သခင့်ကို ယုံကြည်ပြီးနောက် ကျွန်ုပ်တို့၏ အပြစ်များ ခွင့်လွတ်ခံရပြီးဖြစ်သော်လည်း၊ ကျွန်ုပ်တို့ အဘယ်ကြောင့် မကြာခဏ အပြစ်ပြုမိကြသေးသနည်း။ အပြစ်၏ ကျေးကျွန်ဘဝ မှ နောက်ဆုံးတွင် ကျွန်ုပ်တို့ မည်သို့ လွတ်မြောက်နိုင်သနည်း။

18.11.2021

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

“ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇)

“ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

နောက်ဆုံးသောကာလ၏ အမှုသည် နှုတ်ကပတ်တော်များကို ပြောဆိုရန် ဖြစ်သည်။ နှုတ်ကပတ်တော်များအားဖြင့် လူတွင် ကြီးမားသော အပြောင်းအလဲများ သက်ရောက်နိုင်သည်။ ဤနှုတ်ကပတ်တော်များကို လက်ခံခြင်းဖြင့် ဤလူများတွင် ယခု သက်ရောက်သော အပြောင်းအလဲများသည် ကျေးဇူးတော်ခေတ်၏ နိမိတ်လက္ခဏာများ နှင့် အံ့သြဖွယ်ရာများကို လက်ခံသောသူများပေါ် သက်ရောက်ခဲ့သော အပြောင်းအလဲများထက် များစွာ ပိုမို ကြီးမားလှသည်။ အကြောင်းမှာ ကျေးဇူးတော်ခေတ်တွင် မကောင်းဆိုးဝါးများသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူသားထံမှ နှင်ထုတ်ခြင်းခံခဲ့ရသော်လည်း၊ လူသားအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ကျန်ရှိနေဆဲ ဖြစ်ခဲ့သည်။ လူသည် သူ၏အနာရောဂါမှ ကုသပျောက်ကင်းခဲ့ပြီး သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ၎င်းအတွင်းရှိ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားများကို မည်သို့ ဖယ်ရှားရမည်ဆိုသည်အတွက်မူ၊ ဤအမှုကို လုပ်ဆောင်ဖို့ ရှိသေး၏။ လူသည် သူ၏ယုံကြည်ခြင်းအတွက် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝသည် ပပျောက်စေခြင်း မရှိခဲ့သကဲ့သို့၊ ၎င်းအတွင်းရှိ ကျန်ရှိနေဆဲ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ဤအရာက လူသည် သူ၏အတွင်း၌ အပြစ်မရှိတော့ဟု မဆိုလိုပေ။ လူ၏အပြစ်များကို အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခံရနိုင်သော်လည်း၊ လူသားကို နောက်ထပ် အပြစ်မပြုနိုင်တော့ရန် မည်သို့ ပြုလုပ်ရမည်ဆိုသည်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို မည်သို့ လုံးဝ ပပျောက်စေပြီး ပြောင်းလဲစေရမည်ဆိုသည်တို့အတွက်မူ၊ သူသည် ဤပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို သဘောပေါက်ရန်၊ အသက်၏ လမ်းခရီးကို သဘောပေါက်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို သဘောပေါက်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။ ယေရှုသည် သူ၏အမှုကို လုပ်ဆောင်နေခဲ့သည့်အချိန်တွင်၊ သူနှင့်ပတ်သက်သည့် လူ၏ အသိပညာသည် ဝေဝါးပြီး မရှင်းမလင်း ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ လူသားက သူ့ကို ဒါဝိဒ်၏သားတော်အဖြစ် အမြဲ ယုံကြည်ခဲ့ပြီး၊ သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်၊ လူသား၏ အပြစ်များကို ရွေးနုတ်ခဲ့သော စေတနာရှိသော အရှင်သခင်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အချို့က ၎င်းတို့၏ ယုံကြည်ခြင်း ခွန်အားအပေါ် သူ့ဝတ်ရုံ၏ အစွန်းကို ထိတွေ့ခြင်းမှ အနာရောဂါငြိမ်းခဲ့ကြသည်။ မျက်စိကန်းသူ မြင်နိုင်ခဲ့ပြီး သေသူပင် အသက်ပြန်ရှင်နိုင်ခဲ့သည်။ သို့ရာတွင် လူသည် မိမိကိုယ်ကိုယ်အတွင်း နက်ရှိုင်းစွာ အမြစ်တွယ်သည့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ရှာဖွေမတွေ့ရှိနိုင်ခဲ့သကဲ့သို့၊ ယင်းကို မည်သို့ စွန့်ပစ်ရမည်ကိုလည်း မသိခဲ့ပေ။ လူသည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှု၊ မိသားစုဝင်တစ်ဦး၏ ယုံကြည်ခြင်းက မိသားစုတစ်ခုလုံးအပေါ် ကောင်းချီးမင်္ဂလာဆောင်ကြဉ်းခြင်း၊ နာမကျန်းမှုကို ပျောက်ကင်းစေခြင်း စသည်တို့ကဲ့သို့သော ကျေးဇူးတော်များစွာကို ရရှိခဲ့သည်။ ကျန်သည့်အရာများမှာ လူ၏ကောင်းသော လုပ်ဆောင်ချက်များနှင့် သူ၏ ဘုရားတရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဤအရာများကို အခြေခံ၍ အသက်ရှင်နိုင်ပါက၊ ၎င်းတို့ကို လက်သင့်ခံ၍ရနိုင်သော ယုံကြည်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဤယုံကြည်သူမျိုးများသာ သေဆုံးပြီးနောက် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ပေသည်၊ ယင်းမှာ ၎င်းတို့ ကယ်တင်ခြင်းခံခဲ့ရသည်ဟု ဆိုလိုခဲ့ပေသည်။ သို့ရာတွင် ဤလူများက ၎င်းတို့၏ တစ်သက်တာတွင် အသက်၏လမ်းခရီးကို လုံးဝ နားမလည်ခဲ့ကြပေ။ ၎င်းတို့ လုပ်ဆောင်ခဲ့သမျှအားလုံးမှာ အပြစ်များကို ကျူးလွန်ပြီးနောက် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲရန် မည်သည့်လမ်းကြောင်းမျှ မရှိဘဲ၊ အတောမသတ်သော သံသရာစက်ဝိုင်းတစ်ခုထဲတွင် ၎င်းတို့၏ အပြစ်များကို ဝန်ချရန် ဖြစ်ခဲ့သည်။ ယင်းမှာ ကျေးဇူးတော်ခေတ်တွင် ရှိသော လူ၏အခြေအနေဖြစ်ခဲ့သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိပြီးဖြစ်ပါသလော။ မရရှိပေ။ ထို့ကြောင့် အမှု၏ ထိုအဆင့် ပြီးဆုံးခဲ့သည့်နောက်တွင်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှု ကျန်ရှိခဲ့သေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်အားဖြင့် ဖြူစင်စေရန်ဖြစ်ပြီး ထိုသို့ဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို သူ့အား ပေးရန် ဖြစ်သည်။ လူသား၏ အပြစ်နှင့်ပြည့်သော သဘာဝကို ပပျောက်စေနိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ လူသားသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့်လာမည် ဖြစ်သည့်အတွက်၊ အကယ်၍ နတ်ဆိုးများကို နှင်ထုတ်ခြင်းကိုဆက်လက် လုပ်ဆောင်ခဲ့ပါက၊ ဤအဆင့်သည် အကျိုးဖြစ်ထွန်းမည် မဟုတ်သကဲ့သို့ အဓိပ္ပာယ်လည်းရှိမည် မဟုတ်ပေ။ ကားစင်တင်ခံရခြင်း အမှုသည် အဆုံးသို့ ရောက်ရှိလာပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်သည် စာတန်အပေါ် အောင်နိုင်ပြီးဖြစ်သည့်အတွက်၊ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ့အတွင်းတွင် ကျန်ရှိနေဆဲဖြစ်သည်၊ လူသည် အပြစ်ပြုနိုင်ဆဲဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်ဆဲဖြစ်ကာ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရယူသေးပေ။ ယင်းမှာ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်စေလျက်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးပြီး လူ၏ စိတ်သဘောထားကို လုံးဝ အသစ်ပြုပြင်စေနိုင်သည်မှာ နှုတ်ကပတ်တော် ဖြစ်သည့်အတွက်၊ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမို အဓိပ္ပာယ်ရှိသည့်အပြင် အကျိုးလည်း ပိုမို ဖြစ်ထွန်းလေသည်။ ယင်းသည် များစွာ သာ၍ စေ့စပ်သေချာသော အမှု၏ အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကို ခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံစေပြီးဖြစ်သကဲ့သို့၊ လူသား၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝ ပြီးဆုံးစေပြီး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခံရခြင်း အဖြစ်သို့ ရောက်ရှိသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ဦးချင်း ပြင်းပြသောဆန္ဒများ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ စစ်ဆေးဖို့၊ တရားစီရင်ဖို့နှင့် ဖွင့်ဟဖို့ နှုတ်ကပတ်တော်ကို အသုံးပြုခြင်းမှတစ်ဆင့် ဖြစ်ပေသည်။ လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများ နှင့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။ ဥပမာအားဖြင့်၊ လူများက ၎င်းတို့သည် မောဘမှ ဆင်းသက်ခဲ့ကြသည်ကို သဘောပေါက်ကြသည့်အခါ၊ ၎င်းတို့သည် စောဒကတက်သည့် စကားများကို တင်လျှောက်ခဲ့ကြသည်၊ အသက်ကို လိုက်စားခြင်းအား ရပ်စဲခဲ့ကြပြီး၊ လုံးဝ အပျက်သဘောဆောင် လာခဲ့ကြသည်။ ဤအရာက လူသားမျိုးနွယ်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အပြည့်အဝ မကျိုးနွံမနာခံနိုင်ဆဲ ဖြစ်သည်ကို ပြသသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတိအကျ ဖြစ်သည် မဟုတ်လော။ သင်သည် ပြစ်တင်ဆုံးမခြင်းကို ခံရခြင်း မရှိခဲ့ချိန်တွင်၊ သင်၏ လက်များသည် အခြားသူများထက် ယေရှု၏ လက်များထက်ပင် သာ၍ မြင့်အောင် မြှောက်ထားခဲ့သည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့်၊ “ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ပျပ်ဝပ်ဖို့ထက် အသေခံကြမည်။ စာတန်အိုကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးသည် တန်ခိုးအာဏာမှ လက်မှိုင်ချလျက် ကျဆင်းပါစေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်။”ဟု အော်သည်။ သင်၏ အော်ဟစ်မှုများသည် အခြားသူများ အားလုံးထက် ပိုမို ကျယ်လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမခြင်း အချိန်ကာလ ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထုတ်ဖော်ပြခံရလေသည်။ ထိုအခါ ၎င်းတို့၏ ဟစ်အော်မှုများ ရပ်စဲသွားခဲ့ပြီး၊ ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက် ကျရှုံးသွားခဲ့သည်။ ဤသည်မှာ လူ၏ ဖောက်ပြန်ပျက်စီးခြင်း ဖြစ်သည်။ အပြစ်ထက်ပို၍ နက်ရှိုင်းနေလျက်၊ ယင်းသည် စာတန်က အခိုင်အမာတည်ထားသည့်အရာတစ်ခု ဖြစ်ပြီး၊ လူသား၏ အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့သည်။ လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထို့သို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းအားဖြင့်သာ လူသားကို စုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ ၎င်းတို့က “အကယ်၍ ဘုရားသခင်သည် လူသားကို ကျိန်ဆဲမည်ဆိုလျှင်၊ လူသားသည် သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကို တရားစီရင်မည်ဆိုလျှင် လူသားသည် ပြစ်ဒဏ်ချမှတ်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း” ဟု ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများက ပြောသော စကားများ ဖြစ်သည်။ ဘုရားသခင်ကျိန်ဆဲသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူတရားစီရင်သည့်အရာမှာ လူသား၏ အပြစ်များကို ဖြစ်သည်။ ဘုရားသခင်သည် မညှာမတာ၊ ပြင်းပြင်းထန်ထန် ပြောဆိုသော်လည်း သူသည် ဤခက်ထန်သော နှုတ်ကပတ်တော်များ အားဖြင့် လူသားအတွင်း၌ မုချလိုအပ်သောအရာကို ဖော်ထုတ်လျက် လူသားအတွင်းမှ အရာအားလုံးကို ထုတ်ဖော်လေ၏၊ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့် သူသည် လူသားအား လူ့ဇာတိဆိုင်ရာ အနှစ်သာရ၏ နက်နဲသိမ်မွေ့သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းဖြစ်သည်။ လူသား၏ ဇာတိပကတိသည် အပြစ်ဖြစ်ပြီး စာတန်နှင့်သက်ဆိုင်သည်၊ ယင်းသည် နာခံမှုမရှိ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံရသည့်အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်ရမည်ဖြစ်ကာ စစ်ဆေးခြင်း အမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

ဤခေတ်အတောအတွင်း ဘုရားသခင် လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသား၏အသက်တာအတွက် နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် လူ့သဘာဝ၏ အနှစ်သာရကို ဖော်ထုတ်ခြင်းနှင့် ဘာသာရေးဆိုင်ရာ အယူအဆများ၊ မတော်မတရား ရှေးဆန်သော အတွေးအခေါ်၊ ခေတ်မမီတော့သော အတွေးအခေါ်နှင့် လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ဖြစ်သည်။ ဤအရာများအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် သန့်စင်စေရမည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို အသုံးမပြုဘဲ၊ သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ဖွယ်ဖြစ်ခြင်းတို့ကို မြင်လာစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ရှုမြင်ရန်အလို့ငှာ၊ ဘုရားသခင်သည် လူသားကို ဖော်ထုတ်ရန်၊ လူသားကို တရားစီရင်ရန်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် လူသားကို စုံလင်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

ဘုရားသခင်တွင် လူသားကို စုံလင်စေခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချပြီး၊ လူသားကို ဖော်ထုတ်ပြရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး၊ နောက်တစ်ဖက်တွင် လူသားကို ဖော်ထုတ်ပြကာ အခြားတစ်ဖက်တွင် လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော “နက်နဲရာများ” ကို တူးဆွကာ ဖော်ပြလျက်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေလျက်၊ လူသားကို ဖွင့်ဟပြသည်။ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိစေရန် ဘုရားသခင်သည် ဖော်ပြခြင်း၊ ကိုယ်တွယ်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စသည့် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

လူ၏အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကာ မိမိဘာသာ စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေနိုင်သည့် လူ တစ်ဦးမျှမရှိပေ။ အားလုံးသည် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးအနည်းငယ်မျှ မရှိဘဲ၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် အနှစ်မဲ့ခြင်းထဲတွင်၊ ညစ်ညူးသော လောကတစ်ခု၌ အသက်ရှင်ကြသည်။ ၎င်းတို့သည် ဇာတိပကတိအတွက်၊ တပ်မက်ခြင်းအတွက်နှင့် စာတန်အတွက် ထိုသို့သော ပူပင်ကြောင့်ကြမဲ့သည့် ဘဝများကို အသက်ရှင်ကြသည်။ ၎င်းတို့၏ တည်ရှိမှုတွင် တန်ဖိုးအနည်းငယ်မျှ မရှိ။ လူသည် သူ့ကို စာတန်၏ စွမ်းအားမှ လွတ်မြောက်စေမည့် သမ္မာတရားကို ရှာတွေ့နိုင်စွမ်း မရှိပေ။ လူသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာကျမ်းစာကို ဖတ်ရှုသော်လည်း၊ စာတန်၏ စွမ်းအား ထိန်းချုပ်မှုမှ မိမိကိုယ်ကိုယ် မည်သို့ လွတ်မြောက်စေရမည်ကို သူ နားမလည်ပေ။ ခေတ်ကာလများတစ်လျှောက်တွင်၊ အလွန်နည်းပါးသော လူတို့သာ ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိကြပြီးဖြစ်သည်၊ အလွန်နည်းပါးသော သူတို့က ယင်းကို သဘောပေါက်ကြပြီး ဖြစ်သည်။ ထိုသို့ဖြင့် လူက စာတန်ကို မုန်းတီးစက်ဆုပ်ပြီး ဇာတိပကတိကို စက်ဆုပ်သော်လည်း၊ စာတန်၏ စွမ်းအားဖြင့် မိနေခြင်းမှ မိမိကိုယ်ကိုယ် မည်သို့ဖယ်ရှားရမည်ကို မသိပေ။ ယနေ့တွင် သင်တို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိနေသေးသည် မဟုတ်လော။ သင်သည် ဆိုးညစ်ပြီး မနာခံသည်ကို ခံစားသိရှိရန် မဆိုထားနှင့် သင်၏ မနာခံတတ်သော အပြုအမူများကိုပင် နောင်တမရကြပေ။ ဘုရားသခင်အား ဆန့်ကျင်ပြီးနောက် သင်သည် စိတ်ငြိမ်သက်မှုပင် ရှိကြပြီး ကြီးမားသော တည်ငြိမ်အေးချမ်းမှုကို ခံစားကြရသည်။ သင်၏ တည်ငြိမ်အေးချမ်းမှုသည် သင် ဖောက်ပြန်ပျက်စီးသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤစိတ်ငြိမ်သက်ခြင်းသည် သင်၏ မနာခံခြင်းမှလာခြင်း မဟုတ်လော။ လူသည် လူ့ငရဲတွင် အသက်ရှင်သည်၊ စာတန်၏ မှောင်မိုက်သော စွမ်းအောက်တွင် သူ အသက်ရှင်သည်။ တစ္ဆေများသည် လူ၏ အသွေးအသားအပေါ် နယ်မြေအနှံ့ ကျူးကျော်ရင်း လူသားများနှင့် အတူနေထိုင်ကြလေသည်။ ကမ္ဘာမြေပေါ်တွင် သင်သည် လှပသော သုခဘုံတစ်ခုတွင် အသက်မရှင်ပေ။ သင်ရှိနေသည့်နေရာသည် နတ်ဆိုးတို့၏နယ်ပယ်၊ လူ့ငရဲတစ်ခု၊ မြေအောက်ကမ္ဘာတစ်ခု ဖြစ်ပေသည်။ လူသည် သန့်ရှင်းစေခြင်းမခံရပါက၊ သူသည် ညစ်ညူးခြင်း ရှိပေသည်။ သူသည် ဘုရားသခင်အားဖြင့် ကွယ်ကာခံရကာ စောင့်ရှောက်ခံရခြင်း မရှိပါက၊ သူသည် စာတန်၏အကျဉ်းသားတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ အကယ်၍ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မခံရပါက စာတန်၏ မှောင်မိုက်စွမ်းအား၏ ဖိနှိပ်မှုကို လွတ်မြောက်ခြင်းငှာ နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။ သင်ထုတ်ပြသသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် သင် အသက်ရှင်နေထိုင်သည့် မနာခံသော အပြုအမူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် သင် အသက်ရှင်နေဆဲ ဖြစ်သည်ကို သက်သေပြရန် လုံလောက်ပေသည်။ သင့်စိတ်နှင့် အတွေးများသည် သန့်ရှင်းစေခြင်းခံရသေးသကဲ့သို့၊ သင်၏ စိတ်သဘောထားသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မခံရသေးပါက၊ သင်၏ ဖြစ်တည်မှု တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုဖြင့် ထိန်းချုပ်ခံရဆဲ ဖြစ်သည်၊ သင့်စိတ်သည် စာတန်၏ ထိန်းချုပ်ခြင်းခံရသည်၊ သင့်အတွေးများသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းခံရပြီး၊ သင့်ဖြစ်တည်မှု တစ်ခုလုံးသည် စာတန်၏ လက်များဖြင့် ထိန်းချုပ်ခံရပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

လူသားသည် ဇာတိပကတိအလယ်တွင် အသက်ရှင်သည်၊ ယင်းမှာ သူသည် လူ့ငရဲတွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ မရှိဘဲ၊ လူသားသည် စာတန်လောက် ညစ်ညူးပေသည်။ လူသားသည် မည်သို့သန့်ရှင်းနိုင်မည်နည်း။ ပေတရုက ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူသား၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကျေးဇူးတော် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့်သာ၊ လူသားသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော ဆုံးမပဲ့ပြင်ခြင်းသည် စာတန်၏ စွမ်းအားမှ လူသားကို လွတ်မြောက်စေသည်၊ သူ၏ ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲမှ သူ့ကို လွတ်မြောက်စေပြီး၊ ဘုရားသခင်၏ မျက်မှောက် အလင်းတွင် သူ့ကို အသက်ရှင်ခွင့်ပေးသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်း မရှိပေ။ ပေတရုက၊ “အို ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမကာ တရားစီရင်သရွေ့၊ ကိုယ်တော်သည် ကျွန်ုပ်ကို ပစ်ခွာမသွားသေးသည်ကို ကျွန်ုပ်သိပါလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်အား ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်သက်ခြင်းကို မပေးသကဲ့သို့၊ ဒုက္ခဆင်းရဲထဲတွင် ကျွန်ုပ်ကို အသက်ရှင်စေကာ ကျွန်ုပ်အပေါ် မရေမတွက်နိုင်သည့် ဆုံးမခြင်းများ ပေးလျှင်ပင်၊ ကျွန်ုပ်အား ကိုယ်တော် မစွန့်ခွာသမျှကာလပတ်လုံး၊ ကျွန်ုပ်၏ စိတ်နှလုံး ငြိမ်းအေးနေပါလိမ့်မည်။ ယနေ့တွင်၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်လာပေပြီ။ ကျွန်ုပ်အား ကိုယ်တော်ပေးသော ကျေးဇူးတော်သည် ကျွန်ုပ်ကို ကာကွယ်ပါသည်။ ယနေ့ ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသော ကျေးဇူးတော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ သရုပ်သကန်တစ်ခု ဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သည်။ ထို့အပြင် ယင်းသည် စမ်းသပ်မှုတစ်ခုဖြစ်ပြီး၊ ထိုထက်ပို၍ ဒုက္ခဆင်းရဲခံရသော အသက်တာတစ်ခု ဖြစ်ပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။ ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ကျေးဇူးတော်များစွာကို ရရှိခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ဇာတိပကတိ၏ သာယာမှုများကို ဘေးဖယ်ထားနိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော မေတ္တာနှင့် ပိုမိုကြီးမားသော ကွယ်ကာမှုကို ရှာဖွေနိုင်ခဲ့သည်။ သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ သတ္တဝါ တစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

အရှေ့သို့- ကားတိုင်ထက်တွင်၊ သခင်ယေရှု ပြောခဲ့သည်မှာ- “အမှုပြီးပြီ။” (ရှင်ယောဟန် ၁၉:၃၀) ဟူ၍ဖြစ်သည်၊ ထို့သို့ဖြင့် ဘုရားသခင်၏ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုသည် အပြည့်အဝ ပြီးမြောက်ခဲ့သည်ကို သက်သေပြပေသည်။ သခင်ယေရှုကို ကျွန်ုပ်တို့ ယုံကြည်သည့်အတွက်၊ ကျွန်ုပ်တို့၏ အပြစ်များသည် ခွင့်လွှတ်ခံရနှင့်ပြီးဖြစ်ကာ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ ဖြောင့်မတ်ရာသို့ ရောက်ကြ၏။ သခင် ကြွလာချိန်တွင်၊ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ တိုက်ရိုက် ချီမခံရကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် သမ္မာတရားကို ဖော်ပြပြီး လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်း အမှုကို ဆောင်ရွက်ရဦးမည်နည်း။
နောက်တစ်ခုသို့- အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး နောက်ဆုံးသော ကာလ သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် သခင်ယေရှုကို ကျွန်ုပ်တို့ ယုံကြည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို လက်ခံခြင်းဆိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို ကျွန်ုပ်တို့ ကြုံရပြီးဖြစ်သည်ကို ဆိုလိုသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ သက်သေအဖြစ် သခင်ယေရှု၏ နှုတ်ကပတ်တော်များမှာ ဤသို့ဖြစ်၏- “ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” (ယော ၁၆:၇-၈) သခင်ယေရှုက ရွေးနှုတ်ခြင်း အမှုကို ပြုခဲ့သော်လည်း၊ သူကောင်းကင်သို့ တက်ကြွသွားပြီးနောက် ပင်တေကုတ္တေနေ့တွင်၊ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်လာခဲ့ပြီး လူတို့အထဲတွင် အလုပ်လုပ်ခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြပါသည်- “ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” ယင်းမှာ နောက်ဆုံးသော ကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် ဖြစ်သင့်ပေသည်၊ ထို့ကြောင့် ကျွန်ုပ် ရှာဖွေလိုသည့်အရာမှာ၊ နောက်ဆုံးသော ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် တရားစီရင်ခြင်း အမှုတော်နှင့် သခင်ယေရှု၏ အမှုတော်တို့ကြား ခြားနားချက်များမှာ မည်သည့်အရာ အတိအကျ ဖြစ်ပါသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။