ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်သည် လူတို့ ကယ်တင်ခြင်းခံရနိုင်ရန်နှင့် စုံလင်စေခြင်း ခံရနိုင်သည့် အတိုင်းအတာအထိ ဖြည်းဖြည်းချင်း နက်နဲလာသည့်ပုံ

25.03.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားပြီး၊ အဆင့်အသီးသီးတွင်၊ သင့်တော်သည့် သတ်မှတ်ချက်များကို လူသားအပေါ် ပြုလုပ်ထားလေသည်။ ထို့အပြင် ခေတ်များကုန်လွန်ပြီး တိုးတက်သည်နှင့်အမျှ၊ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များသည် ယခင်ထက် သာ၍ မြင့်မားလာသည်။ ထို့ကြောင့် တစ်ဆင့်ပြီးတစ်ဆင့်၊ ဘုရားသခင်၏ ဤစီမံခန့်ခွဲခြင်း အမှုသည် လူသားက “လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းခြင်း” နှင့်ဆိုင်သည့် အမှန်တရားကို ရှုမြင်သည်အထိ၊ ယင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး၊ ဤနည်းဖြင့် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များသည် လူသား၏ သက်သေခံရန် သတ်မှတ်ချက်များကဲ့သို့၊ သာ၍ပင် မြင့်မားလာလေသည်။ လူသည် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိလေ၊ ဘုရားသခင်ကို သာ၍ ဘုန်းထင်ရှားစေလေ ဖြစ်သည်။ လူသား၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် သူ သက်သေခံရန်လိုအပ်သည့် သက်သေခံချက်ဖြစ်ပြီး၊ သူ သက်သေခံသည့် သက်သေခံချက်သည် လူ၏ လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုက ထိုက်သင့်သည့် အကျိုးသက်ရောက်မှု ရှိသည်၊ မရှိသည်၊ ပြီးလျှင် စစ်မှန်သည့် သက်သေခံချက် ရှိနိုင်သည်၊ မရှိနိုင်သည်မှာ လူသား၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်သေခံချက်တို့နှင့် ခွဲခြားမရဘဲ ဆက်နွှယ်ပေသည်။ အမှု ပြီးစီးသည့်အခါတွင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံး ယင်း၏ အဆုံးသတ်သို့ ရောက်ရှိသည့် အချိန်တွင်၊ လူသားသည် ပိုမိုမြင့်မားသည့် သက်သေခံချက်ကို ပြုလုပ်ရန် သက်သေခံရန် လိုအပ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်ရှိသည့်အချိန်တွင်၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုတို့သည် ယင်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိလိမ့်မည် ဖြစ်သည်။ ယခင်က လူသားသည် ပညတ်တော်များ၊ ပညတ်ချက်များကို လိုက်နာရန် လိုအပ်ခဲ့ပြီး၊ စိတ်ရှည်သည်းခံကာ စိတ်နှိမ့်ချရန် လိုအပ်ခဲ့သည်။ ယနေ့တွင် လူသားအနေဖြင့် ဘုရားသခင်၏ စီစဉ်မှုအားလုံးကို လိုက်နာရန် လိုအပ်ပြီး၊ ဘုရားသခင်အပေါ် အမြင့်ဆုံး ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ရန် လိုအပ်သကဲ့သို့၊ နောက်ဆုံးတွင် ဆင်းရဲဒုက္ခအလယ်တွင် ဘုရားသခင်ကို ချစ်နေဆဲဖြစ်ဖို့ လိုအပ်လေသည်။ ဤအဆင့်သုံးဆင့်သည် သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံး တစ်လျှောက် ဘုရားသခင်က လူသားအပေါ် တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်သော သတ်မှတ်ချက်များ ဖြစ်သည်။ ဘုရားသခင်၏ အမှုအဆင့်အသီးသီးသည် ပြီးခဲ့သည့်အဆင့်ထက် ပိုနက်ရှိုင်းသွားပြီး၊ အဆင့်အသီးသီးတွင် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များက ပြီးခဲ့သည့်အဆင့်ကထက်ပို၍ နက်နဲလာကာ၊ ဤသို့ဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးသည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာလေသည်။ ယင်းမှာ အတိအကျအားဖြင့် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များက ယခင်ထက် သာ၍ မြင့်မားလာသည်မှာ လူသား၏ စိတ်သဘောထားသည် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများနှင့် ယခင်ထက် သာ၍ နီးစပ်လာသောကြောင့် ဖြစ်ပြီး၊ ထိုအခါမှသာ ဘုရားသခင်၏ အမှုက စုံလင်သည့် အဆုံးသတ်တစ်ခုသို့ ရောက်လာချိန် လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏စွမ်းအားမှ ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်အထိ၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏စွမ်းအားမှ တဖြည်းဖြည်း စတင် ထွက်ခွာလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

ဘုရားသခင်၏စီမံခန့်ခွဲခြင်း အမှုသည် ကမ္ဘာလောကို ဖန်ဆင်းခြင်းတွင် စတင်ခဲ့ပြီး၊ လူသားသည် ဤအမှု၏ ဗဟိုအချက်အချာတွင် ရှိလေသည်။ ဘုရားသခင်၏ အရာခပ်သိမ်း ဖန်ဆင်းခြင်းသည် လူသားအတွက်ဖြစ်သည်ဟု ပြော၍ရပေသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုသည် နှစ်ထောင်ချီ လွှမ်းခြုံပြီး၊ မိနစ် သို့မဟုတ် စက္ကန့်မျှ အချိန်အတွင်း၊ သို့မဟုတ် မျက်စိတစ်မှိတ် သို့မဟုတ် တစ်နှစ်၊ နှစ်နှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပေ၊ သူသည် လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် လိုအပ်သည့် နေ၊ လ၊ သက်ရှိ သတ္တဝါမျိုးစုံ၊ အစားအစာနှင့် သာတောင့်သာယာရှိသော ပတ်ဝန်းကျင်ကဲ့သို့သော နောက်ထပ် အမှုအရာများကို ဖန်ဆင်းခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်၏စီမံခန့်ခွဲမှု အစ ဖြစ်ပေသည်။

ထို့နောက်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို စာတန်ထံ လွှဲအပ်နှံခဲ့ပြီး၊ လူသားသည် စာတန်၏ ပိုင်နက်အောက် အသက်ရှင်ခဲ့ရသည်၊ ယင်းက ဘုရားသခင်အမှု၏ ပထမဆုံးခေတ်- ပညတ်တော်ခေတ်၏ အဖြစ်အပျက်သို့ ဖြည်းဖြည်းချင်း ဆိုက်ရောက်သွားစေခဲ့သည်။ ပညတ်တော်ခေတ် အတောအတွင်း နှစ် နှစ်ထောင် သုံးထောင် တစ်လျှောက်အတောအတွင်းတွင်၊ လူသားမျိုးနွယ်သည် ပညတ်တော်ခေတ်၏ လမ်းပြမှုဖြင့် ကျင့်သားရလာခဲ့ပြီး၊ ယင်းကို အလေးမမူခဲ့ပေ။ လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုကို တဖြည်းဖြည်းနှင့် စွန့်ခွာခဲ့သည်။ ထို့ကြောင့် ပညတ်တော်ကို လိုက်လျှောက်နေစဉ်တွင်၊ ၎င်းတို့သည် ရုပ်တုဆင်းတုများကိုလည်း ကိုးကွယ်ခဲ့ကြပြီး၊ မကောင်းမှုများကိုလည်း ကျူးလွန်ခဲ့ကြသည်။ ၎င်းတို့သည် ယေဟောဝါ၏ ကွယ်ကာမှု မရှိခဲ့ကြသကဲ့သို့၊ ၎င်းတို့၏ အသက်တာများကို ဗိမာန်တော်ထဲက ယဇ်ပလ္လင်ရှေ့တွင် အသက်ရှင်ရုံမျှ ရှင်ခဲ့ကြသည်။ အမှန်တွင် ဘုရားသခင်၏ အမှုသည် ၎င်းတို့ကို အချိန်ကြာမြင့်စွာက စွန့်ခွာခဲ့ပြီးဖြစ်ကာ၊ ဣသရေလတို့သည် ပညတ်တော်ကို ဆက်လက် ဖက်တွယ်ဆဲဖြစ်ပြီး ယေဟောဝါ၏ အမည်ကို ပြောဆိုကာ ၎င်းတို့သာလျှင် ယေဟောဝါ၏ လူများဖြစ်ပြီး ယေဟောဝါ၏ ရွေးချယ်ခံရသည့် လူများဖြစ်သည်ဟုပင် ဂုဏ်ယူစွာ ယုံကြည်ကြသော်လည်း၊ ဘုရားသခင်၏ ဘုန်းအသရေသည် ၎င်းတို့ကို တိတ်တဆိတ် စွန့်ပစ်ခဲ့ပြီးဖြစ်သည်။...

............

အမြဲဖြစ်ရိုးဖြစ်စဉ်အတိုင်း၊ ပညတ်တော်ခေတ်ထဲက ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် ဒုတိယအဆင့်နှင့်ဆိုင်သည့် သူ၏အမှုကို စတင်ခဲ့သည်- လူ့ဇာတိကို ခံယူခြင်း- ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကြာ လူသားအဖြစ် လူ့ဇာတိခံယူခြင်းနှင့်- ယုံကြည်သူများအလယ် စကားပြောခြင်းနှင့် သူ၏ အမှုကို လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ သို့ရာတွင် ခြွင်းချက်မရှိ၊ ယင်းကို မည်သူမျှမသိခဲ့သကဲ့သို့၊ သခင်ယေရှုက ကားတိုင်တွင် သံမှိုရိုက်ခံခဲ့ရကာ ရှင်ပြန်ထမြောက် ပြီးနောက်တွင် သူသည် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ခဲ့သည်ကို လူအရေအတွက် အနည်းငယ်ကသာ အသိအမှတ်ပြုခဲ့ကြသည်။...ဘုရားသခင်၏ အမှု ဒုတိယအဆင့် ပြည့်စုံခဲ့သည်နှင့်တစ်ပြိုင်နက်- ကားစင်တင်ခံရခြင်းနောက်တွင်- လူသားကို အပြစ်မှ ပြန်ကယ်သည့် ဘုရားသခင်၏အမှု (ဆိုလိုသည်မှာ စာတန်၏ လက်မှ လူသားကို ကယ်ယူခြင်းဖြစ်သည်) ပြီးမြောက်သွားခဲ့သည်။ ထို့ကြောင့် ၎င်းအချိန်မှစ၍ လူသားမျိုးနွယ်သည် ၎င်း၏ အပြစ်များ ခွင့်လွှတ်ခံရရန် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံရန်သာ ရှိခဲ့သည်။ သဘောပြောရလျှင်၊ လူသား၏ အပြစ်များသည် သူ၏ ကယ်တင်ခြင်းရရှိခြင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်လာရာတွင် အတားအဆီးတစ်ခု မဟုတ်တော့သကဲ့သို့၊ စာတန်က လူသားကို စွပ်စွဲရန် အသုံးပြုသည့် ဩဇာလည်း မဟုတ်တော့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တိုင်သည် စစ်မှန်သည့် အမှုကို လုပ်ဆောင်ပြီးဖြစ်သောကြောင့်၊ အပြစ်နှင့်ပြည့်သည့် လူ့ဇာတိ သဏ္ဌာန်နှင့် နမူနာ ဖြစ်လာခဲ့ပြီးဖြစ်ကာ၊ ဘုရားသခင် ကိုယ်တိုင်သည် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် လူသားသည် ကားတိုင်မှ သက်ဆင်းပြီး ဘုရားသခင် လူ့ဇာတိ- အပြစ်နှင့်ပြည့်သည့် ဤလူ့ဇာတိ ပုံသဏ္ဌာန်- မှတစ်ဆင့် ရွေးနုတ်ခံခဲ့ရကာ ကယ်တင်ခံခဲ့ရပေသည်။ ထို့ကြောင့် စာတန်၏ဖမ်းဆီးခြင်းခံရပြီးနောက်၊ လူသားသည် ဘုရားသခင် ရှေ့တွင် သူ၏ကယ်တင်ခြင်းကို လက်ခံခြင်းသို့ ခြေတစ်လှမ်း သာ၍နီးကပ်လာခဲ့သည်။ ဟုတ်ပေ၏၊ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်အတောအတွင်း ဘုရားသခင်၏ စီမံခန့်ခွဲမှုထက် သာ၍ နက်ရှိုင်းကာ သာ၍ တိုးတက်လေသည်။

ယင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်- ဘုရားသခင်၏ ဖြစ်ခြင်းကို မသိသော၊ ဖန်ဆင်းရှင်၏ဖြစ်ခြင်းကို မသိသော၊ ဘုရားသခင်ကို မည်သို့ကိုးကွယ်ရမည်ကို မသိသော၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံရန် အဘယ်ကြောင့် လိုအပ်သည်ကို မသိသော လူသားမျိုးနွယ်ကို စာတန်လက်သို့ လွှဲအပ်ပြီး စာတန်အား သူ့ကို ဖောက်ပြန်ပျက်စီးစေခွင့်ပေးခြင်း ဖြစ်သည်။ ထို့နောက် လူသားက ဘုရားသခင်ကို အပြည့်အဝ ကိုးကွယ်ပြီး စာတန်ကို ငြင်းပယ်သည်အထိ ဘုရားသခင်သည် တစ်ဆင့်ပြီးတစ်ဆင့် လူသားကို စာတန်လက်မှ ပြန်ယူလေသည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်သည်။ ဤသည်မှာ ဒဏ္ဍာရီ ပုံပြင်ဆန်သကဲ့သို့ ထင်ရပြီး၊ စိတ်ရှုပ်ဖွယ် ဖြစ်ပုံရလေသည်။ ၎င်းတို့သည် စကြဝဠာနှင့် အာကာသထဲတွင် အဖြစ်အပျက်ပေါင်း မည်မျှဖြစ်ပွားပြီးဖြစ်သည်ကို သိရန်မဆိုထားနှင့်၊ လွန်ခဲ့သည့် နှစ်ထောင်ချီအချို့အတွင်း လူသားထံ မည်မျှဖြစ်ပျက်ပြီး ဖြစ်သည်ကို အရိပ်အမြွက် မသိလေသောကြောင့်၊ လူတို့က ဤအရာကို ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်ကဲ့သို့ ထင်ကြလေသည်။ ထို့အပြင် ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ရုပ်ဝတ္ထု လောကကို ကျော်လွန်၍ တည်ရှိသော်လည်း၊ ၎င်းတို့၏ သေမျိုးဖြစ်သည့် မျက်လုံးများက မမြင်အောင် တားဆီးထားသည့် သာ၍ အံ့အားသင့်ဖွယ်၊ သာ၍ ကြောက်ရွံ့ဖွယ်ဖြစ်စေသော ကမ္ဘာလောကကို နားမလည်နိုင်ကြသောကြောင့် ဖြစ်သည်။ လူသည် လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်း၏ အရေးပါမှု သို့မဟုတ် သူ၏ စီမံခန့်ခွဲခြင်း အမှု၏ အရေးပါမှုနှင့်ဆိုင်သည့် သိနားလည်မှု မရှိသကဲ့သို့၊ ဘုရားသခင်က နောက်ဆုံးတွင် လူသားမျိုးနွယ်ကို မည်သို့ဖြစ်စေချင်သည်ကို နားမလည်သောကြောင့်၊ ယင်းမှာ လူသားဖို့ နားမလည်နိုင်စရာဟု ထင်ရပေသည်။ ယင်းသည် အာဒံနှင့် ဧဝတို့ ဖြစ်ခဲ့ကြသကဲ့သို့၊ စာတန်အားဖြင့် လုံးဝ ဖောက်ပြန်ပျက်စီးဖို့ ဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှု ရည်ရွယ်ချက်မှာ ဘုရားသခင်ကို ကိုးကွယ်ပြီး သူ့ကို ကျိုးနွံနာခံသည့် လူတစ်စုကို ရရှိရန်ဖြစ်သည်။ ဤလူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးသော်လည်း၊ ၎င်းတို့သည် စာတန်ကို ၎င်းတို့၏ဖခင်ဟု မမြင်တော့ပေ။ စာတန်၏ ရွံရှာဖွယ် မျက်နှာကို ၎င်းတို့ သတိပြုမိကြပြီး ၎င်းကို ငြင်းပယ်ကြကာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို လက်ခံရန် ဘုရားသခင်ရှေ့သို့ လာကြလေသည်။ ၎င်းတို့သည် မည်သည့်အရာက အကျည်းတန်သည် ဆိုသည်နှင့် ယင်းသည် သန့်ရှင်းသည့်အရာနှင့် မည်သို့ ဆန့်ကျင်သည် ဆိုသည်တို့ကို သိရှိလာကြပြီး ဘုရားသခင်၏ ကြီးမြတ်မှုနှင့် စာတန်၏ ဆိုးယုတ်မှုတို့ကို သတိပြုမိလာကြလေသည်။ ဤသို့သော လူသားမျိုးနွယ်သည် စာတန်အတွက် အလုပ်မလုပ်တော့ပေ၊ သို့မဟုတ် စာတန်ကို မကိုးကွယ်ကြတော့ပေ၊ သို့မဟုတ် စာတန်ကို အမြတ်တနိုး မရှိကြတော့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်က အမှန်တကယ် ရယူပြီးဖြစ်သည့် လူတစ်စုဖြစ်ကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှု၏ အရေးပါမှုဖြစ်သည်။ ဤအချိန်ကာလနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု အတောအတွင်းတွင်၊ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းနှစ်ခုလုံးကို ခံရသူတစ်ဦးဖြစ်ပြီး၊ လူသားသည် ဘုရားသခင်နှင့် စာတန်တို့ တိုက်ခိုက်ကြရသည့် အကျိုးဖြစ်ပေသည်။ ဘုရားသခင်က သူ၏ အမှုကို ဆောင်ရွက်သည်နှင့်အမျှ၊ သူသည် လူသားကို စာတန်လက်မှ တဖြည်းဖြည်း ပြန်ယူနေပြီး၊ ထို့ကြောင့် လူသားသည် ဘုရားသခင်နှင့် ယခင်ထက် သာ၍ နီးကပ်လာပေသည်...

ထို့နောက် ကောင်းကင်နိုင်ငံတော်ခေတ် ရောက်လာသည်၊ ယင်းသည် အမှု၏ သာ၍ လက်တွေ့ကျသော အဆင့်ဖြစ်သော်လည်း၊ လူသားအတွက် လက်ခံရန် အခက်ခဲဆုံးလည်း ဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်နှင့် သာ၍ နီးကပ်လေလေ၊ ဘုရားသခင်၏ လှံတံသည် လူသားထံ သာ၍ ချဉ်းကပ်လေလေ ဖြစ်ပြီး၊ ဘုရားသခင်၏မျက်နှာကို လူသားထံ ရှင်းလင်းစွာ သာ၍ ထုတ်ဖော်ပြလေလေ ဖြစ်သောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်၏ ရွေးနုတ်ခြင်းနောက်တွင်၊ လူသားသည် ဘုရားသခင်၏ မိသားစုထံ တရားဝင် ပြန်သွားလေသည်။ လူသားက ယခုသည် ပျော်ရွှင်ခြင်း အချိန်ကာလဖြစ်သည်ဟု ထင်ခဲ့သော်လည်း၊ သူသည် မည်သူကမျှ ကြိုတင်မသိခဲ့သော ဘုရားသခင်၏ အပြည့်အဝ ထိပ်တိုက် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကို ခံရလေသည်။ အမှန်တွင်တော့၊ ဤသည်မှာ ဘုရားသခင်၏လူတို့ “ပျော်မွေ့ရန်” ရှိသည့် ဗတ္တိဇံတစ်ရပ် ဖြစ်သည်။ ထိုသို့သော ဆက်ဆံမှုအောက်တွင် လူတို့သည် ရပ်တန့်ကာ၊ “ငါသည် ဘုရားသခင်က ပြန်ဝယ်ယူရန် များလှစွာ အကုန်အကျခံခဲ့သည့် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော သိုးသငယ်ဖြစ်သည်၊ သို့ဆိုလျှင် ဘုရားသခင်သည် ငါ့ကို အဘယ်ကြောင့် ဤသို့ဆက်ဆံသနည်း။ ယင်းမှာ ငါ့ကို ဘုရားသခင် လှောင်ပြောင်ခြင်းနှင့် ငါ့ကို ထုတ်ဖော်ခြင်း နည်းလမ်းဖြစ်သလော။...” ဟု မိမိဘာသာ စဉ်းစားဖို့မှအပ အခြား ရွေးချယ်စရာ မရှိပေ။ နှစ်ကာလများစွာ ကျော်လွန်ပြီးနောက် လူသားသည် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အခက်အခဲကို တွေ့ကြုံရလျက်၊ ရာသီဥတု ဒဏ်မပြတ်ခံထားလာရပြီး ဖြစ်သည်။ လူသည် အတိတ်အချိန်ကာလများ၏ “ဘုန်းအသရေ”နှင့် “ကြည်နူးဆွတ်ပျံ့ဖွယ်ရာ” တို့ ပျောက်ဆုံးသွားပြီး ဖြစ်သော်လည်း၊ သူသည် မသိလိုက်ဘဲနှင့် လူသား အပြုအမူနှင့်ဆိုင်သည့် အခြေခံသဘောတရားများကို နားလည်လာပြီး ဖြစ်ကာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအဖို့ ဘုရားသခင်၏ နှစ်ပေါင်းများစွာ ဆက်ကပ်မြှုပ်နှံမှုကို အသိအမှတ်ပြုလာရပြီးဖြစ်သည်။ လူသားသည် တဖြည်းဖြည်းနှင့် ၎င်းကိုယ်တိုင်၏ ရိုင်းစိုင်းမှုကို စတင် စက်ဆုပ်ရွံရှာလေသည်။ သူ မည်မျှရိုင်းစိုင်းသည်၊ ဘုရားသခင်အပေါ် သူ၏ အထင်လွဲမှားမှုများအားလုံးနှင့် ဘုရားသခင်ထံ သူပြုခဲ့သည့် မလျော်ကန်သော တောင်းဆိုချက်များကို စတင်မုန်းတီးလေသည်။ အချိန်သည် နောက်ပြန်လှည့်၍မရပေ။ အတိတ်က အဖြစ်အပျက်များသည် လူသား၏ နောင်တရစရာ အမှတ်တရများ ဖြစ်လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ချစ်ခြင်းမေတ္တာတို့သည် လူသား၏ဘဝသစ်တွင် တွန်းအား ဖြစ်လာလေသည်။ တစ်နေ့ပြီးတစ်နေ့ လူသား၏ ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းသည်၊ သူ၏ ခွန်အားပြန်ရှိလာပြီး သူသည် မတ်တတ်ရပ်ကာ အနန္တတန်ခိုးရှင်၏ မျက်နှာကို ဖူးမျှော်လေသည်...သူသည် မိမိ၏နံဘေးတွင် အမြဲရှိကြောင်းနှင့် သူ၏အပြုံးနှင့် သူ၏ လှပသောမျက်နှာတို့သည် လွန်စွာ လှုပ်ရှားစေနိုင်ဆဲ ဖြစ်ကြောင်းတို့ကိုသာ တွေ့ရပေသည်။ သူ၏စိတ်နှလုံးသည် သူ ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်အတွက် ပူပန်မှုများ ပွေ့ပိုက်ဆဲဖြစ်ပြီး သူ၏လက်များသည် အစအဦးကကဲ့သို့ နွေးထွေးပြီး တန်ခိုးရှိနေဆဲဖြစ်သည်။ ယင်းမှာ လူသားက ဧဒင်ဥယျာဉ်သို့ ပြန်သွားခဲ့သည့်အလား ဖြစ်သည်၊ သို့သော် ဤအကြိမ်တွင် မြွေ၏ ဖြားယောင်းသွေးဆောင်မှုများကို လူသားက နားမထောင်တော့ သကဲ့သို့၊ ယေဟောဝါ၏ မျက်နှာမှ လှည့်ထွက် မသွားတော့ပေ။ လူသည် ဘုရားသခင် ရှေ့မှောက်တွင် ဒူးထောက်၏၊ ဘုရားသခင်၏ ပြုံးနေသော မျက်နှာကို မော်ဖူးပြီး သူ၏အဖိုးတန်ဆုံးယဇ်ကို ပူဇော်လေသည်- အို၊ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ ဘုရားသခင်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” မှ

ယနေ့ လူသား လျှောက်လှမ်းသော လမ်းကြောင်းသည် ကားတိုင် လမ်းကြောင်းဖြစ်ပြီး ဆင်းရဲဒုက္ခနှင့်ဆိုင်သော လမ်းကြောင်း ဖြစ်သော်လည်း၊ ယနေ့ လူသား လက်တွေ့လုပ်ဆောင်သည့်အရာနှင့် သူစားသောက်ပြီး မွေ့လျော် ခံစားသည့်အရာတို့သည် ပညတ်တော်အောက်နှင့် ကျေးဇူးတော်ခေတ်ထဲတွင် လူသားကို ဖြစ်ပျက်ခဲ့သည့်အရာနှင့် အလွန် ကွာခြားပေသည်။ ဤနေ့တွင် လူသားအပေါ် တောင်းဆိုသည့် အရာသည် အတိတ်ကာလကနှင့် မတူသကဲ့သို့ ပညတ်တော်ခေတ်တွင် လူသားအပေါ် တောင်းဆိုသည့်အရာနှင့် ပို၍ပင် မတူညီပေ။ ဣသရေလ၌ ဘုရားသခင်က သူ၏အမှု လုပ်ဆောင်နေခဲ့ချိန် ပညတ်တော် အောက်တွင် လူသားအပေါ် အဘယ်အရာ တောင်းဆိုခဲ့ပါသနည်း။ ယင်းမှာ လူသားက ဥပုသ်နေ့နှင့် ယေဟောဝါ၏ ပညတ်တော်များကို ထိန်းသိမ်းသင့်သည်ဆိုသည်ထက် မပိုခဲ့ပေ။ မည်သူမျှ ဥပုသ်နေ့တွင် အလုပ်လုပ်ခြင်း သို့မဟုတ် ယေဟောဝါ၏ ပညတ်တော်များကို ဖောက်ဖျက်ခြင်း မလုပ်ခဲ့ကြပေ။ သို့ရာတွင် ယခု ထိုသို့ မဟုတ်ပေ။ ဥပုသ်နေ့တွင် လူသည် အလုပ်လုပ်သည်၊ စုဝေးပြီး ပုံမှန်အတိုင်း ဆုတောင်းသည်၊ ပြီးလျှင် မည်သည့် ကန့်သတ်မှုမှ သူ့အပေါ် ချမှတ်မထားပေ။ ကျေးဇူးတော်ခေတ်ထဲက လူများသည် ဗတ္တိဇံခံခဲ့ကြရပြီး၊ ၎င်းတို့ကို သူတို့ကို အစာရှောင်ရန်၊ မုန့်ချိုးဖဲ့ရန်၊ စပျစ်ရည် သောက်ရန်၊ ၎င်းတို့၏ ဦးခေါင်းများကို ဖုံးအုပ်ရန်နှင့် အခြားသူများ၏ ခြေများကို ဆေးကြောပေးရန် နောက်ထပ် စေခိုင်းခံခဲ့ရသည်။ ယခုတွင် ဘုရားသခင်၏ အမှုသည် ယခင်ထက် တိုး၍ နက်ရှိုင်းလာပြီး လူသား၏ ဝင်ရောက်မှုသည် ပိုမို မြင့်မားလာခဲ့သည့်အတွက်၊ ဤစည်းမျဉ်းများကို ပယ်ဖျက်ထားပြီးဖြစ်သော်လည်း၊ လူသားနှင့်ပတ်သက်၍ သာ၍ ကြီးမားသော တောင်းဆိုမှုများ ပြုထားပေသည်။ အတိတ်တွင် ယေရှုသည် လူသား အပေါ် သူ၏ လက်ကိုတင်၍ ဆုတောင်းခဲ့သော်လည်း၊ ယခုအခါ အရာရာကို ပြောထားပြီးဖြစ်ရာ၊ လက်များတင်ခြင်းသည် အဘယ်အသုံးဝင်ပါသနည်း။ နှုတ်ကပတ်တော်များ တစ်ခုတည်းဖြင့် ရလဒ်များကို ရရှိနိုင်သည်။ အတိတ်က သူသည် လူသားအပေါ် လက်တင်ခဲ့ချိန်တွင်၊ လူသားကို ကောင်းချီးပေးရန်နှင့် သူ၏ အနာရောဂါများကို ငြိမ်းစေရန်လည်း ဖြစ်ခဲ့သည်။ ဤသည်မှာ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ခဲ့ပုံ ဖြစ်ခဲ့သော်လည်း၊ ယခုအခါ ထိုသို့ မဟုတ်ချေ။ ယခုတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ဖို့ရန်နှင့် ရလဒ်များ စွမ်းဆောင်ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူ၏ နှုတ်ကပတ်တော်များကို သင်တို့အဖို့ ရှင်းလင်းစေပြီးဖြစ်သကဲ့သို့၊ သင်တို့သည် သင်တို့ကို ပြေားထားပြီးသည့်အတိုင်းပင် ယင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်ပေသည်။ သူ၏ နှုတ်ကပတ်တော်များသည် သူ၏ အလိုဖြစ်သည်။ ယင်းတို့သည် သူလုပ်ဆောင်လိုသည့် အလုပ်ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သင်သည် သူ၏ အလိုနှင့် ကြိုးပမ်းရရှိဖို့ သူက သင့်ကို စေခိုင်းသည့်အရာကို သင် နားလည်လိမ့်မည်ဖြစ်ပြီး၊ လက်တင်ရန် လိုအပ်မှုတစ်ခုတစ်လေ မရှိဘဲ၊ သူ၏ နှုတ်ကပတ်တော်များကို သင်သည် တိုက်ရိုက်သာ လက်တွေ့လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပေသည်။ အချို့က “ကိုယ်တော်၏ လက်ကို ကျွန်ုပ်အပေါ်သို့ တင်ပါ။ ကိုယ်တော်၏ ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် ရရှိနိုင်ဖို့နှင့် ကိုယ်တော့်ကို ကျွန်ုပ်အပေါ်သို့ တင်တော်မူပါ။”ဟု ပြောကောင်းပြောနိုင်သည်။ ဤအရာအားလုံးမှာ အတိတ်က ခေတ်မမီတော့သော အလေ့အထများ ဖြစ်ပြီး ခေတ်ပြောင်းလာပြီး ဖြစ်သည့်အတွက် ယခုအခါ အသုံးမဝင်တော့ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကြုံရာကျပန်း အလုပ် မလုပ်သကဲ့သို့၊ ချမှတ်ထားသော စည်းမျဉ်းများအရလည်း အလုပ်မလုပ်ဘဲ၊ ခေတ်နှင့်အညီ အလုပ်လုပ်သည်။ ခေတ်က ပြောင်းလဲပြီးဖြစ်သကဲ့သို့၊ ခေတ်သစ်သည် ယင်းနှင့်အတူ အမှုသစ်ကို သေချာပေါက် ယူဆောင်လာပေသည်။ ဤသည်မှာ အမှု၏ အဆင့်တိုင်းနှင့်သက်ဆိုင်၍ မှန်ကန်သောကြောင့် သူ၏ အမှုကို မည်သည့်အခါမျှ ထပ်မကျော့ပေ။ ကျေးဇူးတော်ခေတ်တွင် ယေရှုသည် နာမကျန်းမှုကို အနာငြိမ်းစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ လူအတွက် ဆုတောင်းပေးရန်နှင့် လူကို ကောင်းချီးပေးရန် သူ့အပေါ် လက်ကို တင်ခြင်းတို့ကဲ့သို့သော အလုပ်မျိုးကို ပမာဏအတော်အတန် လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် မျက်မှောက်ခေတ်တွင် ထိုသို့ တစ်ဖန်လုပ်ဆောင်ရန်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ချေ။ ယင်းသည် ကျေးဇူးတော်ခေတ် ဖြစ်ခဲ့ပြီး လူသားအတွက် မွေ့လျော်ရန် လုံလောက်သော ကျေးဇူးတော်ရှိခဲ့သည့်အတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုအချိန်က ထိုနည်းလမ်းဖြင့် အလုပ်လုပ်ခဲ့သည်။ လူသားထံမှ မည်သည့် ပေးဆပ်မှုမျိုးကိုမျှ မတောင်းဆိုခဲ့သကဲ့သို့၊ သူ့တွင် ယုံကြည်ခြင်း ရှိခဲ့သရွေ့ ကျေးဇူးတော် ရရှိမည် ဖြစ်သည်။ အားလုံးသည် အလွန် ကျေးဇူးပြုခြင်းဖြင့် ဆက်ဆံ ခံခဲ့ကြရသည်။ ယခုတွင် ခေတ်ပြောင်းသွားပြီဖြစ်ပြီး ဘုရားသခင်၏ အမှုသည် နောက်ထပ် ရှေ့ဆက်တိုးတက်ပြီးဖြစ်သည်။ လူသား၏ ပုန်ကန်မှုနှင့် ၎င်း၏ အတွင်းရှိ မသန့်ရှင်းသည့်အရာများကို သန့်စင်ပစ်စေသည်မှာ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖြစ်သည်။ ယင်းအဆင့်သည် ရွေးနုတ်ခြင်း၏ အဆင့်ဖြစ်လျက်၊ လူသည် အပြစ်မှ ရွေးနုတ်ခံရကာ ကျေးဇူးတော်အားဖြင့် ၎င်း၏ အပြစ်များ ခွင့်လွှတ်ခံရနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် လူသားအတွက် မွေ့လျော်ခံစားဖို့ လုံလောက်သော ကျေးဇူးတော်ကို ပြသရင်း ထိုနည်းလမ်းဖြင့် အမှုပြုအပ်ခဲ့သည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်သည် ကယ်တင်ခံရဖို့အလို့ငှာ၊ ဤလက်ရှိအဆင့်သည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ နှုတ်ကပတ်တော်များ၏ ပြင်းစွာရိုက်နှက်ခြင်းအပြင် နှုတ်ကပတ်တော်များ၏ ပဲ့ပြင် ဆုံးမခြင်းနှင့် ထုတ်ဖော်ပြခြင်းတို့အားဖြင့် လူသားအတွင်းရှိ မဖြောင့်မတ်မှုများကို ဖော်ထုတ်ပေသည်။ ဤသည်မှာ ရွေးနုတ်ခြင်းထက် သာ၍ ခြေခြေမြစ်မြစ်ရှိသော အမှု ဖြစ်သည်။ ကျေးဇူးတော်ခေတ်ထဲက ကျေးဇူးတော်သည် လူသား၏ မွေ့လျော်ခံစားခြင်းအတွက် လုံလောက်ခဲ့သည်။ ယခုတွင် လူသားသည် ဤကျေးဇူးတော်ကို မွေ့လျော်ခံစားနှင့်ပြီးဖြစ်ရာ၊ သူသည် ယင်းကို မွေ့လျော်ခံစားရဖို့ မရှိတော့ပေ။ ဤအမှုသည် ယင်း၏ အချိန်ကာလကို လွန်သွားပြီဖြစ်သကဲ့သို့ လုပ်ဆောင်ရန် မဟုတ်တော့ပေ။ ယခုတွင် လူသည် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်းခံရဖို့ ဖြစ်သည်။ လူသည် တရားစီရင်ခံရပြီးနောက်၊ ပြစ်တင်ဆုံးမခံရကာ စစ်ဆေးခံရပြီးသည့်နောက်တွင်၊ သူ၏ စိတ်သဘောထားသည် ထိုသို့ဖြင့် ပြောင်းလဲသွားပေသည်။ ဤသည်မှာ ငါပြောဆိုပြီးဖြစ်သည့် နှုတ်ကပတ်တော်များကြောင့် ဖြစ်သည် မဟုတ်လော။ အမှု၏ အဆင့်အသီးသီးသည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ တိုးတက်မှုနှင့် ခေတ်တို့နှင့် အညီ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ အမှုသည် လုံးလုံး အရေးပါပြီး၊ လူသားမျိုးနွယ်အနေဖြင့် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု အနာဂတ်တွင် ရှိနိုင်ဖို့ရန်နှင့် လူသားမျိုးနွယ်သည် အဆုံးတွင် အမျိုးအစားအလိုက် ခွဲခြားခံရနိုင်ဖို့အလို့ငှာ နောက်ဆုံးသော ကယ်တင်ခြင်းအတွက် အားလုံးကို လုပ်ဆောင်ခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

နောက်ဆုံးသောကာလ၏ အမှုတွင်၊ နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းထက် ပိုမို တန်ခိုးကြီးမားပြီး၊ နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာ မြှုပ်နှံထားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ အားလုံးကို ဖော်ထုတ်သည်။ သင်သည် မိမိဘာသာ ထိုအရာများကို သတိပြုမိဖို့ ဖြစ်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ရှေ့၌ ဖွင့်ချထားသည့်အခါတွင်၊ သင်သည် အလိုအလျောက် ယင်းတို့ကို ရှာတွေ့လာလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည် မဟုတ်သကဲ့သို့၊ သင်သည် လုံးဝဥဿုံ လက်ခံယုံကြည်လိမ့်မည်။ ဤသည်ကား နှုတ်ကပတ်တော်၏ သြဇာအာဏာ မဟုတ်လော။ ဤသည်မှာ ယနေ့ နှုတ်ကပတ်တော်၏ အမှုက ရရှိသည့် ရလဒ် ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏အပြစ်များမှ အပြည့်အဝ ကယ်တင်ခံရသည်မှာ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့မှတစ်ဆင့် မဟုတ်သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ထင်ရှားပြသခြင်းအားဖြင့်လည်း သူသည် အပြည့်အဝ စုံလင်စေခြင်း မခံရနိုင်ပေ။ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ရန် ဩဇာအာဏာသည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သည်၊ သို့သော် လူသား၏ ဇာတိပကတိသည် စာတန်နှင့် သက်ဆိုင်ဆဲ ဖြစ်ပြီး၊ လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ သန့်ရှင်းစေခြင်း မခံရသေးသောအရာသည် အပြစ်နှင့် ညစ်ညူးမှုတို့နှင့် နှီးနွှယ်ဆဲ ဖြစ်ပေသည်။ လူသားသည် နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုဖြင့် သန့်စင်စေခြင်းခံရသည့် နောက်မှသာ သူသည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်း ခံရလာနိုင်ပေသည်။ လူသားထဲ နတ်ဆိုးများကို နှင်ထုတ်ပြီး သူသည် ရွေးနုတ်ခံခဲ့ရသည့်နောက်တွင်၊ ဤသည်မှာ သူသည် စာတန်လက်ထဲမှ ဆွဲလုယူခြင်း ခံခဲ့ရပြီး၊ ဘုရားသခင်ထံသို့ ပြန်လာခဲ့သည်ကိုသာ ဆိုလိုသည်။ သို့ရာတွင် ဘုရားသခင်အားဖြင့် သန့်ရှင်းစေခြင်း သို့မဟုတ် ပြောင်းလဲစေခြင်းကို မခံရဘဲနှင့်၊ သူသည် ဖောက်ပြန်ပျက်စီးသော လူအဖြစ် ရှိနေသည်။ လူသားအတွင်းတွင် ညစ်ညမ်းခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိနေဆဲ ဖြစ်သည်။ လူသည် ရွေးနုတ်ခြင်းမှတစ်ဆင့် ဘုရားသခင်ထံ ပြန်လာခဲ့ခြင်းသာ ဖြစ်သော်လည်း၊ သူသည် ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှ မရှိသကဲ့သို့၊ ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။ လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခံရခြင်း အဖြစ်သို့ ရောက်ရှိသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ဦးချင်း ပြင်းပြသောဆန္ဒများ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ စစ်ဆေးဖို့၊ တရားစီရင်ဖို့နှင့် ဖွင့်ဟဖို့ နှုတ်ကပတ်တော်ကို အသုံးပြုခြင်းမှတစ်ဆင့် ဖြစ်ပေသည်။ လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများ နှင့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။ ဥပမာအားဖြင့်၊ လူများက ၎င်းတို့သည် မောဘမှ ဆင်းသက်ခဲ့ကြသည်ကို သဘောပေါက်ကြသည့်အခါ၊ ၎င်းတို့သည် စောဒကတက်သည့် စကားများကို တင်လျှောက်ခဲ့ကြသည်၊ အသက်ကို လိုက်စားခြင်းအား ရပ်စဲခဲ့ကြပြီး၊ လုံးဝ အပျက်သဘောဆောင် လာခဲ့ကြသည်။ ဤအရာက လူသားမျိုးနွယ်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အပြည့်အဝ မကျိုးနွံမနာခံနိုင်ဆဲ ဖြစ်သည်ကို ပြသသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတိအကျ ဖြစ်သည် မဟုတ်လော။ သင်သည် ပြစ်တင်ဆုံးမခြင်းကို ခံရခြင်း မရှိခဲ့ချိန်တွင်၊ သင်၏ လက်များသည် အခြားသူများထက် ယေရှု၏ လက်များထက်ပင် သာ၍ မြင့်အောင် မြှောက်ထားခဲ့သည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့်၊ “ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ပျပ်ဝပ်ဖို့ထက် အသေခံကြမည်။ စာတန်အိုကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးသည် တန်ခိုးအာဏာမှ လက်မှိုင်ချလျက် ကျဆင်းပါစေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်။”ဟု အော်သည်။ သင်၏ အော်ဟစ်မှုများသည် အခြားသူများ အားလုံးထက် ပိုမို ကျယ်လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမခြင်း အချိန်ကာလ ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထုတ်ဖော်ပြခံရလေသည်။ ထိုအခါ ၎င်းတို့၏ ဟစ်အော်မှုများ ရပ်စဲသွားခဲ့ပြီး၊ ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက် ကျရှုံးသွားခဲ့သည်။ ဤသည်မှာ လူ၏ ဖောက်ပြန်ပျက်စီးခြင်း ဖြစ်သည်။ အပြစ်ထက်ပို၍ နက်ရှိုင်းနေလျက်၊ ယင်းသည် စာတန်က အခိုင်အမာတည်ထားသည့်အရာတစ်ခု ဖြစ်ပြီး၊ လူသား၏ အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့သည်။ လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထို့သို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

ဤခေတ်အတောအတွင်း ဘုရားသခင် လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသား၏အသက်တာအတွက် နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် လူ့သဘာဝ၏ အနှစ်သာရကို ဖော်ထုတ်ခြင်းနှင့် ဘာသာရေးဆိုင်ရာ အယူအဆများ၊ မတော်မတရား ရှေးဆန်သော အတွေးအခေါ်၊ ခေတ်မမီတော့သော အတွေးအခေါ်နှင့် လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ဖြစ်သည်။ ဤအရာများအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် သန့်စင်စေရမည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို အသုံးမပြုဘဲ၊ သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ဖွယ်ဖြစ်ခြင်းတို့ကို မြင်လာစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ရှုမြင်ရန်အလို့ငှာ၊ ဘုရားသခင်သည် လူသားကို ဖော်ထုတ်ရန်၊ လူသားကို တရားစီရင်ရန်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် လူသားကို စုံလင်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုလေသည်။ ပညတ်တော်ခေတ်အတွင်းတွင်၊ ယေဟောဝါသည် သူ၏နှုတ်ကပတ်တော်များဖြင့် မောရှေကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ခဲ့ပြီး၊ ဣသရေလလူမျိုးများထံ နှုတ်ကပတ်တော်အချို့ ပြောဆိုခဲ့သည်။ ထိုအချိန်တွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ပိုင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သော်လည်း၊ လူသား၏အရည်အချင်းသည် နည်းပါးခဲ့ပြီး လူသား၏အသိပညာကို မည်သည့်အရာကမျှ မပြည့်စုံစေနိုင်ခဲ့သောကြောင့်၊ ဘုရားသခင်သည် ဆက်လက်စကားပြောဆိုကာ အမှုပြုခဲ့ရသည်။ ကျေးဇူးတော်ခေတ်တွင် လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ပိုင်းကို နောက်တစ်ကြိမ် မြင်ခဲ့ရသည်။ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြနိုင်ခဲ့သည်၊ မကျန်းမာသူများကို အနာငြိမ်းစေနိုင်ခဲ့ပြီး နတ်ဆိုးများကို နှင်ထုတ်နိုင်ခဲ့ကာ ကားစင်တင်ခံနိုင်ခဲ့သည်၊ ယင်းနောက် သုံးရက်မြောက်နေ့တွင် ရှင်ပြန်ထမြောက်ပြီး လူရှေ့တွင် လူ့ဇာတိဖြင့် ပေါ်ထွန်းခဲ့သည်။ ဘုရားသခင်နှင့် ပတ်သက်၍၊ လူသားသည် ဤအရာထက် ပို၍ မသိပေ။ လူသားသည် ဘုရားသခင်က သူ့ကို ဖော်ပြသလောက် သိပြီး၊ အကယ်၍ ဘုရားသခင်သည် လူသားကို နောက်ထပ် မည်သည့်အရာမျှ မပြသခဲ့ပါက၊ ယင်းမှာ ဘုရားသခင်နှင့် သက်ဆိုင်သည့် လူသား၏ ဘောင်ခတ်မှု အတိုင်းအတာ ဖြစ်ပေမည်။ ထို့ကြောင့် သူနှင့်ပတ်သက်သည့် လူသား၏အသိပညာ သာ၍ နက်ရှိုင်းလာနိုင်စေဖို့နှင့် ဘုရားသခင်၏ အနှစ်သာရကို လူသားက တဖြည်းဖြည်း သိလာနိုင်စေဖို့အလို့ငှာ ဘုရားသခင်သည် ဆက်လက် အမှုပြုလေသည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြပြီး၊ သင်၏ ဘာသာရေး အယူအဆများကို ဘုရားသခင်၏ စစ်မှန်မှုက အစားထိုးလေသည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင်သည် အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိထဲ ကြွလာသည်နှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏။” ဟူသည့် နှုတ်ကပတ်တော်များကို ပြည့်စုံစေရန် ကြွလာပြီဖြစ်ကာ၊ ဤအရာနှင့်သက်ဆိုင်သည့် စေ့စပ်သေချာသော အသိပညာတစ်ခု သင့်ထံတွင် မရှိပါက၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။ နောက်ဆုံးသောကာလအတောအတွင်းတွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် နှုတ်ကပတ်တော်က လူ့ဇာတိ၌ ပေါ်လာသည့် အမှု၏အဆင့်တစ်ခုကို ပြီးမြောက်ရန် ရည်ရွယ်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ထို့ကြောင့် သင်တို့၏အသိသည် ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။ ဘုရားသခင် မည်သို့အမှုပြုသည်ဖြစ်စေ၊ ဘုရားသခင်သည် သူ့ကို ဘောင်ခတ်ရန် လူသားကို အခွင့်မပေးပေ။ အကယ်၍ ဘုရားသခင်သည် ဤအမှုကို နောက်ဆုံးသောကာလအတောအတွင်းတွင် မလုပ်ဆောင်ခဲ့ပါက၊ ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အသိပညာသည် နောက်ထပ်ရှေ့ဆက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် ကားစင်တင် ခံရနိုင်ပြီး သောဒုံမြို့ကို ဖျက်ဆီးနိုင်သည်၊ ပြီးလျှင် ယေရှုသည် သေရာမှ ရှင်ပြန်ထမြောက်၍ရနိုင်ပြီး ပေတရုထံ ကိုယ်ထင်ပြနိုင်သည်ကိုသာ သင်သိပေမည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အရာခပ်သိမ်းကို ပြီးမြောက်စေနိုင်သကဲ့သို့၊ လူသားအား သိမ်းပိုက်နိုင်သည်ဟု သင် လုံးဝ ပြောမည် မဟုတ်ချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခြင်းမှတစ်ဆင့်သာ၊ သင်သည် ထိုသို့သော အသိပညာကို ပြောဆိုနိုင်ပြီး၊ သင် တွေ့ကြုံသည့် ဘုရားသခင်၏ အမှု သာ၍များလေလေ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏အသိပညာသည် သာ၍ နှံ့စပ်လေလေ ဖြစ်လာလိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်ကို သင်၏ အယူအဆများအတွင်း ဘောင်ခတ်လိမ့်မည် မဟုတ်တော့ပေ။ လူသားသည် ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်းအားဖြင့် ဘုရားသခင်ကို သိရှိလာသည်။ ဘုရားသခင်ကို သိရှိရန် မှန်ကန်သည့် အခြားနည်းလမ်း မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း” မှ

ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်း အမှုကို အဆင့်သုံးဆင့် ခွဲခြားထား၏- ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ဟူ၍ ဖြစ်သည်။ အမှု၏ ဤအဆင့်သုံးဆင့်အားလုံးသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဖြစ်၏၊ ဆိုလိုသည်မှာ ၎င်းတို့သည် စာတန်၏ ပြင်းထန်စွာ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရသည့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်သည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်အနေဖြင့် စာတန်နှင့် တိုက်ပွဲဝင်နိုင်ရန်အလို့ငှာလည်း ဖြစ်၏။ ထို့ကြောင့်၊ ကယ်တင်ခြင်း အမှုသည် အဆင့်သုံးဆင့်ခွဲခြားထားသကဲ့သို့ပင်၊ စာတန်နှင့် တိုက်ပွဲသည်လည်း အဆင့်သုံးဆင့် ခွဲခြားထားသောကြောင့် ဘုရားသခင်၏အမှုနှင့်သက်ဆိုင်သည့် ဤကဏ္ဍနှစ်ရပ်ကို တစ်ပြိုင်နက် ဆောင်ရွက်လေသည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်တကယ်တွင် လူသားမျိုးနွယ်၏ကယ်တင်ခြင်းအတွက် ဖြစ်ကာ၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှုသည် အဆင့်တစ်ဆင့်တည်းဖြင့် အောင်မြင်စွာ ပြီးဆုံး နိုင်သည့်အရာတစ်ခု မဟုတ်သောကြောင့်၊ စာတန်နှင့်တိုက်ပွဲသည်လည်း အဆင့်များနှင့် ကာလများအဖြစ် ပိုင်းခြားထားပြီး၊ လူသား၏လိုအပ်ချက်များနှင့် ၎င်းအပေါ် စာတန်၏ဖောက်ပြန်ပျက်စီးစေခြင်း အတိုင်းအတာတို့နှင့်အညီ စာတန်အပေါ် စစ်ပွဲဆင်နွှဲရလေသည်။ လူသား၏ စိတ်ကူးတွင် စစ်တပ်နှစ်တပ် အချင်းချင်းတိုက်ကြသကဲ့သို့၊ ဤတိုက်ပွဲတွင် ဘုရားသခင်က စာတန်ကို ဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်လိမ့်မည်ဟု ယုံကြည်ကောင်း ယုံကြည်လိမ့်မည်။ ဤသည်မှာ လူသား၏အသိဉာဏ်က စိတ်ကူးနိုင်စွမ်း ရှိသည့် အရာမျှသာဖြစ်၏။ ယင်းသည် အလွန့်အလွန် မရေရာသကဲ့သို့၊ လက်တွေ့မကျသော အတွေးအခေါ်တစ်ရပ် ဖြစ်သော်လည်း၊ ယင်းမှာ လူသား ယုံကြည်သည့်အရာဖြစ်၏။ ပြီးလျှင် လူသား၏ ကယ်တင်ခြင်း နည်းလမ်းသည် စာတန်နှင့် တိုက်ပွဲဝင်ခြင်းမှတစ်ဆင့်ဖြစ်သည်ဟု ဤနေရာတွင် ငါပြောသောကြောင့်၊ ဤသည်မှာ တိုက်ပွဲဆင်နွှဲသည့်ပုံဖြစ်သည်ဟု လူသားက စိတ်ကူးမိလေသည်။ လူသား၏ကယ်တင်ခြင်းအမှုအဖို့ အဆင့်သုံးဆင့်ရှိ၏၊ ဆိုလိုသည်မှာ စာတန်ကို တစ်ကြိမ်တည်းနှင့် လုံးဝရှုံးနိမ့်စေဖို့အလို့ငှာ စာတန်နှင့်တိုက်ပွဲကို အဆင့်သုံးဆင့် ခွဲထားပေသည်။ သို့ရာတွင် စာတန်နှင့်တိုက်ပွဲ အမှုတစ်ခုလုံး၏ အတွင်းသမ္မာတရားမှာ အမှု၏ လူသားအပေါ် ကျေးဇူးတော် အပ်နှင်းခြင်း၊ လူသား၏ အပြစ်ဖြေရာယဇ် ဖြစ်လာခြင်း၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်း၊ လူသားကို သိမ်းပိုက်ခြင်းနှင့် လူသားကို စုံလင်စေခြင်း ဟူသော အချို့သောအဆင့်တို့မှတစ်ဆင့် ၎င်း၏ အကျိုးတရားများကို ရရှိပေသည်။ အမှန်စင်စစ်ဆိုရလျှင်၊ စာတန်နှင့်တိုက်ပွဲသည် စာတန်ကိုဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်ခြင်းမဟုတ်ဘဲ၊ လူသားသည် ဘုရားသခင်အဖို့ သက်သေခံနိုင်ရန်အလို့ငှာ လူသားကို ကယ်တင်ခြင်း၊ လူသား၏အသက်တာအပေါ် အမှုပြုခြင်းနှင့် လူသား၏စိတ်သဘောထားကို ပြောင်းလဲခြင်းတို့ ဖြစ်၏။ ဤသည်မှာ စာတန် ရှုံးနိမ့်သည့်ပုံဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းမှတစ်ဆင့် စာတန်သည် ရှုံးနိမ့်လေ၏။ စာတန် ရှုံးနိမ့်ပြီးသည့်အခါတွင်၊ ဆိုလိုသည်မှာ၊ လူသည် လုံးဝ ကယ်တင်ခံရပြီးသည့်အခါ၊ အရှက်ရသည့်စာတန်သည် လုံးဝချည်နှောင်ခံရလိမ့်မည်ဖြစ်ပြီး၊ ဤနည်းဖြင့် လူသားသည် လုံးဝ ကယ်တင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် လူသား၏ ကယ်တင်ခြင်း အနှစ်သာရသည် စာတန်နှင့်စစ်ပွဲဖြစ်ပြီး၊ ဤစစ်ပွဲသည် အဓိကအားဖြင့် လူသား၏ကယ်တင်ခြင်းတွင် ထင်ဟပ်လေသည်။ လူသားကို သိမ်းပိုက်ရမည့် နောက်ဆုံးသောကာလ အဆင့်သည် စာတန်နှင့်တိုက်ပွဲတွင် နောက်ဆုံးအဆင့် ဖြစ်ပြီး၊ ယင်းသည် စာတန်၏ အုပ်စိုးမှုမှ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်း အမှုလည်းဖြစ်၏။ လူသားကို သိမ်းပိုက်ခြင်း၏ အတွင်းအဓိပ္ပာယ်မှာ စာတန်၏ပြယုဂ်ဖြစ်သည့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရသည့် လူသားကို ၎င်း၏ သိမ်းပိုက်ခံရခြင်းနောက်တွင် ဖန်ဆင်းရှင်ထံ ပြန်ပို့ခြင်းဖြစ်၏၊ ဤမှတစ်ဆင့် သူသည် စာတန်ကိုစွန့်လွှတ်ပြီး ဘုရားသခင်ထံ လုံးဝ ပြန်သွားလိမ့်မည်ဖြစ်၏။ ဤနည်းဖြင့်၊ လူသားသည် လုံးဝကယ်တင်ခံရပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့် သိမ်းပိုက်ခြင်းအမှုသည် စာတန်နှင့် တိုက်ပွဲဝင်ရာတွင် နောက်ဆုံးအမှု ဖြစ်ပြီး၊ စာတန်၏ရှုံးနိမ့်မှုအတွက် ဘုရားသခင်၏စီမံခန့်ခွဲမှု နောက်ဆုံးအဆင့်ဖြစ်၏။ ဤအမှုမရှိပါက၊ လူသား၏‌ ပြည့်ဝသော ကယ်တင်ခြင်းသည် နောက်ဆုံးတွင် ဖြစ်နိုင်မည် မဟုတ်ပေ၊ စာတန်၏ လုံးဝရှုံးနိမ့်ခြင်းသည်လည်း ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်သည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ၊ သို့မဟုတ် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု၏ အချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအလို့ငှာ ဖြစ်သည့်အတွက်၊ စာတန်နှင့် တိုက်ပွဲ အဆုံးမသတ်မီတွင် လူသားကို ကယ်တင်ခြင်းအမှုသည် အဆုံးသတ်၍ မရနိုင်ပေ။ အစောဆုံးလူသားမျိုးနွယ်သည် ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း၊ စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်း ခံရကာ ဆိုးယုတ်သည့်သူ၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတွင် စာတန်သည် အနိုင်ယူရမည့်သူတစ်ဦး ဖြစ်လာခဲ့၏။ စာတန်သည် လူသားကို ပိုင်ဆိုင်ထားသောကြောင့်၊ ပြီးလျှင် လူသားသည် စီမံခန့်ခွဲမှုအားလုံးကို ဆောင်ရွက်ဖို့ ဘုရားသခင် အသုံးပြုသည့် အရင်းအနှီးဖြစ်သောကြောင့်၊ လူသားအနေဖြင့် ကယ်တင်ခံရဖို့ဆိုပါက၊ သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်၊ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးခြင်း ခံရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ ထို့ကြောင့် လူသား၏ စိတ်သဘောထားဟောင်း၌ ပြောင်းလဲမှုများ၊ လူသား၏ မူလ ဆင်ခြင်တုံတရား အသိစိတ်ကို နဂိုအတိုင်း ပြန်ဖြစ်စေသည့် အပြောင်းအလဲများမှတစ်ဆင့်၊ စာတန်ကို အနိုင်ယူရမည်ဖြစ်သည်။ ဤနည်းဖြင့် ဖမ်းဆီးခံထားရသော လူသားသည် စာတန်၏လက်ထဲမှ ပြန်လည်လုယူခံရနိုင်ပေသည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် ကျေးကျွန်ဘဝတို့မှ လွတ်မြောက်ပါက၊ စာတန်သည် အရှက်ရလိမ့်မည်၊ လူသားသည် နောက်ဆုံးတွင် ပြန်လည်ရယူခြင်း ခံရမည်ဖြစ်ပြီး၊ စာတန်သည် ရှုံးနိမ့်လိမ့်မည် ဖြစ်သည်။ ပြီးလျှင် လူသားသည် စာတန်၏ အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီးဖြစ်သောကြောင့်၊ လူသားသည် ဤတိုက်ပွဲ တစ်ရပ်လုံး၏ လက်ရပစ္စည်းများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့်တစ်ပြိုင်နက် အပြစ်ပေးခံရမည့်သူ ဖြစ်ပေလိမ့်မည်၊ ယင်းနောက်တွင် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှု တစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်လုံးကြား ဆက်နွှယ်မှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည်...

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုစီ၏ အရေးပါမှုနှင့် ရည်ရွယ်ချက်

(၁) ပညတ်တော်ခေတ်ရှိ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ် ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဣသရေလလူမျိုးတို့အပေါ်...

ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုတော် အဆင့်သုံးဆင့်၏ ရည်ရွယ်ချက်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင်...