၅၈။ ခေါင်းဆောင် အတုအယောင်အား ဖော်ထုတ်ခြင်း- တစ်ကိုယ်ရေ ရုန်းကန်ကြိုးစားခြင်း

ကျန်းရီ တောင်ကိုးရီးယားနိုင်ငံ

မနှစ်က မြို့ပြင်က အသင်းတော်တစ်ခုမှာ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်နေသော်လည်း၊ လက်တွေ့ကျသည့်အလုပ်ကို မလုပ်သောကြောင့် လူစားထိုးခံရပြီးနောက် ကျွန်မ အိမ်ပြန်ခဲ့ရသည်။ ထိုနောက်တွင် ကျွန်မတို့၏ ခေါင်းဆောင် အစ်မလီက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်ပြီး ဉာဏ်အလင်း ရစေသည့်အရာတစ်ခုမျှ ပြောစရာမရှိဘဲ၊ တိုက်ရိုက် အယူဝါဒများသာ ဟောသည်ကို ကျွန်မ သိခဲ့သည်။ သူမကိုယ်သူမ သိမြင်ခြင်းအကြောင်းပြောခြင်း မရှိသကဲ့သို့၊ သူမကိုယ်တိုင်၏ အတွေ့အကြုံကို ဝေမျှခြင်းများလည်း တစ်ခါမျှ မရှိခဲ့ပါ။ သူမက အခြားသူများ၏ ပြဿနာများကို ကူညီသည့်အခါ၊ ဆရာက သူတို့၏ တပည့်များကို သင်ပေးကဲ့သို့ သြဇာလွှမ်းမိုးချင်သည်၊ ပြီးလျှင် မည်သူ၏ လက်တွေ့ပြဿနာကိုမျှ သူမ မဖြေရှင်းနိုင်ပါ။ သူမက အထင်ကြီး နှစ်သက်ခံရဖို့အလို့ငှာ၊ သူမ၏တာဝန်မှာ မည်မျှအလုပ်လုပ်သည်၊ ဒုက္ခခံသည်တို့ကိုသာ အမြဲတမ်းပြောသည်။ အခြား မည်သည့်အရာကိုမျှ အလေးမထားဘဲ၊ သူမကိုယ်သူမသာ အဟုတ်ထင်သည်။ ယုံကြည်သူ အသစ်ဖြစ်သည့် အစ်မတစ်ယောက်ရှိသည်၊ သူမက တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များကို ဖမ်းဆီးသည်ကို မြင်ရပြီး ကြောက်နေသည်။ အစ်မလီက သူမကို အားပေးဖို့အတွက် သမ္မာတရားကို မိတ်သဟာယပြုမပေးဘဲ၊ သူမတာဝန်ကနေသာ သူမကို ထုတ်ပယ်ပစ်လိုက်သည်။ ကျွန်မနှင့် အချို့ သင်းထောက်များက သူမကို အကြိမ်ပေါင်းများစွာ အကြံပြုချက်များ ပေးသော်လည်း၊ သူမက ဆင်ခြေများသာပေးပြီး ကျွန်မတို့နှင့် ငြင်းခုံသည်။ အခြေခံသဘောတရားများကို အခြေခံကြည့်ပါက၊ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ မလုပ်သည့်၊ ညီအစ်ကို မောင်နှမများ သတိမထားမိသည့် အမှားကို လက်ခံခြင်း၊ ပြုပြင်ခြင်းကို ခံယူခြင်းမရှိသည့် ခေါင်းဆောင်က သမ္မာတရားကို လက်ခံပြီး နာခံလိုက်လျှောက်သည့်သူ မဟုတ်ပါ။ အစ်မလီက သူမကိုယ်သူမ မသိဘဲ၊ သူမမှာ အသက်ဝင်ရောက်မှု မရှိသကဲ့သို့ အခြားသူများ၏ တကယ့် ပြဿနာများကိုလည်း မဖြေရှင်းပေးနိုင်ပါ။ ထိုကဲ့သို့ အသင်းတော် ခေါင်းဆောင်တစ်ယောက်သည် အသင်းတော်အလုပ်နှင့် ညီအစ်ကို မောင်နှမများ၏ အသက်တာများကိုသာ ထိခိုက်နစ်နာစေနိုင်ပါသည်။ အစ်မလီက ခေါင်းဆောင် အတုအယောင် တစ်ယောက်ဖြစ်ပြီး အသင်းတော်အလုပ်အတွက် မသင့်တော်သည်ကို ကျွန်မ သေချာနေပြီး သူမကို တိုင်ကြားချင်ခဲ့သည်။ သို့ရာတွင် သူမကို တိုင်ဖို့အတွက် စာတစ်စောင်ရေးနေစဉ်တွင် ကျွန်မ ကြောက်နေမိသည်။ ကျွန်မက ထုတ်ပယ်ခံရသည်မှာ သိပ်မကြာသေးပါ။ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်နေခြင်းမဟုတ်ပါ။ ကျွန်မက အစ်မလီကို တိုင်ကြားခဲ့ပြီး အခြားသူများက ကျွန်မ မြင်သကဲ့သို့ မမြင်နိုင်ပါက၊ ကျွန်မကိုသာ ပြန်ပြောကြမည် ဖြစ်သည်။ “အိုး ကျန်းရီကို ကြည့်စမ်းပါဦး။ သူက ထုတ်ခံရတာ သိပ်မကြာသေးပေမဲ့၊ ငြိမ်ငြိမ်မနေနိုင်ဘူးနော်။ သူ့ကိုယ်သူ ကြည့်သင့်တယ်။ တခြားလူတွေကို မဟုတ်ဘူးလေ။ ကြည့်ရတာ သူ့ကိုယ်သူ တကယ် သိမြင်တာမျိုး၊ နောင်တရတာမျိုး မရှိတဲ့ပုံပဲ။” ဟု သူတို့သာ ထိုသို့ပြောပါက၊ ကျွန်မ သူတို့နားမှာ တကယ်ကို ခေါင်းဖော်နိုင်မည် မဟုတ်ပါ။ ထုတ်ခံထားရသည့် အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်အနေနှင့် ကျွန်မမှာ ပြောဆိုပိုင်ခွင့် နည်းနည်းမျှ မရှိဟု ခံစားခဲ့ရသည်။ အထူးသဖြင့် ထိုတိုင်ကြားချက်က အစ်မလီကို မည်သို့ စိတ်ဆိုးသွားစေနိုင်ပြီး အသင်းတော်တစ်ခုတည်းမှာ အတူရှိနေခြင်းဖြင့် ကျွန်မတို့သည် အချိန်ပြည့် တစ်ယောက်နှင့် တစ်ယောက် တွေ့နေရသည်ကို ကျွန်မ စဉ်းစားမိသည်။ ထို့နောက် ကျွန်မတို့က မည်သို့များ အဆင်ပြေနိုင်မည်နည်း။ သူက ရာထူးမပြုတ်ဘဲ၊ ကျွန်မကို အခက်အခဲဖြစ်အောင်လုပ်ရင် မည်သို့ လုပ်မည်နည်း။ ယင်းကို ကျွန်မ စဉ်းစားကြည့်လေလေ၊ ချောင်ပိတ်မိသည်ဟု ခံစားရလေလေ ဖြစ်ခဲ့သည်။ တိုင်ကြားချက်က သူမကို စိတ်ဆိုးစေနိုင်ပြီး ထိုသို့ အရဲမစွန့်သင့်ဟု ကျွန်မ စဉ်းစားမိသည်။ ကျွန်မ ကိုယ်တိုင်၏ အခြေအနေအရ ကျွန်မ မလုပ်နိုင်ပါ။ ပြီးလျှင် အသင်းတော်မှာရှိသည့် ခေါင်းဆောင်အတုအယောင်က ကျွန်မ တစ်ယောက်တည်း တာဝန်ရှိသည့် ပြဿနာမဟုတ်ပါ။ သူမကို အခြားတစ်ယောက်ယောက်က တိုင်ကြားပါစေ။ ကျွန်မက အစည်းအဝေးများကို ဆက်သွားပြီး ဆက်လက် ငြိမ်းချမ်းလိုခဲ့သည်။

ထိုပြဿနာကို ကျွန်မ စိတ်ထဲက ထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်သော်လည်း၊ စိတ်ထင့်နေဆဲ ဖြစ်သည်၊ ညမှာ အိပ်ရာထဲ လှဲနေရင်းနှင့် ကျွန်မခေါင်းထဲမှာ အစ်မလီ အစည်းအဝေးများမှာ ကြွားဝါနေခြင်း၊ တရားများကို ကျက်ပြီး ဟောနေခြင်းများသာ စဉ်းစားမိနေသည်။ ထိုသို့သာ ဆက်သွားပါက၊ ညီအစ်ကို မောင်နှမများကို ထိခိုက်မည် ဖြစ်သည်။ ထုတ်မပြောသည့်အတွက် ကျွန်မ အပြစ်ရှိသကဲ့သို့ ခံစားခဲ့ရသည်။ နောက်ပိုင်းမှာ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ရပါသည်။ “ဥပမာအနေဖြင့် ဦးဆောင်နေသည့် လူတစ်ယောက်ဖြင့် လူတစ်ဖွဲ့ ရှိသည်ဟု ဆိုကြပါစို့။ ဤလူကို ‘ခေါင်းဆောင်’ တစ်ယောက် သို့မဟုတ် ‘အမှုတော်ဆောင်’ တစ်ယောက် အဖြစ် ရည်ညွှန်းပါက၊ အဖွဲ့ထဲတွင် ၎င်းတို့၏ တာဝန်မှာ အဘယ်နည်း။ (ခေါင်းဆောင်မှု တာဝန် ဖြစ်ပါသည်။) ဤလူတစ်ယောက်၏ ခေါင်းဆောင်မှုသည် ၎င်းတို့ ဦးဆောင်သည့် လူများနှင့် အဖွဲ့တစ်ခုလုံးအပေါ်တွင် မည်သည့် အကျိုးတရား ရှိသနည်း။ ယင်းက အဖွဲ့၏ ဦးတည်ချက်နှင့် ၎င်း၏ လမ်းကြောင်းကို အကျိုးသက်ရောက်မှုရှိသည်။ ဤအရာက သွယ်ဝိုက်ရည်ညွှန်းသည်မှာ ခေါင်းဆောင်မှု ရာထူးတစ်ခု၌ ဤလူပုဂ္ဂိုလ်သည် မှားယွင်းသော လမ်းကြောင်းကို လျှောက်မိပါက၊ အနည်းဆုံးအနေဖြင့် သူ၏ လက်အောက်မှ လူများနှင့် အဖွဲ့တစ်ဖွဲ့လုံးကို မှန်ကန်သော လမ်းကြောင်းမှ လမ်းလွဲသွားစေလိမ့်မည် ဟုဖြစ်သည်။ ထို့ထက်ပိုပြီးလျှင် ၎င်းတို့ ရှေ့ဆက်သည်နှင့်အညီ အဖွဲ့တစ်ဖွဲ့လုံး၏ ဦးတည်ချက်အပြင်၊ ၎င်းတို့၏ အရှိန်နှင့် ခြေလှမ်းတို့ကိုလည်း နှောင့်ယှက်နိုင်သည် သို့မဟုတ် ဖျက်ဆီးနိုင်သည်။ ထို့ကြောင့် ဤလူတစ်အုပ်နှင့် ပတ်သက်ပါက၊ ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းနှင့် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်း၏ ဦးတည်ချက်၊ သမ္မာတရားကို ၎င်းတို့ နားလည်သဘောပေါက်သည့် အတိုင်းအတာအပြင်၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းတို့သည် မိမိတို့ကိုယ်ကိုယ်သာမက၊ ၎င်းတို့၏ ခေါင်းဆောင်မှု နယ်ပယ်အတွင်းရှိ ညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း သက်ရောက်မှုရှိနိုင်သည်။ ခေါင်းဆောင် တစ်ယောက်သည် သင့်တော်သည့် လူတစ်ယောက် ဖြစ်ကာ၊ မှန်ကန်သော လမ်းကြောင်းကို လျှောက်နေပြီး၊ သမ္မာတရားကို လိုက်စား၍၊ လက်တွေ့လုပ်ဆောင်နေသောသူဖြစ်ပါက၊ ၎င်းတို့ ဦးဆောင်သည့်လူများကလည်း သင့်တင့် လျောက်ပတ်စွာ စားသောက်လိမ့်မည် ဖြစ်ပြီး၊ သင့်တင့်လျောက်ပတ်စွာ ရှာဖွေလိမ့်မည်ဖြစ်သည်၊ ပြီးလျှင် တစ်ချိန်တည်းမှာပင်၊ ခေါင်းဆောင် ကိုယ်တိုင်၏ တိုးတက်မှုသည် အခြားသူများအတွက် အစဉ် ထင်ရှားသိသာလိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင် တစ်ယောက် လျှောက်သင့်သည့် မှန်ကန်သည့် လမ်းကြောင်းမှာ အဘယ်နည်း။ ယင်းသည် အခြားသူများကို သမ္မာတရားနှင့် သက်ဆိုင်သည့် နားလည်မှု တစ်ခုဆီသို့၊ သမ္မာတရားထဲသို့ ဝင်ရောက်မှု တစ်ခုဆီသို့ ဦးဆောင်နိုင်ခြင်းနှင့် အခြားသူများကို ဘုရားသခင်ထံသို့ ဦးဆောင်နိုင်ခြင်းတို့ ဖြစ်ပေသည်။ မှားယွင်းသည့် လမ်းကြောင်းတစ်ခုမှာ အဘယ်နည်း။ ယင်းက မိမိကိုယ်ကိုယ် မကြာခဏ ချီးမြှောက်ခြင်း၊ မိမိကိုယ်ကိုယ် သက်သေခံခြင်း၊ ဂုဏ်ဒြပ်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားခြင်း အပြင်၊ ဘုရားသခင်ကို မည်သည့်အခါမျှ သက်သေမခံခြင်းတို့ ဖြစ်သည်။ ဤအရာက ၎င်းတို့၏ လက်အောက်မှ လူများအပေါ် မည်သည့် အကျိုးသက်ရောက်မှု ရှိစေသနည်း။ (ယင်းက ထိုလူများကို ၎င်းတို့ ရှေ့သို့ ခေါ်ဆောင်သည်။) လူများသည် ဘုရားသခင်ထံမှ ဝေးရာသို့ လမ်းလွဲကြပြီး၊ ဤခေါင်းဆောင်၏ ထိန်းချုပ်မှု အောက်သို့ လာကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့၏ ခေါင်းဆောင်ရှေ့သို့ ခေါ်ဆောင်ခြင်းခံရသည့် လူများသည် ထိုခေါင်းဆောင်၏ ထိန်းချုပ်ခြင်း ခံရလိမ့်မည် ဖြစ်သည်မှာ မသိသာပါလော။ ပြီးလျှင် ဤအရာက ၎င်းတို့ကို ဘုရားသခင်ထံမှ ဝေးရာသို့ ခေါ်သွားသည်မှာ မှန်ပေ၏။ သင်သည် လူများကို သင်၏ရှေ့သို့ လာဖို့ ဦးဆောင်ပါက၊ သင်သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် ရှေ့သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်းဖြစ်သည်၊ ပြီးလျှင် သင်သည် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ မဟုတ်ဘဲ၊ စာတန်၏ရှေ့သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ လူများကို သမ္မာတရား၏ ရှေ့မှောက်သို့ လာဖို့ ဦးဆောင်လမ်းပြခြင်းသည်သာလျှင် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ ဤသည်တို့မှာ ဤလူမျိုးနှစ်မျိုးက- မှန်ကန်သောလမ်းကြောင်းကို လျှောက်သည့်သူများနှင့် မမှန်ကန်သော လမ်းကြောင်းကို လျှောက်သည့်သူများ- ၎င်းတို့ ဦးဆောင်သည့် လူများအပေါ် ဖြစ်ပေါ်စေသည့် အကျိုးတရားများဖြစ်ပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁)”) ခေါင်းဆောင်တစ်ယောက်၏ လမ်းကြောင်းက အခြားသူများကို ပုဂ္ဂိုလ်ရေးအထိ ထိခိုက်စေရုံသာမကဘဲ၊ အခြားသူများ၏ အသက်ဝင်ရောက်မှုနှင့် အသင်းတော်အလုပ်တစ်ခုလုံးအပေါ် တိုက်ရိုက် သက်ရောက်မှုရှိသည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ကျွန်မ သိလိုက်ရသည်။ အစ်မလီက အနှစ်မရှိသည့် စကားများကိုသာ အမြဲတမ်း ဟောပြောခဲ့ပြီး ညီအစ်ကို မောင်နှမများ၏ တကယ့်ဘဝ ပြဿနာများကို မဖြေရှင်းပေးနိုင်ပါ။ သူက အမြဲတမ်းသာ ကြွားဝါနေပြီး လူများကို လမ်းမှားရောက်စေသည်၊ ညီအစ်ကို မောင်နှမများက သူမကို အထင်ကြီးလေးစားကြသည်။ ထို့အပြင် သူမက မာနထောင်လွှားပြီး အာဏာရှင်ဆန်သည်၊ အသင်းတော်အလုပ်၏ တော်တော်များများမှာ သူမ တစ်ယောက်တည်းသာ ဆုံးဖြတ်သည်။ သမ္မာတရား၏ အခြေခံသဘောတရားများကို သူမ မရှာဖွေသကဲ့သို့၊ အခြားသူများ၏ အကြံဉာဏ်ကို လက်မခံဘဲ၊ သူမကိုယ်တိုင်၏ အယူအဆများကိုသာ အခြေခံပြီး အကြောင်းအရာများကို ကိုင်တွယ်ခဲ့သည်။ သူမက အသင်းတော်၏ အလုပ်ကို ထိန်းသိမ်းဖို့ အခွင့်အလမ်း လုံးဝမရှိပါ- အသင်းတော်အလုပ်ကို လုံးဝ အဟန့်အတားဖြစ်စေနေခြင်း ဖြစ်သည်။ အသင်းတော်မှာ ထိုကဲ့သို့ ခေါင်းဆောင် အတုအယောင် တစ်ယောက်ကြောင့်၊ ညီအစ်ကို မောင်နှမများလည်း သူနှင့်အတူ ဆုတ်ယုတ်သွားမည် ဖြစ်သည်။ ယုံကြည်သူများစွာက ခေါင်းဆောင် အတုအယောင်တစ်ယောက်၏ လှည့်စားခြင်းကို ခံရပြီး သူတို့၏အသက်တာများက ဒုက္ခခံနေရသည်ကို မြင်ရသည်မှာ ဘုရားသခင်အတွက် အရမ်းဝမ်းနည်းစရာကောင်းပါသည်။ အစ်မလီက ခေါင်းဆောင်အတုအယောင် တစ်ယောက်ဖြစ်သည်ကို ကျွန်မ ပိုင်းခြားသိမြင်နေခဲ့ပြီး ခေါင်းဆောင်အတုအယောင်တစ်ယောက်ကို ဦးဆောင်စေခြင်းအားဖြင့် ညီအစ်ကို မောင်နှမများနှင့် အသင်းတော် အသက်တာအပေါ် သက်ရောက်သည့် ထိခိုက်နစ်နာမှုကို ကျွန်မ မြင်ခဲ့ပြီီ ဖြစ်သည်။ သို့ရာတွင် သူမကို စော်ကားမိမည်ကို ကြောက်သည်နှင့် အသင်းတော်အလုပ်နှင့် အခြားသူများ၏ အသက်ဝင်ရောက်မှု ဟန့်တားခြင်းခံသည်ကို ကျွန်မ သိသိကြီးနှင့် ကြည့်နေခဲ့သည်။ သူမကို ဖော်ထုတ်ပြီး တိုင်ကြားဖို့ ကျွန်မ မရပ်တည်ခဲ့ပါ။ ကျွန်မက လုံးဝ မဖြောင့်မတ်ခဲ့ဘဲ၊ ဘုရားသခင်၏ အလိုတော်ကို ထည့်မစဉ်းစားပါ။ ကျွန်မက တော်တော်ကို စာနာစိတ်မရှိခဲ့ခြင်း ဖြစ်သည်။ ကျွန်မ၏ ယခင်က တာဝန်မှာ တကယ့်အလုပ်ကို မလုပ်ခြင်းအားဖြင့် အသင်းတော် အလုပ်ကို ထိခိုက်စေခဲ့ပြီးဖြစ်သည်။ ယခု ခေါင်းဆောင် အတုအယောင် တစ်ယောက်က ဘုရားသခင် ရွေးချယ်ထားသူများကို လှည့်စားနေသည်ကို မြင်သော်လည်း၊ သူမကို တိုင်ကြားဖို့ သို့မဟုတ် အသင်းတော်၏ အကျိုးစီးပွားကို ထိန်းသိမ်းဖို့အတွက် မရပ်တည်ခြင်းသည် ကျွန်မ၏လွန်ကဲမှု ဖြစ်သည်။ ကျွန်မ ဘုရားသခင်အပေါ် အကြွေးတင်သည်၊ ဖန်ဆင်းခံတစ်ယောက်အနေနှင့် ကျွန်မ ရပ်တည်သင့်သည်၊ ဘုရားသခင်၏အလိုတော်ကို အလေးထားပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းသင့်သည်ဟု ကျွန်မ ပို၍ ခံစားခဲ့ရသည်။ ယင်းက ကျွန်မ၏ တာဝန် ဖြစ်ပြီး၊ ကျွန်မ ဖြည့်ဆည်းရမည့် ဝတ္တရားတစ်ခု ဖြစ်သည်။ ဤအတွေးက ကျွန်မကို ခွန်အားအချို့ပေးပြီး မိမိကိုယ်ကိုယ် “အသင်းတော်ရဲ့ အကျိုးစီးပွားအတွက်နဲ့ ဘုရားသခင် ရွေးချယ်ထားတဲ့သူတွေ စစ်မှန်တဲ့ အသင်းတော်အသက်တာကို ရှင်သန်နေထိုင်နိုင်ဖို့အတွက် ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အစ်မလီရဲ့ ပြဿနာကို ထုတ်ပြောဖို့ လိုအပ်တယ်။ ခေါင်းဆောင်အတုအယောင်တစ်ယောက်က ညီအစ်ကို မောင်နှမတွေကို ဆက်ပြီး လမ်းလွဲအောင် ဦးဆောင်ဖို့ ငါ ခွင့်မပြုနိုင်တော့ဘူး” ဟု ပြောလိုက်သည်။ ကျွန်မ တိုင်ကြားစာ တစ်စောင် ရေးဖို့ ပြင်ဆင်နေစဉ် လတ်တလော အစ်မကြီး တစ်ယောက်က အစ်မလီ၏ ပြဿနာအချို့ကို သူမကို ထောက်ပြပြီးသည့်နောက်မှာ အစ်မလီက သူမနှင့် အစည်းအဝေး လုပ်သည်ကို ရပ်လိုက်သည်ဟု ကြားခဲ့ရသည်။ ဤသည်ကို ကြားရလျက်၊ ကျွန်မ တော်တော် စိတ်ဆိုးခဲ့ပါသည်။ သူမက တကယ်ကို သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်သည်ဟု ကျွန်မ ခံစားခဲ့ရသည်။ သို့ရာတွင် တစ်ချိန်တည်းမှာသာ ကျွန်မ၏ စိုးရိမ်မှုက တစ်ဖန် ပေါ်လာပြန်သည်။ အမြင်ရှုထောင်အချို့ ဖော်ပြခြင်းကြောင့်၊ သူမက ထိုအစ်မကို ဖယ်ပစ်လိုက်သည်။ ကျွန်မက သူမကို တိုင်သည်ကို သူမ သိသွားပါက၊ ကျွန်မကို အငြိုးထားပြီး အဆင်မပြေဖြစ်အောင် လုပ်မလား။ သူမက ကျွန်မကို စပြီး ဝေဖန်လာပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များကို တိုက်ခိုက်သည်ဟု စွပ်စွဲပါက၊ အခြားသူများက မည်သို့ ထင်ကြမည်နည်း။ သူမက ကျွန်မကို ဖိနှိပ်နေပါက၊ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေးရှိမည် မဟုတ်ဘဲ၊ ယင်းက ပို၍ပင် အခံရခက်မည် ဖြစ်သည်။ သို့ရာတွင် ကျွန်မ သူမကို မတိုင်ပါက၊ တကယ်ကို အပြစ်ရှိကဲ့သို့ ခံစားရသည်။ ကျွန်မ စိတ်ထဲမှာ လွန်ဆွဲနေပြီး ဗြောင်းဆန်နေသည်။

ထို့ကြောင့် ယင်းကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာပြီး ဆုတောင်း ရှာဖွေခဲ့ပါသည်။ ထိုနောက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ဤအပိုဒ်ကို ကျွန်မ ဖတ်ရပါသည်။ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ၊ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) စကားလုံးတိုင်းက ကျွန်မ၏ အသိစိတ်တံခါးကို လာခေါက်နေသကဲ့သို့ ခံစားခဲ့ရသည်၊ အထူးသဖြင့် “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။” ဘုရားသခင်က ကျွန်မ၏ ဘေးနားမှာရပ်နေပြီး ဤမေးခွန်းကို မေးနေသကဲ့သို့ ခံစားခဲ့ရသည်။ အစ်မလီက ခေါင်းဆောင် အတုအယောင် တစ်ယောက်ဖြစ်သည်ကို ကျွန်မ သိခဲ့ပြီး၊ အချိန်မီ မဖြေရှင်းပါက၊ ဘုရားသခင် ရွေးချယ်ခြင်းခံထားရသူများ၏ အသက်ဝင်ရောက်မှုကိုသာ ထိခိုက်စေမည်ဖြစ်သော်လည်း၊ သူမက စိတ်ဆိုးပြီး ကျွန်မကို အငြိုးထားမည်ကို သို့မဟုတ် ကျွန်မကို သီးသန့်ခွဲထားပြီး အသင်းတော်ကနေ ထုတ်ပယ်မည်ကို ကြောက်နေခဲ့သည်။ အချိန်တိုင်းမှာ ကျွန်မ၏ ကိုယ်ပိုင် အကျိုးစီးပွားကိုသာ ထိန်းထားပြီး စည်းမျဉ်းများကို မထိန်းသိမ်းရဲသကဲ့သို့၊ သူမကို မတိုင်ရဲခဲ့ပါ။ ဤဝိညာဉ်ရေးရာတိုက်ပွဲက တကယ့်အရေးကြီးသည့်အချိန်မှာ ကျွန်မကို သက်သေခံဖို့ လိုအပ်ခဲ့သော်လည်း၊ ကျွန်မက မိမိအကျိုးစီးပွားကို ကာကွယ်ခဲ့ပြီး လူမုန်းမခံချင်သူ တစ်ယောက်ဖြစ်ခဲ့ကာ၊ ဘုရားသခင်ကို စက်ဆုပ်ရွံရှာစေခဲ့သည်။ ကျွန်မ မိမိကိုယ်ကိုယ် တကယ်ကို မုန်းတီးခဲ့ပါသည်။ ကျွန်မ လူမုန်းမခံချင်သူတစ်ယောက် မဖြစ်ချင်တော့ပါ။ ထိုနောက်မှာတော့ ကျွန်မ စိတ်လျှော့လိုက်ပြီး မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခဲ့သည်။ သူမက ခေါင်းဆောင် အတုအယောင် တစ်ယောက်ဖြစ်သည်ကို ကျွန်မ ကောင်းကောင်း သိပြီး၊ အခြေခံသဘောတရားများနှင့်အညီ သူမကို တိုင်ကြားဖို့ ကျွန်မ ဆန္ဒရှိခဲ့ပါသည်။ သို့ရာတွင် သူမကို အကြံအချို့ပေးသောကြောင့် လူတစ်ယောက်ကို သူမက ထုတ်လိုက်သည်ကို ကျွန်မ ကြားသည့်အခါ၊ အသင်းတော်အလုပ်အတွက် ရပ်တည်ရမည့်အစား အဘယ်ကြောင့် မိမိကိုယ်ကိုယ် ကာကွယ်ဖို့ကို ကျွန်မ ရွေးချယ်လိုက်သနည်း။ ကျွန်မသည် မိမိအကျိုးစီးပွားကိုသာ အဘယ့်ကြောင့် အမြဲတမ်း ကာကွယ်နေရသနည်း။ ဤပြဿနာနှင့်ပတ်သက်ပြီး ကျွန်မ စတင် ဆုတောင်း ရှာဖွေခဲ့ပါသည်။

ကျွန်မ ဝတ်ပြုခြင်းအချိန်တစ်ချိန်မှာ ဖတ်ခဲ့ရသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ရှိသည်။ “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ ၎င်းတို့အတွင်းတွင် သမ္မာတရားနှင့်ဆိုင်သော အသက် မပိုင်ဆိုင်ကြ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ကောက်ကျစ်စဉ်းလဲပြီး ဆိုးသွမ်းသော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် ဘုရားသခင်၏အိမ်တော်၏ အမှုကို ဆုံးရှုံးမှုများဖြစ်စေပြီး ဘုရားသခင်ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က စေ့စေ့စပ်စပ် နားလည်ခြင်းမရှိသောကြောင့် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာမျှ မဟုတ်ပေ။ ယင်းမှာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား အချို့၏ ထိန်းချုပ်ခြင်းကို ခံရနေခြင်း ဖြစ်သည်။ ဤစိတ်သဘောထားများထဲမှ တစ်ခုမှာ ကလိမ်ကကျစ်အပြုအမူ ဖြစ်သည်။ သင်က၊ ‘ကျွန်ုပ် ထုတ်ပြောလိုက်လျှင်၊ ကျွန်ုပ်ကို မည်သို့ အကျိုးပြုမည်နည်း။ ကျွန်ုပ် ထုတ်ပြောလိုက်ပြီး တစ်စုံတစ်ဦးကို သဘောမကျဖြစ်စေပါက၊ အနာဂတ်တွင် ကျွန်ုပ်တို့ မည်သို့ အဆင်ပြေမည်နည်း’ ဟု တွေးရင်း၊ သင့်ကိုယ်သင် ဦးစွာပထမ စဉ်းစားလေသည်။ ဤသည်မှာ ကလိမ်ကကျစ် စိတ်နေစိတ်ထားဖြစ်၏၊ မှန်သည်လော။ ဤသည်မှာ ကလိမ်ကကျစ် စိတ်သဘောထား၏ အကျိုးဆက်မဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး ခက်ထန်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းကို ငါမြင်ကာ ဖြစ်ပျက်နေသည်ကို ကြားလျှင်ပင်၊ မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ မလိုအပ်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်- ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်’ဟု တွေးသည်။ ထိုသို့သော အရာများသည် သင်၏ မသိစိတ်မှ ပေါက်ဖွားသည့်အလား၊ ပြီးလျှင် သင်၏ စိတ်နှလုံးတွင် ယင်းတို့က အမြဲတမ်းနေရာများ ယူထားကြသည့်အလား- သင်၏ အတွင်းတွင် ရှိကြလေသည်၊ ယင်းတို့သည် လူသား၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက သင်၏ အတွေးများကို ထိန်းချုပ်ပြီး သင်၏ လက်များနှင့် ခြေများကို ချည်နှောင်ကာ သင်၏ နှုတ်ကို ထိန်းချုပ်လေသည်။ သင်၏ စိတ်နှလုံးထဲရှိ တစ်စုံတစ်ရာကို သင် ပြောလိုသည့်အခါတွင်၊ စကားလုံးများက သင်၏ နှုတ်ခမ်းများဆီသို့ ရောက်ရှိသော်လည်း သင် မပြောပေ၊ သို့မဟုတ် သင် ပြောဆိုပါက၊ သင်၏ စကားများသည် သင်လှည့်ပတ်လမ်းကြောင်းစရာ နေရာပေးလျက် ဝေ့လည်ကြောင်ပတ် ဖြစ်လေသည်- သင်သည် လုံးဝ ရှင်းရှင်းလင်းလင်း မပြောဆိုပေ။ သင့်ကို ကြားပြီးသည့်နောက်တွင် အခြားသူများသည် မည်သည့်အရာမျှ မခံစားရကြသကဲ့သို့၊ သင် ပြောပြီးသည့် အရာက ပြဿနာကို မဖြေရှင်းသေးပေ။ သင်က၊ ‘ကောင်းပြီ၊ ငါ ထုတ်ပြောခဲ့သည်။ ငါ၏ အသိစိတ်က အေးချမ်းသည်။ ငါ၏ တာဝန်ကို ငါ ဖြည့်ဆည်းပြီးပြီ’ ဟု မိမိကိုယ်ကိုယ် တွေးလေသည်။ အမှန်တွင်၊ သင်ပြောသင့်သည့် အရာအားလုံး သင် မပြောသေးသည်ကို၊ သင် ပြောပြီးသည့်အရာသည် အကျိုးသက်ရောက်မှုရှိသကဲ့သို့၊ ဘုရားအိမ်တော်၏ အမှုအပေါ် ထိခိုက်နစ်နာစေခြင်း ရှိနေသေးသည်ကို သင်၏ စိတ်နှလုံးထဲတွင် သင် သိပေသည်။ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းသေးပေ၊ သို့သော် သင်က သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်သည်၊ သို့မဟုတ် ဖြစ်ပျက်နေခဲ့သည့်အရာသည် သင့်အဖို့ မရှင်းလင်းခဲ့ပါဟု ပေါ်ပေါ်ထင်ထင် ဆိုသည်။ ထိုသို့ဆိုလျှင် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေသည် မဟုတ်လော။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ပြဿနာတစ်ခုကို ရင်ဆိုင်ရာတွင် ကျွန်မက မိမိအတွက်သာ တွေးသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကတစ်ဆင့် ကျွန်မ နားလည်သဘောပေါက် ခဲ့ပါသည်။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားခဲ့သည်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ၊” “တစ်စုံတစ်ရာ မှားယွင်းသည်ကို သိသည့်အခါ၊ နည်းနည်းပြောသည်က ပိုကောင်း၏၊” ပြီးလျှင် “ဆက်စပ်သည့်အကျိုးကျေးဇူးမရှိပါက မည်သည့်အခါမျှ စောစောမထပါနှင့်။” တို့ကဲ့သို့ ဆိုးယုတ်သည့် အတွေးအခေါ်များကို ကျွန်မ လိုက်နာခဲ့သည်။ ယင်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်မှာ အရမ်းကို ခက်ခဲအောင် ကျွန်မကို ခိုင်မာစွာ ချုပ်နှောင်ထားလျက်၊ ကျွန်မ၏ တကယ့် သဘာဝထဲမှာ အမြစ်တွယ်နေခဲ့သည်။ အသင်းတော်အလုပ်၏ အကျိုးအတွက် သူမကို အခြေခံသဘောတရားများနှင့်အညီ တိုင်ကြားသင့်သည်ကို ကျွန်မ သိခဲ့သော်လည်း၊ တိုင်တော့မည့်ဆဲဆဲတွင် သူမကို စော်ကားမိပြီး သူမ ဝေဖန်သည်ကို ခံရကာ အပြောအဆို ခံရမည်ကို ကြောက်ခဲ့သည်။ ထိုအတွေး၌ ဝတ္တရား၊ တာဝန်သိခြင်း နှင့် တာဝန်အပေါ် ကျွန်မ၏ အသိစိတ်က ပျောက်ကွယ်သွားပြီး၊ အသင်းတော်မှာ ရှိသည့် ခေါင်းဆောင် အတုအယောင်က ကျွန်မ တစ်ယောက်တည်း၏ ပြဿနာမဟုတ်ဟု ခံစားခဲ့မိသည်။ သူမကို စော်ကားမိခြင်းကို ရှောင်ပြီး မိမိကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အတွက် ကျွန်မ မည်သည့်ပြဿနာမျှ မတက်ချင်ခဲ့ပါ။ ကျွန်မ အပြစ်ရှိသည်ဟု မခံစားရတော့သည့်အထိပင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပြမှုကို မကြာခဏ ဆန့်ကျင်ခဲ့သည်။ ကျွန်မသည် မိမိ၏ ဆိုးယုတ်သည့် ဖောက်ပြန်ပျက်စီးမှု၏ ချုပ်နှောင်ခြင်းကို လုံးဝ ခံနေခဲ့ရခြင်း ဖြစ်သည်။ ယခင်က ဆိုးယုတ်သည့် ဘဝ အတွေးအခေါ်စနစ်များနှင့် ရှင်သန်လျက်၊ ကျွန်မ၏ တာဝန်၌ အလားတူ ပြစ်မှားမှုတစ်ခုကို ကျူးလွန်ခဲ့ပါသည်။ သမ္မာတရားအပေါ်မှာ နားလည်မှုလွဲချော်နေပြီး ထုတ်ပယ်သင့်သည့် မာနထောင်လွှားသော ခေါင်းဆောင်တစ်ယောက်ကို ကျွန်မ တွေ့ခဲ့သည်။ သို့ရာတွင် နောက်တော့ သူမက အစွမ်းအစ နည်းနည်းရှိပြီး တိုက်ရိုက် အယူဝါဒများဟောကာ လူများကို လှည့်စားသည့်နေရာမှာ တော်သည်ကို ကျွန်မ တွေ့ခဲ့သည်။ သူမအကြောင်းကို ညီအစ်ကို မောင်နှမများအများကြီးက မသိမြင်ကြသည်ကို ကျွန်မ တွေ့လျက်၊ သူမ လူစားထိုးခံရပါက၊ သူတို့က ကျွန်မကို ဝေဖန်ပြီး အကြင်နာမဲ့သည်ဟု ပြောမည်ကို ကြောက်ခဲ့မိသည်။ ထို့ကြောင့် သူမကို မထုတ်ပယ်ခင် နှစ်လကျော်ခန့် ကျွန်မ အချိန်ဆွဲထားခဲ့သည်။ ဤသည်မှာ အသင်းတော်အလုပ်အတွက် အလွန့်အလွန် အနှောင့်အယှက် ဖြစ်ခဲ့ပါသည်။ အသင်းတော်မှာ ခေါင်းဆောင်အတုအယောင် တစ်ယောက်ကို ကျွန်မ တွေ့ခဲ့သော်လည်း အမှားဟောင်းကြီးကိုသာ ကျွန်မ ထပ်လုပ်ခဲ့သည်။ ကျွန်မ ရှောင်နေချင်ခဲ့သည်။ ကျွန်မ တာဝန်ကို ထမ်းဆောင်သည့်ပုံစံက ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတတ်သည်၊ ပြီးလျှင် ကျွန်မ ကိုယ်တိုင်၏ အကျိုးစီးပွားအပေါ် သက်ရောက်မှုရှိလာသည့်အခါ၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သည်ကို ပြနေပါသည်။ သမ္မာတရားကို ကျွန်မ ထပ်ခါထပ်ခါ ချိုးဖောက်ခဲ့ပြီး ကျွန်မ၏ သက်သေခံခြင်း ပျောက်ဆုံးခဲ့သည်။ ယင်းက ရှက်စရာ အမှတ်အသားတစ်ခု ဖြစ်ပါသည်။ ဤသည်ကို နားလည်သဘောပေါက်ပြီး ဘုရားသခင်ရှေ့မှာ ကျွန်မ ပျပ်ဝပ် ဆုတောင်းခဲ့သည်။ “အို ဘုရားသခင်။ စာတန်က ကျွန်မကို ဘယ်လောက် နက်နက်နဲနဲ ဖျက်ဆီးထားသလဲဆိုတာ ကျွန်မ အခု မြင်တွေ့ခဲ့ပါပြီ။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ လူမုန်းမခံချင်သူတစ်ယောက်ပါ။ ကျွန်မက နိမ့်ကျပြီး ညစ်ညမ်းပါတယ်။ ဘုရားသခင် ကျေးဇူးပြုပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ချည်နှောင်မှုကနေ ကယ်တင်တော်မူပါ။”

စာတန်က ကမ္ဘာမှာ အုပ်စိုးသော်လည်း၊ အသင်းတော်မှာ ဘုရားသခင်နှင့် သမ္မာတရားက အုပ်စိုးကြောင်း၊ ၎င်းတို့သည် မတူညီသည့် ကမ္ဘာနှစ်ခုဖြစ်ကြောင်းနှင့် ဘုရားသခင်၏အိမ်တော်မှာ ဆိုးယုတ်သောသူအချို့ သို့မဟုတ် ညံ့ဖျင်းသော လူ့သဘာဝရှိသောသူ တစ်ယောက်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရလျှင်ပင်၊ သမ္မာတရား၏ စစ်မှန်မှုမရှိဘဲ သူတို့ ရေရှည်မခံကြောင်းတို့ကို နောက်ပိုင်းမှာ ကျွန်မ မိတ်သဟာယတစ်ခုမှာ ဖတ်ရပါသည်။ ယင်းက ဘုရားသခင်၏အိမ်တော်မှာ သမ္မာတရားက ကြီးစိုးသည်ကို သက်သေပြပါသည်။ စာတန်က ကမ္ဘာကို မှောင်မိုက်ထဲမှာ ကိုင်ဆောင်ထားပြီး လူများက ၎င်း၏ အတွေးအခေါ်များအပေါ် အခြေခံပြီး လုပ်ဆောင်ပြောဆိုရသည်။ မြှောက်ပင့်ခြင်းကသာ ရှေ့ရောက်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေသည်။ ရိုးသားခြင်းနှင့် လူတစ်ယောက်ကို စော်ကားခြင်းတို့သည် အပြစ်ပေးခံရစေသည်။ သာမန်လူများကြားထဲဖြစ်စေ၊ အာဏာ ရှိသည့်သူများ ကြားထဲဖြစ်စေ ရိုးသားခြင်းက အနိုင်ကျင့်ခံရပြီး အပယ်ခံရသည်၊ ပြီးလျှင် ယင်းအတွက်နှင့် လူများစွာတို့က သူတို့၏ ဘဝများပင် ဆုံးရှုံးခဲ့ရသည်။ သို့ရာတွင် ဘုရားသခင်၏အိမ်တော်မှာ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းက အုပ်စိုးသည်။ သမ္မာတရားကို လိုက်စားသည့်သူများ၊ တရားမျှတမှု အသိစိတ်ဖြင့် ရိုးသားသူများကို ဘုရားသခင်က ကောင်းချီးပေးပြီး နှစ်သက်ပါသည်။ အသင်းတော်၏ အကျိုးစီးပွားနှင့် ဘုရားသခင် ရွေးချယ်ခြင်းခံရသည့်သူများကို ကာကွယ်သည့်သူများ၊ ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များကို ဖော်ထုတ်ရဲသူများသည် ဘုရားသခင်၏ လက်ခံခြင်း၊ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်း ခံရနိုင်ပါသည်။ ၎င်းတို့သည် အခြားသူများ၏လက်ခံခြင်း၊ အားပေးခြင်းကိုလည်း ရပါသည်။ သမ္မာတရားကို မနာခံဘဲ ဆန့်ကျင်သူသည် သူတို့၏ နာမည်၊ ဂုဏ်အဆင့်အတန်းက မည်မျှ မြင့်မားပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်း၊ ဖယ်ရှားခြင်းကို ခံရခြင်းနှင့် အဆုံးသတ်လိမ့်မည် ဖြစ်သည်၊ မနှစ်က အသင်းတော်က ထုတ်ခံရသည့် အန္တိခရစ် ရမ် ကဲ့သို့ပင် ဖြစ်သည်။ သူမ ခေါင်းဆောင်ဖြစ်စဉ်က သဘောထားကွဲလွဲသည့်လူတိုင်းကို သူက ဖိနှိပ်ပြီး ပယ်ထားသည်၊ ပြီးလျှင် သူမမိသားစုနှင့် မိတ်ဆွေများကို အရေးပါသည့်နေရာများမှာ ထားထားသည်။ ဘုရားသခင်ကို ဆန့်ကျင်ပြီး သူမ၏ ကိုယ်ပိုင် အင်ပါယာထူထောင်ဖို့ ကြိုးစားကာ လှူဖွယ်ပစ္စည်းများကိုပင် ခိုးယူခဲ့သည်။ သူမက သူမ၏ မကောင်းမှုများ မပေါ်စေဖို့အလို့ငှာ၊ မိသားစု၊ မိတ်ဆွေများနှင့်သာ ဝန်းရံထားသည်ဟု ကျွန်မ ထင်ခဲ့သည်။ သို့ရာတွင် ဘုရားသခင်က အရာအားလုံးကို မြင်ပြီး၊ သူ၏ ဉာဏ်ပညာမှာ သူ၏ အကျိုးအမြတ်အတွက် စာတန်၏ လှည့်ကွက်များကို အသုံးပြုသည်။ ဘုရားသခင်သည် သူမ၏ မကောင်းမှုများကို တိုင်ကြား ဖော်ထုတ်ဖို့အတွက် တရားမျှတမှု အသိစိတ်ရှိသည့်သူများကိုရဖို့ ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ခဲ့သည်။ အသင်းတော်၏ စုံစမ်းမေးမြန်းမှုနှင့် အတည်ပြုမှုပြီးသည့်နောက်မှာ သူမ ခိုးထားသမျှ အရာအားလုံးကို ပြန်ပေးရရုံသာမကဘဲ၊ အသင်းတော်မှ ရာသက်ပန် ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ဤသည်က လူတစ်ယောက်၏ တာဝန် သို့မဟုတ် ဂုဏ်အဆင့်အတန်းက မည်သည့်အရာဖြစ်ပါစေ၊ မကောင်းမှုလုပ်သည့်သူ သို့မဟုတ် သမ္မာတရားကို မလိုက်စားသည့်သူ မည်သူမှ ဘုရားသခင်၏ ဖြောင့်မတ်သည့် တရားစီရင်မှုကို မလွတ်မြောက်နိုင်သည်ကို ပြလေသည်။ ဘုရားသခင်၏ အိမ်တော်က ကမ္ဘာကဲ့သို့ မဟုတ်ပါ။ သမ္မာတရားနှင့် ဆန့်ကျင်သည့် မည်သည့်အရာကမျှ ဘုရားသခင်၏အိမ်တော်မှာ မရှင်သန်နိုင်ပါ။ သမ္မာတရားနှင့်ဆန့်ကျင်သည့်အရာတစ်ခုခုကို တွေ့သည့် မည်သူမဆို ယင်းကို ဖော်ထုတ်ပြီး တားမြစ်ဖို့ ရပ်တည်နိုင်ပါသည်။ ဤသည်က ဘုရားသခင်၏အိမ်တော်မှာ သမ္မာတရားက ကြီးစိုးသည်ကို ပြပါသည်။ အစ်မလီကို တိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ကျွန်မ နားမလည်ခဲ့သကဲ့သို့၊ ဘုရားသခင်က အရာအားလုံးကို မြင်ပြီး အုပ်စိုးသည်ကို ကျွန်မ သဘောမပေါက်ခဲ့ပါ။ ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များသည် ဘုရားသခင်၏ အိမ်တော်မှာ ခြေကုပ်မယူနိုင်ပါ။ ကျွန်မမှာ ထမ်းဆောင်ဖို့ တာဝန်ရှိခြင်း၊ မရှိခြင်း၊ ကျွန်မ၏ကံကြမ္မာနှင့် အဆုံးသတ် မည်သို့ဖြစ်မည် မဖြစ်မည်တို့ အားလုံးက ဘုရားသခင်၏လက်ထဲမှာရှိပါသည်၊ မည်သည့် ခေါင်းဆောင်၏ လက်ထဲမှာမျှ မရှိပါ။ သူမကြောင့် ကျွန်မ နှောင့်နှေးနေ၍ မဖြစ်တော့ပါ။ ထို့ကြောင့် အစ်မလီ၏ ပြဿနာနှင့် ပတ်သက်ပြီး မှန်ကန်မှုရှိသည့် တိုင်ကြားစာတစ်ခု ရေးခဲ့သည်။ သိပ်မကြာမီတွင် အခြေအနေကို စုံစမ်းဖို့အတွက် ခေါင်းဆောင် တစ်ယောက်က ကျွန်မတို့ အသင်းတော်ကို ရောက်လာခဲ့သည်။ အခြေခံသဘောတရားများကို အခြေခံပြီး အစ်မလီသည် ခေါင်းဆောင် အတုအယောင် တစ်ယောက်ဖြစ်သည်ဟု သတ်မှတ်ဆုံးဖြတ်ခဲ့ပြီး သူမကို ထုတ်ပယ်ခြင်းခံခဲ့ရပါသည်။ ထိုနောက် အစ်မလီက ဘုရားရှိခိုးဝတ်ပြုခြင်း၊ ဆင်ခြင်သုံးသပ်ခြင်းမှတစ်ဆင့် မိမိကိုယ်ကိုယ် သိမြင်မှု အချို့ရရှိလာပြီး နောင်တရပြီး ပြောင်းလဲချင်ခဲ့ပါသည်။ နောက်ထပ် ရွေးချယ်ခံရသည့် အစ်မတစ်ယောက်က သမ္မာတရားကို လိုက်စားသည့်သူဖြစ်ပြီး အသင်းတော်အလုပ်အားလုံးက တဖြည်းဖြည်းနှင့် တိုးတက်လာခဲ့သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ အိမ်တော်တွင် သမ္မာတရား အုပ်စိုးခြင်းကို ကျွန်မ မြင်ခဲ့ရသည်။ ခေါင်းဆောင်အတုအယောင်များကို တိုင်ကြားခြင်းမှတစ်ဆင့် ဘုရားသခင်က ကျွန်မ၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် လှည့်စားမှုကို ဖော်ထုတ်ပြီး၊ ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ပေးပါသည်။ ဤသည်က ဘုရားသခင်က ကျွန်မတို့ကို ကယ်တင်ပြီး စုံလင်စေခြင်း အမှန်တကယ် ဖြစ်ပါသည်။

အရှေ့သို့- ၅၇။ တိုင်ရမလား မတိုင်ရဘူးလား

နောက်တစ်ခုသို့- ၅၉။ ရိုးသားသောတင်ပြချက်တစ်ခု၏ အသီးအပွင့်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။