အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဘုရားသခင်သည် လူသားမျိုးနွယ် ရှင်သန်ရပ်တည်နိုင်ရန်အတွက် တည်ငြိမ်သည့်ပတ်ဝန်းကျင်ကို ပေးရန် အရာအားလုံးအတွင်းရှိ ဆက်နွှယ်မှုများကို ဟန်ချက်ညီစေသည်

13

…နောက်တစ်ခုမှာ အရာအားလုံးကို ဘုရားသခင် ထိန်းချုပ်သည့် နည်းလမ်းတစ်ခုဖြစ်သည့် နောက်ထပ် ရှုထောင့်တစ်ခု ပြောမည်။ အရာအားလုံးကို ဖန်ဆင်းပြီးနောက် ဤအရာအားလုံးကြားက ဆက်နွှယ်မှုများကို ဟန်ချက်ညီအောင် သူပြုလုပ်ပုံဖြစ်သည်။ ဤအရာသည်လည်း သင်တို့အတွက် အတော်အတန် ကြီးမားသည့် ခေါင်းစဉ်တစ်ခုဖြစ်သည်။ အရာအားလုံးကြားက ဆက်နွှယ်မှုများကို ဟန်ချက်ညီစေခြင်းသည် လူများ လုပ်ဆောင်နိုင်သည့် အရာတစ်ခုလော။ လူများက သူတို့ဘာသာ မလုပ်နိုင်ပေ။ လူများက ဖျက်ဆီးခြင်းသာ တတ်နိုင်သည်။ အရာအားလုံးကြားက ဆက်နွှယ်မှုများကို ဟန်ချက်ညီအောင် မလုပ်နိုင်ပေ။ သူတို့သည် ဤအရာများကို မကိုင်တွယ်နိုင်သကဲ့သို့ ဤကဲ့သို့သော ကြီးမားသည့် အခွင့်အာဏာ သို့မဟုတ် တန်ခိုးလည်း မရှိပေ။ ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် ဤကဲ့သို့သောအရာမျိုးကို လုပ်ရန်အတွက် တန်ခိုးရှိသည်။ ဤကဲ့သို့သောအရာမျိုးကို လုပ်ဆောင်သည့်နေရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သနည်း။ အတူတူပင်ဖြစ်သည်။ ယင်းမှာ လူသားတို့ ရှင်သန်ရပ်တည်နိုင်ရေးနှင့် နီးကပ်စွာ ဆက်နွှယ်နေသည်။ ဘုရားသခင် လုပ်ဆောင်လိုသည့် အရာတစ်ခုစီတိုင်းက လိုအပ်သည်။ သူလုပ်ကောင်းလုပ်နိုင်သည့် သို့မဟုတ် မလုပ်နိုင်သည့်အရာ တစ်ခုမျှ မရှိပေ။ သူသည် လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးကို ကာကွယ်ပြီး ရှင်သန်ရပ်တည်ရေးအတွက် အကျိုးရှိသည့် ပတ်ဝန်းကျင်အား လူများကို ပေးရန်အတွက် သူတို့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သူလုပ်ဆောင်ရမည့် အရေးကြီးသည့် အချက်အချို့၊ မဖြစ်မနေလုပ်ရမည့် အရာအချို့ရှိသည်။

ဘုရားသခင်သည် လူသားမျိုးနွယ် ရှင်သန်ရပ်တည်နိုင်ရန်အတွက် တည်ငြိမ်သည့်ပတ်ဝန်းကျင်ကို ပေးရန် အရာအားလုံးအတွင်းရှိ ဆက်နွှယ်မှုများကို ဟန်ချက်ညီစေသည်

“ဘုရားသခင်သည် အရာအားလုံးကို ဟန်ချက်ညီစေသည်” ဟူသည့် စကားစု၏ အရှိအတိုင်း အဓိပ္ပာယ်မှ ကြည့်လျှင်၊ ဤသည်မှာ အလွန်ကျယ်ပြန့်သည့် ခေါင်းစဉ်တစ်ခုဖြစ်သည်။ အရာအားလုံးကို ဟန်ချက်ညီစေခြင်းက အရာအားလုံးအပေါ်တွင် ဘုရားသခင်၏ အထူးပိုင်နိုင်ချက်ဆိုသည်ကို သင်သိသည်ဟူသည့် အယူအဆကို ပထမဆုံး ပေးသည်။ “ဟန်ချက်ညီစေခြင်း” ဟူသည့် စကားလုံးက အဘယ်အရာကို ဆိုလိုသနည်း။ ပထမဆုံး “ဟန်ချက်ညီစေခြင်း” ဟူသည်မှာ အရာတစ်ခုခုကို ဟန်ချက်မပျက်စေခြင်းကို ရည်ညွှန်းသည်။ လူတိုင်း အတိုင်းအတာများအကြောင်းကို သိကြသည်။ တစ်ခုခုကို ချိန်တွယ်ရန် အတိုင်းအတာများကို အသုံးပြုသည့်အခါ အတိုင်း၏တစ်ဖက်မှာ ထိုအရာကိုတင်ပြီး တစ်ခြားဖက်မှာ အလေးတင်သည်။ အလေးချိန်၏ နောက်ဆုံးပမာဏက ထိုအရာ၏ အလေးချိန်ကို သတ်မှတ်ပေးသည်။ ဤသည်ကို ဟန်ချက်ညီစေခြင်းဟုခေါ်သည်။ ဟန်ချက်ညီစေရန်အတွက် နှစ်ဖက်လုံး၏ အလေးချိန်က တူညီနေရမည်။ ဘုရားသခင်သည် အရာအားလုံးအထဲတွင် များပြားသည့် အရာများကို ဖန်ဆင်းခဲ့သည်။ သတ်မှတ်ပြီးဖြစ်သည့်အရာများ၊ ရွေ့လျားသည့်အရာများ၊ အသက်ရှင်သည့် အရာများ၊ အသက်ရှူသည့် အရာများနှင့် အသက်မရှူသည့်အရာများကိုပါ သူဖန်ဆင်းခဲ့သည်။ ဤအရာများအားလုံး အပြန်အလှန်မှီခိုဆက်နွှယ်မှု၊ အပြန်အလှန်ထောက်ပံ့မှုနှင့် ကန့်သတ်မှု၊ အချင်းချင်း ဆက်သွယ်မှုများကို ရရှိရန်အတွက် လွယ်ကူသလော။ ဤအရာများအားလုံးထဲတွင် အခြေခံသဘောတရားတစ်ခုက သေချာပေါက် ရှိသည်။ ယင်းသည် အတော်အတန်ရှုပ်ထွေးသည် မဟုတ်လော။ ဤသည်က ဘုရားသခင်အတွက် မခက်ခဲသော်လည်း လူများအတွက်မူ ယင်းသည် သုတေသနပြုလုပ်ရန် အလွန် ရှုပ်ထွေးသည်။ ဟန်ချက်ညီစေခြင်းမှာ အလွန်ရိုးရှင်းသည့် စကားလုံးဖြစ်သည်။ သို့သော် လူများက ဤအရာကို သုတေသနပြုလုပ်လေ့လာလျှင်၊ လူများက ဟန်ချက်ညီခြင်းကို ဖန်တီးရန်လိုလာခဲ့လျှင်၊ လူသား ဇီဝဗေဒပညာရှင်များ၊ နက္ခဗေဒပညာရှင်များ၊ ရူပဗေဒပညာရှင်များ၊ ဓာတုဗေဒ ပညာရှင်များနှင့် သမိုင်းပညာရှင်များကဲ့သို့သော တက္ကသိုလ်ဆရာများက ထိုအရာအပေါ် လုပ်ဆောင်လျှင်ပင် ထိုသုတေသန၏ နောက်ဆုံးရလဒ်က ဘာဖြစ်မည်နည်း။ ရလဒ်က ဘာမျှဖြစ်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အရာအားလုံးအပေါ် ဖန်ဆင်းခြင်းက အလွန်ဆန်းကြယ်ပြီး လူသားမျိုးနွယ်သည် သူ၏လျှို့ဝှက်ချက်များကို ဘယ်တော့မျှ ထုတ်ဖော်နိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ ဤအရာများကြားထဲတွင် အခြေခံသဘောတရားများကို တည်ဆောက်ခဲ့သည်။ အပြန်အလှန်နားလည်မှု၊ ကိုက်ညီမှု၊ အကျိုးပြုမှုတို့အတွက် မတူညီသည့် ရှင်သန်ရပ်တည်ရေး နည်းလမ်းများကို တည်ဆောက်ခဲ့သည်။ ဤနည်းလမ်းအမျိုးမျိုးသည် အလွန်ရှုပ်ထွေးသည်။ ၎င်းတို့သည် မရိုးရှင်းပေ သို့မဟုတ် ရှေးရှုရာတစ်ခုတည်းသို့ ဦးတည်ထားခြင်း မဟုတ်ပေ။ အရာအားလုံးအပေါ်တွင် ဘုရားသခင်၏ထိန်းချုပ်မှုနောက်ကွယ်က အခြေခံသဘောတရားများကို အတည်ပြုရန် သို့မဟုတ် သုတေသနပြုရန် လူများသည် သူတို့၏စိတ်၊ သူတို့ရရှိထားသော အသိပညာနှင့် သူတို့လေ့လာဖူးသည့် ဖြစ်ရပ်များကို အသုံးပြုသည့်အခါ ဤအရာများသည် ရှာဖွေတွေ့ရှိရန် အလွန်အမင်း ခက်ခဲပြီး ရလဒ်တစ်စုံတစ်ရာ ရရှိရန်လည်း အလွန်ခက်ခဲသည်။ လူများအတွက် ရလဒ်များ ရရှိရန်မှာ အကယ်ပင် ခက်ခဲသည်၊ လူ့စိတ်နှင့် အသိပညာကို အမှီပြုပြီး ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးကို အုပ်ချုပ်ရာ၌ ၎င်းတို့၏ ဟန်ချက်ကို ထိန်းထားရန် အလွန်ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် အရာအားလုံး ရှင်သန်ရပ်တည်ရေးအတွက် အခြေခံ သဘောတရားများကို လူများ မသိကြလျှင် ဤကဲ့သို့သောဟန်ချက်ညီခြင်းကို မည်သို့ ကာကွယ်ရမည်ဆိုသည်ကို သူတို့သိမည်မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူများက အရာအားလုံးကို စီမံပြီး အုပ်ချုပ်မည်ဆိုလျှင် ဤဟန်ချက်ညီမှု ပျက်စီးသွားရန် အလားအလာ အလွန်များသည်။ ဤအရာပျက်စီးသွားသည်နှင့် သူတို့၏ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်သည်လည်း ပျက်စီးသွားမည်။ ဤကဲ့သို့ဖြစ်ပျက်သည့်အခါတွင် သူတို့၏ ရှင်သန်ရပ်တည်ရေးအပေါ်တွင် ကပ်ဆိုက်လာပါလိမ့်မည်။ ဘေးအန္တရာယ်များ ကျရောက်လာမည်။ လူသားမျိုးနွယ်သည် ဘေးအန္တရာယ်များကြားထဲတွင် အသက်ရှင်နေထိုင်သည့်အချိန်တွင် သူတို့ရှေ့ရေးတွင် မည်သည့်အရာရှိနေမည်နည်း။ ခန့်မှန်းရန်ခက်သည့်၊ ကြိုတင်မှန်းဆရန် ခက်သည့် ရလဒ်တစ်ခု ဖြစ်သည်။

ဘုရားသခင်သည် လူသားမျိုးနွယ် ရှင်သန်ရပ်တည်နိုင်ရန်အတွက် တည်ငြိမ်သည့်ပတ်ဝန်းကျင်ကို ပေးရန် အရာအားလုံးအတွင်းရှိ ဆက်နွှယ်မှုများကို ဟန်ချက်ညီစေသည်

ဤသို့ဆိုလျှင် အရာအားလုံးကြားထဲမှ ဆက်နွှယ်မှုများကို ဘုရားသခင်သည် မည်သို့ ဟန်ချက်ညီစေသနည်း။ ပထမဦးဆုံး ကမ္ဘာတွင် တစ်နှစ်ပတ်လုံး ရေခဲနှင့် နှင်းများဖုံးနေသည့် နေရာအချို့ရှိပြီး အချို့နေရာများတွင်မူ လေးရာသီလုံးက နွေဦးရာသီလိုဖြစ်နေသည်။ ရေခဲတုံး သို့မဟုတ် နှင်းပွင့်ကို ဘယ်တော့မျှ မြင်ရမည်မဟုတ်ပေ။ ဆောင်းရာသီဆိုတာ မရှိပေ။ ဤအရာသည် နည်းလမ်းတစ်ခုဖြစ်သည်။ ဤအရာသည် ပိုကြီးမားသည့် ရာသီဥတု၏ ရှုထောင့်မှဖြစ်သည်။ ဒုတိယ အမျိုးအစားမှာ အပင်မျိုးစုံက မြေပြင်ကို ဖုံးလွှမ်းနေသည့်နေရာဖြစ်သော စိမ်းစိုသည့် သဘာဝပေါက်ပင်များနှင့် ပြည့်နှက်နေသော တောင်များကို လူတို့တွေ့သည့်အခါဖြစ်သည်။ တောအုပ်များရှိပြီး ဤတောအုပ်များထဲကို လမ်းလျှောက်သည့်အခါတွင် နေကိုပင် မမြင်နိုင်ပေ။ အခြားတောင်များတွင် မြက်ပင်များပင်မပေါက်ပေ။ သီးနှံမဖြစ်ထွန်းသည့် မြေလွှာများ တစ်ထပ်ပြီးတစ်ထပ်နှင့် တောင်ကြမ်းကြီးများရှိသည်။ အပြင်မှကြည့်လျှင် သူတို့နှစ်ခုလုံးသည် မြေကြီးများစုပုံနေသည့် တောင်များပင်ဖြစ်သည်။ တောင်အုပ်စုတစ်ခုက သဘာဝပေါက်ပင်များနှင့် ပြည့်နေပြီး အခြားတစ်ခုက မြက်ပင်များပင်မရှိပေ။ ဤအရာသည် ဒုတိယ အမျိုးအစားဖြစ်သည်။ တတိယအမျိုးအစားတွင် အဆုံးမရှိသည့် မြက်ခင်းပြင်များ၊ လှုပ်ယမ်းနေသည့် မြက်ခင်းစိမ်းကွင်းပြင်ကို မြင်ရနိုင်သည်။ သို့မဟုတ် မျက်စိတစ်ဆုံးဖြစ်သည့် သဲကန္တာရတစ်ခုကို မြင်ကောင်းမြင်ရနိုင်သည်။ ရေအရင်းအမြစ်ကို မဆိုထားနှင့် သက်ရှိများကိုပင် မမြင်ရဘဲ သဲပြင်တစ်လျှောက်တွင် အသံတရွှီးရွှီးနှင့် တိုက်နေသည့်လေသာရှိသည်။ စတုတ္ထအမျိုးအစားတွင် ရေပြင်ကျယ်များနှင့် ဖွဲ့စည်းထားသည့် ပင်လယ်နှင့်ဖုံးလွှမ်းနေသော နေရာတစ်နေရာရှိပြီး အခြားတစ်နေရာတွင်မူ စမ်းရေကို ရှာတွေ့ရန်ပင် ဝန်ပိနေသည်။ ပဉ္စမအမျိုးအစားမှာ နယ်မြေတစ်ခုတွင် ခပ်ဖွဲဖွဲမိုးက မကြာခဏရွာတတ်ပြီး မြူထခြင်း၊ စိုစွတ်ခြင်းတို့ဖြစ်ကာ အခြားနယ်မြေတွင်မူ နေအတော်ပူသည့်နေ့များက အဖြစ်များပြီး မိုးရေ တစ်ပေါက်ကိုပင် သင်မြင်ရမည်မဟုတ်ပေ။ ဆဌမမြောက်တွင်မူ နေရာတစ်မျိုးသည် လေထုပါးလွှာပြီး လူသား အသက်ရှူရန်ခက်ခဲသည့် ကုန်းပြင်မြင့်ဖြစ်ပြီး အခြားနေရာတွင်ကား နေရာရွှေ့ပြောင်းတတ်သည့် ငှက်အမျိုးမျိုးတို့ ကျက်စားသည့် ရွံ့ဗွက်အိုင်များနှင့် ကုန်းမြေနိမ့်များရှိသည်။ ဤအရာများက မတူညီသည့် ရာသီဥတုအမျိုးအစားများ သို့မဟုတ် ရာသီဥတုများ သို့မဟုတ် မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များနှင့် ကိုက်ညီသည့် ပတ်ဝန်းကျင်များ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ရာသီဥတုမှ ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အထိ၊ မြေကြီး၏ မတူညီသော ပါဝင်ပစ္စည်းများမှ ရေအရင်းအမြစ်ပမာဏအထိ လူများ ရှင်သန်ရပ်တည်သည့် ပတ်ဝန်းကျင်များ၏ အပူချိန်၊ စိုထိုင်းမှုနှင့် လေထုအတွင်းတို့တွင် ဟန်ချက်ညီမှုကို ရရှိစေရန် လူသားတို့ ရှင်သန်ရပ်တည်နိုင်ရန်အတွက် အခြေခံပတ်ဝန်းကျင်တို့ကို ပိုမိုကြီးမားသည့် ပတ်ဝန်းကျင်များ၏ အခန်းကဏ္ဍမှ ဘုရားသခင်သည် ဟန်ချက်ညီအောင် ပြုလုပ်သည်။ မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်တို့၏ ခြားနားမှုများနှင့်အတူ လူများသည် တည်ငြိမ်သည့်လေထုနှင့်အပူချိန်ကို ရရှိမည်ဖြစ်ပြီး မတူညီသည့် ရာသီဥတုများတွင် စိုထိုင်းမှုသည် တည်ငြိမ်မည်ဖြစ်သည်။ ဤအချက်က ဤကဲ့သို့သောပတ်ဝန်းကျင်မျိုးတွင် လူများကို အမြဲတမ်း ဆက်လက်ရှင်သန်စေသည်။ ပထမဦးဆုံး ပိုမိုကြီးမားသည့် ပတ်ဝန်းကျင်သည် ဟန်ချက်ညီရမည်။ လူသားတို့လိုအပ်သည့်၊ ဘုရားသခင်အလိုရှိသည့် ဟန်ချက်ညီမှုကို ရရှိစေရန် အပြန်အလှန် အမှီသဟဲပြုရန်အတွက် မတူညီသည့် ရာသီဥတုများကြား ကူးပြောင်းမှုများနှင့် မတူညီသည့် ပထဝီဝင်ဆိုင်ရာ တည်နေရာနှင့် အချက်အလက်များကို အသုံးချခြင်းမှတစ်ဆင့် ပြုလုပ်သည်။ ဤအရာသည် ပိုမိုကြီးမားသည့် ပတ်ဝန်းကျင် ရှုထောင့်မှဖြစ်သည်။

အသေးစိတ်ကြည့်သည့်အခါတွင် သဘာဝပေါက်ပင်ကဲ့သို့အရာတွင် ဤကဲ့သို့သော ဟန်ချက်ညီမှုမျိုးကို ရရန် မည်သို့များဖြစ်နိုင်သနည်း။ ဆိုလိုသည်မှာ ရှင်သန်ရန်အတွက် ဟန်ချက်ညီသည့် ပတ်ဝန်းကျင်အတွင်းတွင် သဘာဝပေါက်ပင်များသည် မည်သို့ဆက်လက်ရှင်သန်နိုင်သနည်း။ ဤသည်မှာ ရှင်သန်ရပ်တည်ရန်အတွက် သူတို့၏ပတ်ဝန်းကျင်ကို ကာကွယ်ရန်အတွက် အပင်အမျိုးမျိုး၏ သက်တမ်း၊ ကြီးထွားမှုနှုန်း၊ မျိုးပွားမှုနှုန်းများကို စီမံခြင်းအားဖြင့် ဖြစ်သည်။ မြက်ပင်သေးသေးလေးကို ဥပမာယူကြည့်ပါ၊ နွေဦးရာသီ အညွှန့်၊ နွေရာသီ အပွင့်များ၊ ဆောင်းဦးရာသီ သစ်သီးများရှိကြသည်။ သစ်သီးက မြေပြင်ပေါ်ကိုကျပြီး ထိုမြက်ပင်က သေသွားသည်။ နောက်နှစ်တွင် သစ်သီး၏ အစေ့က အညှောက်ပေါက်ပြီး တူညီသည့် နိယာမအရ ဆက်လက်ဖြစ်ပေါ်သည်။ မြက်ပင်၏ သက်တမ်းက အလွန်တိုသည်။ မြေပြင်ပေါ်ကိုကျသည့် အစေ့တိုင်းက အညှောက်ထွက်ပြီး အပင်ပေါက်သည်။ ဖူးပွင့်ပြီး သစ်သီးများ သီးသည်။ ဤဖြစ်စဉ်က နွေဦးရာသီ၊ နွေရာသီနှင့် ဆောင်းဦးရာသီတို့တွင်သာ ဖြစ်ပေါ်ပြီး သစ်ပင်အမျိုးမျိုးသည်လည်း သူတို့၏ ကိုယ်ပိုင်သက်တမ်း၊ အပင်ပေါက်ခြင်းနှင့် အသီးသီးခြင်းအတွက် မတူညီသည့် အချိန်ကာလများရှိကြသည်။ အချို့အပင်များက နှစ် ၃၀ မှ ၅၀ အထိတွင် သေဆုံးကြသည်။ ၎င်းတို့တွင် နှစ် ၃၀ မှ ၅၀ အထိ သက်တမ်းရှိသည်။ သို့သော် ၎င်းတို့၏အသီးများကမူ မြေပြင်တွင်ကျပြီး အမြစ်များနှင့် အညှောက်များထွက်လာပြီး၊ ပန်းများ ပွင့်ကာ အသီးသီးသည်။ နောက်ထပ် နှစ် ၃၀ မှ ၅၀ အထိ ရှင်သန်သည်။ ဤသည်မှာ ၎င်း၏ ပြန်လည် လည်ပတ်မှုနှုန်းဖြစ်သည်။ သစ်ပင်အိုက သေပြီး ငယ်ရွယ်သည့် သစ်ပင် ပေါက်လာသည်။ ထို့ကြောင့် တောထဲတွင် သစ်ပင်များ ပေါက်နေသည်ကို သင်အမြဲတမ်း မြင်ရခြင်းဖြစ်သည်။ သို့သော် သူတို့တွင်လည်း သူတို့၏ သင့်တော်သည့် စက်ဝန်းနှင့် မွေးဖွားခြင်း၊ သေဆုံးခြင်း ဖြစ်စဉ်ရှိသည်။ အချို့သစ်ပင်များက နှစ်တစ်ထောင်ကျော်အထိ အသက်ရှင်နိုင်သည်။ အချို့က နှစ် ၃၀ဝဝ အထိပင် အသက်ရှင်နိုင်သည်။ ယေဘူယျအနေနှင့်ဆိုရလျှင် မည်သည့်အပင်အမျိုးအစားဖြစ်ပါစေ၊ သူတို့၏သက်တမ်းက မည်မျှရှည်ပါစေ ဘုရားသခင်သည် ၎င်းမည်မျှကြာကြာ ရှင်သန်သည်၊ မျိုးပွားနိုင်စွမ်း၊ မျိုးပွားသည့် မြန်နှုန်းနှင့် မျိုးပွားသည့် ပမာဏနှင့် နှုန်းထားတို့အပေါ်တွင် အခြေခံပြီး စီမံသည်။ ဤအရာသည် မြက်ပင်မှ သစ်ပင်များအထိ ဟန်ချက်ညီသည့် ဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင်အတွင်းတွင် ရှင်သန်ရန်၊ ဆက်လက်ပြီး ရှင်သန်ကြီးထွားနိုင်ရန် အခွင့်ပေးသည်။ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်က သစ်တောတစ်ခုကို သင်ကြည့်သည့်အခါတွင် သစ်ပင် သို့မဟုတ် မြက်ပင်ဖြစ်ဖြစ် ၎င်း၏ကိုယ်ပိုင်နိယာမများနှင့်အညီ ဆက်လက်ပြီး မျိုးပွား ကြီးထွားနေသည်။ လူသားတို့၏ အကူအညီ မလိုပေ။ လူသားတို့ထံမှ ထပ်မံဖြည့်စွက်သည့် မည်သည့်လုပ်ဆောင်ချက်မှ မလိုအပ်ပေ။ ဤကဲ့သို့သော ဟန်ချက်ညီမှုမျိုး ရှိခြင်းကြောင့်သာ သူတို့၏ ရှင်သန်ရပ်တည်ရေးအတွက် ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ခြင်း ဖြစ်သည်။ ရှင်သန်ရပ်တည်ရေးအတွက် သင့်တော်သည့် ပတ်ဝန်းကျင်ရှိခြင်းကြောင့်သာ ဤသစ်တောများ၊ ဤမြက်ခင်းပြင်များသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်ရှင်သန်ရပ်တည်နိုင်သည်။ ၎င်းတို့တည်ရှိနေမှုသည် လူသားများ၏ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်၊ တောများနှင့် မြက်ခင်းပြင်များတွင် ကျက်စားသည့် သက်ရှိအမျိုးအစားအားလုံးဖြစ်သည့် ငှက်များ၊ သားရဲတိရစ္ဆာန်များ၊ ပိုးမွှားများနှင့် အနုစိတ်သက်ရှိအမျိုးမျိုး၏ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ကို ပြုစုပျိုးထောင်ပေးသည်။

ဘုရားသခင်သည် တိရစ္ဆာန်အမျိုးအစားအားလုံး၏ ဟန်ချက်ညီမှုကိုလည်း ထိန်းချုပ်သည်။ ဤဟန်ချက်ညီမှုကို သူမည်သို့ ထိန်းချုပ်သနည်း။ အပင်များနှင့် ဆင်တူသည်။ သူတို့၏ မျိုးပွားနိုင်စွမ်း၊ မျိုးပွားသည့် အရေအတွက်နှင့် နှုန်းထား၊ တိရစ္ဆာန်များကြားတွင် သူတို့၏ လှုပ်ရှားဆောင်ရွက်မှုတို့ကို အခြေခံပြီး သူတို့၏ ဟန်ချက်ညီမှုကို စီမံကာ သူတို့၏ အရေအတွက်ကို ပိုင်းခြားသတ်မှတ်သည်။ ဥပမာ ခြင်္သေ့များက မြင်းကျားကိုစားသည်။ ဤသို့ဆိုလျှင် ခြင်္သေ့၏ အရေအတွက်က မြင်းကျားအရေအတွက်ထက် ကျော်လွန်သွားလျှင် မြင်းကျားများ၏ ကံကြမ္မာက မည်သို့ဖြစ်မည်နည်း။ မျိုးသုဉ်းသွားမည်ဖြစ်သည်။ ထို့ပြင် မြင်းကျားများ၏ မျိုးပွားမှု အရေအတွက်က ခြင်္သေ့များထက် တော်တော်နည်းနေလျှင် သူတို့၏ ကံကြမ္မာက ဘာဖြစ်မည်နည်း။ သူတို့သည် မျိုးသုဉ်းသွားမည်ပင် ဖြစ်သည်။ ထို့ကြောင့် မြင်းကျားအရေအတွက်သည် ခြင်္သေ့အရေအတွက်ထက် အလွန်များရမည်။ မြင်းကျားများက သူတို့အတွက်သူတို့ တည်ရှိခြင်းသာမဟုတ်ဘဲ ခြင်္သေ့များအတွက်လည်း တည်ရှိနေခြင်းကြောင့် ဖြစ်သည်။ မြင်းကျားတိုင်းက မြင်းကျား၏ အစိတ်အပိုင်းတစ်ခုဟု သင်ဆိုနိုင်သော်လည်း သူသည် ခြင်္သေ့ပါးစပ်က အစာလည်း ဖြစ်သည်။ ခြင်္သေ့၏ မျိုးပွားမှုနှုန်းက မြင်းကျားထက် ဘယ်တော့မျှ ကျော်မသွားနိုင်ပေ။ ထို့ကြောင့် သူတို့၏ အရေအတွက်သည် မြင်းကျားအရေအတွက်ထက် ပိုများ၍မရပေ။ ဤနည်းလမ်းနှင့်သာ ခြင်္သေ့၏ အစားအစာအရင်းအမြစ်အတွက် စိတ်ချနိုင်မည်ဖြစ်သည်။ ခြင်္သေ့များက မြင်းကျား၏ သဘာဝရန်သူဖြစ်သော်လည်း နေရာတစ်ခုတည်းတွင်သာ သူတို့သည် အေးအေးဆေးဆေး အနားယူနေကြသည်ကို လူများ ခဏခဏ တွေ့ကြသည်။ ခြင်္သေ့များက သူတို့ကို အမဲလိုက်ပြီး စားခြင်းကြောင့် မြင်းကျားများသည် ဘယ်တော့မျှ အရေအတွက် လျော့ကျမည်မဟုတ် သို့မဟုတ် မျိုးသုဉ်းသွားမည်မဟုတ်ပေ။ ခြင်္သေ့များသည် “ဘုရင်” ဟူသည့် သူတို့၏ အဆင့်ကြောင့် အရေအတွက်သည် ဘယ်တော့မျှ တိုးမြှင့်လာမည် မဟုတ်ပေ။ ဤဟန်ချက်ညီမှုက ရှေးကတည်းက ဘုရားသခင် တည်ဆောက်ခဲ့သည့် အရာဖြစ်သည်။ ဆိုလိုသည်မှာ တိရစ္ဆာန်များ ဟန်ချက်ညီမှုကို ရရှိစေရန်အတွက် တိရစ္ဆာန်များအားလုံးကြားတွင် ဟန်ချက်ညီမှု နိယာမကို ဘုရားသခင်တည်ဆောက်ခဲ့ပြီး ဤအရာသည် လူများ မြင်လေ့ရှိသည့် အရာတစ်ခုဖြစ်သည်။ မြင်းကျားများ၏ ရန်သူက ခြင်္သေ့များသာ ဖြစ်သလော။ မဟုတ်ပေ။ မိကျောင်းများလည်း မြင်းကျားကို စားသည်။ မိကျောင်းက မြင်းကျားကို စားနေသည့် မြင်ကွင်းသည်လည်း ကြမ်းတမ်းရက်စက်သည်။ မြင်းကျားသည် အကယ်ပင် အကူအညီမဲ့ တိရစ္ဆာန်အမျိုးအစားနှင့် တူသည်။ သူတို့၌ ခြင်္သေ့၏ရက်စက်ခြင်းမျိုး မရှိပေ။ ဤကြောက်မက်ဖွယ် ရန်သူများကို ရင်ဆိုင်ရသည့်အခါတွင် သူတို့ ပြေးသာပြေးရသည်။ ပြန်လည်ခုခံခြင်းပင် မပြုလုပ်နိုင်ပေ။ သူတို့သည် ခြင်္သေ့လက်မှ လွတ်အောင် မပြေးနိုင်သည့်အခါတွင် သူ၏စားခြင်းကို ခံရသည်သာ ဖြစ်သည်။ တိရစ္ဆာန်လောကတွင် ဤအရာကို မကြာခဏ တွေ့မြင်နိုင်သည်။ ဤကဲ့သို့သောအရာမျိုးကို သင်မြင်တွေ့ရသည့်အခါတွင် သင်၏ အမြင်က မည်သို့ဖြစ်သနည်း။ မြင်းကျားကို သနားသလော။ ခြင်္သေ့ကို မုန်းသလော။ မြင်းကျားက အလွန်လှပသည်။ သို့သော် ခြင်္သေ့များကမူ သူတို့ကို အမြဲတမ်း လောဘတကြီးနှင့် သေချာကြည့်နေသည်။ ပြီးလျှင် မြင်းကျားများကလည်း မိုက်မဲစွာနှင့် အဝေးကြီး မပြေးပေ။ ခြင်္သေ့က သူတို့ကို စောင့်နေသည်ကို သူတို့မြင်ရသည်။ သစ်ပင်၏အရိပ်တွင် သက်သောင့်သက်သာနှင့် စောင့်နေသည်။ မည်သည့်အချိန်တွင် သူတို့ကိုစားမည်နည်းဆိုသည်ကို မည်သူသိမည်နည်း။ သူတို့နှလုံးသားထဲတွင် ဤအရာကို သိသည်။ သို့သော် ဤကုန်းမြေမှ သူတို့ ထွက်ခွာမည်မဟုတ်ပေ။ ဤအရာသည် အလွန်ဆန်းကြယ်သည့်အရာ ဖြစ်သည်။ ဤဆန်းကြယ်သည့်အရာတွင် ဘုရားသခင်၏ ခွဲခန့်မှတ်သားထားခြင်း၊ သူ၏ စည်းမျဉ်း ပါဝင်သည်။ သင်က မြင်းကျားကို သနားသည်။ သို့သော် သူ့ကို မကယ်တင်နိုင်ပေ။ ခြင်္သေ့ကို သင်မုန်းသည်။ သို့သော် ဖယ်ထုတ်မပစ်နိုင်ပေ။ မြင်းကျားသည် ခြင်္သေ့အတွက် ဘုရားပြင်ဆင်ထားသည့် အစားအစာဖြစ်သည်။ သို့သော် ခြင်္သေ့က သူတို့ကို မည်သို့ပင်စားစား မြင်းကျားများက ပျောက်ကွယ်မသွားပေ။ ခြင်္သေ့များမွေးသည့် သားပေါက် အရေအတွက်သည် အလွန်နည်းပါးပြီး ခပ်နှေးနှေးသာ မျိုးပွားသည်။ ထို့ကြောင့် သူတို့ မည်မျှပင်စားစား သူတို့၏ အရေအတွက်သည် မြင်းကျားများထက် ပိုမများပေ။ ဤအရာသည် ဟန်ချက်ညီမှု အမျိုးအစားတစ်ခုဖြစ်သည်။

ဤကဲ့သို့သော ဟန်ချက်ညီမှုမျိုးကို ထိန်းသိမ်းခြင်းတွင် ဘုရားသခင်၏ ပန်းတိုင်က မည်သို့ဖြစ်သနည်း။ လူများ၏ ပတ်ဝန်းကျင်နှင့် လူသားတို့၏ ရှင်သန်ရပ်တည်ရေးနှင့် သက်ဆိုင်သည်။ မြင်းကျား သို့မဟုတ် ခြင်္သေ့၏ မည်သည့်သားကောင်မဆို၊ သမင် သို့မဟုတ် အခြားတိရစ္ဆာန်များသည် အလွန်ခပ်နှေးနှေးသာ မျိုးပွားပြီး ခြင်္သေ့၏ အရေအတွက်က အလွန်တိုးပွားလာလျှင် လူသားများက မည်သည့် အန္တရာယ်မျိုးကို ရင်ဆိုင်ရမည်နည်း။ ပထမဦးဆုံး လူများ မွေးထားသည့် ကြက်၊ ဘဲ၊ ငန်းနှင့် ခွေးများသည် ခြင်္သေ့၏ အစားအစာများ ဖြစ်လာကြမည်။ ဤအရာသည် သူတို့သည် အပြင်တွင်နေခြင်းကြောင့်ဖြစ်သည်။ ဤအရာများက ခြင်္သေ့များအတွက် စားရန် လုံလောက်သလော။ အချို့အိမ်များတွင် ဝက်နှစ်ကောင်ရှိသည်။ ခြင်္သေ့တစ်ကောင်က တောင်ပေါ်မှဆင်းလာပြီး သူတို့ကို စားလိုက်လျှင် ပြီးသွားသည်နှင့် ပြန်သွားမည်လော။ ခြင်္သေ့က ဤကဲ့သို့စဉ်းစားလိမ့်မည်။ “တောင်ပေါ်မှာ ဘာမျှ စားစရာမရှိပေ။ ငါဒီမှာပဲ နေမည်။ အိမ်ထဲတွင် လူအချို့ရှိသည်။” လူများ ထွက်လာသည်နှင့် တစ်ပြိုင်နက် ခြင်္သေ့သည် လူများကို စားပစ်လိုက်မည်ဖြစ်သည်။ လူများတွင် ခုခံရန် အင်အားမရှိပေ။ ဤသို့ဆိုလျှင် အလွန်ဝမ်းနည်းစရာကောင်းသည့် အရာဖြစ်မည် မဟုတ်လော။ ခြင်္သေ့က မြင်းကျားကို စားသည်မှာ သာမန်ဖြစ်ရပ်တစ်ခုဖြစ်သည်။ သို့သော် ခြင်္သေ့က လူများကို စားလျှင် ဝမ်းနည်းစရာတစ်ခုဖြစ်မည်ဖြစ်သည်။ ဤဝမ်းနည်းစရာဖြစ်ရပ်က ဘုရားသခင် ခွဲခန့်မှတ်သားထားသည့်အရာမဟုတ်ပေ။ သူ့စည်းမျဉ်းအတွင်းတွင် မရှိချေ။ လူသားအတွက် သူသယ်ဆောင်လာသည့်အရာဆိုတာမျိုး ပို၍ပင် မဟုတ်ပေ။ လူသားများက သူတို့ဘာသာသူတို့ သယ်ဆောင်လာသည့်အရာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် မြင်သည့်အတိုင်း အရာအားလုံးကြားက ဟန်ချက်ညီမှုက လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးကြီးသည်။ အပင်ဖြစ်ပါစေ သို့မဟုတ် တိရစ္ဆာန်ဖြစ်ပါစေ၊ သူတို့၏ သင့်တော်သည့် ဟန်ချက်ညီမှုကို ဆုံးရှုံး၍မရပေ။ အပင်များ၊ တိရစ္ဆာန်များ၊ တောင်များနှင့် အင်းအိုင်များက လူသားတို့အတွက် ပုံမှန် ဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင်ကို ဘုရားသခင်သည် ပြင်ဆင်ထားသည်။ ဤကဲ့သို့သော ဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင်၊ ဟန်ချက်ညီသည့် ပတ်ဝန်းကျင်မျိုး လူများ၌ ရှိမှသာ သူတို့၏ ရှင်သန်ရပ်တည်ရေးသည် လုံခြုံစိတ်ချရသည်။ သစ်ပင် သို့မဟုတ် မြက်ပင်၏ မျိုးပွားနိုင်စွမ်းက အလွန်မကောင်းလျှင် သို့မဟုတ် မျိုးပွားမှု မြန်နှုန်းက အလွန်နှေးလျှင် မြေကြီးက သူ၏ စိုစွတ်မှု ပျောက်ဆုံးမည်လော။ မြေကြီးက သူ၏စိုစွတ်မှု ဆုံးရှုံးလျှင် ကောင်းမွန်ပါဦးမည်လော။ မြေကြီးသည် သူ၏အပင်များနှင့် စိုစွတ်မှုကို ဆုံးရှုံးသွားလျှင် လျင်မြန်စွာ တိုက်စားခံရမည်။ ထိုနေရာတွင် သဲများ ဖြစ်လာလိမ့်မည်။ မြေကြီးက ညံ့လာသည့်အခါတွင် လူများ၏ ရှင်သန်ရပ်တည်နိုင်ရေး ပတ်ဝန်းကျင်က ဖျက်ဆီးခံရမည်။ ဤပျက်စီးမှုနှင့်အတူ ဘေးအန္တရာယ်များ ကျရောက်လာမည်။ ဤကဲ့သို့သော ဂေဟစနစ်ဆိုင်ရာ ဟန်ချက်ညီမှု မရှိလျှင်၊ ဤကဲ့သို့သော ဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင်မျိုး မရှိလျှင် အရာအားလုံးကြားက ဟန်ချက်မညီမှုများကြောင့် လူများသည် ဘေးအန္တရာယ်များကို မကြာခဏ ခံစားကြရမည်ဖြစ်သည်။ ဥပမာ ပတ်ဝန်းကျင်ဆိုင်ရာ ဟန်ချက်မညီမှုသည် နေရာတစ်နေရာတွင် ဖားများ သေဆုံးမှုကို ဖြစ်ပေါ်စေလျှင် သူတို့၏ ဂေဟစနစ်ဆိုင်ရာသည် ပျက်စီးသွားသည်။ ဖားများအားလုံး စုဝေးလာပြီး အရေအတွက်က တိုးပွားလာသည်။ မြို့များတွင် လမ်းများပေါ်တွင် ဖြတ်ကူးနေသည့် ဖားများ တွေ့မြင်ရသည်။ လူများ ရှင်သန်ရပ်တည်ရေးအတွက် ပတ်ဝန်းကျင်တွင် ဖားများစွာရှိနေလျှင် ဤအရာကို မည်သို့ခေါ်မည်နည်း။ ဘေးအန္တရာယ်ပင်ဖြစ်သည်။ မည်သည့်အတွက်ကြောင့် ဘေးအန္တရာယ်ဖြစ်မည်နည်း။ လူသားမျိုးနွယ်အတွက် အကျိုးရှိသည့် ဤသေးငယ်သည့် တိရစ္ဆာန်များသည် သူတို့အတွက် သင့်တော်သည့် နေရာတွင်သာ ရှိနေလျှင် လူများအတွက် အသုံးဝင်သည်။ သူတို့သည် လူများ၏ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်၏ ဟန်ချက်ညီမှုကို ထိန်းသိမ်းပေးသည်။ သူတို့သည် ဘေးအန္တရာယ်ဖြစ်လာပြီဆိုသည်နှင့် လူများ၏ဘဝ၏ အစီအစဉ်ကျမှုကို သက်ရောက်မှု ရှိလာသည်။ ဖားများက သူတို့နှင့်အတူ သယ်လာသည့် အရာများနှင့် ပစ္စည်းများအားလုံးသည် လူများ၏ ဘဝအရည်အသွေးကို လွှမ်းမိုးစေနိုင်သည်။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အင်္ဂါများပင်လျှင် တိုက်ခိုက်ခံရနိုင်သည်။ ဤအရာသည် ဘေးအန္တရာယ်တစ်မျိုးပင်ဖြစ်သည်။ လူများ မကြာခဏ တွေ့ကြုံရသည့် နောက်ဘေးအန္တရာယ်တစ်မျိုးက ကျိုင်းကောင်များ များစွာ ပေါ်ထွက်လာခြင်းဖြစ်သည်။ ဤသည်မှာ ဘေးအန္တရာယ်မဟုတ်လော။ ဤအရာသည် ကြောက်စရာကောင်းသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည်။ လူများက မည်မျှ စွမ်းသနည်းဆိုသည်မှာ အရေးမပါပေ။ လူများက လေယာဉ်ပျံများ၊ အမြှောက်များ၊ အက်တမ်ဗုံးများ ပြုလုပ်နိုင်သည်။ သို့သော် ကျိုင်းကောင်များက လူသားတို့အပေါ် ကျူးကျော်လာသည့်အခါတွင် သူတို့၌ မည်သည့်ဖြေရှင်းချက်ရှိသနည်း။ ကျိုင်းကောင်များအပေါ် အမြှောက်များကို အသုံးပြုနိုင်သလော။ စက်သေနတ်များနှင့် ပစ်နိုင်သလော။ မရပေ။ ထိုသို့ဆိုပါက အကောင်များကို မောင်းထုတ် ရန်အတွက် ပိုးသတ်ဆေးများဖြန်းနိုင်သလော။ ဤအရာသည်လည်း မလွယ်ကူပေ။ ဤသို့ဆိုလျှင် ဤကျိုင်းကောင်လေးများက ဘာလာလုပ်သနည်း။ သူတို့သည် အထူးသဖြင့် အစေ့အဆန်များကို စားသည်။ ကျိုင်းကောင်များက မည်သည့်နေရာကိုပဲ သွားပါစေ ကောက်ပဲသီးနှံများက လုံးဝ ပျက်စီးကုန်သည်။ ထို့ကြောင့် ကျိုင်းကောင်များ ကျူးကျော်ဝင်ရောက်လာလျှင် မျက်စိတစ်မှိတ်အတွင်းမှာပင် လယ်သမားများ မှီခိုအားထားသည့် တစ်နှစ်စာအစားအစာကို ကျိုင်းကောင်များက အားလုံးစားလိုက်နိုင်သည်။ လူသားများထံ ကျိုင်းကောင်များ ရောက်ရှိလာခြင်းက စိတ်ညစ်စရာတင်မဟုတ်ဘဲ ဘေးအန္တရာယ်တစ်ခုဖြစ်သည်။ ကျိုင်းကောင်များ အများအပြား ပေါ်လာခြင်းက ဘေးအန္တရာယ်တစ်မျိုးဖြစ်သည်၊ ဤသို့ဆိုလျှင် ကြွက်များကျတော့ရော။ သူတို့ကိုစားမည့် ငှက်များ မရှိလျှင် သူတို့သည် သင်ထင်တာထက်ကို မြန်ဆန်စွာ ပွားများလာပါလိမ့်မည်။ ကြွက်များက ဤအတိုင်း ပျံ့နှံ့လာလျှင် လူသားများသည် ကောင်းကောင်း အသက်ရှင်နိုင်ပါ့မည်လော။ ဤသို့ဆိုလျှင် ဤလူသားသည် မည်သည်ကို ရင်ဆိုင်ရမည်နည်း။ (ကပ်ရောဂါကို ရင်ဆိုင်ရပါမည်။) ကပ်ရောဂါတစ်ခုပဲလော။ ကြွက်များက အကုန်လုံး ကိုက်စားကြမည်ဖြစ်သည်။ သစ်သားများကိုပင် ကိုက်ဖြတ်ကြလိမ့်မည်။ အိမ်တစ်အိမ်တွင် ကြွက်နှစ်ကောင်ရှိလျှင် တစ်အိမ်လုံးတွင်ရှိသည့် လူတိုင်းက စိတ်ညစ်ရလိမ့်မည်။ တစ်ခါတစ်ရံတွင် သူတို့သည် ဆီများကို ခိုးပြီး စားသည်။ တစ်ခါတစ်ရံတွင် အစေ့အဆန်များကို စားကြသည်။ သူတို့မစားသည့်အရာများဆိုလျှင် ကိုက်ဖြတ်ပြီး ရှုပ်ပွသွားစေသည်။ အဝတ်များ၊ ဖိနပ်များ၊ ပရိဘောဂများကို ကိုက်သည်။ အရာအားလုံးကို ကိုက်သည်။ တစ်ခါတလေတွင် ပန်းကန်စင်များပေါ် တက်သည်။ ထိုပန်းကန်စင်များ သုံး၍ရနိုင်ပါတော့မည်လော။ ထိုပန်းကင်စင်များကို ပိုးသတ်မည်ဆိုလျှင်ပင် သင်တို့ စိတ်သက်သာရာရမည်မဟုတ်ပေ။ ထို့ကြောင့် လွှင့်သာလွှင့်ပစ်လိုက်သည်။ ဤအရာသည် လူများထံ ကြွက်များ သယ်ဆောင်လာသည့် ဒုက္ခများဖြစ်သည်။ သူတို့က ကြွက်သေးသေးလေးများပင်ဖြစ်သည်။ သို့သော် လူများသည် သူတို့ကို ဖြေရှင်းရန် နည်းလမ်းမရှိကြပေ။ သူတို့က ကြွက်များ၏ အနိုင်ကျင့်ခြင်းကိုပင် ခံကြရသည်။ ကြွက်အုပ်စုတစ်ခုလုံးကိုမူ ပြောရန်ပင်မလိုပေ။ ကြွက်နှစ်ကောင်နှင့်တင် အနှောင့်အယှက်ဖြစ်စေရန် လုံလောက်သည်။ သူတို့သည် ဘေးအန္တရာယ်ဖြစ်လာပြီဆိုလျှင် အကျိုးဆက်များက မတွေးဝံ့စရာဖြစ်သည်။ ထို့ပြင် ပုရွက်ဆိတ်သေးသေးလေးများက ဘေးအန္တရာယ်ဖြစ်လာမည်ဆိုလျှင် လူသားတို့အပေါ်ကို သူတို့ပြုလုပ်မည့် ထိခိုက်မှုများကိုလည်း လျစ်လျူရှု၍မရပေ။ အိမ်တစ်အိမ်ပြိုသွားသည့်အထိ ပုရွက်ဆိတ်များ ကိုက်ဖြတ်ကြတာမျိုးက ဖြစ်လေ့ရှိသည့် အရာတစ်ခုဖြစ်သည်။ သူတို့၏ အားအင်ကို သတိမပြု၍မရပေ။ မြင်းတစ်ကောင်ကိုစားလိုက်သည့် ပုရွက်ဆိတ်အုပ်စုအကြောင်းကို သင်ကြားလိုက်သလော။ မြင်းကြီးတစ်ကောင်အပေါ်တွင် အုံဖွဲ့နေသည့် ပုရွက်ဆိတ်အုပ်စုတစ်စုရှိပြီး မြင်းက အရိုးပဲ ကျန်ပါတော့သည်။ ဤအရာသည် ကြောက်စရာမဟုတ်ပေလော။ မြင်းစီးသူက ဤအရာကို မြင်သည့်အခါတွင် သူအဘယ်အရပ်ကို ပြေးသနည်း။ အနီးအနားတွင် ရေအိုင်တစ်ခုရှိသည်။ ဤသို့နှင့် ရေအိုင်ဆီပြေးပြီး တစ်ခြားဖက်ကို ကူးသွားခဲ့သည်။ ဤသို့ဖြင့် သူအသက်ရှင်ခဲ့သည်။ သို့သော် ဤအရာကို သူမြင်ပြီးသည့်နောက်တွင် ဤပုရွက်ဆိတ်များသည် ထင်မှတ်မထားသည့် အားအင်များရှိသည်ကို သူ့ဘဝတစ်လျှောက်လုံး မမေ့နိုင်ခဲ့ပေ။ ထိုပုရွက်ဆိတ်တို့သည် သူ့ကိုစားခါနီးဆဲဆဲဖြစ်ခဲ့သည်။ သူသာ မြင်းမရှိခဲ့လျှင် ပုရွက်ဆိတ်များက သူ့ကိုအရင်စားမည်မှာ သေချာသည်။ သူတို့ကြားတွင် ရေများရှိသည့်အတွက် သူ့ကိုသွားစားရန်အတွက် အချိန်မီတံတားလုပ်၍ မရနိုင်ခဲ့ပေ။ ရေသာ ထိုနေရာမှာမရှိလျှင် မြင်းရောလူပါ အတူတူ အစားခံရမည်ဖြစ်သည်။ ပုရွက်ဆိတ်များ၏ အင်အားကို လျှော့တွက်၍ မရပေ။ နောက်ပြီး မတူညီသည့် ငှက်အမျိုးမျိုးက ဘေးအန္တရာယ်အဖြစ်ပြောင်းသွားလျှင် ဤအရာသည်လည်း ကြောက်စရာကောင်းသည့် အရာတစ်ခုဖြစ်လာနိုင်မည်လော။ (ဖြစ်လာနိုင်ပါသည်။) တစ်နည်းပြောရလျှင် မည်သည့် တိရစ္ဆာန် သို့မဟုတ် သက်ရှိပဲဖြစ်ပါစေ၊ သူတို့၏ ဟန်ချက်ညီမှု ဆုံးရှုံးသွားလျှင် သူတို့သည် ကြီးထွားလာမည်။ မျိုးပွားမည်။ ပုံမှန်မဟုတ်သည့် နယ်မြေ၊ သာမန်မဟုတ်သည့် နယ်မြေအတွင်းတွင် နေလာကြမည်။ ဤအချက်က မတွေးဝံ့စရာ အကျိုးဆက်များကို လူသားများထံ သယ်ဆောင်လာမည်။ ဤအရာသည် လူသားများ၏ ရှင်သန်ရပ်တည်မှုနှင့် ဘဝများကို သက်ရောက်စေရုံတင်မကဘဲ လူများသည် လုံးဝ ပျက်သုဉ်းသွားသည့်အထိ၊ မျိုးသုဉ်းမှုကို ခံစားကြရသည့်အထိပင် လူသားမျိုးနွယ်ထံ ဘေးအန္တရာယ်များ ကျရောက်စေနိုင်သည်။

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အချိန်တွင် ဤအရာများကို ဟန်ချက်ညီစေရန်၊ တောင်များနှင့် အင်းအိုင်များအတွက် အသက်ရှင်သန်မှု အခြေအနေများကို ဟန်ချက်ညီစေရန်၊ အပင်များ၊ တိရစ္ဆာန်အမျိုးအစားအားလုံး၊ ငှက်များ၊ ပိုးမွှားများအတွက် အသက်ရှင်သန်မှု အခြေအနေကို ဟန်ချက်ညီစေရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။ သူ၏ ပန်းတိုင်က သူတည်ဆောက်ခဲ့သည့် နိယာမအတွင်းတွင် သက်ရှိသတ္တဝါအားလုံးသည် ရှင်သန်နေထိုင်ပြီး မျိုးပွားကြခြင်းအခွင့်ကို ပေးရန်ဖြစ်သည်။ အရာအားလုံးသည် ဤနိယာမများ၏ အပြင်ဘက်ကို သွား၍မရပေ။ ဤနိယာမများကို ချိုးဖောက်၍မရပေ။ ဤကဲ့သို့သော အခြေခံ ပတ်ဝန်းကျင်အတွင်းတွင်သာ လူသားများသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဘေးကင်းစွာနှင့် ရှင်သန်နိုင်မည်။ ပွားများနိုင်မည်။ မည်သည့်သတ္တဝါမဆို ဘုရားသခင်တည်ဆောက်ထားသည့် အရေအတွက် သို့မဟုတ် နယ်ပယ်ကို ကျော်သွားလျှင် သို့မဟုတ် သူ့စည်းမျဉ်းအောက်က ကြီးထွားမှုနှုန်း၊ အကြိမ်ရေ သို့မဟုတ် အရေအတွက်ကို ကျော်လွန်သွားလျှင် လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်နိုင်ရေး ပတ်ဝန်းကျင်သည် ပျက်စီးမှု အဆင့်အမျိုးမျိုးကို ခံစားရပါလိမ့်မည်။ နောက်ပြီး တစ်ချိန်တည်းတွင်ပင် လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်မှုအတွက် အန္တရာယ်ကျရောက်လာပါလိမ့်မည်။ သက်ရှိသတ္တဝါအမျိုးအစားတစ်ခုက အရေအတွက် အလွန်များလျှင် လူများ၏အစားအစာကို လုယက်မည်။ လူများ၏ ရေအရင်းအမြစ်များကို ဖျက်ဆီးမည်။ သူတို့၏ မွေးရပ်မြေများကို ဖျက်ဆီးကြပါလိမ့်မည်။ ဤသို့ဖြင့် လူသား၏မျိုးပွားမှု သို့မဟုတ် ရှင်သန်ရပ်တည်ရေး အဆင့်သည် ချက်ချင်းပင် ထိခိုက်မှုရှိလာမည်။ ဥပမာ ရေသည် အရာအားလုံးအတွက် အလွန်အရေးကြီးသည်။ ကြွက်၊ ပုရွက်ဆိတ်၊ ခြနှင့် ဖားများ သို့မဟုတ် အခြားတိရစ္ဆာန်များ၏ အရေအတွက်က အလွန်များလျှင် သူတို့သည် ရေကို ပိုသောက်ကြမည်။ သူတို့သောက်သုံးသည့် ရေပမာဏ တိုးမြှင့်လာသည့်အခါတွင် သတ်မှတ်ထားပြီးဖြစ်သည့် သောက်ရေနှင့် ရေပါဝင်သည့်နေရာ အရင်းအမြစ်များအတွင်းတွင် လူများ၏ သောက်ရေနှင့် ရေအရင်းအမြစ်များသည် လျော့ကျလာမည်။ သူတို့သည် ရေပြတ်လပ်လာမည်။ တိရစ္ဆာန်မျိုးစုံ၏ အရေအတွက် တိုးမြင့်လာခြင်းကြောင့် လူများ၏ သောက်ရေသည် ဖျက်ဆီးခံရလျှင်၊ မသန့်စင်တော့လျှင် သို့မဟုတ် ပြတ်တောက်သွားလျှင် ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသည့် ရှင်သန်ရပ်တည်ရေး ပတ်ဝန်းကျင်အောက်တွင် လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်ရေးသည် အမှန်တကယ်ကို အန္တရာယ်ကျရောက်လာပါလိမ့်မည်။ သက်ရှိသတ္တဝါများ၏ အမျိုးအစားတစ်မျိုး သို့မဟုတ် သက်ရှိသတ္တဝါအမျိုးမျိုးသည် သူတို့၏သင့်တော်သည့် အရေအတွက်ကို ကျော်လွန်သွားလျှင် လေ၊ အပူချိန်၊ စိုစွတ်မှုနှင့် ရှင်သန်ရပ်တည်ရေးအတွက် လူသားတို့၏ နေရာအတွင်းတွင်ရှိသည့် လေထုပင်လျှင် အဆိပ်သင့်လာမည်ဖြစ်ပြီး အခြေအနေအမျိုးမျိုးအထိ ဖျက်ဆီးခံရမည်။ အလားတူပင် ဤခြေအနေမျိုးတွင် လူသားတို့၏ ရှင်သန်ရပ်တည်ရေးနှင့် ကံကြမ္မာသည် ထိုပတ်ဝန်းကျင်မျိုး၏ အန္တရာယ်ကျရောက်လာပါဦးမည်။ ထို့ကြောင့် လူများသည် ဤဟန်ချက်ညီမှုများ ဆုံးရှုံးသွားလျှင် သူတို့အသက်ရှူသည့်လေသည် ပျက်စီးမည်။ သူတို့သောက်သည့်ရေသည် ညစ်ညမ်းမည်။ သူတို့လိုအပ်သည့် အပူချိန်သည်လည်း ပြောင်းလဲသွားပြီး မတူညီသည့် အခြေအနေအမျိုးမျိုးအထိ ထိခိုက်ပါလိမ့်မည်။ ဤကဲ့သို့ဖြစ်လာလျှင် လူသားတို့၏ ရှင်သန်ရပ်တည်နိုင်သည့် ဇာတိ ပတ်ဝန်းကျင်သည် ကြီးမားသည့် ထိခိုက်မှုနှင့် စိန်ခေါ်မှုများ ကျရောက်လာပါလိမ့်မည်။ လူသားတို့၏ ရှင်သန်ရပ်တည်နိုင်ရေး အခြေခံ ပတ်ဝန်းကျင်သည် ဖျက်ဆီးခံရသည့် ဤကဲ့သို့သော အခြေအနေမျိုးတွင် လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် ရှေ့ရေးက မည်သို့ဖြစ်မည်နည်း။ ဤသည်မှာ အလွန်အရေးကြီးသည့် ပြဿနာဖြစ်သည်။ လူသားမျိုးနွယ်အတွက် အရာအားလုံးသည် မည်ကဲ့သို့ဖြစ်သည်၊ သူဖန်ဆင်းခဲ့သည့် အမျိုးအစားတိုင်း၏ တာဝန်၊ ယင်းက လူများအပေါ်တွင် မည်သို့သက်ရောက်မှုမျိုးရှိသည်၊ လူသားမျိုးနွယ်အတွက် မည်မျှထိ အကျိုးရှိသည် စသည်တို့ကို ဘုရားသခင်သိသည့်အတွက်ကြောင့် ဘုရားသခင်၏ နှလုံးသားထဲတွင် ဤအရာများအားလုံးအတွက် အစီအစဉ်တစ်ခုရှိပြီး သူဖန်ဆင်းခဲ့သည့် အရာတစ်ခုချင်းစီတိုင်းကို စီမံသည်။ ထို့ကြောင့် လူသားအတွက် သူလုပ်ဆောင်သည့် အရာအားလုံးသည် အလွန်အရေးကြီးသည်။ ယင်းတို့အားလုံးသည် လိုအပ်သည်။ ထို့ကြောင့် အရာအားလုံးထဲတွင် ဂေဟစနစ်ဆိုင်ရာ ဖြစ်ရပ်အချို့ကို သင်မြင်သည်ဖြစ်စေ သို့မဟုတ် အရာအားလုံးထဲတွင် သဘာဝနိယာမအချို့ကို သင်မြင်သည်ဖြစ်စေ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာတစ်ခုစီတိုင်း၏ လိုအပ်မှုအပေါ်တွင် သင်သည် သံသယဖြစ်မည်မဟုတ်တော့ပေ။ အရာအားလုံးအပေါ်တွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်အတွက် ထောက်ပံ့သည့် သူ၏နည်းလမ်းအမျိုးမျိုးအပေါ်တွင် ဖြစ်သလို ဝေဖန်အကဲဖြတ်ရန်အတွက် အသိပညာမရှိသည့် စကားလုံးများကို သင်အသုံးပြုမည် မဟုတ်တော့ပေ။ သူဖန်ဆင်းခဲ့သည့် အရာအားလုံးအတွက် ဘုရားသခင်၏ နိယာမပေါ်တွင် ဖြစ်သလို ကောက်ချက်ချခြင်းများလည်း လုပ်မည်မဟုတ်ပေ။ ဤသည်မှာ မမှန်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

သက်ဆိုင်သည့် အကြောင်းအရာ