အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)

၎င်းတို့၏ ကြီးမားသည့် စိတ်ဒဏ်ရာ ခံစားရပြီးဖြစ်သော နှလုံးသား ပြုပြင်ခံရပြီး၊ ထိုသို့ဖြင့် မကောင်းမှုဒုစရိုက်၏ အကြီးအကျယ် ထိခိုက်နစ်နာစေခြင်း ခံရပြီးဖြစ်သော ၎င်းတို့၏ ဝိညာဉ်ကို ကယ်နုတ်သည်အထိ လူအသီးသီး၏ စိတ်ဝိညာဉ်ကို ပြုပြင်ရန်၊ လူအသီးသီး၏ စိတ်ဝိညာဉ်ကို ပြောင်းလဲရန်အလို့ငှာ နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ကြိမ်ဖန်များစွာ ငါပြောဆိုပြီးဖြစ်သည်။ ယင်းမှာ လူတို့၏ စိတ်ဝိညာဉ်များကို နိုးထစေရန်၊ ၎င်းတို့၏ အေးစက်သော နှလုံးသားများကို အရည်ပျော် ကျစေရန်နှင့် ၎င်းတို့အား အားသစ်လောင်းခံရခွင့် ပေးရန်အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အကြီးမြတ်ဆုံးသော အလို ဖြစ်သည်။ လူသား၏ အသက်တာနှင့် အတွေ့အကြုံများ မည်မျှ မြင့်မားသည်၊ သို့မဟုတ် မည်မျှ နက်နဲသိမ်မွေ့သည်ဆိုသည်ကို ပြောဆိုခြင်းအား ဘေးဖယ်ထားလော့။ လူတို့၏ နှလုံးသားများ နိုးကြားစေခြင်း ခံရပြီးသောအခါ၊ ၎င်းတို့၏ အိပ်မက်များမှ ၎င်းတို့ နိုးထစေခြင်း ခံရပြီး အဆင်းနီသော နဂါးကြီးက ဖြစ်ပေါ်စေသည့် အန္တရာယ်ကို အပြည့်အဝ ကောင်းစွာ သိရှိကြသည့်အခါတွင်၊ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် အမှု ပြီးစီးပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်၏အမှု ပြီးဆုံးသည့် နေ့ရက်သည် လူသားက ဘုရားသခင်အား ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့ တရားဝင် စတင်သောနေ့ရက်လည်း ဖြစ်သည်။ ဤအချိန်တွင် ဘုရားသခင်၏ အမှုတော်သည် အဆုံးသတ်သို့ ရောက်လာပြီး ဖြစ်လိမ့်မည်- ဘုရားသခင် လူ့ဇာတိခံယူသော အမှုသည် လုံးလုံး ပြီးဆုံးသွားပြီး ဖြစ်လိမ့်မည်ဖြစ်ပြီး လူသားသည် သူ ဆောင်ရွက်သင့်သည့် တာဝန်ကို တရားဝင် စတင် ဆောင်ရွက်လိမ့်မည်— လူသားသည် သူ၏ အမှုတော်ကို ထမ်းဆောင်လိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင် အမှု၏ အဆင့်များ ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဤအရာများကို သိခြင်းနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်အပေါ်တွင် အသင်တို့၏ ဝင်ရောက်ရန် လမ်းကြောင်းကို စမ်းတဝါးဝါး ရှာသင့်သည်။ ဤအရာအားလုံးသည် သင်တို့ နားလည်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မကောင်းဆိုးဝါးများ စုစည်းရာ ဤနေရာမှ- ရွေးနုတ်ခံရပြီးဖြစ်သည့်၊ အမှောင်အင်အားစုများ အောက်တွင် အသက်ရှင်ဆဲ ဖြစ်သကဲ့သို့ မိမိကိုယ်ကိုယ် မည်သည့်အခါတွင်မျှ မလှုံ့ဆော်ဖူးသည့်- လူသား၏ ပြည့်စုံသည့် ကယ်တင်ခြင်း ဖြစ်သည့်အတွက်၊ လူသား၏ ဝင်ရောက်ခြင်းသည် သူ၏ နှလုံးသား နက်နက်အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်ပြီးသည့်အခါမှသာ တိုးတက်ပေလိမ့်မည်။ ယင်းမှာ အဆင်းနီသော နဂါးကြီးကို လုံးလုံး အလဲထိုးရင်း၊ ဘုရားသခင်၏ နိုင်ငံတော်ကို တည်ထောင်ကာ ဘုရားသခင်၏ စိတ်နှလုံးကို ဆောလျင်စွာ အနားယူစေရင်း၊ လူသည် နှစ်ပေါင်းထောင်ချီသည့် အပြစ်မှ လွတ်မြောက်ပြီး ဘုရားသခင်၏ ချစ်မြတ်နိုးခြင်း ခံရရန်အလို့ငှာ ဖြစ်သည်။ ယင်းသည် သင်တို့၏ ရင်ဘတ်ကို ဖောင်းကြွစေသော အမုန်းတရားကို မခြွင်းမချန် ရင်ဖွင့်ရန်၊ ထိုမှိုတက်နေသော ရောဂါပိုးများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန်၊ နွားထီး သို့မဟုတ် မြင်းတစ်ကောင်၏ ဘဝနှင့် ခြားနားခြင်းမရှိသည့် ဤဘဝကို သင်တို့အား စွန့်ခွာခွင့်ပေးရန်၊ နောက်ထပ် ကျွန်တစ်ဦး မဖြစ်တော့ရန်၊ အဆင်းနီသော နဂါးကြီး၏ စိတ်ကြိုက် နင်းခြေခြင်းနှင့် အမိန့်ပေး စေခိုင်းခြင်း မခံရတော့ရန် ဖြစ်သည်။ သင်တို့သည် ဤကျရှုံးသော တိုင်းနိုင်ငံနှင့် သက်ဆိုင်တော့မည် မဟုတ်၊ သင်တို့သည် အလွန်ယုတ်မာသည့် အဆင်းနီသော နဂါးကြီးနှင့် သက်ဆိုင်တော့မည် မဟုတ်သကဲ့သို့၊ ယင်း၏ ကျွန်ပြုခြင်းလည်း ခံရတော့မည် မဟုတ်ပေ။ မကောင်းဆိုးဝါးများ၏ အသိုက်သည် ဘုရားသခင်၏ အပိုင်းပိုင်း ဆုတ်ဖြဲခြင်းကို ဧကန်မုချ ခံရလိမ့်မည်ဖြစ်ပြီး သင်တို့သည် ဘုရားသခင်၏ နံဘေးတွင် ရပ်ရကြလိမ့်မည်— သင်တို့သည် ဘုရားသခင်နှင့် သက်ဆိုင်ကြပြီး ဤကျွန်များ၏ အင်ပါယာနှင့် မသက်ဆိုင်ကြပေ။ ဘုရားသခင်သည် ကြာမြင့်စွာကတည်းက ဤအမှောင် လူမှုအဖွဲ့အစည်းကို သူ၏ အရိုးများထိတိုင် စက်ဆုပ်ရွံရှာပြီး ဖြစ်သည်။ ဘုရားသခင်သည် အံသွားခဲကြိတ်သည်၊ ဤဆိုးယုတ်သည့် အလွန်ယုတ်မာသော မြွေအိုအနေဖြင့် တစ်ဖန် လုံးဝ မထကြွဖို့ရန်နှင့် လူသားကို တစ်ဖန် လုံးဝ မနှိပ်စက်ရန်အလို့ငှာ၊ ယင်းအပေါ် သူ၏ ခြေများကိုချဖို့ စိတ်ထက်သန်လေသည်။ ဘုရားသခင်သည် ယင်း၏ အတိတ်က လုပ်ရပ်များကို ခွင့်လွှတ်မည်မဟုတ်၊ လူသားအား ၎င်း၏ လှည့်ဖြားမှုကို သည်းခံလိမ့်မည် မဟုတ်သကဲ့သို့၊ ခေတ်ကာလများ တစ်လျှောက် ၎င်း၏ အပြစ် တစ်ခုစီတိုင်းအတွက် ဆပ်ပေးစေလိမ့်မည်။ ဘုရားသခင်သည် ဆိုးညစ်မှုအားလုံး၏ ဤခေါင်သူကြီးအား စိုးစဉ်းမျှ အသက်ရှူချောင်ခွင့် ပေးလိမ့်မည်မဟုတ်၊ သူသည် ၎င်းကို လုံးလုံးလျားလျား ဖျက်ဆီးလိမ့်မည်။

နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ဖုံးအုပ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သည့် နားလည်မှု ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား ရန်သူအဖြစ် စတင် ဆက်ဆံလာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။ ဘုရားသခင်၏ အမှုကို မည်သူ လက်ခံယုံကြည်ပြီနည်း။ ဘုရားသခင်၏ အမှုအတွက် မည်သူသည် ၎င်းတို့၏ အသက်ကို စွန့်လွှတ်ပြီနည်း သို့မဟုတ် အသွေးသွန်းပြီးပြီနည်း။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ကြာ၊ မိဘများမှသည် သားသမီးများအထိ၊ ကျွန်ပြုခံရသော လူသားသည် ဘုရားသခင်အား မပြောမဆို ကျွန်ပြုကြပြီး ဖြစ်သည်— အဘယ်သို့လျှင် ဤအရာသည် အမျက်ဒေါသကို မနှိုးဆော်ဘဲရှိနိုင်မည်နည်း။ နှစ်ထောင်ပေါင်းများစွာကြာသည့် အမုန်းတရားကို နှလုံးသားထဲတွင် စုစည်းထားသည်၊ ထောင်ချီနှစ်ကာလကြာ အပြစ်ရှိခြင်းကို နှလုံးသားထက်တွင် ရေးထွင်းထားသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ ဘုရားသခင်၏ရန်သူကို လုံးဝ ဇီဝိန်ချုပ်စေလျက် ၎င်းအား နောက်ထပ် သောင်းကျန်းခွင့်မပြုတော့သကဲ့သို့၊ အာဏာရှင်တစ်ယောက်ကဲ့သို့ အုပ်စိုးခွင့်မပေးတော့ဘဲ ဘုရားသခင်အတွက် လက်စားချေကြလော့။ ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။ ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိပ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့်မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ လူသားတို့ အလယ်တွင် နွေးထွေးမှုကား အဘယ်မှာနည်း။ လူတို့အလယ်တွင် ကြိုဆိုခြင်းကား အဘယ်မှာနည်း။ ဘုရားသခင်၌ ထိုသို့သော အသည်းအသန် တောင့်တခြင်းအား အဘယ်ကြောင့် ဖြစ်စေသနည်း။ ဘုရားသခင်အား အဘယ်ကြောင့် အထပ်ထပ် အော်ခေါ်စေသနည်း။ ဘုရားသခင်အား သူ၏ ချစ်လှစွာသော သားအတွက် စိတ်ပူစေရန် အဘယ်ကြောင့် အတင်းအကျပ် ပြုရသနည်း။ ဤမှောင်မိုက်သော လူ့အဖွဲ့အစည်းတွင် ၎င်း၏ ဆိုးရွားသည့် အစောင့်ခွေးများတို့သည် အဘယ်ကြောင့် ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာလောကအလယ်တွင် လွတ်လပ်စွာ ဝင်ထွက်သွားလာ ခွင့်မပြုရသနည်း။ နာကျင်မှုနှင့် ဆင်းရဲဒုက္ခတို့ အလယ်၌ အသက်ရှင်သော လူသားသည် အဘယ်ကြောင့် နားမလည်ရသနည်း။ သင်တို့အတွက် ဘုရားသခင်သည် ကြီးစွာသော ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံပြီးဖြစ်သည်၊ ကြီးစွာသော နာကျင်မှုဖြင့် သူသည် သူ၏ ချစ်လှစွာသောသား၊ သူ၏ အသွေးနှင့် အသားကို သင်တို့အား နှင်းအပ်ပြီးဖြစ်သည်— ထို့ကြောင့် သင်တို့သည် အဘယ်ကြောင့် မသိကျိုးကျွန်ပြုကြသေးသနည်း။ အယောက်တိုင်း၏ သိသာထင်ရှားသော အမြင်တွင်၊ သင်တို့သည် ဘုရားသခင်၏ ကြွရောက်လာခြင်းကို ငြင်းပယ်ကြပြီး ဘုရားသခင်၏ ခင်မင်ရင်းနှီးမှုကို ငြင်းခဲ့ကြ၏။ အဘယ်ကြောင့် သင်တို့သည် အလွန် လွန်လွန်ကဲကဲ ဖြစ်ကြသနည်း။ သင်တို့သည် ဤသို့သော မှောင်မိုက်သည့် လူ့အဖွဲ့အစည်းထဲတွင် မတရားမှုများကို ကြံ့ကြံ့ခံရန် လိုလားနေကြသလော။ နှစ်ထောင်ချီသော မုန်းတီးမှုဖြင့် သင်တို့၏ ဝမ်းဗိုက်များကို ဖြည့်ရမည့်အစား၊ သင်တို့သည် မိမိတို့ကိုယ်မိမိ နတ်ဆိုးတို့မင်း၏“ချေး” နှင့် အဘယ်ကြောင့် သိပ်ထည့်ကြသနည်း။

ဘုရားသခင်၏ အမှုအဖို့ အတားအဆီးများမှာ မည်မျှ ကြီးမားသနည်း။ တစ်ဦးတစ်လေက သိဖူးပါသလော။ အရိုးစွဲနေသည့် အယူသီးသော အသားအရောင်ခွဲခြားမှုဖြင့် ပိတ်လှောင်ခံထားရသည့် လူများကြောင့်၊ အဘယ်သူသည် ဘုရားသခင်၏ စစ်မှန်သော စရိုက်ကို သိကျွမ်းနိုင်စွမ်းရှိသနည်း။ အလွန်တိမ်ပြီး အဓိပ္ပာယ် မရှိသည့် ဤခေတ်နောက်ကျော့သော ယဉ်ကျေးမှုဆိုင်ရာ အသိပညာကြောင့်၊ ၎င်းတို့သည် ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို အဘယ်သို့ အပြည့်အဝ နားလည်နိုင်ကြမည်နည်း။ ၎င်းတို့အား မျက်နှာချင်းဆိုင် ပြောဆိုပြီး၊ ပါးစပ်ချင်းတေ့ကာ အားဖြည့်ပေးချိန်တွင်ပင်၊ ၎င်းတို့ မည်သို့ နားလည်နိုင်ကြမည်နည်း။ တစ်ခါတစ်ရံတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လျစ်လျူရှုခံရပြီးဖြစ်သည့်အလား ဖြစ်သည်။ လူများသည် တုံ့ပြန်မှု စိုးစဉ်းမျှ မရှိကြပေ၊ ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်းကြပြီး မည်သည့်အရာကိုမျှ နားမလည်ကြချေ။ ဤအရာသည် အဘယ်သို့ စိတ်ပူစရာ မဖြစ်ဘဲ ရှိနိုင်မည်နည်း။ ဤ “အလှမ်းဝေးသည့်၊ ရှေးကျသော ယဉ်ကျေးမှုဆိုင်ရာ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိပညာ” သည် ထိုသို့သော အသုံးမကျသည့် လူတစ်စုကို ပြုစုပျိုးထောင်ပြီးဖြစ်သည်။ ဤရှေးကျသော ယဉ်ကျေးမှု— အဖိုးတန်သော အမွေအနှစ်— ဆိုသည်မှာ အမှိုက်ပုံတစ်ခုပါတကား။ ယင်းသည် အမြဲ တည်တံ့သော အရှက်တရား တစ်ခု ဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်ပြီး ထုတ်ပြောပြရန် မထိုက်သင့်ပါတကား။ ယင်းသည် လူတို့ကို ဘုရားသခင်အား ဆန့်ကျင်ခြင်းနှင့်ဆိုင်သည့် လှည့်ကွက်များနှင့် နည်းနိဿယများကို သင်ပေးပြီးဖြစ်ကာ၊ အမျိုးသား ပညာရေး၏ “နည်းစနစ်ကျ၍ နူးညံ့သိမ်မွေ့သော လမ်းပြမှု”သည် လူများကို ဘုရားသခင်အား သာ၍ပင် မနာခံစေပြီး ဖြစ်သည်။ ဘုရားသခင်၏ အမှု အစိတ်အပိုင်း အသီးသီးသည် အလွန့်အလွန် ခက်ခဲလှပြီး ကမ္ဘာပေါ်က သူ့အမှု၏ အဆင့်အသီးသီးသည် ဘုရားသခင်အား စိတ်သောက ရောက်နေစေပြီးဖြစ်သည်။ ကမ္ဘာပေါ်တွင် သူ၏ အမှုသည် ခက်ခဲလှသည်တကား။ ကမ္ဘာပေါ်ရှိ ဘုရားသခင်၏ အမှုအဆင့်များတွင် ကြီးစွာသော ဆင်းရဲဒုက္ခတို့ ပါဝင်သည်— လူသား၏ အားနည်းချက်၊ ချို့ယွင်းချက်များ၊ ကလေးဆန်မှု၊ မသိနားမလည်မှုနှင့် လူသားနှင့် သက်ဆိုင်သည့် အရာရာတိုင်းအတွက် ဘုရားသခင်သည် စေ့စပ်သေချာသော အစီအစဉ်များနှင့် စဉ်းစဉ်းစားစားလုပ်တတ်သော ထည့်သွင်းစဉ်းစားခြင်းတို့ကို ပြုလုပ်သည်။ လူသားသည် တစ်ဦးတစ်ယောက်က မခံချိမခံသာဖြစ်အောင် မလုပ်ဝံ့ သို့မဟုတ် ရန်မစဝံ့သော စက္ကူကျား တစ်ကောင်ကဲ့သို့ ဖြစ်သည်။ ထိလိုက်ရုံမျှဖြင့် သူသည် ပြန်ကိုက်လေသည်၊ သို့မဟုတ်ပါက လဲကျပြီး မိမိလမ်းကို ပျောက်တော့သည်၊ ယင်းမှာ အာရုံစူးစိုက်မှု အနည်းငယ်မျှ ဆုံးရှုံးလိုက်သည်နှင့် ဒုံရင်း အခြေအနေသို့ ပြန်ရောက်သည့်အလား၊ သို့မဟုတ်ပါက ဘုရားသခင်အား လျစ်လျူရှုသည့်အလား၊ သို့မဟုတ် သူ၏ ဝက်များ၊ ခွေးများနှင့်တူသည့် မိဘများထံသို့ ၎င်းတို့ ခန္ဓာကိုယ်များ၏ မစင်ကြယ်သော အရာများတွင် မွေ့လျော်ရန် ပြေးသွားသည့်အလား ဖြစ်လေသည်။ ကြီးမားသည့် အဟန့်အတားတစ်ခုပါတကား။ သူ၏ အမှု အဆင့်တိုင်းနီးပါးတွင်၊ ဘုရားသခင်သည် သွေးဆောင်ဖြားယောင်းခြင်း ခံရပြီး၊ အဆင့်တိုင်း နီးပါး၌ ကြီးစွာသော အန္တရာယ်ကို ဘုရားသခင် စွန့်စားရင်ဆိုင်ရသည်။ သူ၏ နှုတ်ကပတ်တော်များသည် စစ်မှန်ပြီး၊ ရိုးသားကာ မလိုတမာစိတ် မရှိပေ၊ သို့သော် မည်သူသည် ယင်းတို့ကို လက်ခံရန် လိုလားနေပါသနည်း။ မည်သူသည် အပြည့်အဝ ကျိုးနွံနာခံရန် လိုလားနေပါသနည်း။ ယင်းသည် ဘုရားသခင်၏ နှလုံးသားအား ကြေကွဲစေသည်။ သူသည် လူသားအတွက် နေ့ရောညပါ ပင်ပင်ပန်းပန်းလုပ်ဆောင်သည်၊ လူသား၏ အသက်တာအတွက် သူသည် ပူပန်သောကဖြင့် ပတ်ချာဝိုင်း ခံရပြီး၊ လူသား၏ အားနည်းချက်ကို သူ စာနာလေသည်။ သူ၏ အမှုအဆင့်အတိုင်းတွင် သူသည် သူပြောသော နှုတ်ကပတ်တော်တိုင်းအတွက် များစွာသော အလှည့်အပြောင်းများကို ကြံ့ကြံ့ခံရပြီးဖြစ်သည်။ သူသည် ဆုပ်လည်းဆူး၊ စားလည်းရူးသော အခြေအနေတွင် အမြဲရောက်ရပြီး၊ လူသား၏ အားနည်းမှု၊ မနာခံမှု၊ ကလေးဆန်မှုနှင့် ခုခံနိုင်မှု အားနည်းခြင်းတို့ကို....နေ့ရောညပါ အဖန်တလဲလဲ တွေးလေသည်။ ဤအရာကို မည်သူသည် သိဖူးသနည်း။ မည်သူ့ကို သူ ယုံကြည်စိတ်ချနိုင်သနည်း။ မည်သူသည် နားလည်နိုင်မည်နည်း။ သူသည် လူသား၏ အပြစ်များနှင့် လူသား၏ သတ္တိမရှိမှု၊ သူရဲဘောနည်းခြင်းကို အမြဲတစေ စက်ဆုပ်ရွံရှာပြီး၊ သူသည် လူသား၏ ခုခံနိုင်မှုမရှိခြင်းအတွက် အမြဲတစေ စိုးရိမ်ပူပန်ကာ လူသား၏ အရှေ့တွင်ရှိသည့် လမ်းကြောင်းအား ချင့်ချိန် စဉ်းစားလေသည်။ သူသည် လူသား၏ စကားများနှင့် လုပ်ဆောင်ချက်ကို လေ့လာသည်နှင့်အမျှ၊ သူသည် သနားကရုဏာနှင့် အမျက်ဒေါသတို့ဖြင့် အမြဲပြည့်ကာ ဤအရာများ၏ မြင်ကွင်းက သူ့နှလုံးသားထံ နာကျင်မှု အမြဲဆောင်ကြဉ်းလေသည်။ အဆုံးတွင်တော့၊ အပြစ်မဲ့သော သူတို့သည် တိုး၍ ထုံထိုင်းကြပြီးဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အတွက် အမှုအရာများကို အဘယ်ကြောင့် ခက်ခဲအောင် အမြဲပြုရမည်နည်း။ ချည့်နဲ့သော လူသားသည် ဇွဲလုံ့လ လုံးဝ ကင်းမဲ့လေသည်။ ဘုရားသခင်သည် သူ့အပေါ် ထိုသို့သော မရပ်စဲသော အမျက်ဒေါသ အဘယ်ကြောင့် အမြဲ ရှိသင့်သနည်း။ အားနည်းကာ အစွမ်းမဲ့သော လူသားသည် အသက်ပါခြင်း စိုးစဉ်းမျှ မရှိကြတော့ပေ။ အဘယ်ကြောင့် ဘုရားသခင်သည် သူ၏ မနာခံမှုအတွက် သူ့ကို အမြဲ အပြစ်ဆိုသင့်သနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ခြိမ်းခြောက်မှုများကို မည်သူသည် ခံရပ်နိုင်သနည်း။ အဆုံးတွင် လူသားသည် အကြမ်းမခံသကဲ့သို့၊ လူသားအနေဖြင့် မိမိကိုယ်မိမိ ဖြည်းညှင်းစွာ ဆင်ခြင် သုံးသပ်နိုင်ရန်အလို့ငှာ၊ အသည်းအသန် ဘေးကျပ်နံကျပ် အခြေအနေများ့်ကို ရင်ဆိုင်ရလျက်၊ ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို သူ့နှလုံးသား နက်နက်ထဲသို့ မြိုသိပ်ထားလိုက်ပြီဖြစ်သည်။ သို့တိုင် စိုးရိမ်ဖွယ်ဖြစ်သည့် ဒုက္ခ၌ရှိသော လူသားသည် ဘုရားသခင်၏ အလိုကို တန်ဖိုးထားလေးမြတ်မှု စိုးစဉ်းမျှ မရှိချေ။ လူသားသည် နတ်ဆိုးတို့၏ ဘုရင်အို၏ နင်းခြေခြင်းကို ခံရပြီးဖြစ်သည်၊ သို့သော် သူသည် လုံးဝ သတိမူမိပေ၊ သူသည် ဘုရားသခင်ကို အမြဲ ဆန့်ကျင်သည်၊ သို့မဟုတ်ပါက သူသည် ဘုရားသခင်အပေါ် ပူလည်းမပူသကဲ့သို့ အေးလည်းမအေးပေ။ ဘုရားသခင်သည် အလွန် များစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးဖြစ်သော်လည်း၊ မည်သူသည် ယင်းတို့ကို လေးလေးနက်နက် ခံယူဖူးသနည်း။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ပေ၊ သို့သော် သူသည် စိုးရိမ်ခြင်း မရှိသကဲ့သို့၊ တမ်းတခြင်းမရှိဘဲဖြစ်ကာ နတ်ဆိုးအို၏ အနှစ်သာရကို အမှန်တကယ် မသိရှိဖူးပေ။ လူတို့သည် မရဏနိုင်ငံ၊ ငရဲထဲတွင် အသက်ရှင်ကြသော်လည်း၊ မိမိတို့ကိုယ်မိမိ ပင်လယ်ကြမ်းပြင်၏ နန်းတော်ထဲတွင် နေကြရသည်ဟု ယုံကြည်ကြလေသည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြရသော်လည်း၊ မိမိတို့ကိုယ်ကိုယ် တိုင်းပြည်၏ “မျက်နှာသာပေးခြင်း” ခံရသည်ဟု တွေးထင်ကြလေသည်။ ၎င်းတို့သည် နတ်ဆိုး၏ ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ခံကြရသော်လည်း၊ မိမိတို့ကိုယ်ကိုယ် ဇာတိပကတိ၏ အသာလွန်ဆုံးသော ပညာသားပါမှုကို ပျော်မွေ့ကြရသည်ဟု တွေးထင်ကြသည်။ ညစ်ပတ်ကာ အောက်တန်းကျသော ယုတ်ညံ့သူတစ်သိုက် ဖြစ်ကြသည်တကား။ လူသားသည် ကံမကောင်း အကြောင်းမလှမှုဖြင့် ကြုံရပြီး ဖြစ်သော်လည်း၊ သူသည် ယင်းကို မသိသကဲ့သို့၊ ဤမှောင်မိုက်သော လူ့အဖွဲ့အစည်းထဲတွင် ကံခေခြင်း တစ်ခုပြီးနောက်တစ်ခု ခံစားရလေသည်၊ သို့သော် သူသည် ယင်းကို လုံးဝ သတိမပြုမိသေးပေ။ သူသည် ကိုယ့်ကိုယ်ကိုယ် ညှာတာခြင်းနှင့် ကျွန်သဘောဆန်သော စိတ်သဘောထားမှ မိမိကိုယ်ကိုယ် မည်သည့်အချိန်တွင် ဖယ်ရှားလိမ့်မည်နည်း။ အဘယ်ကြောင့် သူသည် ဘုရားသခင်၏ နှလုံးသားအား အလွန် ဂရုမစိုက်ရသနည်း။ သူသည် ဤဖိနှိပ်မှုနှင့် ဒုက္ခဆင်းရဲကို တိတ်တဆိတ် လျစ်လျူရှုသလော။ အမှောင်မှ အလင်းသို့ သူပြောင်းလဲနိုင်သည့် နေ့ရက်ကို သူသည် မတောင့်တသလော။ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားတို့အပေါ် မတရားမှုများကို နောက်တစ်ဖန် ကုစားရန် သူသည် ဆန္ဒမရှိသလော။ လူတို့သည် သမ္မာတရားအား စွန့်ပယ်ကာ အမှန်တရားများအား ပြောင်းလဲပစ်သည်ကို သူသည် ကြည့်ရှုပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဖို့ လိုလားနေသလော။ ဤညှဉ်းပန်းနှိပ်စက်မှုကို ကြံ့ကြံ့ခံမြဲ ကြံ့ကြံ့ခံရသည်ကို သူပျော်လေသလော။ သူသည် ကျွန်ဖြစ်ရန် လိုလားနေသလော။ သူသည် ဤကျရှုံးသော ပြည်ကြီး၏ ကျွန်များနှင့် အတူတကွ ဘုရားသခင်၏ လက်ထဲတွင် ပျက်စီးဆုံးရှုံးရန် လိုလားနေသလော။ သင်၏ စိတ်ဆုံးဖြတ်ချက်ကား အဘယ်မှာနည်း။ သင်၏ ရည်မှန်းချက်ကား အဘယ်မှာနည်း။ သင်၏ ဂုဏ်သိက္ခာကား အဘယ်မှာနည်း။ သင်၏ သမာဓိကား အဘယ်မှာနည်း။ သင်၏ လွတ်လပ်ခြင်းကား အဘယ်မှာနည်း။ သင်သည် နတ်ဆိုးတို့၏ ရှင်ဘုရင်၊ အဆင်းနီသော နဂါးကြီးအဖို့ သင်၏ဘဝ တစ်ခုလုံးကို စွန့်လွှတ်ရန် သင် လိုလားနေသလော။ ၎င်းအား သင့်ကို သေသည်တိုင်အောင် ညှဉ်းဆဲခွင့်ပေးရသည်ကို သင် ပျော်ရွှင်သလော။ နက်နဲရာ၏ မျက်နှာပြင်သည် ပရမ်းပတာဖြစ်ကာ မှောင်မိုက်စဉ်တွင်၊ ထိုသို့သော ဒုက္ခဝေဒနာကို ခံစားနေရသော အများပြည်သူများသည် ကောင်းကင်ဘုံသို့ ဟစ်ကြွေးကြကာ ကမ္ဘာမြေကြီးကို တိုင်တန်းကြလေသည်။ မည်သည့်အချိန်တွင် လူသားသည် သူ၏ ဦးခေါင်းကို မြင့်မြင့် မော့နိုင်လိမ့်မည်နည်း။ လူသားသည် ပိန်လှီကာ ပိန်ချုံးချည့်နဲ့လေသည်၊ သူသည် ဤရက်စက်ပြီး ဖိနှိပ်ညှဉ်းပန်းသော နတ်ဆိုးနှင့် မည်သို့ ရင်ဆိုင်နိုင်မည်နည်း။ သူသည် တတ်နိုင်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်အား အဘယ်ကြောင့် သူ၏ အသက်တာကို မပေးရသနည်း။ အဘယ်ကြောင့် လူသားသည် ချီတုံချတုံဖြစ်သေးသနည်း။ ဘုရားသခင်၏ အမှုကို သူသည် မည်သည့် အချိန်တွင် ပြီးစီးနိုင်မည်နည်း။ ထိုသို့ဖြင့် ရောက်တတ်ရာရာ နှိပ်စက်ခံရာ ဖိနှိပ်ခံရလျက်၊ သူ၏ ဘဝ တစ်ခုလုံးသည် နောက်ဆုံးတွင် အချည်းနှီး ကုန်ဆုံးပြီးဖြစ်လိမ့်မည်။ အဘယ်ကြောင့် သူသည် ရောက်လာရန် ထိုသို့ အလောတကြီး ဖြစ်ပြီး၊ ထွက်ခွာသွားရန် ထိုသို့ အလျင်လိုရသနည်း။ ဘုရားသခင်အား ပေးရန် သူသည် အဘယ်ကြောင့် တန်ဖိုးရှိသောအရာ တစ်စုံတစ်ခုကို မသိမ်းထားရသနည်း။ နှစ်ထောင်ချီ မုန်းတီးခြင်းကို သူသည် မေ့လျော့လေပြီလော။

များစွာသော လူတို့သည် ဘုရားသခင်၏ အချို့သော နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာကောင်း ရွံရှာပေမည်၊ သို့မဟုတ် ၎င်းတို့သည် ယင်းနှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်းလည်း မရှိသကဲ့သို့ စိတ်ဝင်စားခြင်း မရှိ ဖြစ်ကောင်း ဖြစ်မည်။ မည်သို့ပင်ဆိုစေကာမူ အမှန်တရားများသည် ဖြစ်နိုင်ချေမရှိသော အကြောင်းပြချက် ဖြစ်မလာနိုင်ပေ။ အမှန်တရားများနှင့် ဆန့်ကျင်သည့် စကားလုံးများကို မည်သူမျှ မပြောနိုင်ပေ။ ဘုရားသခင်သည် ဤအချိန်တွင် ထိုသို့သော အမှုကို လုပ်ဆောင်ရန်၊ သူ အပြီးမသတ်ရသေးသည့် အမှုကို နိဂုံးချုပ်ရန်၊ ဤခေတ်အား အဆုံးသတ်တစ်ခုသို့ ဆောင်ကြဉ်းရန်၊ ဤခေတ်ကို တရားစီရင်ရန်၊ ဒုက္ခ ပင်လယ်ဝေသည့် လောကမှ အလွန်အမင်း အပြစ်ရှိသူများကို ကယ်တင်ကာ ၎င်းတို့ကို လုံးဝ အသွင်ပြောင်းလဲရန် လူ့ဇာတိခံယူပြီးဖြစ်သည်။ ယုဒလူမျိုးများသည် ဘုရားသခင်ကို ကားတိုင်တွင် သံမှိုရိုက်နှက်ခဲ့ကြသည်၊ ထိုသို့ဖြင့် ယုဒပြည်တွင် ဘုရားသခင်၏ ခရီးသွားခြင်းကို အဆုံးသတ်စေခဲ့သည်။ ထို့နောက် များမကြာမီမှာပင်၊ ဘုရားသခင်သည် အဆင်းနီသော နဂါးကြီး၏ တိုင်းပြည်ထဲသို့ တိတ်ဆိတ်စွာ ကြွရောက်လျက်၊ လူသားအလယ် နောက်တစ်ဖန် ကိုယ်တိုင်ကိုယ်ကျ ကြွလာခဲ့သည်။ အမှန်တွင် ယုဒပြည်နယ်၏ ဘာသာရေး အသိုင်းအဝိုင်းသည် ယေရှု၏ ပုံရိပ်ကို ၎င်းတို့၏ နံရံများထက် ကြာမြင့်စွာကတည်းက ချိတ်ဆွဲထားကြပြီးဖြစ်သကဲ့သို့၊ ၎င်းတို့၏ နှုတ်များမှ လူတို့က “သခင်ယေရှု ခရစ်တော်” ဟူ၍ ဟစ်ကြော်ကြပြီးဖြစ်သည်။ ယေရှုသည် အပြီးမသတ်ခဲ့ရ‌သေးသည့် သူ၏ အမှု ဒုတိယအဆင့်ကို အဆုံးသတ်ရန် လူသားအလယ် ပြန်ကြွလာဖို့အလို့ငှာ သူ့ခမည်းတော်၏ အမိန့်ကို အချိန်ကြာမြင့်စွာကတည်းက လက်ခံခဲ့ပြီးဖြစ်သည်ကို ၎င်းတို့ စိုးစဉ်းမျှ မသိခဲ့ကြချေ။ အကျိုးဆက်အနေဖြင့်၊ လူတို့သည် သူ့ကို ကြည့်လေသောအခါ၊ အငိုက်မိသွားကြသည်။ ခေတ်ကာလများစွာ ကုန်လွန်ခဲ့ပြီးဖြစ်သည့် လောကအလယ် သူသည် မွေးဖွားခဲ့ပြီးဖြစ်ကာ လူသားအလယ်တွင် သူသည် အလွန့်အလွန် သာမန်ဖြစ်သည့်သူတစ်ဦး၏ ပုံဖြင့် သူ ပေါ်ထွန်းခဲ့သည်။ အမှန်တွင်၊ ခေတ်များ ကုန်လွန်ပြီးဖြစ်သည်နှင့်အမျှ၊ သူသည် အသစ်တစ်ဖန် မွေးဖွားခဲ့ပြီး ဖြစ်သည့်အလား၊ သူ၏ အဝတ်အစားနှင့် အသွင်အပြင် တစ်ရပ်လုံးမှာ ပြောင်းလဲသွားပြီးဖြစ်သည်။ သူသည် ကားတိုင် ထက်မှ ဆင်းကြွလာခဲ့ပြီး ရှင်ပြန်ထမြောက်ခဲ့သော တကယ့် သခင်ယေရှု ခရစ်တော်သာ ဖြစ်သည်ကို လူတို့သည် မည်သို့ သိနိုင်ကြမည်နည်း။ ယေရှုသည် ယေဟောဝါနှင့် တူညီခြင်း မရှိသကဲ့သို့၊ သူသည် ထိခိုက်ဒဏ်ရာ၏ လက္ခဏာ စိုးစဉ်းမျှ မရှိပေ။ ယနေ့ခေတ်၏ ယေရှုသည် လွန်ခဲ့သော အချိန်များ၏ ဟန်ပန်အမူအရာ မရှိသည်မှာ အချိန်ကြာမြင့်စွာကတည်းက ဖြစ်သည်။ လူတို့သည် သူ့အား မည်သို့ သိနိုင်မည်နည်း။ လှည့်ဖြားတတ်သော “သောမ” က သူသည် ရှင်ပြန်ထမြောက်သော ယေရှုဖြစ်သည်ကို အမြဲ သံသယဝင်ပြီး၊ မိမိ၏စိတ်အေးလက်အေးဖြစ်ဖို့ ယေရှု၏ လက်များပေါ်က သံမှိုစွဲရာများကို အမြဲမြင်ချင်သည်။ ယင်းတို့ကို မမြင်ရပါက၊ သူသည် အမြဲ မသင်္ကာမှု တိမ်တိုက်ပေါ် ရပ်တည်နေမည်ဖြစ်ပြီး သူ၏ခြေကို ခိုင်မာသော မြေပြင်ပေါ်တွင် ချထားနိုင်စွမ်း မရှိသကဲ့သို့၊ ယေရှုနောက်လိုက်နိုင်စွမ်း မရှိပေ။ သနားစဖွယ် “သောမ” ပါတကား— ယေရှုသည် ခမည်းတော် ဘုရားသခင်၏ တာဝန်ပေး စေခိုင်းထားသည့် အမှုကို လုပ်ဆောင်ရန် ကြွလာပြီးဖြစ်သည်ကို သူသည် မည်သို့ သိနိုင်မည်နည်း။ အဘယ်ကြောင့် ယေရှုသည် ကားစင်တင်ခံရခြင်း၏ အမာရွတ််များ ပါရှိဖို့ လိုအပ်သနည်း။ ကားစင်တင်ခံရခြင်း၏ အမာရွတ်များသည် ယေရှု၏ အမှတ်အသား ဖြစ်သလော။ သူသည် သူ့ခမည်းတော်၏ အလိုအတွက် အမှုပြုရန် ကြွလာပြီးဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်ထောင်ပေါင်း အချို့မှ ယုဒလူတစ်ဦးကဲ့သို့ အဘယ်ကြောင့် ဝတ်စားဆင်ယင်လျက် ကြွလာရမည်နည်း။ ဘုရားသခင်က လူ့ဇာတိ၌ ခံယူသော အသွင်သဏ္ဌာန်သည် ဘုရားသခင်၏ အမှုကို ဟန့်တားနိုင်မည်လော။ ဤသည်မှာ မည်သူ၏ သဘောတရား ဖြစ်သနည်း။ ဘုရားသခင် အမှုပြုသည့်အခါ၊ အဘယ်ကြောင့် လူသား၏ စိတ်ကူးစိတ်သန်းနှင့်အညီ ဖြစ်ရမည်နည်း။ သူ၏ အမှုတွင် ဘုရားသခင် အာရုံစိုက်သည့် တစ်ခုတည်းသော အရာမှာ ယင်းအနေဖြင့် အကျိုးသက်ရောက်မှုတစ်ခု ရှိရန် ဖြစ်သည်။ သူသည် ပညတ်တရားကို မလိုက်နာသကဲ့သို့၊ သူ၏ အလုပ်အဖို့ စည်းမျဉ်းများ မရှိပေ- လူသားသည် ယင်းကို မည်သို့ နားလည်သဘောပေါက်နိုင်မည်နည်း။ လူသားသည် သူ၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအပေါ် မှီခိုခြင်းအားဖြင့် ဘုရားသခင်၏ အမှုကို အဘယ်သို့ စေ့စေ့စပ်စပ် ထိုးထွင်းသိမြင်နိုင်မည်နည်း။ ထို့ကြောင့် သင်တို့သည် လျောက်ပတ်စွာ နေသားကျပါက အကောင်းဆုံး ဖြစ်မည်။ အသေးအဖွဲအရာများအပေါ် ဇာချဲ့မနေကြနှင့်၊ ပြီးလျှင် သင်တို့အဖို့ အသစ်ဖြစ်သည့် အမှုအရာများကို ရေကြီးခွင်ကျယ် လုပ်မနေကြနှင့်— ဤအရာက သင့်အား မိမိကိုယ်ကိုယ် အရူးလုပ်ခြင်းနှင့် လူများက သင့်အား လှောင်ပြောင်ခြင်းကို ရပ်တန့်ပေးလိမ့်မည်။ သင်သည် ဤနှစ်များအားလုံးကြာ ဘုရားသခင်အား ယုံကြည်ပြီးဖြစ်သည်၊ သို့သော် သင်သည် ဘုရားသခင်ကို မသိရှိသေးပေ။ နောက်ဆုံးတွင် သင်သည် ပြစ်တင်ဆုံးမခြင်းထဲသို့ ထိုးဆင်းသွားသည်။ “ပထမတန်းစား”တွင် ထားရှိခံရသော သင်သည် ပြစ်တင်ဆုံးမခံရသူတို့၏ အတန်းစားများနှင့် သက်ဆိုင်သည်ဟု မှတ်ယူခြင်းခံရသည်။ သင်၏ သေးသိမ်လှသော လှည့်ကွက်များကို ထုတ်ကြွားရန် ပါးနပ်သော နည်းလမ်းများကို အသုံးမပြုပါက၊ သင့်အတွက် အကောင်းဆုံး ဖြစ်ပေမည်။ သင်၏ အဝေးမှုန်ခြင်းက ထာဝရကာလ အဆက်ဆက်တိုင် ထွင်းဖောက်မြင်နိုင်စွမ်း ရှိသော ဘုရားသခင်ကို အမှန်တကယ် သိမြင် နိုင်ပါမည်လော။ သင်၏ အပေါ်ယံ အတွေ့အကြုံများက ဘုရားသခင်၏ အလိုကို အပြည့်အဝ ရိပ်မိခွင့် ပေးနိုင်မည်လော။ စိတ်ကြီးမဝင်နှင့်။ ဧကန် စင်စစ်၊ ဘုရားသခင်သည် လောကနှင့် မသက်ဆိုင်ပေ — ထို့ကြောင့် သူ၏ အမှုသည် အဘယ်သို့ သင် မျှော်လင့်ထားသကဲ့သို့ ဖြစ်နိုင်မည်နည်း။

အောက်ခြေမှတ်စု(များ)-

၁။ “ဆိုးညစ်မှုအားလုံး၏ ခေါင်သူကြီး” သည် နတ်ဆိုးအိုကို ရည်ညွှန်းသည်။ ဤစကားစုသည် အလွန်အမင်း မနှစ်သက်ခြင်းကို ဖော်ပြသည်။

၂။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း” သည် နတ်ဆိုးက လူတို့အား ဘေးပြုရန် သုံးသော နည်းစနစ်များကို ရည်ညွှန်းသည်။

၃။ “အလွန်အကျွံ စောင့်ကြပ်ခြင်း ခံရ၏” ဆိုသည်မှာ မာရ်နတ်က လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းစနစ်များသည် အထူးသဖြင့် ရက်စက်ပြီး၊ လူတို့ကို အလွန်တရာ ထိန်းချုပ်သည်မှာ ၎င်းတို့သည် လှုပ်ရှားရန် နေရာမရှိသည်ကို ညွှန်ပြသည်။

၄။ “အလှမ်းဝေး” ဆိုသည်ကို ပြောင်လှောင်သရော်သည့် သဘောနှင့် သုံးထားခြင်းဖြစ်သည်။

၅။ “နည်းစနစ်ကျ၍ နူးညံ့သိမ်မွေ့သော လမ်းပြမှု” ဆိုသည်ကို လှောင်ပြောင်သရော်သည့်သဘောဖြင့် သုံးထားခြင်း ဖြစ်သည်။

၆။ “‘မျက်နှာသာပေးခြင်း’ ခံရသည်” ဆိုသည်ကို ထုံထိုင်းပုံရပြီး ကိုယ့်ကိုယ်ကိုယ် သိခြင်းမရှိသော လူများကို သရော်လှောင်ပြောင်ရန် သုံးထားခြင်း ဖြစ်သည်။

၇။ “ကံခေခြင်း တစ်ခုပြီးနောက်တစ်ခု ခံစားရ” ဆိုသည်မှာ လူများသည် အဆင်းနီသော နဂါးကြီး၏ တိုင်ပြည်တွင် မွေးဖွားခဲ့ကြပြီး ၎င်းတို့သည် မိမိတို့၏ ဦးခေါင်းများကို မြင့်မြင့် မမော့နိုင်ကြခြင်းကို ညွှန်ပြသည်။

၈။ “သင်၏ဘဝ တစ်ခုလုံးကို စွန့်လွှတ်ရန်” ဆိုသည်မှာ ယုတ်ညံ့သော အဓိပ္ပာယ်တစ်ခုဖြင့် ဆိုလိုခြင်း ဖြစ်သည်။

၉။ “ပထမတန်းစား” ဆိုသည်ကို ဘုရားသခင်နောက် ထက်သန်ပြင်းပြစွာ လိုက်သော သူများကို သရော်လှောင်ပြောင်ရန် သုံးထားခြင်း ဖြစ်သည်။

အရှေ့သို့- အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)

နောက်တစ်ခုသို့- အမှုတော်နှင့် ဝင်ရောက်ခြင်း (၉)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။