ဘုရားသခင်သည် ကွဲပြားသည့် လူမျိုးများကြားတွင် နယ်နိမိတ်စည်းများ သတ်မှတ်ခဲ့သည်

19.10.2019

...ဘုရားသခင်သည် နယ်နိမိတ်များကို ဤနည်းလမ်းဖြင့် အဘယ်ကြောင့် ချမှတ်ထားသနည်း။ ဤသည်မှာ လူသားမျိုးနွယ်အားလုံးအတွက် အလွန်အရေးကြီးသည့်- အမှန်တကယ် အလွန်အရေးကြီးသည့်- ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဘုရားသခင်သည် သက်ရှိသတ္တဝါ အမျိုးအစား အသီးသီးအတွက် အပိုင်းအခြားတစ်ခုကို ချမှတ်ခဲ့ပြီး လူသားအမျိုးအစား အသီးသီးအတွက် ရှင်သန်မှု နည်းလမ်းများကို သတ်မှတ်ခဲ့သည်။ သူသည် ကမ္ဘာမြေကြီးပေါ်ရှိ မတူကွဲပြားသော လူအမျိုးအစားများနှင့် မတူကွဲပြားသော လူမျိုးစုများကိုလည်း ပိုင်းခြားခဲ့ပြီး ၎င်းတို့အတွက် အပိုင်းအခြားတစ်ခုကို ထူထောင်ခဲ့သည်။ ဤသည်မှာ နောက်ထပ် ငါတို့ ဆွေးနွေးမည့် အရာဖြစ်သည်။

စတုတ္တအနေဖြင့်၊ ဘုရားသခင်သည် မတူကွဲပြားသည့် လူမျိုးစုများကြားတွင် နယ်နိမိတ်များ ရေးဆွဲခဲ့သည်။ ကမ္ဘာမြေကြီးပေါ်တွင် လူဖြူ၊ လူမည်း၊ လူညို၊ လူဝါတို့ရှိကြသည်။ ဤသည်တို့သည် မတူကွဲပြားသည့် လူအမျိုးအစားများဖြစ်သည်။ ဘုရားသခင်သည် ဤကွဲပြားသည့် လူအမျိုးအစားတို့၏ ဘဝများအတွက် နယ်ပယ်ကိုလည်း သတ်မှတ်ခဲ့ပြီး၊ ယင်းကို သတိမမူမိဘဲ၊ လူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအောက်တွင် ရှင်သန်မှုအတွက် သင့်တော်သော ၎င်းတို့၏ ပတ်ဝန်းကျင်အတွင်းတွင် နေထိုင်ကြလေသည်။ ဤအရာ၏ အပြင်သို့ မည်သူမျှ မထွက်နိုင်ပေ။ ဥပမာအားဖြင့် လူဖြူများကို စဉ်းစားကြည့်ကြစို့။ ၎င်းတို့၏ အများစု နေထိုင်သည့် ပထဝီမြေ အပိုင်းအခြားမှာ မည်သည့်အရာ ဖြစ်သနည်း။ အများစုသည် ဥရောပနှင့် အမေရိကတွင် နေထိုင်ကြသည်။ လူမည်းများ အဓိကနေထိုင်သည့် ပထဝီမြေအပိုင်းအခြားမှာ အာဖရိက ဖြစ်သည်။ လူညိုများမှာ ထိုင်း၊ အိန္ဒိယ၊ မြန်မာ၊ ဗီယက်နမ်နှင့် လာအို ကဲ့သို့သော အရှေ့တောင်အာရှနှင့် အာရှတောင်ပိုင်းရှိ နိုင်ငံများတွင် အဓိကအားဖြင့် နေထိုင်ကြသည်။ လူဝါများသည် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ကဲ့သို့ နိုင်ငံများဖြစ်သည့် အာရှတွင် အဓိက နေထိုင်ကြသည်။ ဤကွဲပြားသည့် လူမျိုးများသည် ကမ္ဘာလောက၏ ကွဲပြားသည့် အစိတ်အပိုင်းများ တစ်လျှောက် ပျံ့နှံ့စေရန်အလို့ငှာ၊ ဘုရားသခင်သည် ဤမတူညီသည့် လူမျိုးစု အမျိုးအစား အားလုံးကို သင့်လျော်စွာ ဖြန့်ခဲ့သည်။ ကမ္ဘာ၏ ဤမတူညီသည့် အစိတ်အပိုင်းများတွင်၊ ဘုရားသခင်သည် မတူကွဲပြားသည့် လူသားမျိုးနွယ်စု အသီးသီးအတွက် သင့်တော်သည့် ရှင်သန်မှုအတွက် ပတ်ဝန်းကျင် တစ်ခုကို ကြာမြင့်စွာသော အချိန်ကတည်းက ပြင်ဆင်ခဲ့သည်။ ဤရှင်သန်မှုဆိုင်ရာ ပတ်ဝန်းကျင်များ အတွင်းတွင်၊ ဘုရားသခင်သည် ၎င်းတို့အတွက် ခြားနားသော အရောင်များနှင့် ဖွဲ့စည်းပုံတို့ ရှိသည့် မြေကြီးများကို ပြင်ဆင်ခဲ့သည်။ တစ်နည်းအားဖြင့် လူဖြူများ၏ ကိုယ်ခန္ဓာများကို ဖွဲ့စည်းထားသည့် အစိတ်အပိုင်းများသည် လူမည်းတို့၏ ကိုယ်ခန္ဓာများကို ဖွဲ့စည်းထားသည့်အရာများနှင့် မတူညီကြ သကဲ့သို့၊ အခြားလူမျိုးစုများ၏ ကိုယ်ခန္ဓာများကို ဖွဲ့စည်းထားသည့် အစိတ်အပိုင်းများမှလည်း ၎င်းတို့ ကွာခြားပေသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင်၊ ထိုလူမျိုးစုအတွက် ရှင်သန်မှု ပတ်ဝန်းကျင် တစ်ခုကို ပြင်ဆင်နှင့်ခဲ့ပြီးဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် သူ၏ ရည်ရွယ်ချက်မှာ ထိုလူအမျိုးအစား စတင်တိုးပွားပြီး အရေအတွက် တိုးလာသည့်အခါတွင်၊ ၎င်းတို့ကို ပိုင်းအခြား တစ်ခုခုအတွင်းတွင် ပြင်ဆင်သတ်မှတ်ပေးနိုင်ဖို့ ဖြစ်သည်။ ဘုရားသခင်သည် လူသားတို့ကို မဖန်ဆင်းမီတွင်၊ ထိုအရာအားလုံးကို သူ စဉ်းစားထားနှင့်ပြီးဖြစ်သည်- လူဖြူများအတွက် ၎င်းတို့ကို ဖွံ့ဖြိုးတိုးတက်ပြီး ရှင်သန်ခွင့်ပြုရန် ဥရောပနှင့် အမေရိကကို သူ သီးသန့်ထားခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ဖန်ဆင်းနေခဲ့ချိန်တွင် သူသည် အစီအစဉ်တစ်ခု ရှိနှင့်ပြီးဖြစ်သည်၊ ထိုကုန်းမြေအပိုင်းထဲတွင် သူထားရှိသည့်အရာကို ထားရှိခြင်းနှင့် ထိုကုန်းမြေအပိုင်းတွင် သူ ပြုစုပျိုးထောင်သည့်အရာကို ပြုစုပျိုးထောင်ခြင်းတွင် ရည်မှန်းချက် တစ်ခုနှင့် ရည်ရွယ်ချက် တစ်ခု ရှိနှင့်ခဲ့ပြီးဖြစ်သည်။ ဥပမာအားဖြင့် ဘုရားသခင်သည် မည်သည့်တောင်များ၊ လွင်ပြင်များ မည်မျှ၊ ရေအရင်းအမြစ်များ မည်မျှ၊ မည်သည့်ငှက်နှင့် သားရဲတိရစ္ဆာန် အမျိုးအစားများ၊ မည်သည့်ငါးများနှင့် မည်သည့်အပင်များ ထိုကုန်းမြေပေါ်တွင် ရှိရမည်ဆိုသည်ကို အချိန်ကြာမြင့်စွာကတည်းက ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ သတ်မှတ်ထားသည့် လူသား အမျိုးအစား တစ်ခုအတွက်၊ သတ်မှတ်ထားသည့် လူမျိုးစု တစ်ခုအတွက်၊ ရှင်သန်မှု ပတ်ဝန်းကျင် တစ်ခုကို ပြင်ဆင်သည့်အခါတွင်၊ ဘုရားသခင်သည် ရှုထောင့်ပေါင်းစုံမှ ကိစ္စရပ်များစွာကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ခဲ့သည်။ ပထဝီဆိုင်ရာ ပတ်ဝန်းကျင်၊ မြေကြီး၏ ဖွဲ့စည်းပုံ၊ မတူကွဲပြားသော ငှက်များနှင့် သားရဲတိရစ္ဆာန် မျိုးစေ့များ၊ မတူကွဲပြားသော ငါးအမျိုးအစားများ၏ အရွယ်အစား၊ ငါး၏ ကိုယ်များကို ဖွဲ့စည်းထားသည့် အစိတ်အပိုင်းများ၊ ရေအရည်အသွေး ကွဲပြားမှုများအပြင်၊ မတူကွဲပြားသည့် အပင်အမျိုးအစား အားလုံး...ထိုအရာအားလုံးကို ဘုရားသခင်သည် အချိန်ကြာမြင့်စွာကတည်းက ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ ထိုပတ်ဝန်းကျင်မျိုးသည် လူဖြူများအတွက် ဘုရားသခင် ဖန်ဆင်းပြီး ပြင်ဆင်ခဲ့သည့် ရှင်သန်မှုအတွက် ပတ်ဝန်းကျင် တစ်ခုဖြစ်ပြီး ယင်းသည် ပင်ကိုအားဖြင့် ၎င်းတို့နှင့် သက်ဆိုင်ပေသည်။ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင် ထိုအထဲ၌ အတွေးများစွာ ထားရှိခဲ့ပြီး အစီအစဉ် တစ်ခုဖြင့် ဆောင်ရွက်ခဲ့သည်ကို သင်တို့ မြင်ပြီလော။ (မြင်ပါသည်။ လူအမျိုးအစား အမျိုးမျိုးအတွက် ဘုရားသခင်၏ စဉ်းစားဆင်ခြင်မှုများက အလွန် စဉ်းစဉ်းစားစား ရှိသည်ကို ကျွန်ုပ်တို့ တွေ့ရပြီး ဖြစ်ပါသည်။ မတူကွဲပြားသည့် လူသား အမျိုးအစားများအတွက် သူ ဖန်ဆင်းခဲ့သည့် ရှင်သန်မှု ပတ်ဝန်းကျင်အတွက်၊ သူသည် မည်သည့် ငှက်များ၊ သားရဲတိရစ္ဆာန်များနှင့် ငါးအမျိုးအစားများကို ပြင်ဆင်မည်၊ တောင်များ မည်မျှနှင့် မြေပြန့်လွင်ပြင်များ မည်မျှ ပြင်ဆင်မည်ဆိုသည်ကို အဆုံးစွန် ထောက်ထားမှုနှင့် တိကျမှုတို့ဖြင့် သူ ထည့်သွင်းစဉ်းစားခဲ့ပါသည်။) ဥပမာ လူဖြူများကို ကြည့်လော့။ မည်သည့်အစားအစာများကို လူဖြူများက အဓိက စားသုံးကြသနည်း။ လူဖြူများ စားသုံးသည့် အစားအစာများက အာရှသားများ စားသုံးသည့်အစားအစာနှင့် အလွန် ကွဲပြားသည်။ လူဖြူများ စားသည့် အဓိက အစားအစာများက များသောအားဖြင့် အသား၊ ဥများ၊ နွားနို့နှင့် ကြက်ဘဲအသားတို့ ပါဝင်သည်။ ပေါင်မုန့်နှင့် ထမင်းကဲ့သို့သော ဂျုံစပါးတို့သည် ယေဘုယျအားဖြင့် ပန်းကန်၏ ဘေးတွင်ထားသည့် ဖြည့်စွက် အစားအစာများ ဖြစ်သည်။ ဟင်းသီးဟင်းရွက်သုပ်ကို စားသည့်အခါတွင်ပင်၊ အမဲကင် သို့မဟုတ် ကြက်ကင် အပိုင်းအစ အနည်းငယ်ကို ထည့်တတ်ကြပြီး၊ ဂျုံပါဝင်သည့် အစားအစာများကို စားသည့်အခါတွင်ပင်၊ ဒိန်ခဲ၊ ဥများ သို့မဟုတ် အသားတို့ကို ဖြည့်စွက်တတ်သည်။ ဆိုလိုသည်မှာ ၎င်းတို့၏ အဓိက အစားအစာများသည် ဂျုံပါဝင်သည့် အစားအစာများ သို့မဟုတ် ထမင်းများ မဟုတ်ဟု ဆိုရပေမည်။ ၎င်းတို့သည် အလွန်များသည့် အသားနှင့် ဒိန်ခဲများ ပမာဏကို စားကြသည်။ ၎င်းတို့ စားသုံးသည့် အစားအစာများက ကယ်လိုရီ အလွန်မြင့်မားသည့်သောကြောင့် ရေခဲရေကို ၎င်းတို့ မကြာခဏ သောက်ကြသည်။ ထို့ကြောင့် လူဖြူများသည် သူမတူထူးကဲစွာ သန်စွမ်းကြသည်။ ယင်းမှာ ၎င်းတို့၏ အသက်မွေးမှု အရင်းအမြစ်နှင့် ၎င်းတို့အတွက် ဘုရားသခင် ပြင်ဆင်ထားသည့် ရှင်သန်ခြင်း ပတ်ဝန်းကျင် ဖြစ်သည်၊ ယင်းက အခြားလူမျိုးစုများ၏ ဘဝနေထိုင်မှုပုံစံမှ ကွဲပြားသည့် ဤဘဝပုံစံကို ရှိခွင့်ပေးလေသည်။ ဤဘဝပုံစံတွင် မှန်ခြင်း၊ မှားခြင်း မရှိပေ- ယင်းသည် မွေးရာပါ၊ ဘုရားသခင် ခွဲခန့်မှတ်သားထားခြင်း ဖြစ်ပြီး၊ ယင်းသည် ဘုရားသခင်၏ လမ်းညွှန်စေစားချက်များနှင့် သူ၏စီမံခန့်ခွဲမှုများမှ ထွက်ပေါ် လာပေသည်။ ဤလူမျိုးစုက ၎င်းတို့၏ အသက်မွေးမှုအတွက် ဤဘဝပုံစံနှင့် ဤအရင်းအမြစ်များ ရှိသည်မှာ ၎င်းတို့၏ မျိုးနွယ်စုကြောင့်နှင့် ဘုရားသခင်က ၎င်းတို့အတွက် ပြင်ဆင် ပေးထားသည့် ရှင်သန်မှု ပတ်ဝန်းကျင်ကြောင့် ဖြစ်သည်။ သင့်အနေဖြင့် လူဖြူများအတွက် ဘုရားသခင် ပြင်ဆင် ပေးထားသည့် ရှင်သန်မှု ပတ်ဝန်းကျင်နှင့် ထိုပတ်ဝန်းကျင်မှ ၎င်းတို့ ရရှိသည့် နေ့စဉ် အာဟာရသည် ကြွယ်ဝကာ ပေါများသည်ဟု ဆိုနိုင်ပေသည်။

ဘုရားသခင်သည် အခြား လူမျိုးနွယ်စုများအတွက်လည်း ရှင်သန်မှုအတွက် လိုအပ်သည့် ပတ်ဝန်းကျင်ကို ပြင်ဆင်ပေးခဲ့သည်။ လူမည်းများလည်း ရှိသည်- လူမည်းများသည် မည်သည့်နေရာတွင် တည်ရှိကြသနည်း။ ၎င်းတို့သည် အဓိကအားဖြင့် အာဖရိက အလယ်ပိုင်းနှင့် တောင်ပိုင်းများတွင် တည်ရှိကြသည်။ အသက်ရှင်ခြင်းအတွက် ဘုရားသခင်သည် ထိုပတ်ဝန်းကျင်မျိုးတွင် ၎င်းတို့အတွက် အဘယ်အရာကို ပြင်ဆင်ခဲ့သနည်း။ အပူပိုင်း မုတ်သုံသစ်တောများ၊ ငှက်များနှင့် သားရဲတိရစ္ဆာန်မျိုးစုံ၊ ကန္တာရများနှင့် လူတို့နှင့်အတူ ရှင်သန်သည့် အပင်မျိုးစုံတို့ ဖြစ်သည်။ ၎င်းတို့သည် ရေ၊ ၎င်းတို့၏ အသက်မွေးမှုများနှင့် အစားအစာတို့အတွက် အရင်းအမြစ်များ ရှိသည်။ ဘုရားသခင်သည် ၎င်းတို့အပေါ် မတရား မပြုလုပ်ပေ။ သူတို့ မည်သည့်အရာကို လုပ်ဆောင်ဖူးသည် ဖြစ်စေ၊ ၎င်းတို့၏ ရှင်သန်မှုက ပြဿနာ တစ်ခု မဖြစ်ဖူးပေ။ ၎င်းတို့သည်လည်း ကမ္ဘာလောက၏ တစ်စိတ်တစ်ဒေသတွင် နေရာ တစ်ခုခုနှင့် နယ်ပယ် တစ်ခုခုကို နေရာ ယူထားကြသည်။

ယခုတွင် လူဝါများ အကြောင်းကို ပြောကြစို့။ လူဝါများသည် အဓိကအားဖြင့် အရှေ့အရပ်တွင် နေထိုင်ကြသည်။ အရှေ့အရပ်နှင့် အနောက်အရပ်တို့၏ ပတ်ဝန်းကျင်များနှင့် ပထဝီဝင်ဆိုင်ရာ အနေအထားများတွင် မည်သည့်ကွာခြားချက်များ ရှိသနည်း။ အရှေ့အရပ်တွင် ကုန်းမြေအများစုသည် သီးနှံဖြစ်ထွန်းပြီး၊ ဝတ္ထုပစ္စည်းများနှင့် သတ္တုသိုက်များ ကြွယ်ဝသည်။ ဆိုလိုသည်မှာ မြေပေါ်နှင့် မြေအောက် အရင်းအမြစ်မျိုးစုံ ပေါများပေသည်။ ဤလူစုအတွက်၊ ဤလူမျိုးနွယ်စုအတွက်၊ ကိုက်ညီသည့် မြေဆီလွှာ၊ ရာသီဥတုနှင့် ၎င်းတို့အတွက် သင့်တော်သည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင် အမျိုးမျိုးတို့ကိုလည်း ဘုရားသခင် ပြင်ဆင်ပေးခဲ့သည်။ ထိုပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် အနောက်အရပ်ရှိ ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင် အကြားတွင် ကြီးမားသည့် ကွာခြားမှုများ ရှိသော်လည်း၊ လူများ လိုအပ်သည့် အစားအစာ၊ အသက်မွေးမှုများနှင့် ရှင်သန်မှုအတွက် အရင်းအမြစ်များကိုလည်း ဘုရားသခင်က ပြင်ဆင်ထားခဲ့သည်။ ယင်းသည် အနောက်အရပ်တွင် လူဖြူများ၌ ရှိသည့်အရာနှင့် ကွဲပြားသည့် ရှင်သန်မှု ပတ်ဝန်းကျင်တစ်ခုသာ ဖြစ်သည်။ သို့သော် သင်တို့ကို ပြောပြရန်လိုသည့် အရာတစ်ခုမှာ အဘယ်အရာနည်း။ အရှေ့တိုင်း မျိုးနွယ်စု၏ လူအရေအတွက်သည် အတော်အတန် များပြားသည်၊ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေ၏ ထိုအပိုင်းတွင် အနောက်တိုင်းအရပ်နှင့် မတူညီသည့် အစိတ်အပိုင်း များစွာ ဖြည့်စွက်ခဲ့ပေသည်။ ထိုနေရာတွင် သူသည် မတူညီသည့် မြေပြင် ရှုခင်းများစွာနှင့် အလျှံပယ် ဖြစ်သော ဝတ္ထုပစ္စည်း မျိုးစုံကို ဖြည့်စွက်ခဲ့သည်။ သဘာဝ အရင်းအမြစ်များ အလွန် ပေါကြွယ်ဝလေသည်။ မြေပြင် အနေအထားသည်လည်း အမျိုးမျိုး ရှိပြီး ကွဲပြားသည်၊ အရှေ့တိုင်းလူမျိုးနွယ်စု၏ များပြားလှသည့် လူအရေအတွက်ကို ပြုစုစောင့်ရှောက်ဖို့ရာ် လုံလောက်ပေသည်။ အရှေ့တိုင်းကို အနောက်တိုင်းမှ ခွဲခြားသည့်အရာမှာ အရှေ့အရပ်တွင်- တောင်ဘက်မှ မြောက်ဘက်၊ အရှေ့ဘက်မှ အနောက်ဘက်- ရာသီဥတုသည် အနောက်တိုင်းထက် သာ၍ကောင်းမွန်ပေသည်။ ရာသီဥတု လေးခုသည် ရှင်းလင်းစွာ ကွဲပြား၏၊ အပူချိန်များက သင့်မြတ်သည်၊ သဘာဝ အရင်းအမြစ်များက ပေါကြွယ်ဝပြီး၊ သဘာဝရှုခင်းနှင့် မြေပြင် အနေအထား အမျိုးအစားများသည် အနောက်တိုင်းထက် သာ၍ ကောင်းမွန်လေသည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာကို လုပ်ဆောင် ခဲ့သနည်း။ ဘုရားသခင်သည် လူဖြူများနှင့် လူဝါများကြားတွင် အလွန် အကျိုးအကြောင်းသင့်သည့် ဟန်ချက်ညီမှု တစ်ခုကို ဖန်ဆင်းခဲ့သည်။ ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူဖြူများ၏ အစားအစာ၊ ၎င်းတို့ အသုံးပြုသည့် အရာများနှင့် ၎င်းတို့ မွေ့လျော်ခံစားဖို့အတွက် ပေးထားသည့် အရာများ၏ လက္ခဏာ သွင်ပြင်အားလုံးသည် လူဝါများ မွေ့လျော်နိုင်သည့် အရာများထက် သာလွန် ကောင်းမွန်လေသည်။ သို့သော် ဘုရားသခင်သည် မည်သည့်လူမျိုးနွယ်စုကိုမျှ ဘက်မလိုက်ပေ။ ဘုရားသခင်သည် လူဝါများကို ရှင်သန်မှုအတွက် သာ၍ လှပပြီး သာ၍ ကောင်းမွန်သည့် ပတ်ဝန်းကျင် တစ်ခုကို ပေးခဲ့သည်။ ဤသည်မှာ ဟန်ချက်ညီမှုဖြစ်သည်။

ဘုရားသခင်သည် မည်သည့်လူအမျိုးအစားက ကမ္ဘာလောက၏ မည်သည့်အပိုင်းတွင် နေထိုင်သင့်သည်ကို ကြိုတင်ခွဲခန့်ထားပြီး ဖြစ်သည်။ လူသားတို့က ဤကန့်သတ်ချက်များကို ကျော်လွန်၍ သွားနိုင်သလော။ (သူတို့မသွားနိုင်ပါ။) အံ့သြဖွယ်ကောင်းသည့် အရာတစ်ခု ပါတကား။ မတူညီသည့်ခေတ်များ သို့မဟုတ် ထူးခြားသော အချိန်ကာလများအတောအတွင်းတွင် စစ်ပွဲများ သို့မဟုတ် ပိုင်နက်ကျူးလွန်မှုများ ရှိလျှင်ပင်၊ ဤစစ်ပွဲများနှင့် ပိုင်နက်ကျူးလွန်မှုများက လူမျိုးနွယ်စု အသီးသီးအတွက် ဘုရားသခင် ခွဲခန့်မှတ်သားထားပြီးဖြစ်သည့် ရှင်သန်မှုအတွက် ပတ်ဝန်းကျင်များကို လုံးဝ မဖျက်ဆီးနိုင်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကမ္ဘာလောက၏ အစိတ်အပိုင်း တစ်ခုခုတွင် လူအမျိုးအစား တစ်ခုခုကို ချမှတ်ထားပြီးဖြစ်ကာ ၎င်းတို့သည် ထိုအကန့်အသတ်များကို ကျော်လွန်မသွားနိုင်ကြပေ။ လူများက ၎င်းတို့၏ ပိုင်နက်ကို ပြောင်းလဲရန် သို့မဟုတ် ချဲ့ထွင်ရန် အချို့သော ရည်မှန်းချက်မျိုး ရှိလျှင်ပင်၊ ဘုရားသခင်၏ ခွင့်ပြုချက် မရှိဘဲနှင့်၊ ဤသည်မှာ ၎င်းတို့အတွက် စွမ်းဆောင်ရရှိဖို့ အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။ ယင်းမှာ အောင်မြင်ဖို့ အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။ ဥပမာအားဖြင့်၊ လူဖြူများသည် ၎င်းတို့၏ ပိုင်နက်မြေကို ချဲ့ထွင်လိုခဲ့ကြပြီး အချို့သော အခြားနိုင်ငံများကို ကိုလိုနီနိုင်ငံ အဖြစ် သိမ်းပိုက် အုပ်ချုပ်ခဲ့ကြသည်။ ဂျာမနီက နိုင်ငံအချို့ကို ကျူးကျော်ခဲ့ပြီး၊ ဗြိတိန်က အိန္ဒိယကို တစ်ကြိမ် သိမ်းပိုက်ခဲ့သည်။ ရလဒ်က မည်သည့်အရာ ဖြစ်ခဲ့သနည်း။ အဆုံးတွင် ၎င်းတို့ ကျရှုံးခဲ့ကြသည်။ ၎င်းတို့၏ ရှုံးနိမ့်မှုမှ အဘယ်အရာကို ငါတို့ မြင်ရသနည်း။ ဘုရားသခင် ခွဲခန့်မှတ်သား ထားပြီးသည့်အရာကို ဖျက်ဆီးပစ်ရန် ခွင့်မပြုထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဗြိတိန်၏ နယ်မြေချဲ့ထွင်မှုတွင် မည်မျှ ကြီးမားသည့် အရှိန်အဟုန်ကို သင် မြင်ရသည်ဖြစ်စေ၊ နောက်ဆုံးတွင် ၎င်းတို့သည် အိန္ဒိယနှင့် သက်ဆိုင်သည့် နယ်မြေကို စွန့်ခွာရင်း၊ ဆုတ်ခွာခဲ့ရဆဲဖြစ်သည်။ ဘုရားသခင်သည် ခွင့်မပြုခဲ့သောကြောင့်၊ ထိုနယ်မြေတွင် နေထိုင်ကြသူများသည် ဗြိတိသျှလူမျိုး မဟုတ်ဘဲ၊ အိန္ဒိယလူမျိုးများ ဖြစ်နေဆဲ ဖြစ်သည်။ သမိုင်း သို့မဟုတ် နိုင်ငံရေးကို သုတေသနပြုခဲ့သူ အချို့က ဤအရာနှင့်ပတ်သက်သည့် သုတေသနစာတမ်းများ ထောက်ပံ့ပေးထားပြီး ဖြစ်သည်။ အချို့သော မျိုးနွယ်စုကို သိမ်းပိုက်မရနိုင်ခဲ့သောကြောင့် သို့မဟုတ် အခြားလူသား အကြောင်းပြချက် အချို့ကြောင့် ဖြစ်နိုင်သည်ဟု ဆိုရင်း၊ ဗြိတိန် အဘယ်ကြောင့် ရှုံးနှိမ့်ခဲ့ရသည် ဆိုသည်အတွက် အကြောင်းရင်းများ ၎င်းတို့ ပေးကြလေသည် ....။ ဤသည်တို့မှာ တကယ့် အကြောင်းရင်းများ မဟုတ်ပေ။ တကယ့် အကြောင်းရင်းမှာ ဘုရားသခင်ကြောင့် ဖြစ်သည်- ယင်းကို သူ ခွင့်မပြုခဲ့ပေ။ ဘုရားသခင်သည် လူမျိုးစု တစ်စုကို နယ်မြ တစ်စိတ်တစ်ဒေတွင် နေထိုင်ခွင့်ပေးပြီး ထိုနေရာတွင် ၎င်းတို့ကို အခြေချစေသည်၊ ပြီးလျှင် ဘုရားသခင်သည် ၎င်းတို့ကို ထိုနယ်မြေမှ ရွှေ့ပြောင်းခွင့်မပြုပါက၊ မည်သည့်အခါတွင်မျှ ရွှေ့ပြောင်းနိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ၎င်းတို့အတွက် သတ်မှတ်ထားသည့် နယ်မြေ တစ်ခု ခွဲဝေပေးပါက၊ ၎င်းတို့သည် ထိုဒေသအတွင်း၌ နေထိုင်ကြလိမ့်မည်။ လူသားမျိုးနွယ်သည် ဤသတ်မှတ်ထားသည့် နယ်မြေမှ ရုန်းထွက်ခြင်း သို့မဟုတ် မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေခြင်း မပြုလုပ်နိုင်ပေ။ ဤသည်မှာ သေချာသည်။ နယ်ချဲ့သူများ၏ အင်အားစုများ မည်မျှပင်ကြီးမားသည် ဖြစ်စေ သို့မဟုတ် နယ်ချဲ့ခံရသည့်သူများက မည်မျှ အားနည်းသည် ဖြစ်စေ၊ နောက်ဆုံးတွင် နယ်ချဲ့သူတို့၏ အောင်မြင်မှုက ဘုရားသခင် ဆုံးဖြတ်ဖို့အတွက် ဖြစ်ပေသည်။ ယင်းကို သူက ခွဲခန့်မှတ်သားထားနှင့်ပြီးဖြစ်ကာ မည်သူမျှ မပြောင်းလဲနိုင်ပေ။

အထက်က ဖော်ပြထားသည်မှာ ဘုရားသခင်က လူမျိုးနွယ်စု အမျိုးမျိုးကို ဖြန့်ထားပုံ ဖြစ်သည်။ မျိုးနွယ်စုများကို ဖြန့်ဖို့ ဘုရားသခင်သည် အဘယ်အရာကို လုပ်ဆောင်ပြီးဖြစ်သနည်း။ ပထမဦးစွာ၊ သူသည် လူတို့အတွက် မတူညီသည့် နေရာများကို ခွဲဝေပေးရင်း၊ ကြီးများသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်ကို ပြင်ဆင်ခဲ့သည်၊ ယင်းနောက်တွင် ထိုနေရာများ၌ မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် ရှင်သန်ခဲ့ကြသည်။ ဤအရာကို သတ်မှတ်ထားပြီးဖြစ်သည်- ၎င်းတို့၏ ရှင်သန်မှုအတွက် သတ်မှတ်ထားသည့် နယ်မြေကို သတ်မှတ်ထားပြီး ဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ ဘဝများ၊ ၎င်းတို့ စားသည့်အရာ၊ ၎င်းတို့ သောက်သည့်အရာ၊ ၎င်းတို့၏ အသက်မွေးမှုများ- ထိုအရာအားလုံးကို အချိန်ကြာမြင့်စွာက ဘုရားသခင် သတ်မှတ်ထားခဲ့သည်။ ပြီးလျှင် အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင်၊ သူသည် မတူညီသည့် လူအမျိုးအစားများ အတွက် မတူညီသည့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်- မတူညီသည့် မြေကြီးဖွဲ့စည်းပုံများ၊ မတူညီသည့် ရာသီဥတုများ၊ မတူညီသည့် အပင်များနှင့် မတူညီသည့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်များ ရှိကြသည်။ မတူညီသည့် နေရာများသည် မတူညီသည့် ငှက်များနှင့် သားရဲတိရစ္ဆာန်များပင် ရှိသည်၊ မတူညီသည့် ရေများက ၎င်းတို့၏ သီးသန့် ငါးအမျိုးအစားများနှင့် ရေထွက်ပစ္စည်းများ ရှိကြသည်။ ပိုးမွှားအမျိုးအစားများကိုပင်လျှင် ဘုရားသခင်က ပိုင်းခြားသတ်မှတ်ပေသည်။ ဥပမာအားဖြင့် အမေရိကတိုက်တွင် ကြီးပြင်းသည့်အရာများ အားလုံးသည် အလွန် ကြီးမား၊ အလွန် မြင့်မားပြီး၊ အလွန် ကျန်းမာသန်စွမ်းသည်။ တောင်တန်း သစ်တောထဲတွင် ရှိသည့် သစ်ပင်များ၏ အမြစ်များ အားလုံးသည် အလွန် တိမ်သော်လည်း၊ သစ်ပင်က အလွန် မြင့်မားစွာ ကြီးထွားလေသည်။ မီတာ တစ်ရာ သို့မဟုတ် မီတာ တစ်ရာကျော် အမြင့်များအထိပင် ရောက်ရှိနိုင်ကြသော်လည်း၊ အာရှတွင် ရှိသည့် သစ်တောများထဲက သစ်ပင်များသည် အများအားဖြင့် သိပ်မမြင့်ကြပေ။ ဥပမာအားဖြင့် ရှားစောင်းလက်ပပ်ပင်များကို ကြည့်လော့။ ဂျပန်တွင် ယင်းအပင်များသည် အလွန်သေးသွယ်ပြီး၊ အလွန်ပါးသော်လည်း၊ အမေရိကန် ပြည်ထောင်စုတွင် ရှိသည့် ရှားစောင်းလက်ပပ်ပင်များမှာ အလွန်ကြီးမားလေသည်။ ဤတွင် ခြားနားမှု တစ်ခု ရှိ၏။ ယင်းသည် နာမည် တစ်ခုတည်းနှင့် အပင်အမျိုးအစား တစ်ခုတည်း ဖြစ်သော်လည်း၊ အမေရိကတိုက်တွင် ယင်းသည် အထူးသဖြင့် ကြီးမားစွာ ပေါက်လေသည်။ ဤသွင်ပြင်လက္ခဏာ အမျိုးမျိုးထဲက ခြားနားမှုများကို လူတို့က မမြင် သို့မဟုတ် သတိမမူမိနိုင်သော်လည်း၊ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင်၊ သူသည် ယင်းတို့ကို အသေးစိတ် ချပြခဲ့ပြီး မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များ၊ မတူညီသည့် မြေမျက်နှာသွင်ပြင်များနှင့် မတူညီသည့် လူမျိုးနွယ်စုများအတွက် မတူညီသည့် သက်ရှိများကို ပြင်ဆင်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်သည် မတူညီသည့် လူအမျိုးအစားများကို ဖန်ဆင်းခဲ့ပြီး၊ ၎င်းတို့အသီးသီး လိုအပ်သည့်အရာနှင့် ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံများက မည်သည့်အရာဖြစ်သည်ကို သူ သိရှိသောကြောင့် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်သည် လူသားမျိုးနွယ် ရှင်သန်ရပ်တည်နိုင်ရန်အတွက် တည်ငြိမ်သည့်ပတ်ဝန်းကျင်ကို ပေးရန် အရာအားလုံးအတွင်းရှိ ဆက်နွှယ်မှုများကို ဟန်ချက်ညီစေသည်

ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များကို အရာခပ်သိမ်း အလယ်နှင့် သူအုပ်စိုးသည့် အရာခပ်သိမ်း အလယ်တွင် ထင်ရှားစေပြီး အရာခပ်သိမ်း၏ နိယာမများကို...

ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်ခြင်း အတွက် လုံးလုံးလျားလျား ဖန်ဆင်း၊ အုပ်စိုးပြီး စီမံခန့်ခွဲသည်။

အကြောင်းအရာနှင့် ဖော်ပြချက်ပုံစံ၌ အနည်းငယ် တစ်မူထူးခြားသော်လည်း၊ သူတို့ဖြစ်မြဲအတိုင်း အတော်အတန် ထူးခြားသည့် နည်းလမ်းအတိုင်း...

လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းသည့် အခြေခံရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်- လေ

ပထမအနေဖြင့် လူသားအသက်ရှူနိုင်ရန် ဘုရားသခင်သည် လေကို ဖန်ဆင်းခဲ့၏။ “လေ” သည် လူသားတို့ နေ့စဉ်ထိတွေ့နိုင်သည့် ဒြပ်ထည်တစ်ခု ဖြစ်ပြီး၊ လူသားတို့...

ဘုရားသခင်သည် ငှက်နှင့် သားရဲတိရစ္ဆာန်အမျိုးမျိုး၊ ငါးများ၊ ပိုးမွှားများနှင့် အပင်များအားလုံးအတွက်လည်း နယ်နိမိတ်စည်းမျဉ်းများ ရေးဆွဲခဲ့သည်

ဘုရားသခင် ရေးဆွဲထားသည့် ဤနယ်နိမိတ်များကြောင့် မြေအနေအထားအမျိုးမျိုးသည် ရှင်သန်မှုအတွက် မတူညီသည့် ပတ်ဝန်းကျင်များကို ဖြစ်ပေါ်စေပြီး၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။