၂၃။ ကိုယ့်တာဝန်ကို ထမ်းဆောင်ခြင်းဟာ ဘာကိုဆိုလိုတယ်ဆိုတာ နောက်ဆုံးတော့ ကျွန်မ သိပြီ

ကိုရီးယားနိုင်ငံ၊ ရွှင်းချုံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့် လူသားအတွင်းရှိ ရှိရင်းစွဲ အရာအားလုံးနှင့်ဆိုင်သည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် ဖြစ်နိုင်သည့် အရာဖြစ်သည်။ ထိုအခါ ယင်းမှာ ၎င်း၏တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်ပေသည်။ သူ၏အစေခံမှုအတွင်း လူသား၏ အပြစ်အနာအဆာများသည် တိုးတက်သည့် အတွေ့ကြုံနှင့် တရားစီရင်ခြင်းအား သူ၏ကြုံရခြင်း ဖြစ်စဉ်မှတစ်ဆင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ယင်းတို့သည် လူသား၏တာဝန်ကို မတားဆီးပေ သို့မဟုတ် မထိခိုက်ပေ။ အစေခံမှုကို ရပ်စဲသောသူ သို့မဟုတ် ၎င်းတို့၏ အစေခံမှုတွင် ချွက်ယွင်းချက်များ ရှိကောင်းရှိနိုင်သည်ဟု ကြောက်ရွံ့ခြင်းအတွက် အလျှော့ပေးကာ နောက်ပြန်ဆုတ်သူများသည် အားလုံးထဲတွင် သတ္တိ အနည်းဆုံးသောသူများ ဖြစ်သည်။ လူတို့သည် အစေခံမှုအတွင်းတွင် ၎င်းတို့ ဖော်ပြသင့်သည့်အရာကို မဖော်ပြနိုင်သကဲ့သို့ သို့မဟုတ် ၎င်းတို့အတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့်အရာကို စွမ်းဆောင် မရရှိနိုင်သကဲ့သို့၊ ယင်းအစား တည်ကြည်လေးနက်မှု မရှိဘဲ ဟန်ဆောင်လုပ်ပြပါက၊ ၎င်းတို့သည် ဖန်ဆင်းခံ တစ်ဦး ရှိသင့်သည့် အလုပ်တာဝန်ကို ဆုံးရှုံးကြပြီး ဖြစ်ပေသည်။ ထိုသို့သော လူတို့သည် ‘သာမညောင်ညများ’ ဟု သိရသောအရာများ ဖြစ်သည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်သရိုက် ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ဖန်ဆင်းခံများဟု အဘယ်သို့ ကောင်းမွန်စွာ ခေါ်ဆို၍ ရနိုင်မည်နည်း။ ၎င်းတို့သည် အပြင်ပန်းတွင် တောက်ပြောင်သော်လည်း၊ အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးသည့် သတ္တဝါများ ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု”) ကျွန်မတို့ရဲ့ တာဝန်ကို ထမ်းဆောင်ခြင်းက တကယ်တမ်း ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်မ နားလည်အောင် ဘုရားနှုတ်ကပတ်တော်တွေက ကူညီပေးခဲ့ပါတယ်။ ကျွန်မတို့ဟာ ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ၊ ဆုကျေးဇူးရရှိပါစေ ကျွန်မတို့ နားလည်ထားသမျှကို အပြည့်အဝ အသုံးချရမယ်လို့ ဆိုလိုပါတယ်။ ဖြစ်သလိုလုပ်တာ၊ စိတ်မပါဘဲ လုပ်တာတွေ မလုပ်ရဘူး။ ဘုရားသခင် လိုအပ်တဲ့အရာအပေါ် အခြေခံပြီး ကျွန်မတို့ ဆက်ပြီး ကြိုးပမ်းနေရမယ်။ ဒီလိုဆိုရင် ကိုယ့်တာဝန်တွေကို ထမ်းဆောင်တဲ့အခါမှာ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေကို ဖာထေးပေးနိုင်မယ။ ပြီးတော့ ပိုပြီးကောင်းတဲ့ရလဒ်တွေကို ရလာမယ်။

အခုရက်ပိုင်းမှာ အသင်းတော်က ဘုရားနှုတ်ကပတ်တော် ဓမ္မတေးသီချင်းကို တစ်ဦးတည်းသီဆိုတဲ့ ဗီဒီယိုတချို့ ရိုက်ချင်တယ်။ ကျွန်မတို့ အသင်းခေါင်းဆောင်က သီချင်းတွေထဲက တစ်ပုဒ်ကို ကျွန်မကို ဦးဆောင်သီဆိုသူအဖြစ် ဆိုစေချင်ပြီး ဂစ်တာလည်းတီးစေချင်တယ်။ သူက အဲဒီလိုပြောတော့ ကျွန်မ နည်းနည်း စိတ်လှုပ်ရှားခဲ့တယ်။ သီချင်းဆိုပြီး ဂစ်တာတီးတာက သီချင်းသက်သက်ပဲဆိုတာထက် ပိုခက်တယ်လေ။ ပြီးတော့ အရင်က အဲဒီလို တစ်ဦးတည်းဆိုတာမျိုး လုပ်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ ဆိုနေတုန်းမှာ ကျွန်မရဲ့ သရုပ်ပြတင်ဆက်မှုကို အာရုံစိုက်ပြီး ကော့ဒ်တွေ လွဲကုန်တယ်။ ဒါပေမဲ့ ကော့ဒ်တွေကို အာရုံစိုက်တဲ့အခါကျတော့ ကျွန်မ အမူအရာတွေက တစ်မျိုးဖြစ်ကုန်ရော။ နောက်ဆုံးတော့ အဲဒီ ဗီဒီယိုကို သူတို့ သုံးလို့မရခဲ့ဘူး။ ဒီတာဝန်ကိုပဲ ထပ်ရင်ဆိုင်ရတော့ ကျွန်မ ငြင်းချင်ခဲ့တယ်။ ဒါပေမဲ့ ဒါက ဘုရားအလိုတော်နဲ့ညီမယ်လို့ ကျွန်မ မထင်ဘူး။ ညီအစ်ကို မောင်နှမတွေအားလုံးက ကျွန်မက ဒီသီချင်းနဲ့ တော်တော်ကိုက်တယ်လို့ ထင်ကြတာ။ အဲဒါနဲ့ ကျွန်မ လက်ခံလိုက်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်သင့်ပါတယ်လို့ တွေးလိုက်တယ်။ အဲဒီလိုနဲ့ ဒီတာဝန်ကို ကျွန်မ လက်ခံခဲ့တယ်။ နှစ်ရက် လေ့ကျင့်ပြီးတဲ့နောက်မှာ သီချင်းဆိုတာနဲ့ သရုပ်ပြတင်ဆက်တဲ့အပိုင်းတွေကို တော်တော် နားလည်လာတယ်။ ဒါပေမဲ့ ဂစ်တာကော့ဒ်တွေက တော်တော်ရှုပ်ထွေးပြီး မှတ်မိဖို့ ခက်တယ်။ ဗီဒီယိုရိုက်ဖို့ တစ်ရက်ပဲလိုတော့ ကျွန်မ တော်တော် စိတ်ပူလာတယ်။ လေ့ကျင့်ဖို့အချိန်ကုန်သွားမှာကို ကျွန်မ ကြောက်နေခဲ့တယ်။ ပြီးတော့ ကျွန်မ ဆက်ပြီး လေ့ကျင့်နေရင် ကျွန်မလက်တွေက ရောင်လာမှာလေ။ နာတာကို ထားလိုက်ဦး။ ကျွန်မ မှတ်တောင် မမှတ်မိလောက်ဘူး။ အဲဒီလို စဉ်းစားမိတော့ ကျွန်မ ဒီအတွက် အဖိုးအခ မပေးဆပ်ချင်ခဲ့ဘူး။ အဲဒါနဲ့ ဒီ ခက်ခဲတဲ့ပြဿနာအတွက် အကောင်းဆုံး ဖြေရှင်းချက်ကို စဉ်းစားနေခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်မ အကြံတစ်ခုရတယ်။ ငါ့ လက်တွေကို ဗီဒီယိုသိပ်မရိုက်ဖို့ ကင်မရာမင်းကို ငါ ပြောနိုင်တာပဲ။ ဒါဆိုရင် အဲဒီ စိတ်ရှုပ်ဖို့ကောင်းတဲ့ ကော့ဒ်တွေကို အပင်ပန်းခံပြီး လုပ်နေစရာမလိုတော့ဘူး မဟုတ်လား ဆိုပြီးတော့ပေါ့။ ပြီးတော့ ဗီဒီယိုလည်း ရိုက်လို့ရနေသေးတာပဲလေ။ ဒီ အကြံက ကောင်းမယ့်ပုံပဲ ပေါ့။ တကယ်တော့ ကျွန်မ အဲဒီစိတ်ကူးတွေးမိတုန်းက နည်းနည်း စိတ်မသက်မသာဖြစ်မိတယ်။ ကျွန်မက တာဝန်ခံယူမှုမရှိသလိုမျိုး ခံစားရတယ်။ ကော့ဒ်တွေမှာ ပြဿနာတက်ပြီး ဗီဒီယို ပြန်ရိုက်နေရရင် ဘယ်လိုလုပ်မလဲပေါ့။ ဒါပေမဲ့ ကျွန်မ တွေးလိုက်တယ်။ “အချိန်က အရမ်းကျပ်နေတယ်။ ပြီးတော့ ဒီသီချင်းက တော်တော်ခက်တယ်။ ဒီသီချင်းကို ကောင်းကောင်းတီးရဖို့ တော်တော် ခက်ခဲပင်ပန်းပြီး စိတ်ဖိစီးရမှာပဲ။ ငါ့အဆင့်ထက်ကျော်ပြီး ငါ တင်ဆက်နိုင်မှာမဟုတ်ဘူး။ နောက်ပြီးတော့ ဒါက ဗီဒီယို အမြန်ဆုံးထွက်လာဖို့အတွက်ပဲလေ။ လူတိုင်းက နားလည်သင့်ပါတယ်။” ပေါ့။ အဲဒီနောက်မှာတော့ ကော့ဒ်တွေကို သိပ်စိတ်ပူတော့ဘဲနဲ့ သီချင်းဆိုတာနဲ့ သရုပ်ပြတင်ဆက်တာကို အာရုံစိုက်ခဲ့တယ်။ ဒါဆိုရင် လုံလောက်ပါတယ်ဆိုပြီး တွေးလိုက်တယ်။

ဗီဒီယိုရိုက်ဖို့ အချိန်ရောက်တော့ ဗီဒီယိုရိုက်တဲ့အစ်ကိုကို ကျွန်မလက်တွေကို အနီးကပ်ရိုက်တာတွေ သိပ်မလုပ်ဖို့ ပြောခဲ့တယ်။ ဘာပြဿနာမှ ဖြစ်လိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး။ ဒါပေမဲ့ နောက်နေ့ကျတော့ ဒါရိုက်တာက ကျွန်မက တချို့ကော့ဒ်တွေတီးတာ မှားနေတယ်လို့ ပြောပြီး ဘယ်လိုဖြစ်တာလဲဆိုပြီးတော့ မေးတယ်။ ကျွန်မ တော်တော် အပြစ်ရှိသလိုခံစားလိုက်ရပြီး မျက်နှာက နီရဲသွားတယ်။ ကျွန်မက “ဟာ သွားပြီ။ ဗီဒီယို ပြန်ရိုက်ရတော့မှာလား” ဆိုပြီး တွေးမိတယ်။ အယ်ဒီတာဆီကို ကျွန်မ အမြန်သွားပြီး တခြား ဖြေရှင်းနည်းတစ်ခုခုရှိဦးမလားလို့ မေးလိုက်တယ်။ သူက ခေါင်းခါပြီး “ကျွန်တော် လုပ်ကြည့်ပြီးပြီ မရဘူး” ဆိုပြီးတော့ ပြောတယ်။ ဒီအချိန်မှာတော့ ဗီဒီယိုပြန်ရိုက်ရတော့မယ်ဆိုတာ ကျွန်မ သိလိုက်တယ်။ ပြဿနာက ကျွန်မ ကြောင့်ဖြစ်တယ်ဆိုတာ သိနေတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ နောက်တော့ ဘယ်လိုဖြစ်တာလဲဆိုတာကို ဆွေးနွေးဖို့အတွက် စုဝေးတဲ့အချိန်မှာ ကျွန်မ လုပ်ခဲ့တဲ့အရာအတွက် အကြောင်းပြချက်တွေကို လူတိုင်းကို ပြောပြခဲ့တယ်။ အစ်မတစ်ယောက်က ကျွန်မကို အပြစ်တင်ပြီး “နင်က ကော့ဒ်တွေကို မရသေးဘူးဆိုတာ ဘာလို့ ငါတို့ကို မပြောခဲ့တာလဲ။ အခုတော့ ငါတို့ အကုန် ပြန်ရိုက်ရတော့မယ်။ ပရောဂျက်တစ်ခုလုံး နောက်ကျသွားပြီ။ နင်က ပေါ့ဆပြီး တာဝန်ခံယူမှုမရှိတာပဲ” ဆိုပြီးတော့ ပြောတယ်။ သူပြောတာကို ကျွန်မ လက်မခံနိုင်ခဲ့ဘူး။ “ငါ အကောင်းဆုံးလုပ်ခဲ့တာမဟုတ်ဘူးလား။ အဓိကအချက်က ကော့ဒ်တွေကို ငါ မတီးတတ်တာပဲ။ ဗီဒီယို မြန်မြန်ပြီးဖို့ သေချာအောင် ငါ လုပ်ခဲ့တယ်။ ငါ့လက်တွေကို သူတို့ ဗီဒီယိုမရိုက်ခဲ့သင့်ဘူး မဟုတ်လား” ဆိုပြီးတော့ တွေးမိတယ်။ ကိုယ့်ကိုယ်ကိုယ် လုံးဝ ပြန်မသုံးသပ်ဘဲ ဆင်ခြေတွေပဲ ကျွန်မ ပေးနေခဲ့တာပါ။ ဒါပေမဲ့ နောက်တော့ တခြားအစ်မတစ်ယောက်က ပြောတယ်။ “နင် အခက်အခဲဖြစ်နေရင် ပိုပြီးတော့ လေ့ကျင့်သင့်တယ်။ ဗီဒီယိုရိုက်တာကို ရက်နည်းနည်းလောက် နောက်ဆုတ်ရရင်တောင်မှပေါ့။ ဒါပေမဲ့ အခုလိုတော့ ဖြစ်သလို လုပ်လို့မရဘူးလေ။ နင်က ဦးဆောင်သီဆိုသူပဲ။ ငါတို့က နင် ဂီတာတီးတာကို မပြရင် ဘယ်လိုပုံစံဖြစ်နေမလဲ။ ဒါ နင် တော်တော်ကို ပေါ့ဆပြီး တာဝန်ခံယူမှုမရှိတာပဲ” တဲ့။ သူက “တော်တော်ကို” ဆိုပြီးတော့ ပြောတာကို ကြားရတော့ ကျွန်မ တကယ် ထိသွားတယ်။ ကျွန်မ မနေနိုင်တော့ဘဲ “ညီအစ်ကို မောင်နှမတွေအားလုံးက ငါက ငါ့တာဝန်တွေမှာ ပေါ့ဆတယ်လို့ ထင်ကြတယ်ဆိုရင် တကယ်ပဲ ငါမှားနေတာ ဖြစ်မယ်ထင်တယ်။ ငါလည်း ဗီဒီယိုရိုက်တာကို အဆင်ပြေချင်ခဲ့တာပဲ။ ဒါပေမဲ့ ဘယ်လိုပဲကြည့်ကြည့် ငါ့ကော့ဒ်တွေက မှားနေတော့ ပရောဂျက်ကနောက်ကျသွားပြီး ဗီဒီယိုပြန်ရိုက်ရမှာပဲ။ လုံးဝ ငါ့ကိုပဲ အပြစ်တင်ရမှာပါ” ဆိုပြီး တွေးမိတယ်။ အဲဒီလို စဉ်းစားမိပြီး ကျွန်မ စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မ ကန့်ကွက်နေတာကို ရပ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်သုံးသပ်တယ်။

နောက်ပိုင်းမှာ ကျွန်မကို တကယ် တို့ထိတဲ့ ဘုရား နှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ အဲဒီနှုတ်ကပတ်တော်မှာ ဒီလို ပြောထားပါတယ်၊ “သင်၏တာဝန်ကို ပြီးစလွယ်နှင့် ကပျာကယာ ဆောင်ရွက်ခြင်းနှင့် ယင်းကို ပေါ့ပေါ့တန်တန် သဘောထားခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ယင်းသည် သင်၏ တာဝန်နှင့်သက်ဆိုင်သည့် ညံ့ဖျင်းသော စွမ်းဆောင်မှု ဖြစ်သည်၊ သင့်အနေဖြင့် သင်၏ တာဝန်ကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်စွမ်းရှိသော်လည်း- သင်၏ တာဝန်သည် စံမီလိမ့်မည်မဟုတ်သကဲ့သို့၊ သင်၏ တာဝန်ပေါ် ထားရှိသည့် သင်၏ သဘောထားနှင့်ပတ်သက်၍ ဘုရားသခင် စိတ်ကျေနပ်လိမ့်မည် မဟုတ်ပေ။ မူလက၊ သင်သည် ပုံမှန် ကြိုးစားခဲ့ပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးဖြစ်ပါက၊ ယင်းကို သင်၏ အတွေးများအားလုံး ပေးအပ်မြှုပ်နှံခဲ့ပြီး ဖြစ်ပါက၊ ယင်းကို လုပ်ဆောင်ခြင်းထဲသို့ သင်၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့ကို ထားရှိပြီး၊ သင်၏ အားထုတ်မှုအားလုံးကို စိုက်ထုတ်ပြီးဖြစ်ကာ သင်၏ အားထုတ်မှု၊ သင်၏ ကြိုးပမ်းမှုနှင့် သင်၏ အတွေးများကို အချိန်ကာလတစ်ခုကြာ ပေးအပ်မြှုပ်နှံခဲ့ပြီးဖြစ်ပါက၊ သို့မဟုတ် စာပေများကို ကိုးကားခြင်းအား အချိန်တစ်ချို့ ပေးအပ်မြှုပ်နှံခဲ့ပြီးဖြစ်ကာ သင်၏ စိတ်နှင့်ခန္ဓာတစ်ခုလုံးကို ထိုအရာ၌ နှစ်မြှုပ်ထားခဲ့ပြီးဖြစ်ပါက၊ သင်သည် ထိုသို့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း ရှိပါက၊ ဘုရားသခင်သည် သင့်ကို လမ်းပြလျက် ရှေ့တွင်ရှိမည်ဖြစ်သည်။ သင့်အနေဖြင့် ခွန်အားစိုက်ထုတ်ဖို့ များစွာ မလိုအပ်ပေ။ ပူးပေါင်းလုပ်ဆောင်မှုတွင် သင်သည် မခြွင်းမချန် အားထုတ်သည့်အခါတွင်၊ ဘုရားသခင်သည် သင့်အတွက် အရာရာ စီစဉ်နှင့်ပြီး ဖြစ်လိမ့်မည်။ သင်သည် ဉာဏ်များကာ သစ္စာဖောက်ပြီး၊ အလုပ်ကို တစ်ဝက်တစ်ပျက်လုပ်လျက်၊ စိတ်နှလုံးပြောင်းလဲကာ လမ်းလွဲပါက၊ ဘုရားသခင်သည် သင့်ကို လုံးဝစိတ်ဝင်စားမည် မဟုတ်ပေ။ သင်သည် ဤအခွင့်အရေးကို ဆုံးရှုံးပြီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်က၊ ‘သင်သည် ကျေနပ်လောက်အောင် မကောင်းပေ။ သင်သည် အသုံးမကျပေ။ ဘေးထွက်ရပ်လော့။ သင်သည် ပျင်းရိရသည်ကို နှစ်သက်သည် မဟုတ်လော။ လှည့်ဖြားတတ်ခြင်းနှင့် ကောက်ကျစ်တတ်ခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ အနားယူရသည်ကို သင် နှစ်သက်သလော။ ကဲ ထိုသို့ဆိုလျှင် အနားယူလော့’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို နောက်လူအား ပေးလိမ့်မည်။ သင် မည်သည့်အရာ ပြောသနည်း- ဤသည်မှာ ဆုံးရှုံးမှုတစ်ခုလော၊ အောင်မြင်မှုတစ်ခုလော။ ယင်းမှာ ဧရာမ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏ တာဝန်ဆောင်ရွက်သည့်အခါ အရေးမထားခြင်းနှင့် ဝတ်ကျေတန်းကျေဖြစ်ခြင်း ပြဿနာကို ဖြေရှင်းနည်း”) ဘုရား နှုတ်ကပတ်တော်တွေက ကျွန်မကိုယ်တိုင်ရဲ့ အခြေအနေကို ထုတ်ဖော်ပြပါတယ်။ ဦးဆောင်နေရာကို ယူဖို့အတွက် လေ့ကျင့်ဖို့ ကျွန်မ သဘောတူခဲ့ပေမဲ့ တကယ်တမ်း ကျွန်မ ကတိပေးခဲ့တဲ့အရာကို မလုပ်ခဲ့ဘူး။ ကျွန်မ အားနည်းချက်ကို မရင်ဆိုင်ခဲ့ဘူး၊ ကော့ဒ်တွေ တီးတတ်လာဖို့အတွက် အချက်အလက်တွေ မရှာဖွေခဲ့ဘူး။ အရမ်းခက်ခဲလိမ့်မယ်လို့ ထင်တာကြောင့် လေ့ကျင့်မှု လျော့နည်းခဲ့တယ်။ အချိန်မရှိဘူးလို့ ဆင်ခြေပေးခဲ့ပြီး ကျွန်မ လက်တွေကို အနီးကပ်မရိုက်ဖို့ ကင်မရာမင်းကို တောင်းဆိုခဲ့တယ်။ ရသွားလိမ့်မယ်လို့ ကျွန်မ ထင်ထားခဲ့ပေမဲ့ ပရောဂျက်နှောင့်နှေးတာပဲ ဖြစ်သွားခဲ့တယ်။ ကျွန်မက တကယ်ကို ပေါ့ဆပြီး တာဝန်ခံယူမှုမရှိတာပါ။ တာဝန်ကျလာတဲ့အခါမှာ သီချင်းကို ကောင်းကောင်းတီးပြီး ဘုရားသခင်အတွက် သက်သေခံဖို့ အားမထုတ်ချင်ခဲ့ဘူး။ အဲဒီအစား အသက်သာဆုံးလမ်းကြောင်းကို ရွေးခဲ့တယ်။ အခုတော့ အားလုံး ပြန်လုပ်ခဲ့ရတယ်။ ကျွန်မ ဘယ်လိုဖြစ်ပြီး တာဝန်မသိတတ်ခဲ့တာလဲ။ နည်းနည်းလေး ပိုပြီး လေ့ကျင့်လိုက်ရင်၊ အားထုတ်လိုက်ရင် ဘုရားသခင်ရဲ့ အိမ်တော်ကို ကျွန်မ ထိခိုက်နစ်နာစေမှာမဟုတ်ဘူး။ အဲဒီအချိန်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် နည်းနည်း မုန်းမိတယ်။ ကျွန်မက “ငါ နောက်ထပ် အခွင့်အရေးတစ်ခုထပ်ရရင် စဉ်းစားဉာဏ်မရှိတာမျိုး မလုပ်တော့ဘူး။ အဲဒီ ကော့ဒ်တွေကို လေ့ကျင့်ရင်း ပင်ပန်းရမယ်ဆိုရင်တောင် လုပ်ဖို့ လိုအပ်တာကို ငါ လုပ်မယ်။” ဆိုပြီး စဉ်းစားမိတယ်။

တခြားလူတွေက ကျွန်မကို လေ့ကျင့်ဖို့အတွက် နောက်ထပ် အချိန်နှစ်ရက်ထပ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီအတွက် ကျွန်မ တော်တော် စိတ်ပျော်ရွှင်ခဲ့ရပြီး ကျွန်မရဲ့ ပြစ်မှားမှုအတွက် ပြန်ပေးဆပ်ဖို့ အခွင့်အရေးပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်မ လေ့ကျင့်တဲ့အခါမှာ ကော့ဒ်တွေအားလုံးကို မှတ်မိဖို့အတွက် ကြိုးစားလုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ တော်တော် စိတ်ဖိစီးတယ်။ ကျွန်မ နည်းလမ်းက လိုနေပြီးတော့ ဒီ နှစ်ရက်က ကျွန်မ တိုးတက်လာဖို့အတွက် မလုံလောက်မှာကို စိုးရိမ်နေခဲ့ရတယ်။ ကျွန်မ ထပ်ပြီးတော့ စိတ်ပူလာပြန်တယ်။ ဒါပေမဲ့ ကျွန်မ စိတ်ပူလာလေလေ မေ့လေလေ၊ ကျွန်မက မေ့လေလေ၊ ပိုပြီး စိတ်ပူလာလေလေပဲ။ အဲဒီမနက်ခင်းက မျက်စိတစ်မှိတ်အတွင်း ကုန်သွားတယ်။ သီချင်းကို ကောင်းကောင်း မတီးနိုင်သေးဘူး။ လက်တွေက နာလာတယ်။ ပုံမှန်ဆိုရင် ကျွန်မက နေ့လည်စာ စားပြီးတဲ့အချိန်မှာ လေ့ကျင့်တာကို ခဏနားတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်မ ဆက်လေ့ကျင့်မှဖြစ်မယ်ဆိုတာ သိခဲ့တယ်။ ကျွန်မ နားလို့မဖြစ်ဘူး။ ကော့ဒ်တွေ မှန်ဖို့အတွက် ကျွန်မမှာ ရှိတဲ့ အချိန်တိုင်းကို အသုံးပြုရမယ်ဆိုတာ သိခဲ့တယ်။ ကျွန်မ စိတ်နှလုံးကို မှန်မှန်ကန်ကန် ပြင်ဆင်ပြီးတာနဲ့ ဘုရားသခင်က ကျွန်မကို လမ်းပြခဲ့တယ်။ အဲဒီ နေ့လည်မှာ ကျွန်မ ကိုယ်တိုင် သတိမထားလိုက်မိဘဲ ကော့ဒ်တွေကို သူ့ကဏ္ဍနဲ့သူ ဘယ်လို မှတ်သားရမယ်ဆိုတာကို ကျွန်မ သိသွားခဲ့တယ်။ ပိုပိုပြီး တိုးတက်လာတယ်။ ဒါပေမဲ့ လေ့ကျင့်တာ တော်တော်ကြာနေပြီဆိုတော့ လက်တွေက စ ရောင်လာပြီး လျော့ပြီး လုပ်ချင်တဲ့စိတ်က ဖြစ်လာတယ်။ ကျွန်မ ဒီလိုမျိုးတွေးမိနေတာကို ကိုယ့်ကိုယ်ကိုယ် သတိထားမိတော့ ဘုရားသခင် ပြောခဲ့တာတစ်ခုကို ကျွန်မ တွေးမိပြီး အဲဒါကို အမြန်ဖတ်လိုက်တယ်၊ “သင်၏ အားထုတ်မှုနှင့် သုံးစွဲမှု လိုအပ်ပြီး၊ သင်၏ ခန္ဓာ၊ စိတ်နှင့် အချိန်ကို ဆက်ကပ်ဖို့ လိုအပ်သည့် တာဝန်တစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ သင်သည် မည်သည့်အရာကိုမျှ ချုပ်တည်းမထားရ၊ သင်၏ သေးနုတ်သည့် လိမ္မာပါးနပ်မှုကို ကွယ်ဝှက်မထားရ၊ သို့မဟုတ် လူးသာလွန့်သာ တစ်ခုမျှ ချန်မထားရ။ သင်သည် လူးသာလွန့်သာ တစ်စုံတစ်ရာ ချန်ထားပါက၊ ချင့်တွက်နေပါက သို့မဟုတ် သင်သည် ဉာဏ်များကာ သစ္စာဖောက်ဖျက်တတ်ပါက၊ သင်သည် ညံ့ဖျင်းသော အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ သေချာပေသည်။ သင်က၊ ‘ပါးနပ်သည့် နည်းလမ်းဖြင့် ငါလုပ်ဆောင်နေသည်ကို မည်သူမျှ မမြင်ပါ။ အပြတ်မိုက်လိုက်လေခြင်း’ ဟု ပြောကောင်းပြောလိမ့်မည်။ ဤသည်မှာ မည်သို့သော အတွေးမျိုးနည်း။ သင်သည် လူများနှင့် ဘုရားသခင်ကိုလည်း နှစ်ပေါက်တစ်ပေါက်ရိုက်လိုက်ပြီဟု တွေးထင်သည်။ သို့သော်၊ တကယ့်အမှန်တွင်၊ သင်လုပ်ဆောင်လိုက်သည့်အရာကို ဘုရားသခင် သိသလော၊ မသိသလော။ (သူ သိပါသည်။) ယေဘုယျအားဖြင့်၊ သင်နှင့် အချိန်ကာလကြာမြင့်စွာ အပြန်အလှန်ဆက်ဆံသည့် လူများကလည်း သိရှိလိမ့်မည်ဖြစ်ပြီး၊ သင်သည် အမြဲ မယုံရသောသူ၊ မည်သည့်အခါတွင်မျှ လုံ့လမရှိသကဲ့သို့ မိမိ၏ အားထုတ်မှု ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ရာခိုင်နှုန်း သို့မဟုတ် အများဆုံး ရှစ်ဆယ်ရာခိုင်နှုန်းသာ စိုက်ထုတ်သူဖြစ်သည်ဟု ပြောကြလိမ့်မည်။ သင်သည် သင် လုပ်ဆောင်နေသည့် မည်သည့်အရာကိုမဆို မသိကျိုးကျွန်ပြုလျက်၊ အလွန် စိတ်ရှုပ်ထွေးသော ပုံစံဖြင့် အရာရာကို လုပ်ဆောင်သည်၊ သင်သည် အလုပ်တာဝန်ကို လုံးဝကျေပွန်ခြင်းမရှိဟု ၎င်းတို့ ပြောကြလိမ့်မည်။ သင့်ကို တစ်စုံတစ်ရာ လုပ်ဆောင်စေပါက၊ ထိုအခါမှသာ အားထုတ်မှု အနည်းငယ်ကို သင် စိုက်ထုတ်လေသည်။ သင်၏ အလုပ်က စံချိန်မီခြင်း ရှိ၊မရှိဆိုသည်ကို ကြည့်ရန် စစ်ဆေးဖို့ တစ်စုံတစ်ဦးက အနီးတစ်ဝိုက်တွင်ရှိပါက၊ သင်သည် အလုပ်ကို အနည်းငယ် သာ၍ကောင်းမွန်စွာ လုပ်ဆောင်ပေသည်- သို့သော် စစ်ဆေးဖို့ အနီးတစ်ဝိုက်တွင် မည်သူမျှမရှိပါက၊ အနည်းငယ် သင် လျှော့ချလေသည်။ သင်သည် ကိုင်တွယ်ဖြေရှင်းခြင်းခံရပါက၊ ယင်းကို သင် စိတ်ပါလက်ပါ လုပ်ဆောင်လေသည်။ သို့မဟုတ်ပါက၊ သင်သည် အလုပ်လုပ်စဉ်တစ်လျှောက် စဉ်ဆက်မပြတ် ငိုက်မျဉ်းနေပြီး၊ မည်သူမျှ သတိထားမိမည်မဟုတ်ဟု ယူဆလျက် သင် တတ်နိုင်သမျှ မည်သည့်အရာမဆိုအတွက် တာဝန်မယူရဖို့ ကြိုးစားနေပေသည်။ အချိန်ကုန်လွန်သွားကာ လူတို့က သတိပြုမိကြလေသည်။ ၎င်းတို့က၊ ‘ဤလူသည် အားမကိုးရသကဲ့သို့ မယုံကြည်ရပေ။ သင် သူ့ကို အရေးကြီးသည့် တာဝန်တစ်ခု ဆောင်ရွက်ဖို့ ပေးပါက၊ ကြီးကြပ်မှု လိုအပ်လိမ့်မည်။ အခြေခံသဘောတရားများ မပါဝင်သည့် သာမန် တာဝန်များနှင့် အလုပ်များကို သူ လုပ်နိုင်သော်လည်း သင်သည် သူ့ကို အလွန်အရေးပါသည့် တာဝန်တစ်ခုတစ်လေကို ဖြည့်ဆည်းဖို့ ပေးပါက၊ ယင်းကို သူကမောက်ကမဖြစ်စေမည်မှာ အလားအလာအများဆုံး ဖြစ်ပြီး၊ ထို့နောက် သင်သည် တစ်ပတ်ရိုက်ခံရပြီးဖြစ်လိမ့်မည်’ ဟု ပြောကြလေသည်။ လူတို့သည် ၎င်းကို ကောင်းကောင်းကြီး ရိပ်စားမိကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းသည် သိက္ခာနှင့် သမာဓိအားလုံး လုံးဝ ဖယ်ရှားပြီးဖြစ်လိမ့်မည်။ မည်သူမျှ သူ့ကို မယုံကြည်နိုင်ပါက၊ ဘုရားသခင်သည် မည်သို့ ယုံကြည်နိုင်မည်နည်း။ ဘုရားသခင်သည် သူ့ကို အဓိကကျသောတာဝန်များ တစ်ခုတစ်လေ ပေးအပ်မည်လော။ ထိုသို့သော လူတစ်ဦးသည် မယုံကြည်ရပေ။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အသက်အတွင်း ဝင်ရောက်ခြင်းသည် မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်”)

ကျွန်မက ကိုယ့်တာဝန်မှာ ဘယ်လောက် အလေးအနက်မထားသလဲဆိုတာ ဘုရား နှုတ်ကပတ်တော်တွေကြောင့် ကျွန်မ သဘောပေါက်ခဲ့ရတယ်။ ကျွန်မက ကော့ဒ်တွေကို လေ့ကျင့်တဲ့အခါမှာ ကိုယ့်ဘာသာ အားရကျေနပ်နေပြီး အကောင်းဆုံးအဆင့်ရောက်အောင် မကြိုးစားဘူး။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ အသုံးမချဘူး။ ကျွန်မ ကိုယ့်တာဝန်ကို ပြီးစလွယ် ဖြစ်သလိုလုပ်နေတာပါ။ ကျွန်မ မှာ သမာဓိမရှိဘူး။ ယုံကြည်စရာ မကောင်းဘူး။ ကျွန်မက ကိုယ့်တာဝန်မှာ စိတ်အားထက်သန်ပြီး အလုပ်ကြိုးစားတဲ့သူအဖြစ် ထာဝရ သစ္စာရှိတဲ့သူအဖြစ် ကိုယ့်ကိုယ်ကိုယ် မြင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျွန်မက အကျိုးရလဒ်အပေါ်မှာ အာရုံမစိုက်ဘဲ ဖြစ်သလိုလုပ်ခဲ့တယ်ဆိုတာကို သိခဲ့ရတယ်။ ဒါက ဘယ်လိုလုပ် ကိုယ့်တာဝန်ကို ထမ်းဆောင်တာဖြစ်မှာလဲ။ ကျွန်မက ဒီလိုမျိုး ဆက်လုပ်နေရင် ဘယ်သူက ကျွန်မကို ယုံကြည်ရဲမှာလဲ။ ကျွန်မက ကျွန်မရဲ့ သမာဓိနဲ့ ဂုဏ်သိက္ခာကို အလောင်းအစားလုပ်နေတာမဟုတ်ဘူးလား။ အရင်တစ်ခါက ကျွန်မ ပြစ်မှားမှုတစ်ခုကို ကျူးလွန်ခဲ့တယ်။ ကျွန်မ ထပ်ပြီး မလုပ်ချင်တော့ဘူး။ ကျွန်မ လက်တွေ ရောင်လာသည်ဖြစ်စေ၊ ကျွန်မ ကြိုးစားတယ်ပဲ ဖြစ်စေ အရေးမကြီးဘူး။ ကျွန်မရဲ့ ကိုယ်ကျင့်တရားနဲ့ သိက္ခာက ပို အရေးကြီးပါတယ်။ အဲဒါနဲ့ ဘယ်လောက် ပင်ပန်းပါစေ၊ ခက်ခဲပါစေ ကော့ဒ်တွေကို ဆက်ပြီး လေကျင့်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ အမှန်တကယ် နောင်တရဖို့ ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက် ဘုရားသခင်ရဲ့ ကောင်းကြီးတွေနဲ့ ဘုရားသခင်ရဲ့ လမ်းပြမှုကို ကျွန်မ မြင်ခဲ့ရပါတယ်။ အဲဒီနေ့မှာပဲ ညသန်းခေါင်းကျော်တဲ့အထိ ကျွန်မ လေ့ကျင့်ခဲ့တယ်။ ကော့ဒ်တွေအားလုံးနီးပါးကို မှတ်မိအောင် လုပ်နိုင်ခဲ့တယ်။ သီချင်းတစ်ပုဒ်လုံး ကျွမ်းလာတဲ့အထိ နောက်နေ့အထိ ကျွန်မ လေ့ကျင့်ခဲ့တယ်။ ဗီဒီယိုရိုက်နေတဲ့အချိန်မှာ အဆင့်တိုင်းကို ကျွန်မ သတိရှိရှိနဲ့ အာရုံစိုက်တယ်။ ပြီးတော့ ဘုရားသခင်ကို အားကိုးရင်းနဲ့ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ အံ့သြစွာနဲ့ပဲ ဗီဒီယိုရိုက်တာ အစအဆုံး တစ်ခေါက်ထဲနဲ့ ပြီးသွားတယ်။ ဒီလိုဖြစ်သွားတာကိုမြင်ရတော့ ကျွန်မ စိတ်ငြိမ်သက်မှုကို ခံစားရတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းရဲ့ ချိုမြိန်မှုကို ကျွန်မ မြည်းစမ်းခဲ့ရပါတယ်။

နောက်ပိုင်းမှာ ကျွန်မ တေးသီချင်း ရေးစပ်တဲ့ တာဝန်ပေးခံရတယ်။ ကျွန်မ သီချင်းတစ်ပုဒ် မစပ်ဖြစ်တာ တော်တော်ကြာပြီဆိုတော့ သိပ် အလေ့အကျင့်ရှိ မနေဘူး။ အထူးသဖြင့် ကျွန်မ တစ်ခါမှ မလုပ်ဖူးတဲ့ ရော့ခ် သီချင်းတစ်ပုဒ်ကို အခုရက်ပိုင်းမှာ လုပ်နေကြတာ။ အဲဒါကြောင့် ကျွန်မ နည်းနည်း စိုးရိမ်မိတယ်။ ဒါပေမဲ့ ဒါက ကျွန်မ ထမ်းဆောင်ဖို့ လိုအပ်တဲ့ တာဝန်တစ်ခုဖြစ်ပြီး အကောင်းဆုံး ကြိုးစားရမယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ အဲဒါနဲ့ အခုလကုန်မှာ သီချင်းနှစ်ပုဒ်ပြီးအောင်လုပ်ဖို့ စီစဉ်ခဲ့တယ်။ သီချင်းတွေစပ်ရင်းနဲ့ ကျွန်မ အချိန်ပို အလုပ်လုပ်တယ်။ ပင်ပန်းတဲ့အခါမှာ ကျွန်မ ဇာတိပကတိကို စွန့်လွှတ်အောင် ကူညီပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့တယ်။ ကျွန်မ သံစဉ်တစ်ခုကို ရုတ်တရက် စဉ်းစားမိပြီး သီချင်း အစအဆုံးတစ်ပုဒ်အဖြစ် အမြန် ပြောင်းလဲပစ်လိုက်တယ်။ ပြီးသွားတဲ့အခါကျတော့ ညီအစ်ကို မောင်နှမတွေကို နားထောင်ခိုင်းတယ်။ သူတို့က သီချင်းက အဆင်ပြေတယ်၊ ရော့ခ်ဂီတနဲ့ လိုက်တဲ့စတိုင်ရှိတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်မ စိတ်ထဲမှာ စဉ်းစားမိတယ်။ “ငါ ဒီထက်ပို ကြိုးစားပြီး ထပ်ဆိုအပိုဒ် သံစဉ်ကို မွန်းမံလိုက်ရင် သီချင်းက ပိုပြီးတော့တောင် ကောင်းသွားမှာပဲ ပေါ့။” ဒါပေမဲ့ နောက်ထပ် ထပ်စဉ်းစားမိတယ်။ ကျွန်မက အဲဒီအချိန်တုန်းက ရှင်းလင်းတဲ့ ဦးတည်ချက်မရှိသေးဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းကြီး အပင်ပန်းမခံချင်သေးဘူး။ နောက်ပြီးတော့ ညီအစ်ကို မောင်နှမတွေကလည်း ပြဿနာမရှိဘူး။ သီချင်းက အဆင်ပြေတယ်။ ပြီးတော့ ဒီ သီချင်းအမျိုးအစားကို ဘယ်လိုစပ်ရမယ်ဆိုတာကို သိတာ သိပ်မကြာသေးဘူးဆိုတော့ အမှားပါတယ်ဆိုရင် ဒါ ပုံမှန်ပါပဲ။ အဖွဲ့ခေါင်းဆောင်ဆီကို ကျွန်မ တင်ပြလိုက်တယ်။

သုံးလေးရက်လောက်ကြာတော့ သူက ကျွန်မက လမ်းကြောင်းမှန်တယ်။ ဒါပေမဲ့ သံစဉ်က နည်းနည်း ကြမ်းနေတယ် ဆိုပြီးတော့ ပြောတယ်။ သီချင်းစာသားကို နည်းနည်းလောက် ထပ်စဉ်းစားဖို့ သူက အကြံပေးတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်မ နည်းနည်း လက်မခံချင်သလိုဖြစ်ပြီးတော့ “ဒီလို သီချင်းမျိုးကို ဘယ်လိုစပ်ရမယ်ဆိုတာ ငါ သိတာ သိပ်မကြာသေးဘူး။ နင်က ငါ့ကို အရမ်းလုပ်ခိုင်းနေတာပဲ” ဆိုပြီး တွေးမိတယ်။ ဒီသီချင်းနဲ့ပတ်သက်ပြီး အချိန်တော်တော်ကုန်ခဲ့ပြီးပြီ။ သူ့ရဲ့ မှတ်ချက်ကိုလည်း သုံးလေးရက်လောက် ထပ်စောင့်နေခဲ့ရတယ်။ လဝက်လောက်က ကုန်သွားပြီ။ တိုးတက်မှုမရှိတာကို တွေ့ရတော့ ကျွန်မ နည်းနည်း စိတ်ညစ်သွားတယ်။ သီချင်းကို ပြန်ပြီး စိစစ်တည်းဖြတ်ဖို့က တော်တော် အားထုတ်ရမှာ။ ပြီးတော့ ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိသေးဘူး။ အဲဒါနဲ့ အဓိက တီးလုံးကို ကျွန်မ ပြန်ရေးခဲ့တယ်။ အသင်းခေါင်းဆောင်ကပြောတယ်။ သီချင်းက သံစဉ် သိပ်မရှိဘဲ ကလေးသီချင်းနဲ့ တူတယ် တဲ့။ ကျွန်မ တကယ်ကို စိတ်ဓာတ်ကျသွားတယ်။ “ငါ အစွမ်းကုန် လုပ်နေတာပဲ။ ဒါပေမဲ့ သီချင်းတစ်ပုဒ်တောင် လက်ခံအောင် မလုပ်နိုင်သေးဘူး။ ငါ ဘာလုပ်သင့်လဲ” ဆိုပြီး တွေးမိတယ်။ နောက်ပိုင်းမှာ ကျွန်မ သံစဉ်နည်းနည်းလောက် ထပ်ပြီးရေးခဲ့တယ်။ ဒါပေမဲ့ တစ်ခုမှ လက်မခံဘူး။ ကျွန်မ တော်တော် ်စိတ်ကယောက်ကယက်ဖြစ်သွားတယ်။ လကုန်မှာ သီချင်းနှစ်ပုဒ်ပြီးအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပေမဲ့ တစ်ပုဒ်တောင် မပြီးသေးတာကို ကျွန်မ စဉ်းစားမိတယ်။ ကျွန်မ ကိုယ့်တာဝန်ကို မလုပ်နိုင်ခဲ့ဘူး။ ကျွန်မက ဘာမှ သုံးစားမရဘူးလား။

နောက်ပိုင်းမှာ ဝတ်ပြုအစည်းအဝေးမှာ အဖွဲ့ခေါင်းဆောင်က ကျွန်မကို သတိပေးတယ်။ “မင်း သီချင်းတွေက ကိုယ်ပိုင်ပုံစံ တော်တော်ရှိပြီး စတိုင်က ကောင်းတယ်။ ဒါဆို ဘာလို့ တစ်ခုမှ လက်မခံသေးတာလဲ။ မင်းက စာသားကို အာရုံမစိုက်နေဘူး။ အဲဒါကြောင့် စာလုံးနဲ့ သံစဉ်တွေက မကိုက်ဘူး။ အဲဒါကို မင်း ပြောင်းလိုက်တိုင်း ပိုပိုဆိုးလာတယ်။ ဒါ ဘုရားသခင်ရဲ့ အိမ်တော်ကို နှောင့်နှေးစေတယ်။” ပြီးတော့ နောက်အစ်ကိုတစ်ယောက်က ဝင်ပြောတယ်။ “မင်းက ရီကောဒင်းလုပ်တော့ သီချင်းဆိုတာ သိပ်မကောင်းဘူး။ တချို့ဟာတွေဆိုရင် သီချင်းစာရွက်နဲ့တောင် မကိုက်ဘူး။ မင်းက ပေါ့နေတာပဲ” တဲ့။ အစ်ကိုတွေရဲ့ ကိုင်တွယ်ဖြေရှင်းခံရပြီး ပြစ်တင်ဆုံးမခံရတာက ရှက်စရာကောင်းတယ်။ အပေါက်တစ်ပေါက်ထဲပဲ သွား ဝင်နေလိုက်ချင်တယ်။ ကျွန်မ အိမ်ပြန်ရောက်တော့ ဘုရားသခင်ဆီကို “ဘုရားသခင် ကျွန်မ ကိုယ့်တာဝန်မှာ ပေါ့တီးပေါ့ဆလုပ်နေခဲ့ပါတယ်။ ဆက်ကပ်အပ်နှံခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီ ပြဿနာကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ကူညီ လမ်းပြတော်မူပါ” ဆိုပြီး ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက ဒါကို ဖတ်ခဲ့ရပါတယ်၊ “အမှုအရာများကို အလွန် ပေါ့ပေါ့ဆဆနှင့် တာဝန်မဲ့စွာ ကိုင်တွယ်ဖို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအတွင်းရှိ အရာတစ်ခု မဟုတ်လော။ မည့်အရာနည်း။ စက်ဆုပ်ဖွယ်ကောင်းမှု ဖြစ်သည်။ ကိစ္စရပ်များအားလုံးတွင်၊ ၎င်းတို့က ‘မှန်လုနီးပါးပဲ’နှင့် ‘အတော် နီးစပ်သည်’ ဟု ဆိုကြ၏။ ယင်းသည် ‘ဖြစ်နိုင်သည်’ ‘ဖြစ်ကောင်းဖြစ်နိုင်မည်’၊ ‘ငါးခုထဲမှ လေးခု’ ဆိုသည့် သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြ၏၊ အနည်းဆုံး လုပ်ဆောင်ရမည်ကို စိတ်ကျေနပ်ကြသကဲ့သို့ တတ်နိုင်သမျှ တော်စွလျော်စွ ကြုံရာကျပန်းနေရမည်ကို ကျေနပ်ကြလေသည်။ အမှုအရာများကို အလေးအနက်ထားရာတွင် သို့မဟုတ် တိကျမှုအတွက် ကြိုးပမ်းခြင်းတွင် အကျိုးမရှိဟု ၎င်းတို့ မြင်ကြပြီး၊ ကိုယ်ကျင့်တရားများကို ကြိုးပမ်းအားထုတ်ခြင်းတွင် သာ၍အကျိုးမရှိဟု ၎င်းတို့ မြင်ကြလေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်း၌ ရှိသည့် အရာတစ်ခုဖြစ်သည် မဟုတ်လော။ ယင်းသည် ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်တစ်ခုလော။ ယင်းကို မာနထောင်လွှားမှုဟု ခေါ်ဆိုခြင်းသည် မှန်ကန်သကဲ့သို့၊ အကျင့်ပျက်သည့်အရာဟု ခေါ်ဆိုခြင်းမှာလည်း လုံးဝ ဆီလျော်၏- သို့သော် ယင်းကို အပြည့်အဝ အတိအကျဖော်ပြဖို့ရာ၊ လုံလောက်မည့် တစ်ခုတည်းသော စကားလုံးမှာ ‘စက်ဆုပ်ဖွယ်’ ဖြစ်သည်။ ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းမှုသည် လူအများစု၏ လူ့သဘာဝထဲတွင် ရှိနေလေသည်။ ကိစ္စရပ်များအားလုံးတွင်၊ ဖြစ်နိုင်သမျှ အနည်းဆုံး လုပ်ဆောင်ရန်၊ မည်မျှနှင့်သာ ပြီးသွားနိုင်သည်ကို ကြည့်ရန် ဆန္ဒရှိကြပြီး ၎င်းတို့ လုပ်ဆောင်သမျှတိုင်းတွင် လှည့်ဖြားမှု အငွေ့အသက်တစ်ခု ရှိလေသည်။ ၎င်းတို့သည် တတ်နိုင်သည့်အခါ အခြားသူများကို လိမ်လည်လှည့်စားသည်၊ တတ်နိုင်သည့်အခါ ဖြတ်လမ်းလိုက်ကြပြီး၊ ကိစ္စတစ်ခုကို သုံးသပ်ဆင်ခြင်ဖို့ အချိန်များစွာ ကုန်ဆုံးဖို့ သို့မဟုတ် များစွာတွေးတောဖို့ စက်ဆုပ်ကြလေသည်။ ၎င်းတို့ ထုတ်ဖော်ပြခံရသည်ကို ရှောင်ရှားနိုင်ပြီး ၎င်းတို့ မည်သည့်ပြဿနာမျှ မပေါ်ပေါက်စေဘဲ၊ ၎င်းတို့အပြစ်ဖော် ဆုံးမခြင်း မခံရသရွေ့၊ အားလုံး အဆင်ပြေသည်ဟု ၎င်းတို့ ထင်မှတ်ကြပြီး၊ ထို့ကြောင့် ရှေ့ဆက် ၎င်းတို့ ကမောက်ကမ ဖြစ်စေကြလေသည်။ ၎င်းတို့အဖို့၊ အလုပ်တစ်ခုကို ကောင်းကောင်း လုပ်ဆောင်ခြင်းသည် ထိုက်သင့်သည်ထက် သာ၍ ဒုက္ခများပေသည်။ ထိုသို့သော လူတို့သည် မည်သည့်အရာကိုမျှ ကျွမ်းကျင်သည်အထိ မတတ်မြောက်ကြသကဲ့သို့၊ ၎င်းတို့၏ လေ့လာမှုများတွင် ဝါယမစိုက်ထုတ်ခြင်းမရှိကြချေ။ ၎င်းတို့သည် အကြောင်းအရာတစ်ခု၏ ယေဘုယျကျသည့် အကြမ်းဖျင်းကိုသာ ရရှိချင်ကြပြီးနောက် မိမိတို့ကိုယ်ကိုယ် ထိုအရာတွင် ကျွမ်းကျင်သည်ဟု ဆိုကြလေသည်၊ ထို့နောက် ၎င်းတို့၏လမ်းတစ်လျှောက် ကမောက်ကမဖြစ်စေဖို့ ဤအရာအပေါ် မှီခိုကြလေသည်။ ဤသည်မှာ အမှုအရာများအပေါ် လူတို့ ထားရှိသော သဘောထားတစ်ခု ဖြစ်သည် မဟုတ်လော။ ယင်းသည် ကောင်းမွန်သော သဘောထား ဖြစ်ပါသလော။ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် ထိုသို့သော လူများ ခံယူသည့် ဤသဘောထားမျိုးသည် စကားလုံး အနည်းငယ်အားဖြင့် ‘အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်သွားစေဖို့’ ဖြစ်ပြီး၊ ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းမှုသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးထဲတွင် တည်ရှိလေသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၉)”) “မြင့်မြတ်သောလူများနှင့် ယုတ်ညံ့သောလူများကြားတွင် မည်သို့ ခွဲခြားသိမြင်နိုင်သနည်း။ အခြားလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ဆက်ဆံရာတွင် ၎င်းတို့၏သဘောထားနှင့် ဟန်ပန်တို့ကိုသာ ကြည့်လော့- ၎င်းတို့မည်သို့ ပြုမူသည်၊ အမှုအရာများကို ၎င်းတို့ မည်သို့ကိုင်တွယ်သည်နှင့် ပြဿနာတစ်ခု ပေါ်လာသည့်အခါ၊ ၎င်းတို့မည်သို့ပြုမူသည်တို့ကို ကြည့်လော့။ ဝိသေသလက္ခဏာနှင့် ဂုဏ်သိက္ခာရှိသည့် လူများသည် ၎င်းတို့၏လုပ်ဆောင်ချက်များတွင် စေ့စပ်တိကျသည်၊ လေးနက်ပြီး လုံ့လဝီရိယရှိကြကာ ပေးဆပ်မှုများ ပြုလုပ်ဖို့ လိုလားကြသည်။ ဝိသေသလက္ခဏာနှင့် ဂုဏ်သိက္ခာ မရှိသည့်လူများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် ဟိုရောက်သည်ရောက်ဖြစ်ကာ၊ ပေါ့ပေါ့ဆဆ နိုင်ကြသည်၊ လှည့်ကွက်အချို့ကို အစဉ် လုပ်ဆောင်ကြသည်၊ အိုးနင်းခွက်နင်းနှင့် ပြီးမြောက် သွားဖို့သာ အစဉ်လိုလားကြသည်။ ၎င်းတို့သည် ကျွမ်းကျင်ဖို့ မည်သည့် အတတ်ပညာပိုင်း ကျွမ်းကျင်မှုကိုမျှ မသင်ယူကြဘဲ၊ ၎င်းတို့ မည်မျှကြာကြာ လေ့လာပါစေ၊ ၎င်းတို့သည် ကျွမ်းကျင်မှု သို့မဟုတ် အတတ်ပညာပိုင်းနှင့်သက်ဆိုင်သည့် အရေးကိစ္စများ၌ မသိနားမလည်ခြင်းဖြင့် ဝေခွဲမရဖြစ်မြဲ ဖြစ်ကြသည်။ သင်သည် ၎င်းတို့ကို အဖြေပေးဖို့ မရမနေ တိုက်တွန်းခြင်းမရှိပါက၊ အားလုံး ကောင်းပုံရသော်လည်း၊ သင် မရမနေတိုက်တွန်းသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ထိတ်ထိတ်ပျာပျာ ဖြစ်ကြသည်- ၎င်းတို့နဖူးမှ ချွေးများ ထွက်လာပြီး ၎င်းတို့၌ အဖြေမရှိကြပေ။ ယင်းတို့မှာ နိမ့်ကျသည့် ဝိသေသလက္ခဏာရှိသည့် လူများဖြစ်ပေသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အသက်အတွင်း ဝင်ရောက်ခြင်းသည် မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်”) ဒါကို ကျွန်မ ဖတ်ရတဲ့အခါကျမှ ကျွန်မက ကိုယ့်တာဝန်မှာ ပေါ့ဆနေတယ်ဆိုတာကို နားလည် သဘောပေါက်ခဲ့ပါတယ်။ ကျွန်မ စိတ်တွင်းမှာ သိမ်ဖျင်းတဲ့အရာတစ်ခု ရှိနေတာကြောင့်ပါ။ ကျွန်မက ကိုယ့်အလုပ်ရဲ့ အရည်အသွေးကို အရေးမထားဘဲ အရာရာတိုင်းမှာ ဖြစ်နိုင်ခြေအနည်းဆုံးအရာကို လုပ်တယ်။ သမ္မာတရားရဲ့ အခြေခံသဘောတရားတွေကို မရှာချင်ခဲ့ဘူး။ ဘုရားသခင် တောင်းဆိုတဲ့အတိုင်း ကိုယ့်တာဝန်ကို မထမ်းဆောင်ချင်ခဲ့ဘူး။ ဒီအချိန်ကို ကျွန်မ စဉ်းစားတဲ့အချိန်မှာ ဗီဒီယိုရိုက်နေတာဖြစ်ဖြစ်၊ သီချင်းစပ်တာပဲဖြစ်ဖြစ် အားထုတ်မှုလိုအပ်တဲ့ ပြဿနာတစ်ခုကို ကျွန်မ ရင်ဆိုင်ရတဲ့အချိန်တိုင်း၊ အဖိုးအခ ပေးဆပ်ဖို့လိုအပ်တဲ့ အချိန်တိုင်းမှာ အားထုတ်မှု အနည်းဆုံးလုပ်ပြီး ကျေနပ်နေခဲ့တာပါ။ ကျွန်မ တိုးတက်ဖို့ ဒါမှမဟုတ် ပိုပြီးတော့ အလုပ်လုပ်ဖို့ မကြိုးစားခဲ့ဘူး။ အမှန်တကယ်တော့ ကျွန်မ ပိုပြီး အလုပ်လုပ်ရင်၊ ပိုပြီး အာရုံစိုက်ရင် ကျွန်မ တာဝန်တွေမှာ ပိုကောင်းအောင်လုပ်နိုင်မယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ရင်းနဲ့ ဖြစ်နိုင်သမျှ အနည်းဆုံးပဲ လုပ်ခဲ့တယ်။ ဒါကြောင့် ကိုယ့်တာဝန်ကတစ်ဆင့် ကိုယ့်အလုပ်ကို ရှေ့မဆက်နိုင်ခဲ့ဘူး။ ဘုရားသခင်အတွက် သက်သေမခံနိုင်ခဲ့ဘူး။ ပြီးတော့ အကျိုးရလဒ်အနေနဲ့ အသင်းတော်ရဲ့အလုပ်ကို ဆက်ပြီး နှောင့်နှေးနေစေခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်ကို ထမ်းဆောင်ခဲ့တယ်လို့ ဘယ်လိုလုပ်ပြီး ပြောနိုင်မှာလဲ။ ကျွန်မက ဘုရားအိမ်တော်ရဲ့အလုပ်ကို ကြန့်ကြာနေစေတယ်ဆိုတာ ရှင်းပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်မရဲ့ သိမ်ဖျင်းမှုက ဘယ်လောက်ဆိုးနေသလဲဆိုတာ မြင်ခဲ့ရတယ်။ ဖြစ်သလိုလုပ်တယ်။ ရေစုန်မျှော လိုက်တယ်။ ဘုရားကို လှည့်စားဖို့ ကြိုးစားတယ်။ ကျွန်မက ဂုဏ် သိက္ခာ ကင်းမဲ့နေတာပါ။ ကိုယ့်တာဝန်ကို ရိုးသားစွာ၊ လုံ့လဝီရိယရှိစွာ ထမ်းဆောင်သူတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါမှာ သမ္မာတရားရဲ့ သဘောတရားတွေကို ရှာဖွေပြီး ဘုရားသခင်က လိုအပ်တဲ့ တာဝန်ကို ထမ်းဆောင်သူတွေကို ဘုရားက နှစ်သက်တယ်။ သူတို့မှာ သမာဓိ၊ ဂုဏ်သိက္ခာရှိတယ်။ ဘုရားသခင်ရဲ့ အမြင်မှာ တန်ဖိုးမြင့်တယ်။ သူတို့နဲ့ နှိုင်းယှဉ်လိုက်ရင် ကျွန်မက လူလို့ခေါ်ဖို့ မထိုက်တန်ပါဘူး။ ကျွန်မ ရှက်မိတယ်။ အဲဒီအချိန်မှာပဲ ကျွန်မ နားလည်သွားခဲ့တယ်။ ကျွန်မကို ပြုပြင်တဲ့၊ ကိုင်တွယ်ဖြေရှင်းတဲ့ အစ်ကိုတွေကနေတစ်ဆင့် ဘုရားသခင်က ကျွန်မကို ကယ်တင်နေတာပါ။ ဒီလိုမဟုတ်ရင် ကျွန်မက အမြဲတမ်း ဒီလိုပဲ ဖြစ်သလိုလုပ်နေမှာပဲ။ ကိုယ့်တာဝန်ကို ဘယ်တော့မှ ကောင်းကောင်းလုပ်မှာမဟုတ်ဘူး။ ဘုရားအိမ်တော်ရဲ့ အမှုတော်ကို နှောင့်ယှက်မိပြီး ဘုရားသခင်ရဲ့ စွန့်ပစ်ခြင်းကို ခံရမှာပါ။

နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ပါတယ်၊ “ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်တွင်၊ လူသည် သူ၏ လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်း မရှိရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ဘုရားသခင်၏အမှုတွင် လူသည် မည်သည့်လုံ့လကိုမျှ မချန်သင့်၊ သူ၏သစ္စာစောင့်သိမှုကို ဆက်ကပ်သင့်ပြီး၊ အတော်များသော အယူအဆများတွင် မမွေ့လျော်သင့်ပေ သို့မဟုတ် မလှုပ်မယှက်ထိုင်ကာ သေခြင်းကို မစောင့်ဆိုင်းသင့်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် လူသားအတွက် စတေးနိုင်သည်၊ သို့ဆိုလျှင် လူသည် သူ၏သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင်သနည်း။ ဘုရားသခင်သည် လူသားအပေါ် တစ်စိတ်တစ်ဝမ်းတည်းရှိသည်၊ သို့ဆိုလျှင် လူသည် အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်ကို မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် အမှုပြုသည်၊ သို့ဆိုလျှင် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မဆောင်ရွက်နိုင်သနည်း။ ဘုရားသခင်၏ အမှုသည် ဤအထိ ရောက်ရှိလာလေပြီ၊ သို့သော် သင်သည် မြင်သော်ငြား မလုပ်ဆောင်၊ ကြားသော်ငြား မလှုပ်ရှားချေ။ ထိုသို့သော လူများသည် ထာဝရ ပြစ်ဒဏ်ခံရသူများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူသားအဖို့ ဆက်ကပ်အပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် သူ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိသနည်း။ ဘုရားသခင် အတွက်၊ သူ၏အမှုသည် ပထမ ဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲခြင်း အမှုသည် အရေးအကြီးဆုံး ဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းတို့သည် သူ၏ ပထမ ဦးစားပေးဖြစ်သည်။ ဤအရာကို သင်တို့အားလုံး နားလည်သင့်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု”) ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားတွေးတောရင်းနဲ့ အရမ်းပဲ စိတ်ခံစားခဲ့ရတယ်။ ဘုရားသခင်က လူသားအပေါ်မှာ ကိုယ်စိတ်နှလုံး တစ်သမတ်တည်းရှိတာပါ။ သူဟာ စာတန်ရဲ့ ဖျက်ဆီးခြင်းကို ခံရတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် နှစ်ကြိမ်တိုင် လူ့ဇာတိခံခဲ့တယ်။ သူဟာ အရှက်ခွဲခံရတယ်။ မျိုးဆက်တွေရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတယ်။ ဒုက္ခတွေ အများကြီး ခံခဲ့ရတယ်။ ကျွန်မတို့ရဲ့ နက်ရှိုင်းတဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အသိစိတ်မရှိတဲ့ စိတ်ခံစားချက်ကင်းမဲ့မှုတွေကို ရင်ဆိုင်ရင်းနဲ့ ဘုရားသခင်က ကျွန်မတို့ကို လုံးဝ မစွန့်ခွာသွားခဲ့ဘူး။ ကျွန်မတို့ကို ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြနေဆဲပဲ။ ကျွန်မတို့က အရည်အချင်းမဲ့နေပြီးတော့ သမ္မာတရားကို လက်ခံဖို့ နှေးကွေးကြတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မတို့နဲ့ စစ်မှန်စွာ၊ စေ့စပ်စွာ မိတ်သဟာယပြုတယ်။ တစ်ခါတလေမှာ သူက တင်စားမှုတွေ၊ ဥပမာတွေကို အသုံးပြုတယ်။ ပြီးတော့ ရှုထောင့်တိုင်း၊ နည်းလမ်းတိုင်းကနေ ကျွန်မတို့ကို လမ်းပြဖို့အတွက် ပုံပြင်တွေ ပြောပြတယ်။ ဒါဟာ ကျွန်မတို့တွေ သမ္မာတရားကို နားလည်နိုင်ပြီး သမ္မာတရားထဲကို ဝင်ရောက်နိုင်ဖို့အတွက်ပါ။ ဘုရားသခင်က ကျွန်မတို့ ဘဝတွေအတွက် တာဝန်ယူပြီး ကျွန်မတို့ကို မပြီးမြောက်ခင်အထိ သူ အနားယူမှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ လေးနက်တဲ့ ရည်ရွယ်ချက်တွေကို မြင်ရတာ တကယ်ကို ခွန်အားရပါတယ်။ ဒါပေမဲ့ ဘုရားသခင်ကို ကျွန်မ ဆက်ဆံပုံနဲ့ ကိုယ့်တာဝန်တွေကို ချဉ်းကပ်ပုံကို တွေးမိတဲ့အခါမှာ ကျွန်မ နောင်တတွေနဲ့ ပြည့်နေခဲ့ပါတယ်။ ကိုယ့်တာဝန်ကို ကျွန်မ ဖြစ်သလို မလုပ်ချင်တော့ဘူး။ ဘုရားသခင်ရှေ့ကို သွားပြီး ဆုတောင်းခဲ့တယ်။ ပေါ့ဆတာကို ဘယ်လို တကယ်ရပ်တန့်ပြီး ကိုယ့်တာဝန်ကို ဘယ်လို ကောင်းကောင်းလုပ်နိုင်မလဲဆိုတာကို မေးခဲ့ပါတယ်။

အဲဒီနောက်မှာ ဒီ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ပါတယ်။ “တာဝန်ကား အဘယ်နည်း။ ယင်းမှာ လူတို့ကို ဘုရားသခင် အပ်နှံထားသည့် တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် သင်၏တာဝန်ကို သင် အဘယ်သို့ ဖြည့်ဆည်းသင့်သနည်း။ လူသား၏ ဓမ္မဓိဋ္ဌာန်မကျသော စိတ်ဆန္ဒများအပေါ် အခြေခံသည်ထက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများနှင့်အညီ ပြုမူခြင်းနှင့် သမ္မာတရား အခြေခံသဘောတရားများပေါ် သင်၏ အပြုအမူကို အခြေခံခြင်းအားဖြင့် ဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းမှာ စံချိန်မီလိမ့်မည်ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်”) “လေးလေးနက်နက်ထားဖို့ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ လေးလေးနက်နက် ထားခြင်းဆိုသည်မှာ အနည်းငယ်မျှ အားထုတ်မှုပြုခြင်း သို့မဟုတ် ရုပ်ခန္ဓာ ညှဉ်းဆဲမှုတစ်ရပ် ခံစားခြင်းကို မဆိုလိုပေ။ အဓိကအချက်မှာ သင်၏ စိတ်နှလုံးထဲ ဘုရားသခင် ရှိပြီး ဝန်တာတစ်ခု ရှိခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးထဲတွင်၊ သင့်တာဝန်၏ အရေးပါမှုကို ချိန်ဆရမည်ဖြစ်ပြီးနောက် ဤဝန်တာနှင့် ဝတ္တရားတို့ကို သင်လုပ်သမျှအားလုံးတွင် သယ်ဆောင်ရမည်ဖြစ်ကာ ထိုအရာကို စိတ်ပါလက်ပါ လုပ်ဆောင်ရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်က သင့်ကို ပေးထားသည့် စေခိုင်းချက်တာဝန်အပြင် သင့်အတွက် ဘုရားသခင် လုပ်ဆောင်ပြီးသမျှ အရာရာတိုင်း၊ ထို့ပြင် သင့်အတွက် ကိုယ်တော်၏ မျှော်လင့်ချက်များတို့နှင့် မိမိကိုယ်ကိုယ် ထိုက်တန်အောင် လုပ်ရမည်။ ထိုသို့လုပ်ဆောင်ခြင်းသည်သာ လေးနက်နေခြင်းဖြစ်သည်။ သင် ဟန်ဆောင်လုပ်ပြခြင်းသည် ဘာအသုံးမျှမဝင်ပေ။ လူတို့ကို သင် လှည့်စားနိုင်သော်လည်း ဘုရားသခင်ကို သင် အရူးလုပ်၍မရ။ သင်၏ တာဝန်ကို ဆောင်ရွက်သည့်အခါ စစ်မှန်သော အဖိုးအခနှင့် သစ္စာစောင့်သိခြင်း မရှိပါက၊ ယင်းသည် စံနှုန်းမမီပေ။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းက အနည်းဆုံးအနေဖြင့် အသိစိတ်တစ်ခု လိုအပ်သည်”) ဒါက ကျွန်မ စိတ်နှလုံးကို ရှင်းလင်းစေပါတယ်။ ကျွန်မတို့ရဲ့ တာဝန်တွေကို ဘုရားသခင်က အပ်နှံထားတာပါ။ ဘုရားသခင် တောင်းဆိုတဲ့အတိုင်း ကျွန်မတို့ လုပ်ရမှာဖြစ်ပြီး သမ္မာတရားနဲ့အညီ ပြုမူရပါမယ်။ ရွေးနေလို့ မရပါဘူး။ ဒါမှမဟုတ် ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဆန္ဒတွေနောက်ကို ရမ်းသန်းပြီး မလိုက်ရပါဘူး။ ကိုယ့်တာဝန်မှာ တိကျတဲ့ စံသတ်မှတ်ချက်နဲ့ ကိုက်ညီရမယ်။ အလုပ်ကြိုးစားတဲ့ ပုံစံပေါ်နေတာ သက်သက်နဲ့က မလုံလောက်ဘူး။ အဓိကက တာဝန်ခံယူမှု အသိစိတ်ရှိရမယ်။ လုံ့လဝီရိယထားပြီး လေးနက်မှုရှိရမယ်။ ရှာဖွေရမယ်။ တွေးတောရမယ်။ တိုးတက်ဖို့ နည်းလမ်းတွေ ရှာရမယ်။ ဒါဆိုရင် ကျွန်မတို့ တာဝန်ကို ထမ်းဆောင်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်မယ်။ နောက်ပိုင်းမှာ ကျွန်မ သီချင်းတစ်ပုဒ်စပ်တဲ့အခါမှာ သီချင်းစာသားတွေကို သေချာ စိစစ်တယ်။ သီချင်းစာသားတွေနဲ့ လိုက်ဖက်တဲ့ သီချင်းတချို့ကို ရှာခဲ့တယ်။ ဒီ တူညီတဲ့ ခံစားချက်ကိုပဲ ဖော်ပြဖို့အတွက် တခြားလူတွေက သံစဉ်ကို ဘယ်လိုအသုံးပြုတယ်၊ ပြီးတော့ သီချင်းစာသားရဲ့ အဓိပ္ပာယ်၊ စိတ်ခံစားချက်၊ သံစဉ်ရဲ့ ဦးတည်ချက်၊ အဲဒါတွေကို သေချာစဉ်းစားတယ်။ အဲဒီအရာတွေ အားလုံးကို နားလည်ပြီးတဲ့နောက်မှာ ကျွန်မ သီချင်း စစပ်တယ်။ နောက်ပိုင်းမှာ ညီအစ်ကို မောင်နှမတွေရဲ့ အကြံဉာဏ်ကို တောင်းတယ်။ သီချင်းကို နှစ်ကြိမ် စိစစ်တည်းဖြတ်တယ်။ ပြီးတဲ့အခါမှာ သီချင်းက အဆင်သင့်ဖြစ်သွားခဲ့တယ်။ ပြီးဖို့အတွက် တစ်ပတ်ပဲ ကြာခဲ့တယ်။ ကျွန်မ စိစစ်တည်းဖြတ်တဲ့ နောက် သီချင်းတစ်ပုဒ်ကိုလည်း လက်ခံကြတယ်။ အဲဒီ သီချင်းတွေ ပြီးဖို့ အချိန်နည်းနည်းလောက်ပဲကုန်ခဲ့တာကို သိရတော့ အရင်က ကိုယ့်တာဝန်ကို ဖြစ်သလိုလုပ်ဖို့ ကြိုးစားခဲ့တဲ့အတွက် ပိုပြီးတော့တောင် နောင်တတွေ ရမိတယ်။ စာတန်ရဲ့ ဖျက်ဆီးခြင်းကို ကျွန်မ ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ခံထားရသလဲဆိုတာ၊ ကျွန်မရဲ့ သိမ်ဖျင်းမှုက ဘယ်လောက်ဆိုးသလဲဆိုတာ၊ ကိုယ့်အလုပ်မှာ ဘယ်လောက်ပေါ့ဆသလဲဆိုတာတွေကို ကျွန်မ မြင်ခဲ့ရတယ်။ ညီအစ်ကို မောင်နှမတွေကို ကျွန်မကို ကိုင်တွယ်ဖြေရှင်းစေတဲ့ ဘုရားသခင်ရဲ့ အစီအစဉ်တွေကြောင့် နောက်ဆုံးမှာတော့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေနိုင်ခဲ့ပြီး ကိုယ့်တာဝန်ကိုလည်း ဆက်ကပ်အပ်နှံပြီး ထမ်းဆောင်နိုင်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကျွန်မ ကျေးဇူးတော်ချီးမွမ်းပါတယ်။

အရှေ့သို့- ၂၂။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သည် သဟဇာတဖြစ်သော ညီညွတ်မှု၏ သော့ချက်ဖြစ်သည်

နောက်တစ်ခုသို့- ၂၄။ နောက်ဆုံးမှာတော့ အမှုတော်ကို ဘယ်လိုတာဝန်ကျေအောင်ထမ်းဆောင်ရမလဲ သိခဲ့ပါပြီ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု

တရုတ်နိုင်ငံ ကျိလင် စီရင်စု၊ ကျုံးရှင်းအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက်...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

တရုတ်နိုင်ငံ ကွမ်ရှီး ဒေသ၊ ရှင်းကျယ်အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

တရုတ်နိုင်ငံ ရှန်းတုန်း စီရင်စု၊ ရှောင်မင်ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ...

၂၁။ လူတွေကို ဘယ်လို မှန်ကန်စွာ ဆက်ဆံရမယ်ဆိုတာ ကျွန်မ သိခဲ့ရပြီ

ပြင်သစ်၊ ရှီးယွမ်လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်လုပ်နေတာ။ အဲဒီအသင်းတော်မှာ အစွမ်းအစကောင်းတဲ့ ချန်မျိုးရိုး...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်