သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

မာတိကာ

သခင့်ကို ယုံကြည်ပြီးနောက် ကျွန်ုပ်တို့၏ အပြစ်များ ခွင့်လွတ်ခံရပြီးဖြစ်သော်လည်း၊ ကျွန်ုပ်တို့ အဘယ်ကြောင့် မကြာခဏ အပြစ်ပြုမိကြသေးသနည်း။ အပြစ်၏ ကျေးကျွန်ဘဝ မှ နောက်ဆုံးတွင် ကျွန်ုပ်တို့ မည်သို့ လွတ်မြောက်နိုင်သနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

သူတို့ကို သန့်ရှင်းစေ တော်မူပါ။...နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်ပါ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇)

ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

နောက်ဆုံးသောကာလ၏ အလုပ်မှာ နှုတ်ကပတ်တော်များပြောရန် ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတွင် ကြီးမားသော အပြောင်းအလဲများ သက်ရောက်နိုင်သည်။ ဤနှုတ်ကပတ်တော်များကို လက်ခံခြင်းဖြင့် ဤလူများတွင် ယခု၌ သက်ရောက်သော အပြောင်းအလဲများသည် ကျေးဇူးတော်ခေတ်တွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို လက်ခံသောသူများပေါ် သက်ရောက်သော အပြောင်းအလဲများထက် ပိုမိုကြီးမားလှသည်။ အကြောင်းမှာ ကျေးဇူးတော်ခေတ်တွင် နတ်ဆိုးများသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူမှအဝေးသို့ နှင်ထုတ်ခြင်းခံခဲ့ရသော်လည်း၊ လူအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ ဆက်လက်ရှိရစ်နေသောကြောင့် ဖြစ်သည်။ လူသည် သူ၏ဖျားနာမှုမှ သက်သာ ပျောက်ကင်းပြီး သူ၏အပြစ်များမှ ခွင့်လွှတ်ခြင်း ခံရသော်လည်း လူအတွင်းတွင် ရှိနေသည့် ဖောက်ပြန်ပျက်စီးနေသော စာတန်စိတ်သဘောထားများကို ဖယ်ရှားရန်အတွက် လုပ်ဆောင်မှုမှာ သူ့တွင်မလုပ်ဆောင်ရသေးဘဲ ရှိသည်။ လူသည် သူ၏ယုံကြည်ခြင်းကြောင့် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်း ခံရရုံသာ ရှိသည်၊ သို့သော်လည်း လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း မရှိသောကြောင့် ထိုသဘာဝမှာ သူ့အထဲတွင် ကျန်ရှိနေဆဲဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း ယင်းမှာ လူသည် သူ့အတွင်းတွင် အပြစ်မရှိတော့ဟု ဆိုလိုခြင်း မဟုတ်ပေ။ လူ၏အပြစ်များသည် အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခြင်း ခံရနိုင်သော်လည်း၊ လူသည် သူ့အနေဖြင့် အပြစ်မရှိတော့ရန်နှင့် သူ၏အပြစ်နှင့်ပြည့်သော သဘာဝကို အပြည့်အဝ ဖယ်ရှားပြီး အသွင်သဏ္ဌာန်ပြောင်းလဲပစ်ရန်ဟူသည့် ပြဿနာကိုမူ ဖြေရှင်းနိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအလုပ်ကြောင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း လူသည် ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထား အဟောင်းတွင် ဆက်လက်နေထိုင်ခဲ့သည်။ သို့ဖြစ်ရာ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို လုံးဝစွန့်ပစ်ရန်နှင့် မည်သည့်အခါမျှ ပြန်လည်မပေါ်ပေါက်စေရန်အတွက် လူကို ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထားမှ လုံးဝကယ်တင်ရမည်ဖြစ်သည်၊ ထိုသို့အားဖြင့် လူ၏စိတ်သဘောထားကို ပြောင်းလဲရန် အခွင့်ပြုရမည်။ ယင်းအတွက် လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်း၊ အသက်၏ လမ်းခရီးနှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲရန် လမ်းခရီးတို့ကို နားလည်ရန် လိုအပ်သည်။ လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲစေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် နေထိုင်နိုင်ရန်အတွက် လူသည် ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန်လည်း လိုအပ်ပြီး၊ သူပြုသမျှသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဖြစ်စေရန်၊ သူ၏ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထားကို ဖယ်ရှားပစ်ရန်နှင့် စာတန်၏ မှောင်မိုက်သော လွှမ်းမိုးမှုမှ ချိုးဖောက်လွန်မြောက်ရန်လည်း ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန် လိုအပ်သည်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်မြောက်လာမည်ဖြစ်သည်။ ထိုအခါမှသာလျှင် လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိမည်။ ယေရှုသည် သူ၏အလုပ်ကို လုပ်ခဲ့သည့်အခါ လူ၏သူ့အပေါ် သိနားလည်မှုသည် ဝေဝါးပြီး မရှင်းမလင်း ဖြစ်နေခဲ့သည်။ လူသားအနေဖြင့် သူ့ကို ဒါဝိဒ်၏သားတော်အဖြစ် ယုံကြည်ခဲ့ကြပြီး၊ သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်၊ လူသား၏ အပြစ်များကို ရွေးနုတ်ခဲ့သော ကောင်းမြတ်သည့် အရှင်သခင်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အချို့သည် သူတို့၏ ယုံကြည်ခြင်းခွန်အားအပေါ် အခြေခံလျက် သူ့ဝတ်ရုံ၏ ပန်းပွားကို ထိတွေ့ရုံဖြင့် ရောဂါဝေဒနာ ပျောက်ကင်းခဲ့ကြသည်၊ မျက်စိမမြင်သူ မြင်နိုင်ခဲ့ပြီး သေဆုံးသူပင် အသက်ပြန်ရှင်နိုင်ခဲ့သည်။ သို့ရာတွင် လူသည် သူ့အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ဖောက်ပြန်ပျက်စီးနေသည့် စာတန်စိတ်သဘောထားကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသကဲ့သို့၊ ယင်းကို မည်သို့ဖယ်ထုတ်ရမည်ကိုလည်း သူမသိခဲ့ပေ။ လူသည် ကျေးဇူးတော် အများအပြားကို ရရှိခဲ့သည်၊ ငြိမ်သက်ခြင်းနှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုများ၊ တစ်ဦး၏ ယုံကြည်ခြင်းအပေါ် မိသားစု တစ်ခုလုံး ကောင်းချီးမင်္ဂလာရရှိခြင်း၊ နာမကျန်းမှုများကို ပျောက်ကင်းစေခြင်း စသဖြင့်ဖြစ်သည်။ ကျန်သည့်အရာများမှာ လူ၏ကောင်းမှုများဖြစ်ပြီး သူတို့၏ ဘုရားတရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ လူသည် ယင်းကို အခြေခံပြီး နေထိုင်နိုင်ပါက သူ့ကို လက်သင့်ခံနိုင်သော ယုံကြည်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ယင်းသို့သော ယုံကြည်သူများသာလျှင် သေဆုံးပြီးနောက်တွင် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်မည်၊ သူတို့ ကယ်တင်ခြင်းခံရသည်ဟု ဆိုလိုသည်။ သို့ရာတွင် သူတို့ဘဝတစ်သက်တာတွင် သူတို့သည် အသက်၏လမ်းခရီးကို နားလည်ခြင်း လုံးဝမရှိခဲ့ပေ။ သူတို့ပြုခဲ့သမျှမှာ အပြစ်များကို ကျူးလွန်ခဲ့ပြီးနောက်တွင် စိတ်သဘောထား ပြောင်းစေရန် မည်သည့်လမ်းကြောင်းကိုမျှ မပြုဘဲနှင့် အပြစ်ဝန်ခံခြင်းကို အစဉ်တစိုက် စက်ဝန်းကဲ့သို့ ပြုလုပ်ခဲ့ကြခြင်းသာသည်။ ယင်းသည် ကျေးဇူးတော်ခေတ်တွင်ရှိသော လူ၏အခြေအနေဖြစ်သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိခဲ့ပြီလော။ မရပါ။ ထို့ကြောင့် ထိုအဆင့် ပြီးဆုံးပြီးနောက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်များ ကျန်ရှိနေသေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်မှတစ်ဆင့် သန့်ရှင်းအောင် လုပ်ခြင်းဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို လူအား ပေးအပ်သည်။ အကယ်၍ နတ်ဆိုးများကို ဆက်လက်နှင်ထုတ်နေဆဲဖြစ်ပါက ဤအဆင့်သည် အသီးအပွင့်များ ဖြစ်ထွန်းမည်မဟုတ်၊ သို့မဟုတ် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ၊ အကြောင်းမှာ လူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း ရှိလိမ့်မည် မဟုတ်ဘဲ လူသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့်နေလိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်။ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ အကြောင်းမှာ လက်ဝါးကပ်တိုင်တွင် အသေခံသော အလုပ်သည် အဆုံးသို့ ရောက်ခဲ့ပြီဖြစ်ပြီး ဘုရားသခင်သည် စာတန်ကို အနိုင်ရခဲ့သည် ဖြစ်သောကြောင့်ဖြစ်သည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူတို့အတွင်းတွင် ဆက်လက်ရှိနေ၏၊ လူသည် အပြစ်ပြုနိုင်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်သေးသည်၊ ထို့ပြင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရသေးပေ။ သို့ဖြစ်ရာ ဤအဆင့်၏ အလုပ်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြု၍ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ပြီး လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့ကျင့်သုံးစေခြင်းဖြစ်သည်။ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမိုအဓိပ္ပာယ်ရှိပြီး အသီးအပွင့်လည်း ပိုမိုဖြစ်ထွန်းသည်၊ အကြောင်းမှာ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးသည့်အရာနှင့် လူ၏စိတ်သဘောထားကို လုံးဝအသစ်ပြုပြင်စေရန် လုပ်နိုင်စွမ်းရှိသောအရာမှာ နှုတ်ကပတ်တော်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် သာ၍ နှံ့နှံ့စပ်စပ်ရှိသော အလုပ်အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကိုခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေခဲ့ပြီး ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သော စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝပြီးဆုံးစေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

လူသည် ရွေးနုတ်ခြင်း မခံရမီ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အမြစ်စွဲလျက် ရှိပြီးဖြစ်သည်၊ စာတန်၏ ဖျက်ဆီးခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက် လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်နေသောသဘာဝ ရှိလာခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ လူသားကို ရွေးနုတ်ပြီးသောအခါ ယင်းသည် လူကိုအဖိုးအခကြီးစွာ ပေးဝယ်ရသည့် ရွေးနုတ်ခြင်းထက် ဘာမျှမပိုဘဲ သူ့အတွင်းတွင်ရှိသည့် အဆိပ်သင့်သော သဘာဝကမူ ဖယ်ထုတ်ခြင်းကို မခံရပေ။ ညစ်ညမ်းလွန်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို တွေ့ကြုံရန် လိုအပ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ လူသားသည် သန့်ရှင်းပြီး ပြောင်းလဲအောင် ပြုခံရနိုင်ရန်အလို့ငှာ ယနေ့မျက်မှောက်တွင် အလုပ်အားလုံးကို လုပ်ဆောင်ပြီးစီးခဲ့ခြင်းဖြစ်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့်သာမက စစ်ဆေးခြင်းအားဖြင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းအောင်ပြုခြင်းကို ခံရနိုင်သည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ယူဆမည့်အစား သန့်ရှင်းစင်ကြယ်စေခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။ အမှန်တကယ်အားဖြင့် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့်ဖြစ်သည်သာမက ကယ်တင်ခြင်းအလုပ်ရှိ ဒုတိယအဆင့်လည်း ဖြစ်သည်။ လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့် ဘုရားသခင်၏ ရယူခြင်းကို ခံရသည်။ နှုတ်ကပတ်တော်ကို အသုံးပြုလျက် စစ်ဆေးပဲ့ပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် မသန့်ရှင်း ခြင်း အားလုံး၊ အယူအဆများ၊ ဆန္ဒများနှင့် လူ၏ စိတ်နှလုံးအတွင်းရှိ တစ်ဦးချင်း မျှော်လင့်ချက်များသည် လုံးဝ ဖော်ထုတ်ခံရသည်။ လူသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနှုတ်ခြင်းကို ခံရပြီး ဖြစ်သော်လည်း ဘုရားသခင်သည် လူ၏ လွန်ကျူးခြင်းများကို သတိရမှု မရှိခြင်းနှင့် လူ၏ လွန်ကျူးခြင်းများနှင့်အညီ လူကို ဆက်ဆံခြင်း မပြုဟုသာ မှတ်ယူခဲ့သည်။ သို့ရာတွင် လူသည် ဇာတိပကတိတွင် နေထိုင်စဉ်တွင် သူ့ကို အပြစ်မှ လွှတ်ထားပြီးခြင်း မရှိသေးရာ သူသည် အပြစ်ကိုသာလျှင် ဆက်လုပ်နိုင်ပြီး ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထားကို အဆုံးမရှိ ဖော်ထုတ်နေသည်။ ယင်းမှာ အပြစ်နှင့် ခွင့်လွှတ်ခြင်း၏ အဆုံးမရှိသော စက်ဝန်း ဖြစ်သည့် လူများ ဦးဆောင်သော အသက်တာဖြစ်သည်။ လူအများစုတို့မှာ ညနေပိုင်းတွင် အပြစ်ဝန်ခံရန် အတွက်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ သို့ဖြစ်ရာ အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ သက်ရောက်မှု ရှိနေလျှင်ပင် လူကို အပြစ်မှ ကယ်တင်ရန် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ လူတွင် ယိုယွင်းပျက်စီးသော စိတ်သဘောထား ရှိနေဆဲဖြစ်ရာ ကယ်တင်ခြင်း လုပ်ငန်း တစ်ဝက်သာလျှင် ပြီးဆုံးပေသေးသည်။ ဥပမာအားဖြင့် လူများသည် သူတို့သည် မောဘမှ ဆင်းသက်သူများဖြစ်ကြောင်း သိသည့်အခါ သူတို့သည် စောဒကတက်သည့် စကားလုံးများ ကို ပြောကြားကြသည်၊ အသက်ကို ရှာဖွေခြင်း မရှိတော့ပဲ အကြွင်းမဲ့ပင် တုံဏှိဘာဝေ ဖြစ်လာကြသည်။ သူတို့သည် ဘုရားသခင်၏ အုပ်စိုးမှု အောက်တွင် အပြည့်အဝ ဆက်ကပ်အပ်နှံနိုင်စွမ်း မရှိဆဲ ဖြစ်နေသည်ကို ပြသမနေဘူးလား။ ယင်းမှာ ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထား အတိအကျပင် မဟုတ်ပါလား။ သင်သည် ပြစ်တင်ဆုံးမခြင်းကို မခံရသည့်အခါ သင်၏ လက်များသည် အခြားသူများထက် သာ၍ မြင့်အောင် မြှင့်ထားသည်၊ ယေရှုထက်ပင် မြင့်သေးသည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့် အော်သည်။ “ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အနီးဆုံးသူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ဆက်ကပ်အပ်နှံမည့်အစား အသေခံလိုပါသည်။ ဟောင်းနွမ်းနေသော စာတန်ကို တော်လှန်ကြ၊ အဆင်းနီသော နဂါးကြီးကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးကို သြဇာအာဏာမှ လုံးဝ ကျဆင်းအောင် လုပ်ကြစို့။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်”။ သင်၏ အော်ဟစ်မှုသည် အခြားသူများထက်ပိုမို ကျယ် လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမသည့် အချိန်ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားသည် ထုတ်ဖော်ခြင်းခံရသည်။ ထို့နောက် သူတို့၏ အော်ဟစ်မှုလည်း အဆုံးသတ်သွားခဲ့ပြီး သူတို့တွင် စိတ်ပိုင်းဖြတ်မှုလည်း မရှိတော့ပေ။ ယင်းမှာ လူ၏ ယိုယွင်းပျက်စီးမှု ဖြစ်သည်။ ယင်းသည် အပြစ်ထက်ပို၍ နက်ရှိုင်းသည်၊ စာတန်က စိုက်ထူထားခြင်းဖြစ်ပြီး လူအတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည်။ လူအတွက် သူ၏ အပြစ်များကို သတိပြုမိရန်မှာ မလွယ်ကူလှချေ။ လူသည် သူ့ကိုယ်တိုင်တွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော သဘာဝကို သတိမပြုနိုင်ပေ။ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအားဖြင့်သာ ယင်းသက်ရောက်မှုများ ရရှိနိုင်သည်။ သို့ဖြင့်သာလျှင် လူသည် ထိုအမှတ်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘာထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည်လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်းအကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် သမ္မာတရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက်နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်းအမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေခြင်းဖြစ်သည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းအားဖြင့်သာ လူသားကိုစုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ “အကယ်၍ ဘုရားသခင်သည် လူသားကိုကျိန်ဆိုခဲ့မည်ဆိုလျှင်၊ လူသား သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကိုတရားစီရင်မည်ဆိုလျှင်၊ လူသားသည် အစီရင်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း” ဟု ၎င်းတို့က ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများ ပြောသောစကားများ ဖြစ်သည်။ ဘုရားသခင် ကျိန်ဆိုသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူ တရားစီရင်သည့်အရာမှာ လူသား၏အပြစ်များ ဖြစ်သည်။ ကိုယ်တော်သည် သနားညှာတာခြင်းမရှိပဲ ပြင်းထန်စွာ ပြောဆိုသော်လည်း၊ သူသည် လူသားအတွင်းမှ အရာအားလုံးကို ထုတ်ဖော်ပြီး၊ ဤခက်ထန်သော နှုတ်ကပတ်တော်များအားဖြင့် လူသားအတွင်း၌ မည်သည့်အရာက အရေးကြီးကြောင်းကို သူဖော်ထုတ်လေ၏။ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့်၊ သူသည် လူသားအား လူ့ဇာတိ အနှစ်သာရ၏ လေးနက်သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် နာခံခြင်းကို ဆက်ကပ်ခြင်းဖြစ်သည်။ လူသား၏ ဇာတိပကတိသည် အပြစ်ဖြစ်ပြီး၊ စာတန်နှင့်သက်ဆိုင်သည်၊ ယင်းသည် မနာခံခြင်းဖြစ်၍၊ ဘုရားသခင် ပြစ်တင်ဆုံးမသည့် အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်စေကာ စစ်ဆေးခြင်းအမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုမှသာလျှင်၊ ဘုရားသခင်၏အမှု ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ

ယနေ့ခေတ်၌ ဘုရားသခင်လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသား၏အသက်တာအတွက် သူ၏နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူ့သဘာဝဗီဇ၏ အနှစ်သာရနှင့် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ပြခြင်း၊ ဘာသာရေးဆိုင်ရာ အယူအဆများ၊ မြေရှင်ပဒေသရာဇ်စနစ်နှင့်ဆိုင်သော အတွေးအခေါ်၊ ခေတ်မမီတော့သော အတွေးအခေါ်၊ လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ဖြစ်သည်။ ထိုအရာများကို ပေါ်ပေါ်ထင်ထင်ဖော်ပြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် သန့်စင်ရမည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူသားကို စုံလင်အောင်ပြုရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို အသုံးမပြုပါ။ ဘုရားသခင်သည် လူသားကို ထုတ်ဖော်ရန်၊ လူသားကို တရားစီရင်ရန်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် လူသားကို စုံလင်အောင်ပြုရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ထိုသို့အားဖြင့် လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ဖွယ်ဖြစ်မှုကို မြင်လာစေရန်၊ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်စေရန်အတွက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း” မှ

ဘုရားသခင်တွင် လူသားကို စုံလင်အောင် ပြုခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချသည်၊ လူသားကို ဖော်ထုတ်လှန်ထားရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး တစ်ဖက်တွင် လူသားကို ဖော်ထုတ်လှန်ထားကာ အခြားတစ်ဖက်တွင် လူသားကို ဖွင့်ဟပြသည်၊ လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော “နက်နဲရာများ” ကို တူးဆွကာ ဖော်ပြသည်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေသည်။ ဘုရားသခင်သည် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်၊ ဖော်ပြခြင်း၊ ကိုယ်တွယ်ဆုံးမခြင်း၊ စစ်ဆေးပြုပြင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများကို အသုံးပြုသည်၊ ထိုသို့အားဖြင့် ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လိုက်လျှောက်အသက်ရှင်မှုကို အာရုံစူးစိုက်မှုရှိသူများသာ ပြီးပြည့်စုံမှုရရှိနိုင်မည်” မှ

လူ၏အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ခဲ့ပြီး စာတန်၏ သြဇာလွှမ်းမိုးမှုမှ မိမိခွန်အားဖြင့် လွတ်မြောက်အောင် ဆောင်ရွက်နိုင်သောသူ တစ်ဦးမျှမရှိ။ အားလုံးသည် အဓိပ္ပာယ်အနည်းငယ် သို့မဟုတ် တန်ဖိုးအနည်းငယ်မျှပင် မရှိဘဲ အကျင့်ပျက်မှုနှင့် လစ်ဟာမှုတို့အထဲ ဆိုးညစ်သော ကမ္ဘာတစ်ခုတွင် နေထိုင်နေကြသည်။ အသွေးအသားအတွက်၊ တပ်မက်ခြင်းတဏှာအတွက်နှင့် စာတန်အတွက် ထိုသို့သော ပူပင်ကြောင့်ကြမဲ့သော ဘဝတွင် ရှင်သန်နေကြသည်။ သူတို့၏ တည်ရှိမှုသည် တန်ဖိုးအနည်းငယ်မျှပင်မရှိ။ လူသည် သူ့ကို စာတန်၏သြဇာလွှမ်းမိုးမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်မည့် သမ္မာတရားကို ရှာဖွေနိုင်ခြင်းမရှိ။ လူသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာကျမ်းစာကို ဖတ်ရှုသော်လည်း စာတန်၏သြဇာလွှမ်းမိုးထိန်းချုပ်မှုမှ သူ့ကိုယ်သူ မည်သို့လွတ်မြောက်အောင် လုပ်ဆောင်ရမည်ကို သူနားမလည်။ ခေတ်အဆက်ဆက်တစ်လျှောက်လုံး လူအနည်းငယ်သာ ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အနည်းငယ်သာ ယင်းကို ထည့်သွင်းစဉ်းစားလေသည်။ ဤအတိုင်း၊ လူက စာတန်ကို မုန်းတီးစက်ဆုပ်ပြီး ဇာတိပကတိကို စက်ဆုပ်သော်လည်း စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် ပိတ်မိနေခြင်းမှ မိမိကိုယ်ကို မည်သို့ရုန်းထွက်ရမည်ကို မသိပေ။ ယနေ့ သင်တို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိနေသေးသည် မဟုတ်လော။ သင်တို့သည် ဆိုးညစ်ပြီး မနာခံကြောင်းကို ခံစားသိရှိရန် မဆိုထားနှင့် သင်တို့၏ မနာခံတတ်သော အပြုအမူများကိုပင် နောင်တမရပါ။ ဘုရားသခင်အား ဆန့်ကျင်ပြီးနောက် သင်၏စိတ်နှလုံးထဲတွင် အေးချမ်းခြင်းနှင့် လွန်ကဲသောငြိမ်သက်ခြင်းကို ခံစားနေသေးသည်။ သင်၏ငြိမ်သက်ခြင်းက သင်အကျင့်ပျက်ခြင်းကြောင့် မဟုတ်လော။ ထိုစိတ်နှလုံးအေးချမ်းခြင်းသည် သင်၏ မနာခံခြင်းမှလာခြင်း မဟုတ်လော။ လူသည် လူ့ငရဲတွင် နေထိုင်ပြီး စာတန်၏ မှောင်မိုက်သော သြဇာလွှမ်းမိုးမှုထဲတွင် နေထိုင်သည်။ မြေတစ်ပြင်လုံး ဝိညာဉ်များသည် လူသားများနှင့် အတူနေထိုင်ပြီး လူ့ဇာတိပကတိအပေါ်တွင် ကျူးကျော်စွက်ဖက်နေသည်။ ကမ္ဘာမြေပေါ်တွင် သင်သည် လှပသော ပရဒိသုဘုံတွင် နေထိုင်နေခြင်း မဟုတ်ပါ။ သင်ရှိနေသည့်နေရာသည် နတ်ဆိုးတို့၏နယ်ပယ်၊ လူ့ငရဲ၊ မြေအောက်ကမ္ဘာတစ်ခု ဖြစ်ပေသည်။ လူသည် သန့်ရှင်းခြင်းသို့ မရောက်ပါက သူသည် ဆိုးညစ်နေမည်၊ သူ့ကို ဘုရားသခင် ကာကွယ်စောင့်ရှောက်ခြင်း မရှိပါက၊ သူသည် စာတန်၏အကျဉ်းသား ဖြစ်မြဲဖြစ်နေမည်။ အကယ်၍ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မခံရပါက စာတန်၏ မှောင်မိုက်သော သြဇာလွှမ်းမိုးမှု အချုပ်ချယ်ခံအဖြစ်မှ လွတ်မြောက်ရန်အတွက် နည်းလမ်းရှိမည် မဟုတ်ပါ။ သင်ထုတ်ဖော်ပြသသော ယိုယွင်းပျက်စီးသည့် စိတ်သဘောထားနှင့် သင်ရှင်သန်သော မနာခံခြင်းအပြုအမူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် သင်ဆက်လက် နေထိုင်နေကြောင်း လုံလောက်သည့် သက်သေပင်ဖြစ်သည်။ သင့်စိတ်နှလုံးနှင့် အတွေးအကြံတို့ကို သန့်ရှင်းစေခြင်း မရှိသေးသည့်အပြင် သင်၏ စိတ်သဘောထားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မရှိသေးပါက သင့်အသက်တာတစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုဖြင့် ထိန်းချုပ်ခံနေရဆဲဖြစ်ပြီး သင့်စိတ်နှလုံးကို စာတန်မှ ထိန်းချုပ်နေသည်၊ သင့်အတွေးအကြံများကို စာတန်မှ ကြိုးကိုင်ခြယ်လှယ်နေသည်၊ သင့်ဖြစ်တည်မှု အလုံးစုံသည် စာတန်၏ လက်ထဲတွင် ထိန်းချုပ်ခံနေရသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” မှ

လူသည် ဇာတိပကတိအကြားတွင် နေထိုင်သည်၊ ဆိုလိုသည်မှာ သူသည် လူ့ငရဲတွင် နေထိုင်နေပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲ လူသည် စာတန်ကဲ့သို့ ဆိုးညစ်လေသည်။ လူသည် မည်သို့သန့်ရှင်းမြင့်မြတ် နိုင်ပါမည်နည်း။ ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူ၏အကောင်းဆုံးသော အကာအကွယ်ဖြစ်ပြီး အမြင့်မားဆုံးသော ကျေးဇူးတော်ပင် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့်သာ လူသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော စည်းကမ်းများသည် စာတန်၏ သြဇာလွှမ်းမိုးမှုမှ လူကို ပယ်ရှားပေးသည်။ သူ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲမှ လွတ်မြောက်စေပြီး ဘုရားသခင်၏ မျက်မှောက်တော် အလင်းထဲတွင် နေထိုင်ခွင့်ရစေသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်းမရှိပေ။ ပေတရုမှ “အို ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမ၍ တရားစီရင်နေသမျှ ကာလပတ်လုံး ကိုယ်တော် ကျွန်ုပ်ကို ပစ်ခွာမသွားကြောင်း ကျွန်ုပ်သိလိမ့်မည်။ ကိုယ်တော် ကျွန်ုပ်အား ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်းချမ်းခြင်းကို မပေးလျှင်ပင်၊ ဒုက္ခဆင်းရဲများ ခံစားရစေလျှင်ပင်၊ ကျွန်ုပ်အား မရေမတွက်နိုင်အောင် ပြစ်တင်ဆုံးမလျှင်ပင်၊ ကျွန်ုပ်အား ကိုယ်တော် မပစ်ပယ်သမျှကာလပတ်လုံး ကျွန်ုပ်၏ နှလုံးသားသည် ငြိမ်သက်နေပါလိမ့်မည်။ ယနေ့၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော အကာအကွယ်ဖြစ်ပြီး အမြင့်မားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်လာခဲ့ပါပြီ။ ကျွန်ုပ်အားပေးသော ကိုယ်တော်၏ကျေးဇူးတော်သည် ကျွန်ုပ်ကို ကာကွယ်ပေးပါသည်။ ယနေ့ ကျွန်ုပ်အပေါ်သို့ အပ်နှင်းသော ကျေးဇူးတော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ပေါ်လွင်ထင်ရှားမှုတစ်ခုဖြစ်ပြီး ယင်းသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ဖြစ်သည်။ ထို့အပြင် ယင်းသည် စမ်းသပ်စစ်ဆေးခြင်းနှင့် ထိုထက်မက၊ ဒုက္ခဆင်းရဲခံရသော အသက်တာတစ်ခုဖြစ်ပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။ ပေတရုသည် လူ့ဇာတိ၏သာယာမှုများကို ဘေးဖယ်ထားနိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော မေတ္တာနှင့် ပိုမိုကြီးမားသော အကာအကွယ်ကို ရှာဖွေနိုင်ခဲ့သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ကျေးဇူးတော်များစွာကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ သူ့အသက်တာတွင် လူသည် သန့်ရှင်းခြင်းသို့ ရောက်လိုပြီး သူ၏ စိတ်သဘောထား အပြောင်းအလဲများကို ရရှိလိုသည့်အပြင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် ရှင်သန်လိုကာ လူသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ကျေပွန်လိုလျှင်၊ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်သည်။ ဘုရားသခင်၏ စည်းမျဉ်းစည်းကမ်းများနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများတို့ကို သူ့ထံမှ မခွာစေရပါ။ သို့နှင့် သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် သြဇာလွှမ်းမိုးခြင်းတို့မှ သူ့ကိုယ်သူ လွတ်အောင်ရုန်းနိုင်ပြီး ဘုရားသခင်၏ အလင်းအောက်တွင် နေထိုင်နိုင်ပေမည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ကြောင်း၊ လူ၏ ကယ်တင်ခြင်းအလင်းဖြစ်ကြောင်းနှင့် လူအတွက် ထို့ထက်သာသော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် အကာအကွယ်မရှိတော့ကြောင်းကို သိနားလည်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” မှ

သက်ဆိုင်သည့် အကြောင်းအရာ