အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

၅) လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင်အသုံးပြုသည့် လူတို့အကြား ပဓာနကျသောကွဲပြားမှုများ

50

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ငါသည်နောင်တအဘို့အလိုငှါ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော် နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။” (မ ၃:၁၁)

သခင်ယေရှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ သူ၏ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန်လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန်လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက်လုပ်ဆောင်နေသည်။ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝဖြစ်စေ နှစ်မျိုးစလုံးသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်အတိုင်း နာခံလုပ်ဆောင်သည်။ ခရစ်တော်၏ဂုဏ်ဒြပ်မှာ ဝိညာဉ်တော်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏ဂုဏ်ဒြပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ ယင်းဂုဏ်ဒြပ်မှာ သူ၏အလုပ်ကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ သူ့အနေဖြင့် သူ၏အလုပ်ကို ဖျက်ဆီးမည့် မည်သည့်အမှုမျိုးကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်၊ ထို့ပြင် သူ၏အလိုတော်ကို ဆန့်ကျင်ဖက်ပြုမည့် မည်သည့်စကားလုံးကိုမျှ သူမိန့်မြွက်လိမ့်မည် မဟုတ်ပါ။…

…ဘုရားသခင်ကိုယ်တော်တိုင်၌ မနာခံခြင်း၏ အရိပ်လက္ခဏာမရှိ၊ သူ၏ ဂုဏ်ဒြပ်မှာ ကောင်းမွန်သည်။ ဘုရားသခင်သည် လှပမှုနှင့် ကောင်းမွန်မှု အားလုံးတို့အပြင် ချစ်ခြင်းမေတ္တာ အားလုံးတို့၏ ဖော်ပြချက်ပင်ဖြစ်သည်။ ဇာတိခန္ဓာ၌ပင်လျှင် ဘုရားသခင်သည် ခမည်းတော်ဘုရားသခင်ကို မနာခံသည့် မည်သည့်အရာကိုမျှ မလုပ်ပါ။ မိမိဘဝကို စတေးရမည့်၊ ပေးဆပ်ရမည့် အခြေအနေမျိုး၌ပင်လျှင် သူသည် စိတ်နှလုံးအပြည့်အဝဖြင့် အလိုတော်ကို နာခံလိမ့်မည်ဖြစ်ပြီး အခြားသောအရာကို ရွေးချယ်လိမ့်မည်မဟုတ်ပါ။ ဘုရားသခင်၌ မိမိကိုယ်ကိုမှန်သည်ဟုထင်ခြင်းနှင့် မိမိကိုယ်ကို အရေးပါသည်ဟု ထင်ခြင်းတို့၏ အရိပ်လက္ခဏာမရှိပါ၊ သို့မဟုတ် မာန်မာနကြီးမှုနှင့် စိတ်ကြီးဝင်မှုတို့၏ အရိပ်လက္ခဏာ မရှိပါ၊ ဘုရားသခင်၌ မရိုးဖြောင့်သော စိတ်သဘော လုံးဝမရှိပါ။ ဘုရားသခင်ကို မနာခံသည့်အရာ အားလုံးမှာ စာတန်ထံမှ လာသည်၊ စာတန်သည် ရုပ်ဆိုးအကျည်းတန်မှုနှင့် ဆိုးသွမ်းမိုက်မဲမှု အားလုံးတို့၏ အရင်းအမြစ်ဖြစ်သည်။ လူသားတို့၌ စာတန်ကဲ့သို့သော စရိုက်များရှိနေရခြင်းမှာ လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းနှင့် ပြုပြင်ခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်သည်။ ခရစ်တော်သည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်း မခံခဲ့ရပါ၊ ထိုအကြောင်းကြောင့် သူ၌ ဘုရားသခင်၏ ပင်ကိုလက္ခဏာများသာလျှင်ရှိပြီး စာတန်၏ပင်ကိုလက္ခဏာ တစ်ခုမျှ မရှိပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

ဘုရားသခင်၏ ၀ိညာဉ်တော်ကဝတ်ဆင်သော ဇာတိပကတိသည် ဘုရားသခင်၏ ဇာတိပကတိဖြစ်သည်။ ဘုရားသခင်၏ ၀ိညာဉ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်၊ သူသည် အနန္တတန်ခိုးရှိသည်၊ သန့်ရှင်းမြင့်မြတ်၍၊ ဖြောင့်မတ်သည်။ ထိုနည်းတူစွာ သူ၏ဇာတိပကတိသည်လည်း အကြီးမြတ်ဆုံးဖြစ်သည်၊ အနန္တတန်ခိုးရှိသည်၊ သန့်ရှင်းမြင့်မြတ်၍၊ ဖြောင့်မတ်သည်။ ထိုကဲ့သို့သောဇာတိပကတိသည် ဖြောင့်မတ်သော၊ လူသားမျိုးနွယ်အတွက် အကျိုးပြုသောအရာ၊ သန့်ရှင်းသော၊ ဂုဏ်အသရေရှိသောအရာနှင့် တန်ခိုးကြီးသောအရာများကိုသာ လုပ်ဆောင်နိုင်စွမ်းရှိသည်။ သမ္မာတရား၊ ကောင်းသောအကျင့်သီလနှင့် ဖြောင့်မတ်ခြင်းကို ချိုးဖေါက်သောအရာများကို မဆိုထားနှင့်၊ ဘုရားသခင်၏၀ိညာဉ်တော်ကို သစ္စာဖောက်မည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းမရှိပေ။ ဘုရားသခင်၏၀ိညာဉ်တော်သည် သန့်ရှင်းမြင့်မြတ်သောကြောင့် သူ၏ဇာတိပကတိမှာ စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခြင်း မရှိနိုင်ပေ။ သူ၏ဇာတိပကတိသည် လူသား၏ဇာတိပကတိနှင့် အနှစ်သာရ ကွဲပြားလေသည်။ စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းခံရသည့်အရာမှာ ဘုရားသခင်မဟုတ်၊ လူသားပင်ဖြစ်သောကြောင့်၊ စာတန်သည် ဘုရားသခင်၏ ဇာတိပကတိအား ဖောက်ပြန်ဖျက်ဆီးနိုင်ခြင်းငှာ မတတ်နိုင်ချေ။ ထို့ကြောင့် လူသားနှင့်ခရစ်တော်သည် တစ်နေရာတည်းတွင် ရှိနေကြသည်မှန်သော်လည်း၊ လူသာလျှင် စာတန်၏ သိမ်းပိုက်ခြင်း၊ အသုံးပြုခြင်းနှင့် ထောင်ချောက်ဆင်ဖမ်းခြင်းကို ခံရသည်။ ဆန့်ကျင်ဖက်အားဖြင့်၊ ခရစ်တော်မှာမူ စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းမှ ထာဝရကင်းလွတ်လေသည်။ အဘယ်ကြောင့်ဆိုသော် စာတန်သည် အမြင့်ဆုံးသောအရပ်သို့ တက်ရောက်နိုင်စွမ်း ဘယ်တော့မှမရှိသည့်အပြင် ဘုရားသခင်အပါးသို့ ချဉ်းကပ်နိုင်စွမ်းလည်း ဘယ်တော့မှမရှိပေ။ ငါ့ကိုသစ္စာဖောက်သည့်စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းခံရသူများမှာ လူသားမျိုးနွယ်သာလျှင်ဖြစ်ပြီး ထိုပြဿနာသည် ခရစ်တော်အတွက် အမြဲတစေ အကျုံးဝင်ခြင်းမရှိသည်ကို ယနေ့ သင်တို့အားလုံး နားလည်သင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးရွားလှသော ပြဿနာ- သစ္စာဖောက်ခြင်း (၂)” မှ

လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့နှင့် သိသိသာသာ ကွာခြားပေသည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသဘောသဘာဝ၏အမှုကို လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့ကမူ မလုပ်ဆောင်နိုင်ကြပါ။ ခေတ်ကာလအသီးသီး၏အစတွင် ဘုရားသခင်၏ဝိညာဉ်တော်သည် ခေတ်သစ်ကို အစပြုဖို့ရန်နှင့် လူကို အသစ်သောအစပြုရာအတွင်းသို့ ဆောင်ယူဖို့ ကိုယ်တိုင်ကိုယ်ကျ မိန့်ဆိုသည်။ သူ၏မိန့်ဆိုခြင်း ပြီးဆုံးသောအခါ ဤသည်မှာ ဘုရားသဘောသဘာဝအတွင်းရှိ သူ၏အမှုပြီးမြောက်ပြီဟူသည့် လက္ခဏာဖြစ်သည်။ ယင်းနောက်တွင် လူအားလုံးတို့သည် မိမိတို့၏ အသက်တာအတွေ့အကြုံများအတွင်းသို့ ဝင်ရောက်ရန် ဘုရားသခင်၏ အသုံးပြုခြင်းခံရသောသူတို့၏ ဦးဆောင်မှုကို လိုက်လျှောက်ကြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်” မှ

လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူသား စိတ်ကို ပိုင်ဆိုင်သော်ငြားလည်း၊ သူ၏အလုပ်သည် လူသားအတွေးအခေါ်နှင့် ညစ်ညူးရောနှောနေခြင်း မရှိပေ၊ သူသည် စိတ်ရှိသော လူ့သဘာဝကို ပိုင်ဆိုင်ဖို့ လိုအပ်သောကြောင့်၊ သူသည် လူ့သဘာဝထဲမှ အလုပ်ကို သာမန်လူသား အတွေးအခေါ်များကို အသုံးချခြင်းဖြင့် မဟုတ်ဘဲ သာမန်စိတ်နှင့် လုပ်ဆောင်သည်။ သူ့ဇာတိခန္ဓာ၏ အတွေးအခေါ်များ မည်မျှပင် မြင့်မားနေပါစေ၊ သူ၏အလုပ်၌ ဆင်ခြင်တွေးခေါ်မှု သို့မဟုတ် အတွေးအခေါ်၏ လက္ခဏာမရှိပေ။ တစ်နည်းဆိုရလျှင်၊ သူ၏အလုပ်သည် သူ့ဇာတိခန္ဓာ၏ စိတ်အားဖြင့် သန္ဓေတည်လာခြင်း မဟုတ်ဘဲ၊ သူ၏ လူ့သဘာဝထဲရှိ ဘုရားသဘောသဘာဝ အလုပ်၏ တိုက်ရိုက် ဖော်ပြချက်ပင် ဖြစ်သည်။ သူ၏ အလုပ်အားလုံးသည် သူကျေပွန်အောင် ဆောင်ရွက်ရန် လိုအပ်သည့် အမှုတော်ပင်ဖြစ်ပြီး၊ ထိုအရာတစ်ခုကမျှ သူ၏ဦးနှောက်အားဖြင့် သန္ဓေတည်လာခြင်း မဟုတ်ပေ။ ဥပမာအားဖြင့် နာမကျန်းသူကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းနှင့် ကားတိုင်တွင် အသေခံခြင်းတို့မှာ သူ၏ လူ့စိတ်မှ ထုတ်လုပ်သည့်အရာများ မဟုတ်ပေ၊ ၎င်းအရာများကို လူသားစိတ်ရှိသည့် မည်သည့် လူသားမျှ ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင်၊ ယနေ့ကာလ၏ သိမ်းပိုက်ခြင်း အလုပ်သည် လူ့ဇာတိခံယူသော ဘုရားသခင်က ထမ်းဆောင်ရမည့် အမှုတော်ဖြစ်ပြီး၊ ၎င်းမှာ လူသားဆန္ဒမှဖြစ်လာသော အလုပ် မဟုတ်ပေ၊ ၎င်းသည် သူ၏ဘုရားသဘောသဘာဝက လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်ပြီး၊ မည်သည့် ဇာတိပကတိ ဆန်သော လူသားကမျှ မစွမ်းဆောင်နိုင်သည့် အလုပ်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ” မှ

ခေတ်ကာလများ တစ်လျှောက်တွင်၊ ဘုရားသခင်အသုံးပြုခဲ့သော လူအပေါင်းတို့သည် သာမန်အတွေးအခေါ်နှင့် အသိစိတ်တို့ကို လုပ်ဆောင်နိုင်သူများဖြစ်ကြသည်။ လူ့အမူအကျင့်၏ အခြေခံသဘောတရားကို ၎င်းတို့အားလုံး သိကြသည်။ ၎င်းတို့သည် သာမန်လူ့အတွေးအခေါ်များကို စွဲကိုင်ထားကြပြီး၊ ပုံမှန်လူတို့ ရှိထားသင့်သည့် အရာများအားလုံး ဆင်ယင်ထားကြသူများဖြစ်သည်။ ၎င်းတို့ထဲမှာ အများစုမှာ ထူးခြားသော ပါရမီနှင့် မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေး ရှိကြ၏။ ဤလူတို့အပေါ် အလုပ်လုပ်ရာတွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဘုရားပေးထားသည့် ဆုကျေးဇူးများဖြစ်သော ၎င်းတို့၏ ပါရမီများကို ထိန်းချုပ်အသုံးပြုတော်မူလေသည်။ ဘုရားသခင်၏ အမှုတော်မြတ်၌ ၎င်းတို့၏ စွမ်းပကားများကို အသုံးပြုရင်း ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်းတို့၏ပါရမီများကို ဆောင်ယူအသုံးပြုတော်မူသည်။ သို့သော်၊ ဘုရားသခင်၏ အနှစ်သာရမှာ စိတ်ကူးနှင့် အတွေးအခေါ်များ ကင်းလွတ်ပြီး၊ လူသား၏ရည်ရွယ်ချက်များနှင့် ရောနှောခြင်းမရှိဘဲ၊ ပုံမှန်လူတို့ ဆင်ယင်ထားသည့် အရာပင်လျှင် မရှိပါ။ တစ်နည်းဆိုရလျှင် လူ့အမူအကျင့်၏ အခြေခံသဘောတရားများဖြင့်ပင်လျှင် သူအကျွမ်းဝင်မှုမရှိဟု ဆိုရမည်ဖြစ်သည်။ ဤသည်မှာ ယနေ့၏ဘုရားသခင် ကမ္ဘာမြေပေါ်ကြွလာသောအခါ ဖြစ်သောပုံစံဖြစ်သည်။ သူ၏အမှုတော်နှင့် နှုတ်ကပတ်တော်များမှာ လူ့ရည်ရွယ်ချက်များ သို့မဟုတ် လူ့ထင်မြင်ချက်နှင့် ရောနှောခြင်း မရှိဘဲ ၎င်းတို့သည် ဝိညာဉ်တော်၏ ရည်ရွယ်ချက်များ၏ တိုက်ရိုက်သရုပ်သကန်တစ်ခု ဖြစ်ပြီး သူသည် ဘုရားသခင်ကိုယ်စား တိုက်ရိုက်အလုပ်လုပ်လေသည်။ ဤသည်မှာ ဝိညာဉ်တော်သည် တိုက်ရိုက်ပြောဆိုသည်ဟု အဓိပ္ပာယ်ရသည်၊ အတိအကျဆိုရလျှင် ဘုရားသဘောသဘာဝသည် လူသား၏ ရည်ရွယ်ချက်များနှင့် အနည်းငယ်မျှပင် ရောစပ်ခြင်းမရှိဘဲ အမှုကို တိုက်ရိုက်ပြုသည်။ တစ်နည်းဆိုရလျှင် ဘုရား၏သဘောသဘာဝကို တိုက်ရိုက်သရုပ်ထင်စေသော လူ့ဇာတိခံယူထားသည့် ဘုရားသခင်သည် လူ့အတွေးအခေါ် သို့မဟုတ် စိတ်ကူးများမရှိသလို လူ့အမူအကျင့်၏ အခြေခံသဘောတရားများကိုလည်း နားလည်သဘောပေါက်မှုမရှိခြင်း ဖြစ်သည်။ ဘုရား၏ သဘောသဘာဝ တစ်ခုတည်းကသာ အမှုပြုခဲ့သည်ဆိုလျှင် (အဓိပ္ပာယ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ကသာ အမှုပြုခဲ့သည်ဆိုလျှင်)၊ ကမ္ဘာမြေပေါ်၌ ဘုရားအမှုတော်ကို လုပ်ဆောင်ဖို့ရန်အတွက် နည်းလမ်းရှိခဲ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင် ကမ္ဘာမြေပေါ်ကြွလာသောအချိန်တွင် ဘုရား၏သဘောသဘာဝထဲ၌ ဘုရားသခင်ပြုသောအမှုနှင့် ယှဉ်လျက် လူ့သဘာဝအတွင်း အလုပ်လုပ်ဖို့ရန် သူအသုံးပြုလေ့ရှိသည့် အရေအတွက်နည်းပါးသော လူများရှိရမည် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် မိမိ၏ ဘုရားသဘောသဘာဝအလုပ်ကို ထောက်မဖို့ရန်အတွက် လူသားအလုပ်ကို အသုံးပြုခြင်းဖြစ်သည်။ သို့မဟုတ်လျှင်၊ လူအတွက် ဘုရားသဘောသဘာဝ၏ အလုပ်နှင့် တိုက်ရိုက်ထိတွေ့လာနိုင်ရန် နည်းလမ်းရှိလိမ့်မည်မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်” မှ

ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်နေသောအလုပ်ထက် လျော့နည်းခြင်းမရှိပေ။ အသုံးပြုခြင်း ခံရသော လူသားတို့၏ အလုပ်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြီးပြည့်စုံသော ဖော်ပြချက်သာဖြစ်ပြီး ကွဲပြားခြားနားမှု မရှိပေ။ တစ်ဖက်တွင် အသုံးပြုခြင်းခံရသော လူသားတို့၏အလုပ်သည် လူ့အမှုအရာများစွာနှင့် ရောနှောနေပြီး ပြီးပြည့်စုံသော ဖော်ပြချက်ကို မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ပင် မဟုတ်ပေ။…သန့်ရှင်းသောဝိညာဉ်တော်သည် အသုံးပြုခြင်းခံရသော လူတို့အပေါ် အလုပ်လုပ်စဉ်တွင် သူတို့၏ပါရမီများနှင့် သူတို့၏ အရည်အချင်းအစစ်အမှန် နှစ်ခုစလုံးသည် ချန်လှပ်ထားခြင်းမခံရဘဲ ပေါ်လွင်လာသည်။ သူတို့၏ အရည်အချင်း အစစ်အမှန်အားလုံးသည် အလုပ်ကို ထောက်မစိမ့်သောငှာ အသုံးပြုခြင်းခံရသည်။ လက်တွေ့ကျသော ရလဒ်များကိုရရှိရန်အလို့ငှာ လူသားတွင်ရှိသော သုံးနိုင်သည့် အစိတ်အပိုင်းများအားလုံးကို အသုံးပြုခြင်းဖြင့် သူအလုပ်လုပ်သည်ဟုဆိုနိုင်ပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် ခံယူထားသော လူ့ဇာတိထဲတွင် ပြုလုပ်သောအလုပ်သည် ဝိညာဉ်တော်၏အလုပ်ကို တိုက်ရိုက်ဖော်ပြရန် ဖြစ်ပြီး၊ ထိုအလုပ်သည် လူသား၏စိတ်၊ အတွေးများနှင့် ရောနှောခြင်းမရှိ၊ လူသား၏ပါရမီများ၊ လူသား၏ အတွေ့အကြုံ သို့မဟုတ် လူသား၏ မွေးရာပါအခြေအနေများဖြင့် လက်လှမ်းမီနိုင်ခြင်း မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ငါ့စကားသည် ငါ၏ဖြစ်ခြင်းကို ကိုယ်စားပြုသော်လည်း ငါပြောသောအရာတို့သည် လူသားတို့ လက်လှမ်းမီသည်ထက် ကျော်လွန်လေသည်။ ငါပြောသောအရာသည် လူတို့တွေ့ကြုံသည့် အရာမဟုတ်ပေ။ ယင်းသည်လူသားတို့ တွေ့မြင်နိုင်သောအရာ၊ လူသားတို့ထိတွေ့နိုင်သောအရာ မဟုတ်ပေ။ သို့ရာတွင် ယင်းသည် ငါ၏ဖြစ်ခြင်းတည်း။ လူအချို့တို့သည် ငါမိတ်သဟာရဖွဲ့သောအရာမှာ ငါတွေ့ကြုံခဲ့ရသော အရာများဖြစ်သည်ဟု သိကြသော်လည်း ယင်းသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်သည်ကို သူတို့သတိမထားမိကြပေ။ မှန်ပေ၏၊ ငါပြောသောအရာသည် ငါတွေ့ကြုံခဲ့ရသောအရာသာ ဖြစ်သည်။ နှစ်ပေါင်းခြောက်ထောင်ကျော် စီမံခန့်ခွဲရေးအလုပ်ကိုလုပ်ခဲ့သူမှာ ငါဖြစ်သည်။ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အစမှ ယခုတိုင်အောင် အရာအားလုံးကို တွေ့ကြုံခဲ့သည်။ ထိုအရာနှင့်ပတ်သက်၍ ငါမပြောနိုင်ဘဲ ရှိလိမ့်မည်လော။ လူသား၏သဘာဝနှင့် ပတ်သက်လာလျှင် ယင်းကို ငါရှင်းလင်းစွာ မြင်ခဲ့ပြီးဖြစ်ကာ ယင်းကို ငါစောင့်ကြည့်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ ရှင်းလင်းစွာ ငါမပြောနိုင်ဘဲ ရှိလိမ့်မည်လော။ ငါသည် လူသား၏အနှစ်သာရကို ရှင်းလင်းစွာ တွေ့မြင်ချိန်မှစကာ လူသားကို ပြစ်တင်ဆုံးမရန်နှင့် တရားစီရင်ရန် အရည်အချင်းပြည့်မီသည်။ အကြောင်းမှာ လူသားအားလုံးသည် ငါ့ထံမှလာပြီး စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်သည်။ မှန်ပေ၏၊ ငါလုပ်သောအလုပ်ကိုလည်း ဆန်းစစ်ရန် ငါသည် အရည်အချင်းပြည့်မီသည်။ ဤအလုပ်ကို ငါ့ဇာတိခန္ဓာဖြင့် လုပ်ဆောင်ခဲ့ခြင်း မဟုတ်သော်လည်း ထိုအလုပ်သည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်ပြီး ယင်းသည် ငါ၏အရာအားလုံးနှင့် ငါ၏ဖြစ်ခြင်းပင်တည်း။ ထို့ကြောင့် ငါသည် ယင်းကိုဖော်ပြရန်နှင့် ငါလုပ်သင့်သောအရာကို လုပ်ဆောင်ရန် အရည်အချင်းရှိပေသည်။ လူတို့ပြောသောအရာသည် လူတို့ တွေ့ကြုံသောအရာဖြစ်သည်။ ယင်းသည် သူတို့တွေ့မြင်ခဲ့ရသောအရာ၊ သူတို့၏စိတ်များ လက်လှမ်းမီနိုင်သောအရာနှင့် သူတို့အာရုံများထဲတွင် ခံစားနိုင်သောအရာဖြစ်သည်။ ယင်းသည် သူတို့မိတ်သဟာရပြုနိုင်သောအရာ ဖြစ်သည်။ ဘုရားသခင်၏ ခံယူထားသော လူ့ဇာတိဖြင့်ပြောသော စကားလုံးများသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြမှုဖြစ်ပြီး ဝိညာဉ်တော်က ပြုခဲ့သောအလုပ်ကို ဖော်ပြသည်။ ဇာတိခန္ဓာသည် ယင်းကိုမတွေ့ကြုံခဲ့ရ သို့မဟုတ် မတွေ့မြင်ခဲ့ရပေ။ သို့ရာတွင် သူ၏ဖြစ်ခြင်းကို ဖော်ပြနိုင်သေးသည်။ အကြောင်းမှာ ဇာတိခန္ဓာ၏ အနှစ်သာရသည် ဝိညာဉ်ဖြစ်ပြီး သူသည် ဝိညာဉ်တော်အလုပ်ကို ဖော်ပြနိုင်သည်။ ဇာတိခန္ဓာသည် ယင်းကို မရောက်ရှိနိုင်သော်လည်း ယင်းသည် ဝိညာဉ်တော်မှ ပြုလုပ်နှင့်ပြီးသောအလုပ်ဖြစ်သည်။ လူ့ဇာတိ ခံယူပြီးနောက်တွင် ဇာတိခန္ဓာ၏ ဖော်ပြချက်မှတစ်ဆင့် သူသည် လူတို့ကို ဘုရားသခင်၏ဖြစ်ခြင်းကို သိခွင့်ပေးပြီး ဘုရားသခင်၏စိတ်သဘောထားနှင့် သူပြုခဲ့သောအလုပ်တို့ကို မြင်တွေ့ခွင့်ပေးသည်။ လူသားအလုပ်သည် လူသားတို့ကို သူတို့ဝင်ရောက်သင့်သော၊ သူတို့နားလည်သင့်သော အရာတို့နှင့် ပတ်သက်၍ ပိုရှင်းလင်းစေခွင့်ပေးသည်။ ထိုအထဲတွင် လူတို့ကို သမ္မာတရားအား နားလည်မှုနှင့် တွေ့ကြုံခြင်းထံသို့ ဦးဆောင်သွားသည်။ လူသား၏အလုပ်သည် လူတို့ကို အဓွန့်ရှည်စေရန်ဖြစ်သည်။ ဘုရားသခင်၏အလုပ်သည် လမ်းသစ်များကို ဖွင့်ပေးရန်၊ လူသားမျိုးနွယ်အတွက် ကာလသစ်များကို ဖွင့်လှစ်ပေးရန်နှင့် သေမျိုးသေနွယ်များက မသိထားသည့်အရာတို့ကို လူတို့ထံသို့ပြသရန်ဖြစ်သည်။ သူတို့ကို ဘုရားသခင်၏ စိတ်သဘောထားကို သိခွင့်ပေးလေသည်။ ဘုရားသခင်၏ အလုပ်သည် လူသားမျိုးနွယ် အားလုံးကို ဦးဆောင်ရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ဘုရားသခင် အသုံးပြုသောသူသည် ဘုရားသခင် လူ့ဇာတိအဖြစ် ခံယူထားသူ မဟုတ်ပါ။ လူ့ဇာတိအဖြစ်ကို ခံယူထားသော ဘုရားသခင်သည်လည်း ဘုရားသခင် အသုံးပြုသောသူ မဟုတ်ပါ။ ဤတွင် အနှစ်အသာရအားဖြင့် ကွဲပြားမှုတစ်ခု ရှိပါသည်။…လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို စတင်ဖော်ဆောင်ကာ လူသားထုတစ်ရပ်လုံးကို လမ်းညွှန်ခြင်း၊ နက်နဲသောအရာများကို ဖော်ထုတ်ခြင်းနှင့် ခေတ်သစ်တစ်ခုတွင် လူသားများကို ရှေ့ဆောင်လမ်းပြ ပြုခြင်းတို့ကို လုပ်ဆောင်ပါသည်။ သို့သော် လူသားရရှိသော ဉာဏ်ပွင့်ခြင်းမှာမူ ရိုးရှင်းသော အလေ့အကျင့် သို့မဟုတ် ဗဟုသုတပြည့်စုံခြင်းသာ ဖြစ်ပါသည်။ ယင်းက လူသားထု တစ်ရပ်လုံးကို ခေတ်သစ်တစ်ခုဆီသို့ လမ်းညွှန်နိုင်ခြင်းမရှိပါ၊ သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်နှင့် ပတ်သက်သည့် နက်နဲသောအရာကို ဖော်ထုတ်နိုင်ခြင်းမရှိပါ။ နောက်ဆုံးမှာတော့ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသားသည် လူသားဖြစ်သည်။ ဘုရားသခင်တွင် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူတွင် လူသားအနှစ်သာရရှိသည်။ ဘုရားသခင်ပြောစကားများကို သန့်ရှင်းသော ဝိညာဉ်တော်၏ ရိုးရှင်းသော ဉာဏ်အလင်းရရှိခြင်းအဖြစ်သာ ရှုမြင်ပြီး တမန်တော်များနှင့် ပရောဖက်များ၏စကားကို ဘုရားသခင်ကိုယ်တိုင်ပြောသော စကားများအဖြစ် မှတ်ယူပါက၊ လူသည် မှားယွင်းပြီ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

သက်ဆိုင်သည့် အကြောင်းအရာ