သခင်က နောက်ဆုံးသော ကာလမှာ သမ္မာတရားကို ဖော်ပြရန်နှင့် လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော် လုပ်ဆောင်ရန် ပြန်ကြွလာပြီဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ဘာသာရေး သင်းအုပ်များနှင့် အကြီးအကဲများက သူသည် မိုးတိမ်များဖြင့် ပြန်ကြွလာလိမ့်မည်ဖြစ်ပြီး၊ ယုံကြည်သူအားလုံး တမဟုတ်ချင်း အသွင်ပြောင်းလဲကာ သခင်နှင့်အတူ ဆုံဖို့ မိုးတိမ်များအတွင်း ချီဆောင်ခံရလိမ့်မည်ဟု ယုံကြည်ကြပါသည်။ ရှင်ပေါလုက၊ “ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိ အောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်း အားဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်၏ နည်းတူ ဖြစ်စေခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့။” (ဖိလိပ္ပိ ၃:၂၀-၂၁) ဟု ပြောသကဲ့သို့ ဖြစ်သည်။ သခင်သည် အနန္တတန်ခိုးရှင် ဖြစ်ပြီး သူ မလုပ်နိုင်သည့်အရာ တစ်ခုမျှမရှိပါ။ ဘုရားသခင်သည် စကားတစ်ခွန်းဖြင့် ကျွန်ုပ်တို့ကို ပြောင်းလဲစေနိုင်ပြီး သန့်စင်စေနိုင်သည်၊ ထို့ကြောင့် သမ္မာတရားကို ဖော်ပြဖို့ရန်နှင့် လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်တစ်ဆင့်ကို ဆောင်ရွက်ဖို့ သူ လူ့ဇာတိဖြစ်လာရန် အဘယ်ကြောင့် လိုအပ်လိမ့်ဦးမည်နည်း။

18.11.2021

အဖြေ-

ဘုရားသခင်၏ အမှုတော်ဆိုသည်မှာ မတွေးတတ်အောင် ခက်ခဲနက်နဲလွန်းပါသည်။ ဘုရားသခင်၏ ဟောကိန်းများကို မည်သူမျှ အတိအကျ မရှင်းပြနိုင်ကြပါ။ ဟောကိန်း တစ်ခု အမှန်တကယ် ဖြစ်လာချိန်မှသာ၊ လူတို့ နားလည်နိုင်ကြမည်ဟု ဆိုသည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို မည်သူမျှ နားလည်နိုင်မည်မဟုတ်ဟု ဆိုလိုပါသည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု ပေါ်ပေါက် ခဲ့စဉ် ကလည်း မည်သူမျှ နားမလည်နိုင် ခဲ့ကြပါ။ နိုင်ငံတော်ခေတ်၏ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်က တရားစီရင်ခြင်း အမှုကို လုပ်ဆောင်မည်ဖြစ်ကြောင်းကိုလည်း၊ မည်သူမျှ ကြိုပြီး နားလည်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် သမ္မာတရားကို ဖော်ပြဖို့နှင့် တရားစီရင်ခြင်းအမှု လုပ်ဆောင်ဖို့အတွက် နောက်ဆုံးသောကာလတွင် ဘုရားသခင်က လူ့ဇာတိခံယူ မည်ဖြစ်ကြောင်းကို လူများက မယုံနိုင်ကြပါ။ သို့သော်လည်း ဘုရားသခင်၏အမှု ပြီးဆုံးသည့်အခါ၊ ကမ္ဘာပျက် ကပ်ဘေးကြီးက ရောက်လာမည်ဖြစ်သည်။ ထိုအချိန်ကျမှ ဘုရားသခင်၏ မိန့်ဆိုချက်က အမှန်တကယ် ဖြစ်လာခဲ့ကြောင်းကို လူများ သိလာကြလိမ့်မည်။ သို့သော်လည်း ထိုအချိန်ကျမှ နောင်တ ရမည် ဆိုပါက အလွန်နောက်ကျ သွားလိမ့်မည်။ ကမ္ဘာပျက်ကပ်ဘေးကြီး အလယ်တွင် အံကြိတ် ငိုကြွေးရသည့် အဖြစ်ကိုသာ ရောက်ကြ ပါလိမ့်မည်။ လူများကို သန့်ရှင်းစေဖို့ ကယ်တင်ဖို့ အတွက် နောက်ဆုံးသောကာလတွင် ဘုရားသခင် က တရားစီရင်ခြင်း အမှုကို မည်သို့ လုပ်ဆောင်မည်၊ မကောင်းမှုကို အဦးဆုံး ကျော်လွှား နိုင်သူများကို မည်သို့ ရွေးနုတ်မည်၊ စသည်တို့ကို အနန္တတန်ခိုးရှင် ဘုရား၏မိန့်ဆိုချက်များကို နည်းနည်းထပ် ဖတ်ကြည့်မည်ဆိုပါက၊ ပို၍ပင် ရှင်းသွားမည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်တို့သည် ဘုရားသခင်၏အလိုကို တွေ့မြင်သင့်ကြပြီး၊ ဘုရားသခင်၏အမှုသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းလောက် မရိုးရှင်းသည်ကို နားလည်သင့်ကြပေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ယနေ့၏ အမှုသည် ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သော သူများ၊ အဆုံးစွန် အတိုင်းအတာအထိ ထုံအနေသောသူများ၏ ပြောင်းလဲခြင်း ဖြစ်သောကြောင့် ဖြစ်သည်၊ ယင်းသည် ဖန်ဆင်းခြင်းခံခဲ့ရသော်လည်း စာတန်၏စီမံပြုပြင်ခြင်း ခံခဲ့ရသောသူများအား သန့်စင်စေရန်ဖြစ်သည်။ ယင်းသည် အလင်း ဖန်ဆင်းခြင်း သို့မဟုတ် အပင်နှင့် တိရစ္ဆာန်တိုင်းကို ဖန်ဆင်းခြင်း ဖြစ်ဖို့မဆိုထားနှင့်၊ အာဒံ သို့မဟုတ် ဧဝကို ဖန်ဆင်းခြင်း မဟုတ်ပေ။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသော အရာများကို ဘုရားသခင်သည် သန့်စင်စေပြီး ယင်းတို့ကို အသစ် ရယူသည်။ ယင်းတို့သည် သူနှင့် သက်ဆိုင်သော အရာများဖြစ်သွားကြပြီး သူ၏ဘုန်းအသရေ ဖြစ်သွားကြသည်။ ဤအရာသည် လူသားစိတ်ကူးသကဲ့သို့မဟုတ်၊ ကောင်းကင်၊ မြေကြီးနှင့် ၎င်းတို့အထဲရှိ အရာရာတိုင်းကို ဖန်ဆင်းခြင်း သို့မဟုတ် စာတန်ကို အနက်ဆုံးသော တွင်းထဲသို့ ကျိန်ဆဲခြင်း အမှုလောက် မရိုးရှင်းပေ။ ထို့ထက်၊ ယင်းသည် လူသားကို ပြောင်းလဲစေခြင်း အမှု၊ အပျက်သဘော‌ဆောင်ပြီး သူနှင့်မသက်ဆိုင်သော အရာများအား အပြုသဘောဆောင်ပြီး သူနှင့်သက်ဆိုင်သော အရာများအဖြစ်သို့ ပြောင်းလဲစေခြင်းအမှု ဖြစ်သည်။ ဤအရာသည် ဘုရားသခင်အမှု၏ ဤအဆင့် နောက်ကွယ်မှ သမ္မာတရား ဖြစ်ပေသည်။ ဤအရာကို သင်တို့ နားလည်ရမည်ဖြစ်ပြီး ကိစ္စရပ်များကို ပေါ့ပြက်ပြက်လုပ်ခြင်းကို ရှောင်ကြဉ်ရမည်။ ဘုရားသခင်၏အမှုသည် သာမန် မည်သည့်အလုပ်နှင့်မျှ မတူပေ။ ယင်း၏ အံ့ဖွယ်ကောင်းခြင်းနှင့် ဉာဏ်ပညာသည် လူသား၏ဉာဏ်ဖြင့် မမီနိုင်ပေ။ ဘုရားသခင်သည် အမှု၏ဤအဆင့်အတွင်းတွင် အရာခပ်သိမ်းကို မဖန်ဆင်းဘဲ၊ ယင်းတို့ကို ဖျက်ဆီးခြင်းလည်း မပြုပေ။ ယင်းအစား၊ သူဖန်ဆင်းခဲ့သော အရာများကို ပြောင်းလဲစေပြီး စာတန်၏ ညစ်ညူးစေခြင်း ခံခဲ့ရသည့် အရာအားလုံးကို သန့်စင်စေ၏။ ဤသို့ဖြင့် ဘုရားသခင်သည် ကြီးမားသော လုပ်ငန်းကို အစပြုလေသည်၊ ယင်းသည် ဘုရားသခင် အမှု၏အရေးပါမှု တစ်ရပ်လုံးဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲ၌ သင်မြင်တွေ့ရသော ဘုရားသခင်၏အမှုသည် အမှန်တကယ်ပင် အလွန်ရိုးရှင်းသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော)

လူသား၏ ဇာတိပကတိကို စာတန်က ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သကဲ့သို့၊ ယင်းသည် အဆုံးစွန် အလွန်အမင်း မျက်စိကန်းစေပြီးဖြစ်ကာ အကြီးအကျယ် ထိခိုက်နစ်နာစေပြီးဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိ၌ ကိုယ်တိုင်ကိုယ်ကျ အမှုပြုရသည့် အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ၏ကယ်တင်ခြင်း၏ ရည်မှန်းချက်သည် ဇာတိခန္ဓာရှိသော လူသားဖြစ်သောကြောင့်ဖြစ်ပြီး၊ စာတန်သည်လည်း ဘုရားသခင်၏ အမှုကို နှောင့်ယှက်ဖို့ လူသား၏ ဇာတိခန္ဓာကို အသုံးပြုသောကြောင့် ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်တကယ်တွင် လူသားကို သိမ်းပိုက်ခြင်း အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်း၏ ရည်မှန်းချက်လည်း ဖြစ်ပေသည်။ ဤနည်းဖြင့် လူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် မုချ လိုအပ်ပေသည်။ စာတန်သည် လူသား၏ဇာတိခန္ဓာကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီး၊ လူသားသည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်လာကာ၊ ဘုရားသခင်က အနိုင်ယူရမည့် အရာတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့်၊ စာတန်နှင့် တိုက်ပွဲဝင်ခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုသည် ကမ္ဘာမြေပေါ်တွင် ဖြစ်ပွားကာ ဘုရားသခင်သည် စာတန်နှင့် တိုက်ပွဲဝင်ရန် လူသား ဖြစ်လာရမည်ဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျခြင်း အမှု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

အစောဆုံးလူသားမျိုးနွယ်သည် ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း၊ စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်း ခံရကာ ဆိုးယုတ်သည့်သူ၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတွင် စာတန်သည် အနိုင်ယူရမည့်သူတစ်ဦး ဖြစ်လာခဲ့၏။ စာတန်သည် လူသားကို ပိုင်ဆိုင်ထားသောကြောင့်၊ ပြီးလျှင် လူသားသည် စီမံခန့်ခွဲမှုအားလုံးကို ဆောင်ရွက်ဖို့ ဘုရားသခင် အသုံးပြုသည့် အရင်းအနှီးဖြစ်သောကြောင့်၊ လူသားအနေဖြင့် ကယ်တင်ခံရဖို့ဆိုပါက၊ သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်၊ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးခြင်း ခံရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ ထို့ကြောင့် လူသား၏ စိတ်သဘောထားဟောင်း၌ ပြောင်းလဲမှုများ၊ လူသား၏ မူလ ဆင်ခြင်တုံတရား အသိစိတ်ကို နဂိုအတိုင်း ပြန်ဖြစ်စေသည့် အပြောင်းအလဲများမှတစ်ဆင့်၊ စာတန်ကို အနိုင်ယူရမည်ဖြစ်သည်။ ဤနည်းဖြင့် ဖမ်းဆီးခံထားရသော လူသားသည် စာတန်၏လက်ထဲမှ ပြန်လည်လုယူခံရနိုင်ပေသည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် ကျေးကျွန်ဘဝတို့မှ လွတ်မြောက်ပါက၊ စာတန်သည် အရှက်ရလိမ့်မည်၊ လူသားသည် နောက်ဆုံးတွင် ပြန်လည်ရယူခြင်း ခံရမည်ဖြစ်ပြီး၊ စာတန်သည် ရှုံးနိမ့်လိမ့်မည် ဖြစ်သည်။ ပြီးလျှင် လူသားသည် စာတန်၏ အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီးဖြစ်သောကြောင့်၊ လူသားသည် ဤတိုက်ပွဲ တစ်ရပ်လုံး၏ လက်ရပစ္စည်းများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့်တစ်ပြိုင်နက် အပြစ်ပေးခံရမည့်သူ ဖြစ်ပေလိမ့်မည်၊ ယင်းနောက်တွင် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှု တစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း)

နောက်ဆုံးသောကာလ၏ အမှုတွင်၊ နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းထက် ပိုမို တန်ခိုးကြီးမားပြီး၊ နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာ မြှုပ်နှံထားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ အားလုံးကို ဖော်ထုတ်သည်။ သင်သည် မိမိဘာသာ ထိုအရာများကို သတိပြုမိဖို့ ဖြစ်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ရှေ့၌ ဖွင့်ချထားသည့်အခါတွင်၊ သင်သည် အလိုအလျောက် ယင်းတို့ကို ရှာတွေ့လာလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည် မဟုတ်သကဲ့သို့၊ သင်သည် လုံးဝဥဿုံ လက်ခံယုံကြည်လိမ့်မည်။ ဤသည်ကား နှုတ်ကပတ်တော်၏ သြဇာအာဏာ မဟုတ်လော။ ဤသည်မှာ ယနေ့ နှုတ်ကပတ်တော်၏ အမှုက ရရှိသည့် ရလဒ် ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏အပြစ်များမှ အပြည့်အဝ ကယ်တင်ခံရသည်မှာ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့မှတစ်ဆင့် မဟုတ်သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ထင်ရှားပြသခြင်းအားဖြင့်လည်း သူသည် အပြည့်အဝ စုံလင်စေခြင်း မခံရနိုင်ပေ။ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ရန် ဩဇာအာဏာသည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သည်၊ သို့သော် လူသား၏ ဇာတိပကတိသည် စာတန်နှင့် သက်ဆိုင်ဆဲ ဖြစ်ပြီး၊ လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ သန့်ရှင်းစေခြင်း မခံရသေးသောအရာသည် အပြစ်နှင့် ညစ်ညူးမှုတို့နှင့် နှီးနွှယ်ဆဲ ဖြစ်ပေသည်။ လူသားသည် နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုဖြင့် သန့်စင်စေခြင်းခံရသည့် နောက်မှသာ သူသည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်း ခံရလာနိုင်ပေသည်။...တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

............

နောက်ဆုံးသောကာလတွင် ဘုရားသခင်က လူများကို နှုတ်ထွက်စကား တစ်ခွန်းတည်းနှင့် ပြောင်းလဲစေမည့််အစား၊ လူများကို သန့်ရှင်းခြင်းနှင့် ပြည့်စုံလာစေဖို့အတွက် သမ္မာတရားကို ညွှန်ပြပြီး၊ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ လူ့ဇာတိကို ခံယူပါမည်။ ရှိနေသည့် သမ္မာတရားနှင့် နက်နဲမှုက နက်ရှိုင်းလွန်းပါသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်က လူများကို သန့်ရှင်းခြင်းနှင့်ပြည့်စုံအောင် တရားစီရင်ခြင်း အမှု နှင့် ယင်းကို မည်သို့လုပ်ဆောင်မည် ဆိုသည်မှာ ကျွန်တော်တို့ စိတ်ကူးထားသကဲ့သို့ ရိုးရိုးလေးမဟုတ်ပါ။ သခင်ယေရှုက လာဇရုကို စကားတော် တစ်ခွန်းတည်းနှင့် သေခြင်းကနေ ထမြောက်စေ ခဲ့သည်။ သို့သော်လည်း ဘုရားသခင်အတွက်မှာမူ ထိုကဲ့သို့ မဟုတ်ပါ။ ဘုရားသခင်ကို ဆန့်ကျင် ပြုမူဖို့အတွက် စာတန်၏ ဖျက်ဆီးမှုကို ခံထားရသည့် လူသားများကို သန့်ရှင်းခြင်း ဖြစ်အောင် ပြောင်းလဲရမည် ဖြစ်သည်။ ဘုရားသခင်ကို နားလည်သည့်၊ နာခံသည့် ကိုးကွယ်သည့်လူများ ဖြစ်လာအောင် ပြောင်းလဲပေးရန်မှာ ထောင်စုနှစ်တစ်ခုလုံးလုံး မကောင်းမှုများနှင့် ရှင်သန်လာခဲ့သည့် လူသား များကို နှစ် ၂၀၊ ၃၀ အတွင်းတွင် သမ္မာတရား ရှိသည့်၊ လူပီသသည့်လူများ ဖြစ်လာအောင် ပြောင်းလဲပေးရခြင်း ဖြစ်သည်။ ဤသည်မှာ စာတန်နှင့် စစ်ခင်းရခြင်းကဲ့သို့ပင် ဖြစ်သည်။ ဤသည်မှာ ရိုးရှင်းသည့် အမှုဖြစ်ပါသလား။ ဘုရားသခင်က တစ်ခွန်းတည်းသော စကားနှင့် သေသူများကို ပြန်ရှင်စေပြီး၊ ကျွန်တော်တို့ ခန္ဓာကိုယ်ကိုလည်း အသွင်ပြောင်းစေမည် ဆိုပါက၊ စာတန်က ကျေနပ်နိုင်ပါ့မလား။ နောက်ဆုံးသော ကာလတွင် လူများက စာတန်ကြောင့် ထောင်စုနှစ်တစ်ခုလုံးလုံး ပျက်စီးလာ ခဲ့ကြပါသည်။ ဆိုးယုတ်သော သဘောသဘာဝနှင့် စိတ်နေစိတ်ထားများက လူများထံတွင် စွဲစွဲမြဲမြဲ နစ်ဝင်နေပါပြီ။ လူများက မာန်မာနတက်ကြသည်၊ တစ်ကိုယ်ကောင်းဆန် သည်၊ လိမ်ညာလှည့်ဖြားကြသည်၊ မကောင်းမှုများ နှင့် လောဘတက်ကြသည်။ ကျော်ကြားမှု နှင့် ပစ္စည်းဥစ္စာများအတွက်၊ တစ်ယောက်နှင့် တစ်ယောက် မကောင်းကြံကြ သည်၊ လှည့်ဖြားသည်၊ အချင်းချင်း သတ်ဖြတ်ကြသည်။ လူများက သမ္မာတရားကို ရွံရှာပြီး မုန်းတီးကြသည်။ သူတို့က အစောပိုင်းကာလ ကတည်းကပင် ဘုရားသခင်၏ရန်သူများ ဖြစ်နေကြပါပြီ။ သူတို့က ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ သစ္စာဖောက်သည့် စာတန်လို အတန်းအစား မျိုးပင် ဖြစ်သည်။ ဘုရားသခင်က လူများကို ကယ်တင်မည့်် အမှုက အမှန်မှာမူ စာတန်နှင့် စစ်ခင်းခြင်း ဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “လူ၏ ဇာတိခန္ဓာသည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်း အခံရဆုံး ဖြစ်ကာ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာတစ်ခု ဖြစ်လာပြီးဖြစ်သည်မှာ ဘုရားသခင်၏တည်ရှိမှုကိုပင် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကာ ငြင်းပယ်သည်အထိ ဖြစ်လေသည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် အလွန်ခက်ခဲလှပြီး၊ ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထက် မည်သည့်အရာမျှ ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် ပြောင်းလဲရန် သာ၍ မခက်ခဲပေ။ စာတန်သည် လူသား၏ ဇာတိခန္ဓာ ထဲသို့ နှောင့်ယှက်မှုများ လှုံ့ဆော်ရန် ဝင်ရောက်လာပြီး၊ ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် နှင့် ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေရန် လူ၏ ဇာတိခန္ဓာကို အသုံးပြုပြီး၊ ထိုသို့ဖြင့် လူသားသည် စာတန် ဖြစ်လာကာ ဘုရားသခင်၏ရန်သူ ဖြစ်လာလေသည်။ လူသားအတွက် ကယ်တင်ခံဖို့ရန်၊ သူသည် ပထမဦးစွာ သိမ်းပိုက်ခြင်းကို ခံရမည်။ ဘုရားသခင်သည် စိန်ခေါ်မှုများကို ပိုင်နိုင်စွာ ဖြေရှင်းကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန်နှင့် စာတန်နှင့် တိုက်ပွဲဝင်ရန် လူ့ဇာတိခံယူသည်မှာ ဤအကြောင်းကြောင့် ဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ ရှုံးနိမ့်ပြီး ပျက်သုဉ်းစေခြင်းခံရပြီးဖြစ်သည့် လူသား၏ ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သည့် သူ၏အမှုမှတစ်ဆင့် စာတန်ကို အနိုင်ယူစဉ်၊ တစ်ချိန်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်လေသည်။ ထိုကြောင့်၊ ယင်းမှာ တစ်ပြိုင်နက် ရည်ရွယ်ချက် နှစ်ခုကို ဖြစ်မြောက်အောင်မြင်သည့် အမှုတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

စာတန်က လူသားများကို ဘုရားသခင် အပေါ် ဆန့်ကျင်ပြုမူအောင် ဖျက်ဆီးထားသည်။ ဤကဲ့သို့ လူသားများကို ဘုရားသခင်အပေါ် အစစ်အမှန် နာခံတတ်လာအောင်၊ ဘုရားသခင် နှင့် လိုက်လျောညီထွေ ဖြစ်လာအောင် ဘုရားသခင်က ပြောင်းလဲ ချင်ပါသည်။ ဤအလုပ်က အလွန်ပင် ခက်ခဲလွန်းပါသည်။ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဘုရားသခင် ကိုယ်တိုင် ဖန်ဆင်းခဲ့သည်ထက်၊ ဤသည်မှာ အများကြီး ပိုခက်ခဲသည်။ ကောင်းကင်၊ မြေကြီးနှင့် အရာ အားလုံးကို ဘုရားသခင်က တစ်ခွန်းတည်းသော စကားနှင့် ပြီးမြောက်စေ ခဲ့ပါသည်။ သို့သော်လည်း လုံးဝပျက်စီးနေကြသည့် လူသားများကို သန့်ရှင်းခြင်း ဖြစ်စေဖို့ ဆိုပါကဘုရားသခင်က လူ့ဇာတိကို ခံယူပြီး၊ လူများကို တရားစီရင်ဖို့နှင့် သန့်ရှင်းစေဖို့အတွက် သမ္မာတရားများကို ဟောပြောရမည်။ ကျွန်တော်တို့ အတွက်မှာမူ ဘုရားသခင်၏ တရားစီရင်မှုနှင့် ရိုက်နှက် ဆုံးမမှုကို ခံရဖို့၊ အကျင့်ပျက်မှုတွေကို ပစ်ပယ်ပြီး၊ သန့်ရှင်းခြင်း ဖြစ်စေဖို့ဆိုပါက အချိန်ယူရမည့်၊ လုပ်ငန်းစဉ် တစ်ခု လိုအပ်ပါသည်။ ဤသည်မှာ ဘုရားသခင်နှင့် စာတန်တို့ စစ်ခင်းရမည့် လုပ်ငန်းစဉ်လည်း ဖြစ်ပါသည် စာတန်၏ မူလရည်ရွယ်ချက်အရ၊ လူသားများကို မကောင်းမှုတွေနှင့် ရှင်သန်နေသူများ ဖြစ်အောင် ဖျက်ဆီးပါသည်။ ဤကဲ့သို့ မကောင်းမှုတွင် ရှင်သန်နေသူများကို ဘုရားသခင်က ပြောင်းလဲပေး နိုင်သည် ဆိုပါက၊ စာတန်က ယုံကြည်လက်ခံသွား လိမ့်မည်။ ထို့ကြောင့် စာတန်၏ ပုံစံတူများနှင့် စစ်ခင်းဖို့အတွက် လူ့ဇာတိခံယူမည့် မူလအစီအစဉ်ကို ဘုရားသခင်က ရည်ရွယ်ပါသည်။ ပထမဆုံး သမ္မာတရားကို ဟောကြားပြီး လူတွေ၏စိတ်ကို လွှမ်းမိုးမည်။ ပြီးလျှင် သမ္မာတရားနှင့်အညီ လူများကို သန့်ရှင်းခြင်းအဖြစ်နှင့် ပြည့်စုံလာ စေမည်။ ကျွန်တော်တို့က သမ္မာတရားကို နားလည်ပြီး၊ ဘုရားသခင်ကို သိလာပြီဆိုပါက စာတန်ကြောင့် ပျက်စီးနေသည့်အဖြစ်ကို မိမိကိုယ်ကို ရှင်းရှင်းလင်းလင်း မြင်လာကြ လိမ့်မည်။ ပြီးလျှင် စာတန်ကို မုန်းတီးစက်ဆုပ် လာမည်၊ စာတန်ကို ပစ်ပယ်လာမည်၊ နာကြည်းလာမည် နောက်ဆုံးတွင်မှ စာတန်ကို လုံးလုံးဆန့်ကျင် လာကြပြီး၊ ဘုရားသခင်ကို နာခံလာကြလိမ့်မည်။ စာတန်၏ လက်ထဲ ရောက်နေသည့် လူသားများကို ဘုရားသခင်က ဤကဲ့သို့နည်းနှင့် ပြန်ပြီးလုယူမည်။ စာတန်ကို အနိုင်ယူပြီး၊ ဘုရားသခင် ရယူခြင်းခံရမည့် အရာများ ဆိုသည်မှာ ကယ်တင်ခြင်း ခံရသည့်လူများသာ ဖြစ်သည်။ ဘုရားသခင်က စာတန်ကို အနိုင်ယူပြီး၊ အရှက်ရစေဖို့ဆိုပါက၊ ဤနည်းလမ်း တစ်ခုတည်း ရှိပါသည်။ ဤသည်မှာ နောက်ဆုံးသောကာလတွင် ဘုရားသခင်က တရားစီရင်ခြင်းအမှုကို မည်သို့ လုပ်ဆောင် မည်ဆိုသည့် အတွင်းကျကျအစီအမံပင် ဖြစ်ပါသည်။ နောက်ဆုံးသောကာလတွင် လုပ်ဆောင်မည့် ဘုရားသခင်၏ အစီအမံကို အားလုံး ရှင်းရှင်းလင်းလင်း မြင်ကြပါသလား။ နောက်ဆုံးသော ကာလတွင် ဘုရားသခင် လုပ်ဆောင်မည့် အမှုများက နှစ်ပေါင်း ၂၀၊ ၃၀ လောက်သာ ဖြစ်သည်။ ကြာမည်ဆိုသော်လည်း၊ မကောင်းမှုတွင် ကျော်လွှားနိုင်သူများကို ဘုရားသခင်က ရွေးနုတ်ထားပါသည်။ မကောင်းမှုကို ကျော်လွှား နိုင်သူများက အဦးဆုံး သီးသည့်အသီးများ ဖြစ်သည့် အပြင်၊ ဘုရားသခင်၏ ကောင်းချီးပေးခြင်း ကိုလည်း ခံကြရပါသည်။ လူသား၏သမိုင်းနှင့် ယှဉ်မည်ဆိုရင်၊ နှစ်ပေါင်း ၂၀၊၃၀ ဆိုတာ မျက်တောင်တစ်ခတ်စာသာ မဟုတ်ပါလား။ သမ္မာကျမ်းတွင်မူ ဤကဲ့သို့ ပြောပါသည်။ “ထာဝရဘုရားမှာ ကာလတရက် သည်၊ အနှစ် တထောင်ကဲ့သို့၎င်း၊ အနှစ်တထောင်သည် တရက်ကဲ့သို့၎င်းဖြစ်သည်” (၂ ပေ ၃:၈) နောက်ဆုံးသောကာလတွင် သခင် ပြန်ပြီး ကြွရောက်သည့်အခါ၊ ကျွန်တော်တို့ကို တစ်ခဏ အတွင်း၊ မျက်တောင် တစ်ခတ်စာအတွင်း ပြောင်းလဲစေမည်ဟု ဆိုသည့် အတွက် နောက်ဆုံးသောကာလတွင် ဘုရားသခင် လုပ်ဆောင်မည့် အမှုများနှင့်လည်း လုံးဝ ညီညွတ်မှုရှိ နေပါသည်။ ဤကဲ့သို့မှတ်ယူမည် ဆိုပါကလည်း ရပါသည်။ သို့သော်လည်း ရှင်ပေါလု၏ မိန့်ဆိုချက်များ ကိုလည်း လွယ်လွယ်လေး အဓိပ္ပာယ်ဖော် လိုက်၍ ရပါသည်။ “ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသော အရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူ မည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိ အောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်း အားဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်၏ နည်းတူ ဖြစ်စေခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့။” (ဖိလိပ္ပိ ၃:၂၀-၂၁) သခင် ပြန်ပြီးကြွလာသည့်အခါ၊ သခင့်ကို ယုံကြည်သူများက ချက်ချင်းအသွင် ပြောင်းလဲပြီး၊ သခင့်ကိုဖူးတွေ့ဖို့ ကောင်းကင်ဆီ ပို့ဆောင်ခံရခြင်းကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ကနေ သခင် ပြန်ကြွလာပြီး၊ ကျွန်တော်တို့ကို ချီဆောင်မယ့်အချိန်ကို အေးအေးဆေးဆေး စောင့်နေခဲ့ကြခြင်း မဟုတ်ပါလား။ ရှင်ပေါလု၏မိန့်ဆိုချက်က လမ်းမလွဲ သွားပါလား။ ဘုရားသခင်၏ အမှုများနှင့် ပတ်သက်ပါက၊ ကျွန်တော်တို့ အနေနှင့် စိတ်ကူးယဉ်စံနှုန်းများကို လက်ခံ၍ မဖြစ်ပါ။ ဘုရားသခင်၏အမှုများက လက်တွေ့ကျ သည်၊ သေချာသည်၊ ခြေလှမ်းတိုင်းတွင် မြင်သာမှု ရှိပါသည်။ လူ့ဇာတိခံယူမည့် အနန္တတန်ခိုးရှင် ဘုရားက စစ်မှန်သည့် ဘုရားသခင်ပင် ဖြစ်ပါသည်။ ဤဘုရားသခင်က သမ္မာတရားကို ဟောကြားရင်း၊ လူများကို ကယ်တင်ဖို့အတွက် ကမ္ဘာမြေကို ကြွလာမည်။ ၎င်းကို ကျွန်တော်တို့က လက်မခံပါက၊ ဘုရားသခင် အပေါ် ဆန့်ကျင်သကဲ့သို့၊ အတိုက်အခံ လုပ်သကဲ့သို့ ဖြစ်မသွား ပါလား။ ကောင်းချီး မင်္ဂလာ ပေးခြင်းများကို ကျွန်တော်တို့က ရနိုင်ပါတော့မလား။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

အရှေ့သို့- ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကို လက်ခံရမည်ဖြစ်ပြီး၊ ထို့နောက်တွင်မှ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခံရနိုင်ကာ ၎င်းတို့ကိုယ်တိုင် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်သည်ဟု သင်တို့ ဆိုကြသည်။ သို့သော်၊ သခင့်၏ သတ်မှတ်ချက်များနှင့်အညီ၊ စိတ်နှိမ့်ချမှုနှင့် သည်းခံခြင်းတို့ကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ကြသည်၊ ကျွန်ုပ်တို့၏ ရန်သူများကို ကျွန်ုပ်တို့ ချစ်ကြသည်၊ ကျွန်ုပ်တို့၏ ကားတိုင်များကို ထမ်းကြသည်၊ လောကီအမှုအရာများကို စွန့်လွှတ်ကြသည်၊ သခင့်အတွက် အလုပ်လုပ်ပြီး ဧဝံဂေလိတရားကို ဖြန့်ဝေကြသည်၊ စသည်ဖြင့် လုပ်ဆောင်ကြသည်။ ထိုသို့ဆိုလျှင် ဤအရာများ အားလုံးသည် ကျွန်ုပ်တို့၏ ပြောင်းလဲမှုများ ဖြစ်သည် မဟုတ်ပါလား။ ဤနည်းဖြင့် ကျွန်ုပ်တို့ အမြဲ ရှာဖွေခဲ့ကြသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း သန့်စင်ခြင်းကို ရရှိပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်မခံရနိုင်သလော။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကားတိုင်တွင် သခင်ယေရှု သံမှိုရိုက်ခံရချိန်တွင်၊ ကျွန်ုပ်တို့၏ အပြစ်များကို သူ ခံတော်မူပြီး ခွင့်လွှတ်ခဲ့သည်။ ထို့ကြောင့်၊ သန့်ရှင်းသူအဖြစ် ကျွန်ုပ်တို့ သီးသန့်ထားရှိခံရပြီး၊ အပြစ်နှင့်မပြည့်ဝကြတော့သလို၊ နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ပေးခြင်း အမှုတော် ကို လက်ခံဖို့ လိုအပ်ခြင်းမရှိဘဲ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက် နိုင်ကြသည်။ ဤအရာကို ကျွန်ုပ်တို့ ယုံကြည်ခြင်းက မှန်ကန်ပါ သလော။

ဆီလျော်သော သမ္မာကျမ်းချက်များ- “ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။