သမ္မာကျမ်းစာသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်တို့ဖြစ်သည့် ဘုရားသခင်၏ အမှုတော် အဆင့်နှစ်ဆင့်၏ မှတ်တမ်းတစ်ခုသာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏အမှုတော် အလုံးစုံ၏ မှတ်တမ်းတစ်ခု မဟုတ်ပါ။

21.09.2019

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅)

“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သမ္မာကျမ်းစာသည် မည်ကဲ့သို့သော စာအုပ်မျိုးနည်း။ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ်အတွင်းက ဘုရားသခင်၏ အမှု ဖြစ်သည်။ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ်အတွင်းက ယေဟောဝါ၏ အမှုအားလုံးနှင့် သူ၏ ဖန်ဆင်းခြင်းအမှုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ကျမ်းတစ်စောင်လုံးသည် ယေဟောဝါ ပြုခဲ့သည့် အမှုကို မှတ်တမ်းတင်ထားပြီး၊ နောက်ဆုံးတွင် မာလခိကျမ်းဖြင့် ယေဟောဝါ၏ အမှု၏ ဖြစ်စဉ်များကို အဆုံးသတ်ထားသည်။ ဓမ္မဟောင်းကျမ်းသည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုနှစ်ခုကို မှတ်တမ်းတင် ထားသည်- တစ်ခုက ဖန်ဆင်းခြင်းအမှု ဖြစ်ပြီး၊ တစ်ခုက ပညတ်ကို ပြဋ္ဌာန်းခြင်းအမှု ဖြစ်သည်။ ထိုအမှုနှစ်ခုစလုံးကို ယေဟောဝါက ပြုခဲ့ခြင်း ဖြစ်သည်။ ပညတ်တော်ခေတ်သည် ယေဟောဝါ ဘုရားသခင်ဟူသော နာမဖြင့် လုပ်ဆောင်ခဲ့သည့် အမှုကို သရုပ်ဖော်သည်၊ အဓိကအားဖြင့် ယေဟောဝါ၏ နာမဖြင့် ဆောင်ရွက်ခဲ့သည့် အမှုတစ်ရပ်လုံး ဖြစ်သည်။ ထို့ကြောင့်၊ ဓမ္မဟောင်းကျမ်းသည် ယေဟောဝါ၏ အမှုကို မှတ်တမ်းတင်ထားပြီး ဓမ္မသစ်ကျမ်းမှာမူ အဓိကအားဖြင့် ယေရှု၏နာမဖြင့် လုပ်ဆောင်ခဲ့သည့် ယေရှု၏အမှုကို မှတ်တမ်းတင်ထား၏။ ယေရှု၏နာမ၏ အရေးပါမှုနှင့် သူပြုခဲ့သည့် အမှုကို ဓမ္မသစ်ကျမ်းထဲတွင် အများအားဖြင့် မှတ်တမ်းတင်ထားသည်။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်အတွင်းတွင်၊ ယေဟောဝါသည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို ဣသရေလနိုင်ငံမှာ တည်ဆောက်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်ရှိ ဣသရေလအမျိုးသားများ၏ ဘဝကို လမ်းညွှန် ပေးခဲ့သည်၊ သူတို့သည် ယေဟောဝါ၏ ရွေးချယ်ခံရသူများ၊ ကမ္ဘာကြီးပေါ်၌ ဘုရားသခင် ရွေးချယ်ခဲ့သည့် ပထမဦးဆုံး လူအုပ်စုဖြစ်ပြီး၊ သူတို့သည် ဘုရားသခင် စိတ်တော်နှင့်တွေ့ကာ ဘုရားသခင်ကိုယ်တိုင် ဦးဆောင်ခဲ့သည့် ပထမဦးဆုံး လူအုပ်စု ဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဣသရေလနိုင်ငံမှ လူမျိုးနွယ်စု ဆယ့်နှစ်စုတို့သည် ယေဟောဝါ၏ ပထမဆုံး အရွေးခံများ ဖြစ်ခဲ့ကြသည့်အတွက်၊ သူသည် သူတို့၌ အမြဲ အမှုပြုခဲ့သည်မှာ၊ ပညတ်တော်ခေတ်က ယေဟောဝါ၏အမှု ပြီးဆုံးသွားသည့်အထိ ဖြစ်သည်။ အမှုတော်၏ဒုတိယအဆင့်သည် ဓမ္မသစ်ကျမ်းမှ ကျေးဇူးတော်ခေတ်၏ အမှုဖြစ်ပြီး၊ ယင်းကို ဣသရေလ နိုင်ငံထဲက လူမျိုးနွယ်စုဆယ့်နှစ်စုအနက် တစ်စုဖြစ်သည့် ယုဒလူမျိုးနွယ်စု အကြား၌ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဤအမှု၏ အတိုင်းအတာ ပိုသေးခဲ့ခြင်းက ယေရှုသည် လူ့ဇာတိခံယူခဲ့သည့် ဘုရားသခင် ဖြစ်သောကြောင့်ပင်တည်း။ ယေရှုသည် ယုဒပြည်တစ်ဝန်း၌သာ အမှုပြုခဲ့ပြီး၊ သုံးနှစ်ခွဲမျှသော အမှုကိုသာ ပြုခဲ့သည်။ ထို့ကြောင့် ဓမ္မသစ်ကျမ်း၌ မှတ်တမ်း တင်ထားသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် အမှုပမာဏကို မည်သို့မျှ ကျော်လွန်၍ မရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)” မှ

သမ္မာကျမ်းစာသည် သမိုင်းစာအုပ်တစ်အုပ်ဖြစ်သည်။ ၎င်း၌ ပရောဖက်များ၏ အနာဂတ်ဆိုင်ရာ ဟောကြားချက်တချို့ ပါဝင်ခဲ့သည်မှာ မှန်သော်လည်း၊ ထိုသို့သော ဟောကြားချက်များသည် သမိုင်းနှင့် လားလားမျှ မသက်ဆိုင်ပေ။ သမ္မာကျမ်းစာထဲမှာ ကဏ္ဍ အမျိုးမျိုးပါဝင်သည်— ၎င်းထဲတွင် ပရောဖက်ပြုချက်များ သို့မဟုတ် ယေဟောဝါ၏ အမှုများ သို့မဟုတ် ရှင်ပေါလု၏ ဩဝါဒစာများသာ ပါခဲ့သည် မဟုတ်ပေ။ သမ္မာကျမ်းစာထဲ၌ အပိုင်းမည်မျှ ပါဝင်သည်ကို သင်တို့ သိရှိကြရမည်၊ ဓမ္မဟောင်းကျမ်းထဲ၌ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း...စသဖြင့် ပါဝင်ပြီး ပရောဖက်များက ရေးသားသည့် အနာဂတ္တိကျမ်းများလည်း ရှိသေးသည်။ အဆုံးတွင်၊ ဓမ္မဟောင်းကျမ်းကို မာလခိကျမ်းဖြင့် အဆုံးသတ်ထားသည်။ ၎င်းသည် ယေဟောဝါမှ ဦးဆောင်ခဲ့သည့် ပညတ်တော်ခေတ်၏ အမှုကို မှတ်တမ်းတင်ထားသည်၊ ကမ္ဘာဦးကျမ်းမှ မာလခိကျမ်းအထိ ၎င်းသည် ပညတ်တော်ခေတ်၏ အမှုအားလုံး၏ ပြည့်စုံသော မှတ်တမ်းတစ်ခုဖြစ်သည်။ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ် ကာလတုန်းက ယေဟောဝါ၏ လမ်းညွှန်မှုကို ခံယူခဲ့ကြသည့်လူများ ကြုံတွေ့ခဲ့ရသည့် အရာများအားလုံးကို မှတ်တမ်းတင်ထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ် ကာလထဲတွင်၊ ယေဟောဝါမှ ပျိုးထောင်လေ့ကျင့် ပေးခဲ့သည့် များပြားလှသည့် ပရောဖက်များသည် ယေဟောဝါ၏ ကိုယ်စား ပရောဖက်ပြုချက်များကို ဟောကြားခဲ့ကြသည်၊ သူတို့သည် အမျိုးမျိုးသော လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများကို လမ်းညွှန်ချက်များ ပေးခဲ့ကြပြီး၊ ယေဟောဝါမှ ပြုမည့် အမှုကို ကြိုပြီး ဟောကြားခဲ့ကြသည်။ ထိုသို့ ပျိုးထောင်လေ့ကျင့်ပေးခြင်း ခံခဲ့ကြရသူ အားလုံးတို့အား ပရောဖက်ပြုခြင်းဝိညာဉ်ကို ယေဟောဝါမှ ပေးအပ်ခဲ့သည်- သူတို့သည် ယေဟောဝါထံမှ ရူပါရုံများကို မြင်နိုင်၏၊ ဘုရားသခင်၏အသံကို ကြားနိုင်ကြပြီး၊ ထို့ကြောင့် ဘုရားသခင်၏ စေ့ဆော်ခြင်းခံရပြီး အနာဂတ္တိကျမ်းများကို ရေးခဲ့ကြသည်။ သူတို့ လုပ်ခဲ့သည့် အလုပ်သည် ယေဟောဝါ၏ အသံကို ဖေါ်ပြချက် ဖြစ်ပြီး၊ ယေဟောဝါ၏ ပရောဖက်ပြုချက်ကို ဖော်ပြချက်ဖြစ်လျက်၊ ထိုစဉ်က ယေဟောဝါ၏အမှုက ဝိညာဉ်ကို အသုံးပြုပြီး လူများကို လမ်းညွှန်ပေးရုံမျှ ဖြစ်ခဲ့သည်၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်မလာခဲ့ဘဲ၊ လူများသည် ဘုရားသခင်၏ မျက်နှာကို မမြင်ခဲ့ကြရပေ။ ထို့ကြောင့်၊ ဘုရားသခင်သည် သူ၏ အလုပ်ကို လုပ်ဆောင်ပေးရန် များစွာသော ပရောဖက်များကို ပျိုးထောင်လေ့ကျင့်ပေးခဲ့ပြီး သူတို့အား ဣသရေလနိုင်ငံထဲက လူမျိုးနွယ်စုတိုင်းနှင့် ဆွေမျိုးစုတိုင်းကို လက်ဆင့်ကမ်းရန် နိမိတ်များကိုပေးခဲ့သည်။ သူတို့၏ အလုပ်က ပရောဖက်ပြုချက်ကို ဟောကြားပေးရန် ဖြစ်ပြီး၊ သူတို့ထဲက အချို့သူတို့သည် အခြားသူတို့အား ပြသပေးရန် ယေဟောဝါ၏ ညွှန်ကြားချက်များကို ချရေးခဲ့ကြပါသည်။ လူများအနေနှင့် ယေဟောဝါ၏ အံ့ဘွယ်ကောင်းမှုနှင့် ဉာဏ်ပညာတို့ကို မြင်တွေ့စေရန်အတွက် ယေဟောဝါသည် ထိုသူများကို ပရောဖက်ပြုချက်များ ဟောကြားရန်၊ အနာဂတ်၏အမှု သို့မဟုတ် ထိုကာလအတွင်း လုပ်ဆောင်ပေးဖို့ ရှိနေသေးသည့် အမှုကို ကြိုပြီး ဟောကြားရန် ပျိုးထောင်လေ့ကျင့်ပေးခဲ့သည်။ ယင်းအနာဂတ္တိကျမ်းများသည် သမ္မာကျမ်းစာထဲက အခြားကျမ်းများနှင့် အတော်များများ မတူကြပေ၊ ၎င်းတို့သည် ပရောဖက်ပြုခြင်းဝိညာဉ်ကို ရရှိခဲ့ကြသူများ— ယေဟောဝါထံမှ ရူပါရုံများ သို့မဟုတ် အသံများ လက်ခံရရှိခဲ့ကြရသူများမှ ဟောကြားခဲ့ကြသည့် သို့မဟုတ် ရေးသားခဲ့ကြသည့် စကားလုံးများ ဖြစ်သည်။ အနာဂတ္တိကျမ်းများမှအပ၊ ဓမ္မဟောင်းကျမ်းထဲ ပါရှိသမျှ အရာအားလုံးမှာ ယေဟောဝါက ၎င်း၏ အမှုကို ပြုပြီးသွားပြီးနောက် လူများက ပြုလုပ်ခဲ့ကြသည့် မှတ်တမ်းများ ဖြစ်သည်။ ကမ္ဘာဦးကျမ်းနှင့် ထွက်မြောက်ရာကျမ်းများကို ဟေရှာယအနာဂတ္တိကျမ်းနှင့် ဒံယေလ အနာဂတ္တိကျမ်းများနှင့် နှိုင်းယှဉ်၍ မရနိုင်သကဲ့သို့ပင်၊ ထိုကျမ်းများသည် ယေဟောဝါမှ ပျိုးထောင် လေ့ကျင့်ပေးခဲ့သည့် ပရောဖက်တို့ပြောကြားခဲ့သည့် ကြိုတင်ဟောကိန်းထုတ်ချက်များကို အစားထိုးနိုင်စွမ်း မရှိနိုင်ကြပေ။ အမှုတော်ကို မလုပ်ဆောင်မီ ပရောဖက်ပြုချက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကျန်သည့် ကျမ်းများကိုမူ အမှုတော် ဆောင်ရွက်ပြီးနောက်၊ လူများ တတ်စွမ်းနိုင်ခဲ့ကြသည်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုကာလက ပရောဖက်များသည် ယေဟောဝါ၏ စေ့ဆော်ပေးခြင်းခံခဲ့ရပြီး အချို့သော ပရောဖက်ပြုချက်များကို ပြောကြားခဲ့သည်၊ ၎င်းတို့သည် စကားအများအပြား ပြောကြားခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ဆိုင်ရာ အရာများအပြင် ယေဟောဝါမှ လုပ်ဆောင်ရန် စီမံထားသည့် နောက်ဆုံးသောကာလ၌ ကမ္ဘာကြီးအား ဖျက်ဆီးမှု အကြောင်းကိုလည်း ပရောဖက်ပြုခဲ့ကြသည်။ ကျန်သည့် ကျမ်းများအားလုံးမှာ ယေဟောဝါက ဣသရေလနိုင်ငံတွင် ပြုခဲ့သည့်အမှုကို မှတ်တမ်းတင်ထားကြသည်။ သို့ဖြစ်၍၊ သင်တို့ သမ္မာကျမ်းစာကို ဖတ်ရှုသည့်အခါ၊ သင်တို့သည် ယေဟောဝါက ဣသရေလနိုင်ငံတွင် လုပ်ဆောင်ခဲ့သည့်အရာများကို အဓိကအားဖြင့် ဖတ်နေခြင်း ဖြစ်၏၊ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းမှာ ဣသရေလနိုင်ငံအား လမ်းညွှန်ပေးရန် ယေဟောဝါ၏ အမှု၊ ဣသရေလ အမျိုးသားတို့ကို ဖာရောဘုရင်၏ သံခြေကျင်းများကို ဖယ်ရှားပေးလျက် တောထဲသို့ လမ်းပြရန် မောရှေကို ယေဟောဝါမှ အသုံးပြုခဲ့ခြင်းနှင့် နောက်ပိုင်း ခါနာန်ပြည်အတွင်း ဝင်ရောက်ခဲ့ပြီး ၎င်းနောက်အားလုံးက ခါနာန်ပြည်ရှိ သူတို့၏ ဘဝအကြောင်းကို အဓိကအားဖြင့် မှတ်တမ်းတင်ထားလေသည်။ ထိုမှအပ အားလုံးသည် ဣသရေလနိုင်ငံတစ်ဝန်းလုံးတွင် ယေဟောဝါ၏ အမှုများ၏ မှတ်တမ်းများ စုစည်းထားခြင်း ဖြစ်သည်။ ဓမ္မဟောင်းကျမ်းထဲ မှတ်တမ်းတင်ထားသည့် အရာအားလုံးသည် ဣသရေလနိုင်ငံ၌ ယေဟောဝါ၏ အမှု၊ ယေဟောဝါက အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သည့် ပြည်ထဲက ယေဟောဝါ ပြုခဲ့သည့် အမှုဖြစ်သည်။ ဘုရားသခင်က နောဧနောက်ပိုင်း ကမ္ဘာပေါ်ရှိ လူများကို တရားဝင် စတင်ဦးဆောင်လာခဲ့သည့် အချိန်မှစပြီး၊ ဓမ္မဟောင်းကျမ်းထဲ မှတ်တမ်းတင်ထားသမျှ အရာတိုင်းမှာ ဣသရေလနိုင်ငံက အမှုဖြစ်သည်။ ဣသရေလနိုင်ငံပြင်ပက အမှုတစ်ခုကိုမျှ မှတ်တမ်းတင်ထားခြင်း မရှိသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဣသရေလပြည်သည် လူသားမျိုးနွယ် အစပျိုးရာအရပ် ဖြစ်၍ ဖြစ်သည်။ အစအဦးတွင်၊ ဣသရေလမှအပ အခြားနိုင်ငံများ မရှိခဲ့ကြပေ၊ သို့ဖြစ်၍ ယေဟောဝါသည် အခြားနေရာတွင် အမှုမပြုခဲ့ပေ။ ထိုနည်းဖြင့်၊ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းထဲ၌ မှတ်တမ်းတင်ထားသည်များမှာ ထိုစဉ်က ဣသရေလနိုင်ငံရှိ ဘုရားသခင်၏အမှုသက်သက်သာ ဖြစ်သည်။ ပရောဖက်များဖြစ်သည့် ဟေရှာယ၊ ဒံယေလ၊ ယေရမိနှင့် ယေဇကျေလတို့ ပြောကြားသည့် စကားလုံးများ...သူတို့၏ စကားလုံးများသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ အခြားအမှုကို ကြိုတင်ဟောကြားခဲ့၏၊ သူတို့သည် ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင်၏ အမှုကို ကြိုတင်ဟောကြားခဲ့ကြသည်။ ယင်းအရာများ အားလုံး ဘုရားသခင်ထံမှ လာခဲ့၏၊ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ပရောဖက်များ၏ ဤကျမ်းစာအုပ်များမှအပ၊ အခြားအရာ အားလုံးသည် ထိုအချိန်က ယေဟောဝါ၏ အမှုကို လူတို့ကြုံတွေ့ခြင်းများ၏ မှတ်တမ်းတစ်ခုဖြစ်သည်။

ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ် မရှိမီ ဖြစ်ပေါ်ခဲ့သော်လည်း၊ ကမ္ဘာဦးကျမ်းသည် လူသားမျိုးနွယ် ပေါ်လာခဲ့သည့် နောက်မှသာပေါ်လာခဲ့၏၊ ယင်းသည် မောရှေက ပညတ်တော်ခေတ်ထဲတွင် ရေးခဲ့သည့် ကျမ်းတစ်အုပ် ဖြစ်သည်။ ၎င်းမှာ သင်တို့အကြား ယနေ့ဖြစ်ပျက်သည့် အရာများနှင့် တူသည်- ၎င်းတို့ဖြစ်ပျက်သွားသည့် နောက်၊ အနာဂတ်တွင် လူများကို ပြသပေးရန် သင်တို့သည် ထိုအရာများကို ချရေးကြသည်၊ အနာဂတ်ထဲက လူများအတွက်မူ၊ သင် မှတ်တမ်းတင်ထားလိုက်သည့် အရာများက အတိတ်ကာလများတုန်းက ဖြစ်ပျက်ခဲ့သည့် အရာများ ဖြစ်သည်— ၎င်းတို့သည် သမိုင်းသက်သက်ပင် ဖြစ်သည်။ ဓမ္မဟောင်းကျမ်း၌ မှတ်တမ်းတင်ထားသည့် အရာများသည် ဣသရေလနိုင်ငံ၌ ယေဟောဝါ၏ အမှုဖြစ်ပြီး၊ ဓမ္မသစ်ကျမ်းထဲ မှတ်တမ်းတင်ထားသည့် အရာမှာ ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏အမှု ဖြစ်သည်၊ ၎င်းတို့သည် မတူညီသည့် ခေတ်နှစ်ခေတ်၌ ဘုရားသခင်က လုပ်ဆောင်ခဲ့သည့် အမှုကို မှတ်တမ်းတင်ထားကြ၏။ ဓမ္မဟောင်းကျမ်းက ပညတ်တော်ခေတ်အတွင်း ဘုရားသခင်၏ အမှုကို မှတ်တမ်းတင်၏၊ ထို့ကြောင့် ဓမ္မဟောင်းကျမ်းက သမိုင်းဝင်စာအုပ် ဖြစ်သော်လည်း၊ ဓမ္မသစ်ကျမ်းကမူ ကျေးဇူးတော်ခေတ် အမှု၏ ရလဒ်ဖြစ်သည်။ အမှုအသစ်ကို စတင်သည့်အခါ၊ ဓမ္မသစ်ကျမ်းသည်လည်း ခေတ်ဟောင်းသွားခဲ့၏— သို့ဖြစ်၍၊ ဓမ္မသစ်ကျမ်းသည်လည်း သမိုင်းဝင်စာအုပ်တစ်အုပ် ဖြစ်၏။ ဓမ္မသစ်ကျမ်းသည် ဓမ္မဟောင်းကျမ်းကဲ့သို့ စနစ်မကျသကဲ့သို့၊ အရာများစွာကိုလည်း ဓမ္မဟောင်းကျမ်းလောက် မှတ်တမ်းမတင်ထားသည်မှာ မှန်ပေသည်။ ယေဟောဝါ မိန့်ကြားခဲ့သည့် နှုတ်ကပတ်တော်များအားလုံးကို သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသော်လည်း၊ ယေရှု၏နှုတ်ကပတ်တော် အချို့တို့ကိုသာ ခရစ်ဝင်ကျမ်း လေးကျမ်းထဲတွင် မှတ်တမ်းတင်ထားသည်။ ယေရှုသည်လည်း အမှုများစွာ လုပ်ဆောင်ခဲ့သည်မှာ မှန်၏၊ သို့သော်လည်း၊ ၎င်းတို့ကို အသေးစိတ် မှတ်တမ်းမတင်ထားခဲ့ပေ။ ဓမ္မသစ်ကျမ်းထဲတွင် ထိုသို့ မှတ်တမ်းတင်မှု နည်းနေခြင်းမှာ ယေရှုလုပ်ဆောင်ခဲ့သည့် အမှု၏ ပမာဏကြောင့် ဖြစ်သည်၊ သုံးနှစ်ခွဲကြာ ကာလအတွင်း ကမ္ဘာကြီးပေါ်မှာ ယေရှုလုပ်ခဲ့သည့် အမှုပမာဏနှင့် တမန်တော်များ လုပ်ခဲ့ကြသည့် အမှုပမာဏမှာ ယေဟောဝါ၏ အမှုထက် များစွာမှ နည်းပါးခဲ့သည်။ သို့ဖြစ်သောကြောင့်၊ ဓမ္မသစ်ကျမ်းတွင်ဓမ္မဟောင်းကျမ်းထက် ကျမ်းစာအုပ်များ ပိုနည်းခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)” မှ

သမ္မာကျမ်းစာကို ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းဟူ၍လည်း ခေါ်ပေသည်။ “ဓမ္မသတ်ကျမ်း” ဟူသည့်အရာက မည်သည့်အရာ ရည်ညွှန်းသည်ကို သင် သိပါသလော။ ဓမ္မဟောင်းကျမ်းထဲရှိ “ဓမ္မသတ်ကျမ်း” သည် ယေဟောဝါက အဲဂုတ္တုလူတို့ကို သတ်ဖြတ်ပြီး ဣသရေလအမျိုးသားတို့ကို ဖာရောမင်းထံမှ ကယ်တင်သောအချိန် ဣသရေလအမျိုးသားတို့နှင့် သူပြုသည့် ပဋိညာဉ်မှ လာခြင်းဖြစ်သည်။ ဟုတ်ပေ၏၊ ဤပဋိညာဉ်၏ သက်သေမှာ တံခါးထုပ်ပေါ် လိမ်းကျံထားသည့် သိုးသငယ်၏ အသွေးဖြစ်ပြီး၊ ယင်းမှတဆင့် တံခါးဘောင်၏ ထိပ်နှင့် နံဘေးများပေါ်တွင် သိုးသငယ်၏ သွေးများ ရှိသောသူအားလုံးသည် ဣသရေလအမျိုးသားများဖြစ်ကြောင်း၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူများဖြစ်ပြီး ၎င်းတို့သည် ယေဟောဝါ၏ အသက်ချမ်းသာပေးခံရလိမ့်မည်ဖြစ်ကြောင်း ဆိုထားသည့် ပဋိညာဉ်တစ်ခုကို ဘုရားသခင်သည် လူနှင့်အတူ တည်ထောင်ခဲ့ပေသည် (အကြောင်းမူကား ထိုအချိန်က ယေဟောဝါသည် အဲဂုတ္တု၏ သားဦးများနှင့် သိုးနွားတိရစ္ဆာန်တို့၏ သားဦးများကို သတ်ဖြတ်တော့မည်ဖြစ်သောကြောင့်ပေတည်း)။ ဤပဋိညာဉ်တွင် အဓိပ္ပါယ် အဆင့်နှစ်ဆင့် ရှိလေသည်။ အဲဂုတ္တု၏ လူများ သို့မဟုတ် ခြံမွေးတိရစ္ဆာန်များထဲမှ အဘယ်သူမျှ ယေဟောဝါအားဖြင့် ကယ်ဆယ်ခံရလိမ့်မည် မဟုတ်ပေ။ သူသည် ၎င်းတို့၏ သားဦးများနှင့် သိုးများနှင့် ကျွဲနွားတိရစ္ဆာန်တို့၏ သားဦးများ အားလုံးကို သတ်ဖြတ်လိမ့်မည် ဖြစ်သည်။ ဤအကြောင်းကြောင့်၊ အနာဂတ္တိ ကျမ်းများစွာတွင် အဲဂုတ္တုလူတို့သည် ယေဟောဝါ၏ ပဋိညာဉ် အကျိုးဆက်တစ်ခုအနေဖြင့် ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမခံရလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ်ထားခဲ့ပေသည်။ ဤသည်မှာ ပဋိညာဉ်၏ ပထမအဆင့် အဓိပ္ပါယ်ဖြစ်သည်။ ယေဟောဝါသည် အဲဂုတ္တု၏ သားဦးများနှင့် ယင်း၏ ကျွဲနွားတိရစ္ဆာန် သားဦးများအားလုံးကို သတ်ဖြတ်ခဲ့ပြီး ဣသရေလအမျိုးသားအားလုံးကို ချမ်းသာပေးခဲ့သည်၊ ဆိုလိုသည်မှာ ဣသရေလ တိုင်းပြည်နှင့် ဆိုင်သော သူအားလုံးသည် ယေဟောဝါ၏ ချစ်ခင်မြတ်နိုးခြင်းကို ခံခဲ့ရပြီး အားလုံး အသက်ချမ်းသာပေးခံခဲ့ရပေသည်။ သူသည် ၎င်းတို့နှင့်အတူ ရေရှည်အလုပ်လုပ်ရန် ဆန္ဒရှိခဲ့ပြီး သိုးသငယ်၏ အသွေးကို အသုံးပြုလျက် ၎င်းတို့နှင့် ပဋိညာဉ်တစ်ခု တည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍၊ ယေဟောဝါသည် ဣသရေအမျိုးသားတို့ကို မသတ်ခဲ့သကဲ့သို့ ၎င်းတို့သည် အစဉ်ထာဝရ သူ၏ ရွေးချယ်ခြင်းခံရသောသူများ ဖြစ်လိမ့်မည်ဟု ဆိုခဲ့သည်။ ဣသရေလအမျိုးသား ဆယ့်နှစ်မျိုးကြားတွင် သူသည် ပညတ်တော်ခေတ် တစ်ခုလုံးအတွက် သူ၏ အမှုကို စတင်ခဲ့သည်၊ ဣသရေလအမျိုးသားတို့ထံ သူ၏ ပညတ်တရားအားလုံးကို ဖွင့်ဟခဲ့ပြီး ၎င်းတို့ထဲမှ ပရောဖက်များနှင့် တရားသူကြီးများကို ရွေးချယ်ခဲ့ကာ ၎င်းတို့သည် သူ့အမှု၏ အဓိကကျသောနေရာတွင် ရှိခဲ့ကြသည်။ ယေဟောဝါသည် ၎င်းတို့နှင့်အတူ ပဋိညာဉ်တစ်ခု ပြုလုပ်ခဲ့သည်- ခေတ်မပြောင်းလဲခဲ့သော်၊ သူသည် ရွေးချယ်ထားသော သူတို့အလယ်တွင်သာ အမှုပြုလိမ့်မည်ဖြစ်သည်။ ယောဟောဝါ၏ ပဋိညာဉ်မှာ မပြောင်းလဲနိုင်သောအရာဖြစ်သည်၊ အကြောင်းမူကား ယင်းသည် အသွေးဖြင့် ပြုလုပ်ထားပြီး သူ၏ ရွေးချယ်ထားသော လူတို့နှင့်အတူ တည်ထောင်ထားသောကြောင့် ဖြစ်ပေသည်။ သာ၍ အရေးကြီးသည်မှာ၊ ခေတ်တစ်ခုလုံးအတွက် သူ၏ အမှုကို အစပြုဖို့ အသုံးပြုရန် သင့်လျော်သော နယ်ပယ်နှင့် ရည်မှန်းချက်တို့ကို သူ ရွေးချယ်ခဲ့ပြီး ဖြစ်သည်၊ ထို့ကြောင့် လူတို့သည် ပဋိညာဉ်ကို အထူးသဖြင့် အရေးကြီးသည်ဟု မြင်ခဲ့ကြလေသည်။ ဤသည်မှာ ပဋိညာဉ်၏ အဓိပ္ပါယ် ဒုတိယအဆင့် ဖြစ်သည်။ ပဋိညာဉ် တည်ထောင်ခြင်း မတိုင်မီ ရှိခဲ့သည့် ကမ္ဘာဦးကျမ်းကို ခြွင်းချက်ထားလျက်၊ ဓမ္မဟောင်းကျမ်းထဲရှိ အခြားကျမ်းအုပ်များအားလုံးသည် ပဋိညာဉ် တည်ထောင်ပြီးနောက်ပိုင်း ဣသရေလအမျိုးသားတို့ကြား ဘုရားသခင်၏ အမှုကို မှတ်တမ်းတင်လေသည်။ အခါအားလျော်စွာ တပါးအမျိုးသားတို့၏ အဖြစ်အပျက်များ ရှိသည်မှာ မှန်ပေ၏၊ သို့သော် ခြုံငုံကြည့်လျှင်၊ ဓမ္မဟောင်းကျမ်းက ဣသရေလထဲ၌ ဘုရားသခင်၏ အမှုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဣသရေလအမျိုးသားတို့နှင့် ယေဟောဝါ၏ ပဋိညာဉ်ကြောင့်၊ ပညတ်တော်ခေတ်အတွင်း ရေးသားခဲ့သည့် ကျမ်းအုပ်များကို ဓမ္မဟောင်းကျမ်းဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ဣသရေလအမျိုးသားတို့နှင့်အတူ ပြုသည့် ယေဟောဝါ၏ ပဋိညာဉ်ကို အစွဲပြု၍ အမည်မှည့်ထားခြင်း ဖြစ်သည်။

ဓမ္မသစ်ကျမ်းကို ကားတိုင်ထက် သွန်းခဲ့သည့် ယေရှု၏ အသွေးနှင့် သူ့ကို ယုံကြည်သူအပေါင်းတို့နှင့်အတူပြုခဲ့သည့် သူ၏ပဋိညာဉ်ကို အစွဲပြု၍ အမည်မှည့်ထားခြင်းဖြစ်သည်။ ယေရှု၏ ပဋိညာဉ်မှာ ဤသို့ဖြစ်သည်- သူသွန်းခဲ့သည့် အသွေးကြောင့် သူတို့အပြစ်ဖြေလွှတ်ခြင်းခံရရန်အတွက် လူတို့သည် သူ့ကို ယုံကြည်ဖို့သာ ရှိပြီး၊ ထိုသို့ဖြင့် ၎င်းတို့ ကယ်တင်ခံရလိမ့်မည်ဖြစ်ကာ သူ့အားဖြင့် တဖန်ပြန်မွေးဖွားမည်ဖြစ်ပြီး အပြစ်သားများ ဖြစ်ကြတော့မည်မဟုတ်ပေ။ သူ၏ ကျေးဇူးတော်ကို ရရှိဖို့ရန် လူတို့သည် သူ့ကို ယုံကြည်ဖို့သာ ရှိပြီး ၎င်းတို့ သေဆုံးပြီးနောက် ငရဲတွင် ဆင်းရဲဒုက္ခခံရလိမ့်မည်မဟုတ်ပေ။ ကျေးဇူးတော်ခေတ်အတွင်း ရေးသားခဲ့သည့် ကျမ်းအုပ်များအားလုံးသည် ဤပဋိညာဉ်နောက်ပိုင်းတွင် ဖြစ်လာခဲ့ခြင်းဖြစ်ပြီး အထဲ၌ ပါရှိသည့် အမှုနှင့် မိန့်မြွက်ချက်များအားလုံးကို ၎င်းတို့အားလုံး မှတ်တမ်းတင်ထားလေသည်။ ၎င်းတို့သည် သခင်ယေရှု၏ ကားစင်တင်သတ်ခံရခြင်း သို့မဟုတ် ပဋိညာဉ် နှင့်ဆိုင်သော ကယ်တင်ခြင်းထက် ပိုမဖော်ပြပေ။ ၎င်းတို့အားလုံးသည် အတွေ့အကြုံများရှိကြသည့် သခင်၌ ညီအစ်ကိုများ ရေးသားထားသည့် ကျမ်းအုပ်များ ဖြစ်သည်။ ထို့ကြောင့် ဤကျမ်းအုပ်များကိုလည်း ပဋိညာဉ်ကို အစွဲပြု၍ အမည်မှည့်ထားလေသည်။ ၎င်းတို့ကို ဓမ္မသစ်ကျမ်းဟု ခေါ်ဆိုပေသည်။ ဤကျမ်းနှစ်ကျမ်းတွင် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်သာ ပါဝင်ပြီး နောက်ဆုံးသော ခေတ်နှင့် ဆက်နွှယ်မှုမရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၂)” မှ

လူများစွာတို့သည် သမ္မာကျမ်းစာကို နားလည်ခြင်းနှင့် အဓိပ္ပာယ် ဖွင့်ဆိုနိုင်ခြင်းသည် မှန်ကန်သည့် လမ်းခရီးကို ရှာတွေ့ခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း အမှန်တွင်၊ အမှုအရာများသည် အမှန်ပင် အလွန် ရိုးရှင်းသလော။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံး၀ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ တင်ပြခြင်းက ၎င်းတို့ကို သမိုင်းဖြစ်စေပြီး၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်သည်ဖြစ်စေ စစ်မှန်သည်ဖြစ်စေ၊ သမိုင်းဖြစ်နေဆဲပင်ဖြစ်ပြီး၊ ဘုရားသခင်သည် သမိုင်းကို ပြန်လှည့်မကြည့်သည့်အတွက် သမိုင်းသည် ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် အမှုအကြောင်း ဘာမျှမသိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရှာဖွေပါက၊ သင်သည် ဘုရားသခင်အား ရှာဖွေခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သင်သည် ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်းကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့သည့် သမိုင်းကို သုတေသနပြုရန်အတွက် သမ္မာကျမ်းစာကို ဖတ်ရှုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်စားသည့်အတွက်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို လိုက်စားပြီး အသက်မဲ့သော စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် သမိုင်းကို နားလည်မှုအား မလိုက်စားသည့်အတွက်၊ သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ လမ်းညွှန်ချက်ကို ရှာဖွေရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်းသုတေသန ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ ဘုရားသခင်ကို ယုံကြည်သောသူများထဲမှ တစ်ဦးဖြစ်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေပါက အကောင်းဆုံး ဖြစ်မည်။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းအားဖြင့်၊ အများဆုံးအနေနှင့် သင်သည် ဣသရေလသမိုင်းကို အနည်းငယ် နားလည်လိမ့်မည်၊ အာဗြဟံ၊ ဒါဝိဒ်နှင့် မောရှေတို့၏ ဘဝများအကြောင်းကို သိလိမ့်မည်၊ ၎င်းတို့က ယေဟောဝါကို ရိုသေလေးမြတ်ခဲ့ကြပုံ၊ ယေဟောဝါက သူ့ကို ဆန့်ကျင်ခဲ့ကြသူတို့အား မီးရှို့ပစ်ခဲ့ပုံနှင့် ထိုခေတ်ကာလမှ လူတို့ကို ယေဟောဝါ စကားပြောဆိုခဲ့ပုံတို့ကို သိလိမ့်မည်။ အတိတ်ကာလတုန်းက ဘုရားသခင်၏ အမှုအကြောင်းကိုသာ သင်ရှာတွေ့လိမ့်မည်။ သမ္မာကျမ်းစာ၏ မှတ်တမ်းများသည် ကနဦး ဣသရေလလူမျိုးတို့ ဘုရားသခင်အား မည်သို့ ရိုသေလေးမြတ်ခဲ့ကြပြီး ယေဟောဝါ၏ လမ်းညွှန်မှုအောက်၌ မည်သို့ နေထိုင်ခဲ့ကြသည် ဆိုသည်တို့နှင့် သက်ဆိုင်လေသည်။ ဣသရေလအမျိုးသားများသည် ဘုရားသခင်၏ ရွေးချယ်ခံလူများ ဖြစ်ခဲ့ကြ၍၊ သင်သည် ဓမ္မဟောင်းကျမ်းထဲတွင် ယေဟောဝါအား ဣသရေလအမျိုးသားများ အားလုံး၏ သစ္စာရှိခြင်း၊ ယေဟောဝါကို နာခံခဲ့ကြသူ အားလုံးတို့ကို သူက မည်သို့ စောင်မပေးပြီး ကောင်းချီးမင်္ဂလာ ပေးခဲ့ခြင်းတို့ကို မြင်တွေ့ရမည် ဖြစ်သည်။ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့ချိန်တွင် သူသည် ကရုဏာနှင့် မေတ္တာတို့ဖြင့် ပြည့်နေခဲ့ပြီး လောင်သောမီးတောက်များကို ပိုင်ဆိုင်ကာ အနိမ့်ကျဆုံးသူမှ အားကြီးသောသူတို့အထိ ဣသရေလ အမျိုးသားအားလုံးသည် ယေဟောဝါကို ရိုသေလေးမြတ်ခဲ့ကြပြီး၊ ထို့ကြောင့် တစ်နိုင်ငံလုံး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ခံစားခဲ့ရသည်ကို သင် သိနိုင်သည်။ ယင်းမှာ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် ဣသရေလ၏သမိုင်း ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)” မှ

သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏ လမ်းခရီးကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုလျှင်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုရမည်။ သင်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ကို နားလည်လိုလျှင်၊ ဓမ္မသစ်ကျမ်းကို ဖတ်ရှုရမည်။ သို့သော်လည်း နောက်ဆုံးသောကာလ၏ အမှုကို သင် မည်သို့ မြင်သနည်း။ သင်သည် ယနေ့၏ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံလျက် ယနေ့၏အမှုတော်ထဲကို ဝင်ရောက်ကြရမည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အမှုသစ်ဖြစ်ပြီး၊ မည်သူမျှ ယခင်က သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားခဲ့သောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီး တရုတ်နိုင်ငံ၌ အခြားရွေးကောက်ခံရသူများကို ရွေးထားပြီ ဖြစ်သည်။ ဘုရားသခင်သည် ထိုလူများ၌ အမှုပြုသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုတော်မှ ဆက်လက်ဆောင်ရွက်ပြီး၊ ကျေးဇူးတော်ခေတ်၏အမှုတော်မှ ဆက်ပြီး ဆောင်ရွက်သည်။ ယနေ့၏အမှုတော်သည် လူသားတို့ မည်သည့်အခါကမျှ မလျှောက်ဖူးသေးသည့် လမ်းကြောင်းဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ယင်းသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုတော်ဖြစ်သည်၊ ယင်းသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုတော် ဖြစ်သည်။ ထို့ကြောင့် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အလုပ်သည် သမိုင်းမဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်ပြီး၊ အတိတ်ဖြစ်သွားရန် လိုသေး၍ ဖြစ်သည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ဣသရေလ၏ ပြင်ပ၊ ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ပြီးကြောင်း၊ ထိုအမှုသည် ဣသရေလ၏ နယ်ပယ်အပြင်ထိ ကျော်လွန်နှင့်ပြီး၊ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်ကြောင်း၊ ယင်းသည် ပရောဖက်ပြုချက်များ၌ မပါဝင်သည့် အသစ်သော အံ့သြဖွယ်အမှု၊ ဣသရေလအပြင်ရှိ ပိုမိုသစ်လွင်သည့် အမှု၊ လူသားများ မည်သည့်အခါတွင်မျှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အမှုဖြစ်ကြောင်းကို လူများက မသိကြပေ။ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သောအမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများ မည်သို့ ပါဝင်နိုင်မည်နည်း။ မည်သူသည် ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမျှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် ထိုစာအုပ်ထဲ၌ ယခုကဲ့သို့ ပိုမို ကြီးမြတ်ပြီး ပို၍ ဉာဏ်ပညာရှိကာ၊ အစဉ်အလာကို အာခံသည့် အမှုကို မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ ယနေ့အမှုသည် သမိုင်းမဟုတ်ပေ၊ သို့ဖြစ်၍ သင်က ယနေ့၏လမ်းကြောင်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာမှ သွေဖည်ရမည်ဖြစ်သည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းကို ကျော်လွန်ပြီးသွားရမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို မှန်ကန်စွာ လျှောက်နိုင်မည် ဖြစ်သည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် လောကသစ်နှင့် အမှုသစ်ထဲကို ဝင်ရောက်နိုင်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၎င်းတို့သည် သမ္မာကျမ်းစာကို စွဲကိုင်ပြီး ကိုးကွယ်ပါက၊ ထာဝရအသက်ကို မရရှိနိုင်မည့် အကြောင်းအရင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။...

သမ္မာကျမ်းစာ တစ်ခုလုံးသည် ဘုရားသခင် စေ့ဆော်ခြင်းခံရပြီး ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်ဟု ဘာသာရေးလောက က ယုံကြည်ပါသည်၊ ဤအမြင်ရှုထောင့် မှားယွင်းသည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ယနေ့ခေတ်တွင် လူတို့က သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်ဟု...

သမ္မာကျမ်းစာ၏ ရှိရင်းစွဲတန်ဖိုးနှင့် ဘုရားသခင်၏ အလိုတော်နှင့်ကိုက်ညီအောင် သမ္မာကျမ်းစာကို ချဉ်းကပ်သင့်သည့် နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာသည် ဣသရေလ၌ ဘုရားသခင် ပြုသည့် အမှု၏ သမိုင်းမှတ်တမ်းဖြစ်ပြီး ရှေးခေတ် ပရောဖက်များ၏...