ဘုရားသခင်၏ စိတ်နှလုံးတော်က အယူအဆလွဲများကို ပယ်ရှင်းနိုင်သည်ကို သိနားလည်ခြင်း

12.09.2019

ချင်ဂန်၊ ဟေဘေးစီရင်စု

ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း၊ အစရှိသည့်- ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာ တစ်ခုစီတိုင်း၏ အသေးစိတ်အချက်အလက်တိုင်းသည် သူအမှုပြုသည့်အခါတိုင်း လက်တွေ့ကျသည့် ဖော်ပြမှု၌ တွေ့ရှိရပြီး လူသားအပေါ်ထားရှိသည့် သူ၏အလို၌ သရုပ်ထင်ကာ လူတိုင်း၌လည်း ပြည့်စုံကာ ထင်ဟပ်ပေသည်။ သင်သည် ယခင်က ထိုအရာကို ခံစားဖူးသည်ဖြစ်စေ မခံစားဖူးသည်ဖြစ်စေ၊ ဘုရားသခင်သည် လူတစ်ဦးချင်းစီ၏ နှလုံးသားကို နွေးထွေးစေရန်နှင့် လူတစ်ဦးချင်းစီ၏ စိတ်ဝိညာဉ်ကို နိုးထစေရန် သူ၏ ရိုးသားစစ်မှန်သည့် နှလုံးသား၊ ဉာဏ်ပညာနှင့် အမျိုးမျိုးသောနည်းလမ်းများကို အသုံးပြုရင်း၊ လူတိုင်းကို ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် စောင့်ရှောက်နေပေသည်။ ဤသည်မှာ ငြင်း၍မရသည့် အချက်တစ်ချက် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်၊ သူလုပ်ဆောင်သည့်အရာတိုင်းက သူ၏ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတော်အပြင် ကျွန်တော်တို့အတွက် သူ၏ ဂရုစိုက်ခြင်းတို့ဖြင့် ပြည့်လျှံနေသည်ကို ကျွန်တော် မြင်ခဲ့ရသည်။ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ကျွန်တော်တို့အဖို့ အကျိုးအရှိဆုံးဖြစ်ပြီး ကျွန်တော်တို့ အလိုအပ်ဆုံးသော အရာဖြစ်သည်။ ထိုအရာကို ကျွန်တော်တို့ စိတ်အားထက်သန်စွာ ရှာဖွေပြီး တွေ့ကြုံကြသရွေ့ ကိုယ်တော်၏ ဤချစ်ခြင်းမေတ္တာကို ကျွန်တော်တို့ ခံစားရပါလိမ့်မည်။ သို့သော် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ကျွန်တော် မသိနားမလည်မှုကြောင့်၊ ကျွန်တော်သည် နားလည်မှုလွဲခြင်း၊ သံသယပွားခြင်း နှင့် ဘုရားသခင်ပေါ် အာခံသည့် အခြေအနေတစ်ခုတွင် မကြာခဏ ရှိခဲ့ပြီး သူ့ထံ ကျွန်တော့် စိတ်နှလုံးကို မလွှဲအပ်နိုင်ခဲ့ပါ။ ဆောင်ရွက်ရမည့် တာဝန်ရှိသည့်အခါတိုင်း၊ ယင်းကို ကျွန်တော် ရှောင်လွဲဖို့ သို့မဟုတ် လုပ်ဆောင်ရန် ငြင်းဆိုဖို့ အမြဲ ကြိုးစားခဲ့သည်၊ ထိုသို့အားဖြင့် သမ္မာတရားကို ရရှိဖို့ အခွင့်အရေးများစွာ ကျွန်တော် ဆုံးရှုံးခဲ့ရပါသည်။ လွန်ခဲ့သည့် အချိန်တုန်းက၊ တကယ့် အခြေအနေများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့ကို ရင်ဆိုင်ရခြင်းက ကျွန်တော့်၏ ကိုယ်ပိုင် ဆိုးယုတ်သော သဘာဝကို သိနားလည်မှုအချို့အပြင် ဘုရားသခင်၏ လှပပြီး ကောင်းမြတ်သော အနှစ်သာရနှင့်ဆိုင်သည့် တကယ့်အသိပညာအချို့တို့ကို ကျွန်တော်ရရှိဖို့ ဖြစ်စေခဲ့သည်။ ထို့နောက်တွင်မှ ကျွန်တော်သည် ကိုယ်တော်နှင့် ပတ်သက်သည့် ကျွန်တော့်၏ အယူအဆလွဲမှားမှု အနည်းငယ်ကို မိမိကိုယ်ကိုယ် ဖယ်ရှားခဲ့ပါသည်။

ဘုရားသခင်ကို ကျွန်တော် စယုံကြည်ခဲ့ပြီးနောက် တစ်ဦးတစ်ယောက်က ခေါင်းဆောင်မှုတာဝန်မှ ဖယ်ရှားခံရပြီး အစားထိုးခံရသည်ကို၊တစ်ခါတစ်ရံ ဆိုးညစ်မှု အလွန်များစွာ ကျုးလွန်ခြင်းကြောင့် နှင်ထုတ် ခြင်းပင်ခံခဲ့ရသည်ကို၊ ကျွန်တော် ကြားရ၊ မြင်ရလေ့ရှိသည့်အချိန်တိုင်းတွင်၊ ဖော်ပြရန်ခက်ခဲသည့် ခံစားချက်ကို ကျွန်တော် အမြဲ ခံစားရလေ့ရှိပြီး ကိုယ့်ကိုယ်ကိုယ်၊ “ခေါင်းဆောင်မှု အခန်းကဏ္ဍမှာရှိတဲ့ တာဝန်တစ်ခုကို ဖြည့်ဆည်းတာက ကြီးမားတဲ့ တာဝန်တစ်ခုပဲ။ တစ်ခုခုကို ကောင်းကောင်း ကိုင်တွယ်မဖြေရှင်းတဲ့အတွက် ထုတ်တာခံရနိုင်သလို အစားထိုးလည်းခံရနိုင်တယ်၊ ပြီးတော့ နှင်ထုတ်ခံရပြီး ဖယ်ရှားခံရနိုင်တဲ့ အန္တရာယ်တောင် ရှိနိုင်တယ်။ ကြည့်ရတာ ရာထူး ပိုမြင့်လေလေ၊ ပိုပြီး မရေမရာ ဖြစ်လေလေဖြစ်ပုံပဲ။ ‘ထိပ်မှာ တစ်ကိုယ်တည်းနေရတယ်’ နဲ့ ‘ပိုကြီးလာလေလေ အကျပိုနာလေလေပဲ’ ဆိုတဲ့ ဆိုရိုးစကားတွေမှာ အမှန်တရားနည်းနည်းရှိတာပဲကိုး။ ပိုမြင့်တဲ့ရာထူးနဲ့ ရောက်လာတာမဟုတ်တဲ့ တာဝန်တစ်ခုကို ဖြည့်ဆည်းတာက နည်းနည်းပိုဘေးကင်းတယ်လို့ ငါ ယူဆမိတယ်။ ငါ ရာထူးတိုးတာ၊ ဒါမှမဟုတ် ရာထူးချတာ မခံရသရွေ့ အဆင်ပြေမှာပါ။ အဲဒီနည်းနဲ့ မကောင်းတဲ့လုပ်ရပ်တွေအများကြီး လုပ်လွန်းတာ၊ ပြီးတော့ အဲဒီအတွက် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရတာ၊ အဆုံးထိ ယုံကြည်မှုရှိပေမယ့် ဘာမှမဟုတ်ပဲ အဆုံးသတ်ရတာတွေကို ငါ ရှောင်နိုင်တယ်” ဟု တွေးမိပါသည်။ ထို့နောက်မကြာမီ၊ ကျွန်တော့်ကို အသင်းတော်က ရာထူးတိုးပေးချင်သည့်အခါတိုင်း သို့မဟုတ် ရွေးကောက်ပွဲတွင် ပါဝင်ဖို့ ကျွန်တော့်အတွက် စီစဉ်သည့်အခါတိုင်းတွင်၊ ယင်းမှ ထွက်ဖို့ရန်နှင့် ငြင်းပယ်ဖို့ရန် ဆင်ခြေမျိုးစုံ ကျွန်တော် ဖန်တီးခဲ့သည်။ တဖြည်းဖြည်းနှင့်၊ ကျွန်တော်နှင့် ဘုရားသခင်ကြားတွင် ကြီးမားသည့် ချောက်နက်ကြီးတစ်ခုက ဖြစ်ပေါ်လာခဲ့သည်။ ဤနှစ် ဧပြီလထဲရှိ အစည်းအဝေးတစ်ခုအတွင်းတွင်၊ ကျွန်တော့်ခေါင်းဆောင်က ကျွန်တော့်ကို၊ “ညီလေး၊ ငါတို့ရဲ့ ပြည်နယ် နှစ်စဉ်ရွေးကောက်ပွဲလေးက မကြာခင် ကျင်းပတော့မယ်။ အဲဒီအပေါ် ညီလေး ဘာတွေးထားလဲ” ဟု မေးခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပတော့မည်ကို ကြားရသည့်အပေါ်၊ ကျွန်တော် ပျာယာခတ်သွားပြီး ဘယ်လိုပြန်ဖြေရမည်ကို မသေချာခဲ့ပါ။ အရင်က ညီအစ်ကို မောင်နှမအချို့က တကယ့်အလုပ်ကို မလုပ်နိုင်ကြသည့်အတွက် မည်သို့ အထုတ်ခံရပြီး အစားထိုးခံခဲ့ကြရကာ ယနေ့ထိ သူတို့၏ တာဝန်များကို မဖြည့်ဆည်းနိုင်ကြကြောင်းကို ကျွန်တော် တွေးမိခဲ့သည်။ ကျွန်တော်အရွေးခံရပြီး အချိန်ကျလာသည့်အခါ ကျွန်တော်လည်း တကယ့်အလုပ်တစ်ခုတစ်လေကိုမှ မလုပ်နိုင်လျှင် အလားတူ ကံကြမ္မာ ခံစားရမည်ကို ကျွန်တော် စိုးရိမ်ခဲ့သည်။ လက်ရှိတွင် ကျွန်တော် အတော်လေး အဆင်ပြေပါသည်။ ဖြည့်ဆည်းရမည့် တာဝန်တစ်ခု ကျွန်တော့်တွင် ရှိသည်သာမက၊ ကျွန်တော့်၏ ရာထူး ဆုံးရှုံးတာ သို့မဟုတ် အစားထိုးခံရတာနဲ့ပတ်သက်ပြီး စိုးရိမ်စရာ မလိုခဲ့ပါ။ စိတ်ထဲတွင် ဤအတွေးဖြင့်၊ ကျွန်တော့်ခေါင်းဆောင်ကို ကျွန်တော်က၊ “ကျွန်တော်က အချက်တိုင်းမှာ အားနည်းချက်တွေ အရမ်းများတယ်။ ကျွန်တော့် ညီအစ်ကို မောင်နှမတွေနဲ့ အစည်းအဝေးတွင်းမှာလည်း ကျွန်တော် အရမ်းကို စိတ်လှုပ်ရှား နေတတ်တယ်။ လက်ရှိတာဝန်နဲ့ နောက်ထပ် လက်တွေလုပ်ဆောင်တာကို ဆက်လုပ်ဖို့က ကျွန်တော့်အတွက် နည်းနည်းပိုသင့်တော်မယ် ထင်တာပဲ။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ ကျွန်တော် ဝင်မပါဘူးဗျာ” ဟု မြန်မြန်ဆန်ဆန် ဖြေခဲ့ပါသည်။ အရွေးခံဖို့ စိတ်ကူးအပေါ် ကျွန်တော်က အရမ်းနှစ်သက်ပုံမပေါ်သည်ကို မြင်သောအခါ၊ ကျွန်တော့် ခေါင်းဆောင်က လာမည့်ရွေးကောက်ပွဲတွင် ကျွန်တော် ပါဝင်ဆင်နွဲလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် အကြောင်းအရာအပေါ် ကျွန်တော်နှင့် အချိန်အနည်းငယ်ယူပြီး ဆွေးနွေးပြောဆိုခဲ့သည်။ သို့သော် ကျွန်တော်က ယဉ်ကျေးစွာ အမြဲ ငြင်းဆိုခဲ့ပါသည်။

ရက်အနည်းငယ်ကြာပြီးနောက် တစ်ညနေတွင်၊ ကျွန်တော်သည်ကျွန်တော့်ခေါင်းဆောင်များနှင့် ဆွေးနွေးစရာတစ်ခုရှိသောကြောင့် သူတို့ကို ထွက်ရှာခဲ့ပါသည်။ သူတို့က ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အထက်ခေါင်းဆောင်ထံမှ စာတစ်စောင်ကို ဖတ်နေတုန်း တန်းလန်း ဖြစ်သည်။ ကျွန်တော့် နှလုံးသားက လည်ချောင်းထဲ ရောက်နေသကဲ့သို့ ကျွန်တော် အရမ်း စိတ်လှုပ်ရှားသွားကာ၊ ကိုယ့်ကိုယ်ကိုယ်၊ “ငါ အဝေးကိုထွက်ပြေးပြီး ပုန်းဖို့လိုတယ်၊ ဒါမှမဟုတ်ရင် ရွေးကောက်ပွဲအတွက် ဝင်ပြိုင်ဖို့ ငါ့ကို သူတို့ ပြန်ဆွေးနွေးချင်ကြမှာပဲ” ဟု တွေးခဲ့သည်။ ထို့ကြောင့် သန့်စင်ခန်းထဲတွင် ကျွန်တော် ပုန်းခဲ့ပြီး အချိန်ဖြုန်းခဲ့သည်။ သို့သော် အကျိုးဆက်တစ်ခုအဖြစ်၊ ယားယံမှုတစ်ခုကို ကျွန်တော် ကုတ်ခြစ်လိုက်စဉ်တွင် အနာတစ်ခုကို မတော်တဆ ကုတ်ဖွင့်မိခဲ့ပြီး ကျွန်တော့်လက်တစ်ခုလုံး သွေးတွေပေကျံသွားခဲ့သည်။ ကျွန်တော်က ချက်ချင်း စက္ကူလက်သုပ်ပဝါဖြင့် သုတ်ခဲ့ပြီး ဒဏ်ရာအပေါ် ဖိပေးခဲ့သော်လည်း တစ်ခဏကြာပြီးနောက်၊ စက္ကူပဝါမှာ ရွှဲရွှဲစိုသွားခဲ့သည်။ ရုတ်တရက်ချက်ချင်းပင်၊ ကျွန်တော် မှင်တက်သွားခဲ့သည်။ သွေးရပ်အောင် ကျွန်တော် မတားနိုင်လျှင် ကျွန်တော် ဘာလုပ်ရမည်နည်း။ အနာပေါ် လက်တစ်ဖက်က ဖိထားပြီး၊ မြန်မြန် ခြေလှမ်းကာ ကျွန်တော့်ခေါင်းဆောင်များကို တစ်ချက်ကြည့်စေပြီး သွေးထွက်တာ ရပ်ဖို့ ဘာလုပ်နိုင်မည်ကို သိဖို့ရန် အခန်းထဲ ကျွန်တော် အပြေးအလွှားပြန်သွားခဲ့သည်။ ညီအစ်ကို တစ်ဦးက တစ်ချက်ဝေ့ကြည့်လိုက်ပြီး၊ “မင်းဟာက အတော်ကြီးကို သွေးထွက်နေတယ်။ ရပ်မှာမဟုတ်ဘူး။ ပိုသုတ်လေလေ၊ ပိုထွက်လေလေ ဖြစ်မှာပဲ” ဟု ပြောလေသည်။ ဤအရာကို ကြားရသည့်အခါ ကျွန်တော် ပိုပြီး မရေမရာ ခံစားခဲ့ရသည်။ အဲဒါက တကယ်ပဲ ဒီလောက် ဆိုးတာလား။ အနာသေးသေးလေးတစ်ခုက ဘယ်လိုဖြစ်ပြီး အရမ်းကို မနည်းမနော သွေးထွက်နိုင်မှာလဲ။ အဲဒါ သွေးထွက်တာ မရပ်ရင်၊ နောက်နေ့ ငါ သွေးခမ်းတဲ့အထိကို ဆက်ထွက်နေမှာလား။ ထိန့်လန့်ကြောက်ရွံ့မှု၊ စိုးရိမ်ကြောင့်ကြမှုနှင့် အကူအညီမဲ့ခြင်းတို့က ရုတ်တရက် ကျွန်တော့်ကို ဖြတ်စီးသွားပြီး ကျွန်တော် ဘာလုပ်ရမည်ကို မသိခဲ့ပါ။တကယ့်လေများ ခဲသွားတော့မလို ကျွန်တော် ခံစားခဲ့ရသည်။ ထို့နောက်တွင်ပင်၊ ဤနေ့တွင် ရုတ်တရက်ဖြစ်လာသော အဖြစ်အပျက်သည် ကြုံသလိုဖြစ်ပျက်ခြင်းမဟုတ်နိုင်၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ပိုပြီး ကောင်းမွန်စွာ သိဖို့ရန်အတွက် ကျွန်တော်၏ လုပ်ရပ်များကို အလျင်အမြန် ဆင်ခြင်စဉ်းစားကြည့်ရဖို့ ဖြစ်နိုင်သည်ဟူသော အသိစိတ် တိုးပွားလာခဲ့သည်။ ထို့နောက် ကျွန်တော် စိတ်လျှော့လိုက်ပြီး လတ်တလော ဘုရားသခင်ကို ကျွန်တော် ပုန်ကန်ပြစ်မှားမိခြင်း ရှိ၊ မရှိ စဉ်းစားခဲ့သော်လည်း၊ ကျွန်တော် မည်မျှကြိုးစားပါစေ ဘာတစ်ခုကိုမျှ မစဉ်းစားနိုင်ခဲ့ပါ။ ထို့နောက် ဘုရားသခင်၏ မိန့်မြွက်ချက်များ ကျမ်းတစ်ပိုဒ်ကို ကျွန်တော် အမှတ်ရမိခဲ့ပါသည်။ “လူတို့က ဘုရားသခင်ကို စော်ကားမိသည့်အခါ ယင်းက အဖြစ်အပျက်တစ်ခု သို့မဟုတ် သူတို့ပြောသည့် အရာတစ်ခုကြောင့် ဖြစ်ကောင်း ဖြစ်မည်မဟုတ်ဘဲ သူတို့၏ ကိုင်စွဲထားသည့် စိတ်သဘောထားနှင့် သူတို့ရောက်နေသည့် အခြေအနေကြောင့်သာ ဖြစ်ကောင်းဖြစ်မည်။ ဤသည်မှာ အလွန် ကြောက်စရာကောင်းသော အရာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)) ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုက ကျွန်တော့်ကို သမ္မာတရား ရှာဖွေဖို့ ကိုယ်တော့်ရှေ့မှောက်သို့ ခေါ်ဆောင်ခဲ့ပါသည်။ “ဘုရားသခင်။ ကျွန်တော် အရမ်းမျက်စိကန်းခဲ့ပြီး မိုက်မဲခဲ့ပါတယ်။ ကိုယ်တော့်ကို ပုန်ကန်ပြစ်မှားမိဖို့ ကျွန်တော် လုပ်မိခဲ့တဲ့အရာကို နားမလည်နိုင်ပါဘူး။ ကျေးဇူးပြုပြီး၊ ကျွန်တော့်ရဲ့ ခေါင်းမာမှု နဲ့ အာခံမှုတို့ကို ကျွန်တော် သတိပြုမိနိုင်စေဖို့ ကျွန်တော့်ကို လမ်းပြပါ၊ ကိုယ်တော်ရဲ့ အလိုတော်ကို ကျွန်တော့်ဆီ ထုတ်ဖော်ပြပါ။ ကိုယ်တော့်ရှေ့မှာ နောင်တရဖို့ ကျွန်တော် ဆန္ဒရှိပါ၏။” ကျွန်တော် ဆုတောင်းပြီးနောက်တွင်၊ အနည်းငယ် အေးချမ်းမှုကို ကျွန်တော်ခံစားခဲ့ရပြီး ဘုရားသခင်၏ အလိုတော်မှ ကျွန်တော် မည်သည့်နေရာတွင် သွေဖည်မိခဲ့သည်ကို စဉ်းစားရင်း၊ ကျွန်တော့်၏ အရင်က လုပ်ရပ်များနှင့် အတွေးများကို စတင်ပြန်လည်သုံးသပ်ခဲ့ပါသည်။ ထို့နောက်တွင်ပင်၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ကျွန်တော် မည်သို့ ပြုမူခဲ့ပုံနှင့် ကျွန်တော်ထားခဲ့သည့် သဘောထားတို့ကို ရုတ်တရက် အမှတ်ရမိခဲ့သည်။ ကျွန်တော့်၏ ခေါင်းဆောင်များက ထိုရွေးကောက်ပွဲထဲ ကျွန်တော် ပါဝင်သင့်ကြောင်း သူတို့၏ အမြင်များ ဆွေးနွေးဖို့ရန် ကျွန်တော့်ကို ထပ်တလဲလဲ ထွက်ရှာနေခဲ့ကြသည်။ ကျွန်တော့် တာဝန်ကို ဖြည့်ဆည်းရာတွင် ညံ့ဖျင်းသည့်အလုပ်ကို ကျွန်တော် လုပ်ခဲ့လျှင် အဖော်ထုတ်ခံရမည်ကို ကြောက်ရွံ့ခြင်းဖြင့်၊ ပါဝင်ဖို့ကို ငြင်းပယ်ရန် အကြောင်းပြချက်များနှင့် ဆင်ခြေမျိုးစုံကို ကျွန်တော် ထပ်ကာ ထပ်ကာ ဖန်တီးမိနေခဲ့သည်။ ကျွန်တော့် သဘောထားမှာ အနည်းငယ်မျှပင် လက်ခံခြင်းနှင် ကျိုးနွံနာခံခြင်းတစ်ခု မဟုတ်ခဲ့ပါ။ အလုပ်စီမံခန့်ခွဲမှုများကို အကောင်အထည်ဖော်ရန် အသင်းတော်က ကျင်းပသည့် ဒီမိုကရေစီဝါဒ အခြေခံသော ရွေးကောက်ပွဲများ လိုအပ်သည်ကို ကျွန်တော် ကောင်းကောင်း သိထားသည်။ ယင်းမှာ ဘုရားသခင့် မိသားစု အလုပ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ဘုရားသခင်၏ အလိုတော် ပါရှိပါသည်။ သို့သော်၊ သမ္မာတရားကို ကျွန်တော် လုံးဝ မရှာဖွေခဲ့ပါ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ရန် ရွေးကောက်ပွဲကို ကျွန်တော် ထပ်ကာတလဲလဲ ရှောင်ရှားခဲ့ပြီး ဝင်ပြိုင်ရန် ငြင်းပယ်ခဲ့သည်။ ကျွန်တော့်ရင်ထဲတွင် ရှိသည့် ဘုရားသခင်ကို ရန်သူဖြစ်စေသည့် ဤ စိတ်သဘောထားမျိုးသည် ကိုယ်တော်၏ အမြင်တွေ ကျွန်တော့်ကို စက်ဆုပ်စရာ နှင့် မုန်းတီးစရာ ဖြစ်စေခဲ့ပြီး ထို့ထက်ပို၍ပင် သူ့ကို နာကျင်စေပြီး စိတ်ပျက်စေခဲ့ပါသည်။ ဤပြဿနာမျိုး ကျွန်တော် ရုတ်တရက် ဖြစ်ပေါ်ရခြင်းက ကျွန်တော့်ကို ဘုရားသခင်၏ ဆုံးမပဲ့ပြင်သည့် နည်းလမ်းဖြစ်ခဲ့သည်။ ဤအရာကို နားလည်ရင်းဖြင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် လူသား၏ ပုန်ကန်ပြစ်မှားခံရခြင်းကို သည်းခံလိမ့်မည်မဟုတ်သည်ကို ကျွန်တော် တွေးဆမိခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်၏ မှားယွင်းသော ဤအခြေအနေကို ကျွန်တော် ပြောင်းလဲချင်ခဲ့ပြီး ဘုရားသခင်ရှေ့တွင် နောင်တရချင်ခဲ့ပါသည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်သည့် အရာတိုင်း၏ ဖြစ်စဉ်အလုံးစုံကို ကျွန်တော့် ခေါင်းဆောင်ထံ အစကနေ အဆုံးထိ ကျွန်တော် ပြောပြခဲ့သည်။ ကျွန်တော်ပြောသည်ကို နားထောင်ပြီးသည့်နောက်၊ ညီအစ်ကိုက ရွေးကောက်ပွဲများတွင် ပါဝင်သည့်အချိန် သူရှိခဲ့သည့် သဘောထားနှင့် ဖော်ထုတ်ပြခြင်းတို့နှင့်ပတ်သက်ပြီး ကျွန်တော်နှင့်အတူ မိတ်သဟာယပြုခဲ့ပါသည်။ ဘုရားသခင်ကို ကျေးဇူးတင်မိပါသည်။ ဤမတော်တဆမှုက ကျွန်တော့်ကို သင်ခန်းစာတစ်ခု သင်ပေးခဲ့ပြီး တစ်နာရီကြာပြီးနောက်တွင် ကျွန်တော့်၏ အနာက သွေးတိတ်သွားခဲ့သည်။ ဤအရာက ဖောက်ပြန်ပျက်စီးခြင်းနှင့် ခေါင်းမာခြင်း အခြေအနေတစ်ခုတွင် ကျွန်တော် ရှိနေခဲ့စဉ်ဘုရားသခင်က ကျွန်တော့်ကို သူ၏ ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှားမရနိုင်သည့် သူ၏ စိတ်သဘောထားကို ပြသခဲ့သည်ကို ကျွန်တော့်ကို နားလည်စေခဲ့သည်။ သမ္မာတရားကို ရှာဖွေလိုသည့် စိတ်န္ဒတစ်ခုဖြင့် သူ့ထံ ကျွန်တော် ပြန်သွားခဲ့ချိန်တွင်၊ ကိုယ်တော်က သူ၏ ပြုံးရွှင်သော မျက်နှာကို ကျွန်တော့်ဆီ ထုတ်ဖော်ပြခဲ့ပြီး ဘုရားသခင်၏ စိတ်သဘောထားက ထက်မြက်ပြီး အသက်ပါသည်ကို ကျွန်တော် မြည်းစမ်းခဲ့ရပါသည်။

နောက်ပိုင်းတွင် အသင်းတော်က ရွေးကောက်ပွဲတစ်ခု ကျင်းပသည့်အကြိမ်တိုင်း ကျွန်တော်က အမြဲ ရှောင်ရှားဖို့ ကြိုးစားခဲ့ပြီး ယင်းမှထွက်နိုင်ဖို့ ဆင်ခြေများ ဖန်တီးခဲ့သည်ကို ကျွန်တော် မသုံးသပ်ဘဲ မနေနိုင်ခဲ့ပါ။ကျွန်တော် ဝင်မပြိုင်ချင်ခဲ့ပါ၊ ခေါင်းဆောင်မှုရာထူးတစ်ခုကို ကျွန်တော် အရွေးခံရပြီး ဘုရားသခင်ကို ဆန့်ကျင်သည့်အရာတစ်ခုခု လုပ်မိလျှင်၊ ကျွန်တော် အထုတ်ခံရပြီး ဖယ်ရှားခံရမည်ကို ကြောက်ရွံ့တုန်လှုပ်ခဲ့သည်။ ဤအတွေးများက အဘယ်ကြောင့် ကျွန်တော့်ခေါင်းထဲတွင် အမြဲဖြစ်ပေါ်နေခဲ့ပါသနည်း။ ကျွန်တော့်၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်ခြင်းများတွင်၊ ဤအကြောင်းအရာအပေါ် ဘုရားနှုတ်ကပတ်တော်များကို ကျွန်တော် သတိရှိရှိ ရှာဖွေခဲ့သည်၊ ထိုနှုတ်ကပတ်တော်များကို ကျွန်တော် စားသောက်နိုင်ဖို့အတွက် ဖြစ်သည်။ တစ်နေ့တွင် ဘုရားသခင်၏ ဤမိန့်မြွက်ချက်ကို ကျွန်တော် ဖတ်ခဲ့ရပါသည်။ “တစ်ချို့က၊ ‘ဘုရားသခင်ကို သူ့ရဲ့မျက်မှောက်မှာ ယုံကြည်ခြင်းက ဥခွံတွေပေါ် လမ်းလျှောက်ရသလို ဖြစ်တယ်။ အဲဒါက ဓါးသွားထက်မှာ အသက်ရှင်နေရသလိုပါပဲ’ ဟု ဆိုကြသည်။ အခြားသူတို့က၊ ‘ဘုရားသခင်ကို ယုံကြည်တယ်ဆိုတာ “ရှင်ဘုရင်ရဲ့ အပေါင်းအသင်းဖြစ်ရတာက ကျားအနီးမှာ နေရသလိုပဲ” ဆိုတဲ့ မယုံကြည်သူတွေရဲ့ ဆိုရိုးစကားလိုပါပဲ။ အဲဒါက အရမ်းဆိုးပါတယ်။ ခင်ဗျားအနေနဲ့ အမှားတစ်ခု ပြောမိ၊ လုပ်မိရင်၊ ဖယ်ရှားခံရမှာပဲ၊ ငရဲထဲကို ခင်ဗျား ပစ်ချခံရပြီး ဖျက်ဆီးခံရမှာဖြစ်တယ်’ ဟု ဆိုကြသည်။ ထိုသို့သော ပြောဆိုခြင်းများက မှန်ပါသလော။ ‘ရှင်ဘုရင်ရဲ့ အပေါင်းအသင်းဖြစ်ရတာက ကျားအနီးမှာ နေရသလိုပဲ’ ဟူသည့် ဆိုရိုးစကားကို မည်သည့်နေရာတွင် အသုံးပြုလေ့ရှိပါနည်း။ ပြီးလျှင် ‘ဥခွံများပေါ် လမ်းလျှောက်ခြင်း’ က မည်သည့်အရာကို ရည်ညွှန်းပါသနည်း။ ‘ဓါးသွားထက် ရှင်သန်ခြင်း’ က မည်သည့်အရာကို ဆိုလိုပါသနည်း။ ယင်းတို့၏ တိုက်ရိုက်ဆိုလိုသည့်အရာကို သင်တို့အားလုံး သိသင့်ကြ၏၊ ယင်းတို့အားလုံးက ကြီးမားသည့် အန္တရာယ်ကို ညွှန်ပြ၏။ ယင်းမှာ လူတစ်ဦးက ခြင်္သေ့ သို့မဟုတ် ကျားတစ်ကောင်ကို ယဉ်ပါးအောင် လုပ်ဆောင်နေသကဲ့သို့ ဖြစ်သည်၊ နေ့တိုင်းက ဥခွများပေါ် လမ်းလျှောက်ခြင်း သို့မဟုတ် ဓါးသွားတစ်ခုပေါ် ရှင်သန်ခြင်း ကဲ့သို့ဖြစ်သည်၊ ဤသည်မှာ ယင်းဆိုရိုးစကားများက ရည်ညွှန်းသည့် အခြေအနေအမျိုးအစား ဖြစ်သည်။ ထိုကျားများနှင့် ခြင်္သေ့များ၏ ကြမ်းကြုတ်ရက်စက်သော သဘာဝက အချိန်မရွေး ထောင်းခနဲထနိုင်သည်။ ယင်းတို့မှာ လူသားများနှင့် နှစ်ပေါင်းမည်မျှကြာ ပေါင်းဖော်ပါစေ သူတို့အတွက် ချစ်ခင်မှုမရှိသည့် သွေးအေးတိရစ္ဆာန်များဖြစ်ကြသည်။ သင့်ကို ၎င်းတို့က စားလိုလျှင်၊ စားကြလိမ့်မည်၊ သင့်ကို အန္တရာယ်ပြုလိုလျှင် ပြုကြလိမ့်မည်။ ထို့ကြောင့်၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်းက မည်သည့်အရာနှင့်တူသည်ကို ဖော်ပြရန် ထိုသို့သော စကားရပ်များကို အသုံးပြုရန်မှာ မှန်ကန်ပါသလော။ တစ်ခါတစ်ရံ အောက်ပါနည်းအတိုင်း သင်တို့ မတွေးကြပါသလော။ ‘ဘုရားသခင်ကို ယုံကြည်ခြင်းက အမှန်တကယ် ဥခွံများပေါ် လမ်းလျှောက်တာနဲ့ တူတယ်၊ သူ့ရဲ့ ဒေါသက ချက်ချင်းထနိုင်တယ်လေ။ အချိန်မရွေး သူ့ကို ဒေါသထွက်စေနိုင်ပြီး လူတစ်ယောက်ကို သူတို့ရဲ့ ရာထူးကနေ အချိန်မရွေး သူ ဖယ်ရှားနိုင်တယ်။ ဘုရားသခင် မနှစ်သက်တဲ့ သူ ဘယ်သူမဆို ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရမှာဖြစ်တယ်။’ ဤသည်မှာ မှန်ပါသလော။ (မမှန်ပါ။) ကြည့်ရသည်မှာ ဤအရာကို သင်တို့ တွေ့ကြုံခဲ့ပြီး နားလည်ခဲ့ပြီးပုံရသည်၊ ထို့ကြောင့် သင်တို့ အလှည့်ဖြားမခံသင့်ကြပေ။ ဤသည်မှာ အတွေးမှားတစ်ခု ဖြစ်သည်၊ ပြောဆိုဖို့ရန် လုံးဝ အဓိပ္ပါယ်မဲ့သော အရာတစ်ခု ဖြစ်သည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”)လူအချို့က၊ ‘ခေါင်းဆောင်မဖြစ်နဲ့၊ ပြီးတော့ အဆင့်အတန်း မရှိနဲ့။ လူတွေက အဆင့်အတန်းရတဲ့ တဒင်္ဂတွင်းမှာ အန္တရာယ်ရှိကြပြီး၊ ဘုရားသခင်က သူတို့ကို ဖော်ထုတ်လိမ့်မယ်။ သူတို့ ဖော်ထုတ်ခံရတာနဲ့တပြိုင်နက်၊ သူတို့ဟာ သာမန် ယုံကြည်သူတွေဖြစ်ဖို့တောင် အရည်အချင်းပြည့်မီမှာ မဟုတ်သလို၊ ကယ်တင်ခံရဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ ဘုရားသခင်က မတရားဘူး’ ဟု ဆိုကြသည်။ ထို့သို့ပြောစရာလော။ အညှာတာဆုံးဆိုရလျှင်၊ ယင်းက ဘုရားသခင်ကို နားလည်မှုလွဲခြင်းအား ဖော်ပြပါသည်။ ကုန်ကုန်ပြောရလျှင်၊ ယင်းသည် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း ဖြစ်၏။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက စာတစ်ကြောင်းချင်း ကျွန်တော့်၏ အခြေအနေကို အတိအကျ ဖော်ပြနေသည့်အတွက် ကျွန်တော့်ကို နက်နက်ရှိုင်းရှိုင်း တို့ထိခဲ့သည်။ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်ခြင်းသည် “ကျားအနီးတွင် ရှိနေရခြင်း” သို့မဟုတ် “ဓါးသွားထက် ရှင်သန်နေရခြင်း” ဟု တကယ်ကို တဲ့တိုး သဘောထားခြင်း မဟုတ်သော်လည်း အသင်းတော်၏ ရွေးကောက်ပွဲများအပေါ် ကျွန်တော့်၏ သဘောထားကို ကြည့်လျှင် ကျွန်တော်သည် လုံးဝကို ခုခံတတ်ပြီး လွဲမှားသည့် စိုးရိမ်ကြောင့်ကြမှုများဖြင့် ပြည့်နေခဲ့ပါသည်။ ယင်းမှာ ကျွန်တော် အသက်ရှင်နေခဲ့သည့် အခြေအနေမျိုး အတိအကျဖြစ်သည်ကို ဤအရာက ပြသပါသည်။ ခေါင်းဆောင်မှု ရာထူးများမှ ထုတ်ပယ်ခံခဲ့ရသည့် ညီအစ်ကို မောင်နှမများ၏ ဒုက္ခခံစားခြင်း၊ စိတ်ဆင်းရဲရသည့် ရှင်သန်မှု၊ သူတို့ထဲမှ အချို့မှာ မကောင်းမှုလုပ်ရပ်များကို တစ်သီတစ်တန်း ကျုးလွန်မိကြခြင်းကြောင့် နှင်ထုတ်ပင်ခံခဲ့ကြရသည်ကို မြင်ရသည့်အခါ၊ ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ကို ဖြည့်ဆည်းခြင်း စိတ်ကူးမှ ကျွန်တော် အမြဲ နောက်တွန့်မိခဲ့သည်။ ယင်းအစား သင့်တင့်လျောက်ပတ်သော အကွာဝေး ထိန်းထားရန် ဆန္ဒရှိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်၏ အမြင်ရှုထောင့်တွင် ခေါင်းဆောင်မှုနှင့်အတူ ရာထူးနေရာပါ ပါလာပြီး ထိုရာထူးနှင့်အတူ ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရမည့်အန္တရာယ်က ပါလာပါသည်။ ကျွန်တော့်တာဝန်များကို ဖြည့်ဆည်းရာတွင် အလွန်အမင်း သတိထားပြီး မဝံ့မရဲဖြစ်ကာ တုံ့ဆိုင်းနေသည်အထိပင် ဖြစ်ခဲ့ပြီး ရွေးကောက်ခြင်းများအကြောင်း လုံးဝ စိတ်မဝင်စားခဲ့သလို၊ ကျွန်တော် ခေါင်းဆောင်တစ်ဦးအဖြစ် အရွေးခံရပြီး အမှားတစ်ခု လုပ်မိခဲ့လျှင် အကျိုးဆက်အနေဖြင့် ကျွန်တော် အထုတ်ခံရပြီး ဖယ်ရှားခံရမည်ကို အလွန်အမင်း ကြောက်ရွံ့ခဲ့သည်။ ကျွန်တော့် စိတ်ကူးတွင်၊ အာဏာရ တရုတ် ကွန်မြူနစ် ပါတီအရာရှိများကို ကျွန်တော် မြင်သည့်ပုံစံအတိုင်း ဘုရားသခင်ကို ကျွန်တော် မြင်နေခဲ့ခြင်း ဖြစ်သည်။ သူ့ကို အလွန်နီးကပ်စွာ ကျွန်တော် မချဉ်းကပ်ဝံ့ခဲ့သလို ရန်မစဝံ့ခဲ့ပါ။ သူ့ကို ပုန်ကန်ပြစ်မှားသည့် မည်သူမဆို သေချာပေါက် ကြီးမားသည့် ကပ်ဘေးကို ခံစားရမည်ဟု ကျွန်တော် ထင်မှတ်ခဲ့ပြီး အထုတ်ခံရပြီး ဖယ်ရှားခံခဲ့ရသည့် ထိုညီအစ်ကို မောင်နှမများက ခေါင်းဆောင်မှုရာထူးများဖြင့် အစေခံခြင်းအားဖြင့် မိမိကိုယ်ကိုယ်အပေါ် ထိုအရာကို ယူဆောင်ခဲ့ကြသည်ဟူ၍အပင် ကျွန်တော် တွေးခဲ့သည်။ ဘုရားသခင်၏ မိသားစုနှင့်ဆိုင်သော စီမံအုပ်ချုပ်မှု ဖွဲ့စည်းပုံထဲက တည်ထောင်ထားသော ရာထူးတစ်ခုဖြစ်သည့် “ခေါင်းဆောင်များ” ကို လူတို့ကို ဖော်ထုတ်ပြီး ဖယ်ရှားသည့် နည်းလမ်းတစ်ခုနီးပါးကဲ့သို့ မြင်ခဲ့သည်။ ယခုတွင်မှ၊ ဘုရားနှုတ်ကပတ်တော်၏ ထုတ်ဖော်ပြခြင်းမှတဆင့် ကျွန်တော် သိုထားခဲ့သည့် ဤအတွေးများက ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရနှင့်ဆိုင်သော အသိပညာ လုံးဝကင်းမဲ့ခြင်းအား ဖော်ထုတ်ခဲ့သည်ကို ကျွန်တော် သတိပြုမိလာခဲ့သည်။ ဘုရားသခင်အကြောင်း ကျွန်တော် ရှိခဲ့သည့် ဤမှန်းဆချက်များက လွန်လွန်ကဲကဲ ပြစ်မှားစော်ကားခြင်း ဖြစ်ခဲ့ပေသည်။ ဤအရာကို နားလည်ခြင်းဖြင့်၊ စွဲကျန်နေသည့် ကြောက်ရွံ့မှုကို ကျွန်တော် ခံစားခဲ့ရပြီး ဘုရားသခင်ရှေ့တွင် ဒူးထောက်ဆုမတောင်းဘဲ မနေနိုင်ခဲ့ပါ။ “ဘုရားသခင်၊ နှစ်များစွာ ကိုယ်တော့်နောက် ကျွန်တော် လိုက်ခဲ့ပေမယ့်၊ ကိုယ်တော့်ကို ကျွန်တော် မသိပါဘူး။ ရွေးကောက်ပွဲတွေမှာ ပါဝင်ဖို့ ကျွန်တော့် ညီအစ်ကို မောင်နှမတွေဆီက အဲဒီဆွေးနွေးမှုတွေဟာ ကျွန်တော့်ကို လေ့ကျင်ပေးဖို့နဲ့ ကျွန်တော့်ကို သန့်စင်ပြီး ပြောင်းလဲစေဖို့ ကိုယ်တော် ကျွန်တော့်အပေါ်ပေးခဲ့တဲ့ အခွင့်အရေးတွေဖြစ်ခဲ့တယ်။ ဒါပေမယ့် ကိုယ်တော့်ရဲ့ အလိုတော်ကို ကျွန်တော် သဘောမပေါက်ခဲ့ရုံသာမက၊ ကိုယ်တော့်အပေါ် ခုခံတတ်ပြီး နားလည်မှုလွဲတာတွေနဲ့အတူ သူတို့ကို ငြင်းဆန်ပြီး ရှောင်တိမ်းဖို့ ကြိုးစားခဲ့တယ်။ ကိုယ်တော့်ကို ဘုရားလို ကျွန်တော် လုံးဝ မဆက်ဆံခဲ့ဘူး။ အဲဒီ ကျွန်တော့်ရဲ့ အမြင်က တကယ်ကို မယုံကြည်သူတစ်ဦးရဲ့ အမြင်ပါပဲ။ အမှန်ကို ဆိုးယုတ်တဲ့ အမျိုးအစားတစ်ခုပါ။ ဘုရားရှင်။ ဤနည်းနဲ့ ကိုယ်တော် ကျွန်တော့်ကို မဖော်ထုတ်ခဲ့ရင်၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပြဿနာတွေအပေါ် ကျွန်တော် လုံးဝ သုံးသပ်မိခဲ့မှာ မဟုတ်သလို၊ မုန်းတီးမှု နဲ့ တလွဲစိုးရိမ်ကြောင့်ကြမှုတွေရဲ့ အခြေအနေတစ်ခုမှာ ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ အဲဒါ ဆက်ဖြစ်ခဲ့ရင်၊ ကျွန်တော်ဟာ ကိုယ်တော်ရဲ့ မုန်းတီးမှု၊ စက်ဆုပ်မှုနဲ့ ပစ်ပယ်မှုတွေကိုပဲ ခံခဲ့ရမှာပါ။ ဘုရားရှင်။ ကျွန်တော် နောင်တရဖို့ လိုလားပါတယ်။ ကျေးဇူးပြုပြီး သမ္မာတရားနဲ့ ကိုယ်တော်ရဲ့ အလိုတော်ကို သိနားလည်ခြင်းတစ်ခုဆီ ကျွန်တော့်ကို လမ်းပြပါ...”

ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ပိုမို ဖတ်ရှုခဲ့ပါသည်။ “လူတို့ အဆင့်အတန်း ရသည့် တခဏတွင်၊ ၎င်းတို့ မည်သူများ ဖြစ်ပါ့စေ၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်လာကြသလော။ (သမ္မာတရားကို ၎င်းတို့ မလိုက်စားလျှင်၊ ၎င်းတို့ အန္တိခရစ်များ ဖြစ်လာကြလိမ့်မည်ဖြစ်၏၊ သို့သော် သမ္မာတရားကို ၎င်း လိုက်စားလျှင် ဖြစ်ကြလိမ့်မည်မဟုတ်။) ထိုသို့ဖြင့်၊ ယင်းမှာ အကြွင်းမဲ့ မဟုတ်ပေ။ ထို့ကြောင့်၊ အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်ကြသည့်သူတို့သည် နောက်ဆုံးတွင် အဆင့်အတန်းအားဖြင့် ပိတ်မိခံရကြသလော။ မှန်ကန်သည့် လမ်းကြောင်းကို လူတို့ မလိုက်ကြသည့်အခါ ယင်းသို့ ဖြစ်လေသည်။ ၎င်းတို့တွင် လိုက်လျှောက်ရမည့် ကောင်းမြတ်သည့် လမ်းကြောင်းရှိ၏၊ သို့သော် ယင်းကို ၎င်းတို့ မလိုက်လျှောက်ကြချေ။ ထိုအစား၊ ဆိုးညစ်သည့်လမ်းကြောင်းတစ်ခုကို သူတို့ လိုက်ကြ၏။ ဤသည်မှာ လူတို့ စားသည့်ပုံနှင့် ဆင်ဆင်တူ၏- အချို့သည် မိမိတို့၏ ကိုယ်ခန္ဓာကို ကျန်းမာနေစေနိုင်ပြီး မိမိတို့၏ သာမန်ဘဝများကို ထိန်းသိမ်းပေးနိုင်သည့် အစားအစာကို မစားသောက်ကြဘဲ ယင်းအစား ဆေးဝါးများကို မှီဝဲကြ၏။ နောက်ဆုံးတွင်၊ ဆေးဝါးများ မှီဝဲခြင်းက ၎င်းတို့ကို ဆေးစွဲသွားစေပြီး သေစေလေသည်။ ဤသည်မှာ လူတို့ မိမိတို့ကိုယ်တိုင် ပြုလုပ်ကြသည့် ရွေးချယ်မှုတစ်ခု မဟုတ်လော။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်”) ထို့နောက်၊ နောက်ထပ် မိတ်သဟာယကို ကျွန်တော် ဖတ်ရှုခဲ့ပါသည်။ “လူများစွာတို့သည် ၎င်းတို့၏ ရာထူးဂုဏ်သိမ် နှင့် တန်ခိုးအားဏာများဖြင့် အဘယ့်ကြောင့် ဒုစရိုက်မျိုးစုံကို လုပ်ဆောင်ကြောင်း ဖော်ထုတ်ခြင်း ခံနေကြရသနည်း။ ၎င်းမှာ သူတို့၏ရာထူးက သူတို့ကို ထိခိုက်စေ၍ မဟုတ်ပါ။ အဓိကကျသောပြသာနာမှာ လူသား၏သဘာဝရဲ့ အနှစ်သာရကြောင့်ဖြစ်ပါသည်။ ရာထူးတစ်ခုသည် လူများကို ကျိန်းသေ ဖော်ထုတ်နိုင်ပါသည်။ သို့သော် အကယ်၍ စိတ်ကောင်းနှလုံးကောင်းရှိသော သူတစ်ယောက်သည် ရာထူးမြင့်မြင့်ကို ရထားပါက၊ ၎င်းသည် ဒုစရိုက်မှုမျိုးစုံကို ကျူးလွန်ကြမည် မဟုတ်ပါ။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဤမိတ်သဟာယက ကျွန်တော့်ကို တစ်ချို့ကိစ္စတွေ နားလည်ခွင့်ပေးခဲ့သည်။ ဖြစ်ချင်တော့၊ အထုတ်ခံရပြီး ဖယ်ရှားခံခဲ့ရသည့် ထိုလုပ်ဖော်ကိုင်ဖက်များနှင့် ခေါင်းဆောင်များမှာ သူတို့၏ ခေါင်းဆောင်မှု ရာထူးများကြောင့် စေလွှတ်ခံခဲ့ကြရခြင်းမဟုတ်ဘဲ သူတို့၏ တာဝန်များကို ဖြည့်ဆည်းနေကြစဉ်တွင် သမ္မာတရားကို လိုက်စားဖို့ သို့မဟုတ် မှန်သောလမ်းကြောင်းကို လျှောက်ဖို့ စဉ်ဆက်မပြတ် ကျရှုံးခဲ့ကြသောကြောင့် ဖြစ်နေပေသည်။ ထို့ကြောင့် သူတို့သည် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံခဲ့ကြရခြင်းဖြစ်သည်။ ကျွန်တော့်အနီးအနားက ဖော်ထုတ်ခံခဲ့ရသည့် ထိုခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဖက်များကို ကျွန်တော် မစဉ်းစားပဲ မနေနိုင်ခဲ့ပါ။ ညီအစ်ကို တစ်ယောက်မှာ အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး စည်းကမ်းအတိုင်း သူ၏ တာဝန်ကို မဖြည့်ဆည်းခဲ့ပါ။ သူက ဆုကျေးဇူးများနှင့် အရည်အချင်းရှိသော်လည်း သမ္မာတရား၏ စစ်မှန်မှု မပိုင်ဆိုင်သည့် လူများကို ခေါင်းဆောင်မှုတာဝန်များ ဖြည့်ဆည်းဖို့ ရက်ရက်ရောရော ရာထူးတိုးပေးခဲ့သည်။ ညီအစ်ကို မောင်နှမများထံမှ ထပ်တလဲလဲ သတိပေးချက်များနှင့် အကူအညီများကို သူ လက်မခံခဲ့ဘဲ အကျိုးဆက်အနေဖြင့် ညီအစ်ကို မောင်နှမများကို အသက်တာဝင်ရောက်မှု ရရှိခြင်းမှ တားဆီးလျက် အသင်းတော် အသက်တာထဲသို့ အနှောင့်အယှက်များ ယူဆောင်ခဲ့သည်။ ဤညီအစ်ကိုသည် လုပ်ဖော်ကိုင်ဖက်များ၏ အကြံကို လျစ်လျူရှုခဲ့သည်အထိပင် အထူးသဖြင့် သူ၏ ကိုယ်ပိုင်အမြင်များအပေါ်တွင် အလွန်အကျွံ မှီခိုခဲ့သည်။ သူသည် အသင်းတော်၏ ငွေများနှင့် အဖိုးတန်ပစ္စည်းများကို လုံခြုံရေးအန္တရာယ်များရှိသည့် အိမ်တစ်အိမ်တွင် သိုလှောင်ရန် မရမက လုပ်ဆောင်ခဲ့သည်။ ယင်းက အားလုံးကို တရုတ်ကွန်မြူနစ်ပါတီ၏ သိမ်းဆည်းခံလိုက်ရသည့်အဖြစ်ကို ရောက်စေခဲ့သည်။ အဆင့်အတန်းကို လွန်လွန်ကဲကဲ အရေးထားသည့် ညီအစ်မ တစ်ယောက်လည်း ရှိခဲ့ပါသည်။ လုပ်ဖော်ကိုင်ဖက်တစ်ဦးအဖြစ် သူမ၏ တာဝန်ကို ဖြည့်ဆည်းစဉ်တွင်၊ အယောက်တိုင်း၏ အပြုသဘောဆောင်သော ဝေဖန်မှုကို သူမ လက်မခံနိုင်ခဲ့ပါ။ သူမကို အကြံပေးခဲ့သည့် ထိုညီအစ်ကို မောင်နှများကို ဆန့်ကျင်၍ စိတ်မပြောင်းလဲဘဲ လက်တုံ့ပြန်ခြင်းပင်ပြုလုပ်ခဲ့သလို၊ သူမ၏ အထက်လူကြီးများထံမှ မိတ်သဟာယနှင့် အကူအညီတို့ကို လက်ခံရန် အကြိမ်များစွာငြင်းပယ်ခဲ့သည်။ နောက်ဆုံးတွင် သူမသည် သတိပေးခံခဲ့ရသည်။ သို့သော် သမ္မာတရားကို လက်ခံဖို့နေနေသာသာ၊ မိမိကိုယ်ကိုယ် သိရှိရန် သူမ၏ လုပ်ရပ်များအပေါ် သူမ မသုံးသပ်ခဲ့သေးပါ။ သူမသည် လုံးဝ နောင်တမရ သို့မဟုတ် မပြောင်းလဲခဲ့ပါ။ ယင်းအစား အန္တိခရစ်၏ လမ်းကြောင်းကို ခေါင်းမာမာနှင့် နင်းလျှောက်ခဲ့သည်။ ဤကျရှုံးခြင်း သာဓကများက အသင်းတော်သည် မည်သူကိုမျှ ကောင်းမွန်သည့် အကြောင်းပြချက်များ မရှိဘဲ ထုတ်ပယ်ခြင်း ဖယ်ရှားခြင်း မပြုလုပ်ခဲ့သည်ကို ကျွန်တော့်ကို မြင်စေခဲ့သည်။ ထုတ်ပယ်ခံရပြီး ဖယ်ရှားခံခဲ့ရသည့် ဤလူတစ်ဦးချင်းက တစ်လျှောက်လုံး ပြုမူခဲ့ကြသည့် နည်းလမ်းကို ဂရုတစိုက် စိစစ်ပြီးနောက်တွင်မှ၊ သူတို့အများစုတွင် ပိုမိုဆိုးရွားသော ဖီလာဆန့်ကျင်မှုများ သူတို့၏ စိတ်သဘောထားများထဲတွင် ရှိခဲ့ကြပြီး သမ္မာတရား၏ စည်းမျဉ်းများနှင့်အညီ အသင်းတော်၏အလုပ်ကို ဘယ်သောအခါမျှ ဦးစီးဦးရွက်မပြုခဲ့ကြသည်ကို ကျွန်တော် မြင်ခဲ့ရသည်။ သူတို့ နှစ်သက်သည့်အတိုင်းသာ သူတို့အားလုံး လုပ်ခဲ့ကြပြီး ညီအစ်ကို မောင်နှများကို အသက်တာဝင်ရောက်မှု ရရှိခြင်းမှ ဆိုးဆိုးရွားရွား တားဆီးလျက် အသင်းတော်၏ လုပ်ငန်းတွင် အနှောင့်အယှက်များနှင့် အတားအဆီးများ ဖြစ်စေခြင်းဖြင့် အဆုံးသတ်ခဲ့ကြရသည်။ နောက်ဆုံးတွင်၊ သူတို့သည် ထုတ်ပယ်ခံရပြီး အစားထိုးခံရဖို့ ဖြစ်ခဲ့ကြသည်။ သိသိသာသာပင်၊ မည်သူတစ်ဦးတစ်ယောက်မျှ ထုတ်ပယ်မခံရမီတွင်၊ ဘုရားသခင်သည် သူတို့ကို နောင်တရရန် လုံလောက်သော အခွင့်အရေးများကို ပေးခဲ့ပြီး ညီအစ်ကို မောင်နှမများက သူတို့ကို အကြိမ်များစွာ ကူညီခဲ့ကြကာ ထောက်ပံ့ခဲ့ကြသည်။ ယင်းမှာ ထိုခေါင်းဆောင်များက အပြောင်းအလဲလုပ်ဖို့ ရည်ရွယ်ချက်တစ်ခုတစ်လေမျှ လုံးဝ မပြသခဲ့ကြသလို နောက်ဆုံး ထုတ်ပယ်ခံရပြီး အစားထိုးမခံရမီတွင် အသင်းတော်၏ လုပ်ငန်းကို ဆိုးဆိုးရွားရွား နှောင့်ယှက်၊ တားဆီးပြီး ဟန့်တားခဲ့ကြခြင်းသာ ဖြစ်သည်။ သူတို့၏ ကျရှုံးခြင်းအတွက် မိမိကိုယ်ကိုယ်ကိုသာ သူတို့ အပြစ်တင်စရာရှိသည် မဟုတ်ပါလား။ ဤသည်မှာ သူတို့ တဖြည်းဖြည်းချင်း ဖန်တီးခဲ့သည့် ခါးသီးသော အသီးအပွင့်မဟုတ်ပါလား။ သို့သော်၊ သူတို့ ကျရှုံးခြင်းနှင့် လဲကျခြင်းတို့မှ၊ ကျွန်တော်သည် ဤလူများရှိခဲ့ကြသည့် မှားယွင်းသည့်လမ်းကြောင်းကို သတိမပြုမိခဲ့သလို၊ ဘုရားသခင်ကို သူတို့ ဆန့်ကျင်ခြင်း၏ အရင်းအမြစ်ကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ပါ။ နောက်ပိုင်းတွင် ကျွန်တော့်၏ ကိုယ်ပိုင် လုပ်ရပ်များကို မသုံးသပ်ခဲ့သလို ကိုယ့်ကိုယ်ကိုယ် သတိပေးချက်တစ်ခုအဖြစ် သူတို့၏ ဥပမာကို အသုံးမပြုခဲ့ပါ။ ဘုရားသခင်၏ စိတ်သဘောထားက ပုန်ကန်ပြစ်မှား၍မရနိုင်သည်ကိုလည်း ကျွန်တော် မသိခဲ့ပါ။ ထို့ကြောင့် ကျွန်တော့်တွင် သူတို့၏ ခြေလှမ်းများနောက်လိုက်ခြင်းမှ ကျွန်တော့်ကို ဟန့်တားပေးမည့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မဖြစ်ပေါ်ခဲ့ပါ။ ယင်းအစား၊ တလွဲစိုးရိမ်ကြောင့်ကြခြင်းနှင့် ဘုရားသခင်အပေါ် အာခံခြင်းကို ကျွန်တော် ဖြစ်ပေါ်စေခဲ့သည်။ ကျွန်တော်သည် မဖြောင့်မတ်ခြင်းများအားလုံးကို ယူဆောင်ပြီး ဘုရားသခင်အပေါ် ပုံချခဲ့သည်။ ကျွန်တော် အမှန်တကယ် မသိနားမလည်ခဲ့သလို၊ မျက်စိကန်းခဲ့သည်၊ စက်ဆုပ်စရာဖြစ်ပြီး သနားစဖွယ်ဖြစ်ကာ ဘုရားသခင်ကို ရိုးတွင်းခြင်ဆီအထိ တကယ် နာကျင်စေခဲ့သည်ကို ကျွန်တော် မြင်နိုင်ခဲ့သည်။ အသင်းတော်ထဲတွင် မြင့်မားသည့် ရာထူး တစ်ခုတစ်လေ ဘယ်သောအခါမျှ မရှိသော်ငြား၊ သမ္မာတရားကို လိုက်စားရန် အဆက်မပြတ် ပျက်ကွက်ပြီး အသင်းတော်ထဲတွင် အနှောင့်အယှက်များနှင့် အတားအဆီးများ ဖြစ်စေကာ သူတို့၏ ရည်ရွယ်ချက်များကို ကောင်းကောင်း အလုပ်အကျွေးမပြုကြသည့် လူတစ်ဖွဲ့ ယခု ရှိခဲ့သည်ကိုလည်း ကျွန်တော် အမှတ်ရမိပါသည်။ ထိုနည်းတူစွာ၊ သူတို့သည်လည်း ဘုရားသခင်၏ ဖော်ထုတ်ခြင်းခံရပြီး ဖယ်ရှားခံခဲ့ကြရသည်။ ဤနားလည်သဘောပေါက်ခြင်းက ဘုရားသခင်နောက် ကျွန်တော်တို့ လိုက်နေစဉ်တွင် ကျွန်တော်တို့ ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရသည်၊ မခံရသည်က ကျွန်တော်တို့ မည်သည့်တာဝန်ကို ဖြည့်ဆည်းနေသည် သို့မဟုတ် မည်သည့် ရာထူးကို စွဲကိုင်ကြသည်ဆိုသည်နှင့် မည်သို့မျှ မသက်ဆိုင်သည်ကို ပိုမိုရှင်းလင်းသော သိနားလည်မှုတစ်ခု ကျွန်တော့်ကို ပေးခဲ့ပါသည်။ သမ္မာတရားကို ကျွန်တော်တို့ မလိုက်စားလျှင် သို့မဟုတ် ကျွန်တော်တို့၏ စိတ်သဘောထားထဲက ပြောင်းလဲမှု လမ်းကြောင်းပေါ် မလျှောက်လျှင်၊ မည်သည့် ရာထူးကို ကျွန်တော်တို့ ကိုင်စွဲနိုင်သည်ဖြစ်စေ မကိုင်စွဲနိုင်သည်ဖြစ်စေ၊ ကျွန်တော်တို့အားလုံးသည် စာတန်၏ စိတ်သဘောထားဖြင့် ထိန်းချုပ်ခံရဖွယ်ရှိပြီး အချိန်မရွေး ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့်အရာများ သို့မဟုတ် ဆန့်ကျင်သည့်အရာများကို လုပ်ဆောင်နိုင်ကာ ထိုသို့ဖြင့် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရနိုင်ပါသည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ တိကျသော အတည်ပြုချက်တစ်ခု ဖြစ်သည်။ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်။” ကျွန်တော် စွဲကိုင်နေခဲ့သည့် မှားယွင်းသော အမြင်များနှင့်ဆိုင်သည့် သိနားလည်မှုနှင့် သိမြင်မှု ကို ရရှိရန်အပြင် ဘုရားသခင်ကို ယုံကြည်စဉ် သမ္မာတရားကို လိုက်စားခြင်း၏ အရေးပါမှု နှင့် စိတ်သဘောထား ပြောင်းလဲမှုတစ်ခုအတွက် ကြိုးပမ်းခြင်း၏ အရေးပါမှုတို့ကို အသိအမှတ်ပြုရန်အခွင့်ပေးသည့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့အတွက် ကျေးဇူးတင်ရှိပါသည်။ တစ်ချန်တည်းမှာပင်၊ ကျွန်တော့်၏ တလွဲအယူအဆများနှင့် စိတ်ကူးများအတွင်းတွင် အသက်ရှင်ရန် ကျွန်တော် အဘယ်မျှ ယုတ္တိမဲ့ပြီး အဓိပ္ပါယ်မဲ့ခဲ့သည်ကိုသာ ကျွန်တော် သတိရှိလာခဲ့သည်။

နောက်ပိုင်းတွင်၊ ဤသို့ပြောထားသည့် နောက်ထပ်စာတစ်ပိုဒ်ကို မိတ်သဟာယတစ်ခုထဲတွင် ကျွန်တော် ဖတ်ခဲ့ရပါသည်။ “ကျွန်တော် ညီအစ်ကို တစ်ဦးကို၊ ‘ပြီးခဲ့တဲ့ နှစ်အနည်းငယ်တစ်လျှောက် ခင်ဗျား တိုးတက်မှုတစ်ခုခုရှိခဲ့လား’ လို့ မေးခဲ့တယ်။ သူက၊ “ကျွန်တော် လုပ်ခဲ့တဲ့ အတိုးတက်မှုအရှိဆုံးကတော့ ကျွန်တော် တွေ့ကြုံခဲ့ရတဲ့ ထုတ်ပယ်ခံရခြင်းကနေ ရလာခဲ့တာပါ” လို့ သူ ပြောခဲ့တယ်။ ဘာလို့ အကြီးမားဆုံး တိုးတက်မှုကိုထုတ်ပယ်ခံရခြင်းအဖြစ်ကနေ သူ ရခဲ့တာလဲ။ ဘုရားသခင်ရှေ့မှာ သူ တကယ်ကို အရေးတကြီး ဆုတောင်းခဲ့တယ်။ ပြီးတော့ သူ့ရဲ့ လုပ်ရပ်တွေအပေါ်နဲ့ သူ့ကိုယ်သူသိဖို့ ဆင်ခြင်သုံးသပ်တာကို သေချာပေါက် အချိန်တော်တော်များများယူပြီး လုပ်ခဲ့တယ်။ သူက နောင်တလည်းရချင်ခဲ့ပြီး ဘုရားသခင်ရဲ့ စွန့်ပစ်တာကို မခံချင်ခဲ့ဘူး။ ဘုရားသခင်ဆီ လေးလေးနက်နက်ဆုတောင်းတာက ဉာဏ်အလင်းပေးခြင်းနဲ့ အလင်းပြခြင်းတွေအပြင် ကိုယ်ကိုယ်ကိုယ် သိကျွမ်းမှုများစွာ ယူဆောင်ခဲ့တယ်။ နှစ်များတစ်လျှောက် သူ ဘယ်လိုလုပ်ဆောင်ပြီး ပြုမူခဲ့တယ်ဆိုတာနဲ့ ဘယ်လမ်းကြောင်းကို သူလျှောက်နေခဲ့တယ်ဆိုတာကို သူ သတိပြုမိလာခဲ့တယ်။ ဒီအပျက်သဘောဆောင်တဲ့ လေ့လာသင်ယူခြင်း အတွေ့အကြုံတွေအားဖြင့် ဘုရားသခင်ကို သူ ဘယ်လို ယုံကြည်နေခဲ့သင့်တယ်၊ သမ္မာတရားကို သူ ဘယ်လိုလိုက်စားသင့်တယ်ဆိုတာတွေကို အတိအကျ နားလည်သွားခဲ့တယ်။အဲဒီနောက်၊ ဘုရားသခင်ရှေ့မှာ စစ်မှန်တဲ့ နောင်တကို သူရရှိခဲ့ပြီး သူ့ရဲ့ သမ္မာတရားကို လိုက်စားရာမှာ ကြိုးစားလုပ်ဆောင်ဖို့၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို ကျိုးနွံနာခံဖို့နဲ့ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုကို နာခံဖို့ လိုလားလာခဲ့တယ်။ ဒီနည်းနဲ့၊ သူ့ရဲ့ ဘုရားသခင်ကို ယုံကြည်ခြင်း ခရီးက ပြန်လည်သစ်လွင်လာခဲ့ပြီး ယုံကြည်ခြင်းလမ်းကြောင်းပေါ်ကို သူ တရားဝင် ခြေချခဲ့တယ်။ ဒါကြောင့်၊ အဲဒီလိုထုတ်ပယ်ခံရခြင်းက အကျိုးကျေးဇူးတစ်ခုခု ရှိ၊ မရှိဆိုတာနဲ့ အဲဒါက လူတွေကို ကယ်တင်ခြင်းဆီ ခေါ်ဆောင်တဲ့နည်းလမ်း ဟုတ်၊ မဟုတ် ဆိုတာကို ခင်ဗျားတို့ မေးကောင်းမေးနိုင်တယ်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ဤမိတ်သဟာယမှ၊ လူတို့ထံ ယူဆောင်လာခဲ့သည့် ဘုရားသခင်၏ ထူးကဲသော ကရုဏာတော်နှင့် ကယ်တင်ခြင်းတို့ကို ကျွန်တော် မြင်နိုင်ခဲ့သည်။ အချို့သည် သူတို့ ကျူးလွန်ခဲ့သည့် မကောင်းမှုလုပ်ရပ်များကြောင့် အသင်းတော်၏ ထုတ်ပယ်ခြင်းကိုခံခဲ့ရသည်။ သို့သော် သူတို့အနေဖြင့် စိတ်ရင်းအတိုင်း နောင်တရပြီး ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံပြီး ကျိုးနွံနာခံဖို့ရန် လိုလားသရွေ့၊ သူတို့ကိုယ်သူတို့ပိုပြီး သိရှိနိုင်ရန်အတွက် မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်သရွေ့၊ သမ္မာတရားကို လိုက်စားဖို့ အစပြုကြသရွေ့၊ သူတို့၏ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိပါသေးသည်။ တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏ တင်းကျပ်သော တရားစီရင်ခြင်း၊ လူတို့ကို ကိုင်တွယ်ဖြေရှင်းသည့်၊ ပြစ်တင်ဆုံးမပြီး ဆုံးမပဲ့ပြင်သည့် နည်းလမ်းတို့သည် စစ်မှန်စွာ နောင်တရသည့် လူတို့အတွက် ကယ်တင်ခြင်းနှင့်ဆိုင်သော အသွင်သဏ္ဍာန်များ ဖြစ်ကြသည်ကိုလည်း ကျွန်တော် နားလည်လာခဲ့ပါသည်။ ယင်းတို့၏ ရည်ရွယ်ချက်များမှာ လူတို့ကို မိမိကိုယ်ကိုယ် ပိုမိကောင်းစွာ သုံးသပ်နိုင်စေဖို့နှင့် ဘုရားသခင်ကို ဆန့်ကျင်စေပြီး ကိုယ်တော့်ကို ရန်သူအဖြစ် မြင်စေခဲ့သည့် သူတို့၏ ဆိုးယုတ်သော သဘာဝကို နားလည်သဘောပေါက်နိုင်ဖို့ ဖြစ်ပါသည်။ ၎င်းမှာ သူတို့သည် ဘုရားသခင်အပေါ် ကြောက်ရွံ့ကြည်ညိုမှု ဖြစ်ပေါ်နိုင်ပြီး သမ္မာတရားအားလိုက်စားခြင်းလမ်းကြောင်းပေါ်တွင် ခြေချနိုင်စေဖို့အတွက် သူတို့ကိုယ်သူတို့ အမှန်တကယ် ရွံရှာစက်ဆုပ်ပြီး သူတို့၏ ဇာတိကပတိကို စွန့်ပစ်ခြင်းတို့ ဖြစ်ပေါ်ရန်တွက် ဖြစ်သည်။ဘုရားသခင်ကို စိတ်ရင်းအတိုင်း ယုံကြည်မှုရှိပြီး သမ္မာတရားကို လိုက်စားသည့် လူတို့အဖို့၊ သူတို့ မည်သည့်အရာကို တွေ့ကြုံခဲ့ကြပါလေ့စေ၊ သူတို့ အထုတ်ခံရပြီး အစားထိုးခံရသည်ဖြစ်စေ၊ သို့မဟုတ် နှင်ထုတ်ခံရသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာဖြစ်ပါစေ၊ ဤအရာထဲမှ မည်သည့်အရာကမျှ ဖော်ထုတ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း မဟုတ်ပါ၊ သို့သော် ထို့ထက် ဘုရားသခင်ကို သူတို့၏ ယုံကြည်ခြင်း လမ်းကြောင်းများတွင် ယင်းတို့က အလှည့်အပြောင်းများ ဖြစ်လာခဲ့ကြသည်။ အမှုမဲ့အမှတ်မဲ့ဖြင့်၊ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သော စာပိုဒ်တစ်ပိုဒ် ကျွန်တော် အမှတ်ရမိခဲ့ပါသည်။ “အကြိမ်များစွာ ကျရှုံးခြင်းနှင့် ပြိုလဲကျခြင်းသည် ဆိုးသည့် အရာမဟုတ်သလို၊ ဖော်ထုတ်ခံနေရခြင်းသည်လည်း ဆိုးသည့် အရာ မဟုတ်ပါ။ သင် ကိုင်တွယ်ဖြေရှင်းခံရသည်ဖြစ်စေ၊ ပြုပြင်ခံရသည်ဖြစ်စေ၊ သို့မဟုတ် ဖော်ထုတ်ခံရသည်ဖြစ်စေ၊ ဤအရာကို တစ်ချိန်လုံး သင် မှတ်မိရမည်- ဖော်ထုတ်ခံရခြင်းဆိုသည်မှာ သင်သည် ရှုတ်ချခံနေရခြင်း ဖြစ်သည်ဟု မဆိုလိုပေ။ ဖော်ထုတ်ခံနေရခြင်းသည် ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်၊ မိမိကိုယ်ကိုယ် သိရှိရန် ယင်းမှာ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ယင်းက သင်၏ ဘဝအတွေ့အကြုံတွင် အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာနိုင်သည်။ ထိုအရာမရှိဘဲ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော အမှန်တရားကို သိနားလည်ခြင်းသို့ရောက်နိုင်ဖို့ အခွင့်အရေးရော အခြေအနေကိုပါ ပိုင်ဆိုင်လိမ့်မည်မဟုတ်သလို ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာကိုလည်း သင်ပိုင်ဆိုင်လိမ့်မည်မဟုတ်။ သင့်အတွင်းရှိ အမှုအရာများ၊ သတိပြုမိဖို့ ခဲယဉ်းပြီး တူးဖော်ဖို့ ခက်ခဲ့သည့် သင့်အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် ထိုရှုထောင့်များအားလုံးကို သင် သိရှိလာနိုင်လျှင်၊ ဤသည်မှာ ကောင်းသော အရာတစ်ခု ဖြစ်သည်။ သင့်ကိုယ်သင် အမှန်တကယ် သိရှိလာနိုင်ခြင်းသည် သင်၏လမ်းများကို ပြုပြင်ပြီး လူသစ်တစ်ဦးဖြစ်လာဖို့ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်၊ ယင်းမှာ သင့်အနေဖြင့် အသက်တာသစ်ကို ရရှိရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် အမှန်တကယ် သိရှိသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားက တစ်ဦးတစ်ယောက်၏ အသက်ဖြစ်လာသည့်အခါ၊ အမှန်ပင် တန်ဖိုးရှိသည့်အရာဖြစ်သည်ကို သင် တွေ့မြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားအတွက် သင် ဆာငတ်လိမ့်မည်ဖြစ်ပြီး စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လွန်စွာ ကြီးမြတ်သည့်အရာတစ်ခု ဖြစ်ပေ၏။ သင်ကျရှုံးသည့်အခါတိုင်း သို့မဟုတ် လဲကျသည့်အခါတိုင်း ဤအခွင့်အရေးကို သင် ဆုပ်ကိုင်နိုင်ပြီး အလွန်စိတ်ထက်သန်စွာ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကာ မိမိကိုယ်ကိုယ် စစ်မှန်သည့် သိကျွမ်းမှု ရရှိလျှင်၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်များကြားတွင်၊ သင်သည် ပြန်ထရပ်နိုင်လိမ့်မည်။ ဤအတိုင်းအတာကို သင်ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းကို သင် လှမ်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်”) ဤအရာကို ကျွန်တော် စဉ်းစားသည့်အချိန်တွင်၊ ဘုရားသခင်၏ အလိုတော်ကို ပိုမိုနက်ရှိုင်းသည့် သိနားလည်ခြင်းတစ်ခုကို ကျွန်တော် ရရှိခဲ့သည်။ သူ ကျွန်တော်တို့ကို ရိုက်ပါစေ၊ ဆုံးမပဲ့ပြင်ပါစေ၊ သို့မဟုတ် ကျွန်တော်တို့ကို ထုတ်ပစ်ပြီး နှင်ထုတ်ပါစေ၊ သူ ကျွန်တော်တို့ကို လုပ်ဆောင်သည့် အရာတိုင်းသည် ကျွန်တော်တို့၏ ကိုယ်ပိုင် အပြုအမူများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရအပေါ် အခြေခံ၍ ဆုံးဖြတ်ထားခြင်း ဖြစ်ပါသည်။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် လူတို့ကို သန့်စင်ဖို့နှင့် ပြောင်းလဲဖို့ ရည်ရွယ်ပါသည်။ ကျွန်တော်တို့အတွက် ဤအရာများအားလုံးသည် ကယ်တင်ခြင်းများ ဖြစ်ပြီး အကျိုးကျေးဇူးအရှိဆုံးဖြစ်သည်။ တစ်လျှောက်လုံး၊ ကျွန်တော်က ခေါင်းဆောင်မှု တာဝန်ကို ကြောက်ကြောက်လန့်လန့် မြင်နေခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ထိုလူများသည် ဖော်ထုတ်ခံရပြီး၊ အထုတ်ခံရကာ ဖယ်ရှားခံခဲ့ရသောကြောင့်ဖြစ်ပြီး ရာထူးနှင့် လာသည့် တာဝန်တစ်ခုကို ဖြည့်ဆည်းရန် လုံးဝသဘောမတူဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ထိုနည်းဖြင့် ကျွန်တော် လဲကျလိမ့်မည်မဟုတ်၊ ကျရှုံးလိမ့်မည်မဟုတ်သလို နာကျင်စရာကောင်းသည့် စစ်ဆေးမှုထဲတွင် ကျွန်တော် အသက်ရှင်ရလိမ့်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားက ကျွန်တော်တို့၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ဦးကျိုးစေခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ အကျုံးဝင်ပါသည်။ သို့သော် ယင်းက ကျွန်တော်တို့အတွက် စိတ်ရှည်ခြင်း၊ သည်းခံခြင်းနှင့် ကြီးမားသော ချစ်ခြင်းမေတ္တာတို့လည်း ပါဝင်ပါသည်။ ဤအရာများကို ယခင်က ကျွန်တော် လုံးဝ မမြင်ဖူးခဲ့ပါ၊ ထိုအစား ကျွန်တော့်၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံသည့် ဘုရားသခင်အပေါ် နားလည်မှုလွဲမှားခြင်းနှင့် ထင်မြင်ချက်တို့နှင့်ဆိုင်သည့် အခြေအနေတစ်ခုတွင် အသက်ရှင်နေခဲ့သည်။ ခေါင်းဆောင်မှုတာဝန်ကို ဖြည့်ဆည်းရန် ပြင်းပြသော ဆန္ဒတစ်ခုတစ်လေမှ ကျွန်တော် ရှိဖို့မပြောနှင့်၊ ရွေးကောက်ပွဲများတွင် ပါဝင်ဖို့ရန် မလိုလားခဲ့ပါ။ အကျိုးဆက်အနေဖြင့်၊ သမ္မာတရားကို ရရှိဖို့နှင့် ဘုရားသခင်ကို သိရှိဖို့ အခွင့်အရေးများစွာကို ကျွန်တော် လွဲချော်သွားခဲ့ရသည်။ ယခုတွင်မှ “‘ထိပ်မှာ တစ်ကိုယ်တည်းနေရတယ်’ နဲ့ ‘ပိုကြီးလာလေလေ အကျပိုနာလေလေပဲ’ဆိုသည့် ကျွန်တော်၏ ယခင်အယူအဆများမှာ ကျွန်တော်၏ သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်ကို သိရှိဖို့ ကျွန်တော်၏ ရှာဖွေခြင်းတို့အတွက် လွန်စွာ အတားအဆီးဖြစ်စေခဲ့သည့် စာတန်၏ အဓိပ္ပါယ်မဲ့သော အမြင်များဖြစ်ခဲ့သည်ကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါသည်။ ကိုယ်တော့်အပေါ် ကျွန်တော်ရှိခဲ့သည့် အယူအဆလွဲမှားမှုများအချို့တို့ကို ကိုယ့်ကိုယ်ကိုယ် ဖယ်ရှားခွင့်ပေးခဲ့သည့် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ တစ်ချိန်တည်းတွင်၊ ကျွန်တော် တကယ်ကို အဘယ်မျှ အမှန်တကယ် အကျည်းတန်ခဲ့သည်၊ စက်ဆုပ်စရာဖြစ်ခဲ့သည်၊ ဆန့်ကျင်ဖက်ဖြစ်ခဲ့ပြီး မသိနားမလည်ခဲ့သည်ကို ကျွန်တော် သတိပြုမိခဲ့ပါသည်။

နောက်ပိုင်းတွင်၊ မိမိဘာသာ အတွေးနယ်ချဲ့ကာ အဘယ်ကြောင့် ဘုရားသခင်အပေါ် ကျွန်တော် အမြဲ အာခံလွန်းတတ်ခဲ့သည်ဆိုသည်နှင့် ထိုသို့လုပ်ဆောင်ရန် မည်သည့် သဘာဝက ကျွန်တော့်ကို ထိန်းချုပ်ခဲ့သည်ကို မတွေးဘဲ မနေနိုင်ခဲ့ပါ။ ဘုရားနှုတ်ကပတ်တော် စာတစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရပါသည်၊ ထိုစာပိုဒ်က ပြောသည်မှာ- “အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ) မိတ်သဟာယတစ်ခုကိုလည်း ကျွန်တော် ဖတ်ခဲ့ပါသည်၊ယင်းက “စမ်းသပ်မှုများ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်အပေါ် ခုခံတတ်သောသူအားလုံးဟာ ဖောက်ပြန်တတ်တဲ့သူ၊ တစ်ကိုယ်ကောင်းဆန်သူ နဲ့ ခက်ထန်တဲ့သူတွေဖြစ်ကြပြီး မိမိကိုယ်ကိုယ်သာ တွေးတတ်ကြသလို ဘုရားသခင်ကို သူတို့ရဲ့စိတ်နှလုံးများထဲမှာ မထားတတ်ကြဘူး။ အဲဒီလူတွေက ဘုရားသခင်ကို ဆန့်ကျင် ရုန်းထွက်ကြသူတွေပါ။ ပြဿနာတစ်ခုကို သူတို့ ကြုံရတာနဲ့တပြိုင်နက်၊ ဘုရားသခင်အပေါ် သူတို့ ခုခံတတ်ကြပြီး ‘ဒီအရာအားဖြင့် ဘုရားသခင် ဘာကိုဆိုလိုတာလဲ။ ငါ့အပေါ် ဒီအရာဖြစ်အောင် သူ ဘာလို့ ခွင့်ပြုတာလဲ’ ဆိုပြီး တွေးရင်း ကိုယ်တော့်ကို လေ့လာကြတယ်။ အဲဒီနောက် ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့်ပြောဖို့ ကြိုးစားကြတယ်။ အဲဒီလိုလူတွေက သူတို့ရဲ့ရည်ရွယ်ချက်တွေမှာ မတရားဘူးမဟုတ်လား။ အဲဒီလိုလူတွေအတွက် သမ္မာတရား လိုက်စားခြင်းက လွယ်ကူလား။ မလွယ်ကူပါဘူး။ သူတို့က သာမန်လူတွေ မဟုတ်ဘူးလေ။ သူတို့မှာ နတ်ဆိုးသဘာဝရှိတယ်၊ ပြီးတော့ ဘယ်သူနဲ့မှ အဆင်ပြေပြေ နေနိုင်စွမ်း သူတို့မှာ လုံးဝ မရှိကြဘူး။” (အသက်တာထဲ ဝင်ရောက်ခြင်းဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၁၃) တွင်ပါဝင်သော “မေးခွန်းများနှင့် အဖြေများ”) ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဤမိတ်သဟာယက ဘုရားသခင်ကို ဆန့်ကျင်ခုခံခြင်းနှင့် ဘုရားသခင်အကြောင်း ထင်မြင်ချက်ပေးခြင်းနှင့်ဆိုင်သည့် ကျွန်တော့်ပြဿနာ၏ ဖြစ်ရသည့် အကြောင်းရင်းကို ဖော်ထုတ်ခဲ့သည်။ ကျွန်တော်သည် သဘာဝအားဖြင့် အလွန်အကျွံ မရိုးသားသောသူဖြစ်ခဲ့သောကြောင့် ကျွန်တော့်ကို ပြုစုပျိုးထောင်ပြီး မြင့်တင်ဖို့ အသင်းတော်က ဆန္ဒရှိသည့်အချိန်တိုင်းတွင် ကျွန်တော့်အတွက်ရှိထားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မဖမ်းဆုပ်နိုင်ခဲ့ သို့မဟုတ် သူ၏ အပင်ပန်းခံသော ရည်ရွယ်ချက်ကို သဘောမပေါက်နိုင်ခဲ့ရုံသာမက၊ ဆန့်ကျင်ဖက်အနေဖြင့် ခေါင်းဆောင်မှုတာဝန်ကို ဖြည့်ဆည်းခြင်းက အလွန် အန္တရာယ်များလိမ့်မည်ဖြစ်ပြီး ကျွန်တော် ရာထူးတစ်ခုရပြီး မကောင်းမှုကိုလုပ်သည်နှင့် တပြိုင်နက် အထုတ်ခံရပြီး ဖယ်ရှားခံရမည့် အန္တရာယ်က စဉ်ဆက်မပြတ် ရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ တကယ့်နေရောင်နှင့် မိုးကအစ၊ ဘုရားသခင် ဖန်ဆင်းခဲ့သည့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့အပြင် ဘုရားသခင်၏ မိန့်မြွက်ချက်များစွာမှ ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းတို့ကို ကျွန်တော် မွေ့လျော်ခဲ့ပုံအကြောင်းကို ကျွန်တော် တွေးမိခဲ့သည်။ သို့သော် လူတို့အတွက် ဘုရားသခင်ရှိထားသည့် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ကို အသိအမှတ်ပြုခြင်း ရရှိဖို့ရန် ကျွန်တော် လုံးဝမကြိုးစားခဲ့ပါ။ ကိုယ်တော့်အပေါ် ကျွန်တော် အမြဲ အာခံတတ်ခဲ့ပြီး ဘုရားသခင်သည် လူသားများကဲ့သို့ သေးနုတ်ပြီး ကျွန်တော်တို့အတွက် ကရုဏာ သို့မဟုတ် ချစ်ခြင်းမေတ္တာ ကင်းမဲ့သည်ဟု သံသယထားလျက် ဘုရားသခင်ကို ထိခိုက်စေခဲ့သည်။ ကျွန်တော်သည် အမှန်တကယ် အလွန် လှည့်ဖြားတတ်ပြီး စက်ဆုပ်ဖွယ်ဖြစ်ကာ ကျွန်တော့်အသက်တာတွင် လူသားတစ်ဦး၏ ပုံသဏ္ဍာန်ကို အနည်းငယ်မျှပင် မဖော်ပြခဲ့ပါ။ ထို့နောက်တွင်ပင်၊ ကျွန်တော် လွန်စွာ အပြစ်ရှိသလိုခံစားခဲ့ရပြီး ဘုရားနှုတ်ကပတ်တော်များကို တစ်ဖန် ပြန်အမှတ်ရမိခဲ့သည်။ “ဘုရားသခင်သည် လူသားအတွက် အရာရာတိုင်းကို တိတ်ဆိတ်စွာ လုပ်ဆောင်ပေးနေသည်၊ ထိုအရာအားလုံးကို သူ၏စိတ်ရင်းအမှန်၊ သစ္စာရှိမှုနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် တိတ်ဆိတ်စွာ လုပ်ဆောင်ပေးနေသည်။ သို့သော် သူသည် သူလုပ်ဆောင်သည့် မည်သည့်အရာမဆိုနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှုများ သို့မဟုတ် နောင်တရမှုများ တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူ့ကို တစ်နည်းနည်းနှင့်ပြန်ပေးဆပ်ဖို့ မည်သူ့ကိုမျှ တစ်ကြိမ်တစ်ခါမျှ မလိုအပ်ခဲ့ပေ သို့မဟုတ် လူသားမျိုးနွယ်ထံမှ တစ်ခုခုကို ရရှိခြင်းငှာ ရည်ရွယ်ချက်များလည်း မရှိဖူးပေ။ သူလုပ်ဆောင်ဖူးသည့်အရာများ အားလုံး၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်၏ စစ်မှန်သည့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို သူရရှိနိုင်ရန်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁))ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့၏။ ၎င်းတို့ ဖောက်ပြန်ဖျက်ဆီးခံရပြီးသည်ဖြစ်စေ သို့မဟုတ် သူ့နောက်လိုက်လျှောက်ကြသည်ဖြစ်စေ ပဓာနမထားဘဲ၊ ဘုရားသခင်သည် လူသားများကို သူ၏ကစားစရာများကဲ့သို့ မဟုတ်ဘဲ၊ သူ အမြတ်နိုးရဆုံး ချစ်ရသူများအဖြစ်- သို့မဟုတ် လူသားများ ပြောသကဲ့သို့ သူ့အဖို့ အချစ်မြတ်နိုးရဆုံးသော လူများအဖြစ်- ဆက်ဆံလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁))အစအဦးမှသည် ယနေ့ထိတိုင်၊ လူသာလျှင် ဘုရားသခင်နှင့် စကားပြောဆိုနိုင်စွမ်း ရှိဖူးလေသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ သက်ရှိအရာများနှင့် အဖန်ဆင်းခံသတ္တဝါ အားလုံးအလယ်တွင် လူသားကလွဲ၍ မည်သူမျှ ဘုရားသခင်နှင့် စကားပြောနိုင်စွမ်း မရှိဖူးပေ။ လူ၌ သူ့ကို ကြားစေနိုင်သော နားများရှိပြီး သူ့ကို မြင်ခွင့်ပေးသော မျက်လုံးများ ရှိသည်။ သူ၌ ဘာသာစကားရှိပြီး သူ၏ ကိုယ်ပိုင် အတွေးအခေါ်များနှင့် လွတ်လပ်သော စိတ်သဘောရှိသည်။ သူသည် ဘုရားသခင် စကားပြောသည်ကိုကြားရန်၊ ဘုရားသခင်၏အလိုကို နားလည်ရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် လိုအပ်သမျှအားလုံးကို ပိုင်ဆိုင်သည်၊ ထို့ကြောင့် လူကို သူနှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပြီး သူနှင့်အတူ လျှောက်လှမ်းနိုင်သော အဖော်တစ်ဦး ဖြစ်စေလိုလျက်၊ ဘုရားသခင်သည် သူ၏အလိုဆန္ဒအားလုံးကို လူသားအပေါ် ပေးအပ်လေသည်။ ဘုရားသခင်သည် စီမံခန့်ခွဲရန် စတင်ခဲ့ကတည်းက၊ လူသားအနေဖြင့် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးဖို့၊ ယင်းကို ဘုရားသခင်အား သန့်စင်ခွင့်ပေးပြီး ပြင်ဆင်ခွင့်ပေးဖို့၊ ဘုရားသခင်ကို ကျေနပ်စေပြီး ဘုရားသခင်၏ ချစ်ခြင်းကို ခံရစေဖို့၊ ဘုရားသခင်အား ကြည်ညိုပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့၊ ဘုရားသခင်သည် စောင့်ဆိုင်းနေပြီးဖြစ်သည်။ ဘုရားသခင်သည် ဤရလဒ်ကို အစဉ် မျှော်လင့်ကာ စောင့်ဆိုင်းပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားမိန့်မြွက်ချက်များ၏ စာကြောင်းများနှင့် စကားလုံးများကြားတွင် လူသားမျိုးနွယ်အတွက် ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်ခြင်းတို့အပြင် မျှော်လင့်ချက်နှင့် မျှော်မှန်းမှုတို့ကို ထုတ်ဖော်ပြထားပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့တစ်ယောက်ချင်းစီတိုင်းအား စစ်မှန်စွာ ချစ်လျက်၊ ကောင်းမွန်စွာ စောင့်ရှောက်လျက်ဖြင့် မေတ္တာ၊ကရုဏာကြီးသော မိခင်မှ သူမ၏ သားသမီးများအား ဆက်ဆံသကဲ့သို့ ဘုရားသခင်က လူသားတို့ကို ဆက်ဆံပါသည်။ သူ၏ အလိုတော်နှင့် ကိုက်ညီသည့် လူသားအုပ်စုတစ်စုကို ရရှိဖို့ရန်အလို့ငှာ ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ထံ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်းတို့ကို ဆောင်ကျဉ်းရန် အလွန်ကြီးမားသော အရှက်ရစေခြင်းကို ကြံ့ကြံ့ခံရင်း၊ အဆုံးစွန် အဖိုးအခကို ပေးဆပ်ရင်းဖြင့် ဇာတိပကတိ၌ နှစ်ကြိမ် လူ့ဇာတိခံယူပြီဖြစ်သည်။ ဘုရားသခင်ကို ကျွန်တော်တို့က ဆန့်ကျင်မှု၊ အာခံမှု၊ နားလည်မှုလွဲခြင်းနှင့် ပြစ်တင်ခြင်းတို့ကို ပြသခဲ့ကြစေကာမူ၊ ထူးကဲသော စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ဖြင့် သူသည် လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းအမှုကို တိတ်တဆိတ် ဆက်လုပ်ခဲ့သည်။ ဘုရားသခင်သည် သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်တော်တို့ ကျိုးနွံနာခံလျက်၊ ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်ပြီး သူ့ကို ကြည်ညိုကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရှားသည့် ဘုရားသခင် ကယ်တင်ခဲ့သော လူများအဖြစ်သို့ ပြောင်းလဲလျက် တစ်နေ့တွင် လူသားတို့ကို ကယ်တင်ရာတွင် သူ၏ ကောင်းမြတ်သော ရည်ရွယ်ချက်များကို ကျွန်တော်တို့ နားလည်နိုင်ပြီး ကျွန်တော်တို့၏ စိတ်နှလုံးများကို ဘုရားသခင်ဆီ ပေးမည်ဟူသော မျှော်လင့်ချက်ဖြင့် ဘုရားသခင်သည် ကျွန်တော်တို့အတွက် ရေလောင်းပြီး ထောက်ပံ့ပေးကာ ကျွန်တော်တို့ကို ဦးဆောင်ရင်း သမ္မာတရားကို ဖော်ပြဖို့ရန် ကျွန်တော်တို့အလယ်တွင် ကြွလာပြီဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရက အလွန်လှပပြီး ကောင်းမြတ်သလို၊ လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာမှာ အလွန်စစ်မှန်သည်ကို ကျွန်တော် မြင်နိုင်ခဲ့ပါသည်။ တစ်ဖက်တွင်၊ ကျွန်တော်သည် ကိုယ်တော်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များကို နားလည်ခဲ့ဖို့မပြောနှင့်၊ ဘုရားသခင်ကို သိကျွမ်းခြင်း တစ်စက်ကလေးမျှပင် မရှိဘဲလျက် မျက်စိကန်းပြီး မိုက်မဲခဲ့ပါသည်။ ကိုယ်တော်၏ ကယ်တင်ခြင်းကို အဖန်ဖန် အကြင်နာမဲ့စွာ ငြင်းပယ်ရင်း၊ ဘုရားသခင်ကို ရန်သူတစ်ဦးသကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သူ့ထံမှ ရှောင်ဖယ်ပြီး ဝေးကွာစေလျက်၊ သူ့ကို နာကျင်မှုနှင့် ဒုက္ခဝေဒနာတို့ကိုသာ ပေးလျက်ဖြင့် ကျွန်တော်သည် ဘုရားသခင်အပေါ် ခုခံတတ်ခဲ့ပြီး နားလည်မှုလွဲခဲ့ပါသည်။ သို့သော်၊ ဘုရားသခင်သည် ကျွန်တော်၏ ဆန့်ကျင်ခြင်း၊ မိုက်မဲခြင်းနှင့် မသိနားမလည်မှုတို့ကို အာရုံမစိုက်ခဲ့ဘဲ၊ ထိုအစား ကျွန်တော့်ကို ပြစ်တင်ဆုံးမပြီး ပဲ့ပြင်မည့် အခြေအနေတစ်ခုကို ပြင်ဆင်ပေးခဲ့သည်။ သူ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော နည်းလမ်းဖြင့်လည်း ကျွန်တော့်ကို အလင်းပေးပြီး လမ်းပြခဲ့ပါသည်။ ထိုသို့ဖြင့် သူ့အပေါ် ကျွန်တော့်၏ ခုခံတတ်ခြင်းနှင့် နားလည်မှုလွဲခြင်းမှ ကျွန်တော့်ကို ဖယ်ရှားခဲ့ပြီး သူ့ထံ ကျွန်တော့်၏ စိတ်နှလုံးကို လွဲအပ်စေနိုင်ခဲ့သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်တော့်ကို အရှက်ရစေခဲ့ပါသည်။ ကျွန်တော်သည် မနေနိုင်တော့ဘဲ ကိုယ်တော့်ရှေ့မှောက် မြေပေါ် ဝပ်စင်းလျက် ကိုယ့်ကိုယ်ကိုယ် ပစ်လှဲပြီး၊ “ ဘုရားရှင်။ ကိုယ်တော့်အပေါ် ကျွန်တော် ယုံကြည်ခြင်းရှိခဲ့တယ်လို့ ကျွန်တော် ကြွေးကြော်ခဲ့ပေမယ့် ကိုယ်တော့်ကို လုံးဝ မသိရှိခဲ့ပါ။အချက်တိုင်းမှာ၊ ကျွန်တော် ကိုယ်တော့်အပေါ် ခုခံတတ်ခဲ့ပြီး နားလည်မှုလွဲခဲ့ပါတယ်။ ကျွန်တော် အရမ်းကို တကယ် ဖောက်ပြန်လွန်းတတ်ခဲ့တယ်။ ကိုယ်တော့်ကို ကျွန်တော် လုံးလုံးလျားလျား နာကျင်စေခဲ့သလို ကိုယ်တော့်ရှေ့ကို လာဖို့ ကျွန်တော် မထိုက်တန်ပါဘူး။ ဘုရားရှင်။ ဒီနေ့ ကိုယ်တော့်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေက လူတွေဆီ ကယ်တင်ခြင်း ဆောင်ကျဉ်းဖို့ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်စေခဲ့သလို၊ ကိုယ်တော့်အပေါ် ကျွန်တော့်ရဲ့ အထင်အမြင်လွဲမှားမှုကို နည်းနည်းစီ ဖယ်ရှားပေးပါတယ်။ ဘုရားရှင်။ သမ္မာတရားရရှိဖို့နဲ့ စုံလင်ခံရဖို့ နောက်ထပ် အခွင်းအရေးတစ်ခုတစ်လေကိုမှ ကျွန်တော် မလွဲချင်ပါဘူး။ သမ္မာတရားကို လိုက်စားဖို့နဲ့ ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်လည်ဆပ်ပေးဖို့ ကျွန်တော့်တာဝန်ကို ဖြည့်ဆည်းဖို့ပဲ ကျွန်တော် ဆန္ဒရှိပါတယ်” ဟု ပြောလိုက်သည်။ ကျွန်တော် ဆုတောင်းပြီးသည့်နောက်တွင်၊ ကျွန်တော့်နှလုံးသားထဲတွင် ဘုရားသခင်နှင့် အလွန် နီးစပ်သွားသလို ခံစားခဲ့ရပြီး ယခု သူ့ကို စိတ်ကျေနပ်စေဖို့ နည်းလမ်းတစ်ခုကို ရှာဖွေရန် ဆန္ဒပြင်းပြမှု ရှိခဲ့ပါသည်။

နောက်ရက်အနည်းငယ်အကြာတွင်၊ ကျွန်တော့်ခေါင်းဆောင်များက ကျွန်တော် ပါဝင်နိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် လာမည့် ရွေးကောက်ပွဲအကြောင်းကို ကျွန်တော်နှင့်အတူ တစ်ဖန် မိတ်သဟာယပြုခဲ့ကြသည်။ ဤသည်မှာ နောင်တအတွက် ဘုရားသခင်ပေးသော အခွင့်အရေးတစ်ခု ဖြစ်သည်ကို ကျွန်တော် သိခဲ့ပြီး ယင်းကို ချစ်မြတ်နိုးရန် ကျွန်တော် အကောင်းဆုံးလုပ်ဖို့ ဆန္ဒရှိခဲ့ပါသည်။ ထို့ကြောင့် ဝမ်းသာစွာဖြင့် ကျွန်တော်က သူတို့ကို “ဟုတ်ကဲ့”ဟု ဆိုခဲ့သည်။ ကျွန်တော့်၏ အယူအဆလွဲများကို ပြောင်းလဲပြီး ဘုရားသခင်ကို ဆန့်ကျင်၍ ကျွန်တော်ရှိခဲ့သည့် ခုခံမှုကို ပစ်ထားခဲ့ကာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီးနောက် ရက်အနည်းငယ်အကြာတွင်၊ ကျွန်တော့် ညီအစ်ကို မောင်နှမများက ကျွန်တော့်ကို ခေါင်းဆောင်မှု တာဝန်တစ်ခု ဖြည့်ဆည်းရန် ရွေးချယ်ခဲ့ကြသည်။ ထိုအခိုက်အတန့်တွင်၊ ကျွန်တော် နက်နက်ရှိုင်းရှိုင်း တို့ထိခံခဲ့ရပြီး ကျွန်တော့်၏ မျက်လုံးများက ကျေးဇူးတင်ရှိသော မျက်ရည်များဖြင့် ပြည့်လျှံခဲ့သည်။ ဤသည်မှာ ကျွန်တော့်အပေါ် အပ်နှင်းသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်ကို ရင်ထဲက ကျွန်တော် သိခဲ့ပါသည်။ ပြီးလျှင် ကျွန်တော် လုပ်ချင်သမျှမှာ သမ္မတရားကို လိုက်စားခြင်းနှင့် ကျွန်တော့်တာဝန်ကို ဖြည့်ဆည်းရာတွင် ကြိုးစားလုပ်ဆောင်ဖို့နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ပေးရန် တကယ့်လုပ်ဆောင်ချက်များကို အသုံးပြုဖို့ ဖြစ်ပါသည်။

ဤအတွေ့အကြုံအပေါ် ပြန်ကြည့်သည့်အခါ ဘုရားသခင်အကြောင်း ကျွန်တော့်၏ အယူအဆလွဲမှားမှုများမှ ကျွန်တော့်ကို နည်းနည်းချင်း ဖယ်ရှားခဲ့ပြီး ကိုယ်တော်၏ စိတ်သဘောထား ကြီးမြတ်မှုနှင့် မြင့်မြတ်မှုတို့ကို အသိအမှတ်ပြုခြင်းတစ်ခု ကျွန်တော့်ကို ပေးခဲ့သည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ ဖြစ်သည်ကို ကျွန်တော် သိပါသည်။ ကယ်တင်ခြင်းအမှုကို ဘုရားသခင် လုပ်ဆောင်နေစဉ်တွင်၊ ကျွန်တော်တို့အထဲ၌ ဆန့်ကျင်မှု၊ ဖောက်ပြန်ပျက်စီးခြင်း သို့မဟုတ် အာခံမှုပင်လျင် မည်မျှ ထုတ်ဖော်ပြပါစေ၊ ပြောင်းလဲမှုတစ်ခုလုပ်ဖို့ ကျွန်တော်တို့ ဆန္ဒအနည်းငယ် ရှိကြသရွေ့၊ ဘုရားသခင်က ကျွန်တော်တို့ကို စွန့်ပစ်မည်မဟုတ်ပါ။ ထို့ထက်၊ သူသည် ကျွန်တော်တို့ အယောက်တိုင်းဆီသို့ အကြီးမားဆုံး ကယ်တင်ခြင်းကို ယူဆောင်လာပါလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက တရားစီရင်ခြင်းနှင့် ရှုတ်ချခြင်းတို့ ပါရှိသော်လည်း၊ ကျွန်တော်တို့ကို အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ကို သူ အမြဲပေးပါသည်။ ဤသည်မှာ ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်မှုတို့အပေါ် ပို၍ပင် နက်ရှိုင်းသည့် ရွံရှာစက်ဆုပ်မှုရရှိနိုင်ဖို့ နှင့် သမ္မာတရားကို လိုက်စားပြီး စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိဖို့ရန် ကြိုးစားလုပ်ဆောင်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ဘုရားသခင်၏အနှစ်သာရသည် လူသားယုံကြည်ရုံ အတွက်သာ မဟုတ်ပေ။ လူသား ချစ်ခင်ရန်အတွက်လည်း ဖြစ်၏။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သော သူများစွာတို့သည် ဤ “လျှို့ဝှက်ချက်” ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိကြပေ။ လူတို့သည် ဘုရားသခင်ကို မချစ်ရဲကြ၊ ဘုရားသခင်ကို ချစ်ရန်အတွက်လည်း မကြိုးစားကြပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ချစ်ခင်ဖွယ်ရာများ များစွာရှိသည်ကို သူတို့သည် တစ်ခါမျှ မသိခဲ့ပေ။ ဘုရားသခင်သည် လူသားကို ချစ်သောဘုရားဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားချစ်ရန်အတွက် ဖြစ်ကြောင်းကို သူတို့တစ်ခါမျှ မသိခဲ့ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်) ဘုရားသခင်၏ အနှစ်သာရမှာ လှပပြီး ကောင်းမြတ်ပါသည်။ သူနှင့်ပတ်သက်၍ ချစ်ဖို့ကောင်းသည့် အရာများစွာ ရှိပါသည်။ ဤအရာကို အတွေ့အကြုံမှတဆင့် ကျွန်တော်တို့ တကယ် အသိအမှတ်ပြုပြီး နားလည်ဖို့လိုပါသည်။ ယခုမှစ၍၊ ကျွန်တော့်အတွက် ဘုရားသခင် စီစဉ်ပေးသည့် အခြေအနေထဲတွင် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ဖို့ ကြိုးစားရင်း၊ သမ္မာတရားကို ရှာဖွေဖို့ရန် အချိန်ကို ပိုမိုအသုံးပြုဖို့၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းသော အရည်အချင်းများကို ပို၍ပင် ရှာတွေ့ရန် နှင့် ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြစ်နိုင်သမျှမြန်မြန် ချထားခဲ့ပြီး ဘုရားသခင်နှင့်အတူ သဟဇာတဖြစ်လာဖို့ရန်အလို့ငှာ ဘုရားသခင်ကို သိရန်ကြိုးပမ်းဖို့ ကျွန်တော် ဆန္ဒရှိပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကောင်းချီးများကို လိုက်စားခြင်းသည် ဘုရားအလိုတော်နှင့် ညီပါသလား

ခဲ့လော့ဒ် အင်္ဂလန်နိုင်ငံ ၂၀၁၈ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံဖို့ ကျွန်တော် အခွင့်ကောင်းရခဲ့တယ်။...

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် လွတ်မြောက်ပြီ

နောက်ဆုံးသော ကာလ ဘုရားအမှုတော်ကို လက်ခံပြီးတဲ့နောက် တစ်လအကြာမှာ၊ ကျွန်မတို့ အသင်းတော် ခေါင်းဆောင် ကျန်းလင်းက ကျွန်မရဲ့ စိတ်ထက်သန်မှုကို...

သင် အလုပ်ခန့်သည့် လူများကို လုံးဝ သံသယမရှိခြင်း၏ အကျိုးဆက်

ရွှင်းချို အမေရိကန်နိုင်ငံ ပြီးခဲ့တဲ့နှစ်က အသင်းတော်ရဲ့ ရေလောင်းခြင်းနဲ့ ဧဝံဂေလိအလုပ်အတွက် ကျွန်မ ကြီးကြပ်ရေးမှူးဖြစ်ခဲ့တယ်။ စခါစဆိုတော့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။