လူတွေက အပြစ်ကနေလွတ်မြောက်ပြီး သန့်စင်ချင်ရင် နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုကို လက်ခံရမယ်လို့ ပြောတယ်နော်။ ဒါဆိုရင် ဘုရားသခင်က နောက်ဆုံးသောကာလမှာ လူတွေကို ဘယ်လို တရားစီရင်ပြီး သန့်စင်တာလဲ။ ကျွန်တော် သခင့်ကို ယုံကြည်ခဲ့တဲ့ ဒီနှစ်တလျှောက်မှာ လူတွေက အပြစ်မလုပ်တော့မယ့်အချိန်ရောက်လာရင် သိပ်ကောင်းမယ်လို့ တွေးမိတယ်။ အသက်တာဟာ နာကျင်မှု ရှိမှာမဟုတ်တော့ဘူးလို့ အဲဒီအချိန်တုန်းက တွေးမိတယ်။

23.12.2019

အဖြေ- အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ လူတွေကို ဘယ်လို တရားစီရင်ပြီး သန့်စင်တယ်ဆိုတာကတော့၊ ကဲ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ဖတ်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိခံယူသောအခါ၊ သူ၏အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ စိတ်နေသဘောထားကို ဖော်ပြရန်ဖြစ်သည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သမ္မာတရားကို လူတို့ထံသို့ ပိုမိုဆောင်ကြဉ်းပေးကာ လက်တွေ့ကျင့်ဆောင်ရန် နည်းလမ်းများ ပိုမိုပြသပေးသည်၊ ဤသို့ဖြင့် လူသားကို သိမ်းပိုက်ရန်နှင့် လူသား၏ ဖောက်ပြန်သော စိတ်သဘောထားမှ လူသားကိုကယ်တင်ရန် သူ၏ ရည်မှန်းချက်တို့ကို ဖြစ်မြောက်စေပါသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင့်အမှု၏ နောက်ခံအကြောင်းရင်းများ ဖြစ်ပါသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘာထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည်လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်းအကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် သမ္မာတရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက်နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်းအမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ လူသားသည် သန့်ရှင်းပြီး ပြောင်းလဲအောင် ပြုခံရနိုင်ရန်အလို့ငှာ ယနေ့မျက်မှောက်တွင် အလုပ်အားလုံးကို လုပ်ဆောင်ပြီးစီးခဲ့ခြင်းဖြစ်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့်သာမက စစ်ဆေးခြင်းအားဖြင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းအောင်ပြုခြင်းကို ခံရနိုင်သည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ယူဆမည့်အစား သန့်ရှင်းစင်ကြယ်စေခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

လူသားသည် သူနှင့်ပတ်သက်သော အသိဉာဏ်ကို ရရှိကောင်းရရှိစေရန်နှင့် သူ၏သက်သေခံချက်အတွက် ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအပေါ် သူ၏တရားစီရင်မှုမရှိပါက လူသားသည် မကောင်းမှုကို သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထားကို သိနိုင်ကောင်းမည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် ပတ်သတ်သော သူ၏အသိဉာဏ်ဟောင်းကို အသစ်တစ်ခုဆီသို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ထို့ပြင် သူ၏စီမံခန့်ခွဲမှုအတွက် သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်။ သို့ဖြင့် လူသိရှင်ကြားပေါ်ထွန်းခြင်းအားဖြင့် လူသားကို ဘုရားသခင်နှင့် ပတ်သက်သောအသိဉာဏ်အား ရရှိရန်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲရန်နှင့် ဘုရားသခင်အတွက် ထူးကဲလှသော သက်သေခံချက်ကို လုပ်ဆောင်ခံရန် လူသားကို ထောက်ကူပေးသည်။ လူသား၏ စိတ်သဘောထားပြောင်းလဲမှုကို ဘုရားသခင်၏ မတူညီသည့် အမှုအမျိုးမျိုးအားဖြင့် ရရှိသည်။ သူ၏စိတ်သဘောထားတွင် ထိုကဲ့သို့သော ပြောင်းလဲမှုများမရှိဘဲ၊ လူသားသည် ဘုရားသခင်အတွက် သက်သေခံနိုင်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ချည်နှောင်ခြင်း၊ အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကို လွတ်အောင်ရုန်းခဲ့ပြီဖြစ်ကြောင်းနှင့် ဘုရားသခင့်အမှု၏ စံပုံစံနှင့် နမူနာ၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သောသူတစ်ဦး ဧကန်အမှန်ဖြစ်လာကြောင်းကို ညွှန်ပြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်)

ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကနေ၊ ဘုရားသခင်ဟာ ဖောက်ပြန်ပျက်စီးတဲ့ လူသားတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမဖို့အတွက် နောက်ဆုံးသောကာလမှာ ကိုယ်တော်ဖော်ပြခဲ့တဲ့ သမ္မာတရားတို့ကို အသုံးပြုပါတယ်။ ကိုယ်တော်ရဲ့ တရားစီရင်ခြင်း နှုတ်ကပတ်တော်တိုင်းမှာ ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားနဲ့ ကိုယ်တော်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို ပြသနေတယ်။ ဒါတွေအားလုံးဟာ လူသားမျိုးနွယ်ရဲ့အသက်တာဖြစ်နိုင်တဲ့ နှုတ်ကပတ်တော်တွေပါ။ ဒါကြောင့် ဒါတွေအားလုံးဟာ သမ္မာတရားဖြစ်တယ်။ ဒီသမ္မာတရားနှုတ်ကပတ်တော်တို့ဟာ ဖောက်ပြန်ပျက်စီးတဲ့ လူသားတို့အပေါ် တရားစီရင်မှုဖြစ်တယ်။ ဒါတွေဟာ သူတို့အပေါ် ပြစ်တင်ဆုံးမခြင်း၊ ပြစ်ဒဏ်ခတ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်းနဲ့ သန့်စင်ခြင်းတို့ဖြစ်ပါတယ်။ ဘုရားသခင်ဟာ လူသားတို့ရဲ့ စာတန်စိတ်သဘောထားရဲ့ ဖောက်ပြန်ပျက်စီးတဲ့သူတွေကို သန့်စင်ဖို့၊ ဘုရားသခင်ကို ဆန့်ကျင်တဲ့ သူတို့ရဲ့ သဘောသဘာဝနဲ့ အနှစ်သာရပြဿနာကို ဖြေရှင်းဖို့ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော် သမ္မာတရားကို အသုံးပြုပါတယ်။ ဒါဟာ လူသားတို့ကို သန့်စင်ဖို့၊ ကယ်တင်ဖို့နဲ့ပြည့်စုံစေဖို့ ကိုယ်တော်ရဲ့ တရားစီရင်ခြင်းအမှုကို ဘုရားသခင်အသုံးပြုခြင်းရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ နောက်ဆုံးသောကာလ ကိုယ်တော်ရဲ့ တရားစီရင်ခြင်းအမှုပြုစဉ်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်အားဖြင့် ဖော်ပြတဲ့ နှုတ်ကပတ်တော်တို့ဟာ ကိုယ်တော်ရဲ့ နှစ် ၆၀ဝ၀ စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှု အားလုံးကို ထုတ်ဖော်ပြသပါတယ်။ ဒါတွေဟာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှု သုံးဆင့်နဲ့ လုပ်ဆောင်မှုအဆင့်တိုင်းရဲ့ အနှစ်သာရရဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဖွင့်ပြတယ်။ အထူးသဖြင့် ယုံကြည်သူတွေ၊ သူတို့ရဲ့ စိတ်သဘောထားကို ပြောင်းလဲပြီး သန့်စင်နိုင်တဲ့ လမ်းကြောင်းကို ဖော်ပြတယ်။ တစ်ချိန်တည်းမှာပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ စာတန်က ဖျက်ဆီးခံရတဲ့ လူရဲ့သဘောသဘာဝနဲ့ အနှစ်သာရ၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းရဲ့ အမှန်တရားနဲ့ သူတို့အပြစ်တွေရဲ့ အရင်းအမြစ်ကို သေသေချာချာဖော်ပြပါတယ်။ ဒါဟာ လူတွေကို သူတို့ကိုယ်သူတို့ ဆင်ခြင်စေပြီး သူတို့မှာ စာတန်သဘောသဘာဝရှိတယ်ဆိုတာကို သိမြင်စေတယ်။ သူတို့ဟာ လုံးဝ ဆိုးဝါးပြီး စာတန်အတိုင်းပဲ နေထိုင်အသက်ရှင်တယ်ဆိုတာကို မြင်ကြတယ်။ ဒါဟာ သူတို့ကို အမှန်တကယ် နောင်တရပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စမ်းသပ်ခြင်းနဲ့ စစ်ဆေးခြင်းတို့ကို လက်ခံဖို့ ဆန္ဒဖြစ်ပေါ်လာစေတယ်။ နောက်မှာတော့ သူတို့ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တို့ရဲ့ လမ်းညွှန်မှုအောက်မှာ သမ္မာတရားနဲ့ စိတ်သဘောထားပြောင်းလဲခြင်းကို အားထုတ်ကြိုးပမ်းကြတယ်။ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စာတန်စိတ်သဘောထားရဲ့ ထိန်းချုပ်၊ ကန့်သတ်မှုကနေ သူတို့ကိုယ်သူတို့ လွတ်မြောက်အောင်လုပ်နိုင်ကြတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ စာတန်ကို ပုန်ကန်လာနိုင်တယ်။ မကောင်းမှုကို စွန့်လွှတ်နိုင်ပြီး ဘုရားသခင်ဆီကို ပြန်လာနိုင်ကြတယ်။ ဒါဟာ လူတွေကို သူတို့ရဲ့ အမြစ်တွယ်နေတဲ့ အပြစ်ပြည့်ဝတဲ့ သဘောသဘာဝကို ဖြေရှင်းခွင့်ကိုပေးပါတယ်။

ထပ်ပြောရရင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တို့ကို ကြုံတွေ့ခြင်းနဲ့ လက်တွေ့လုပ်ဆောင်ခြင်းကနေတစ်ဆင့်၊ သူတို့ဟာ ကိုယ်တိုင်မသိလိုက်ဘဲ သမ္မာတရားများစွာကို နားလည်လာတယ်။ ဥပမာ၊ ကယ်တင်ခြင်းခံရတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ။ ပြည့်ဝတဲ့ကယ်တင်ခြင်းဆိုတာ ဘာလဲ။ ဘုရားသခင်ရဲ့အလိုတော်ကို လိုက်လျှောက်ဖို့ဆိုတာ ဘာအဓိပ္ပါယ်လဲ။ ကိုယ်တိုင်ရဲ့ ဆန္ဒနဲ့ လုပ်ဆောင်ဖို့ဆိုတာ ဘာအဓိပ္ပါယ်လဲ။ ဘုရားသခင်နောက်ကိုလိုက်ခြင်းဆိုတာ ဘာအဓိပ္ပါယ်လဲ။ လူရဲ့နောက်ကိုလိုက်ဖို့ဆိုတာ ဘာအဓိပ္ပါယ်လဲ။ ဖာရိရှဲတွေက ဘာတွေလဲ။ ဘုရားသခင်က ဘယ်သူ့ကို ကယ်တင်တာလဲ။ ဘုရားသခင်က ဘယ်သူ့ကို စွန့်ပစ်တာလဲ။ အရေးကြီးဆုံးအရာက လူတွေဟာ တရားစီရင်ခြင်းမှာ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းနဲ့ ပုန်ကန်ပြစ်မှားလို့မရတဲ့ စိတ်သဘောထားနဲ့ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်ရဲ့ ပြစ်တင်ဆုံးမခြင်းကို အမှန်တကယ် ကြုံတွေ့ဖို့ဖြစ်တယ်။ ဘုရားသခင်ကို သိခြင်းမှတစ်ဆင့်၊ ဒီလူတွေဟာ တဖြည်းဖြည်းနဲ့ ကိုယ်တော်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်လာနိုင်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့အညီ သူတို့ရဲ့အသက်တာကို နေထိုင်ကြတယ်။ သူတို့ဟာ သမ္မာတရားကို စတင်နားလည်လာတဲ့အခါ ဘုရားသခင်ကို ပိုမိုနက်ရှိုင်းစွာသိမြင်မှုကို တဖြည်းဖြည်းနဲ့ ရရှိလာကြတယ်။ သူတို့ဟာ ပိုပိုပြီး ဘုရားသခင်ကို နာခံတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တယ်။ သူတို့ဟာ ကိုယ်တိုင်မသိလိုက်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်ကနေ လွတ်မြောက်စေပြီး သန့်စင်မှုကို ရရှိတယ်။ ဒီအဆုံးသတ်ရလဒ်ဟာ ကျေးဇူးတော်ခေတ်မှာ သခင့်ကို ယုံကြည်ပေမဲ့ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ အမှုတော်ကို လက်မခံသူတိုင်း လုံးဝ မရရှိနိုင်တဲ့ အရာပဲ။ ဒါကြောင့် လူတွေဟာ နောက်ဆုံးသောကာလမှာ နှုတ်ကပတ်တော်အားဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို လက်ခံမှသာ သူတို့ဟာ သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ကို သိနိုင်မယ်။ စာတန်ရဲ့လွှမ်းမိုးမှုနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကနေ အပြည့်အဝ လွတ်မြောက်လိမ့်မယ်။ သူတို့ဟာ သမ္မာတရားနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တို့အရ အသက်ရှင်နေထိုင်နိုင်လိမ့်မယ်။ ဒါဟာ ပြည့်စုံတဲ့ကယ်တင်ခြင်းရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ပဲ။

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

နောက်တစ်ခုသို့- သမ္မာကျမ်းစာထဲမှာ- “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏” (ရောမ ၁ဝ:၁၀) ဟု ဆိုလေသည်။ သခင်ယေရှုက ကျွန်ုပ်တို့၏ အပြစ်များမှ ကျွန်ုပ်တို့ကို ဖြေလွှတ်ခဲ့ပြီး ယုံကြည်ခြင်းမှတဆင့် ကျွန်ုပ်တို့ကို ဖြောင့်မတ်သောသူ ဖြစ်စေသည်ကို ကျွန်ုပ်တို့ ယုံကြည်ကြ ပါသည်။ ထို့အပြင်၊ တစ်စုံတစ်ဦးက တစ်ကြိမ်ကယ်တင်ခံ ရလျှင်၊ ထာဝရ ကယ်တင်ခံရပြီး၊ သခင် ပြန်ကြွလာသည့်အခါ ကျွန်ုပ်တို့သည် ချက်ချင်း ချီဆောင်ခံရလိမ့်မည်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ ကယ်တင်ခံရနိုင်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ယူဆောင် လာခြင်းမခံရနိုင်ခင် နောက်ဆုံးသော ကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံရမည်ဟု သင်တို့သည် အဘယ်ကြောင့် သက်သေခံကြပါသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။