အမှုအရာအားလုံးအတွက် ဘုရားသခင်၏ ပညတ်တော်များသည် လူသားမျိုးနွယ်၏ ရှင်သန်ခြင်း နှင့် ခွဲခြား၍မရနိုင်အောင် ဆက်စပ်နေသည်

13.11.2020

ဤအရာများထဲမှ အချို့ကို ပြောဆိုပြီးသည့်နောက်တွင်၊ ယခုတွင် ငါတို့ ဆွေးနွေးခဲ့သည့် အဓိက အကြောင်းအရာနှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို လေ့လာကြပြီး ဖြစ်သည်ဟု သင်တို့ ခံစားရသလော။ ယင်းကို သင်တို့ စတင် နားလည်နေကြသည်ဟု ခံစားရသလော။ သာ၍ ကျယ်ပြန်သည့် အကြောင်းအရာများအတွင်း ဤသွင်ပြင်လက္ခဏာများ အကြောင်း ပြောဆိုဖို့ ငါ ရွေးချယ်ရသည့် အကြောင်းရင်းနှင့်ဆိုင်သည့် အကြမ်းဖျင်း စိတ်ကူးတစ်ခု ယခု သင်တို့ ရှိသင့်သည်ဟု ငါ ယုံကြည်သည်။ မှန်သလော။ ထိုအရာများထဲမှ မည်မျှကို သင်တို့ နားလည်သည်နှင့် ပတ်သက်၍ အနည်းငယ် သင်တို့ ပြောကောင်း ပြောနိုင်ပေမည်။ (လူသားမျိုးနွယ် အားလုံးသည် အရာခပ်သိမ်းအတွက် ဘုရားသခင် သတ်မှတ်ထားသည့် နိယာမများအားဖြင့် ပြုစုစောင့်ရှောက် ခံရပြီး ဖြစ်သည်။ ဘုရားသခင်သည် ဤနိယာမများကို ပိုင်းခြားသတ်မှတ်သည့်အချိန်တွင်၊ သူသည် မတူညီသည့် မျိုးနွယ်စုများကို ပတ်ဝန်းကျင်များ၊ မတူညီသည့် ဘဝနေထိုင်မှု ပုံစံများ၊ မတူညီသည့် အစားအစာများ၊ မတူညီသည့် ရာသီဥတုများနှင့် အပူချိန်များကို ပံ့ပိုးခဲ့ပါသည်။ ဤသည်မှာ လူသားမျိုးနွယ် အားလုံးသည် ကမ္ဘာမြေတွင် အခြေချနိုင်ပြီး ရှင်သန်နိုင်ရန်အလို့ငှာ ဖြစ်ပါသည်။ ဤအရာမှ လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် ဘုရားသခင်၏ အစီအစဉ်များသည် အလွန် တိကျသည်ကို ကျွန်ုပ်တွေ့မြင်နိုင်ပြီး၊ သူ၏ဉာဏ်ပညာ၊ စုံလင်မှုနှင့် ကျွန်ုပ်တို့ လူသားများအတွက် သူ၏ချစ်ခြင်းမေတ္တာကို တွေ့မြင်နိုင်ပါသည်။) (ဘုရားသခင် သတ်မှတ်ထားသည့် နိယာမများနှင့် နယ်ပယ်များကို မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာကမျှ ပြောင်းလဲ၍မရနိုင်ပါ။ အားလုံးသည် သူ၏ အုပ်စိုးမှုအောက်တွင် ရှိပါသည်။) အရာခပ်သိမ်း၏ ကြီးထွားမှုအတွက် ဘုရားသခင် သတ်မှတ်ခဲ့သည့် နိယာမများ၏ ရှုထောင့်မှ ကြည့်ရာတွင်၊ လူသားမျိုးနွယ်အားလုံးသည် အမျိုးအစား အစုံအလင်ဖြင့် ဘုရားသခင်၏ ထောက်ပံ့မှုနှင့် ပြုစုစောင့်ရှောက်မှု ခံရကြသည် မဟုတ်လော။ ဤနိယာမများသည် ဖျက်ဆီးခံခဲ့ရပါက သို့မဟုတ် ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ဤနိယာမများကို မထူထောင်ခဲ့ပါက၊ လူသားမျိုးနွယ်၏ ရှေ့ရေးက မည်သည့်အရာ ဖြစ်မည်နည်း။ လူသားများသည် ရှင်သန်မှုအတွက် ၎င်းတို့၏ အခြေခံပတ်ဝန်းကျင်ကို ဆုံးရှုံးသွားပြီးသည့်နောက်တွင်၊ အစားအစာ အရင်းအမြစ် တစ်ခုတစ်လေ ၎င်းတို့ ရှိပါဦးမည်လော။ အစားအစာ အရင်းအမြစ်သည် ပြဿနာ တစ်ခု ဖြစ်လာနိုင်သည်။ လူများသည် ၎င်းတို့၏ အစားအစာ အရင်းအမြစ် ဆုံးရှုံးသွားပါက၊ ဆိုလိုသည်မှာ ၎င်းတို့သည် စားစရာ မည်သည့်အရာမျှ မရရှိနိုင်ပါက၊ ရက်ပေါင်းမည်မျှ ၎င်းတို့ ရှေ့ဆက်နိုင်မည်နည်း။ တစ်လပင် ခံဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ တကယ့် ရှင်သန်မှုသည် ပြဿနာ တစ်ခု ဖြစ်လာပေမည်။ ထို့ကြောင့် လူတို့၏ ရှင်သန်မှုအတွက်၊ ၎င်းတို့၏ ဆက်လက် တည်ရှိခြင်း၊ မျိုးပွားခြင်းနှင့် အသက်ရှင်နေနိုင်မှုတို့အတွက် ဘုရားသခင် လုပ်ဆောင်သည့်အရာ တစ်ခုချင်းစီတိုင်းသည် အလွန် အရေးကြီး၏။ သူ၏ ဖန်ဆင်းခြင်း အရာများထဲတွင် ဘုရားသခင် လုပ်ဆောင်သည့် အရာတစ်ခုချင်းစီတိုင်းသည် လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နီးစပ်စွာ ဆက်စပ်နေပြီး ခွဲခြား၍မရပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုသည် ပြဿနာ တစ်ခု ဖြစ်လာပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု ရှေ့ဆက်နိုင်ပါမည်လော။ ဘုရားသခင်၏ စီမံခန့်ခွဲမှု တည်ရှိဦးမည်လော။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် သူ ပြုစုပျိုးထောင်သည့် လူသားမျိုးနွယ် အားလုံး၏ ရှင်သန်မှုနှင့် ယှဉ်တွဲ တည်ရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ ဖန်ဆင်းခြင်း အရာအားလုံးအတွက် မည်သည့်‌ ပြင်ဆင်မှုများကို ပြုလုပ်ပြီး လူသားတို့အတွက် မည်သည့်အရာကို သူလုပ်ဆောင်သည် ဖြစ်စေ၊ ဤအရာများ အားလုံးသည် သူ့အတွက် လိုအပ်ပြီး လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် အလွန် အရေးကြီးပေသည်။ အရာခပ်သိမ်းအတွက် ဘုရားသခင် ပိုင်းခြားသတ်မှတ်ခဲ့သည့် ဤနိယာမများသည် သွေဖည်သွားခဲ့မည် ဆိုပါက၊ ဤနိယာမများသည် ပျက်ပြားသွားခဲ့မည် သို့မဟုတ် နှောင့်ယှက်ခံခဲ့ရမည် ဆိုပါက၊ အရာအားလုံးသည် ဆက်လက် တည်ရှိနိုင်မည် မဟုတ်၊ လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် ပတ်ဝန်းကျင်သည် ဆက်လက် တည်ရှိမည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ နေ့စဉ် အာဟာရ ဖြစ်စေ လူသားမျိုးနွယ်ကိုယ်၌ ဖြစ်စေ တည်ရှိမည် မဟုတ်တော့ပေ။ ဤအကြောင်းအကြောင့်၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုလည်း ဆက်လက် တည်ရှိမည် မဟုတ်ပေ။

ငါတို့ ဆွေးနွေးပြီးသည့် အရာတိုင်း၊ တစ်ခုချင်းစီတိုင်း၊ အချက်အလက်တိုင်းသည် လူတစ်ဦးချင်းစီတိုင်း၏ ရှင်သန်မှုနှင့် အတွင်းကျကျ ဆက်နွှယ်ပေသည်။ သင်တို့က၊ “ကိုယ်တော် ပြောနေသည့် အကြောင်းအရာသည် အလွန် ကြီးမားလှသည်၊ ယင်းမှာ ကျွန်ုပ်တို့ မမြင်နိုင်သည့် အရာတစ်ခု ဖြစ်သည်။” ဟု ပြောကောင်း ပြောကြမည်ဖြစ်ပြီး၊ “ကိုယ်တော်ပြောနေသည့် အကြောင်းအရာသည် ကျွန်ုပ်နှင့် မည်သို့မျှ မဆိုင်ပါ။” ဟု ပြောမည့် လူများ ရှိကောင်း ရှိပေမည်။ သို့သော် သင်သည် အရာခပ်သိမ်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရှင်သန်နေသည်ကို မမေ့နှင့်။ သင်သည် ဘုရားသခင်၏အုပ်စိုးမှုအောက်ရှိ အရာအားလုံးထဲမှ တစ်ဦး ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာများသည် ဘုရားသခင်၏ အုပ်စိုးမှုမှ ခွဲထွက်၍မရနိုင်သကဲ့သို့၊ မည်သည့် လူတစ်ဦးတစ်ယောက်မျှ သူ၏အုပ်စိုးမှုမှ မိမိကိုယ်ကိုယ် ခွဲထွက်၍မရပေ။ သူ၏အုပ်စိုးမှုနှင့် သူ၏ပံ့ပိုးမှုတို့ကို ဆုံးရှုံးခြင်းသည် လူတို့၏အသက်များ၊ လူတို့၏ အသွေးအသား ဘဝများ ပျောက်ကွယ်သွားမည်ကို ဆိုလိုပေမည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ရှင်သန်မှု ပတ်ဝန်းကျင်များအား ဘုရားသခင် တည်ဆောက်ခြင်း၏ အရေးပါမှု ဖြစ်သည်။ သင်သည် မည်သည့်လူမျိုးနွယ်စုနှင့် သက်ဆိုင်သည်ဖြစ်စေ သို့မဟုတ် အနောက်အရပ်ဖြစ်စေ၊ အရှေ့အရပ်ဖြစ်စေ၊ မည်သည့် ကုန်းမြေတစ်စတွင် သင် နေထိုင်သည်ဖြစ်စေ- သင်သည် လူသားမျိုးနွယ်အတွက် ဘုရားသခင် ထူထောင်ခဲ့သည့် ရှင်သန်မှုအတွက် ဖြစ်သော ပတ်ဝန်းကျင်မှ မိမိကိုယ်ကိုယ် ခွဲထွက်၍မရသကဲ့သို့၊ လူသားတို့အတွက် သူ ထူထောင်ခဲ့သည့် ရှင်သန်မှုအတွက် ပြုစုပျိုးထောင်ပေးခြင်းနှင့် ပံ့ပိုးခြင်း ပတ်ဝန်းကျင်မှ မိမိကိုယ်ကိုယ် သင် ခွဲထွက်၍မရနိုင်ပေ။ သင်၏ အသက်မွေးဝမ်းကျောင်း မည်သည့်အရာဖြစ်စေ၊ အသက်ရှင်သန်ရန် မည်သည့်အရာကို သင်မှီခိုသည်ဖြစ်စေ၊ ပြီးလျှင် အသွေးအသားဖြင့် သင့်ဘဝကို အားဖြည့်ရန် မည်သည့်အရာကို သင် မှီခိုသည်ဖြစ်စေ သင်သည် ဘုရားသခင်၏ အုပ်စိုးမှုနှင့် သူ၏စီမံခန့်ခွဲမှုမှ မိမိကိုယ်ကိုယ် ခွဲထွက်၍ မရနိုင်ပေ။ လူအချို့က၊ “ကျွန်ုပ်က လယ်သမားမဟုတ်ပါ။ အသက်ရှင်ခြင်းအတွက် ကောက်ပဲသီးနှံ မစိုက်ပါ။ ကျွန်ုပ်၏ အစားအစာအတွက် ကောင်းကင်ဘုံကို ကျွန်ုပ် အမှီမပြုပါ၊ ထို့ကြောင့် ကျွန်ုပ်၏ ရှင်သန်မှုသည် ဘုရားသခင် ထူထောင်ခဲ့သည့် ရှင်သန်မှုအတွက်ဖြစ်သော ပတ်ဝန်းကျင်အတွင်းတွင် ဖြစ်နေခြင်း မဟုတ်ပါ။ ထိုပတ်ဝန်းကျင်မျိုးမှ မည်သည့်အရာကိုမျှ ကျွန်ုပ်ကို ပေးမထားပါ။” ဟု ဆိုကြသည်။ ယင်းမှာ မှန်သလော။ သင်က အသက်ရှင်ခြင်းအတွက် ကောက်ပဲသီးနှံမစိုက်ပျိုးဟု ဆိုသော်လည်း၊ အစေ့အဆန်များကို သင်မစားသလော။ အသားနှင့် ဥများကို သင် မစားသလော။ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများကို မစားသလော။ သင် စားသည့်အရာတိုင်း၊ သင် လိုအပ်သည့် ဤအရာအားလုံးသည် လူသားမျိုးနွယ်အတွက် ဘုရားသခင် ထူထောင်ခဲ့သည့် ရှင်သန်မှုအတွက် ပတ်ဝန်းကျင်နှင့် ခွဲခြား၍မရနိုင်ပေ။ ပြီးလျှင် လူသားမျိုးနွယ် လိုအပ်သည့် အရာရာတိုင်း၏ အရင်းအမြစ်သည် ရှင်သန်မှုအတွက် သင်တို့၏ ပတ်ဝန်းကျင်များ အလုံးစုံ ပါဝင်သည့် ဘုရားသခင်ဖန်ဆင်းခဲ့သော အရာအားလုံးမှ ခွဲခြား၍မရပေ။ သင် သောက်သုံးသည့်ရေ၊ သင် ဝတ်သည့် အဝတ်အစားနှင့် သင် အသုံးပြုသည့် အရာများ အားလုံး- ဤအရာများထဲမှ မည်သည့်အရာသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာအားလုံးထဲတွင် မပါဝင်သနည်း။ လူအချို့က၊ “ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာများမှ မရရှိသည့် ပစ္စည်းအချို့ရှိသည်။ ပလတ်စတစ်သည် ထိုပစ္စည်းများထဲမှ တစ်ခု ဖြစ်သည်။ ယင်းသည် ဓါတုပစ္စည်း တစ်ခု၊ လူလုပ်ထားသည့် အရာတစ်ခု ဖြစ်သည်။”ဟု ဆိုကြသည်။ ယင်းမှာ မှန်ပါ၏လော။ ပလတ်စတစ်သည် ဧကန်အမှန် လူလုပ်ထားသည့် အရာဖြစ်ပြီး၊ ဓါတုပစ္စည်း တစ်ခု ဖြစ်သည်၊ သို့သော် ပလတ်စတစ်၏ မူလ ပါဝင်ပစ္စည်းများသည် မည်သည့်နေရာမှ လာသနည်း။ မူလ ပါဝင်ပစ္စည်းများသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ဝတ္ထုပစ္စည်းများမှ ရရှိခဲ့ပေသည်။ သင် မြင်ကာ နှစ်သက်ခံစားသည့် အရာများ၊ သင် အသုံးပြုသည့် အရာတစ်ခုစီတိုင်း၊ ထိုအရာအားလုံးကို ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာများမှ ရရှိပေသည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် မည်သည့် မျိုးနွယ်စုနှင့် သက်ဆိုင်သည် ဖြစ်စေ၊ မည်သည့် အသက်မွေးဝမ်းမှု ဖြစ်စေ၊ သို့မဟုတ် ရှင်သန်မှုအတွက် မည်သည့် ပတ်ဝန်းကျင် အမျိုးအစားတွင် ၎င်းတို့ နေထိုင်သည် ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ ပံ့ပိုးပေးသည့်အရာမှ ခွဲထွက်၍မရနိုင်ပေ။ သို့ဆိုလျှင် ယနေ့ ငါတို့ ဆွေးနွေးပြီးသည့် ဤအရာများသည် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏။” ဟူသည့် ခေါင်းစဉ်နှင့် ဆက်နွှယ်သလော။ ယနေ့ ငါတို့ ဆွေးနွေးပြီးသည့် အရာများသည် ဤသာ၍ကြီးမားသည့် အကြောင်းအရာအောက်မှာ အကျုံးဝင်သလော။ (အကျုံးဝင်ပါသည်။) ယနေ့ ငါပြောဆိုပြီးသည့် အရာအချို့က အနည်းငယ် ယေဘုယျဆန်ပြီး ဆွေးနွေးရန် ခက်ခဲကောင်း ခက်ခဲပေမည်။ သို့သော် ယခု သင်တို့သည် ယင်းနှင့် သက်ဆိုင်သည့် သာ၍ ကောင်းမွန်သော သိနားလည်မှု တစ်ခု ရှိသည်မှာ သေချာသလောက် ဖြစ်သည်ဟု ငါ ထင်သည်။

မိတ်သဟာယပြုရာတွင် ဤပြီးခဲ့သည့် အခေါက် အနည်းငယ်တွင်၊ ငါတို့ မိတ်သဟာယပြုပြီးသည့် အကြောင်းအရာများ၏ အပိုင်းအခြားသည် အတော်အတန် ကျယ်ပြန့်သကဲ့သို့၊ ယင်းတို့၏ နယ်ပယ်သည် အတော်အတန် ကျယ်ပြန့်သည်၊ ထို့ကြောင့် သင်တို့အတွက် အားလုံးကို ခံယူရန် အနည်းငယ် အားထုတ်ရပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဤအကြောင်းအရာများသည် ဘုရားသခင်၌ လူတို့၏ ယုံကြည်မှုတွင် ယခင်က မကိုင်တွယ် မဖြေရှင်းဖူးသော အရာများ ဖြစ်သောကြောင့် ဖြစ်သည်။ လူအချို့သည် ဤအရာများကို နက်နဲမှု တစ်ခုအဖြစ် ကြားကြပြီး အချို့လူများက ပုံပြင်တစ်ပုဒ်အနေနှင့် ကြားကြသည်- မည်သည့် ရှုထောင့်သည် မှန်သနည်း။ မည်သည့်ရှုထောင့်မှ ဤအရာအားလုံးကို သင်တို့ကြားသနည်း။ (ဘုရားသခင်သည် သူ၏ ဖန်ဆင်းခြင်း အရာအားလုံးကို မည်သို့ စနစ်တကျ စီစဉ်သည်ဆိုသည်နှင့်၊ အရာခပ်သိမ်းသည် နိယာမများ ရှိသည်ဆိုသည်တို့ကို ကျွန်ုပ်တို့ တွေ့မြင်ကြပြီးဖြစ်ကာ၊ ဤနှုတ်ကပတ်တော်များမှတစ်ဆင့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် သူ၏ စေ့စပ်သည့် စီစဉ်မှုများကို ကျွန်ုပ်တို့ နားလည်နိုင်ပါသည်။) မိတ်သဟာယပြုခြင်းဖြင့် ဤအချိန်များမှ တစ်ဆင့်၊ အရာခပ်သိမ်းနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု နယ်ပယ်မှာ မည်မျှဝေးဝေး တိုးချဲ့သည်ကို သင်တို့မြင်ပြီလော။ (လူသားမျိုးနွယ် အားလုံးကို ကျော်လွန်သည်၊ အရာခပ်သိမ်းကို ကျော်လွန်ပါသည်။) ဘုရားသခင်သည် လူမျိုးနွယ်စု တစ်စု၏ ဘုရားသခင်လော။ သူက လူအမျိုးအစား တစ်ခု၏ ဘုရားလော။ သူသည် လူသားမျိုးနွယ်၏ သေးငယ်သည့် အစိတ်အပိုင်း တစ်ခု၏ ဘုရားလော။ (မဟုတ်ပါ။) ထိုသို့မဟုတ်သည့်အတွက် ဘုရားသခင်နှင့်ဆိုင်သည့် သင်တို့၏ အသိပညာအရ၊ သူသည် လူသားမျိုးနွယ်၏ သေးငယ်သည့် အစိတ်အပိုင်း တစ်ခု၏ ဘုရားသာ ဖြစ်ပါက၊ သို့မဟုတ် သူသည် သင် တစ်ဦးတည်း၏ ဘုရား ဖြစ်ပါက၊ ဤရှုထောင့်သည် မှန်ကန်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းကို စီမံခန့်ခွဲပြီး အုပ်စိုးသည့်အတွက်၊ လူတို့သည် အရာခပ်သိမ်းအပေါ် သူ၏အုပ်စိုးမှု၌ ထုတ်ဖော်ပြထားသည့် သူ၏ လုပ်ဆောင်ချက်များ၊ သူ၏ဉာဏ်ပညာနှင့် သူ၏အနန္တတန်ခိုးတို့ကို မြင်တွေ့သင့်ပေသည်။ ဤသည်မှာ လူတို့ သိရမည့်အရာ တစ်ခု ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို စီမံသည်၊ အရာခပ်သိမ်းအပေါ် အုပ်စိုးပြီး၊ လူသားမျိုးနွယ်အားလုံးကို အုပ်စိုးသည်ဟု သင်ဆိုသော်လည်း၊ လူသားမျိုးနွယ်အပေါ် သူ၏ အုပ်စိုးမှုနှင့်ဆိုင်သည့် သိနားလည်ခြင်း သို့မဟုတ် ထိုးထွင်းသိမြင်ခြင်း မရှိပါက၊ အရာခပ်သိမ်းအပေါ် သူ အုပ်စိုးသည်ကို သင် အမှန်တကယ် အသိအမှတ်ပြုနိုင်ပါသလော။ သင့်အနေဖြင့်၊ “ငါ၏ဘဝကို ဘုရားသခင်က လုံးဝ အုပ်စိုးသည်ကို ငါ သိသောကြောင့် ငါ အသိအမှတ်ပြုနိုင်သည်။”ဟု သင်၏ စိတ်နှလုံးတွင် တွေးကောင်းတွေးနိုင်သည်။ သို့သော် ဘုရားသခင်သည် အမှန်တကယ် ထိုမျှ သေးငယ်သလော။ မသေးငယ်ပေ။ သင်သည် သင့်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် သင့်အထဲက သူ၏အမှုကိုသာ မြင်ပြီး၊ ဤအရာများမှသာ သူ၏အုပ်စိုးမှုကို သင်မြင်ပေသည်။ ယင်းမှာ အလွန် သေးငယ်သည့် နယ်ပယ် တစ်ခု ဖြစ်ပြီး၊ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သည့် အသိပညာအတွက် သင်၏ မျှော်လင့်ချက်များအပေါ် ထိခိုက်နစ်နာစေသည့် သက်ရောက်မှု ရှိလေသည်။ ယင်းက အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုနှင့်သက်ဆိုင်သည့် သင်၏ စစ်မှန်သည့် အသိပညာကိုလည်း ကန့်သတ်သည်။ သင်သည် ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏အသိကို သင့်အတွက် ဘုရားသခင် ပံ့ပိုးပေးသည့်အရာနှင့် သင့်အတွက် သူ၏ ကယ်တင်ခြင်း နယ်ပယ်အထိသာ ကန့်သတ်ထားပါက၊ သူသည် အရာရာတိုင်းအပေါ် အုပ်စိုးသည်၊ အရာခပ်သိမ်းအပေါ် အုပ်စိုးပြီး လူသားအားလုံးအပေါ် အုပ်စိုးသည်ကို မည်သည့်အခါတွင်မျှ သင် သတိပြုမိနိုင်မည် မဟုတ်ပေ။ ဤအရာများအားလုံးကို သင် သတိမပြုမိနိုင်သည့်အခါ၊ ဘုရားသခင်သည် သင်၏ ကံကြမ္မာအပေါ် အုပ်စိုးသည်ဆိုသည့် အချက်ကို သင် အမှန်တကယ် သတိပြုနိုင်မည်လော။ သတိမပြုနိုင်ပေ။ သင်၏ စိတ်နှလုံးတွင် ထိုရှုထောင့်ကို သင် မည်သည့်အခါတွင်မျှ သတိပြုမိနိုင်လိမ့်မည် မဟုတ်ပေ- ထိုသို့သော မြင့်မားသည့် သိနားလည်မှု အဆင့်တစ်ခုကို သင် မည်သည့်အခါတွင်မျှ ရောက်ရှိနိုင်လိမ့်မည် မဟုတ်။ ငါ ပြောနေသည့်အရာကို သင်နားလည်သည် မဟုတ်လော။ အမှန်တကယ်တွင် သင်သည် ဤခေါင်းစဉ်များ၊ ငါပြောဆိုနေသည့် ဤအကြောင်းအရာကို မည်သည့်အတိုင်းအတာအထိ နားလည်နိုင်သည်ကို ငါသိသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ငါသည် ထိုအကြောင်းကို ပြောမြဲပြောနေရသနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဤအကြောင်းအရာများသည် ဘုရားသခင်၏ နောက်လိုက် တစ်ဦးချင်းစီတိုင်း၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံလိုသည့် လူတစ်ဦးချင်းစီတိုင်းက နားလည်ရမည့် အရာများ ဖြစ်သောကြောင့် ဖြစ်သည်- ဤအကြောင်းအရာများကို သိနားလည်ဖို့ မုချ လိုအပ်သည်။ ဤအခိုက်အတန့်တွင် ယင်းတို့ကို သင် နားမလည်သော်လည်း၊ တစ်နေ့နေ့တွင် သင်၏ အသက်နှင့် သမ္မာတရားအပေါ် သင်၏ အတွေ့အကြုံသည် အဆင့် တစ်ခုကို ရောက်ရှိသွားချိန်၊ သင်၏ အသက် စိတ်သဘောထားထဲက ပြောင်းလဲမှုသည် အဆင့် တစ်ခုကို ရောက်ရှိသွားပြီး၊ ဝိညာဉ်ရင့်ကျက်မှု အတိုင်းအတာ တစ်ခုခုကို သင် ရရှိသည့်အချိန်၊ ထိုအခါမှသာ မိတ်သဟာယ၌ ငါ သင့်ကို ဆက်သွယ်ပြောဆိုနေသည့် ဤအကြောင်းအရာများသည် ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာအား သင်၏ လိုက်စားမှုကို အမှန်တကယ် ပံ့ပိုးပေးကာ ဖြည့်ဆည်းပေးလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဤနှုတ်ကပတ်တော်များသည် အုတ်မြစ် တစ်ခုချရန်၊ အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသည်ဆိုသည့် သင်၏ အနာဂတ် သိနားလည်မှုနှင့် ဘုရားသခင် ကိုယ်တိုင်နှင့်ဆိုင်သည့် သင်၏ သိနားလည်မှုအတွက် သင့်ကို ပြင်ဆင်ရန် ဖြစ်ပေသည်။

လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှု မည်ရွေ့မည်မျှရှိပါစေ၊ ယင်းမှာ ၎င်းတို့ စိတ်နှလုံးများတွင် ဘုရားသခင် ကိုင်စွဲထားသည့် နေရာ အတိုင်းအတာလည်း ဖြစ်ပေသည်။ ၎င်းတို့ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိ မည်ရွေ့မည်မျှ ကြီးမားပါစေ၊ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မည်မျှကြီးမြတ်သည်ဆိုသည့်အရာ ဖြစ်၏။ သင် သိသည့် ဘုရားက အနှစ်မဲ့ပြီး မရေမရာ ဖြစ်ပါက၊ သင် ယုံကြည်သည့် ဘုရားသည်လည်း အနှစ်မဲ့ပြီး မရေမရာဖြစ်ပေသည်။ သင် သိသည့် ဘုရားသည် သင်၏ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အသက်တာ၏ နယ်ပယ်ထိ ကန့်သတ်ထားခြင်း ခံရပြီး စစ်မှန်သည့် ဘုရားသခင် ကိုယ်တိုင်နှင့် ဘာမျှသက်ဆိုင်မှု မရှိပေ။ ထို့ကြောင့် ဘုရားသခင်၏ လက်တွေ့ကျသည့် လုပ်ဆောင်ချက်များကို သိခြင်း၊ ဘုရားသခင်၏ စစ်မှန်မှုနှင့် သူ၏ အရာအားလုံး တတ်စွမ်းနိုင်ခြင်းကို သိခြင်း၊ ဘုရားသခင် ကိုယ်တိုင်၏ စစ်မှန်သည့် ပင်ကိုလက္ခဏာကို သိခြင်း၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သိခြင်း၊ သူ၏ ဖန်ဆင်းခြင်း အရာအားလုံးကြားတွင် သူ ထင်ရှားစေပြီးဖြစ်သည့် လုပ်ရပ်များကို သိခြင်း- ဤအရာများသည် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို လိုက်စားသည့် လူတစ်ဦးစီတိုင်းအဖို့ အလွန် အရေးကြီးပေသည်။ ယင်းတို့သည် လူများအနေဖြင့် သမ္မာတရား၏ စစ်မှန်မှုထဲကို ဝင်ရောက်နိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် တိုက်ရိုက် ဆက်စပ်မှုရှိသည်။ သင်သည် ဘုရားသခင်နှင့်ဆိုင်သည့် သင်၏သိနားလည်မှုကို စကားလုံးများ သက်သက်အဖြစ်သာ ကန့်သတ်ထားပါက၊ သင်၏ နည်းပါးသော ကိုယ်ပိုင်အတွေ့အကြုံအထိသာ၊ သင် ခန့်မှန်းသည့်အရာကို ဘုရားသခင်၏ကျေးဇူးတော်ဖြစ်ဖို့အထိ သို့မဟုတ် ဘုရားသခင်အဖို့ သင်၏ နည်းပါးသော သက်သေခံချက်များ အထိသာ ယင်းကို ကန့်သတ်ထားပါက၊ သင်ယုံကြည်သည့် ဘုရားသခင်သည် စစ်မှန်သည့်ဘုရားသခင်ကိုယ်တိုင် လုံးဝ မဟုတ်ဟု ငါပြော၏။ ထိုမျှမက သင်ယုံကြည်သည့် ဘုရားသခင်သည် စိတ်ကူးသက်သက် ဘုရားသခင် တစ်ပါးဖြစ်ပြီး၊ စစ်မှန်သည့်ဘုရားသခင် မဟုတ်ဟုလည်း ဆိုနိုင်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် စစ်မှန်သည့် ဘုရားသခင်သည် အရာရာတိုင်းအပေါ် အုပ်စိုးသည့်၊ အရာရာတိုင်းအလယ်တွင် လျှောက်လှမ်းသည့်၊ အရာရာတိုင်းကို စီမံသည့်သူ ဖြစ်သည်။ သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာနှင့် အရာရာတိုင်း၏ ကံကြမ္မာကို မိမိလက်တွင် ကိုင်စွဲထားသူ ဖြစ်သည်။ ငါပြောဆိုနေသည့် ဘုရားသခင်၏ အမှုနှင့် လုပ်ဆောင်ချက်များသည် လူအစိတ်အပိုင်း အနည်းငယ်မျှအထိသာ ကန့်သတ်မထားပေ။ ဆိုလိုသည်မှာ ယင်းတို့သည် လတ်တလော၌ သူ့နောက်ကို လိုက်နေသည့်လူများ အထိသာ ကန့်သတ်မထားပေ။ သူ၏ လုပ်ဆောင်ချက်များသည် အရာခပ်သိမ်းထဲတွင်၊ အရာခပ်သိမ်း၏ ရှင်သန်မှုနှင့် အရာခပ်သိမ်း၏ ပြောင်းလဲခြင်း နိယာမများထဲတွင် သိသာထင်ရှားလေသည်။

သင်သည် သူ၏ ဖန်ဆင်းခြင်း အရာအားလုံးထဲတွင် ဘုရားသခင်၏လုပ်ဆောင်ချက် တစ်ခုတစ်လေကို မမြင်နိုင်ပါက သို့မဟုတ် သတိမပြုမိနိုင်ပါက၊ သင်သည် သူ၏ မည်သည့် လုပ်ဆောင်ချက်များကိုမျှ သက်သေမခံနိုင်ပေ။ သင်သည် ဘုရားသခင်အတွက် သက်သေမခံနိုင်ပါက၊ သင်သည် သင်သိသည့် သေးငယ်သည့် ဘုရားဟုခေါ်သည့်အရာကိုသာ ဆက်လက် ပြောဆိုပါက၊ သင်၏ကိုယ်ပိုင် စိတ်ကူးများအထိ ကန့်သတ်ထားပြီး သင်၏ကျဉ်းမြောင်းသည့် စိတ်အတွင်း ပိတ်လှောင်ထားသည့် ထိုဘုရား၊ ထိုဘုရားမျိုးကို သင် ဆက်လက်ပြောဆိုပါက၊ ဘုရားသခင်သည် သင်၏ယုံကြည်ခြင်းကို မည်သည့်အခါတွင်မျှ ချီးမွမ်းလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် သက်သေခံသည့်အခါတွင်၊ သင်က ဘုရားသခင်၏ကျေးဇူးတော်ကို မည်သို့ မွေ့လျော်သည်၊ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှုနှင့် သူ၏ ပြစ်တင်ဆုံးမခြင်းကို သင် မည်သို့ လက်ခံသည်ဆိုသည်နှင့်၊ သူ့အတွက် သင်၏ သက်သေခံခြင်း၌ သူ၏ ကောင်းချီးမင်္ဂလာများကို သင် မည်သို့ မွေ့လျော်ခံစားသည် ဆိုသည်တို့အရသာ သင် ထိုသို့သက်သေခံပါက၊ ယင်းမှာ ဘယ်မှာမှ လုံလောက်ရန် မနီးစပ်သကဲ့သို့ သူ့ကို စိတ်ကျေနပ်စေရန်ပင် မနီးစပ်ပေ။ သင်သည် ဘုရားသခင်၏ အလိုနှင့်ကိုက်ညီသည့် နည်းလမ်းတစ်ခုဖြင့် ဘုရားသခင်အတွက် သက်သေခံလိုပါက၊ စစ်မှန်သည့် ဘုရားသခင် ကိုယ်တိုင်အတွက် သက်သေခံလိုပါက၊ သင်သည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သူ၏ လုပ်ဆောင်ချက်များမှ မြင်ရမည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ဩဇာအာဏာကို အရာခပ်သိမ်းအပေါ် သူ၏အုပ်စိုးမှုမှ တွေ့မြင်ရမည်ဖြစ်ပြီး လူသားမျိုးနွယ် အားလုံးအတွက် သူ မည်သို့ ပံ့ပိုးပေးသည်ဆိုသည့် သမ္မာတရားကို သင် မြင်ရမည်။ သင်သည် သင်၏ နေ့စဉ် အာဟာရနှင့် ဘဝ၌ သင်၏လိုအပ်ချက်များက ဘုရားသခင်ထံမှ လာသည်ဆိုသည်ကိုသာ အသိအမှတ်ပြုပြီး ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးနှင့်ဆိုင်သည့် ပံ့ပိုးမှုအတွက် သူ၏ ဖန်ဆင်းခြင်း အရာအားလုံးကို ဆောင်ယူပြီးဖြစ်သည်ဆိုသည်နှင့် အရာခပ်သိမ်းအပေါ် အုပ်စိုးခြင်းအားဖြင့် လူသားမျိုးနွယ် အားလုံးကို သူဦးဆောင်နေသည် ဆိုသည့်အမှန်တရားကို သင်မတွေ့မြင်နိုင်ပါက၊ သင်သည် ဘုရားသခင်အတွက် မည်သည့်အခါတွင်မျှ သက်သေခံနိုင်လိမ့်မည် မဟုတ်ပေ။ ဤအရာအားလုံးကို ပြောဆိုရာတွင် ငါ၏ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ သင်တို့သည် ဤအရာကို ပေါ့ပေါ့တန်တန် သဘောမထားဖို့အလို့ငှာ၊ ငါ ပြောဆိုပြီးဖြစ်သည့် ဤအကြောင်းအရာများသည် သင်တို့၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အသက်အတွင်း ဝင်ရောက်ခြင်းနှင့် ဆီလျော်မှု မရှိဟု မှားယွင်းစွာ မယုံကြည်ကြဖို့အလို့ငှာနှင့်၊ သင်တို့အနေဖြင့် ဤအကြောင်းအရာများကို အသိပညာ သို့မဟုတ် အယူဝါဒ အမျိုးအစား တစ်ခုမျှ အဖြစ် သဘောမထားကြစေဖို့အလို့ငှာ ဖြစ်သည်။ သင်သည် ထိုသဘောထားမျိုးဖြင့် ငါ ပြောဆိုနေသည့်အရာကို နားထောင်ပါက၊ အမှုအရာ တစ်ခုကိုမျှ ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို သိရန်ဖြစ်သော ဤကြီးမားသည့် အခွင့်အရေးကို ဆုံးရှုံးလိမ့်မည် ဖြစ်သည်။

ဤအရာများ အားလုံးအကြောင်းကို ပြောဆိုရာတွင် ငါ၏ ရည်မှန်းချက်မှာ အဘယ်အရာနည်း။ ငါ၏ရည်မှန်းချက်မှာ ဘုရားသခင်ကို လူများသိစေရန်၊ ဘုရားသခင်၏ လက်တွေ့ကျသည့် လုပ်ဆောင်ချက်များကို လူတို့အား နားလည်စေရန် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သိနားလည်ပြီး သူ၏ လုပ်ဆောင်ချက်များကို သိရှိသည်နှင့်တစ်ပြိုင်နက်၊ ထိုအခါမှသာ သင်သည် သူ့ကို သိကျွမ်းရန် အခွင့်အရေး သို့မဟုတ် ဖြစ်နိုင်ချေ ရှိလိမ့်မည် ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် လူတစ်ဦးကို သိနားလည်လိုပါက၊ ၎င်းတို့ကို မည်သို့ နားလည်လာမည်နည်း။ ယင်းမှာ ၎င်းတို့၏ အပြင်ပန်းသွင်ပြင်ကို ကြည့်ခြင်းမှတစ်ဆင့်လော။ ၎င်းတို့ ဝတ်သည့်အရာနှင့် ဝတ်ပုံစားပုံကို ကြည့်ခြင်းမှတစ်ဆင့် ဖြစ်သလော။ ယင်းမှာ ၎င်းတို့ လမ်းလျှောက်ပုံကို ကြည့်ခြင်းမှတစ်ဆင့်လော။ ယင်းမှာ ၎င်းတို့၏ အသိပညာ အတိုင်းအတာကို ကြည့်ခြင်းမှတစ်ဆင့်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် လူတစ်ဦးကို သင်တို့ မည်ကဲ့သို့ သိနားလည်ကြသနည်း။ သင်တို့သည် လူတစ်ဦး၏ အပြောအဆို၊ အပြုအမူ၊ ၎င်းတို့၏ အတွေးများ၊ ၎င်းတို့ကိုယ်တိုင်နှင့် ပတ်သက်၍ ၎င်းတို့ဖော်ပြကာ ထုတ်ဖော်ပြသည့်အရာများပေါ် အခြေခံ၍ အကဲဖြတ်မှုများ ပြုကြသည်။ ဤသည်မှာ လူတစ်ဦးကို သင်တို့ ပေါင်းသင်းခြင်းအားဖြင့် သိကျွမ်းအောင် ကြိုးစားပုံ၊ လူတစ်ဦးကို သင်တို့ နားလည်ပုံ ဖြစ်သည်။ ထိုနည်းတူ သင်တို့သည် ဘုရားသခင်ကို သိကျွမ်းလိုပါက၊ သူ၏ လက်တွေ့ကျသည့်ဘက်၊ သူ၏ စစ်မှန်သည့်ဘက်ကို နားလည်လိုပါက၊ သူ၏ လုပ်ဆောင်ချက်များမှတစ်ဆင့်နှင့် သူ လုပ်ဆောင်သည့် လက်တွေ့ကျသော အရာတစ်ခုတိုင်းမှတစ်ဆင့် သူ့ကို သင်တို့ သိရမည်။ ဤသည်မှာ အကောင်းဆုံး နည်းလမ်းဖြစ်ပြီး၊ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အရာအားလုံးကို ထောက်ပံ့ရန် နှင့် လူသားမျိုးနွယ်၏ ရှင်သန်မှုကို ထိန်းသိမ်းရန် တို့အတွက် ဘုရားသခင် သည် ကိုယ်တော်၏ အနန္တတန်ခိုးနှင့် အမြော်အမြင်ရှိသည့်နည်းလမ်းတို့ကို အသုံးပြုသည်

မည်သည့်အကြောင်းအရာများကို ယခုပင် ငါတို့ ဆွေးနွေးကြပြီး ဖြစ်သနည်း။ လူသားမျိုးနွယ် နေထိုင်သည့် ပတ်ဝန်းကျင်နှင့် ထိုပတ်ဝန်းကျင်အတွက်...

လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းသည့် အခြေခံရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်- လေ

ပထမအနေဖြင့် လူသားအသက်ရှူနိုင်ရန် ဘုရားသခင်သည် လေကို ဖန်ဆင်းခဲ့၏။ “လေ” သည် လူသားတို့ နေ့စဉ်ထိတွေ့နိုင်သည့် ဒြပ်ထည်တစ်ခု ဖြစ်ပြီး၊ လူသားတို့...

လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းသည့် အခြေခံရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်- အသံ

တတိယအရာကား အဘယ်အရာနည်း။ ယင်းသည်လည်း လူသား တည်ရှိခြင်းနှင့်ဆိုင်သော ပုံမှန်ပတ်ဝန်းကျင်၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်သည့် အရာတစ်ခု၊...

ဘုရားသခင်သည် ပထဝီအနေအထားဆိုင်ရာ ပတ်ဝန်ကျင်မျိုးစုံအတွက် နယ်နိမိတ်များ သတ်မှတ်ပေးသည်

ယနေ့ အရာခပ်သိမ်းအပေါ် ဘုရားသခင် ဖြစ်ပေါ်စေပြီး ဖြစ်သည့် ဤနိယာမ အမျိုးအစားများက လူသားမျိုးနွယ် အားလုံးအား မည်သို့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။