၂၀။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သည် သဟဇာတဖြစ်သော ညီညွတ်မှု၏ သော့ချက်ဖြစ်သည်

ဒေါင်းဖန်း အမေရိကန်နိုင်ငံ

၂၀၁၈ခုနှစ် သြဂုတ်လတုန်းက အစ်ကိုဝမ်နှင့်အတူတူ ဇာတ်ဝင်ပစ္စည်း အသုံးအဆောင်များလုပ်ဖို့ ကျွန်တော်တာဝန်ကျသည်။ အစတွင် ကျွန်တော် မသိသည့်အရာ များသောကြောင့်၊ အစ်ကိုဝမ်ကိုသာ တစ်ချိန်လုံး မေးခဲ့ရသည်။ အနည်းငယ်ကြာပြီးနောက် ကျွန်တော် အလုပ်သဘောကို နားလည်လာသည်။ ထို့အပြင် ကျွန်တော်က အိမ်တွင်းပြင်ဆင်မှု ဒီဇိုင်းကို လေ့လာခဲ့ပြီး၊ ဆောက်လုပ်ရေး လုပ်ငန်းမှာလည်း လုပ်ခဲ့ဖူး၍ လက်သမား အတွေ့အကြုံလည်း အနည်းငယ်ရှိသောကြောင့်၊ မကြာမီ ကျွန်တော် ကိုယ်တိုင် ဇာတ်ဝင်ပစ္စည်း အသုံးအဆောင်များလုပ်နိုင်လာသည်။ ထို့နောက် အစ်ကိုဝမ်က အိမ်တွင်း အသုံးအဆောင်ပစ္စည်းများ ဒီဇိုင်းဆွဲခြင်းမှာ ထူးချွန်သော်လည်း တကယ့် ဇာတ်ဝင်ပစ္စည်းများ လုပ်ခြင်းတွင်မူ သိပ်မကျွမ်းကျင်လှပါ။ ထို့ကြောင့် ကျွန်တော်တို့၌ ထိုအပိုင်းမှာ အမြင်မတူခြင်းများ ရှိသည့်အခါ၊ ကျွန်တော် သူပြောသည်ကို နားမထောင်ချင်ခဲ့ပါ။ ဇာတ်ဝင်အသုံးအဆောင် ပစ္စည်းများပြုလုပ်ခြင်းမှာ ကျွန်တော်ကပိုတော်ပြီးလျှင် ကျွန်တော့်အစီအစဉ်များက သူ့ထက် ပို၍ကောင်းသည်ဟု အမြဲထင်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျွန်တော်တို့ အငြင်းအခုန်များ ပိုဖြစ်လာပြီး သစ်သားတုံးလေး တစ်တုံးနှင့်ပတ်သက်၍ပင် အချိန်ကြာမြင့်စွာ ငြင်းခုန်ကြရသည်။ ကျွန်တော်တို့၏ပေါင်းသင်းဆက်ဆံရေးကြောင့် မကြာခဏ ကျွန်တော် အလျှော့ပေးခဲ့သော်လည်း၊ ကျွန်တော်မှန်သည်ဟု အမြဲ ထင်နေမိသည်။ ကြာလာပြီးနောက် ကျွန်တော် အရမ်းစိတ်ပျက်လာပြီးလျှင် သူနှင့် လုံးဝတွဲမလုပ်ချင်တော့ပါ။

တစ်ခါက ဗီဒီယိုတစ်ခုအတွက် ဓနိအမိုးနှင့်အိမ်လုပ်ဖို့ လိုသော်လည်း၊ ကျွန်တော်တို့မှာ အိမ်တိုင်အတွက် ခိုင်ခံ့သည့်သစ်က မရှိသောကြောင့်၊ မိမိဘာသာ လုပ်ခဲ့ရသည်။ ဤအရာအတွက် ကျွန်တော်တို့၏ အကြံဉာဏ်များကို ကျွန်တော်တို့ ဆွေးနွေးကြသည်။ ဦးစွာ တိုင်များအတွက် ပုံစံခွက်လုပ်ရမည် ဖြစ်ပြီး၊ ထို့နောက်မှ ပိုခိုင်စေဖို့ ယင်းကို ကွန်ကရစ် လောင်းလိုက်သင့်သည်ဟု ကျွန်တော်က ပြောသည်။ သို့ရာတွင် အစ်ကိုဝမ်က တိုင်များကအရမ်းချောပြီး လက်တွေ့မကျ ဖြစ်လိမ့်မည်ဟု လည်းကောင်း၊ အဝတ်စုတ်များကိုသာသုံးပါက သစ်ပင်ပင်စည်၏ ပုံသဏ္ဌာန်နှင့် အသားမျိုးကို တူအောင်လုပ်နိုင်သည်ဟုလည်းကောင်း ပြောခဲ့သည်။ “ငါဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ဖူးတယ်၊ ဒါပေမဲ့ ကွန်ကရစ်တိုင်မှာ အဝတ်ပတ်တာကို တစ်ခါမှမတွေ့ဖူးဘူး။ ဘာပုံစံပဲပေါက်ပေါက် အရမ်းထူလို့ လုပ်ရကိုင်ရတာခက်ပြီးတော့ ခိုင်မှာလည်း မဟုတ်ဘူး။” ဟု ကျွန်တော်တွေးမိသည်။ ထို့ကြောင့် ကျွန်တော်က သူ့အကြံဉာဏ်ကို ပယ်ချခဲ့သော်လည်း၊ သူက လုပ်ကြည့်ချင်သည်ဟု ပြောသည်။ ကျွန်တော့်အကြံဉာဏ်ကို သူလက်မခံသည်ကို တွေ့သည့်အခါ၊ ကျွန်တော်လည်း ဆန့်ကျင်ခဲ့သည်။ ကျွန်တော်က “ငါပြောတာကို ဘာလို့ နားမထောင်ရတာလဲ။ နားမထောင်လည်း အကြောင်းမဟုတ်ပါဘူး- ဘာပဲဖြစ်ဖြစ် ငါပဲမှန်တာပဲ။ ရလဒ်ထွက်လာရင် သိလိမ့်မယ်။ အဲဒါကြောင့် မအောင်မြင်ရင် ငါ့အဆိုးမဆိုနဲ့။” ဟု တွေးမိသည်။ ကျွန်တော်တို့ သဘောတူညီမှု မရသောကြောင့်၊ နှစ်ယောက်စလုံး ထွက်သွားပြီး မိမိကိစ္စမိမိ လုပ်ခဲ့ကြသည်။ ကျွန်တော်တစ်နေ့လည်ခင်းခန့် အလုပ်လုပ်ခဲ့ပြီး တိုင်တစ်တိုင် ပြီးသွားသည်။ အစ်ကိုဝမ်၏တိုင်က မည်သို့ နေမည်ကိုလည်းကောင်း၊ မိမိအစီအစဉ်နှင့်ကိုယ် လုပ်ခဲ့ကြသည့်အတွက် တိုင်များကတွဲ၍ အဆင်ပြေ မပြေကိုလည်းကောင်း ကျွန်တော် သိချင်မိသည်။ ကျွန်တော်စိတ်ထဲ သိပ်ဘဝင်မကျသောကြောင့်၊ သူ့တိုင်ကို သွားကြည့်ခဲ့သည်။ ထိုနေရာကို ကျွန်တော်ရောက်သည့်အခါ၊ သူ့တိုင်က တစ်စက်မျှ မကောင်းသည်ကို ကျွန်တော် တွေ့ရသည်။ ထိုအချိန်မှာ “အဆင်မပြေဘူးလို့ ငါပြောသားပဲ။ နားမှမထောင်တာ၊ အခုဆို ငါ့အကြံဉာဏ်ကိုပိုကောင်းတယ်ဆိုတာ အရှင်းကြီးဖြစ်သွားပြီ။” ဟု ကျွန်တော် တွေးမိသည်။ ထို့နောက် ကျွန်တော် အစ်ကိုဝမ့်ကို ပြောလိုက်သည် “အစ်ကိုဝမ်၊ ဒီတိုင်ကထူနေတယ်နော်။ ကျွန်တော်တို့ ဆောက်မဲ့ ဓနိအမိုးအိမ်က အကြီးကြီးမဟုတ်ဘူး၊ အဲဒါဆို ဒါနဲ့ တော်ပါ့မလား။ အက်ကြောင်းတွေလည်း အများကြီးပဲ။ ခိုင်မဲ့ပုံ မပေါ်ပါဘူး။ ကျွန်တော်တို့တိုင်တွေက တစ်ခုနဲ့တစ်ခု လုံးဝ မတူဘူး။ ဒါတွေကို ရုပ်ရှင်မှာ ဘယ်လိုလုပ်သုံးမလဲ။ အဲဒါမျိုးမလုပ်နဲ့တော့။ ကျွန်တော့် အကြံဉာဏ်အတိုင်း လုပ်ကြရအောင်။” ဟု ပြောလိုက်သည်။ သူက “ငါ့တိုင်ကနည်းနည်းထူပေမဲ့ ပြဿနာမရှိပါဘူး။ မင်းရဲ့ကွန်ကရစ်တိုင်က သစ်ပင် ပင်စည်နဲ့ မတူဘူး။ နောက်ကျရင် နည်းနည်းထပ်လုပ်ရလိမ့်မယ်။” ဟုပြောတော့ ကျွန်တော် အံ့အားသင့်ခဲ့ရသည်။ သူကလက်မခံသည့်အပြင် ကျွန်တော် လုပ်ထားသည့်အရာကိုပါ မကောင်းပါဟု ပြောသေးသည်၊ ကျွန်တော် တကယ့်ကို စိတ်ကသိကအောက်ဖြစ်ခဲ့ရသည်။ ကျွန်တော်က “ခင်ဗျားက ပြောရဆိုရတာ တော်တော်လက်ပေါက်ကပ်တာပဲ။ ခင်ဗျားနဲ့ ဘယ်လိုမှ အလုပ်တွဲလုပ်လို့မရဘူး။” ဟု တွေးမိသည်။ ကျွန်တော် ညစာစားပြီးသည့်နောက်၊ ကွန်ပျူတာရှေ့မှာထိုင်ပြီး ပြန်စဉ်းစားမိသည်။ ကျွန်တော် အနည်းငယ် စိတ်ပျက်မိသည်။ အစ်ကိုဝမ်က အမြဲသူလည်း မှားသေးသည် ကျွန်တော်နှင့်လည်း အမြဲတမ်း ယှဉ်ပြိုင်သည်။ ကျွန်တော်သူနှင့် တကယ်ကို အလုပ်တွဲမလုပ်ချင်တော့ပါ။ သို့ရာတွင် ထို့နောက် ကျွန်တော် ပြဿနာကို ရှောင်နေပြီး၊ မနာခံဖြစ်သည်ကို သွားသတိရမိသည်။ ကျွန်တော်ပိုပြီး စိတ်ရှုပ်ပြီး စိတ်ညစ်လာသောကြောင့်၊ ဘုရားသခင် ရှေ့မှောက်ကိုသွားပြီး အစ်ကိုဝမ်နှင့် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့အလို့ငှာ မိမိကိုယ်ကိုယ် သိအောင်လမ်းပြပေးဖို့ ဆုတောင်းခဲ့သည်။

ထို့နောက်တွင် ကျွန်တော်အသင်းတော်၏ ဝက်ဘ်ဆိုဒ်ကိုသွားပြီး အတူတကွ ပူးပေါင်းအမှုတော်ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့သည်။ ဘုရားသခင်က ပြောသည် “ယခုကာလတွင် များစွာသောလူတို့သည် အခြားသူများနှင့် ညှိနှိုင်းဆောင်ရွက်ရာ၌ မည်သည့်သင်ခန်းစာများ သင်ယူသင့်သည်ကို ဂရုမပြုကြပေ။ သင်တို့အများအပြားသည် အခြားသူများနှင့် ညှိနှိုင်းဆောင်ရွက်စဉ်တွင် သင်ခန်းစာများကို လုံးဝ မသင်ယူနိုင်သည်ကို ငါ တွေ့ရှိခဲ့လေပြီ။ သင်တို့အများစုက သင်တို့၏ ကိုယ်ပိုင်အမြင်များကို ဆုပ်ကိုင်တတ်ကြသည်။ အသင်းတော်၌ အလုပ်လုပ်သောအခါ သင်က သင့်အမြင်ကို ပြောပြီး၊ နောက်တစ်ယောက်က သူ့အမြင်ကိုပြောကာ အမြင်တစ်ခုက အခြားတစ်ခုနှင့် ဆက်စပ်မှုမရှိပေ။ သင်တို့သည် အကယ်စင်စစ် ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝမရှိကြချေ။ သင်တို့အားလုံးသည် အသေးဆုံးသော နည်းလမ်းဖြင့်ပင် အသက်တာကို ရှာဖွေခြင်းမရှိဘဲ မိမိ၏ ကိုယ်ပိုင်စိတ်ကူး အမြင်များကို ပြောပြခြင်း သို့မဟုတ် သင့်အထဲတွင် သယ်ဆောင်ထားသည့် ‘ဝန်ထုပ်ဝန်ပိုးများ’ ကို လျှော့ချခြင်း၌သာ လွန်စွာ အာရုံစွဲငြိလျက် ရှိကြသည်။ အခြားတစ်ယောက် မည်သည့်အရာပြောသည် သို့မဟုတ် မည်သည့်အရာလုပ်သည်ကို ပဓာနမထားဘဲ သင့်ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်သင့်သည်ဟု အမြဲယုံကြည်လျက် အလုပ်ကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေပုံသာ ပေါက်သည်။ အခြားသူများ၏ အခြေအနေ မည်သည့်အရာ ဖြစ်နေပါစေ၊ သန့်ရှင်းသောဝိညာဉ်တော် သင့်ကို လမ်းပြသည့်အတိုင်း မိတ်သဟာယပြုသင့်သည်ဟု သင်ထင်သည်။ သင်သည် အခြားသူများ၏ စွမ်းရည်များကို မတွေ့နိုင်သကဲ့သို့ မိမိကိုယ်ကိုယ် စစ်ဆေးခြင်းငှာလည်း မစွမ်းနိုင်ကြပေ။ အမှုအရာများအပေါ် သင်၏လက်ခံခြင်းမှာ အမှန်တကယ် စံသွေပြီး မှားယွင်းသည်။ ထိုရောဂါဟောင်း ပြန်ထလေသကဲ့သို့ သင်တို့သည် မိမိကိုယ်ကိုယ် တရားနည်းလမ်းကျသည်ဟု ထင်မှတ်ခြင်းများစွာကို ယခုပင်လျှင် သင်တို့ ထုတ်ဖော်ပြသေးသည်ဟု ဆိုနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့)ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် တစ်ယောက်သောသူ၏အားနည်းချက်အား အခြားသောသူ၏ ခွန်အားဖြင့် အားဖြည့်ခြင်းကိုဆိုလိုသည်။ အခြားသူ၏အားနည်းချက်အတွက် သင်၏အားသာချက်များကိုအသုံးပြု၍ ဖာထေးပေးခြင်း၊ အခြားသူများသည်လည်း သင့်ကိုဖာထေးပေးဖို့ရန် သူတို့၏ခွန်အားများအသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ အခြားသူ၏အားသာချက်ဖြင့် တစ်ယောက်သောသူ၏အားနည်းချက်များကို အားဖြည့်ခြင်းနှင့် စိတ်သဘောထားညီညွတစွာ ပူးပေါင်းဆောင်ရွက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ စိတ်သဘောထားညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းရှိမှသာလျှင် လူတို့သည် ဘုရားသခင်ရှေ့၌ ကောင်းချီးခံစားရရှိပြီး၊ ဤအရာကို ပို၍ တွေ့ကြုံခံစားလေ၊ ၎င်းတို့သည် ပို၍ လက်တွေ့ကျမှုကို ပိုင်ဆိုင်လေဖြစ်သည်၊ လမ်းကြောင်းသည် သာ၍ တောက်ပပြီး၊ ၎င်းတို့သည်လည်း ယခင်ထက် ပို၍စိတ်ချမ်းသာသောသူ ဖြစ်လာမည်။ သင်သည် သင်ပြောသည်ကို မည်သည့်အခါမှ နားမထောင်ချင်သောသူများနှင့် ပေါင်းဖော်ရာ၌ အမြဲခေါင်းမာ၍ အမြဲပင် ၎င်းတို့အပေါ် ယုံကြည်မှုမရှိလျှင်၊ သင်သည် သူတစ်ပါး၏ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးရန် သင်ကြိုးစားသည့်တိုင် တစ်ပါးသူများသည် သင်ပြုသည့် အတိုင်းမပြုကြဘဲ ယင်းကို သင် မခံမရပ်နိုင်ဖြစ်လျှင်၊သင်သည် သူတစ်ပါးတို့ ပြောသည့်အရာအပေါ်၌ သူတို့အား ချောင်ပိတ်၍ ပြန်လည်ပြောဆိုပြီး ထိုသူတို့သည် ဤအချက်ကို မှတ်မိကာ နောက်တစ်ဖန် ပြဿနာတစ်ခုပေါ်ပေါက်လာပါက သူတို့သည် သင့်အပေါ်ကို သင်ပြုသည့်အတိုင်း ပြုမူလျှင်သင်ပြုနေသည့်အရာသည် သင်၏အားသာချက်ဖြင့် အခြားသောသူ၏အားနည်းချက်အား အားဖြည့်ပေးခြင်း၊ စိတ်သဘောထားညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဟူ၍ ခေါ်ဆိုနိုင်သလော။ ဤအရာသည် ပဋိပက္ခဖြစ်ခြင်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သင်၏အမျက်ဒေါသဖြင့် အသက်ရှင်ခြင်းဟုခေါ်ဆိုသည်။ ၎င်းသည် ဘုရားသခင်ထံမှ ကောင်းချီးလည်း မရရှိနိုင်ပါ။ ဘုရားသခင်ကို နှစ်သက်စေမည်လည်းမဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သဟဇာတဖြစ်သော ညှိနှိုင်းဆောင်ရွက်ခြင်း”) ကျွန်တော်နှင့် အစ်ကိုဝမ်အဆင်မပြေတာက ကျွန်တော်က မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့် စိတ်သဘောထားတွင် ရှင်သန်နေသောကြောင့် ဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြသလိုက်သည်။ ကျွန်တော်တို့၏တာဝန်မှာ ကျွန်တော်က ဆုံးဖြတ်ချက်ကို အမြဲ ချချင်ခဲ့သည်။ ဇာတ်ဝင်အသုံးအဆောင် ပစ္စည်းများလုပ်ခြင်းမှာ ကျွန်တော်က တော်သည်၊ အစ်ကိုဝမ်ထက် ပိုတော်သည်ဟု အမြဲတမ်း ထင်ခဲ့သည်။ ထို့ကြောင့် အမြဲတမ်းသူ့ကို နှိမ်ပြီး သူက ကျွန်တော့်ကို နားထောင်ကာ ကျွန်တော်ပြောသည့်အရာကို လုပ်စေချင်ခဲ့သည်။ တိုင်များနှင့်ပတ်သက်ပြီး သူကအကြံဉာဏ်ပေးသည့်အခါ၊ ယင်းကို ကျွန်တော်မလေ့လာဘဲ၊ ချက်ချင်းပဲပယ်ချခဲ့သည်။ သူ့ကိုနှိမ်ချပြီး မတူမတန်သကဲ့သို့ သဘောထားခဲ့သည်။ သူက မည်သည့်ကျွမ်းကျင်မှုမျှ မရှိသောကြောင့်၊ သူ့အကြံဉာဏ်ကို ထည့်မစဉ်းစားထိုက်ဟု ထင်ခဲ့သည်။ သူ့တိုင်များက မကောင်းသည်ကိုမြင်သည့်အခါ၊ ကျွန်တော်မှန်သည်ဟု ထင်သောကြောင့်၊ သူ့လက်ရာကို မသိမသာချိုးနှိမ်ပြောခဲ့ပြီး ကျွန်တော်ပြောသည့်အရာကို လက်ခံစေချင်ခဲ့သည်။ ကျွန်တော့်အစီအစဉ်၏ အားနည်းချက်များကို သူထောက်ပြသည့်အခါ၊ ကျွန်တော် လက်မခံခဲ့သကဲ့သို့၊ သူနှင့်အတူတူအဖြေရှာဖို့ပင် မကြိုးစားခဲ့ပါ။ ကျွန်တော်သူ့ကို ဆန့်ကျင်ပြီးလျှင် သူနှင့်ပင် အလုပ်တွဲမလုပ်ချင်တော့ပါ။ ကျွန်တော် မှန်ကြောင်းပြဖို့၊ သူက ကျွန်တော်ပြောသည့်အရာကို လက်ခံဖို့သာ ကျွန်တော်ပြောဆို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယင်းက မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့် ဆိုးယုတ်သည့် စိတ်သဘောထား လုံးလုံး ဖြစ်ပေသည်။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များသည် အထူးသဖြင့် ကိုက်ညီနေသည်။ “သင်ပြုနေသည့်အရာသည် သင်၏အားသာချက်ဖြင့် အခြားသောသူ၏အားနည်းချက်အား အားဖြည့်ပေးခြင်း၊ စိတ်သဘောထားညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဟူ၍ ခေါ်ဆိုနိုင်သလော။ ဤအရာသည် ပဋိပက္ခဖြစ်ခြင်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သင်၏အမျက်ဒေါသဖြင့် အသက်ရှင်ခြင်းဟုခေါ်ဆိုသည်။ ၎င်းသည် ဘုရားသခင်ထံမှ ကောင်းချီးလည်း မရရှိနိုင်ပါ။ ဘုရားသခင်ကို နှစ်သက်စေမည်လည်းမဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သဟဇာတဖြစ်သော ညှိနှိုင်းဆောင်ရွက်ခြင်း”) ဘုရားသခင်က ထိုကဲ့သို့ လူများကို စက်ဆုပ်သည်ကို သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ကျွန်တော်ခံစား၍ရသည်။ ဘုရားသခင်က တစ်ယောက်အားနည်းချက်ကို တစ်ယောက်ကကူညီပြီး ကျွန်တော်တို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့မျှော်လင့်လျက်၊ ကျွန်တော့်ကို အစ်ကိုဝမ်နှင့် အလုပ်တွဲလုပ်ဖို့ စီစဉ်ခဲ့သည်။ သို့ရာတွင် ကျွန်တော်က မာနထောင်လွှားစွာ ပြောဆိုလုပ်ကိုင်ခဲ့ကာ ကျွန်တော်မှန်သည်၊ ကျွန်တော်သာ ဆုံးဖြတ်ချက် ချသင့်သည်ဟု အမြဲ ထင်ခဲ့သည်။ ကျွန်တော့်အတွေးအခေါ်ကိုသာ အမှန်တရားအဖြစ် အခြားသူများကိုလက်ခံစေချင်ခဲ့ပြီး၊ မည်သူ့ အကြံဉာဏ်ကိုမျှ လက်မခံခဲ့ပါ။ ဘုရားသခင်က ထိုစိတ်သဘောထားမျိုးကို စက်ဆုပ်ရွံရှာလေသည်။ ကျွန်တော် ယင်းကို တွေးမိလေလေ နောင်တများနှင့် အပြစ်ရှိသကဲ့သို့ ခံစားလာရလေဖြစ်ပြီး၊ ဘုရားသခင် ရှေ့မှောက်မှာ သွားဆုတောင်းခဲ့သည်။ “အို ဘုရားသခင်၊ ကျွန်တော့်ရဲ့ မာနထောင်လွှားမှုကြောင့် သူများတွေနဲ့ အလုပ်ကောင်းကောင်း တွဲမလုပ်နိုင်ခဲ့ဘဲ၊ အဲဒါက ကျွန်တော့်ရဲ့တာဝန်ကို ထိခိုက်လာပါတယ်။ ဘုရားသခင်၊ ကျွန်တော်ဝန်ချတောင်းပန်ချင်ပါတယ်။ ကျွန်တော့်ကိုယ်ကိုယ် ဘေးချိတ်ပြီး ကျွန်တော်တို့တာဝန်မှာ ညီအစ်ကိုတွေနဲ့အတူတွဲပြီးတော့ ကောင်းကောင်းမွန်မွန် ထမ်းဆောင်ချင်ပါတယ်။”

ထို့နောက်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲက နောက်ကျမ်းပိုဒ်တစ်ခုကို ကျွန်တော် ဖတ်ခဲ့သည်။ “တာဝန်တစ်ခု ထမ်းဆောင်ရန် ပူးပေါင်းဆောင်ရွက်ရသည့်အချိန်တွင် လူနှစ်ဦးသည် ကိစ္စအကြောင်းအရာတစ်ခု၏ အခြေခံသဘောတရားအပေါ်၌ သဘောထား ကွဲလွဲမှုရှိပါသည်။ သူတို့၌ ကွဲပြားသော ရှုထောင့် များနှင့် ကွဲပြားသော အမြင်များရှိပါသည်။ ၎င်းအခြေအနေ၌ မည်သည့်အရာဖြစ်နိုင်သနည်း။ ဤကိစ္စသည် မကြာခဏဖြစ်ပျက်နေသလော။ ဤအရာသည် လူများ၏ စိတ်သဘောထားများ၊ အရည်အချင်းများ၊ ထိုးထွင်းသိမြင်မှုများ၊ အသက်အရွယ်များ၊ အတွေ့အကြုံများ မတူညီ မှုတို့မှဖြစ်ပေါ်စေသည့် သာမန်ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ လူနှစ်ဦး၏အတွေးခေါ်သည် တထပ်တည်းကျ၍ တူညီနိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် လူနှစ်ဦး၏ အတွေးအခေါ် နှင့် အမြင်များ၌ ကွဲပြားမှုဖြစ်လာနိုင်ခြင်းသည် ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဖြစ်လေ့အရှိဆုံးသောအရာတစ်ခုဖြစ်သည်။ ဤဖြစ်စဉ်ထဲ၌ မိမိကိုယ်ကိုယ် မချည်နှောင်ပါနှင့်။ အရေးပါသော မေးခွန်းမှာ ဤကဲ့သို့သော ကိစ္စများဖြစ်ပေါ်လျှင် သင်သည် ဘုရားသခင်ရှေ့မှောက်၌ စည်းလုံးခြင်းရရှိရန်နှင့် ထင်မြင်ယူဆချက်များ တညီတညွတ်တည်းဖြစ်ရန် မည်သို့ ပူးပေါင်းဆောင်ရွက်ကာ ကြိုးစားသင့်သနည်းဆိုသည့် အချက်ဖြစ်ပေသည်။ တညီတညွတ်တည်း သဘောထားရှိခြင်း၏ ရည်ရွယ်ချက်ပန်းတိုင်မှာ အဘယ်နည်း။ ဤကိစ္စနှင့်ပတ်သက်၍ သမ္မာတရား၏ အခြေခံသဘောတရားကို ရှာဖွေရန်နှင့် သင်၏ကိုယ်ပိုင် သို့မဟုတ် တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်ကို အတူတကွရှာဖွေရန် ဆိုလိုခြင်းပင်ဖြစ်သည်။ ဤသည်မှာ သင့်မြတ်သော ပူး‌ပေါင်းဆောင်ရွက်ခြင်း ရရှိစေသော လမ်းကြောင်းပင်ဖြစ်သည်။ ဘုရာသခင်၏ ရည်ရွယ်ချက်နှင့် သူတောင်းဆိုသည့် အခြေခံသဘောတရားများအား သင်ရှာဖွေသည့် အချိန်မှသာလျှင် စည်းလုံးညီညွတ်ခြင်းကို သင်ရရှိနိုင်မည်ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သဟဇာတဖြစ်သော ညှိနှိုင်းဆောင်ရွက်ခြင်း”) ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက်၊ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ခြင်းတွင် သဘောတူညီမှုရဖို့ တစ်ယောက်တည်း၏ အကြံဉာဏ်ကိုသာ လိုက်လုပ်၍မရဘဲ သမ္မာတရား၏ အခြေခံသဘောတရားများအတွက် ကြိုးပမ်းရမည်ကို ကျွန်တော်သိလိုက်ရသည်။ အမှန်တကယ် သဟဇာတ ဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုဆိုသည်မှာ သမ္မာတရားကိုလိုက်စားပြီး အခြေခံသဘောတရားအရ အလုပ်လုပ်ခြင်း ဖြစ်ပေသည်။ အစ်ကိုဝမ်နှင့် ကျွန်တော်က မတူညီသည့် အတွေ့အကြုံ၊ အသိပညာနှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများရှိသည့်အတွက်၊ အလုပ်မှာ ကွဲပြားသည့် အမြင်ရှုထောင့်များ ရှိခြင်းသည် ပုံမှန်ဖြစ်သည်။ ကျွန်တော်သည် မိမိကိုယ်ကိုယ် ဘေးဖယ်ထားပြီး သူနှင့်အတူ အခြေခံသဘောတရားများကို ရှာဖွေခဲ့ရသည်။ ကျွန်တော်တို့ မိမိတို့၏တာဝန်မှာ သန့်ရှင်းသောဝိဉာဉ်တော်၏လမ်းညွှန်မှုကို ရရှိဖို့အလို့ငှာ၊ သမ္မာတရားကို နာခံပြီး ဘုရားသခင့်အိမ်တော်၏ အလုပ်များကို ထိန်းသိမ်းရမည်။ ဤသည်ကိုသဘောပေါက်သွားလျက်၊ ကျွန်တော်တို့အတူတူ ဇာတ်ဝင်အသုံးအဆောင်ပစ္စည်းများကို ကောင်းစွာ လုပ်နိုင်ဖို့အလို့ငှာ၊ ကျွန်တော် နောက်နေ့မိတ်သဟာယဖွဲ့ခြင်းတွင် အစ်ကိုဝမ်ကို ပွင့်ပွင့်လင်းလင်းပြောဖို့ ကြံစည်ခဲ့သည်။ နောက်တစ်နေ့ နံနက်တွင် သူက ကျွန်တော့်ကို လာရှာပြီး သူ အရမ်းခေါင်းမာခဲ့ကြောင်းနှင့် သူ့အစီအစဉ်က မကောင်းကြောင်းတို့ကို ပြောလာသည့်အခါ ကျွန်တော် အံ့အားသင့်ခဲ့ရသည်။ သူလုပ်ထားသည့်တိုင်ကိုပင် ဖျက်လိုက်ပြီး ကျွန်တော့်အကြံဉာဏ်အတိုင်း လုပ်ဖို့အဆင်သင့် ဖြစ်နေခဲ့သည်။ သူ ဤသို့ ပြောသည်ကို ကြားရသည့်အခါ၊ ကျွန်တော်ရှက်မိသည်။ ကျွန်တော့်၏ အခြေအနေနှင့် ကျွန်တော်၏ နားလည်မှုများအကြောင်း အစ်ကိုဝမ်ကို ကျွန်တော် ဖွင့်ပြောပြခဲ့ပြီး ကျွန်တော်တို့နှစ်ယောက်လုံး မိမိတို့၏ အတ္တများကို စွန့်လွှတ်လိုက်သည့်အခါ၊ ကျွန်တော်တို့ကြားထဲက အတားအဆီး မရှိတော့ပါ။ ထို့နောက်တွင် ကျွန်တော်၏တာဝန်၌ ကျွန်တော်၏ ကိုယ်ပိုင် လိုအပ်ချက်များကိုလည်းမြင်လာသည်။ ကျွန်တော်လုပ်ခဲ့တဲ့တိုင်က အရမ်းချောပြီး တကယ့် သစ်ပင်ပင်စည်နှင့်မတူပါ။ နောက်တစ်ခေါက် အပြောင်းအလဲများ လုပ်ဖို့လိုသေးသည်။ ကျွန်တော်အစ်ကိုဝမ်နှင့်သွားတိုင်ပင်ခဲ့ပြီး ကျွန်တော်တို့ အဖြေကို လျင်မြန်စွာ ရှာတွေ့ခဲ့ပါသည်။ ကျွန်တော်တို့ တစ်ယောက်၏ အားနည်းချက်ကို တစ်ယောက်ကဖြည့်ပေးခဲ့ပြီး တစ်ရက်တည်းမှာပဲ တိုင်သုံးတိုင်ပြီးခဲ့ပါသည်။ ယခင်က တစ်နေ့လုံးအချိန်ကုန်မှ နှစ်တိုင်လောက်သာပြီးပြီးလျှင်၊ တစ်ခုမှလည်း မကောင်းပါ။ ယခု များစွာ ပို၍ ထိရောက်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ကျွန်တော်၏တာဝန်မှာ ညီအစ်ကို မောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက မည်မျှ အရေးကြီးသည်ကို ကျွန်တော် သဘောပေါက်သွားသည်။ သို့ရာတွင် ကျွန်တော်က အရမ်း မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူလှသည်မှာ သိပ်မကြာမီတွင် အခြားလူများနှင့်လည်း အလုပ်တွဲလုပ်သည်မှာ ပြဿနာများ ရှိခဲ့သေးသည်။

တစ်ခါက ရိုက်ကွင်းနေရာမှာ ညီအစ်ကိုမောင်နှမများ မိုးခိုရန် ရွက်ဖျင်တဲထိုးဖို့ကို ကျွန်တော်နှင့် အစ်ကိုလီ အလုပ်တွဲလုပ်နေခဲ့သည်။ ကျွန်တော်တို့၏ ဆွေးနွေးမှုမှာ ကျွန်တော်ပေးတဲ့ အကြံဉာဏ်ကို သူက အရမ်းသဘောကျသည်။ ထိုအချိန်မှာ “ကျွန်တော်က အရင်က ဆောက်လုပ်ရေးမှာ လုပ်ခဲ့ဖူးတော့ ခင်ဗျားထက်တော့ ပိုသိတာပေါ့။” ဟု တွေးမိသည်။ သို့ရာတွင် ထို့နောက် သူက စိတ်ပူပင်မှု တစ်ခုကို ထုတ်ပြောခဲ့သည်။ သူက “သတ္တုတိုင်က အခု ၁၆ တိုင်ပဲရှိတယ်။ ဒီအစီအစဉ်အတွက် လောက်ပါ့မလား။ ခိုင်ခံ့ပါ့မလား။ စိတ်ရောချရပါ့မလား။” ဟု ပြောသည်။ ကျွန်တော်က “ဒါက တြိဂံပုံစံလေ။ တြိဂံပုံစံအဆောက်အဦးတွေရဲ့ ဟန်ချက်ညီမှုအကြောင်းကို ခင်ဗျား မသင်ဖူးဘူးလား။ အဲဒါက တကယ်ကို ခိုင်မှာပါ၊ ဘာမှမဖြစ်ဘူး။” ဟု တွေးမိသည်။ ထို့ကြောင့် ကျွန်တော်က အထက်စီးလေသံနှင့် “ပြဿနာမရှိဘူးလို့ ၁၀၀ ရာခိုင်နှုန်း အာမခံတာမျိုးတော့ မရှိဘူး၊ ဒါပေမဲ့ အဆင့် ၁၀ ဟာရီကိန်းမုန်တိုင်းမတိုက်သရွေ့တော့ အဆင်ပြေမှာပါ။” ဟု ပြန်ပြောခဲ့သည်။ ထို့နောက်တွင် သူက ကျွန်တော့်ကို ပုံကြမ်းဆွဲပြီး အသေးစိတ်များရှင်းပြစေချင်သည်၊ ကျွန်တော်လည်းစိတ်မရှည်တော့ဘဲ၊ “မလိုဘူး။ ပုံကြမ်းကခေါင်းထဲမှာ အကုန်ရှိပြီးသား။ သေချာအောင် လုပ်လိုက်မယ်။” ဟု ပြောလိုက်သည်။ သူက မည်သည့်အရာမျှ ထပ်မပြောတော့ပါ။ နောက်နေ့ နေ့လည်မှာ ကျွန်တော်တို့ တဲကိုစဆောက်ကြသည့်အခါ၊ အခြားညီအစ်ကို တစ်ယောက်က အမိုးကို စိတ်ချရစေဖို့ သတ္ထုတိုင်နှစ်တိုင်ကို ဦးစွာ ထောင်ပြီးမှ ဘေးဘက်များကို မတ်အောင်လုပ်သင့်သည်ဟု အကြံပေးသည်။ ဤသည်ကိုကြားသည့်အခါ၊ ကျွန်တော်က “အဲဒီလိုဆို အချိန်အများကြီး ပိုကြာသွားမှာ။ ငါဒါကို အခေါက်ပေါင်းများစွာ သေချာစဉ်းစားပြီးပြီ။ ငါ့နည်းလမ်းက အကောင်းဆုံးပဲဖြစ်ရမယ်။ မင်းက လူသစ်၊ ပြီးတော့ ဆွေးနွေးတုန်းကလည်း မပါဘူး။ ငါ့အစီအစဉ်က သေချာပေါက် ပိုကောင်းတယ်။” ဟု တွေးမိသည်။ ထို့ကြောင့် ကျွန်တော်က သူ့ကို “အဲဒါက အရမ်းကြာသွားလိမ့်မယ်။ အဲဒီတိုင်နှစ်တိုင်က ပြီးရင်လည်း ပြန်ဖြုတ်ရမှာပဲ၊ အဲဒီတော့ အနောက်ကနေ စဆောက်တာက ပိုမြန်လိမ့်မယ်။” ဟု ပြောလိုက်သည်။ ကျွန်တော်က သူ၏အကြံဉာဏ်ကို လက်ခံဖို့ ကြံရွယ်ချက်မရှိသည်ကို သူမြင်သည့်အခါ၊ သူက မည်သည့်အရာမျှ ဆက်မပြောတော့ပါ၊ ထို့ကြောင့် ကျွန်တော့်အစီအစဉ်အတိုင်းသာ တဲကို စဆောက်ခဲ့သည်။ ကျွန်တော်လှေကားထိပ်ကို ရောက်သည့်အခါ၊ သတ္ထုတိုင်က ချိတ်ကရုတ်တရက် ချောင်လာသည်ကို ကျွန်တော် မြင်လိုက်ရပြီး တိုင်ကလဲကျသွားသည်။ ကံကောင်းချင်တော့ မြက်ခင်းပေါ်ပဲကျပြီးလျှင် ပစ္စည်းများ၊ လူများပေါ်ကို မကျခဲ့ပါ။ ကျွန်တော် အရမ်းလန့်သွားသည်။ “ဘာဖြစ်တာလဲ။” ဟု ကျွန်တော် တွေးမိသည်။ “ငါသေချာကြပ်ထားရဲ့သားနဲ့ ဘယ်လိုလုပ် ပြုတ်ကျတာလဲ။ တစ်ယောက်ယောက်က တည့်တည့်မကိုင်ထားလို့ ချိတ်က မကြပ်တာနေမယ်။” ကျွန်တော့်အတွေးက ထိုမျှ ရိုးရှင်းပြီး၊ ကျွန်တော်က ယင်းကို သိပ်ဂရုမစိုက်ခဲ့ပါ။ ကျွန်တော့်အစီအစဉ်အတိုင်းသာ ဆက်ပြီး ဆောက်ခဲ့သည်။ ထို့နောက်တွင် အခုလေးတင် ထောင်လိုက်သည့်တိုင်က ကျွန်တော်တက်ရပ်နေသည့် လှေကား တည့်တည့်ပေါ်ကို ပြုတ်ကျသည်။ ကျွန်တော် လှေကားပေါ် ခြောက်ပေကျော်အမြင့်မှ ပြုတ်ကျသည်။ မည်သည့်ဒဏ်ရာမျှ မရသည်မှာကံကောင်းသည်။ ထို့နောက်တွင် ဤအဖြစ်အပျက်နှစ်ခုက သူ့ဘာသာထဖြစ်ခြင်း မဟုတ်သည်ကို ကျွန်တော် သဘောပေါက်သွားသည်။ ဘုရားသခင်၏ဂရုစိုက်မှုနှင့် အကာအကွယ် ပေးမှုကြောင့်သာမဟုတ်ပါက၊ ဤတိုင်တစ်ခုခုကြောင့် ဖြစ်လာသည့် ထိခိုက်မှု၏ အကျိုးဆက်များသည် ဆိုးရွားပေလိမ့်မည်။ ယင်းကို ကျွန်တော် တွေးမိလေ၊ ပိုအပြစ်ရှိိသကဲ့သို့ ခံစားရပြီး ပိုကြောက်လေလေဖြစ်ပြီးလျှင် ဘုရားသခင်ရှေ့မှောက်မှာ အမြန်သွားဆုတောင်းခဲ့သည်။ “အို ဘုရားသခင်၊ ဒီနေ့ တလွဲတချော်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒါရဲ့ နောက်ကွယ်မှာ ကိုယ်တော်ရဲ့ကောင်းမွန်တဲ့ အလိုတော်နဲ့ ကျွန်တော့်အတွက် သင်ယူစရာတစ်ခုခုရှိမယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ကျွန်တော်ဘာကို ရှာဖွေရမှန်းမသိဘူးဖြစ်နေပါတယ်။ ကိုယ်တော်ရဲ့အလိုတော်ကိုသိအောင် ကျွန်တော့်ကို လမ်းပြပြီးတော့ ဉာဏ်အလင်းပေးတော်မူပါ။” ဆုတောင်းပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် တွေးမိခဲ့သည်။ “တစ်စုံတစ်ခုကို သင်လုပ်ဆောင်သည့်အခါတိုင်း၊ ယင်းက အမြဲတမ်း လွဲချော်တတ်သည် သို့မဟုတ် ရပ်တန့်သွားတတ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် ဘုရားသခင်အား နာခံမှုမရှိဘဲ ပုန်ကန်တတ်သော အရာတစ်ခုခုကို ပြုလုပ်သည့်အခါ၊ အခြားမည်သူမျှ မသိနိုင်သော်လည်း ဘုရားသခင်သိ၏။ သူသည် သင့်ကို အလွတ်မပေးဘဲ၊ သင့်ကို သူဆုံးမပဲ့ပြင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ကျွန်တော်၏စိတ်ထဲမှာ ဤနှုတ်ကပတ်တော်များကိုသာ တွေးနေမိသည်။ “အခြားမည်သူမျှ မသိနိုင်သော်လည်း ဘုရားသခင်သိ၏။ သူသည် သင့်ကို အလွတ်မပေးဘဲ၊ သင့်ကို သူဆုံးမပဲ့ပြင်လိမ့်မည်။” နောက်တော့ တဲဆောက်ခြင်းနှင့်ပတ်သက်ပြီး ကျွန်တော်၏ညီအစ်ကိုများအပေါ်မှာ ကျွန်တော် မည်မျှ အထင်အမြင် သေးခဲ့သည်ကို သဘောပေါက်လာသည်။ ကျွန်တော်သူတို့၏ အကြံဉာဏ်များကို လုံးဝနားမထောင်ခဲ့ဘဲ၊ တန်းပြီးပယ်ချခဲ့သည်။ ကျွန်တော်မှန်သည်ပဲထင်ခဲ့ပြီး ကျွန်တော် လုပ်ချင်သည့် အရာကိုသာ လုပ်သင့်သည်ဟုတွေးခဲ့သည်။ ယင်းက ကျွန်တော် အလွန် မာနထောင်လွှားခြင်း မဟုတ်ပါလား။ တဲက စဆောက်ကတည်းက မခိုင်ခြင်း ဖြစ်သည်။ အထဲမှာ သရုပ်ဆောင်များရှိနေစဉ်သာ ပြိုကျပါက၊ အကျိုးဆက်က မတွေးရဲစရာ ဖြစ်လိမ့်မည်။ ထိုအတွေးတွင် ကျွန်တော့်ကိုယ်ကျွန်တော် ပြောင်းလဲဖို့ ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ ထို့နောက်တွင် သခင်ယေရှု ပြောဖူးသည့်အရာတစ်ခုကို ကျွန်တော် သွားသတိရသည်။ “မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၁၈:၁၉) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်တော့်ကို ချက်ချင်း လှုပ်နှိုးလိုက်သည်- ကျွန်တော်ထိုနည်းအတိုင်း ဆက်သွား၍မဖြစ်ဘဲ၊ ကျွန်တော့်ညီအစ်ကိုများနှင့် အမှုအရာများကို တိုင်ပင်ပြီး ပူးပေါင်းဆောင်ရွက် ရမည်ကို သိသွားသည်။ ထို့နောက်တွင် ကျွန်တော် နောက်အတွေးတစ်ခု ပေါ်လာသည်။ လုံခြုံရေးက ပထမပဲလေ။ အရေးအကြီးဆုံးက ကျွန်တော်တို့မှာရှိသည့် ကုန်ကြမ်းပစ္စည်းများနှင့် တဲကို ကောင်းစွာ တည်ဆောက်ဖို့ ဖြစ်သည်။ ထို့နောက်တွင်ပင် ညီအစ်ကိုများက ကျွန်တော်၏နဂိုအစီအစဉ်အရ ခိုင်ခံသော ဆောက်လုပ်မှုတစ်ခုအတွက် သတ္ထုတိုင်မလောက်သော်လည်း၊ အလယ်မှာ တိုင်နှစ်တိုင်ထောင်လိုက်ပါက အမိုးကတော့ စိတ်ချရမည် ဖြစ်သည်ဟု ပြောခဲ့သည်။ ကျွန်တော်က သူတို့ကို အပြည့်အဝ သဘောတူခဲ့ပါသည်။ ကျွန်တော်၏ နဂိုအစီအစဉ်က တကယ့်ကို အန္တရာယ်အများကြီး ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ကျွန်တော်တို့ တိုင်ပင်ခဲ့ပြီး အပြီးသတ်အစီအစဉ်ကို အချိန်တိုအတွင်း ရခဲ့ပါသည်။ ထို့အပြင် ကျွန်တော်တို့ သတ္ထုတိုင်အလုံလောက်ရခဲ့ပြီး မိုးမချုပ်မီ အပြီးသတ်ခဲ့ကြသည်။

ထိုညနေတွင် ကျွန်တော်ထိုနေ့အကြောင်းကို ပြန်စဉ်းစားကြည့်သည်။ ကျွန်တော်၏မာနထောင်လွှားက ဘေးဒုက္ခဖြစ်စေလုနီးနီး ဖြစ်ခဲ့ပြီး၊ ကျွန်တော် ယင်းကိုစိတ်ထဲကမထုတ်နိုင်ခဲ့ပါ။ ကျွန်တော် မိမိကိုယ်ကိုယ် သိဖို့ လမ်းညွှန်ပေးပါရန် ဘုရားသခင်ကို တောင်းလျှောက်လျက်၊ သူ့ကို အမြန်ဆုတောင်းခဲ့သည်။ ကျွန်တော်ဖုန်းကို ယူပြီး အသင်းတော် ဝက်ဘ်ဆိုဒ်ကို သွားကာ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်ခဲ့ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အချို့သောသူများသည် သူတို့၏တာဝန်များဆောင်ရွက်စဉ်တွင်ပင် သမ္မာတရားကို မရှာဖွေကြပေ။ သူတို့ စိတ်ကျေနပ်စေရုံမျှသာ လုပ်ဆောင်ကြသည်။ သူတို့၏ကိုယ်ပိုင်စိတ်ကူးများအတိုင်းသာ တဇွတ်ထိုး ပြုမူကြပြီး အမြဲပင် ထင်ရာစိုင်းကာ မဆင်မခြင်ပြုလုပ်ကြပေသည်။ ‘မဆင်မခြင်ထင်ရာစိုင်းခြင်း’ ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ၎င်းသည် ကိစ္စတခုခုတွေ့ကြုံသည့်အခါ သူတစ်ပါးပေးသော အကြံညဏ်ကို အလေးမထား၊ စဉ်းစားတွေးခေါ်မှုမရှိဘဲ ကိုယ်အမြင်အတိုင်း ပြုမူခြင်းကိုဆိုလိုသည်။ သင့်ကို မည်သူမှ မထိုးဖောက်နိုင်။ သင့်စိတ်ကို မည်သူမှပြောင်းလဲစေနိုင်။ ဤကဲ့သို့ သင်သည် နည်းနည်းလေးမှ မယိမ်းယိုင်နိုင်။ သင်သည် ကိုယ့်စိတ်သဘောကိုသာ ဆုပ်ကိုင်ထား ပြီးအဓိပ္ပာယ်ရှိသည့်အရာကို အခြားသူများပြောဆိုသည့်တိုင် သင်သည်နားမထောင်ပေ။ သင့်နည်းလမ်းသည်သာ မှန်ကန်သည်ဟု သင်ယုံကြည်သည်။ သင့်နည်းလမ်းက မှန်ကန်သည်ဆိုလျှင်ပင် သင်သည် သူတစ်ပါး၏အကြံညဏ်များကို အလေးထားမသင့်သလော။ သို့တိုင် သင်အလေးမထားပေ။ အခြားသူများသည် သင့်အား ခေါင်းမာသောသူဟု ခေါ်ဝေါ်ကြလိမ့်မည်။ မည်မျှလောက် ခေါင်းမာသနည်း။ နွားဆယ်ကောင်မျှပင် သင့်ကိုမဆွဲနိုင်အောင် ခေါင်းမာလှပေသည်။ လုံးဝခေါင်းမာသည်။ အလွန်အကျူး စိတ်ကြီးဝင်ပြီး တဇွတ်ထိုးလုပ်သည်။ ကိုယ်တိုင်မမြင်သ‌ရွေ့ အမှန်တရားကိုမမြင်နိုင်သော အမျိုးအစား ဖြစ်သည်။ ထိုကဲ့သို့ခေါင်းမာမှုသည် ထင်ရာစိုင်းခြင်းအဆင့်သို့ မြင့်တက်မလာပေဘူးလော။ သင်နှစ်သက်သမျှ၊ သင်ထင်မြင်သည့်အရာမှန်သမျှကို သင်ပြုပြီး မည်သူ့ကိုမျှ သင်နားမထောင်။ သင်ပြုလုပ်သည့်အရာသည် သမ္မာတရားနှင့်မကိုကဟု တစ်စုံတစ်ယောက် ပြောဆိုသော် ‘သမ္မာတရားနှင့် ကိုက်ညီညီ မညီညီ ငါလုပ်မည်။ ၎င်းသည်သမ္မာတရားနှင့်မကိုက်ညီသော်လည်း အကြောင်းပြချက် အမျိုးမျိုးကိုငါပေးမည် သို့မဟုတ် မှန်ကန်ကြောင်းပြမည်။ သင်နားလည်အောင် ငါလုပ်မည်။ ဤအရာအပေါ် ငါ၏ သဘောထားမပြောင်း။’ ဟူ၍ သင်ပြောပေလိမ့်မည်။ အခြားသူများက သင့်လုပ်ရပ်များသည် အနှောင့်အယှက် ဖြစ်စေသည်၊ ၎င်းသည် ဆိုးရွားသည့်အကျိုးဆက်တွေဆီကို ဦးတည်စေသည်၊ ၎င်းသည် ဘုရားသခင့်အိမ်တော်၏ အကျိုးကိုထိခိုက်စေသည်ဟု ပြောကြမည်။ သို့တိုင် သင်သည် သူတို့ကိုအလေးမထားဘဲ ‘ဤအရာသည် သင်နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ငါလုပ်နေသည့်အရာဖြစ်သည်။ ဒီနည်းအတိုင်းသာ ငါလုပ်ချင်သည်။ သင်သာ လုံးဝမှားယွင်းနေပြီး ငါသာလျှင် တရားမျှတသည်။’ ဟု ထပ်၍ အကြောင်းပြချက်များကိုဆက်ပေးနေ၏။ သင်သည် အမှန်တကယ် တရားမျှတမှုရှိနိုင်ပြီး သင်လုပ်ဆောင်နေသည့် အရာသည် ဆိုးရွားသောအကျိုးဆက်များမရှိဘဲဖြစ်နိုင်ပေသည်။ သို့သော်လည်း သင်ထုတ်ဖော်ပြသသည့် စိတ်သဘောထားသည် မည်သည့်အရာနည်း။ (မာနထောင်လွှားခြင်းပင်ဖြစ်သည်။) မာနထောင်လွှားသောသဘာဝက သင့်ကို ခေါင်းမာစေသည်။ လူတို့က ဤခေါင်းမာသော စိတ်သဘောထား ရှိသောအခါ သူတို့သည် တစ်ဇွတ်ထိုးလုပ်တတ်သည် မဟုတ်လော။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း)မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။ အချို့လူတို့သည် အပြင်ပန်းတွင် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်တော့်အား မိမိ၏အရုပ်ဆိုးအကျည်းတန်မှုကို မြင်စေသည်။ ကျွန်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များက ထုတ်ဖော်သကဲ့သို့၊ ခေါင်းမာပြီး အကျိုးအကြောင်း မဆီလျော်သူတစ်ယောက်ပါပဲ။ ထိုတဲကိုဆောက်ရာတွင်၊ ကျွန်တော်က ကျွန်တော့်၏အတွေ့အကြုံများကို ဖက်တွယ်ထားပြီး ခေါင်းမာစွာ ပြုမူခဲ့ပြန်သည်။ အခြားညီအစ်ကိုများ၏ အကြံဉာဏ်များကို နားမထောင်ဘဲ ချက်ချင်း ပယ်ချခဲ့သည်။ သူတို့က လုံခြုံအောင်လုပ်ဖို့နှင့် အမိုးကိုစိတ်ချရအောင်လုပ်ဖို့ သတိပေးခဲ့သော်လည်း၊ ကျွန်တော်က သူတို့ကို လျစ်လျူရှုခဲ့သည်။ ကျွန်တော်က ဆုံးဖြတ်ပြီး အားလုံးက ကျွန်တော်ဖြစ်ချင်သည့်အရာကိုသာ လုပ်စေချင်ခဲ့သည်။ အခြားသူများကို အထင်အမြင်သေးပြီး ခေါင်းမာသည့် ဇာစ်မြစ်က ကျွန်တော့်၏ မာနထောင်လွှားသော သဘာဝ ဖြစ်သည်ကို ကျွန်တော်သိလိုက်သည်။ မာနထောင်လွှားပြီး မိမိသဘောအတိုင်းပဲလုပ်ခြင်းက ကျွန်တော့်၏ အမှုတော်ကို ယခင်ကလည်းထိခိုက်ပြီးပြီ ဖြစ်သည်။ သို့ရာတွင် ထိုအချိန်က၊ အကျိုးအကြောင်းသင့်လျော်သည့် အကြံပေးချက်ကိုပင် နားမထောင်ဘဲ၊ ကျွန်တော့်အကြံအစည်ကိုသာ ဇွတ်လုပ်ခဲ့ပြီးလျှင် မတော်တဆ ထိခိုက်မှု ဖြစ်စေလုနီးပါး ဖြစ်ခဲ့သည်။ ကျွန်တော့်၏မာနထောင်လွှားမှုတွင် ကျွန်တော်သည် မိမိတစ်ဦးတည်း ဩဇာနှင့် စီမံပြီး တစ်ဇွတ်ထိုးနိုင်ခဲ့သည်။ ကျွန်တော်က အခြားသူများနှင့် ကောင်းစွာ အလုပ်တွဲမလုပ်ခဲဘဲ၊ ကျွန်တော့်နှလုံးသားထဲမှာ ဘုရားသခင်အတွက် နေရာရှိမနေခဲ့ပါ။ ဘုရားသခင်အိမ်တော်၏အလုပ်များနှင့် အခြားသူများ၏ လုံခြုံရေးကိုပင် ကျွန်တော်ဂရုမစိုက်ခဲ့ပါ။ ကျွန်တော်လုပ်ချင်သည့်အရာကို လုပ်ဖို့သာ စိတ်ပိုင်းဖြတ်ခဲ့သည်။ ကျွန်တော့်၏မာနထောင်လွှားမှု၌ အသိစိတ် အားလုံးကို ဆုံးရှုံးခဲ့သည်။ ဘုရားသခင်၏စောင့်ရှောက်မှုနှင့် ကွယ်ကာခြင်းကြောင့်သာ မဟုတ်ပါက၊ အကျိုးဆက်များကို ကျွန်တော် စိတ်ပင်မကူးနိုင်ပေ။ ထိုနည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းသည် မည်မျှ အန္တရာယ်များသည်ကို ကျွန်တော် နောက်ဆုံးတွင် သဘောပေါက်သွားသည်။ ကျွန်တော့်၏တာဝန်ကို နှောင့်နှေးစေရုံသာမကဘဲ၊ တစ်နေ့တွင် ဆိုးရွားသည့် မတော်တဆ ထိခိုက်မှု ဖြစ်သွားနိုင်ပြီး၊ ယင်းမှာ နောင်တရဖို့ အလွန် နောက်ကျပေလိမ့်မည်။ ဤအတွေးက ကျွန်တော် အရမ်း လန့်သွားစေသည်။ ကျွန်တော့်၏ မာနထောင်လွှားသည့် သဘာဝနှင့် ပတ်သက်သည့် နားလည်မှုအချို့ ကျွန်တော် ရရှိပြီး၊ ကျွန်တော်၏တာဝန်ကို ထိုနည်းလမ်းဖြင့် မလုပ်ဆောင်လိုတော့ပါ။

ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ရမည့်လမ်းကြောင်းကို ဘုရားသခင်၏နှုတ်ကပတ်တော်များ၌ ကျွန်တော် ရှာတွေ့ခဲ့သည်။ “မာန်မတက်နှင့်။ သင်သည် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု အရှိဆုံးသော သူဖြစ်လျှင်ပင် သို့မဟုတ် ဤနေရာတွင် ရှိသောသူများထဲမှ သင်၏ အရည်အချင်းသည် အကြီးမြတ်ဆုံးဖြစ်သည်ဟု သင်ထင်လျှင်ပင် အလုပ်ကို သင်တစ်ဦးတည်း တာဝန်ယူနိုင်ပါသလော။ သင်သည် အမြင့်ဆုံးသော အဆင့်အတန်းရှိလျှင်ပင် အလုပ်ကို တစ်ဦးတည်း တာဝန်ယူနိုင်ပါသလော။ အယောက်တိုင်း၏ အကူအညီမရှိဘဲ သင် တာဝန်မယူနိုင်ပေ။ ထို့ကြောင့် မည်သူမျှ မာနမထောင်လွှားသင့်သကဲ့သို့ မည်သူမျှ တစ်ဖက်သတ် ပြုမူဖို့ ဆန္ဒမရှိသင့်ပေ။ မိမိ၏ မာနကို မျိုသိပ်သင့်သည်။ မိမိ၏ ကိုယ်ပိုင်အတွေးများနှင့် အမြင်များကို လက်လွှတ်ပြီး လုပ်ဖော်ကိုင်ဖက်အားလုံးနှင့် ညီညွတ်မှုဖြင့် လုပ်ဆောင်သင့်ပေသည်။ ဤလူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး လူ့သဘာဝ ပိုင်ဆိုင်သော လူများ ဖြစ်ကြ၏။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချစ်ခြင်းကို ခံရကြကာ ၎င်းတို့သာ ၎င်းတို့၏ တာဝန်ကို ဆောင်ရွက်ရာတွင် ဆက်ကပ်အပ်နှံနိုင်ကြပေသည်။ ဤအရာတစ်ခုတည်းသာ ဆက်ကပ်အပ်နှံခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်”) ပူးပေါင်းဆောင်ရွက်မှု၏ အခြေခံသဘောတရားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော်ကို ပြခဲ့သည်။ လူတစ်ယောက်၏ အစွမ်းအစ သို့မဟုတ် ပင်ကိုယ်အထုံပါရမီသည် မည်သည့်အရာဖြစ်ပါစေ၊ ကျွန်တော်တို့အားလုံးတွင် ချို့ယွင်းချက်များနှင့် အားနည်းချက်များ လိုအပ်ချက်များ ရှိကြသည်။ မည်သည့်သူတစ်ယောက်ကမျှ အရာအားလုံးကို မလုပ်ဆောင်နိုင်ကြပါ။ လူတိုင်းက ဘုရားသခင်က သူတို့ကို ပေးအပ်ထားသည့်အရာများကို အသုံးချနိုင်ပြီး ကျွန်တော်တို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ဖို့ ဖြစ်သည့် တူညီသော ပန်းတိုင်အတွက် ကြိုးစားနိုင်ဖို့အလို့ငှာ၊ ကျွန်တော်တို့သည် မိမိကိုယ်ကိုယ် ဘေးချိတ်ပြီး အခြားသူများနှင့် ကောင်းစွာ အလုပ်လုပ်ဖို့ သင်ယူရမည်။ ကျွန်တော့်၏တာဝန်ကို ပြန်စဉ်းစားကြည့်လျက်၊ ကျွန်တော့်မှာမရှိသည့် အားသာချက်များ အချို့ညီအစ်ကိုမောင်နှမများ၌ ရှိကြသည်။ သူတို့ထောက်ပြပြီး အကူအညီပေးပြီးသည့်နောက်၊ ဒုတိယတစ်ခေါက်မှာ ကျွန်တော်ပိုကောင်းအောင် လုပ်နိုင်ခဲ့သည်။ တစ်ခါတစ်ရံ ကျွန်တော်မတွေးမိသည့် အကြံဉာဏ်များ သူတို့၌ ရှိပြီးလျှင် သူတို့အကြံများကိုယူလိုက်ခြင်းက အလားအလာရှိသည့် ပြဿနာအချို့ကို ရှောင်ရှားခဲ့သည်။ ဤသည်တို့ကို ပြန်စဉ်းစားမိပါက ကျွန်တော်ရှက်မိသည်။ ယခင်က ကျွန်တော့်ကိုယ် ကျွန်တော်မသိခဲ့ပါ။ အသားလွတ် မာနထောင်လွှား နေခဲ့မိသော်လည်း၊ ယခုအခါ အခြားသူများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီကို လိုအပ်ခဲ့သည်ကို ကျွန်တော်သိသွားပြီ ဖြစ်သည်၊ ထိုသို့မဟုတ်ပါက ကျွန်တော့်၏အမှုတော်ကို ကောင်းကောင်း ထမ်းဆောင်နိုင်မည် မဟုတ်ပါ။ ကျွန်တော် မာနထောင်လွှားပြီး အခြားသူများနှင့် ပူးပေါင်းမဆောင်ရွက်သည့်အခါ အခက်အခဲများနှင့်ကြုံတွေ့ရသည်ကို ကျွန်တော့် အတွေ့အကြုံက ပြလိုက်ပါသည်။ ကျွန်တော်သည် နောင်တရကာ၊ မိမိကိုယ်ကိုယ် စွန့်လွှတ်ပြီး အခြားသူများနှင့် အတူတူလုပ်ဆောင်သည့်အခါ၊ ဘုရားသခင်၏လမ်းညွှန်မှုနှင့် ကောင်းချီးမင်္ဂလာများကို ရရှိခဲ့ပါသည်။ ဘုရားသခင်က လူ့သဘာဝရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် သူများကို ကြိုက်နှစ်သက်သည်ကို ကျွန်တော် မြင်ရသည်။ ဤသည်မှာ ကျွန်တော့်အတွက် တကယ် အသိဉာဏ် ပွင့်လင်းစေပြီး လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို ကျွန်တော် ရှာတွေ့ခဲ့ပါသည်။

တတိယမြောက်မနက်ကျတွင် ညီအစ်ကိုတစ်ယောက်က တဲကို အနည်းငယ် တောင့်တင်းခိုင်မာအောင် လုပ်ခိုင်းသည်။ ကျွန်တော်က “ဒီနေ့ နေ့လည် ရုပ်ရှင်ရိုက်ပြီးရင် ပြန်ဖျက်မှာပဲ။ လိုလို့လား။” ဟု တွေးမိသည်။ သို့ရာတွင် ထို့နောက် ဘုရားသခင်၏နှုတ်ကပတ်တော်များ၌ ဤအပိုဒ်ကို ကျွန်တော် တွေးမိသည် “မည်သူမျှ မာနမထောင်လွှားသင့်သကဲ့သို့ မည်သူမျှ တစ်ဖက်သတ် ပြုမူဖို့ ဆန္ဒမရှိသင့်ပေ။ မိမိ၏ မာနကို မျိုသိပ်သင့်သည်။ မိမိ၏ ကိုယ်ပိုင်အတွေးများနှင့် အမြင်များကို လက်လွှတ်ပြီး လုပ်ဖော်ကိုင်ဖက် အားလုံးနှင့် ညီညွတ်မှုဖြင့် လုပ်ဆောင်သင့်ပေသည်။ ဤလူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြ၏။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကိုပေးလိုက်သည်။ အစ်ကိုလီနှင့် ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော့်၏ကိုယ်ပိုင်အမြင်များကို စွန့်လွှတ်ရမည် ဖြစ်ပြီး၊ သူမှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ဦးစွာ နာခံပြီး ရှာဖွေရမည်။ ထို့နောက်တွင် ရုပ်ရှင်ရိုက်ကူးရေး ငါးနာရီ ခြောက်နာရီ ကျန်သေးပြီး ရာသီဥတုက မည်သို့ဖြစ်နိုင်သည်ကို မပြောနိုင်သည်ကို ကျွန်တော် သတိထားမိသည်။ ပိုခိုင်အောင်လုပ်ထားသည်က ပို၍ စိတ်ချရမည် ဖြစ်သည်။ ထို့ကြောင့် ညီအစ်ကိုတစ်ယောက်နှင့် ကျွန်တော်တို့ တဲကို ပိုခိုင်အောင်လုပ်ခဲ့ကြသည်။ ထို့နောက် နေ့လည် ၂ နာရီ ၃ နာရီခန့်တွင် ရုတ်တရက် မိုးသက်လေပြင်းကျကာ မုန်တိုင်းက မိနစ် ၄၀ခန့် ကြာခဲ့သည်။ မုန်တိုင်းပြီးသည့်အထိကို ကျွန်တော်တို့ တဲထဲမှာစောင့်ခဲ့ကြသည်။ ကျွန်တော် ပြောပြ၍မရနိုင်သည့် နည်းလမ်းဖြင့် တို့ထိခြင်းခံရလေသည်။ ဘုရားသခင်သည် မည်မျှအနန္တတန်ခိုးရှိပြီး ဉာဏ်ပညာကြီးသည်ကို ကျွန်တော်တွေ့လိုက်ရသည်။ အခြားလူများ၏အကြံပေးမှုများက ကျွန်တော့်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သတိပြုမိဖို့ ကူညီခဲ့ရုံသာမက၊ ဘုရားသခင်ကလည်း ဤအံ့သြစရာကောင်းသည့် နည်းလမ်းဖြင့် ကျွန်တော့်ကို သတိပေးပြီး မုန်တိုင်းတစ်လျှောက် ကျွန်တော်တို့ကို ကွယ်ကာပေးခဲ့သည်။ ကျွန်တော် ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါသည်။

ဤအတွေ့အကြုံများက ကျွန်တော့်၏ မာနထောင်လွှားသည့် ဆိုးယုတ်သော သဘာဝကို နားလည်လာစေပြီးလျှင် သဟဇာတဖြဲစ်သည့် ပူးပေါင်းဆောင်ရွက်မှုတစ်ခုထဲသို့ လမ်းဖွင့်ပေးခဲ့ပါသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး မိမိ၏တာဝန်၌ ခေါင်းမမာခြင်းက အခြားသူများနှင့် ကောင်းစွာ အလုပ်လုပ်ဖို့အတွက် အမှန်တကယ် အရေးပါသည်ကို ကျွန်တော်တွေ့ခဲ့ရပါသည်။ ကျွန်တော်နားလည်ပြီး ရရှိခဲ့သည့်အရာများက ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းအပြင်၊ ဆုံးမပဲ့ပြင်မှုများကြောင့်သာ ဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ၏ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

အရှေ့သို့- ၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

နောက်တစ်ခုသို့- ၂၁။ မိမိတာဝန်ကို ထမ်းဆောင်ခြင်းက မည်သည့်အရာကို ဆိုလိုသည်ကို နောက်ဆုံးတော့ ကျွန်မ သိပြီ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။