၉၆။ ငွေကြေး၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်ဆိုသည့် ဝဲဂယက်ထဲကနေ လွတ်မြောက်ခြင်း

တရုတ်ပြည်က ရှောင်လီ

ကျွန်တော်က သာမန်အလုပ်သမားအတန်းအစားမိသားစုမှာ မွေးဖွားခဲ့တာပါ။ ကျွန်တော့်မိဘတွေက ဟန်ဆောင်မှုကင်းပြီး ထူးခြားတဲ့ အရည်အချင်းတွေမရှိတဲ့ တာဝန်သိတတ်တဲ့သူတွေဖြစ်ပြီး ဆွေမျိုးတွေ၊ သူငယ်ချင်းတွေက သူတို့ကို အထင်သေးကြတယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါက ငါ့မိဘတွေလို တစ်သက်လုံး ဘာမှအရာမရောက်ဘဲ အထင်သေးခံရတဲ့အဖြစ်မျိုး အဖြစ်မခံနိုင်ဘူး။ ကြီးပွားအောင် ငါ ကြိုးစားရမယ်၊ အသက်မွေးဝမ်းကျောင်းတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားမယ်။ လူတွေကြားမှာ ငါက လူတွေရဲ့ အာရုံစိုက်မှုကို ခံရသူ ဖြစ်ချင်တယ်၊ ငါ့အကြောင်းပြောရင် လူတိုင်းက ချီးမွမ်းကြတာမျိုး ဖြစ်စေရမယ်” ပေါ့။

၂၀၁၇ ခုနှစ်မှာ ကျွန်တော် ကောလိပ်ကနေဘွဲ့ရပြီး အိမ်ခြံမြေကုမ္ပဏီတစ်ခုမှာ အတိုင်ပင်ခံအဖြစ် ဝင်လုပ်ခဲ့တယ်။ အဲဒီတုန်းက အိမ်ခြံမြေဈေးကွက်က အရမ်းကောင်းနေတာလေ။ အလုပ်သင်ကာလ ပထမဆုံးလမှာတင် ကျွန်တော် အိမ်သုံးလုံးကို အလွယ်တကူ ရောင်းနိုင်ခဲ့တယ်။ အိမ်တစ်လုံးရောင်းရတဲ့ ဘောနပ်စ်နဲ့ ကော်မရှင်ခက ကျွန်တော့်အတန်းဖော်တွေရဲ့ တစ်လစာနဲ့ ညီမျှတယ်။ ဒါနဲ့ ကျွန်တော် တွေးမိတာပေါ့၊ “ငါက ဘွဲ့ရတာနဲ့ ဝင်ငွေကောင်းတဲ့အလုပ်ကို တန်းရတာပဲ။ ငါ့အတန်းဖော်တွေအားလုံးထဲမှာ ငါက အဆင်အပြေဆုံးပဲ။ နောက်နှစ်နှစ်နေလို့ ငါပိုက်ဆံပိုရှာနိုင်တဲ့အခါကျရင် ငါ့အတန်းဖော်တွေနဲ့ သူငယ်ချင်းတွေ ငါ့ကို အားကျကြမှာပဲ” ပေါ့။ ၂၀၁၈ ခုနှစ်၊ မတ်လမှာ အိမ်ဈေးတွေ ထပ်တက်လာပြီး လူတွေက အိမ်ဝယ်ဖို့ ချက်ချင်းကို စိတ်အားထက်သန်လာကြတယ်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီလောကထဲက ရင်းနှီးမြှုပ်နှံသူ အတော်များများက အိမ်တွေ ဝယ်နေကြတာ။ သူတို့က ဈေးတွေမတက်ခင် အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံဖို့ ခရက်ဒစ်ကတ်တွေကို သုံးဖို့ စီစဉ်ကြတယ်၊ အိမ်ဈေးတွေ ထိုးတက်သွားဖို့ နှစ်နည်းနည်းလောက် စောင့်ပြီးရင် သူတို့ဝယ်ထားတဲ့ဈေးရဲ့ နှစ်ဆနဲ့ ပြန်ရောင်းကြမှာလေ။ ဒါကိုမြင်တော့ ကျွန်တော် အရမ်းအားကျမိတယ်။ အိမ်ခြံမြေဈေးကွက် ဒီလိုတက်နေတာကို ကျွန်တော် မမီလိုက်မှာ၊ ပြီးတော့ အိမ်ဈေးတွေ ဆက်တက်နေရင် ကျွန်တော် ဝယ်နိုင်မယ့်အခွင့်အရေးက ပိုပိုပြီး နည်းသွားမှာကို စိုးရိမ်ခဲ့တယ်။ ဒီလိုရှားပါးတဲ့ အခွင့်အရေးကောင်းကို လက်လွတ်လိုက်ရင် သူများတွေထက် သာလွန်အောင်လုပ်မယ့် ကျွန်တော့်ပန်းတိုင်ကို ဘယ်တော့မှ ရောက်နိုင်မလဲဆိုတာ မသိနိုင်တော့မှာကို ကျွန်တော် ကြောက်ခဲ့တယ်။ ပြီးတော့ ကျွန်တော် အိမ်ဝယ်လိုက်မှန်း ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ သိသွားရင် သူတို့က ကျွန်တော့်အပေါ် အမြင်တွေပြောင်းပြီး အရမ်းကိုလုပ်နိုင်လို့ ချီးမွမ်းကြမှာ သေချာတယ်။ ဒါနဲ့ ကျွန်တော် ချေးငွေယူပြီး အိမ်ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်တုန်းက အမေက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်နေပြီလေ။ ကျွန်တော် အိမ်ဝယ်ဖို့ စီစဉ်နေတာကို သူကြားတော့ ကျွန်တော့်ကို အကြံပေးတယ်။ “နောက်ဆုံးသော ကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်တဲ့ ဘုရားသခင်ရဲ့ အမှုတော်က ပြီးဆုံးတော့မယ်၊ ပြီးတော့ ဘေးအန္တရာယ်တွေက ပိုပိုကြီးလာတော့မှာ။ ဘေးအန္တရာယ်တွေ ကျရောက်လာတဲ့အခါ ဒီရုပ်ဝတ္ထုပစ္စည်းတွေကို သား ယူသွားနိုင်မှာမို့လို့လား။ ဘုရားသခင်ကို ယုံကြည်ဖို့၊ နှုတ်ကပတ်တော်တွေကို ပိုဖတ်ဖို့နဲ့ အသက်ကို လိုက်စားဖို့က ပိုအရေးကြီးတယ်။ ပြီးတော့ အမေတို့ မိသားစုမှာ ပိုက်ဆံ အဲလောက်အများကြီး ရှိတာမဟုတ်ဘူး၊ အိမ်ဝယ်ဖို့ ပိုက်ဆံက ဘယ်ကရမှာလဲ” တဲ့။ ဒါပေမဲ့ အဲဒီအချိန်တုန်းက အမေပြောတာ ဘာတစ်ခုမှ ကျွန်တော် နားမထောင်ခဲ့ဘူး၊ အမေက အမြော်အမြင်မရှိဘူးလို့ပဲ ကျွန်တော် ထင်ခဲ့တာ။ ဘေးအန္တရာယ်တွေ ဘယ်တော့ကျရောက်မယ်ဆိုတာ မသိနိုင်ဘူး၊ ပြီးတော့ ကျွန်တော်က ငယ်သေးတဲ့အတွက် အခုလက်ရှိ အရေးကြီးဆုံးအရာက ပိုက်ဆံရှာဖို့နဲ့ ထင်ပေါ်ကျော်ကြားဖို့ နည်းလမ်းရှာဖို့ပဲလို့ ထင်ခဲ့တယ်။ အဲဒါနဲ့ အိမ်ဝယ်ဖို့ ကျွန်တော် ချေးငွေယူလိုက်တယ်။ နောက်ပိုင်းကျတော့ လုပ်ဖော်ကိုင်ဖက်တွေ အထင်သေးတာ မခံရအောင်၊ ဖောက်သည်တွေရှေ့မှာ ကိုယ့်အဆင့်အတန်းကို ကြွားလို့ရအောင် ကားဝယ်ဖို့ နောက်ထပ် ချေးငွေတစ်ခု ထပ်ယူလိုက်တယ်။ ဒီခေတ်ကြီးမှာ ကားရှိ၊ အိမ်ရှိမှသာ အောင်မြင်တဲ့ဘဝရဲ့ စံနှုန်းဖြစ်ပြီး၊ အဲဒါရှိမှပဲ ဘယ်သွားသွား လူတွေရဲ့ လေးစားတာကို ခံရနိုင်မယ်လို့ ကျွန်တော် ထင်ခဲ့တာကိုး။ နောက်ပိုင်းမှာ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက ကျွန်တော့်ကို ချီးမွမ်းကြတယ်၊ “မင်း အဆင်ပြေနေတာပဲ၊ မင်း ချမ်းသာလာရင် ငါတို့ကို မမေ့နဲ့ဦးနော်” တဲ့။ ဒါကို ကြားတော့ ကျွန်တော် ကျေနပ်သွားပြီး ကျွန်တော့်ရဲ့ မာန်မာနက အကြီးအကျယ် ကျေနပ်အားရသွားတာပေါ့။ ပိုက်ဆံအများကြီးရှာနိုင်ပြီး ကြီးကြီးမားမား အောင်မြင်နေတဲ့လူတစ်ယောက်လို ထင်ရအောင်လို့ ကျွန်တော်က မဆင်မခြင်လည်း သုံးဖြုန်းပြီးတော့ အတော်အသင့်အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်ခဲ့တယ်။ စားသောက်ဆိုင်ကြီးတွေ၊ ဖျော်ဖြေရေးနေရာတွေ အကုန်လုံးမှာ၊ လူချမ်းသာတွေသွားတဲ့ နေရာတိုင်းမှာ ကျွန်တော့်ကို တွေ့ရမှာပဲ။ ရေကို သောက်သလိုမျိုး လွယ်လွယ်ကူကူနဲ့ အသင်းဝင်ကတ်တွေအတွက် ယွမ် ရာချီ၊ ထောင်ချီပြီးတော့တောင် ကျွန်တော် သုံးခဲ့တယ်။ ဒီလိုနဲ့ လစာရတာနဲ့ ခရက်ဒစ်ကတ်အကြွေးတွေနဲ့ လစဉ်အရစ်ကျငွေတွေ ဆပ်ဖို့ ချက်ချင်း သုံးလိုက်ရတာပဲ။ တစ်ခါတလေကျရင် ပိုက်ဆံတစ်ပြားမှ မစုနိုင်တဲ့အပြင် လိုငွေကိုတောင် စိုက်ရသေးတယ်၊ အဲဒါကြောင့် ခရက်ဒစ်ကတ်ဘေလ်တွေက တောင်လို ပုံလာတော့တာပဲ။ အစတုန်းကတော့ အကြွေးမဆပ်နိုင်ရင် ဘာဖြစ်မလဲဆိုပြီး ကျွန်တော် စိတ်ပူခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့် အရည်အချင်းနဲ့ဆိုရင် ပိုက်ဆံရှာဖို့က ပြဿနာမဟုတ်ဘူးလို့ တွေးမိတယ်။ ပြီးတော့ ပုံသေပိုင်ဆိုင်မှုအနေနဲ့ အိမ်တစ်လုံး ရှိနေသေးတာပဲ၊ နောက်နှစ်နှစ်လောက်နေလို့ ဈေးတက်ရင် အဲဒါကို ပြန်ရောင်းပြီး ပိုက်ဆံအများကြီး မြတ်နိုင်သေးတာပဲလေ။ ဒီလောက်ခိုင်မာတဲ့ ကျောထောက်နောက်ခံ ရှိနေတာ၊ ကျွန်တော် ဘာကြောက်စရာလိုမလဲ။ ဒါနဲ့ အဲဒါကို ကျွန်တော် ဆက်စိတ်မပူတော့ဘူး။

ဒါပေမဲ့ မထင်မှတ်ဘဲ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ မတော်တဆမှုတစ်ခုက ကျွန်တော့်ရဲ့ လှပတဲ့အိပ်မက်ကို လုံးဝ ရိုက်ချိုးပစ်လိုက်တယ်။ တစ်နေ့ အလုပ်ဆင်းတော့ လုပ်ဖော်ကိုင်ဖက် သုံးယောက်နဲ့ ကျွန်တော် သွားသောက်ကြတယ်။ အိမ်ပြန်လမ်းရောက်တော့ ယာဉ်မောင်းက အပျော်သဘောနဲ့ အရှိန်မြှင့်မောင်းတယ်။ သူက အရမ်းမြန်မြန်မောင်းနေတော့ အချိန်မီ ဘရိတ်မအုပ်နိုင်ဘဲ ကားက လမ်းဘေးကို ရောက်သွားပြီး အိမ်တစ်လုံးကို ဝင်တိုက်မိတယ်။ ကားက နေရာမှာတင် ပျက်စီးသွားပြီး ကျွန်တော်တို့ လေးယောက်လုံး ဆေးရုံပို့ခံလိုက်ရတယ်။ နောက်ဆုံးတော့ ယာဉ်မောင်းက အူပေါက်ပြီး အူတွင်းသွေးယိုတယ်၊ ရှေ့ခန်းကလူကတော့ ကျောရိုး အက်သွားတယ်။ ကံကောင်းတာက ကျွန်တော်က ယာဉ်မောင်းနောက်မှာ ထိုင်နေတာဆိုတော့ လေးယောက်ထဲမှာ ဒဏ်ရာအနည်းဆုံးပဲ၊ ညာဘက်လက်မောင်းရိုး အက်သွားတာပဲရှိတယ်။ ဒါပေမဲ့ ကျွန်တော့်ဘေးမှာထိုင်တဲ့ လုပ်ဖော်ကိုင်ဖက်ကတော့ အဲလောက် ကံမကောင်းခဲ့ဘူး။ အဲဒီအိမ်ရှေ့မှာ ဓာတ်တိုင်တစ်တိုင် ရှိနေတာ၊ ယာဉ်မောင်းက အိမ်ကို ရှောင်ဖို့ စတီယာရင်ကို ဘယ်ဘက် ဆွဲချိုးလိုက်တယ်။ ဒါကြောင့် နောက်ခန်းမှာထိုင်တဲ့ လုပ်ဖော်ကိုင်ဖက်က ဓာတ်တိုင်နဲ့ ပြင်းပြင်းထန်ထန် ရိုက်မိပြီး အသည်းပေါက်ထွက်သွားပြီး နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်။ အဲဒါကို တွေးမိတိုင်း ကျွန်တော် ကြက်သီးထမိတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော် တော်တော် လန့်သွားသလို ကံကောင်းတယ်လို့လည်း ခံစားရတယ်။ ကျွန်တော့်ကို လန့်သွားစေတာက လူ့အသက်ဆိုတာ တော်တော် မခိုင်မြဲပါလား၊ သေခြင်းတရားဆိုတာ မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားနိုင်ပါလား၊ ပြီးတော့ နောက်တစ်စက္ကန့်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါလား ဆိုတာတွေပဲ။ ကံကောင်းတာက ယာဉ်မောင်းသာ ညာဘက်ကို ဆွဲချိုးလိုက်ရင်၊ ဒါမှမဟုတ် ကျွန်တော်သာ လုပ်ဖော်ကိုင်ဖက်နေရာမှာ ထိုင်နေမိရင် သေတဲ့လူက ကျွန်တော် ဖြစ်သွားမှာ။ အဲဒီ ဘေးဒုက္ခကနေ ကျွန်တော် လွတ်မြောက်အောင်လို့ ဘုရားကပဲ မမြင်ရတဲ့ လက်နဲ့ စီစဉ်ထားသလိုမျိုး ကျွန်တော် ခံစားလိုက်ရတယ်။ ပြီးတော့ သေဆုံးသူရဲ့ မိသားစုက လျော်ကြေးတောင်းတယ်။ ဒီကိစ္စပြီးဖို့ ကျွန်တော်တို့ သုံးယောက်ပေါင်းပြီး လျော်ကြေး ယွမ် ရှစ်သိန်း စုပေးလိုက်ရတယ်။ အဲဒီအချိန်မှာ ကျွန်တော့်အကြွေးက ယွမ် သုံးသိန်းတောင် စုပုံနေပြီ။ ကားအကြွေး၊ အိမ်အကြွေးနဲ့ သိန်းချီနေတဲ့ ခရက်ဒစ်ကတ်ဘေလ်တွေအကြောင်း တွေးမိတိုင်း ကျွန်တော် တော်တော် စိတ်ဓာတ်ကျမိတယ်။ “ငါ့ဘဝရှေ့ရေး ဘယ်လိုဆက်ရှင်သန်ရပါ့မလဲ” လို့ ကျွန်တော် တွေးမိတယ်။ ခဏလောက် စိတ်မချမ်းမသာ ဖြစ်ပြီးတဲ့နောက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ပြန်အားတင်းပြီး ပိုက်ဆံရဖို့၊ အကြွေးဆပ်နိုင်ဖို့ အိမ်တွေ ဆက်ရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အဲဒီနောက်မှာပဲ ၂၀၂၀ အစပိုင်းမှာ ရုတ်တရက်ဖြစ်လာတဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-19 က ကျွန်တော့်ဘဝကို နောက်ထပ် သေလောက်တဲ့ ထိုးနှက်ချက်တစ်ခု ပေးလိုက်ပြန်တယ်။ မြို့ကို အကြာကြီး ပိတ်ထားတဲ့အတွက် လူတိုင်း အိမ်မှာပဲ ကွာရန်တင်း ဝင်နေရတယ်၊ အရောင်းရုံးခန်းက လူမရှိဘဲ ခြောက်ကပ်နေပြီး အရောင်းအဝယ်တွေ ရပ်ဆိုင်းသွားတယ်။ နောက်ပိုင်းကျတော့ ကုန်ကျစရိတ်လျှော့ချဖို့ ကုမ္ပဏီက ဝန်ထမ်းလစာ ၅၀ ရာခိုင်နှုန်းပဲ ပေးတော့တယ်။ ကျွန်တော် တွေးမိတယ်၊ “သွားပြီ။ ဒီတစ်ခါတော့ ငါ ပြန်နာလန်ထူနိုင်ဖို့ လမ်းမရှိတော့ဘူး။ ဒီလစာက ငါ့ရဲ့ လစဉ် ကားအကြွေး၊ အိမ်အကြွေးအတွက်တောင် မလောက်ဘူး၊ ပြီးတော့ စဉ်းစားစရာ ခရက်ဒစ်ကတ်ဘေလ် သိန်းချီက ရှိသေးတယ်။ ငါသာ ဆက်မဆပ်နိုင်ရင် ဘဏ်က အိမ်ကို သိမ်းပြီး လေလံပစ်တော့မှာ၊ အကြွေးမကျေရင် ငါ့နာမည်က စာရင်းမဲသွင်းခံရမယ်၊ အဲဒါဆို ငါ အကုန်ဆုံးရှုံးပြီပဲ” ပေါ့။ ကျွန်တော် အခုလေးတင် ဝယ်ထားတဲ့အိမ်ကို ပြန်ရောင်းဖို့ စဉ်းစားပေမဲ့ အဲဒီအချိန်မှာပဲ ဆောက်လုပ်ရေးလုပ်ငန်းရှင်က ဒေဝါလီခံကြောင်းကြေညာပြီး ထွက်ပြေးသွားပါလေရော၊ အိမ်တွေက မပြီးမစီး ကျန်ခဲ့ပြီး အိမ်အပ်မယ့်ရက်က အကန့်အသတ်မရှိ ကြန့်ကြာသွားတယ်။ လစဉ် ကားအကြွေး၊ အိမ်အကြွေးတွေကို ကာမိဖို့အတွက် ခရက်ဒစ်ကတ်တွေပေါ်ကနေ အရစ်ကျအစီအစဉ်တွေ အများကြီးယူဖို့ကလွဲပြီး ရွေးစရာမရှိတော့ဘူး။ အဲဒီအချိန်ကစပြီး အတိုးနှုန်းမြင့်မြင့်တွေနဲ့ ဝန်ပိနေပြီး အကြွေးနွံထဲမှာပဲ နစ်မွန်းနေရတော့တယ်။

အဲဒီအချိန်တုန်းက ကျွန်တော် စိတ်မချမ်းမသာဖြစ်ပြီး ဆက်ရှင်သန်ဖို့ သတ္တိတွေ ပျောက်ဆုံးခဲ့တယ်။ ဘဝနဲ့ပတ်သက်ပြီး လုံးဝ မျှော်လင့်ချက်မဲ့ခဲ့ရတယ်။ ကျွန်တော် ခဏခဏ တွေးမိတယ်၊ “ကားဝယ်၊ အိမ်ဝယ်တာက တကယ်တော့ ဘာအဓိပ္ပာယ်ရှိလို့လဲ။ အခုတော့ ကားက မသုံးရဘဲ ထိုးထားရတယ်၊ အိမ်ကလည်း မပြီးမစီးနဲ့ ရောင်းလို့မရဘူး။ အဲဒီ ကားအက်စီးဒင့်မှာသာ ငါသေသွားခဲ့ရင် ကားပိုင်တာ၊ အိမ်ပိုင်တာတွေက ဘာအဓိပ္ပာယ်ရှိမှာလဲ” ပေါ့။ ကျွန်တော် ဒုက္ခရောက်နေချိန်မှာ အမေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်တော့်ကို နောက်တစ်ခါ ထပ်ဟောတယ်။ သူက ပြောတယ်၊ “လူတွေရဲ့ အသက်တွေ အားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတာ။ သားအနေနဲ့ ဘုရားသခင်ရှေ့ကို လာပြီး နှုတ်ကပတ်တော်တွေကို အလေးအနက် ဖတ်ရှုသင့်တယ်။ သားမှာ ဘာအခက်အခဲတွေ၊ နာကျင်မှုတွေပဲရှိရှိ ဘုရားသခင်ကို လျှောက်ပြီး ဒီဆင်းရဲဒုက္ခကို ကျော်လွှားနိုင်အောင် ကူညီပေးဖို့ တောင်းလျှောက်သင့်တယ်” တဲ့။ အဲဒီအချိန်မှာ အမေ ကျွန်တော့်ကို ရွတ်ပြလေ့ရှိတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရမိတယ်။ “ဘေးအန္တရာယ်မျိုးစုံ တစ်ခုပြီး တစ်ခု ကျရောက်လိမ့်မည်။ နိုင်ငံအားလုံးနှင့် နေရာအားလုံး ဘေးအန္တရာယ်များ ကြုံတွေ့ရလိမ့်မည်။ ကပ်ရောဂါ၊ အစာခေါင်းပါးခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် နေရာတိုင်း၌ ဖြစ်လေ၏။ ဤဘေးအန္တရာယ်များသည် တစ်နေရာ၊ နှစ်နေရာ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်သကဲ့သို့ တစ်ရက်၊ နှစ်ရက်အတောအတွင်း ပြီးဆုံး သွားလိမ့်မည်လည်း မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် သာ၍ သာ၍ ကျယ်ပြန့်သော နယ်ပယ်အနှံ့ တိုးချဲ့လိမ့်မည် ဖြစ်ပြီး၊ သာ၍ သာ၍ ပြင်းထန်လာလိမ့်မည် ဖြစ်သည်။ ဤအချိန်ကာလ အတောအတွင်းတွင် ပိုးမွှားကပ်ဆိုး မျိုးစုံ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး ခပ်သိမ်းသော နေရာတို့၌ လူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ မြောက်မြားစွာသော တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆၅)) ဘေးအန္တရာယ်တွေ ပိုပိုကြီးလာမယ်လို့ ဘုရားသခင်က ဟိုးအရင်ကတည်းက ပြောထားတာ၊ အခု ဒီစကားတွေ ပြည့်စုံလာခဲ့ပြီလေ။ အရင်တုန်းက အမေက ဘုရားသခင်အပေါ် ယုံကြည်ခြင်းအကြောင်း ကျွန်တော့်ကို ပြောလေ့ရှိပေမဲ့ ကျွန်တော်က အမြဲတမ်း လျစ်လျူရှုခဲ့တာ၊ အိမ်ဝယ်၊ ကားဝယ်ဖို့ပဲ ဇွတ်တရွတ်လုပ်ခဲ့ပြီး သူများတွေ အားကျတာခံရဖို့ ထင်ပေါ်ကျော်ကြားအောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကိစ္စတွေက ကျွန်တော် ဆန္ဒရှိသလို ဖြစ်မလာခဲ့ဘူး။ ချေးငွေတွေဆပ်ဖို့ အိမ်ကို အရင်းအနှီးပြုမယ်ဆိုတဲ့ ကျွန်တော့်မျှော်လင့်ချက်တွေ ပျက်စီးသွားပြီး အကြွေးတွေ အများကြီးနဲ့ ဝန်ပိနေခဲ့တယ်။ ကပ်ရောဂါက တစ်ကမ္ဘာလုံး ပျံ့နှံ့ပြီး နေ့တိုင်း လူသောင်းချီ သေဆုံးနေတာ၊ ရာသီဥတုက တရစပ် ဆိုးရွားလာတာ၊ ပြီးတော့ ကမ္ဘာ့ဘေးအန္တရာယ်တွေနဲ့ စစ်ပွဲတွေ တစ်ခုပြီးတစ်ခု ဖြစ်ပွားနေတာတွေကြောင့် နောက်ဆုံးသော ကာလရဲ့ ကြီးမားတဲ့ ကပ်ဘေးတွေ ရောက်လာပြီဆိုတာ ကျွန်တော် တကယ် ခံစားလိုက်ရတယ်။ ကျွန်တော်သာ ဘုရားသခင်ကို မယုံကြည်သေးရင် တစ်နေ့ကျ ကျွန်တော်လည်း ဘေးအန္တရာယ်ထဲ ကျရောက်သွားနိုင်တာပဲ။ ကျွန်တော် မှားယွင်းတဲ့လမ်းအတိုင်း ခေါင်းမာမာနဲ့ ဆက်သွားလို့ မဖြစ်တော့ဘူး၊ ဒါနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို လုံ့လရှိရှိ ဖတ်ရှုဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းကျတော့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုခြင်းအားဖြင့် သမ္မာတရားတချို့ကို ကျွန်တော် နားလည်လာတယ်၊ ကျွန်တော့်စိတ်နှလုံးက မှီခိုရာ တွေ့သွားပြီး ဆက်အသက်ရှင်ဖို့ မျှော်လင့်ချက် ရလာတယ်။

လော့ခ်ဒေါင်း ကန့်သတ်ချက်တွေကို ယာယီ ရုတ်သိမ်းလိုက်တော့ ကျွန်တော့်အလုပ်က တဖြည်းဖြည်းချင်း ပုံမှန် ပြန်ဖြစ်လာတယ်။ ကျွန်တော်က ခရက်ဒစ်ကတ် အတော်များများအတွက် အရစ်ကျအစီအစဉ်တွေ လုပ်ထားတဲ့အတွက် လတိုင်း အတိုးတွေ အများကြီး တက်လာတယ်၊ ပြီးတော့ ကျွန်တော့်လစာ တစ်လစာလုံးနီးပါးက အဲဒါတွေ ဆပ်ဖို့ သုံးလိုက်ရတာနဲ့ ကုန်ရော။ အဲဒီတော့မှ ကျွန်တော် သဘောပေါက်လိုက်တာက ဘဏ်ရဲ့ အရစ်ကျအစီအစဉ်က အဲဒီအချိန်တုန်းကတော့ ပြန်ဆပ်ရမယ့်ဖိအားကို လျှော့ချပေးသလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ အတိုးကြီးစားတာပဲ။ ကျွန်တော်က အဆုံးမရှိတဲ့ အကြွေးနွံထဲ နစ်နေသလို ခံစားရတယ်၊ ကိစ္စတွေ ဒီလိုသာ ဆက်ဖြစ်နေရင် ပြန်ဆပ်လို့ ဘယ်တော့မှ ပြီးမှာမဟုတ်ဘဲ ကျွန်တော့်ရဲ့ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး အကြွေးဆပ်ဖို့ ကြိုးစားရင်းနဲ့ပဲ ကုန်ဆုံးသွားတော့မယ်လို့ ခံစားရတယ်။ လစဉ် ဘေလ်တွေကို ကြည့်ပြီး ကျွန်တော် မျက်ရည်မကျဘဲ မနေနိုင်ဘူး။ နာကျင်မှုတွေကြားထဲကနေ ကျွန်တော် ဘုရားသခင်ကို အော်ဟစ်တောင်းလျှောက်မိတယ်။ “ဘုရားသခင်၊ ကိုယ်တော့်ကို ယုံကြည်တာက ဘဝရဲ့ မှန်ကန်တဲ့ လမ်းကြောင်းဆိုတာ ကျွန်တော် သိပါတယ်၊ သမ္မာတရားကို အလေးအနက် လိုက်စားဖို့လည်း ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် ကျွန်တော့်မှာ လက်တွေ့အခက်အခဲတွေ ရှိနေပြီး ဘယ်လိုဖြေရှင်းရမလဲ မသိတော့ပါဘူး။ ကျွန်တော် အရမ်း နာကျင်ခံစားနေရပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်အတွက် လမ်းဖွင့်ပေးပါ” ပေါ့။ နောက်ပိုင်းမှာ မတော်တဆပဲ အွန်လိုင်းကနေ ဗီဒီယိုတွေ တည်းဖြတ်ပြီး ပိုက်ဆံရှာလို့ရတာ တွေ့လိုက်တယ်၊ ဒါနဲ့ အွန်လိုင်း ဗီဒီယိုတည်းဖြတ်တာကို စမ်းလုပ်ကြည့်တယ်။ အံ့သြစရာကောင်းတာက ကျွန်တော်တင်လိုက်တဲ့ ဗီဒီယိုတစ်ခုက ရုတ်တရက် ပေါက်သွားပါလေရော။ အဲဒီနောက်ပိုင်း ဗီဒီယိုတွေ ဆက်တည်းဖြတ်ပြီး ပလက်ဖောင်းတွေပေါ် တင်လိုက်တာ သုံးလအတွင်းမှာ ယွမ် တစ်သိန်းနီးပါးလောက် ရလိုက်တယ်၊ အဲဒါက ကျွန်တော့်ရဲ့ ငွေကြေးဖိအားကို အများကြီး သက်သာသွားစေတယ်။ ကျွန်တော် တော်တော် စိတ်လှုပ်ရှားသွားတယ်။ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို ကျွန်တော် တကယ် တွေ့ကြုံခံစားခဲ့ရတယ်။ ဘုရားသခင်က ကျွန်တော့်ဆုတောင်းသံကို ကြားပြီး အခက်အခဲတွေကို ကျော်လွှားနိုင်အောင် ကူညီပေးခဲ့တာပါ။ ပြီးတော့ စုဝေးဖို့နဲ့ နှုတ်ကပတ်တော်တွေ ဖတ်ဖို့ အချိန်ပိုရလာတယ်။ ဒါနဲ့ ကျွန်တော် အလုပ်ကနေ ချက်ချင်း ထွက်လိုက်တယ်၊ ဗီဒီယို တည်းဖြတ်နေရင်းနဲ့ပဲ စုဝေးပွဲတွေတက်ဖို့ အချိန်ပိုပေးလိုက်တယ်။ အလုပ်ထွက်ပြီး မကြာခင်မှာပဲ ခေါင်းဆောင်က ကျွန်တော့်ကို စာပေတာဝန် ထမ်းဆောင်ဖို့ စီစဉ်ပေးတယ်၊ ကျွန်တော် တော်တော် စိတ်လှုပ်ရှားမိတယ်။ နေ့ဘက်ဆို စုဝေးပြီး တာဝန်ထမ်းဆောင်တယ်၊ ညဘက်ကျတော့ အကြွေးဆပ်ဖို့ ဗီဒီယိုတည်းဖြတ်ပြီး ပိုက်ဆံရှာတာပေါ့။ နောက်ပိုင်းကျတော့ စိစစ်ရမယ့် ဆောင်းပါးတွေ များလာပြီး ဗီဒီယိုတည်းဖြတ်ဖို့ အချိန်ပို မပေးနိုင်တော့ဘူး။ နှစ်ရက်နေမှ ဗီဒီယိုတစ်ပုဒ် တင်ရာကနေ ငါးရက်နေမှ တစ်ပုဒ်ပဲ တင်နိုင်တော့တယ်၊ တစ်ခါတလေ အားလပ်ရက်တွေမှာ ဖောက်သည်တွေက နောက်ဆုံးမိနစ်ကျမှ ဗီဒီယိုတည်းဖြတ်ဖို့ အရေးတကြီး လိုတဲ့အခါမျိုးမှာ ကျွန်တော့်ကို ဆက်သွယ်မရတော့ တခြားလူဆီ သွားကြရော၊ အဲဒါနဲ့ အော်ဒါတွေ အများကြီး လွတ်ကုန်တာပေါ့။ ဝင်ငွေ တဖြည်းဖြည်း လျော့လာတာကို မြင်တော့ ကျွန်တော့်စိတ်က ပြောင်းလဲစပြုလာတယ်။ ကျွန်တော် တွေးမိတယ်၊ “ငါ့တာဝန်က တကယ်ပဲ ငါ့အချိန်တွေကို ယူနေတာပဲ။ ပိုက်ဆံရှာဖို့ ဒီအခွင့်အရေးကို နောက်ဆုံးတော့ ငါရပြီ၊ ဒါက ငါ ပြန်နာလန်ထူနိုင်ဖို့ တစ်ခုတည်းသော ခုတုံး ဖြစ်နိုင်တယ်။ နောက်ထပ် တစ်နှစ်လောက်သာ ငါ ဒီအတိုင်း ဆက်လုပ်ရင် ကြွေးတွေ အကုန်ကျေမယ့်အပြင်၊ ငွေကြေးလွတ်လပ်မှုရပြီး ဆွေမျိုးတွေ သူငယ်ချင်းတွေရဲ့ အထင်ကြီးမှုကို ပြန်ရမှာ။ ပိုက်ဆံရှာဖို့ ဒီအခွင့်အရေးကို လွတ်သွားရင် ငါ ဘယ်လောက်ကြာကြာ ထပ်စောင့်ရမလဲ ဘယ်သူသိမှာလဲ။ ငါ ဒီအတိုင်း လွယ်လွယ်နဲ့ လက်မလွှတ်နိုင်ဘူး။ ပြီးတော့ ပိုက်ဆံလုံလောက်အောင် ရှာနိုင်မှပဲ ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ စိတ်ငြိမ်မှာလေ။ မဟုတ်ရင် အကြွေးပြဿနာကြောင့် ငါ စိတ်ရှုပ်နေရပြီး တာဝန်အပေါ် အာရုံစိုက်နိုင်မှာ မဟုတ်ဘူး” ပေါ့။ နောက်ပိုင်းကျတော့ နေ့တိုင်း တာဝန်ထမ်းဆောင်နေပေမဲ့ စိတ်ထဲမှာတော့ ဗီဒီယိုတွေအတွက် စာသား ဘယ်လိုရေးရမလဲဆိုတာပဲ တစ်ချိန်လုံး တွေးနေမိတယ်။ အိမ်ရောက်ရင် ကွန်ပျူတာရှေ့ထိုင်ပြီး ကုန်ကြမ်းတွေရှာ၊ ဗီဒီယိုတွေ တည်းဖြတ်တာပဲ လုပ်တော့တယ်၊ ညီအစ်ကိုမောင်နှမတွေ ပို့ထားတဲ့ ဆောင်းပါးတွေကို စိစစ်ဖို့အတွက် အလုပ်ရှုပ်ခံပြီး အချိန်မပေးတော့ဘူး။ သုံးလအတွင်းမှာ ဆောင်းပါးတစ်ပုဒ်တောင် အထက်ကို မတင်ဖြစ်ခဲ့ဘူး။

၂၀၂၃ ဖေဖော်ဝါရီလရဲ့ နေ့တစ်နေ့မှာ ဗီဒီယိုပလက်ဖောင်းတစ်ခုက ဗီဒီယိုတစ်ခုဖန်တီးပေးဖို့ ကျွန်တော့်ကို ဖိတ်ခေါ်တယ်။ ကျွန်တော်က လေးနာရီအတွင်းမှာပဲ ဗီဒီယိုကို ပြီးအောင်လုပ်လိုက်တယ်၊ မထင်မှတ်ဘဲ ဗီဒီယိုတင်ပြီးတာနဲ့ ချက်ချင်း ပေါက်သွားပါလေရော၊ ခုနစ်ရက်အတွင်းမှာပဲ အသားတင်ဝင်ငွေ ယွမ် တစ်သိန်းသုံးသောင်း ရလိုက်တယ်၊ အဲဒါနဲ့ ကျွန်တော့်အကြွေး တစ်ဝက်ကျေသွားတယ်။ ကျွန်တော် တွေးမိတယ်၊ “ဒီနှုန်းနဲ့ ပိုက်ဆံရှာနိုင်ရင် နောက်ထပ် ခြောက်လလောက် ငါ ဆက်ကြိုးစားလိုက်တာနဲ့ အကြွေးတွေအကုန် ကျေတော့မှာ၊ အဲဒီအခါကျရင် ကျော်ကြားမှုနဲ့ အကျိုးအမြတ် နှစ်ခုလုံးကို ငါ ပြန်ရနိုင်ပြီး ဆွေမျိုးတွေ သူငယ်ချင်းတွေရဲ့ အထင်ကြီးမှုကို ပြန်ရတော့မှာ။ အရင်ကလို ကြီးပွားချမ်းသာပြီး အထင်ကြီးခံရတဲ့ နေ့ရက်တွေဆီ ငါ ပြန်သွားနိုင်မှာ။ ဒီလောက် ရှားပါးတဲ့ အခွင့်အရေးကို ငါ လက်လွတ်ခံလို့ မဖြစ်ဘူး။ ပိုက်ဆံရှာဖို့ အချိန်ကို ရသလောက်ယူရမယ်။ ပြီးတော့ တာဝန်ထမ်းဆောင်တဲ့အချိန်ကို လျှော့ချရမယ်” ပေါ့။ ဒါပေမဲ့ ဒီလိုတွေးလိုက်တော့ ကျွန်တော် စိတ်မသန့်ဖြစ်သွားတယ်။ အကြွေးတွေနွံနစ်ပြီး လမ်းစပျောက်နေတုန်းက၊ ရှင်နေတာထက် သေတာကမှ ပိုကောင်းမယ်လို့ ခံစားခဲ့ရတုန်းက အချိန်တွေကို ပြန်တွေးမိတယ်။ ယုံကြည်ခြင်းလမ်းကြောင်းပေါ် ရောက်လာအောင် ကျွန်တော့်ကို လမ်းပြပေးခဲ့တာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။ ကျွန်တော့်အတွက် လမ်းဖွင့်ပေးဖို့နဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင် ကူညီပေးဖို့ ကျွန်တော် ဘုရားသခင်ကို ဆုတောင်းခဲ့ဖူးတယ်၊ ပြီးတော့ ဘုရားသခင်ကို ကောင်းကောင်း ယုံကြည်ပြီး သမ္မာတရားကို လိုက်စားဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ အခု၊ ဘုရားသခင်က ကျွန်တော့်အတွက် လမ်းဖွင့်ပေးပြီးပြီ၊ အကြွေးတွေ အများကြီးဆပ်နိုင်အောင်လည်း ကူညီပေးပြီးပြီ။ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်နောက်ကို ကျွန်တော် ဆက်လိုက်နေမယ်ဆိုရင် ဒါ ဘုရားသခင်ကို လှည့်စားတာ မဟုတ်ဘူးလား။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားဖို့ ပိုက်ဆံရမယ့် နည်းလမ်းပေါင်းစုံကို ကျွန်တော် ဘယ်လို ကြိုးစားခဲ့တယ်ဆိုတာလည်း တွေးမိတယ်၊ ဒါပေမဲ့ အဆုံးကျတော့ ပိုက်ဆံမရှာနိုင်တဲ့အပြင် ကားအက်စီးဒင့်ကြောင့် အများကြီးတောင် ဆုံးရှုံးခဲ့ရသေးတာလေ။ အခုကျတော့ လေးနာရီအတွင်း ပြီးအောင်လုပ်လိုက်တဲ့ ဗီဒီယိုတစ်ခုကနေ တစ်နှစ်စာဝင်ငွေနီးပါး ကျွန်တော် ရှာနိုင်ခဲ့တယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာပါပဲ။ လူတစ်ယောက် တစ်သက်တာမှာ ပိုက်ဆံဘယ်လောက်ရှာနိုင်မယ်ဆိုတာကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးသားဆိုတာ ကျွန်တော် မြင်သွားတယ်။ ပိုက်ဆံရှာဖို့ အချိန်မတန်သေးရင်၊ ပိုက်ဆံရဖို့ ကိုယ့်ကိုယ်ကိုယ် အသေအလဲ လုပ်ရင်တောင်မှ နည်းလမ်းအမျိုးမျိုးနဲ့ ပြန်ဆုံးရှုံးသွားမှာပဲ။ ဒါပေမဲ့ ပိုက်ဆံရှာဖို့ အချိန်တန်တဲ့အခါကျတော့ ဘာမှ သိပ်အားစိုက်စရာမလိုဘဲ ရနိုင်တာပဲ။ ကျွန်တော်က ပိုက်ဆံအများကြီးရှာဖို့ ကိုယ့်အရည်အချင်းကိုပဲ အမြဲ အားကိုးချင်ခဲ့တာ၊ ဒါပေမဲ့ ပိုက်ဆံအများကြီးရဖို့ ကျွန်တော့်မှာ ကံမပါရင် ဘယ်လောက်ပဲ ကြိုးစားပါစေ အဆုံးမှာ အချည်းနှီးဖြစ်မှာပဲ။ အဲဒါကို တွေးမိပြီး ကျွန်တော် ချက်ချင်း ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ အခု ကျွန်တော်ရှာတဲ့ ပိုက်ဆံတွေအားလုံးက ကျွန်တော့်အကြွေးသက်သာအောင် ကိုယ်တော် လမ်းဖွင့်ပေးထားတာပါ၊ ကိုယ်တော့်ကို ကောင်းကောင်း ယုံကြည်ပြီး တာဝန်ထမ်းဆောင်ခွင့်ပေးထားတာပါ၊ ဒါပေမဲ့ ပိုက်ဆံရှာဖို့ စုံစမ်းသွေးဆောင်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော် လက်မလွတ်နိုင်ဖြစ်နေပါတယ်။ ကိုယ်တော် ကျွန်တော့်ကို လမ်းပြပြီး ကိုယ်တော့်ရည်ရွယ်ချက်ကို နားလည်စေဖို့၊ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ရှာတွေ့စေဖို့ မစတော်မူပါ” ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ဘယ်လို လက်တွေ့လုပ်ဆောင်ရမလဲဆိုတာ ကျွန်တော် သိလိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်သည် လူတို့အား အစားအစာ၊ အဝတ်အထည်နှင့်ပတ်သက်၍ ရောင့်ရဲသင့်သည်ဟု အချိန်ကြာမြင့်စွာက ပြောပြီးဖြစ်သည်။ မည်သည့် အလုပ်အကိုင်တွင် သင် ပါဝင်သည်ဖြစ်စေ၊ ထိုအလုပ်အကိုင်ကို အသက်မွေးမှုလုပ်ငန်းတစ်ခုအဖြစ် သဘောမထားနှင့်၊ ပြီးလျှင် ထိုအရာကို လုပ်ငန်းတစ်ရပ်သို့ စတင်တက်လှမ်းရာတစ်ခု သို့မဟုတ် ထင်ပေါ်ကျော်စောခြင်းအဖြစ်သို့ ရောက်ရန်၊ ကြွယ်ဝချမ်းသာမှုကို စုဆောင်းကာ ဇိမ်ရှိစွာ အသက်ရှင်ရန် နည်းလမ်းတစ်ခုအဖြစ် မမြင်နှင့်။ မည်သည့် အလုပ် သို့မဟုတ် အလုပ်အကိုင်တစ်ခုတွင် သင် ပါဝင်သည်ဖြစ်စေ၊ သင်၏ အသက်မွေးဝမ်းကျောင်းကို ထောက်ပံ့ရန် နည်းလမ်းတစ်ခုအဖြစ် ထိုအရာကို လုံးဝဥဿုံ မြင်ခြင်းက လုံလောက်ပေသည်။ ထိုအရာက သင်၏ အသက်မွေးဝမ်းကျောင်းကို ထောက်ပံ့ပေးနိုင်ပါက၊ မည်သည့်အချိန်တွင် ရပ်တန့်ပြီး၊ ကြွယ်ဝချမ်းသာမှုများ မလိုက်စားတော့ဘဲ နေရမည်ကို သင် သိသင့်သည်။ လစဉ်ယွမ်နှစ်ထောင် ရရှိခြင်းသည် သင်၏ တစ်နေ့ အစာအသုံးနပ်နှင့် ဘဝ၏ အခြေခံလိုအပ်ချက်များကို ဖူလုံစေရန် လုံလောက်ပါက၊ သင် ရပ်သင့်ပြီး၊ သင့်အလုပ်၏ နယ်ပယ်ကို ချဲ့ထွင်ရန် မကြိုးစားသင့်ပေ။ သင့်ထံတွင် အထူး လိုအပ်ချက်များ တစ်ခုတလေ ရှိပါက၊ လိုအပ်သည့်အရာများကို ဖြည့်ဆည်းရန် နောက်ထပ် အချိန်ပိုင်း အလုပ်ဆိုင်းများ သို့မဟုတ် ယာယီ အလုပ်တစ်ခုကို ယူသင့်သည်။ ယင်းမှာ လက်ခံနိုင်ဖွယ် ဖြစ်သည်။ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်မှာ ဤသို့ဖြစ်သည်။ မည်သည့် အလုပ်အကိုင်တွင် သင် ပါဝင်သည်ဖြစ်စေ၊ ထိုအလုပ်အကိုင်က အသိပညာ သို့မဟုတ် နည်းပညာ ကျွမ်းကျင်မှုများ ပါဝင်သည်ဖြစ်စေ၊ ထိုအလုပ်အကိုင်သည် ကျိုးကြောင်းသင့်ကာ တရားဝင်ဖြစ်သရွေ့၊ သင်၏ စွမ်းဆောင်နိုင်မှုများအတွင်းတွင်ရှိသရွေ့၊ ထိုအလုပ်အကိုင်က ကာယ အလုပ်ကြမ်း တစ်ခုတလေ တောင်းဆိုပြီး၊ သင်၏ အသက်မွေးဝမ်းကျောင်းကို ထောက်ပံ့ပေးနိုင်ပါက၊ ထိုမျှသည် လုံလောက်ပေသည်။ သင်ပါဝင်သည့် အလုပ်အကိုင်ကို ဇာတိပကတိ၌ရှိသော သင်၏ ဘဝကို ဖြည့်ဆည်းကာ ထိုသို့ဖြင့် မိမိကိုယ်ကို စုံစမ်းသွေးဆောင်ခြင်း သို့မဟုတ် နွံအိုင်ထဲသို့ ကျဆင်းသွားစေဖို့အတွက် သို့မဟုတ် ပြန်လမ်းမရှိသည့် လမ်းကြောင်းတစ်ခုဆီသို့ သင့်ကို ဆိုက်ရောက်စေဖို့အတွက် သင်၏ ကိုယ်ပိုင် စိတ်ကူးယဉ်များနှင့် စိတ်ဆန္ဒများကို အကောင်အထည်ဖော်ခြင်းအတွက် လှေကားထစ်တစ်ခုအဖြစ်သို့ မပြောင်းလဲနှင့်။ လစဉ် ယွမ်နှစ်ထောင် ရှာခြင်းသည် သင်၏ ကိုယ်ရေးကိုယ်တာ ဘဝ သို့မဟုတ် သင့်မိသားစု၏ ဘဝကို ထောက်ပံ့ပေးရန် လုံလောက်ပါက၊ ထိုအလုပ်ကို သင် ထိန်းသိမ်းသင့်ပြီး ကျန်ရှိသည့် အချိန်ကို ဘုရားသခင်၌ ယုံကြည်ခြင်းအား လက်တွေ့လုပ်ဆောင်ရန်၊ စုဝေးပွဲများ တက်ရောက်ရန်၊ မိမိ၏ တာဝန်များကို ထမ်းဆောင်ရန်နှင့် သမ္မာတရား လိုက်စားရန် အသုံးပြုသင့်ပေသည်။ ဤသည်မှာ သင်၏ တာဝန်၊ ယုံကြည်သူတစ်ဦး၏ တန်ဖိုးနှင့် အဓိပ္ပာယ် ဖြစ်သည်။...သင်သည် ဘုရားသခင်၌ သင်၏ ယုံကြည်မှုအတွက် ဆုလာဘ်များ ပိုင်ဆိုင်ရန် ဆန္ဒရှိပါက၊ သမ္မာတရားကို သင် ရရှိလိုပါက၊ ထိုအရာသည် အချိန်နှင့် အားအင်ကို အရယူရန် သင်၏ ကိုယ်ပိုင် အားထုတ်မှုများအပေါ် မူတည်ပေသည်။ ဤသည်မှာ ရွေးချယ်မှုနှင့်ဆိုင်သော ကိစ္စတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် သင့်အား ပုံမှန် ဘဝတစ်ခုကို ထောက်ပံ့ခြင်းကို တားမြစ်ပိတ်ပင်ခြင်း မရှိ။ သင်၏ ဝင်ငွေသည် ကိုယ်ခန္ဓာ ရှင်သန်မှုနှင့် ဘဝ လှုပ်ရှားမှုများကို ထောက်ပံ့ပေးလျက်၊ အစားအစာနှင့် အနွေးဓာတ်အတွက် ဖူလုံရန် လုံလောက်ပေသည်။ သင်၏ ဆက်လကရှင်သန်ရပ်တည်မှုကို ထောက်ပံ့ပေးရန် လုံလောက်ပေသည်။ သို့ရာတွင် သင်သည် ရောင့်ရဲခြင်းမရှိပေ။ သင်သည် အမြဲ ပို၍ ရရှိလိုသည်။ ထို့နောက် သင်၏ အားအင်နှင့် အချိန်သည် ဤငွေပမာဏ၏ ယူဆောင်သွားခြင်း ခံရလိမ့်မည်။ ယင်းတို့သည် မည်သည့်အရာအတွက် ယူဆောင်သွားခြင်း ခံရသနည်း။ သင်၏ ရုပ်ပိုင်းဆိုင်ရာ ဘဝ အဆင့်အတန်းကို မြှင့်တင်ရန်ဖြစ်သည်။ သင်၏ ရုပ်ပိုင်းဆိုင်ရာ ဘဝ အဆင့်အတန်းကို သင် တိုးတက်စေသည်နှင့်အမျှ၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှ သင်ရရှိသည့်အရာ လျော့နည်းလာပြီး တာဝန်များကို ထမ်းဆောင်ခြင်းအတွက် သင်၏ အချိန် ကုန်ဆုံးကာ နေရာယူခြင်းခံရလေသည်။ မည်သည့်အရာက နေရာယူသနည်း။ ကောင်းမွန်သည့် ရုပ်ပိုင်းဆိုင်ရာ ဘဝတစ်ခုကို လိုက်စားခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်ခြင်းတို့က နေရာယူခြင်းကို ခံရပေသည်။ ထိုအရာသည် ထိုက်တန်ပါသလော။ (မထိုက်တန်ပါ။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၀))ကမ္ဘာလောကတွင်၊ လူတို့ ပါဝင်သည့် အလုပ်အကိုင်တိုင်းသည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ရုပ်ပိုင်းဆိုင်ရာ မွေ့လျော်ခံစားမှုတို့နှင့် ဆက်စပ်နေသည်။ ပိုများသော ငွေများကို လူတို့ ရှာကြသည့် အကြောင်းရင်းမှာ ကိန်းဂဏာန်းတစ်ခုခုကို စွမ်းဆောင်ရရှိရန် မဟုတ်ဘဲ၊ ထိုငွေများကို ရှာခြင်းမှတစ်ဆင့် မိမိတို့၏ ရုပ်ပိုင်းဆိုင်ရာ မွေ့လျော်ခံစားမှုကို တိုးတက်စေရန်နှင့် အများက သိရှိသည့် ကြွယ်ဝချမ်းသာသော လူများ ဖြစ်လာရန်အတွက်လည်း ဖြစ်ပေသည်။ ဤသို့ဖြင့် ၎င်းတို့တွင်အခြေခံ လိုအပ်ချက်များနှင့်ဆိုင်သည့် အပိုင်းအခြားကို ကျော်လွန်သော အရာအားလုံးဖြစ်သည့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ရာထူး ရှိကြလိမ့်မည် ဖြစ်သည်။ လူတို့ပေးသည့် မည်သည့် အဖိုးအခမဆိုသည်၊ ရုပ်ပိုင်းဆိုင်ရာ မွေ့လျော်ခံစားမှုအတွက် ဖြစ်သည်။ ထိုအရာတစ်ခုမျှ အဓိပ္ပာယ်မရှိ။ အားလုံးသည် အိမ်မက်တစ်ခုကဲ့သို့ အနှစ်မဲ့၏။ အဆုံးတွင် ၎င်းတို့ ရရှိသည့်အရာမှာ အနှစ်မဲ့ခြင်း သက်သက် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၀)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ပြပေးတယ်။ ကျွန်တော့်ရဲ့ အလုပ်ကို တစ်ရှိန်ထိုး ကြီးပွားလာဖို့၊ ဒါမှမဟုတ် ပြန်နာလန်ထူဖို့ ခုတုံးတစ်ခုအနေနဲ့ သဘောမထားသင့်ဘူး၊ ပြီးတော့ စားစရာ၊ ဝတ်စရာ လုံလောက်တာနဲ့ပဲ ကျွန်တော် ရောင့်ရဲသင့်တယ်။ ကျွန်တော့်အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်တော့်တာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားလိုက်စားဖို့အတွက် အချိန်နဲ့ အားအင်ပိုရှိနိုင်ဖို့၊ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားတဲ့ ဝဲဂယက်ထဲ ပြန်ရောက်သွားတာကို ရှောင်နိုင်ဖို့အတွက် ပုံမှန်အသက်တာတစ်ခုကို ထိန်းသိမ်းထားဖို့ပါ။ ဗီဒီယိုတည်းဖြတ်တာက ဝင်ငွေအများကြီးရပြီး အကြွေးတော်တော်များများကို မြန်မြန်ဆန်ဆန် ဆပ်နိုင်တာကို တွေ့လိုက်တော့ ကျွန်တော်က ဗီဒီယိုတွေ တည်းဖြတ်ပြီး ပိုက်ဆံပိုရှာချင်လာတယ်၊ အကြွေးကျေဖို့တင် မဟုတ်ဘူး၊ ပြန်နာလန်ထူပြီး ဆွေမျိုးတွေ သူငယ်ချင်းတွေရဲ့ အထင်ကြီးမှုကို ပြန်ရဖို့အတွက်ပါ ရည်ရွယ်ခဲ့တာလေ။ အဲဒါနဲ့ ကျွန်တော့်စိတ်နဲ့အချိန်အားလုံးကို ဗီဒီယိုတည်းဖြတ်တဲ့အပေါ်မှာပဲ ပုံအောလိုက်တော့ ကျွန်တော့်တာဝန်တွေကို တွေးတာ၊ ထည့်စဉ်းစားတာ မရှိခဲ့ဘူး။ ကျွန်တော့်တာဝန်တွေ များလာတဲ့အခါ ကျွန်တော် စိတ်ထဲမှာ အတိုက်အခံဖြစ်လာတယ်၊ ပိုက်ဆံရှာဖို့ အချိန်ပိုသုံးချင်တာသက်သက်ကြောင့်လေ။ ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် ကျွန်တော့်အချိန်နဲ့အင်အား အားလုံးကို ပိုက်ဆံရှာဖို့ပဲ သုံးလိုက်တယ်။ ကျွန်တော့်တာဝန်တွေကို လုံးဝ ထည့်မစဉ်းစားမိဘဲ သမ္မာတရားရရှိဖို့ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော်သာ ဒီအတိုင်း ဆက်သွားရင်၊ တစ်သောင်းရရင် တစ်သိန်းလိုချင်၊ တစ်သိန်းရပြန်ရင်လည်း ပိုလိုချင်နဲ့၊ ကျွန်တော့်ဆန္ဒတွေက အဆုံးမရှိဘဲ ဘယ်တော့မှ ကျေနပ်နိုင်မှာမဟုတ်ဘူး။ အဆုံးကျတော့ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ ချုပ်ကိုင်တာကို ခံရပြီး ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ဆိုတဲ့ ဝဲဂယက်ထဲကို ပြန်ကျသွားမှာပဲ။ အနာဂတ်မှာ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ကျွန်တော် တကယ်ရသွားရင်တောင်မှ ဘုရားသခင်နဲ့ ပိုဝေးကွာသွားမယ်၊ တာဝန်ထမ်းဆောင်တာ ရပ်သွားမယ်၊ ပြီးတော့ သမ္မာတရားကို နားလည်နိုင်မှာ မဟုတ်တော့ဘူး။ ဒီလိုပုံစံနဲ့ အသက်ရှင်ရတာ ဘာအဓိပ္ပာယ်ရှိမှာလဲ။ ကျွန်တော် အကူအညီမဲ့ပြီး မျှော်လင့်ချက်မရှိဖြစ်နေတုန်းက၊ ဆက်အသက်ရှင်ဖို့ မျှော်လင့်ချက်ပေးခဲ့တာ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုပါပဲ၊ ကျွန်တော် အကြွေးနွံထဲနစ်ပြီး လမ်းစပျောက်နေတုန်းကလည်း ဘုရားသခင်က ကျွန်တော့်အတွက် လမ်းဖွင့်ပေးခဲ့တာ၊ ပိုက်ဆံရှာပြီး ကျွန်တော့်ရဲ့ လက်တွေ့အခက်အခဲတွေကို ဖြေရှင်းနိုင်စေခဲ့တာ၊ ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ အချိန်နဲ့အင်အား ရှိစေခဲ့တာပါ။ ဒါပေမဲ့ အခုကျတော့ ငွေကြေးစုံစမ်းသွေးဆောင်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ ပိုက်ဆံအကြီးအကျယ်ရှာပြီး ထင်ပေါ်ကျော်ကြားဖို့ ကျွန်တော် ပြန်ဆန္ဒရှိလာပြန်တယ်။ ကျွန်တော်က ကျွန်တော့်တာဝန်ကို ဝတ်ကျေတမ်းကျေလုပ်ပြီး အလုပ်ကိုတောင် နှောင့်နှေးစေခဲ့တာ။ အကြွေးဆပ်ဖို့ မနှောင့်နှေးစေဘဲနဲ့ ကျွန်တော့်တာဝန်ကို ရှင်းရှင်းလင်းလင်း ကျွန်တော် ထမ်းဆောင်နိုင်ရက်သားနဲ့ ကျွန်တော် မရောင့်ရဲခဲ့ဘူး၊ ပြီးတော့ ပိုက်ဆံရှာဖို့ ထပ်ခါတလဲလဲ စုံစမ်းသွေးဆောင်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော့်တာဝန်ကို ဘေးဖယ်ထားခဲ့တယ်။ ကျွန်တော် တကယ်ကို အသိစိတ်မရှိခဲ့တာပဲ။ ဘုရားသခင်ရှေ့မှာ ချခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် ချိုးဖောက်ခဲ့တယ်၊ ကျွန်တော် ပြောခဲ့တာတွေအားလုံးက ကိုယ်တော့်ကို လှည့်စားခဲ့တာတွေချည်းပဲ။ ကျွန်တော်က တကယ်ကို အသက်ရှင်ဖို့ မထိုက်တန်ပါဘူး။ ပိုက်ဆံအကြီးအကျယ်ရှာဖို့ ကျွန်တော် ဆက်မလိုက်စားသင့်တော့ဘူး၊ ကျွန်တော့်အင်အားကို တာဝန်ပေါ်မှာပဲ မြှုပ်နှံရမယ်။ တာဝန်ကို အနှောင့်အယှက်မဖြစ်စေသရွေ့တော့ အကြွေးဆပ်ဖို့နဲ့ ပိုက်ဆံရှာဖို့ ဗီဒီယိုတည်းဖြတ်ချိန် ကျွန်တော် ရှာလို့ရပါတယ်။ နောက်ပိုင်းကျတော့ တာဝန်နဲ့ပတ်သက်ပြီး ဝန်တာထားတဲ့စိတ် ကျွန်တော် စတင်ခံစားလာရတယ်။ ပုံနေတဲ့ ဆောင်းပါးတွေကို ကျွန်တော် အပြီးသတ် စိစစ်လိုက်တယ်၊ ပြီးတော့ စုဝေးပွဲတွေကိုလည်း ကျွန်တော် စိတ်ပါလက်ပါ လုပ်ဆောင်နိုင်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ပြီးတော့၊ စည်းစိမ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အပေါ် ကျွန်တော် တွယ်တာနေတဲ့ အရင်းအမြစ်နဲ့ပတ်သက်ပြီး နားလည်မှုတချို့ ရလာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အမှန်တွင် လူသား၏ ရည်သန်မျှော်မှန်းချက်များသည် မည်မျှကြီးကျယ်ခမ်းနားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ဖြစ်မြောက်စေလိုသည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်းအတွက် ၎င်းတို့၏ အသက်တာတွင် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ တို့ ဖြစ်၏။ စာတန်သည် လူတို့အနေဖြင့် ၎င်း၏ ရှင်သန်မှု နည်းလမ်းများနှင့် ဥပဒေသများကို အမှုမဲ့အမှတ်မဲ့ လက်ခံစေဖို့၊ ဘဝရည်မှန်းချက်များနှင့် ဘဝဦးတည်ချက်များ ဖြစ်စေဖို့နှင့် ဘဝရည်သန်မျှော်မှန်းချက်များ ပိုင်ဆိုင်လာစေဖို့ ထိုမျှမကြမ်းတမ်းသော၊ လူတို့၏ အယူအဆများနှင့် အလွန်ပင် ကိုက်ညီသော နည်းစနစ်တစ်ခုဖြစ်သည့် အလွန် သိမ်မွေ့သော နည်းစနစ်ကို အသုံးပြုလေသည်။ မိမိတို့၏ အသက်တာ ရည်သန်မျှော်မှန်းချက်များနှင့်ပတ်သက်၍ လူတို့၏ သရုပ်ဖော်ချက်များက မည်မျှကြီးကျယ်ခမ်းနားပါစေ ဤရည်သန်မျှော်မှန်းချက်များသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကိုသာ အစဉ်သဖြင့် ဗဟိုပြုထားသည်။ မည်သည့်ကြီးမြတ်သောသူဖြစ်စေ၊ ထင်ရှားသောလူတစ်ဦးဖြစ်စေ၊ မည်သည့်သူတစ်ဦးတလေဖြစ်စေ ၎င်းတို့၏ ဘဝတစ်လျှောက်တွင် လိုက်ရှာဖွေသည့်အရာမှန်သမျှမှာ ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ ဟူသည့် ဤစကားနှစ်လုံးနှင့်သာ ဆက်စပ်နေ၏။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အဆင့်အတန်းနှင့် များစွာသော ဥစ္စာပစ္စည်းတို့ကို ပျော်မွေ့ခံစားရန်နှင့် ဘဝကို ပျော်မွေ့ခံစားရန် အရင်းအနှီး ၎င်းတို့၌ ရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ကြည်နူးမှုကို လိုက်စားရန်နှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုကို ထင်ရာမြင်ရာ ခံစားရန် အရင်းအနှီးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် လူတို့သည် ပျော်ရွှင်စွာနှင့် အမှုမဲ့အမှတ်မဲ့ဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှလုံးနှင့် ၎င်းတို့တွင် ရှိသမျှအရာအားလုံးအပြင် ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာတို့ကို စာတန်ထံသို့ လွှဲပြောင်းပေးအပ်ကြသည်။ ၎င်းတို့သည် လုံးဝအကြွင်းမဲ့ သံသယမရှိဘဲ၊ သင်္ကာမကင်းဖြစ်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြသည့် အရာအားလုံးကို ပြန်လည်ရယူရန် အစဉ်သဖြင့် သိမြင်ခြင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူများသည် စာတန်ထံတွင် မိမိတို့ကိုယ်ကို ပေးအပ်ကြပြီးဖြစ်ကာ ၎င်းကို ဤနည်းဖြင့် သစ္စာစောင့်သိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ထိန်းချုပ်မှုတစ်ခုတလေ ပြန်လည်ရရှိနိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ဤနွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ တရားမျှတသောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူများအတွက်မူ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ သွေးဆောင်မှုသည် အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ဤအရာများသည် လူတို့အနေဖြင့် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင်လည်းကောင်း၊ ထာဝရကာလအတွက်ပင် အဆုံးမရှိ လိုက်စားနိုင်သောအရာများဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သော အခြေအနေ မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားသခင်ရဲ့ ဖော်ထုတ်တဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ပိုက်ဆံပိုရှာဖို့နဲ့ အထင်ကြီးခံရဖို့ ကျွန်တော့်ရဲ့ မပြတ်တမ်းဆန္ဒရှိနေတဲ့ အရင်းအမြစ်က “ကျော်ကြားမှု” နဲ့ “အကျိုးအမြတ်” က ကျွန်တော့်ကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်တာကိုခံထားရတာကြောင့်ဆိုတာ နားလည်သွားတယ်။ ငယ်ငယ်တုန်းက ကျွန်တော့်မိဘတွေကို ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက အထင်သေးကြတာ ကျွန်တော် မြင်ခဲ့ရတယ်၊ ဒီလိုပုံစံနဲ့ အသက်ရှင်ရတာ တကယ် ဂုဏ်သိက္ခာမရှိဘူးလို့ ခံစားခဲ့ရတယ်၊ ဒါကြောင့် ကျွန်တော်က ကြီးပွားချမ်းသာဖို့နဲ့ အထင်ကြီးခံရတဲ့သူဖြစ်ဖို့ ကြိုးစားရမယ်လို့ ဆုံးဖြတ်ခဲ့တာ။ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” နဲ့ “ထင်ရှားကျော်ကြားမှုရရှိခြင်း” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ ကျွန်တော် အသက်ရှင်ခဲ့တာလေ။ သူများတွေ အိမ်ဝယ်ဖို့ ရင်းနှီးမြှုပ်နှံပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ် နှစ်ခုလုံး ရသွားတာမြင်တော့ ကျွန်တော်လည်း ထင်ပေါ်ကျော်ကြားဖို့နဲ့ ဆွေမျိုးမိတ်ဆွေတွေရဲ့ အထင်ကြီးမှုကို ရဖို့ ဒီနည်းလမ်းကို သုံးချင်ခဲ့တာပေါ့။ ကျွန်တော့်မှာ ငွေကြေးမတတ်နိုင်ဘူးဆိုတာ ရှင်းနေပေမဲ့ ကားဝယ်၊ အိမ်ဝယ်ဖို့ ချေးငွေယူဖို့ ကျွန်တော် တွန့်ဆုတ်မနေခဲ့ဘူး၊ ပြီးတော့ ပစ္စည်းတွေလည်း အများကြီး ဝယ်ခဲ့တယ်၊ အဆင့်မြင့်နေရာမျိုးစုံကို ခဏခဏသွားပြီး ဇိမ်ခံပစ္စည်းတွေ ဝယ်ခဲ့တယ်၊ အောင်မြင်တဲ့လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်ခဲ့တာပေါ့။ ကျွန်တော့်ဘဝက ကြီးပွားချမ်းသာပြီး အဆုံးမရှိ မက်မောစရာကောင်းနေပုံရပေမဲ့ နောက်ကွယ်မှာတော့ အတိုးနှုန်းမြင့်တဲ့ ပြန်ဆပ်ငွေတွေနဲ့ ဝန်ပိနေခဲ့ရတာ။ သူများတွေရဲ့ အထင်ကြီးမှုကို ရဖို့အတွက် ကျွန်တော်က လုံးဝကို အပေါ်ယံဆန်လာခဲ့ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ထပ်ခါတလဲလဲ ငြင်းပယ်ခဲ့တယ်။ ကားဝယ်၊ အိမ်ဝယ်ဖို့ ချေးငွေတွေယူပြီး အကြွေး သိန်းချီ တင်ခဲ့တယ်၊ အဲဒီနောက်မှာ ကားအက်စီးဒင့်နဲ့ ကပ်ရောဂါဆိုတဲ့ ထိုးနှက်ချက်နှစ်ခုကို ခံစားခဲ့ရတယ်။ အဲဒီတုန်းက ဒီအကြွေးယူပြီး ဟိုအကြွေးဆပ်ဖို့ နည်းလမ်းတွေကို နေ့တိုင်း ခေါင်းခြောက်အောင် စဉ်းစားခဲ့ရတယ်။ အဲဒီအချိန်တုန်းက အကြွေးတွေကြောင့် ကျွန်တော် စိတ်တွေ ထွေပြားပြီး စိတ်ပူလွန်းလို့ ဆံပင်တွေတောင် ဖြူကုန်တယ်။ ရှင်နေတာထက် သေတာကမှ ပိုကောင်းမယ်လို့ ခံစားခဲ့ရတာ။ ဘုရားသခင်ကို ကျွန်တော် တွေ့ပြီးနောက်မှာ၊ ကိုယ်တော်က ကျွန်တော့်အတွက် လမ်းဖွင့်ပေးပြီး စုဝေးပွဲတွေနဲ့ တာဝန်တွေထမ်းဆောင်ဖို့ အချိန်ပိုပေးခဲ့တယ်၊ ဒါပေမဲ့ ပိုက်ဆံရှာဖို့ အခွင့်အရေးနဲ့ ကြုံရတဲ့အခါ ကျွန်တော်က ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်နောက်ကို ပြန်လိုက်စားချင်ခဲ့မိတယ်။ ဒီခရီးလမ်းတစ်လျှောက်လုံးမှာ ကျွန်တော်က ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ဆက်တိုက်လိုက်စားခဲ့ပြီး ထိုးနှက်ချက်တွေခံရပြီး ထိခိုက်ပွန်းပဲ့နေတာတောင်မှ ပြန်လှည့်ရကောင်းမှန်း ကျွန်တော် မသိသေးဘူး။ ကျွန်တော့်စိတ်နှလုံးက လုံးဝကို မာကျောနေခဲ့တာပဲ။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းနဲ့ မြှင့်တင်ပေးခြင်းကို ကြုံတွေ့ရတဲ့အခါ ဒါကို တန်ဖိုးထားရကောင်းမှန်း ကျွန်တော် မသိခဲ့ရုံတင်မကဘူး၊ ကျွန်တော့်တာဝန်တွေက ပိုက်ဆံရှာဖို့ ကြိုးစားတာကို နှောင့်နှေးစေတယ်လို့တောင် ကျွန်တော် ထင်ခဲ့တာ၊ ပြီးတော့ သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးကို ကျွန်တော် လက်လွတ်လုနီးပါး ဖြစ်ခဲ့တယ်။ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားတာက ပြန်လမ်းမရှိတဲ့ လမ်းဆိုတာ၊ ပြီးတော့ ကျွန်တော် ပြန်မလှည့်ရင် သေခြင်းထဲမှာ စာတန်ရဲ့ အဖော်အဖြစ် ကျွန်တော် လုံးဝ ဖြစ်လာမယ်ဆိုတာ နောက်ဆုံးတော့ ကျွန်တော် သဘောပေါက်သွားတယ်။

ကျွန်တော် စဉ်းစားမိတယ်၊ “ဘယ်လို ဘဝမျိုးက တကယ် တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတာလဲ” ပေါ့။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ “ဘုရားသခင်သည် လူတစ်ယောက်ချင်းစီ မွေးဖွားချိန်မှ ပစ္စုပ္ပန်အချိန်ထိ ဆယ်စုနှစ်များအတွင်း ၎င်းတို့အတွက် အဖိုးအခပေးဆပ်မှုတစ်ခုသာ လုပ်ဆောင်ခြင်းမဟုတ်ပေ။ ဘုရားသခင်မြင်သည့်ပုံစံမှာ သင်သည် ဤလောကသို့ အကြိမ်ရေ မရေမတွက်နိုင်အောင် ရောက်ရှိပြီးဖြစ်သည်။ အကြိမ်မရေမတွက်နိုင်အောင် လူပြန်ဝင်စားပြီးဖြစ်သည်။ ဤအရာကို မည်သူက ကြီးကြပ်ကွပ်ကဲသနည်း။ ဘုရားသခင်က ကြီးကြပ်ကွပ်ကဲပေသည်။ ဤအရာများကို သင်သိဖို့ မဖြစ်နိုင်ပေ။ ဤလောကသို့ သင်လာရောက်သော အချိန်တိုင်းတွင် ဘုရားသခင်ကိုယ်တိုင် သင့်အတွက် အစီအစဉ်များပြုလုပ်သည်။ သင်အသက်ရှင်မည့် နှစ်အရေအတွက်၊ သင်မွေးဖွားလာရမည့် မိသားစုအမျိုးအစား၊ သင်အိုးအိမ်ထူထောင်ပြီး အသက်မွေးအလုပ် တည်ဆောက်မည့်အချိန်အပြင် ဤလောကတွင် သင်လုပ်ဆောင်မည့်အရာနှင့် သင်အသက်မွေးမည့် နည်းလမ်းတို့ကိုပါ ဘုရားသခင်က စီစဉ်သည်။ ဤဘဝတွင် သင်၏ အထူးတာဝန်ကို နှောင့်နှေးခြင်းမရှိဘဲ ပြီးမြောက်နိုင်ရန်အလို့ငှာ ဘုရားသခင်သည် သင့်အတွက် ဝမ်းစာရှာဖို့ နည်းလမ်းကို စီစဉ်ပေးသည်။...ဘုရားသခင်နောက်သို့ လိုက်စဉ်တွင် သင်ဒုက္ခခံသည်ဖြစ်စေ၊ အဖိုးအခပေးဆပ်သည်ဖြစ်စေ သင်သည် အမှန်တကယ်တွင် ဘုရားသခင်နှင့်အတူ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ ဘုရားသခင်က ငါတို့ကို မည်သည့်အရာ လုပ်ဆောင်ခိုင်းသည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များကို ငါတို့ နားထောင်သည်။ ထိုနှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်သည်။ ဘုရားသခင်ကို မပုန်ကန်နှင့် သို့မဟုတ် ဘုရားကို ဝမ်းနည်းစေမည့် မည်သည့်အရာကိုမျှ မလုပ်နှင့်။ ဘုရားနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် သင်သည် အနည်းငယ် ဒုက္ခခံရမည်။ အချို့သောအရာများကို စွန့်လွှတ်ပြီး ဘေးဖယ်ထားရမည်။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ငွေကြေးနှင့် လောကီသာယာမှုများကို စွန့်လွှတ်ရမည်။ အိမ်ထောင်ရေး၊ အလုပ်အကိုင်နှင့် ကမ္ဘာလောကရှိ သင်၏ တက်လမ်းများကဲ့သို့သော အရာများကိုပင် စွန့်လွှတ်ဖို့ လိုသည်။ ဤအရာများကို သင် စွန့်လွှတ်ခဲ့ခြင်းရှိမရှိ ဘုရားသခင်သိသလော။ ဘုရားသခင်က ဤအရာအားလုံးကို မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) ဤအရာများကို သင် စွန့်လွှတ်ပြီးဖြစ်ကြောင်း ဘုရားသခင် မြင်သောအခါ မည်သည့်အရာကို သူလုပ်ဆောင်မည်နည်း။ (ဘုရားသခင်သည် စိတ်သက်သာရာရပြီး ပီတိဖြစ်ပါလိမ့်မည်။) ဘုရားသခင်က အားရပြီး ‘ငါ ပေးဆပ်ခဲ့သော အဖိုးအခများသည် အသီးအပွင့် ဖြစ်ထွန်းခဲ့ပြီ။ လူတို့သည် ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိကြသည်။ ၎င်းတို့တွင် ဤစိတ်ခိုင်မာမှုရှိသည်။ ၎င်းတို့ကို ငါရရှိခဲ့လေပြီ’ ဟူ၍သာ ပြောဆိုမည်မဟုတ်။ ဘုရားသခင်က အားရသည်၊ ပျော်ရွှင်သည်ဖြစ်စေ၊ ကျေနပ်သည်၊ စိတ်အေးသည်ဖြစ်စေ ဘုရား၌ ထိုသဘောထားသာ ရှိခြင်းမဟုတ်ပေ။ သူသည် ပြုမူဆောင်ရွက်ခြင်းလည်း ရှိပြီး သူ၏ အမှုတော်က ရရှိသည့် ရလဒ်များကို မြင်လိုသည်။ ဤသို့မဟုတ်လျှင် လူတို့အပေါ် သူ တောင်းဆိုသောအရာသည် အဓိပ္ပာယ်မရှိ ဖြစ်လိမ့်မည်။ လူအပေါ် ဘုရားသခင် ပြသသော ကျေးဇူးတော်၊ ချစ်ခြင်း၊ သနားကရုဏာတို့သည် သဘောထားအမျိုးအစားတစ်ခုမျှသာ မဟုတ်ပေ။ အမှန်တရားလည်း ဖြစ်သည်။ မည်သည့်အမှန်တရားနည်း။ သင့်အတွင်းတွင် ဘုရားနှုတ်ကပတ်တော်များကို ဘုရားသခင်ထည့်သွင်းပေးပြီး သင့်အား ဉာဏ်ပွင့်စေသည်ဟူသည့် အချက်ပင်။ ထိုသို့အားဖြင့် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့်အရာက ချစ်ဖွယ်ဖြစ်ကြောင်း၊ ဤလောကသည် မည်သည့်အရာပင် ဖြစ်ကြောင်းတို့ကို သင်မြင်နိုင်ဖို့၊ သင်၏ စိတ်နှလုံးသည် အလင်းနှင့် ပြည့်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သင်နားလည်စေဖို့ဖြစ်သည်။ ဤနည်းအားဖြင့် မသိလိုက်ပါဘဲနှင့် သမ္မာတရားကို သင်ရရှိသည်။ ဘုရားသခင်သည် အလွန်စစ်မှန်သော နည်းဖြင့် သင့်အပေါ်တွင် များစွာအလုပ်လုပ်ကာ သင့်အား သမ္မာတရားကို ရရှိစေသည်။ သမ္မာတရားကို သင်ရရှိသောအခါ၊ ထာဝရအသက်ဟူသည့် တန်ဖိုးအရှိဆုံးအရာကို သင်ရရှိသောအခါ ဘုရားသခင်၏ ရည်ရွယ်ချက်များ ပြည့်စုံလေသည်။ လူတို့သည် သမ္မာတရားကို လိုက်စားနေပြီး ဘုရားနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိသည်ကို ဘုရားသခင်က မြင်သောအခါ ပျော်ရွှင်ကျေနပ်သည်။ ထိုအခါတွင် ဘုရား၌ သဘောထားတစ်ခု ရှိ၏။ ထိုသဘောထားရှိနေစဉ်တွင် ဘုရားသည် အလုပ်လုပ်ပြီး လူကို အသိအမှတ်ပြုကာ ကောင်းချီးပေးသည်။ ဘုရားက ‘သင်ထိုက်တန်သည့် ကောင်းချီးများနှင့် ငါသင့်ကို ဆုချီးမြှင့်မည်’ ဟု ပြောသည်။ ထို့နောက် သင်သည် သမ္မာတရားနှင့် အသက်ကို ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် ဖန်ဆင်းရှင်ကို သိကျွမ်းမှုရှိပြီး သူ၏ အသိအမှတ်ပြုခြင်းကို ရသည့်အခါ သင်၏ စိတ်နှလုံးတွင် ဗလာဖြစ်နေခြင်းကို ခံစားရဦးမည်လော။ ခံစားရမည်မဟုတ်ပေ။ သင်သည် ကျေနပ်လိမ့်မည်ဖြစ်ပြီး ဝမ်းမြောက်သည့်စိတ်ကို ခံစားရမည်။ လူတစ်ယောက်၏ ဘဝက တန်ဖိုးရှိသည်ဟု ဆိုရာ၌ ဤအရာကို ဆိုလိုခြင်းဖြစ်သည် မဟုတ်လော။ ဤသည်မှာ တန်ဖိုးအရှိဆုံးနှင့် အဓိပ္ပာယ်အရှိဆုံး ဘဝဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိဖို့ အဖိုးအခပေးဆပ်ခြင်းသည် အလွန်ပင် အဓိပ္ပာယ်ရှိပါသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် နားလည်လာတာက၊ ကျွန်တော် ဘယ်မိသားစုမှာ မွေးမယ်၊ ဘုရားသခင်ကို ဘယ်အချိန်မှာ တွေ့ပြီး ဘယ်အချိန်မှာ ကျွန်တော့်တာဝန်တွေကို ထမ်းဆောင်မယ်ဆိုတာတွေ အားလုံးက ဘုရားသခင် ဟိုးအရင်ကတည်းက စီစဉ်ထားပြီးသားပါ။ အဲဒီ ကားအက်စီးဒင့်မှာ ကျွန်တော် အသက်ရှင်ကျန်ရစ်ခဲ့တာ ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ ကာကွယ်မှုကြောင့်ပါ၊ ပြီးတော့ အကြွေးဆိုတဲ့ အမှောင်ထုကြားမှာ ပိတ်မိနေပြီးမှ နောက်ဆုံး အလင်းရောင်ကို ပြန်တွေ့ရတဲ့အခွင့်၊ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်တွေကို ဖြည့်ဆည်းရတဲ့အခွင့်ကို ပေးပြီး ကျွန်တော့်အတွက် လမ်းဖွင့်ပေးခဲ့တာက ဘုရားသခင်ပါပဲ။ ဘုရားသခင်ရဲ့ ကာကွယ်မှုသာ မရှိရင် ကျွန်တော် စာတန်ရဲ့ ဒုက္ခပေးတာကို ခံရတာ ကြာလှပါပြီ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ဘဝရဲ့ ဦးတည်ချက်ကိုလည်း ပေးတယ်၊ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို ကျေနပ်စေဖို့ ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းတာကသာ တကယ် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတယ်ဆိုတာ နားလည်စေတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေကို ကျွန်တော် အများကြီး ခံစားခဲ့ရပြီပဲ။ အဲဒါကို တွေးမိပြီး ကျွန်တော် ဆုံးဖြတ်လိုက်တယ်၊ ကျွန်တော့်တာဝန်တွေမှာ စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံမယ်၊ တာဝန်ကို အနှောင့်အယှက်မဖြစ်စေသရွေ့တော့ ဗီဒီယိုတည်းဖြတ်ဖို့ အချိန်နည်းနည်းပေးပြီး ပိုက်ဆံ နည်းနည်းရှာလို့ရတာပဲ၊ လစဉ်အရစ်ကျနဲ့ နေထိုင်စရိတ် ကာမိရုံဆို ရပြီလေ။

နှစ်လကြာတော့ ကျွန်တော် အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတယ်။ ခေါင်းဆောင်ဖြစ်လာတာက ဆောင်းပါးတွေ စိစစ်တာထက် အလုပ်နဲ့ အရေးစိုက်စရာတွေပိုများတာ၊ အချိန်နဲ့ အင်အားလည်း ပိုလိုတာကို ကျွန်တော် မြင်လိုက်ရတယ်။ ဒါက ကျွန်တော် ပိုက်ဆံရှာဖို့ အခွင့်အရေးတွေ ဆက်နည်းသွားမယ်ဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်တော့်တာဝန်တွေကိုပဲ ဦးစားပေးဖို့ ကျွန်တော် ဆန္ဒရှိတယ်၊ အဲဒါနဲ့ ကျွန်တော့်တာဝန်တွေမှာပဲ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံလိုက်တယ်။ အံ့သြစရာကောင်းတာက သုံးလကြာတော့ ဖုန်းပေါ်ကနေ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဝင်ငွေခွန် ပြန်အမ်းငွေကိစ္စ လုပ်နေတုန်း ပြန်အမ်းငွေ ယွမ် နှစ်သောင်းက ကျွန်တော့်အကောင့်ထဲ တိုက်ရိုက်ဝင်လာတာကို တွေ့လိုက်ရတယ်၊ အဲဒါက ကျွန်တော့်ရဲ့ အိမ်လစဉ်အရစ်ကျ ခြောက်လစာကျော်အတွက် ပြဿနာကို ကွက်တိ ဖြေရှင်းပေးလိုက်တာပဲ။ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို အကောင်းဆုံး ထမ်းဆောင်တဲ့အခါ စားဖို့၊ ဝတ်ဖို့နဲ့ ဆက်အသက်ရှင်နိုင်ဖို့ ဘုရားသခင်က လမ်းဖွင့်ပေးမယ်ဆိုတာ ကျွန်တော် တကယ် တွေ့ကြုံခံစားခဲ့ရတယ်။

ဒီအတွေ့အကြုံကို ဖြတ်သန်းပြီးနောက်မှာ ကျွန်တော် နားလည်လာတာက၊ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်လို ရုပ်ဝတ္ထုပစ္စည်းတွေက လုံးဝ ခဏတာပါပဲ၊ သမ္မာတရားကို လိုက်စားပြီး ရရှိခြင်းက ပိုအဖိုးတန်တယ်၊ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ် ဆိုတာပါပဲ။ ကျွန်တော့်အချိန်နဲ့ အင်အား ပိုများများ သုံးပြီး တာဝန်ထမ်းဆောင်ဖို့၊ ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်တော့်တာဝန်တွေကို ကြိုးစားဖြည့်ဆည်းဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။

အရှေ့သို့- ၉၅။ ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးဖြစ်အောင် အားထုတ်ခြင်းဖြင့် ပျော်ရွှင်မှုကို ရနိုင်ပါသလား

နောက်တစ်ခုသို့- ၉၇။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ မှားနေတဲ့ အမြင်တွေကို ပြုပြင်ခဲ့ပါတယ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။