ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် လူတို့ကို ရှုမြင်ခြင်းသည်သာ မှန်ကန်တိကျသည်

13.12.2022

ရှန့်ရှင်း တောင်ကိုရီးယားနိုင်ငံ

ဒီနှစ် မတ်လ ရက်တစ်ရက်မှာ၊ အသင်းတော်က ကျွန်မအစ်မကို သုံးသပ်ခိုင်းဖို့ သီးခြားခွဲထားတယ်တဲ့။ ကျွန်မ ရင်တုန်သွားတယ်။ ကိုယ့်နားကိုယ် မယုံနိုင်ခဲ့ဘူး။ ဘုရားကိုယုံကြည်ကတည်းက၊ အစ်မက ကျွန်မရဲ့ စံပြထိုက်တဲ့သူ ဖြစ်ခဲ့ပြီး၊ သူ့ကို ကျွန်မ လေးစား၊ အထင်ကြီးခဲ့တာလေ။ ဘုရားကို သူ တကယ်ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသလို သေချာပေါက် ကယ်တင်ခံရမှာပဲလို့ ခံစားခဲ့တာ။ သုံးသပ်ဆင်ခြင်ဖို့အတွက် သူသီးခြားထားခံရတာက ကျွန်မအတွက် လုံးဝမထင်မှတ်တဲ့ ဖြစ်ရပ်ပဲ။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက ဧဝံဂေလိဟောတဲ့နေရာမှာ တော်တယ်။ ယုံကြည်ကတည်းက၊ လူအများကြီးကို ပြောင်းလဲစေခဲ့သလို၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်ခဲ့တယ်။ အသင်းတော်အလုပ်အတွက် တစ်ခုခုလိုရင်၊ တက်တက်ကြွကြွ လုပ်ပြီး ဘယ်တော့မှ မငြင်းဘူး။ မနက်ကညထိ သူ့တာဝန်ကို သူလုပ်ပြီး၊ အရမ်းတက်ကြွတာ။ ကျွန်မကိုလည်း ဆုပိုတောင်းပြီး ဘုရားနဲ့နီးဖို့ မကြာခဏ ပြောခဲ့တယ်။ ဒါက သူ လက်တွေ့လုပ်ပုံပဲလို့ ကျွန်မ မြင်ခဲ့တာလေ။ မနက်မှာ သူ ပထမဆုံးလုပ်တာက ဘုရားကို ဆုတောင်းတာပဲ။ အချိန်ရတိုင်း ဓမ္မတေးသီချင်းတွေ နားထောင်ပြီး၊ အိပ်ရာမဝင်ခင်မှာတောင်၊ ဘုရားနှုတ်ကပတ်တော် ဖတ်ရွတ်တာကို နားထောင်တယ်။ သမ္မာတရားကို သူ တကယ် လိုက်စားခဲ့လို့ သုံးသပ်ဆင်ခြင်ဖို့အတွက် ဘာလို့ သူ သီးခြားထားခံခဲ့ရတာလဲ။ ခေါင်းဆောင်က အမှားလုပ်ခဲ့မိတာလား။ ကျွန်မ ဆက်တွေးနေမိတယ်။ “အရမ်းကို ထက်ထက်သန်သန် လိုက်စားသူတစ်ယောက်က ဘုရားအမြင်မှာ အရည်အချင်းမပြည့်မီရင်၊ ဘုရားရဲ့ ကယ်တင်တာခံရဖို့ ငါ့မှာ မျှော်လင့်ချက်မရှိဘူးပဲ။ ဘုရားက ကိုယ့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းရှိသမျှနဲ့ လုပ်ဖို့ တောင်းဆိုတယ်။ အဲဒါက ငါ မလုပ်ခဲ့ရသေးတဲ့ အရာတစ်ခုပဲ။ ငါလည်း သုံးသပ်ဆင်ခြင်ဖို့အတွက် သီးခြားအပို့ခံရမှာလား။ အဲဒီလိုဖြစ်ရင်၊ အဲဒီကိစ္စကို ငါ ဘယ်လို သဘောထားသင့်လဲ။ ဘုရားကို ငါ ဆက်ယုံကြည်နိုင်ပါ့မလား”လို့ပေါ့။ အဲဒီအကြောင်းပိုတွေးလေ၊ အကျပ်တွေ့တဲ့ ခံစားချက်ရဲ့ ဖမ်းဆုပ်တာ ခံရသလိုမျိုး စိတ်မသက်မသာ ဖြစ်လေပဲ။ တစ်နေ့မှာ အထုတ်ခံရမှာပဲလို့ အမြဲ ခံစားခဲ့ရတယ်။ ဒီအချိန်မှာ အရမ်းလည်း ဝမ်းနည်းမိတယ်။ ဘုရားကို စသတိထားလာမိတယ်၊ ကိုယ့်တာဝန်ကို ငြီးငွေ့ပြီး စုဝေးပွဲမှာ မိတ်သဟာယပြုဖို့ မလိုမလားဖြစ်နေခဲ့တယ်။ သူက စည်းမျဉ်းမရှိဘဲ ဧဝံဂေလိဟောပြီး ထင်ရာမြင်ရာ ပြုမူခဲ့တာ။ သူဟောတဲ့ တချို့လူတွေက မကောင်းတဲ့ လူ့သဘာဝရှိကြသလို၊ တချို့က ဘုရားကို အစစ်အမှန် မယုံဘဲ၊ ကပ်ပါးရပ်ပါးတွေ သက်သက်ပဲ။ သူလုပ်တာက စည်းမျဉ်းတွေနဲ့ လုံးဝ မကိုက်ခဲ့ဘူး။ ညီအစ်ကို မောင်နှမတွေက သူ့ကို အကြိမ်တော်တော်များများ သတိပေးပြီး ကူညီခဲ့ကြပေမဲ့ သူက လက်မခံခဲ့ဘူး။ “လူတွေလာတော့ ဘာလို့ သူတို့ကို မဟောပဲနေရမှာလဲ”လို့လည်း ပြောရင်းနဲ့ ငြင်းခုံခဲ့တယ်။ တစ်ခါတလေ ကိစ္စတွေကို လက်ခံပုံရပေမဲ့၊ စည်းမျဉ်းတွေကို မလိုက်လျှောက်ဘဲရှိနေသေးသလို၊ ဧဝံဂေလိအလုပ်ကို အနှောင့်အယှက် ဖြစ်သွားစေခဲ့ပြီး ကိုယ့်သဘောနဲ့ ဆက်လုပ်နေခဲ့တယ်။ ကိစ္စတွေ ဖြစ်တော့၊ သင်ခန်းစာ မယူဘူး၊ အမြဲ ငြင်းခုံခဲ့သလို၊ အပျက်သဘောဆောင်ခြင်းနဲ့ အယူအဆတွေကို ဖြန့်နေခဲ့တယ်။ တစ်ခါ၊ လူသစ်စုဝေးပွဲမှာ သူက ပြောတယ်။ “ကျွန်မက ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့၊ ကိုယ့်မိသားစုနဲ့ စီးပွားရေးလုပ်ငန်းကို စွန့်ခဲ့ပြီး၊ ဆင်းရဲဒုက္ခခံ၊ အဖိုးအခပေးခဲ့ပေမဲ့၊ ကျွန်မဘဝမှာ အခက်အခဲတွေ အများကြီး ရှိနေတုန်းပဲ။ ဘုရားက ဘာလို့ ကျေးဇူးပြုပြီး ကောင်းချီးမပေးတာလဲ။” အဲဒါကိုကြားပြီးတော့ လူသစ်တချို့လည်း အယူအဆတွေရှိပြီး၊ ဘုရားကို သူနဲ့ လိုက်ပြီး မကျေမနပ်ဖြစ်ခဲ့ကြတယ်။ သူက မူမရှိသလို၊ သူရဲ့ တရားဟောချက်မှာ မဆင်မခြင် အမြဲဖြစ်လို့၊ လူတွေကို လှည့်ဖြားဖို့ အသင်းတော်အလုပ်ကို နှောင့်ယှက်တဲ့ အပျက်သဘောဆောင်ခြင်းနဲ့ အယူအဆတွေကို ဖြန့်လို့၊ ပြီးတော့ နောင်တရဖို့ လက်မခံလို့၊ သုံးသပ်ဆင်ခြင်းဖို့အတွက် သီးခြားထားခံခဲ့ရတာပဲ။

သူ့အပြုအမူအကြောင်း ကြား‌တော့ ကျွန်မ အံ့ဩသွားတယ်။ အမှန်လို့ မယုံနိုင်ခဲ့ဘူး။ အရင်က သူ့ဆီကနေ ကျွန်မ မြင်ခဲ့ရတဲ့ အပြုအမူကောင်း အားလုံးက အထင်မှားတာ သက်သက်ပဲလားပေါ့။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “အချို့လူများက ပြောကြသည်မှာ ‘လူတစ်ယောက်သည် ဘုရားနှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်ပြီး သမ္မာတရားကို နေ့စဉ် မိတ်သဟာယဖွဲ့လျှင်၊ သူ့တာဝန်ကို ပုံမှန် ထမ်းဆောင်နိုင်လျှင် သမ္မာတရားလိုက်စားကြောင်းကို ပြသလော။ လူတစ်ယောက်သည် ဘုရားအိမ်တော်က စီစဉ်ပေးသမျှကို လုပ်ပြီး နှောင့်ယှက်ဖျက်ဆီးခြင်း လုံးဝ မလုပ်လျှင်၊ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့်အချိန်များ ရှိနိုင်သော်လည်း သိသိကြီးနှင့် လုပ်ခြင်း၊ ရည်ရွယ်ပြီးလုပ်ခြင်း မဟုတ်လျှင် သမ္မာတရားလိုက်စားကြောင်းကို ပြသလော’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ မေးခွန်းကောင်းဖြစ်သည်။ ဤသို့သော အတွေးသည် လူအများစု၏ စိတ်ထဲတွင်ရှိသည်။ ရှေးဦးစွာ လူတစ်ယောက်သည် ဤသို့သော ကျင့်သုံးမှုကို မပြောင်းမလဲဘဲ လိုက်နာခြင်းအားဖြင့် သမ္မာတရားကို နားလည်ပြီး ရသွားနိုင်ခြင်း ရှိမရှိကို သင်သဘောပေါက်ရမည်။ ၎င်းတို့သည် ဤသို့ ရနိုင်သလော။ သင်တို့ အဘယ်သို့ဆိုမည်နည်း။ (ဤသို့သော ကျင့်သုံးမှုသည် အားလုံး မှန်ကန်ပါသည်။ သို့သော် ဘာသာရေး ထုံးတမ်းဓလေ့နှင့် ပို၍ ဆင်တူပါ၏။ ယင်းက စည်းကမ်းလိုက်နာခြင်း ဖြစ်ပါသည်။ သမ္မာတရားကို နားလည်အောင်ဖြစ်စေ၊ ရရှိအောင်ဖြစ်စေ မလုပ်ပေးနိုင်ပါ။) ဤသို့ဆိုလျှင် ဤအပြုအမူများသည် စင်စစ်အားဖြင့် မည်သည့်အမျိုးအစားဖြစ်သနည်း။ (အပေါ်ယံဆန်သည့် အပြုအမူကောင်းမျိုး ဖြစ်ပါသည်။) ဤအဖြေကို ငါနှစ်သက်သည်။ ထိုအရာများသည် အပြုသဘောဆောင်သော ပညာရေးကို လူတို့ဆည်းပူးခဲ့ရသည့် ရလဒ်အနေဖြင့် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား အခြေခံအုတ်မြစ်မှ ထွက်ပေါ်လာသော အပြုအမူကောင်းများသာ ဖြစ်သည်။ သို့သော် ထိုအရာများသည် အပြုအမူကောင်းများထက် မပိုပေ။ သမ္မာတရားလိုက်စားခြင်း လုံးဝမဟုတ်ချေ။ ဤသို့ဆိုလျှင် ဤအပြုအမူများ၏ အောက်ခြေတွင်ရှိသည့် အရင်းခံအကြောင်းမှာ အဘယ်နည်း။ မည်သည့်အရာက ဤအပြုအမူများကို ဖြစ်ပေါ်စေသနည်း။ ဤအပြုအမူများသည် လူသား၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ ၎င်းတို့၏ ကိုယ်ကျင့်တရား အမြင်၊ ဘုရားသခင်အား ယုံကြည်မှုအပေါ် ၎င်းတို့၏ နှစ်သက်လက်ခံသော ခံစားချက်များ၊ ၎င်းတို့၏ မိမိကိုယ်ကို ချုပ်တည်းမှုများမှ ထွက်ပေါ်လာသည်။ ၎င်းတို့တွင် အပြုအမူကောင်း ရှိခြင်းသည် သမ္မာတရားနှင့် ဆက်စပ်မှုမရှိ။ ယင်းတို့က တူညီသောအရာ လုံးဝ မဟုတ်။ အပြုအမူကောင်းဆိုသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် မတူပေ။ ကောင်းစွာ ပြုမူသောသူကို ဘုရားသခင်က နှစ်သက်လက်ခံမည်ဟု တပ်အပ်ဆို၍ မရချေ။ အပြုအမူကောင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မတူညီသောအရာနှစ်ခု ဖြစ်သည်။ အချင်းချင်း ဆက်စပ်မှုမရှိ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရေးမှာ ဘုရားသခင်တောင်းဆိုထားသည့် အရာဖြစ်ပြီး ဘုရားအလိုတော်နှင့် အလုံးစုံ ကိုက်ညီသည်။ အပြုအမူကောင်းကမူ လူ့စိတ်မှလာပြီး လူ့ရည်ရွယ်ချက်များနှင့် အရင်းခံအကြောင်းများ ပါနေသည်။ ယင်းသည် လူသားက ကောင်းသည်ဟု မြင်သောအရာဖြစ်၏။ အပြုအမူကောင်းသည် မကောင်းသောလုပ်ရပ် မဟုတ်သော်လည်း သမ္မာတရား စည်းမျဉ်းများကို ဆန့်ကျင်ပြီး သမ္မာတရားနှင့် လုံးဝမသက်ဆိုင်ပေ။ အပြုအမူကောင်းသည် မည်သို့ကောင်းမွန်သည်ဖြစ်စေ၊ လူ့အယူအဆများ၊ စိတ်ကူးများနှင့် မည်သို့ကိုက်ညီသည်ဖြစ်စေ သမ္မာတရားနှင့် ဆက်စပ်မှုမရှိ။ ထို့ကြောင့် အပြုအမူကောင်းက မည်မျှပင် များပြားနေပါစေ ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရမည်မဟုတ်။ အပြုအမူကောင်းကို ဤသို့ အဓိပ္ပာယ်ဖွင့်ထားသည် ဖြစ်၍ ယင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် မပတ်သက်သည်မှာ သိသာလှ၏။...ဤအပြုအမူများသည် လူသား၏ ပုဂ္ဂလဓိဋ္ဌာန်ဆန်သော အားထုတ်မှုများ၊ အယူအဆများ၊ နှစ်သက်မှုများနှင့် ကိုယ်ပိုင်သဘောဆန္ဒတို့မှ အရင်းခံလာသည်။ ယင်းတို့သည် သမ္မာတရားကို လက်ခံပြီးသောကြောင့်၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီးသောကြောင့် လူသား၏ မိမိကိုယ်ကို အမှန်တကယ် သိမြင်မှုအပြီးတွင် ဖြစ်ပေါ်လာသော နောင်တရခြင်း သရုပ်သကန်များမဟုတ်သကဲ့သို့ ဘုရားသခင်ကို နာခံရန် ကြိုးစားခြင်းမှ ဖြစ်ပေါ်လာသော သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် အပြုအမူများ၊ သို့မဟုတ် လုပ်ရပ်များလည်း မဟုတ်ပေ။ ဤအရာကို သင်နားလည်သလော။ ဆိုလိုသည်မှာ ဤအပြုအမူများသည် မည်သည့်ပုံစံဖြင့်မဆို စိတ်သဘောထား ပြောင်းလဲခြင်းနှင့် မပတ်သက်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ခြင်းမှ ရလာသောအရာနှင့်လည်း မပတ်သက်၊ သို့မဟုတ် မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိလာခြင်းမှ ဖြစ်ပေါ်သော စစ်မှန်သည့် နောင်တနှင့်လည်း မပတ်သက်။ ဘုရားသခင်နှင့် သမ္မာတရားအပေါ် လူသား၏ စစ်မှန်သော နာခံခြင်းနှင့် သေချာပေါက် မပတ်သက်သကဲ့သို့ ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းနှင့် ချစ်ခြင်းနှလုံးသားနှင့်လည်း ပို၍ပင် မပတ်သက်ချေ။ အပြုအမူကောင်းသည် ဤအရာများနှင့် လုံးဝ မသက်ဆိုင်ပေ။ ယင်းသည် လူသားထံမှ လာသောအရာမျှသာ ဖြစ်သည်။ လူသားက ကောင်းသည်ဟု မြင်သောအရာသာ ဖြစ်သည်။ သို့တိုင်အောင် ဤအပြုအမူကောင်းများကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်သည့် လက္ခဏာအဖြစ် မြင်သော လူများစွာ ရှိကြသည်။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခုဖြစ်၏။ အဓိပ္ပာယ်မရှိသော၊ လွဲမှားသော အမြင်နှင့် နားလည်မှုဖြစ်သည်။ ဤအပြုအမူကောင်းများသည် ဘာသာရေး အခမ်းအနား လုပ်ဆောင်ခြင်းသာ ဖြစ်သည်၊ ဝတ်ကျေတမ်းကျေ လုပ်ဆောင်နည်းသာ ဖြစ်သည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် အနည်းငယ်မျှပင် ဆက်နွှယ်မှု မရှိပေ။ ဘုရားသခင်က ထိုအရာတို့ကို ချက်ချင်း ရှုတ်ချချင်မှ ရှုတ်ချမည်ဖြစ်သော်လည်း နှစ်သက်လက်ခံခြင်းကား မရှိပေ။ ဤအချက်မှာ သေချာသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၁)) တစ်ယောက်ယောက်က စွန့်လွှတ်နိုင်လို့၊ အသုံးခံ၊ ဆင်းရဲဒုက္ခခံ၊ အဖိုးအခပေးပြီး ကောင်းတဲ့ အလုပ်တချို့ လုပ်နိုင်လို့ပဲ သူတို့က သမ္မာတရားကို လိုက်စားပြီး၊ လက်တွေ့လုပ်တယ်လို့ မဆိုလိုမှန်း ဘုရားနှုတ်ကပတ်တော်ကနေ သိခဲ့ရတယ်။ ဒီသရုပ်သကန်တွေက စိတ်သဘောထား ပြောင်းလဲမှုတွေ မပါဘူး။ ဒါတွေက လူတွေရဲ့ တစ်ကိုယ်ရေ အားထုတ်မှု၊ အယူအဆနဲ့ အကြိုက်တွေပေါ် အခြေခံပြီး လက်တွေ့လုပ်တာတွေ သက်သက်ပါ။ နေ့တိုင်း အစ်မက ဘုရားနှုတ်ကပတ်တော်ဖတ်တာ၊ မကြာခဏ ဆုတောင်း၊ ဆင်းရဲဒုက္ခခံပြီး သူ့တာဝန်မှာ အဖိုးအခပေးတာကိုပဲ ကျွန်မ မြင်ခဲ့ပေမဲ့၊ ဆင်းရဲဒုက္ခခံခြင်းနဲ့ အသုံးခံခြင်းအတွက် သူ့ရဲ့ ရည်ရွယ်ချက်၊ သူ ပြောင်းလဲခဲ့ခြင်း ရှိမရှိ၊ ဒါမှမဟုတ် သူ့တာဝန်ကတစ်ဆင့် ရလဒ်ကောင်းတွေ ရခဲ့ခြင်းရှိမရှိ ဆိုတာတွေကို မကြည့်ခဲ့ဘူး။ ကိုယ့်ကိုယ်ပိုင်စိတ်ကူးတွေအရ၊ သူဟာ ဘုရားကို အစစ်အမှန် ယုံကြည်ပြီး သမ္မာတရား လိုက်စားတယ်လို့ တွေးခဲ့တယ်။ အရမ်းမိုက်မဲခဲ့တာပါ။ အပြင်ပန်းမှာတော့၊ သူက သူ့တာဝန်နဲ့ နေ့တိုင်း အလုပ်များပြီး၊ အသင်းတော် စီစဉ်တဲ့အရာ ဘယ်အရာကိုမဆို လုပ်ပုံရပေမဲ့၊ စည်းမျဉ်းမရှိဘဲ သူ့တာဝန်လုပ်ခဲ့တယ်၊ မာနထောင်လွှားပြီး ထင်ရာမြင်ရာ ပြုမူခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက အကြိမ်တော်တော်များများ သတိပေးပြီး ကူညီခဲ့ကြပေမဲ့၊ ဒါတွေကို လုံးဝ လက်မခံခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ဘူး။ ပြီးတော့ အသင်းတော်မှာ အယူအဆတွေ ဖြန့်ပြီး အသင်းတော် အသက်တာကို နှောင့်ယှက်ခဲ့တယ်။ ဒါက သူ့တာဝန်ကို သူလုပ်တာ ဘယ်လိုလုပ်ဖြစ်မှာလဲ။ သိသိသာသာကို မကောင်းမှု လုပ်နေတာပဲ။ အရင်က၊ သမ္မာတရားကို ကျွန်မ နားမလည်ခဲ့သလို၊ ချင့်ချိန်နိုင်စွမ်း မရှိခဲ့လို့၊ သူ့ကို စံပြုထိုက်သူအနေနဲ့ စဉ်းစားခဲ့တယ်။ အခု ဘုရားနှုတ်ကပတ်တော်ကို ကျင့်သုံးခြင်းအားဖြင့်၊ သူ့ရဲ့ အပြင်ပန်းအလုပ်၊ စွန့်လွှတ်တာ၊ အသုံးခံတာက အလွန်ဆုံး ကောင်းတဲ့ အပြုအမူပဲ ဖြစ်တာကို မြင်ရတယ်။ သမ္မာတရားကို လက်တွေ့လုပ်တာနဲ့ ဘာမှမပတ်သက်ဘူး။ နှစ်အများကြီး ဘုရားကို ယုံကြည်ခဲ့ပေမဲ့၊ သမ္မာတရားကို သူ လုံးဝ လက်တွေ့မလုပ်ခဲ့သလို၊ အပျက်သဘောဆောင်တဲ့ စိတ်ကူးတွေကို ဖြန့်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်နိုင်ခဲ့တယ်။ သူက သမ္မာတရားကို ရှာဖွေ၊ လက်ခံတဲ့သူတစ်ယောက် နည်းနည်းမှ မဟုတ်ခဲ့ဘူး။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ဖတ်ပြီး၊ သူ့စိတ်သဘောထားနဲ့ သမ္မာတရားကို ငြီးငွေ့ရတဲ့ အနှစ်သာရအပေါ် သိမြင်မှုတချို့ ရခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သမ္မာတရားအား စိတ်ကုန်ခြင်းကို ပြသသော အဓိကနည်းလမ်းများမှာ သမ္မာတရားကို ကြားရသောအခါတွင် ယင်းကို မနှစ်သက်သည့် ခံစားချက်သက်သက်တင်မဟုတ်ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မလိုလားခြင်းလည်း ပါဝင်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အချိန်ကျသောအခါ ဤသို့သောသူသည် နုတ်ထွက်သည်။ သမ္မာတရားသည် ၎င်းတို့နှင့် လုံးဝ မသက်ဆိုင်ပေ။ စုဝေးပွဲများပြုလုပ်စဉ်တွင် လူအချို့က မိတ်သဟာယပြုသောအခါ အလွန်တက်ကြွသည့်ပုံစံရှိသည်။ ၎င်းတို့သည် သူတစ်ပါးတို့ကို လှည့်စားပြီး စည်းရုံးရန်အတွက် အယူဝါဒစကားများကို ထပ်ခါထပ်ခါပြောဆိုခြင်း၊ အဆင့်မြင့်သော ဖော်ပြချက်များကို ပြုလုပ်ခြင်းတို့ကို နှစ်သက်ကြသည်။ ယင်းသည် ၎င်းတို့ကို အမြင်ကောင်းစေသည်။ ကျေနပ်စေသည်။ ပြီးလျှင် ၎င်းတို့က အဆုံးမဲ့ မရပ်မနားပြောဆိုကြသည်။ ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်ဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ဓမ္မသီချင်းများကို နားထောင်ခြင်း၊ မှတ်စုယူခြင်းတို့ဖြစ်သော ယုံကြည်ခြင်းဆိုင်ရာ အမှုအရာများဖြင့် တစ်နေကုန် အလုပ်ရှုပ်နေသောသူများရှိသည်။ အချိန်တစ်ခဏမျှပင် ဘုရားသခင်နှင့် မကင်းကွာနိုင်သကဲ့သို့ဖြစ်သည်။ အရုဏ်ဦးမှ ညဥ့်နက်သည်အထိ ၎င်းတို့သည် တာဝန်များထမ်းဆောင်လျက် အလုပ်ရှုပ်နေကြသည်။ ဤသို့ဆိုလျှင် ဤလူများသည် သမ္မာတရားကို အမှန်တကယ်ချစ်သလော။ သမ္မာတရားကို စိတ်ကုန်သော စိတ်သဘောထားမရှိသလော။ အကြင်သူသည် မိမိ၏ မှန်ကန်သော အခြေအနေကို မြင်နိုင်သည်မှာ မည်သည့်အချိန်နည်း။ (သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အချိန်ရောက်သောအခါ ထိုသူတို့သည် သမ္မာတရားကို ရှောင်ကြဉ်ကြသည်။ ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခံရခြင်းကို ကြုံတွေ့သောအခါ ယင်းကို လက်ခံရန် မလိုလားကြပေ။) ဤသည်မှာ ၎င်းတို့ကြားသောအရာကို နားမလည်သောကြောင့်ဖြစ်နိုင်သလော၊ သို့မဟုတ် သမ္မာတရားကို နားမလည်သောကြောင့် လက်ခံရန် မလိုလားခြင်းဖြစ်နိုင်သလော။ တစ်ခုမျှ မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့သဘာဝ၏ စိုးမိုးခြင်းကို ခံရသည်။ ပြဿနာက စိတ်သဘောထားနှင့်သက်ဆိုင်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး အပြုသဘောဆောင်သောအရာများဖြစ်ကြောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မိမိ၏စိတ်သဘောထားပြောင်းလဲမှုကို ဖြစ်စေနိုင်ပြီး လူတစ်ယောက်ကို ဘုရားအလိုတော်ကို ကျေနပ်စေအောင် ပြုလုပ်ပေးနိုင်သည်တို့ကို ၎င်းတို့ ကောင်းစွာ သိကြသည်။ သို့သော် ယင်းတို့ကို ရိုးရှင်းစွာပင် လက်မခံကြပေ၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ကြပေ။ ဤသည်မှာ သမ္မာတရားကို စိတ်ကုန်ခြင်းဟူသည့်အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်) လူတစ်ယောက်ဟာ၊ စွန့်လွှတ်နိုင်ရင်၊ အသုံးခံပြီး တာဝန်ထမ်းနိုင်ရင် သမ္မာတရားကို လိုက်စားနေတာပဲလို့ ကျွန်မအမြဲတမ်း ထင်ခဲ့တယ်။ အခုတော့ ဒီအမြင်က သမ္မာတရားနဲ့ မကိုက်မှန်း တွေ့ရတယ်။ လူတစ်ယောက် ဘယ်လိုပဲ ဆင်းရဲဒုက္ခခံပြီး အသုံးခံပုံပေါ်ပါစေ၊ ကိစ္စတွေ ဖြစ်တဲ့အခါ သမ္မာတရားကို လုံးဝ လက်မခံ၊ လက်တွေ့မလုပ်ရင်၊ သူတို့ကိုယ်ပိုင်ဆန္ဒကို ခေါင်းမာမာနဲ့ မှီခိုပြီး၊ တာဝန်ကို စည်းမျဉ်းအတိုင်း မလုပ်ဆောင်ရင်၊ သမ္မာတရားကို ငြီးငွေ့တဲ့ လူတွေပဲ ဖြစ်ပြီး၊ ဘုရားကို ဘယ်လောက်ကြာကြာ ယုံကြည်ပါစေ၊ သူတို့ ပြောင်းလဲမှာ မဟုတ်ဘူး။ ဒါကို ကျွန်မအစ်မရဲ့ အပြုအမူနဲ့ ယှဉ်ကြည့်လိုက်တော့၊ အပြင်ပန်းမှာ သူက ဘုရားတရား ကိုင်းရှိုင်းပုံပေါ်ပြီး၊ မကြာခဏ ဘုရားနှုတ်ကပတ်တော်ကို ဖတ်၊ ဓမ္မတေးတွေ နားထောင်၊ ဆုတောင်း၊ ဆင်းရဲဒုက္ခခံပြီး သူ့တာဝန်မှာ အဖိုးအခပေးခဲ့ပေမဲ့၊ ပြီးတော့ ဘုရားကို အစစ်အမှန် ယုံကြည်ပြီး သမ္မာတရား လိုက်စားတဲ့ သူတစ်ယောက် ဖြစ်ပုံရပေမဲ့၊ အမှန်တော့ သမ္မာတရားကို သူ လုံးဝ လက်မခံခဲ့ဘူးပဲ။ သူက သူ့တာဝန်မှာ တစ်သမတ်တည်း ဖြစ်သလိုလုပ်ပြီး ထင်ရာမြင်ရာ ပြုမူခဲ့တယ်။ သူ့ပြဿနာတွေကို ညီအစ်ကို မောင်နှမတွေက ထောက်ပြကြတဲ့အခါ၊ အမြဲငြင်းခုံပြီး ကျိုးကြောင်းပြ ပြောတယ်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မသုံးသပ်ခဲ့ဘူး၊ နှစ်ချီ ဘုရားကို ယုံကြည်ပြီးတဲ့ နောက်မှာ သူ့စိတ်သဘောထားက မပြောင်းလဲသေးဘူး။ သူက ဘုရားဖော်ပြတဲ့ သမ္မာတရားကို ငြီးငွေ့တဲ့ မယုံကြည်သူတွေထဲက တစ်ယောက်ပဲ။ သူ့အနေနဲ့ စွန့်လွှတ်၊ အသုံးခံ၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခ ပေးနိုင်ခဲ့ပေမဲ့၊ ဒါတွေကို ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေအတွက် အလှဲအလှယ်အနေနဲ့ လုပ်ခဲ့တာ။ ဘုရားစီစဉ်တဲ့ ပတ်ဝန်းကျင်က သူ့ဆန္ဒအတိုင်း မဟုတ်တော့၊ သူ ညည်းပြီး မကျေမနပ်ဖြစ်ခဲ့တယ်။ အပျက်သဘောကို ဖြန့်ပြီး၊ ညီအစ်ကို မောင်နှမတွေကို နှောင့်ယှက်ခဲ့တယ်။ သူ့မှာ ဘုရားကို ကြည်ညိုကြောက်ရွံ့မှု နည်းနည်းမှ မရှိခဲ့တာ သိသာတယ်။ ဘုရားအတွက် အသုံးခံခဲ့ချိန်မှာ၊ သူက ဘုရားကို အပေးအယူလုပ်ပြီး လှည့်ဖြားနေခဲ့တာပဲ။ လူတွေက တခြားလူတွေရဲ့ သွင်ပြင်ကို ကြည့်ကြတယ်။ တခြားလူတွေက ဆင်းရဲဒုက္ခခံပြီး လုပ်ဆောင်ချက်ကောင်းတွေ လုပ်နိုင်တာ မြင်တော့၊ လူကောင်းတွေလို့ ယူမှတ်ကြတယ်။ ဒါပေမဲ့ ဘုရားက လူတွေရဲ့ စိတ်နှလုံးနဲ့ အနှစ်သာရအပြင် သမ္မာတရားအပေါ် သူတို့ရဲ့ သဘောထားကို ကြည့်တယ်။ တစ်ယောက်ယောက်က သမ္မာတရားကို လက်ခံနိုင်ပြီး၊ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကို ရင်ဆိုင်ရချိန်မှာ၊ သမ္မာတရားကို ရှာဖွေ၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်ရင်၊ စစ်မှန်တဲ့ ကိုယ့်ကိုယ်ကိုယ် အသိနဲ့ မုန်းတီးခြင်းကို ရရှိနိုင်ပြီး၊ စစ်မှန်တဲ့ နောင်တဖြစ်စေနိုင်ရင်၊ ဒါက သမ္မာတရားကို လိုက်စားပြီး ချစ်မြတ်နိုးတဲ့ လူတစ်ယောက်၊ ဘုရားက ကယ်တင်မဲ့ လူတစ်ယောက်ပဲ။ တစ်ယောက်ယောက်ရဲ့ သဘာဝက ခေါင်းမာပြီး သမ္မာတရားကို ငြီးငွေ့ရင်၊ ဘုရားကို နှစ်ချီ ယုံကြည်ပြီးတဲ့နောက် သူတို့ စိတ်သဘောထား နည်းနည်းမှ မပြောင်းလဲရင်၊ အပြင်ပန်းမှာ ကောင်းတဲ့ လုပ်ဆောင်ချက် အများကြီး လုပ်ရင်တောင်၊ ဒါတွေက သူတော်ကောင်းယောင်ဆောင်ခြင်းနဲ့ ဟန်ဆောင်ခြင်းပဲ ဖြစ်တယ်။ ဖာရိရှဲတွေက ဘုရားတရား ကိုင်းရှိုင်းပုံရပြီး ကောင်းတဲ့ လုပ်ဆောင်ချက်တွေ လုပ်ခဲ့ပေမဲ့၊ သူတို့ရဲ့ သဘာဝက သမ္မာတရားကို ငြီးငွေ့ပြီး အထင်သေးတာဖြစ်ခဲ့တယ်။ သခင်ယေရှုက သမ္မာတရားကို ဖော်ပြပြီး လူတွေကို ကယ်တင်ဖို့ အမှုပြုခဲ့ချိန်မှာ၊ သူ့ကို သူတို့ အရူးအမူ အတိုက်အခံလုပ်ပြီး ရှုတ်ချခဲ့ကြတယ်။ နောက်ဆုံးမှာ သူ့ကို ကားတိုင်မှာ သံမှိုရိုက်ခဲ့ကြတယ်။ အဲဒီအတွက် ဘုရားရဲ့ ကျိန်ဆဲပြီး အပြစ်ပေးတာကို ခံခဲ့ကြရတယ်။ အဲဒီအခါမှပဲ ကျွန်မ နားလည်သွားတယ်။ သမ္မာတရားမရှိဘဲနဲ့၊ ကျွန်မတို့က မသိနားမလည်ကြဘူး၊ လူတွေရဲ့ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြသလို၊ ဘယ်လူစားမျိုးကို ဘုရားက နှစ်သက်တယ်၊ ဘယ်လူစားမျိုးကို ကယ်တင်တယ်ဆိုတာကို နားမလည်ကြဘူးဆိုတာပေါ့။ သုံးသပ်ဆင်ခြင်ဖို့အတွက် ကျွန်မအစ်မ သီးခြားထားခံရတာကို ကြားစတုန်းက၊ နားမလည်ခဲ့ဘူး။ ခေါင်းဆောင်တွေက မစုံစမ်းမစစ်ဆေးခဲ့လို့၊ ပြီးတော့ အမှားတစ်ခုဖြစ်ခဲ့တာပဲလို့ တွေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျင့်သုံးခြင်းအားဖြင့်ပဲ သူ့လုပ်ရပ်တွေအတွက် ကျွန်မအစ်မ သီးခြားထားခံရတာဟာ စည်းမျဉ်းနဲ့ ညီသလို၊ ခေါင်းဆောင်တွေက အမှားလုပ်မိတာ မဟုတ်မှန်း ရှင်းရှင်း မြင်နိုင်ခဲ့တယ်။ ဒီအချိန်မှာ၊ အရမ်းကို စိတ်အေးလက်အေး ဖြစ်သွားတယ်။

နောက်ပိုင်းမှာ စတွေးမိတယ်။ ကျွန်မအစ်မက သုံးသပ်ဆင်ခြင်ဖို့အတွက် သီးခြားထားခံရတာကို သိချိန်မှာ၊ ဘုရားဆီကနေ လက်ခံသင့်မှန်းနဲ့ ဘုရားက ဖြောင့်မတ်မှန်း ကျွန်မ သိခဲ့ပေမဲ့၊ ကျွန်မမှာ အလိုလို ပူပန်မှုတွေ၊ စိုးရိမ်မှုတွေ အများကြီး ရှိဆဲ ဖြစ်ခဲ့တယ်။ ဘုရားကို ကျွန်မ ယုံကြည်တာ အချိန်မကြာသေးသလို၊ ကိုယ့်တာဝန်ကို ကောင်းကောင်း မလုပ်ခဲ့ရသေးလို့၊ တစ်နေ့ ကျွန်မ ဖယ်ရှားခံရပြီး ထုတ်ပယ်ခံရမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဘုရားကို စအထင်လွဲပြီး သိထားခဲ့တယ်။ ဒါပေမဲ့ ဒီနေရာမှာ ကျွန်မ သင်ယူဖို့လိုတဲ့ သင်ခန်းစာတွေ ရှိမှန်းလည်း သိခဲ့တယ်။ ဒါကြောင့် သူ့အလိုတော်ကို သိနားလည်အောင် လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ တစ်နေ့၊ စုဝေးပွဲတစ်ခုမှာ၊ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ခဲ့ရတယ်။ “သင်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရရန် ဆန္ဒရှိပါက၊ ကိစ္စရပ်အားလုံးတွင် မည်သို့ တွေ့ကြုံရမည်ကို သင်ယူရမည်ဖြစ်ပြီး၊ သင်၌ ဖြစ်ပျက်သည့် အရာရာတိုင်း၌ ဉာဏ်အလင်းပေးခြင်းကို ရယူနိုင်ရမည်ဖြစ်သည်။ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ယင်းသည် သင့်ကို အကျိုးကျေးဇူး ယူဆောင်လာပေးသင့်ပြီး၊ သင့်ကို အပျက်သဘော မဆောင်စေသင့်ပေ။ မည်သို့ဆိုစေ၊ သင်သည် ဘုရားသခင်၏ဘက်တွင် ရပ်နေစဉ် အမှုအရာများကို သုံးသပ်ဆင်ခြင်နိုင်သင့်ပြီး လူသား၏ ရှုထောင့်မှ ၎င်းတို့ကို မစိစစ်သင့်ပေ သို့မဟုတ် မလေ့လာသင့်ပေ (ဤသည်မှာ သင်၏အတွေ့အကြုံ၌ သွေဖည်မှု ဖြစ်ပေမည်)။ သင်သည် ထိုသို့တွေ့ကြုံပါက၊ သင်၏ စိတ်နှလုံးသည် သင့်အသက်တာ၏ ဝန်ထုပ်များဖြင့် ပြည့်နေလိမ့်မည်။ သင်သည် သင်၏ လက်တွေ့လုပ်ဆောင်မှုတွင် လွယ်လင့်တကူ မသွေဖည်ဘဲလျက်၊ ဘုရားသခင်၏ မျက်နှာအလင်းတွင် စဉ်ဆက်မပြတ် အသက်ရှင်လိမ့်မည် ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့ရှေ့တွင် တောက်ပသော အနာဂတ်ရှိလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ)ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များကြောင့် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော်ကနေ နားလည်ရတာက ကျွန်မအစ်မရဲ့ သီးခြားထားခံခြင်းကို ရင်ဆိုင်ရချိန်၊ ဘုရားအလိုတော်က ကျွန်မ သင်ခန်းစာတွေနဲ့ ချင့်ချိန်နိုင်စွမ်း သင်ယူသင့်တယ်၊ ဘုရားနှုတ်ကပတ်တော်အတိုင်း လူတွေနဲ့ ကိစ္စတွေကို ရှုမြင်ဖို့ သင်ယူသင့်ကြောင်းနဲ့ ဘယ်သူကို ဘုရားနှစ်သက်ပြီး ဘယ်သူကို မုန်းတယ်ဆိုတာ နားလည်သင့်တယ်ဆိုတာပဲ။ ဒါပေမဲ့ သုံးသပ်ဆင်ခြင်ဖို့အတွက် ကျွန်မအစ်မ သီးခြားထားခံရတာ သိတော့၊ ကျွန်မက အထင်လွဲတာတွေနဲ့ သံသယတွေ ရှိခဲ့ပြီး၊ အပျက်သဘောနဲ့ အားနည်းချက်ထဲမှာ အသက်ရှင်ခဲ့တယ်။ ဘုရားကို ကျွန်မယုံကြည်တာ မကြာသေးတဲ့အတွက်၊ ပြီးတော့ သူ့လောက် ဆင်းရဲဒုက္ခခံ၊ အဖိုးအခမပေးခဲ့သေးလို့၊ ကျွန်မလည်း ထုတ်ပယ်ခံရနိုင်တယ်လို့ စိုးရိမ်ခဲ့တယ်။ အခုတော့ ဘုရားက လူတွေရဲ့ အဆုံးသတ်ကို သူတို့ ဘယ်လောက်ကြာ ယုံကြည်ခဲ့တယ်၊ ဘယ်လောက် ဒုက္ခခံတယ်ဆိုတဲ့အပေါ် အခြေခံပြီး ဆုံးဖြတ်တာ မဟုတ်မှန်း နားလည်သွားတယ်။ ဘုရားကို သူတို့ရဲ့ ယုံကြည်မှုကတစ်ဆင့်၊ နောက်ဆုံးမှာ လူတွေက သမ္မာတရားရပြီး ဘုရားကို အစစ်အမှန် နာခံ၊ ကိုးကွယ်နိုင်ခြင်း ရှိမရှိဆိုတဲ့အပေါ် သူ အခြေခံတာပါ။ အမှန်က လူတစ်ယောက် နှစ်ဘယ်လောက်ကြာကြာ အလုပ်လုပ်ပါစေ၊ ဘယ်လောက်များများ စွန့်လွှတ်၊ အသုံးခံပြီး အဖိုးအခပေးပါစေ၊ သမ္မာတရားကို မရ၊ သူတို့ရဲ့ စိတ်သဘောထား လုံးဝ မပြောင်းလဲရင်၊ အဆုံးမှာ ကယ်တင်ခံမှာ မဟုတ်ပါဘူး။ မကောင်းတဲ့ လုပ်ရပ်တွေ အများကြီးလုပ်ပြီး လုံးဝ နောင်တမရရင်၊ ဘုရားရဲ့ အပြစ်ပေးတာ ခံရမှာ ဖြစ်တယ်။ ဒါက ဘုရားရဲ့ ဖြောင့်မတ်ခြင်းပဲ။ ပေါလုက နှစ်အများကြီး အလုပ်လုပ်ပြီး အရမ်း ဆင်းရဲဒုက္ခခံခဲ့တယ်၊ ဧဝံဂေလိဟောခြင်းအားဖြင့် လူအများကြီး ရခဲ့ပြီး အသင်းတော် အများကြီးကို ထူထောင်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ အသက် စိတ်သဘောထားက နည်းနည်းမှ မပြောင်းလဲခဲ့ဘူး။ အဲဒီအစား၊ တိုးပြီး မာနထောင်လွှားလာခဲ့တယ်။ နောက်ဆုံးမှာ ခရစ်တော်လို အသက်ရှင်ခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်း ကြေညာခဲ့ပြီး၊ ဘုရားရဲ့ ရှုတ်ချ၊ အပြစ်ပေးတာ ခံခဲ့ရတယ်။ ပေါလုက ထက်သန်ခြင်း၊ စွန့်လွှတ်၊ အသုံးခံခြင်း သက်သက်က ဘုရားကို ကျွန်မတို့ရဲ့ ယုံကြည်မှုမှာ မလုံလောက်တာကို ပြတဲ့ အကောင်းဆုံး ပုံသက်သေပဲ။ အရေးကြီးတာက သမ္မာတရားကို လိုက်စားခြင်းနဲ့ စိတ်သဘောထား ပြောင်းလဲမှုကို ရရှိခြင်းပဲ။ ဒါက လူတွေ ကယ်တင်ခံရခြင်း ရှိမရှိဆိုတာကို ဆုံးဖြတ်တဲ့ စံနှုန်းပဲ။ ဘုရားအိမ်တော်က လူတချို့ကို မကောင်းမှု ဆက်မလုပ်အောင် အသင်းတော် အသက်တာကို မနှောင့်ယှက်အောင် သီးခြားခွဲထားပြီး သန့်စင်ပေးတဲ့အလုပ် လုပ်တယ်။ အဲဒါက သူတို့အတွက် ကာကွယ်တာဖြစ်ပြီး၊ အသင်းတော် အလုပ်ကိုလည်း အကျိုးပြုတယ်။ ဒါပေမဲ့ သူတို့ရဲ့ နောက်ဆုံးရလဒ်က သူတို့ရဲ့ သဘာဝနဲ့အနှစ်သာရ၊ သမ္မာတရားကို လိုက်စားခြင်း ရှိမရှိနဲ့ သူတို့လျှောက်တဲ့ လမ်းကြောင်းနဲ့ လုံးဝ ဆုံးဖြတ်တာဖြစ်တယ်။ လူတွေ ကျရှုံးပြီး ပြိုလဲတဲ့အခါ၊ ကိုယ့်ကိုယ်ကုယ် သုံးသပ်ပြီး အစစ်အမှန် နောင်တရနိုင်ကြရင်၊ ဘုရားကယ်တင်နိုင်ခြေ ရှိသေးတယ်။ နောင်တမရ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ဆက်အသက်ရှင်ရင်၊ အနှောင့်အယှက်တွေ ဖြစ်စေပြီး မကောင်းမှုလုပ်ရင်၊ ကိုယ့်ကိုယ်ကိုယ် လက်လျော့အရှုံးပေး၊ အပျက်သဘောဆောင်လာပြီး ခုခံရင်၊ သူတို့က အစစ်အမှန် မယုံကြည်သူတွေနဲ့ မကောင်းမှု ပြုသူတွေပဲ။ ထုတ်ဖော်ခံရပြီး ထုတ်ပယ်ခံရသလို၊ ဘုရားရဲ့ ကယ်တင်တာ မခံရဘူး။ လူတွေကို ဆန်းစစ်ခြင်းအတွက် ဘုရားရဲ့ စည်းမျဉ်းတွေနဲ့ ကျွန်မ မသိခဲ့သလို၊ ကိုယ့်အနာဂတ်နဲ့ ကံကြမ္မာကိုပဲ အရမ်း အာရုံစိုက်လွန်းခဲ့တာကြောင့် ခုခံတတ်ခဲ့ပြီး ဘုရားနဲ့ ပတ်သက်လို့ အထင်လွဲတာတွေ ရှိခဲ့တယ်။ ကျွန်မအစ်မရဲ့ သီးခြားထားခံရခြင်းကတစ်ဆင့်၊ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် သိနားလည်မှုတချို့ ရခဲ့တယ်။ ပြီးတော့ လူတွေက ဆင်းရဲဒုက္ခခံပြီး သူတို့ယုံကြည်မှုမှာ အသုံးခံပုံရနေတုန်းမှာ၊ သမ္မာတရားကို သူတို့ လုံးဝ လက်မခံ၊ လက်တွေ့မလုပ်ရင်၊ သူတို့တာဝန်ကို စည်းမျဉ်းတွေအတိုင်း မလုပ်ရင်၊ အဆုံးမှာ၊ ကယ်တင်ခံရကြမှာမဟုတ်သလို၊ ထုတ်ဖော်ခံရပြီး ဘုရားရဲ့ ထုတ်ပယ်တာ ခံရမှာပဲ။ အသင်းတော်ရဲ့ သန့်စင်ခြင်းက ကိုယ့်ကိုယ်ကိုယ် သုံးသပ်စေပြီး အချိန်မီ နောင်တရခွင့်ပေးတဲ့၊ ကျရှုံးမှုလမ်းကြောင်းလျှောက်တာကို ရှောင်ရှားခွင့်ပေးပြီး၊ သမ္မာတရားကို ရှာဖွေခြင်းနဲ့ ဘုရားရဲ့ မေတ္တာကို ပြန်ပေးဆပ်ဖို့ စည်းမျဉ်းတွေအတိုင်း စည်းမျဉ်းတွေနဲ့အညီ ကိုယ့်တာဝန်ကို သေချာထမ်းခွင့်ပေးတဲ့ သတိပေးချက်တစ်ခုပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျော်ကြားမှုနှင့် အကျိုးအမြတ်၏ ချည်နှောင်မှုများ

ကျယ်လိ စပိန်နိုင်ငံ၂၀၁၅ ခုနှစ်တွင်၊ နှစ်ပတ်လည် ရွေးကောက်ပွဲတွင် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်တော် အရွေးခံခဲ့ရသည်။ ညီအစ်ကို...

ခက်ခဲသောအချိန်များတွင် ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ယုံကြည်ခြင်းပေးခဲ့သည်

ကျန့်လန် တရုတ်နိုင်ငံ အဲဒီအချိန်မှာ အစ်မတချို့က ကျွန်မနဲ့အတူ “အလုပ်ကြမ်းဖြင့် ပြုပြင်မွမ်းမံခြင်း”နဲ့ စီရင်ချက်ချခံရတယ်။ ကျွန်မတို့...

ဂုဏ်အဆင့်အတန်းကို လိုချင်သည့် ဆန္ဒ ဗွေဖောက်လာသောအခါ

ရှင်းရိ တရုတ်နိုင်ငံ ၂၀၂၀ခုနှစ် ဇူလိုင်လမှာ ကျွန်မက အစ်ကိုကျောက်နဲ့ အစ်မလီတို့နဲ့အတူ ရေလောင်းအလုပ်ကို ကိုင်တွယ်နေတာပါ။ သူတို့တွေက...

အပျက်သဘောဆောင်ခြင်းနှင့် တာဝန်များတွင် ခိုကတ်ခြင်းနောက်ကွယ်၌ ရှိသည့်အရာ

တုန်းရွှင် တရုတ်နိုင်ငံ ခေါင်းဆောင်က ကျွန်မကို အဖွဲ့စုဝေးပွဲ နှစ်ခုသုံးခုကို ကြီးကြပ်ခိုင်းတယ်။ လက်တွေ့တချို့လုပ်ပြီးတဲ့နောက်မှာ၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
​ဘောင်အပြည့်ချဲ့ကြည့်မည်
​ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်