဘုရားသခင်က ဖွင့်ပြခြင်းမရှိရင် ကျွန်မတစ်ဘဝလုံး မမြင်မကန်းဖြစ်နေမှာပဲ။ သမ္မာတရားကို ဖော်ပြပြီး ရိုးရာအယူအဆတွေကို စိစစ်ပေးပြီးတော့ ကျွန်မကို နိုးထစေခဲ့တဲ့အတွက် ဘုရားသခင်ကို အရမ်းပဲ ကျေးဇူးတင်မိတယ်။

အဲဒီနောက်တော့ ကျွန်မ တွေးမိတယ်။ “သစ်တော်သီးလက်ဆောင်တွေပေးတဲ့ ကောင်ရုန်ရဲ့ သူတော်ကောင်းတရားက အပြင်ပန်း အပြုအမူကောင်းဖြစ်ပြီး သူ့မှာ လူ့သဘာဝကောင်းရှိတယ်လို့ မဆိုလိုဘူးဆိုတော့ စစ်မှန်တဲ့ လူ့သဘာဝကောင်းက ဘာလဲ” ပေါ့။ ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်မ ဖတ်ရတယ်။ “ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် တော်သင့်ရုံ လမ်းကြောင်းကို လျှောက်လမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို သင့်အား အကောင်းပြောစေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ဘုရားသခင်၊ သမ္မာတရား၊ တာဝန်ထမ်းဆောင်ခြင်း၊ လူ၊ ဖြစ်ရပ်၊ အမှုအရာများ၏ ပုံစံတိုင်းအပေါ် မိမိ၏ ဆက်ဆံမှုတွင် စည်းမျဉ်းရှိပြီး တာဝန်ခံခြင်းဖြစ်သည်။ ဤသည်မှာ အားလုံးမြင်နိုင်လောက်အောင် ရိုးရှင်းပေသည်။ လူတိုင်းက မိမိတို့၏စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းကြသည်။ ထို့အပြင် ဘုရားသခင်က လူများ၏ စိတ်နှလုံးများကို ရှာဖွေပြီး ၎င်းတို့၏အခြေအနေ တစ်ခုချင်းစီတိုင်းကို သိသည်။ ၎င်းတို့ မည်သူဖြစ်ပါစေ၊ မည်သူမျှ ဘုရားသခင်ကို မလှည့်စားနိုင်ပေ။ အချို့သော လူတို့သည် ကောင်းမွန်သော လူ့သဘာဝကို ၎င်းတို့ ပိုင်ဆိုင်ကြကြောင်း၊ ၎င်းတို့သည် အခြားသူများအကြောင်း မည်သည့်အခါမျှ မကောင်းမပြောကြောင်း၊ အခြားမည်သူမဆို၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ မထိခိုက်စေကြောင်း အမြဲ ကြွားဝါကြပြီး အခြားသူများ၏ ပိုင်ဆိုင်မှုကို ၎င်းတို့ မည်သည့်အခါမျှ ငမ်းငမ်းတက်မလိုချင်ဖူးကြောင်း အခိုင်အမာ ပြောဆိုကြလေသည်။ အကျိုးစီးပွားနှင့်ပတ်သက်၍ ငြင်းခုံမှုဖြစ်သည့်အခါတွင် အခြားသူများကို အခွင့်ကောင်းယူခြင်းထက် ၎င်းတို့သာ ဆုံးရှုံးနစ်နာခံပြီး လူတိုင်းက သူတို့ကို လူကောင်းများဟု ထင်သည်ကို နှစ်သက်လေသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ထဲ၌ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေချိန်တွင်၊ ၎င်းတို့သည် အစဉ် မိမိတို့ကိုယ်တိုင်အတွက် ကြံစည်လျက်၊ ဉာဏ်များကာ စိတ်မချရပေ။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင့်အိမ်တော်၏ အကျိုးကျေးဇူးများကို မတွေးကြ၊ ဘုရားသခင်က အရေးတကြီးဖြစ်သည်ဟု သဘောထားသောအရာကို အရေးတကြီးဖြစ်သည်ဟု ၎င်းတို့ လုံးဝ သဘောမထားကြ သို့မဟုတ် ဘုရားသခင် တွေးသကဲ့သို့ မတွေးကြပေ၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို လုံးဝ ဘေးမဖယ်ထားနိုင်ကြပေ။ ၎င်းတို့၏ အကျိုးစီးပွားများကို ၎င်းတို့ လုံးဝ မစွန့်လွှတ်ကြချေ။ မကောင်းမှုပြုသူများက မကောင်းမှု ကျူးလွန်နေကြသည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင်၊ ထိုသူတို့ကို မဖော်ထုတ်ကြချေ။ ၎င်းတို့သည် မည်သည့်ကိုယ်ကျင့်တရားများ တစ်ခုတစ်လေမျှ မရှိကြပေ။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုးဖြစ်သနည်း။ ကောင်းသောလူ့သဘာဝမဟုတ်ပေ။ ထိုသို့သော လူတစ်ဦး ပြောသည့်အရာကို အာရုံမစိုက်လေနှင့်။ သူအသက်ရှင် နေထိုင်သည့်အရာ၊ သူ ထုတ်ဖော်ပြသည့်အရာနှင့် သူ၏ တာဝန်များကို ဆောင်ရွက်ချိန်တွင် သူ၏သဘောထား မည်သည့်အရာ ဖြစ်သည် ဆိုသည့်အပြင် သူ၏ အတွင်းပိုင်းအခြေအနေ မည်သည့်အရာ ဖြစ်ပြီး သူ မည်သည့်အရာ ချစ်သည်ကို သင် မြင်ရမည်။ သူ၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အခွင့်အလမ်းများကို ချစ်ခြင်းသည် ဘုရားသခင်ကို သူ၏ သစ္စာရှိခြင်းထက် ပိုလွန်ပါက၊ သူ၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အခွင့်အလမ်းကို ချစ်ခြင်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများထက် သာလွန်ပါက၊ သို့မဟုတ် သူ၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အခွင့်အလမ်းများကို ချစ်ခြင်းသည် ဘုရားသခင်ကို သူပြသည့် အရေးထားမှုထက် သာလွန်ပါက၊ ဤသို့သောသူသည် လူ့သဘာဝကို ပိုင်ဆိုင်သလော။ ဤသည်မှာ လူ့သဘာဝရှိသည့်သူတစ်ယောက်မဟုတ်ပေ။ သူ၏ အပြုအမူကို အခြားသူများနှင့် ဘုရားသခင်က မြင်နိုင်ပေသည်။ ထိုသို့သော လူတစ်ဦးအတွက် သမ္မာတရားကို ရရှိဖို့ အလွန်ခက်ခဲပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ထဲကနေ ကျွန်မ နားလည်သွားတယ်။ တကယ့် လူ့သဘာဝကောင်းရှိသူက သမ္မာတရားနဲ့ အပြုသဘောဆောင်တာတွေကို ချစ်တယ်။ သူတို့တာဝန်တွေကို သိတတ်တယ်။ သမ္မာတရားစည်းမျဉ်းတွေကို ကိုင်စွဲတယ်။ အသင်းတော်အလုပ်ကို ထိန်းသိမ်းတယ်။ အပြင်ပန်းမှာ ဘယ်သူ့ကိုမှ စိတ်ဆိုးအောင်မလုပ်သူတွေ၊ မဆင်မခြင်နဲ့ စည်းမျဉ်းမရှိဘဲ သည်းခံသူတွေ သူများတွေကို အခွင့်ကောင်းယူဖို့ထက် သူတို့ကိုယ်တိုင် ဆုံးရှုံးမှုကို ခံမယ့်သူတွေက အပြင်ပန်းမှာ အကျင့်စရိုက်ကောင်းရှိပေမဲ့ သူတို့တာဝန်တွေမှာ သူတို့က ကိုယ့်အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အမြဲတမ်းကြိုးစားတယ်။ သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဘူး။ အသင်းတော်အလုပ်ကို လုံးဝ ထည့်မစဉ်းစားဘူး။ ဒီလိုလူတွေက လူ့သဘာဝကောင်းမရှိဘူး။ ကျွန်မက ရိုးရာယဉ်ကျေးမှုနဲ့အသက်ရှင်ပြီး အယောင်ဆောင်လူကောင်းတစ်ယောက်မဖြစ်ချင်တော့ဘူး။ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း လူသားပုံသဏ္ဍန်တစ်ခုအတိုင်း အသက်ရှင်နေထိုင်ချင်ခဲ့တယ်။

ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရင်းနဲ့ လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုကို တွေ့သွားတယ်။ “ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ— ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် အသက်သို့ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခုဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့်၊ သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤခြေလှမ်းကို လှမ်းခြင်းက အဘယ်သဘောကို ဆောင်သနည်း။ ယင်းက သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၌ရှိသမျှ အားလုံးကို ပြခြင်းကို ဆိုလိုလေသည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ၊ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားသူများကလည်း သင်သည် အခြေခံသဘောတရားနှင့်အညီ၊ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာဖြစ်လိမ့်မည်။ သင်သည် ချည်နှောင်မှုများ၊ သို့မဟုတ် နာကျင်မှု မရှိဘဲ အသက်ရှင်လိမ့်မည် ဖြစ်ပြီး သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို အမှန်တကယ် နာခံသည့်သူများသာလျှင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးရှိပေသည်) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်။ သူများတွေကို မှားနေတဲ့ ပုံရိပ်ကိုပေးဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အယောင်မဆောင်သင့်ဘူး။ အဲဒီအစား ရိုးသား၊ ရိုးရှင်းပြီး ပွင့်လင်းတဲ့သူတစ်ယောက်ဖြစ်သင့်တယ်။ ကျွန်မမှာ ရှိတဲ့ ဘယ်ပြဿနာကိုမဆို ဖွင့်ပြောပြီး အသိပေးသင့်တယ်။ ဒါဆိုရင် ညီအစ်ကိုမောင်နှမတွေက ကျွန်မကိုပိုပြီးတော့ ကောင်းကောင်းကူညီနိုင်တယ်။ ကျွန်မက မပြောတဲ့အခါ၊ မစဉ်းမစားနဲ့ သည်းခံပြီး ကိုယ့်ကိုယ်ကိုယ် အယောင်ဆောင်တဲ့အခါမှာ ရေလောင်းအမှုထမ်းနည်းတာမရှိဘူးလို့ လူတိုင်းက ယုံကြည်ကြပြီး အလုပ်က အဆင်ပြေနေတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မက ဒုက္ခရောက်နေတယ်။ အသင်းတော်အလုပ်က ထိခိုက်နေတယ်။ ဒါကြောင့် ကျွန်မ သတိရှိရှိနဲ့ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ ရှင်းရှင်းလင်းလင်း ပြောဆိုဆက်ဆံခဲ့တယ်။ အဲဒီနောက်တော့ ရေလောင်းအလုပ်ကိုလုပ်ဖို့အတွက် သူတို့အားလုံးက အမှုထမ်းတချို့ ပံ့ပိုးပေးကြတယ်။ ဒီဟာကြောင့် ဘုရားနှုတ်ကပတ်တော်နဲ့အညီ လက်တွေ့လုပ်ရတာက ဘယ်လောက်လွယ်ကူပြီး ပျော်ရွှင်စရာဖြစ်တယ်ဆိုတာ ကျွန်မ မြင်သွားတယ်။ ရိုးရာယဉ်ကျေးမှုနဲ့ အသက်ရှင်ရင် ကျွန်မတို့က ပိုပိုပြီး ဖောက်ပြန်ပျက်စီးလာတယ်။ ပိုပိုပြီးတော့ မှားယွင်းပြီး လှည့်စားတတ်လာတယ်။ ပိုပိုပြီး စိတ်ဆင်းရဲလာတယ်။ သမ္မာတရားကို လက်တွေ့လုပ်ခြင်းကသာ ကျွန်မတို့ကို လူသားပုံသဏ္ဍန်တစ်ခုနဲ့ အသက်ရှင်နေထိုင်စေတယ်။ စစ်မှန်တဲ့ လူကောင်းတွေ ဖြစ်စေတယ်။ တကယ့်ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို တွေ့ကြုံရစေတယ်။ ကျေးဇူးတော်ပါပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်တော့် နှလုံးသားထဲတွင် နက်ရှိုင်းစွာ သိမ်းထားသည့် လျှို့ဝှက်ချက်

ဝူရှီ၊ ရှန်ဒေါင်းစီရင်စု ၂၀၀၆ ခုနှစ် နွေဦးရာသီ၌ ကျွန်တော်သည် ခေါင်းဆောင်နေရာမှနေ ဖယ်ရှားပြီး ယခင်ရာထူးကို ပြန်ချထားခြင်း ခံခဲ့ရပါသည်။...

သမ္မာတရားကို လိုက်စားခြင်းက ကျွန်မကို ပြောင်းလဲစေခဲ့သည်

အိုးလင်း မြန်မာနိုင်ငံ ၂၀၁၈၊ မေလမှာ ကျွန်မ စစ်တပ်ထဲဝင်ဖို့ အိမ်ကထွက်ခဲ့တယ်။ စစ်တပ်ထဲမှာ ခေါင်းဆောင်က အမိန့်တစ်ခုထုတ်ရင် အဆင့်နိမ့်တဲ့သူတွေက...

စိတ်နှလုံး၏ အထုံးအနှောင်များကို ဖြေခြင်း

ချန်ယီ တရုတ်နိုင်ငံ ပြီးခဲ့တဲ့ နွေဦးတုန်းက အသင်းတော်ထဲမှာ ကျွန်မက ဧဝံဂေလိ တာဝန် ယူနေတုန်းမှာ ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက၊ အစ်မ ဝမ်က ဧဝံဂေလိ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။