ဘုရားသခင် အသုံးပြုသောသူတို့၏အလုပ်နှင့် ဘာသာရေး ခေါင်းဆောင်များ၏ အလုပ်တို့ကြား ကွဲပြားခြားနားမှုများ

19.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ အသုံးပြုခြင်းခံရသူများ၏ သာသနာပြုခြင်းနှင့် ထိန်းကျောင်းပေးခြင်း လိုအပ်သည့်အတွက်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အထူး လမ်းညွှန်ခြင်းနှင့် လမ်းပြခြင်းခံရသောသူများမှလွဲ၍ မည်သူမျှ အမှီအခိုကင်းစွာ ရှင်သန်နိုင်စွမ်း မရှိချေ။ ထို့ကြောင့် ခေတ်အသီးသီးတွင် ဘုရားသခင်သည် သူ၏အမှုအဖို့အလို့ငှာ အသင်းတော်များအား သိုးထိန်းကျောင်းခြင်းနှင့်ပတ်သက်၍ မအားမလပ်အောင် ပြေးလွှားလုပ်ဆောင်မည့်သူ အမျိုးမျိုးကို ပေါ်ထွန်းစေခဲ့သည်။ ယင်းမှာ ဘုရားသခင်၏ အမှုသည် သူ မျက်နှာသာပေးကာ လက်ခံသောသူများမှတစ်ဆင့် လုပ်ဆောင်ရမည်ဟု ဆိုရပေမည်။ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်းရှိ အသုံးပြုထိုက်သည့် အစိတ်အပိုင်းကို အသုံးပြုရမည် ဖြစ်ပြီး၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းမှတစ်ဆင့် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်လျော်စေခြင်း ခံရကြလေသည်။ လူသား၏ နားလည်နိုင်စွမ်းသည် အလွန် ချို့တဲ့သောကြောင့်၊ သူသည် ဘုရားသခင်၏အသုံးပြုခြင်း ခံရသောသူများ၏ ထိန်းကျောင်းပေးမှုကို ခံရပေမည်။ ယင်းသည် မောရှေကို ဘုရားသခင်၏ အသုံးပြုခြင်းနှင့်တူပေသည်၊ မောရှေထံတွင် ထိုအချိန်က အသုံးပြုဖို့အတွက် သင့်လျော်သည့် အရာများစွာကို ဘုရားသခင် ရှာတွေ့ခဲ့ပြီး၊ ယင်းမှာ ထိုအဆင့်အတွင်းရှိ ဘုရားသခင်၏ အမှုအတွက် ဘုရားသခင် ဆောင်ရွက်ခဲ့ဖူးသည့် အရာများဖြစ်သည်။ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို အသုံးပြုခိုက်တွင် အမှုပြုဖို့ရန် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြု၍ ရနိုင်သည့် လူသား၏ အစိတ်အပိုင်းကိုလည်း ကောင်းကောင်း အသုံးချကာ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း လူသားကို လမ်းညွှန်ပေးပြီး၊ တစ်ပြိုင်နက် ကျန်ရှိနေသည့် အသုံးပြု၍ မရသော အစိတ်အပိုင်းကို စုံလင်စေလေသည်။

ဘုရားသခင်၏ အသုံးပြုခြင်းခံရသောသူက ဆောင်ရွက်ခဲ့သည့် အလုပ်သည် ခရစ်တော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ ဖြစ်သည်။ ဤလူသည် လူသားအလယ်တွင် ဘုရားသခင်၏ ပျိုးထောင်ပေးခြင်းခံရသည်၊ သူသည် ဘုရားသခင် ရွေးချယ်ထားသူများ အားလုံးကို ဦးဆောင်ရန် ရှိနေခြင်း ဖြစ်ပြီး၊ သူသည် လူသား ပူးပေါင်းဆောင်ရွက်ခြင်း အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ ဘုရားသခင်၏ ပျိုးထောင်ပေးခြင်းခံရသူလည်း ဖြစ်သည်။ လူသား ပူးပေါင်းဆောင်ရွက်ခြင်း အလုပ်ကို လုပ်ဆောင်နိုင်သည့် ဤသို့သော သူတစ်ဦးဖြင့်၊ လူသားအပေါ် ပို၍များသော ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လူသားအလယ် သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်ရမည့် အမှုတို့ကို ထိုသူမှတစ်ဆင့် သာ၍ စွမ်းဆောင်ရရှိနိုင်ပေသည်။ ယင်းကို အခြားနည်းဖြင့်ဆိုရသော် ဤသို့ဖြစ်သည်- ဤလူကို အသုံးပြုရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ ဘုရားသခင် နောက်လိုက်သူများ အားလုံးသည် ဘုရားသခင်၏အလိုကို သာ၍ကောင်းစွာ နားလည်လာနိုင်ရန်အလို့ငှာနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သာ၍ ကြိုးပမ်းရရှိနိုင်ရန်အလို့ငှာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားသခင်၏ အလိုကို တိုက်ရိုက် နားလည်နိုင်စွမ်း မရှိကြသောကြောင့် ထိုသို့သောအမှုကို ဆောင်ရွက်လေ့ရှိသူ တစ်စုံတစ်ဦးကို ဘုရားသခင်က ပျိုးထောင်ပြီးဖြစ်သည်။ ဘုရားသခင်၏ အသုံးပြုခြင်းခံရသော ဤလူကို ဘုရားသခင်က လူတို့ကို တစ်ဆင့်လမ်းပြသည့် ကြားခံ တစ်ခုအဖြစ်၊ ဘုရားသခင်နှင့် လူသားကြား ဆက်သွယ်ပြောဆိုပေးသော “ဘာသာပြန်” အဖြစ် ဖော်ပြနိုင်သည်။ ထို့ကြောင့် ဤသို့သောလူသည် ဘုရားသခင်၏ အိမ်ထောင်စု၌ အလုပ်လုပ်ကြသည့်သူများ သို့မဟုတ် ဘုရားသခင်၏ တမန်တော်များထဲမှ မည်သူနှင့်မျှ မတူပေ။ ၎င်းတို့နည်းတူ သူ့ကို ဘုရားသခင်အား အစေခံသူ တစ်ဦးအဖြစ် ပြော၍ရသည်၊ သို့တိုင် သူ၏အလုပ် အနှစ်သာရနှင့် ဘုရားသခင်၏ အသုံးပြုခံရခြင်း နောက်ခံအရ၊ သူသည် အခြားအမှုတော်ဆောင်များ၊ တမန်တော်များနှင့် အလွန် ကွဲပြားခြားနားသည်။ သူ၏ အလုပ် အနှစ်သာရနှင့် သူ၏အသုံးပြုခံရခြင်း နောက်ခံအရ၊ ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသောလူသည် ဘုရားသခင်၏ ပျိုးထောင်ပေးခြင်း ခံရပေသည်၊ ဘုရား၏အမှုအတွက် ဘုရားသခင်က သူ့ကို ပြင်ဆင်ထားခြင်း ဖြစ်ပြီး၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုတွင် ပူးပေါင်းလုပ်ဆောင်လေသည်။ မည်သူမျှ သူ၏ကိုယ်စား သူ၏အလုပ်ကို လုံးဝ မလုပ်ဆောင်နိုင်ပေ- ဤသည်မှာ ဘုရားသခင်၏ အမှုနှင့်အတူ မရှိမဖြစ်သော လူသားပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ ထိုစဉ်အတောအတွင်းတွင် အခြားအမှုတော်ဆောင်များ သို့မဟုတ် တမန်တော်များက ဆောင်ရွက်သည့် အလုပ်မှာ ခေတ်အသီးသီးအတွင်း အသင်းတော်များအတွက် အစီအစဉ်များနှင့်ဆိုင်သည့် ရှုထောင့်များစွာကို ပို့ဆောင်ပေးခြင်းနှင့် အကောင်အထည်ဖော်ခြင်းသာ ဖြစ်သည်၊ သို့မဟုတ်ပါက အသင်းတော်အသက်တာကို ထိန်းသိမ်းရန်အလို့ငှာ အသက်တာကို အချို့သော ရိုးရှင်းသည့် ထောက်ပံ့ခြင်း အလုပ်သာဖြစ်သည်။ ဤအမှုတော်ဆောင်များနှင့် တမန်တော်များကို သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသူများဟု ခေါ်ဆိုနိုင်ဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ ခန့်အပ်ထားခြင်းပင် မဟုတ်ကြချေ။ ၎င်းတို့ကို အသင်းတော်များထဲမှ ရွေးချယ်ထားခြင်း ဖြစ်သည်၊ အချိန်ကာလတစ်ခုကြာ လေ့ကျင့်ပေးပြီး ပြုစုပျိုးထောင်ပေးပြီးသည့်နောက်၊ အံဝင်သူများသည် ဆက်လက် ထိန်းသိမ်းခံရကြပြီး၊ အံမဝင်သူများမှာ ၎င်းတို့လာခဲ့ကြသည့် အရပ်ဆီသို့ ပြန်စေလွှတ်ခြင်းခံရသည်။ ဤလူတို့ကို အသင်းတော်များထဲမှ ရွေးချယ်ထားခြင်း ဖြစ်သောကြောင့်၊ အချို့သည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက်တွင် ၎င်းတို့၏စရိုက်အမှန်များကို ပြသကြပြီး၊ အချို့မှာ မကောင်းသောအရာ များစွာကိုပင် လုပ်ဆောင်ကြကာ သုတ်သင်ဖယ်ရှင်းခံရခြင်းဖြင့် အဆုံးသတ်ကြလေသည်။ သို့သော်ငြားလည်း ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသည့် လူမှာ၊ ဘုရားသခင်၏ ပြင်ဆင်ပေးခြင်း ခံရပြီးဖြစ်သူနှင့် အရည်အချင်းအချို့ ပိုင်ဆိုင်ပြီး လူ့သဘာဝရှိသောသူ တစ်ဦး ဖြစ်သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကြိုတင် ပြင်ဆင်ပေးခြင်းခံပြီး စုံလင်စေခြင်းခံရပြီး ဖြစ်ကာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လုံးဝ ဦးဆောင်ခြင်းခံရလေသည်၊ အထူးသဖြင့် သူ၏အလုပ်နှင့် ပတ်သက်လာသည့်အခါ၊ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်ပေးခြင်းနှင့် ကွပ်ကဲခြင်းကို ခံရသည်- ဤအရာ၏ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်သည် သူကိုယ်တိုင်၏ အမှုအတွက် ဧကန်မုချ တာဝန်ယူပြီး၊ သူကိုယ်တိုင်၏ အမှုကို အချိန်တိုင်း လုပ်ဆောင်သည့်အတွက်၊ ဘုရားသခင် ရွေးချယ်ထားသူများကို ဦးဆောင်ခြင်းလမ်းကြောင်းပေါ်တွင် သွေဖည်မှုမရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားကို ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စပ်လျဉ်း၍

လူ၏စိတ်ထဲရှိအလုပ်သည် ရရှိဖို့ လူသားအတွက် အလွန်လွယ်ကူလွန်းလှ ပေသည်။ ဥပမာအားဖြင့်၊ ဘာသာရေး လောကထဲက သင်းအုပ်များနှင့် ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့၏ ဆုကျေးဇူးများနှင့် ရာထူးများအပေါ် အမှီပြုကြသည်။ အချိန်ကြာမြင့်စွာ ၎င်းတို့နောက်လိုက်သော သူများသည် ၎င်းတို့၏ ဆုကျေးဇူးများဖြင့် ကူးစက်ခံရပြီး ၎င်းတို့၏ဖြစ်တည်မှု အချို့ဖြင့် လွှမ်းမိုးမှုခံရကြလိမ့်မည်။ ၎င်းတို့သည် လူတို့၏ ဆုကျေးဇူးများ၊ အစွမ်းအစများနှင့် အသိပညာတို့အပေါ် အာရုံစိုက်ပြီး၊ သဘာဝလွန်သည့်အရာများနှင့် နက်နဲပြီး လက်တွေ့မကျသော အယူဝါဒများကို (ဟုတ်ပေ၏၊ ဤနက်နဲသော အယူဝါဒများကို မရယူနိုင်ပေ။) အာရုံစိုက်ကြလေသည်။ ၎င်းတို့သည် လူတို့၏ စိတ်သဘောထားများထဲက ပြောင်းလဲမှုများအပေါ် အာရုံမစိုက်ဘဲ၊ ယင်းထက် တရားဟောဖို့နှင့် အလုပ်လုပ်ဖို့ လူတို့ကို လေ့ကျင့်ပေးခြင်း၊ လူတို့၏အသိပညာနှင့် ၎င်းတို့၏ အလျှံပယ်ဖြစ်သော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့အပေါ် အာရုံစိုက်ကြလေသည်။ လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည်ဆိုသည့်အပေါ် ၎င်းတို့ အာရုံမစိုက်ကြသကဲ့သို့၊ သမ္မာတရားကို လူတို့ မည်မျှနားလည်သည်ဆိုသည့်အပေါ်လည်း အာရုံမစိုက်ပေ။ ၎င်းတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို ရရှိဖို့ကြိုးစားရန် မဆိုထားနှင့်၊ လူတို့၏အနှစ်သာရကိုပင် စိတ်ပင်မဝင်စားကြပေ။ ၎င်းတို့သည် လူတို့၏ မပြည့်စုံမှုများ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းများအတွက် လူတို့ကို ပြုပြင်ရန်မဆိုထားနှင့်၊ ၎င်းတို့၏ အယူအဆများကို မဆန့်ကျင်ကြသကဲ့သို့၊ ၎င်းတို့၏အယူအဆများကို ထုတ်ဖော်ပြခြင်းမရှိပေ။ ၎င်းတို့နောက်လိုက်သောသူ အများစုသည် မိမိတို့၏ ဆုကျေးဇူးများဖြင့် အစေခံကြပြီး၊ သူတို့ထုတ်ဖော်ပြသမျှအားလုံးမှာ လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့အပေါ် အသက်အပ်နှင်းနိုင်ခြင်း လုံးဝမရှိသည့် ဘာသာရေး အယူအဆများနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများဖြစ်သည်။ အမှန်တွင်၊ ၎င်းတို့ အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသည့် လူတစ်ဦးမှ နောက်ပိုင်းတွင် အလုပ်လုပ်ကာ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာကျောင်း ဘွဲ့ရတစ်ဦးအဖြစ်သို့ ပျိုးထောင်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော “ရတနာများ” ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းများ” ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးထားအပ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

များစွာသော လူတို့သည် ဘုရားသခင်၏ စုံလင်ကွဲပြားသော အမှုအမျိုးမျိုးကို မသိသောကြောင့်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိပညာနှင့် အယူဝါဒ အနည်းငယ်သာ ပိုင်ဆိုင် သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်လော။ ထိုသို့သော လူများ၏ အတွေ့အကြုံများသည် အပေါ်ယံ ဖြစ်သော်လည်း၊ သဘာဝ၌ မာနထောင်လွှားကာ စိတ်အလိုလိုက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အထင်သေးခြင်းဖြင့် မှတ်ယူကြသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းများကို လျစ်လျူရှုကြသကဲ့သို့၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို “အတည်ပြုရန်” ၎င်းတို့၏ အရေးမပါသည့် အိုဟောင်းသော အကြောင်းပြချက်များကို အသုံးပြုကြ၏။ ၎င်းတို့သည် ဟန်ဆောင်ခြင်းလည်း ပြုကာ ၎င်းတို့၏ ကိုယ်ပိုင် လေ့လာသင်ယူမှုနှင့် အသိပညာအပေါ် အပြည့်အဝ လက်ခံယုံကြည်ကြသကဲ့သို့၊ ၎င်းတို့ ကမ္ဘာ့အနှံ့ ခရီးသွားနိုင်သည်ဟု အခိုင်အမာ ယုံကြည်ကြလေသည်။ ထိုသို့သော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်က စက်ဆုပ်မုန်းတီးပြီး ငြင်းပယ်သူများ မဟုတ်ပါလော၊ ၎င်းတို့ကို ခေတ်သစ်က ဖယ်ရှားလိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး၊ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် ၎င်းတို့ မည်မျှ အလွန် ထက်မြက်သည်ကို ပြရန်မျှသာ ကြိုးစားနေသော မသိနားမလည်သကဲ့သို့ အသိအမြင်လိုသေးသော လူကလေးများ မဟုတ်ပါလော။ နည်းပါးသော ကျမ်းစာ အသိပညာဖြင့်၊ ၎င်းတို့သည် ကမ္ဘာ့ “ပညာရေးလောက” ကို ခွရန် ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံ အယူဝါဒဖြင့် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းကြသည့်အပြင်၊ ထိုအမှုကို ၎င်းတို့တွေးခေါ်မှု ဖြစ်စဉ်ကို ဗဟိုပြုစေရန် ကြိုးစားကြ၏။ ၎င်းတို့သည် ရေရှည် မကြည့်တတ်ကြသည့်အတွက်၊ ဘုရားသခင်၏အနှစ်ခြောက်ထောင် အမှုကို အကြည့်တစ်ချက်ဖြင့် ရှုမြင်ရန် ကြိုးစားကြ၏။ ဤလူတို့သည် ပြောလောက်စရာ အသိစိတ် တစ်ခုတစ်လေမျှ မရှိကြပါတကား။ အမှန်တွင် လူတို့၏ ဘုရားသခင် အကြောင်း အသိပညာ သာ၍ များလေ၊ သူ၏အမှုကို ဝေဖန်ရန် နှေးလေလေဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ယနေ့ခေတ်တွင် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာ အနည်းငယ်ကိုသာ ပြောဆိုကြသော်လည်း၊ ၎င်းတို့၏ ဝေဖန်မှုများတွင် အလျင်လိုခြင်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှု နည်းလေလေ၊ ၎င်းတို့သည် သာ၍ မာနထောင်လွှားကာ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ ဖြစ်ခြင်းကို အကြောင်းမဲ့သက်သက် ထုတ်ဖော်ပြောလေလေ ဖြစ်သည်- သို့ရာတွင် ၎င်းတို့သည် သဘောတရားများကိုသာ ပြောဆိုပြီး စစ်မှန်သည့် အထောက်အထားများ လုံးဝမပေးပေ။ ထိုသို့သော လူတို့သည် တန်ဖိုး မည်သို့မျှ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ကစားပွဲတစ်ခု အဖြစ်သာ မြင်သူတို့သည် ပေါ့တန်သောသူများ ဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်း မရှိသူတို့၊ ဝေဖန်ဖို့ မြန်ဆန်သောသူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ မှန်ကန်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ သဘာဝဗီဇကို လွတ်လပ်စွာ ထိန်းချုပ်ခွင့်ပေးထားသူတို့နှင့် စော်ကားပုတ်ခတ်ပြီး ပြစ်မှားပြောဆိုမှုများလည်း ပြုလုပ်သူတို့- ထိုသို့သော လေးစားမှု မရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့် ပတ်သက်၍ မသိနားမလည် ဖြစ်ကြသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့သည် အလွန် မာနထောင်လွှားမှု ရှိသူများ၊ ပင်ကိုအားဖြင့် မာနကြီး၍ ထိန်းမရသူများ မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ကို ထိုသို့သောသူများ လက်ခံသည့်နေ့ရက် ရောက်လာလျှင်ပင် ဘုရားသခင်သည် ၎င်းတို့ကို သည်းခံလိမ့်ဦးမည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အမှုဆောင်သူများအပေါ် အထင်သေးရုံမျှမက၊ ဘုရားသခင်ကိုယ်တော်တိုင်ကိုပင် ဆန့်ကျင် ပြစ်မှားစော်ကားကြလေသည်။ ထိုကဲ့သို့ မိုက်ရူးရဲသောသူများသည် ဤခေတ်၌သော်လည်းကောင်း၊ နောက်လာမည့် ခေတ်၌သော်လည်းကောင်း၊ ခွင့်လွှတ်ခြင်းခံရလိမ့်မည် မဟုတ်သကဲ့သို့၊ ငရဲတွင် ထာဝရပျက်စီးဆုံးရှုံးကြမည် ဖြစ်သည်။ ထိုသို့သော လေးစားမှု ကင်းမဲ့သူများ၊ စိတ်အလိုလိုက်သူများသည် ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်နေကြပြီး ၎င်းတို့ ဤသို့ သာ၍ ဖြစ်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားရန် အလားအလာများ လေလေ ဖြစ်သည်။ ပင်ကိုအားဖြင့် ထိန်းမနိုင်သိမ်းမရအောင်စိတ်ပြင်းပြသောသူများနှင့် မည်သူကိုမျှ လုံးဝ မနာခံဖူးသည့် ထိုမာနထောင်လွှားသူ အားလုံးသည် ဤလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကြသည် မဟုတ်လော။ ၎င်းတို့သည် တစ်နေ့ပြီးတစ်နေ့ အစဉ်အသစ်ဖြစ်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့် ဘုရားသခင်ကို ဆန့်ကျင်ကြသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏အမှုတော်နှင့် လူသား၏ အလုပ်တို့အကြား ပဓာနကျသည့် ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင် ကိုယ်တိုင်၏ အမှုတွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်တစ်ခုလုံး၏...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။