ဘုရားသခင်၏အမှုတော်နှင့် လူသား၏ အလုပ်တို့အကြား ပဓာနကျသည့် ကွဲပြားခြားနားမှုများ

03.05.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင် ကိုယ်တိုင်၏ အမှုတွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်တစ်ခုလုံး၏ အလုပ်ကိုလည်း ကိုယ်စားပြု၏၊ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အင်အားနှင့် လားရာတိုင်းကို ကိုယ်စားပြုပြီး၊ တမန်တော်များ၏ အလုပ်မှာမူ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်နောက်တွင် ဖြစ်လာပြီး ယင်းမှ လိုက်လုပ်ခြင်းဖြစ်ကာ ခေတ်ကို မဦးဆောင်သကဲ့သို့၊ ခေတ်တစ်ခေတ်လုံးထဲက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် လားရာကိုလည်း ကိုယ်စားမပြုပေ။ ၎င်းတို့သည် စီမံခန့်ခွဲမှုအလုပ်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသည့် လူလုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သည့် အမှုသည် စီမံခန့်ခွဲမှုအလုပ်အတွင်းရှိ စီမံကိန်းတစ်ခု ဖြစ်သည်။ လူသား၏ အလုပ်မှာ အသုံးပြုခြင်းခံရသော လူတို့ ဖြည့်ဆည်းသည့် တာဝန်သာဖြစ်ပြီး စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်နွှယ်မှု မရှိပေ။ ၎င်းတို့နှစ်ခုလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အလုပ်၏ ပင်ကိုလက္ခဏာများနှင့် ကိုယ်စားပြုမှုများထဲက ကွဲပြားမှုများကြောင့်၊ ဘုရားသခင် ကိုယ်တိုင်၏ အလုပ်နှင့် လူသား၏ အလုပ်ကြားတွင် ရှင်းလင်းပြီး ပဓာနကျသော ကွဲပြားမှုများရှိလေသည်။ ထို့အပြင် မတူညီသော ပင်ကိုလက္ခဏာများရှိသည့် အပြုခံအရာများအပေါ် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အတိုင်းအတာ ကွဲပြားလေသည်။ ဤအရာများသည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အခြေခံသဘောတရားများနှင့် နယ်ပယ် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

လူ့ဇာတိခံ ဘုရားသခင်၏အမှုသည် ခေတ်သစ်တစ်ခေတ်ကို အစပြုပြီး၊ သူ၏အမှုကို ဆက်လက် လုပ်ဆောင်သူများသည် သူ၏အသုံးပြုခြင်းကို ခံရသောသူများဖြစ်သည်။ လူသားလုပ်ဆောင်သော အလုပ်အားလုံးသည် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အမှုတော်အတွင်းတွင် ရှိပြီး၊ ဤနယ်ပယ်ကို လွန်၍ သွားနိုင်စွမ်း မရှိပေ။ အကယ်၍ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် မကြွလာခဲ့ပါက၊ လူသားသည် ခေတ်ဟောင်းကို အဆုံးသတ်သို့ ဆောင်ကြဉ်းနိုင်မည် မဟုတ်သကဲ့သို့၊ ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်မည် မဟုတ်ပေ။ လူသားလုပ်ဆောင်သော အလုပ်သည် လူ့အနေဖြင့် လုပ်ဖို့ ဖြစ်နိုင်သည့် သူ့တာဝန်၏ အတိုင်းအတာအတွင်းမျှသာ ရှိပြီး၊ ဘုရားသခင်၏အမှုကို ကိုယ်စားမပြုပေ။ လူ့ဇာတိခံ ဘုရားသခင်သာ ကြွကာ သူလုပ်သင့်သောအမှုကို ပြီးစီးနိုင်ပြီး၊ သူ့အပြင် သူ့ကိုယ်စား မည်သူမျှ ဤအမှုကို မလုပ်ဆောင်နိုင်ပေ။ ဟုတ်ပေ၏၊ ငါပြောသော အရာသည် လူ့ဇာတိခံယူခြင်း အမှုနှင့် စပ်လျဉ်း၍ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့နှင့် သိသိသာသာ ကွာခြားပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသဘာဝ၏အမှုကို လုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့မှာမူ မလုပ်ဆောင်နိုင်ကြပေ။ ခေတ်ကာလအသီးသီး၏ အစတွင် ဘုရားသခင်၏ဝိညာဉ်တော်သည် လူသားကို အသစ်သော အစပြုခြင်းထဲသို့ ခေါ်ဆောင်ဖို့ရန် ကိုယ်တိုင်ကိုယ်ကျ စကားပြောပြီး ခေတ်သစ်ကို အစပြုလေသည်။ သူသည် စကားပြောခြင်း ပြီးဆုံးသောအခါ၊ ဤအရာက သူ၏ဘုရားသဘာဝအတွင်းရှိ ဘုရားသခင်၏အမှု ပြီးမြောက်သည်ကို ညွှန်ပြပေသည်။ ထို့နောက်တွင်၊ လူအားလုံးသည် မိမိတို့၏ အသက်တာ အတွေ့အကြုံများထဲသို့ ဝင်ရောက်ရန် ဘုရားသခင်၏ အသုံးပြုခြင်း ခံရသောသူတို့၏ ဦးဆောင်မှုနောက်ကို လိုက်ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူ့စကားအဖြစ် ပြော၍ မရဘဲ၊ လူ့စကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် သာ၍ပင် ပြော၍ မရပေ။ ဘုရားသခင် အသုံးပြုသောသူသည် လူ့ဇာတိခံ ဘုရားသခင် မဟုတ်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး မဟုတ်ပေ။ ဤတွင် ပဓာနကျသော ကွဲပြားမှုတစ်ခု ရှိသည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သင်လက်မခံဘဲ၊ လူသားက ရရှိပြီးဖြစ်သည့် ဉာဏ်ပွင့်ခြင်းအဖြစ်သာ လက်ခံခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက၊ သင်သည် မသိနားမလည်မှု၏ မျက်စိအလင်းကွယ်စေခြင်း ခံရပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားက ရရှိသည့် ဉာဏ်ပွင့်ခြင်းနှင့် မည်သို့ တူညီနိုင်မည်နည်း။ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည်၊ လူသားမျိုးနွယ် အားလုံးကို လမ်းပြသည်၊ နက်နဲမှုများကို ထုတ်ဖော်ပြပြီး၊ ခေတ်သစ်တွင် လူသားလျှောက်လှမ်းရမည့် ဦးတည်ရာကို ပြသပေသည်။ လူသားရရှိသော အသိဉာဏ်ပွင့်လင်းခြင်းမှာ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် အသိပညာအတွက် ရိုးရှင်းသော သွန်သင်မှုများသာ ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်အားလုံးကို ခေတ်သစ်တစ်ခုထဲသို့ လမ်းပြနိုင်ခြင်းမရှိ၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်၏ နက်နဲမှုများကို ထုတ်ဖော်မပြနိုင်ပေ။ နောက်ဆုံး စာရင်းချုပ်လိုက်သောအခါ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသည် လူဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူသည် လူ၏အနှစ်သာရ ရှိသည်။ လူသည် ဘုရားသခင် ပြောဆိုသော စကားများကို သန့်ရှင်းသော ဝိညာဉ်တော်၏ ရိုးရှင်းသော ဉာဏ်ပွင့်စေခြင်း အဖြစ် ရှုမြင်ပြီး၊ တမန်တော်များနှင့် ပရောဖက်များ၏စကားများကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပြောဆိုသော စကားများအဖြစ် မှတ်ယူပါက၊ လူတို့၏အမှား ဖြစ်ပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသည့် လူသားတစ်ဦးကပင် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စား မပြုနိုင်ချေ။ ထိုသို့သောလူသားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ဟု ဆိုလိုသည်သာမက၊ သူလုပ်ဆောင်သည့် အလုပ်သည်လည်း ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်၊ လူသား၏ အတွေ့အကြုံကို ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းတွင် တိုက်ရိုက်နေရာပေး၍ မရသကဲ့သို့၊ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ကိုယ်စားမပြုနိုင်ပေ။ ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သော အလုပ်သည်၊ သူကိုယ်တိုင်၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် လုပ်ဆောင်ရန် သူရည်ရွယ်ထားသည့် အလုပ်ဖြစ်ပြီး ကြီးမြတ်သည့် စီမံခန့်ခွဲမှုနှင့် ဆက်စပ်ပေသည်။ လူသားက ဆောင်ရွက်သည့် အလုပ်သည် ၎င်းတို့တစ်ဦးချင်းစီ၏ အတွေ့အကြုံကို ထောက်ပံ့ပေးခြင်း ပါဝင်သည်။ သူ့ရှေ့တွင် သွားပြီးသူများ လျှောက်ခဲ့ကြသည့်အတွေ့အကြုံ လမ်းကြောင်းကို ကျော်လွန်၍ အသစ်သော လမ်းကြောင်းကို ရှာတွေ့ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင်ရှိစဉ်တွင် ၎င်းတို့၏ညီအစ်ကို မောင်နှမများကို လမ်းပြခြင်းတို့ ပါဝင်သည်။ ဤလူများ ထောက်ပံ့ပေးသည့်အရာမှာ ၎င်းတို့တစ်ဦးချင်းစီ၏ အတွေ့အကြုံ၊ သို့မဟုတ် ဝိညာဉ်ရေးရာ လူတို့၏ ဝိညာဉ်ရေးရာ အရေးအသားများ ဖြစ်သည်။ ဤလူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော်လည်း၊ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်သည် အနှစ်ခြောက်ထောင် အစီအစဉ်ထဲက ကြီးမြတ်သည့် စီမံခန့်ခွဲမှုအမှုနှင့် ဆက်နွှယ်မှုမရှိပေ။ ၎င်းတို့သည် ၎င်းတို့ ဆောင်ရွက်နိုင်သည့် လုပ်ငန်းတာဝန်များ ဆုံးခန်းတိုင်သွားသည်အထိ၊ သို့မဟုတ် ၎င်းတို့၏ အသက်တာများ အဆုံးသတ်သည်အထိ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် လူတို့ကို ဦးဆောင်ရန် မတူညီသည့် ခေတ်ကာလများ၌ သန့်ရှင်းသော ဝိညာဉ်တော်က မြှင့်တင်ခဲ့သည့် သူများသာ ဖြစ်ကြသည်။ ၎င်းတို့လုပ်ဆောင်သည့် အလုပ်မှာ ဘုရားသခင်ကိုယ်တော်တိုင်အတွက် သင့်တော်သည့် လမ်းကြောင်းကို ပြင်ဆင်ပေးရန်၊ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကိုယ်တော်တိုင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သော ကဏ္ဍတစ်ခုခုကို ဆက်လက်လုပ်ဆောင်ရန်သာ ဖြစ်သည်။ ဤလူများသည် မိမိတို့ကိုယ်၌အားဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သည့် သာ၍ကြီးမားသော အလုပ်ကို မလုပ်နိုင်ကြသကဲ့သို့၊ အသစ်သော ထွက်ပေါက်များကိုပင် မဖွင့်နိုင်ကြသည့်အပြင်၊ ၎င်းတို့ထဲမှ မည်သူမျှသည် ယခင်ခေတ်ကာလမှ ဘုရားသခင်၏ အမှုအားလုံးကို အဆုံးသတ်စေရန် သာ၍ပင် မလုပ်နိုင်ချေ။ ထို့ကြောင့် ၎င်းတို့လုပ်သည့် အလုပ်သည် ဖန်ဆင်းခံ သတ္တဝါက မိမိ၏လုပ်ငန်းဆောင်တာကို ဆောင်ရွက်ခြင်းကိုသာ ကိုယ်စားပြုပြီး၊ ဘုရားသခင်ကိုယ်တိုင်က သူ၏အမှုတော်ကို ဆောင်ရွက်ခြင်းအား ကိုယ်စားမပြုနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့လုပ်ဆောင်သော အလုပ်သည် ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ခဲ့သည့် အမှုနှင့် မတူသောကြောင့် ဖြစ်သည်။ ခေတ်သစ်တစ်ခေတ်ကို ဖွင့်လှစ်ပေးသည့် အလုပ်သည် ဘုရားသခင်ကိုယ်စား လူသားက ပြုလုပ်နိုင်သော အရာတစ်ခု မဟုတ်ချေ။ ယင်းကို ဘုရားသခင် ကိုယ်တော်တိုင်မှလွဲ၍ အခြားမည်သူမျှ မပြုလုပ်နိုင်ပေ။ လူသား လုပ်ဆောင်သည့် အလုပ်အားလုံးသည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဆောင်ရွက်ခြင်း ပါဝင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို တို့ထိသည့်အခါ၊ သို့မဟုတ် ဉာဏ်အလင်းပေးသည့်အခါ လုပ်ဆောင်ခြင်းဖြစ်သည်။ ဤ လူများက ထောက်ပံ့ပေးသည့် လမ်းပြမှုမှာ နေ့စဉ်အသက်တာ၌ လူကို လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့ပြုမူသင့်သည်တို့ကို ပြပေးခြင်း လုံးလုံးလျားလျား ပါဝင်လေသည်။ လူသား၏အလုပ်၌ ဘုရားသခင်၏ စီမံခန့်ခွဲမှု မပါဝင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကိုလည်း ကိုယ်စားမပြုပေ။ ဥပမာတစ်ခုအနေဖြင့်၊ မျက်မြင်သက်သေ လီ (Lee) နှင့် စောင့်ကြပ်ကြည့်ရှုသူ နီ (Nee) တို့၏အလုပ်မှာ လမ်းပြရန်ဖြစ်သည်။ လမ်းသစ်ဖြစ်စေ လမ်းဟောင်းဖြစ်စေ၊ အလုပ်သည် သမ္မာကျမ်းစာအတွင်းတွင် ရှိနေခြင်း သဘောတရားအပေါ် အခြေခံခဲ့လေသည်။ ဒေသခံအသင်းတော်ကို ပြန်လည်ပြုပြင်ဖို့ဖြစ်စေ၊ ဒေသခံအသင်းတော်ကို တည်ဆောက်ဖို့ဖြစ်စေ၊ ၎င်းတို့၏အလုပ်မှာ အသင်းတော်များကို တည်ထောင်ခြင်းနှင့် သက်ဆိုင်လေသည်။ သူတို့လုပ်ဆောင်သည့် အလုပ်သည် ယေရှုနှင့် သူ၏တမန်တော်များက မပြီးပြတ်ဘဲ ကျန်ခဲ့သည့် အလုပ်၊ သို့မဟုတ် ကျေးဇူးတော်ခေတ်တွင် ဆက်လက် မဖြစ်ပေါ်ခဲ့သည့် အလုပ်ကို ဆက်လုပ်ခြင်း ဖြစ်သည်။ သူတို့အလုပ်၌ သူတို့လုပ်ဆောင်ခဲ့သည့်အရာမှာ ယေရှုက သူ၏နောင်လာမျိုးဆက်များကို သူ၏ကနဦးအမှုတွင် တောင်းဆိုခဲ့သည့် ခေါင်းဖုံးခြင်း၊ ဗတ္တိဇံခံခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်း၊ သို့မဟုတ် စပျစ်ရည်သောက်ခြင်း စသည်တို့ကို ပြန်လည်ဖော်ထုတ်ရန် ဖြစ်သည်။ ၎င်းတို့၏အလုပ်သည် ကျမ်းစာကို ထိန်းသိမ်းရန်နှင့် ကျမ်းစာအတွင်းရှိ လမ်းကြောင်းများကို ရှာဖွေရန်ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် အသစ်ဖြစ်သော မည်သည့်တိုးတက်မှုကိုမျှ လုပ်ဆောင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ၎င်းတို့၏အလုပ်တွင် ကျမ်းစာအတွင်းရှိ လမ်းသစ်များအပြင် သာ၍ ကောင်းမွန်ပြီး သာ၍ လက်တွေ့ကျသည့် ကျင့်ကြံမှုများကို ရှာဖွေတွေ့ရှိခြင်းကိုသာ မြင်တွေ့နိုင်သည်။ သို့သော် ၎င်းတို့၏အလုပ်ထဲတွင် ဘုရားသခင်၏ လက်ရှိအလိုတော်ကို မမြင်တွေ့နိုင်ဘဲ၊ နောက်ဆုံးသောကာလ၌ ဘုရားသခင် လုပ်ဆောင်ရန် စီစဉ်ထားသည့် အသစ်သော အမှုကို သာ၍ပင် မတွေ့နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူတို့လျှောက်သည့် လမ်းကြောင်းသည် လမ်းဟောင်းတစ်ခု ဖြစ်နေဆဲဖြစ်သောကြောင့် ဖြစ်သည်- အသစ်ပြုပြင်ခြင်းနှင့် တိုးတက်မှုတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် ယေရှု၏ ကားစင်တင်ခံရခြင်း အချက်ကို ဆက်လက်စွဲကိုင်ထားကြသည်၊ လူများကို နောင်တရ၍ မိမိတို့၏ အပြစ်များကိုဝန်ခံရန် တောင်းဆိုသည့် ကျင့်ကြံမှုကို ဆက်လက်လိုက်နာကြသည်၊ အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်ဟူသည့် ဆိုရိုးစကားများနှင့် ယောက်ျားသည် မိန်းမ၏ ဦးခေါင်းဖြစ်ပြီး၊ မိန်းမသည် မိမိခင်ပွန်းကို နာခံရမည်ဟူသည့် ဆိုရိုးစကားများနှင့် ညီအစ်မများသည် တရားမဟောရဘဲ နာခံရုံ နာခံရမည်ဆိုသည့် ရိုးရာ အယူအဆကို ဆက်လက်စောင့်ထိန်းကြလေသည်။ အကယ်၍ ထိုသို့သော ဦးဆောင်မှုပုံစံကို ဆက်လက်လိုက်နာမည်ဆိုပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် အမှုသစ်ကို ဘယ်သောအခါမျှ လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်၊ လူတို့ကို အယူဝါဒများထဲမှ လွတ်မြောက်စေနိုင်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကို လွတ်လပ်မှုနှင့် လှပမှု နယ်ပယ်ထဲသို့ ဦးဆောင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ခေတ်ကို ပြောင်းလဲစေသည့် ဤအမှုအဆင့်ကို ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ပြီး ပြောဆိုရမည် ဖြစ်သည်၊ သို့မဟုတ်ပါက မည်သည့်လူသားကမျှ သူ့ကိုယ်စား မလုပ်ဆောင်နိုင်ပေ။ ဤအထိ၊ ဤရေစီးကြောင်းပြင်ပရှိ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်အားလုံးသည် လုံးဝဥဿုံ ရပ်တန့်သွားပြီးဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော သူများသည် မိမိတို့၏ ရပ်တည်ရာများ ပျောက်ဆုံးသွားပြီးဖြစ်သည်။ ထို့ကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသည့် လူတို့၏ အလုပ်သည် ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်သည့် အလုပ်နှင့် တူညီမှုမရှိသည့်အတွက်၊ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာများနှင့် မည်သူ၏ကိုယ်စား သူတို့လုပ်ကိုင်သည်ဟူသည့် အကြောင်းအရာများသည်လည်း ထိုကဲ့သို့ပင် ကွဲပြားမှုရှိကြသည်။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ရန် ရည်ရွယ်သောအမှုသည် ကွဲပြားသောကြောင့် ဖြစ်ပြီး၊ သို့ဖြစ်၍ အလားတူလုပ်ဆောင်သူများသည် မတူညီသည့် ကိုယ်ပိုင်လက္ခဏာများနှင့် အဆင့်အတန်းများ အပ်နှင်းခြင်းခံရလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူတို့သည် ဆန်းသစ်သည့် အလုပ်အချို့ကိုလည်း လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပြီး၊ ယခင်ခေတ်က လုပ်ဆောင်ခဲ့သည့် အလုပ်အချို့ကိုလည်း ဖယ်ရှားကောင်းဖယ်ရှားနိုင်၏၊ သို့သော်လည်း ၎င်းတို့လုပ်ဆောင်သည့် အရာသည် အသစ်သော ခေတ်ထဲရှိ ဘုရားသခင်၏ စိတ်သဘောထားနှင့် အလိုတော်ကို ဖော်ပြနိုင်ခြင်း မရှိပေ။ ယခင်ခေတ်က အလုပ်ကို ဖယ်ရှားရန်သာ ၎င်းတို့လုပ်ဆောင်ကြပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားကို တိုက်ရိုက်ကိုယ်စားပြုရန် ရည်ရွယ်သည့် အသစ်သောအလုပ်ကို လုပ်ဆောင်ရန် မဟုတ်ပေ။ ထို့ကြောင့်၊ ၎င်းတို့သည် ခေတ်မမီတော့သည့် လက်တွေ့လုပ်ဆောင်မှုမည်မျှကို ပယ်ဖျက်သည်ဖြစ်စေ၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုအသစ် မည်မျှကို ၎င်းတို့ စတင်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် လူသားနှင့် ဖန်ဆင်းခံသတ္တဝါများကိုသာ ကိုယ်စားပြုဆဲဖြစ်သည်။ သို့သော် ဘုရားသခင်ကိုယ်တော်တိုင် အမှုကို ဆောင်ရွက်သည့်အခါ၊ သူသည် ခေတ်ဟောင်း၏ လက်တွေ့လုပ်ဆောင်မှုများအား ပယ်ဖျက်ခြင်းကို ပွင့်လင်းစွာ မကြေညာပေ၊ သို့မဟုတ် ခေတ်သစ်တစ်ခု၏ စတင်မှုကို တိုက်ရိုက် မကြေညာချေ။ သူသည် မိမိ၏အမှုတွင် ပွင့်လင်းကာ ဖြောင့်မတ်လေသည်။ သူရည်ရွယ်သည့် အလုပ်ကို ဆောင်ရွက်ရာ၌ သူသည် ပွင့်လင်း၏။ ဆိုလိုသည်မှာ၊ သူ ဆောင်ကြဉ်းပြီးဖြစ်သည့် အမှုကို သူ တိုက်ရိုက်ဖော်ပြသည်၊ သူ၏ ဖြစ်တည်ခြင်းနှင့် စိတ်သဘောထားကို ဖော်ပြလျက် နဂိုမူလ ရည်ရွယ်ထားသည့်အတိုင်း သူ၏အမှုကို တိုက်ရိုက် လုပ်ဆောင်လေသည်။ လူသား၏ အမြင်အရ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အလုပ်တို့သည်လည်း ယခင်ခေတ်များထဲက အမှုများနှင့် ကွာခြားပေသည်။ သို့သော်၊ ဘုရားသခင် ကိုယ်တိုင်၏ ရှုထောင့်မှ၊ ဤသည်မှာ သူ့အမှု၏အဆက်နှင့် ရှေ့ဆက်တိုးတက်မှု တစ်ခုမျှသာ ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် အမှုပြုသည့်အခါ၊ သူသည် မိမိ၏နှုတ်ကပတ်တော်ကို ထုတ်ဖော်ပြပြီး၊ အသစ်သော အမှုကို တိုက်ရိုက် ယူဆောင်လာလေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူသား လုပ်ဆောင်သည့်အခါတွင်၊ ယင်းသည် စဉ်းစားချင့်ချိန်မှုနှင့် လေ့လာမှုမှတဆင့် ဖြစ်သည်၊ သို့မဟုတ် ယင်းသည် အခြားသူများ၏ လုပ်ဆောင်မှုအပေါ် တည်ဆောက်ထားသည့် လက်တွေ့လုပ်ဆောင်မှုနှင့် ဆိုင်သည့် အသိပညာနှင့် စနစ်တကျရှိစေခြင်းတို့ကို တိုးချဲ့ခြင်းတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ၊ လူသား လုပ်ဆောင်သည့် အလုပ်၏အနှစ်သာရသည် အခြေခိုင်သောအမိန့်ကို နာခံရန်နှင့် “လမ်းဟောင်းများကို ဖိနပ်အသစ်များဖြင့် လျှောက်လမ်းရန်” ဖြစ်သည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူသားများ လျှောက်သည့်လမ်းကြောင်းပင်လျင်၊ ဘုရားသခင်ကိုယ်တော်တိုင် အစပျိုးခဲ့သည့် အရာအပေါ် တည်ဆောက်ထားသည်ဟု ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးအနှစ်ချုပ်လိုက်က၊ လူသားသည် လူသားသာဖြစ်ပြီး၊ ဘုရားသခင်က ဘုရားသခင် ဖြစ်ဆဲဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)

ကျေးဇူးတော်ခေတ်အတောအတွင်း၌ ယေရှုသည် နှုတ်ကပတ်တော်အချို့ကို မိန့်မြွက်ခဲ့ပြီး အမှု၏အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့သည်။ ယင်းတို့အားလုံး၌ ဆက်စပ်အကြောင်းအရာတစ်ခုရှိခဲ့၏၊ ထို့ပြင် ယင်းတို့အားလုံးက ထိုအချိန်ကာလမှ လူတို့၏အခြေအနေများအတွက် သင့်လျော်ခဲ့ကြလေသည်၊ ယေရှုသည် ထိုအချိန်ကာလမှ ဆက်စပ်အကြောင်းအရာနှင့် လိုက်လျောညီထွေရှိရှိ ပြောဆိုလုပ်ကိုင်ခဲ့သည်။ ပရောဖက်ပြုချက်အချို့ကိုလည်း သူပြောဆိုခဲ့၏။ သမ္မာတရား၏ ဝိညာဉ်တော်သည် နောက်ဆုံးသောကာလအတောအတွင်းတွင် ကြွလာမည်ဖြစ်ပြီး၊ အမှု၏အဆင့်တစ်ဆင့်ကို လုပ်ဆောင်မည်ဖြစ်ကြောင်းကို သူပရောဖက်ပြုခဲ့၏။ ထိုခေတ်အတောအတွင်း၌ သူကိုယ်တိုင်လုပ်ကိုင်ခဲ့ရမည့် အမှုထက်ပို၍ ဘာကိုမျှ သူနားမလည်ခဲ့ဟု ဆိုလိုသည်၊ လူ့ဇာတိခံယူသော ဘုရားသခင်က ယူဆောင်လာခဲ့သည့် အမှုသည် တစ်နည်းဆိုရသော် အကန့်အသတ်ရှိသည်။ ဤအကြောင်းကြောင့် သူရှိနေသောခေတ်၏ အမှုကိုသာ သူလုပ်ကိုင်ပြီး သူနှင့်ဆက်နွှယ်မှုမရှိသည့် အခြားအမှုကို မလုပ်ကိုင်ပေ။ ထိုအချိန်ကာလတွင် ယေရှုသည် ခံစားမှုများ၊ သို့မဟုတ် ရူပါရုံများနှင့်အညီ အမှုမပြုခဲ့ဘဲ အချိန်ကာလ၊ ဆက်စပ်အကြောင်းအရာနှင့် လိုက်လျောညီထွေရှိရှိသာ အမှုပြုခဲ့၏။ မည်သူကမျှ သူ့ကို မဦးဆောင်ပေးခဲ့၊ သို့မဟုတ် လမ်းမပြပေးခဲ့ချေ။ သူ့အမှုတစ်ခုလုံးသည် သူ၏ကိုယ်ပိုင်ဖြစ်ခြင်းပင် ဖြစ်ခဲ့သည်- ယင်းမှာ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဝိညာဉ်တော်က လုပ်ဆောင်ထိုက်သည့် အမှုဖြစ်ခဲ့ပြီး၊ ယင်းမှာ လူ့ဇာတိခံယူခြင်းက ဆောင်ကြဉ်းပေးခဲ့သည့် အမှုအားလုံးဖြစ်ခဲ့သည်။ ယေရှုသည် သူကိုယ်တိုင်မြင်ခဲ့ပြီး ကြားခဲ့ရသည့်အရာနှင့်အညီသာ အမှုပြုခဲ့သည်။ တစ်နည်းဆိုရလျှင် ဝိညာဉ်တော်သည် တိုက်ရိုက်အမှုပြုခဲ့လေ၏၊ သူ့ထံသို့ တမန်များ ပေါ်လာရန်နှင့် သူ့ကို အိပ်မက်များပေးရန် မလိုအပ်ခဲ့သကဲ့သို့၊ ကြီးစွာသောအလင်းကို သူ့အပေါ်ထွန်းလင်းစေပြီး သူ့ကိုမြင်ခွင့်ပေးရန်လည်း မလိုအပ်ခဲ့ပေ။ သူသည် အထိန်းအချုပ်မရှိဘဲ လွတ်လပ်စွာ အမှုပြုခဲ့သည်၊ ဤသို့ဖြစ်ရခြင်းမှာ သူ၏အမှုသည် ခံစားမှုများအပေါ် အခြေပြုထားခြင်း မဟုတ်သောကြောင့်ဖြစ်သည်။ တစ်နည်းဆိုရလျှင် သူအမှုပြုခဲ့သည့်အခါ သူသည် စမ်းတဝါးဝါးနှင့် မှန်းဆလုပ်ခဲ့ခြင်းမဟုတ်ဘဲ၊ သူ၏ကိုယ်ပိုင်အကြံအစည်များနှင့် သူ၏ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရသည့် အရာများနှင့်အညီ လုပ်ကိုင်ပြောဆိုရင်း၊ သူ့နောက်ကိုလိုက်ခဲ့ကြသည့် တပည့်တော်တစ်ဦးတစ်ယောက်စီအတွက် လက်ငင်းအထောက်အပံ့ကို စီစဉ်ပေးရင်းဖြင့် အမှုအရာများကို အလွယ်တကူ ပြီးမြောက်စေခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏အမှုနှင့် လူတို့၏အလုပ်အကြားရှိ ကွာခြားချက်ပင်ဖြစ်သည်- လူတို့အလုပ်လုပ်သောအခါ ၎င်းတို့သည် သာ၍နက်ရှိုင်းသော ဝင်ရောက်မှုကို ရရှိနိုင်ရန် အခြားသူများက ချထားခဲ့သော အခြေခံအုတ်မြစ်ကို အခြေပြု၍ အစဉ်အမြဲ အတုခိုးလျက် စဉ်းစားချင့်ချိန်လျက်ဖြင့် ရှာဖွေပြီး စမ်းတဝါးဝါး လိုက်လုပ်ကြသည်။ ဘုရားသခင်၏အမှုသည် သူ့ဖြစ်ခြင်း၏ ထောက်ပံ့ပေးခြင်းပင်ဖြစ်သည်၊ ထို့အပြင် သူကိုယ်တိုင်ပြုထိုက်သည့် အမှုကို သူလုပ်ကိုင်သည်။ မည်သည့်လူသား၏အလုပ်မှ အသိပညာကိုမျှ အသုံးပြုပြီး အသင်းတော်အတွက် အထောက်အပံ့များကို သူမစီစဉ်ပေးပေ။ ထိုအစား သူသည် လူတို့၏အခြေအနေများကို အခြေပြု၍ လက်ရှိအမှုကို လုပ်ကိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၅)

ဤကမ္ဘာမြေကို ဘုရားသခင် ကြွလာသည့်အချိန်တွင်၊ သူသည် ဘုရားသဘာဝ အတွင်း၌သာ သူ၏အမှုကို လုပ်ဆောင်လေသည်၊ ယင်းမှာ ကောင်းကင်ဘုံ၌ရှိသည့် ဝိညာဉ်တော်က လူ့ဇာတိခံ ဘုရားသခင်ကို ပေးအပ်ထားသည့်အရာ ဖြစ်သည်။ သူကြွလာသည့်အခါ၊ သူသည် ကွဲပြားခြားနားသော နည်းလမ်းများနှင့် မတူညီသော ရှုထောင့်အမြင်များမှ သူ၏မိန့်မြွက်ချက်များကို ဖွင့်ဟရန် တိုင်းပြည်အနှံ့ စကားပြော၏။ သူသည် လူသားကိုထောက်ပံ့ခြင်းနှင့် သွန်သင်ခြင်းတို့ကို သူ၏ရည်မှန်းချက်ပန်းတိုင်များနှင့် အမှုပြုခြင်း အခြေခံသဘောတရားများအဖြစ် အဓိကမှတ်ယူပြီး လူလူချင်း ဆက်ဆံရေးများ သို့မဟုတ် လူတို့ဘဝများ၏ အသေးစိတ် အကြောင်းအရာများကဲ့သို့သော အမှုအရာများကို စိတ်မဝင်စားပေ။ သူ၏အဓိကအမှုတော်မှာ ဝိညာဉ်တော်အတွက် စကားပြောပေးရန် ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ၌ ထင်သာမြင်သာ ပေါ်ထွန်းသောအခါတွင်၊ သူသည် လူသား၏အသက်တာအတွက်သာ ထောက်ပံ့ပေးပြီး သမ္မာတရားကို ထုတ်ပြန်ပေသည်။ သူသည် လူသား၏ အလုပ်၌ ပါဝင်ပတ်သက်ခြင်း မရှိချေ၊ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏ အလုပ်၌ မပါဝင်ပေ။ လူသားများသည် ဘုရား၏အလုပ်ကို မလုပ်နိုင်ကြသကဲ့သို့၊ ဘုရားသခင်သည် လူသားအလုပ်၌ မပါဝင်ပေ။ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် ဤကမ္ဘာမြေသို့ ကြွလာခဲ့ကတည်းကစ၍ နှစ်များအားလုံးတွင် သူသည် လူတို့မှတစ်ဆင့် ထိုအမှုကို အမြဲ လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း ဤလူတို့ကို လူ့ဇာတိခံ ဘုရားသခင်ဟု ယူဆ၍မရနိုင်ပေ- ဘုရားသခင်၏ အသုံးပြုခြင်းခံရသူများအဖြစ်သာ ယူဆ၍ ရနိုင်ပေသည်။ ထိုအချိန် အတောအတွင်းတွင်၊ ယနေ့၏ ဘုရားသခင်သည် ဝိညာဉ်တော်၏ အသံကို စေလွှတ်ပြီး ဝိညာဉ်တော် ကိုယ်စား အလုပ်လုပ်ရင်း၊ ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ တိုက်ရိုက်စကားပြောနိုင်၏။ ထိုနည်းတူ၊ ခေတ်ကာလများ တစ်လျှောက် ဘုရားသခင် အသုံးပြုခဲ့သော သူအပေါင်းတို့သည် ဇာတိခန္ခာအတွင်း၌ ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်ခြင်း၏ သာဓကများ ဖြစ်သည်- ထို့ကြောင့် ၎င်းတို့ကို ဘုရားသခင်ဟု အဘယ့်ကြောင့် ခေါ်ဝေါ်၍ မရသနည်း။ သို့သော် ယနေ့၏ ဘုရားသခင်သည်လည်း လူ့ဇာတိ၌ ဘုရားသခင်၏ ဝိညာဉ်တော် တိုက်ရိုက် အလုပ်လုပ်ခြင်းဖြစ်သကဲ့သို့၊ ယေရှုမှာလည်း လူ့ဇာတိ၌ ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်ခြင်း ဖြစ်ခဲ့ပေသည်။ ၎င်းတို့နှစ်ဦးလုံးကို ဘုရားသခင်ဟု ခေါ်ဝေါ်သည်။ သို့ဆိုလျှင် ခြားနားချက်မှာ အဘယ်နည်း။ ခေတ်ကာလများတစ်လျှောက် ဘုရားသခင်အသုံးပြုခဲ့သော လူအပေါင်းတို့သည် ပုံမှန် အတွေးအခေါ်နှင့် ဆင်ခြင်တုံတရားတို့ကို တတ်စွမ်းနိုင်ကြခဲ့သည်။ လူ၏ အမူအကျင့်နှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများကို ၎င်းတို့အားလုံး နားလည်ထားကြသည်။ ၎င်းတို့သည် ပုံမှန်လူသား အတွေးအခေါ်များကို ရှိခဲ့ကြပြီးဖြစ်ကာ ပုံမှန်လူတို့ ပိုင်ဆိုင်ထားသင့်သည့် အရာများအားလုံးကို ပိုင်ဆိုင်ထားကြပြီး ဖြစ်သည်။ ၎င်းတို့အများစုသည် ထူးခြားသော ပါရမီနှင့် မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေးတို့ ရှိကြ၏။ ဤလူတို့အပေါ် အလုပ်လုပ်ရာတွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဘုရား ပေးထားသည့် ဆုကျေးဇူးများဖြစ်သော ၎င်းတို့၏ ပါရမီများကို ထိန်းချုပ် အသုံးပြုလေသည်။ ဘုရားသခင်၏ အမှုတော်၌ ၎င်းတို့၏ အားသာချက်များကို အသုံးပြုရင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်းတို့၏ပါရမီများကို လုပ်ဆောင်စေသည်။ သို့သော် ဘုရားသခင်၏ အနှစ်သာရသည် လူသား၏ ရည်ရွယ်ချက်များနှင့် ရောနှောခြင်းမရှိဘဲ၊ စိတ်ကူးများ သို့မဟုတ် အတွေးအခေါ် ကင်းမဲ့သကဲ့သို့ ပုံမှန်လူသားများ ပိုင်ဆိုင်ထားသည့် အရာပင် မရှိပေ။ ဆိုလိုသည်မှာ၊ သူသည် လူ့အမူအကျင့်၏ အခြေခံသဘောတရားများနှင့်ပင် အကျွမ်းတဝင်မရှိပေ။ ဤသည်မှာ ယနေ့၏ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာချိန်တွင် ဖြစ်သည့်ပုံစံ ဖြစ်သည်။ သူ၏အမှုနှင့် သူ၏ နှုတ်ကပတ်တော်များသည် လူသားရည်ရွယ်ချက်များ သို့မဟုတ် လူသားအကြံအစည်နှင့် ရောနှောခြင်းမရှိပေ၊ သို့သော် ၎င်းတို့သည် ဝိညာဉ်တော်၏ ရည်ရွယ်ချက်များ၏ တိုက်ရိုက် သရုပ်သကန်တစ်ခု ဖြစ်ပြီး သူသည် ဘုရားသခင်၏ကိုယ်စား တိုက်ရိုက် အလုပ်လုပ်လေသည်။ ဤသည်မှာ ဝိညာဉ်တော်သည် တိုက်ရိုက် စကားပြောသည်ဟု အဓိပ္ပာယ်ရသည်၊ ဆိုလိုသည်မှာ ဘုရားသဘာဝသည် လူသား၏ ရည်ရွယ်ချက်များ တစ်စက်လေးမျှပင် ရောစပ်ခြင်းမရှိဘဲ အမှုကို တိုက်ရိုက်ပြုပေသည်။ တစ်နည်းအားဖြင့်၊ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသဘောသဘာဝကို တိုက်ရိုက် သရုပ်ထင်စေသည်၊ လူ့အတွေး သို့မဟုတ် စိတ်ကူးများ မရှိသကဲ့သို့ လူ့အမူအကျင့်၏ အခြေခံသဘောတရားများကို သိနားလည်ခြင်း မရှိပေ။ ဘုရားသဘောသဘာဝသာ အမှုပြုခဲ့မည်ဆိုပါက၊ (ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်သာ အမှုပြုခဲ့မည်ဆိုလျှင်) ကမ္ဘာမြေပေါ်၌ ဘုရားသခင်၏အမှုကို ဆောင်ရွက်ရန် မည်သို့မျှ ဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေသို့ ကြွလာသောအခါတွင်၊ ဘုရားသဘောသဘာဝ၌ ဘုရားသခင်ပြုသောအမှုနှင့် ပူးပေါင်းလျက်၊ လူ့သဘာဝအတွင်း အလုပ်လုပ်ဖို့ရန် သူအသုံးပြုသည့် လူအရေအတွက် အနည်းငယ် ရှိရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သူသည် မိမိ၏ ဘုရားနှင့်ဆိုင်သောအမှုကို ထိန်းသိမ်းရန် လူသားအလုပ်ကို အသုံးပြုခြင်းဖြစ်သည်။ သို့မဟုတ်ပါက၊ လူသားအတွက် ဘုရားသဘောသဘာဝ၏ အမှု၌ တိုက်ရိုက်ပါဝင်ရန် မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ ယေရှုနှင့် သူ၏တပည့်တော်များ ဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။ ကမ္ဘာလောက၌ သူရှိခဲ့သည့်အချိန် အတောအတွင်းတွင် ယေရှုသည် ပညတ်တရားဟောင်းများကို ဖျက်ပယ်ခဲ့ပြီး ပညတ်တော်အသစ်များကို ချမှတ်ခဲ့သည်။ များစွာသော နှုတ်ကပတ်တော်များကိုလည်း သူပြောဆိုခဲ့၏။ ဤအမှုအားလုံးကို ဘုရားသဘောသဘာဝထဲ၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပေတရု၊ ပေါလုနှင့် ယောဟန်ကဲ့သို့သော အခြားသောသူ အားလုံးသည် ၎င်းတို့၏ နောက်ဆက်တွဲအလုပ်ကို ယေရှု၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ထားခဲ့ကြသည်။ တစ်နည်းအားဖြင့်ဆိုလျှင်၊ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်၏ အစကို ဖွင့်လှစ်ပေးရင်း၊ သူ၏အမှုကို ယင်းခေတ်ထဲတွင် စတင်ခဲ့သည်။ ဆိုလိုသည်မှာ၊ သူသည် ခေတ်ဟောင်းကို ပယ်ဖျက်ပြီး၊ “ဘုရားသခင်သည် အစအဦးနှင့် နောက်ဆုံးဖြစ်တော်မူသည်။” ဟူသော နှုတ်ကပတ်တော်များကိုလည်း ပြည့်စုံစေရင်း၊ ခေတ်ကာလသစ်ကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်၊ လူသားသည် ဘုရားနှင့်ဆိုင်သော အမှု၏ အခြေခံအုတ်မြစ်အပေါ်တွင် လူ့အလုပ်ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ယေရှုသည် သူပြောရန် လိုအပ်သည့်အရာအားလုံးကို ပြောဆိုခဲ့ပြီး ကမ္ဘာမြေပေါ်၌ သူ၏အမှုကို လက်စသတ်ပြီးသည်နှင့် တစ်ပြိုင်နက်၊ လူသားကို စွန့်ခွာခဲ့သည်။ ဤအရာပြီးနောက်တွင်၊ အလုပ်လုပ်ရာတွင် လူအားလုံးတို့သည် သူ၏ နှုတ်ကပတ်တော်များထဲတွင် ဖော်ပြထားသည့် အခြေခံသဘောတရားများအတိုင်း လုပ်ဆောင်ခဲ့ကြပြီး သူမြွက်ဆိုခဲ့သည့် သမ္မာတရားများနှင့်အညီ လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။ ဤလူအားလုံးသည် ယေရှုအတွက် အလုပ်လုပ်ခဲ့ကြသည်။ အကယ်၍ ယေရှုတစ်ဦးတည်းသာ အမှုကို လုပ်ဆောင်နေခဲ့ပါက၊ နှုတ်ကပတ်တော်များ မည်မျှ သူပြောဆိုခဲ့သည် ဖြစ်စေ၊ လူတို့သည် သူ၏ နှုတ်ကပတ်တော်များနှင့် ထိတွေ့ရန် နည်းလမ်းရှိခဲ့မည်မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် သူသည် ဘုရားသဘောသဘာဝထဲ၌ အလုပ်လုပ်နေခဲ့ခြင်းဖြစ်ကာ ဘုရားသဘောသဘာဝနှင့်သက်ဆိုင်သည့် နှုတ်ကပတ်တော်များကိုသာ ပြောဆိုနိုင်ခဲ့ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ပုံမှန်လူတို့ နားလည်နိုင်သည့်အဆင့်အထိ အမှုအရာတို့ကို သူရှင်းပြနိုင်ခဲ့မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် သူ့နောက်တွင် ရောက်လာခဲ့ကြသည့် တမန်တော်များနှင့် ပရောဖက်တို့ကို သူ၏အမှုကို ဖြည့်စွက်စေဖို့ လိုအပ်ခဲ့ပေသည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်က သူ၏အမှုကို လုပ်ဆောင်ပုံ၏ အခြေခံသဘောတရား ဖြစ်သည်- ဘုရားသဘောသဘာဝ၏ အမှုကို ပြည့်စုံစေရန်အလို့ငှာ စကားပြောဆိုဖို့နှင့် အမှုပြုဖို့ လူ့ဇာတိခံခန္ဓာကို အသုံးပြုခြင်း၊ ထို့နောက် သူ၏အမှုကို ဖြည့်စွက်ရန် ဘုရားသခင်ကိုယ်တိုင်၏ စိတ်နှလုံးနှင့် ညီညွတ်သော လူအနည်းငယ် သို့မဟုတ် သာ၍များကောင်း များလိမ့်မည်ဖြစ်သည့် လူတို့ကို အသုံးပြုခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်ကြဖို့အလို့ငှာ၊ လူ့သဘာဝ၌ ထိန်းကျောင်းခြင်းနှင့် ရေလောင်းပေးခြင်းအလုပ်ကို လုပ်ဆောင်ရန် ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့် ညီညွတ်သော လူတို့ကို အသုံးပြုပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်

လူသား၏အလုပ်သည် သူ၏အတွေ့အကြုံနှင့် သူ၏ လူ့သဘာဝတို့၏ လက္ခဏာပြသည်။ လူသားပေးသည့်အရာနှင့် သူလုပ်ဆောင်သည့်အလုပ်သည် သူ့ကို ကိုယ်စားပြု၏။ လူသား၏ ထိုးထွင်းသိမြင်မှု၊ လူသား၏ ဆင်ခြင်တုံတရား၊ လူသား၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် သူ၏ ကြွယ်ဝသော စိတ်ကူးစိတ်သန်း အားလုံးသည် သူ၏ အလုပ်တွင် ပါဝင်သည်။ အထူးသဖြင့် လူသား၏ အတွေ့အကြုံသည် သူ့အလုပ်၏လက္ခဏာကို ပြနိုင်ပြီး၊ လူတစ်ဦး အတွေ့အကြုံများသည် သူ့အလုပ်၏ အစိတ်အပိုင်းများ ဖြစ်လာလေသည်။ လူသား၏ အလုပ်သည် သူ၏ အတွေ့အကြုံကို ဖော်ပြနိုင်သည်။ လူအချို့သည် အပျက်သဘောဆောင်စွာ တွေ့ကြုံရချိန်တွင်၊ ၎င်းတို့ မိတ်သဟာယ၏ စကားအသုံးအနှုန်း အများစုသည် အပျက်သဘောဆောင်သော အရိပ်လက္ခဏာများ ပါရှိပေလိမ့်မည်။ ၎င်းတို့၏ အတွေ့အကြုံသည် အချိန်ကာလ တစ်ခုကြာ အပြုသဘောဆောင်ပြီး ၎င်းတို့သည် အထူးသဖြင့် အပြုသဘောဆောင်သည့် ရှုထောင့်ဖြင့် လမ်းကြောင်းတစ်ခု ပိုင်ဆိုင်ပါက၊ ၎င်းတို့၏ မိတ်သဟာယသည် အလွန် ခွန်အားရစရာဖြစ်ကာ လူတို့သည် ၎င်းတို့ထံမှ အပြုသဘောဆောင်သော ထောက်ပံ့မှုများကို ရရှိနိုင်ကြပေသည်။ အကယ်၍ လုပ်သားတစ်ဦးသည် အချိန်ကာလတစ်ခုကြာ အပျက်သဘောဆောင်လာပါက၊ သူ၏မိတ်သဟာယသည် အပျက်သဘောဆောင်သော အရိပ်လက္ခဏာများ အမြဲ သယ်ဆောင်လိမ့်မည်။ ဤမိတ်သဟာယမျိုးသည် ဝမ်းနည်းညိုးငယ်စေပြီး အခြားသူတို့သည် သူ၏ မိတ်သဟာယပြီးနောက် သတိမထားမိဘဲ၊ စိတ်မချမ်းမသာ ဖြစ်လာကြလိမ့်မည်။ နောက်လိုက်များ၏ အခြေအနေသည် ခေါင်းဆောင်၏ အခြေအနေပေါ်မူတည်၍ ပြောင်းလဲသည်။ လုပ်သားတစ်ဦးသည် အတွင်းတွင် မည်သည့်အရာနှင့် တူသည်ဖြစ်စေ၊ ယင်းသည် သူဖော်ပြသည့်အရာဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် တစ်ခါတစ်ရံ လူသား၏ အခြေအနေနှင့်အညီ ပြောင်းလဲလေသည်။ သူသည် လူသား၏အတွေ့အကြုံနှင့်အညီ အလုပ်လုပ်ပြီး ၎င်းတို့ကို အတင်းအကျပ် မလုပ်စေဘဲ၊ ၎င်းတို့အတွေ့အကြုံ၏ ပုံမှန်လမ်းကြောင်းနှင့်အညီ လူတို့ကို တောင်းဆိုမှုများ ပြုလုပ်လေသည်။ ဤသည်မှာ လူသား၏မိတ်သဟာယသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ကွဲပြားသည်ဟု ဆိုလိုပေသည်။ လူတို့ မိတ်သဟာယပြုသည့်အရာသည် ဘုရားသခင်၏ အမှုအရ ၎င်းတို့၏ ထိုးထွင်းသိမြင်မှုများနှင့် အတွေ့အကြုံတို့ကို ဖော်ပြရင်း၊ ၎င်းတို့တစ်ဦးချင်း၏ ထိုးထွင်းသိမြင်မှုများနှင့် အတွေ့အကြုံကို သိရှိစေသည်။ သူတို့၏တာဝန်မှာ ဘုရားသခင် အလုပ်လုပ်ပြီးနောက် သို့မဟုတ် စကားပြောဆိုပြီးနောက်တွင် ၎င်းတို့ လက်တွေ့ဆောင်သင့်သောအရာ သို့မဟုတ် ဝင်ရောက်သင့်သည့်အရာ မည်သည့်အရာဖြစ်သည်ကို သိရှိအောင်ပြုလုပ်ပြီး၊ ထို့နောက် နောက်လိုက်များထံသို့ ပေးပို့ရန်ဖြစ်သည်။ ထို့ကြောင့် လူသား၏အလုပ်သည် သူ၏ဝင်ရောက်မှုနှင့် လက်တွေ့လုပ်ဆောင်မှုတို့ကို ကိုယ်စားပြုသည်။ ဟုတ်ပေ၏၊ ထိုသို့သောအလုပ်သည် လူသား သင်ခန်းစာများနှင့် အတွေ့အကြုံ သို့မဟုတ် လူသား အတွေးများ အချို့နှင့် ရောနှောနေပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့အလုပ်လုပ်သည်ဖြစ်စေ၊ လူသားပေါ် အလုပ်လုပ်သည်ဖြစ်စေ လူ့ဇာတိခံ ဘုရားသခင်၌ အလုပ်လုပ်သည်ဖြစ်စေ၊ လုပ်သားများက ၎င်းတို့မည်သည့်အရာ ဖြစ်သည်ကို အမြဲဖော်ပြကြ၏။ အလုပ်လုပ်သူမှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အခြေခံအုတ်မြစ် မရှိဘဲ အလုပ်မလုပ်သောကြောင့်၊ အလုပ်သည် လူသား ပင်ကိုအားဖြင့် ဖြစ်သည့်အရာအပေါ် အခြေခံလေသည်။ တစ်နည်းဆိုရသော်၊ အလုပ်သည် ဘာမျှမရှိခြင်းမှ မလာဘဲ၊ တကယ့်အခြေအနေများနှင့် စစ်မှန်သော အနေအထားများနှင့်အညီ အမြဲ လုပ်ဆောင်ရလေသည်။ ဤနည်းဖြင့်သာ လူသား၏ စိတ်သဘောထား ပြောင်းလဲနိုင်ပြီး သူ၏ အယူအဆဟောင်းများနှင့် အတွေးဟောင်းများ ပြောင်းလဲနိုင်ပေသည်။ လူသားက ဖော်ပြသည့်အရာသည် သူမြင်သော အရာ၊ တွေ့ကြုံရသောအရာနှင့် သူစိတ်ကူးနိုင်သောအရာ ဖြစ်ပြီး၊ ယင်းသည် အယူဝါဒများ သို့မဟုတ် အယူအဆများ ဖြစ်လျှင်ပင်၊ လူသား၏ တွေးခေါ်မှုအားဖြင့် ရရှိနိုင်ပေသည်။ လူသား၏ အလုပ်သည် ယင်းအလုပ်၏ အရွယ်အစားကို ပဓာနမထားဘဲ၊ လူသား၏ အတွေ့အကြုံဖြစ်စေ၊ လူသား မြင်သည့်အရာဖြစ်စေ လူသား စိတ်ကူးနိုင်သည့်အရာ သို့မဟုတ် စိတ်ကူးကြံစည်နိုင်သည့်အရာ၏ အတိုင်းအတာကို မကျော်လွန်နိုင်ပေ။ ဘုရားသခင် ဖော်ပြသည့် အရာအားလုံးသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်သည့်အရာဖြစ်ပြီး၊ ဤအရာကို လူသားက မရယူနိုင်ပေ- ဆိုလိုသည်မှာ ယင်းကို လူသား၏ တွေးခေါ်မှုက လက်လှမ်းမမီပေ။ သူသည် လူသားမျိုးနွယ်အားလုံးကို ဦးဆောင်ခြင်း အလုပ်အား ဖော်ပြပြီး ဤသည်မှာ လူသားအတွေ့အကြုံ၏ အသေးစိတ် အချက်အလက်များနှင့် ဆက်နွှယ်မှုမရှိဘဲ၊ ယင်းအစား သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်လေသည်။ လူသား ဖော်ပြသည့်အရာသည် သူ၏အတွေ့အကြုံ ဖြစ်သော်လည်း၊ ဘုရားသခင် ဖော်ပြသည်မှာ လူသား လက်လှမ်းမမီသည့် သူ၏ ရှိရင်းစွဲ စိတ်သဘောထားဖြစ်သော သူ၏ဖြစ်တည်မှု‌ ဖြစ်ပေသည်။ လူသား၏ အတွေ့အကြုံသည် ဘုရားသခင်၏ဖြစ်တည်မှုနှင့် သက်ဆိုင်၍ ဘုရားသခင်၏ဖော်ပြခြင်းအရ ဆည်းပူးရရှိသည့် ၎င်း၏ ထိုးထွင်းသိမြင်မှုနှင့် အသိပညာ ဖြစ်ပေသည်။ ထိုသို့သော ထိုးထွင်းသိမြင်မှုနှင့် အသိပညာတို့ကို လူသား၏ ဖြစ်တည်မှုဟု ခေါ်ပြီး၊ ၎င်းတို့၏ ဖော်ပြခြင်းနှင့် သက်ဆိုင်သည့် အခြေခံအကြောင်းရင်းမှာ၊ လူသား၏ မွေးရာပါ စိတ်သဘောထားနှင့် အရည်အချင်းတို့ ဖြစ်သည်- ဤသည်မှာ ယင်းတို့ကို လူသား၏ ဖြစ်တည်မှုဟုလည်း ခေါ်ဆိုရသည့် အကြောင်းရင်း ဖြစ်ပေသည်။ လူသားသည် သူတွေ့ကြုံပြီး မြင်ရသောအရာကို မိတ်သဟာယပြုနိုင်သည်။ ၎င်းတို့ မတွေ့ကြုံဖူးသည့်အရာ၊ မမြင်ဖူးသည့်အရာ သို့မဟုတ် ၎င်းတို့၏ တွေးခေါ်မှုက လက်လှမ်းမမီနိုင်သောအရာ၊ ထိုအရာများသည် ၎င်းတို့၏အတွင်းတွင် မရှိသောအရာများဖြစ်သဖြင့် ၎င်းတို့ကို မည်သူမျှ မိတ်သဟာယ မပြုနိုင်ပေ။ အကယ်၍ လူသားဖော်ပြသောအရာသည် သူ၏တွေ့ကြုံမှုမှ မဟုတ်ပါက၊ ယင်းသည် သူ၏ စိတ်ကူးစိတ်သန်း သို့မဟုတ် အယူဝါဒ ဖြစ်ပေသည်။ ရှင်းရှင်းပြောရလျှင်၊ သူ၏စကားများတွင် မည်သည့် လက်တွေ့အရှိတရားမျှ မရှိပေ။ သင်သည် လူ့အဖွဲ့အစည်း၏ အရာများနှင့် မည်သည့်အခါမျှ ထိတွေ့မှုရှိမလာခဲ့ပါက၊ သင်သည် လူ့အဖွဲ့အစည်း၏ ရှုပ်ထွေးသော ဆက်ဆံရေးများကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုနိုင်မည် မဟုတ်ပေ။ သင်သည် မိသားစုမရှိလျှင်၊ အခြားသူများသည် မိသားစု အရေးကိစ္စများအကြောင်း ဆွေးနွေးကြမည်ဆိုပါက၊ ၎င်းတို့ပြောနေသည့်အရာ အများစုကို သင်နားလည်မည် မဟုတ်ပေ။ ထို့ကြောင့် လူသား မိတ်သဟာယ ပြုသောအရာနှင့် သူ လုပ်ဆောင်သောအလုပ်သည် သူ၏ အတွင်းဖြစ်တည်မှုကို ကိုယ်စားပြုပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ငါ၏စကားသည် ငါ၏ဖြစ်တည်မှုကို ကိုယ်စားပြုသော်လည်း၊ ငါပြောသော အရာကို လူသားက လက်လှမ်းမမီနိုင်ပေ။ ငါပြောသောအရာသည် လူသားတွေ့ကြုံသည့် အရာမဟုတ်သကဲ့သို့၊ လူသားက မြင်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ယင်းသည် လူသားက တွေ့ထိနိုင်သည့် အရာလည်း မဟုတ်ဘဲ၊ ငါ၏ဖြစ်တည်မှု ဖြစ်ပေသည်။ ငါမိတ်သဟာယဖွဲ့သော အရာသည် ငါတွေ့ကြုံဖူးသော အရာဖြစ်သည်ဟုသာ လူအချို့က အသိအမှတ်ပြု ကြသော်လည်း၊ ယင်းသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက် ဖြစ်သည်ကို ၎င်းတို့ သတိမပြုမိကြချေ။ မှန်ပေ၏၊ ငါပြောသောအရာသည် ငါတွေ့ကြုံဖူးသောအရာ ဖြစ်သည်။ နှစ်ပေါင်း ခြောက်ထောင်ကျော်ကြာ စီမံခန့်ခွဲမှု အလုပ်ကို လုပ်ဆောင်ပြီးသည့်သူမှာ ငါဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း အစအဦးမှ ယခုတိုင်အောင် အရာရာကို တွေ့ကြုံပြီးဖြစ်သည်။ ယင်းကို ငါ မည်သို့ မဆွေးနွေးနိုင်ဘဲ ရှိလိမ့်မည်နည်း။ လူသား၏သဘာဝနှင့် ပတ်သက်လာသည့်အခါ၊ ငါသည် ရှင်းလင်းစွာ မြင်ခဲ့ပြီးဖြစ်သည်။ ယင်းကို ငါ အချိန်ကြာမြင့်စွာက စောင့်ကြည့်ခဲ့ပေသည်။ ထိုအရာနှင့်ပတ်သက်၍ ငါသည် အဘယ်သို့ ရှင်းလင်းစွာ မပြောနိုင်ဘဲ ရှိလိမ့်မည်နည်း။ ငါသည် လူသား၏အနှစ်သာရကို ရှင်းလင်းစွာ တွေ့မြင်ပြီးဖြစ်သည့်အတွက်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် တရားစီရင်ရန် ငါသည် အရည်အချင်းပြည့်မီ၏၊ အဘယ်ကြောင့်ဆိုသော် လူသား၏ အရာခပ်သိမ်းသည် ငါ့ထံမှ လာသော်လည်း၊ စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်သောကြောင့် ဖြစ်သည်။ မှန်ပေ၏၊ ငါသည် ငါပြုသောအမှုကိုလည်း အကဲဖြတ်ရန် အရည်အချင်းပြည့်မီပေသည်။ ဤအမှုသည် ငါ၏ လူ့ဇာတိဖြင့် လုပ်ဆောင်ခဲ့ခြင်း မဟုတ်သော်လည်း၊ ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်ပြီး ဤသည်မှာ ငါ၏အရာအားလုံးနှင့် ငါ၏ဖြစ်ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ငါသည် ယင်းကိုဖော်ပြရန်နှင့် ငါလုပ်သင့်သောအလုပ်ကို လုပ်ဆောင်ရန် အရည်အချင်း ပြည့်မီပေသည်။ လူတို့ပြောသော အရာသည် ၎င်းတို့ တွေ့ကြုံပြီးသောအရာဖြစ်သည်။ ယင်းသည် ၎င်းတို့တွေ့မြင်ပြီးသောအရာ၊ ၎င်းတို့၏ စိတ်များ အလှမ်းမီနိုင်သောအရာနှင့် ၎င်းတို့အာရုံများက သတိပြုမိနိုင် သောအရာ ဖြစ်သည်။ ယင်းသည် ၎င်းတို့ မိတ်သဟာယပြုနိုင်သောအရာ ဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကပြောဆိုသော နှုတ်ကပတ်တော်များသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်ပြီး ယင်းတို့သည် ဝိညာဉ်တော် လုပ်ဆောင်ပြီးသော အမှုကို ဖော်ပြလေသည်။ ယင်းကို ဇာတိခန္ဓာက မတွေ့ကြုံဖူး သို့မဟုတ် မမြင်ဖူးသော်လည်း၊ ဇာတိခန္ဓာ၏ အနှစ်သာရသည် ဝိညာဉ်တော် ဖြစ်သည့်အတွက် သူသည် သူ၏ဖြစ်ခြင်းကို ဖော်ပြဆဲဖြစ်ပြီး ဝိညာဉ်တော်၏ အလုပ်ကို သူ ဖော်ပြလေသည်။ ယင်းကို ဇာတိခန္ဓာက လက်လှမ်းမမီနိုင်သော်လည်း၊ ဝိညာဉ်တော် လုပ်ဆောင်နှင့်ပြီးသော အလုပ်ဖြစ်သည်။ လူ့ဇာတိခံယူခြင်းနောက်တွင်၊ ဇာတိခန္ဓာ၏ ဖော်ပြချက်မှတစ်ဆင့် သူသည် လူတို့ကို ဘုရားသခင်၏ဖြစ်တည်ခြင်းအား သိရှိနိုင်စေပြီး၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူပြုခဲ့သောအမှုတို့ကို မြင်တွေ့ ခွင့်ပေးလေသည်။ လူသား၏အလုပ်သည် လူတို့ကို ၎င်းတို့ ဝင်ရောက်သင့်သော အရာနှင့် ၎င်းတို့နားလည်သင့်သော အရာတို့နှင့် ပတ်သက်သည့် သာ၍ ရှင်းလင်းပြတ်သားမှုကို ပေးလေသည်။ ယင်းတွင် လူတို့ကို သမ္မာတရားကို သိနားလည်ခြင်းနှင့် တွေ့ကြုံခြင်းဆီသို့ ဦးဆောင်ခြင်း ပါဝင်လေသည်။ လူသား၏ အလုပ်သည် လူတို့ကို အားဖြည့်ရန်ဖြစ်သည်၊ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လမ်းကြောင်းသစ်များနှင့် ခေတ်သစ်များကို ဖွင့်လှစ်ပေးရန် ဖြစ်ပြီး၊ လူတို့ကို သူ၏ စိတ်သဘောထားအား သိရှိနိုင်စေရင်း၊ သေမျိုးများ မသိထားကြသည့် အရာကို လူများအား ထုတ်ဖော်ပြဖို့ ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ် အားလုံးကို ဦးဆောင်ရန်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

လူသား၏အလုပ်သည် အပိုင်းအခြားတစ်ခုအတွင်း ရှိနေပြီး အကန့်အသတ် ရှိ၏။ လူတစ်ဦးသည် အဆင့်တစ်ခုခု၏ အလုပ်ကိုသာ လုပ်နိုင်ပြီး ခေတ်တစ်ခေတ်လုံး၏ အလုပ်ကို မလုပ်နိုင်ပေ၊ သို့မဟုတ်ပါက သူသည် လူတို့ကို စည်းမျဉ်းစည်းကမ်းများ အလယ်သို့ ဦးဆောင်လိမ့်မည် ဖြစ်သည်။ လူသား၏အလုပ်သည် သီးခြား အချိန်တစ်ခု၊ သို့မဟုတ် အဆင့်တစ်ဆင့်နှင့်သာ သက်ဆိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသား၏ အတွေ့အကြုံသည် ယင်း၏ အတိုင်းအတာ တစ်ခုရှိသောကြောင့် ဖြစ်သည်။ လူ၏အလုပ်ကို ဘုရားသခင်၏အမှုနှင့် နှိုင်းယှဉ်၍ မရပေ။ လူ၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများနှင့် သမ္မာတရားနှင့် သက်ဆိုင်သော သူ၏အသိပညာသည် သီးသန့် အတိုင်းအတာတစ်ခုအတွက်သာ သက်ဆိုင်ပေသည်။ လူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်သာ ဉာဏ်အလင်းပေးခံရနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် လုံးဝ မပြည့်ဝနိုင်သောကြောင့်၊ လူ လျှောက်သော လမ်းကြောင်းသည် လုံးဝ သန့်ရှင်းသော ဝိညာဉ်တော်၏ အလို ဖြစ်သည်ဟု သင်ပြော၍မရပေ။ လူ တွေ့ကြုံနိုင်သည့် အရာအားလုံးသည် ပုံမှန်လူ့သဘာဝ၏ အတိုင်းအတာ အတွင်းတွင်ရှိပြီး ပုံမှန်လူသား၏စိတ်ထဲက အတွေးများ၏ အပိုင်းအခြားကို မကျော်လွန်နိုင်ပေ။ သမ္မာတရား လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်နိုင်သူအားလုံးသည် ဤအပိုင်းအခြားအတွင်းတွင် တွေ့ကြုံကြရလေသည်။ သမ္မာတရားကို ၎င်းတို့ တွေ့ကြုံချိန်တွင် ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ခံရသည့် ပုံမှန်လူသား အသက်တာ၏ အတွေ့အကြုံတစ်ခု အမြဲဖြစ်၏။ ယင်းသည် ပုံမှန်လူသားအသက်တာမှ သွေဖည်သော တွေ့ကြုံခြင်းနည်းလမ်းတစ်ခု မဟုတ်ပေ။ ၎င်းတို့၏ လူသား အသက်တာများ အသက်ရှင်ခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းခံရလျက် သမ္မာတရားကို ၎င်းတို့ တွေ့ကြုံကြရသည်။ ထို့အပြင် ဤသမ္မာတရားသည် လူတစ်ဦးမှတစ်ဦး ကွဲပြားပြီး၊ ယင်း၏နက်ရှိုင်းမှုသည် လူ၏ အခြေအနေနှင့် ဆက်နွှယ်ပေသည်။ ၎င်းတို့လျှောက်သော လမ်းကြောင်းသည် သမ္မာတရားကို လိုက်စားရှာဖွေသူတစ်ဦး၏ ပုံမှန်လူ့အသက်တာဖြစ်ပြီး၊ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ခံရသည့် ပုံမှန်လူတစ်ဦး လျှောက်သော လမ်းကြောင်းဟု ခေါ်ကောင်းခေါ်ဆိုနိုင်သည်ဟုသာ ဆိုနိုင်ပေသည်။ ၎င်းတို့လျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော် လျှောက်သော လမ်းကြောင်း ဖြစ်သည်ဟု မဆိုနိုင်ပေ။ ပုံမှန်လူသား အတွေ့အကြုံတွင်၊ လိုက်စားရှာဖွေသော လူတို့သည် မတူညီသောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည်လည်း တူညီမှုမရှိပေ။ ထို့အပြင် လူတို့တွေ့ကြုံသော ပတ်ဝန်းကျင်များနှင့် ၎င်းတို့ အတွေ့အကြုံ၏ အပိုင်းအခြားများသည် မတူညီသောကြောင့်၊ ပြီးလျှင် ၎င်းတို့၏စိတ်နှင့်အတွေးများ ရောနှောခြင်းကြောင့်၊ ၎င်းတို့၏ အတွေ့အကြုံသည် မတူညီသော အတိုင်းအတာများထိ ရောနှောလျက်ရှိလေသည်။ လူအသီးသီးသည် ၎င်းတို့၏ ကွဲပြားခြားနားသည့်၊ တစ်ဦးချင်း အခြေအနေများနှင့်အညီ သမ္မာတရားကို နားလည်ကြသည်။ သမ္မာတရား၏ စစ်မှန်သော အဓိပ္ပာယ်နှင့် သက်ဆိုင်သည့် ၎င်းတို့၏နားလည်မှုသည် မပြည့်စုံသကဲ့သို့၊ ယင်း၏ ရှုထောင့်တစ်ခု သို့မဟုတ် ရှုထောင့်အချို့သာ ဖြစ်လေသည်။ လူတွေ့ကြုံသော သမ္မာတရား၏ နယ်ပယ်သည် လူအသီးသီး၏ အခြေအနေများနှင့် တစ်ပြေးညီ တစ်ဦးမှတစ်ဦး ကွဲပြားခြားနားလေသည်။ ဤနည်းဖြင့် တူညီသော သမ္မာတရားနှင့် သက်ဆိုင်သည့် အသိပညာကို မတူကွဲပြားသော လူများက ဖော်ပြသည့်အခါ ခြားနားကုန်ကြလေသည်။ ဆိုလိုသည်မှာ၊ လူ၏အတွေ့အကြုံသည် အမြဲ အကန့်အသတ်များရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို လုံးဝ ကိုယ်စားမပြုနိုင်သကဲ့သို့၊ လူဖော်ပြသောအရာသည် ဘုရားသခင်၏ အလိုနှင့် အလွန်နီးကပ်စွာ ကိုက်ညီပြီး၊ လူ၏ အတွေ့အကြုံသည် သန့်ရှင်းသောဝိညာဉ်တော် ဆောင်ရွက်သော စုံလင်စေခြင်းနှင့် အလွန်နီးကပ်နေလျှင်ပင်၊ လူ၏အလုပ်ကို ဘုရားသခင်၏အမှုအဖြစ် မြင်၍ မရနိုင်ပေ။ လူသည် ဘုရားသခင် သူ့ကို ပေးအပ်ထားသည့် အလုပ်ကို လုပ်ဆောင်လျက် ဘုရားသခင်၏အစေခံသာ ဖြစ်နိုင်သည်။ လူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရသည့် အသိပညာနှင့် သူ၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများမှရရှိသော သမ္မာတရားများကိုသာ ဖော်ပြနိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထွက်ပေါက်ဖြစ်ရန် လူသည် အရည်အချင်းမပြည့်မီသကဲ့သို့ သတ်မှတ်ချက်များကို မပြည့်မီပေ။ သူ၏အလုပ်သည် ဘုရားသခင်၏ အမှုဖြစ်သည်ဟု သူ ဆိုပိုင်ခွင့်မရှိပေ။ လူတွင် လူ၏ အလုပ်လုပ်သည့် အခြေခံသဘောတရားများရှိပြီး၊ လူအားလုံးသည် ကွဲပြားသော အတွေ့အကြုံများရှိကာ မတူညီသော အခြေအနေများ ပိုင်ဆိုင်ကြသည်။ လူ၏အလုပ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုအောက်တွင်ရှိသည့် သူ၏ အတွေ့အကြုံအားလုံး ပါဝင်သည်။ ဤအတွေ့အကြုံများသည် လူ၏ဖြစ်တည်ခြင်းကိုသာ ကိုယ်စားပြုနိုင်ပြီး ဘုရားသခင်၏ဖြစ်တည်ခြင်း၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို ကိုယ်စားမပြုနိုင်ပေ။ ထို့ကြောင့် လူ၏အလုပ်သည် ဘုရားသခင်၏ အမှုကို ကိုယ်စားမပြုနိုင်သကဲ့သို့၊ လူ၏အလုပ်နှင့် လူ၏ အတွေ့အကြုံသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြည့်စုံသော အလိုတော် မဟုတ်သောကြောင့် လူလျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော် လျှောက်သော လမ်းကြောင်း ဖြစ်သည်ဟု ဆို၍မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

လူ၏အလုပ်သည် စည်းမျဉ်းများထဲသို့ ကျဆင်းလွယ်ပြီး၊ သူ့အလုပ်၏ နည်းစနစ်သည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုသို့ လွယ်လင့်တကူ ဘောင်ခတ်ခံရကာ၊ လူတို့ကို အချုပ်အချယ်ကင်းသော လမ်းတစ်ခုသို့ ဦးဆောင်နိုင်ခြင်းမရှိပေ။ နောက်လိုက်အများစုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွင်းတွင် အသက်ရှင်ကြပြီး၊ ၎င်းတို့၏တွေ့ကြုံမှု နည်းလမ်းသည်လည်း ယင်း၏နယ်ပယ်ထဲတွင် ကန့်သတ်ခံရလေသည်။ လူ၏ အတွေ့အကြုံသည် အမြဲ အကန့်အသတ်ရှိ၏။ သူ၏အလုပ်နှင့်ဆိုင်သော နည်းစနစ်သည်လည်း အမျိုးအစား အနည်းငယ်ထိ ကန့်သတ်ခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၊ သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်၏ အမှုနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ နောက်ဆုံးတွင် လူ၏ အတွေ့အကြုံသည် အကန့်အသတ်ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို မည်သို့လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် စည်းမျဉ်းများအားဖြင့် ပိတ်ဆီးမခံရပေ။ ယင်းကို မည်သို့လုပ်ဆောင်ပြီးစီးသည်ဖြစ်စေ၊ နည်းစနစ် တစ်ခုတစ်လေမျှထိ ကန့်သတ်မထားပေ။ ဘုရားသခင်၏ အမှုအတွက် မည်သည့် စည်းမျဉ်းစည်းကမ်းမျှ မရှိပေ- သူ၏အမှုအားလုံးသည် လွတ်ငြိမ်းပြီး အချုပ်အနှောင် ကင်းလေသည်။ လူသည် သူ့နောက်လိုက်ရင်း အချိန်မည်မျှကုန်ဆုံးပါစေ၊ သူသည် ဘုရားသခင်၏ အမှုပြုသည့်နည်းလမ်းများကို စိုးမိုးသည့် မည်သည့်ဥပဒေသကိုမျှ အနှစ်မချုပ်နိုင်ပေ။ ဘုရားသခင်၏ အမှုသည် မူအရဖြစ်သော်လည်း၊ ယင်းကို နည်းလမ်းသစ်များဖြင့် အမြဲလုပ်ဆောင်ကာ အသစ်သော တိုးတက်မှုများ အမြဲရှိပြီး ယင်းကို လူက လက်လှမ်းမမီနိုင်ပေ။ အချိန်ကာလတစ်ခုတည်းတွင်၊ ဘုရားသခင်သည် မတူကွဲပြားသော အလုပ်အမျိုးအစား အချို့နှင့် လူတို့ကို မတူကွဲပြားသော ဦးဆောင်ခြင်း နည်းလမ်းများရှိနိုင်ကာ၊ ထိုသို့ပြုလုပ်ခြင်းဖြင့် လူတို့သည် အသစ်သော ဝင်ရောက်မှုများနှင့် ပြောင်းလဲမှုများ အမြဲရှိလေသည်။ သူသည် အသစ်သော နည်းလမ်းများဖြင့် အမြဲ အမှုပြုသောကြောင့်၊ သင်သည် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သော ဥပဒေသများကို မသိမြင်နိုင်ပေ၊ ပြီးလျှင် ထိုသို့ဖြင့်သာ ဘုရားသခင်၏ နောက်လိုက်များသည် စည်းမျဉ်းများအားဖြင့် ကန့်သတ်ခံလာရခြင်း မရှိပေ။ ဘုရားသခင် ကိုယ်တိုင်၏အမှုသည် လူတို့၏အယူအဆများကို အမြဲရှောင်ရှားပြီး ထိုအယူအဆများကို ဆန့်ကျင်လေသည်။ စစ်မှန်သော နှလုံးသားတစ်ခုဖြင့် ဘုရားသခင် နောက်သို့လိုက်ပြီး သူ့ကို လိုက်စားရှာဖွေသော သူတို့သာ ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်းခံရမည်ဖြစ်ပြီး မည်သည့် စည်းမျဉ်းအောက်တွင်မျှ မရှိဘဲ၊ သို့မဟုတ် မည်သည့် ဘာသာတရား အယူအဆများဖြင့်မျှ ချုပ်ထိန်းမခံရဘဲ၊ လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်ပေသည်။ လူ၏အလုပ်သည် ၎င်း၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် ၎င်းကိုယ်တိုင် စွမ်းဆောင်ရရှိနိုင်သည့်အရာပေါ် အခြေခံ၍ လူတို့ကို တောင်းဆိုမှုများ ပြုလေသည်။ ဤသတ်မှတ်ချက်များ၏ စံနှုန်းများသည် တိကျသည့် နယ်ပယ်တစ်ခုအတွင်းတွင် ကန့်သတ်ထားပြီး၊ လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းများသည်လည်း အလွန် ကန့်သတ်မှုရှိလေသည်။ ဤသို့ဖြင့်၊ နောက်လိုက်များသည် ဤကန့်သတ်ထားသော နယ်ပယ်အတွင်းတွင် မရည်ရွယ်ဘဲနှင့် အသက်ရှင်မိကြသည်။ အချိန်ကုန်လွန် လာသည်နှင့်အမျှ ဤအရာများသည် စည်းမျဉ်းများနှင့် ရိုးရာဓလေ့များဖြစ်လာသည်။ အကယ်၍ ကာလတစ်ခု၏ အလုပ်သည် ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ စုံလင်စေခြင်းကို မကြုံရသေးသကဲ့သို့၊ တရားစီရင်ခြင်းကို မရရှိသေးသည့် သူတစ်ဦး၏ ဦးဆောင်ခြင်းခံရပါက၊ ၎င်း၏နောက်လိုက်များအားလုံးသည် ဘာသာရေးသမားများနှင့် ဘုရားသခင်ကို ခုခံဆန့်ကျင်ရာတွင် ကျွမ်းကျင်သူများ ဖြစ်လာကြပေလိမ့်မည်။ ထို့ကြောင့်၊ အကယ်၍ တစ်စုံတစ်ယောက်သည် အရည်အချင်းပြည့်မီသော ခေါင်းဆောင်တစ်ဦးဖြစ်ပါက၊ ထိုလူသည် တရားစီရင်ခြင်းကို ကြုံရမည်ဖြစ်ပြီး စုံလင်စေခြင်းကို လက်ခံရပေမည်။ တရားစီရင်မှုကို မကြုံတွေ့သေးသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ရှိကောင်းရှိနေနိုင်သော်လည်း၊ မရေရာသကဲ့သို့ မစစ်မှန်သော အရာများကိုသာ ဖော်ပြလေသည်။ အချိန်နှင့်အမျှ၊ ၎င်းတို့သည် လူတို့ကို မရေရာသကဲ့သို့ သဘာဝလွန်သော စည်းမျဉ်းများထဲသို့ ဦးဆောင်လိမ့်မည်။ ဘုရားသခင် လုပ်ဆောင်သော အမှုသည် လူ၏ ဇာတိပကတိနှင့် မကိုက်ညီပေ။ ယင်းသည် လူ၏ အတွေးများနှင့် မကိုက်ညီဘဲ၊ လူ၏ အယူအဆများကို ဆန့်ကျင်လေသည်။ ယင်းသည် မရေရာသော ဘာသာရေး အသွေးအရောင်များနှင့် မစွန်းထင်းပေ။ ဘုရားသခင်၏ အမှုရလဒ်များကို ဘုရားသခင်၏ စုံလင်စေခြင်းမခံရသေးသည့် သူတစ်ဦးဦးက မရရှိနိုင်ပေ။ ထိုရလဒ်များကို လူ၏အတွေးများက လက်လှမ်းမမီနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

လူလုပ်ဆောင်သောအလုပ်တွင် စည်းမျဉ်းများနှင့် ကန့်သတ်ချက်များစွာရှိပြီး လူသား ဦးနှောက်သည် အလွန် တစ်ယူသန်ဖြစ်လွန်းလှ၏။ ထို့ကြောင့် လူက ဖော်ပြသောအရာသည် သူ၏အတွေ့အကြုံ နယ်ပယ်အတွင်းရှိ အသိပညာနှင့် သဘောပေါက်မိခြင်းတို့ဖြစ်သည်။ လူသည် ဤအရာမှလွဲ၍ မည်သည့်အရာကိုမျှ မဖော်ပြနိုင်ပေ။ လူ၏ အတွေ့အကြုံ သို့မဟုတ် အသိပညာသည် ၎င်း၏မွေးရာပါ ဆုကျေးဇူးများ သို့မဟုတ် ၎င်း၏ ဗီဇမှ ထွက်ပေါ်လာခြင်းမဟုတ်ပေ။ ယင်းတို့သည် ဘုရားသခင်၏ လမ်းပြမှုနှင့် တိုက်ရိုက်ထိန်းကျောင်းမှုတို့ကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ လူသည် ဤထိန်းကျောင်းမှုကို လက်ခံနိုင်စွမ်းသာရှိပြီး၊ ဘုရား၏သဘောသဘာဝသည် အဘယ်အရာဖြစ်သည်ကို တိုက်ရိုက်ဖော်ပြရန် အစွမ်းအစမရှိချေ။ လူသည် အရင်းအမြစ်မဖြစ်နိုင်ပေ။ သူသည် အရင်းအမြစ်မှ လာသော ရေကိုလက်ခံသည့် အိုးတစ်ခုသာ ဖြစ်နိုင်သည်။ ဤသည်မှာ လူသား ဗီဇ၊ လူသားတစ်ဦးအနေဖြင့် ရှိသင့်သော အစွမ်းအစ ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံသည့် စွမ်းရည်ဆုံးရှုံးပြီး၊ လူသား ဗီဇကို ဆုံးရှုံးပါက၊ ထိုလူသည် တန်ဖိုးအရှိဆုံးသော အရာကိုလည်း ဆုံးရှုံးကာ ဖန်ဆင်းခံ လူသား၏ တာဝန်ကို ဆုံးရှုံးပေသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏နှုတ်ကပတ်တော် သို့မဟုတ် သူ၏အမှုနှင့် သက်ဆိုင်သည့် အသိပညာ သို့မဟုတ် အတွေ့အကြုံမရှိပါက ထိုလူသည် သူ၏တာဝန်၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့် သူဆောင်ရွက်သင့်သော တာဝန်ကို ဆုံးရှုံးပြီး၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ဂုဏ်သိက္ခာကို ဆုံးရှုံးပေသည်။ လူ့ဇာတိ၌ ဖော်ပြသည်ဖြစ်စေ ဝိညာဉ်တော်အားဖြင့် တိုက်ရိုက်ဖော်ပြသည်ဖြစ်စေ၊ ဘုရားသဘောသဘာဝမှာ မည်သည့်အရာဖြစ်သည်ကို ဖော်ပြရန်မှာ ဘုရားသခင်၏ ပင်ကိုစရိုက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သာသနာဖြစ်သည်။ လူသည် ဘုရားသခင်၏ အမှုအတွင်း သို့မဟုတ် အမှုပြီးနောက်တွင် သူ၏ကိုယ်ပိုင်အတွေ့အကြုံများ သို့မဟုတ် အသိပညာကို ဖော်ပြလေသည် (ယင်းမှာ သူ၏ဖြစ်ခြင်းကို ဖော်ပြသည်ကို ဆိုလိုသည်)။ ဤသည်မှာ လူ၏ ပင်ကိုစရိုက်နှင့် လူ၏ တာဝန်ဖြစ်ပြီး၊ ယင်းသည် လူက စွမ်းဆောင်ရရှိသင့်သော အရာဖြစ်သည်။ လူ၏ ဖော်ပြချက်သည် ဘုရားသခင် ဖော်ပြသည့်အရာကို မမီသော်လည်း၊ လူဖော်ပြသည့် အရာသည် စည်းမျဉ်းများစွာဖြင့် ကန့်သတ်ခံရသော်လည်း၊ လူသည် သူဖြည့်ဆည်းသင့်သောတာဝန်ကို ဖြည့်ဆည်းရမည်ဖြစ်ပြီး၊ သူလုပ်သင့်သည့် အရာကိုလုပ်ရမည်ဖြစ်သည်။ လူသည် သူ၏တာဝန်ကိုဖြည့်ဆည်းရန် တတ်စွမ်းသမျှ ဖြစ်နိုင်သည့်အရာအားလုံးကို လုပ်ဆောင်သင့်ပြီး၊ သံသယ နည်းနည်းမျှပင် မရှိသင့်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

လူအချို့က၊ “လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုနှင့် လွန်ခဲ့သောကာလများက ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်တို့အကြား ကွာခြားချက်မှာ အဘယ်နည်း။ ဒါဝိဒ်သည်လည်း သခင်ဟု အခေါ်ခံခဲ့ရသကဲ့သို့၊ ထို့အတူ ယေရှုသည်လည်း အခေါ်ခံခဲ့ရသည်။ ၎င်းတို့လုပ်ဆောင်သော အလုပ်များ ကွာခြားကြသော်လည်း၊ ၎င်းတို့သည် တူညီစွာ အခေါ်ခံခဲ့ကြရသည်။ ငါ့ကိုပြောလော့၊ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာများ အဘယ်ကြောင့် မတူခဲ့ကြသနည်း။ ယောဟန် မျက်မြင်ကြုံတွေ့ခဲ့သည်မှာ သန့်ရှင်းသော ဝိညာဉ်တော်ထံကပါ လာသော ရူပါရုံတစ်ခု ဖြစ်ပြီး၊ သူသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောရန်ရည်ရွယ်သည့် နှုတ်ကပတ်တော်များကိုလည်း ပြောဆိုနိုင်ခဲ့သည်။ ယောဟန်၏ ကိုယ်ပိုင်လက္ခဏာသည် ယေရှု၏ ကိုယ်ပိုင်လက္ခဏာနှင့် အဘယ်ကြောင့် ကွာခြားသနည်း။” ဟု မေးကြလိမ့်မည်။ ယေရှုပြောသော နှုတ်ကပတ်တော်များသည် ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး၊ ဘုရားသခင်၏ အမှုကို အပြည့်အဝ ကိုယ်စားပြုခဲ့သည်။ ယောဟန်မြင်ခဲ့သည်မှာ ရူပါရုံတစ်ခုဖြစ်ပြီး သူသည် ဘုရားသခင်၏ အမှုကို အပြည့်အဝ ကိုယ်စားပြုနိုင်စွမ်း မရှိခဲ့ပေ။ ယောဟန်၊ ပေတရုနှင့် ပေါလုတို့သည် ယေရှုပြောခဲ့သကဲ့သို့ စကားများစွာ ပြောဆိုခဲ့ကြသော်လည်း၊ ယေရှုနှင့် တူညီသော ကိုယ်ပိုင်လက္ခဏာ အဘယ်ကြောင့် မရှိခဲ့ကြသနည်း။ ယင်းမှာ အဓိကအားဖြင့် ၎င်းတို့လုပ်ဆောင်ခဲ့သော အလုပ်သည် ကွဲပြားခြားနားသောကြောင့် ဖြစ်ပေသည်။ ယေရှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုခဲ့ပြီး တိုက်ရိုက် အမှုပြုနေသည့် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့သည်။ သူသည် ခေတ်သစ်နှင့်သက်ဆိုင်သည့် အမှု၊ ယခင်က မည်သူမျှ မလုပ်ဆောင်ခဲ့သေးသည့် အမှုကို လုပ်ဆောင်ခဲ့သည်။ သူသည် အသစ်သောလမ်းကို ဖွင့်ပေးခဲ့သည်၊ သူသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုခဲ့သည်၊ ပေတရု၊ ပေါလုနှင့် ဒါဝိဒ်တို့မှာမူ သူတို့ကို မည်သို့ပင်ခေါ်သည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ အဖန်ဆင်းခံတစ်ဦး၏ ကိုယ်ပိုင်လက္ခဏာကိုသာ ကိုယ်စားပြုခဲ့ကြသကဲ့သို့၊ ၎င်းတို့သည် ယေရှု သို့မဟုတ် ယေဟောဝါက စေလွှတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ အလုပ်မည်မျှလုပ်ဆောင်ခဲ့ကြပါစေ၊ ၎င်းတို့ ဆောင်ရွက်ခဲ့သည့် အံ့သြဖွယ်ရာများ မည်မျှ ကြီးမားခဲ့ပါစေ၊ ၎င်းတို့သည် ဘုရားသခင်၏ အဖန်ဆင်းခံများသာ ဖြစ်ကြဆဲဖြစ်ပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ နာမဖြင့် အမှုပြုခဲ့ကြသည်၊ သို့မဟုတ် ဘုရားသခင်၏ စေလွှတ်ခြင်း ခံရပြီးနောက် အလုပ်လုပ်ခဲ့ကြပေသည်။ ထို့အပြင် ၎င်းတို့သည် ယေရှု သို့မဟုတ် ယေဟောဝါ စတင်ခဲ့သည့် ခေတ်များတွင် အလုပ်လုပ်ခဲ့ကြပြီး၊ အခြား မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ခဲ့ကြချေ။ အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ အဖန်ဆင်းခံများမျှသာ ဖြစ်ခဲ့ကြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍

ကျေးဇူးတော်ခေတ်တွင် ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့ပြီး အမှုများစွာ ပြုခဲ့သည်။ သူသည် ဟေရှာယနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ဒံယေလနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ပရောဖက်တစ်ပါး ဖြစ်သလော။ သူသည် ခရစ်တော် ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ ၎င်းတို့ကြားတွင် ကွာခြားမှုများမှာ အဘယ်နည်း။ ၎င်းတို့အားလုံးသည် နှုတ်ကပတ်တော်များ ပြောဆိုခဲ့သည့် လူသားများ ဖြစ်ကြပြီး ၎င်းတို့၏ နှုတ်ကပတ်တော်များသည် လူသားအဖို့ အနည်းနှင့်အများ တူညီလေသည်။ ၎င်းတို့အားလုံးသည် နှုတ်ကပတ်တော်များ ပြောဆိုခဲ့ကြပြီး အမှု ပြုခဲ့ကြသည်။ ဓမ္မဟောင်းကျမ်း၏ ပရောဖက်များသည် ပရောဖက်ပြုချက်များကို ပြောဆိုခဲ့ကြပြီး၊ ထိုနည်းတူ ယေရှုသည်လည်း ပြောဆိုနိုင်ခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤနေရာတွင် ကွဲပြားခြားနားချက်မှာ အမှု၏သဘောသဘာဝအပေါ် အခြေခံပေသည်။ ဤကိစ္စရပ်ကို ပိုင်းခြားသိမြင်ရန်၊ သင်သည် ဇာတိပကတိ၏ သဘောသဘာဝကို ထည့်သွင်းစဉ်းစားရမည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ နှုတ်ကပတ်တော်များ၏ အတိမ်အနက် သို့မဟုတ် ပေါ့ပြက်မှုကို ထည့်သွင်းစဉ်းစားရမည် မဟုတ်။ ၎င်းတို့၏ အမှုနှင့် လူ့အထဲတွင် ၎င်းတို့အမှု စွမ်းဆောင်ရရှိသည့် အကျိုးသက်ရောက်မှုများကို ဦးစွာပထမ အမြဲ သင် ထည့်သွင်းစဉ်းစားရမည်။ ထိုအချိန်က ပရောဖက်များ ပြောဆိုခဲ့ကြသည့် ပရောဖက်ပြုချက်များသည် လူ၏အသက်တာကို မထောက်ပံ့ပေးခဲ့သကဲ့သို့၊ ဟေရှာယ နှင့် ဒံယေလ ကဲ့သို့သောသူများက ရရှိခဲ့သည့် လှုံ့ဆော်မှုများမှာ ပရောဖက်ပြုချက်များမျှသာ ဖြစ်ပြီး၊ အသက်လမ်းခရီး မဟုတ်ခဲ့ပေ။ ယေဟောဝါ၏ တိုက်ရိုက် ဖွင့်ပြခြင်းကြောင့်သာ မဟုတ်ပါက၊ သေမျိုးများအတွက် မဖြစ်နိုင်သည့် ထိုအမှုကို မည်သူမျှ လုပ်ဆောင်နိုင်ပြီး ဖြစ်ခဲ့မည် မဟုတ်ပေ။ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့သည်၊ သို့သော် ထိုသို့သော နှုတ်ကပတ်တော်များသည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို လူသားက ရှာတွေ့နိုင်သည့် အသက်လမ်းခရီး ဖြစ်ခဲ့ပေသည်။ ဆိုလိုသည်မှာ ပထမအနေဖြင့် ယေရှုသည် အသက်ဖြစ်သည့်အတွက် လူသား၏ အသက်ကို သူ ထောက်ပံ့နိုင်ခဲ့သည်။ ဒုတိယအနေဖြင့် သူသည် လူသား၏ သွေဖည်မှုများကို ပြောင်းပြန် ဖြစ်စေနိုင်ခဲ့သည်။ တတိယအနေဖြင့် ခေတ်နှင့်ပတ်သက်၍ ဆောင်ရွက်ရန်အလို့ငှာ သူ၏ အမှုသည် ယေဟောဝါ၏ အမှုကို ဆက်ခံနိုင်ခဲ့သည်။ စတုတ္ထအချက်အနေဖြင့် သူသည် လူသားအတွင်းရှိ လိုအပ်ချက်များကို သဘောပေါက်နိုင်ပြီး လူသား ချို့တဲ့သည့်အရာကို နားလည်နိုင်ခဲ့သည်။ ပဉ္စမအနေဖြင့် သူသည် ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်ပြီး ခေတ်ဟောင်းကို နိဂုံးချုပ်နိုင်ခဲ့သည်။ ယင်းမှာ သူ့ကို ဘုရားသခင်နှင့် ခရစ်တော်ဟု ခေါ်ဆိုခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်။ သူသည် ဟေရှာယနှင့် သာမက အခြားသော ပရောဖက်များအားလုံးနှင့် ကွာခြားသည်။ ပရောက်ဖက်များ၏ အမှုအတွက် ဟေရှာယကို နှိုင်းယှဉ်ပြချက် တစ်ခုအဖြစ် ကြည့်လော့။ ပထမအနေဖြင့် သူသည် လူသား၏အသက်ကို မထောက်ပံ့နိုင်ခဲ့ပေ။ ဒုတိယအနေဖြင့် သူသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခြင်း မရှိခဲ့ပေ။ သူသည် ယေဟောဝါ၏ ဦးဆောင်မှုအောက်တွင် အမှုပြုခဲ့ခြင်းဖြစ်ပြီး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ရန် မဟုတ်ခဲ့ပေ။ တတိယအနေဖြင့် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သူ ဉာဏ်မမီနိုင်ခဲ့ပေ။ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်ထံမှ ဖွင့်ပြချက်များကို တိုက်ရိုက် ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းတို့ကို နားထောင်ပြီးလျက်ပင်၊ အခြားသူများက နားလည်မည် မဟုတ်ပေ။ ထိုအနည်းငယ်သော အရာများသည်ပင် သူ၏ နှုတ်ကပတ်တော်များက ပရောဖက်ပြုချက်များထက် မပို၊ ယေဟောဝါ၏ ကိုယ်စား လုပ်ဆောင်ပြီးသည့် အမှု၏ ရှုထောင့်တစ်ခုထက် မပိုခဲ့သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ သို့သော် သူသည် ယေဟောဝါကို အပြည့်အဝ ကိုယ်စားမပြုနိုင်ခဲ့ပေ။ သူသည် ယေဟောဝါ၏ အစေခံ၊ ယေဟောဝါ၏ အမှုထဲက တန်ဆာပလာတစ်ခု ဖြစ်ခဲ့သည်။ သူသည် ပညတ်တော်ခေတ်အတွင်းနှင့် ယေဟောဝါ၏ အမှု နယ်ပယ်အတွင်း၌သာ အမှုပြုခဲ့ခြင်းဖြစ်သည်။ သူသည် ပညတ်တော်ခေတ်ကို ကျော်လွန်၍ အမှုမပြုခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယေရှု၏အမှုသည် ကွာခြား၏။ သူသည် ယေဟောဝါ၏ အမှု နယ်ပယ်ကို ကျော်လွန်ခဲ့သည်။ သူသည် လူ့ဇာတိခံ ဘုရားသခင်အဖြစ် အမှုပြုခဲ့ပြီး၊ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ရန် ကားစင်တင်ခြင်းကို ခံခဲ့ရသည်။ ယင်းမှာ သူသည် ယေဟောဝါပြုခဲ့သော အမှု၏အပြင်မှ အမှုအသစ်ကို ပြုခဲ့သည်ဟု ဆိုရပေမည်။ ဤသည်မှာ ခေတ်အသစ်တစ်ခုကို ဖွင့်လှစ်ခြင်း ဖြစ်သည်။ ထို့အပြင် သူသည် လူသားက စွမ်းဆောင်မရရှိနိုင်သည့် အရာကို ပြောဆိုနိုင်ခဲ့သည်။ သူ၏အမှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းရှိ အမှုဖြစ်ပြီး လူသားမျိုးနွယ်တစ်ခုလုံး ပါဝင်ပတ်သက်သည်။ သူသည် လူအနည်းငယ်အထဲ၌သာ အမှုမပြုခဲ့သကဲ့သို့ သူ၏အမှုသည် အရေအတွက် ကန့်သတ်ထားသည့် လူများကို ဦးဆောင်ရန်လည်း ရည်ရွယ်ခဲ့သည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားတစ်ဦးအဖြစ် မည်သို့လူ့ဇာတိခံခဲ့သည်၊ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော်သည် ဗျာဒိတ်များကို မည်သို့ပေးခဲ့ပြီး၊ အမှုပြုရန် ဝိညာဉ်တော်သည် လူသားတစ်ဦးအပေါ် မည်သို့ဆင်းသက်ခဲ့သည် ဆိုသည်တို့အတွက်မူ- ဤအရာများသည် လူက မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် ကိစ္စရပ်များ ဖြစ်သည်။ သူသည် လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်ဟူသော သက်သေအဖြစ် ဤသမ္မာတရားများက အသုံးတော် ခံဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထိုသို့ဖြင့် လူအဖို့ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုအလယ်တွင်သာ ပိုင်းခြားခြင်းကို ပြု၍ရနိုင်ပေသည်။ ဤအရာသည်သာ စစ်မှန်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်တော်နှင့်ဆိုင်သော ကိစ္စရပ်များသည် သင့်အဖို့ မြင်၍မရနိုင်သကဲ့သို့၊ ဘုရားသခင် ကိုယ်တော်တိုင်သာ ရှင်းရှင်းလင်းလင်း သိနိုင်ပြီး၊ ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိခန္ဓာသည်ပင် အလုံးစုံ မသိနိုင်သောကြောင့်‌ ဖြစ်သည်။ သင်သည် သူလုပ်ဆောင်ပြီးဖြစ်သည့် အမှုမှသာ သူ ဘုရားသခင် ဖြစ်သည်၊ မဖြစ်သည်ကို အတည်ပြု စစ်ဆေးနိုင်သည်။ ပထမအနေဖြင့် သူ၏အမှုမှ သူသည် ခေတ်သစ်တစ်ခု ဖွင့်လှစ်ပေးနိုင်သည်။ ဒုတိယအနေဖြင့် သူသည် လူသား၏ အသက်ကို ထောက်ပံ့ပေးနိုင်ပြီး လိုက်လျှောက်ရမည့် လမ်းကို လူသားအား ပြသနိုင်သည်ကို မြင်နိုင်ပေသည်။ ဤသည်မှာ သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို အခိုင်အမာ သက်သေထူရန် လုံလောက်ပေသည်။ အနည်းဆုံးအနေဖြင့် သူပြုသောအမှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး ထို့သို့သောအမှုမှ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏အတွင်း၌ ရှိသည်ကို မြင်နိုင်သည်။ လူ့ဇာတိခံ ဘုရားသခင် ပြုခဲ့သည့်အမှုသည် အဓိကအားဖြင့် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးရန်၊ အမှုသစ်ကို ဦးဆောင်ရန်နှင့် နယ်ပယ်သစ် တစ်ခုကို ဖွင့်လှစ်ရန် ဖြစ်ခဲ့သည်နှင့်အားလျော်စွာ၊ ဤအရာများကသာလျှင် သူသည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို အခိုင်အမာ သက်သေထူရန် လုံလောက်ပေသည်။ ထို့ကြောင့် ဤအရာသည် သူ့အား ဟေရှာယ၊ ဒံယေလနှင့် ကြီးမြတ်သော အခြားပရောဖက်များမှ ကွဲပြားခြားနားစေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

ယောဟန်သည်လည်း၊ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟု ပြောခဲ့ပြီး၊ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရားကို ဟောကြားခဲ့သော်လည်း၊ သူ၏ အလုပ်သည် နောက်ထပ် တိုးတက်ခြင်းမရှိခဲ့သကဲ့သို့ စတင်ရုံမျှ ဖြစ်ခဲ့လေသည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ ယေရှုသည် ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့သည့်အပြင် ခေတ်ဟောင်းကို အဆုံးသတ်ခဲ့၏၊ သို့သော် သူသည် ဓမ္မဟောင်းကျမ်း၏ ပညတ်တရားကိုလည်း ပြည့်စုံစေခဲ့သည်။ သူပြုခဲ့သည့် အမှုသည် ယောဟန်၏ အမှုထက် သာ၍ကြီးမြတ်သည့်အပြင်၊ သူသည် လူသားမျိုးနွယ်အားလုံးကို ရွေးနှုတ်ရန် ကြွလာခဲ့ခြင်းဖြစ်သည်— သူသည် ထိုအမှုအဆင့်ကို ပြီးမြောက်ခဲ့သည်။ ယောဟန်အတွက်မူ၊ သူသည် လမ်းခရီးသက်သက် ပြင်ဆင်ပေးခဲ့သည်။ သူ၏ အလုပ်သည် ကြီးမြတ်သော်လည်း၊ သူပြောခဲ့သည့် စကားလုံးများပြား၍၊ သူ့နောက်သို့လိုက်သည့် တပည့်များစွာ ရှိခဲ့သော်လည်း၊ သူ၏အလုပ်သည် လူသားထံ အသစ်သောစတင်ခြင်းကို ယူဆောင်ပေးခြင်းထက် မပိုပေ။ လူသားသည် သူ့ထံမှ အသက်၊ လမ်းခရီး သို့မဟုတ် သာ၍ နက်ရှိုင်းသော သမ္မာတရားများကို ဘယ်သောအခါမျှ မရခဲ့သကဲ့သို့၊ သူမှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို သိနားလည်ခြင်း မရရှိခဲ့ပေ။ ယောဟန်သည် ယေရှု၏အမှုအတွက် အသစ်သောနယ်ပယ်ကို ဖွင့်ပေးခဲ့ပြီး ရွေးချယ်ခြင်းခံရသူကို ပြင်ဆင်ပေးခဲ့သည့် ကြီးမြတ်သည့် ပရောဖက် (ဧလိယ) ဖြစ်သည်။ သူသည် ကျေးဇူးတော်ခေတ်၏ ရှေ့ပြေးတစ်ဦး ဖြစ်ခဲ့သည်။ ထိုသို့သောအကြောင်းအရာများကို ၎င်းတို့၏ သာမန်လူသားဟန်ပန်များကို လေ့လာရုံဖြင့် မသိမမြင်နိုင်ပေ။ ယောဟန်သည် အတော်အတန် ကြီးမားသည့် အလုပ်ကို ဆောင်ရွက်ခဲ့ပြီး၊ ထို့ပြင် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကတိတော်ရှိထားခဲ့ကာ သူ၏လုပ်ဆောင်မှုကို သန့်ရှင်းသော ဝိညာဉ်တော်က ထိန်းသိမ်းခဲ့သည့်အတွက် ဤသည်မှာ သာ၍ လျော်ကန်ပေသည်။ ဤသို့ဖြစ်ခြင်းကြောင့်၊ လူတစ်ဦး၏ အပြင်ပန်း သွင်ပြင်များမှ သူ၏အနှစ်သာရကို မပြောနိုင်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စစ်မှန်သည့် သက်သေခံချက်က မည်သည့်အရာဖြစ်သည်ကို သေချာစေရန် လေ့လာစိစစ်ဖို့ နည်းလမ်းတစ်ခုတစ်လေ မရှိသည့်အတွက်၊ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်မှတဆင့်သာ ၎င်းတို့၏ သက်ဆိုင်ရာ ကိုယ်ပိုင်လက္ခဏာများကို ခွဲခြားနိုင်ပေသည်။ ယောဟန် လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် ယေရှုပြုခဲ့သည့် အမှုတို့သည် တူညီမှုမရှိသကဲ့သို့၊ သဘာဝခြင်းလည်း ခြားနားပေသည်။ ဤအရာမှ ယောဟန်သည် ဘုရားသခင် ဟုတ်၊ မဟုတ်ဆိုသည်ကို ဆုံးဖြတ်နိုင်ပေသည်။ ယေရှု၏အမှုသည် စတင်ရန်၊ ဆက်လက်လုပ်ဆောင်ရန်၊ အဆုံးသတ်ရန်နှင့် ဖြစ်ထွန်းစေရန် ဖြစ်သည်။ ဤအဆင့်တစ်ဆင့်ချင်းစီကို သူ ဆောင်ရွက်ခဲ့သည်၊ ယောဟန်၏ အလုပ်မှာမူ အစပြုခြင်းထက် ဘာမျှမပိုခဲ့ပေ။ အစတွင် ယေရှုသည် ဧဝံဂေလိတရားကို ဖြန့်ဝေပြီး၊ နောင်တတရား လမ်းခရီးကို ဟောပြောခဲ့သည်၊ ထို့နောက် ဆက်လက်၍ လူသားကို ရေနှစ်ခြင်းပေးခဲ့သည်၊ နာမကျန်းဖြစ်သူများကို ကုသပျောက်ကင်းစေပြီး နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်။ အဆုံးတွင်၊ လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်ခဲ့ပြီး ခေတ်တစ်ခုလုံးအတွက် သူ၏အမှုကို အဆုံးသတ်ခဲ့သည်။ သူသည် လူသားကို တရားဟောကြားခဲ့ပြီး ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေရင်း နေရာတိုင်းကိုလည်း သွားခဲ့သည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ သူနှင့် ယောဟန်သည် တူညီကြ၏၊ မတူညီခြင်းမှာ ယေရှုသည် ခေတ်သစ်ကို ဖွင့်ပေးခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ကို လူသားထံ ယူဆောင်လာပေးခဲ့ခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် လူသား လက်တွေ့လုပ်ဆောင်သင့်သည့် အရာနှင့် လိုက်လျှောက်သင့်သည့် လမ်းခရီးနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်သည် သူ၏နှုတ်မှ ထွက်လာခဲ့ပြီး၊ အဆုံးတွင် ရွေးနုတ်ခြင်းအမှုကို သူအဆုံးသတ်ခဲ့သည်။ ယောဟန်သည် ဤအလုပ်ကို ဘယ်သောအခါမျှ လုပ်ဆောင်နိုင်ခဲ့မည်မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လုပ်ဆောင်ခဲ့သူမှာ ယေရှုဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စားပြုသူမှာ သူ ဖြစ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)

ပရောဖက်များနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်း ခံရသည့် လူများ အလုပ်လုပ်ပြီး စကားပြောခဲ့ချိန်တွင်၊ ဤသည်မှာ လူ၏တာဝန်များကို ဆောင်ရွက်ခြင်း ဖြစ်ခဲ့သည်၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အလုပ်တာဝန်ကို အစေခံခြင်း ဖြစ်ခဲ့ပြီး၊ ယင်းမှာ လူက လုပ်ဆောင်သင့်သည့် အရာတစ်ခု ဖြစ်ခဲ့သည်။ သို့သော် လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုသည် သူ၏အမှုတော်ကို ဆောင်ရွက်ရန် ဖြစ်ခဲ့သည်။ သူ၏ အပြင်ပန်း အသွင်သဏ္ဌာန်သည် ဖန်ဆင်းခံတစ်ဦး၏ အသွင်သဏ္ဌာန် ဖြစ်ခဲ့သော်လည်း၊ သူ၏အမှုမှာ သူ၏အလုပ်တာဝန်ကို မဟုတ်ဘဲ၊ သူ၏အမှုတော်ကို ဆောင်ရွက်ရန်ဖြစ်ခဲ့သည်။ “တာဝန်” ဟူသော ဝေါဟာရကို ဖန်ဆင်းခံသတ္တဝါများနှင့်စပ်လျဉ်း၍ အသုံးပြုသော်လည်း၊ “အမှုတော်” ဟူသော ဝေါဟာရကိုမူ လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိခန္ဓာနှင့်စပ်လျဉ်း၍ အသုံးပြုပေသည်။ ထိုဝေါဟာရ နှစ်ခုကြားတွင် ခြေခြေမြစ်မြစ်ရှိသော ကွာခြားမှု တစ်ခုရှိ၏- ယင်းတို့သည် အချင်းချင်း ဖလှယ်၍ မရနိုင်ပေ။ လူ၏အလုပ်မှာ သူ၏တာဝန်ကို လုပ်ဆောင်ရန်သာ ဖြစ်သည်၊ ဘုရားသခင်၏အမှုမှာမူ သူ၏အမှုတော်ကို စီမံခန့်ခွဲရန်နှင့် ဆောင်ရွက်ရန် ဖြစ်သည်။ ထို့ကြောင့် တမန်တော်များစွာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံခဲ့ရပြီး ပရောဖက်များစွာသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝခဲ့ကြသော်လည်း၊ ၎င်းတို့၏ အမှုနှင့် စကားများသည် ၎င်းတို့၏တာဝန်ကို ဖန်ဆင်းခံသတ္တဝါများအနေဖြင့် ဆောင်ရွက်ရုံမျှ ဆောင်ရွက်ဖို့သာ ဖြစ်ခဲ့သည်။ ၎င်းတို့၏ ပရောဖက်ပြုချက်များသည် လူ့ဇာတိခံ ဘုရားသခင် ပြောဆိုသည့် အသက်လမ်းခရီးထက် သာလွန်ပြီး ဖြစ်ကောင်းဖြစ်နိုင်ကာ ၎င်းတို့၏ လူ့သဘာဝသည် လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝကို ကျော်လွန်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်နေခြင်းသာ ဖြစ်ပြီး အမှုတော်ကို ဖြည့်ဆည်းနေခြင်း မဟုတ်ခဲ့ပေ။ လူ၏တာဝန်သည် လူ၏ အလုပ်တာဝန်ကို ရည်ညွှန်းသည်။ ယင်းသည် လူက ရယူနိုင်သောအရာ ဖြစ်သည်။ သို့သော်လည်း လူ့ဇာတိခံ ဘုရားသခင် ထမ်းရွက်သောအမှုတော်သည် သူ၏စီမံခန့်ခွဲမှုနှင့် ဆက်နွှယ်ပြီး ဤသည်မှာ လူက မရယူနိုင်ပေ။ လူ့ဇာတိခံ ဘုရားသခင် စကားပြောသည်ဖြစ်စေ၊ အမှုပြုသည်ဖြစ်စေ သို့မဟုတ် အံ့သြဖွယ်ရာများ ထင်ရှားစေသည် ဖြစ်စေ၊ သူသည် သူ၏စီမံခန့်ခွဲမှု အလယ်တွင် ကြီးမြတ်သောအမှုကို ပြုနေခြင်း ဖြစ်ပြီး ထိုသို့သောအမှုကို လူက သူ၏ကိုယ်စား လုပ်ဆောင်၍ မရနိုင်ပေ။ လူသားများ၏အလုပ်မှာ သတ်မှတ်ထားသည့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ သတ်မှတ်ထားသည့် အဆင့်တစ်ဆင့်တွင် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကိုသာ လုပ်ဆောင်ရန် ဖြစ်သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု မရှိဘဲ၊ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော် ဆုံးရှုံးခြင်းသို့ ရောက်ခဲ့မည်ဆိုပါက၊ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်သည်လည်း ဆုံးရှုံးခြင်းသို့ရောက်မည် ဖြစ်သည်။ သူ၏အမှုတော်ကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ အမှုမှာ လူသားကို စီမံခန့်ခွဲရန် ဖြစ်သည်၊ ၎င်း၏ တာဝန်နှင့်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုမှာမူ ဖန်ဆင်းရှင်၏ တောင်းဆိုချက်များကို စွမ်းဆောင်ဖို့ ၎င်း၏ကိုယ်ပိုင် ဝတ္တရားကို ဖြည့်ဆည်းခြင်း ဖြစ်ပြီး၊ မိမိ၏ အမှုတော်ကို ဆောင်ရွက်နေသည်ဟု ယူဆ၍မရနိုင်ပေ။ ဘုရားသခင်၏ ပင်ကိုအနှစ်သာရအဖို့- သူ၏ဝိညာဉ်တော်အဖို့- ဘုရားသခင် အမှုမှာ သူ၏စီမံခန့်ခွဲမှု ဖြစ်သော်လည်း၊ ဖန်ဆင်းခံ တစ်ဦး၏ အပြင်ပန်း အသွင်သဏ္ဌာန်ကို ယူတင်ဝတ်ဆင်သည့် လူ့ဇာတိခံ ဘုရားသခင်အဖို့မှာမူ သူ၏အမှုမှာ သူ၏အမှုတော်ကို ဆောင်ရွက်ခြင်း ဖြစ်သည်။ သူပြုသော မည်သည့်အမှုမဆိုသည် သူ၏အမှုတော်ကို ထမ်းရွက်ရန် ဖြစ်သည်။ လူသား လုပ်ဆောင်နိုင်သောအရာအားလုံးမှာ ဘုရားသခင်၏စီမံခန့်ခွဲမှု အတိုင်းအတာအတွင်းနှင့် သူ၏ လမ်းပြမှုအောက်တွင် အစွမ်းကုန် ကြိုးစား ဆောင်ရွက်ဖို့ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

တကယ်တမ်းတွင်၊ ဘုရားသခင်၏ အမှုသည် လူ၏ အလုပ်နှင့် မတူကွဲပြား၏၊ ထို့အပြင် သူ၏ ဖော်ပြချက်များသည် အဘယ်သို့ ၎င်းတို့၏ ဖော်ပြချက်များနှင့် တူနိုင်မည်နည်း။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် သီးသန့် စိတ်သဘောထား ရှိသော်လည်း၊ လူ၌ မိမိတို့ ဖြည့်ဆည်းသင့်သည့် တာဝန်များ ရှိ၏။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ အမှုတွင် ဖော်ပြခံရလေသည်၊ သို့သော် လူသား၏ တာဝန်သည် လူ၏ အတွေ့အကြုံများထဲတွင် သရုပ်ထင်ပြီး လူသား၏ လိုက်စားမှုများ ထဲတွင် ဖော်ပြခံရ၏။ ထို့ကြောင့် တစ်စုံတစ်ရာသည် ဘုရားသခင်၏ ဖော်ပြချက်ဟုတ် မဟုတ် သို့မဟုတ် လူသား၏ ဖော်ပြချက် ဟုတ် မဟုတ် ဆိုသည်မှာ လုပ်ဆောင်ခဲ့သည့် အလုပ်မှတဆင့် သိသာထင်ရှား လာလေသည်။ ဘုရားသခင် ကိုယ်တော်တိုင် ရှင်းပြဖို့ မလိုအပ်သကဲ့သို့ လူသားက သက်သေခံရန် ကြိုးပမ်းဖို့လည်း မလိုအပ်ပေ။ ထို့အပြင်၊ ဘုရားသခင်ကိုယ်တော်တိုင် မည်သည့် လူကိုမဆို ဖိနှိပ်ဖို့ မလိုအပ်ပေ။ ဤအရာအားလုံးသည် အလိုအလျောက် ထုတ်ဖော်ပြချက်တစ်ခု ဖြစ်သည်။ ယင်းသည် အတင်းအကျပ် လုပ်ဆောင်စေခြင်း မဟုတ်သကဲ့သို့ လူက ကြားဝင်နှောင့်ယှက်၍ရသည့် အရာတစ်ခုလည်း မဟုတ်ပေ။ လူသား၏ တာဝန်ကို ၎င်းတို့၏ အတွေ့အကြုံများမှတဆင့် သိနိုင်ပြီး အတွေ့အကြုံဆိုင်ရာ အလုပ်အပို တစ်ခုတစ်လေကိုမျှ လူတို့က လုပ်ဆောင်ဖို့ မလိုအပ်ပေ။ လူသား၏ အနှစ်သာရအားလုံးသည် ၎င်းတို့၏ တာဝန်ကို ၎င်းတို့ ဆောင်ရွက်စဉ် ထုတ်ဖော်ပြခံရနိုင်၏၊ ဘုရားသခင်မှာမူ မိမိ၏ ရှိရင်းစွဲ စိတ်သဘောထားကို သူ၏ အမှု ဆောင်ရွက်နေစဉ်တွင် ဖော်ပြနိုင်ပေသည်။ လူသား၏ အလုပ်ဖြစ်ပါက ယင်းကို ဖုံးကွယ်၍ မရနိုင်ပေ။ ဘုရားသခင်၏ အမှုဖြစ်ပါက၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူသား၏ ထိန်းချုပ်ခံရဖို့ မဆိုနှင့်၊ မည်သူမဆို၏ ဖုံးကွယ်ထားဖို့ သာ၍ပင် မဖြစ်နိုင်ပေ။ မည်သည့်လူသားကိုမျှ ဘုရားသခင်အဖြစ် ပြော၍မရနိုင်သကဲ့သို့၊ ၎င်းတို့၏ အလုပ်နှင့် စကားများကို သန့်ရှင်းသည် သို့မဟုတ် ပြောင်းလဲ၍မရဟု မှတ်ယူ၍လည်း မရပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် ဇာတိပကတိဖြင့် ဆင်ထားခဲ့သောကြောင့် လူသားဟု ပြောဆိုနိုင်သော်လည်း၊ သူ၏ အမှုကို လူသား၏ အလုပ် သို့မဟုတ် လူသား၏ တာဝန်အဖြစ် ယူဆ၍ မရပေ။ ထို့အပြင်၊ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် ပေါလု၏ စာစောင်များကို တန်းတူထား၍ မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် လူသား၏ ပညာပေးစကားများကို တန်းတူဟု ပြောဆို၍ မရပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုနှင့် လူသားအလုပ်ကို ခွဲခြားသိမြင်စေသည့် အခြေခံသဘောတရားများ ရှိလေသည်။ ဤအရာများကို အလုပ်၏ အတိုင်းအတာ သို့မဟုတ် ယင်း၏ ယာယီ ခရီးပေါက်မှုတို့ဖြင့် မဟုတ်ဘဲ ၎င်းတို့၏ အနှစ်သာရများနှင့်အညီ ခွဲခြားထားခြင်း ဖြစ်သည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍၊ လူအများစုက အခြေခံသဘောတရားနှင့်ဆိုင်သော အမှားများ ပြုမိကြသည်။ ဤသည်မှာ လူသားသည် ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည့် အပြင်ပန်းအရာများကိုသာ ကြည့်သော်လည်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ပကတိ မျက်လုံးများဖြင့် သတိမပြုမိနိုင်သည့် အနှစ်သာရကို ကြည့်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုကို သာမန်လူသားတစ်ဦး၏ တာဝန်များအဖြစ် မှတ်ယူပြီး၊ လူသား၏ ကြီးမားသည့် အလုပ်ပမာဏကို လူသား ဖြည့်ဆည်းသည့် တာဝန်ထက် လူ့ဇာတိ ဝတ်ဆင်ထားသည့် ဘုရားသခင်၏ အမှုအဖြစ် ရှုမြင်ပါက၊ သင်သည် အခြေခံသဘောတရား၌ မှားမိသည် မဟုတ်လော။ လူသား၏ စာစောင်များနှင့် အတ္ထုပ္ပတ္တိတို့ကို အလွယ်တကူ ရေးသား၍ ရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် အခြေခံအုတ်မြစ်အပေါ်တွင်သာ ရေးသားနိုင်၏။ သို့သော်၊ ဘုရားသခင်၏မိန့်မြွက်ချက်များနှင့် အမှုတို့ကို လူသားက အလွယ်တကူ မလုပ်ဆောင်နိုင် သို့မဟုတ် လူသား၏ ဉာဏ်ပညာနှင့် တွေးခေါ်မှုတို့ အားဖြင့် မရရှိနိုင်သကဲ့သို့၊ ယင်းတို့ကို လေ့လာစူးစမ်းပြီးနောက် လူတို့က အကုန်အစင် မရှင်းပြနိုင်ပေ။ ဤအခြေခံသဘောတရားနှင့် သက်ဆိုင်သော ကိစ္စရပ်များက သင်တို့၌ မည်သည့်တုန့်ပြန်မှုကိုမျှ မဖြစ်ပေါ်စေပါက၊ သင်တို့၏ ယုံကြည်ခြင်းသည် သိပ်မမှန်ကန် သို့မဟုတ် မသန့်စင်သည်ကား သိသာပေသည်။ သင်၏ ယုံကြည်ခြင်းသည် မရေရာမှုဖြင့် ပြည့်ပြီး၊ ရှုပ်ထွေးနေသကဲ့သို့ မူလည်းမရှိဟုသာ ဆိုနိုင်ပေသည်။ ဘုရားသခင်နှင့် လူသား၏ အခြေခံအကျဆုံးသော ပဓာနကျသည့် ကိစ္စရပ်များကို သိနားလည်ခြင်းပင် မရှိဘဲ၊ ဤယုံကြည်ခြင်းမျိုးသည် အမြော်အမြင် ရှိခြင်း လုံးဝ ကင်းမဲ့သော အရာတစ်ခု ဖြစ်သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဩဝါဒစာစောင် ဆယ့်သုံးစောင်နှင့် ပတ်သက်၍ သင် မည်သည့်နေရာတွင် ရပ်တည်သနည်း။

သင်တို့သည် ဘုရားသခင်၏အမှုကို လူ၏ အလုပ်မှ မည်သို့ခွဲခြားရမည်ဆိုသည်ကို သိရမည်။ လူ၏အလုပ်တွင် မည်သည့်အရာကို သင် မြင်နိုင်သနည်း။ လူ၏အလုပ်တွင် သူ့အတွေ့အကြုံ၏ အရိပ်လက္ခဏာများစွာ ရှိသည်။ လူ ဖော်ပြသည့် အရာသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည်လည်း သူ၏ဖြစ်ခြင်းကို ဖော်ပြသည်၊ သို့ရာတွင် သူ၏ ဖြစ်ခြင်းသည် လူ၏ဖြစ်ခြင်းနှင့် ကွာခြားသည်။ လူ၏ ဖြစ်ခြင်းသည် လူ၏အတွေ့အကြုံနှင့် အသက်တာတို့ကို (လူ၏ အသက်တာတွင် သူတွေ့ကြုံသည့်အရာ၊ သို့မဟုတ် ကြုံဆုံရသည့်အရာ၊ သို့မဟုတ် သူ့တွင်ရှိသော အသက်ရှင်သန်မှုအတွက် ဒဿနများ) ကိုယ်စားပြုပြီး မတူကွဲပြားသော ပတ်ဝန်းကျင်များတွင် နေထိုင်သည့် လူများသည် မတူကွဲပြားသော ဖြစ်တည်မှုများကို ဖော်ပြလေသည်။ သင်သည် လူမှုအဖွဲ့အစည်းနှင့်သက်ဆိုင်သော အတွေ့အကြုံများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြီးလျှင် သင်၏မိသားစုအတွင်း သင် အမှန်တကယ်အသက်ရှင်ပြီး တွေ့ကြုံပုံကို သင်ဖော်ပြသောအရာတွင် တွေ့နိုင်သည်၊ လူ့ဇာတိခံ ဘုရားသခင်က လူမှုရေး အတွေ့အကြုံများ ရှိ၊ မရှိဆိုသည်ကိုမူ သူ၏အမှုတွင် သင် မတွေ့နိုင်ပေ။ သူသည် လူ၏အနှစ်သာရကို ကောင်းမွန်စွာ သိရှိပြီး၊ လူအမျိုးအစားအားလုံးနှင့် သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှု အမျိုးအစားအားလုံးကို သူ ထုတ်ဖော်ပြနိုင်သည်။ သူသည် လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပုန်ကန်တတ်သော အပြုအမူတို့ကို ဖော်ပြရာတွင် သာ၍ပင် တော်လေသည်။ သူသည် လောကီဆန်သော လူများအလယ်တွင် အသက်မရှင်ဘဲ၊ သူသည် သေမျိုးများ၏သဘာဝနှင့် လောကီဆန်သော လူများ၏ ဖောက်ပြန်ပျက်စီးမှုအားလုံးကို သိရှိလေသည်။ ဤသည်မှာ သူ၏ဖြစ်တည်ခြင်းဖြစ်သည်။ သူသည် လူသား သဘာဝကို အပြည့်အဝ နားလည်သောကြောင့်၊ လောကနှင့် ဆက်ဆံမှုမရှိသော်လည်း၊ ကမ္ဘာကြီးနှင့် ဆက်ဆံသည့် စည်းမျဉ်းများကို သူသိ၏။ သူသည် လူ့မျက်လုံးက မမြင်နိုင်သကဲ့သို့၊ လူ့နားများက မကြားနိုင်သည့် ယနေ့နှင့် အတိတ်နှစ်ခုလုံးထဲက ဝိညာဉ်တော်၏ အလုပ်အကြောင်းကို သိလေသည်။ ဤအရာတွင် အသက်ရှင်သန်မှုအတွက် အတွေးအခေါ်မဟုတ်သော ဉာဏ်ပညာနှင့် လူတို့ နားလည်သဘောပေါက်ရန် ခက်ခဲသော အံ့ဖွယ်ရာများပါဝင်သည်။ ဤသည်မှာ လူတို့ထံ ဖွင့်ဟလျက်ရှိပြီး လူတို့ထံမှလည်း ကွယ်ဝှက်လျက်ရှိသည့် သူ၏ဖြစ်တည်ခြင်းဖြစ်သည်။ သူဖော်ပြသည့်အရာသည် သာမန်ထက်လွန်ကဲသော လူတစ်ဦး၏ ဖြစ်ခြင်းမဟုတ်ဘဲ၊ ဝိညာဉ်တော်၏ ပင်ကိုအရည်အချင်းများနှင့် ဖြစ်ခြင်းတို့ ဖြစ်သည်။ သူသည် ကမ္ဘာလောကသို့ ခရီးမထွက်သော်လည်း၊ ယင်းနှင့်သက်ဆိုင်သည့် အရာရာတိုင်းကို သိသည်။ သူသည် အသိပညာ သို့မဟုတ် ထိုးထွင်းသိမြင်မှုမရှိသည့် “လူမျောက်ဝံများ” နှင့် အဆက်အသွယ်ရှိသော်လည်း၊ အသိပညာထက်မြင့်သကဲ့သို့ ကြီးမြတ်သော လူသားများအထက်တွင်ရှိသည့် စကားများကို ဖော်ပြလေသည်။ သူသည် လူ့သဘာဝမရှိသကဲ့သို့၊ လူသားမျိုးနွယ်၏ အစဉ်အလာများနှင့် အသက်ကို နားမလည်သည့် ထူကာ ထုံအသော လူတစ်စုအတွင်းတွင် အသက်ရှင်သော်လည်း၊ သူသည် လူသားမျိုးနွယ်ကို ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ရန် စေခိုင်းနိုင်သကဲ့သို့၊ တစ်ချိန်တည်းတွင် လူသားမျိုးနွယ်၏ ယုတ်ညံ့ကာ နှိမ့်ကျသော လူ့သဘာဝကို ဖော်ပြနိုင်သည်။ ဤအရာအားလုံးသည် အသွေးအသားရှိသည့် မည်သည့်လူမဆို၏ ဖြစ်ခြင်းထက် မြင့်မားသည့် သူ၏ ဖြစ်ခြင်း ဖြစ်ပေသည်။ သူ့အတွက် သူလုပ်ဆောင်ရန်လိုအပ်သော အလုပ်ကိုလုပ်ရန်နှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရကို အကုန်အစင် ထုတ်ဖော်ပြရန် ရှုပ်ထွေးကာ၊ ဝန်လေးစေပြီး ယုတ်ညံ့သော လူမှုရေးအသက်တာကို တွေ့ကြုံရန် မလိုအပ်ပေ။ ယုတ်ညံ့သော လူမှုရေး အသက်တာသည် သူ၏ဇာတိခန္ဓာကို မတည်ဆောက်ပေးချေ။ သူ၏အမှုနှင့် နှုတ်ကပတ်တော်များသည် လူသား၏ မနာခံမှုကိုသာ ဖော်ပြပြီး၊ လူကို လောကနှင့်ဆက်ဆံရန်အတွက် အတွေ့အကြုံများနှင့် သင်ခန်းစာများကို မထောက်ပံ့ပေးချေ။ သူသည် လူကို အသက်ဖြင့် ထောက်ပံ့ချိန်တွင်၊ လူ့အဖွဲ့အစည်း သို့မဟုတ် လူ၏မိသားစုကို လေ့လာစုံစမ်းရန် မလိုအပ်ပေ။ လူကို ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းသည် သူ၏ ဇာတိခန္ဓာနှင့် သက်ဆိုင်သော အတွေ့အကြုံများ၏ ဖော်ပြချက်တစ်ခု မဟုတ်ပေ။ ယင်းသည် လူ၏မနာခံမှုကို အချိန်ကြာမြင့်စွာ သိရှိကာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကို စက်ဆုပ်ပြီးနောက် လူ၏မဖြောင့်မတ်မှုနှင့်သက်ဆိုင်သည့် သူ၏ ထုတ်ဖော်ပြခြင်း ဖြစ်ပေသည်။ သူပြုသော အမှုအားလုံးသည် လူ့ထံသို့ သူ၏စိတ်သဘောထားကို ထုတ်ဖော်ပြရန်နှင့် သူ၏ဖြစ်တည်မှုကို ဖော်ပြရန် ရည်ရွယ်ပေသည်။ သူသာလျှင် ဤအမှုကို လုပ်ဆောင်နိုင်၏။ ယင်းသည် အသွေးအသားနှင့် လူတစ်ဦးက စွမ်းဆောင်ရရှိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ သူ၏ အမှုမှ၊ သူ မည်သည့် လူစားမျိုးဖြစ်သည်ကို လူက မပြောနိုင်ပေ။ လူသည် သူ့ကို ဖန်ဆင်းခံလူသား တစ်ဦးအဖြစ်လည်း သူ၏ အမှုပေါ်အခြေပြု၍ အမျိုးအစားမသတ်မှတ်နိုင်ပေ။ သူ၏ ဖြစ်ခြင်းကလည်း သူ့ကို ဖန်ဆင်းခံ လူတစ်ဦးအဖြစ် အမျိုးအစား သတ်မှတ်၍မရနိုင်သောသူ ဖြစ်စေသည်။ လူသည် သူ့ကို လူသား မဟုတ်သောသူတစ်ဦးဟုသာ ယူဆနိုင်သော်လည်း၊ ဘုရားသခင်ကို မည်သည့် အမျိုးအစားတွင် ထားရှိရမည်ကို မသိပေ၊ ထို့ကြောင့် လူသည် ဘုရားသခင်ကို ဘုရားအမျိုးအစားတွင် စာရင်းသွင်းရန် တွန်းအားပေးခံရလေသည်။ ဘုရားသခင်သည် လူများကြားတွင် လူ မလုပ်ဆောင်နိုင်သည့် အမှုများစွာတို့ကို လုပ်ဆောင်ပြီး ဖြစ်သည့်အတွက်၊ လူ့အတွက် ထိုသို့ပြုရန် ယုတ္တိမတန်သောအရာ မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ဘုရားသခင်လုပ်ဆောင်သော အမှုသည် သူ၏ ဇာတိခန္ဓာ၏ အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ မဟုတ်ပေ။ လူလုပ်သော အလုပ်မှာ သူ၏အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ ဖြစ်သည်။ အယောက်တိုင်းသည် မိမိတို့၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် ပတ်သက်၍ ပြောဆိုကြ၏။ ဘုရားသခင်သည် သမ္မာတရားကို တိုက်ရိုက်ဖော်ပြနိုင်သော်လည်း၊ လူသည် သမ္မာတရားကို သူ၏ တွေ့ကြုံခြင်းနှင့် ကိုက်ညီသည့် အတွေ့အကြုံကိုသာ ဖော်ပြနိုင်လေသည်။ ဘုရားသခင်၏အမှုသည် စည်းမျဉ်းများ မရှိသကဲ့သို့၊ အချိန် သို့မဟုတ် ပထဝီဝင် အကန့်အသတ်များအောက်တွင် မရှိပေ။ သူသည် သူ၏ဖြစ်ခြင်းကို အချိန်မရွေး၊ နေရာမရွေး ဖော်ပြနိုင်သည်။ သူ နှစ်သက်သည့်အတိုင်း သူအလုပ်လုပ်လေသည်။ လူ၏အလုပ်သည် သတ်မှတ်ချက်များနှင့် ဆက်စပ် စဉ်းစားရမည့် အခြေအနေများ ရှိ၏။ ထိုအရာများ မရှိပါက၊ သူသည် အလုပ်လုပ်နိုင်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့်သက်ဆိုင်သော သူ၏အသိပညာ သို့မဟုတ် သမ္မာတရားနှင့်သက်ဆိုင်သော သူ၏ အတွေ့အကြုံကို ဖော်ပြနိုင်မည်မဟုတ်ပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်သည်၊ သို့မဟုတ် လူ၏အလုပ်ဖြစ်သည်ဆိုသည်ကို ပြောရန်၊ သင့်အနေဖြင့် ထိုနှစ်ခုကြားက ကွာခြားချက်များကို နှိုင်းယှဉ်ရုံနှိုင်းယှဉ်ရမည်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် ပြုသော အမှုမရှိဘဲ လူ၏အလုပ်သာရှိပါက၊ လူ၏ သွန်သင်ချက်များသည် မြင့်မားကာ အခြားမည်သူမဆို၏ တတ်စွမ်းနိုင်မှုကို ကျော်လွန်သည်ဟု သင် အလွယ်တကူသိရှိလိမ့်မည်။ ၎င်းတို့၏ စကားပြောသည့် အသံနေအသံထား၊ အမှုအရာတို့ကို ကိုင်တွယ်ရာတွင် ၎င်းတို့၏ အခြေခံသဘောတရားများနှင့် အလုပ်လုပ်ရာတွင် ၎င်းတို့၏ အတွေ့အကြုံရင့်ကျက်ပြီး တည်ငြိမ်သည့်ပုံစံကို အခြားသူများ လက်လှမ်းမမီနိုင်ပေ။ သင်တို့အားလုံးသည် ကောင်းမွန်သော အရည်အချင်းနှင့် မြင့်မားသော အသိပညာရှိသည့် ဤလူများကို လေးစားအားကျကြသည်၊ သို့ရာတွင် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များမှ ဘုရားသခင်၏ လူ့သဘာဝ မည်မျှမြင့်မားသည်ကို သင်တို့မတွေ့မြင်နိုင်ပေ။ ထို့အစား၊ သူသည် သာမန်ဖြစ်ပြီး အလုပ်လုပ်နေသည့်အချိန်တွင် သူသည် ပုံမှန် ဖြစ်ကာ စစ်မှန်သော်လည်း၊ သေမျိုးများအနေဖြင့် တိုင်းတာ၍ မရနိုင်ပေ၊ ထို့ကြောင့် ယင်းသည် လူတို့အား သူ့ကို ကြည်ညိုမှုတစ်မျိုး ခံစားရစေလေသည်။ မိမိ၏ အလုပ်၌ရှိသည့် လူတစ်ဦး၏အတွေ့အကြုံသည် အထူးသဖြင့် တိုးတက်ကောင်းတိုးတက်မည် သို့မဟုတ် သူ၏ စိတ်ကူးစိတ်သန်းနှင့် ဆင်ခြင်တုံတရားတို့သည် အသိပညာအကြောင်းကို သာ၍ပင် လေ့လာသင်ယူခြင်းဆီသို့၊ သူ၏ လူ့သဘာဝသည် အထူးသဖြင့် ကောင်းမွန်ကောင်း ကောင်းမွန်နိုင်ပေသည်။ ထိုသို့သော အရည်အသွေးများ အားလုံးသည် လူတို့၏ လေးစားမှုကိုသာ ရရှိစေနိုင်သော်လည်း၊ ၎င်းတို့၏ အံ့ဩခြင်းနှင့် ကြောက်ရွံ့မှုတို့ကို မနိုးကြွစေနိုင်ပေ။ လူအားလုံးတို့သည် ကောင်းမွန်စွာ အလုပ်လုပ်နိုင်သောသူများ၊ အထူးသဖြင့် နက်ရှိုင်းသော အတွေ့အကြုံရှိသူများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သူများကို လေးစားကြသော်လည်း၊ ထိုသို့သောလူတို့သည် အံ့ဩမှုကို မထုတ်ဖော်နိုင်ဘဲ၊ လေးစားခြင်းနှင့် မနာလိုမှုတို့သာ ဖြစ်ပေသည်။ သို့ရာတွင် ဘုရားသခင်၏အမှုကို ကြုံတွေ့ပြီးဖြစ်သော လူများသည် ဘုရားသခင်ကို လေးစားမှုမရှိကြပေ။ ထို့အစား ဘုရားသခင်၏အမှုသည် လူ့အဖို့ လက်လှမ်းမမီနိုင်ဖြစ်ပြီး နားလည် သဘောမပေါက်နိုင်သည့်အရာဖြစ်သည်၊ ယင်းသည် လတ်ဆတ်ပြီး အံ့ဩဖွယ် ဖြစ်သည်ဟု ၎င်းတို့ ခံစားကြရလေသည်။ ဘုရားသခင်၏အမှုကို လူတို့ကြုံတွေ့ ရချိန်တွင်၊ သူနှင့်သက်ဆိုင်သည့် ၎င်းတို့၏ ပထမဦးဆုံးသော အသိမှာ ဘုရားသခင်သည် နားလည်သဘောပေါက်၍မရနိုင်သောသူ၊ ဉာဏ်ပညာရှိပြီး အံ့ဩဖွယ်ကောင်းသူဟူ၍ ဖြစ်ပြီး၊ ၎င်းတို့သည် မသိလိုက်ဘဲ သူ့ကို ကြည်ညိုကာ လူသားတို့စိတ်က ဉာဏ်မမီနိုင်သည့်အရာ ဖြစ်သည့် သူပြုသောအမှု၏ နက်နဲမှုကို ခံစားကြရသည်။ လူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ သူ၏ စိတ်ဆန္ဒများကို ကျေနပ်စေရန်သာ အလိုရှိကြသည်။ ဘုရားသခင် ပြုသည့် အမှုသည် လူ၏ အတွေးနှင့် စိတ်ကူးများကို ကျော်လွန်ပြီး သူ့ကိုယ်စား လူက မလုပ်ဆောင်နိုင်သောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ကျော်လွန်လိုသော ဆန္ဒမရှိပေ။ လူကိုယ်တိုင်ပင်လျှင် သူ၏ကိုယ်ပိုင်မပြည့်စုံမှုများကို မသိပေ၊ သို့ရာတွင် ဘုရားသခင်သည် လမ်းကြောင်းသစ်တစ်ခုကို ရှေ့ဆက်ပြီး လူကို သာ၍သစ်လွင်ကာ သာ၍လှပသော ကမ္ဘာတစ်ခုထဲသို့ ခေါ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ထိုသို့လျှင် လူသားမျိုးနွယ်သည် အသစ်သောတိုးတက်မှုကို ပြုပြီးဖြစ်ကာ အသစ်သော စတင်မှု ရှိခဲ့ကြပြီးဖြစ်သည်။ ဘုရားသခင်အတွက် လူတို့ ခံစားရသည့်အရာမှာ လေးစားမှုမဟုတ်ပေ၊ သို့မဟုတ် ယင်းထက် လေးစားမှုတစ်ခုတည်း မဟုတ်ပေ။ ၎င်းတို့၏အနက်ရှိုင်းဆုံး အတွေ့အကြုံသည် ရိုသေခန့်ညားခြင်းနှင့် ချစ်ခြင်းမေတ္တာ ဖြစ်၏။ ၎င်းတို့၏ ခံစားချက်မှာ ဘုရားသခင်သည် အမှန်ပင် အံ့ဖွယ်ဖြစ်သည်ဟူ၏။ သူသည် လူ မလုပ်ဆောင်နိုင်သောအမှုကို လုပ်ဆောင်ပြီး၊ လူ မပြောနိုင်သောအရာကို ပြောလေသည်။ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးသောလူတို့သည် ဖော်မပြနိုင်သော ခံစားချက်တစ်ခု အမြဲရှိကြသည်။ အတော်နက်ရှိုင်းသော အတွေ့အကြုံရှိသည့် လူတို့သည် ဘုရားသခင်ကို ချစ်ခြင်းအား နားလည်နိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို ခံစားနိုင်ကြသည်၊ ဘုရားသခင်၏ အမှုသည် အလွန် အမြော်အမြင်ရှိသည်၊ အလွန် အံ့ဖွယ်ဖြစ်သည်ဟု ခံစားရပြီး၊ ထိုသို့ဖြင့် ၎င်းတို့ကြားတွင် အဆုံးမရှိသော တန်ခိုး ဖြစ်ပေါ်စေလေသည်။ ယင်းသည် ကြောက်ရွံ့ခြင်း သို့မဟုတ် ရံဖန်ရံခါ ချစ်ခြင်းနှင့် လေးစားမှု မဟုတ်ဘဲ လူ့အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူကို သည်းခံခြင်းနှင့်သက်ဆိုင်သည့် နက်ရှိုင်းသော အသိစိတ်တစ်ခု ဖြစ်သည်။ သို့ရာတွင်၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံပြီးသောသူများသည် သူ၏ ဘုန်းအာနုဘော်နှင့် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သူ သည်းမခံသည်ကို အာရုံခံစားရကြသည်။ ဘုရားသခင်၏အမှုများစွာကို ကြုံတွေ့ပြီးသော လူများပင်လျှင် သူ့ကို နားလည်သဘောပေါက်ရန် မတတ်နိုင်ကြပေ။ သူ့ကို အမှန်တကယ် ကြည်ညိုသောသူ အားလုံးက ဘုရားသခင်၏အလုပ်သည် လူတို့၏ အယူအဆများနှင့် မကိုက်ညီဘဲ၊ ၎င်းတို့၏အယူအဆများနှင့် အမြဲဆန့်ကျင်သည်ကို သိကြသည်။ ဘုရားသခင်သည် သူ့ကို အပြည့်အဝ လေးစားရန် သို့မဟုတ် သူ့ကို ကျိုးနွံနာခံမှု ပုံပန်းပြရန် လူတို့ကို မလိုအပ်ပေ။ ယင်းထက်၊ ၎င်းတို့အနေဖြင့် မှန်ကန်သော ကြည်ညိုမှုနှင့် မှန်ကန်သော ကျိုးနွံနာခံမှုတို့ ရရှိသင့်ပေသည်။ ဘုရားသခင်၏ များစွာသော အမှုတွင် စစ်မှန်သော အတွေ့အကြုံရှိသူတို့သည် သူ့ကို လေးစားမှုထက် ပို၍မြင့်မားသော ကြည်ညိုမှု ခံစားကြရလေသည်။ လူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကြောင့် သူ၏စိတ်သဘောထားကို တွေ့မြင်ကြရပြီးဖြစ်ကာ၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏စိတ်နှလုံးများထဲတွင် ကြည်ညိုကြလေသည်။ ဘုရားသခင်၏ ဖြစ်တည်ခြင်းနှင့် သူ၏ စိတ်သဘောထားတို့သည် အဖန်ဆင်းခံ တစ်ဦးနှင့် မတူသကဲ့သို့ အဖန်ဆင်းခံတစ်ဦး အထက်တွင် ရှိသောကြောင့်၊ ဘုရားသခင်ဆိုသည်မှာ ကြည်ညိုခံရရန်နှင့် နာခံခြင်း ခံရရန် ဖြစ်သည်။ ဘုရားသခင်သည် မိမိဘာသာတည်ရှိကာ ထာဝရဖြစ်သည်၊ သူသည် ဖန်ဆင်းခံတစ်ဦးမဟုတ်သကဲ့သို့၊ ဘုရားသခင်တစ်ပါးတည်းသာ ကြောက်ရွံ့မှုနှင့် နာခံမှုတို့ဖြင့် ထိုက်တန်ပေသည်။ လူသည် ဤအရာအတွက် အရည်အချင်းမပြည့်မီပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင် အသုံးပြုသောသူတို့၏အလုပ်နှင့် ဘာသာရေး ခေါင်းဆောင်များ၏ အလုပ်တို့ကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အသုံးပြုခြင်းခံရသူများ၏ သာသနာပြုခြင်းနှင့် ထိန်းကျောင်းပေးခြင်း လိုအပ်သည့်အတွက်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။