အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး နောက်ဆုံးသော ကာလ သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် သခင်ယေရှုကို ကျွန်ုပ်တို့ ယုံကြည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို လက်ခံခြင်းဆိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို ကျွန်ုပ်တို့ ကြုံရပြီးဖြစ်သည်ကို ဆိုလိုသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ သက်သေအဖြစ် သခင်ယေရှု၏ နှုတ်ကပတ်တော်များမှာ ဤသို့ဖြစ်၏- “ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” (ယော ၁၆:၇-၈) သခင်ယေရှုက ရွေးနှုတ်ခြင်း အမှုကို ပြုခဲ့သော်လည်း၊ သူကောင်းကင်သို့ တက်ကြွသွားပြီးနောက် ပင်တေကုတ္တေနေ့တွင်၊ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်လာခဲ့ပြီး လူတို့အထဲတွင် အလုပ်လုပ်ခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြပါသည်- “ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” ယင်းမှာ နောက်ဆုံးသော ကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် ဖြစ်သင့်ပေသည်၊ ထို့ကြောင့် ကျွန်ုပ် ရှာဖွေလိုသည့်အရာမှာ၊ နောက်ဆုံးသော ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် တရားစီရင်ခြင်း အမှုတော်နှင့် သခင်ယေရှု၏ အမှုတော်တို့ကြား ခြားနားချက်များမှာ မည်သည့်အရာ အတိအကျ ဖြစ်ပါသနည်း။

18.11.2021

အဖြေ-

သခင်ယေရှု လုပ်ဆောင်ခဲ့သည့်အရာမှာ ရွေးနုတ်သော အမှုဖြစ်ပြီး နောင်တလမ်းကို ကျွန်ုပ်တို့ထံ သူယူဆောင်ခဲ့သည်ဟု သင်အသိအမှတ်ပြုသည့်အတွက်၊ “နောင်တရကြလော့ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။(မ ၄:၁၇) သန့်ရှင်းသော ဝိညာဉ်တော်သည် ပင်တေကုတ္တေနေ့တွင် ကြွလာသည့်အချိန်၌ နောက်ဆုံးသော ကာလ၏ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ခဲ့သည်ဟု ဆုံးဖြတ်ရန် သင့်အတွက် မည်သည့် အထောက်အထား ရှိပါသနည်း။ သင်သည် သခင်ယေရှု ပြောခဲ့သည့်အရာဖြစ်သည့်၊ “ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။(ယော ၁၆:၇-၈) ဆိုသည်ကိုသာ အခြေခံပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် နောက်ဆုံးသော ကာလ၏ တရားစီရင်ခြင်း အမှုကို ပြုဖို့ရန် ကြွလာခဲ့ပြီဟု သင် ပိုင်းဖြတ်ဝံ့ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် အခြေပြုချက်တစ်ခုတစ်လေ ရှိပါသလား။ သခင်ယေရှုက၊ “နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း အမှုကို ပြုဖို့ သန့်ရှင်းသော ဝိညာဉ်တော် ကြွလာပြီ” ဟု ပြောဖူးပါသလား။ ဤအရာကို ဘယ်သောအခါမျှ သခင်ယေရှု မပြောဖူးပါ။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ယော ၁၂:၄၇-၄၈) ဟု ရှင်းလင်းစွာ ပြောဆိုခဲ့ပါသည်။ သခင်ယေရှု၏ သတင်းစကားမှာ အလွန်အရှင်းလင်းပြီး တရားစီရင်ခြင်းက သူ၏ အမှုတော်မဟုတ်ပေ။ နောက်ဆုံးသော ကာလတွင် သခင်ယေရှု ပြန်ကြွလာသည့်အခါ၊ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ရန် သမ္မာတရားကို သူ ဖော်ပြလိမ့်မည်ဖြစ်သည်။ သေချာစေရန်၊ ကျေးဇူးတော်ခေတ်ထဲက သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်အဖြစ် ရည်ညွှန်းဖို့ရန်မှာ ကျွန်ုပ်တို့အတွက် မှားယွင်းပေသည်။ သဘာဝအားဖြင့်၊ ကျွန်ုပ်တို့အတွက် အပြစ်များအပေါ် စစ်မှန်စွာဝန်ချခြင်းနှင့် နောင်တရရှိဖို့ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်း၊ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ လိုအပ်သည်။ သို့သော်၊ ခါးသီးသော မျက်ရည်များဖြင့် သခင့်ရှေ့မှောက်တွင် ဝန်ချခြင်းနှင့် နောင်တရခြင်းသည် ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်နှင့် လုံးဝ ကွဲပြားခြားနားသည့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရလဒ်ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် စာနှစ်ပိုဒ်ကို ဖတ်ကြပါစို့၊ ပြီးလျှင် တရားစီရင်ခြင်းက အမှန်တကယ် မည်သည့်အရာဆိုလိုသည်ကို ကျွန်ုပ်တို့ နားလည်ကြပါလိမ့်မည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “’တရားစီရင်ခြင်းဟူသော စကားလုံးကို ဖော်ပြသည်နှင့်၊ နေရာအားလုံးသို့ ယေဟောဝါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် ယေရှုက ဖာရိရှဲတို့ကို ပြောဆိုခဲ့သည့် ပြစ်တင်မောင်းမဲသည့် နှုတ်ကပတ်တော်များကို သင်တို့ စဉ်းစားမိကောင်းစဉ်စားမိနိုင်သည်။ ၎င်းတို့၏ပြင်းထန်မှုများ အားလုံးရှိလင့်ကစား၊ ဤနှုတ်ကပတ်တော်များသည် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှု မဟုတ်ပေ။ ယင်းတို့သည် မတူညီသော နောက်ခံအကြောင်းအရာများ ဖြစ်သည့်၊ မတူညီသော ပတ်ဝန်းကျင်များအတွင်း ဘုရားသခင် ပြောဆိုထားခဲ့သည့် နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလ၌ ခရစ်တော်က လူသားကို တရားစီရင်သည် နှင့်အမျှ သူပြောဆိုထားသော နှုတ်ကပတ်တော်များနှင့် မတူပေ။ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်သည် နက်နဲမှု တစ်ခုဖြစ်ပြီး သူ၏ ထုတ်ဖော်ပြချက်မရှိဘဲ မည်သူမျှ မသိမြင်နိုင်ပါ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် တရားစီရင်ခြင်းက မည်သည့်အရာဖြစ်သည် ဆိုသည်နှင့် တရားစီရင်ခြင်း အမှုတော်အားဖြင့် စွမ်းဆောင် ရရှိနိုင်သည့် အကျိုးတရားများကို ရှင်းရှင်းလင်းလင်း ရှင်းပြပြီး ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်အကြောင်းကို ကျွန်ုပ်တို့ ပိုမို သိနားလည်ကြသည်။ နောက်ဆုံးသော ကာလတွင်၊ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်မှာ လူသားမျိုးနွယ်ကို လုံးလုံးလျားလျား သန့်စင်ပြီး ကယ်တင်ရန် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ထံ ပြစ်တင်ခြင်းနှင့် ကျိန်ဆဲခြင်း စကားအနည်းငယ်သာ ပြောလိမ့်မည် မဟုတ်ပါ။ နှုတ်ကပတ်တော် စာပိုဒ်အနည်းငယ်သည် ကျွန်ုပ်တို့ကို အပြစ်တရား၏ ချည်နှောင်ခြင်းမှ လွတ်စေဖို့ နှင့် ဘုရားသခင်၏ သန့်စင်ခြင်း၊ ကယ်တင်ခြင်းတို့ကို ရရှိစေဖို့ အခွင့်ပေးရန် မလုံလောက်ပါ။ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းအတွက် လူသားမျိုးနွယ်က နားလည်သင့်ပြီး ဝင်ရောက်သင့်သည့် သမ္မာတရား ရှုထောင့်အားလုံးကို ဖော်ပြဖို့နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုများအားလုံးကို လူသားမျိုးနွယ်ထံ ဖွင့်ဟဖို့ ဘုရားသခင်သည် လုံလောက်သော နှုတ်ကပတ်တော်များကို ပြောဆိုသည်။ နှုတ်ကပတ်တော် အရေအတွက်မှာ ရာချီ၊ ထောင်ချီပင် ရှိပြီး၊ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု ဖော်ပြခဲ့သည်ထက် အဆများစွာ ပိုလေသည်။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း၏ အာရုံစိုက်ရာနေရာမှာ လူသားအပေါ် သမ္မာတရား နှင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ဖော်ပြခြင်း ဖြစ်သည်။ ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်သည့် ကျွန်ုပ်တို့၏ ဆိုးယုတ်သော သဘာဝအပြင်၊ စာတန်အားဖြင့် ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသည့် ကျွန်ုပ်တို့ ဖြစ်တည်မှု၏ အနှစ်သာရနှင့် အမှန်တရားတို့ကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်း အားဖြင့်၊ ဘုရားသခင်၏ သန့်ရှင်းပြီး ဖြောင့်မတ်ကာ ပုန်ကန်ပြစ်မှား၍မရနိုင်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြ လေသည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သတ်မှတ်ချက်များအကြောင်း၊ မည်သူ ကယ်တင်ခံရပြီး မည်သူအပြစ်ပေးခံရမည်၊ စသဖြင့်နှင့်ပတ်သက်သည့် သမ္မာတရား ရှုထောင့်အားလုံးကို ကျွန်ုပ်တို့ထံ ပြောပြလေသည်။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို တွေ့ကြုံရင်းဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်ကို ကျွန်ုပ်တို့ နားလည်နိုင်လိမ့်မည်ဖြစ်သည်။ အပြုသဘောဆောင်သော အရာများကို အပျက်သဘောဆောင်သော အရာများမှ ကျွန်ုပ်တို့ ခွဲခြားသိမြင်နိုင်လိမ့်မည်။ ဘုရားသခင်အပေါ် စာတန်၏ အရူးအမူး ဆန့်ကျင်ခြင်း၏ ဘီလူးသရဲစီးသော စရိုက်ကို ကျွန်ုပ်တို့ မြင်နိုင်လိမ့်မည်၊ စာတန်အားဖြင့် ကျွန်ုပ်တို့ လုံးဝ ဖောက်ပြန်ပျက်စီးသော အဖြစ်၏ အနှစ်သာရနှင့် အမှန်တရားကို သိမြင်ပြီး၊ ဘုရားသခင်ကို အာခံကာ သစ္စာဖောက်သည့် ကျွန်ုပ်တို့၏ ဆိုးယုတ်သော သဘာဝကို သတိပြုမိနိုင်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်း နှင့် ဉာဏ်ပညာ၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် ပတ်သက်သည့် စစ်မှန်သော သိနားလည်မှုအချို့ကို ကျွန်ုပ်တို့ ရရှိသောအခါတွင်၊ ဘုရားသခင်အတွက် ကြောက်ရွံ့ကြည်ညိုသော စိတ်နှလုံးတစ်ခု ကျွန်ုပ်တို့ ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဆိုးရွားသော အရှက်ရခြင်းဖြင့် ကျွန်ုပ်တို့ပျပ်ဝပ်ပြီး ဘုရားသခင်ရှေ့တွင် အသက်ရှင်ဖို့ ကျွန်ုပ်တို့ မသင့်လျော်ဟု ခံစားရလိမ့်မည်။ ကျွန်ုပ်တို့ စိတ်နှလုံးများထဲတွင် မိမိကိုယ်ကိုယ် မုန်းတီးမိကြလိမ့်မည်၊ မိမိကိုယ်ကိုယ် ပုန်ကန်မိကြ လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို အမှန်တကယ် ကြည်ညိုပြီး နာခံသည့် လူတစ်ဦးဖြစ်လာလျက် စစ်မှန်သော လူတစ်ဦးကဲ့သို့ အသက်ရှင်ဖို့ အပြစ်တရား၏ ချည်နှောင်မှုမှ တဖြည်းဖြည်း ထွက်ပြေးလွတ်မြောက် ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကို တွေ့ကြုံရခြင်း၏ ရလဒ်ဖြစ်သည်။ ဤသို့သော အမှုမျိုးသည်သာ နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် ဖြစ်သည်။

သို့ဆိုလျှင် ကျေးဇူးတော်ခေတ်ကို ကြည့်ကြပါစို့။ သခင်ယေရှု လုပ်ဆောင်ခဲ့သည့်အရာသည် ရွေးနုတ်ခြင်း အမှုတော်ဖြစ်ပြီး သူ ဟောကြားခဲ့သည့်အရာမှာ နောင်တတရားလမ်းဖြစ်သည်။ ဘုရားသခင်၏ သနားကရုဏာနှင့်ပြည့်စုံသည့် ဘက်ခြမ်းကိုသာ ကျွန်ုပ်တို့ထံ သူပြသခဲ့သည်။ ဖာရိရှဲများကို ဆန့်ကျင်၍ တရားစီရင်ခြင်း၊ ရှုတ်ချခြင်းနှင့် ကျိန်ဆဲခြင်း စကားအချို့ကိုလည်း သခင်ယေရှု ပြောခဲ့သော်လည်း၊ သူ၏ အမှုတော်မှာ အပြစ်များကို ခွင့်လွှတ်ခြင်း၊ နောင်တတရားကို သွန်သင်ခြင်း၊ လူသားအပေါ် သနားကရုဏာနှင့် ကျေးဇူးတော်ကို နှင်းအပ်ခြင်းတို့အပေါ် ဗဟိုပြုသည့် ရွေးနှုတ်ခြင်း အမှုတော်သာ ဖြစ်ခဲ့သည်။ ယင်းသည် လူသား၏ အပြစ်များကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့အပေါ် အာရုံစိုက်သည့် အမှုမျိုး မဟုတ်ခဲ့ပါ။ ထို့ကြောင့် သခင်ယေရှု၏ အမှုတော်က ရွေးနှုတ်ခြင်း အမှုကိုသာ ဗဟိုပြုနေခဲ့ပြီး၊ မည်သို့နောင်တရပြီး ကျွန်ုပ်တို့၏ အပြစ်များကို ဝန်ခံရမည်၊ မည်သို့ နှိမ့်ချပြီး သည်းခံရမည်၊ မည်သို့ နှစ်ခြင်းမင်္ဂလာခံယူရမည်၊ ကားတိုင်ကို ထမ်းပြီး မည်သို့ ဆင်းရဲဒုက္ခခံစားရမည်၊ စသည်တို့ကို ကျွန်ုပ်တို့အား သွန်သင်ခြင်းအပေါ် အကန့်အသတ်ရှိသည့် နှုတ်ကပတ်တော်များကို သူ ဖော်ပြခဲ့လေသည်။ သခင့်ကို ကျွန်ုပ်တို့ ယုံကြည်သည့်အခါ ကျွန်ုပ်တို့၏ အပြစ်များကို ဝန်ခံအပ်နှံပြီး နောင်တရဖို့ သခင့်၏ နှုတ်ကပတ်တော်နောက်သာ လိုက်လျှောက်ဖို့ လိုအပ်ခဲ့သည်။ ထို့နောက်တွင် ကျွန်ုပ်တို့၏ အပြစ်များ ခွင့်လွှတ်ခံရပြီး ပညတ်တရားအားဖြင့် ကျွန်ုပ်တို့ စီရင်ချက်ချခံရလိမ့်မည် မဟုတ်သလို ကွပ်မျက်ခံရလိမ့်မည် မဟုတ်ပါ။ ဘုရားသခင်ထံ ဆုတောင်းဖို့ ကျွန်ုပ်တို့ အရည်အချင်း ပြည့်မှီကြလိမ့်မည် ဖြစ်သလို၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာတို့ကို ခံစားကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသော ကာလဘုရားသခင်၏ တရားစီရင်ခြင်း ရလဒ်နှင့် လုံးဝ ကွဲပြားခြားနားသည့် ကျေးဇူးတော်ခေတ်ရှိ ဘုရားသခင်၏ ရွေးနှုတ်ခြင်း အမှုတော် ရလဒ် ဖြစ်လေသည်။ သို့သော်၊ လူအချို့က ကျေးဇူးတော်ခေတ်ရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို တွေ့ကြုံခြင်း၊ သူ၏ ဉာဏ်အလင်းပေးခြင်း၊ အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို ရရှိခြင်း၊ ခါးသီးသော မျက်ရည်များဖြင့် ဆုတောင်းခြင်းနှင့် အပြစ်ကို ဝန်ခံခြင်းအပြင်၊ ကောင်းမှုအချို့ကို လုပ်ဆောင်ခြင်းအားဖြင့်၊ ယင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို တွေ့ကြုံခြင်းနှင့် သန့်စင်ခြင်းကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ယင်းက အမှန်ဖြစ်လျှင်၊ သင့် အပြစ်များ၏ အရင်းအမြစ်များကို သင် သိပါသလား။ ဘုရားသခင်ကို ဆန့်ကျင်သည့် သင်၏ ဆိုးယုတ်သော သဘာဝ၏ အနှစ်သာရ၊ လူသားမျိုးနွယ်၏ လုံးလုံးဖောက်ပြန်ပျက်စီးခြင်း နှင့် စာတန်၏ ဆိုးညစ်သော အနှစ်သာရတို့ကို သင် သိပါသလား။ ဘုရားသခင်၏ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်တော်ဖြစ်သော၊ ပုန်ကန်ပြစ်မှား၍ မရနိုင်သော စိတ်သဘောထားအကြောင်းကို သင် သိပါသလား။ အပြစ်တရား၏ ကျေးကျွန်ဘဝ နှင့် ထိန်းချုပ်မှုတို့မှ သင် အမှန်တကယ် ထွက်ပြေးလွတ်မြောက်ပြီးပြီလား။ ဆိုးယုတ်သော စိတ်သဘောထားမှ မိမိကိုယ်ကိုယ် သန့်စင်ပြီး ဘုရားသခင်ကို ကြည်ညိုကာ သင် နာခံမှု ရှိလာပြီလား။ ဤအရာများကို သင် မပြီးမြောက်သေးလျှင်၊ ဘုရားသခင်၏ တရားစီရင်ခြင်းကို တွေ့ကြုံပြီး သန့်စင်ခြင်းကို ရရှိခြင်းအကြောင်းအား သင် မည်သို့ပြောနိုင် ပါသနည်း။ ဤနည်းဖြင့် ဆွေးနွေးခြင်းကို လူတိုင်း နားလည်ပါသလား။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု လုပ်ဆောင်ခဲ့သည့် အမှုတော်မှာ တရားစီရင်ခြင်း အမှု မဟုတ်ခဲ့ပါ။ နိုင်ငံတော်ခေတ်ရှိ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်သည်သာ နောက်ဆုံးသော ကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် ဖြစ်သည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

နောက်တစ်ခုသို့- ရှင်ပေါလု၏ ပုံသက်သေနောက် ကျွန်ုပ်တို့ လိုက်ကြပြီး ဧဝံဂေလိတရား ဖြန့်ဝေရင်း၊ သခင့်ကို သက်သေခံရင်းနှင့် သခင်၏ အသင်းတော်များကို ထိန်းကျောင်းပေးရင်း၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။” (၂ တိ ၄:၇) ဟု ရှင်ပေါလု လုပ်ဆောင်ခဲ့သကဲ့သို့ပင် သခင့်အတွက် လွန်စွာ အလုပ်ကြိုးစားကြပါသည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နောက် လိုက်လျှောက်ခြင်း မဟုတ်ဘူးလော။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးသည် ကျွန်ုပ်တို့ ချီဆောင်ခံရပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီကြသည်ဟု အဓိပ္ပါယ်ရသင့်ပေသည်၊ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ ကောင်းကင်နိုင်ငံတော်ထဲသို့ ဆောင်ယူခြင်းမခံရမီ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်ကို အဘယ်ကြောင့် လက်ခံရမည်နည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။