လမ်းကြောင်း... (၂)

တရုတ်ပြည်မကြီးရှိ ဘုရားသခင့်အမှု၏ အစဉ်လိုက်၊ အဆင့်များ၊ နည်းလမ်းများနှင့် ပတ်သက်ပြီး ငါတို့၏ ညီအစ်ကို မောင်နှမများအနေဖြင့် ထင်မြင်ယူဆချက်အချို့ ရှိကောင်းရှိပေမည်။ သို့သော် ဤအရာများအပေါ် ပြန်လည်ဆင်ခြင်ထိုက်သည်၊ သို့မဟုတ် သင်တို့ကို ခပ်မြန်မြန် အကျဉ်းချုပ် ပြောပြပေးထိုက်သည်ဟု ငါထင်မြင်ဆဲဖြစ်သည်။ ငါသည် ငါ၏ နှလုံးသားထဲရှိ အရာကို ပြောဆိုရန်အတွက်သာ ဤအခွင့်အရေးကို အသုံးပြုမည်ဖြစ်ပြီး ဤအမှုထက် ကျော်လွန်သော အကြောင်းအရာတို့ကို ငါပြောလိမ့်မည် မဟုတ်ပေ။ ညီအစ်ကိုမောင်နှမများအနေဖြင့် ငါ၏ စိတ်နေစိတ်ထားကို နားလည်နိုင်ကြမည်ဟု ငါမျှော်လင့်ပြီး ငါ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြသူများ အားလုံးအနေဖြင့် ငါ၏ နည်းပါးသော ဝိညာဉ်ရင့်ကျက်မှု၊ ငါ၏ အသက်အတွေ့အကြုံ မလုံလောက်မှုနှင့် ဘုရားသခင်ရှေ့မှောက်တွင် ငါဦး‌မော့ထားခြင်းငှာ မစွမ်းနိုင်မှုတို့ကို နားလည်ပြီး ခွင့်လွှတ်ပေးရန်လည်း ကျိုးနွံစွာ မေတ္တာရပ်ခံသည်။ သို့ဖြစ်စေကာမူ ဤအရာတို့မှာ ဓမ္မဓိဌာန်ကျသော အကြောင်းပြချက်များသာ ဖြစ်ကြသည်ဟု ငါနားလည်သည်။ တိုတိုပြောရလျှင်၊ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ငါတို့ မိတ်သဟာယပြုခြင်းကို မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖြစ်အပျက် သို့မဟုတ် မည်သည့်အရာကမဆို မရပ်တန့်နိုင်ပေ။ ထို့ပြင် ဘုရားသခင်၏ ရှေ့မှောက်၌ ပိုမိုကြိုးစားလုပ်ဆောင်ရာတွင် ငါတို့၏ ညီအစ်ကိုမောင်နှမများအနေဖြင့် ငါနှင့်ပူးပေါင်းနိုင်ရန် ငါမျှော်လင့်သည်။ ငါသည် အောက်ပါအတိုင်း- “အို ဘုရားသခင်၊ ငါတို့၏ ဘုံစံနှုန်းများ၏ အုပ်စိုးမှုအောက်၌ ငါနှင့် ငါ၏ ညီအစ်ကိုမောင်နှမများ အတူတကွ ရုန်းကန်လှုပ်ရှားနိုင်ရန်၊ သက်ဆုံးတိုင်အောင် ကိုယ်တော့်အား သစ္စာရှိနိုင်စေရန်နှင့် မည်သည့်အခါမှ နောင်တမရစေရန်အလို့ငှာ ကျေးဇူးပြု၍ ငါတို့အပေါ် သနားကရုဏာ ထားတော်မူပါ။” ဟု ဆုတောင်းပဌနာ ပြုလိုသည်။ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်ရှေ့မှောက်ဝယ် ငါ၏ သန္နိဋ္ဌာန်ဖြစ်သော်လည်း၊ ယင်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူ့ဇာတိရှိသူတစ်ဦးအနေနှင့် ငါ၏ ကိုယ်ပိုင်ဆောင်ပုဒ် ဖြစ်သည်ဟုလည်း ဆိုနိုင်ပေသည်။ ငါသည် ဤနှုတ်ကပတ်တော်များကို ငါ့အပါး၌ ရှိသည့် ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုရာတွင် အကြိမ်ပေါင်းများစွာ မျှဝေခဲ့ပြီးဖြစ်ကာ ထိုအရာတို့ကို ငါဘေး၌ရှိသောသူတို့အား သတင်းစကားအဖြစ် ပေးခဲ့ပြီးဖြစ်သည်။ ယင်းတို့နှင့် ပတ်သက်ပြီး လူတို့ မည်သို့တွေးကြသည်ကို ငါမသိသော်လည်း၊ မည်သို့ပင်ဖြစ်စေ ဤနှုတ်ကပတ်တော်များတွင် ပုဂ္ဂလဓိဋ္ဌာန်ကျသော အားထုတ်မှု လက္ခဏာပါဝင်ရုံမျှမက၊ ယင်းတို့တွင် ဓမ္မဓိဋ္ဌာန်ကျသော သဘောတရားလက္ခဏာပါ ပါဝင်သည်။ ယင်းကြောင့် လူအချို့တွင် ထိုထိုသော သဘောအယူအဆ ရှိကြသည်မှာ ဖြစ်နိုင်ပြီး ဤနှုတ်ကပတ်တော်များကို သင်၏ဆောင်ပုဒ်အဖြစ် သဘောထားကာ ဘုရားသခင်ကိုချစ်ခြင်းအတွက် သင်၏လှုံ့ဆော်မှုတွန်းအား မည်မျှကြီးမားလာသည်ကို မြင်ရပါက သင့်အတွက် ကောင်းပေလိမ့်မည်။ အချို့လူများသည် ဤနှုတ်ကပတ်တော်များကို ဖတ်သောအခါ၊ အယူအဆ တစ်စုံတစ်ရာ ပေါ်ပေါက်လာမည်ဖြစ်ပြီး- “ထိုကဲ့သို့သော နိစ္စဓူဝ၊ သာမန်ပြောဆိုစရာ အရာတစ်ခုက လူတို့ကို သက်ဆုံးတိုင်အောင် ဘုရားသခင်ကို ချစ်ဖို့ရန် ကြီးမားသော လှုံ့ဆော်မှုတွန်းအား မည်သို့များ ပေးနိုင်မည်နည်း။ ထို့ပြင် ယင်းသည် ငါတို့ ဆွေးနွေးနေသော ‘လမ်းကြောင်း’ ဟူသည့် အကြောင်းအရာနှင့်လည်း သက်ဆိုင်မှုလုံးဝမရှိပါ။” ဟု တွေးကြလိမ့်မည်။ ဤနှုတ်ကပတ်တော်များသည် အထူးသဖြင့် ဆွဲဆောင်ဖမ်းစားနိုင်ခြင်း မရှိလောက်မည်ကို ငါ ဝန်ခံသည်။ သို့သော် ယင်းတို့က လူတို့ကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဦးတည်ပေးနိုင်သည့်အပြင် ဘုရားသခင်၌ ယုံကြည်မှုလမ်းကြောင်းတစ်လျှောက် စိတ်ပျက်အားလျော့ခြင်း မရှိဘဲ သို့မဟုတ် နောက်ပြန်မလှည့်ဘဲ သူတို့အား စမ်းသပ်မှုအမျိုးမျိုးတို့ကို ကြုံတွေ့ရန် ခွင့်ပြုနိုင်သည်ဟု ငါအမြဲ စဉ်းစားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်ပင် ငါသည် ယင်းတို့ကို ငါ၏ ဆောင်ပုဒ်အဖြစ် အမြဲပင် သဘောထားသည်။ လူတို့သည်လည်း ယင်းတို့ကို စေ့စပ်သေချာစွာ တွေးတောကြလိမ့်မည်ဟု ငါ မျှော်လင့်သည်။ သို့သော် ငါ၏ ရည်ရွယ်ချက်မှာ ငါကိုယ်တိုင်၏ အမြင်ရှုထောင့်များကို လက်ခံရန် လူတိုင်းကို အတင်းအကျပ် တိုက်တွန်းရန် မဟုတ်ပေ- ဤသည်မှာ အကြံပြုချက်မျှသာ ဖြစ်သည်။ အခြားသူများက ငါ့ကို မည်သို့ထင်သည်ဖြစ်စေ၊ ဘုရားသခင်သည် ငါတို့ အယောက်စီတိုင်းရှိ အတွင်းအင်အားများကို နားလည်သည်ဟု ငါထင်သည်။ ဘုရားသခင်သည် ငါတို့အယောက်စီတိုင်းတွင် အဆက်မပြတ် အမှုပြုလျက်ရှိပြီး သူ၏အမှုသည် မမောမပန်းနိုင်ပေ။ ငါတို့အားလုံးသည် အဆင်းနီသော နဂါးကြီး၏ တိုင်းပြည်တွင် မွေးဖွားလာခဲ့သောကြောင့်၊ သူသည် ငါတို့တွင် ဤနည်းဖြင့် အမှုပြုခြင်းဖြစ်သည်။ အဆင်းနီသော နဂါးကြီး၏တိုင်းပြည်တွင် မွေးဖွားခဲ့ကြသူများမှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဤအလုပ်ကို ရရှိသည့်အတွက် ကံကောင်းကြသည်။ ယင်းတို့အနက် တစ်ဦးအနေဖြင့် ငါ၌ ချစ်ခင်မြတ်နိုးမှု၊ လေးစားမှုနှင့် ထိုက်တန်ခြင်းနှင့် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့အား ကြီးမားသော ခံစားချက် ရှိသည်။ ဤသည်မှာ ဘုရားသခင် ငါတို့ကို ပြုစုစောင့်ရှောက်နေခြင်း ဖြစ်သည်။ ဤမျှ ခေတ်နောက်ကျန်သော၊ ရှေးရိုးစွဲသော၊ မြေရှင်ပဒေသရာဇ်ဆန်သော၊ အယူသီးအစွဲအလမ်းကြီး၍ အကျင့်ပျက်သော ပစ္စည်းမဲ့လူတန်းစား အင်ပါယာကြီးအဖို့ ဘုရားသခင်ထံမှ ဤသို့သောအမှုကို ရရှိနိုင်သည်မှာ နောက်ဆုံးသောခေတ်ရှိ ငါတို့ ဤလူစုအဖို့ အဘယ်မျှ ကောင်းချီးမင်္ဂလာ ခံစားရကြောင်းကိုပင် ပြသသည်။ ဤအမှုကို မြင်ရန်အတွက် ဝိညာဉ်မျက်စိများ ပွင့်‌ကြသော ညီအစ်ကိုမောင်နှမများ အားလုံးသည် အကျိုးဆက်အနေဖြင့် ပျော်ရွှင်ခြင်းမျက်ရည်တို့ စီးကျလိမ့်မည်ဟု ငါယုံကြည်သည်။ ပြီးလျှင် ထိုအချိန်၌ သင်သည် ပျော်ရွှင်မှုနှင့် ကခုန်ခြင်းအားဖြင့် သင့်ကိုယ်သင် ဘုရားသခင်ထံ မဖော်ပြဘဲ နေလိမ့်မည်လော။ သင့်စိတ်နှလုံးထဲရှိ သီချင်းကို ဘုရားသခင်အား မဆက်ကပ်ပေဘူးလော။ ထိုအချိန်၌ သင်သည် သင်၏သန္နိဋ္ဌာန်ကို ဘုရားသခင်အား ပြသပြီး သူ၏ရှေ့မှောက်တွင် အခြား အစီအစဉ်တစ်ခုကို မပြုလုပ်ဘဲ နေလိမ့်မည်လော။ ဤအရာအားလုံးသည် ဘုရားသခင်ကို ယုံကြည်သော သာမန်လူများ ပြုလုပ်သင့်သည့် အရာများ ဖြစ်သည်ဟု ငါထင်သည်။ လူသားများအနေဖြင့် ငါတို့ အယောက်စီတိုင်းသည် ဘုရားသခင်၏ ရှေ့မှောက်တွင် ဖော်ပြချက်မျိုးတစ်စုံတစ်ရာ ရှိသင့်သည်ဟု ငါယုံကြည်သည်။ ဤသည်မှာ ခံစားချက်များရှိသော လူတစ်ဦး ပြုသင့်သည့်အရာ ဖြစ်သည်။ ငါတို့ထဲမှ လူတိုင်း၏ အစွမ်းအစနှင့် ငါတို့မွေးဖွားလာခဲ့သည့် နေရာတို့ကို ကြည့်ခြင်းက ဘုရားသခင်အနေဖြင့် ငါတို့အကြားသို့ လာရန်အလို့ငှာ အရှက်ရခြင်းကို အဘယ်မျှပင် သည်းခံခဲ့ရကြောင်း ပြသသည်။ ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာအချို့ ငါတို့အတွင်း၌ ရှိကောင်းရှိလိမ့်မည်၊ သို့သော် ငါတို့ အမှန်တကယ် သိထားသည့်အချက်ဖြစ်သော ဘုရားသခင်သည် အလွန်ကြီးမြတ်၊ အလွန်ထူးကဲသာလွန်ပြီး အလွန်ဂုဏ်သရေရှိ၏ ဟူသည်က လူသားမျိုးနွယ်အကြား သူ၏ဒုက္ခခံရခြင်းမှာ အဘယ်မျှကြီးမြတ်ခဲ့ပြီ ဖြစ်ကြောင်း မီးမောင်းထိုးရန် လုံလောက်၏။ သို့ရာတွင် ငါ၏ ဤနှုတ်ကပတ်တော်များမှာ ဝေဝါးနေသေးပြီး ငါတို့အလယ်ရှိ လူတို့မှာ အလွန်း၊ နုံလွန်းကြရာ လူတို့သည် ယင်းတို့ကို စာများနှင့် သြဝါဒများအဖြစ်သာ သဘောထားနိုင်ကြလေသည်။ ထို့ကြောင့် ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင့်ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရနိုင်စေရန်အလို့ငှာ ယင်းကို လက်ခံကြမည့် ညီအစ်ကိုမောင်နှမများအားလုံးကို ဤအကြောင်းအရာအား ရှင်းပြရာတွင် ပိုမိုအားစိုက်ထုတ်ရန်မှာ ငါ၏ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။ ဘုရားသခင်ပေးဆပ်ထားသော တန်ဖိုး၊ သူပြုလုပ်ထားသော အားထုတ်ကြိုးပမ်းမှုများနှင့် ငါတို့အတွက် ကိုယ်တော်အသုံးပြုထားသော အားအင်ကို ငါတို့မြင်နိုင်ရန်အတွက် ငါတို့၏ ဝိညာဉ်မျက်စိများကို ဘုရားသခင် ဖွင့်ပေးတော်မူပါစေ။

ဘုရားသခင်၏ ဝိညာဉ်တော်ကို လက်ခံပြီးဖြစ်သော တရုတ်ပြည်မကြီးရှိ လူများထဲမှ တစ်ဦးအနေဖြင့် ငါသည် ငါတို့၏အစွမ်းအစ မည်မျှကင်းမဲ့နေကြောင်း လေးနက်သောအသိ ရှိသည်။ (ဤအရာကြောင့် ငါတို့၏ ညီအစ်ကိုမောင်နှမများ အနေဖြင့် အပျက်သဘော မခံစားမိရန် ငါမျှော်လင့်သည်- ဤသည်မှာ လက်တွေ့အခြေအနေ ဖြစ်သည်)။ ငါ၏လက်တွေ့ကျသော အသက်တာတွင် ငါတို့၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် အလွန်တရာ ခေတ်နောက်ပြန် ဆွဲနေသည်ကို ငါရှင်းလင်းစွာ တွေ့မြင်ခဲ့ပြီးဖြစ်သည်။ အဓိကရှုထောင့်များ အရဆိုလျှင် ယင်းသည် ငါတို့၏ အသက်တာများနှင့် ဘုရားသခင်နှင့် ဆက်ဆံရေးတို့တွင် ငါတို့ကိုယ်တိုင် ပြုမူနေထိုင်ပုံဖြစ်ပြီး အသေးအဖွဲ ရှုထောင့်များ အရဆိုလျှင် ယင်းသည် ငါတို့၏ ထင်မြင်ယူဆချက်နှင့် အတွေးအခေါ် တစ်ခုချင်းစီတိုင်း ဖြစ်သည်။ ဤအရာများအားလုံးသည် ဓမ္မဓိဌာန်ကျကျ တည်ရှိနေသည့်အရာများ ဖြစ်ကြပြီး ယင်းတို့ကို နှုတ်ကပတ်တော်များ သို့မဟုတ် အယောင်ဆောင်မှုဖြင့် ဖုံးကွယ်ထားရန် ခဲယဉ်းသည်။ ထို့ကြောင့် ဤအရာကို ငါပြောသောအခါတွင် လူအများစုမှာ ပုံမှန်အသိစိတ် ကင်းမဲ့မနေပါက၊ မိမိတို့၏ ဦးခေါင်းကိုညိတ်ပြီး ယင်းကို အသိအမှတ်ပြုကာ လက်ခံယုံကြည်ကြသည်- ထိုကဲ့သို့သောလူတို့သည် ငါ၏ ဤအမြင်များကို လက်ခံနိုင်စွမ်း မရှိကြပေ။ ဤလူတို့ကို လူ့တိရစ္ဆာန်အစစ်အမှန်များဟု မျက်နှာပြောင်တိုက်၍ ရည်ညွှန်းပြောဆိုရာတွင် ငါ အလွန်ရိုင်းပျကောင်း ရိုင်းပျနိုင်သည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် အဆင်းနီသော နဂါးကြီး၏တိုင်းပြည်တွင် ၎င်းတို့သည် ဝက်များ သို့မဟုတ် ခွေးများနည်းတူ အနိမ့်တကာ့ အနိမ့်ကျဆုံး ဖြစ်ကြသောကြောင့်ပင် ဖြစ်သည်။ ၎င်းတို့ထက်ပို၍ အစွမ်းအစကင်းမဲ့သူ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ရန် မထိုက်တန်ကြပေ။ ငါ၏ နှုတ်ကပတ်တော်များသည် အလွန်တရာ “ရိုင်းပျနေခြင်း” ဖြစ်ကောင်းဖြစ်နိုင်သည်။ ငါ၌ အမှုပြုနေသော ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုရာ၌ ငါသည် ဤသို့သော လူ့တိရစ္ဆာန်နှင့်အလားတူသည့် ညစ်ညမ်းရိုင်းစိုင်းသော သတ္တဝါမျိုးကို ကျိန်ဆဲပြီး၊ ယင်းကြောင့် ငါ၏ ညီအစ်ကိုမောင်နှမများ အားနည်းမသွားကြရန် ငါမျှော်လင့်သည်။ ငါတို့အထဲတွင် ထိုကဲ့သို့သောလူများ မရှိသည်မှာ ဖြစ်နိုင်သည်။ သို့သော် သမ္မာတရားက မည်သည့်အရာဖြစ်စေ၊ ဤသည်မှာ ထိုကဲ့သို့သောလူများ ကိုင်တွယ်ဖြေရှင်းခံရသင့်သည့် ပုံစံဖြစ်သည်ဟု ငါယုံကြည်သည်။ သင် မည်သို့ထင်သနည်း။

အဆင်းနီသောနဂါးကြီး၏ အင်ပါယာသည် နှစ်ထောင်ပေါင်းအချို့ကြာအောင် တည်မြဲခဲ့ပြီးဖြစ်ကာ၊ ယင်းသည် တောက်လျှောက် အကျင့်စာရိတ္တပျက်ယွင်းခဲ့သည်။ ထို့ပြင် ယင်းသည် ဤကာလတစ်လျှောက်လုံး ဘုရားသခင်ကို ခုခံခဲ့ပြီ ဖြစ်သောကြောင့် ဘုရားသခင်၏ ကျိန်ဆဲခြင်းများနှင့် အမျက်ဒေါသတို့ကို တွေ့ကြုံခဲ့ပြီးနောက် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း ရောက်ရှိလာပြီသည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံရသည်နှင့်အမျှ ဤနိုင်ငံသည် လူမျိုးရေးခွဲခြားမှုကို အမြဲတစေ ခံစားခဲ့ရပြီးဖြစ်ကာ ခေတ်နောက်ကျန်မှု အခြေအနေတစ်ခုတွင် ဆက်လက်တည်ရှိနေသည်။ ရလဒ်အဖြစ် ငါတို့ မွေးဖွားခဲ့သော နိုင်ငံသည် သြဇာကြီးမားခြင်းကို ရှာဖွေရာတွင် မထိန်းသိမ်းနိုင်လောက်အောင် ပြင်းထန်သည့် ညစ်ညမ်းရိုင်းစိုင်းသော နတ်ဆိုးအမျိုးမျိုးနှင့် ပြည့်နှက်နေသည်- ဆိုလိုသည်မှာ ၎င်းတို့သည် ဤနေရာတွင် မွေးဖွားသောသူတို့ကို အသရေဖျက်ကြသည်။ လူတို့၏ အလေ့အထများ၊ ဓလေ့ထုံးတမ်းများ၊ ထင်မြင်ယူဆချက်များနှင့် အမြင်သဘောထားများမှာ နောက်ပြန်ဆွဲပြီး ရှေးဆန်သောကြောင့် ယင်းတို့က ဘုရားသခင်နှင့်ပတ်သက်၍ ယခုအချိန်ထိ ၎င်းတို့ ရုန်းမထွက်နိုင်သေးသော အယူအဆမျိုးစုံကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် ၎င်းတို့သည် ဘုရားသခင်၏ရှေ့‌တွင် တစ်မျိုးပြုမူပြီး ကိုယ်တော်၏ကွယ်ရာတွင်မူ စာတန်အား တည်ထား ကိုးကွယ်ခြင်းကို ဘုရားသခင်အား အစေခံခြင်းနှင့် မှားယွင်းလျက် နောက်တစ်မျိုး ပြုမူကြရာ၊ ယင်းက ၎င်းတို့သည် အားလုံးအနက် ခေတ်နောက်အကျန်ဆုံး ဖြစ်ကြကြောင်း ပြသသည်။ ဘုရားသခင်သည် တရုတ်ပြည်မကြီးတွင် များစွာသောအမှုတို့ကို ပြုလုပ်ခဲ့ပြီးဖြစ်ကာ သူ၏ များစွာသော နှုတ်ကပတ်တော်တို့ကို မြွက်ဟခဲ့ပြီးဖြစ်သည်။ သို့သော် လူတို့သည် လုံးလုံးလျားလျား ထုံနေသေးပြီး စိတ်ဝင်စားမှု မရှိကြသေးပေ။ ၎င်းတို့သည် ယခင်က လုပ်ခဲ့သောအလုပ်ကို ဆက်လုပ်နေကြဆဲဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်း အလျဉ်းမရှိကြပေ။ ဘုရားသခင်သည် အနာဂတ်နှင့် မျှော်လင့်ချက်မရှိကြောင်း ထုတ်ဖော်ပြောခဲ့သည့်အခါ နွေ၏အပူရှိန်ဖြင့် လှုပ်ရှားသက်ဝင်ခဲ့သော အသင်းတော်သည် အေးစက်စက် ဆောင်းရာသီထဲသို့ ရုတ်ခြည်းကျရောက်ခဲ့၏။ လူတို့၏ စစ်မှန်သော ပင်ကိုသဘာဝများသည် နေ့အလင်းနှင့် ထိတွေ့ခြင်း ခံခဲ့ကြရပြီး ၎င်းတို့၏ ယခင် မိမိကိုယ်မိမိယုံကြည်မှု၊ ချစ်ခြင်းမေတ္တာနှင့် ခွန်အားတို့ အားလုံးသည် သဲလွန်စ အရိပ်အယောင်တစ်ခုမျှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ကြသည်။ ယနေ့တွင် ၎င်းတို့မည်သူမျှ မိမိတို့၏ တက်ကြွလန်းဆန်းခြင်းကို ပြန်လည်မရရှိသေးပေ။ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့ချစ်ကြောင်း မိမိတို့၏ စကားလုံးများဖြင့် ပြောကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် မညည်းညူဝံ့ကြသော်လည်း၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့တွင် ထိုချစ်ခြင်းမေတ္တာ မရှိကြပေ။ ယင်းမှာ အဘယ်အကြောင်းနည်း။ ငါတို့၏ ညီအစ်ကို မောင်နှမများအနေဖြင့် ဤဖြစ်ရပ်မှန်ကို သိမှတ် လက်ခံကြလိမ့်မည်ဟု ငါထင်သည်။ ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို ငါတို့အားလုံး သိရှိနိုင်ပြီး ငါတို့၏ ဘုရားသခင်ကို ငါတို့စိတ်နှလုံး၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းထဲတွင် ချစ်မြတ်နိုးနိုင်ကာ ငါတို့၏ ခြားနားသော အနေအထားများတွင် ဘုရားသခင် အတွက် ငါတို့အားလုံး၌ရှိသော ချစ်ခြင်းမေတ္တာကို ဖေါ်ပြနိုင်ရန်အတွက် ကိုယ်တော် ငါတို့ကို အသိဉာဏ်ဖွင့်ပေးပါစေ။ ကိုယ်တော်အတွက် အရိုးခံချစ်ခြင်း၏ မသွေဖည်သော စိတ်နှလုံးများကို ဘုရားသခင် ငါတို့အပေါ် နှင်းအပ်ပါစေ- ဤသည်မှာ ငါမျှော်လင့်သောအရာ ဖြစ်သည်။ ဤသို့ဆိုခဲ့ရင်းဖြင့် ဤညစ်ညမ်းသောမြေတွင် မွေးဖွားခဲ့ကြသော ငါ၏ ညီအစ်ကိုမောင်နှမများအတွက် ငါ အနည်းငယ် ကရုဏာသက်မိပြီး၊ သို့ဖြစ်၍ အဆင်းနီသောနဂါးကြီးကို မုန်းတီးခြင်းသည် ငါ့အတွင်း၌ ကြီးထွားလာခဲ့သည်။ ယင်းသည် ဘုရားသခင်အား ငါတို့၏ချစ်ခြင်းကို ဟန့်တားပြီး ငါတို့၏ အနာဂတ်အလားအလာများအတွက် လောဘကြီးရန် သွေးဆောင်ဖြားယောင်းသည်။ ယင်းက ငါတို့ကို အပျက်သဘောဆောင်စေရန်၊ ဘုရားသခင်ကို ခုခံရန် သွေးဆောင်လေသည်။ ဘုရားသခင်၏ ချစ်ခြင်းကို ငါတို့၏ စိတ်နှလုံးဖြင့် ကျေးဇူးမဆပ်နိုင်သည်အထိပင် ယခုတိုင်အောင် ငါတို့ကို လိမ်လည်လှည့်ဖြားသူ၊ ငါတို့ကို ဖောက်ပြန်ပျက်စီးစေသူ၊ ငါတို့ကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေသူမှာ အဆင်းနီသော နဂါးကြီးဖြစ်ပေသည်။ ငါတို့သည် စိတ်နှလုံးထဲတွင် လှုံ့ဆော်မှုတွန်းအား ရှိကြသော်လည်း၊ ကိုယ်တိုင်မရည်ရွယ်ဘဲနှင့် ငါတို့သည် အစွမ်းမဲ့ကြ၏။ ငါတို့အားလုံးမှာ ယင်း၏သားကောင်များ ဖြစ်ကြသည်။ ဤအကြောင်းကြောင့် ငါသည် ယင်းကို အလွန်တရာ မုန်းတီးပြီး ယင်းကို ဖျက်ဆီးပစ်ရန် လွန်စွာစိတ်ထက်သန်နေသည်။ သို့သော် ငါပြန်စဉ်းစားသည့်အခါ၊ ယင်းသည် မည်သည့်အကျိုးကျေးဇူးမှ မရှိနိုင်ဘဲ ဘုရားသခင်ကိုသာ အနှောင့်အယှက်ပေးလိမ့်မည်။ ထို့ကြောင့် ငါသည် ဤနှုတ်ကပတ်တော်များထံ ပြန်လာသည်- ဘုရားသခင်ကို ချစ်မြတ်နိုးခြင်းဟူသော ကိုယ်တော်၏အလိုတော် အတိုင်း လုပ်ဆောင်ခြင်းအပေါ်တွင် ငါ၏စိတ်နှလုံးကို တည်ထားလျက်ရှိသည်။ ဤသည်မှာ ငါလျှောက်လှမ်းနေသော လမ်းကြောင်းဖြစ်ပြီး၊ ယင်းမှာ ကိုယ်တော်၏ ဖန်ဆင်းခံများအနက် တစ်ခုဖြစ်သော ငါ့အနေဖြင့် လျှောက်သင့်သည့်လမ်း ဖြစ်သည်။ ယင်းမှာ ငါ၏အသက်တာကို အသုံးခံသင့်ပုံ ဖြစ်သည်။ ဤအရာတို့မှာ ငါ၏ စိတ်နှလုံးထဲမှ နှုတ်ကပတ်တော်များ ဖြစ်ပြီး၊ ငါ၏စိတ်နှလုံး ငြိမ်းချမ်းမှု တစ်စုံတစ်ရာ ရရှိနိုင်ရန်အတွက် ငါ၏ ညီအစ်ကိုမောင်နှမများအနေဖြင့် ဤနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် အားတက်မှုတစ်စုံတစ်ရာ ရရှိနိုင်ကြလိမ့်မည်ဟု ငါမျှော်လင့်သည်။ အဘယ်ကြောင့်ဆိုသော် ငါ၏ ရည်မှန်းချက်ပန်းတိုင်မှာ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန်ဖြစ်ပြီး၊ ထိုသို့ဖြင့် ထွန်းလင်းတောက်ပခံ့ညားသော အဓိပ္ပာယ်ရှိသည့်ဘဝကို အသက်ရှင် နေထိုင်ရန် ဖြစ်သည်။ ဤအရာတွင် ငါသည် အားရကျေနပ်ခြင်းနှင့် နှစ်သိမ့်ခြင်း အပြည့်ရှိနေသော စိတ်နှလုံးဖြင့် ဝမ်းနည်းခြင်းကင်းစွာ သေဆုံးနိုင်လိမ့်မည် ဖြစ်သည်။ သင် ထိုသို့လုပ်လိုသလော။ သင်သည် ထိုသန္နိဋ္ဌာန်မျိုး ရှိသူတစ်ဦးလော။

“အရှေ့အာရှ၏ နာမကျန်းသူ” ဟူသောသူများအထဲတွင် ဘုရားသခင် အမှုပြုနိုင်ခြင်းမှာ သူ၏ ကြီးမားသောစွမ်းအား ဖြစ်သည်။ ယင်းသည် သူ၏ နှိမ့်ချမှုနှင့် ဖုံးကွယ်နေမှု ဖြစ်သည်။ သူ၏ ရက်စက်ပြင်းထန်သော နှုတ်ကပတ်တော်များ သို့မဟုတ် ငါတို့အား ပြစ်တင်ဆုံးမခြင်းကို ပဓာနမထားဘဲ၊ သူ၏နှိမ့်ချမှုအတွက် သူ့အား ငါတို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းသင့်ပြီး၊ ဤအရာအတွက် သူ့ကို အဆုံးတိုင်အောင် ချစ်မြတ်နိုးသင့်သည်။ စာတန်၏ ချည်နှောင်ခြင်းကို နှစ်ထောင်ပေါင်းအချို့ ခံခဲ့ရပြီဖြစ်သော လူတို့သည် ယင်း၏ စွမ်းအားအောက်တွင် ဆက်လက်အသက်ရှင်လာကြပြီး ယင်းကို မဖယ်ရှား ရသေးပေ။ ၎င်းတို့သည် ဆက်လက်၍ အသည်းအသန် စမ်းတဝါးဝါးပြုလျက် ရုန်းကန်လှုပ်ရှားလာကြသည်။ အတိတ်ကာလတွင် ၎င်းတို့သည် အမွှေးနံ့သာတို့ကို မီးရှို့ပူဇော်ခဲ့ကြကာ၊ စာတန်ကို ပျပ်ဝပ်ပြီး တည်ထားကိုးကွယ်ခဲ့ကြမည်ဖြစ်ပြီး၊ ၎င်းတို့သည် မိသားစုနှင့် လောကီရေးရာ အရှုပ်အယှက်များအပြင် လူမှုပေါင်းသင်း ဆက်ဆံရေးတို့ဖြင့် တင်းကျပ်စွာ ချည်နှောင်ခြင်း ခံခဲ့ကြရသည်။ ၎င်းတို့သည် ထိုအရာများကို မဖယ်ရှားနိုင်ခဲ့ပေ။ ဤသို့ ဇာတ်တူသားစားသည့် လူ့အဖွဲ့အစည်းမျိုးထဲတွင် အဘယ်သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို မည်သည့်နေရာ၌ ရှာတွေ့နိုင်မည်နည်း။ လူတို့ ပြန်ပြောပြသည်မှာ ဒုက္ခဆင်းရဲခြင်း ဘဝတစ်ခုဖြစ်ပြီး၊ ကံကောင်းထောက်မစွာပင် ငါတို့၏ အသက်တာများသည် ဝမ်းမြောက်ဖွယ်ကောင်းပြီး ပူပန်စိုးရိမ်မှုများ ပြည့်နှက်မနေတော့စေရန်အလို့ငှာ ဘုရားသခင်သည် ငါတို့၏ အသက်တာများကို သူ၏ စောင့်ရှောက်ပြုစုခြင်းနှင့် အကာအကွယ်ပေးခြင်းတို့ အောက်၌ထားရှိကာ ဤအပြစ်မဲ့သူတို့ကို ကယ်တင်ခဲ့ပြီးဖြစ်သည်။ ငါတို့သည် သူ၏ ကျေးဇူးတော်အောက်တွင် လက်ရှိအချိန်အထိ ဆက်လက်နေထိုင်ခဲ့ပြီး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ မဟုတ်သလော။ အဘယ်သူသည် ဘုရားသခင်ထံမှ အဘယ်သို့ အလွန်အကျွံ တောင်းခံဝံ့သောသတ္တိ ရှိနိုင်မည်နည်း။ သူသည် ငါတို့ကို သေးငယ်နည်းပါးစွာ ပေးထားသလော။ သင်စိတ်မကျေနပ်သေးသလော။ ငါတို့အဖို့ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျေးဇူးဆပ်ရန် အချိန်ကျလာပြီဟု ငါထင်သည်။ ငါတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းလမ်းကြောင်းကို လိုက်လျှောက်သောကြောင့်၊ မနည်းလှသော လှောင်ပြောင်သရော်မှု၊ လုပ်ကြံအသရေဖျက်မှုနှင့် ဖိစီးနှိပ်စက်မှုတို့ကို ငါတို့ ခံစားကောင်း ခံစားရပေမည်ဖြစ်သော်လည်း၊ ဤသည်မှာ အဓိပ္ပာယ်ရှိသော အရာဖြစ်သည်ဟု ကျွန်ပ်ယုံကြည်သည်။ ယင်းသည် အရှက်ရစရာ မဟုတ်ဘဲ၊ ဂုဏ်အသရေတစ်ခုဖြစ်ကာ မည်သို့ပင်ဆိုစေ ငါတို့ မွေ့လျော်သည့် ကောင်းချီးမင်္ဂလာများက များပြားလှပေသည်။ မရေမတွက်နိုင်သော စိတ်ပျက်ဖွယ်ရာအချိန်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျေနပ်နှစ်သိမ့်မှုကို ယူဆောင်လာခဲ့ပြီး ငါတို့ မသိလိုက်ခင်မှာပင် ပူဆွေးသောကသည် ဝမ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲခဲ့ပြီးဖြစ်သည်။ မရေမတွက်နိုင်သော လိုအပ်ချိန်များတွင် ဘုရားသခင်သည် ကောင်းချီး မင်္ဂလာများကို ယူဆောင်လာခဲ့ပြီး ငါတို့သည် သူ၏နှုတ်ကပတ်တော်များအားဖြင့် ကြည့်ရှုစောင့်ရှောက်ခြင်း ခံခဲ့ရပြီဖြစ်သည်။ မရေမတွက်နိုင်သော နာမကျန်းချိန်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အသက်ကို ယူဆောင်လာခဲ့ပြီး ငါတို့ကို ဘေးအန္တရာယ်မှ လွတ်မြောက်စေကာ ဘေးအန္တရာယ်မှ လုံခြုံမှုအဖြစ်သို့ ပြောင်းလဲစေခဲ့ပြီးဖြစ်သည်။ သင်သည် ဤအရာများကဲ့သို့ များပြားလှသော အရာတို့ကို မသိလိုက်ဘဲနှင့် မွေ့လျော်ခဲ့ပြီးဖြစ်သည်။ ဤအရာတစ်ခုကိုမျှ သင် သတိမရသလော။

အရှေ့သို့- လမ်းကြောင်း ... (၁)

နောက်တစ်ခုသို့- လမ်းကြောင်း... (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။