ပညာရှိသတို့သမီးတို့သာ သခင့်ကို ကြိုဆိုနိုင်ကြ၏

03.08.2022

မင်ဂျီ တရုတ်နိုင်ငံ

သခင်ယေရှုက သူ ပြန်ကြွလာမယ့်အချိန်မှာ လူနှစ်မျိုးရှိလိမ့်မယ်လို့ ပရောဖက်ပြုခဲ့တယ်၊ ပညာရှိတဲ့သတို့သမီးတွေနဲ့ မိုက်မဲတဲ့သတို့သမီးတွေပေါ့။ သခင့်အသံကို ကြားပြီးတော့ လက်ခံနာခံတဲ့သူတွေအားလုံးက ပညာရှိသတို့သမီးတွေပဲ။ သခင့်အသံကို မကြားတဲ့သူတွေ၊ ဒါမှမဟုတ် ကြားပြီး မယုံကြည်တဲ့သူတွေ၊ ဒါမှမဟုတ် ငြင်းပယ်ရှုတ်ချတာတောင် လုပ်တဲ့သူတွေအားလုံးက မိုက်မဲတဲ့သတို့သမီးတွေပဲ။ သခင့်အသံကို အသိအမှတ်ပြုတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ လူတွေမှာ အယူအဆတွေ၊ စိတ်ကူးတွေနဲ့ ပြည့်နှက်နေတဲ့အခါ၊ သူတို့က သခင့်အသံကို ကြားတဲ့အချိန်မှာ နောက်တွန့်ကြလိမ့်မယ်။ သံသယတွေအပြည့် ရှိလာလိမ့်မယ်။ ပညာရှိသတို့သမီးတွေ ပညာဉာဏ်ရှိကြတယ်ဆိုတာ သူတို့က သခင့်အသံကို ကြားပြီး၊ အဲဒီအသံတော်ဟာ ဘယ်က လာသလဲ၊ ပြီးတော့ အဲဒါဟာ ဘုရားရဲ့ဝိညာဉ်တော်က စကားပြောနေတာပဲဆိုတာတွေကို မြင်နိုင်ကြလို့ပါပဲ။ သူတို့က ကိုယ့်အယူအဆတွေကို စွန့်လွှတ်နိုင်တယ်။ ဘုရားရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို လက်ခံနိုင်ကြတယ်။ အဲဒါကြောင့် သူတို့က သခင့်ကို ကြိုဆိုနိုင်ကြတာပါ။ ဒါပေမဲ့ မိုက်မဲတဲ့သတို့သမီးတွေကျတော့ သခင့်ကို မနာခံကြဘူး။ ဆရာတော်တွေ ပြောတာပဲ နားထောင်ပြီး၊ သူတို့ကိုယ်ပိုင်အယူအဆတွေကို ယုံကြည်ကြတယ်။ သူတို့က သခင့်အသံကို ကြားချင်ကြားလိမ့်မယ်၊ ဒါပေမဲ့ အဲဒါကို လက်မခံကြဘူး။ ဒီတော့ သခင့်ကို ကြိုဆိုခွင့်နဲ့ လွဲကြတာပေါ့။ မိုက်မဲတဲ့သတို့သမီးတွေ လွဲမှားနေကြတယ်ဆိုတာ ဒီနေရာပါပဲ။ ကျွန်မလည်း မိုက်မဲတဲ့သတို့သမီးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ကြောင်းကျိုးမမြင်ဘဲနဲ့ ဆရာတော်တွေကို နာခံခဲ့တာ။ နောက်ဆုံးသောကာလမှာ အယောင်ဆောင် ခရစ်တော််တွေ ပေါ်လိမ့်မယ်ဆိုတော့၊ သခင်ယေရှုက နောက်ဆုံးသောကာလမှာ ပြန်ကြွလာပြီဆိုတာမျိုး၊ တရားစီရင်ခြင်းအမှုကို ပြုဖို့ သမ္မာတရားကို ဖော်ပြနေတယ်ဆိုတာမျိုး သက်သေခံချက်တွေကို မစူးစမ်းသင့်ဘူးဆိုပြီး ထင်ခဲ့မိတယ်။ သခင့်ရဲ့နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တာပါ။ ကျွန်မရဲ့အတွေ့အကြုံကို မျှဝေပေးချင်ပါတယ်။

ကျွန်မက ငယ်ငယ်တုန်းက ကိုယ့်မိသားစုရဲ့ယုံကြည်ခြင်းနောက်ကိုပဲ လိုက်ခဲ့တာ။ မတ်စ်ပွဲမှာ ဆရာတော် ပြောတာကို အမြဲတမ်း ကြားရတယ်၊ “သခင် ပြန်ကြွဖို့အချိန်က နီးနေပြီနော်။ တခြားတစ်ယောက်ယောက်က ဟောပြောတာတွေကို နားမထောင်နဲ့။ သမ္မာကျမ်းမှာ ပြောထားတယ်၊ ‘ထိုကာလ၌ ဤအရပ်တွင် ခရစ်‌တော်ရှိသည်၊ ထိုအရပ်တွင် ရှိသည်ဟု ဆိုလျှင် မယုံကြနှင့်။ အကြောင်းမူကား ခရစ်တော် အယောင်ဆောင်သူများနှင့် ပရောဖက်အတုအယောင်များ ပေါ်လာကြ၍ ကြီးမားသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို ပြကြသဖြင့် ရွေးကောက်ခံရသောသူများကိုပင် လှည့်ဖြားနိုင်ကြသည်အထိ ဖြစ်လိမ့်မည်။(ရှင်မာသေဦး ၂၄:၂၃-၂၄) အယောင်ဆောင် ခရစ်တော်တွေက နောက်ဆုံးသောကာလမှာ ပေါ်လာမှာပဲ။ ခင်ဗျားတို့ရဲ့ဝိညာဉ်ရင့်ကျက်မှုက နည်းတယ်၊ ချင့်ချိန်နိုင်စွမ်း မရှိကြဘူး။ ဒါကြောင့် လွယ်လွယ်လေး လှည့်စားခံရတယ်။ လမ်းမှားကို ယုံကြည်တယ်ဆိုတာ သခင့်ကို သစ္စာဖောက်တာ ဖြစ်သွားမယ်။ တို့တွေက သခင့်လမ်းကိုပဲ ဆက်လျှောက်ရမယ်။ သူ ပြန်ကြွလာပြီး တို့ကို သူ့နိုင်ငံတော်ထဲခေါ်ဆောင်မှာကိုပဲ စောင့်ရမယ်။ တခြားသြဝါဒအဆုံးအမတွေကို လုံးဝ နားထောင်တာ၊ ဖတ်တာ၊ စူးစမ်းတာ လုပ်လို့မရဘူး။ အထူးသဖြင့် သခင် ပြန်ကြွလာခဲ့ပြီလို့ ပြောတာတွေ ပေါ့”တဲ့။ ဒါတွေအားလုံးက ကျွန်မအတွက် အကျိုးသင့်အကြောင်းသင့် ဖြစ်နေသလိုပဲ။ ကျွန်မက မရင့်ကျက်ဘူး၊ ချင့်ချိန်နိုင်စွမ်း မရှိဘူးလေ။ ဒီတော့ အယောင်ဆောင် ခရစ်တော်တစ်ယောက်ကြောင့် လမ်းလွဲသွားမယ်ဆိုရင်၊ နှစ်ပေါင်းများစွာ ယုံကြည်ခြင်းရှိလာသမျှ အလကားဖြစ်သွားမှာပေါ့။ ငါတော့ သတိထားမယ်၊ တစ်ယောက်ယောက်က ထူးခြားတာတစ်ခုခုကို ဟောပြောလည်း ငါ နားမထောင်ဘူးဆိုပြီး ကိုယ့်ဘာသာ ကျိန်ဆိုလိုက်တယ်။

တစ်ရက်ကျတော့ ၂၀၁၂ ဧပြီလထဲမှာပေါ့၊ ဘုရားကျောင်းပုံမှန်တက်တဲ့ ကျန့်ဆိုတဲ့အစ်ကိုက ပြောလာတယ်၊ “သခင်ယေရှု ပြန်ကြွလာပြီ။ သူက လူ့ဇာတိခံထားတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ။ သူက အမှုတော်သစ်ကို ပြုနေပြီ၊ ကျမ်းစာမှာ ပရောဖက်ပြုထားတဲ့ ဘုရားအိမ်တော်ကနေ စတင်တယ်ဆိုတဲ့ တရားစီရင်ခြင်းအမှုပဲ” တဲ့။ ဒါကို ကြားတော့ ကျွန်မလည်း အံ့သြမိသလို၊ သံသယလည်း ဖြစ်မိတယ်။ ကျွန်မက သူ့ကို၊ “သခင် ပြန်ကြွလာပြီး အမှုတော်သစ်ကို ပြုနေတယ်ဆိုတာ အစ်ကို ဘယ်လိုလုပ်သိလဲ။ အစ်ကိုက သေချာလှချည်လား” ဆိုပြီး မေးလိုက်တယ်။ သူက ဘယ်လိုပြန်ပြောလဲဆိုတော့၊ “သခင်ယေရှုက မိန့်ခဲ့တယ်၊ ‘ငါ၏သိုးတို့သည် ငါ့အသံကို နားထောင်ကြ၏။ ငါသည် သူတို့ကို သိ၍ သူတို့သည်လည်း ငါ့နောက်သို့ လိုက်ကြ၏။(ရှင်ယောဟန် ၁၀:၂၇)သန်းခေါင်ယံတွင် မင်္ဂလာဆောင်သတို့သားရောက်ပြီ၊ သူ့ကို ကြိုရန် ထွက်ခဲ့ကြလော့ ဟူသော ကြွေးကြော်သံထွက်ပေါ်လာ၏။(ရှင်မာသေဦး ၂၅:၆)ကြည့်လော့၊ ငါသည် တံခါးရှေ့၌ ရပ်၍ ခေါက်နေ၏။ ငါ့အသံကိုကြားပြီး တံခါးဖွင့်ပေးသောသူထံ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) သခင်ယေရှုက သူ ပြန်ကြွလာပြီးတော့၊ ငါတို့အိမ်တံခါးတွေကို သူ့ နှုတ်ကပတ်တော်တွေနဲ့ ခေါက်လိမ့်မယ်လို့ ပြောခဲ့တာပဲ။ သူ့သိုးတွေက သူ ပြောဆိုတာတွေကနေ သူ့အသံကို မှတ်မိကြလိမ့်မယ်။ သခင် ပြန်လာခြင်းကို ကြိုဆိုကြလိမ့်မယ်။ သိုးသငယ်ရဲ့ မင်္ဂလာစားပွဲကိုလည်း တက်ရောက်ကြလိမ့်မယ်။ သူတို့တွေက ပညာရှိသတို့သမီးတွေပဲ တဲ့။ သခင်ယေရှု ပေါ်ထွန်းပြီး အမှုပြုခဲ့တဲ့အချိန်ကိုပဲ စဉ်းစားကြည့်။ ပေတရု၊ ယောဟန်နဲ့ ဖိလိပ္ပုတို့လို လူတွေက သူ့အသံကို နားထောင်ပြီး၊ သူဟာ သူတို့စောင့်မျှော်လာခဲ့တဲ့ မေရှိယ ဖြစ်မှန်း သိခဲ့ကြတယ်။ သူတို့က သခင်ယေရှုနောက်ကို လိုက်ပြီး၊ သူ့ရဲ့ ကယ်တင်ခြင်းကို ရခဲ့ကြတယ်။ ငါက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အများကြီး ဖတ်ပြီးပြီ။ အဲဒါတွေကို သမ္မာတရားဖြစ်မှန်း အတည်ပြုလိုက်ပြီ။ အဲဒါတွေက သြဇာအာဏာ ပါတယ်၊ ဘုရားရဲ့အသံတော်ပဲ။ အဲဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတာ ပြန်ကြွလာတဲ့သခင်ယေရှု ဖြစ်မှန်း သေချာသွားတာ။ ငါတို့က သခင့်အသံကို နားထောင်ဖို့အတွက် အာရုံမစိုက်ဘဲ၊ အယောင်ဆောင် ခရစ်တော်တွေကိုပဲ ကြောင်းကျိုးမမြင်ဘဲ သတိထားပြီး၊ လှည့်စားခံရမှာ ကြောက်လို့ ကိုယ့်တံခါးကို ပိတ်ထားမယ်ဆိုရင်၊ သခင့်ကို ပေးမဝင်မိသလို ဖြစ်သွားနိုင်တယ်၊ သူ့ရဲ့နောက်ဆုံးသောကာလ ကယ်တင်ခြင်းကိုလည်း လွဲချော်သွားနိုင်တယ်” တဲ့။

ကျွန်မလည်း ဒီမိတ်သဟာယကြောင့် အသိဉာဏ်ပွင့်သွားတယ်။ သခင့်ကို ကြိုဆိုဖို့ သူ့အသံကို နားထောင်တယ်ဆိုတာ ကျမ်းစာနဲ့ရော သခင့်ပြောစကားတွေနဲ့ရော ကိုက်ညီတယ်လေ။ တစ်ယောက်ယောက်က သခင်ယေရှု ပြန်ကြွလာပြီလို့ ပြောလာတဲ့အချိန်မှာ ကျွန်မက မစူးစမ်းဘူး၊ ဒါမှမဟုတ် သခင့်အသံကို နားထောင်ဖို့ မကြိုးစားဘူးဆိုရင်၊ သူ့ကို ဘယ်လိုလုပ် ကြိုဆိုမှာလဲ။ အဲဒီလောက်ကောင်းတဲ့ မိတ်သဟာယကို ကျွန်မ လုံးဝ မကြားဖူးခဲ့ဘူး။ ပိုပြီးလည်း သိချင်မိတယ်။ ဒါပေမဲ့ ဘုန်းတော်ကြီးက အမြဲတမ်း သတိပေးတာတွေကို ကျွန်မ သတိရသွားတယ်၊ ကျွန်မတို့ကို လှည့်ဖြားဖို့ နောက်ဆုံးသောကာလမှာ အယောင်ဆောင် ခရစ်တော်တွေ လာမယ်ဆိုတာတွေ၊ တခြားတစ်ယောက်ယောက်ရဲ့ တရားတွေကို နားထောင်လို့ မဖြစ်ဘူးဆိုတာတွေပေါ့။ ကျွန်မလည်း ချက်ချင်း သတိထားလိုက်ပြီး၊ တခြားအဆုံးအမတွေကို ကြုံသလို နားထောင်လို့ မဖြစ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ မှားတဲ့ဟာကို ယုံကြည်မိရင် နှစ်ပေါင်းများစွာ ရှိလာတဲ့ ကိုယ့်ယုံကြည်ခြင်းက အလကားဖြစ်မသွားဘူးလား။ ကျွန်မလည်း အစ်ကိုကျန့်ကို ငြင်းလိုက်တယ်။ ဘုရားရဲ့အသံတော် ဟုတ်မဟုတ် သိရအောင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်သင့်တယ်ဆိုပြီး သူက ကျွန်မကို လေးငါးခါလောက် ထပ်ပြောသေးတယ်။ ဒါပေမဲ့ ကျွန်မက သတိထားလွန်းတော့၊ သူ့ကို ရှောင်ဖို့ ဆင်ခြေတွေ အမြဲတမ်း ရှာခဲ့တယ်။

နောက်တစ်လ နှစ်လလောက်ကြာတော့ တစ်ရက်မှာ ကျွန်မယောက်ျားက နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်ကို အိမ်ကိုယူလာရော။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား မည်သို့ပြောဆိုသည်(ဗျာဒိတ်ကျမ်း ၃:၆) လို့ ပြောထားတာ ဒီစာအုပ်ပဲ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတာ ပြန်ကြွလာတဲ့သခင်ယေရှုပဲ ဆိုပြီး သူက ပြောတယ်။ ကျွန်မကိုလည်း ဖတ်ကြည့်ဖို့ အကြံပေးတယ်။ ကျွန်မက သူတော့ လမ်းလွဲသွားပြီဆိုပြီး စိုးရိမ်သွားတာ။ ဒါနဲ့ ဘယ်သူပြောတာကိုမှ နားမထောင်သင့်ဘူးလို့ ပြောလိုက်တယ်။ ဒါပေမဲ့ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ဖို့ပဲ စိတ်ပိုင်းဖြတ်ထားပြီ။ သူတော့ သခင့်ကို သစ္စာဖောက်မိပြီဆိုပြီး စိုးရိမ်သွားတယ်။ ကျွန်မ လုပ်ပေးနိုင်တာဆိုလို့ ငိုတာရယ်၊ ဥပုသ်စောင့်တာရယ်၊ သူ့အတွက် ဆုတောင်းပေးတာရယ်ပေါ့။ ရက်နည်းနည်းကြာတော့ ကျွန်မယောက္ခမလည်း ရောက်လာတယ်။ သူကလည်း သခင် ပြန်ကြွလာပြီလို့ ပြောပြန်ရော။ “‘ငါသည် မကြာမီကြွလာမည် ဟု ဆိုလေ၏။’ လို့ သခင်က မိန့်ခဲ့တယ်။ (ဗျာဒိတ်ကျမ်း ၂၂:၇) အမေတို့က အယောင်ဆောင် ခရစ်တော်တွေ လှည့်စားမှာကို ကြောက်ပြီးတော့၊ သခင် ပြန်လာခြင်းသတင်းတိုင်းကို အတုအယောင်ပဲလို့ ဆုံးဖြတ်ပြီး၊ အားလုံးကို လုံးလုံး ငြင်းပယ်နေမယ်ဆိုရင်၊ အမေတို့က သခင် ပြန်လာခြင်းကို ငြင်းပယ်ရှုတ်ချနေတာ ဖြစ်သွားမှာ မဟုတ်လား။ သူများကို မကောင်းမြင်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်ဒုက္ခပေးနေတာ ဖြစ်သွားမှာ မဟုတ်လား။ ခရစ်တော်အစစ်အမှန်ကို တားဆီးမိရင်၊ အမေတို့နောင်တတွေက သိပ်နောက်ကျသွားလိမ့်မယ် ဆိုပြီး ပြောတာ။ သခင်က အယောင်ဆောင် ခရစ်တော်တွေကို သတိထားခိုင်းတယ်ဆိုတာ၊ နောက်ဆုံးသောကာလမှာ ခရစ်တော်အစစ်အမှန် ပြန်ကြွလာမယ့်အပြင်၊ အတုအယောင်တွေကလည်း အစစ်အမှန်အဖြစ် အယောင်ဆောင်ကြလိမ့်မယ်ဆိုပြီး ပြောပြနေတာပဲ။ ဒါကြောင့် အမေတို့က အတုအယောင်တွေကို ခွဲခြားတတ်ဖို့ လိုတယ်။ အဲဒီလို မလုပ်နိုင်ဘဲနဲ့၊ သခင် ပြန်ကြွလာတယ်ဆိုတဲ့ သတင်းတိုင်းကို နားထောင်ဖို့ငြင်းပြီး ပစ်ပယ်တယ်ဆိုရင်၊ အမေတို့က သခင့်ကို ကြိုဆိုခွင့်နဲ့ လွဲချော်ဖို့ များသွားလိမ့်မယ်။ သခင်က စွန့်ပစ်တာကိုလည်း ခံရလိမ့်မယ်” တဲ့။ သူ ပြောတာတွေက ကျွန်မကို တကယ်တို့ထိခဲ့တယ်။ စိတ်ထဲမှာလည်း၊ “ငါက သခင့်ကို ကြိုဆိုဖို့ နေ့နေ့ညည စောင့်မျှော်လာခဲ့တာပဲ။ ငါ့မျက်စိတွေ၊ နားတွေကို ပိတ်ထားမယ်ဆိုရင်၊ ဘုရားရဲ့အသံကို ဘယ်လိုလုပ် ကြားမှာလဲ၊ သခင့်ကို ဘယ်လိုလုပ် ကြိုဆိုမှာလဲ” ပေါ့။ သတိထားနေရုံသက်သက်က အဖြေမဟုတ်သလိုပဲလေ။ သခင့်ကို ပစ်ပယ်မိရင် ကျွန်မက တော်တော် မိုက်မဲလွန်းသွားမှာပေါ့။ ကျွန်မယောက္ခမ ပြန်သွားတော့၊ ကျွန်မယောက်ျားက နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကို စူးစူးစိုက်စိုက်နဲ့ ဖတ်နေတာကို မြင်ရတယ်။ ကျွန်မ စဉ်းစားကြည့်တယ်၊ ပြီးခဲ့တဲ့ သုံးလေးနှစ်အတွင်းမှာ အသင်းတော်က ခြောက်ကပ်သလိုဖြစ်သွားတယ်။ ဘုရားကျောင်းပုံမှန်တက်သူတွေက အားလျော့ပြီး၊ အပျက်သဘောဆောင်ကုန်တယ်။ သူတို့ယုံကြည်ခြင်းက အားနည်းကုန်တယ်။ ကျွန်မယောက်ျားရဲ့ယုံကြည်ခြင်းကျတော့ အရင်ကထက်ကို ပိုပြီး အားကောင်းလာသလိုပဲ။ အဲဒီနှုတ်ကပတ်တော်တွေက သူတို့ပြောသလို တန်ခိုးနဲ့ပြည့်စုံတယ်၊ သြဇာအာဏာရှိတယ်ဆိုတာ ဖြစ်နိုင်မလား။ အဲဒါတွေက ဘုရားရဲ့အသံတော် ဖြစ်နိုင်မလား။ အစ်ကိုကျန့် ပြောခဲ့တာတွေက ဘယ်လောက် အသိဉာဏ်ပွင့်စေတယ်ဆိုတာလည်း စဉ်းစားမိတယ်။ သခင်က တကယ်ပဲ ပြန်ကြွလာပြီးပြီဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ငါတော့ သခင် ပြန်လာခြင်းကို ကြိုဆိုခွင့်နဲ့ မလွဲရအောင် စူးစမ်းသင့်တယ်ဆိုပြီး တွေးမိတယ်။ အဲဒီလိုနဲ့ ကျွန်မလည်း ဘုရားရဲ့အသံကို ကြားနိုင်အောင် ချင့်ချိန်နိုင်စွမ်း ပေးဖို့ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။

ညစာစားပြီးသွားတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက ဒီကျမ်းပိုဒ်ကို ကျွန်မတို့လင်မယား ဖတ်ဖြစ်ကြတယ်၊ “‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဟု ခေါ်ဆိုနိုင်ပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) ဘုရားသခင်ဆီက လာတဲ့ ဒီနှုတ်ကပတ်တော်တွေက သိပ်ကောင်းတာပဲ။ ယုံကြည်ခြင်းဆိုတာ နေ့တိုင်း ဆုတောင်းချက် ပြုတာတွေ၊ စည်းဝေးပွဲတွေနဲ့ မတ်စ်ပွဲကို မပျက်မကွက် တက်တာတွေချည်းပဲ မဟုတ်ဘူးဆိုတာ ကျွန်မ မြင်သွားတယ်။ ယုံကြည်ခြင်းဆိုတာ ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုလက်တွေ့လုပ်ဆောင်တာ၊ ကိုယ့်ရဲ့ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားရမယ်၊ ဘုရားအပေါ် အမှန်တကယ်သိခြင်း ရှိလာရမယ်။ အဲဒီလိုယုံကြည်ခြင်းမျိုးက ဘုရားရဲ့အလိုတော်နဲ့ ကိုက်ညီတယ်။ ကျွန်မလည်း အဲဒါကို တွေးကြည့်လေလေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သိပ်ကောင်းလွန်းတယ်လို့ ခံစားမိလေပဲ။ အဲဒါတွေက သမ္မာတရားဖြစ်ပြီး၊ ဘယ်လူသားမဆို ပြောနိုင်တဲ့အရာမျိုး မဟုတ်ဘူးပေါ့။ ဘုရားရဲ့နှုတ်ကပတ်တော်တွေပဲ ဖြစ်ရမယ်ဆိုပြီး တွက်ဆမိတယ်။ သတိထားနေတာတွေကိုလည်း ဖျောက်လိုက်တယ်။

နောက်သုံးလေးရက်လောက်ကြာတော့ အစ်ကိုကျန့်က ကျွန်မတို့ဆိုင်ကို ခဏဝင်လာတယ်။ ကျွန်မလည်း ကိုယ်စိုးရိမ်နေတာတွေကို ပြောပြလိုက်တယ်။ သူလည်း အဲဒီလို ခံစားခဲ့ရဖူးတယ်လို့ ကျွန်မကို ပြောပြတယ်။ သူလည်း အယောင်ဆောင် ခရစ်တော်တစ်ယောက်က လှည့်စားမှာကို ကြောက်ခဲ့တယ်။ ဒါနဲ့ ဘုန်းတော်ကြီးကို ကြောင်းကျိုးမမြင်ဘဲ နာခံပြီး၊ သခင် ပြန်ကြွလာပြီဆိုတဲ့ ဧဝံဂေလိတရားမှန်သမျှကို နားမထောင်ခဲ့ဘူးပေါ့။ ဒါပေမဲ့ ဘုန်းတော်ကြီးပြောတာတွေက သခင့်နှုတ်ကပတ်တော်တွေနဲ့ ညီမညီဆိုတာ သူ လုံးဝ မစဉ်းစားခဲ့ဘူး။ နောက်ဆုံးသောကာလမှာ အယောင်ဆောင် ခရစ်တော်တွေက လူတွေကို လှည့်စားလိမ့်မယ်လို့ သခင်က ပြောခဲ့တယ်၊ အဲဒါမှ ငါတို့က အဲဒါတွေကို ဘယ်လို ခွဲခြားရမယ်ဆိုတာ သိမှာလေ။ ဒါပေမဲ့ ဘုန်းတော်ကြီးက သခင်ယေရှု မိန့်ဆိုခဲ့တာကို တလွဲအဓိပ္ပာယ်ကောက်ပြီး၊ သခင် ပြန်လာခြင်းသတင်းတိုင်းကို မစူးစမ်းဖို့၊ နားမထောင်ဖို့ပဲ ပြောနေခဲ့တယ်။ ငါတို့တွေ သခင် ပြန်လာခြင်းကို မကြိုဆိုမိအောင် သူက တားဆီးနေတာ မဟုတ်ဘူးလား။ ငါတို့တွေလှည့်စားခံရမှာကို တကယ် စိုးရိမ်တယ်ဆိုရင်၊ ခရစ်တော်အစစ်အမှန်နဲ့ အတုအယောင်တွေကို ခွဲခြားရမယ့်နည်းကို သူက ဘာဖြစ်လို့ မသင်ပြပေးတာလဲ။ ငါတို့က ခွဲခြားတတ်မယ်ဆိုရင်၊ လမ်းလွဲစရာ ရှိတော့မှာ မဟုတ်ဘူးလေတဲ့။ သူ ရှင်းပြတာက ယုတ္တိရှိတယ်လေ။ ဆရာတော်က ကျွန်မတို့ကို မလှုပ်မယှက် သတိရှိနေဖို့ ပြောနေတာတွေက သခင် မိန့်ဆိုခဲ့တာနဲ့ လုံးဝ ဆန့်ကျင်နေတယ်။ သခင် ပြန်လာခြင်းကို မကြိုဆိုမိကြအောင် တားဆီးဖို့ လှည့်ကွက်တစ်ခုပဲ။ ငါတော့ ဆရာတော့်ကို ကျိုးကြောင်းမမြင်ဘဲ နာခံနေလို့မဖြစ်တော့မှန်း သိသွားတယ်။ ငါက ပညာရှိသတို့သမီးတစ်ယောက် ဖြစ်ရမယ်၊ သခင့်ကို ကြိုဆိုဖို့ ဘုရားရဲ့အသံကို ရှာဖွေရမယ်ပေါ့။ ခရစ်တော်အစစ်အမှန်နဲ့ အတုအယောင်တွေကို ဘယ်လိုခွဲခြားမလဲဆိုတာ အစ်ကိုကျန့်ကို ရှင်းပြခိုင်းလိုက်တယ်။ သူက ဘာပြောလဲဆိုတော့၊ “သူတို့တွေကို ခွဲခြားဖို့အတွက် အခြေခံသဘောတရားကို ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၂၄ မှာ သခင်ယေရှုက မိန့်ဆိုပြထားတယ်။ အယောင်ဆောင် ခရစ်တော်တွေနဲ့ မိစ္ဆာပရောဖက်တွေက အံ့ဖွယ်နိမိတ်လက္ခဏာတွေကို ပြကြလိမ့်မယ်။ နောက်ဆုံးသောကာလမှာ လူတွေကို လှည့်စားဖို့အတွက် သူတို့ အဓိက လုပ်ကြမှာက အဲဒါပဲ” တဲ့။ ပြီးတော့ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်တစ်ခုကို ဖတ်ပြတယ်။ “မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် ညှိ၍မရနိုင်ပေ။ ဥပမာအားဖြင့် မေရှိယတစ်ဦး၏ ကြွလာခြင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ဟောကိန်း ထုတ်ထားပြီး၊ ဤပရောဖက်ပြုချက်၏ အကျိုးဆက်မှာ ယေရှု၏ ကြွလာခြင်းဖြစ်ခဲ့သည်။ ဤအရာဖြစ်ပျက်နှင့်ပြီးဖြစ်လျက်၊ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားယွင်းပေမည်။ ယေရှုသည် တစ်ကြိမ်ကြွလာနှင့်ပြီး ဖြစ်ကာ ဤအကြိမ်၌ ယေရှုနောက်တစ်ဖန် ကြွလာရန်မှာ မှားယွင်းပေမည်။ ခေတ်တိုင်းအတွက် နာမတစ်ခုရှိပြီး နာမ အသီးသီးသည် ထိုခေတ်၏ ဇာတ်ဆောင်စရိုက်ကို သရုပ်ဖော်ခြင်း ပါရှိလေသည်။ လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အရေးပါမှု သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း) ဒါကို ဖတ်ပြပြီးတော့ အစ်ကိုကျန့်က ပြောတယ်၊ “ဘုရားသခင်က အမြဲတမ်း အသစ်ဖြစ်တယ်၊ ဘယ်တော့မှ မအိုဟောင်းဘူး။ သူ့အမှုတော်ကို ထပ်မကျော့ဘူး။ ဘုရားက အမှုပြုဖို့ ကြွလာတဲ့အချိန်တိုင်းမှာ ပိုပြီး သစ်လွင်တဲ့ ပိုပြီးမြင့်မားတဲ့ အမှုတော်ကို ယူဆောင်လာရင်းနဲ့၊ ခေတ်သစ်တစ်ခုကို စတင်ပေးပြီး၊ ခေတ်ဟောင်းကို အဆုံးသတ်စေတယ်။ သခင်ယေရှုက သူ့အမှုတော်ကို ပြုခဲ့တဲ့အချိန်မှာ၊ ပညတ်တော်ခေတ်ရဲ့ အမှုတော်ကို ထပ်မကျော့ခဲ့ဘူး။ လူတွေကို ရွေးနုတ်ဖို့အတွက် အဲဒီခေတ်အမှုတော်ရဲ့ အခြေခံအုတ်မြစ်ပေါ်မှာ တည်ဆောက်ခဲ့တာ။ သူက ပညတ်တော်ခေတ်ကို အဆုံးသတ်ပေးပြီး၊ ကျေးဇူးတော်ခေတ်ကို စတင်ခဲ့တာ။ သခင်က နောက်ဆုံးသောကာလမှာ ကြွလာပြီးတော့၊ ရွေးနုတ်ခြင်းအမှုတော်ကိုပဲ ထပ်ကျော့မယ်၊ နာမကျန်းသူတွေကို ပျောက်ကင်းစေမယ်၊ နတ်ဆိုးတွေကို နှင်ထုတ်မယ်၊ အံ့ဖွယ်နိမိတ်လက္ခဏာတွေ ပြမယ်ဆိုရင်၊ ဘုရားရဲ့အမှုတော်က တန့်သွားမှာပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပေးပြီး နိုင်ငံတော်ခေတ်ကို စတင်ရင်းနဲ့၊ နောက်ဆုံးသောကာလမှာ ကြွလာပါပြီ။ သူက ရွေးနုတ်ခြင်းအမှုတော်ရဲ့ အခြေခံအုတ်မြစ်ပေါ်မှာ ဘုရားအိမ်တော်ကနေ စတင်တဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေတယ်၊ လူတွေကို တရားစီရင်၊ သန့်စင်ပေးဖို့အတွက် သမ္မာတရားတွေကို ဖော်ပြနေတယ်။ ဒါမှ ငါတို့က အပြစ်နဲ့ပြည့်တဲ့ သဘာဝရဲ့ အချုပ်အနှောင်တွေကနေ အပြည့်အဝ လွတ်မြောက်နိုင်မယ်၊ ဘုရားသခင်အားဖြင့် အပြည့်အဝ သန့်စင်ကယ်တင်ခံရနိုင်မယ်။ ဒါပေမဲ့ အယောင်ဆောင် ခရစ်တော်တွေဆိုတာ အနှစ်သာရအရ မကောင်းဆိုးဝါးတွေ၊ နတ်ဆိုးတွေပဲ။ သူတို့က ဘယ်လို အံ့ဖွယ်နိမိတ်လက္ခဏာတွေပဲ ပြပြ၊ သူတို့ကိုယ်သူတို့ ဘုရားလို့ ဘယ်လိုပဲ ခေါ်ခေါ်၊ သမ္မာတရားကို မဖော်ပြနိုင်ကြဘူး၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုလည်း မဖော်ပြနိုင်ဘူး။ အထူးသဖြင့် သူတို့က ခေတ်သစ်တစ်ခုကို မစပေးနိုင်သလို၊ ခေတ်ဟောင်းကိုလည်း အဆုံးမသတ်နိုင်ကြဘူး။ အယောင်ဆောင် ခရစ်တော်တွေဆိုတာ သခင့်ရဲ့ နှုတ်ကပတ်တော်အဟောင်းတွေနဲ့ အမှုတော်ကိုပဲ တုပနိုင်ကြတယ်။ ရိုးရှင်းတဲ့ နိမိတ်လက္ခဏာတချို့ကိုပဲ ပြနိုင်ကြတယ်။ ဒါမှမဟုတ်လည်း ချင့်ချိန်နိုင်စွမ်း မရှိတဲ့လူတွေကို လှည့်စားဖို့အတွက် မှန်တယ်လို့ ထင်ရတဲ့ မှားယွင်းတဲ့အရာတွေကို ပြောတတ်ကြတယ်။ ဒါပေမဲ့ လူငါးထောင်ကို မုန့်ငါးလုံး၊ ငါးနှစ်ကောင်တည်းနဲ့ ကျွေးပြတာမျိုး၊ လေနဲ့ ပင်လယ်ကို ပြစ်တင်ဆုံးမတာမျိုး၊ လာဇရုကို သေရာကနေ ပြန်ရှင်စေတာမျိုးလို သခင်ယေရှု လုပ်ပြခဲ့တဲ့ အံ့ဖွယ်အမှုတွေကိုတော့၊ လုံးဝ မတုပနိုင်ကြဘူး။ အယောင်ဆောင်ခရစ်တော်တွေက အဲဒါမျိုးတွေကို လုံးဝ မလုပ်နိုင်ကြဘူး” တဲ့။ ကျွန်မလည်း ဒါတွေကြောင့် အသိဉာဏ်ပွင့်သွားတယ်။ ကျွန်မ စဉ်းစားကြည့်တယ်၊ “ခရစ်တော်အစစ်အမှန်နဲ့ အတုအယောင်တွေကို ဘယ်လိုခွဲခြားမလဲဆိုတာနဲ့ပတ်သက်တဲ့ ဒီလိုရှင်းလင်းတဲ့ ရှင်းပြမှုမျိုးကို ငါ လုံးဝ မကြားခဲ့ဖူးဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက သမ္မာတရားပဲ။ လူတွေ လိုက်လျှောက်ဖို့ လမ်းတစ်ခုကို ဖွင့်ပေးတာပဲ။ အယောင်ဆောင် ခရစ်တော်တွေက ဟိုအရင်က သခင် ပြုခဲ့တဲ့အမှုကိုပဲ တုပနိုင်ပြီး၊ လူတွေကို လှည့်စားဖို့ အံ့ဖွယ်အမှုလေးတွေကိုပဲ ပြနိုင်မှန်း ငါ အခု သိပြီ။ ဘုရားကသာ ခေတ်သစ်တစ်ခုကို စတင်ပြီး ခေတ်ဟောင်းကို အဆုံးသတ်ပေးနိုင်တာ။ ငါတို့ကို အာဟာရပေးဖို့ သမ္မာတရားတွေကို ဖော်ပြပေးနိုင်တာ” ပေါ့။

နောက်တော့ အစ်ကိုကျန့်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ် နှစ်ခုလောက်ကို ဖတ်ပြတယ်။ “လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။ ၎င်းတို့သည် ခရစ်တော်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း၊ ခရစ်တော်၏ အနှစ်သာရထဲမှ မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အတွက်၊ အနှေးနှင့်အမြန်၊ ခရစ်တော်၏ အယောင်ကိုဆောင်သော သူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရနိုင်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က တာဝန်ယူကာ ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ငါပြောရပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

သူက ဒါကိုဖတ်ပြပြီးတော့ ပြေားတယ်၊ “ခရစ်တော်ဆိုတာ လူသားတွေကြားမှာ ပေါ်ထွန်းပြီး အမှုပြုဖို့ ကြွလာတဲ့ လူသားအဖြစ် လူ့ဇာတိယူတင်ဝတ်ဆင်ထားတဲ့ ဘုရားသခင်ပဲ။ အပြင်ပန်းအရ သူက သာမန်လူသားတစ်ယောက်နဲ့ တူပေမဲ့၊ သူ့အနှစ်သာရက ဘုရားဖြစ်ခြင်းပဲ။ အဲဒါကြောင့် သူက ဘုရားရဲ့စိတ်သဘောထားနဲ့ သမ္မာတရားကို ဖော်ပြနိုင်တာ။ လူတွေကို ရွေးနုတ်ပြီး ကယ်တင်ပေးတဲ့ အမှုတော်ကို ပြုနိုင်တာပဲ။ ဘယ်လူသားကမှ အဲဒါကို မစွမ်းဆောင်နိုင်ဘူး။ ခရစ်တော်အစစ်အမှန်ကို ခွဲခြားရာမှာ အဓိကကျတာက သူတို့ဟာ သမ္မာတရားကို ဖော်ပြပြီး ကယ်တင်ခြင်းအမှုကို လုပ်နိုင်ခြင်း ရှိမရှိဆိုတာ မြင်အောင်ကြည့်ဖို့ပဲ။ ဒါက အဓိကအကျဆုံး၊ အရေးကြီးဆုံး အခြေခံသဘောတရားပဲ။ သခင်ယေရှု ပေါ်ထွန်းပြီး အမှုပြုခဲ့တဲ့အချိန်မှာ၊ သူက သာမန်လူတစ်ယောက်ပုံစံပဲ ရှိခဲ့တယ်။ ဒါပေမဲ့ သူက ကောင်းကင်နိုင်ငံတော်ရဲ့ နက်နဲမှုတွေကို ထုတ်ဖော်ပြခဲ့ပြီး၊ နောင်တတရားလမ်းကို ယူဆောင်ပေးခဲ့တယ်။ သခင့်ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနဲ့ဘ ချစ်ကြဖို့၊ တခြားလူတွေကိုလည်း ကိုယ်နှင့်အမျှ ချစ်ကြဖို့၊ လူတွေကို ခုနစ်ကြိမ်ခုနစ်လီတိုင်အောင် ခွင့်လွှတ်ပေးကြဖို့ သွန်သင်ပေးခဲ့တယ်။ သူက ချစ်ခင်တတ်တဲ့၊ သနားကရုဏာနဲ့ပြည့်စုံတဲ့ ဘုရားရဲ့စိတ်သဘောထားကို ဖော်ပြခဲ့တယ်။ နောက်ဆုံးမှာ လူတွေအတွက် အပြစ်ဖြေရာယဇ်အနေနဲ့ ကားစင်တင်ခံခဲ့ရပြီး၊ လူသားမျိုးနွယ် ရွေးနုတ်ခြင်းအမှုကို ပြီးစီးစေခဲ့တယ်။ သခင်ယေရှုရဲ့အမှုတော်၊နှုတ်ကပတ်တော်တွေနဲ့ သူ ဖော်ပြခဲ့တဲ့ စိတ်သဘောထားကနေ၊ သူဟာ ခရစ်တော်ဖြစ်တယ်၊ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်တယ်ဆိုတာ ငါတို့ သေချာပြောလို့ရတယ်။ အခုဆို အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလမှာ ကြွလာခဲ့ပါပြီ။ သူက ဘုရားအိမ်တော်ကနေ စတင်နေတဲ့ တရားစီရင်ခြင်းအမှုကို ပြုပါတယ်။ လူတွေကို သန့်စင်ကယ်တင်နိုင်တဲ့ သမ္မာတရားတွေအားလုံးကိုလည်း ဖော်ပြပေးတယ်။ လူတွေကို ကယ်တင်ဖို့အတွက် ဘုရားရဲ့နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှုတွေအကြောင်း၊ ငါတို့က စာတန်ကြောင့် ဘယ်လိုအကျင့်ပျက်နေသလဲ၊ ဘုရားက ငါတို့ကို ဘယ်လိုတစ်ဆင့်ချင်း ကယ်တင်သလဲ၊ ဘုရားသခင် လူ့ဇာတိခံယူခြင်းတွေရဲ့ နက်နဲမှု၊ ဘုရားရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုရဲ့ အရေးပါမှု၊ လူတွေရဲ့ ခရီးပန်းတိုင်နဲ့ အဆုံးသတ်ကို ဘုရားက ဘယ်လိုဆုံးဖြတ်သလဲ၊ ခရစ်တော်ရဲ့ နိုင်ငံတော်က မြေကြီးပေါ်မှာ ဘယ်လိုဖြစ်ပေါ်သလဲ စသဖြင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ထုတ်ဖော်ပြထားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာကျမ်းရဲ့ ဒီနက်နဲမှုတွေကို ဖွင့်ဟပြရုံသာမက၊ လူတွေရဲ့ အပြစ်လုပ်တတ်တဲ့၊ ဘုရားကို ခုခံတတ်တဲ့ အရင်းခံအကြောင်းရင်းကိုလည်း ဖော်ထုတ်ပြီး တရားစီရင်တယ်။ အရင်းခံအကြောင်းရင်းဆိုတာ ငါတို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ စိတ်သဘောထားတွေပဲ။ သူက ဘယ်လိုပုန်ကန်ပြစ်မှားမှုကိုမှ သည်းခံမှာမဟုတ်တဲ့ ဖြောင့်မတ်၊ သန့်ရှင်းတဲ့ စိတ်သဘောထားကိုလည်း ထုတ်ဖော်ပြတယ်။ အပြစ်တရားကို ဖယ်ရှားပြီး သန့်စင်ခံရဖို့ လမ်းကိုလည်း ပြသပေးတယ်။ ဘယ်လိုနောင်တ ရပြီး ဘုရားရဲ့နိုင်ငံတော်ထဲဝင်ရောက်ရမလဲ၊ ယုံကြည်ခြင်းကို ဘယ်လိုရှိသင့်သလဲ၊ ဘုရားကို ဘယ်လို နာခံပြီး ချစ်သင့်သလဲ၊ သူ့အလိုတော်ကို ဆောင်တယ်ဆိုတာ ဘာလဲ စသဖြင့် ပြောပြပေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်က အောင်မြင်သူတွေအုပ်စုတစ်ခုကို ပြုလုပ်ပြီးနေပါပြီ။ စာတန်ကို အနိုင်ရတဲ့ သက်သေခံချက်တွေအများကြီးကိုလည်း ပေါ်လာစေခဲ့ပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နိုင်ငံတော်ဧဝံဂေလိတရားက အရှေ့အရပ်ကနေ အနောက်အရပ်ကို ပျံ့နှံ့သွားပြီ၊ သခင်ယေရှုရဲ့ပရောဖက်ပြုချက်ကို လုံးဝ ပြည့်စုံစေပါပြီ၊ ‘လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မာသေဦး ၂၄:၂၇) သူဟာ ပြန်ကြွလာတဲ့သခင်ယေရှု ဖြစ်တယ်ဆိုတာကို၊ သူ ဖော်ပြတဲ့ သမ္မာတရားတွေ၊ သူ လုပ်ဆောင်တဲ့ တရားစီရင်ခြင်းအမှုနဲ့ သူ့အမှုတော်ရဲ့အသီးအပွင့်တွေ အားလုံးက သက်သေပြပါတယ်။ သူဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော် ပေါ်ထွန်းခြင်းပါပဲ။ ဒါကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အဲဒါက အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်ဆိုတဲ့အတိုင်းပါပဲ၊ ‘သူသည် သူ၏ အမှုအား သူ၏ပင်ကိုလက္ခဏာကို အတည်ပြုခွင့်ပေးပြီး သူ ထုတ်ဖော်ပြသောအရာအား သူ၏အနှစ်သာရကို မှန်ကန်ကြောင်း ထောက်ခံခွင့်ပြုလေသည်။ သူ၏အနှစ်သာရသည် အခြေအမြစ် မရှိသည်မဟုတ်။ သူ၏ပင်ကိုလက္ခဏာကို သူ၏လက်ဖြင့် ဖမ်းဆုပ်ထားသည် မဟုတ်ပေ။ ယင်းကို သူ၏အမှုနှင့် သူ၏အနှစ်သာရတို့က သတ်မှတ်ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်) အယောင်ဆောင် ခရစ်တော်တွေမှာ ဘုရားဖြစ်ခြင်းအနှစ်သာရ မရှိသလို၊ သမ္မာတရားကို မဖော်ပြနိုင်ကြဘူး။ သူတို့က ဘုရားပဲ၊ ခရစ်တော်ပဲဆိုပြီး ဘယ်လိုပဲ မရမကပြောပါစေ၊ အားလုံးက အတုအယောင်နဲ့ လှည့်စားတာပဲ။ သူတို့နောက် လိုက်တယ်ဆိုတာ ပင်လယ်ဓားပြသင်္ဘောကို တက်စီးမိသလိုမျိုးပဲ။ လုံးဝ ကောင်းနိုင်မှာမဟုတ်ဘူး။ ခရစ်တော်အဖြစ် သူတို့ ဘယ်လိုပဲ ဟန်ဆောင်ဟန်ဆောင်၊ လူတွေကို ခဏလောက်ပဲ လှည့်ဖြားနိုင်ကြတယ်။ အမှန်တရားတွေနဲ့ ထုတ်ဖော်ခံရပြီး၊ အနှေးနဲ့အမြန် အရှုံးပေးသွားကြမှာ သေချာတယ်။ ခရစ်တော်ကသာ သမ္မာတရားကို ဖော်ပြနိုင်ပြီး၊ လူသားမျိုးနွယ်ရဲ့ ကယ်တင်ခြင်းအမှုကို ပြုနိုင်တယ်။ အဲဒါကြောင့် ခရစ်တော်အစစ်အမှန်နဲ့ အတုအယောင်တွေကို ခွဲခြားသိရာမှာ အဓိကက သူတို့ဟာ သမ္မာတရားနဲ့ ဘုရားရဲ့အသံကို ဖော်ပြနိုင်သလားဆိုတာ မြင်အောင်ကြည့်ဖို့ပဲ။ အဲဒါက အရေးကြီးဆုံးပဲ” တဲ့။

ကျွန်မလည်း ဒါနဲ့် တော်တော် အသိဉာဏ်ပွင့်သွားတယ်။ ခရစ်တော်အစစ်အမှန်ကို ခွဲခြားရာမှာ အဓိကကျတာက သူတို့ဟာ သမ္မာတရားကို ဖော်ပြနိုင်သလားဆိုတာကို ကြည့်ဖို့ပဲ။ ဖော်ပြနိုင်တယ်ဆိုရင် အဲဒါက ခရစ်တော်ပဲ၊ ပြန်ကြွလာတဲ့သခင်ပဲ။ သမ္မာတရားကို မဖော်ပြနိုင်ဘဲ၊ သူတို့က ခရစ်တော်ပါလို့ ပြောတဲ့လူတိုင်းက အယောင်ဆောင် ခရစ်တော််ပဲ၊ လှည့်စားတဲ့သူတစ်ယောက်ပဲ။ ဒီချင့်ချိန်ခွဲခြားနည်းက အရမ်းရိုးရှင်းပြီး လက်တွေ့ကျတယ်လို့ ကျွန်မ ထင်မိတယ်။ သိပ်ကောင်းတဲ့ လက်တွေ့လုပ်ဆောင်မှုလမ်းတစ်ခုပဲ။ ခရစ်တော်အစစ်အမှန်နဲ့ အတုအယောင်တွေကို ဘယ်လိုခွဲခြားမလဲဆိုတာနဲ့ပတ်သက်လို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက သိပ်ပြီး ရှင်းလင်းတယ်။ အဲဒါတွေက တကယ်ကို သမ္မာတရားပါပဲ။ ဘုန်းတော်ကြီးကို ကျိုးကြောင်းမမြင်ဘဲ နာခံရင်းနဲ့၊ ကျွန်မ ဘယ်လောက်မိုက်မဲခဲ့တာတွေ၊ မသိနားမလည်ခဲ့တာတွေကို စဉ်းစားမိတယ်။ ကျွန်မက အယောင်ဆောင် ခရစ်တော်တစ်ယောက်က လှည့်စားမှာကို စိုးရိမ်ရင်းနဲ့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ရှာဖွေစူးစမ်းမိခဲ့မှာ မဟုတ်ဘူး။ ဘုရားရဲ့အသံကို နားထောင်ဖို့လည်း ကြိုးစားခဲ့တာမဟုတ်ဘူး။ ဒါကြောင့် သခင့်ကို ကြိုဆိုခွင့်နဲ့ လွဲလုနီးပါး ဖြစ်ခဲ့တာ။ ကျွန်မက တကယ်ကို ကိုယ့်လုပ်ရပ်နဲ့ ကိုယ်ပြန်ခံနေရတာဖြစ်ပြီး၊ မိုက်မဲတဲ့သတို့သမီးတစ်ယောက် ဖြစ်နေခဲ့တာပါ။ ဘုရားရဲ့သနားကရုဏာနဲ့ သည်းခံပေးမှုတွေ ကြောင့်သာမဟုတ်ခဲ့ရင်၊ ပြီးတော့ ကိုယ် ချစ်ခင်တဲ့လူတွေကတစ်ဆင့် ကိုယ့်တံခါးကို လာခေါက်တာတွေ၊ အစ်ကိုကျန့်က ဧဝံဂေလိတရားကို ထပ်တလဲလဲ မျှဝေပေးတာတွေ ကြောင့်သာ မဟုတ်ခဲ့ရင်၊ ကျွန်မက တစ်သက်လုံး ဘာသာတရားထဲမှာပဲ ဆက်နေမိမှာ၊ ဘုရားရဲ့အသံကိုလည်း ကြားမိမှာမဟုတ်ဘူး၊ သခင်ပြန်လာခြင်းကိုလည်း ကြိုဆိုမိမှာ မဟုတ်ဘူး။ ဘုရားရဲ့ကယ်တင်ခြင်းအတွက် အမှန်တကယ် ကျေးဇူးတင်မိပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အပြစ်မှ သန့်စင်ခံရဖို့လမ်းကို ကျွန်မ တွေ့ခဲ့ပြီ

“စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊...

ကောင်းကင်နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် အမှန်တကယ် တည်လေသည်

ချန်းဘို၊ တရုတ်ပြည် ကျွန်မတို့ ယုံကြည်သူများတွင်ရှိသည့် အကြီးမားဆုံးသော တောင့်တမှုက ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ဖို့နှင့် သခင်က...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။