၉၅။ ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးဖြစ်အောင် အားထုတ်ခြင်းဖြင့် ပျော်ရွှင်မှုကို ရနိုင်ပါသလား

ယီဖိန်၊ တရုတ်ပြည်

ကျွန်မ ကျောင်းတက်တုန်းက သီချင်းနားထောင်တာ၊ ရှေးကဗျာတွေ ဖတ်တာကို နှစ်သက်ခဲ့တယ်။ ဒီလက်ရာအများစုက အချစ်ကို အဓိကထား ဖွဲ့နွဲ့ထားတာလေ။ “အချစ်ကသာ ပဓာန” တို့၊ “အတူတကွ လက်တွဲပြီး ကြီးပြင်းခြင်း” တို့လို အချစ်နဲ့ပတ်သက်တဲ့ အမြင်တွေရဲ့ ပုံစံသွင်းတာကို ကျွန်မ ခံခဲ့ရတယ်။ ကျွန်မဟာ ရေရှည်တည်တံ့တဲ့ အချစ်ရေးဆန်တဲ့ အိမ်ထောင်ရေးအယူအဆကို စိတ်ဝင်စားပြီး ကျွန်မကို စောင့်ရှောက်မယ့်သူ၊ ကျွန်မနဲ့အတူ အိုမင်းသွားမယ့်သူမျိုးနဲ့ တွေ့ဖို့ ဆန္ဒပြင်းပြခဲ့တယ်။ အလုပ်စဝင်ပြီးနောက်မှာ လက်ရှိခင်ပွန်းနဲ့ တွေ့ခဲ့တယ်။ ကျွန်မတို့ လက်ထပ်ပြီးတဲ့နောက်မှာ သူက ကျွန်မကို အရမ်းဂရုစိုက်ပြီး စောင့်ရှောက်တယ်။ တစ်ခါတလေ ကျွန်မ ခေါင်းနည်းနည်းကိုက်တာ၊ ဖျားတာလောက်ပဲ ဖြစ်ရင်တောင် ဆေးကုဖို့ ဆေးရုံကို မရမကသွားခိုင်းတယ်။ လမ်းလျှောက်တဲ့အခါ ကျွန်မကားတိုက်မှာစိုးလို့ဆိုပြီး သူ့ရဲ့ညာဘက်ကနေပဲ အမြဲ လျှောက်ခိုင်းတယ်။ ကျွန်မတို့ဘဝမှာ အဆင်မပြေမှု သေးသေးမွှားမွှားလေးတွေ ရှိလာတိုင်း သူက ကျွန်မကို လိုက်လျောပြီး သည်းခံပေးတယ်။ နောက်ပြီးတော့ သူက အရမ်းလည်း ရိုမန်တစ်ဆန်တယ်။ သူ အလုပ်ကိစ္စနဲ့ ခရီးထွက်ပြီး ပြန်ရောက်လာတိုင်း၊ ပြီးတော့ ဘယ်လောက်ပဲ သေးငယ်တဲ့ ပွဲတော်ရက်ပဲဖြစ်ဖြစ် သူက ကျွန်မအတွက် လက်ဆောင်တွေ ဝယ်လာပေးတတ်တယ်။ ကျွန်မယောက်ျားက ကျွ်မကို အဲဒီလို ဂရုစိုက်တာ မြင်ရတော့၊ ကျွန်မဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး အမျိုးသမီးပဲလို့ ခံစားရတယ်။ ဒီဘဝမှာ ကျွန်မပျော်ရွှင်မှုအားလုံးကို သူ့ဆီမှာပဲ ပုံအပ်ထားလိုက်တော့တာပေါ့။

၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မ ဘုရားသခင်ကို စတင်ယုံကြည်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းပြီး အရာအားလုံးကို အချုပ်အခြာအာဏာ ကိုင်စွဲထားတဲ့အရှင် ဖြစ်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သိခဲ့ရတယ်။ ကိုယ်တော်ဟာ လူသားမျိုးနွယ်ရဲ့ ကယ်တင်ရှင် ဖြစ်တယ်။ ကျွန်မက ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး ဘုရားသခင်ကို ကောင်းကောင်းမွန်မွန် ယုံကြည်သင့်တယ်၊ ဘုရားနောက် လိုက်သင့်တယ်၊ ပြီးတော့ ကိုယ့်တာဝန်ကို ထမ်းဆောင်သင့်တယ်လေ။ အဲဒီအချိန်တုန်းက ကျွန်မ အားတဲ့အခါတိုင်း ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ဧဝံဂေလိတရားကို တက်တက်ကြွကြွ ဟောပြောခဲ့တယ်။ ခင်ပွန်းသည်က ကျွန်မ ဘုရားသခင်ကို ယုံကြည်တာကို မကန့်ကွက်ခဲ့ပါဘူး။ ၂၀၁၄ ခုနှစ်၊ ဇွန်လရောက်တော့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အပေါ် အသရေဖျက်ထားတဲ့ စီစီပီ ရဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို သူ ကြားသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်တဲ့အတွက် သူပါ အမှုပတ်မှာကြောက်ပြီး ကျွန်မ ဘုရားသခင်ကို မယုံကြည်အောင် တားဆီးလာတော့တယ်။ ကျွန်မက သူ့ကို အမှန်တရား ပြောပြပြီး ဒီအခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို မယုံဖို့ ပြောခဲ့တယ်။ ကျွန်မ သူ့စကား နားမထောင်တာကို သူမြင်တော့ အဲဒီကစပြီး ကျွန်မနဲ့ အမြဲတမ်း ရန်ဖြစ်တော့တာပါပဲ။

၂၀၁၈ ခုနှစ်၊ ဇွန်လမှာ ည ၁၀ နာရီလောက်ကို ခင်ပွန်းသည်က မူးပြီး ပြန်ရောက်လာတယ်။ သူက အိပ်ခန်းတံခါးကို ခြေထောက်နဲ့ ကန်ဖွင့်တယ်၊ ကျွန်မဆံပင်ကို ဆွဲပြီး ခုတင်ပေါ်ကနေ ကြမ်းပြင်ပေါ် ဆွဲချလိုက်တယ်၊ ပြီးတော့ ကျွန်မခေါင်းကို စရိုက်တော့တာပဲ။ သူ ရိုက်တာ အရမ်းအားပါပြီး ရိုက်ချက်တိုင်းမှာ ကျွန်မခေါင်းက မူးခနဲ၊ မိုက်ခနဲ ဖြစ်သွားတယ်။ နောက်တော့ ကျွန်မပါးကို ဆက်ရိုက်တယ်၊ ရိုက်လို့ ပြီးသွားတော့ မီးဖိုချောင်ထဲသွားပြီး ဓားတစ်ချောင်း ယူလာတယ်။ ဆဲဆိုကြိမ်းမောင်းရင်း သူက ပြောတယ်၊ “မင်း ဘုရားသခင်ကို ထပ်ယုံရင် မင်းကို သတ်ပြီး ငါပါ သတ်သေပစ်လိုက်မယ်” တဲ့။ ပြောရင်းနဲ့ ဓားရဲ့အနောက်ဘက်နဲ့ ကျွန်မလည်ပင်းကို ဖိလိုက်တယ်။ ကျွန်မလည်း စိတ်ထဲကနေ ဘုရားသခင်ကို တရစပ် ဟစ်ခေါ်နေမိတာပေါ့။ ကျွန်မ ကိုယ်ခန္ဓာနဲ့တော့ မရုန်းရဲဘူး။ ကမ္ဘာတစ်ခေတ်လောက် ကြာသွားသလို ခံစားရပြီးတဲ့နောက် သူ ဓားကို ချလိုက်တယ်။ အရင်တုန်းက ဂရုစိုက်ပြီး ချစ်တတ်တဲ့ ခင်ပွန်းသည်က ဒီလောက်ထိ ရက်စက်ကြမ်းကြုတ်သွားတာကို မြင်တော့ ကျွန်မ နှလုံးကွဲကြေရတယ်။ နောက်တစ်နေ့ကျတော့ သူက ကျွန်မကို တောင်းပန်ပြီး ခွင့်လွှတ်ဖို့ ပြောတယ်။ ကျွန်မလည်း တွေးမိတာပေါ့၊ “ငါတို့ လက်ထပ်လာတာ နှစ်တွေအများကြီး ကြာပြီ၊ သူ ငါ့အပေါ် အမြဲတမ်း ကောင်းခဲ့ပါတယ်။ ဒီတစ်ခါတော့ သူ မူးပြီး စိတ်လိုက်မာန်ပါ ဖြစ်သွားတာ နေမှာပါ” ပေါ့။ အဲဒါနဲ့ သူ့ကို ခွင့်လွှတ်လိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး စုဝေးပွဲသွားတာ၊ တာဝန်ထမ်းဆောင်တာတွေမှာ ကျွန်မ ဘောင်ခတ်ခံရသလို ခံစားလာရတယ်။ စုဝေးပွဲကနေ ပြန်ရောက်လို့ ခင်ပွန်းသည် အိမ်မှာမရှိတာကို မြင်လိုက်ရတဲ့ အခါတိုင်း ကျွန်မ သက်ပြင်းချမိတယ်။ သူ အိမ်မှာရှိနေပြီး မျက်နှာကြီး မည်းမှောင်နေရင် ကျွန်မက သူ့ကို တက်တက်ကြွကြွနဲ့ စကားပြောတယ်။ ဒါမှမဟုတ် ဘာစားချင်လဲမေးပြီး မီးဖိုချောင်ထဲဝင် ကမန်းကတန်း ချက်ပြုတ်ပေးတယ်။ အရင်ကထက်ပိုပြီး ကျွန်မ သူ့ကို အလေးထားခဲ့တယ်။

၂၀၁၉ ခုနှစ်၊ ဇွန်လမှာ ကျွန်မ အသင်းတော်မှာခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးကောက်တင်မြှောက်ခံရတယ်။ ဒီသတင်းကို ကြားတော့ ကျွန်မ တော်တော်ပျော်တယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လေ့ကျင့်ဖို့ အခွင့်အရေးတွေ အများကြီးရှိပြီး အသက်တာကြီးထွားတာ မြန်မယ်လို့ တွေးမိတယ်။ ဒါပေမဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ လည်း ပြည့်နေခဲ့တယ်။ “အရင်တုန်းက စုဝေးပွဲသွားရင် ခင်ပွန်းသည်က မျက်နှာထားတင်းပြီး ညည်းညူနေတာ။ ခေါင်းဆောင်ဖြစ်ရင် အလုပ်ပိုများမယ်၊ စုဝေးပွဲတွေဆီကို ခဏခဏ သွားဖို့ လိုမယ်။ သူ ငါ့ကို ပိုတားဆီးဖို့ ကြိုးစားမလား။ အဲဒီလိုဆိုရင် ငါတို့က ဘယ်တော့မှ သဟဇာတဖြစ်တဲ့ ဘဝရှိမှာမဟုတ်ဘူး” ပေါ့။ တစ်ဖက်က တာဝန်၊ တစ်ဖက်က အိမ်ထောင်ရေးနဲ့ ကျွန်မ ဗျာများနေခဲ့တယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းရှာဖွေရင်း ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားမိတယ်။ “သင်သည် ဧဝံဂေလိဖြန့်ဝေရာတွင် အရေးကြီးသောအပိုင်း၌ ပါဝင်နေပြီး ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ သင်၏နေရာကို ပစ်ထားပါက ပို၍ကြီးမားသော ပြစ်မှားခြင်းမရှိတော့ပေ။ ယင်းသည် ဘုရားသခင်ကို သစ္စာဖောက်ဖျက်သည့် လုပ်ရပ်တစ်ခုအဖြစ် ယူဆရမည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) ကျွန်မက အိမ်ထောင်ရေးကို ထိန်းသိမ်းဖို့အတွက် ကျွန်မတာဝန်ကို ငြင်းပယ်ရင် ဒါဟာ ကြီးလေးတဲ့ ပြစ်မှားမှုပဲ။ ကျွန်မက ဖန်ဆင်းခံတစ်ဦးဖြစ်လို့ တာဝန်ထမ်းဆောင်တာဟာ ကျွန်မရဲ့ တာဝန်နဲ့ ဝတ္တရားပဲ။ ကျွန်မရဲ့ ငြိမ်သက်တဲ့ ဘဝလေးကို နေရဖို့အတွက် တာဝန်ထမ်းဆောင်တာကို ရပ်လို့မဖြစ်ဘူး။ ဒါကြောင့် ခေါင်းဆောင်တာဝန်ကို ကျွန်မ လက်ခံလိုက်တယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ခင်ပွန်းသည်က ခွင့်ယူထားတယ်။ နေ့တိုင်း ကျွန်မ မိုးလင်းမှထွက်၊ မိုးချုပ်မှပြန်တာကို သူမြင်တော့ သုံးရက်တစ်ခါလောက် ကျွန်မနဲ့ ရန်ဖြစ်တယ်။ အကြိမ်ကြိမ်ပဲ တံခါးဝမှာ ပိတ်ရပ်ပြီး စုဝေးပွဲ မသွားခိုင်းဘူး။ ကျွန်မက မိသားစု ဒါမှမဟုတ် သူ့ကို ဂရုမစိုက်ဘူးဆိုတာနဲ့ ဘုရားကို ဆက်ယုံကြည်ရင် ကျွန်မကို ကွာရှင်းမယ်လို့တောင် ပြောတယ်။ ပါးစပ်ကတော့ “ကွာချင်လည်း ကွာလိုက်လေ” လို့ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ အားပျော့နေမိတယ်။ “ငါ့ယောက်ျားက တကယ်ပဲ ငါ့ကို ကွာရှင်းလိုက်ရင် ဘယ်လိုလုပ်မလဲ။ ကွာရှင်းပြီးရင် ငါ့ဘဝက ဘာဖြစ်နေမလဲ” ဆိုပြီး တွေးမိတယ်။ ကွာရှင်းဖို့ တွေးလိုက်တာနဲ့ နောက်ပိုင်းမှာ ကျွန်မအတွက် ပျော်ရွှင်စရာဆိုတာ ဘာမှရှိတော့မှာ မဟုတ်ဘူးလို့ ခံစားရတယ်။ ကျွန်မ နှလုံးသားက ဓားနဲ့အထိုးခံရသလို အရမ်းနာကျင်နေခဲ့တယ်။ တာဝန်ထမ်းဆောင်ဖို့ နေ့တိုင်း အပြင်မထွက်ချင်တော့ဘူး။ ဒါပေမဲ့ ကျွန်မက အသင်းတော်မှာ ခေါင်းဆောင်တစ်ယောက်လေ၊ အသင်းတော်ရဲ့ အဘက်ဘက်က အလုပ်တွေကို တာဝန်ယူထားရတာ။ တာဝန်ကို ပစ်ထားလိုက်ရင် သိပ်ကို အသိစိတ်မရှိရာ ကျမယ်။ ဒါကြောင့် အားတင်းပြီး ဆက်လုပ်နေခဲ့ရတယ်။ စုဝေးပွဲတွေမှာလည်း ပြီးပြီးရော သဘောမျိုးပဲ လုပ်တယ်။ လူတွေ မမှန်ကန်တဲ့ အခြေအနေမှာ ရှိနေသလားမေးတယ်၊ အလုပ်အကြောင်း နည်းနည်း သိအောင်လုပ်တယ်ပေါ့။ ရိုးရှင်းတဲ့ မိတ်သဟာယတစ်ခုခုပဲ ဖွဲ့တယ်။ ရလဒ်တွေကိုတော့ မရှာခဲ့ဘူး။ တစ်ခါတလေ အလုပ်အကောင်အထည်ဖော်လို့ မပြီးသေးပေမဲ့ စုဝေးပွဲသိမ်းချိန်ရောက်တာနဲ့ အိမ်ကို ကမန်းကတန်း ပြန်တယ်။ ရလဒ်အနေနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို အချိန်မီ မဖြေရှင်းခဲ့ရဘူး။ အလုပ်တချို့ကိုလည်း အချိန်မီ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။

တစ်ခါတုန်းက ကျွန်မအစ်မက ကျွန်မ ဘုရားသခင်ကို မယုံကြည်အောင် တားဖို့အတွက် ညီအစ်မတစ်ယောက်အိမ်အထိ နောက်ယောင်ခံ လိုက်လာတယ်။ အဲဒီညီအစ်မရဲ့ လုံခြုံရေးအတွက် အထက်ခေါင်းဆောင်တွေက ကျွန်မကို ညီအစ်ကိုမောင်နှမတွေနဲ့ အဆက်အသွယ်ဖြတ်ခိုင်းပြီး အိမ်အခြေအနေပေါ်မူတည်ပြီး တတ်နိုင်သလောက်ပဲ တာဝန်ထမ်းဆောင်သင့်တယ်လို့ ပြောတယ်။ အစရက်ပိုင်းတွေမှာတော့ တာဝန်မထမ်းဆောင်နိုင်လို့ လမ်းပျောက်ပြီး ဝမ်းနည်းမိတယ်။ နောက်ပိုင်းကျတော့ ခင်ပွန်းသည်က နေ့တိုင်း ချက်ပြုတ်ကျွေးမွေးပြီး ကျွန်မ စိတ်ပျော်အောင်လုပ်ဖို့ ကြိုးစားရင်း အလုပ်ရှုပ်နေတာကို မြင်ရတော့ ကျွန်မက မကြာခင်မှာပဲ အိမ်ထောင်ရေးဘဝရဲ့ စိတ်ခံစားချက်တွေထဲကို ပြန်ဝင်ရောက်သွားခဲ့တယ်။ ကျွန်မနဲ့အတူတူလုပ်တဲ့ ညီအစ်မက ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရတာ မကြာသေးလို့ အသင်းတော်အလုပ်နဲ့ မရင်းနှီးသေးဘူးဆိုတာ ကျွန်မ ကောင်းကောင်းသိတယ်။ ကျွန်မတို့နှစ်ယောက် တွဲဖက်ပြီး အကောင်အထည်ဖော်ဖို့၊ နောက်ဆက်တွဲလုပ်ဖို့ အရေးတကြီးလိုအပ်တဲ့ အလုပ်တွေ အများကြီးရှိတယ်။ နောက်ပြီး ခင်ပွန်းသည်က ကျွန်မခြေလှမ်းတိုင်းကို လိုက်ကြည့်နေတာမှ မဟုတ်တာ။ ကျွန်မမှာ အပြင်ထွက်ပြီး တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ခင်ပွန်းသည်သာ သိသွားရင် စိတ်ဆိုးမှာကို ကြောက်နေခဲ့တယ်။ ကျွန်မတို့ရဲ့ ဆက်ဆံရေးကလည်း အခုမှ ပြန်အဆင်ပြေခါစဆိုတော့ ဒီအခြေအနေကို မပျက်စီးစေချင်ဘူး။ ဒါကြောင့် “ပတ်ဝန်းကျင် အခြေအနေကို ထိန်းသိမ်းတယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ နှစ်လလုံးလုံး အသင်းတော်အလုပ်ကို မမေးမမြန်းဘဲ နေခဲ့တယ်။ ရလဒ်အနေနဲ့ အလုပ်အမျိုးမျိုးဟာ အတိုင်းအတာတစ်ခုအထိ နှောင့်နှေးကြန့်ကြာကုန်တယ်။ အထက်ခေါင်းဆောင်တွေက ကျွန်မဟာ ဇာတိပကတိ အသက်တာထဲမှာပဲ လုံးလုံးလျားလျား နေထိုင်ပြီး အသင်းတော်အလုပ်ကို မလုပ်တာ မြင်တော့ ကျွန်မကို ဖြုတ်ချလိုက်တယ်။ အဲဒီအချိန်တုန်းက ကျွန်မ ငိုမိတယ်။ ဒီနှစ်လအတွင်းမှာ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးတွေ ရခဲ့ပါလျက်နဲ့ တာဝန်ကို ကျွန်မ မထိန်းသိမ်းခဲ့ဘူး။ ကျွန်မဟာ ထွက်ပြေးနေတဲ့သူတစ်ယောက် ဖြစ်မနေဘူးလား။ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး အပြစ်ရှိသလို ခံစားရတယ်။ စုဝေးပွဲတစ်ခုမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်၊ အခုထိ မနေ့ကလိုပဲ မှတ်မိနေတုန်းပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါက အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်ကြလိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်း ဆိုပါက သင်တို့အားလုံးသည် ဤနည်းဖြင့်သာ ရွေးချယ်လိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဝေခွဲမရဖြစ်နေသူ များစွာရှိသည် မဟုတ်လော။ အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း၊ အဖြူနှင့်အမည်း၊ မိသားစုနှင့် ဘုရားသခင်၊ သားသမီးနှင့် ဘုရားသခင်၊ သဟဇာတကျခြင်းနှင့် ပြိုကွဲခြင်း၊ ကြွယ်ဝခြင်းနှင့် ဆင်းရဲခြင်း၊ အဆင့်အတန်းနှင့် သာမန်ဖြစ်ခြင်း၊ ပံ့ပိုးအားပေးမှုခံရခြင်းနှင့် ငြင်းပယ်ခံရခြင်း စသည်တို့ကြားမှ ရုန်းကန်မှုများအားလုံးတွင် သင်တို့ပြုလုပ်ခဲ့သည့် ရွေးချယ်မှုများနှင့်ပတ်သက်၍ သင်တို့သည် သေချာပေါက် မသိနားမလည်ခြင်း မဟုတ်။ သဟဇာတကျသောမိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက် လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ ဇိမ်ခံခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သားသမီးများ၊ ဇနီး၊ ခင်ပွန်းနှင့် ငါနှင့်အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆများနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြဆဲဖြစ်သည်။ သင်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများကို ရင်ဆိုင်ရသည့်အတွက်၊ ငါသည် သင်တို့အပေါ်၌ ယုံကြည်ခြင်း ကင်းမဲ့သွားခဲ့ကာ အလွန်အမင်းပင် အံ့အားသင့်မိလေသည်။ သင်တို့၏ စိတ်နှလုံးများသည် မထင်မှတ်လောက်အောင်ပင် ပျော့ပျောင်းလာနိုင်စွမ်း မရှိချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို အတိအကျ သစ္စာစောင့်သိနေသနည်း) ဘုရားသခင်ရဲ့ တရားစီရင်တဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မ ကိုယ့်ကိုယ်ကိုယ် အရမ်း အပြစ်တင်မိပြီး မထိန်းနိုင်အောင် ငိုမိတယ်။ ဘုရားသခင် ဖော်ထုတ်ထားတဲ့ ခွထိုင်နေတဲ့လူတွေထဲမှာ ကျွန်မလည်း တစ်ယောက်အပါအဝင် ဖြစ်နေတယ်။ လက်တစ်ဖက်က ကိုယ့်ရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မလွှတ်ချင်ဘူး။ နောက်လက်တစ်ဖက်ကတော့ ပစ်ပယ်ခံရမှာကြောက်လို့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ဆုပ်ကိုင်ထားတယ်။ ခေါင်းဆောင်ဖြစ်တုန်းက နေ့တိုင်း အပြင်ထွက် တာဝန်ထမ်းဆောင်နေပေမဲ့ ဘုရားသခင်ကို ယုံကြည်တာကြောင့် ခင်ပွန်းသည် စိတ်ဆိုးပြီး ကျွန်မတို့ ဆက်ဆံရေး ထိခိုက်မှာကို မလိုလားခဲ့ဘူး။ တာဝန်ထမ်းဆောင်တဲ့အခါမှာလည်း ပြီးပြီးရော သဘောမျိုးပဲ လုပ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အခက်အခဲတွေ၊ သူတို့ အလုပ်မှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို မိတ်သဟာယပြု ဖြေရှင်းပေးဖို့ ဘာအားထုတ်မှုမှ မရှိခဲ့ဘူး။ ပတ်ဝန်းကျင် အခြေအနေကို ထိန်းသိမ်းဖို့ အိမ်မှာ သီးသန့်နေရတဲ့အချိန်မှာ ပျော်ရွှင်စရာကောင်းတယ်ဆိုတဲ့ ဘဝကို စံစားပြီး တာဝန်ကို ပစ်ထားဖို့ အခွင့်ကောင်းယူခဲ့တယ်။ ကျွန်မနဲ့ တွဲလုပ်နေတဲ့ ညီအစ်မက ခေါင်းဆောင်ဖြစ်တာ မကြာသေးလို့ အလုပ်တွေအကုန်လုံးကို တစ်ယောက်တည်း ဒိုင်ခံမလုပ်နိုင်ဘူးဆိုတာ ကျွန်မ ကောင်းကောင်းသိတယ်။ နောက်ပြီး ခင်ပွန်းသည်က ကျွန်မကို နေ့တိုင်း စောင့်ကြည့်နေတာမှ မဟုတ်တာ။ အဲဒီတော့ အလုပ်တချို့လုပ်ဖို့ ညီအစ်မနဲ့ ကျွန်မ ပူးပေါင်းလုပ်လို့ ရနိုင်သားပဲ။ ဒါပေမဲ့ ခင်ပွန်းသည်နဲ့ ဆက်ဆံရေးကို ကာကွယ်ဖို့အတွက် နှစ်လလုံးလုံး အသင်းတော်အလုပ်ကို လုံးဝ စိတ်မဝင်စားခဲ့ဘူး။ တာဝန်နဲ့ သာယာတဲ့မိသားစုအရေး ကြားထဲမှာ ပိတ်မိပြီး ကျွန်မက မိသားစုကို ထိန်းသိမ်းဖို့ ရွေးချယ်ပြီး တာဝန်ကို လွယ်လွယ်လေး လွှတ်ချခဲ့တယ်။ ဘုရားသခင်အပေါ် သစ္စာရှိတဲ့စိတ် လုံးဝမရှိခဲ့သလို အဲဒီနှစ်လအတွင်းမှာတောင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်၊ အကြွေးတင်စိတ် နည်းနည်းလေးမှတောင် မခံစားခဲ့ရဘူး။ ဘုရားနှုတ်ကပတ်တော်တွေ အများကြီး ဖတ်ခဲ့ပေမဲ့ ကျွန်မအပေါ် တစ်ခုခု တကယ်ဖြစ်လာတဲ့အခါ ဒီပုံစံနဲ့ အံ့ဩစရာကောင်းလောက်အောင် ကျွန်မ ပြုမူခဲ့တယ်။ ကျွန်မမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရားဆိုတာ တကယ်ကို နည်းနည်းလေးမှ မရှိပါလား။ ဘုရားသခင် ပြောခဲ့သည်မှာ “သင်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများကို ရင်ဆိုင်ရသည့်အတွက်၊ ငါသည် သင်တို့အပေါ်၌ ယုံကြည်ခြင်း ကင်းမဲ့သွားခဲ့ကာ အလွန်အမင်းပင် အံ့အားသင့်မိလေသည်။ သင်တို့၏ စိတ်နှလုံးများသည် မထင်မှတ်လောက်အောင်ပင် ပျော့ပျောင်းလာနိုင်စွမ်း မရှိချေ။” အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မမှာ ကြီးလေးတဲ့ တာဝန်ရှိတယ်။ အသင်းတော်ရဲ့ လုပ်ငန်းဆောင်တာအသီးသီး ပုံမှန်တိုးတက်မှုကို ကာကွယ်စောင့်ရှောက်ဖို့အတွက်တာဝန်ယူခဲ့သင့်တယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေ သမ္မာတရားကို နားလည်ပြီး တာဝန်ကောင်းကောင်းထမ်းဆောင်နိုင်အောင် ကူညီပံ့ပိုးခဲ့သင့်တယ်။ ဒါပေမဲ့ ကျွန်မကတော့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှု ထိခိုက်မလား၊ အသင်းတော်အလုပ် နစ်နာမလားဆိုတာ ဂရုမစိုက်ခဲ့ဘူး။ ကိုယ့်ရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုကို ထိန်းသိမ်းဖို့ပဲ တွေးပြီး တာဝန်ကို ပေါ့ပေါ့ဆဆ စွန့်လွှတ်ခဲ့တယ်။ ကျွန်မ တကယ်ကို အတ္တကြီးပြီး ယုတ်မာလွန်းပါတယ်။ ကျွန်မဟာ ယုံကြည်အားထားလို့ မရတဲ့သူပါလား။ ကျွန်မ ဖြုတ်ချခံရတာ ကိုယ့်အပြစ်နဲ့ကိုယ်ပါပဲ။ ကျွန်မ အရမ်းနောင်တရပြီး အိမ်ထောင်ရေးနဲ့ မိသားစုကို ထိန်းသိမ်းဖို့အတွက်နဲ့ တာဝန်ကို မစွန့်လွှတ်တော့ဘူးလို့ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်တယ်။ နောက်ပိုင်းမှာ အသင်းတော်တာဝန်တွေကို ကျွန်မ ပြန်စလုပ်တယ်။ ခင်ပွန်းသည်က ကျွန်မ ဘုရားသခင်အပေါ် ယုံကြည်တာကို အတင်းစွန့်လွှတ်ခိုင်းဖို့အတွက် အနုနည်းရော အကြမ်းနည်းပါ သုံးပြီးတယ်။ ကျွန်မ နားမထောင်တာ မြင်တော့ ကျွန်မကို ခြိမ်းခြောက်ဖို့ကွာရှင်းမယ်ဆိုတဲ့ စကားကို နေ့တိုင်းပြောတယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းပြီး ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ဒီလိုနဲ့ စုဝေးပွဲသွားတာ၊ တာဝန်ထမ်းဆောင်တာတွေကို ကျွန်မ ဇွဲမလျှော့ဘဲ ဆက်လုပ်တယ်။ တဖြည်းဖြည်းနဲ့ ခင်ပွန်းသည်က ကျွန်မကို အရင်ကလောက် တင်းတင်းကျပ်ကျပ် မချုပ်ချယ်တော့ဘဲ နေ့တိုင်း အိမ်ပြန်လာဖို့လောက်ပဲ တောင်းဆိုတော့တယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ခေါင်းဆောင်တွေက ကျွန်မကို တာဝန်တစ်ခု စီစဉ်ပေးတယ်။ အလုပ်ကိစ္စတွေ အတော်လေး များတဲ့အတွက် နှစ်ပတ်လောက်နေမှ အိမ်တစ်ခေါက် ပြန်နိုင်မှာ။ စိတ်ထဲမှာ နည်းနည်း ကျဉ်းကျပ်သလို ခံစားရတယ်။ “နှစ်ပတ်လောက်နေမှ အိမ်တစ်ခေါက်ပြန်ရင် ငါ့ယောက်ျားက သဘောတူပါ့မလား။ ငါက အိမ်မှာ အမြဲမရှိဘဲ သူ့ဘေးနားနေပြီး အဖော်ပြုမပေးနိုင်ရင်၊ ဂရုစိုက်မပေးနိုင်ရင် ငါတို့အိမ်ထောင်ရေးက တဖြည်းဖြည်းနဲ့ မလွဲမသွေ ပြိုကွဲသွားမှာ” ပေါ့။ ဒါပေမဲ့ အရင်တုန်းက ကျရှုံးခဲ့ဖူးတဲ့ အတွေ့အကြုံကို ပြန်သတိရမိတယ်။ ဒီတစ်ခါတော့ နောင်တတွေနဲ့ ကျန်ရစ်တာမျိုး အဖြစ်မခံချင်တော့လို့ ဒီတာဝန်ကို ကျွန်မ လက်ခံလိုက်တယ်။ ခဏလောက်ကြာတော့ နည်းနည်း စိတ်ပူလာပြန်တယ်။ “ငါသာ အိမ်မပြန်ဘဲ ဒီအတိုင်း ဆက်နေရင် ငါ့ယောက်ျားနဲ့ ဆက်ဆံရေးက တဖြည်းဖြည်း ပိုဝေးကွာသွားမှာ။ တကယ်လို့များ သူ နောက်တစ်ယောက်ယောက်ကို စိတ်ဝင်စားသွားရင် ငါတို့အိမ်ထောင်ရေးက အဆုံးသတ်ပြီပဲ။ အိမ်ထောင်ရေးသာ ပြိုကွဲသွားရင် အနာဂတ်မှာ ပျော်ရွှင်တဲ့ဘဝတစ်ခုကို ငါ ပိုင်ဆိုင်နိုင်ပါဦးမလား” ပေါ့။ အပြင်ပန်းကြည့်ရင်တော့ နေ့တိုင်း အလုပ်ရှုပ်နေပေမဲ့ စိတ်ထဲမှာတော့ အမြဲတမ်း ဂယောက်ဂယက် ဖြစ်နေတယ်။ အလုပ်ပြီးတာနဲ့ ဘယ်တော့ အိမ်ပြန်ရမလဲဆိုပြီး ရက်တွေ စတွက်နေမိတယ်။ အိမ်မှာနေရင်း လုပ်လို့ရမယ့် တာဝန်မျိုး ပြောင်းပေးဖို့ ခေါင်းဆောင်တွေကို ပြောဖို့တောင် တွေးမိတယ်။ ဒါဟာ တာဝန်အပေါ် ကြေးများနေတာဖြစ်တယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားခဲ့တယ်။ ဒါက ဆင်ခြင်တုံတရားမရှိရာကျနေတာကြောင့် ထုတ်မပြောခဲ့ဘူး။ မတတ်သာတဲ့အဆုံး ကိုယ့်ရဲ့ အတွင်းစိတ်ထဲက အတွေးတွေကို ဘုရားသခင်ကို ပြောပြီး ဉာဏ်အလင်းပေးဖို့၊ လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။

တစ်နေ့ ဝတ်ပြုနေတဲ့အချိန်မှာ ကျွန်မကို အများကြီး အထောက်အကူပြုတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်ကို ယုံကြည်လာ ပြီးသည့်နောက် ဘုရားအိမ်တော်က ပေးသော တာဝန်နှင့် စေခိုင်းချက်တို့ကို လက်ခံသော်လည်း မိမိတို့အိမ်ထောင်၏ ပျော်ရွှင်မှု၊ ကျေနပ်မှုကို ထိန်းသိမ်းရန်အတွက် မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာလျှင် အလွန်ပင် စံမမီသော လူအချို့ပင်ရှိသည်။ နဂိုမူလက ၎င်းတို့သည် ဧဝံဂေလိတရားဟောရန် ဝေးကွာသောနေရာတစ်ခုသို့ သွားရောက်ပြီး အိမ်သို့ တစ်ပတ်တစ်ကြိမ်၊ သို့မဟုတ် အချိန်အတန်ကြာပြီး တစ်ကြိမ်ပြန်လာရမည်ဖြစ်သည်၊ သို့မဟုတ် အိမ်မှထွက်ခွာပြီး အမျိုးစုံသော ကဏ္ဍများ၌ ၎င်းတို့၏ အစွမ်းအစနှင့် အခြေအနေနှင့်အညီ ၎င်းတို့၏ တာဝန်ကို အချိန်ပြည့်ထမ်းဆောင်နိုင်သည်။ သို့သော် ၎င်းတို့၏ အဖော်က ၎င်းတို့အား မကျေမနပ်ဖြစ်မည်ကိုလည်းကောင်း၊ ၎င်းတို့၏ အိမ်ထောင်က မပျော်ရွှင်ရမည်ကိုလည်းကောင်း၊ သို့မဟုတ် ၎င်းတို့၏ အိမ်ထောင်ကို လုံးလုံး ဆုံးရှုံးရမည်ကိုလည်းကောင်း ကြောက်ရွံ့ကြသည်။ ပြီးလျှင် ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် သုံးသင့်သည့်အချိန်များစွာကို စွန့်လွှတ်ကြသည်။ အထူးသဖြင့် ၎င်းတို့၏ အဖော်က စောဒကတက်သည်ကို ကြားရသောအခါ၊ သို့မဟုတ် မကျေနပ်သည့် ပုံစံရှိသောအခါ၊ သို့မဟုတ် ညည်းညူသောအခါ ၎င်းတို့သည် ၎င်းတို့၏ အိမ်ထောင်ကို ထိန်းသိမ်းရန် ပို၍ပင် သတိထားလာကြသည်။ မိမိတို့၏ အိမ်ထောင်ဖက်ကို စိတ်ကျေနပ်စေဖို့ ၎င်းတို့ တတ်နိုင်သမျှ လုပ်ဆောင်ကြပြီး မိမိတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန်နှင့် မိမိတို့၏ အိမ်ထောင်ရေး ပြိုကွဲခြင်းအား တားဆီးရန် အလွန်ကြိုးစားကြ၏။ ဤအရာထက် ပို၍ပင်ဆိုးသည်မှာ လူအချို့သည် ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် ဘုရားအိမ်တော်၏ ခေါ်ဆိုမှုကို ငြင်းဆန်ပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ရန် ငြင်းဆန်ကြခြင်းဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရန် အိမ်မှ ထွက်ခွာသင့်သည့်အချိန်တွင် ၎င်းတို့၏ အိမ်ထောင်ဘက်ကို မခွဲခွာနိုင်သောကြောင့်၊ သို့မဟုတ် ၎င်းတို့အိမ်ထောင်ဘက်၏ မိဘများက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုကိုလည်းကောင်း၊ ၎င်းတို့က မိမိတို့၏တာဝန်ထမ်းဆောင်ရန် မိမိတို့အလုပ်ကို စွန့်ပစ်ပြီး အိမ်မှ ထွက်ခွာခြင်းကိုလည်းကောင်း ဆန့်ကျင်သောကြောင့် ၎င်းတို့သည် ဤသို့လုပ်ရမည့်အစား ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုနှင့် ၎င်းတို့အိမ်ထောင်၏ တည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းရန် ရွေးချယ်လျက် အလျှော့ပေးပြီး ၎င်းတို့တာဝန်ကို စွန့်ပစ်ကြသည်။ ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုနှင့် ၎င်းတို့အိမ်ထောင်၏ တည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းရန်အတွက်၊ ၎င်းတို့၏ အိမ်ထောင် ပြိုကွဲခြင်း၊ အဆုံးသတ်ခြင်း မဖြစ်စေရန်အတွက် အိမ်ထောင်ဘဝရှိ ၎င်းတို့၏ တာဝန်၊ ဝတ္တရားများကိုသာ ထမ်းဆောင်ပြီး ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို စွန့်လွှတ်ရန် ရွေးချယ်ကြသည်။ မိသားစု၊ သို့မဟုတ် လူ့အဖွဲ့အစည်း၌ သင်၏ အခန်းကဏ္ဍက မည်သို့ရှိသည်ဖြစ်စေ၊ ဇနီး၊ ခင်ပွန်း၊ ကလေး၊ မိဘ၊ ဝန်ထမ်း၊ သို့မဟုတ် အခြားသောအရာတစ်ခုခုဖြစ်စေ၊ အိမ်ထောင်ဘဝရှိ သင်၏ အခန်းကဏ္ဍက အရေးကြီးသည်ဖြစ်စေ၊ အရေးမကြီးသည်ဖြစ်စေ သင်သည် ဘုရားသခင်ရှေ့၌ ပင်ကိုလက္ခဏာတစ်ခုသာရှိပြီး ယင်းမှာ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဖြစ်သည်။ သင်သည် ဘုရားသခင်ရှေ့တွင် ဒုတိယပင်ကိုလက္ခဏာမရှိပေ။ ထို့ကြောင့် ဘုရားအိမ်တော်က သင့်ကို ဆင့်ခေါ်သောအခါတွင် ဤသည်မှာ သင်၏ အထူးတာဝန်ကို ဖြည့်ဆည်းသင့်သည့် အချိန်ဖြစ်သည်။ ဆိုလိုသည်မှာ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင်၏ အိမ်ထောင်ပျော်ရွှင်မှုနှင့် အိမ်ထောင်တည်တံ့ခိုင်မြဲမှု ထိန်းသိမ်းရန် အခြေအနေ ပြည့်စုံသောအခါတွင်မှသာ သင်၏ အထူးတာဝန်ကို ထမ်းဆောင်သင့်ခြင်းမဟုတ်ဘဲ သင်က ဖန်ဆင်းခံဖြစ်သရွေ့ ဘုရားသခင်က သင့်ကို ပေးအပ်ပြီး အပ်နှံသောအထူးတာဝန်ကို ခြွင်းချက်မရှိ ဖြည့်ဆည်းသင့်ခြင်းဖြစ်သည်။ သင်၏ အခြေအနေများက မည်သို့ဖြစ်ပါစေ သင်၏ အထူးတာဝန်ကို ပြီးမြောက်သင့်ပြီး ယင်းကို သင်၏ ရှောင်လွှဲမရသော တာဝန်အဖြစ် သဘောထားပြုမူကာ ဘုရားသခင်က သင့်အား အပ်နှံထားသော အထူးတာဝန်ကို ရှေ့တန်းတင်သင့်သည်၊ တစ်ချိန်တည်းမှာပင် အိမ်ထောင်ရေးမှ သင့်အပေါ် အပ်နှင်းသော အထူးတာဝန်နှင့် ဝတ္တရားများကို ဒုတိယနေရာတွင် ထားရှိသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၀)) ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ နှလုံးသားထဲကို အလင်းတန်းတစ်ခု ဖြာကျလာသလိုမျိုးပဲ။ ရုတ်တရက် ရှင်းလင်းသွားပြီး ဉာဏ်အလင်းပွင့်သလို ခံစားမိတယ်။ ဘုရားသခင် ပြောသလိုပါပဲ၊ ကျွန်မက အိမ်ထောင်ရေးရဲ့ ပြည့်စုံမှုနဲ့ ပျော်ရွှင်မှုကို အရမ်း အလေးထားနေခဲ့တာကိုး။ အိမ်ထောင်ရေးသုခကို ထိန်းသိမ်းနိုင်မှပဲ တာဝန်တစ်ခုခုကို ကျွန်မထမ်းဆောင်ချင်တယ်။ အိမ်ထောင်ရေးကို ထိခိုက်လိုက်တာနဲ့ စိတ်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တာဝန်မထမ်းဆောင်နိုင်တော့ဘူး၊ အိမ်ထောင်ရေးကို ထိန်းသိမ်းဖို့အတွက် တာဝန်ကို စွန့်လွှတ်ချင်စိတ်တောင် ဖြစ်မိတယ်။ ဖန်ဆင်းခံတစ်ဦးရဲ့တာဝန်တွေကို ကျွန်မ ဦးစားမပေးခဲ့ဘူး။ ကျောင်းတက်တုန်းက “အတူတကွ လက်တွဲပြီး ကြီးပြင်းခြင်း” တို့၊ “လူတစ်ယောက်ရဲ့ စိတ်နှလုံးကို ရရှိပြီး ဆံဖြူသွားကျိုးတဲ့အထိ အတူတူရှိနေချင်တယ်” တို့လို အိမ်ထောင်ရေးအမြင်တွေရဲ့ လွှမ်းမိုးမှုကို ကျွန်မ အကြီးအကျယ် ခံထားရမှန်း ပြန်သတိရမိတယ်။ ကျွန်မအပေါ် စစ်မှန်တဲ့၊ ကျွန်မကို အရေးစိုက်ပြီး စောင့်ရှောက်ပေးမဲ့၊ ဘဝတစ်လျှောက်လုံး အဖော်ပြုပေးမဲ့ ကျွန်မရဲ့ ဖူးစာရှင်နဲ့ တွေ့ဖို့ပဲ အမြဲတမ်း ဆန္ဒရှိခဲ့တယ်။ လက်ထပ်ပြီးတဲ့နောက်မှာတော့ အိမ်ထောင်ရေးကို အရေးကြီးဆုံးအရာအဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းဖို့ပဲ အမြဲ ကြိုးစားခဲ့တယ်။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်မှာ ခင်ပွန်းသည်က အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို နားယောင်ပြီး ကျွန်မကို တားဆီးဖို့ ကြိုးစားခဲ့တယ်။ ကျွန်မက အိမ်ထောင်ရေးမှာ အက်ကြောင်းတွေဖြစ်လာမှာ စိုးရိမ်ပြီး သူ့ကို မျက်နှာလိုမျက်နှာရလုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့တယ်။ ခေါင်းဆောင်တာဝန် ထမ်းဆောင်တုန်းကလည်း ဝတ်ကျေတမ်းကျေနဲ့ ပြီးပြီးရော လုပ်ခဲ့တယ်။ စုဝေးပွဲတိုင်းမှာ အလုပ်တက် အလုပ်ဆင်း လက်မှတ်ထိုးသလိုမျိုးပဲ အချိန်မှန် ရောက်လာပြီး အချိန်မှန် ပြန်တယ်။ အလုပ်တချို့ အကောင်အထည်ဖော်လို့ မပြီးသေးပေမဲ့ ခင်ပွန်းသည် အလုပ်ဆင်းလောက်ပြီလို့ တွေးမိတာနဲ့ စုဝေးပွဲကို ကမန်းကတန်း သိမ်းပြီး အိမ်ပြန်တယ်။ အိမ်ပြန်လမ်းမှာခင်ပွန်းသည်က အလေးပေးတာခံရပြီး သူနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကိုတောင် ကျွန်မ စဉ်းစားနေခဲ့တယ်။ ပတ်ဝန်းကျင် အခြေအနေကို ထိန်းသိမ်းဖို့ အိမ်မှာနေရတဲ့ နှစ်လအတွင်းမှာ တာဝန်တချို့ ထမ်းဆောင်လို့ ရနိုင်သားပဲ။ ဒါပေမဲ့ ခင်ပွန်းသည်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် အသင်းတော်အလုပ်ကို လုံးဝ လစ်လျူရှုထားခဲ့တယ်။ ဒါဟာ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေရုံသာမက အသင်းတော်အလုပ်ကိုလည်း ထိခိုက်စေခဲ့တယ်။ နောက်ပြီးတော့ ဒီတစ်ခါမှာ ကျွန်မ တာဝန်ထမ်းဆောင်ဖို့ အပြင်ထွက်တော့ အပြင်ပန်းလောက်ပဲ လက်ခံထားပြီး စိတ်ပါလက်ပါ မရှိဘူး။ အားတာနဲ့ ဘယ်တော့ အိမ်ပြန်ရမဲ့အချိန်ကို တွက်နေတယ်။ နေ့တိုင်း အိမ်မှာနေလို့ရအောင် တာဝန်ကိုတောင် ပြောင်းဖို့ စဉ်းစားမိတယ်။ အိမ်ထောင်ရေးသုခကို ထိန်းသိမ်းဖို့ ကိစ္စကို အလွန်အကျွံ အလေးထားလွန်းနေတယ်။ အိမ်ထောင်ရေး ပြိုကွဲသွားရင်ပဲ မိုးပြိုကျမတတ် ကိစ္စကြီးတစ်ခု ဖြစ်နေသလိုပါပဲ။ ကျွန်မက ဖန်ဆင်းခံတစ်ဦး ဖြစ်ပါတယ်။ ဘုရားသခင်ကသာ ကျွန်မကို အသက်ပေးပြီး အရာရာကို ပေးသနားထားတာပါ။ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ဖို့ဆိုတာ ကျွန်မရဲ့ အထူးတာဝန်ပါပဲ။ ဒါပေမဲ့ အိမ်ထောင်ရေးကို ထိန်းသိမ်းဖို့အတွက်နဲ့ ကျွန်မက တာဝန်ကို အမြဲတမ်း ဝတ်ကျေတမ်းကျေပုံစံပဲ လုပ်ခဲ့တယ်။ ဘုရားသခင်ရှေ့မှောက်မှာ ကျွန်မ အရမ်းကို ရှက်မိပါတယ်။ ကျွန်မမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရားဆိုတာ နည်းနည်းလေးမှ မရှိပါလား။ ဒါကို နားလည်သွားတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပြီး ရင်ထဲမှာ နာကျင်ရတယ်။ ကျွန်မ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်တယ်။ နောင်ကျရင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်မယ်၊ ကျွန်မရဲ့ အချိန်နဲ့ အတွေးတွေ အားလုံးကို တာဝန်ပေါ်မှာပဲ အသုံးပြုမယ်ပေါ့။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလရဲ့ နေ့တစ်နေ့မှာ ကျွန်မ အိမ်ပြန်ခဲ့တယ်။ ညဘက်ကျတော့ ခင်ပွန်းသည်က အရက်သောက်ပြီး ပြန်လာတယ်။ ပြီးတော့ ရန်လိုတဲ့လေသံနဲ့ မေးတယ်။ “မင်းက အိမ်မှာ ပုံမှန်မရှိဘူး။ ဘယ်မှာ နေနေတာလဲ။ ဘာတွေ လုပ်နေတာလဲ” တဲ့။ ဘုရားသခင်ကို ဆက်မယုံဖို့လည်း ပြောတယ်။ ကျွန်မ လက်မခံတော့ သူက ကျွန်မကို စရိုက်တယ်။ ကျွန်မ အရမ်းစိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းလာခဲ့လိုက်တယ်။ နိုဝင်ဘာလ တစ်ရက်မှာ အမေ့အိမ်ကို ကျွန်မ သွားတယ်။ အမေက ပြောတယ်၊ “နင့်ယောက်ျားက ဒီလိုပုံစံနဲ့ ဆက်မနေနိုင်တော့ဘူးတဲ့။ သူက နင့်ကို အိမ်ပြန်လာပြီး ကွာရှင်းဖို့ကိစ္စတွေ လုပ်စေချင်တယ်” တဲ့။ ဒီစကားကို ကြားလိုက်ရတော့ ကျွန်မ သက်ပြင်းချလိုက်မိတယ်။ ကျွန်မလည်း တွေးမိတာပေါ့၊ “ဒီနှစ်တွေတစ်လျှောက်လုံး သူ ငါ့ကို အများကြီး ညှဉ်းပန်းနှိပ်စက်ခဲ့တယ်၊ ဘုရားသခင်ကို မယုံကြည်အောင် တားဆီးဖို့ ကြိုးစားခဲ့တယ်။ တကယ်လို့များ ကွာရှင်းလိုက်ရင် ဘုရားသခင်ကို လွတ်လွတ်လပ်လပ် ယုံကြည်လို့ရပြီ၊ သူ့ရဲ့ ချုပ်ချယ်မှုကို ခံစရာ မလိုတော့ဘူး” ပေါ့။ ဒါပေမဲ့ အိမ်ထဲကနေ ကျွန်မ ထွက်လာပြီး လမ်းမပေါ်မှာ လမ်းလျှောက်နေကြတဲ့ ဇနီးမောင်နှံတွေကို မြင်လိုက်ရတော့ သူနဲ့ပေါင်းသင်းလာတာ နှစ်ပေါင်း ၂၀ ရှိပြီဆိုတာကို တွေးမိသွားတယ်။ တကယ်လို့ ကွာရှင်းလိုက်ရင် အဲဒီအချိန်ကစပြီး ကျွန်မတို့နှစ်ယောက်ကြားမှာ ဘာပတ်သက်မှုမှ ရှိတော့မှာ မဟုတ်ဘူး။ ငါ နေမကောင်းဖြစ်ရင် ဘယ်သူက ပြုစုစောင့်ရှောက်မလဲ။ သူသာ ဘေးမှာမရှိရင် ငါ့ရဲ့လက်ကျန်ဘဝတစ်လျှောက်လုံး အထီးကျန်ဆန်ပြီး ခြောက်ကပ်နေတော့မှာလား။ အိမ်ထောင်သက်တမ်း အနှစ် ၂၀ ကို ဒီအတိုင်းပဲ အဆုံးသတ်လိုက်ရတော့မှာလား။ ဒီလိုတွေးမိတော့ ရင်ထဲမှာ ဆို့နင့်ပြီး ဝမ်းနည်းလာတယ်၊ မျက်ရည်တွေလည်း ဒလဟော စီးကျလာတယ်။ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းမိတယ်။ “အို ဘုရားသခင်၊ ခင်ပွန်းသည်နဲ့ အိမ်ထောင်ရေးကို ဆက်ထိန်းထားဖို့ မလိုတော့ဘူးဆိုတာ သမီး သိပါတယ်။ သူ့ကို ကွာရှင်းဖို့လည်း သမီး ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကွာရှင်းဖို့ တွေးလိုက်တာနဲ့ ရင်ထဲမှာ အရမ်းနာကျင်ရတုန်းပါပဲ။ အို ဘုရားသခင်၊ မှန်ကန်တဲ့ ရွေးချယ်မှု ပြုလုပ်နိုင်ဖို့ သမီးကို ယုံကြည်ခြင်းနဲ့ ခွန်အား ပေးသနားတော်မူပါ” ဆိုပြီးတော့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး အိမ်ထောင်ရေးကို ဘယ်လိုသဘောထားရမလဲဆိုတာ ကျွန်မ သိလာရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်သည် သင့်အတွက် အိမ်ထောင်ကို စီမံခဲ့ပြီး သင့်အား လက်တွဲဖော်တစ်ယောက်ပေးခဲ့သည်။ သင်သည် အိမ်ထောင်ထဲသို့ ဝင်ရောက်သော်လည်း ဘုရားသခင်ရှေ့၌ သင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းက မပြောင်းလဲပေ။ သင်သည် သင်ဖြစ်နေဆဲဖြစ်သည်။ သင်သည် မိန်းမတစ်ယောက်ဖြစ်လျှင် ဘုရားရှေ့၌ သင်သည် မိန်းမတစ်ယောက်ဖြစ်နေဆဲ ဖြစ်သည်။ သင်သည် ယောက်ျားတစ်ယောက်ဖြစ်လျှင် သင်သည် ဘုရားရှေ့၌ ယောက်ျားတစ်ယောက် ဖြစ်ဆဲ ဖြစ်သည်။ သို့သော် သင်တို့နှစ်ဦးလုံးတွင် တူညီသည့်အရာတစ်ခုရှိသည်။ ယင်းမှာ သင်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သင်တို့အားလုံးသည် ဖန်ဆင်းရှင်ရှေ့၌ ဖန်ဆင်းခံများဖြစ်ကြသည်။ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် သင်တို့သည် အချင်းချင်း သည်းခံပြီး ချစ်ကြသည်။ အချင်းချင်း ကူညီထောက်ပံ့ကြသည်။ ဤသည်မှာ သင်တို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ရှေ့၌ သင်ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် သင်ပြီးမြောက်သင့်သည့် တာဝန်ကို သင်၏ လက်တွဲဖော်အပေါ် သင်ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် အစားထိုး၍မရပေ။ ထို့ကြောင့် သင်၏ လက်တွဲဖော်အပေါ် သင်၏တာဝန်များနှင့် ဘုရားရှေ့တွင် ဖန်ဆင်းခံတစ်ယောက် ထမ်းဆောင်သင့်သည့် တာဝန်ကြား၌ ဆန့်ကျင်ကွဲလွဲမှုရှိလျှင် သင်ရွေးချယ်သင့်သည့်အရာမှာ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် သင်၏ လက်တွဲဖော်အပေါ် သင်၏ တာဝန်များကို မဖြည့်ဆည်းရန်ဖြစ်သည်။ ဤသည်မှာ သင်ရွေးချယ်သင့်သည့် ဦးတည်ချက်နှင့် ရည်ရွယ်ချက်ဖြစ်သည်။ သင် ပြီးမြောက်သင့်သည့် တာဝန်လည်းဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့ရာတွင် လူအချို့မှာ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်း၊ သို့မဟုတ် ၎င်းတို့၏ လက်တွဲဖော်အပေါ် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်း၊ ၎င်းတို့၏ လက်တွဲဖော်ကို ဂရုစိုက်ခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်း၊ ချစ်ခြင်းတို့ကို ဘဝတွင် ၎င်းတို့၏ တာဝန်အဖြစ်သို့ မှားယွင်းစွာ ရောက်စေကြသည်။ ၎င်းတို့သည် ၎င်းတို့၏ လက်တွဲဖော်ကို ၎င်းတို့၏ကောင်းကင်၊ ၎င်းတို့၏ ကံကြမ္မာအဖြစ် မှတ်ယူကြသည်။ ဤသည်မှာ မှားယွင်း၏။...အိမ်ထောင်နှင့်ပတ်သက်လျှင် လူတို့လုပ်နိုင်သမျှမှာ ခင်ပွန်းနှင့် ဇနီးနှစ်ဦးလုံးသည် အချင်းချင်းအပေါ် ၎င်းတို့၏ တာဝန်၊ ဝတ္တရားများကို ဖြည့်ဆည်းပြီး အိမ်ထောင်ကို ဘုရားသခင်ထံမှ လက်ခံကာ လူအတွက် ဘုရားသခင် စီမံထားခဲ့သည့် အိမ်ထောင်၏ အဓိပ္ပာယ်သတ်မှတ်ချက်ကို လိုက်နာရန်ဖြစ်သည်။ ၎င်းတို့ မလုပ်နိုင်သည့်အရာမှာ ထာဝရအတွက်ကို မဆိုထားနှင့် ၎င်းတို့ လက်တွဲဖော်၏ ကံကြမ္မာ၊ ယခင်ဘဝ၊ လက်ရှိဘဝ၊ သို့မဟုတ် နောက်ဘဝတို့ကို ဆုံးဖြတ်ခြင်းဖြစ်သည်။ သင်၏ ခရီးပန်းတိုင်၊ သင်၏ ကံကြမ္မာ၊ သင်လိုက်လျှောက်သည့် လမ်းကြောင်းတို့ကို ဖန်ဆင်းရှင်ကသာ ဆုံးဖြတ်နိုင်သည်။ ထို့ကြောင့် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင်၏ အခန်းကဏ္ဍသည် ဇနီးဖြစ်စေ၊ ခင်ပွန်းဖြစ်စေ ဤဘဝ၌ သင်လိုက်စားသင့်သည့် ပျော်ရွှင်မှုသည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို သင်ထမ်းဆောင်ခြင်းနှင့် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ပြီးမြောက်ခြင်းမှ လာသည်။ အိမ်ထောင်သက်သက်မှ လာခြင်းမဟုတ်ပေ။ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ဇနီး၊ သို့မဟုတ် ခင်ပွန်း၏ တာဝန်ကို ဖြည့်ဆည်းခြင်းမှ လာသည်ဆိုလျှင် ပို၍ပင် မဟုတ်ပေ။ သင် လိုက်လျှောက်ရန် ရွေးချယ်သည့်လမ်းကြောင်းနှင့် သင်ခံယူသည့် ဘဝအပေါ် ရှုမြင်သုံးသပ်ချက်တို့ကို အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအပေါ်တွင် မတည်ဆောက်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းတို့ကို လင်မယားစုံတွဲမှ တစ်ယောက် သို့မဟုတ် အခြားတစ်ယောက်က ပို၍ပင် မဆုံးဖြတ်သင့်ပေ။ ဤသည်မှာ သင်နားလည်သင့်သည့် အရာတစ်ခုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁))အိမ်ထောင်နှင့်ပတ်သက်လျှင် ယင်းသည် သမ္မာတရားအား သင်လိုက်စားခြင်းကို မထိခိုက်သရွေ့၊ သို့မဟုတ် ကွဲပြားဆန့်ကျင်ခြင်း မရှိသရွေ့ သင်ဖြည့်ဆည်းသင့်သည့် ဝတ္တရားများ၊ သင်အောင်မြင်သင့်သည့် တာဝန်၊ အိမ်ထောင်၏ စည်းဘောင်အတွင်း၌ သင်ပါဝင်သင့်သည့် အခန်းကဏ္ဍတို့သည် ပြောင်းလဲမည်မဟုတ်ပေ။ ထို့ကြောင့် အိမ်ထောင်ပျော်ရွှင်မှုကို လိုက်စားခြင်းအား လက်လွှတ်ရန် သင့်ကို တောင်းဆိုခြင်းသည် သင့်အနေဖြင့် အိမ်ထောင်ရေးကို စွန့်ပစ်ရန် သို့မဟုတ် ကွာရှင်းရန် တောင်းဆိုခြင်းဟု ဆိုလိုခြင်းမဟုတ်ဘဲ သင့်အနေဖြင့် အိမ်ထောင်ရေးကို မှန်ကန်စွာ သဘောထားရန်၊ ထို့နောက် ဤအခြေခံအုတ်မြစ်အပေါ်တွင် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ အထူးတာဝန်ကို ပြီးမြောက်အောင်မြင်စေရန်နှင့် သင် ထမ်းဆောင်သင့်သော တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် တောင်းဆိုခြင်းသာ ဖြစ်သည်။ သင်၏ အိမ်ထောင်ပျော်ရွှင်မှုကို လိုက်စားခြင်းသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းကို ထိခိုက်စေလျှင် သို့မဟုတ် အတားအဆီးဖြစ်စေလျှင်၊ သို့တည်းမဟုတ် သင် ထမ်းဆောင်သင့်သော ဤတာဝန်ကို စွန့်လွှတ်သည်အထိပင် ဖြစ်စေလျှင် သင်သည် အလွန်အမင်း ပုန်ကန်သောသူတစ်ဦး ဖြစ်သည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သမ္မာတရားကို သင် ရှာဖွေလျှင် လူတို့အနေဖြင့် အဘယ်အရာကို ခိုင်မြဲစွာ စွဲကိုင်ထားသင့်ပြီး အဘယ်အရာကို စွန့်ပစ်သင့်သည်ကို ရှင်းလင်းစွာ မြင်နိုင်သင့်သည်။ သင် စွန့်ပစ်သင့်သည့်အရာမှာ သင်၏ အိမ်ထောင်ပျော်ရွှင်မှုကို လိုက်စားခြင်းမျှသာ မဟုတ်ပေ။ သင်သည် သင်၏ အိမ်ထောင်ရေးတစ်ခုလုံးကို စွန့်လွှတ်သင့်သည်။ ဤနည်းအားဖြင့် သင်သည် သမ္မာတရား စည်းမျဉ်းများနှင့် လုံးဝကိုက်ညီမှုကို ရရှိလိမ့်မည်။...သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်လိုလျှင် သင် အစဉ်းစားသင့်ဆုံးသော အရာမှာ ဘုရားသခင်က သင့်အား လက်လွှတ်ရန် တောင်းဆိုသည့်အရာကို မည်သို့ လက်လွှတ်ရမည်ကိုလည်းကောင်း၊ ဘုရားသခင်က သင့်အား ပြီးမြောက်အောင်မြင်စေရန် တောင်းဆိုသည့်အရာကို မည်သို့ ပြီးမြောက်အောင်မြင်စေရမည်ကိုလည်းကောင်း ဟူသည်ပင် ဖြစ်သည်။ အနာဂတ်တွင် အိမ်ထောင်မရှိဘဲနှင့် သင်၏နံဘေးတွင် အဖော်မရှိလျှင်ပင် သင်သည် အသက်ကြီးသည်အထိ အသက်ရှင်နိုင်သေးသည့်အပြင် ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်သေးသည်။ သို့ရာတွင် သင်၏ တာဝန်ကို ထမ်းဆောင်ရန် ဤအခွင့်အရေးကို သင် စွန့်ပစ်လိုက်ပါက ယင်းသည် သင် ထမ်းဆောင်သင့်သော တာဝန်နှင့် ဘုရားသခင်က သင့်အား အပ်နှံထားသော အထူးတာတန်ကို သင် စွန့်လွှတ်ခြင်းနှင့် ညီမျှသည်။ ထိုအခါတွင် ဘုရားသခင်၏အမြင်၌ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး၊ ဘုရားသခင်ကို အမှန်တကယ် အလိုရှိသောသူတစ်ဦး၊ သို့မဟုတ် ကယ်တင်ခြင်းကို လိုက်စားနေသောသူတစ်ဦး ဖြစ်လိမ့်မည်မဟုတ်ပေ။ သင်သည် ကယ်တင်ခြင်းကို ရရှိရန် သင်၏ အခွင့်အလမ်းနှင့် အခွင့်အရေးကို တက်ကြွစွာ စွန့်ပစ်ပြီး သင်၏ အထူးတာဝန်ကို စွန့်လွှတ်ကာ ထိုအစား သင်သည် အိမ်ထောင်ရေးကို ရွေးချယ်လျှင်၊ သင်၏ အိမ်ထောင်ဖက်နှင့်အတူ အသက်ရှင်နေထိုင်ရန် ရွေးချယ်လျှင်၊ ၎င်းကို အဖော်ပြုရန်နှင့် စိတ်ကျေနပ်စေရန် ရွေးချယ်လျှင်၊ သင်၏ အိမ်ထောင်ရေး ပြည့်စုံခိုင်မြဲမှုကို ထိန်းသိမ်းရန် ရွေးချယ်လျှင် အဆုံးတွင် သင်သည် တစ်စုံတစ်ခုကို ရရှိသည့်အခါ တစ်စုံတစ်ခုကို ဧကန်မုချ ဆုံးရှုံးလိမ့်မည်။ မည်သည့်အရာအား ဆုံးရှုံးရမည်ကို သင် နားလည်သည်မဟုတ်လော။ အိမ်ထောင်သည် သင်၏ အရာရာမဟုတ်သကဲ့သို့ အိမ်ထောင်ပျော်ရွှင်မှုသည်လည်း ထိုသို့မဟုတ်ပေ။ ယင်းသည် သင်၏ ကံကြမ္မာကို ဆုံးဖြတ်မပေးနိုင်ပေ။ သင်၏ အနာဂတ်ကို ဆုံးဖြတ်မပေးနိုင်ပေ။ သင်၏ ခရီးပန်းတိုင်ကို ပို၍ပင် ဆုံးဖြတ်မပေးနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၀)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မရဲ့ နှလုံးသားက အရမ်းကို တောက်ပပြီး ရှင်းလင်းသွားတယ်။ လူတွေအတွက် ဘုရားသခင်က အမိန့်နဲ့ပြဋ္ဌာန်းထားတဲ့ အိမ်ထောင်ရေးရဲ့ အဓိပ္ပာယ်က အချင်းချင်း အဖော်ပြုပြီး စောင့်ရှောက်ခွင့်ပေးဖို့ပဲ ဖြစ်တယ်။ ဒါပေမဲ့ အိမ်ထောင်ရေး တာဝန်တွေက ဖန်ဆင်းခံတစ်ဦးရဲ့ အထူးတာဝန်ကို အစားထိုးလို့ မရဘူး။ တာဝန်ကျလာတဲ့အခါ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ဖို့ ကျွန်မ ဦးစားပေးသင့်တယ်။ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို လိုက်စားဖို့အတွက် တာဝန်ကို စွန့်လွှတ်မယ်ဆိုရင် သမ္မာတရား ရရှိဖို့နဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာပဲ။ နောက်ဆုံးမှာ ကပ်ဘေးကြီးတွေထဲ ကျရောက်ပြီး ဖျက်ဆီးခံရမယ်။ အရင်တုန်းက ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို လိုက်စားဖို့ပဲ ကျွန်မ တွေးခဲ့တယ်။ ခင်ပွန်းသည်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် အချိန်တွေ၊ အားထုတ်မှုတွေ အများကြီး ပေးဆပ်ခဲ့တယ်။ လက်တစ်ဖက်က အိမ်ထောင်ရေးသုခကို ဆုပ်ကိုင်ထားပြီး၊ နောက်လက်တစ်ဖက်က သမ္မာတရားကို ဆုပ်ကိုင်ချင်ခဲ့တယ်။ ကျွန်မက နှစ်ခုစလုံးကို ကိုင်တွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ စိတ်ထဲမှာ လုံးဝ ပင်ပန်းနွမ်းနယ်နေပြီး ပြောပလောက်တဲ့ ပျော်ရွှင်မှုဆိုတာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ အခုဆိုရင် ကျွန်မ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပေမဲ့ သမ္မာတရားကို နားမလည်သေးဘူး။ အချိန်တွေ အများကြီး ဖြုန်းတီးခဲ့မိတယ်။ ကျွန်မ သိပ်ကို မိုက်မဲခဲ့တာပဲ။ ဘုရားသခင်ကို ယုံကြည်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံတယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်သွားခဲ့တယ်။ ခင်ပွန်းသည်က ဘုရားသခင်ကို မယုံကြည်ရုံတင်မကဘူး၊ ကျွန်မ ယုံကြည်တာကို တားဆီးဖို့လည်း ကြိုးစားခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်တာနဲ့ပတ်သက်တာ တစ်ခုခု ကျွန်မ ပြောလိုက်တာနဲ့ သူက စိတ်ဆိုးပြီး ကျွန်မကို ဆဲဆိုတယ်၊ ရိုက်နှက်တယ်၊ ကျိန်ဆဲတယ်။ ဘုရားသခင်အပေါ် ကျွန်မ ယုံကြည်တာကို စွန့်လွှတ်အောင် ဖိအားပေးဖို့ ကွာရှင်းမယ်ဆိုပြီး ခဏခဏ ခြိမ်းခြောက်တယ်။ သူ့ရဲ့ အနှစ်သာရက သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို မုန်းတီးတဲ့ မကောင်းဆိုးဝါးဖြစ်တယ်ဆိုတာ ရှင်းနေတာပဲ။ ဘုရားသခင်က ဒီလိုပြောတဲ့အတိုင်းပါပဲ။ “ယုံကြည်သူများနှင့် ဘာသာတရားမရှိသောသူများသည် ပင်ကိုအားဖြင့် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ကျွန်မတို့က သဟဇာတမဖြစ်တဲ့ လူနှစ်မျိုးသာဖြစ်ပြီး လုံးဝ ကွဲပြားခြားနားတဲ့ လမ်းကြောင်းနှစ်ခုပေါ် လျှောက်လှမ်းနေကြတာ။ ကျွန်မတို့နှစ်ယောက် လက်တွဲပြီး အတူတူ အိုမင်းသွားကြဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကျွန်မကတော့ မိုက်မိုက်မဲမဲနဲ့ ဒီအိမ်ထောင်ရေးကို စေ့စေ့စပ်စပ် ထိန်းသိမ်းနေတုန်းပဲ။ ဒါဟာ မကောင်းဆိုးဝါးနောက်ကို မျက်စိစုံမှိတ်ပြီး လိုက်နေတာ မဟုတ်ဘူးလား။ ကျွန်မ သိပ်ကို နားဝေတိမ်တောင်ဖြစ်ပြီး မိုက်မဲလွန်းပါတယ်။ ခင်ပွန်းသည်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းနေတာက ကျွန်မကို ဘုရားသခင်ကို ရှောင်ကြဉ်စေမယ်၊ ဘုရားသခင်ကို သစ္စာဖောက်စေမယ်၊ ပြီးတော့ ကိုယ့်ရဲ့ ကယ်တင်ခြင်းခံရမယ့် အခွင့်အရေးကို ဖြတ်တောက်လိုက်သလို ဖြစ်စေလိမ့်မယ်။ ချစ်ခြင်းမေတ္တာနဲ့ဆိုင်တဲ့ မှားယွင်းတဲ့ အမြင်နဲ့ အသက်ရှင်ပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို လိုက်စားတာက ကျွန်မရဲ့ ဘဝပေးတာဝန်လို့ မှတ်ယူခဲ့တယ်။ ခင်ပွန်းသည်ရဲ့ အနှစ်သာရကို ပိုင်းခြားစိတ်ဖြာဖို့ ကျွန်မ ဝန်လေးနေခဲ့တယ်။ အမှန်တရားတွေ ဖွင့်ပြတာမျိုး မရှိရင်၊ ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှု မရှိရင် ဒါကို ကျွန်မ အခုထိ မြင်နိုင်မှာ မဟုတ်သေးဘူး။ ကျွန်မ တကယ်ကို မျက်စိကန်းပြီး မသိနားမလည်ခဲ့တာပါ။ ဒီလို မှားယွင်းတဲ့ အတွေးအခေါ်တွေ၊ အမြင်တွေနဲ့ ကျွန်မ ဆက်ပြီး အသက်မရှင်နိုင်တော့ဘူး။ ခင်ပွန်းသည်က ကျွန်မကို ကွာရှင်းချင်ရင်တောင်မှ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ကျွန်မ ထမ်းဆောင်ရဦးမှာပဲ။ ဒါမှသာ ကျွန်မရဲ့ အထူးတာဝန် အစစ်အမှန် ဖြစ်တယ်။

ဝတ်ပြုနေတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ ကြားလိုက်ရတယ်။

သင့်နှလုံးသားထဲသို့ ဘုရားကို ဝင်ခွင့်ပေးလော့ကျူး

၁  သင်သည် သင်၏ စိတ်နှလုံးကို သူ့အား ဖွင့်ဟပေးမှသာ ဘုရားသခင်သည် သင့်စိတ်နှလုံးထဲသို့ ဝင်လာနိုင်ပေသည်။ သူသည် သင့်စိတ်နှလုံးထဲကို ဝင်ရောက်လာမှသာ၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သင်မြင်နိုင်ပြီး သင့်အတွက် သူ၏ရည်ရွယ်ချက်များကို သင်မြင်နိုင်သည်။ ထိုအချိန်တွင် ဘုရားသခင်နှင့်ပတ်သက်သော အရာတိုင်းသည် အလွန် တန်ဖိုးရှိသည်၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် အလွန် တန်ဖိုးထားထိုက်သည်ကို သင်တွေ့ရှိလာလိမ့်မည်။ ယင်းနှင့် နှိုင်းယှဉ်ပါက သင်၏ အနီးအနားရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပြင် သင်၏ ချစ်ခင်ရသောသူများ၊ သင်၏ အဖော်နှင့် သင် နှစ်သက်သော အရာများပင်လျှင် ထုတ်ဖော်ပြောရန် မထိုက်တန်ပေ။ ထိုအရာများသည် အလွန်သေးငယ်ပြီး အလွန်နိမ့်ကျသည်။ မည်သည့်ရုပ်ဝတ္ထုပစ္စည်းများမျှ သင့်ကို တစ်ဖန် ဆွဲဆောင်နိုင်မည် မဟုတ်၊ သို့မဟုတ် မည်သည့်ရုပ်ဝတ္ထုပစ္စည်းကမျှ ယင်းအတွက် အဖိုးအခကို ပေးဆပ်စေရန် သင့်ကို တစ်ဖန် ဖြားယောင်းနိုင်မည် မဟုတ်ဟု သင်ခံစားရလိမ့်မည်။ ဘုရားသခင်၏ နှိမ့်ချခြင်းတွင် သူ၏ကြီးမြတ်မှုနှင့် သူ၏ သာလွန်မှုကို သင်မြင်ရလိမ့်မည်။

၂  ထို့အပြင် ယခင်က အတော်အတန် သေးငယ်သည်ဟု သင်ယုံကြည်ခဲ့သည့် ဘုရားသခင်၏ လုပ်ဆောင်ချက်အချို့တွင် သူ၏အဆုံးမရှိသော ဉာဏ်ပညာနှင့် သူ၏သည်းခံခြင်းကို သင် မြင်ရလိမ့်မည်ဖြစ်ပြီး၊ သူ၏ စိတ်ရှည်မှု၊ သူ၏ သည်းခံမှုနှင့် သင့်အပေါ် သူ၏နားလည်မှုတို့ကို သင်မြင်ရလိမ့်မည်။ ဤအရာက သင့်အထဲတွင် သူ့အတွက် ကြည်ညိုမှုတစ်ခု ဖြစ်ပေါ်စေလိမ့်မည်။ ထိုနေ့တွင် လူသားမျိုးနွယ်သည် အင်မတန် ညစ်ညမ်းနေသော ကမ္ဘာလောကတစ်ခု၌ အသက်ရှင်နေသည်၊ သင့် နံဘေးရှိလူများနှင့် သင့်ဘဝ၌ ဖြစ်ပျက်သောအရာများ၊ ပြီးလျှင် သင်ချစ်သောသူများ၊ သင့်အတွက် ၎င်းတို့၏ချစ်ခြင်းမေတ္တာနှင့် ၎င်းတို့၏ ကွယ်ကာမှုဟု ခေါ်သောအရာများ၊ သို့မဟုတ် သင့်အတွက် ၎င်းတို့၏ ပူပန်မှုများပင်လျှင် ဖော်ပြရန် မထိုက်။ ဘုရားသခင်သာ သင်ချစ်ခင်မြတ်နိုးရသောသူဖြစ်ပြီး သင် တန်ဖိုးအထားဆုံးက ဘုရားသခင်သာဖြစ်သည်ကို သင် ခံစားရပါလိမ့်မည်။ ဘုရားသခင်၏ ချစ်ခြင်းသည် အလွန်ကြီးမြတ်ပြီး၊ သူ၏ အနှစ်သာရသည် အလွန်သန့်ရှင်းသည်။ ဘုရားသခင်၌ လှည့်စားခြင်း မရှိ၊ ဆိုးယုတ်ခြင်း မရှိ၊ မနာလိုခြင်း မရှိသကဲ့သို့၊ ခိုက်ရန်ဖြစ်ခြင်း မရှိဘဲ၊ ဖြောင့်မတ်ခြင်းနှင့် စစ်မှန်ခြင်းသာရှိပြီး ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းဖြစ်သော အရာရာတိုင်းကို လူသားတို့ တောင့်တသင့်ပေသည်။ လူသားတို့သည် ယင်းအတွက် ကြိုးပမ်းသင့်ပြီး ဆန္ဒပြင်းပြသင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ဒီဓမ္မသီချင်းကို ကြားရတော့ ကျွန်မ အရမ်း စိတ်လှုပ်ရှားမိတယ်။ လူတွေကြားက ချစ်ခြင်းမေတ္တာဆိုတာ အပြန်အလှန် အပေးအယူဆိုတဲ့ အခြေခံအုတ်မြစ်ပေါ်မှာ တည်ဆောက်ထားတာ။ ကျွန်မက ခင်ပွန်းသည်ကို အဖော်ပြုပေးပြီး သူ့ကိုရော၊ ကလေးတွေကိုပါ ပြုစုစောင့်ရှောက်ပေးတဲ့အချိန်တုန်းကတော့ သူက ကျွန်မကို ကောင်းကောင်း ဆက်ဆံတယ်။ ကျွန်မ သူ့ကို အချိန်ပြည့် မပြုစုနိုင်တော့တဲ့အခါ၊ ကျွန်မဆီကနေ အကျိုးအမြတ် မရတော့တဲ့အတွက် သူက စိတ်ဆိုးပြီး ကွာရှင်းချင်လာတယ်။ အဲဒီနှစ်တွေတုန်းက အိမ်ထောင်ရေးသုခကို ထိန်းသိမ်းဖို့အတွက်နဲ့ ကျွန်မ တာဝန်ကို ဘေးဖယ်ထားပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မ ပြုမူခဲ့တဲ့အတိုင်း ကျွန်မကို ပြန်မဆက်ဆံပါဘူး။ ဘုရားသခင်က ကျွန်မကို ကရုဏာနဲ့ ကျေးဇူးတော် ပြသဆဲဖြစ်ပြီး စာတန်ရဲ့ အကြံအစည်တွေကို မြင်နိုင်အောင် နှုတ်ကပတ်တော်နဲ့ ဉာဏ်အလင်းပေးခဲ့တယ်။ စာတန်က ထိခိုက်တာကို ကျွန်မ ထပ်မခံရအောင်လို့ မှားယွင်းတဲ့ အိမ်ထောင်ရေးအမြင်တွေထဲကနေ ဘုရားသခင်က ဆွဲထုတ်ပေးခဲ့တယ်။ ဘုရားသခင်တစ်ပါးတည်းသာ လူတွေကို အချစ်ဆုံးဖြစ်ပြီး ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကသာ စစ်မှန်ပြီး သန့်ရှင်းတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။

နောက်ပိုင်းမှာ ခင်ပွန်းသည်ကို ကွာရှင်းပေးဖို့ ကျွန်မ သဘောတူလိုက်တဲ့အခါကျတော့ သူက မကွာချင်တော့ဘူး။ ကျွန်မသာ အိမ်ပြန်လာမယ်ဆိုရင် အရင်တုန်းကလိုပဲ ကောင်းကောင်း ဆက်ဆံပါ့မယ်၊ ဘုရားသခင်ကို ယုံကြည်တာကိုလည်း နောက်ထပ် မတားတော့ပါဘူးလို့တောင် သူ ပြောလာတယ်။ ဘုရားသခင်ကို ကျွန်မ ယုံကြည်တာကို စွန့်လွှတ်အောင် ဖိအားပေးဖို့အတွက် သူက ခြိမ်းခြောက်တာ၊ အကြမ်းဖက်တာ၊ ကျိန်ဆဲတာတွေ အသုံးပြုခဲ့တာကို ကျွန်မ ပြန်စဉ်းစားမိတယ်။ အဲဒီနည်းလမ်းတွေ အလုပ်မဖြစ်ဘူးဆိုတာ မြင်တော့ ချိုသာတဲ့ စကားလုံးတွေသုံးပြီး ကျွန်မကို လှည့်စားဖို့ ကြိုးစားပြန်တယ်။ သူ့ရဲ့ လှည့်ကွက်တွေ ဘယ်လိုပဲ ပြောင်းပြောင်း သူ့ရဲ့ အနှစ်သာရကတော့ နတ်ဆိုးရဲ့ အနှစ်သာရပါပဲ။ ဘုရားသခင်ရဲ့ ရန်သူဖြစ်တဲ့ သူ့အနှစ်သာရက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။ သူ ကျွန်မကို ဘုရားမယုံအောင် တားဆီးဖို့ ကြိုးစားလာတာ ဆယ်စုနှစ်တစ်ခုတောင် ရှိပြီ။ တကယ်လို့ သူက ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုရင် ပြောင်းလဲတာ ကြာလှပြီပေါ့။ သူ့စကားကို ကျွန်မ ထပ်ယုံရင် အလိမ်ခံရပြီး အလှည့်စားခံလိုက်ရတာပဲရှိမယ်။ ပြီးတော့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်း ခံရမယ့် အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်။ ဒါကြောင့် သူပြောတာတွေကို ကျွန်မ လစ်လျူရှုလိုက်တယ်။ “ငါတို့ မကွာရှင်းဖြစ်ရင်တောင်မှ ငါ့ရဲ့တာဝန် ထမ်းဆောင်တာကို ဟန့်တားခွင့် သူ့ကို မပေးနိုင်ဘူး” လို့ တွေးလိုက်တယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်မ အသင်းတော်မှာ ကျွန်မတာဝန်တွေကိုပဲ အမြဲထမ်းဆောင်ခဲ့ပြီး စိတ်နှလုံးလည်း အေးချမ်းလာတယ်။ အိမ်ထောင်ရေးနဲ့ မိသားစုကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ တွေးနေတာတွေ ရပ်လိုက်တော့ ခင်ပွန်းသည်ရဲ့ ချုပ်ချယ်မှုနဲ့ အိမ်ထောင်ရေးရဲ့ ချည်နှောင်မှုတွေကနေ နောက်ဆုံးမှာ ကျွန်မ ရုန်းထွက်နိုင်ခဲ့တယ်။ အခုဆိုရင် ကျွန်မ လွတ်လွတ်လပ်လပ် ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်နိုင်ပြီ။ သူ့ရဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၉၄။ မိမိ၏တာဝန်တွင် လွယ်သော အလုပ်များကို ရွေးပြီး ခက်သော အလုပ်များကို ရှောင်ဖယ်ခြင်း၏ အကျိုးဆက်များ

နောက်တစ်ခုသို့- ၉၆။ ငွေကြေး၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်ဆိုသည့် ဝဲဂယက်ထဲကနေ လွတ်မြောက်ခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၂၁။ ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။