ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကို လက်ခံရမည်ဖြစ်ပြီး၊ ထို့နောက်တွင်မှ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခံရနိုင်ကာ ၎င်းတို့ကိုယ်တိုင် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်သည်ဟု သင်တို့ ဆိုကြသည်။ သို့သော်၊ သခင့်၏ သတ်မှတ်ချက်များနှင့်အညီ၊ စိတ်နှိမ့်ချမှုနှင့် သည်းခံခြင်းတို့ကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ကြသည်၊ ကျွန်ုပ်တို့၏ ရန်သူများကို ကျွန်ုပ်တို့ ချစ်ကြသည်၊ ကျွန်ုပ်တို့၏ ကားတိုင်များကို ထမ်းကြသည်၊ လောကီအမှုအရာများကို စွန့်လွှတ်ကြသည်၊ သခင့်အတွက် အလုပ်လုပ်ပြီး ဧဝံဂေလိတရားကို ဖြန့်ဝေကြသည်၊ စသည်ဖြင့် လုပ်ဆောင်ကြသည်။ ထိုသို့ဆိုလျှင် ဤအရာများ အားလုံးသည် ကျွန်ုပ်တို့၏ ပြောင်းလဲမှုများ ဖြစ်သည် မဟုတ်ပါလား။ ဤနည်းဖြင့် ကျွန်ုပ်တို့ အမြဲ ရှာဖွေခဲ့ကြသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း သန့်စင်ခြင်းကို ရရှိပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်မခံရနိုင်သလော။

18.11.2021

အဖြေ-

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ရန်သူများကို ချစ်ပြီး၊ ကားတိုင်ကို ထမ်းနိုင်သည်။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကို အောင်နိုင်ပြီး၊ သခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေနိုင်ကြသည်။ ဤအရာတို့သည် သခင့်ကို ကျွန်ုပ်တို့ ယုံကြည်ခြင်းမှ ဖြစ်ပေါ်လာသည့် အပြုသဘောဆောင်သော အမူအကျင့်များ ဖြစ်ပြီး ဤနည်းလမ်းဖြင့် ပြုမူနိုင်ခြင်းက သခင့်အပေါ် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းမှာ အမှန်ဖြစ်သည်ကို ဖော်ပြသည်။ ဤအပြုအမူ ကောင်းများသည် အခြားသူများအတွက် မှန်ကန်ပုံပေါ်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ကိုက်ညီသကဲ့သို့ ဖြစ်သော်လည်း ယင်းက ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖ၏ အလိုတော်ကို လိုက်လျှောက်နေခြင်းဖြစ်သည်ဟု မဆိုလိုသကဲ့သို့ ကျွန်ုပ်တို့၏ အပြစ်နှင့်ပြည့်သော သဘာဝကို လက်လွှတ်ပြီး စင်ကြယ်လာကြ သည်ဟုလည်း မဆိုလိုပါ။ အခြားသူများ၏ အပြုအမူ ကောင်းများကို လေ့လာဆန်းစစ်ရာတွင် သူတို့၏ အပြင်ပိုင်းဖော်ပြမှုကိုသာ ကျွန်ုပ်တို့ ကြည့်ရမည်မဟုတ်ဘဲ၊ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် အဆုံးစွန် ရည်မှန်းချက်များကိုလည်း ကြည့်ရပါမည်။ မိမိရည်ရွယ်ချက်သည် ဘုရားသခင်ကို နာခံဖို့၊ ချစ်ဖို့နှင့် စိတ်ကျေနပ်စေဖို့ဖြစ်လျှင် ဤကဲ့သို့သော အပြုအမူကောင်းမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖ၏ အလိုတော်ကို နာခံခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်၊ မိမိ၏ အပြုအမူကောင်းသည် ကောင်းချီးမင်္ဂလာရဖို့၊ သရဖူပန်ဆင်ခြင်း ခံရဖို့နှင့် ဆုချခံရဖို့တွက်သာ ဖြစ်ပြီး ဘုရားသခင် ချစ်သောနှလုံးသားမှ မဟုတ်လျှင် ဤသို့သော ကောင်းမွန်သည့် အပြုအမူမျိုးသည် ကောင်းကင်ဘုံ၌ ရှိတော်မူသောအဖ၏ အလိုတော်ကို လက်တွေ့လုပ်ဆောင်ခြင်းထက် ဖာရိရှဲတို့၏ သူတော်ကောင်းယောင်ဆောင်ခြင်းကဲ့သို့ ဖြစ်ပေသည်။ ကောင်းသော အပြုအမူကို ပြသခြင်းမျှသည် ကောင်းကင်ဘုံရှင် ၌ ရှိတော်မူသောအဖ၏ အလိုတော်ကို လိုက်လျှောက်ခြင်း နှင့် ကျွန်ုပ်တို့ သန့်စင်ခံရခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ရလျှင် အဘယ်ကြောင့် ကျွန်ုပ်တို့ မကြာခဏ အပြစ်ကျူးလွန်ပြီး ဘုရားသခင်ကို အာခံကြသနည်း။ အဘယ်ကြောင့် ကျွန်ုပ်တို့ နေ့တွင် အပြစ်ပြုပြီး ညတွင် ဝန်ချကြသော အသက်တာများကို အသက်ရှင်နေကြသေးသနည်း။ ကောင်းမွန်သည့် အပြုအမူများကို ထုတ်ဖော်ပြခြင်းသက်သက်သည် သမ္မာတရားကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်နေပြီး ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့ အရှိတရားအတိုင်း “အပြုအမူဆိုင်ရာ အပြောင်းအလဲများမျှသည် ရေရှည်မတည်တံ့ပေ။ အကယ်၍ လူတို့၏ အသက်စိတ်သဘောထားများ၌ ပြောင်းလဲခြင်း မရှိပါက၊ ၎င်းတို့၏ ဆိုးယုတ်သောဘက်များသည် ယင်းတို့ဘာသာ အနှေးနှင့်အမြန် ပေါ်လာလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသော စိတ်အားထက်သန်မှု ဖြစ်သောကြောင့်၊ ၎င်းတို့အတွက် စိတ်အားထက်သန်လာရန်၊ သို့မဟုတ် ခဏတာ သနားကြင်နာမှု ဖော်ပြရန်မှာ အလွန့်အလွန် လွယ်ကူသည်။ ‘ကောင်းမှုတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းမှုများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်’ ဟု မယုံကြည်သူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ကောင်းမှုများကို ပြုနိုင်စွမ်းမရှိကြချေ။ တစ်ဦးတစ်ယောက်၏အပြုအမူကို အသက်က စီမံညွှန်ကြားပေသည်။ မိမိ၏ဘဝမှာ မည်သည့်အရာဖြစ်ပါစေ၊ မိမိ၏ အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး၊ သဘာဝအတိုင်း ထုတ်ဖော်သော အရာသည်သာ အသက်တာအပြင်၊ လူတစ်ဦး၏ သဘာဝဗီဇကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။...ကောင်းမွန်စွာ ပြုမူခြင်းသည် ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် တူညီဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ပင် မတူညီပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေတည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုကြောင့်ဖြစ်သော အချိန်များရှိသော်လည်း၊ ဤသည်မှာ ဘုရားသခင်ကိုသိခြင်းနှင့် တူညီရန် မဆိုထားနှင့်၊ အသက်၏ ဖော်ပြချက်တစ်ခုပင် မဟုတ်ပေ။ လူတစ်ဦး၏ အပြုအမူ မည်မျှပင် ကောင်းပါစေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီးဖြစ်သည် သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည်ဟု သက်သေပြခြင်း မရှိပေ။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်”) အသက်ရှင်နေထိုင်ကြခြင်းမဟုတ်သကဲ့သို့ ဘုရားသခင်ကို ချစ်ပြီး နာခံနိုင်စွမ်းကိုမဆိုထားနှင့်၊ သူ့ကို သိပြီး သူ့အတွက် ကြောက်ရွံ့ခြင်း နှလုံးသားရှိသည်ဟုပင် မဆိုလိုကြောင်းကို ဤအရာက အခိုင်အမာ ထင်ရှားစေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိန့်ကြားထားသည့်အတိုင်းပင်ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် ကျွန်ုပ်တို့အား ကောင်းမွန်သော အပြုအမူ၏ အနှစ်သာရနှင့် အရင်းအမြစ်တို့ကို ရှင်းလင်းစွာ ရှင်းပြပေသည်။ လူသား၏ အပြုအမူကောင်းမှာ စိတ်အားထက်သန်မှုမှလာပြီး အယူဝါဒနှင့် စည်းမျဉ်းများအပေါ် အခြေပြုသည့် လက်တွေ့လုပ်ဆောင်မှုတစ်ခုဖြစ်သည်။ သမ္မာတရားများစွာကို နားလည်ပြီးနောက် လက်တွေ့လုပ်ဆောင်မှု၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ခြင်းမှ သို့မဟုတ် သူ၏ အလိုတော်ကို နားလည်ခြင်းကြောင့် ဘုရားသခင်ကို ချစ်ပြီး စိတ်ကျေနပ်စေလိုသော ဆန္ဒမှ လာခြင်း မဟုတ်ပါ။ အပြုအမူ ကောင်းသည် လူ၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများမှ အရင်းခံပြီး ဤအရာများသည် လူ၏ကိုယ်ပိုင်အမြင်များနှင့် သူ၏ ဖောက်ပြန်ပျက်စီးသော သဘာဝမှ လာသည်။ ထို့ကြောင့် လူသည် မည်သည့်အရာကို ပြုလုပ်ပါစေ၊ မည်သည့် နာကျင်မှုကို သူခံစားရပါစေ သို့မဟုတ် မည်သည့်အဖိုးအခကို သူ ဆပ်ပေးရပါစေ၊ ယင်းမှာ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်နေခြင်းမဟုတ်ပါ။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မဟုတ်သလို သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုမှ လာခြင်းလည်း မဟုတ်ပါ။ ကျွန်ုပ်တို့သည် ဘာသာတရား အလွန်ကိုင်းရှိုင်းပြီး ဝိညာဉ်ရေးရာ ပြည့်ဝ သည့်ပုံပေါ်လျှက် အပြုအမူကောင်းများကို ပြသပြီး စည်းမျဉ်းအချို့ကို လိုက်နာနိုင်သောအချိန်တွင်ပင် ကျွန်ုပ်တို့၏ အရိုးစွဲနေသော ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထား၊ မပြေလည်သော အပြစ်နှင့်ပြည့်ဝသည့် သဘာဝနှင့် ဘုရားသခင်ကို အမှန်တကယ်သိကျွမ်းနားလည်ခြင်း ကင်းမဲ့မှုတို့ကြောင့် အပြစ်ကျူးလွန်တတ်ပြီး ဘုရားသခင်ကို ဆန့်ကျင်တတ်ကြ ဆဲပင်ဖြစ်သည်။ ကောင်းမွန်စွာပြုမူကြသော လူများစွာတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက် အပြစ်ကို မကြာခဏ ပြုမိပြီး ဝန်ချတတ်ကြသည်ကို ကျွန်ုပ်တို့ တွေ့ဖူးကြပါသည်။ ဤသည်မှာ ငြင်း၍မရသော အချက်ဖြစ်သည်။ အပြစ်ပြုလျက်ရှိပြီး ဘုရားသခင်ကို အာခံလျက် ရှိစဉ်တွင် ကောင်းမွန်စွာ ပြုမူခြင်းသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖ၏အလိုတော်ကို သူတို့ လိုက်လျှောက်မနေကြကြောင်းနှင့် ဘုရားသခင်၏ ချီးမွမ်းမှုကို သူတို့မရရှိနိုင်ကြကြောင်း လုံလောက်သော သက်သေဖြစ်ပေသည်။ ဂျူးလူမျိုးဖာရိရှဲတို့သည် အပေါ်ယံအပြစ်အဆာကင်းသော အပြုအမူများရှိပြီး ပညတ်တရားကို လိုက်နာစောင့်ထိန်းကြသော လူများဖြစ်သည်။ သို့သော် အမှုပြုရန် သခင်ယေရှု ကြွလာသောအခါ၊ အဘယ်ကြောင့် သူတို့သည် ထိတ်ထိတ်ပြာပြာ အာခံ၊ ရှုတ်ချ၊ ဆန့်ကျင် ကြံစည်ကြပြီးနောက် သခင်ယေရှုကို ကားစင်တင်ခဲ့ကြသနည်း။ ဤအရာက ဘုရားသခင်ကို အာခံတတ်သော သဘာဝက သူတို့အထဲတွင် မွေးရာပါ ရှိခဲ့သည်ကို ပြပါသည်။ သူတို့ မည်မျှကောင်းအောင် ပေါ်ပေါ်ထင်ထင် ပြုမူနေကြပါလေ့စေ၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ပြီး သန့်စင်ခံရဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို နားလည် သဘောပေါက်ပြီး နာခံသည် သို့မဟုတ် ဘုရားနှင့် သဟဇာတဖြစ်သည်ဟု မဆိုလိုပါ။ အကယ်၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်နှင့် ပြည့်ဝသော သဘာဝကို ဖြေရှင်းပြီး သန့်စင်ခံရလိုလျှင် နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှု ကို တွေ့ကြုံခံစားရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပြည့်စုံလုံလောက်သည့် သမ္မာတရားများကို နားလည်သဘောပေါက်ကာ ဘုရားသခင်ကို သိကျွမ်းခြင်း အစစ်အမှန်ကို ရရှိမည်။ ဤသို့ဖြင့် ဘုရားသခင်ကို အမှန်တကယ် နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို ဖြစ်စေမည်ဖြစ်သည်။ သို့မဟုတ်ပါက ကျွန်ုပ်တို့အတွင်းက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ဘယ်သောအခါမျှ သန့်စင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ရှိနိုင်မည်မဟုတ်ပါ။ ထို့အပြင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီညွတ်ခြင်း၊ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခွင့်ရခြင်းတို့ ဘယ်သောအခါမှ ရှိမည်မဟုတ်ပေ။

သခင်ယေရှုက ရွေးနှုတ်ခြင်းအမှုကိုသာ ပြုခဲ့ပါသည်။ ထို့ကြောင့် လူက မည်သို့ပင် အားထုတ်ပါစေ၊ သမ္မာကျမ်းစာကို ဖတ်ပါစေ၊ ကျေးဇူးတော်ခေတ်မှာ သူတို့၏အပြစ်ကနေ လွတ်မြောက်ပြီး သန့်စင်ခြင်း မရှိနိုင်ခဲ့ပါ၊ ထို့အပြင် ကျွန်တော်တို့က သန့်စင်ခံရခြင်းကို မရရှိနိုင်ကြပါ။ နောက်ဆုံးသောကာလမှာ လူသားတို့ကို ကယ်တင်ဖို့အတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အရ ဘုရားသခင်က တရားစီရင်ခြင်းအမှုကို ကိုယ်တော်၏အိမ်ကနေ စတင်သည်။ ဤအလုပ်ကနေတစ်ဆင့်၊ ကိုယ်တော်က လူသားတို့ကို သန့်စင်ပြီး၊ ပြောင်းလဲပြီး၊ သူတို့၏အပြစ်များကနေ ကူညီလွတ်မြောက်စေပြီး၊ သန့်စင်ခြင်းကို ခံရပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည့်အတိုင်းပင်- “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)ကားစင်တင်ခံရခြင်း အမှုသည် အဆုံးသို့ ရောက်ရှိလာပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်သည် စာတန်အပေါ် အောင်နိုင်ပြီးဖြစ်သည့်အတွက်၊ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ့အတွင်းတွင် ကျန်ရှိနေဆဲဖြစ်သည်၊ လူသည် အပြစ်ပြုနိုင်ဆဲဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်ဆဲဖြစ်ကာ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရယူသေးပေ။ ယင်းမှာ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်စေလျက်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးပြီး လူ၏ စိတ်သဘောထားကို လုံးဝ အသစ်ပြုပြင်စေနိုင်သည်မှာ နှုတ်ကပတ်တော် ဖြစ်သည့်အတွက်၊ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမို အဓိပ္ပာယ်ရှိသည့်အပြင် အကျိုးလည်း ပိုမို ဖြစ်ထွန်းလေသည်။ ယင်းသည် များစွာ သာ၍ စေ့စပ်သေချာသော အမှု၏ အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကို ခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံစေပြီးဖြစ်သကဲ့သို့၊ လူသား၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝ ပြီးဆုံးစေပြီး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) ဘုရားသခင်၏နှုတ်ကပတ်တော်ကနေ၊ သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုက နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ကယ်တင်ခြင်းအမှုကို ပြင်ဆင်သည်ဆိုသည်မှာ၊ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုက ဘုရားသခင်၏ ကယ်တင်ခြင်းအမှု၏ အနှစ်၊ အဓိကအချက်ဖြစ်ကြောင်းကို ကျွန်တော်တို့ မြင်နိုင်သည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အဓိက၊ အရေးကြီးဆုံး အပိုင်းဖြစ်ပါသည်။ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်၏အလုပ်ကို တွေ့ကြုံခြင်းကတစ်ဆင့်၊ ကျွန်တော်တို့က အပြစ်များကို ခွင့်လွှတ်ခြင်းခံရသော်လည်း ဤအပြစ်များကနေ မလွတ်မြောက်နိုင်သကဲ့သို့၊ သန့်စင်ခြင်းကိုလည်း မရရှိနိုင်ပါ။ နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကသာ လိုအပ်သည့်သမ္မာတရားကို လူ အတွင်းမှာ လုပ်ဆောင်နိုင်မည်။ သူတို့ကို ဘုရားသခင်ကို အမှန်တကယ်သိစေပြီး၊ သူတို့၏အသက်တာ စိတ်သဘောထားကို ပြောင်းလဲစေနိုင်သည်။ ဘုရားသခင်ကို နာခံပြီး ကိုးကွယ်စေနိုင်သည်။ ဘုရားသခင်၏ နှလုံးသားနောက်ကို လိုက်စေနိုင်သည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကိုယ်တော်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေမည့် ပုံစံဖြစ်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ကျေးဇူးတော်ခေတ်မှာ သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုကိုသာ လက်ခံပြီး၊ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လက်မခံပါက၊ သူတို့က အပြစ်ကနေ မိမိကိုယ်ကို လွတ်မြောက်အောင် လုပ်နိုင်ခြင်း၊ ကောင်းကင်ဘုံက အဖ၏အလိုတော်ကို လုပ်ဆောင်နိုင်ခြင်း၊ ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ရောက်နိုင်ခြင်းတို့ ရှိမှာမဟုတ်ပါ။ ဤသည်မှာ သံသယရှိစရာမလိုပါ။ အဘယ့်ကြောင့်နည်းဆိုသော် ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက ရွေးနှုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်တုန်းက လူများ၏ ဝိညာဉ်အသက်တာကြောင့် သခင်ယေရှုက နောင်တရခြင်းလမ်း ကိုသာ သူတို့ကိုပေးခဲ့သည်။ အခြေခံသမ္မာတရားနှင့် လမ်းကြောင်းတချို့ကို လက်တွေ့လုပ်ဆောင်ဖို့ လူများကို တောင်းဆိုခဲ့သည်။ ဥပမာ လူများကို သူတို၏အပြစ်များကို ဝန်ချ၊ နောင်တရပြီး လက်ဝါးကပ်တိုင်ကို ထမ်းဖို့ တောင်းဆိုခဲ့သည်။ နှိမ့်ချခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ အစာရှောင်ခြင်း၊ နှစ်ခြင်းခံခြင်း စသည့်အရာများကို သင်ပေးခဲ့သည်။ ထိုအချိန်က လူများ နားလည်ပြီး ရရှိနိုင်သည်မှာ၊ နည်းပါးသည့် သမ္မာတရာသာ ရှိသည်။ အသက်တာ စိတ်သဘောထားပြောင်းလဲခြင်း၊ ကယ်တင်ခြင်း ခံရခြင်း၊ သန့်စင်ခြင်း၊ ပြည့်စုံစေခြင်းနှင့်ပတ်သက်သည့် တခြားပိုပြီး နက်ရှိုင်းသည့် သမ္မာတရား များကို သခင်ယေရှုက လုံးဝ မဖော်ပြခဲ့ပါ။ အဘယ့်ကြောင့်နည်းဆိုသော် ထိုအချိန်တုန်းက လူများက ထိုသမ္မာတရားများကို ခံယူဖို့ လိုအပ်သည့် ဝိညာဉ်အသက်တာ မရှိ၍ဖြစ်ပါသည်။ သခင်ယေရှုက နောက်ဆုံးသောကာလတွင် ကိုယ်တော်၏အလုပ်ကို လုပ်ဖို့ပြန်လာသည် အထိ လူက စောင့်ရပါမည်။ ကိုယ်တော်က ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် ဖောက်ပြန်ပျက်စီးသည့် လူများ၏ လိုအပ်ချက် နှင့်အညီ လူများကို ကယ်တင်ဖို့၊ ပြည့်စုံစေဖို့လိုအပ်သည့် သမ္မာတရားအလုံးစုံတို့ကို ဖောက်ပြန်ပျက်စီးသည့် လူများအပေါ် ချပေးသနားမှာ ဖြစ်ပါသည်။ သခင်ယေရှု ပြောခဲ့သလိုပင် ဖြစ်သည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် သိပ်ရှင်းပါသည်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ဖောက်ပြန် ပျက်စီးသည့် လူသားများကို ကယ်တင်ဖို့ လိုအပ်သည့် သမ္မာတရားအားလုံးကို လုံးဝ မပေးခဲ့ပါ။ ပိုပြီး နက်နဲသည့်၊ မြင့်မားသည့် သမ္မာတရားများ ရှိသေးသည်။ ဆိုလိုတာက လူများကို သူတို့၏ အကျင့်ပျက်စီးသည့် စာတန် စိတ်သဘောထားကနေ လွတ်မြောက်ပြီး၊ သန့်စင်ခြင်းကို ရရှိစေသည့်အပြင်၊ ဘုရားသခင်ကို နာခံပြီး သိမြင်ဖို့ လူက လိုအပ်သည့်၊ သခင်ယေရှုက လူသားတို့ကို မပြောခဲ့သည့် သမ္မာတရား များစွာရှိပါသည်။ ထို့ကြောင့် နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လိုအပ်သည့် သမ္မာတရား အားလုံးကို ဖော်ပြပါသည်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသူများ အားလုံးကို စီရင်ဖို့၊ ပြစ်တင်ဆုံးမဖို့၊ သန့်စင်ပြီး ပြည်စုံစေဖို့ ဤသမ္မာတရားကိုကို အသုံးပြုပါသည်။ အဆုံးမှာ ဤလူများက ပြည့်စုံသွားမှာဖြစ်ပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ကို ချီဆောင် ခံရမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြီးဆုံးစေသည့် ပုံစံပါ။ လူများက သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုကိုသာ လက်ခံမည်ပြီး နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ စီရင်ခြင်း အမှုတော်ကို လက်မခံပါက၊ သူတို့က သမ္မာတရားကိုရပြီး သူတို့စိတ်သဘောထား ပြောင်းလဲခြင်း မည်သည့်အခါမျှ ဖြစ်မှာမဟုတ်ပါ။ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက် သူများ ဖြစ်မှာမဟုတ်ပါ။ ဘုရားသခင်၏နိုင်ငံတော်ကို ဝင်ရောက်ဖို့ သေချာပေါက် မည်သည့်အခါမျှ အရည်အသွေးပြည့်မှီမည် မဟုတ်ပါ။

နောက်ဆုံးသောကာလ၏ လူတို့က စာတန်အားဖြင့် နက်ရှိုင်းစွာ အကျင့်ဖျက်ဆီးခြင်းခံရပြီး၊ သူတို့က စာတန်၏ အဆိပ်များနှင့် ပြည့်နေပါသည်။ သူတို့၏အမြင်များ၊ ရှင်သန်နေထိုင်မှု စည်းမျဉ်းများ၊ အသက်တာအပေါ် အမြင်များ၊ တန်ဖိုးများ စသည့်အရာတို့က သမ္မာတရားနှင့် ဆန့်ကျင်ပြီး ဘုရားသခင်ကို ရန်လိုတတ်ပါသည်။ လူအားလုံးက မကောင်းမှုကို ကိုးကွယ်ပြီး ဘုရားသခင်၏ ရန်သူများဖြစ်လာကြသည်။ ဖောက်ပြန်ပျက်စီးသည့် စာတန်စိတ်သဘောထားတို့နှင့် ပြည့်နေသည့် လူသားတို့က နှုတ်ကပတ်တော်အားဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင် ဆုံးမခြင်း၊ လောင်ကျွမ်းခြင်းနှင့် သန့်စင်ခြင်းတို့ကို မကြုံတွေ့ပါက၊ သူတို့က စာတန်ကို ဆန့်ကျင်ပြီး စာတန်လွှမ်းမိုးမှုကနေ သူတို့ကိုယ်သူတို့ မည်သို့ လွတ်မြောက်စေနိုင်မည်နည်း။ သူတို့က ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ မကောင်းမှုကို ရှောင်ကြဉ်ခြင်း၊ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းတို့ မည်သို့ ရှိနိုင်မည်နည်း။ လူများစွာတို့က သခင်ယေရှုကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည်ကို ကျွန်တော်တို့ မြင်နိုင်သည်။ သို့သော် သူတို့က သခင်ယေရှုက ကယ်တင်ရှင်ဖြစ်ပြီး နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည်ကို စိတ်အားထက်သန်စွာ သက်သေခံကြ သော်လည်း၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို မသိနိုင်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့မှု မရှိခြင်းတို့ကြောင့် သူတို့က ဘုရားသခင်၏ အလုပ်ကို ဝေဖန် ရှုတ်ချပြီး၊ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က အမှုတော်ကို ဆောင်ရွက်သည့်အခါမှာ ဘုရားသခင် ပြန်လည် ကြွလာမှုကို ငြင်းပယ်ခြင်းတို့ ဖြစ်စေပါသည်။ သူတို့က နောက်ဆုံးသောကာလမှာ ခရစ်တော် ပြန်လာသည့်အခါ ခရစ်တော်ကို လက်ဝါးကပ်တိုင်မှာပင် ပြန်ပြီးရိုက်ခတ် ကြသည်။ လူများက နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လက်မခံပါက၊ လူတို့၏အပြစ်နှင့် စာတန် သဘောသဘာဝ၏ အရင်းအမြစ်က မည်သည့်အခါမျှ ပြေလည်မည်မဟုတ်ကြောင်းကို ဤအချက်များက လုံလောက်စွာ ပြနေပါသည်။ ဘုရားသခင်အပေါ် သူတို့၏ဆန့်ကျင်မှုက သူတို့ကို ပျက်စီးစေမည် ဖြစ်သည်။ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သည့်အချက်ဖြစ်ပါသည်။ ယုံကြည်သူများထဲတွင် နောက်ဆုံးသောကာလမှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ရိုးသားစွာ လက်ခံသည့်သူများသာ သမ္မာတရားကို အသက်တာအနေနှင့် ရရှိပြီး၊ ကောင်းကင်ဘုံကအဖ၏ အလိုတော်ကို လိုက်လျှောက် သူများ ဖြစ်မည်။ ဘုရားသခင်ကို သိမြင်သူများဖြစ်လာပြီး ကိုယ်တော်နှင့် လိုက်လျောညီထွေရှိသူများ ဖြစ်ကြပါမည်။ သူတို့က ဘုရားသခင်၏ ကတိတော်ကို မျှဝေပြီး ကိုယ်တော့်နိုင်ငံတော်ကို ချီဆောင်ခြင်းခံရဖို့ အရည်အသွေးပြည့်မှီသူများ ဖြစ်လိမ့်မည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ဘာသာတရားထဲက လူတို့ပြောသော သန့်စင်ခြင်းနှင့် ဘုရားသခင် တောင်းဆိုသော သန့်စင်ခြင်းမှာ တူညီသောအရာ ဖြစ်သလော။ မတူညီပါ။ လူပြောသည့် သန့်စင်ခြင်းမှာ မှန်ကန်သော သန့်စင်ခြင်း မဟုတ်ပါ။ သခင်ယေရှုကို ယုံကြည်ခြင်းဖြင့် သင်သည် အမှန်တကယ် သန့်စင်ခြင်းကို ရရှိခဲ့လျှင်၊ နောက်ဆုံးသောကာလ အမှုတော်ကို ဘုရားသခင် လုပ်ဆောင်ရန် လိုအပ်လိမ့်ဦးမည်လော။ သင်သည် လက်တစ်ဆုပ်စာ နှစ်အနည်းငယ်မျှသာ သခင်ယေရှုကို ယုံကြည်သူတစ်ဦး ဖြစ်ခဲ့သည်၊ သို့တိုင် သင်ပြောင်းလဲခဲ့ပြီဖြစ်ပြီး အမှန်တကယ် ဤနည်းလမ်း၌ လိုက်လျှောက်ခြင်းအားဖြင့် သန့်စင်ခြင်းကို သင် ရရှိလိမ့်မည်ဟု သင်ဆိုသည်။ သို့ဆိုလျှင်၊ သခင်ယေရှုကို ယုံကြည်ကြသော သင်းအုပ်ဆရာများအားလုံးနှင့် ၎င်းတို့ ဘဝတစ်ခုလုံး သခင်ကို ယုံကြည်ခဲ့ကြသူများကို တစ်ချက်ကြည့်လိုက်ပါ- ၎င်းတို့ သန့်စင်ခံရကြပါသလား။ ၎င်းတို့ထဲမှာ အဘယ်သူသည် သန့်စင်ခံရပါသနည်း။ ၎င်းတို့ထဲမှာ အဘယ်သူက သူ၏ ဘဝတစ်ခုလုံး သခင့်ကို ယုံကြည်ခဲ့ရင်းနှင့်၊ သူသည် သန့်စင်ခံရပြီး လုံးလုံးလျားလျား ကယ်တင်ခြင်းခံခဲ့ရပြီဟု ဆိုဝံ့သနည်း။ ဤကဲ့သို့သော လူကို သင်သည် တစ်ဦးတစ်ယောက်မျှ တွေ့ရလိမ့်မည်မဟုတ်ပါ။ ၎င်းတို့သည် ၎င်းတို့၏ ဘဝတစ်ခုလုံး သခင့်ကို ယုံကြည်ခဲ့ကြသော်လည်း ၎င်းတို့ သန့်စင်ခံရသည်ဟု မပြောဝံ့ကြပါ။ ဤနည်းလမ်းဖြင့် ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သန့်စင်ခြင်းသို့ သင်ရောက်ရှိလိမ့်မည်ဟု ပြောရန်မှာ အဓိပ္ပါယ် ရှိပါသလော။ သား သို့မဟုတ် သမီးတစ်ဦးက၊ “ကျွန်တော် လူ့အဖွဲ့အစည်းထဲမှာ နှစ်တွေအများကြီး ရောက်ရှိနေခဲ့ပြီးပြီ၊ ကျွန်တော် လူ့အဖွဲ့အစည်းအကြောင်း ကောင်းကောင်း သိခဲ့ပြီ” ဟုဆိုလျှင် ဤသည်မှာ နုံအခြင်းပင် ဖြစ်လိမ့်မည် မဟုတ်လော။ သင်၏ ဖခင်၊ မိခင်နှင့် သင့်ထက် အသက်ကြီးသူများကို မေးကြည့်နိုင်သည်၊ လူ့အဖွဲ့အစည်းကို ၎င်းတို့ ကောင်းကောင်း သိကြပြီလော။ အကယ်၍ ၎င်းတို့ထဲမှ အဘယ်သူမျှ မသိလျှင်၊ သင် သိနိုင်သလော။ လူသည် သမ္မာတရားကို မသိသလို စစ်မှန်သော သန့်စင်ခြင်းက အဘယ်အရာဖြစ်သည်ကို မသိကြပါ။ အပြုအမူကောင်းအချို့ကို သူပြသလျှင်၊ သူ၏ ယုံကြည်ခြင်း၌ ရန်ပွဲထဲသို့ မရောက်လျှင်၊ ပစ္စည်းများကို မခိုးမဝှက်လျှင်၊ လူတို့ကို မကျိန်ဆဲလျှင်၊ မသောက်စားလျှင် သူသည် သန့်စင်ခံရသည်ဟု သူ ယုံကြည်သည်။ ဤအရာက သန့်စင်ခြင်းကို ကိုယ်စားမပြုပါ။ စစ်မှန်သော သန့်စင်ခြင်းမှာ မည်သည့်အရာကို ရည်ညွှန်း ပါသနည်း။ ဤအရာတွင် သမ္မာတရား ပါဝင်သည်။ စစ်မှန်သော သန့်စင်ခြင်းဆိုသည်မှာ စာတန်၏ အဆိပ်အတောက်မှ ကင်းလွတ်ခြင်းကို ရည်ညွှန်းပါသည်။ လူတို့၏ နှလုံးသားများထဲရှိ ဆိုးယုတ်သော ဆင်ခြင်တွေးခေါ်မှု၊ စာတန်၏ အတွေးအခေါ်၊ ဆိုးယုတ်သော အတွေးမှားမှုအမျိုးမျိုး၊ လူ့ဘဝအတွက် စာတန်၏ ပညတ်ချက်များအပြင် စာတန်နှင့်သက်ဆိုင်သော ဘဝအတွက် အမြင်နှင့်စံတန်ဖိုးများ- ဤအရာများသည် စာတန်၏ အဆိပ်အတောက်များ ဖြစ်ကြသည်မဟုတ်လော။ လူတို့ပြုသော ဘုရားသခင်ကို အာခံခြင်းနှင့် အပြစ်ပြုခြင်းတို့ကို မည်သည့်အရာက အုပ်ချုပ်ထားပါသနည်း။ ဘုရားသခင်အား ဝေဖန်ရန်၊ အဓိပ္ပါယ်ကောက်လွဲရန်နှင့် မနာခံရန် ဦးတည်စေသည့် လူကို အပြစ်ပြုမိစေရန် မောင်းနှင်သော အရာမှာ လူ့အတွင်းရှိ စာတန်၏ အဆိပ်အတောက်များ ဖြစ်သည်။ လူသားများအတွင်းရှိ ဆိုးယုတ်သော သဘာဝမှာ ၎င်းတို့ အပြစ်ပြုရခြင်း၏ အရင်းအမြစ်ဖြစ်သည်။ ဘုရားသခင်၏ မျက်စိထဲတွင်၊ စာတန်ပိုင်ဆိုင်သော အရာများအားလုံးသည် မသန့်ရှင်း ဆိုးညစ်ကာ လူသည် အတွင်း၌ စာတန်၏ အဆိပ်အတောက်မျိုးစုံကို ပိုင်ဆိုင်ထားလေသည်။ ဤစာတန်၏ အဆိပ်အတောက်များက လူ့အတွင်းတွင် အမြစ်တွယ်ပြီး၊ အပွင့်ပွင့်ကာ အသီးသီးလေသည်၊ ထို့ကြောင့် လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၊ ညစ်ညမ်းသော လူသားမျိုးနွယ်၊ ဆိုးညစ်သော လူသားမျိုးနွယ် ဖြစ်လာခဲ့ပြီး၊ ထို့ကြောင့် လူသားမျိုးနွယ်သည် ဘုရားသခင်ကို အာခံနိုင်စွမ်းရှိပြီး ဘုရားသခင်၏ ရန်သူဖြစ်လာသည်။ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်သည်။ ထို့ကြောင့်၊ ဤအချက်ပေါ် အခြေခံပြီး၊ စစ်မှန်သော သန့်စင်ခြင်းကို ရရှိရန် လူသားဖြေရှင်းရမည့် မည်သည့်ပြဿနာကို ကျွန်ုပ်တို့ မြင်ကြသနည်း။ သူသည် စာတန်၏ အဆိပ်အတောက်များကို ဖြေရှင်းဖို့လိုပြီး၊ ဘဝအပေါ် စာတန်၏ စံတန်ဖိုးများနှင့် အမြင်များ၊ စာတန်၏ ဆင်ခြင်တွေးခေါ်မှုနှင့် ပညတ်ချက်များ၊ စာတန်၏ အမျိုးမျိုးသော အတွေးမှားများကို ဖြေရှင်းရမည်။ လူတို့၏ စိတ်နှလုံးမှ ဤအရာများကို လုံးဝဖယ်ရှားလိုက်ခြင်းသည် မှန်ကန်စွာ သန့်စင်ခံရခြင်း ဖြစ်သည်။ ၎င်းတို့ကို ရှင်းလင်းပါက၊ လူသည် ဘုရားသခင်ကို အာခံနိုင်နေဆဲ၊ ဝေဖန်နိုင်နေဆဲ၊ ဘုရားသခင်၏ ရန်သူဖြစ်နိုင်ဆဲဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်နိုင်ဆဲပင် ဖြစ်သည်။ စာတန်၏ အမှုအရာများကို ရှင်းလင်းပြီးသည့်အခါ၊ ၎င်းတို့ကို ဖြေရှင်းပြီးသည့်အခါမှသာ၊ လူသားမျိုးနွယ်ကို အမှန်တကယ် သန့်စင်ခံရသည့် လူသားမျိုးနွယ်အဖြစ် မှတ်ယူနိုင်သည်။ စာတန်၏ အဆိပ်အတောက်များကို သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ဖြေရှင်းရန် ဖြစ်နိုင်ပါသလား။ သခင်ယေရှုကို ယုံကြည်ခြင်းသည် ဘဝနှင့် စံတန်ဖိုးများအပေါ် လူ၏ အမြင်ကို ပြောင်းလဲနိုင်ပါသလား။ ယင်းက လူအား ဘုရားသခင်ကို နာခံပြီး အာမခံဖို့ ဦးဆောင်နိုင်ပါသလား။ ယင်းက လူအား ဘုရားသခင်ကို အမှန်တကယ် သိရှိပြီး ဘုရားသခင်ကို ကိုးကွယ်ရန် ဦးဆောင်နိုင်ပါသလား။ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် သင်သည် သင်၏ အပြစ်များ ခွင့်လွှတ်ခြင်းသာ ခံခဲ့ရသည်။ လူ၏ ဖောက်ပြန်ပျက်စီးခြင်းကို အမှန်တကယ် ဖြေရှင်းပြီး ၎င်းတို့ကို သန့်စင်ခြင်း ရရှိစေဖို့ရန်အလို့ငှာ ဘုရားသခင်သည် နောက်ဆုံးသောကာလ၌ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို ဆောင်ရွက်ရန် လိုအပ်ပေသည်။ နောက်ဆုံးသောကာလ၏ အမှုတော်မပါဘဲ၊ ဖောက်ပြန်ပျက်စီးလျက်ရှိသော လူသားမျိုးနွယ်သည် သန့်စင်မှုကို မရရှိနိုင်ပါ။ ယင်းမှာ၊ သန့်စင်ခြင်းကို အပြစ်များအား ခွင့်လွှတ်ခြင်းသက်သက်ဖြင့် မရရှိဟု ဆိုရမည်ဖြစ်သည်၊ ယင်းထက်၊ ဖောက်ပြန်ပျက်စီးလျက်ရှိသော လူ့စိတ်သဘောထား ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတဆင့် ဖယ်ရှားခြင်း နည်းလမ်းများဖြင့် စစ်မှန်သော သန့်စင်ခြင်းကို ရရှိပေသည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြေရှင်းခံရသောအခါ၊ သူသည် ဘုရားသခင်ကို အာခံတော့မည် မဟုတ်၊ ဘုရားသခင်ကို သူနာခံနိုင်လိမ့်မည်၊ သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ချစ်နိုင်လိမ့်မည်ဖြစ်ပြီး သူသည် သမ္မာတရားကို ချစ်နိုင်လိမ့် မည်ဖြစ်သည်။ ဤအရာသည်သာ သန့်စင်ခံရသော လူသားမျိုးနွယ် ဖြစ်သည်။ သန့်စင်ခြင်းအဖြစ် မည်သည့်အရာကို ရည်ညွှန်းသည်ကို အချို့က နားမလည်ကြချေ၊ သန့်စင်ခံရဖို့ဆိုသည်မှာ မခိုးမဝှက်ခြင်း သို့မဟုတ် မလုယက်ခြင်း၊ ပစ္စည်းများကို မချိုးဖဲ့ခြင်းနှင့် အခြားသူများကို မရိုက်နှက်ခြင်း သို့မဟုတ် မကျိန်ဆဲခြင်းတို့ဖြစ်သည်ဟု ယုံကြည်နေကြသည်။ ဤသည်မှာ မှန်ပါသလော။ ဤသည်မှာ ပစ်မှတ်နှင့် များစွာ ဝေးကွာလွန်းလှသည်။ ၎င်းတို့သည် ပြဿနာ၏ အပေါ်ယံကိုသာ ကြည့်ကြသည်၊ သမ္မာတရားမရှိဘဲ လူတို့သည် အမှုအရာများကို အလွန်ရိုးရှင်းစွာ ကြည့်တတ်ကြလေသည်။ ၎င်းတို့က အရင်းအမြစ် သို့မဟုတ် အနှစ်သာရကို မမြင်ကြချေ၊ ထို့ကြောင့် ဘာသာရေး သမားများက ဤနည်းလမ်းဖြင့် စဉ်းစားနိုင်ကြသည်မှာ အံ့အားသင့်စရာ မရှိလှပေ။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

အရှေ့သို့- ရှင်ပေါလု၏ ပုံသက်သေနောက် ကျွန်ုပ်တို့ လိုက်ကြပြီး ဧဝံဂေလိတရား ဖြန့်ဝေရင်း၊ သခင့်ကို သက်သေခံရင်းနှင့် သခင်၏ အသင်းတော်များကို ထိန်းကျောင်းပေးရင်း၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။” (၂ တိ ၄:၇) ဟု ရှင်ပေါလု လုပ်ဆောင်ခဲ့သကဲ့သို့ပင် သခင့်အတွက် လွန်စွာ အလုပ်ကြိုးစားကြပါသည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နောက် လိုက်လျှောက်ခြင်း မဟုတ်ဘူးလော။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးသည် ကျွန်ုပ်တို့ ချီဆောင်ခံရပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီကြသည်ဟု အဓိပ္ပါယ်ရသင့်ပေသည်၊ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ ကောင်းကင်နိုင်ငံတော်ထဲသို့ ဆောင်ယူခြင်းမခံရမီ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်ကို အဘယ်ကြောင့် လက်ခံရမည်နည်း။
နောက်တစ်ခုသို့- သခင်က နောက်ဆုံးသော ကာလမှာ သမ္မာတရားကို ဖော်ပြရန်နှင့် လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော် လုပ်ဆောင်ရန် ပြန်ကြွလာပြီဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ဘာသာရေး သင်းအုပ်များနှင့် အကြီးအကဲများက သူသည် မိုးတိမ်များဖြင့် ပြန်ကြွလာလိမ့်မည်ဖြစ်ပြီး၊ ယုံကြည်သူအားလုံး တမဟုတ်ချင်း အသွင်ပြောင်းလဲကာ သခင်နှင့်အတူ ဆုံဖို့ မိုးတိမ်များအတွင်း ချီဆောင်ခံရလိမ့်မည်ဟု ယုံကြည်ကြပါသည်။ ရှင်ပေါလုက၊ “ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိ အောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်း အားဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်၏ နည်းတူ ဖြစ်စေခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့။” (ဖိလိပ္ပိ ၃:၂၀-၂၁) ဟု ပြောသကဲ့သို့ ဖြစ်သည်။ သခင်သည် အနန္တတန်ခိုးရှင် ဖြစ်ပြီး သူ မလုပ်နိုင်သည့်အရာ တစ်ခုမျှမရှိပါ။ ဘုရားသခင်သည် စကားတစ်ခွန်းဖြင့် ကျွန်ုပ်တို့ကို ပြောင်းလဲစေနိုင်ပြီး သန့်စင်စေနိုင်သည်၊ ထို့ကြောင့် သမ္မာတရားကို ဖော်ပြဖို့ရန်နှင့် လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်တစ်ဆင့်ကို ဆောင်ရွက်ဖို့ သူ လူ့ဇာတိဖြစ်လာရန် အဘယ်ကြောင့် လိုအပ်လိမ့်ဦးမည်နည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။