ရှင်ပေါလု၏ ပုံသက်သေနောက် ကျွန်ုပ်တို့ လိုက်ကြပြီး ဧဝံဂေလိတရား ဖြန့်ဝေရင်း၊ သခင့်ကို သက်သေခံရင်းနှင့် သခင်၏ အသင်းတော်များကို ထိန်းကျောင်းပေးရင်း၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။” (၂ တိ ၄:၇) ဟု ရှင်ပေါလု လုပ်ဆောင်ခဲ့သကဲ့သို့ပင် သခင့်အတွက် လွန်စွာ အလုပ်ကြိုးစားကြပါသည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နောက် လိုက်လျှောက်ခြင်း မဟုတ်ဘူးလော။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးသည် ကျွန်ုပ်တို့ ချီဆောင်ခံရပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီကြသည်ဟု အဓိပ္ပါယ်ရသင့်ပေသည်၊ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ ကောင်းကင်နိုင်ငံတော်ထဲသို့ ဆောင်ယူခြင်းမခံရမီ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်ကို အဘယ်ကြောင့် လက်ခံရမည်နည်း။

18.11.2021

အဖြေ-

ဤမေးခွန်းသည် အလွန်အရေးပါပါသည်။ ယင်းသည် ကျွန်ုပ်တို့ ကောင်းကင်နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခြင်း ခံရမည်၊ မခံရမည်ဆိုသည့်အရာ ပါဝင်သည်။ သခင်၏ ယုံကြည်သူ အများစုက အရာရာတိုင်းကို စွန့်လွှတ်ပြီး သခင့်အတွက် ကြိုးစားလုပ်ဆောင်ခြင်းအားဖြင့် ပေါလုကို အတုယူခြင်းသည် သခင့်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့် သခင် ပြန်ကြွ လာသည့်အခါ ကောင်းကင်နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခံရမည့် အရည်အချင်းရှိခြင်းနှင့် သဘောညီမျှသည်ဟု ထင်ကြသည်။ ဤအမြင်သည် သခင့်၌ ယုံကြည်သူအများစု၏ ယူဆချက် ဖြစ်လာခဲ့သည်။ သို့သော် ဤအမြင်သည် သခင့် နှုတ်ကပတ်တော်များအပေါ် အခြေပြုထားပါသလား။ ဤကျွန်ုပ်တို့၏ ရှာဖွေလိုက်စားခြင်းသည် သခင့်၏ ရည်ရွယ်ချက်နှင့် ကိုက်ညီပါသလား။ ပေါလု၏ ကြိုးစားလုပ်ဆောင်မှုကို အတုယူခြင်းဖြင့် သခင့်၏ လမ်းခရီးကို ကျွန်ုပ်တို့ အမှန်တကယ် လိုက်လျှောက်ခြင်း ဖြစ်ပါသလား။ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် ကျွန်ုပ်တို့ အမှန်တကယ် အရည်အချင်း ပြည့်မှီပါသလား။ သခင်ယေရှု ပြောခဲ့သည်မှာ- “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။(မ ၇:၂၁-၂၃) ဟု ပြောခဲ့ပါသည်။ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သော သူသာ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရလိမ့်မည်ကို သခင်ယေရှုက အလွန် ရှင်းလင်းစွာ ပြောဆိုခဲ့ပါသည်။ သခင့်အတွက် အရာရာကို စွန့်လွှတ်ပြီး ကြိုးစားလုပ်ဆောင်သော သူများသည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရလိမ့်မည်ဟု သခင်ယေရှု မပြောခဲ့ပါ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ပရောဖက်ပြုသူများ၊ သခင့်နာမအားဖြင့် နတ်ဆိုးနှင်ထုတ်သူများ နှင့် အံ့ဖွယ်အမှုများစွာ ပြုသောသူများဖြစ်သည့် စေ့စေ့စပ်စပ်နှင့် ကြိုးစားပမ်းစား လုပ်ဆောင်သူများစွာသည် သခင့်အားဖြင့် ချီးမွမ်းခြင်းမခံရရုံသာမက၊ သခင့်အားဖြင့် ဆိုးညစ်သောသူများ အဖြစ် အဆုံးအဖြတ်ပေးခံခဲ့ရသည်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (၂ တိ ၄:၇-၈) ဟူသည့် ပေါလု၏ စကားများသည် သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်သည်ကို တွေ့နိုင်ပါသည်။ ၎င်းတို့သည် သခင့်ရည်ရွယ်ချက်နှင့် အခြေခံအားဖြင့် ကိုက်ညီမှုမရှိပေ။ ကောင်းကင်နိုင်ငံတော်ထဲသို့ ခေါ်ဆောင် ခံရခြင်းနှင့် ပတ်သက်၍၊ သေချာသည့် နည်းလမ်းတစ်ခုသာ ရှိသည်။ ယင်းမှာ၊ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင် လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(မ ၂၅:၆)ကြည့်ရှုလော့၊ ငါသည်တံခါး ရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရ လိမ့်မည်။(ဗျာ ၃:၂၀) ဟု သခင်ယေရှု ရှင်းရှင်းလင်းလင်း ပြောထားသည့်အရာ ဖြစ်သည်။ သခင်နှင့်အတူ စားသောက် ရလိမ့်မည့်အကြောင်း ပြောထားသည့်အရာမှာ နောက်ဆုံးသော ကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံခြင်းကို ရည်ညွှန်းပါသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းအားဖြင့်၊ သမ္မာတရားအားလုံးကို လူက နားလည်လိမ့်မည်။ သန့်စင်ခြင်းကို ရရှိပြီး စုံလင်ခံရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ စားပွဲတော်ကို တက်ရောက်ခြင်း၏ ရလဒ်များ ဖြစ်ကြသည်။ ထို့ကြောင့် နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံပြီး သန့်စင်ခြင်းကို ရရှိသောသူတို့သာ ကောင်းကင်နိုင်ငံတော်ထဲသို့ အမှန်တကယ် ဝင်ရောက်ရလိမ့်မည်ကို ကျွန်ုပ်တို့ သေချာနိုင် ပေသည်။

သခင့်ကို ယုံကြည်သူများဖြစ်သည့် ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်၌ ယုံကြည်ခြင်း ရှိကြသည်။ သခင်ယေရှု ခရစ်တော်သည်သာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နည်းနှင့် ပတ်သက်၍၊ ယင်းကို သခင်ယေရှု၏ နှုတ်ကပတ်တော်များအပေါ် နောက်ဆုံးအနေဖြင့် အခြေခံသင့်ပေသည်။ ပေါလုသည့် ဧဝံဂေလိတရားကို ဟောကြားနေသည့် တမန်တော်တစ်ဦးသာ ဖြစ်ခဲ့ပါသည်။ သူ၏ စကားသည် သခင့်ကို ကိုယ်စားမပြုနိုင်သကဲ့သို့၊ သူ၏ လမ်းကြောင်းမှာ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ သေချာပေါက် နည်းလမ်း မဟုတ်ခဲ့ပါ။ ပေါလု၏ လမ်းကြောင်းက မှန်သည်ဟု သခင်ယေရှု သက်သေမခံခဲ့သလို၊ ပေါလု၏ ပုံဥပမာ နောက်လိုက်ရန် ကျွန်ုပ်တို့ကို သူ မပြောခဲ့သောကြောင့် အကယ်၍ ကောင်းကင်နိုင်ငံတော်သို့ ကျွန်ုပ်တို့၏ လမ်းခရီးကို ပေါလု၏ စကားများပေါ် အခြေခံပြီး ကျွန်ုပ်တို့ ရွေးချယ်လျှင်၊ သွေဖည်သွားဖို့ လွယ်ကူပါသည်။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” ဟူသော ကျွန်ုပ်တို့ ဖတ်လိုက်သည့် သခင်ယေရှု၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်သည် အလွန်အရေးကြီးသည်။ သခင့်နှုတ်ကပတ်တော်ထဲ၌ ကျွန်ုပ်တို့ ယုံကြည်ရမည်ဟု ဤစာကြောင်းက ကျွန်ုပ်တို့ကို ပြောပါသည်။ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းသည်သာ ကောင်းကင် နိုင်ငံတော်ထဲသို့ ဝင်ရောက်ရာ လမ်းဖြစ်ပါသည်။ နောက်ဆုံးသော ကာလတွင်၊ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ပြီး ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ပါသည်။ ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ ကြားပြီး၊ နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို လက်ခံကာ စုံလင်ခံရစေဖို့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှ သန့်စင်ပေးခြင်းကို ရရှိလျှင်၊ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ကို နာခံသောသူတို့က မိမိတို့ကိုယ်ကိုယ် ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ အရည်အချင်းပြည့်မှီ စေကြသည့်ပုံစံ ဖြစ်သည်မှာ သံသယဖြစ်စရာမရှိပါ။ တရားဟောခြင်း၊ နတ်ဆိုးများ နှင်ထုတ်ခြင်းနှင့် သခင့်နာမ၌ နိမိတ်လက္ခဏာများကို ဆောင်ရွက်ခြင်းတို့အပေါ်သာ အာရုံစိုက်သူတို့မှာမူ၊ သခင့် နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်မှုမရှိခြင်းအားဖြင့် သခင့်ကို သူတို့ သိနိုင်ပါသလား။ သူတို့သည် ဘုရားသခင်၏ အလိုတော်ကိုလုပ်ဆောင်သောသူများဖြစ်ပါသလား။ သခင်ယေရှု ပြောခဲ့သည်မှာ- “သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ(မ ၇:၂၃) ဟု အဘယ်ကြောင့် ဆိုခဲ့ပါသနည်း။ ဤကျမ်းစာပိုဒ်သည် အလွန် အရေးကြီးပါသည်။ ယင်းက စဉ်းစားမိအောင် စေ့ဆော်ပေးသည်။ ယခင်တုန်းက၊ ဂျူးဘာသာ၏ ဖာရိရှဲတို့သည် ကုန်းနှင့် ပင်လယ်တစ်လျှောက် ခရီးသွားခဲ့ကြသည်ကို ကျွန်ုပ်တို့ အားလုံးသိကြပါသည်။ သူတို့သည် များစွာဒုက္ခဆင်းရဲ ခံစားခဲ့ကြပြီး အဖိုးအခများစွာ ပေးဆပ်ခဲ့ကြသည်။ သိသိသာသာပင်၊ သူတို့သည် ဘုရားသခင်ကို သစ္စာရှိပုံပေါ်ခဲ့ကြသည်။ အမှန်တွင်၊ သူတို့သည် ဘာသာရေး ထုံးတမ်းဓလေ့များနှင့် စည်းမျဉ်းများအပေါ်သာ အာရုံစိုက်ခဲ့ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် သူတို့ အာရုံမစိုက်ခဲ့ကြပါ။ ဘုရားသခင်၏ ပညတ်ချက်များကို သူတို့ လိုက်လျှောက်ဖို့ ကျရှုံးခဲ့ကြသလို စွန့်ပင်စွန့်ပစ်ခဲ့ကြသည်။ သူတို့ လုပ်ဆောင် ခဲ့သည့်အရာနှင့် သူတို့ ပြုမူခဲ့ပုံတို့သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လုံးဝ ဆန့်ကျင်ခဲ့ပြီး ဘုရားသခင်၏ နည်းလမ်းမှ သွေဖည်ခဲ့သည်။ ထို့ကြောင့် သခင်ယေရှုက၊ “လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်း ပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသား ဖြစ်စေကြ၏။(မ ၂၃:၁၅) ဟု သူတို့ကို ရှုတ်ချပြီး ကျိန်ဆဲခဲ့သည်။ သိသာစွာပင်၊ “တစ်စုံတစ်ဦးသည် သခင့်အတွက် ကြိုးစား လုပ်ဆောင်သရွေ့၊ သခင်ကြွရောက်သည့်အခါ ကောင်းကင် နိုင်ငံတော် ထဲသို့ သူ ခေါ်ဆောင်ခံရလိမ့်မည်” ဟူသည့် အတွေးအခေါ်သည် သခင့်နှုတ်ကပတ်တော်များနှင့် လုံးဝ ကိုက်ညီမှုမရှိသည့် လူသား၏ အယူအဆနှင့် စိတ်ကူး စစ်စစ်ဖြစ်သည်။ ကယ်တင်ခြင်းနှင့် ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းအတွက် ကျွန်ုပ်တို့၏ ရှာဖွေလိုက်စားခြင်းသည် မှန်ပါ၏။ သို့သော် ယင်းသည် သခင်ယေရှု၏ နှုတ်ကပတ်တော်များအပေါ် နောက်ဆုံးအနေဖြင့် အခြေခံရပါမည်။ သခင့်နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ လျစ်လျူရှုပြီး ပေါလု၏ စကားများအပေါ် ယင်းကို အခြေခံကာ ပေါလု၏ လက်တွေ့လုပ်ဆောင်မှုကို ကျွန်ုပ်တို့၏ ရည်မှန်းချက်ပန်းတိုင် အဖြစ် ခံယူကြလျှင်၊ သခင့်၏ လက်ခံမှုကို ရရှိဖို့ ကျွန်ုပ်တို့ မည်သို့ မျှော်လင့်နိုင်မည်နည်း။ သခင့်၏ ယုံကြည်သူများဖြစ်သည့် ကျွန်ုပ်တို့အားလုံးသည် ဤကျမ်းချက်နှစ်ချက်ကို နားလည်လျှင်၊ ကောင်းကင်နိုင်ငံတော်သို့သွားသည့်လမ်းက မည်သည့်အရာ ဖြစ်သည်ကို အတိအကျ သိကြပါလိမ့်မည်။

အမှန်တွင်၊ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို လက်ခံခြင်းမပြုမီ၊ ကျွန်ုပ်တို့၏ သခင့်ကို ယုံကြည်ခြင်းတွင် ထိုသို့သော အယူအဆများနှင့် စိတ်ကူးများ ကျွန်ုပ်တို့အားလုံး၌ ရှိခဲ့ကြပါသည်။ သခင့်နာမကို ကျွန်ုပ်တို့ ထိန်းသိမ်းသရွေ့၊ အရာအားလုံးကို စွန့်လွှတ်ပြီး အားထုတ်ကြိုးပမ်းကာ သခင့်နာမ၌ ဟောပြောကြသရွေ့၊ သခင့် နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်နေခြင်း၊ သူ၏ လမ်းခရီးကို လိုက်လျှောက်နေခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။ သခင် ကြွရောက်သည့်အခါ ကောင်းကင် နိုင်ငံတော်ထဲသို့ ကျွန်ုပ်တို့ ခေါ်ဆောင်ခံရလိမ့်မည်ဟု ကျွန်ုပ်တို့ သေချာခဲ့ကြသည်။ နောက်ပိုင်းတွင်၊ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး သည့်နောက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် တွေ့ခဲ့ရသည်- “အလုပ်နှင့်ပတ်သက်၍ လူသားသည် အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်း၊ နေရာတိုင်း၌ တရားဟောခြင်းနှင့် သူ့အတွက် သုံးစွဲခြင်းဖြစ်သည်ဟု ယုံကြည်သည်။ ထိုသို့ ယုံကြည်ခြင်းသည် မှန်သော်လည်း တစ်ဖက်သတ် ဆန်လွန်းလှသည်။ ဘုရားသခင်က လူကို တောင်းဆိုသည့်အရာမှာ သူ့အတွက် ဟိုပြေးသည်ပြေးလုပ်ရန်သာ မဟုတ်ပေ၊ ထိုထက် ကျော်လွန်၍ ဤအမှုသည် ဝိညာဉ်တော်အတွင်း၌ အမှုတော်ဆောင်ဖို့နှင့် ထောက်ပံ့မှုတို့နှင့်ပါ သက်ဆိုင်သည်။...အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်းကို မရည်ညွှန်းဘဲ၊ လူသား၏အသက်တာနှင့် လူသား၏ အသက်ရှင်ခြင်းသည် ဘုရားသခင်အတွက် ပျော်ရွှင်မှုပေးနိုင်ခြင်း ရှိမရှိကို ရည်ညွှန်းသည်။ အလုပ်ဆိုသည်မှာ လူသားတို့က ဘုရားသခင် အပေါ်၌ထားသော သူတို့၏ ဆက်ကပ်ခြင်းနှင့် သူတို့၌ ရှိသည့် အသိပညာကို ဘုရားသခင်အကြောင်း သက်သေခံရန်နှင့် လူသားအပေါ် အမှုတော်ဆောင်ရန်အတွက်လည်း အသုံးပြုခြင်းကို ရည်ညွှန်းသည်။ ထိုအရာသည် လူသား၏တာဝန် နှင့် လူသားအားလုံး နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ သင်တို့၏ ဝင်ရောက်မှုသည် သင်တို့၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင်အတွက် အလုပ်လုပ်နေစဉ်တွင် သင်တို့သည် ဝင်ရောက်ဖို့ ကြိုးစားနေသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အလုပ်အား တွေ့ကြုံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီဝဲသုံးဆောင်ပုံကို သိခြင်းသာ မဟုတ်ပေ၊ သာ၍ အရေးကြီးသည်မှာ သင်တို့သည် ဘုရားသခင်၏အကြောင်း သက်သေခံပုံကို သိရမည်ဖြစ်ပြီး ဘုရားသခင်ကို အစေခံနိုင်ရမည်ဖြစ်ကာ၊ လူသားအပေါ် အမှုတော်ဆောင်ကာ လူသားကို ထောက်ပံ့ပေး နိုင်ရမည်။ ယင်းသည် အလုပ်ဖြစ်သည်၊ သင်တို့၏ ဝင်ရောက်မှုလည်း ဖြစ်သည်၊ ဤသည်ကား လူတိုင်း ပြီးမြောက်အောင် လုပ်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးလွှားပြီး နေရာအားလုံး၌ တရားဟောခြင်းတို့ကိုသာ အာရုံစိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံကို သတိမထားမိသူများ၊ ၎င်းတို့၏ ဝိညာဉ်အသက်တာသို့ ဝင်ရောက်ခြင်းကို လျစ်လျူရှုထားသောသူ များစွာ ရှိသည်။ ယင်းသည် ဘုရားသခင်ကို အစေခံသူများအား ဘုရားသခင်ကို ခုခံသူများ ဖြစ်လာစေသည့် အကြောင်းအရင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ ကျွန်ုပ်တို့၏ အလုပ်တွင် ဘုရားသခင်၏ သတ်မှတ်ချက်များသည် ဒုက္ခခံစားဖို့၊ ဟိုဟိုသည်သည် ပြေးလွှားပြီး သူ့အတွက် အသုံးတော်ခံဖို့မျှထက် ပိုသည်ကို ကျွန်ုပ် နားလည်ခဲ့ရသည်။ အရေးကြီးဆုံးသော အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်နိုင်ပြီး တွေ့ကြုံနိုင်ခြင်း ဖြစ်ကာ၊ ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများကို ဦးဆောင်ဖို့ ကျွန်ုပ်တို့၏ အလုပ်နှင့် တရားဟောခြင်းတွင် ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သော ကျွန်ုပ်တို့၏ တကယ့်အတွေ့အကြုံများအကြောင်းကို ပြောဆိုနိုင်ခြင်း ဖြစ်သည်။ ဤသို့သော အလုပ်မျိုးသည်သာ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သည်။ ပြန်လည် ရှုမျှော်ကြည့်သောအခါတွင်၊ သခင့်ကို ကျွန်ုပ် ယုံကြည်ခဲ့သည့် နှစ်ပေါင်းများစွာတွင်၊ သခင့်နာမဖြင့် မိုးထဲနှင့် မုန်တိုင်းထဲတွင် အလုပ်လုပ်ပြီး တရားဟောဖို့ နေရာမျိုးစုံကို ကျွန်တော် ခရီးထွက်ခဲ့ပြီး အနည်းငယ် ဒုက္ခခံစား၍ အဖိုးအခအချို့ကို ပေးခဲ့သော်လည်း၊ သခင့် နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းတို့ကို ကျွန်ုပ် အာရုံမစိုက်ခဲ့ပါ။ သခင့်နှုတ်ကပတ်တော်များကို လက်တွေ့ လုပ်ဆောင်ခြင်းအကြောင်း အတွေ့အကြုံနှင့်ဆိုင်သည့် ကျွန်ုပ်၏ သက်သေခံချက်များကို ကျွန်ုပ် မပြောနိုင်ခဲ့ပါ။ ကျွန်ုပ်သည် သမ္မာကျမ်းစာ၏ အနှစ်မဲ့သော ကျမ်းဟောင်းတရားများနှင့် အယူဝါဒအချို့ကိုသာ ပြောဆိုနိုင်ခဲ့ပြီး ဘာသာရေး ထုံးတမ်းဓလေ့များနှင့် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း ဖြင့် ညီအစ်ကို မောင်နှမများကို သွန်သင်နိုင်ခဲ့သည်။ ဤအရာက ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ညီအစ်ကို မောင်နှမများကို မည်သို့ ဦးဆောင်နိုင်မည်နည်း။ ထို့အပြင်၊ ကျွန်ုပ် အမှုတော်လုပ်ဆောင်ပြီး တရားဟောနေသည့်အချိန်တွင်၊ ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို ကြည်ညိုကြစေဖို့ ကျွန်ုပ် မိမိကိုယ်ကိုယ် အမြဲကြွားဝါခဲ့သည်။ အလုပ်တွင် သခင့်၏ သတ်မှတ်ချက်များကို ကျွန်ုပ် အမြဲသစ္စာဖျက်ပြီး ကျွန်ုပ်၏ ကိုယ်ပိုင်လိုအင်ဆန္ဒနောက် လိုက်ခဲ့သည်။ သခင့်အတွက် ကျွန်ုပ် အနည်းငယ်မျှ အသုံးတော်ခံပြီး ဒုက္ခခံစားခြင်းကြောင့် သက်သက်ဖြင့် ကျွန်ုပ်သည် ကိုယ်တော့်ကို အချစ်ဆုံးသော သူတစ်ဦးဖြစ်ပြီး ကိုယ်တော့်ကို သစ္စာအရှိဆုံးသော သူတစ်ဦးဖြစ်သည်ဟု ယူဆမိခဲ့သည်။ ဘုရားသခင်ထံမှ ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများကို တောင်းဆိုဖို့ ကျွန်ုပ် အတော် အရှက်ကင်းမဲ့ခဲ့သည်။ ကျွန်ုပ် အလွန် ထောင်လွှားခဲ့သည်မှာ အားနည်းပြီး အပျက်သဘောဆောင်သော ညီအစ်ကို မောင်နှမများကို ကျွန်ုပ် အထင်ပင် သေးခဲ့သည်အထိ ဖြစ်သည်။ သခင့်အတွက် စိတ်အားထက်သန်မှုဖြင့် အလုပ်လုပ်ခြင်း ကိုသာ ကျွန်ုပ်အာရုံစိုက်ခဲ့သော်လည်း၊ သခင့်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံဖို့ ကျွန်ုပ် လျစ်လျူရှုခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ နှစ်များစွာ သခင့်နောက်ကို လိုက်ခဲ့ပြီး ဖြစ်သော်လည်း အသက်တာ စိတ်သဘောထားတွင် ပြောင်းလဲမှုများတစ်ခုတစ်လေ လုပ်ဆောင်ခြင်းကို မပြောနှင့်၊ သခင့်အကြောင်း ဘာမျှ ကျွန်ုပ် မသိခဲ့သလို ဘုရားသခင်အတွက် ကြည်ညိုမှုတစ်ခုတစ်လေမျှ မရှိခဲ့ပါ။ နှစ်များစွာကြာ သခင့်ကို ကျွန်ုပ် ယုံကြည်ခဲ့ပြီး သူ့အတွက် များစွာ အသုံးတော်ခံကာ ဒုက္ခခံစားခဲ့သောကြောင့်၊ ကျွန်ုပ်သည် တိုး၍ မာနထောင်လွှားခဲ့ပြီး လူတိုင်းကို မခန့်မညားဖြစ်ခဲ့သည်။ ကျွန်ုပ်သည် အခွင့်အရေးရတိုင်း စာတန်၏ စိတ်သဘောထားကို ထုတ်ဖော်ပြရင်း၊ အမြဲ အလိမ်အညာများပြောကာ အခြားသူများကို လှည့်ဖြားနေမိခဲ့သည်။ ကျွန်ုပ် လုပ်ဆောင်နေသည့် အလုပ် ခက်ခဲသလောက်၊ သခင့်၏ နှုတ်ကပတ်တော်ကို လက်တွေ့ လုပ်ဆောင်ခြင်းနှင့် သခင့်ကို နာခံခြင်း လုံးဝ ကင်းမဲ့ခဲ့သည်။ ဤအရာက ဘုရားသခင်ကို သိနားလည်ခြင်း တစ်ခုတစ်လေ မည်သို့ ရရှိနိုင်မည်နည်း။ သမ္မာတရား၏ စစ်မှန်မှုနှင့် ဘုရားသခင်ကို သိနားလည်ခြင်း နှစ်ခုလုံးမရှိသည့် ကျွန်ုပ်ကဲ့သို့သော တစ်စုံတစ်ဦးအတွက်၊ ကျွန်ုပ် လုပ်သမျှတိုင်းသည် သခင့်ကို အရှက်ရစေပြီး အာခံနေခဲ့သည် မဟုတ်ပါလား။ ကျွန်ုပ်သည် အဘယ်သို့ သခင့်ကို ချီးမြောက်ပြီး သူ့အတွက် သက်သေခံနိုင်မည်နည်း။ သခင်ယေရှု ပြောခဲ့သည်မှာ- “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။(မ ၇:၂၂-၂၃) ဟု ပြောသည့်အတိုင်း ဖြစ်သည်။ သခင်ယေရှုအားဖြင့် ရှုတ်ချခံရသည့် မကောင်းမှုပြုသူအားလုံးသည် အပြင်ပန်းအရ သခင့်အတွက် အသုံးတော်ခံခဲ့ကြသည် မဟုတ်ပါလား။ မည်သည့် ပညတ်တရားမျှ သူတို့ မချိုးဖောက်ခဲ့ကြသလို၊ မည်သည့်အပြစ်ကိုမျှ သူတို့ မကျူးလွန်ခဲ့ကြပါ။ သူတို့ကို မကောင်းမှုပြုသူတို့ဟု အဘယ်ကြောင့် သခင်ယေရှုက ခေါ်ခဲ့ပါသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ကြိုးစားလုပ်ဆောင်မှုအားလုံးသည် ကောင်းချီးမင်္ဂလာများကို ရရှိခြင်းအတွက် ရည်ရွယ်ခဲ့သောကြောင့် ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို အမှန်တကယ် မနာခံခဲ့ကြပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံပြီးသည့်နောက်မှသာ သခင်ယေရှု၏ နှုတ်ကပတ်တော်၏ စစ်မှန်သော အဓိပ္ပါယ်ကို ကျွန်ုပ် နားလည်ခဲ့ပြီး သခင့်ကို နှစ်ပေါင်းမည်မျှ ကျွန်ုပ်တို့ ယုံကြည်ပြီးခဲ့ပါစေ၊ ကျွန်ုပ်တို့ မည်မျှ ခက်ခက်ခဲခဲ အလုပ်လုပ်ခဲ့ပါစေ၊ နောက်ဆုံးသော ကာလထဲက ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံရခြင်းမရှိဘဲ ဘုရားသခင်ကို ဘယ်သောအခါမျှ ကျွန်ုပ်တို့ အမှန်တကယ် နာခံပြီး ကိုးကွယ်နိုင်လိမ့်မည်မဟုတ်ပါ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို နာခံမှုရှိသောသူ တစ်စုံတစ်ဦး ဖြစ်လာ လိမ့်မည်မဟုတ်ပါ။ ယင်းသည် လုံးဝ မှန်ကန်ပါသည်။

ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို ကြည့်ကြပါစို့။ သူတို့သည် အရာရာကို ဘေးဖယ်ထားနိုင်ပြီး သခင့်အတွက် ကြိုးစားလုပ်ဆောင်နိုင်သော်လည်း၊ သူတို့ လုပ်ဆောင်ကြသည့် အလုပ်မှာ မည်ကဲ့သို့သောအရာ ဖြစ်ပါသနည်း။ သူတို့ အလုပ်၏ သဘာဝမှာ အဘယ်နည်း။ သူတို့သည် သခင့်ကို နှစ်များစွာ ယုံကြည်ခဲ့ကြသည်၊ သမ္မာတရားကို ဘယ်သောအခါမျှ သူတို့ ရှာဖွေမလိုက်စားခဲ့ကြသလို၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို သူတို့ မရရှိနိုင်ခဲ့ကြပါ၊ သို့မဟုတ် ဘုရားသခင်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွင်ရှိသော လက်တွေ့ကျသည့် ပြဿနာများနှင့် အသက်တာထဲ ဝင်ရောက်မှုကို မဖြေရှင်းနိုင်ကြပါ။ ယုံကြည်သူများကို အရူးလုပ်ပြီး လှည့်ဖြားဖို့ အနှစ်မဲ့သည့် သမ္မာကျမ်းဆိုင်ရာ အယူဝါဒအချို့အကြောင်းကို သူတို့ မကြာခဏ ပြောဆိုကြပြီး၊ လူတို့က ကိုးကွယ်ပြီး လိုက်လျှောက်ဖို့ သူတို့၏ ကိုယ်ပိုင် ပုံရိပ်များကို တည်ဆောက်ဖို့ရန်အလို့ငှာ သူတို့ မည်မျှဝေးဝေး ခရီးသွားခဲ့ကြသည်၊ သူတို့ မည်မျှအလုပ်ကို လုပ်ခဲ့ကြသည်၊ သူတို့ မည်မျှ ဒုက္ခခံစားပြီးခဲ့ကြသည်ဆိုသည်နှင့် သခင့်အတွက် အသင်းတော် မည်မျှ သူတို့ တည်ထောင်ကြပြီးဖြစ်သည်၊ စသည်တို့ကို သက်သေခံကြသည်။ အကျိုးဆက်အနေဖြင့်၊ သူတို့၏ တရားဟောချက်များကို နှစ်များစွာ ကြားနာရပြီးသည့်နောက်တွင်၊ ညီအစ်ကို မောင်နှမများသည် သမ္မာတရားကို နားမလည်ကြ သို့မဟုတ် ဘုရားသခင်ကို မသိကြသည်သာမက၊ ယင်းအစား လူကို ကိုးကွယ်ခြင်းနှင့် ဘုရားသခင်ကို သစ္စာဖောက်ခြင်း လမ်းကြောင်းပေါ် အမှုမဲ့အမှတ်မဲ့ စတင်လျှောက်မိကြရင်း ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများနောက်ကို သူတို့ လိုက်ကြလေသည်။ ထိုသို့သော အသုံးတော်ခံခြင်းနှင့် အလုပ်လုပ်ခြင်းအားဖြင့် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ သည် သခင့်၏ လမ်းခရီးကို လိုက်လျှောက်နေကြခြင်း ဟုတ်ပါသလား။ သူတို့သည် မကောင်းမှုကို လုပ်နေကြပြီး သခင့်ကို အာခံနေကြသည် မဟုတ်ပါလား။ အထူးသဖြင့် နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်အတွက်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော် အားလုံးက သမ္မာတရားဖြစ်သည်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်ချက်အားလုံးက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင်းအုပ်ဆရာနှင့် အကြီးအကဲ အများစုက သိကြသော်လည်း သူ၏ နှုတ်ကပတ်တော်များကို သူတို့ မရှာဖွေကြသလို မလေ့လာမဆန်းစစ်ခဲ့ကြပါ။ ဤအစား သူတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်ကို အာခံပြီး ရှုတ်ချရန်အတွက် ကောလဟလများကို ကသုတ်ကရက် လုပ်ကြံဖန်တီးပြီး လွဲမှားသောအယူတို့ကို ဖြန့်ခဲ့ကြသည်။ ပြီးလျှင် သူတို့၏ အဆင့်အတန်းနှင့် အသက်မွေးမှုတို့ကို ကာကွယ်ဖို့ရန် အတွက် ဘာသာရေးအသိုင်းအဝိုင်းများကို ထွက်ပေါက်မရှိသည့် အခြေအနေထိ ပိတ်ဆို့ခဲ့သည်။ မှန်သော လမ်းခရီးကို ရှာဖွေခြင်းနှင့် လေ့လာခြင်းမှ မည်သူ့ကိုမဆို သူတို့ တားမြစ်ကြသည်၊ အသင်းတော်ထဲ၌ ဘုရားသခင်၏ အမှုတော်ကို သက်သေခံဖို့ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် လူတို့ကို တားမြစ်ပိတ်ပင်ကြပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို သက်သေခံကြသူတို့ကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ဖို့ ဆိုးညစ်သော တရုတ်ကွန်မြူနစ် ပါတီနှင့်ပင် ပေါင်းကြံကြသည်။ ဤအရှက်မရှိဗြောင်ကျသော လုပ်ရပ်များသည် ဘုရားသခင်ကို ဆန့်ကျင်သည် မဟုတ်ပါလား။ ဘုရားသခင်ကို ဆန့်ကျင်သည့် သူတို့၏ ဆိုးညစ်သော လုပ်ရပ်များသည် အတိတ်က သခင်ယေရှုကို ဖာရိရှဲတို့ အာခံခဲ့ကြပုံထက်ပင် ပို၍ ဆိုးလေသည်။ ဤအချက်များပေါ် အခြေခံ၍၊ သခင့်၏ နာမ၌ အသုံးတော်ခံခြင်းနှင့် ကြိုးစားလုပ်ဆောင်ခြင်းတို့သည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းနှင့် ညီမျှသည်ဟု ကျွန်ုပ်တို့ ပြောနိုင်ကြသေးပါသလား။ တစ်စုံတစ်ဦးသည် သခင့်၏ နာမကို စောင့်ထိန်းလိုက်နာသရွေ့၊ သခင့်လမ်းခရီးကို ထိန်းသိမ်းသရွေ့၊ သခင့်အတွက် ခရီးသွားပြီး အသုံးတော်ခံသရွေ့ ကောင်းကင်နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခံရဖို့ သင့်လျော်သည်ဟု ကျွန်ုပ်တို့ ပြောနိုင်ကြပါသေးသလား။ ပိုမိုကောင်းစွာ သိနားလည်ဖို့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြည့်ကြပါစို့။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင် နောက်လိုက်စဉ်တွင်၊ သင်သည် အမြဲ ဒုက္ခဆင်းရဲ ခံစားရသည်၊ သင်သည် သူ့နောက်သို့ အေးအတူပူအမျှ လိုက်လျှောက်ပြီး ဖြစ်ကာ၊ သူနှင့် အကောင်း အဆိုး အတူဝေမျှခံစားပြီးဖြစ်သည်ဟု သင်ဆိုသော်လည်း၊ သင်သည် ဘုရားသခင်ပြောခဲ့သည့် စကားများကို အသက်ရှင်နေထိုင်ခြင်း မရှိလေပြီ။ နေ့ရက်တိုင်းတွင် သင်သည် ဘုရားသခင်အတွက် အလုပ်များကာ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန်သာ ဆန္ဒရှိပြီး၊ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ရန် ဘယ်သောအခါမျှ သင် မစဉ်းစားဖူးပေ။ သင်က ‘မည်သို့ဆိုစေ၊ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ကျွန်ုပ် သူ့အတွက် ဒုက္ခဆင်းရဲခံပြီးဖြစ်သည်၊ သူ့အတွက် အလုပ်များပြီးဖြစ်သကဲ့သို့၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် သူ့အတွက် ဆက်ကပ် အပ်နှံထားပြီးဖြစ်ကာ၊ မည်သည့် အသိအမှတ်ပြုခြင်းကိုမျှ မရရှိသော်လည်း၊ ကျွန်ုပ် ကြိုးစားလုပ်ဆောင်ပြီးဖြစ်သည်။ သူသည် ကျွန်ုပ်ကို အောက်မေ့သတိရမည်မှာ သေချာပါသည်’ ဟုလည်း သင်ပြောသည်။ ဘုရားသခင် ဖြောင့်မတ်သည်မှာ အမှန်ဖြစ်၏။ သို့သော် ဤ ဖြောင့်မတ်ခြင်းသည် မည်သည့် မစင်ကြယ်ခြင်းနှင့်မျှ မစွန်းထင်းသကဲ့သို့၊ ယင်းသည် လူသားတို့၏ အလိုဆန္ဒ မပါရှိပေ၊ ပြီးလျှင် ဇာတိပကတိ သို့မဟုတ် လူသား၏ ကိစ္စတို့ဖြင့် စွန်းထင်းခြင်း မရှိပေ။ ပုန်ကန်တတ်ပြီး ဆန့်ကျင်သောသူအားလုံး၊ သူ၏လမ်းခရီးကို မလိုက်နာသောသူအားလုံးသည် အပြစ်ပေးခံရလိမ့်မည်။ မည်သူမျှ ခွင့်လွှတ်ခြင်းကို မခံရသကဲ့သို့၊ မည်သူ့ကိုမျှ ချမ်းသာမပေးပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ)

မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အလွန် ရှင်းလင်းလှသည်။ ဘုရားသခင်သည် သန့်ရှင်း၊ ဖြောင့်မတ်ပြီး သူ၏ နိုင်ငံတော်ထဲသို့ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသော လူတို့ ဝင်ရောက်ခြင်းကို ဘုရားသခင် လုံးဝ တားမြစ်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

လူများစွာတို့က၊ “ကျွန်တော်တို သခင့်အတွက် အလုပ်ကြိုးစားပြီး သခင့်ရဲ့ နာမတော်နဲ့ လမ်းစဉ်ကို လိုက်နာစောင့်ထိန်းတယ်။ ဘာကြောင့် ကောင်းကင်နိုင်ငံထဲကို ကျွန်တော်တို့ မဝင်နိုင်ကြတာလဲ” ဟု မေးနေကြသည်။ ယင်းမှာ ကျွန်ုပ်တို့က ဘုရားသခင်၏ အလိုတော်ကို လိုက်သည် မလိုက်သည်သာ မဟုတ်ပါ။ အရေးကြီးဆုံးသော အရာမှာ ကျွန်ုပ်တို့၏အပြစ်နှင့်ပြည့်သော သဘာဝကို ဖြေရှင်းမပြီးသေးခြင်း ဖြစ်သည်။ ထို့ကြောင့်၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်နှင့်ဆိုင်သည့် အတွေ့အကြုံသည်- တစ်စုံတစ်ဦးအတွက် သန့်စင်ခြင်းကို ရရှိဖို့၊ အသက်တာ စိတ်သဘောထား ပြောင်းလဲမှု ပြီးမြောက်ဖို့နှင့် ကောင်းကင်ဘုံရှင် အဖ၏ အလိုတော်ကို နာခံသော လူတစ်ဦးဖြစ်လာဖို့ လိုအပ်ပေသည်။ ဤနည်းဖြင့်သာ ကောင်းကင်နိုင်ငံထဲသို့ ခေါ်ဆောင်ခံရဖို့ အရည်အချင်းပြည့်မီ နိုင်ပေသည်။ ယခုတွင်၊ ကျွန်ုပ်တို့သည် ဘယ်ကြောင့် နေ့တွင် မကြာခဏ အပြစ်ကျူးလွန်ပြီး ညတွင် အပြစ်များဝန်ခံကာ အပြစ်ကို စွန့်လွှတ်ဖို့ လုံးဝ မပြုလုပ်နိုင်သည့်အကြောင်းရင်းကို နားလည်ကောင်း နားလည်နိုင်သည်။ အကြောင်းတရား အရင်းအမြစ်မှာ- ဘုရားသခင်ကို အာခံပြီး ဆန့်ကျင်ပုန်ကန်ဖို့ရန် ကျွန်တော်တို့ကို မကြာခဏ အုပ်စိုးသည့် စာတန်နှင့်ဆိုင်သည့် ကျွန်ုပ်တို့၏ သဘာဝ ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ အပြစ်များကို မကြာခဏ ဝန်ချပြီး သခင့်ထံ နောင်တရလျှင်ပင်၊ အပြစ်၏ ချည်နှောင်မှုမှ ကျွန်ုပ်တို့ မလွတ်မြောက်နိုင်ပါ။ ဤသည်မှာ သခင့်အပေါ် ယုံကြည်သူအားလုံး၏ လက်ရှိ အခြေအနေနှင့် အကျပ်အတည်းဖြစ်သည်။ လူ့အနေဖြင့် သူ၏ အပြစ်များ ခွင့်လွတ်ခံရကာ၊ ဘုရားသခင်ထံ ဆုတောင်းဖို့၊ ဘုရားသခင်နှင့်အတူ ဆက်သွယ်ဖို့ နှင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာများကို နှစ်သက်ခံစားဖို့ အရည်အချင်း ပြည့်မီဖို့ရန်အလို့ငှာ သခင်ယေရှုသည် ကျေးဇူးတော်ခေတ်တွင် ရွေးနှုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့သည်။ သို့သော်၊ သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုတော်သည် ကျွန်ုပ်တို့၏ ဆိုးယုတ်သော သဘာဝကို ဖြေလွှတ်ခြင်းမရှိပဲ ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်ရုံသာခွင့်လွှတ်ခဲ့သည်။ ကျွန်ုပ်တို့အနေဖြင့် သခင့်နာမ၌ ကြိုးစားလုပ်ဆောင်ကာ၊ ဟိုဟိုသည်သည် ပြေးလွှားပြီး အသုံတော်ခံလျှင်ပင် အပြစ်၏ ထိန်းချုပ်မှုနှင့် ချည်နှောင်မှုတို့မှ ကျွန်ုပ်တို့ မလွတ်မြောက်နိုင်သေးပေ။ ထို့ကြောင့်၊ သခင်ယေရှုက နောက်ဆုံးသော ကာလတွင် ကျွန်ုပ်တို့၏ အပြစ်နှင့်ပြည့်သော သဘာဝ နှင့် ဆိုးယုတ်သော စိတ်သဘောထားတို့ကို ဖြေရှင်းဖို့ရန် သူ ပြန်လာလိမ့်မည်ဟု ပြောခဲ့ပေသည်။ နောက်ဆုံးသော ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျေးဇူးတော်ခေတ်ထဲက ရွေးနုတ်ခြင်းအမှုတော်၏ အခြေခံအုတ်မြစ်အပေါ်တွင် အခြေပြုပြီး သူ၏ တရားစီရင်ခြင်းနှင့် လူကို သန့်စင်ခြင်း အမှုတော်ကို ဆောင်ရွက်ရန် ကြွလာပြီဖြစ်သည်။ သမ္မာတရားကို ဖော်ပြခြင်းအားဖြင့်၊ ဘုရားသခင်သည် စာတန်၏ စွမ်းအားမှ ကျွန်ုပ်တို့ လုံးဝ ကယ်ဆယ်ခံရပြီး ဘုရားသခင်အားဖြင့် ရယူခံရဖို့အလို့ငှာ လူ၏ ဆိုးယုတ်သော သဘာဝကို ထုတ်ဖော်ကာ စီရင်ပြီး လူ၏ ဆိုးယုတ်သော စိတ်သဘောထားကို သန့်စင်စေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြပါစို့။ “လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခံရခြင်း အဖြစ်သို့ ရောက်ရှိသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ဦးချင်း ပြင်းပြသောဆန္ဒများ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ စစ်ဆေးဖို့၊ တရားစီရင်ဖို့နှင့် ဖွင့်ဟဖို့ နှုတ်ကပတ်တော်ကို အသုံးပြုခြင်းမှတစ်ဆင့် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ၊ စာတန်အားဖြင့် ကျွန်ုပ်တို့ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်ဆီးခဲ့ရပြီးဖြစ်သည်ကို နားလည် ရသည်။ စာတန်၏ သဘာဝသည် ကျွန်ုပ်တို့ အထဲတွင် နက်နက်ရှိုင်းရှိုင်း ရှိနေသည်။ သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုတော်မှတဆင့် ကျွန်ုပ်တို့၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး သခင်ယေရှု၏ ကျေးဇူးတော်ကြောင့် ဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်ုပ်တို့ အသက်ရှင်နိုင်ကြသော်လည်း၊ ကျွန်ုပ်တို့ အထဲက စာတန်၏ သဘာဝမှာ ဖြေရှင်းမခံရသောကြောင့် ဆိုးယုတ်သော စိတ်သဘောထား၌ ကျွန်ုပ်တို့ အသက်ရှင် နေသေးကာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ မလုပ်ဆောင်နိုင်သလို ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း ကျွန်ုပ်တို့၏ အသက်တာများကို မဦးဆောင်နိုင်ကြပေ။ ဤသည်မှာ ဘုရားသခင်အားဖြင့် နောက်ဆုံးတွင် ရယူခံရမည့်- လူအမျိုးအစား မဟုတ်ပါ။ ဘုရားသခင်ရယူမည့် လူများမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်ဆီးသော စိတ်သဘောထား သန့်စင်ခံရပြီးသူများ၊ ဖောက်ပြန်ပျက်ဆီးခြင်းနှင့် ကင်းလွတ်ပြီး ဘုရားသခင်၏ အလိုတော်ကို နာခံသောသူများ ဖြစ်ကြသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့ အပြစ်များ၏ အရင်းအမြစ်များ၊ အတိအကျဆိုရသော်၊ ကျွန်ုပ်တို့အတွင်းရှိ ဆိုးယုတ်သော စိတ်သဘောထားများကို ဖြေရှင်းဖို့ရန် အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို ကျွန်ုပ်တို့- လိုအပ်ပါသေးသည်။ ကျွန်ုပ်တို့၏ ဆိုးယုတ်သော စိတ်သဘောထား သန့်စင်ခံရပြီးသောအခါ၊ စာတန်၏ စွမ်းအားမှ ကျွန်ုပ်တို့ ခွဲခွာခြင်းပြည့်စုံသောအခါနှင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အမှန်တကယ် နာခံပြီး ကိုးကွယ် နိုင်သောအခါ၊- ကျွန်ုပ်တို့ အမှန်တကယ် ကယ်တင် ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်အားဖြင့် ရယူခံရလိမ့်မည်ဖြစ်ကာ သူ၏ ကောင်းကင်နိုင်ငံထဲ ဝင်ရောက်ဖို့ ဘုရားသခင်၏ ကတိတော်အတွက် အရည်အချင်းပြည့်မီ လိမ့်မည်ဖြစ်သည်။ သံသယဖြစ်စရာမရှိပေ။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

အရှေ့သို့- အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး နောက်ဆုံးသော ကာလ သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် သခင်ယေရှုကို ကျွန်ုပ်တို့ ယုံကြည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို လက်ခံခြင်းဆိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို ကျွန်ုပ်တို့ ကြုံရပြီးဖြစ်သည်ကို ဆိုလိုသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ သက်သေအဖြစ် သခင်ယေရှု၏ နှုတ်ကပတ်တော်များမှာ ဤသို့ဖြစ်၏- “ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” (ယော ၁၆:၇-၈) သခင်ယေရှုက ရွေးနှုတ်ခြင်း အမှုကို ပြုခဲ့သော်လည်း၊ သူကောင်းကင်သို့ တက်ကြွသွားပြီးနောက် ပင်တေကုတ္တေနေ့တွင်၊ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်လာခဲ့ပြီး လူတို့အထဲတွင် အလုပ်လုပ်ခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြပါသည်- “ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” ယင်းမှာ နောက်ဆုံးသော ကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် ဖြစ်သင့်ပေသည်၊ ထို့ကြောင့် ကျွန်ုပ် ရှာဖွေလိုသည့်အရာမှာ၊ နောက်ဆုံးသော ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် တရားစီရင်ခြင်း အမှုတော်နှင့် သခင်ယေရှု၏ အမှုတော်တို့ကြား ခြားနားချက်များမှာ မည်သည့်အရာ အတိအကျ ဖြစ်ပါသနည်း။
နောက်တစ်ခုသို့- ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကို လက်ခံရမည်ဖြစ်ပြီး၊ ထို့နောက်တွင်မှ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခံရနိုင်ကာ ၎င်းတို့ကိုယ်တိုင် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်သည်ဟု သင်တို့ ဆိုကြသည်။ သို့သော်၊ သခင့်၏ သတ်မှတ်ချက်များနှင့်အညီ၊ စိတ်နှိမ့်ချမှုနှင့် သည်းခံခြင်းတို့ကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ကြသည်၊ ကျွန်ုပ်တို့၏ ရန်သူများကို ကျွန်ုပ်တို့ ချစ်ကြသည်၊ ကျွန်ုပ်တို့၏ ကားတိုင်များကို ထမ်းကြသည်၊ လောကီအမှုအရာများကို စွန့်လွှတ်ကြသည်၊ သခင့်အတွက် အလုပ်လုပ်ပြီး ဧဝံဂေလိတရားကို ဖြန့်ဝေကြသည်၊ စသည်ဖြင့် လုပ်ဆောင်ကြသည်။ ထိုသို့ဆိုလျှင် ဤအရာများ အားလုံးသည် ကျွန်ုပ်တို့၏ ပြောင်းလဲမှုများ ဖြစ်သည် မဟုတ်ပါလား။ ဤနည်းဖြင့် ကျွန်ုပ်တို့ အမြဲ ရှာဖွေခဲ့ကြသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း သန့်စင်ခြင်းကို ရရှိပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်မခံရနိုင်သလော။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။