၄၉၀  ဘုရားကို စိတ်ကျေနပ်စေပြီး ကိုယ်တော့်စိတ်ကို စိတ်ချစေသောသူ ဖြစ်လော့ကျူး

သင်တို့၏ သစ္စာစောင့်သိမှုသည် သင်တို့၏ စစ်မှန်ရိုးသားမှုကဲ့သို့ ခဏတာမျှသာ ဖြစ်သည်ကို ငါသိ၏။ သင်တို့၏ စိတ်ဆုံးဖြတ်ချက်နှင့် သင်တို့ ပေးသော အဖိုးအခသည် အနာဂတ်အတွက် မဟုတ်၊ လက်ရှိအခိုက်အတန့်အတွက်သာ ဖြစ်သည် မဟုတ်လော။ သင်တို့သည် အလဲအလှယ်တစ်ခု ပြုလုပ်ခြင်းဟူသော တစ်ခုတည်းသော ရည်မှန်းချက်ဖြင့်၊ လှပသည့် ပန်းတိုင်တစ်ခုကို ရယူဖို့ ကြိုးပမ်းရန် နောက်ဆုံးတစ်ကြိမ်သာ အားထုတ်လိုကြလေသည်။ သင်တို့သည် ဤအားထုတ်မှုကို သမ္မာတရားအပေါ် အကြွေးတင်ခြင်းမှ ရှောင်ရှားရန်အလို့ငှာ ပြုလုပ်ခြင်းမဟုတ်သည့်အပြင် ငါပေးဆပ်ခဲ့သည့် အဖိုးအခအတွက် ငါ့အား ပြန်လည်ပေးဆပ်ရန်အလို့ငှာမူ ပို၍ပင် မဟုတ်ချေ။ တိုတိုပြောရလျှင်၊ သင်တို့သည် သင်တို့ လိုချင်သည့်အရာကို ရရှိဖို့ ပါးနပ်သော ပရိယာယ်ကို အသုံးပြုရန်သာ လိုလားနေကြသော်လည်း၊ ယင်းအတွက် ပွင့်လင်းသော တိုက်ပွဲကို မတိုက်လိုကြပေ။ ဤသည်မှာ သင်တို့၏ အတွင်းကျကျအဖြစ်ဆုံးသော အတွေးအခေါ်များ မဟုတ်လော။ သင်တို့သည် မိမိတို့ကိုယ်ကို ရုပ်ဖျက်ရမည် မဟုတ်သကဲ့သို့၊ သင်တို့ နေ့ခင်းတွင် စားသောက်ရန် အာသီသ မရှိသည်အထိလည်းကောင်း၊ ညတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်သည်အထိလည်းကောင်း သင်တို့၏ ခရီးပန်းတိုင်အပေါ် ဦးနှောက်ခြောက်အောင် မစဉ်းစားရ။ နောက်ဆုံးတွင် သင်တို့၏ အဆုံးသတ်က ဆုံးဖြတ်ထားနှင့်ပြီး ဖြစ်လိမ့်မည်မှာ မှန်သည် မဟုတ်လော။

သင်တို့သည် ပွင့်လင်း၊ ရိုးသားသော စိတ်နှလုံးများဖြင့် ကိုယ့်တာဝန်ကိုယ် အသီးသီး ကောင်းစွာ ထမ်းဆောင်သင့်ပြီး၊ လိုအပ်သည့် မည်သည့်အဖိုးအခကိုမဆို ပေးရန် လိုလားလျက် ရှိနေသင့်ပေသည်။ သင်တို့ ပြောကြပြီးသည့်အတိုင်း၊ နေ့ရက်အချိန် ကျရောက်လာသည့်အခါ၊ ဘုရားသည် သူ့အတွက် ဆင်းရဲဒုက္ခခံခဲ့သူ သို့မဟုတ် အဖိုးအခတစ်ခု ပေးဆပ်ခဲ့သူ မည်သူမဆိုအပေါ် မမျှမတဆက်ဆံမည် မဟုတ်ပေ။ ဤသို့သော ခံယူချက်မျိုးသည် ထိန်းသိမ်းထားထိုက်သကဲ့သို့၊ ယင်းကို သင်တို့ မည်သည့်အခါမျှ မမေ့သင့်သည်မှာ မှန်ပေသည်။ ဤနည်းဖြင့်သာ ငါသည် သင်တို့နှင့်ပတ်သက်၍ ငါ၏ စိတ်ကို သက်သာစေနိုင်ပေသည်။ သို့မဟုတ်ပါက သင်တို့သည် ငါစိတ်မချနိုင်သောသူများ ထာဝရ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် ငါ၏ စက်ဆုပ်ခြင်းကို ခံကြရသူများ ထာဝရ ဖြစ်ကြလိမ့်မည်။ သင်တို့အားလုံးသည် သင်တို့၏ အသိစိတ်ကို လိုက်နာနိုင်၍ ငါ့အတွက် အစွမ်းကုန်ပေးဆပ်နိုင်ကာ ငါ၏အမှုအတွက် မည်သည့်အားထုတ်မှုမျှ မချန်ဘဲ ပြီးလျှင် ငါ၏ ဧဝံဂေလိအမှုအဖို့ တစ်သက်တာ အင်အားကို ဆက်ကပ်ပါက သင်တို့အတွက် ငါ၏စိတ်နှလုံးသည် မကြာခဏ ဝမ်းမြောက်၍ ခုန်မပေါက်ဘဲ နေမည်လော။ ဤနည်းဖြင့် ငါသည် သင်တို့နှင့်စပ်လျဉ်း၍ ငါ၏ စိတ်ကို လုံးလုံးလျားလျား သက်သာစေနိုင်မည် မဟုတ်လော။

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍ မှ

အရှေ့သို့- ၄၈၉  လူသည် နှုတ်ကပတ်တော်အပေါ် စစ်မှန်သောနှလုံးသားထားရှိရန် ဘုရား မျှော်လင့်

နောက်တစ်ခုသို့- ၄၉၁  ရိုးသောသူတို့အား ဘုရားသခင်ကောင်းချီးပေးတော်မူ၏

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၉၀၁  လူတစ်ဦး၏ သဘာဝကို ဖြေရှင်းခြင်းနှင့် ဆိုင်သည့် အခြေခံသဘောတရားများ

လူတစ်ဦး၏ သဘာဝကို ဖြေရှင်းခြင်းသည် ဇာတိပကတိကို စွန့်လွှတ်ခြင်းနှင့် စတင်ပြီး၊ ဇာတိပကတိကို စွန့်လွှတ်ခြင်းသည်လည်း အခြေခံသဘောတရားများ ရှိခြင်း...

၇၀၂  ဘုရားနှုတ်ကပတ်တော်များက အသက်တာတွင် လူ၏ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးသည်

၁ဘုရားနှုတ်ကပတ်တော်တွေဟာ လူတို့ အသက်ရှင်ရန် နိယာမကယ်တင်ခြင်းသို့ ရောက်စေတဲ့ပန်းတိုင်၊ လမ်းကြောင်းနဲ့ ဦးတည်ချက်။ဖန်ဆင်းခံအနေနဲ့...

၄၀၀  လူသား၏ လိုအပ်ချက်ကြောင့် အမှုပြုရန် ဘုရား လူ့ဇာတိခံခဲ့

ဘုရားသည် အဘယ်ဆုလာဘ်၊ အကျိုးအမြတ်နှင့်မျှ မပတ်သက်ပေအနာဂတ် ရိတ်သိမ်းခြင်းမရှိ၊ သူ့ကို အကြွေးတင်သည့် အရာသာရှိတာလူသားမျိုးနွယ်အတွက် သူ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။