သမ္မာကျမ်းစာထဲမှာ- “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏” (ရောမ ၁ဝ:၁၀) ဟု ဆိုလေသည်။ သခင်ယေရှုက ကျွန်ုပ်တို့၏ အပြစ်များမှ ကျွန်ုပ်တို့ကို ဖြေလွှတ်ခဲ့ပြီး ယုံကြည်ခြင်းမှတဆင့် ကျွန်ုပ်တို့ကို ဖြောင့်မတ်သောသူ ဖြစ်စေသည်ကို ကျွန်ုပ်တို့ ယုံကြည်ကြ ပါသည်။ ထို့အပြင်၊ တစ်စုံတစ်ဦးက တစ်ကြိမ်ကယ်တင်ခံ ရလျှင်၊ ထာဝရ ကယ်တင်ခံရပြီး၊ သခင် ပြန်ကြွလာသည့်အခါ ကျွန်ုပ်တို့သည် ချက်ချင်း ချီဆောင်ခံရလိမ့်မည်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ ကယ်တင်ခံရနိုင်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ယူဆောင် လာခြင်းမခံရနိုင်ခင် နောက်ဆုံးသော ကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံရမည်ဟု သင်တို့သည် အဘယ်ကြောင့် သက်သေခံကြပါသနည်း။

23.12.2019

အဖြေ-

ကိုယ်တော့်ကို ယုံကြည်သူများအားလုံး ထင်ကြသည်မှာ သခင်ယေရှုက ကျွန်တော်တို့ကို ရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ထို့ကြောင့် ကျွန်တော်တို့အပြစ်များ အကုန်လွတ်ပြီဟု ဖြစ်သည်။ ကိုယ်တော်က ကျွန်တော်တို့ကို အပြစ်သားများဟု နောက်ထပ် မမြင်တော့ပါ။ ကျွန်တော်တို့က ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူများ ဖြစ်လာကြပြီ။ ထို့ကြောင့် ကျွန်တော်တို့ အဆုံးတိုင် ကြံ့ကြံ့ခံကြသရွေ့၊ ကျွန်တော်တို့က ကယ်တင်ခြင်းခံရ လိမ့်မည်။ ကိုယ်တော်ပြန်ကြွလာသည့်အခါ ကောင်းကင်နိုင်ငံတော်ကို တိုက်ရိုက်ချီဆောင်ခံရလိမ့်မည်။ ကောင်းပြီ၊ ၎င်းမှာ အမှန်ဖြစ်ပါသလား။ ဤအဆိုပြုချက်ကို ထောက်ခံသည့် သက်သေတစ်ခုခု ဘုရားသခင်က သူ့၏ နှုတ်ကပတ်တော်ထဲမှာ ပေးဖူးပါသလား။ ဤရှုထောင့်က သမ္မာတရားနှင့်မညီပါက၊ မည်ကဲ့သို့ အကျိုးဆက်များ ဖြစ်လာ မည်နည်း။ ကျွန်တော်တို့ကဲ့သို့ ကိုယ်တော့်ကို ယုံကြည်သူများက အရာအားလုံးအတွက် ကိုယ်တော်တိုင် ပြောခဲ့သည့် စကားတော်များကို အခြေခံအဖြစ် အသုံးပြုသင့်သည်။ အထူးသဖြင့် ကိုယ်တော့်၏ ပြန်ကြွလာခြင်းကို မည်ကဲ့သို့ သဘောထားရမည် ဆိုသည့် မေးခွန်းနှင့် ပတ်သက်လာပါက ဤအရာက မှန်ပါသည်။ မည်သို့ အခြေအနေများတွင်မှ ကိုယ်တော်ပြန်ကြွ လာခြင်းကို ကိုယ်ပိုင်အယူအဆများ၊ ထင်မြင်ချက်များ အပေါ်အခြေခံပြီး မသတ်မှတ်သင့်ပါ။ ဤအပြုအမူ၏ အကျိုးဆက်များက မှန်းဆ ဖို့ပင် အလွန်ဆိုးရွား လွန်းပါသည်။ ဤသည်မှာ ဖာရိရှဲ များက သခင်ယေရှုကို ကားစင်တင်သတ်ပြီး မေရှိယလာသည်ကို စောင့်မျှော်နေ ကြခြင်းနှင့် ဆင်တူပါသည်။ ရလဒ်က မည်သည့်အရာ ဖြစ်မည်နည်း။ သခင်ယေရှုက လူသားများကို ရွေးနှုတ် ကယ်တင်ခဲ့ပြီးသည်မှာ မှန်ပါသည်။ သို့သော်လည်း လူသားများအပေါ် ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော်က ပြီးစီးခဲ့ပြီလား။ ၎င်းမှာ သခင်ယေရှုအပေါ် ကျွန်တော်ကဲ့သို့ ယုံကြည်သူများအားလုံး ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရဖို့ အရည်အချင်း ပြည့်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသလား။ မည်သူမျှ ဤမေးခွန်း၏ အဖြေကို မသိကြပါ။ ဘုရားသခင် တစ်ခါက ပြောခဲ့ဖူးသည်- “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(မ ၇:၂၁)ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ဘုရားသခင်၏ နှုတ်ကပတ်တော်များအရဆိုပါက တစ်ခု သေချာသည်မှာ လုံးဝအပြစ်လွတ်ကင်းပြီး၊ စင်ကြယ်နေသည့် သူများသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်ရမည် ဟုဖြစ်သည်။ သူတို့က ဘုရားသခင်၏ အလိုတော်အတိုင်း လုပ်ဆောင်သူများ ဖြစ်ကြ သည်။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေသူများ ဖြစ်ကြသည်။ ဘုရားသခင်က သန့်ရှင်းတော်မူပြီး၊ ကောင်းကင် နိုင်ငံတော်ကို ဝင်ခွင့်ရသူများက ကိုယ်တော်နှင့်အတူ နေရလိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ ကျွန်တော်တို့က စင်ကြယ်မှုမရှိ သေးပါက၊ ကောင်းကင်နိုင်ငံတော်ဝင်ဖို့ မည်သို့ အရည်အချင်း ပြည့်မည်နည်း။ ကိုယ်တော်က ကျွန်တော်တို့ အပြစ်များကို ဖြေလွှတ်ပေးပြီးသောကြောင့်၊ ကောင်းကင်နိုင်ငံတော် ဝင်၍ရပြီ ဆိုသည့် ကျွန်တော်တို့၏ အယူအဆက ဘုရားသခင်၏ အလိုတော်အပေါ် လုံးဝ နားလည်မှုလွဲနေခြင်း ဖြစ်သည်။ ဤသည်မှာ လူ့စိတ်ကူးကနေ ပေါ်ပေါက်လာခြင်း ဖြစ်သည်၊ လူ၏ ထင်မြင်ယူဆချက်ဖြစ်သည်။ သခင်ယေရှုက ကျွန်တော်တို့၏ အပြစ်များကို ဖြေလွှတ်ပေးပြီးပြီ၊ ဤသည်မှာ မမှားပါ။ သို့သော်လည်း ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်သို့ ဝင်ခွင့်ရလောက်အောင်၊ အပြစ်အားလုံး ကင်းစင်ပြီး အရည်အချင်း ပြည့်မီပြီဟု သခင်ယေရှု က မည်သည့်အခါမျှ မပြောဖူးပါ။ မည်သူမျှ ဤအချက်ကို မငြင်းနိုင်ပါ။ သို့ဆိုလျှင် သစ္စာရှိသူများက အဘယ့်ကြောင့် အပြစ်ကနေ လွတ်ပြီး ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရပြီဟု တွေးထင် ယုံကြည်နေကြသနည်း။ ၎င်းအတွက် အကိုးအကား မှာ အဘယ်နည်း။ ဤအဆိုကို ကျွန်တော်တို့ မည်သို့ ထောက်ခံထား ကြသနည်း။ လူအများစုပြောကြသည်မှာ ဤယုံကြည်ချက်က သမ္မာကျမ်းစာထဲမှ ရေးထားသည့်အတိုင်း ရှင်ပေါလု နှင့် တခြားတမန်တော်များ၏ စကားများအပေါ် အခြေခံထားကြခြင်း ဖြစ်သည်။ ကောင်းပြီ၊ သို့ပါက ကျွန်တော် မေးလိုသည်မှာ ရှင်ပေါလု နှင့် တခြားတမန်တော်များ၏စကားက သခင်ယေရှု၏ စကားကို ကိုယ်စားပြုပါသလား။ သန့်ရှင်းသော ဝိညာဉ်တော်၏ စကားကိုရော ကိုယ်စားပြုသလား။ လူ့စကားများက သမ္မာကျမ်းထဲမှာ ပါကောင်းပါနိုင် ပါသည်၊ သို့သော်လည်း ဤသည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များ ဖြစ်သည်ဟု ဆိုလိုနိုင်ပါသလား။ သမ္မာကျမ်းစာထဲကနေ ရှင်းရှင်းလင်းလင်း မြင်နိုင်သည့် အချက်တစ်ခုရှိသည်။ ဘုရားသခင်၏ ချီးမြှောက်မှုကိုခံရသည့် သူများကမူ ကိုယ်တော့် စကားတော်ကို ကြားနာတတ်ပြီး၊ အမှုတော်ကို နာခံတတ်သည်။ သူတို့က ကိုယ်တော့်လမ်းစဉ်ကို လိုက်လျှောက် ကြပြီး၊ ဘုရားသခင်၏ကတိတော်ကို အမွေခံဖို့ အရည်အချင်း ပြည့်သူ များဖြစ်သည်။ ဤအချက်ကို မည်သူမျှ မငြင်းနိုင်ပါ။ ကျွန်တော်တို့၏ အပြစ်များက ယုံကြည်ချက်တစ်ခု အစွဲပြု၍ အခွင့်လွှတ်ခံခဲ့ရ ပြီးသည့်တိုင် ကျွန်တော်တို့က စင်ကြယ်မှု မရှိသေးဘဲ၊ မကြာခဏအပြစ်ပြုရင်း ဘုရားသခင်ကို ဆန့်ကျင်နေဆဲ ဖြစ်သည်။ ဘုရားသခင်က ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်း ပြောခဲ့သည်မှာ “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆)သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(မ ၇:၂၁) ဘုရားသခင်၏ နှုတ်ကပတ်တော်အရ အပြစ်ခွင့်လွှတ်ခြင်း ခံရသည့် သူများအားလုံး ကောင်းကင် နိုင်ငံတော်ကို ဝင်ဖို့ အရည်အချင်းမပြည့် ဟု ဖြစ်ပါသည်။ ကောင်းကင်နိုင်ငံတော်ဆီ မဝင်ရသေးမီ သူတို့က ဆေးကြော သန့်စင်ပေးခြင်း ခံကြရမည်။ ဘုရားသခင်အလိုတော်ကို လက်တွေ့ ကျင့်ဆောင်သူများ ဖြစ်လာကြရမည်။ ဤအချက်က ချေပ၍ မရသည့် အချက်ဖြစ်သည်။ သိရသလောက် ဘုရားသခင်၏ အလိုတော်ကို နားလည်ဖို့ဆိုသည်မှာ ထင်သလောက် မလွယ်ပါ။ ကျွန်တော်တို့၏ အပြစ်များ ခွင့်လွှတ်ခံရခြင်း လောက်နှင့်မူ ကျွန်တော်တို့က စင်ကြယ်သူများ ဖြစ်မလာကြသေးပါ။ ကျွန်တော်တို့က ပထမဆုံး သမ္မာတရား၏ စစ်မှန်မှုအချို့ကို ရရှိရမှာဖြစ်ပြီး၊ ဘုရားသခင်၏ချီးမြှောက်မှုကို အရင်ဆုံး ရကြရ မည်။ သို့မှသာ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရဖို့ အရည်အချင်း များ ပြည့်မီသွားလိမ့်မည်။ ကျွန်တော်တို့က အမှန်တရားကို မမြတ်နိုးဘဲ၊ ငြီးငွေ့ပြီး စိတ်ပျက်မုန်းတီးနေပါက၊ ကျွန်တော်တို့တွေ၏ ကိုယ်ကျိုးစီးပွားနှင့် သရဖူနောက်ကိုသာ လိုက်နေပြီး ဘုရားသခင်၏အလိုတော်ကို ဂရုမစိုက်ပါက၊ ဘုရားသခင်၏ အလိုတော်ကို လိုက်ဖို့ ပို၍ပင်ဝေးနေပါက ကျွန်တော်တို့တွေက မကောင်းမှုကို ပြုနေကြ ခြင်းဖြစ်သည်။ မဟုတ်လား။ ကိုယ်တော်က ဤကဲ့သို့ လူမျိုးကို ချီးကျူးပါ့မလား။ ဤသို့ဆိုပါက ကျွန်တော်တို့တွေက ကြောင်သူတော်ဖာရိရှဲများ နှင့် တူနေကြပြီ၊ အပြစ်များ ခွင့်လွှတ်ခံရပြီးသည့်တိုင် ကောင်းကင် နိုင်ငံတော် မဝင်နိုင်ကြသေး။ ဤသည်မှာ ငြင်း၍မရသည့် အချက်ဖြစ်သည်။

ဆက်ပြီး မိတ်သဟာယဆွေးနွေးကြရအောင်။ သခင်ယေရှုက ကျွန်တော်တို့၏ အပြစ်များအားလုံးကို ဖြေပေးခဲ့ပြီ၊ မည်သည့် အပြစ်များကို သူက ဖြေပေးခဲ့သနည်း။ ကိုယ်တော့်ကို စတင် ယုံကြည်လိုက်ပြီးသည့် အချိန်မှာ မည်ကဲ့သို့ အပြစ်များကို ကျွန်တော်တို့ ဝန်ခံလိုက်သနည်း။ တကယ့် အဓိကအပြစ်ကြီးများ ဆိုသည်မှာ ဘုရားသခင်၏တရားဥပဒေများ၊ ပညတ်တော်များ နှင့် နှုတ်ကပတ်တော်များကို ချိုးဖောက်ဆန့်ကျင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ကျွန်တော်တို့ လူသားများက ကိုယ်တော်၏ တရားဥပဒေများ နှင့် ပညတ်တော်များကို ချိုးဖောက် ကြသောကြောင့် ကျွန်တော်တို့က ကိုယ်တော်၏ တရားဥပဒေ အားဖြင့် အပြစ်ခံထိုက်သူများဖြစ်သည်။ ထို့ကြောင့်သခင်ယေရှုက ရွေးနှုတ်ကယ်တင်ခြင်းအမှုတော်ကို ပြုဖို့ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ကသခင်ယေရှုထံ တိုးဝင် ဆုတောင်းပြီး အပြစ်များအတွက် နောင်တရ တောင်းပန်ကြဖို့ လိုသည်။ သို့ပါက ကိုယ်တော်က ကျွန်တော်တို့အပြစ်များကို ခွင့်လွှတ်ပေး လိမ့်မည်။ ထိုကဲ့သို့ ခွင့်လွှတ်ခံရပြီးသည်နှင့် ကျွန်တော်တို့က ပညတ်တရားအရ အပြစ်စီရင်ခြင်းမခံရတော့ပါ။ ဘုရားသခင်က ကျွန်တော်တို့ကို အပြစ်သားများကဲ့သို့ ဆက်ဆံမည် မဟုတ်တော့ပါ။ ထို့ကြောင့် ကျွန်တော်တို့က ဘုရားသခင်ဆီ တိုက်ရိုက် ဆုတောင်းနိုင်ပါသည်။ ဘုရားသခင်ကို ရင်ဖွင့်ငိုကြွေးနိုင်ပါသည်။ ကိုယ်တော်၏ ကြွယ်ဝသည့် ကျေးဇူးတော်များနှင့် သမ္မာတရား များကို မျှဝေခံစားနိုင်ပါသည်။ ဤသည်မှာ ကျွန်တော်တို့ ကျေးဇူးတော်ခေတ်မှာ မကြာခဏ ပြောနေခဲ့ကြသည့် ကယ်တင်ခြင်း ၏ အဓိပ္ပါယ်အမှန်ဖြစ်သည်။ ဤကယ်တင်ခြင်းက ကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်ရဖို့၊ ဆေးကြောခံရဖို့နှင့် မည်သို့မျှ မဆိုင်ပါ။ ကွဲပြားသည့်အရာ ၂ ခုဟု အဘယ့်ကြောင့် ပြောနိုင်သနည်း။ အပြစ်များခွင့်လွှတ်ခံရပြီး သူတိုင်း ကောင်းကင်နိုင်ငံတော်ကို ဝင်၍ရပြီဟု သခင်ယေရှု မည်သည့်အခါကမျှ မပြောခဲ့၍ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တချို့ကို ဖတ်ကြည့်ရအောင် “ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ လူသားသည် သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ သူ၏ အပြစ်များခွင့်လွှတ်ခံရခြင်းကို ဆိုလိုသည်။ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂))လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။...လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများ နှင့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤမေးခွန်း၏ အဖြေကို ရှင်းရှင်းလင်းလင်း ပေးလိုက်ပြီ။ ဤအရာကို ကြားနာလိုက်ရ သည်နှင့် ကျွန်တော်တို့ တန်းပြီး သဘောပေါက်သွားသည်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက လူသားများ၏ အပြစ်များအတွက် ရွေးနှုတ်ကယ်တင်ခြင်း အမှုကိုပြုခဲ့သည်။ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရစေပြီး ဖြောင့်မတ်သူများ ဖြစ်စေခဲ့သည်။ သို့သော်လည်း အပြစ်များကနေ ခွင့်လွှတ်ခံရပြီး သူတိုင်း ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရပါပြီဟု သခင်ယေရှု မည်သည့်အခါကမျှ မပြောခဲ့ပါ။ ဤသည်မှာ သခင်ယေရှုက ကျွန်တော်တို့၏အပြစ်များကို ဖြေလွှတ်ပေး ခဲ့သော်လည်း၊ စာတန်၏သဘာဝများကိုမူ သူ မည်သည့်အခါကမျှ မရှင်းပေးခဲ့ခြင်း ဖြစ်ပါသည်။ စိတ်ကြီးဝင်ခြင်း၊ တကိုယ်ကောင်း ဆန်ခြင်း၊ လိမ်လည်ခြင်း၊ ယုတ်ညံ့ခြင်း စသည့် စာတန်၏ သဘာဝများက ကျွန်တော်တို့၏ ပျက်ဆီးနေသည့် စိတ်သဘောထား ထဲမှာ ကျန်နေဆဲဖြစ်သည်။ ဤအချက်များက အပြစ်များ ထက်ပင် နက်နဲပြီး၊ အလွန် ဖြေရှင်းဖို့ ခက်သည်။ စာတန်၏ သဘာဝများ၊ ပျက်စီးနေသည့် စိတ်သဘောထားများက ဘုရားသခင်ကို ဆန့်ကျင်နိုင်သေးသည်၊ ဖျောက်ဖျက်၍ မရသေးပါ။ ထို့ကြောင့် ကျွန်တော်တို့လည်း မည်သည့်အရာမှ မတတ်နိုင်ကြဘဲ အပြစ်များကို ပြုမိကြသည်။ ကျွန်တော်တို့က ပညတ်တော်များကို ချိုးဖောက်ခြင်းထက်ပင် ပိုဆိုးသည့်၊ ကမ်းကုန်သည့် အပြစ်များကို ပြုတတ်ကြသေးသည်။ အဘယ့်ကြောင့် ဖာရိရှဲများက သခင်ယေရှုကိုရှုတ်ချပြီး ဆန့်ကျင်ခဲ့ ကြသနည်း။ ကျွန်တော်တို့က ကိုယ်တော့်ကို အဘယ့်ကြောင့် ကားတိုင်ထက်မှာ သတ်လိုက် ကြသနည်း။ လူများက စာတန်၏ စရိုက်လက္ခဏာများ မစင်ကြယ်မချင်း အပြစ်ပြု တတ်သည်၊ ဘုရားသခင်ကို ဆန့်ကျင် သစ္စာဖောက်နိုင်ကြောင်း ဤအချက်က သက်သေပြနေခြင်း ဖြစ်သည်။

ကျွန်တော်တို့က ကိုယ်တော့်ကိုနှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး အမှုအရာတစ်ခုကို တွေ့ကြုံခဲ့ကြရသည်။ ယင်းမှာ ကျွန်တော်တို့၏ အပြစ်များ ခွင့်လွှတ်ခံရပြီးသည့်တိုင်၊ ကျွန်တော်တို့က ပုံမှန် အပြစ် ကျူးလွန်မိတတ်သည့် စိတ်ကို မတွန်းလှန်နိုင်ကြသေးပါ။ ကျွန်တော်တို့က ခုချိန်ထိ လိမ်လည် တတ်သည်။ လှည့်ဖျားတတ်သည်။ ကျွန်တော်တို့၏ နာမည် ဂုဏ်သတင်း ကျော်ဇောမှု အတွက် တစ်ပတ်ရိုက် တတ်သည်။ ကျွန်တော်တို့၏ ကိုယ်ကျိုး အတွက် ရေသာခိုပြီး သူတစ်ပါးကို ဒုက္ခပင် ပေးတတ်ကြ သေးသည်။ ရောဂါများ၊ သဘာဝ ကပ်ဘေးများ၊ လူလုပ် ကပ်ဘေးများ၊ အဖမ်းခံရခြင်းများ၊ ဆင်းရဲဒုက္ခများ ကြုံသည့်အခါ ဘုရားသခင်ကို သစ္စာဖောက်ပြီး ပြစ်တင်ရှုတ်ချ ကြသေးသည်။ ဘုရားသခင်၏ အမှုတော်က ကျွန်တော်တို့၏ အတွေးအခေါ် အယူအဆနှင့် မတူပါက ဘုရားသခင်ကို ငြင်းပယ်၊ အကဲဖြတ်၊ ဆန့်ကျင်တတ်ကြသည်။ ကျွန်တော်တို့က ဘုရားသခင်၏ နာမတော်ကို ယုံကြည်ကြ သော်လည်း၊ တခြားပုထုဇဉ် လူသားများကို ကြည်ညိုပြီး နောက်လိုက်ကြသည်။ ရာထူး အဆင့်အတန်း မြင့်လာပြီဆိုပါက ကျွန်တော်တို့က ယဇ်ပုရောဟိတ် အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများကဲ့သို့ မိမိကိုယ်ကိုယ် သက်သေခံပြီး ချီးမြှောက်တတ် ကြသည်။ ပြီးလျှင် ကျွန်တော်တို့က မိမိကိုယ်ကိုယ် ဘုရားသခင် ကဲ့သို့ ဟန်ဆောင်ပြီး လူများ၏ ကြည်ညို ချီးမွမ်းမှုကို ခံကြသေးသည်။ ဘုရားသခင်ကို ဆပ်ကပ်ဖို့ လှူထားသည့် အရာများကိုပင် ကျွန်တော်တို့က မိမိ ကိုယ်ကျိုးအတွက် ခိုးယူ တတ်ကြသည်။ ကျွန်တော်တို့ ကြိုက်သည့်အရာများ အတွက်လည်း သဝန်တိုတတ် ကြသည်။ ကျွန်တော်တို့၏ အသွေးအသား နှင့် ခံစားချက်များကိုလည်း ရှေ့တန်းတင် တတ်ကြသည်။ ကျွန်တော်တို့က ကိုယ့်အလံ ကိုယ်ထောင်ပြီး ကိုယ့်အဖွဲ့အစည်း နှင့်ကိုယ်၊ နိုင်ငံလေးများ ထူထောင်နေကြ သကဲ့သို့ ဖြစ်သည်။ ဤအချက်များ အားလုံးကို တွေးကြည့်လိုက်ပါက၊ ရှင်းနေပါသည်။ ကျွန်တော်တို့မှာရှိသည့် စာတန်၏ စိတ်သဘောထားနှင့် စရိုက်များက မစင်ကြယ်သေး ပါက ကျွန်တော်တို့၏ အပြစ်များကို ကြိမ်ဖန်များစွာ ခွင့်လွှတ်ခံခဲ့ရ ပြီးလျှင်ပင် ကောင်းကင်နိုင်ငံဝင်ဖို့ အရည်အချင်း မပြည့်သေး ကြောင်း မြင်နိုင်သည်။ ကျွန်တော်တို့၏ အပြစ်များ ပြုပြီး ဘုရားသခင်ကို ပုန်ကန်နိုင်သေးသည့်အချက်က စာတန်နှင့် သက်ဆိုင်နေဆဲဖြစ်သည်။ ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြောင်းကို ဖော်ပြပါသည်။ ထို့ကြောင့် ကိုယ်တော်က သေချာပေါက် စီရင်အပြစ်ပေး ဒဏ်ခတ်သည်ကို ခံရလိမ့်မည်။ သမ္မာကျမ်းစာထဲမှာ ယခုကဲ့သို့ ပြောထားသေးသည်။ “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေရာယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊ ဒဏ်စီရင်ခြင်းကို ခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသောအကြောင်း၊ ငြင်းဆန်သောသူတို့ကို ဖျက်ဆီးဘို့ရာ အမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏။(ဟေဗြဲသြဝါဒစာ ၁၀:၂၆-၂၇) အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များကို ထပ်ဖတ် ကြည့်ရအောင်- “ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍) ကျွန်တော်တို့မျက်မြင်ဖြစ်သည်။ သခင်ယေရှုက ကျွန်တော်တို့အတွက် ရွေးနှုတ်ကယ်တင်ခဲ့ ပေးပြီးသည့်တိုင် ကျွန်တော်တို့မှာ ဆိုးယုတ်သည့် စိတ်သဘောထားများ ရှင်သန် နေပြီး၊ မကြာခဏအပြစ်ပြုရင်း ကိုယ်တော့်ကို ဆန့်ကျင်နေမိ ကြသေးသည်။ ကျွန်တော်တို့က အပြစ်များမှနေ အမြစ်ပြတ် လွတ်ပြီး ဘုရားသခင်၏ စိတ်နှလုံး ထိတွေ့ခြင်းခံရဖို့ ကိုယ်တော်၏ နောက်ဆုံးသောကာလ စီရင်ခြင်းနှင့် ဆေးကြောခြင်း အမှုတော်များနှင့် အတွေ့အကြုံရှိမှ ဖြစ်မည်။ သို့မှသာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရဖို့ ကျွန်တော်တို့က အရည်အချင်း ပြည့်မီမည်။ အမှန်မှာမူ သခင်ယေရှု တစ်ခါက ပြောခဲ့ဖူးပါသည်- “သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။(ယော ၁၄:၂-၃) ကိုယ်တော်က ကျွန်တော်တို့အတွက် နေရာပြင်ဆင်ပေးဖို့ ပြန်ကြွသွားခဲ့သည်။ နေရာပြင်ဆင်ပြီး သည့်အခါ ကျွန်တော်တို့ကိုသိမ်းဆည်းဖို့ ပြန်ကြွလာ လိမ့်မည်။ အမှန်မှာမူ “သိမ်းဆည်းမည်” ဆိုသည့်စကား၏ အဓိပ္ပါယ်က နောက်ဆုံးသောကာလမှာ ကျွန်တော်တို့ကို ပြန်လည်မွေးဖွားစေမည် ဆိုသည့် သူ့၏အစီအစဉ် ဖြစ်သည်။ ကိုယ်တော်က သူ၏အမှုတော်များ ပြုဖို့ကြွ လာသည့်အခါ သူက ကျွန်တော်တို့ကို သူ့၏နှုတ်ကပတ်တော် အားဖြင့် ဆေးကြော စီရင်ပေးပြီး၊ စုံလင်သူများ ဖြစ်စေဖို့ သူ့ပလ္လင်တော်ရှေ့ကို ခေါ်ဆောင်လိမ့်မည်။ ကိုယ်တော်က ကပ်ဘေးဒဏ်ကြီး မကျလာခင် ကျွန်တော်တို့ကို အောင်မြင်သူများ ဖြစ်စေလိမ့်မည်။ ကျွန်တော်တို့ကို ကိုယ်တော်က လက်ခံကြောင်း၊ အမှန်မှာ ကိုယ်တော်က ကျွန်တော်တို့ကို ဆေးကြောပေးပြီး စုံလင်စေအောင် လုပ်ပေးမည့်အကြောင်း ပြောခြင်း ဖြစ်သည်။ ယခုချိန်မှာ ကိုယ်တော်က နောက်ဆုံးသောကာလ သူ့၏စီရင်ခြင်း အမှုတော်များပြုဖို့ ကမ္ဘာပေါ်ကို ပြန်ကြွလာခဲ့ပြီ။ ကျွန်တော်တို့က ကိုယ်တော့်၏ ပလ္လင်တော်ရှေ့မှာ ချီဆောင်ခံရပြီး ကိုယ်တော်နှင့် အတူတူနေခွင့်ရခဲ့ပြီ။ ဤသည်မှာ ကိုယ်တော်က သူပြန်ကြွလာ သည့်အခါ ကျွန်တော်တို့ကို လက်ခံမည် ဆိုသည့် အနာဂတ္တိစကား ပြည့်စုံလာခြင်း ဖြစ်သည်။ ကပ်ဘေးဒဏ်ကြီး ပြီးသည့်အခါမှာ ခရစ်တော်၏ နိုင်ငံတော်ကို ကမ္ဘာပေါ်မှာ တည်ထောင်လိမ့်မည်။ ကပ်ဘေးဒဏ်ကြီး၏ စစ်ဆေးခြင်းကနေ လွတ်မြောက် ရှင်သန်ခွင့် ရသူ အားလုံး ကောင်းကင်နိုင်ငံတော်မှာ နေရာ ရကြလိမ့်မည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ကိုယ်တော်က ကျွန်တော်တို့၏အပြစ်များကို ခွင့်လွှတ်ပြီး၊ ကျွန်တော်တို့ ရွေးနှုတ်ခံရသည့်တိုင် ဘုရားသခင်ဘက်က ကြည့်ပါက၊ ကျွန်တော်တို့က ဆိုးညစ်ပြီး ဖောက်ပြန်ပျက်စီး နေဆဲ ဖြစ်သည်။ အပြစ်များလည်း ရှိနေဆဲဖြစ်သည်။ ဆေးကြော ပေးခြင်းမခံရသေး။ ခွင့်လွှတ်ခံရခြင်း ဆိုသည်မှာ ကျွန်တော်တို့က ပညတ်တရားနှင့် စီရင်ခံရမှာမဟုတ်ဟု ဆိုလိုသည်။ ကျေးဇူးတော်ကြောင့် ကယ်တင်ခံရကြောင်း ပြောခြင်းဖြစ်သည်။ ဘုရားသခင်က ကျွန်တော်တို့အပြစ်ကို ခွင့်လွှတ်ကောင်း ခွင့်လွှတ်ပြီး ကျေးဇူးတော်ကို ပေးအပ်ခဲ့သည်။ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ခံစားခွင့်ပြုခဲ့သည်။ ဘုရားနှင့်ဆက်သွယ်ဖို့ ဆုတောင်းခွင့် ကိုလည်း ပေးခဲ့သည်။ သို့သော်လည်း ကျွန်တော်တို့က ဘုရားကို ခဏခဏ ဆန့်ကျင်အပြစ်လုပ်ဆဲဖြစ်ပြီး သန့်စင်ခြင်းမရှိသေးကြောင်းကို ငြင်း၍မရပါ။ နောက်ဆုံးသော ကာလမှာ အပြည့်အဝ ကယ်တင်ခံရပြီး သန့်ရှင်းစေဖို့ ကျွန်တော်တို့ အားလုံးက ဘုရားထံကိုလှည့်ပြန်ဖို့ လိုနေဆဲဖြစ်သည်။ သခင်ယေရှု၏ ရွေးနှုတ်ခြင်း အလုပ်ဆိုသည်မှာ နောက်ဆုံးသော ကာလမှာ ဘုရားသခင်၏ စီရင်ခြင်းလမ်းကို ခင်းပေးထား ခြင်းဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်ဖို့ ဘုရား၏အစီအစဉ်က ဤမှာတင် မဆုံးသေးပါ။ ၎င်းကို အထောက်အကူဖြစ်မှာပါ။ စောစောက ကျွန်တော်တို့အားလုံး မေးခဲ့သကဲ့သို့ ကျွန်တော်တို့က ခွင့်လွှတ်ခြင်းခံရ ပြီးသည့်တိုင်၊ အပြစ်များကို ခဏခဏ လုပ်မိနေဆဲဖြစ်သည်၊ မည်သည့်အခါမှလည်း ရပ်ဖို့လမ်းမမြင်။ အကြောင်းရင်းမှာမူ ကျွန်တော်တို့က စာတန်ကြောင့် ယနေ့ဤအချိန်ထိ နက်နက်ရှိုင်းရှိုင်း ပျက်စီးနေသောကြောင့် ဖြစ်သည်။ ကျွန်တော်တို့ အားလုံးဆီမှာ စာတန်၏ သဘာဝများ၊ စိတ်နေသဘောထားများ လွှမ်းမိုးနေသည်။ ထို့ကြောင့် အပြစ်များကို ခဏခဏ ကျူးလွန်နေကြခြင်း ဖြစ်သည်။ စာတန်၏သဘောဝကို မပယ်ရှားနိုင်သရွေ့ ခွင့်လွှတ်ခြင်းခံ ပြီးသည့်တိုင် အပြစ်ပြုမိ နိုင်သေးသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ဦးမည်မဟုတ်ပါ။ ထို့ကြောင့် သခင်ယေရှုက သူပြန်ကြွလာ မည်ဟု မိန့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူက နောက်ဆုံးသောကာလမှာ ဆေးကြောစီရင်ခြင်း အမှုကိုပြုပြီး လူသားအားလုံးကို ကယ်တင်လိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသကဲ့သို့ဖြစ်သည်- “လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခံရခြင်း အဖြစ်သို့ ရောက်ရှိသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ဦးချင်း ပြင်းပြသောဆန္ဒများ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ စစ်ဆေးဖို့၊ တရားစီရင်ဖို့နှင့် ဖွင့်ဟဖို့ နှုတ်ကပတ်တော်ကို အသုံးပြုခြင်းမှတစ်ဆင့် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

လူ၏အပြစ်များကို အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခံရနိုင်သော်လည်း၊ လူသားကို နောက်ထပ် အပြစ်မပြုနိုင်တော့ရန် မည်သို့ ပြုလုပ်ရမည်ဆိုသည်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို မည်သို့ လုံးဝ ပပျောက်စေပြီး ပြောင်းလဲစေရမည်ဆိုသည်တို့အတွက်မူ၊ သူသည် ဤပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို သဘောပေါက်ရန်၊ အသက်၏ လမ်းခရီးကို သဘောပေါက်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို သဘောပေါက်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။...ထို့ကြောင့် အမှု၏ ထိုအဆင့် ပြီးဆုံးခဲ့သည့်နောက်တွင်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှု ကျန်ရှိခဲ့သေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်အားဖြင့် ဖြူစင်စေရန်ဖြစ်ပြီး ထိုသို့ဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို သူ့အား ပေးရန် ဖြစ်သည်။ လူသား၏ အပြစ်နှင့်ပြည့်သော သဘာဝကို ပပျောက်စေနိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ လူသားသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့်လာမည် ဖြစ်သည့်အတွက်၊ အကယ်၍ နတ်ဆိုးများကို နှင်ထုတ်ခြင်းကိုဆက်လက် လုပ်ဆောင်ခဲ့ပါက၊ ဤအဆင့်သည် အကျိုးဖြစ်ထွန်းမည် မဟုတ်သကဲ့သို့ အဓိပ္ပာယ်လည်းရှိမည် မဟုတ်ပေ။ ကားစင်တင်ခံရခြင်း အမှုသည် အဆုံးသို့ ရောက်ရှိလာပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်သည် စာတန်အပေါ် အောင်နိုင်ပြီးဖြစ်သည့်အတွက်၊ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ့အတွင်းတွင် ကျန်ရှိနေဆဲဖြစ်သည်၊ လူသည် အပြစ်ပြုနိုင်ဆဲဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်ဆဲဖြစ်ကာ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရယူသေးပေ။ ယင်းမှာ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်စေလျက်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးပြီး လူ၏ စိတ်သဘောထားကို လုံးဝ အသစ်ပြုပြင်စေနိုင်သည်မှာ နှုတ်ကပတ်တော် ဖြစ်သည့်အတွက်၊ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမို အဓိပ္ပာယ်ရှိသည့်အပြင် အကျိုးလည်း ပိုမို ဖြစ်ထွန်းလေသည်။ ယင်းသည် များစွာ သာ၍ စေ့စပ်သေချာသော အမှု၏ အဆင့်တစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ထက် ရှင်းသည်မှာ မရှိတော့။ ကျေးဇူးတော်ခေတ်မှာ ယေရှုက ရွေးနုတ်ခြင်း အမှုကိုသာ ပြုခဲ့သည်။ အပြစ်ပြုတတ်သည့် သဘာဝကို မပယ်ရှင်းနိုင်သေး သော်လည်း၊ ယုံကြည်ခြင်းကြောင့် လူသားမျိုးနွယ်၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရသည်။ လူသားမျိုးနွယ်၏ အပြစ်သဘောသဘာဝက စာတန်၏ သဘောသဘာဝ ဖြစ်သည်။ လူသား၏နှလုံးသားထဲအထိ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး၊ ဘဝ တလျှောက်လုံး ကပ်ပြီးပါလာသည်။ ထို့ကြောင့် လူများက အပြစ်မပြုဘဲ မနေနိုင်ပါ။ ဘုရားကို ဆန့်ကျင်နေဆဲဖြစ်သည်။ လူ၏ ဆိုးယုတ်သော သဘာဝက ဘုရားသခင်ကို ဆန့်ကျင်ရခြင်း အကြောင်းအရင်း ဖြစ်သည်။ ဘုရားက လူသားမျိုးနွယ်၏ အပြစ်ကို ခွင့်လွှတ်ပေးနိုင်သော်လည်း၊ စာတန် သဘာဝကို ခွင့်လွှတ်ပေး နိုင်မလား။ စာတန်၏ စရိုက်က ဘုရားကို တိုက်ရိုက်ဆန့်ကျင်ပြီး သမ္မာတရားကိုလည်း ရန်ဘက်ပြုနေသည်။ ၎င်းကို ဘုရားက မည်သည့်အခါမျှ ခွင့်မလွှတ်ပါ။ ထို့ကြောင့် စာတန်၏စရိုက်များ ချုပ်နှောင်ခံထားရခြင်း များကို အပြည့်အဝ ကယ်တင်ဖို့ ဘုရားသခင်က လူများအားလုံးကို ဆုံးမစီရင် လိမ့်မည်။ နောက်ဆုံးသောကာလ ဘုရား၏ စီရင်ခြင်းအမှုတော်က “လူများ၏ နှလုံးသားထဲ အမြစ်တွယ်နေသည့် စာတန်၏ ဇာတိ နှင့် စိတ်သဘောထားများကို ဖယ်ရှားပစ်ဖို့ဖြစ်သည်” ယခု ၎င်းကိုသိပြီး စီရင်ခြင်းနှင့် ဆိုဆုံးမခြင်း ခံရပါက၊ စာတန်၏ စရိုက် ပျောက်သွားခြင်း ရှိမရှိကို ကျွန်တော်တို့လည်း သိချင်နေကြမည် ဖြစ်သည်။ ဆင်းရဲဒုက္ခခံခြင်းနှင့် မိမိကိုယ်ကိုယ်ချုပ်တည်း လိုက်မည်ဆိုပါက စာတန်၏သဘာဝ ဖယ်ရှားနိုင်မလား။ လုံးဝ မဟုတ်နိုင်ပါ။ ဆင်းရဲဒုက္ခခံခြင်းနှင့် မိမိကိုယ်ကိုယ် ချုပ်တည်း ခဲ့ပြီး၊ အပြစ်နှင့်အသွေးအသား၏ ချုပ်နှောင်မှုကနေ လွတ်မြောက် ခဲ့သည့် သမိုင်းကြောင်း တစ်လျှောက်လုံးက သန့်ရှင်းသူများကို ကြည့်လိုက်စမ်းပါ။ စာတန်ကို နှိမ်နှင်းပြီး ဘုရားသခင်ကို အမှန်တကယ် နာခံနိုင်သွားသည့်လူ မည်မျှပင် ရှိသနည်း၊ မရှိသလောက်ပင် ဖြစ်သည်။ ရှိခဲ့လျှင်ပင် ဘုရားသခင်က အပြည့်အဝ စုံလင်အောင် လုပ်ပေးထားသည့်သူ များသာဖြစ်သည်။ သို့သော်လည်း လုပ်နိုင်ခဲ့သည့်လူ အယောက်ရေ မည်မျှ ရှိသနည်း။ စီရင်ခြင်း အမှုမပြုသေးခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤစရိုက်က မပျောက်သေးခြင်း ဖြစ်သည်။ ထို့ကြောင့် လူ၏ စိတ်သဘောထားက အမှန်တကယ်မပြောင်းလဲနိုင်ခဲ့ပါ။ ဤအချက်က လူ၏နည်းလမ်းများသည် ကျွန်တော်တို့၏ ဆိုးယုတ်သော သဘာဝများကို ဖြေရှင်းဖို့ မကူညီနိုင်ကြောင်းကို သေချာ သက်သေပြ နေပါသည်။ သမ္မာတရားကို မရမီနှင့် ထာဝရ အသက်ကို လက်ခံမရရှိမီမှာ ဘုရားသခင်၏စီရင်ခြင်း၊ ပြစ်တင် ဆုံးမမှု နှင့် စမ်းသပ်ပြုပြင်ခြင်းများကို လူသားအနေနှင့် ဖြတ်ကျော်နိုင်ရပါမည်။ ဤသည်မှာ လူ၏စာတန် သဘာဝကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သခင်ယေရှု၏ လူသားမျိုးနွယ်ကို ရွေးနှုတ် ကယ်တင်ခြင်း အမှုအပေါ် အခြေပြုပြီး နောက်ဆုံးသောကာလမှာ သူ၏ တရားစီရင်ခြင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်က လုပ်ဆောင်ခြင်းဖြစ်သည်။ ဆိုးယုတ်သော သဘာဝ၏ ထိန်းချုပ် အကြပ်ကိုင်မှုမှနေ လူသားကို လွတ်မြောက်စေဖို့ဖြစ်သည်။ လူသားမျိုးနွယ် အနေနှင့် သန့်စင်ခြင်းခံရပြီး ကယ်တင်ခြင်းရရှိကာ ဘုရား၏ ပိုင်ဆိုင်ခြင်းကို ခံရဖို့ဖြစ်သည်။ ထိုမှနေ ကျွန်တော်တို့ နားလည်နိုင်သည်မှာ နောက်ဆုံးသောကာလမှာ စီရင်ခြင်းအမှုက လူသားများကို အပြည့်အဝ သန့်ရှင်းစေပြီး ကယ်တင်ပေးလိမ့်မည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။

ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အား တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို အဘယ်ကြောင့် လုပ်ဆောင် သနည်း။ ဤကိစ္စရပ်ကို နားလည်သဘောပေါက်ရန်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အား အမှုတော် အဆင့် တစ်ခု သို့မဟုတ် နှစ်ခုမျှဖြင့် အပြည့်အဝ မကယ်တင်သည်ကို ကျွန်ုပ်တို့ သိရမည်။ အတိအကျဆိုရသော်၊ ဤသည်မှာ အမှုတော်၏ အဆင့်သုံးဆင့်ဖြစ်သော ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ် နှင့် နိုင်ငံတော်ခေတ်တို့မှတဆင့် ဖြစ်ပေသည်။ လူသားမျိုးနွယ်ကို စာတန်၏ အုပ်စိုးမှုအောက်မှ လုံးဝကယ်တင်သည်မှာ ဤအမှုတော်၏ အဆင့်သုံးဆင့်သာ ဖြစ်ပြီး၊ ဤအရာများတွင်သာ လူသားမျိုးနွယ်နှင့် ဆိုင်သော ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော် တစ်ခုလုံး ဖွဲ့စည်းပါဝင်သည်။ ပညတ်တော်ခေတ်တွင်၊ ယေဟောဝါ ဘုရားသခင်သည် လူကို ကမ္ဘာမြေပေါ်ရှိ သူ၏ အသက်တာ၌ ဦးဆောင်လမ်းပြရန် ပညတ်တော်များ နှင့် ပညတ်ချက်များကို ထုတ်ပြန်ခဲ့ပြီး၊ ဤအရာများမှတဆင့်၊ လူသားမျိုးနွယ်သည် မည်သည့် လူအမျိုးအစားကို ဘုရားသခင် ကောင်းကြီးပေးသည်၊ မည်သည့် လူအမျိုးအစားကို ဘုရားသခင် ကျိန်ဆဲသည် ဆိုသည်နှင့် ဖြောင့်မတ်သည့်အရာ နှင့် အပြစ်ရှိသော အရာတို့ကို သိနိုင်ခဲ့သည်။ သို့သော်၊ ပညတ်တော်ခေတ် နှောင်းပိုင်းအဆင့်များတွင်၊ လူသားမျိုးနွယ်သည် စာတန်အားဖြင့် ပို၍ ပို၍ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်ဆီးခဲ့သောကြောင့် လူအားလုံး အပြစ်တရားထဲတွင် အသက်ရှင်နေခဲ့ကြသည်။ ၎င်းတို့သည် ပညတ်တော်များကို မလိုက်နာနိုင်ခဲ့ကြပဲ ဤပညတ်တော်များအားဖြင့် စီရင်ချက်ချခံရပြီး ကျိန်ဆဲခံရမည့် အန္တရာယ်ကို ရင်ဆိုင်ခဲ့ရသည်။ ယင်းမှာ ကျေးဇူးတော်ခေတ်၏ သခင်ယေရှုသည် လူကို သူ၏ အပြစ်များ ဝန်ခံရန်၊ နောင်တရပြီး ၎င်းတို့ကို ခွင့်လွှတ်ခံရဖို့ ခွင့်ပြုရင်း၊ ရွေးနှုတ်ခြင်း အမှုကို ပြုဖို့ ကြွလာခဲ့သည့် အကြောင်းရင်း ဖြစ်သည်၊ ဤသို့ဖြင့် လူကို ပညတ်တော်မှတဆင့် စီရင်ခံရပြီး ကျိန်ဆဲခံရသည့်အဖြစ်မှ လွတ်ကင်းစေပြီး ဘုရားသခင်ရှေ့လာကာ ဆုတောင်းဖို့၊ ဘုရားသခင်နှင့်အတူ ရင်းနှီးဖို့ နှင့် သူ၏ ပေါများလှသည့် ကျေးဇူးတော် နှင့် သမ္မာတရားကို နှစ်သက်ခံစားရန် အခွင့်ပေးလေသည်။ ဤသည်မှာ “ကယ်တင်ခံရသည့် အဖြစ်” ၏ စစ်မှန်သော အဓိပ္ပါယ်ဖြစ်သည်။ သို့သော်၊ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များကို ခွင့်လွှတ်ရုံသာ ခွင့်လွှတ်ခဲ့သည်၊ ကျွန်ုပ်တို့၏ အပြစ်နှင့်ပြည့်သော သဘာဝ သို့မဟုတ် ကျွန်ုပ်တို့၏ ဆိုးယုတ်သော စိတ်သဘောထားကို ခွင့်မလွှတ်ခဲ့ပါ။ ကျွန်ုပ်တို့၏ ဆိုးယုတ်သော သဘာဝသည် တည်ရှိနေဆဲဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်ခြင်း၊ ဝန်ခံခြင်း နှင့် ပြီးနောက်တွင် ကျွန်ုပ်တို့၏ အပြစ်နှင့်ပြည့်သော သဘာဝ၏ ချုပ်ချယ်မှုများနှင့် ထိန်းချုပ်မှုများမှ လွတ်မြောက်ဖို့ နည်းလမ်းမရှိပဲ နောက်တစ်ဖန် အပြစ်ကျူးလွန်ခြင်း၏ ရက်စက်သော သံသရာစက်ဝိုင်းထဲတွင် ဆက်လက်တည်ရှိကြရသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ၊ “ကျွန်တော် တကယ်ကို ခံစားနေရပါတယ်။ အပြစ်ရဲ့ ချုပ်ချယ်မှုတွေနဲ့ ထိန်းချုပ်မှုတွေကနေ ကျွန်တော် ဘယ်လို လွတ်မြောက်နိုင်မှာလဲ” ဟု နာကျင်မှုဖြင့် အော်ဟစ်ကြသည်။ ဤသည်မှာ သခင်၌ ယုံကြည်သူတစ်ဦးအနေဖြင့် ကျွနုပ်တို့အားလုံး မျှခံကြရသည့် အတွေ့အကြုံတစ်ခု၊ သိနားလည်မှုတစ်ခု ဖြစ်သည်။ သို့သော်၊ ကျွနုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်နှင့်ပြည့်သော သဘာဝကို- ကိုယ့်ဖာသာ ဖြေရှင်းနိုင်စွမ်းမရှိကြပါ။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုအား အဘယ်လူသားမှ မလုပ်ဆောင်နိုင်ပါ။ ဘုရားသခင်၊ ဖန်ဆင်းရှင်သာလျှင် လူသားမျိုးနွယ်ကို ကယ်တင်နိုင်ပြီး စာတန်နှင့် အပြစ်မှ ကျွန်ုပ်တို့အား လွတ်စေနိုင်သည်။ သူသာလျှင် ကျွန်ုပ်တို့အား စာတန်၏ အုပ်စိုးမှုအောက်မှ ကယ်တင်နိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူသည် လူသားကို ဖန်ဆင်းခဲ့သည့်အတွက်၊ လူသားကို သူဦးဆောင်လမ်းပြ၏။ လူသားကို သူကယ်တင်သည့်အတွက်၊ သူသည် လူသားကို လုံးလုံးလျားလျား ကယ်တင်ပြီး လုံးဝ ရယူလိမ့်မည်။ သူသည် လူသားကို ဦးဆောင်သည့်အတွက်၊ လူသားကို သင့်လျော်သည့် ပန်းတိုင်သို့ ပို့ဆောင်လိမ့်မည်။ ပြီးလျှင် သူသည် လူသားကိုဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲသည့်အတွက်၊ လူသား၏ကံကြမ္မာနှင့် အလားအလာများအတွက် သူတာဝန်ယူရမည် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင် လုပ်ဆောင်သည့် အမှုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဘုရားသခင်သည် သစ္စာရှိပါသည်။ လူကို ဘုရားသခင်သည် ကယ်တင်သည့်အတွက်၊ ဤအရာကို သူ ပြည့်စုံစွာ လုပ်ဆောင်ပါလိမ့်မည်။ လမ်းတစ်ဝက်တွင် သူ သေချာပေါက် လက်လျှော့ လိမ့်မည်မဟုတ်ပါ။ ယင်းမှာ ဘုရားသခင်က လူသားမျိုးနွယ်ကို လုံးလုံးလျားလျား ကယ်တင်ဖို့ နောက်ဆုံးသော ကာလတွင် လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ရန် သမ္မာတရား အားလုံးကို ဖော်ပြရသည့် အကြောင်းရင်း ဖြစ်သည်။ လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝနှင့် ဆိုးယုတ်သော စိတ်သဘောထားတို့နှင့်ဆိုင်သော ပြဿနာကို လုံးလုံးလျားလျား ဖြေရှင်းဖို့ရန် ဘုရားအိမ်တော်နှင့် အစပြုသော တရားစီရင်ခြင်း အမှုတော်ကို သူလုပ်ဆောင်သည်။ လူသားမျိုးနွယ်သည် အပြစ်မှ လွတ်မြောက်ပြီး ကယ်တင်ခြင်းကို ရရှိကာ ဘုရားသခင်အားဖြင့် ရယူခြင်းခံရဖို့ရန်အလို့ငှာ ဤအရာကို သူလုပ်ဆောင်သည်။ နောက်ဆုံးသော ကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်း အမှုတော်သည် ဖောက်ပြန်ပျက်ဆီးသော လူသားမျိုးနွယ် လိုအပ်သည့်အရာ အတိအကျဖြစ်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်အားဖြင့် ဆောင်ရွက်ရမည့် အမှုတော်၏ အဓိက အဆင့်လည်း ဖြစ်သည်။ ဤအရာက၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ယော ၁၆:၁၂-၁၃) ဆိုသည့် သခင်ယေရှု၏ ပရောဖက်ပြုချက်ကို ပြည့်စုံစေသည်။ “သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော်” မှာ သမ္မာတရားကို ဖော်ပြနေပြီး တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်နေသည့် နောက်ဆုံးသော ကာလတွင် လူသားခန္ဓာထဲသို့ လူ့ဇာတိခံယူသည့် ဘုရားသခင်ကို ရည်ညွှန်းပေသည်။ ကျွန်ုပ်တို့ လုပ်ဆောင်ရန် လိုအပ်သမျှမှာ ကယ်တင်ခြင်းကို ကျွန်ုပ်တို့ ရရှိပြီး ဘုရားသခင်၏ ရယူခြင်း ကိုခံရဖို့အလို့ငှာ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လက်ခံပြီး နာခံဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို အမှန်တကယ် တွေ့ကြုံပြီးသူ အားလုံး အတည်ပြုနိုင်သည့် အရာတစ်ခုဖြစ်သည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။