အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

၄) ဘုရားသခင်သည် နောက်ဆုံးသောကာလ သူ၏တရားစီရင်ခြင်း အမှုတော်ကိုလုပ်ဆောင်ရန် အဘယ်ကြောင့် လူသားကိုအသုံးမပြုသနည်း၊ ကိုယ်တော်သည် အဘယ်ကြောင့် လူ့ဇာတိခံယူပြီး ကိုယ်တော်တိုင် လုပ်ဆောင်ရပါသနည်း။

34

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ခမည်းတော်သည် အဘယ်သူကိုမျှ မတရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။…သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။” (ယော ၅:၂၃-၂၇)

သမ္မာတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသင့်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။ အကြောင်းမှာ တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်။ လူသားတို့အကြား ထိုအလုပ်ကို လုပ်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဍာန်ဖြင့် ပေါ်နေဆဲဖြစ်သည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ၊ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် သမ္မာတရားကို အသုံးပြု၍ ကမ္ဘာတဝှမ်းရှိ လူတို့ကို သွန်သင်ကာ သမ္မာတရား အလုံးစုံကို သူတို့အား သိစေလိမ့်မည်။ ယင်းကား ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘာထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည်လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်းအကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် သမ္မာတရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက်နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်းအမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

ယနေ့ သင့်အား ငါ၏ တရားစီရင်ခြင်းသည် သင်၏ ညစ်ညူးခြင်းကြောင့် ဖြစ်သည်၊ ယနေ့ သင့်အား ငါ၏ ပြစ်တင် ဆုံးမခြင်းသည် သင်၏ ယိုယွင်းပျက်စီးခြင်းနှင့် ပုန်ကန်ခြင်းတို့ကြောင့် ဖြစ်သည်။ ယင်းမှာ သင်တို့အကြား၌ သြဇာအာဏာနှင့် ဂုဏ်သိက္ခာတို့ကို ပြရန်မဟုတ် သို့မဟုတ် သင်တို့ကို တမင်တကာ အနိုင်ကျင့်ရန်လည်း မဟုတ်ဘဲ ညစ်ညူးသော မြေတွင်နေထိုင်သော သင်တို့သည် အလွန်အမင်း များပြားလှသော ညစ်ညူးခြင်းနှင့် စွန်းထင်းပေကျံနေခဲ့ကြ၍ ဖြစ်သည်။ သင်တို့သည် သင်တို့၏ သမာဓိ၊ သင်တို့၏ လူ့သဘာဝတို့ကို တကယ်ပင် ဆုံးရှုံးခဲ့ကြပြီး အဆိုးညစ်ဆုံးသော နေရာများတွင် နေကြသည့် ဝက်နှင့် ဘာမျှမခြားပေ။ သင်တို့ အထဲတွင်ရှိသော ဤအရာများကြောင့်၊ သင်တို့သည် တရားစီရင်ခြင်း ခံရပြီး သူ၏ အမျက်ဒေါသသည် သင်တို့ အပေါ်သို့ သက်ရောက်ခြင်း ဖြစ်သည်။ ဤတရားစီရင်ခြင်းများကြောင့် ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင်သည် သန့်ရှင်းသော ဘုရားသခင် ဖြစ်သည်ကို သင်တို့ တွေ့မြင်ခြင်းငှာ တတ်စွမ်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။ သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကြောင့် သူသည် သင်တို့ကို တရား စီရင်ခဲ့ပြီး၊ သူ၏ အမျက်ဒေါသကို သင်တို့အပေါ်သို့ သက်ရောက်စေခဲ့ခြင်း ဖြစ်သည်။ လူသားမျိုးနွယ်၏ ပုန်ကန်မှုကို တွေ့မြင်ရသောအခါ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို သူသည် ဖော်ပြနိုင်သည့် အတွက်ကြောင့်နှင့် လူသားမျိုးနွယ်၏ ညစ်ညူးခြင်းကို တွေ့မြင်ရသောအခါ သူ၏သန့်ရှင်းခြင်းကို သူဖော်ပြနိုင်သည့်အတွက်ကြောင့်၊ သူသည် သန့်ရှင်း၍ စွန်းထင်းခြင်းမရှိသော်လည်း ညစ်ညူးခြင်း၏ တိုင်းပြည်တွင် မွေးဖွားလာခဲ့သည့် ဘုရားသခင်ကိုယ်တော်တိုင်လည်း ဖြစ်ကြောင်းကို သက်သေပြရန် ထိုအရာက လုံလောက်ပေသည်။ ကိုယ်တော်သည် အခြားသူများနှင့်အတူ မိမိကိုယ်ကိုယ် စွန်းထင်းပေကျံစေသော လူသားတစဦး ဖြစ်ခဲ့မည်ဆိုပါက၊ သူသည် ဖြောင့်မတ်သော စိတ်သဘောထား သို့မဟုတ် သန့်ရှင်းခြင်း၏ အခြေခံသဘောတရားများ ဘာမျှ မရှိခဲ့ပါက ကိုယ်တော်သည် လူသားမျိုးနွယ်၏ မဖြောင့်မတ်မှုများကို တရားစီရင်ရန် သို့မဟုတ် လူသားမျိုးနွယ်၏ တရားစီရင်သူ ဖြစ်ရန် အရည်အချင်းပြည့်မီခဲ့လိမ့်မည် မဟုတ်ချေ။ အကယ်၍ လူသည် လူကိုပြန်၍ တရားစီရင်မည် ဆိုပါက ယင်းမှာ ကိုယ့်ပါးကိုယ် ကိုယ်ပြန်ရိုက်ခြင်းပင် ဖြစ်လိမ့်မည် မဟုတ်လော။ တစ်စုံတစ်ယောက်သော သူသည် မိမိတို့နှင့် ထပ်တူညီသော ပုဂ္ဂိုလ်မျိုး၊ မိမိတို့ကဲ့သို့ပင် ညစ်ညူးသော ပုဂ္ဂိုလ်မျိုးကို တရားစီရင်ပိုင်ခွင့် မည်သို့ ရှိနိုင်မည်နည်း။ ညစ်ညူးသော လူသားမျိုးနွယ် အားလုံးကို တရားစီရင်နိုင်သည့် တစဦးတည်းသော သူမှာ သန့်ရှင်းသော ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ လူသည် အဘယ်သို့လျှင် လူ၏ အပြစ်များကို တရားစီရင်နိုင်မည်နည်း။ လူသည် အဘယ်သို့လျှင် လူ၏ အပြစ်များကို မြင်တွေ့ခြင်းငှာ တတ်နိုင်မည်နည်း၊ သူတို့သည် လူကို ပြစ်တင်ရှုတ်ချရန် အဘယ်သို့လျှင် အရည်အချင်း ပြည့်မီနိုင်မည်နည်း။ အကယ်၍ ဘုရား သခင်၌ လူ၏ အပြစ်များကို တရားစီရင်ပိုင်ခွင့် မရှိခဲ့ပါက သူသည် အဘယ်သို့လျှင် ဖြောင့်မတ်သော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နိုင်မည်နည်း။ လူတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားများသည် ဖော်ပြခြင်း ခံရသောအခါ ဘုရားသခင်သည် လူတို့ကို တရားစီရင်ရန် ထုတ်ဖော်ပြောဆိုပြီး၊ ထိုအခါမှသာလျှင် သူတို့သည် ဘုရားသခင်မှာ သန့်ရှင်းကြောင်းကို တွေ့မြင်နိုင်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်း အမှုတော်၏ ဒုတိယခြေလှမ်း အသီးသီးပုံ” မှ

ဇာတိခန္ဓာနှင့်နေထိုင်သူ အားလုံးအတွက် မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် လိုက်လျှောက်ရမည့် ပန်းတိုင်များကို လိုအပ်ပြီး၊ ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် အမှန်များနှင့် ဘုရားသခင်၏ မျက်နှာတော်အမှန်အား မျက်မြင်တွေ့ခြင်းကို လိုအပ်သည်။ ဤနှစ်ခုစလုံးကို လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာမှသာ စွမ်းဆောင်နိုင်ပြီး၊ နှစ်ခုစလုံးကို သာမန်ဖြစ်သော စစ်မှန်သည့် ဇာတိခန္ဓာဖြင့်သာ ဖြစ်မြောက်စေနိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်းကို လိုအပ်ရသည့် အကြောင်းရင်းနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လူ့ဇာတိခံယူခြင်းကို လိုအပ်ရခြင်း အကြောင်းရင်းဖြစ်သည်။ လူသားတို့သည် ဘုရားသခင်ကို သိရန်လိုအပ်သဖြင့်၊ မရေရာဘဲ သဘာဝထက်လွန်ကဲသော ဘုရားများ၏ ပုံရိပ်များကို သူတို့၏နှလုံးသားများမှ လွင့်ပျောက်သွားအောင် ပြုရမည်၊ ထို့ပြင် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပယ်ထုတ်ပစ်ရန် လိုအပ်သဖြင့် သူတို့သည် ပထမဆုံးအနေနှင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရမည်။ အကယ်၍ လူတို့၏နှလုံးသားများထဲမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို ဖယ်ထုတ်ပစ်ရန်အတွက် လူသားကသာ လုပ်ဆောင်ပါက သူသည် သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိမည်မဟုတ်ပေ။ လူသားတို့၏နှလုံးသားများထဲရှိ မရေရာသော ဘုရားများ၏ပုံရိပ်များကို စကားလုံးများဖြင့်သာ မြင်သာအောင်ပြခြင်း၊ ဖယ်ရှားခြင်း၊ သို့မဟုတ် အပြည့်အဝ နှင်ထုတ်ခြင်း မပြုနိုင်ပေ။ ထိုသို့ပြုလျှင် လူတို့ထံတွင် နက်ရှိုင်းစွာ အမြစ်စွဲနေသော ဤအရာများကို ပပျောက်စေရန်မှာ နောက်ဆုံးအချိန်အထိ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤအရာတို့ကို လူတို့ တဖြည်းဖြည်း သိလာခွင့်ပေးရန် လက်တွေ့ကျသော ဘုရားသခင်နှင့် ဘုရားသခင်၏ ပုံရိပ်စစ်တို့သာလျှင် ဤမရေရာသော၊ သဘာဝလွန်သောအရာများကို အစားထိုးနိုင်ကာ၊ ဤနည်းအားဖြင့်သာ သတ်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်သည်။ လူတို့သည် ယခင်အတိတ်က သူတို့ရှာဖွေခဲ့သော ဘုရားသခင်သည် ရေရာမှုမရှိဘဲ သဘာဝလွန်ဖြစ်နေသည်ကို အသိအမှတ်ပြုသည်။ ဤအကျိုးဆက်ကို ရယူနိုင်သည့်အရာမှာ လူတစ်ဦးဦး၏ သင်ကြားမှုဖြစ်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်၏ တိုက်ရိုက်လမ်းညွှန်မှုကြောင့်ပင် မဟုတ်ဘဲ၊ လူ့ဇာတိခံယူသော ဘုရားသခင်သာဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် သူ၏အမှုကို တရားဝင်ဆောင်ရွက်သောအခါ လူသား၏အယူအဆများသည် ဖော်ထုတ်လှန်ထားခြင်း ခံရသည်၊ အကြောင်းမှာ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် စစ်မှန်ခြင်းသည် လူသား၏စိတ်ကူးထဲမှ မရေရာသော၊ သဘာဝလွန်သည့် ဘုရားနှင့် ပကတိဆန့်ကျင်ဘက် ဖြစ်နေခြင်းကြောင့်တည်း။ လူသား၏ မူလအယူအဆများကို လူ့ဇာတိခံယူသော ဘုရားသခင်နှင့် သူတို့၏ ဆန့်ကျင်ကွဲလွဲမှုဖြင့်သာ ထုတ်ဖော်နိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းမရှိဘဲ လူသား၏ အယူအဆများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ၊ တစ်နည်းဆိုရသော် အမှန်တရားနှင့်နှိုင်းယှဉ်ပြခြင်းမရှိဘဲ မရေရာသော အရာများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။ မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ လုပ်နိုင်စွမ်းမရှိပေ၊ ထို့အပြင် မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ ရှင်းရှင်းလင်းလင်း ပြောနိုင်စွမ်းမရှိပေ။ ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် သူ၏ကိုယ်ပိုင်အမှုကို လုပ်ဆောင်နိုင်ပြီး သူ့ကိုယ်စား ဤအမှုကို မည်သူကမျှ လုပ်ဆောင်ပေးနိုင်ခြင်းမရှိပေ။ လူသား၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ လူသားသည် ဘုရားသခင်၏စစ်မှန်မှုနှင့် သာမန်ဖြစ်မှုအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်စွမ်းမရှိပေ။ ဘုရားသခင်သည် လူသားတို့အလယ်တွင် ကိုယ်တိုင်အမှုပြုကာ သူ၏ပုံရိပ်နှင့် သူ၏ဖြစ်ခြင်းကို အပြည့်အဝ ပြသမှသာလျှင် လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ တွေ့နိုင်မည်ဖြစ်သည်။ ဤရလဒ်ကို ဇာတိခန္ဓာရှိသည့် မည်သည့်လူကမျှ မရယူနိုင်ပေ။…ထို့ကြောင့် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ တိုက်ရိုက်လုပ်ဆောင်မှုကို ပို၍လိုအပ်သည်။ လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသော ဘုရားသခင်မှ မိမိတို့ကို ထိန်းကျောင်းရန်၊ ပံ့ပိုးရန်၊ ရေလောင်းပေးရန်၊ ကျွေးမွေးရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်တို့ကို လိုအပ်သည်၊ ထို့အပြင် လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်ထံမှ ပို၍များသော ကောင်းချီးနှင့် ပို၍ကြီးမားသော ရွေးနုတ်ခြင်းတို့ကို လိုအပ်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သာလျှင် လူသား၏ ယုံကြည်စိတ်ချရသူ၊ လူသား၏သိုးထိန်း၊ လူသားအတွက် အမြဲရှိနေသော အကူအညီဖြစ်နိုင်ပြီး၊ ဤအရာအားလုံးသည် ယနေ့နှင့် ယခင်အတိတ်ကာလများမှ လူ့ဇာတိခံယူခြင်းကို လိုအပ်မှုဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

အတိအကျအားဖြင့် စာတန်သည် လူသား၏ဇာတိပကတိအား ဖျက်ဆီးခဲ့ကာ၊ လူသားသည် ဘုရားသခင်က ကယ်တင်ရန်ရည်ရွယ်သူ ဖြစ်သဖြင့်၊ ဘုရားသခင်က ဇာတိပကတိခံယူ၍ စာတန်နှင့် တိုက်ပွဲဝင်ကာ လူသားကို ကိုယ်တိုင်လမ်းပြရမည် ဖြစ်သည်။ ဤသည်သာလျှင် သူ၏အမှုအတွက် အကျိုးရှိ၏။ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိ နှစ်ရပ်သည် စာတန်ကို ရှုံးနိမ့်စေရန် တည်ရှိခဲ့၍ လူသားကို ပိုမိုကောင်းမွန်စွာ ကယ်တင်နိုင်ရေးအတွက်လည်း တည်ရှိခဲ့၏။ ဤသည်မှာ စာတန်နှင့်တိုက်ပွဲဝင်သူမှာ- ဘုရားသခင်၏ ဝိညာဉ်ဖြစ်စေ၊ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိဖြစ်စေ- ဘုရားသခင်သာ ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ အတိုအားဖြင့်ဆိုလျှင်၊ စာတန်နှင့် တိုက်ပွဲဝင်နေသူသည် စာတန်၏ ဖျက်ဆီးခြင်းခံရသည့် လူသားမဆိုထားနှင့် ကောင်းကင်တမန်များပင် မဟုတ်နိုင်ပေ။ ကောင်းကင်တမန်များသည် ဤအမှုကိုပြုရန် တန်ခိုးမရှိပေ။ ထို့အပြင် လူသားသည် သာ၍ပင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် လူသားတို့၏အသက်တာအပေါ် အမှုဆောင်လိုပါက၊ လူသားအပေါ် ဆောင်ရွက်ရန် သူကိုယ်တိုင် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာလိုပါက၊ သူကိုယ်တိုင် ဇာတိပကတိ ခံယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူကိုယ်တိုင် ဇာတိပကတိ ယူတင်ဝတ်ဆောင်၍ သူ၏ကိုယ်ပိုင်ဝိသေသ လက္ခဏာနှင့် သူဆောင်ရွက်ရမည့် အမှုအားဖြင့်၊ လူသားအကြားကြွလာ၍ သူကိုယ်တိုင် လူသားကို ကယ်တင်ရမည် ဖြစ်၏။ သို့မဟုတ်ပါက ဤအမှုကို ဆောင်ရွက်သူမှာ ဘုရားသခင်၏ဝိညာဉ် သို့မဟုတ် လူသားဖြစ်ပါက၊ ဤတိုက်ပွဲသည် ထိရောက်မှုရှိရန် အစဉ်ပျက်ကွက်မည်ဖြစ်၍ မည်သည့်အခါမျှ ပြီးဆုံးမည် မဟုတ်ပေ။ လူသားတို့အကြား စာတန်ကို ဆန့်ကျင်တိုက်ပွဲဝင်ရန် ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံယူမှသာလျှင် လူသားသည် ကယ်တင်ခြင်းရရှိရန် အခွင့်အလမ်း ရှိမည်ဖြစ်သည်။ ထို့အပြင်၊ ထိုအခါမှသာလျှင် စာတန်သည် အရှက်ရ၍ ခေါင်းပုံဖြတ်ရန် အခွင့်အလမ်းများ သို့မဟုတ် အကောင်အထည်ဖော်ရန် အစီအစဉ်များ မရှိဘဲ ကျန်ရစ်လိမ့်မည်။ ဘုရားသခင်၏ ဝိညာဉ်သည် လူ့ဇာတိခံယူသော ဘုရားသခင်မှ ဆောင်ရွက်သည့်အမှုကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အပြင် ဇာတိပကတိဆန်သူ မည်သည့်လူသားမျှ ဘုရားသခင်၏ ကိုယ်စား ဆောင်ရွက်နိုင်စွမ်း သာ၍ပင် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူဆောင်ရွက်သည့်အမှုသည် လူသား၏ အသက်တာအတွက်ဖြစ်၍ လူသား၏ ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲရန်ဖြစ်သောကြောင့် ဖြစ်၏။ လူသားသည်သာ ဤတိုက်ပွဲတွင် ပါဝင်ရမည်ဆိုပါက သူသည် အလွန်ဝမ်းနည်းဖွယ်ကောင်းစွာ ကစဉ့်ကလျား ထွက်ပြေးမည်သာဖြစ်၍ လူသား၏ ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်း လုံးဝရှိမည်မဟုတ်ပေ။ လူသားကို လက်ဝါးကပ်တိုင်မှ ကယ်တင်နိုင်စွမ်း သို့မဟုတ် ပုန်ကန်စိတ်ရှိသည့် လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သို့ရာတွင် အခြေခံသဘောတရားအရ သာမန်အမှုအနည်းငယ်သာ သို့မဟုတ် စာတန်ရှုံးနိမ့်ခြင်းနှင့် မသက်ဆိုင်သည့် အမှုကိုသာ လုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အဘယ်ကြောင့် စိတ်အနှောင့်အယှက်ခံမည်နည်း။ စာတန်ရှုံးနိမ့်စေရန်မဆိုနှင့် လူသားကို မရရှိနိုင်သည့်အမှုမှာ မည်သည့်အဓိပ္ပာယ် ရှိမည်နည်း။ ထို့ကြောင့် စာတန်နှင့်တိုက်ပွဲမှာ ဘုရားသခင်ကိုယ်တိုင်သာလျှင် အကောင်အထည်ဖော်နိုင်မည် ဖြစ်ကာ လူသားက လုပ်ဆောင်ရန် စွမ်းဆောင်ရည် လုံးဝမရှိပေ။ လူသား၏တာဝန်မှာ နာခံရန်နှင့် လိုက်နာရန်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခေတ်ကာလအသစ်တစ်ရပ် ဖွင့်လှစ်သည့်အမှုကို မပြုနိုင်သကဲ့သို့ စာတန်နှင့် တိုက်ပွဲဝင်သည့်အမှုကိုလည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိပေ။ စာတန်ကိုရှုံးနိမ့်စေသော ဘုရားသခင်ကိုယ်တိုင်၏ ဦးဆောင်မှုဖြင့်သာ လူသားသည် ဖန်ဆင်းရှင်ကျေနပ်အောင် ပြုလုပ်နိုင်မည် ဖြစ်သည်။ ဤတစ်ခုတည်းကိုသာ လူသားသည် ပြုလုပ်နိုင်၏။ ထို့ကြောင့် တိုက်ပွဲအသစ်တစ်ခု စတင်တိုင်း၊ ဆိုလိုသည်မှာ ခေတ်သစ်တစ်ခု၏ အမှုစတင်တိုင်း၊ ဤအမှုကို ဘုရားသခင်ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်၏။ ဤနည်းအားဖြင့် သူသည် ခေတ်တစ်ခေတ်လုံးကို ဦးဆောင်လမ်းပြကာ လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် လမ်းကြောင်းသစ်တစ်ရပ်ကို ဖွင့်ပေးခြင်းဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့်ဆိုင်သည့် အမှုတစ်ရပ်လုံးကို ဘုရားသခင်ကိုယ်တိုင်မှ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းဖြစ်၏။ လောကကြီးကို ဖန်ဆင်းခြင်းဖြစ်သည့် ပထမအဆင့်ကို ဘုရားသခင်ကိုယ်တော်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊ အကယ်၍ ထိုသို့သာ မဟုတ်ခဲ့ပါလျှင် လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းငှာ တတ်စွမ်းနိုင်မည့်သူ ရှိလိမ့်မည် မဟုတ်ချေ၊ ဒုတိယအဆင့်သည် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်းဖြစ်ခဲ့ပြီး ဤအဆင့်ကိုလည်း ဘုရားသခင်ကိုယ်တော်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊ တတိယအဆင့်ကိုမူ ပြောရန်မလိုပေ၊ ဘုရားသခင်၏ အမှုခပ်သိမ်းနှင့်ဆိုင်သော အဆုံးသတ်ကို ဘုရားသခင်ကိုယ်တိုင်ပြုလုပ်ရန် သာ၍ပင် လိုအပ်၏။ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်း၊ သိမ်းပိုက်ခြင်း၊ ရယူခြင်းနှင့် စုံလင်စေခြင်းအမှုအားလုံးကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်းဖြစ်၏။ ဘုရားသခင်ကိုယ်တိုင် ဤအမှုကို မပြုလုပ်ပါက သူ၏ကိုယ်ပိုင်လက္ခဏာကို လူသားအနေဖြင့် ကိုယ်စားပြုနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် သူ၏အမှုကို လူသားအနေဖြင့် ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ စာတန်ကို အနိုင်ယူရန်အတွက်၊ လူသားမျိုးနွယ်ကို ရယူရန်အတွက်၊ ထို့ပြင် လူသားကို ကမ္ဘာမြေကြီးပေါ်တွင် သာမန်အသက်တာတစ်ခု ပေးရန်အတွက် သူကိုယ်တိုင် လူသားကို လမ်းပြဦးဆောင်၍ လူသားတို့အကြား ကိုယ်တိုင်အမှုဆောင်ရွက်၏။ သူ၏ စီမံခန့်ခွဲရေးအစီအစဉ် တစ်ရပ်လုံးအတွက်၊ ထို့ပြင် သူ၏အမှုအားလုံးအတွက် သူသည် ဤအမှုကို ကိုယ်တိုင်ဆောင်ရွက်ရမည်ဖြစ်၏။ ဘုရားသခင်သည် သူမြင်တွေ့ရန်နှင့် သူပျော်ရွှင်စေရန် ကြွလာခဲ့သည်ဟုသာ လူသားကယုံကြည်လျှင်၊ ထိုကဲ့သို့သော ယုံကြည်မှုများတွင် တန်ဖိုးမရှိ၊ အဓိပ္ပာယ်မရှိပေ။ လူသား၏အသိဉာဏ်သည် အပေါ်ယံသာဖြစ်လွန်း၏။ သူကိုယ်တိုင် အကောင်အထည်ဖော်ခြင်းအားဖြင့်သာ ဘုရားသခင်သည် ဤအမှုကို သေချာစွာ အပြည့်အဝ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ လူသားသည် ဘုရားသခင်ကိုယ်စား ဤသည်ကို လုပ်နိုင်စွမ်း မရှိပေ။ သူသည် ဘုရားသခင်၏ ကိုယ်ပိုင်ဝိသေသလက္ခဏာ မရှိသကဲ့သို့၊ သူ၏အနှစ်သာရလည်း မရှိပေ။ သူ၏အမှုကို လုပ်ကိုင်နိုင်စွမ်းလည်း မရှိပေ။ ထို့အပြင် လူသားတွင် လုပ်ကိုင်ခဲ့လျှင်သော်မှ မည်သည့်သက်ရောက်မှုမျှ ရှိမည် မဟုတ်ပေ။ ဘုရားသခင်သည် ပထမဆုံးအကြိမ် ဇာတိပကတိခံယူခဲ့သော အခါသည် ရွေးနုတ်ခြင်းအတွက်ဖြစ်၏။ လူသားမျိုးနွယ်အားလုံးကို အပြစ်မှ ရွေးနုတ်ရန်၊ လူသားကို သန့်စင်ခြင်းနှင့် သူ၏အပြစ်များအတွက် အပြစ်လွှတ်ခြင်း ခံနိုင်စွမ်းရှိစေရေး ဆောင်ရွက်ရန် ဖြစ်၏။ သိမ်းပိုက်ခြင်းအမှုသည်လည်း လူသားများအကြား ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်၏။ အကယ်၍ ဤအဆင့်အတွင်း ဘုရားသခင်သည် ပရောဖက်ပြုချက်ကို ပြောကြားရန်သာဖြစ်ပါက သူ့နေရာယူရန် ပရောဖက်တစ်ဦး သို့မဟုတ် ပါရမီရှင်တစ်ဦး ရှာတွေ့နိုင်ပါသည်။ ပရောဖက်ပြုချက်ကိုသာ ပြောကြားပါက၊ ဘုရားသခင်ကိုယ်စား လူသားက အစားဝင်ပေးနိုင်၏။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုယ်တိုင်၏အမှုကို ကိုယ်တိုင်လုပ်ဆောင်ရမည်ဖြစ်၍ လူသား၏ဘဝအပေါ် အမှုဆောင်ရမည်ဆိုပါက၊ ဤအမှုကို လုပ်ကိုင်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင် ကိုယ်တိုင်မှ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ရမည် ဖြစ်၏၊ ဤအမှုကို လုပ်ကိုင်ရန် ဘုရားသခင်ကိုယ်တိုင် ဇာတိပကတိ ခံယူရမည်ဖြစ်၏။ နှုတ်ကပတ်တော်ခေတ်တွင် ပရောဖက်ပြုချက်ကိုသာ ပြောကြားခဲ့သည်ဆိုပါက၊ ဟေရှာယ သို့မဟုတ် ပရောဖက် ဧလိယတို့ကို ဤအမှုလုပ်ကိုင်ရန် ရှာတွေ့နိုင်ခဲ့မည်ဖြစ်၍ ဘုရားသခင်ကိုယ်တိုင်မှ ဤအမှုကို ကိုယ်တိုင်လုပ်ကိုင်ရန် မလိုတော့ပေ။ ဤအဆင့်တွင် လုပ်ကိုင်သည့်အမှုသည် ပရောဖက်ပြုချက်ကို ပြောရုံမကသည့်အတွက်နှင့်၊ လူသားကို သိမ်းပိုက်ရန်နှင့် စာတန်အားရှုံးနိမ့်စေရန် နှုတ်ကပတ်တော်၏အမှုကို အသုံးပြုသည်မှာ သာ၍ အရေးကြီးသဖြင့်၊ ဤအမှုကို လူသားက မလုပ်ဆောင်နိုင်ဘဲ ဘုရားသခင်ကိုယ်တိုင်က လုပ်ဆောင်ရမည်ဖြစ်၏။ ပညတ်တော်ခေတ်တွင် ယေဟောဝါသည် ဘုရားသခင်၏အမှု တစ်စိတ်တစ်ဒေသကို လုပ်ဆောင်ခဲ့၏။ ၎င်းနောက် သူသည် နှုတ်ကပတ်တော်အချို့ကို ပြောဆို၍ ပရောဖက်များအားဖြင့် အမှုအချို့ကို လုပ်ဆောင်ခဲ့၏။ ဤသည်မှာ လူသားသည် ယေဟောဝါ၏အမှုအတွက် အစားဝင်ပေးနိုင်၍ဖြစ်ကာ ပရောဖက်တို့သည် ဖြစ်မည့်အရာများကို ကြိုတင်ပြောနိုင်၍ သူ၏ကိုယ်စား အိပ်မက်အချို့ကို အနက်အဓိပ္ပာယ် ပြန်ဆိုနိုင်၍ဖြစ်၏။ အစအဦး၌ လုပ်ဆောင်ခဲ့သည့် အမှုသည် လူသား၏စိတ်သဘောထားကို တိုက်ရိုက်ပြောင်းလဲရန် အမှုမဟုတ်ပေ။ ထို့အပြင် လူသား၏အပြစ်နှင့်လည်း သက်ဆိုင်ခြင်း မရှိပေ။ ထို့အပြင် လူသားသည် ပညတ်တော်ကို လိုက်နာရန်သာ လိုအပ်ခဲ့၏။ ထို့ကြောင့် ယေဟောဝါသည် ဇာတိပကတိခံယူခြင်းမရှိဘဲ လူသားကို သူ့ကိုယ်သူ ထုတ်ဖော်ခြင်းလည်း မရှိပေ။ ထိုသို့ပြုမည့်အစား သူသည် မောရှေနှင့် အခြားသူများကို တိုက်ရိုက်စကားပြော၏။ သူ့ကိုယ်စား ပြောဆိုခြင်း၊ လုပ်ကိုင်ခြင်းများပြုစေ၍ လူသားမျိုးနွယ်အကြား တိုက်ရိုက်အမှုဆောင်စေ၏။ ဘုရားသခင်အမှု၏ ပထမအဆင့်သည် လူသားကို ဦးဆောင်လမ်းပြမှု ဖြစ်၏။ ၎င်းမှာ စာတန်နှင့် တိုက်ပွဲအစဖြစ်သော်လည်း ဤတိုက်ပွဲမှာ တရားဝင် မစတင်ရသေးပါ။ စာတန်နှင့်တရားဝင်စစ်ပွဲမှာ ဘုရားသခင်၏ ပထမလူ့ဇာတိခံယူခြင်းဖြင့် စတင်ခဲ့ကာ ယနေ့အထိ ဆက်လက်ဖြစ်ပေါ်ခဲ့၏။ ဤစစ်ပွဲပထမဖြစ်သည့်အချိန်မှာ လူ့ဇာတိခံယူသောဘုရားသခင် လက်ဝါးကပ်တိုင်တွင် အရိုက်ခံရသည့်အခါ ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင် လက်ဝါးကပ်တိုင်တွင် အသေခံခြင်းသည် စာတန်ကို ရှုံးနိမ့်စေခဲ့ပြီး ဤစစ်ပွဲတွင် ပထမ အောင်မြင်သော အဆင့်ဖြစ်၏။ လူ့ဇာတိခံယူသောဘုရားသခင်က လူသား၏ဘဝအပေါ် တိုက်ရိုက်လုပ်ဆောင်သည့်အခါ ဤသည်မှာ လူသားကို ပြန်လည်ရယူသည့်အမှု၏ တရားဝင် အစဖြစ်၍ ဤသည်မှာ လူသား၏စိတ်သဘောထားအဟောင်းကို ပြောင်းလဲသည့်အမှုဖြစ်သောကြောင့် ဤသည်မှာ စာတန်နှင့်တိုက်ပွဲဝင်သည့်အမှု ဖြစ်၏။ အစအဦး၌ ယေဟောဝါက ဆောင်ရွက်ခဲ့သော အမှုအဆင့်သည် ကမ္ဘာမြေကြီးပေါ်တွင် လူသား၏ဘဝအပေါ် ဦးဆောင်လမ်းပြမှုသာ ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏အမှု အစဖြစ်၍ တိုက်ပွဲတစ်ရပ်ရပ် သို့မဟုတ် အဓိကအမှု တစ်ရပ်ရပ်အဖြစ် ပြောင်းလဲခြင်း မရှိသေးသော်လည်း လာမည့်တိုက်ပွဲအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့၏။ နောက်ပိုင်းတွင်၊ ကျေးဇူးတော်ခေတ်အတွင်း အမှု၏ဒုတိယအဆင့်သည် လူသား၏စိတ်သဘောထား အဟောင်းကို ပြောင်းလဲခြင်းနှင့် ပတ်သက်၏။ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင် လူသား၏ဘဝအပေါ် လုပ်ကိုင်၏။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်ခဲ့ရ၏၊ ၎င်းသည် ဘုရားသခင်ကိုယ်တိုင် ဇာတိပကတိခံယူရန် လိုအပ်ခဲ့ကာ၊ သူဇာတိပကတိမခံယူပါက၊ အမှု၏ဤအဆင့်တွင် အခြားမည်သူမျှ သူ့ကို အစားထိုးနိုင်ခဲ့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် စာတန်နှင့် တိုက်ရိုက်ဆန့်ကျင်တိုက်ပွဲဝင်သည့် အမှုကို ကိုယ်စားပြုခဲ့ခြင်းအတွက်ဖြစ်၏။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ကိုယ်စား လူသားက ဆောင်ရွက်ခဲ့ပါက၊ စာတန်ရှေ့မှောက် လူသားမတ်တပ်ရပ်သည့်အခါ စာတန်သည် အညံ့ခံ အရှုံးပေးခဲ့မည် မဟုတ်ဘဲ ၎င်းကို ရှုံးနိမ့်စေရန်လည်း ဖြစ်နိုင်ခဲ့မည် မဟုတ်ပါ။ ၎င်းကို ရှုံးနိမ့်စေခဲ့ရသူမှာ လူ့ဇာတိခံယူရန်ကြွလာသော ဘုရားသခင် ဖြစ်ခဲ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရသည် ဘုရားသခင်ပင် ဖြစ်ဆဲဖြစ်ပြီး သူသည် လူသား၏အသက် ဖြစ်နေဆဲဖြစ်ကာ ဖန်ဆင်းရှင်ဖြစ်နေဆဲဖြစ်သောကြောင့်တည်း။ မည်သည့်အရာပင်ဖြစ်စေ၊ သူ၏ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရသည် ပြောင်းလဲမည်မဟုတ်ပေ။ ထို့ကြောင့် စာတန် လုံးဝနာခံစေရေးအတွက် သူသည် ဇာတိပကတိကို ယူတင်ဝတ်ဆောင်၍ အမှုကို ဆောင်ရွက်၏။ နောက်ဆုံးသောကာလအမှု၏ အဆင့်အတွင်း၊ လူသားသည် ဤအမှုကို ဆောင်ရွက်၍ နှုတ်ကပတ်တော်တို့ကို တိုက်ရိုက်ပြောဆိုရမည်ဆိုပါက သူသည် ၎င်းတို့ကို ပြောဆိုနိုင်မည်မဟုတ်ပေ။ ထို့အပြင် ပရောဖက်ပြုချက်ကို ပြောဆိုခဲ့သည်ရှိသော်၊ ၎င်းသည် လူသားကို သိမ်းပိုက်ရန် စွမ်းဆောင်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ ဇာတိပကတိ ခံယူခြင်းဖြင့်၊ ဘုရားသခင်သည် စာတန်ကို ရှုံးနိမ့်စေရန် ကြွလာ၍ ၎င်းကို လုံးဝအညံ့ခံစေ၏။ သူသည်စာတန်ကို လုံးဝရှုံးနိမ့်စေပြီး၊ လူသားကို အပြည့်အဝသိမ်းပိုက်ကာ၊ လူသားကို အလျဉ်းရယူသောအခါ အမှု၏ဤအဆင့် ပြီးဆုံးမည်ဖြစ်ပြီး အောင်မြင်မှု ရရှိလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းတွင်၊ လူသားသည် ဘုရားသခင်အစား မဝင်ပေးနိုင်ပေ။ အထူးသဖြင့်၊ ခေတ်ကို ဦးဆောင်လမ်းပြခြင်း အမှုနှင့် အမှုသစ်စတင်ခြင်းတို့သည် ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နေရန် သာ၍ပင်လိုအပ်၏။ လူသားကို ဗျာဒိတ်တော်ပေးခြင်းနှင့် ဟောကိန်းပေးခြင်းများကို လူသားက ပြုလုပ်နိုင်၏။ သို့ရာတွင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည့်အမှု၊ ဘုရားသခင်ကိုယ်တိုင်နှင့် စာတန်အကြားတိုက်ပွဲအမှု ဖြစ်ပါက ဤအမှုကို လူသားက မဆောင်ရွက်နိုင်ပေ။ အမှု၏ပထမအဆင့်ကာလတွင်၊ စာတန်နှင့်တိုက်ပွဲမရှိခဲ့သည့်အခါ ယေဟောဝါသည် ဣသရေလအမျိုးတို့ကို ပရောဖက်များပြောခဲ့သည့် ပရောဖက်ပြုချက်ကို သုံး၍ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လမ်းပြခဲ့၏။ ၎င်းနောက်တွင်၊ အမှု၏ဒုတိယအဆင့်မှာ စာတန်နှင့် တိုက်ပွဲဖြစ်၍ ဘုရားသခင်ကိုယ်တိုင် ဇာတိပကတိခံယူကာ၊ ဤအမှုကိုဆောင်ရွက်ရန် ဇာတိပကတိအတွင်းသို့ လာ၏။ စာတန်၏တိုက်ပွဲနှင့် ပတ်သက်သည့်အရာတိုင်းသည် ဘုရားသခင်၏လူ့ဇာတိခံယူခြင်းနှင့်လည်း ပတ်သက်၏။ ဤတိုက်ပွဲကို လူသားတိုက်၍မရဟု ဆိုလိုခြင်းဖြစ်၏။ လူသားသည် တိုက်ပွဲဝင်ရမည်ဆိုပါက၊ သူသည် စာတန်ရှုံးနိမ့်စေရန် တတ်စွမ်းနိုင်မည် မဟုတ်ပေ။ ၎င်း၏အုပ်စိုးမှုအောက်တွင်ရှိနေသေးစဉ် ၎င်းကို ဆန့်ကျင်တိုက်ခိုက်ရန် အင်အား မည်သို့ရှိနိုင်မည်နည်း။ လူသားသည် အလယ်တွင်ရှိနေ၏၊ သင်သည် စာတန်ဘက်သို့တိမ်းပါက သင်သည် စာတန်နှင့်သက်ဆိုင်၏၊ သို့ရာတွင် သင်သည် ဘုရားသခင်ကို ကျေနပ်စေပါက သင်သည် ဘုရားသခင်နှင့် သက်ဆိုင်၏။ ဤတိုက်ပွဲတွင် လူသားသည် ဘုရားသခင်အစား ဝင်ပေးရမည်ဆိုပါက၊ သူသည် လုပ်ဆောင်နိုင်ပါမည်လော။ သူသည်အစားဝင်ပေးခဲ့ပါက၊ ကာလကြာမြင့်စွာကပင် သူပျက်စီးခဲ့မည် မဟုတ်သလော။ ကာလကြာမြင့်စွာကပင် ငရဲပြည်သို့ ဝင်ရောက်ခဲ့မည် မဟုတ်သလော။ ထို့ကြောင့် လူသားသည် ဘုရားသခင်၏အမှု၌ သူ့အစားမဝင်ပေးနိုင်ပေ။ လူသားသည် ဘုရားသခင်၏အနှစ်သာရ မရှိ၊ ထို့အပြင် သင်သည် စာတန်နှင့် တိုက်ပွဲဝင်ခဲ့ပါက သူ့ကိုရှုံးနိမ့်စေနိုင်စွမ်း သင့်တွင်ရှိမည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်၏။ လူသားသည် အချို့သောအမှုကိုသာ လုပ်ဆောင်နိုင်၏။ အချို့သောသူများကို ဖျောင်းဖျနိုင်၏၊ သို့ရာတွင် ဘုရားသခင်ကိုယ်တိုင်၏အမှုတွင် သူသည် ဘုရားသခင်အစားမဝင်ပေးနိုင်ပေ။ လူသားသည် စာတန်နှင့် မည်သို့တိုက်ပွဲဝင်နိုင်မည်နည်း။ သင်မစမီကပင် စာတန်သည် သင့်ကိုဖမ်းဆီးခဲ့မည်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် စာတန်နှင့် တိုက်ပွဲဝင်ပြီး ဤသည်ကအခြေခံလျက် လူသားသည် ဘုရားသခင်နောက် လိုက်လျှောက်၍ သူ့ကို နာခံသောအခါမှသာလျှင်။လူသားသည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်မည်ဖြစ်၍ စာတန်၏အချုပ်အနှောင်များမှ လွတ်မြောက်နိုင်မည်ဖြစ်၏။ လူသားက သူ၏ကိုယ်ပိုင် ဉာဏ်အမြော်အမြင်နှင့် စွမ်းရည်တို့ဖြင့် ရယူအောင်မြင်နိုင်သည်တို့မှာ နည်းပါးလွန်းပါသည်။ သူသည် လူသားကို ပြည့်စုံစေခြင်း၊ ဦးဆောင်လမ်းပြခြင်းတို့အပြင် စာတန်ကို ရှုံးနိမ့်စေခြင်းတို့ ပြုလုပ်နိုင်စွမ်း မရှိပေ။ လူသား၏ အသိဉာဏ်နှင့် ဉာဏ်အမြော်အမြင်တို့သည် စာတန်၏ကြံစည်မှုများကို မဖျက်ဆီးနိုင်ပေ။ ထို့ကြောင့် လူသားသည် ၎င်းနှင့် မည်သို့တိုက်ပွဲဝင်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

သက်ဆိုင်သည့် အကြောင်းအရာ

သင်နှစ်သက်နိုင်သည့် အရာများ