မိမိကိုယ်ကိုယ်အပေါ် မဖြစ်စေချင်မည့်အရာကို အခြားသူများထံ မလုပ်ခြင်းနှင့် ပတ်သက်၍ သုံးသပ်ဆင်ခြင်မှုများ

01.04.2023

ပိုင်ရွှဲ တောင်ကိုရီးယားနိုင်ငံ

ကျွန်မ တာဝန်မှာ ပြဿနာ အကြီးရော၊ အသေးပါ အများကြီး ပေါ်ပေါက်ခဲ့တယ်။ တချို့က သတိမမူလွန်းရာကနေ ဖြစ်ပြီး၊ တချို့ကတော့ စည်းမျဉ်းတွေ မသိလို့ ဖြစ်တာ။ ကျွန်မ စိုးရိမ်သလို ဖြစ်သွားတယ်။ ကိုယ့်တာဝန်မှာ ပေါ့တန်တယ်လို့ ပြောပြီး ခေါင်းဆောင်နဲ့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို ကိုင်တွယ်ဖြေရှင်းမှာ စိုးခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ တွဲဖက်က နောင်မှာ ပိုဂရုစိုက်ဖို့ပဲ ပြောပြီး ပြဿနာတွေကို ပြောရုံလောက်ပဲ ပြောတယ်။ ဒါကြောင့် ကျွန်မ အမြဲ ဝမ်းသာမိတယ်။ နောက်ပိုင်းမှာ တခြားလူတွေက သူတို့တာဝန်မှာရှိတဲ့ သိသာတဲ့ ပြဿနာတချို့ကို မြင်တော့၊ အလုပ်မှာ သူတို့ အရမ်းပေါ့လွန်းတယ်လို့ ခံစားရပြီး၊ ပြဿနာရဲ့ သဘောသဘာဝနဲ့ အဲဒီလို လုပ်နေခြင်းရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို နားလည်နိုင်အောင် သူတို့နဲ့ မိတ်သဟာယဖွဲ့၊ ပြဿနာကို စိစစ်ချင်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ တခြားလူတွေရဲ့ ပြဿနာတွေကို တဲ့တိုး ထောက်ပြတာက သူတို့ရဲ့ မာနကို ထိခိုက်မှာပဲပေါ့။ ပြဿနာကို သူတို့ သတိပြုမိလောက်အောင်ပဲ ပြောပြီး ထားလိုက်တာ ပိုကောင်းမယ်လို့ပေါ့။ ဒါ့အပြင်၊ ကျွန်မလည်း အဲဒီပြဿနာတွေကို ရှိနေတာဆိုတော့ ကျွန်မမှာ ဘာထုတ်ပြောပိုင်ခွင့်ရှိလို့လဲ။ တစ်ခုခုအတွက် တခြားလူတွေကို ကျွန်မ ကိုင်တွယ်ဖြေရှင်းပြီးတော့ နောက်မှ ကျွန်မကိုယ်မျှ ကိုင်တွယ်ဖြေရှင်းရင်ရော။ ကျွန်မ သူတော်ကောင်းအယောင်ဆောင် ဖြစ်မှာ မဟုတ်လား။ ကောင်းတာတွေပဲ ပြောသင့်တယ်လို့ တွက်မိတယ်။ အဲဒီလိုနဲ့ နောင်မှာ မှားတာတစ်ခုခု လုပ်မိရင်၊ တခြားလူတွေက ရေးကြီးခွင့်ကျယ်လုပ်မှာ မဟုတ်ဘူးလေ။ တခြားလူတွေကို ခွင့်လွှတ်တာ မိမိကိုယ်ကိုယ် ခွင့်လွှတ်တာပဲ။ အဲဒီလို တွေးလိုက်တဲ့အခါ၊ ကျွန်မစိတ်နှလုံးထဲက ဖြောင့်မတ်မှု နည်းနည်းက ပျောက်သွားတယ်။ ကျွန်မတွဲဖက်ကို ပြောလိုက်တယ်။ “ပြဿနာရှိတဲ့ လူတွေကို အတိအကျ ထောက်ပြဖို့ မလိုပါဘူး။ ပြဿနာတွေကို ညွှန်းလိုက်ရင်ပဲ ရပါပြီ” လို့ပေါ့။ သူက ဘာမှ ပြန်မပြောဘူး။ နောက်တော့ ကျွန်မ နည်းနည်း စိတ်မသက်မသာ ဖြစ်မိတယ်။ သူတို့ကို ကွက်မပြောရင် တခြားလူတွေက သူတို့မှာ ပြဿနာရှိတာ သဘောပေါက်ကြပါ့မလား။ နောင်မှာ ပြောင်းလဲကြပါ့မလား။ မပြောင်းလဲရင် အလုပ်ကို ထိခိုက်နိုင်တယ်။ ကျွန်မ ဒွိဟဖြစ်သွားတယ်။ ထုတ်ပြောလိုက်ချင်ပေမဲ့၊ မရဲဘူး။ မပြောခြင်းအားဖြင့် ကိုယ့်တာဝန်ကို လုပ်မနေဘူးလို့ ခံစားရတယ်။ နောက်ပိုင်းမှာ၊ ကျွန်မတွေးမိတယ်။ ဘာလို့ ကျွန်မအတွက် အဲဒါ အရမ်းခက်ရတာလဲ။ တခြားလူတွေရဲ့ ပြဿနာတွေကို မဖော်ထုတ်အောင် ဘာက ကျွန်မကို တားဆီးနေတာလဲပေါ့။ ကျွန်မ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ ကိုယ့်ပြဿနာကို နားလည်အောင် လမ်းပြဖို့ ဘုရားကို တောင်းလျှောက်ရင်းနဲ့ပေါ့။

နောက်ပိုင်းမှာ၊ ကျွန်မရဲ့ လက်ရှိအခြေအနေကို တခြားညီအစ်မဆီ ပြောပြပြီး သူက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးတယ်။ အဲဒါကို ဖတ်တော့ တကယ် အမြင်ပွင့်ပြီး၊ ကိုယ့်ပြဿနာနဲ့ ပတ်သက်လို့ နားလည်မှု တချို့ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်တို့သည် ‘ကိုယ့်အပေါ် မလုပ်စေချင်သည့်အရာကို သူတစ်ပါးတို့အပေါ် မပြုလုပ်နှင့်’ ဆိုသည့် ကိုယ်ကျင့်တရားနီတိကို ထောက်ခံအားပေးသူများဖြစ်သလော။ တစ်စုံတစ်ယောက်သည် ဤစကားကို ထောက်ခံအားပေးသူဖြစ်လျှင် ထိုသူသည် ထူးကဲပြီး မြင့်မြတ်သည်ဟု သင်တို့ ထင်မည်လော။ ‘ကြည့်စမ်း။ သူတို့က အတင်းအကျပ်မလုပ်ဘူး။ သူများတွေ အခက်အခဲဖြစ်အောင် မလုပ်ဘူး။ သူများတွေကို အကျပ်ရိုက်ရအောင် မလုပ်ဘူး။ သူတို့က မကောင်းဘူးလား။ သူတို့က အမြဲတမ်း သူတို့ဘာသာ စည်းကမ်းတင်းကျပ်ပေမဲ့ သူများတွေကို သက်ညှာတယ်။ သူတို့ကိုယ်တိုင် မလုပ်မဲ့ဟာတစ်ခုကို ဘယ်သူ့ကိုမှ ဘယ်တော့မှ မလုပ်ခိုင်းဘူး။ သူများတွေကို အများကြီး လွတ်လပ်ခွင့်ပေးတယ်။ နွေးထွေးမှု၊ လက်ခံမှုကို အများကြီး ခံစားရအောင် လုပ်ပေးတယ်။ ဘယ်လောက်ကောင်းလိုက်တဲ့သူလဲ’ ဟူ၍ ပြောဆိုမည့်လူအချို့ရှိသည်။ ဤသည်မှာ တကယ်ပင် မှန်ကန်သလော။ ‘ကိုယ့်အပေါ် မလုပ်စေချင်သည့်အရာကို သူတစ်ပါးတို့အပေါ် မပြုလုပ်နှင့်’ ဆိုသည့်စကားက သွယ်ဝိုက်ညွှန်းဆိုသည်မှာ သင်နှစ်သက်ပြီး ပျော်ရွှင်ရသည့်အရာများကိုသာ သူတစ်ပါးတို့ကို ပေးသင့်သည်၊ သို့မဟုတ် ပံ့ပိုးသင့်သည်ဟူ၍ ဖြစ်သည်။ သို့သော် ဖောက်ပြန်ပျက်စီးသော လူများက မည်သည့်အရာများကို နှစ်သက်ပြီး ပျော်ရွှင်ရသနည်း။ ဖောက်ပြန်ပျက်စီးသော အရာများ၊ အဓိပ္ပာယ် မရှိသောအရာများနှင့် လွန်ကျူးသော ဆန္ဒများဖြစ်သည်။ လူတို့ကို ဤအပျက်သဘောဆောင်သောအရာများပေးပြီး ပံ့ပိုးလျှင် လူသားမျိုးနွယ်အားလုံးသည် ပိုပို၍ ဖောက်ပြန်ပျက်စီးလာမည်မဟုတ်လော။ အပြုသဘောဆောင်သောအရာများ ပိုပို၍ နည်းလာလိမ့်မည်။ ဤသည်မှာ အမှန်တရားမဟုတ်သလော။ လူသားမျိုးနွယ်သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးနေသည်မှာ အမှန်တရားဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားများသည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ ဂုဏ်အဆင့်အတန်းနှင့် ဇာတိပကတိ၏ သာယာမှုများနောက်သို့ လိုက်လိုကြသည်။ နာမည်ကျော်ကြားသူများဖြစ်လိုကြသည်။ အင်အားကြီးမားပြီး စွမ်းအားရှင် ဖြစ်လိုကြသည်။ ၎င်းတို့သည် သက်သာသောဘဝကို ရလိုပြီး ကြိုးစားလုပ်ကိုင်ရခြင်းကို မနှစ်သက်ပေ။ အရာရာကို ၎င်းတို့အား ပေးအပ်စေချင်သည်။ ၎င်းတို့အထဲတွင် သမ္မာတရားကို၊ သို့မဟုတ် အပြုသဘောဆောင်သောအရာများကို ချစ်မြတ်နိုးသူ အလွန်နည်းပါးသည်။ လူတို့က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် မက်မောမှုများကို အခြားလူများအား ပေးပြီး ပံ့ပိုးလျှင် မည်သည့်အရာဖြစ်မည်နည်း။ သင် စိတ်ကူးမည့်အတိုင်းပင်ဖြစ်သည်။ လူသားမျိုးနွယ်သည် ပိုပို၍သာ ဖောက်ပြန်ပျက်စီးလာမည်။ ‘ကိုယ့်အပေါ် မလုပ်စေချင်သည့်အရာကို သူတစ်ပါးတို့အပေါ် မပြုလုပ်နှင့်’ ဆိုသည့် အယူအဆကို ထောက်ခံအားပေးသူများသည် လူတို့အား ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှု၊ မက်မောမှုများနှင့် လွန်ကျူးသော ဆန္ဒများကို အခြားလူများ သဘောကျစေရန် တောင်းဆိုပြီး ဤသို့အားဖြင့် အခြားလူတို့အား ဆိုးယုတ်မှု၊ သက်သာမှု၊ ငွေကြေးနှင့် တိုးတက်မှုတို့ကို ရှာဖွေစေသည်။ ဤသည်မှာ ဘဝတွင် မှန်ကန်သော လမ်းကြောင်းဖြစ်သလော။ ‘ကိုယ့်အပေါ် မလုပ်စေချင်သည့်အရာကို သူတစ်ပါးတို့အပေါ် မပြုလုပ်နှင့်’ ဆိုသည်မှာ အလွန်ပင် ပြဿနာရှိသော ဆိုရိုးစကားတစ်ခုဖြစ်သည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ယင်းတွင်ရှိသော ဟာကွက်များနှင့် ချို့ယွင်းချက်များသည် ထင်ရှားသိသာစွာ ပေါ်လွင်ပေသည်။ ယင်းကို စိစစ်ပြီး ပိုင်းခြားသိမြင်ရန်ပင် မထိုက်တန်ပေ။ အနည်းငယ်မျှ စစ်ဆေးကြည့်ခြင်းဖြင့် ယင်း၏ အမှားများနှင့် အဓိပ္ပာယ်မရှိမှုများကို ရှင်းလင်းစွာ မြင်နိုင်သည်။ သို့ရာတွင် သင်တို့အထဲ၌ ဤဆိုရိုးစကားအားဖြင့် အလွယ်တကူ အယုံသွင်းခံရပြီး လွှမ်းမိုးခြင်းခံရကာ ပိုင်းခြားသိမြင်ခြင်းမရှိဘဲ လက်ခံသောသူများစွာ ရှိသည်။ သူတစ်ပါးတို့နှင့် ဆက်ဆံသည့်အခါတွင် သင့်ကိုယ်သင် ဆိုဆုံးမပြီး သူတစ်ပါးတို့အား တွန်းအားပေးရန် ဤနီတိကို သင် မကြာခဏအသုံးပြုသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်၏ ပင်ကိုစရိုက်သည် အလွန်ပင် မြင့်မြတ်ပြီး သင်သည် အလွန်ပင် ကျိုးကြောင်းသင့်လျော်သည်ဟု သင် ထင်သည်။ သို့သော် သင်ကိုယ်တိုင် သတိမထားမိဘဲ ဤစကားများသည် သင် အသက်ရှင်နေထိုင်သည့် စည်းမျဉ်းများနှင့် အရေးကိစ္စများအပေါ် သင်၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြပြီးဖြစ်သည်။ တစ်ချိန်တည်းတွင် သင်သည် သင်ကဲ့သို့သော အမြင်၊ ရပ်တည်မှုနှင့် လူများ၊ အခြေအနေများအပေါ် ချဉ်းကပ်စေရန် အခြားသူများအား လှည့်စားပြီး အယုံသွင်းခဲ့သည်။ သင်သည် ခြံစည်းရိုးခွထိုင်သူသဖွယ် ပြုမူလုပ်ဆောင်ခဲ့ပြီး လုံးဝ အလယ်အလတ်လမ်းကို လိုက်ခဲ့သည်။ သင်က ‘ပြဿနာက ဘာပဲဖြစ်ပါစေ။ အလေးအနက်ထားဖို့ မလိုဘူး။ ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ သူများတွေအတွက်ပဲဖြစ်ဖြစ် အခက်အခဲဖြစ်အောင် မလုပ်နဲ့။ သူများတွေအတွက် အခက်အခဲဖြစ်အောင် လုပ်ရင် ကိုယ့်အတွက်လည်း အခက်အခဲဖြစ်အောင် လုပ်တာပဲ။ သူများတွေအပေါ် ကြင်နာတာက ကိုယ့်အပေါ် ကြင်နာတာပဲ။ သူများတွေအပေါ် မညှာတာရင် ကိုယ့်အပေါ်လည်း မညှာတာတာပဲ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အကျပ်ရိုက်ရအောင် လုပ်မှာလဲ။ ကိုယ့်အပေါ် မလုပ်စေချင်သည့်အရာကို သူတစ်ပါးတို့အပေါ် မပြုလုပ်ခြင်း ဆိုတာက ကိုယ့်အတွက် လုပ်ပေးနိုင်တဲ့အရာထဲမှာ အကောင်းဆုံးနဲ့ အသက်ညှာဆုံးပဲ’ ဟု ပြောသည်။ ဤသဘောထားသည် သိသာစွာပင် မည်သည့်အရာတွင်မျှ စေ့စပ်တိကျမှုမရှိခြင်းတစ်ခုဖြစ်သည်။ သင်သည် မည်သည့်အရေးကိစ္စတွင်မျှ ရှင်းလင်းသော ရပ်တည်ချက်၊ သို့မဟုတ် အမြင်ရှုထောင့်မရှိပေ။ သင်သည် အရာရာတွင် မပြတ်သားသော အမြင်ရှိသည်။ သင်သည် စေ့စပ်တိကျမှုမရှိဘဲ အမှုအရာများကို မျက်ကွယ်ပြုထားခြင်းသာဖြစ်သည်။ သင်သည် နောက်ဆုံးတွင် ဘုရားရှေ့တွင်ရပ်ပြီး သင့်အတွက်သင် ဖြေရှင်းရသောအခါတွင်လည်း အလွန်ပင် မရှင်းမလင်းဖြစ်လိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် ကိုယ့်အပေါ် မလုပ်စေချင်သည့်အရာကို သူတစ်ပါးတို့အပေါ် မပြုလုပ်သင့်ဟု အစဉ်ပြောသောကြောင့်ဖြစ်သည်။ ဤသည်မှာ အလွန်ပင် စိတ်သက်သာရာရပြီး သာယာသည်။ သို့သော် တစ်ချိန်တည်းတွင် သင့်အား ပြဿနာများစွာ ဖြစ်စေလိမ့်မည်။ ဤသို့ဖြင့် အကြောင်းအရာများစွာတွင် သင်သည် ရှင်းလင်းသော အမြင်၊ သို့မဟုတ် ရပ်တည်ချက်မရှိနိုင်ပေ။ ဤအခြေအနေများကို သင်ကြုံတွေ့သောအခါ သင့်အတွက် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် စံနှုန်းများသည် မည်သည့်အရာဖြစ်သည်ကို၊ သို့မဟုတ် မည်သည့်အဆုံးသတ်ကို သင်ရရှိသင့်သည်ကို နားမလည်နိုင်အောင်လည်း ပြုလုပ်သည်မှာ မှန်သည်။ သင်သည် လုပ်ဆောင်သမျှတွင် စေ့စပ်တိကျမှုမရှိခြင်းကြောင့် ဤအရာများ ဖြစ်ပျက်ခြင်းဖြစ်သည်။ ယင်းတို့သည် သင်၏ မပြတ်သားသော သဘောထားနှင့် အမြင်များအားဖြင့် ဖြစ်ပေါ်သည်။ ကိုယ့်အပေါ် မလုပ်စေချင်သည့်အရာကို သူတစ်ပါးတို့အပေါ် မပြုလုပ်ခြင်း ဆိုသည်က လူများနှင့် အမှုအရာများအပေါ် သင်ထားရှိသင့်သည့် သည်းခံသည့် သဘောထားဖြစ်သလော။ မဟုတ်ပေ။ ယင်းသည် အပြင်ပန်းတွင် မှန်ကန်သော၊ မြင့်မြတ်သော၊ ကြင်နာသောပုံစံရသည့် သဘောတရားတစ်ခုသာဖြစ်သော်လည်း စင်စစ်အားဖြင့် လုံးလုံးလျားလျား အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်သည်။ လူတို့လိုက်နာသင့်သည့် သမ္မာတရားစည်းမျဉ်းတစ်ခု သာ၍ပင်မဟုတ်သည်မှာ ရှင်းပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၁၀)) တခြားလူတွေနဲ့ အဆင်ပြေတဲ့အပေါ် ကျွန်မရဲ့ သဘောထားကို ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်တယ်။ တစ်ယောက်ယောက်က သူ့တာဝန်ကို ချဉ်းကပ်ပုံမှာ ပြဿနာကို မြင်တော့၊ ရှင်းရှင်း မထောက်ပြချင်ခဲ့ဘူး။ အပေါ်ယံမှာ ကျွန်မက တခြားလူတွေကို သိက္ခာဆယ်ခွင့်ပေးပြီး အနှောင့်အယှက်မပေးဘဲ သဘောကောင်းတဲ့ပုံ ပေါ်ပေမဲ့၊ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက် ရှိတယ်။ ကိုယ့်တာဝန်မှာ မကြာခဏ ပေါ့တန်ပြီး အလားတူ ပြဿနာရှိတဲ့အတွက်၊ တခြားလူတွေမှာရှိတဲ့ ပြဿနာတွေကိုထောက်ပြပြီးတော့ နောက်ပိုင်းမှာ အလားတူ ပြဿနာကို ပြနေမိမှာ စိုးခဲ့တယ်။ အဲဒါက ကျွန်မကို သူတော်ကောင်း အယောင်ဆောင်ဖြစ်စေတယ် မဟုတ်လား။ ကိုယ်တိုင်အတွက် ထွက်ပေါက်ချန်မထားဘဲ တခြားလူတွေကို တင်းကျပ်တာ ကျွန်မအတွက်လည်း ကောင်းမှာ မဟုတ်ဘူး၊ ဒါကြောင့် တခြားလူတွေရဲ့ ပြဿနာတွေကို ဖော့ပြောဖို့ပဲ ပိုနှစ်သက်ခဲ့ပြီး အလေးအနက် မယူချင်ခဲ့ဘူး။ သူတို့တာဝန်မှာ အမြဲ သတိမမူဖြစ်ရင်၊ ရလဒ်ကောင်းတွေ ရမှာ မဟုတ်၊ ကောင်းတဲ့ လုပ်ရပ်တွေ လုပ်မှာမဟုတ်ရုံမက၊ အကြီးစား အနှောင့်အယှက်တွေဖြစ်စေရင်းနဲ့ အသင်းတော်အလုပ်ကိုလည်း ထိခိုက်မယ်ဆိုတာကို ကျွန်မ ကောင်းကောင်း သိခဲ့တယ်။ ကြီးကြပ်ရေးမှူးအနေနဲ့၊ တခြားလူတွေရဲ့ ပြဿနာတွေကို မိတ်သဟာယပြု ထောက်ပြရင်းနဲ့ လိုအပ်တဲ့အခါ သူတို့ကို ဖော်ထုတ်၊ စိစစ်ပြီး ကိုင်တွယ်ဖြေရှင်းရင်း တာဝန်ယူနေခဲ့သင့်တာ။ ဒါပေမဲ့ သိက္ခာဆယ်ပြီး ကိုယ့်အဆင့်အတန်းကို ကာကွယ်ဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဖို့ အနည်းဆုံး အလိုဆန္ဒတောင် ပျောက်ဆုံးခဲ့တယ်။ အပြင်ပန်းမှာ၊ ကျွန်မက တကယ်ကို ထောက်ထားပုံ ရပေမဲ့၊ တကယ်တော့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး ကျွန်မပြဿနာတွေကို တခြားလူတွေ မပြောအောင် တားချင်ခဲ့တာပဲ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထုတ်ဖော်ပြမှုတွေကြောင့်သာ မဟုတ်ရင်၊ တခြားလူတွေရဲ့ ပြဿနာတွေကို မထောက်ပြခြင်းက တကယ်တော့ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေရဲ့ ထိခိုက်၊ ထိန်းချုပ်တာ ခံရခြင်းကနေ အရင်းခံမှန်း လုံးဝ သဘောပေါက်ခဲ့မှာ မဟုတ်ဘူး။ ကျွန်မ ဘယ်လို လှည့်ဖြားတတ်ခဲ့မှန်း လုံးဝ မြင်ခဲ့မှာ မဟုတ်ဘူး။

ဘုရားနှုတ်ကပတ်တော်တချို့ ဖတ်ခဲ့တယ်။ “တိုက်ရိုက်အဓိပ္ပာယ်အရ ‘ကိုယ့်အပေါ် မလုပ်စေချင်သည့်အရာကို သူတစ်ပါးတို့အပေါ် မပြုလုပ်နှင့်’ ဆိုသည်မှာ သင်သည် တစ်စုံတစ်ခုကို မနှစ်သက်လျှင်၊ သို့မဟုတ် တစ်စုံတစ်ခုကို မလုပ်ဆောင်လိုလျှင် အခြားလူများကိုလည်း အတင်းမလုပ်ဆောင်ခိုင်းသင့်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ ပါးနပ်ပြီး ကျိုးကြောင်းသင့်သည့် ပုံစံရှိသည်။ သို့သော် အခြေအနေတိုင်းကို ကိုင်တွယ်ရန် ဤဆိုးယုတ်သော အတွေးအခေါ်ကို အသုံးပြုလျှင် အမှားများစွာ ပြုလုပ်မည်ဖြစ်သည်။ သင်သည် လူတို့ကို နာကျင်စေဖို့၊ လှည့်စားဖို့၊ သို့မဟုတ် နစ်နာစေဖို့ပင် ဖြစ်နိုင်ခြေရှိသည်။ မိဘအချို့က ကျောင်းတက်ခြင်းကို မနှစ်သက်သော်လည်း ၎င်းတို့၏ သားသမီးများကို ကျောင်းတက်စေချင်ကာ သားသမီးများနှင့် အစဉ်ကျိုးကြောင်းပြပြောဆိုဖို့ ကြိုးစားပြီး စာကြိုးစားရန် တိုက်တွန်းသကဲ့သို့ပင်ဖြစ်သည်။ ‘ကိုယ့်အပေါ် မလုပ်စေချင်သည့်အရာကို သူတစ်ပါးတို့အပေါ် မပြုလုပ်’ ရန် သတ်မှတ်ချက်ကို ဤနေရာတွင် အသုံးချလျှင် ဤမိဘများသည် ၎င်းတို့၏ သားသမီးများကို ကျောင်းမတက်ခိုင်းသင့်ပေ။ ၎င်းတို့ကိုယ်တိုင်က မနှစ်သက်သောကြောင့်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားကြသည့်တိုင် မိမိတို့၏ စိတ်နှလုံးတွင်မူ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘဝတွင် မှန်ကန်သောလမ်းကြောင်းဖြစ်သည်ကို သိကြသည့် အခြားလူများရှိသည်။ ၎င်းတို့၏ သားသမီးများသည် လမ်းမှန်တွင်မရှိသည်ကို မြင်လျှင် ၎င်းတို့က သားသမီးများကို ဘုရားသခင်အား ယုံကြည်ရန် တိုက်တွန်းကြသည်။ ၎င်းတို့ကိုယ်တိုင်က သမ္မာတရားကို မလိုက်စားသော်လည်း ၎င်းတို့၏ သားသမီးများကို လိုက်စားစေလိုပြီး ကောင်းချီးခံရစေလိုသည်။ ဤအခြေအနေတွင် ၎င်းတို့သည် ၎င်းတို့ ဆက်ဆံခံလိုသည့်အတိုင်း သူတစ်ပါးတို့အား ဆက်ဆံရမည်ဆိုလျှင် ဤမိဘများသည် ၎င်းတို့၏ သားသမီးများကို ဘုရားသခင်အား ယုံကြည်အောင် မပြုလုပ်သင့်ပေ။ ဤသည်မှာ ဆိုးယုတ်သော အတွေးအခေါ်နှင့် ကိုက်ညီလိမ့်မည်။ သို့သော် ကယ်တင်ခြင်းရဖို့ ၎င်းတို့သားသမီးများ၏ အခွင့်အရေးကိုလည်း ဖျက်ဆီးလိမ့်မည်။ ဤရလဒ်အတွက် မည်သူက တာဝန်ရှိသနည်း။ ကိုယ့်အပေါ် မလုပ်စေချင်သည့်အရာကို သူတစ်ပါးတို့အပေါ် မပြုလုပ်ခြင်း ဆိုသည့် ရိုးရာ ကိုယ်ကျင့်တရားနီတိက လူတို့ကို မနစ်နာစေသလော။...ဤဥပမာများက ဤဆိုရိုးစကားကို လုံးလုံးလျားလျား ချေပခဲ့သည် မဟုတ်လော။ ဤအရာနှင့်ပတ်သက်ပြီး မှန်ကန်သည့်အရာတစ်ခုမျှ မရှိပေ။ ဥပမာ လူအချို့သည် သမ္မာတရားကို မချစ်ကြပေ။ ဇာတိပကတိ သက်သာမှုများကို တပ်မက်ကြသည်။ တာဝန်ထမ်းဆောင်ရာတွင် အချောင်ခိုရန် လမ်းရှာကြသည်။ ဒုက္ခခံရန်၊ သို့မဟုတ် အဖိုးအခပေးဆပ်ရန် မလိုလားကြပေ။ ‘ကိုယ့်အပေါ် မလုပ်စေချင်သည့်အရာကို သူတစ်ပါးတို့အပေါ် မပြုလုပ်နှင့်’ ဆိုသည့် ဆိုရိုးစကားက သင့်တင့်လျောက်ပတ်သည်ဟု ၎င်းတို့က ထင်ကြပြီး ‘ကိုယ့်ကိုယ်ကိုယ်ပျော်အောင်နေဖို့ ခင်ဗျားတို့ သင်ယူသင့်တယ်။ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့၊ ဆင်းရဲဒုက္ခခံဖို့၊ အဖိုးအခပေးဆပ်ဖို့ မလိုဘူး။ အချောင်ခိုလို့ရရင် အချောင်ခိုလိုက်။ တစ်ခုခုကို ဖြစ်သလိုလုပ်လို့ရရင် ဖြစ်သလိုလုပ်လိုက်။ ကိုယ့်ကိုယ်ကိုယ် သက်ညှာစမ်းပါ။ ကြည့်လိုက်။ ကျွန်တော်က ဒီလိုနေတာ။ မကောင်းဘူးလား။ ကျွန်တော့်ဘဝက ပြည့်စုံတယ်။ အဲဒီလိုအသက်ရှင်နေတော့ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင်လုပ်နေတာပဲ။ ခင်ဗျားတို့ ကျွန်တော့်ဆီကနေ သင်ယူသင့်တယ်’ ဟူ၍ လူတို့ကို ပြောကြသည်။ ဤသည်မှာ ‘ကိုယ့်အပေါ် မလုပ်စေချင်သည့်အရာကို သူတစ်ပါးတို့အပေါ် မပြုလုပ်ခြင်း’ ဆိုသည့် သတ်မှတ်ချက်နှင့် မကိုက်ညီသလော။ သင်သည် ဤသို့ လုပ်ဆောင်လျှင် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူဖြစ်သလော။ (မဖြစ်ပါ။) လူတစ်ယောက်သည် သူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားပျောက်ဆုံးလျှင် သူသည် သူတော်ကောင်းတရား မကင်းမဲ့သလော။ ဤသည်ကို သူတော်ကောင်းတရား ကင်းမဲ့ခြင်းဟု ခေါ်သည်။ အဘယ်ကြောင့် ဤသို့ခေါ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သက်သာခြင်းကို တပ်မက်သည်။ ၎င်းတို့၏တာဝန်ကို ဖြစ်သလိုလုပ်သည်။ ၎င်းတို့နှင့်အတူ ဝတ်ကျေတမ်းကျေပြုပြီး သက်သာခြင်းကို မက်မောရန် သူတစ်ပါးတို့အား သွေးဆောင်ပြီး လွှမ်းမိုးသည်။ ဤတွင် ပြဿနာက အဘယ်နည်း။ သင့်တာဝန်တွင် ဝတ်ကျေတမ်းကျေပြုပြီး တာဝန်မသိတတ်ခြင်းသည် လှည့်စားသည့်လုပ်ရပ်ဖြစ်ပြီး ဘုရားသခင်ကို အာခံခြင်းဖြစ်သည်။ သင်သည် ဆက်လက်၍ ဝတ်ကျေတမ်းကျေပြုပြီး နောင်တမရလျှင် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၁၀)) “လူတို့သည် သမ္မာတရားကို ချစ်လျှင် သမ္မာတရားကို လိုက်စားရန် အစွမ်းအစရှိလိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို ကြိုးစား လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ စွန့်လွှတ်သင့်သည့်အရာကို စွန့်လွှတ်နိုင်ပြီး၊ လက်လွှတ်သင့်သည့်အရာကို လက်လွှတ်နိုင်သည်။ အထူးသဖြင့် သင်ကိုယ်တိုင်၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့နှင့်သက်ဆိုင်သောအရာများကို လက်လွှတ်သင့်သည်။ ထိုအရာများကို လက်မလွှတ်လျှင် သင်သည် သမ္မာတရားကို မချစ်၊ သမ္မာတရားကို လိုက်စားရန် အစွမ်းအစမရှိဟု ဆိုလိုသည်။ သင့်ထံတွင် အမှုအရာများ ဖြစ်ပျက်သောအခါ သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ဖို့လိုသည့် အချိန်များတွင် သင်သည် အစဉ်သဖြင့် တစ်ကိုယ်ကောင်းဆန်သည့် စိတ်နှလုံးတစ်ခုရှိပြီး သင်၏ ကိုယ်ကျိုးကြည့်ခြင်းကို လက်မလွှတ်နိုင်လျှင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ သင်သည် မည်သည့်အခြေအနေတွင်မဆို သမ္မာတရားကို ရှာဖွေ၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင် သင်သည် သမ္မာတရားကို ချစ်သောသူမဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ နှစ်မည်မျှကြာပြီးသည်ဖြစ်စေ သမ္မာတရားကို ရရှိမည်မဟုတ်ပေ။ လူအချို့သည် အစဉ်သဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ကိုယ်ကျိုးနောက်ကို လိုက်နေကြသည်။ အသင်းတော်က ၎င်းတို့အတွက် မည်သည့်အလုပ်ကို စီစဉ်ပါစေ ၎င်းတို့က ‘ဒါက ငါ့အတွက် အကျိုးရှိမလား။ ရှိမယ်ဆိုရင် ငါလုပ်မယ်။ အကျိုးမရှိဘူးဆိုရင် မလုပ်ဘူး’ ဟု တွေးရင်း သေချာစဉ်းစားချင့်ချိန်ကြသည်။ ဤသို့သောသူမျိုးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပေ။ ထိုသို့ဆိုလျှင် ၎င်းတို့သည် ၎င်းတို့တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်သလော။ မထမ်းဆောင်နိုင်သည်မှာ အသေချာဆုံး ဖြစ်သည်။ သင်သည် မကောင်းမှုကို မလုပ်ဆောင်လျှင်ပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူ မဟုတ်သေးပေ။ သင်သည် သမ္မာတရားကို မလိုက်စားလျှင်၊ အပြုသဘောဆောင်သောအရာများကို မချစ်လျှင်၊ သင့်အပေါ်၌ မည်သည့်အရာဖြစ်ပျက်ပါစေ သင်၏ကိုယ်ပိုင်ဂုဏ်သတင်းနှင့်အဆင့်အတန်း၊ သင်၏ကိုယ်ကျိုး၊ သင့်အတွက် ကောင်းသည့်အရာတို့ကိုသာ ဂရုစိုက်လျှင် သင်သည် ကိုယ့်အကျိုးကြည့်ပြီးသာ လုပ်ဆောင်သည့်သူဖြစ်ကာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။...လူတို့သည် ဘုရားကို နှစ်များစွာ ယုံကြည်ပြီးနောက် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်လျှင် ၎င်းတို့သည် မယုံကြည်သူများထဲတွင် ပါဝင်သည်။ ဆိုးယုတ်သည်။ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်လျှင်၊ သင်၏ ပြစ်မှားမှုများသည် အစဉ်ပို၍ များပြားလာလျှင် သင်၏အဆုံးသတ်သည် သတ်မှတ်ပြီးဖြစ်သည်။ သင်၏ ပြစ်မှားမှုအားလုံး၊ သင်လျှောက်သည့် မှားယွင်းသောလမ်းကြောင်း၊ နောင်တရရန် ငြင်းဆန်မှု၊ ဤအရာအားလုံးသည် မကောင်းမှုအမြောက်အများအဖြစ် စုပေါင်းသွားသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ထို့ကြောင့် သင်၏ အဆုံးသတ်မှာ သင်သည် ငရဲသို့ကျမည်၊ အပြစ်ဒဏ်ပေးခံရမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးကြီးဆုံးဖြစ်သည့်အရာမှာသမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော် ထုတ်ဖော်ပြတာကို ကျွန်မ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ဘူး။ “ကိုယ့်အပေါ် မလုပ်စေချင်သည့်အရာကို သူတစ်ပါးတို့အပေါ် မပြုလုပ်နှင့်” ဆိုတဲ့အပေါ် ဆက်ဆံမှုတွေကို အခြေခံခြင်းက တခြားလူတွေပေါ် ကျွန်မ နားလည်ပုံရစေပေမဲ့၊ အမှန်တော့ သူတို့ကို ကျွန်မက ထိခိုက်နစ်နာနေစေတာပဲ။ ဘုရားနှုတ်ကပတ်တော်တွေ၊ တောင်းဆိုချက်တွေကို ကျွန်မ လက်တွေ့လုပ်နေတာ၊ ဝင်ရောက်နေတာ မဟုတ်ဘူး။ တခြားလူတွေကို ကျွန်မလိုပဲ တိုးတက်မှု မရှာ၊ အပျက်သဘောဆောင်ပြီး၊ အကျင့်ပျက်သင့်သလိုမျိုးနဲ့ ဘုရားနှုတ်ကပတ်တော် လက်တွေ့လုပ်ဖို့ မစေခိုင်းဘဲ၊ သူတို့ကို သူတို့ ပြဿနာတွေနဲ့ ပတ်သက်လို့ အလိုဖြည့်ပေးနေတာပဲ။ ကိစ္စတွေကို အဲဒီလိုလုပ်တာက တာဝန်မဲ့တာ။ လူ့အကြိုက်လိုက်သူ ဖြစ်နေတာပဲ။ အဲဒါ လွန်ကဲပြီး သီလမဲ့တာ။ အဲဒါ ကျွန်မ ပြုမူနေခဲ့တဲ့ပုံစံပဲ။ သမ္မာတရားကို မချစ်ခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် အေးဆေးသက်သာစေဖို့ပဲ ကြိုးစားနေခဲ့တယ်။ ကိုယ့်တာဝန်ကို အလေးအနက် သဘောမထား၊ မစေ့စပ်ချင်ခဲ့ဘူး။ ကျွန်မတာဝန်မှာ ပြဿနာနဲ့ သွေဖည်မှုမျိုးစုံ ရှိခဲ့ပေမဲ့၊ ကိုယ့်အပြစ်တွေကို ဖော်ထုတ်မိမှာ စိုးခဲ့တယ်။ ကျွန်မနဲ့ ပတ်သက်လို့ ခေါင်းဆောင်နဲ့ တွဲဖက်က မတင်းကျပ်လွန်းဖို့ မျှော်လင့်ခဲ့တယ်။ တခြားလူတွေနဲ့ ပတ်သက်လို့ အရမ်း ပွင့်လင်းလွန်းရင်၊ ကိုယ်က ပုံသက်သေပြရပြီး သူတို့ရဲ့ ကြီးကြပ်မှုကို လက်ခံရမှာ စိုးခဲ့တယ်။ အဲဒါက ကျွန်မဘဝကို ပိုသက်သာစေမှာ မဟုတ်ဘူး။ ဒါကြောင့် တခြားလူတွေကို ကာကွယ်ပေးပြီး၊ သူတို့ သတိပြုမိတဲ့ ပြဿနာတွေကို မဖော်ပြဘဲနဲ့ အချင်းချင်း မစောင့်ကြည့်ဘဲ ကျွန်မလိုပဲ သူတို့ကို ဖြစ်ခွင့်ပေးချင်ခဲ့တယ်။ သမ္မာတရားကို မရခင်မှာ၊ လူတွေက ဘဝမှာ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းတွေနောက် လိုက်တတ်ကြတယ်။ သူတို့တာဝန်တွေမှာ အချောင်ခိုပြီး ဝတ်ကျေတမ်းကျေ ဖြစ်ကြတယ်။ ဒါက အပြန်အလှန် ကြီးကြပ်ပြီး ဦးဆောင်လမ်းပြတာ အလိုအပ်ဆုံး အချိန်ပဲ။ ဒါကောင်းတဲ့အရာဖြစ်သလို၊ အသင်းတော် အလုပ်ကို ကာကွယ်ပေးတယ်။ ကြီးကြပ်ရေးမှူးအနေနဲ့၊ သမ္မာတရားကို လက်တွေ့လုပ်ရာမှာ ကျွန်မ တကယ် ဦးဆောင်သင့်ပေမဲ့၊ ပုံသက်သေကောင်းမဖြစ်ခဲ့တဲ့အပြင်၊ ကျွန်မလိုပဲ လူတိုင်းကို ပေါ့တန်ခွင့်ပေးပြီး တိုးတက်မှုအတွက် မကြိုးပမ်းစေခဲ့ဘူး။ အခြေခံအားဖြင့် ကျွန်မက သမ္မာတရားကို ငြီးငွေ့ပြီး လက်ခံဖို့ လိုလားမနေခဲ့တာပဲ။ သတိမမူဖြစ်ပြီး ဘုရားကို လှည့်စားရာမှာ ကျွန်မ ဦးဆောင်နေခဲ့တယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်မနေခဲ့ရုံမက၊ ကိုယ့်ညီအစ်ကို မောင်နှမတွေကိုလည်း ထိခိုက်နေခဲ့တာပဲ။ အဲဒီအပေါ် ဆင်ခြင်သုံးသပ်လေ၊ တွေးထားတာက ပိုဆိုးရွားတဲ့ ပြဿနာဖြစ်မှန်း မြင်ရလေပဲ။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့၊ အသင်းတော်အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ကျွန်မ အလေးမထားခဲ့ဘူး။ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခဲ့တယ်။ အဲဒီလိုလူတွေက မယုံကြည်သူတွေ၊ ဘုရားအိမ်တော်ကို တအိအိနဲ့ အယုံသွင်းတဲ့ ဆိုးယုတ်တဲ့ လူတွေဖြစ်ကြောင်း ဘုရား ပြောရတဲ့ အကြောင်းရင်းကိုလည်း နားလည်လာခဲ့တယ်။ သူတို့ စိတ်နှလုံးထဲရှိတဲ့ တစ်ခုတည်းသော အရာက သူတို့ကိုယ်တိုင်ဖြစ်လို့ပဲ။ အသင်းတော် အလုပ်ကို သူတို့ မစဉ်းစားကြဘူး။ ကျွန်မတို့အားလုံးက စည်းမျဉ်းနဲ့ ပြောဆို၊ ပြုမူရင်း သမ္မာတရားကို လက်တွေ့လုပ်နိုင်ဖို့ ဘုရားမျှော်လင့်တယ်။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို မချစ်ခဲ့ဘူး။ လူတိုင်းက အချင်းချင်း ကာကွယ်ပေးပြီး၊ ဘယ်သူမှ သမ္မာတရားကို လက်တွေ့မလုပ်ဖို့ ကျွန်မ မျှော်လင့်ခဲ့တယ်။ ဘုရားလိုချင်တာရဲ့ ဆန့်ကျင်ဖက်ကို ကျွန်မ လုပ်နေခဲ့တာပဲ။ ဒါ မကောင်းမှုကို လုပ်နေတာ။ အသင်းတော်အလုပ်ကို တမင် နှောင့်ယှက်တာကသာ မကောင်းမှုပြုတာ၊ အဲဒါကို ဘုရား စက်ဆုပ်မယ်လို့ ကျွန်မ တွေးလေ့ရှိခဲ့တယ်။ ဒါပေမဲ့ နောက်တော့ တွေ့ခဲ့ရတယ်။ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ပြောဆို၊ ပြုမူရင်း အချိန်တိုင်း ကိုယ်ကျိုးကို ကာကွယ်နေပြီး၊ သမ္မာတရားကို လက်တွေ့မလုပ်တာကလည်း မကောင်းမှုလုပ်နေတာ ဖြစ်တယ်ဆိုတာပေါ့။ ဒါကို သဘောပေါက်တော့ နောင်တနဲ့ ဘုရားဆီ အမြန် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မက ကြီးကြပ်ရေးမှူးဖြစ်ပေမဲ့ သမ္မာတရားကို လက်တွေ့မလုပ်ပါဘူး။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့၊ လူတိုင်းကို အချင်းချင်း ကာကွယ်ပေးစေချင်ခဲ့တယ်။ ကျွန်မမှာ အသိစိတ်၊ ဆင်ခြင်တုံတရား မရှိသလို၊ ဒီတာဝန်နဲ့ မတန်ပါဘူး။ ဘုရားသခင်၊ ကျွန်မ နောင်တရပြီး ပြောင်းလဲချင်ပါတယ်”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ အခုတစ်လော တခြားလူတွေက သူတို့ တာဝန်မှာ ရှိကြတဲ့ ပြဿနာတွေအားလုံးကို ကျွန်မ စာရင်းလုပ်လိုက်တယ်။ ဒီပြဿနာအားလုံးရဲ့ အသေးစိတ်ကို မြင်တော့ ကျွန်မ အံ့ဩသွားတယ်။ လူအတော်များများက သူတို့တာဝန်မှာ တာဝန်မဲ့ပြီး သတိမမူဖြစ်ကြတာပဲ။ တချို့အလုပ်တွေကို ပြန်လုပ်ရမဲ့ သဘောပဲ။ ပြဿနာတွေကို တစ်ခုပြီးတစ်ခု မြင်ရတော့ ကျွန်မ တကယ် မသက်မသာဖြစ်မိတယ်။ လူတိုင်းရဲ့ တာဝန်မှာ ပြဿနာတွေ အများကြီးရှိမှာကို ကျွန်မ စိတ်မကူးမိခဲ့ဘူးလေ။ ဒါပေမဲ့ သူများတွေရော၊ ကိုယ့်ကိုယ်ကိုယ်ပါ အလိုလိုက်ထားရင်း ကိစ္စတွေကို လျစ်လျူရှုထားလို့ရနိုင်မယ်လို့ ထင်နေတုန်းပဲ။ ဘုရားရဲ့ အလိုတော်ကို ကျွန်မ ထည့်မတွက်ခဲ့ဘူး။ ကိစ္စတွေ အဲဒီလိုသာဆက်ဖြစ်ခဲ့ရင်၊ အလုပ်ထဲက နှောင့်နှေးတာတွေအားလုံးကို ကျွန်မ ခေါင်းခံရမှာ။

အဲဒီညနေမှာ ကိုယ့်အပြုအမူကို နားလည်စေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “အန္တိခရစ်များသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရင်ဦးဆုံး ထည့်စဉ်းစားပြီး အရာအားလုံးကို သေချာစဉ်းစားတွေးတောပြီးမှသာ ဆောင်ရွက်ကြသည်။ ၎င်းတို့သည် ညှိနှိုင်းခြင်းမရှိဘဲ သမ္မာတရားကို မှန်ကန်စွာ၊ ရိုးသားစစ်မှန်စွာ၊ အပြည့်အဝ လိုက်နာခြင်းမရှိဘဲ စိစိစစ်စစ်ရှိစွာနှင့် အခြေအနေပေါ်မူတည်၍ ဆောင်ရွက်ကြသည်။ ဤသည်မှာ မည်သည့်အခြေအနေဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အကာအကွယ်ပေးရမည်ဖြစ်ပြီး၊ မည်သည့်ဆုံးရှုံးမှုကိုမျှ မခံရစေခြင်းဖြစ်သည်။ ဤအခြေအနေနှင့် ကိုက်ညီပြီးမှသာ ၎င်းတို့သည် မည်သည့်အရာလုပ်ဆောင်ရမည်ကို ဆုံးဖြတ်ပြီး ရွေးချယ်သည်။ ဆိုလိုသည်မှာ အန္တိခရစ်တို့သည် သမ္မာတရားစည်းမျဉ်းများ၊ ဘုရားသခင်၏ စေခိုင်းချက်များနှင့် ဘုရားအိမ်တော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့ရင်ဆိုင်ရသည့်အရာများကို မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကို အလေးအနက် စဉ်းစားကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို မည်သို့ဖြည့်ဆည်းရမည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းမှ မည်သို့ထိန်းသိမ်းကာကွယ်ရမည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေရမည်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမတို့အား မည်သို့ အကျိုးဖြစ်စေရမည်တို့ကို မစဉ်းစားပေ။ ဤအရာတို့သည် ၎င်းတို့ ထည့်စဉ်းစားသည့် အရာများမဟုတ်ပေ။ အန္တိခရစ်များသည် မည်သည့်အရာကို ထည့်စဉ်းစားသနည်း။ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ ထိခိုက်ခြင်းရှိမရှိနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာ နိမ့်ကျခြင်းရှိမရှိတို့ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများအတိုင်း တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိစေသော်လည်း ၎င်းတို့၏ ဂုဏ်သတင်းကို ထိခိုက်စေပြီး လူများစွာတို့အား ၎င်းတို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို နားလည်သဘောပေါက်မိစေပြီး ၎င်းတို့တွင် မည်သည့်သဘာဝနှင့် အနှစ်သာရမျိုး ရှိသည်ကိုသိစေလျှင် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများအရ သေချာပေါက် လုပ်ဆောင်မည်မဟုတ်ပေ။ လက်တွေ့အလုပ်ကို လုပ်ဆောင်ခြင်းသည် ၎င်းတို့ကို လူများက ပို၍ အထင်ကြီးစေလျှင် လေးစားစေလျှင်၊ အားကျစေလျှင်၊ သို့မဟုတ် ၎င်းတို့၏ စကားများအား သြဇာအာဏာကို သယ်ဆောင်စေပြီး ပိုများသော လူတို့အား ၎င်းတို့ကို နာခံကြစေလျှင် ထိုနည်းအတိုင်းလုပ်ဆောင်ရန် ရွေးချယ်ကြလိမ့်မည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် ဘုရားအိမ်တော်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားခြင်းကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို လျစ်လျူရှုရန် ရွေးချယ်ခြင်းကို မည်သည့်အခါမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်မဟုတ်လော။ မည်သည့် အခြေအနေမျိုးတွင်မဆို အန္တိခရစ်များသည် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အရေးကြီးဆုံးအရာအဖြစ် မြင်ကြသည်။ မည်သူကမျှ ၎င်းတို့နှင့် မယှဉ်နိုင်ပေ။ မည်သည့်နည်းစနစ်ကို လိုအပ်ပါစေ လူများကို စည်းရုံးသိမ်းသွင်းပြီး ၎င်းတို့အား ကိုးကွယ်အောင် လုပ်နိုင်သရွေ့ အန္တိခရစ်တို့က လုပ်ဆောင်မည် ဖြစ်သည်။...ရိုးရှင်းစွာဆိုရလျှင် အန္တိခရစ်တစ်ယောက်ပြုလုပ်သည့်အရာရာတိုင်း၏ နောက်ကွယ်ရှိ ပန်းတိုင်နှင့် ရည်ရွယ်ချက်သည် ဤအရာနှစ်ခုဖြင့် ဆက်စပ်သည်။ အဆင့်အတန်းနှင့် ဂုဏ်သတင်းဖြစ်သည်။ ယင်းသည် ၎င်းတို့၏ အပြင်ပန်း စကားပြောသည့်၊ လုပ်ဆောင်သည့်၊ ပြုမူသည့်ပုံစံဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် စဉ်းစားပုံ၊ ရှုမြင်ပုံ အမျိုးအစားတစ်ခု၊ သို့မဟုတ် ရှာဖွေသည့် ပုံစံဖြစ်သည်ဖြစ်စေ၊ အရာရာတိုင်းသည် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့နှင့် ပတ်သက်သည်။ ဤသည်မှာ အန္တိခရစ်များ အလုပ်လုပ်သည့် ပုံစံဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းတယ်။ အန္တိခရစ်တွေ လုပ်သမျှတိုင်းက ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ပဲ။ အသင်းတော်အလုပ်ကို ဘယ်လို ကာကွယ်ရမယ်၊ ညီအစ်ကို မောင်နှမတွေကို ဘာက အကျိုးပြုမယ်ဆိုတာ သူတို့ လုံးဝ မစဉ်းစားကြဘူး။ သူတို့ကိုယ်ပိုင် အကျိုးစီးပွားတွေ အန္တရာယ်ဖြစ်မှာထက် အသင်းတော် အလုပ် ထိခိုက်တာကို ပိုမြင်ချင်ကြတယ်။ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ အရမ်း ဂရုစိုက်ကြတယ်။ ကျွန်မရဲ့ သုံးသပ်ချက်မှာ၊ အန္တိခရစ်လိုပဲ ကျွန်မ ပြုမူနေခဲ့မှန်း တွေ့ရတယ်။ တစ်ခုခုနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကိုယ့်ရဲ့ အကျိုးစီးပွား၊ သိက္ခာနဲ့ အဆင့်အတန်းကို အရာအားလုံးထက် အမြဲ ဦးစားပေးခဲ့တယ်။ လူတချို့က သူတို့တာဝန်မှာ အတော်လေး သတိမမူဖြစ်တာကို မြင်တော့၊ သူတို့ပြဿနာတွေကို မြင်ပြီး သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သတိပြုမိနိုင်အောင်လို့ ထောက်ပြပြီး ကိုင်တွယ်ဖြေရှင်းသင့်တာ သိခဲ့တယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက် မပေးချင်ခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်ခဲ့လို့ သမ္မာတရားကို လက်တွေ့မလုပ်ခဲ့ဘူး။ နှုတ်ကနေ သမ္မာတရားနဲ့ ညီတဲ့ စကားတစ်ခွန်းမှ ပြောမထွက်နိုင်ခဲ့ဘူး။ အဲဒီအစား၊ ကျွန်မမှာ ထွက်ပေါက်ရှိတာ သေချာစေဖို့ ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့တယ်။ တကယ်ကို စိတ်မချရသလို လှည့်ဖြားတတ်ပြီး၊ အလယ်လမ်းလိုက်တဲ့ လူ့အကြိုက်လိုက်သူတစ်ယောက်ပဲ။ ကျော်ကြားမှုနဲ့ အဆင့်အတန်းကိုပဲ ဆက်လိုက်ခဲ့တယ်။ ကိုယ်ကျိုးစီးပွားတွေကိုပဲ ကာကွယ်နေခဲ့တယ်။ တခြားလူတွေကို အသင်းတော်အလုပ် မစဉ်းစားဘဲ သူတို့တာဝန်တွေကို ဖောက်ပြန်ပျက်စီးခြင်းနဲ့ လုပ်ခွင့်ပေးခဲ့တယ်။ အန္တိခရစ်လမ်းကြောင်းပေါ် ရှိနေခဲ့တာပဲ။ အဲဒီလမ်းပေါ်မှာ ဆက်ရှိရင်၊ ဘုရားရဲ့ ဖော်ထုတ်၊ ထုတ်ပယ်တာ ခံရမှာ သေချာတယ်။ ဒီအသိတရာရခြင်းက ဒီပြဿနာ ဘယ်လောက်ဆိုးမှန်း ကျွန်မကို ပြခဲ့တယ်။ ဘုရားဆီ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို လက်လွတ်နိုင်အောင်၊ အသင်းတော် အလုပ်ကို ထိန်းသိမ်းပြီး ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းနိုင်အောင် လမ်းပြဖို့ တောင်းလျှောက် ဆုတောင်းခဲ့တယ်။

အဲဒီနောက်မှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ခဲ့တယ်။ “ကိုယ့်အပေါ် လုပ်စေချင်သည့်အရာကိုသာ သူတစ်ပါးတို့အပေါ် ပြုလုပ်ရန် ဘုရားသခင်က လူတို့အပေါ် မတောင်းဆိုပေ။ ထိုအစား မတူညီသော အခြေအနေများကို ကိုင်တွယ်သောအခါ လူတို့ လိုက်နာသင့်သည့်စည်းမျဉ်းများနှင့်ပတ်သက်ပြီး ရှင်းလင်းစွာသိထားရန် ဘုရားသခင်က လူတို့အား တောင်းဆိုသည်။ ယင်းသည် မှန်ကန်ပြီး ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရားတို့နှင့် ကိုက်ညီလျှင် ယင်းကို ဖက်တွယ်ထားရမည်။ ဖက်တွယ်ထားရုံမကဘဲ ဘုရားအလိုတော်က မည်သည့်အရာဖြစ်သည်၊ သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာဖြစ်သည်တို့ကို အခြားသူများက တိကျစွာ နားလည်စေဖို့အတွက် ဆိုဆုံးမရမည်။ ဖျောင်းဖျရမည်။ မိတ်သဟာယဖွဲ့ရမည်။ ဤသည်မှာ သင်၏တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ဘုရားသခင်က သင့်အား အလယ်အလတ်လမ်းကို လိုက်ရန် မတောင်းဆိုပေ။ သင် မည်မျှစိတ်ထားမြင့်မြတ်ကြောင်း ကြွားဝါရန် ပို၍ပင် မတောင်းဆိုပေ။ ဘုရားသခင်က သင့်အား ဆိုဆုံးမကာ သွန်သင်ခဲ့ပြီးဖြစ်သည့်၊ ဘုရားနှုတ်ကပတ်တော်များတွင် ပြောဆိုသည့်အရာများဖြစ်သော လူတို့လေ့လာသင့်သည့် သတ်မှတ်ချက်များ၊ စံနှုန်း၊ သမ္မာတရားစည်းမျဉ်းများကို သင်ဖက်တွယ်ထားသင့်သည်။ ဖက်တွယ်ထားရုံနှင့်မပြီးဘဲ ထိုအရာများကို အစဉ်ထာဝရဖက်တွယ်ထားရမည်။ စံနမူနာအနေဖြင့် ဦးဆောင်လမ်းပြခြင်းအားဖြင့်လည်း လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည့်အပြင် စည်းရုံးခြင်း၊ ကြီးကြပ်ခြင်း၊ ကူညီခြင်းနှင့် သင်လုပ်ဆောင်သည့်ပုံစံအတိုင်း ဤသမ္မာတရားစည်းမျဉ်းများကို ဖက်တွယ်ရန်၊ လိုက်နာရန်၊ လက်တွေ့လုပ်ဆောင်ရန် သူတစ်ပါးတို့အား လမ်းပြခြင်းကိုပါ လက်တွေ့လုပ်ဆောင်ရမည်။ ဤအရာကို လုပ်ဆောင်ရန် ဘုရားသခင်က တောင်းဆိုသည်။ သင့်ကိုယ်သင်နှင့် အခြားလူများအား သက်ညှာရန် မတောင်းဆိုပေ။ အရေးကိစ္စများတွင် မှန်ကန်သော ရပ်တည်ချက်ကို ယူရန်၊ မှန်ကန်သော ကျင့်ဝတ်စည်းကမ်းများကို ဖက်တွယ်ရန်၊ ဘုရားနှုတ်ကပတ်တော်များထဲမှ စံနှုန်းက မည်သည့်အရာဖြစ်သည်ကို အတိအကျသိရန်၊ သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာဖြစ်သည်ကို သင် အတိအကျ အဖြေရှာရန် ဘုရားသခင်က သင့်အား တောင်းဆိုသည်။ သင်က ဤအရာကို မဖြစ်မြောက်နိုင်လျှင်ပင်၊ သင်က လုပ်ချင်စိတ်မရှိလျှင်ပင်၊ သင်က ယင်းကို မနှစ်သက်လျှင်၊ အယူအဆများရှိလျှင်၊ သို့မဟုတ် ယင်းကို အတိုက်အခံဖြစ်လျှင် သင်သည် ဤအရာကို သင်၏တာဝန်အဖြစ်၊ သင်၏ ဝတ္တရားအဖြစ် မှတ်ယူရမည်။ ဘုရားသခင်ဆီမှလာသော အပြုသဘောဆောင်သောအရာများကို၊ မှန်ကန်သင့်တော်သောအရာများကို အခြားလူများနှင့် သင်မိတ်သဟာယဖွဲ့ရမည်ဖြစ်ပြီး သူတစ်ပါးတို့အား ကူညီရန်၊ သက်ရောက်စေရန်၊ လမ်းပြရန် ထိုအရာများကို အသုံးပြုလော့။ ဤသို့အားဖြင့် လူတို့သည် ထိုအရာများအားဖြင့် အကျိုးဖြစ်စေနိုင်ပြီး တည်ဆောက်စရာ ဖြစ်စေနိုင်သည်။ အသက်တာတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်နိုင်သည်။ ဤသည်မှာ သင်၏တာဝန်ဖြစ်သည်။ စာတန်က သင်၏ စိတ်အတွင်းသို့ ထည့်ထားသည့် ‘ကိုယ့်အပေါ် မလုပ်စေချင်သည့်အရာကို သူတစ်ပါးတို့အပေါ် မပြုလုပ်နှင့်’ ဆိုသည့် အယူအဆကို ခေါင်းမာစွာဖြင့် ဖက်တွယ်မထားသင့်ပေ။ ဘုရားသခင်၏ အမြင်တွင် ထိုဆိုရိုးစကားသည် ရှင်သန်ရေး အတွေးအခေါ်တစ်ခုသာဖြစ်သည်။ စာတန်၏ လှည့်ကွက်များထဲမှ တစ်ခုဖြစ်သည်။ မှန်ကန်သော လမ်းကြောင်းမဟုတ်သကဲ့သို့ အပြုသဘောဆောင်သောအရာလည်း မဟုတ်ပေ။ သင့်အပေါ် ဘုရားသခင် တောင်းဆိုသမျှမှာ မည်သည့်အရာကို လုပ်ဆောင်သင့်သည်၊ မလုပ်ဆောင်သင့်သည်ကို ရှင်းလင်းစွာ နားလည်သော ဖြောင့်မတ်သည့်သူတစ်ယောက်ဖြစ်ရန် ဖြစ်သည်။ ဘုရားသခင်က သင့်အား လူ့အကြိုက်လိုက်သူတစ်ယောက်ဖြစ်ရန်၊ သို့မဟုတ် ခြံစည်းရိုးခွထိုင်သူဖြစ်ရန် မတောင်းဆိုပေ။ အလယ်အလတ်လမ်းကို လိုက်ရန် မတောင်းဆိုပေ။ အကြောင်းကိစ္စတစ်ခုသည် သမ္မာတရားစည်းမျဉ်းနှင့် သက်ဆိုင်သောအခါ လိုအပ်သည့်အရာများကို သင်ပြောဆိုရမည်။ နားလည်ဖို့လိုအပ်သည့်အရာကို နားလည်ရမည်။ တစ်စုံတစ်ယောက်က တစ်ခုခုကို နားမလည်သော်လည်း သင်က နားလည်လျှင် ထိုသူကို သင်က အကြံဉာဏ်ပေးပြီး ကူညီပေးနိုင်လျှင် ဤတာဝန်နှင့် ဝတ္တရားကို သင်လုံးဝ ဖြည့်ဆည်းရမည်။ ဥပေက္ခာပြု ၍ ရပ်ကြည့်မနေရပေ။ ကိုယ့်အပေါ် မလုပ်စေချင်သည့်အရာကို သူတစ်ပါးတို့အပေါ် မပြုလုပ်ခြင်း ကဲ့သို့သော စာတန်က သင်၏စိတ်အတွင်းသို့ ထည့်ထားသော လှည့်ကွက်များကို ဖက်တွယ်ခြင်းအား ပို၍ပင် မလုပ်သင့်ပေ။...သင်က ဤအရာကို အစဉ်စောင့်ထိန်းလျှင် သင်သည် ဆိုးယုတ်သောအတွေးအခေါ်များအတိုင်း အသက်ရှင်သူတစ်ယောက် ဖြစ်သည်။ ဆိုးယုတ်သော စိတ်သဘောထားဖြင့် အပြည့်အဝ အသက်ရှင်သူဖြစ်သည်။ ဘုရားသခင်၏လမ်းနောက်သို့ မလိုက်လျှင် သင်သည် သမ္မာတရားကို မချစ်ပေ၊ သို့မဟုတ် မလိုက်စားပေ။ မည်သည့်အရာဖြစ်ပျက်ပါစေ သင်လိုက်နာသင့်သည့် စည်းမျဉ်းနှင့် သင်လုပ်ဆောင်ရမည့် အရေးကြီးဆုံးအရာမှာ လူတို့အား သင်တတ်နိုင်သမျှ ကူညီရန်ဖြစ်သည်။ စာတန်ပြောသည့်အတိုင်း မလုပ်သင့်သလို သင့်အတွက် လုပ်ဆောင်လိုမည့်အရာကိုသာ သူတစ်ပါးတို့အတွက် လုပ်ဆောင်ပေးခြင်းကို မလုပ်သင့်ပေ၊ သို့မဟုတ် ‘ပါးနပ်သော’ လူ့အကြိုက်လိုက်သူတစ်ယောက် မဖြစ်သင့်ပေ။ သင်တတ်နိုင်သမျှ လူတို့ကို ကူညီခြင်းဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ဤသည်မှာ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းခြင်းကို ဆိုလိုသည်။ တစ်စုံတစ်ခုသည် သင်၏တာဝန်နှင့် ဝတ္တရား၏ အစိတ်အပိုင်းဖြစ်သည်ကို သင်မြင်သည်နှင့်တစ်ပြိုင်နက် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်သည်။ ဤသည်မှာ သင်၏တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းခြင်းကို ဆိုလိုသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၁၀)) ကိုယ့်အပေါ် မဖြစ်စေချင်တဲ့အရာကို တခြားလူဆီ မလုပ်တာက လူတွေက သူတို့ရဲ့ ဆက်ဆံရေးတွေမှာ သမ္မာတရားကို လက်တွေ့မလုပ်ဘဲ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်အောင် လူတွေရဲ့ အတွေးတွေကို ဖောက်ပြန်ပျက်စီးစေပြီး ထိန်းချုပ်ဖို့ စာတန်သုံးတဲ့ နည်းလမ်း၊ ပရိယာယ်ဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်ကနေ မြင်ခဲ့ရတယ်။ သူတို့က စိတ်ရှည်လာကြပြီး အချင်းချင်း လူးသာလွင့်သာ ဖြစ်စေကြတယ်။ လူတိုင်းက သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်ကြရင်၊ စာတန်က ထိန်းချုပ်ခွင့်ရပြီး၊ မကောင်းမှုက အသာစီးရလိုက်တာပဲ။ နောက်ဆုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်က သူတို့ကို စွန့်ပစ်တယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော်နဲ့ သတ်မှတ်ချက်တွေအတိုင်း အသက်ရှင်၊ လက်တွေ့မလုပ်နိုင်သေးပေမဲ့၊ ကျွန်မတာဝန်တွေကို ဖြည့်ဆည်းပြီး၊ ဘုရားနှုတ်ကပတ်တော်အပေါ် ကျွန်မရဲ့ ဉာဏ်အလင်းပွင့်ခြင်း၊ သိနားလည်မှုနဲ့ ပတ်သက်လို့ တခြားလူတွေနဲ့ မိတ်သဟာယပြုရမှာ။ လူတွေက သူတို့တာဝန်တွေမှာ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်နေတာ တွေ့ရင်၊ သက်ညှာပြီး သည်းခံတဲ့ သဘောထားကို ပြမဲ့အစား၊ မိတ်သဟာယနဲ့ ဝေဖန်မှုကတစ်ဆင့် တခြားလူတွေကို ကူညီရင်းနဲ့ ကျွန်မ မူအရလုပ်ရမယ်။ အဲဒီအခါမှပဲ အသင်းတော် အလုပ်ကို ထိန်းသိမ်းပြီး ကိုယ့်တာဝန်ကို ဖြည့်ဆည်းတာ ဖြစ်မှာ။ သမ္မာတရားကို လက်တွေ့လုပ်တဲ့ ပုံသက်သေအဖြစ်လည်း ကျွန်မ ရပ်တည်ရမယ်။ ကျွန်မတာဝန်မှာ ပြဿနာတွေရှိတာ မှန်ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် သက်ညှာခွင့်၊ ဟန်ဆောင်ခွင့်၊ လက်တွေ့အရှိတရားကနေ လွတ်ခွင့်ပေးလို့မရဘူး။ အခွင့်ပေးလိုက်ရင်၊ ဘာတိုးတက်မှုမှ ဖြစ်စေမှာ မဟုတ်တော့ဘူး။ ကိုယ့်ပြဿနာတွေကို တက်တက်ကြွကြွ သိမှတ်သင့်တယ်၊ တခြားလူတွေရဲ့ ကြီးကြပ်မှုကို လက်ခံပြီး၊ ကိုယ့်တာဝန်ကို အလေးအနက် သဘောထားသင့်တယ်။ တခြားလူတွေကို ဝေဖန်ဖို့ ကိုယ်က အမှားနဲ့ ပြဿနာတွေ ကင်းရမယ်ဆိုတဲ့ စိတ်ကူးက သမ္မာတရားနဲ့ လုံးဝ မကိုက်မှန်းလည်း ကျွန်မ သဘောပေါက်ခဲ့တယ်။ အဲဒါ ကိုယ့်ကိုယ်ကိုယ် ဖျာလိုလိပ် ခေါင်းပေါ်တင်တာပဲ။ ကျွန်မက စိုးရိမ်စရာ ဆိုးယုတ်တဲ့ စိတ်သဘောထားရှိတဲ့ နောက်ထပ် ဖောက်ပြန်ပျက်စီးတဲ့ လူသားသက်သက်ပါပဲ။ တာဝန်မှာ သမ္မာတရား စည်းမျဉ်းတွေကို ကျွန်မ မကြာခဏ ဆန့်ကျင်ပြီး၊ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြုပြင်ခြင်းကို ကြုံဖို့ လိုတယ်။ ညီအစ်ကို မောင်နှမတွေဆီကလည်း ကြီးကြပ်မှု လိုတယ်။ ပိုများတဲ့ ပြဿနာတွေ သိသာလာရင်၊ အဲဒါတွေကနေ ကျွန်မ ထွက်ပြေးမနေဘဲ ရင်ဆိုင်ဖို့ လိုတယ်။ ဒါကို သဘောပေါက်တာက ကျွန်မအတွက် ဉာဏ်အလင်းရစရာဖြစ်ခဲ့ပြီး၊ လက်တွေ့လုပ်ဖို့အတွက် လမ်းကြောင်း ရှာတွေ့ခဲ့တယ်။ နောက်စုဝေးပွဲမှာ၊ ကျွန်မရဲ့ ပေါ့တန်မှုကို ဖော်ထုတ်၊ စိစစ်ရင်းနဲ့ ကိုယ့်တာဝန်မှာ လတ်တလော ရှိတဲ့ ပြဿနာတွေကို ကျွန်မ ပထမဆုံး ကိုင်တွယ်ပြီး ကျွန်မကို စောင့်ကြည့်ဖို့ လူတိုင်းကို တောင်းဆိုခဲ့တယ်။ အဲဒါကို သတိပေးချက်အနေနဲ့ ဖြစ်စေဖို့လည်း သူတို့ကို ပြောပြခဲ့တယ်။ နောက်ဆုံးမှာ၊ အထူးသဖြင့် သတိမမူဖြစ်ခဲ့ကြတဲ့ ညီအစ်ကို မောင်နှမနှစ်ယောက်ကိုလည်း ရွေးထုတ်ပြီး၊ မပြောင်းလဲနိုင်ခြင်းရဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်လို့ မိတ်သဟာယ ပြုပေးခဲ့တယ်။ အဲဒီလိုလုပ်ပြီးတော့ ကျွန်မ တကယ် စိတ်အေးလက်အေး ဖြစ်သွားတယ်။

ကျွန်မ ကိုင်တွယ်ဖြေရှင်းတဲ့ ညီအစ်ကိုတစ်ယောက်က အဲဒီလို ရွေးထုတ်ခံရလို့ သူ့ပြဿနာကို သတိပြုမိပြီး၊ “ကျွန်တော် အဲဒီလို ဖော်ထုတ်၊ ကိုင်တွယ်ဖြေရှင်းတာ မခံခဲ့ရရင်၊ ကိုယ့်ပြဿနာကို လုံးဝ သိမှာမဟုတ်ဘူး။ ဒီလို ကျွန်တော့်ကို ကူညီလို့ ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော် ဆင်ခြင်ပြီး သမ္မာတရားထဲ တကယ် ဝင်ရောက်ချင်ပါတယ်”ဆိုတဲ့ စာတိုတစ်ခု ပို့တော့ ကျွန်မအတွက် တကယ်ကို တို့ထိစရာ ဖြစ်ခဲ့တယ်။ ဒီစာကြောင့် ကျွန်မ အရမ်း တို့ထိခံခဲ့ရတယ်။ ကိုင်တွယ်ဖြေရှင်းခံရပြီး ဖော်ထုတ်ခံရတာကို ကျွန်မ မကြိုက်လေ့ရှိလို့၊ တခြားလူတွေကို ပိုလို့တောင် မလုပ်ချင်ခဲ့ဘူး။ ဒါပေမဲ့ တကယ်တော့၊ အဲဒါက သူတို့ကို ဘာအကူအညီမှ မပေးခဲ့ဘူး။ ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်လို့၊ လူတိုင်းရဲ့ တာဝန်မှာရှိတဲ့ ပြဿနာတွေကို အမြဲ အလိုလိုက်ပြီး သည်းခံပေးသလို၊ ကိုယ့်တာဝန်၊ ဝတ္တရားတွေကို မဖြည့်ဆည်းလို့ တကယ် နောင်တရခဲ့တယ်။ ဘုရားနဲ့ ညီအစ်ကို မောင်နှမတွေကို အကြွေးတင်သလို ခံစားခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်တာက ကျွန်မတို့ အသက်ရှင်သင့်တဲ့ စည်းမျဉ်းဆိုတာလည်း သဘောပေါက်ခဲ့တယ်။ စကားအလှမပြောဘဲ တခြားလူတွေမှာရှိတဲ့ ပြဿနာတွေကို ထောက်ပြနိုင်တာက၊ သူတို့အတွက် အထောက်အကူဖြစ်တယ်၊ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကိုလည်း အကျိုးပြုတယ်။ ဒါပေမဲ့ ကိုယ့်အပေါ် မဖြစ်စေချင်တဲ့အရာကို တခြားလူဆီ မလုပ်တာက တကယ်တော့ လူတွေကို ထိခိုက်တဲ့ ဆိုးယုတ်တဲ့ အတွေးမှာပဲ။ ကိုယ့်တာဝန်မှာ ပြဿနာတွေ ပေါ်ပေါက်တဲ့အခါ ကိုင်တွယ်ဖြေရှင်းခံရမှာကို အမြဲ စိုးရွံ့တာက ကိုင်တွယ်ဖြေရှင်းခံရခြင်းနဲ့ အရေးပါမှုကို ကျွန်မ နားမလည်တဲ့ သဘောပဲ။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “လူတို့ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်ခြင်း၊ ၎င်းတို့ကို သိကျွမ်းအောင်လုပ်ဆောင်ခြင်းတို့အားလုံးသည် ဘုရားသခင်အား ယုံကြည်ရာတွင် မှန်ကန်သောလမ်းကြောင်းကို ၎င်းတို့ဝင်ရောက်စေဖို့ ကူညီပေးရန်၊ ၎င်းတို့တာဝန်ကို ဘုရားသခင်တောင်းဆိုသည့်အတိုင်းနှင့် စည်းမျဉ်းနှင့်အညီ ထမ်းဆောင်နိုင်အောင် ပြုလုပ်ပေးရန်ဖြစ်သည်။ ဤသို့ဖြင့် မည်သည့်အနှောင့်အယှက်၊ အဖျက်အဆီးကိုမျှ ၎င်းတို့ မဖြစ်စေရန်၊ အချိန်မဖြုန်းစေရန်ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်သည် ၎င်းတို့အပေါ်တွင်လည်းကောင်း။ ဘုရားအိမ်တော်၏အလုပ်အပေါ်တွင်လည်းကောင်း ရှိသောတာဝန်မှ လုံးလုံးလျားလျား ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤတွင် မလိုမုန်းထားခြင်းမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) မှန်တယ်။ ကျွန်မတို့အားလုံးမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိပြီး၊ အားလုံးက တာဝန်မှာ ပေါ့တန်၊ လှည့်ဖြားတတ်တယ်။ ကျွန်မတို့အလုပ်ကို ကြီးကြပ်၊ စစ်ဆေးဖို့၊ ကျွန်မတို့ပြဿနာတွေအတွက် မိတ်သဟာယနဲ့ ဝေဖန်မှုပေးဖို့ ဘယ်သူမှမရှိရင်၊ အလုပ်ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ပိုင် သက်သာမှုကိုပဲ အလိုဖြည့်မိမယ်၊ အသင်းတော်အလုပ်ကို နှောင့်ယှက်တဲ့ အရာကိုတောင် အကြောင်းမဲ့ လုပ်မိမယ်။ ဒါကြောင့်၊ ခေါင်းဆောင်တွေက အလုပ်ကို ကြီးကြပ်၊ ဝေဖန်မှု ပေးရင်၊ တာဝန်မှာ သူတို့က တာဝန်ယူနေတာဖြစ်ပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့ပဲ။ ဒါက ကိုယ်တွေ အသက်ဝင်ရောက်မှုအတွက် ကောင်းတယ်။ အခက်တွေ့အောင်လုပ်တာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မက ကိုယ့်အပေါ် မဖြစ်စေချင်တဲ့အရာကို တခြားလူဆီ မလုပ်တာဆိုတဲ့ ဆိုးယုတ်တဲ့ စိတ်ကူးနောက်လိုက်တဲ့ ကြီးကြပ်ရေးမှူး ဖြစ်ခဲ့တယ်။ တခြားလူတွေရဲ့ တာဝန်တွေမှာ ပြဿနာတွေကို မြင်ပေမဲ့ လူတိုင်းကို သဘောကောင်းပေးနေတုန်းပဲ။ ဘယ်သူနဲ့မှ မိတ်သဟာယမပြု၊ မကူညီသလို၊ ကိုင်တွယ်မဖြေရှင်းဘဲ၊ သူတို့ကို အလိုလိုက်၊ ကာကွယ်ပေးခဲ့တယ်။ တခြားလူတွေနဲ့ အသင်းတော်ကို ထိခိုက်စေတာ မပြောနဲ့၊ အဲဒါ တာဝန်မဲ့တာပဲ။ ဒီအတွေ့အကြုံက ကျွန်မရဲ့ မမှန်တဲ့ စိတ်ကူးကို ပြောင်းလဲပေးပြီး၊ ကြီးကြပ်ခြင်းနဲ့ ဖော်ထုတ်ခြင်းရဲ့ အရေးပါမှုကို မြင်စေခဲ့တယ်။

ဒီအတွေ့အကြုံက ကျွန်မအတွက် တကယ် တို့ထိစရာပဲ။ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်တဲ့အခါ၊ ကျွန်မတို့ စိတ်ကူးတွေ အားလုံး မမှန်တာ တွေ့ရတယ်။ အမှန်နဲ့ အမှားကို မခွဲခြားနိုင်ကြသလို၊ ဘယ်ဟာက သမ္မာတရား စည်းမျဉ်းတွေ၊ ဘုရားသတ်မှတ်ချက်တွေနဲ့ ညီလဲဆိုတာ မသိကြဘူး။ ဆိုးယုတ်တဲ့ မတွေးအခေါ်တွေနောက် လိုက်ပြီး၊ အသင်းတော်အလုပ်ကို နှောင့်ယှက်တာတွေ လုပ်မိဖို့ လွယ်တယ်။ ဘုရားနှုတ်ကပတ်တော်အတိုင်း ကိစ္စတွေကို ကြည့်ပြီး၊ အသက်ရှင်တာကပဲ သူ့အလိုတော်နဲ့ ညီတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းရဲ့ ချိုမြိန်မှုကိုလည်း ကျွန်မ မြည်းစမ်းခဲ့ရပြီး၊ နောင်မှာ ဘုရားတောင်းဆိုတာကို လုပ်တဲ့အပေါ် အာရုံစိုက်ဖို့ စိတ်ချယုံကြည်မှု ရခဲ့တယ်။ ဘုရားကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မိမိတာဝန်ကို ထမ်းဆောင်ခြင်းက မည်သည့်အရာကို ဆိုလိုသည်ကို နောက်ဆုံးတော့ ကျွန်မ သိပြီ

ရွှန်းကျိယူ တောင်ကိုးရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့်...

ကျွန်ုပ် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပုံ

ရှင်ချွင်း တောင်ကိုရီးယားနိုင်ငံ ၂၀၁၉ နှစ်ကုန်မှာ၊ ကျွန်မ အသင်းတော်မှာ ဗီဒီယိုအလုပ်ကို ကြီးကြပ်ရတယ်။ အဲဒီတုန်းက အရမ်းစိတ်ဖိစီးခဲ့ရတယ်။...

အခြားသူများကို အမြဲ ကျေနပ်စေခြင်းမှ ဖြစ်လာသည့်အရာ

ရှင်းချန် အမေရိကန်နိုင်ငံ အသင်းတော်မှာ ဧဝံဂေလိအလုပ်ကို ကျွန်မ ကိုင်တွယ်ရတယ်။ အစ်မဝမ်နဲ့ ကျွန်မက အဖွဲ့ခေါင်းဆောင် အတူလုပ်ကြတယ်။ အစမှာ၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။