မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ပြောင်းလဲခြင်း

23.01.2022

ရှောင်ဖန် တရုတ်နိုင်ငံ

၂၀၁၉ ဩဂုတ်လမှာ ကျွန်မ ဗီဒီယိုထုတ်လုပ်ရေးတာဝန်ကို ယူခဲ့ပြီး အလုပ်မှာ ကြီးကြပ်ရတယ်။ အဲဒီအချိန်မှာအဖွဲ့ထဲက ဘယ်သူမဆိုထက် ကျွန်မက ဒီနယ်ပယ်မှာ လုပ်သက်နည်းတယ်။ ကြီးကြပ်သူဖြစ်ဖို့ ရွေးချယ်ခံရတာဟာ ကျွန်မကို ဘုရား ချီးမြှောက်တာမှန်း ကျွန်မ သိခဲ့ပါတယ်။ ဒါကြောင့် ကျွန်မက ဒီတာဝန်ကို ဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားမယ်လို့ ကိုယ့်ဘာသာ ကတိပေးခဲ့တယ်။ အစမှာ အဖွဲ့ထဲမှာ သင်ယူဖို့နဲ့ ကျွမ်းကျင်ဖို့ အလုပ်များကြီးနဲ့ အတတ်ပညာဆိုင်ရာ အသိပညာတို့လိုတာကို ကျွန်မတွေ့ရပြီး ကျွန်မမှာ ချို့တဲ့မှု များလွန်းတယ်လို့ ခံစားရတယ်။ အဲဒီကာလအတွင်းမှာ ကျွန်မရဲ့ အဖော်တွေဖြစ်ခဲ့တဲ့ ညီအစ်မတွေဆီမေးခွန်းတွေ ခဏခဏမေးပြီး၊ သူတို့အကြံတွေကို ကျွန်မက နှိမ့်နှိမ့်ချချ ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာ၊ အဖွဲ့ရဲ့အလုပ်နဲ့ ကျွန်မ အကျွမ်းဝင်သွားပြီး အတတ်ပညာနဲ့ဆိုင်တဲ့ အသိပညာကို ပိုင်နိုင်သွားခဲ့တယ်။ ဗီဒီယိုတွေ တည်းဖြတ်တော့ ပြဿနာတွေကို ရှာနိုင်ခဲ့တယ်။ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေမှာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေ ရှိတော့လည်း၊ ကျွန်မ ဖြေရှင်းပေးနိုင်ခဲ့တယ်။ ကျွန်မရဲ့ အလုပ်ဖော်တွေက သူတို့မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ကြုံရတဲ့အခါ၊ သူတို့က ကျွန်မကို အကြံတောင်းကြတယ်။ ကျွန်မမှာ တစ်မူထူးခြားတဲ့ ထိုးထွင်းအမြင်တွေရှိရုံတင်မကဘူး၊ သူတို့ရဲ့အခက်အခဲတွေကိုလည်း မကြာခဏ ဖြေရှင်းပေးခဲ့တယ်။ ကျွန်မရဲ့ညီအစ်မတွေက ပြောတယ်။ ကျွန်မက အတတ်မြန်လွန်းလို့ လူသစ်ဆိုတာ ယုံဖို့တောင်ခက်တယ်ဆိုပဲ။ ဒါကို ကြားတော့၊ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သိပ်ဂုဏ်ယူခဲ့တာ။ ကျွန်မ တွေးမိတယ်လေ။ “ငါက အဖွဲ့ထဲရောက်တာ သိပ်မကြာသေးဘူး၊ သူများတွေက ဒါကို လုပ်နေတာ ငါ့ထက်ကြာနေပြီ။ ဒါပေမဲ့ အခုတော့ လူသစ်တစ်ယောက်ဖြစ်တဲ့ ငါကသူတို့ကို လမ်းပြနေရတယ်။ ဒါဟာ ငါက သူတို့ထက် အစွမ်းအစကောင်းပြီး ဒီအလုပ်အတွက် ပါရမီရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”လို့ပေါ့။ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေက ဆိုးတဲ့အခြေအနေမှာ ရှိနေတဲ့အခါ၊ ကျွန်မရဲ့မိတ်သဟာယက သူတို့အခြေအနေတွေကို အတိုင်းအတာ အမျိုးမျိုးနဲ့ ကူဖြေရှင်းပေးတယ်။ တစ်ခါတလေ သူတို့က ပြောကြတယ်။ “အစ်မရဲ့မိတ်သဟာယသာ မရှိရင်၊ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမှန်း တကယ်ကို သိမှာ မဟုတ်ဘူး” တဲ့။ ကျွန်မက အဖွဲ့မှာ ပါဝင်တာ တစ်လကျော်လောက်သာ ရှိသေးပေမဲ့၊ အတတ်ပညာဆိုင်ရာ ရှုထောင့်မှာ တိုးတက်မှုတွေလုပ်ခဲ့သလို၊ ရလဒ်တွေ တော်တော်များများ ဖြစ်ပေါ်စေခဲ့တယ်။ အဲဒါကို ကျွန်မ တွေးလေ၊ ကျွန်မက အစားထိုးလို့မရတဲ့ ပါရမီရှင်တစ်ယောက်လို ခံစားရလေပဲ။

တဖြည်းဖြည်းနဲ့၊ ကျွန်မ သဘောထား စပြောင်းလာတယ်။ ကျွန်မ အရင်ကလောက် ခပ်လျှိုလျှို မနေတော့ဘူး။ မရည်ရွယ်ဘဲ ကိုယ့်ကိုယ်ကိုယ် အဖွဲ့ရဲ့အခရာလို စသဘောထားလာတယ်။ ကျွန်မမှာ ပိုမြင့်မားတဲ့အစွမ်းအစရှိသလို၊ ဘယ်သူမဆိုထက် ပိုလုပ်နိုင်စွမ်းရှိတယ်လို့ ထင်ခဲ့တယ်။ နည်းပညာပိုင်းဆိုင်ရာ မေးခွန်းတွေကို ညီအစ်ကိုမောင်နှမတွေ မေးလာတော့၊ ကျွန်မရဲ့အလုပ်ဖော်နဲ့ ဆွေးနွေးပြောဆိုလေ့ရှိခဲ့ပေမဲ့၊ အခုတော့ သူတို့ကို လုံးဝ မတိုင်ပင်ဘဲ အဖြေတွေကို တိုက်ရိုက်ပေးလိုက်တယ်။ အလုပ်အကြောင်း ဆွေးနွေးတဲ့အခါ၊ ကျွန်မရဲ့ ညီအစ်မတွေက သဘောထားကွဲလွဲတဲ့ ထင်မြင်ချက်တချို့ပေးတယ်။ မရှာဖွေဘဲ တစ်ခုချင်းစီကို ကျွန်မ ငြင်းပယ်လိုက်တယ်။ ကျွန်မရဲ့ သဘောအတိုင်းလုပ်ကြဖို့ တောင်းဆိုခဲ့တယ်။ သူတို့နဲ့ မတိုင်ပင်ဘဲ အလုပ်တာဝန်တွေကိုလည်း စီစဉ်ခဲ့တယ်။ ကျွန်မက ခေါင်းဆောင်အနေနဲ့ အစေခံဖူးသလို အတွေ့အကြုံလည်း ရှိတဲ့အတွက်၊ အမှုကိစ္စတွေကို ကျွန်မ တိုက်ရိုက် စီစဉ်နိုင်တယ်လို့ ထင်ခဲ့တာ။ တစ်ခါတလေ ကျွန်မရဲ့ညီအစ်မတွေက ကျွန်မရဲ့အစီအစဉ်တွေကို လုပ်ပြီးတော့မှ သိရတယ်။ အဲဒီအချိန်က ညီအစ်မတစ်ယောက်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ကျွန်မ အရမ်းမာနထောင်လွှားတယ်တဲ့။ သူတို့နဲ့ မဆွေးနွေးဘဲ ကိုယ့်သဘောကျ ပြုမူခဲ့သလို၊ ကျွန်မတာဝန်ကို အဲဒီလိုထမ်းဆောင်တာက အမှားလုပ်ဖို့ လွယ်တယ်တဲ့။ ကျွန်မက အပြင်ပန်းမှာ သဘောတူခဲ့ပေမဲ့၊ စိတ်ထဲမှာတော့ တွေးခဲ့တယ်။ “နင်တို့နဲ့ ကိစ္စတွေကို မဆွေးနွေးတာဘာမှမမှားဘူး။ ငါ့အမြင်တွေက နင်တို့ထက် သာတယ်။ ငါတို့ ကိစ္စတွေ ဆွေးနွေးပြီးတာနဲ့၊ အဆုံးမှာ နင်တို့က ငါ့နည်းလမ်းအတိုင်း လုပ်ကြမှာပဲ။ ဒါအတွက် ဘာလို့ အချိန်ဖြုန်းဒုက္ခခံနေမလဲ” လို့ပေါ့။ အဲဒီလိုနဲ့ပဲ၊ ကျွန်မညီအစ်မရဲ့ အကြံနဲ့ အကူအညီတွေကို လက်ခံဖို့ ငြင်းခဲ့ပြီး ကိုယ်လိုချင်တဲ့အတိုင်း ကိစ္စတွေကို လုပ်ခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ၊ ကျွန်မအလုပ်ဖော်တွေရဲ့ အကြံတွေကို ကျွန်မ အမြဲ ငြင်းနေလို့၊ များသောအားဖြင့် အဆုံးမှာ အလုပ်အစီအစဉ်တွေကို ကိုယ့်ဘာသာ လုပ်လိုက်ရတာပါပဲ။ ကျွန်မတို့ တခြားအလုပ်တွေကို ဆွေးနွေးတော့၊ ဘယ်သူကမျှ သူတို့ထင်မြင်ချက်တွေကို မပြောပြကြဘူး။ သူတို့က ဒီတာဝန်ကို မလုပ်နိုင်ဘူးလို့တောင် စခံစားလာရပြီး အပျက်သဘောဆောင်လာကြတယ်။ သူတို့က ကျွန်မနဲ့မတွဲချင်ဘူးလို့ ခဏခဏ ထုတ်ပြောခဲ့ကြတယ်။ သုံးလေးခေါက်လောက်ကို စည်းဝေးပွဲက ပြန်လာရင်၊ သူတို့က ပြောတယ်။ “အဲဒီအဖွဲ့ထဲ ပြန်မသွားရရင် ကောင်းမယ်။ အဲဒီကိုသွားရတာ ခြေကုန်လက်ပန်းကျလိုက်တာ...” တဲ့။ အဲဒီတုန်းကတော့ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ခဲ့ဘူး။ ကျွန်မက လှောင်တဲ့လေသံနဲ့ပြောခဲ့တာ။ “အစ်မတို့နှစ်ယောက်က ပျော့ညံ့လိုက်တာ။ အစ်မတို့က အရမ်းကို နုတာပဲ” လို့ပေါ့။ ကျွန်မက အမြဲ အပြီးသတ် ဆုံးဖြတ်နေကျဖြစ်သလို ကျွန်မရဲ့ညီအစ်မတွေနဲ့ ကိစ္စတွေကို မဆွေးနွေးခဲ့လို့၊ မကြာပါဘူး၊ အဲဒီညီအစ်မနှစ်ယောက်က သိပ်အပျက်သဘောဆောင်လာပြီး နုတ်ထွက်ချင်လာကြတယ်။ ကျွန်မရဲ့တာဝန်မှာ ပြဿနာတွေ ပိုပိုပြီး ပေါ်လာတယ်။ ကျွန်မတို့ဗီဒီယိုတွေမှာ ပြဿနာတွေကို ကျွန်မ သတိမထားခဲ့မိသလို၊ သူများတွေတွေ့တော့ ပြန်တည်းဖြတ်ရတာပေါ့။ မမှန်ကန်တဲ့ အတတ်ပညာဆိုင်ရာ လမ်းပြမှုကို နှစ်ခေါက်သုံးခေါက် ပေးခဲ့မိလို့၊ အလုပ်ကို ထပ်ခါထပ်ခါလုပ်ခဲ့ရတယ်လေ။ ကျွန်မရဲ့အလုပ်အစီအစဉ်တွေမှာ သတိမမူမိတာတွေ အများကြီးပဲ။ အဖွဲ့ရဲ့အလုပ်က ထိရောက်မှု နည်းသထက် နည်းလာတယ်။ ကျွန်မ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ပြန်မလှည့်နိုင်ခဲ့ဘူး။ ကျွန်မရဲ့အကျပ်အတည်းနဲ့ စိတ်ဒုက္ခဝေဒနာ သိပ်ခံစားရတာဟာ ကျွန်မ နုတ်ထွက်ချင်တဲ့အထိ ဖြစ်လာတယ်။ ဒါပေမဲ့ အချိန်မီလေးပဲ၊ ဘုရားရဲ့တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့က ကျွန်မဆီကို ရောက်လာတယ်။

ကျွန်မရဲ့ခေါင်းဆောင်က ကျွန်မရဲ့လုပ်ရည်ကိုင်ရည်အကြောင်း သိပြီးတဲ့နောက်မှာ ကျွန်မကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ ပြင်းထန်တဲ့ စာတစ်စောင် ရေးခဲ့တယ်။ “ညီမရဲ့ညီအစ်ကိုမောင်နှမ အများစုက တိုင်ကြတယ်။ ညီမက ကိုယ့်တာဝန်တွေမှာ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်တယ်၊ ညီမရဲ့အလုပ်ဖော်နဲ့လည်း မပူးပေါင်းနိုင်ဘူးတဲ့။ ညီမဟာ ကိုယ့်ညီအစ်ကိုမောင်နှမတွေရဲ့ အကြံတွေကို လက်မခံဘူး။ အရာရာကို ကိုယ့်ဘာသာ ဆုံးဖြတ်သလို၊ အဖွဲ့ထဲမှာ အာဏာကုန်ယူထားတယ်ဆိုပဲ။ ဒါတွေဟာ အန္တိခရစ်တစ်ယောက်ရဲ့ အုပ်စိုးမှုနဲ့ ထင်ရာမြင်ရာလုပ်ခြင်းရဲ့ သရုပ်သကန်တွေပဲ။ ညီမကိုယ်ညီမ မြန်မြန် မဆင်ခြင်ရင်၊ အကျိုးဆက်တွေက ဆိုးလိမ့်မယ်...” တဲ့။ ကျွန်မခေါင်းဆောင်ရဲ့စကားတွေကို ကျွန်မ ဖတ်တဲ့အခါမှာ ကျွန်မခေါင်းက အူနေတာဟာ အခုတင် ပါးရိုက်ခံလိုက်ရသလိုပဲ။ စာထဲမှာ ဘုရားနှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်လည်း ပါသေးတယ်။ “အန္တိခရစ်များသည် လူများအား— သမ္မာတရားနှင့် ဘုရားသခင်တို့ထက်— ၎င်းတို့ကိုသာ နာခံစေဖို့ တောင်းဆိုပုံနှင့်သက်ဆိုင်သည့် ပထမဆုံး သရုပ်သကန်မှာ ၎င်းတို့သည် အခြား မည်သူတစ်ဦးတစ်ယောက်နှင့်မျှ အလုပ်အတူ လုပ်နိုင်စွမ်း မရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် ထင်ရာစိုင်းကြသည်။...အန္တိခရစ်အချို့တို့၌ လက်ထောက်များ၊ သို့မဟုတ် လက်တွဲဖော်များ ရှိပုံရသော်လည်း၊ တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်သောအခါ ၎င်းတို့သည် အခြားသူများ ပြောစရာရှိသည်ကို နားထောင်ကြသလော။ ၎င်းတို့ နားမထောင်သည်သာမက၊ ၎င်းတို့က ယင်းကို ဆွေးနွေးဖို့ နေနေသာသာ၊ ထည့်တွက်စဉ်းစားခြင်းပင် မရှိပေ။ ၎င်းတို့သည် လုံးဝ အာရုံစိုက်ခြင်း မရှိပေ၊ ဤလူများသည် ထိုနေရာတွင် ရှိချင်မှရှိပေမည်။ အခြားသူများက စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်၊ အန္တိခရစ်တို့၏ အပြီးသတ်ဆုံးဖြတ်ချက်ကိုသာ နာခံရဦးမည် ဖြစ်သည်— အခြားမည်သူမဆို၏စကားများသည် လေကုန်ခြင်းသာ ဖြစ်ပေသည်။ ဥပမာအနေဖြင့်၊ လူနှစ်ယောက်သည် တစ်စုံတစ်ခုအတွက် တာဝန်ရှိသည့်အခါ၊ တစ်ယောက်က အန္တိခရစ်အနှစ်သာရရှိသည့်အခါတွင် ဤလူ၌ မည်သည့်အရာကို ထုတ်ဖော်ပြသနည်း။ မည်သည့်အရာဖြစ်စေ ၎င်းတို့သာလျှင် စတင်လုပ်ဆောင်သူ၊ မေးခွန်းများမေးသူ၊ ကိစ္စများကို ဖြေရှင်းသူ၊ ဖြေရှင်းချက်ကို စိတ်ကူးရသူများဖြစ်သည်။ အချိန်အများစုတွင် ၎င်းတို့သည် ၎င်းတို့၏ အဖော်ကို လုံးလုံး ထိန်ချန်ထားသည်။ ၎င်းတို့အမြင်တွင် ၎င်းတို့၏ အဖော်သည် အဘယ်နည်း။ ၎င်းတို့၏ လက်ထောက်အဖြစ်မဟုတ်ဘဲ အယောင်ပြသက်သက်သာဖြစ်သည်။ အန္တိခရစ်၏ အမြင်တွင် သူတို့သည် တကယ်ကို ၎င်းတို့၏ အဖော်မဟုတ်ပေ။ ပြဿနာတစ်ခုရှိသည့်အခါတိုင်းတွင် အန္တိခရစ်သည် ၎င်းတို့၏ စိတ်တွင် သေချာတွေးကြည့်လိုက်ပြီး စားမြုံပြန်သည်။ လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကို ၎င်းတို့ ဆုံးဖြတ်ပြီးသည်နှင့် ဤသည်မှာ ပြုလုပ်ရမည့်နည်းလမ်းဖြစ်သည်ဟု လူတိုင်းအား အသိပေးပြီး မည်သူ့ကိုမျှ မေးခွန်းထုတ်ခွင့်မပြုပေ။ ၎င်းတို့၏ သူတစ်ပါးတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းတွင် အနှစ်သာရသည် အဘယ်နည်း။ အမှန်တကယ်တွင် ၎င်းတို့က ဆုံးဖြတ်ချက်ချသူဖြစ်သည်။ ၎င်းတို့သည် သူတို့ဘာသာ စကားပြောဆိုလျက်၊ ပြဿနာဖြေရှင်းလျက်၊ အလုပ်လုပ်လျက်ဖြင့် တစ်ဦးတည်းသာ လုပ်ဆောင်သည်။ ၎င်းတို့၏ အဖော်များက အယောင်ပြသက်သက်ပင်ဖြစ်သည်။ ပြီးလျှင် မည်သူနှင့်မျှ အတူမလုပ်ကိုင်နိုင်လျက်ဖြင့် ၎င်းတို့သည် ၎င်းတို့၏အလုပ်ကို အခြားလူများနှင့် မိတ်သဟာယပြုသလော။ မပြုပေ။ ကိစ္စများစွာတွင် ၎င်းတို့က ပြီးဆုံးပြီးနှင့်သောအခါမှသာ၊ သို့မဟုတ် ဖြေရှင်းပြီးသောအခါမှသာ အခြားလူတို့က သိရသည်။ အခြားလူတို့က သူတို့ကို ‘ပြဿနာအားလုံးကို ကျွန်ုပ်တို့နှင့် ဆွေးနွေးရမည်။ မည်သည့်အချိန်တွင် ထိုသူနှင့် သင် ကိုင်တွယ်ဖြေရှင်းခဲ့သနည်း။ သူ့ကို မည်သို့ ကိုင်တွယ်ခဲ့သနည်း။ ထိုအကြောင်းကို ကျွန်ုပ်တို့ မည်သို့ဖြစ်၍ မသိရှိရသနည်း။’ ဟု ပြောဆိုကြသည်။ ၎င်းတို့က ရှင်းပြချက် မပေးသကဲ့သို့ မည်သည့် အလေးထားမှုမျှ မရှိပေ။ ၎င်းတို့အတွက် ၎င်းတို့အဖော်သည် အသုံးမဝင်ပေ။ တစ်ခုခုဖြစ်သောအခါတွင် ၎င်းတို့က သေချာစဉ်းစားပြီး ၎င်းတို့စိတ်ဖြင့် ဆုံးဖြတ်ကြသည်။ ၎င်းတို့က သင့်တော်သည်ဟု ထင်မြင်သည့်အတိုင်း ပြုမူကြသည်။ ၎င်းတို့အနီးတွင် လူမည်မျှရှိပါစေ ထိုလူများ မရှိနေသကဲ့သို့ဖြစ်သည်။ အန္တိခရစ်များအတွက် ထိုသူတို့သည် လေပင် ဖြစ်ကောင်းဖြစ်နေနိုင်သည်။ ဤပုံစံဖြင့် သူတစ်ပါးတို့နှင့် ၎င်းတို့ ပူးပေါင်းဆောင်ရွက်မှုတွင် စစ်မှန်သည့်အရာတစ်ခုခု ထွက်ပေါ်လာသလော။ မထွက်ပေါ်ပေ။ ၎င်းတို့သည် အယောင်ဆောင်ပုံဖမ်းကာ ဟန်ဆောင်လုပ်ပြနေခြင်း ဖြစ်သည်။ တခြားလူများက ၎င်းတို့အား ‘ပြဿနာတစ်ခုကြုံရသည့်အခါ အဘယ်ကြောင့် အခြားလူတိုင်းနှင့် မိတ်သဟာယမပြုသနည်း’ ဟု ပြောကြပြီး ၎င်းတို့က ‘သူတို့က ဘာကိုသိသနည်း။ ကျွန်ုပ်က အသင်းခေါင်းဆောင်ဖြစ်သည်။ ဆုံးဖြတ်ရန် ကျွန်ုပ်အပေါ် မူတည်သည်။’ ဟု ပြန်ပြောကြသည်။ အခြားလူတို့က ‘သင့်အဖော်နှင့် အဘယ်ကြောင့် မိတ်သဟာယမပြုသနည်း’ ဟုပြောသည်။ ၎င်းတို့က ‘သူ့ကို ကျွန်ုပ်ပြောခဲ့သည်။ သူ့တွင် ထင်မြင်ချက်မရှိ။’ ဟု ပြန်ပြောဆိုကြသည်။ ၎င်းတို့ ထင်ရာစိုင်းနေသည်ဟူသည့်အချက်ကို မရှင်းမလင်း ဖြစ်သွားစေရန်အတွက် ဆင်ခြေတစ်ခုအနေဖြင့် ၎င်းတို့အဖော်၏ ထင်မြင်ချက်မရှိခြင်း၊ သို့မဟုတ် သူတို့ဘာသာ မစဉ်းစားနိုင်ခြင်းတို့ကို အသုံးပြုသည်။ ပြီးလျှင် သမ္မာတရားကို လက်ခံဖို့ မဆိုထားနှင့်၊ ဤအရာပြီးနောက်တွင် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း နည်းနည်းမျှ မရှိပေ။ ယင်းမှာ မဖြစ်နိုင်ပေ။ ဤသည်မှာ အန္တိခရစ်၏သဘာဝနှင့် ပတ်သက်သည့် ပြဿနာတစ်ခုဖြစ်သည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) အန္တိခရစ်တွေနဲ့ပတ်သက်တဲ့ ဘုရားရဲ့ထုတ်ဖော်ချက်က အထူးသဖြင့် မကွယ်မထောင့် ထိုးထွင်းနိုင်ပြီး စိတ်မချမ်းသာစရာပါပဲ။ အဲဒီကာလအတွင်း ကျွန်မရဲ့ အပြုအမူကို ပြန်တွေးမိတယ်။ အလုပ်မှာ တိုးတက်မှုတချို့လုပ်ပြီးနောက်မှာ ကျွန်မမှာ အစွမ်းအစနဲ့ လုပ်နိုင်စွမ်းရှိသလို၊ ကျွန်မရဲ့အလုပ်ဖော်နှစ်ယောက်ထက် သာတယ်လို့ ကျွန်မတွေးခဲ့ပုံကိုပေါ့။ အမည်အားဖြင့်တော့ ဒီညီအစ်မနှစ်ယောက်က ကျွန်မရဲ့တာဝန်မှာ အလုပ်ဖော်တွေပါ။ ဒါပေမဲ့ တကယ်တော့ သူတို့က အယောင်ပြသက်သက်တွေပဲ။ ကျွန်မ အလုပ်စီစဉ်တဲ့အခါ သူတို့နဲ့ ဘယ်တော့မှ မဆွေးနွေးခဲ့ပါဘူး။ ကျွန်မ ကောင်းတယ်ထင်တာ ဘာမဆို လုပ်ခဲ့သလို သူတို့ထင်မြင်ချက်တွေက ကျွန်မရဲ့ထင်မြင်ချက်ထက်ညံ့သလို၊ ထည့်တွေးဖို့မတန်ဘူးလို့ ခံစားခဲ့တယ်။ တချို့ကိစ္စလေးတွေမှာ၊ ကျွန်မတို့ ဆွေးနွေးခဲ့ရင်တောင်၊ အဲဒါဟာ ဟန်ဆောင်လုပ်ပြတာပါပဲ။ ကျွန်မတို့ စကားမပြောခင်ကတည်းက ဘာလုပ်ရမယ်ဆိုတာ ကျွန်မက ဆုံးဖြတ်ပြီးသားမို့လို့ပါ။ ဒါကြောင့် ကျွန်မရဲ့ အလုပ်ဖော်တွေက ကျွန်မရဲ့အကြံနဲ့မတူတဲ့ အကြံတွေပြုတိုင်း မရှာဖွေဘဲ မစဉ်းမစားကို ငြင်းပစ်လိုက်တာ။ ကိစ္စတွေကို ကျွန်မ လုပ်စေချင်တဲ့အတိုင်း သူတို့ကို လုပ်ခိုင်းခဲ့တယ်။ ကျွန်မတို့တာဝန်တွေ ထမ်းဆောင်ဖို့ အသင်းတော်က ကျွန်မတို့ကိုအလုပ်အတူလုပ်ရအောင် စီစဉ်ပေးခဲ့ပေမဲ့၊ ကျွန်မက နိုင်လိုမင်းထက် ပြုမူခဲ့တယ်။ အရာရာမှာ အပြီးသတ်ဆုံးဖြတ်ရဖို့ တောင်းဆိုပြီး ကျွန်မရဲ့ ညီအစ်မတွေကို လုံးလုံး ကြဉ်ထားခဲ့သလို၊ တစ်ယောက်တည်း အာဏာကုန်ယူခဲ့တယ်။ အဲဒါက အဆင်းနီတဲ့နဂါးကြီးရဲ့ အာဏာရှင်စနစ်နဲ့ မတူဘူးလား။ ကျွန်မရဲ့ညီအစ်မတွေကို ကျွန်မဘယ်လောက် စိတ်ကျဉ်းကျပ်စေခဲ့တာ၊ သူတို့ကို အပျက်သဘောဆောင်တယ်လို့ ခံစားရပြီး နုတ်ထွက်ဖို့ ကြိုးစားအောင် ဖြစ်စေခဲ့တာ၊ အဖွဲ့ရဲ့အလုပ်က လုံးလုံး သတိမမူမိတာတွေနဲ့ ဘယ်လိုပြည့်ခဲ့တာဆိုတာတွေကို တွေးမိတယ်။ ကျွန်မက ကိုယ့်တာဝန်ကို ဖြည့်ဆည်းနေခဲ့တာမှ မဟုတ်ပဲ။ ကျွန်မက ဘုရားအိမ်တော်အလုပ်ကို နှောင့်ယှက်နေခဲ့တာ။ ဒါကို သဘောပေါက်တော့ ကျွန်မ ကြောက်မိတယ်။ ကျွန်မက ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်မိခဲ့တဲ့အပြင်၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေကို နာကျင်မှုနဲ့ ဒုက္ခတွေ ဖြစ်စေခဲ့ပြီ။ ကျွန်မလုပ်ခဲ့တဲ့အရာအတွက် သုတ်သင်ဖယ်ရှင်းပြီး အပြစ်ဒဏ်ပေးခံရမှာလား။ ဒီလိုနဲ့ ကျွန်မက အပျက်သဘောဆောင်ခြင်းနဲ့ အထင်လွဲမှုထဲမှာ အသက်ရှင်နေခဲ့တယ်။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တယ်။ “လူသားသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ရှိသောကြောင့်၊ သူ၏ လုပ်ဆောင်ချက်နှင့် အပြုအမူအားလုံး၊ သူ ထုတ်ဖော်သော အရာအားလုံးတို့သည် ဘုရားသခင်အား ဆန့်ကျင်သောကြောင့် သူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် မထိုက်တန်ပေ။ သို့ရာတွင် ဘုရားသခင်သည် လူသားအပေါ် အလွန်ပင် ဂရုစိုက်ပြီး စိုးရိမ်ဆဲဖြစ်သည်။ ဘုရားသခင်သည် လူသားကို ကိုယ်တော်တိုင် စမ်းသပ်စစ်ဆေးရန် လူသားအတွက် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်ပေးသည်။ လူသားအား ပြောင်းလဲမှုကို တွေ့ကြုံရန် ထောက်ကူပေးသည်။ ဤပတ်ဝန်းကျင်အားဖြင့် ဘုရားသခင်သည် လူသားအား သမ္မာတရားကို လက်ကိုင်ထားစေရန်၊ သမ္မာတရားကို ရရှိစေရန် အခွင့်ကိုပေးသည်။ ဘုရားသခင်သည် လူသားအား အလွန်စစ်မှန်သော ချစ်ခြင်းဖြင့် အလွန်ချစ်မြတ်နိုးပြီး ဘုရားသခင်သည် အလွန် သစ္စာရှိခြင်းသာ ဖြစ်လေသည်။ ဤအရာကို သင်ခံစားရလိမ့်မည်။ ဤအရာတို့ကို ဘုရားသခင် မလုပ်ဆောင်ခဲ့လျှင် လူသားသည် မည်မျှအထိ ကျရှုံးမည်ကို မည်သူမျှ မပြောနိုင်ပေ။ လူသားသည် သူကိုယ်တိုင်၏ ဂုဏ်အဆင့်အတန်း၊ သူကိုယ်တိုင်၏ ကျော်ကြားမှုနှင့် စည်းစိမ်တို့ကို စီမံဖို့ ကြိုးစားသည်။ အဆုံး၌ ဤအရာအားလုံးတို့ကို ပြုလုပ်ပြီးနောက်တွင် အခြားလူများကို သူ့ဘက်ပါအောင်ပြုလုပ်ပြီး သူ၏ရှေ့သို့ခေါ်ဆောင်သည်။ ဤသည်မှာ ဘုရားသခင်အား ဆန့်ကျင်နေခြင်းမဟုတ်သလော။ ဤနည်းဖြင့် ဆက်၍သွားခြင်း၏ အကျိုးဆက်များကို စိတ်ကူး၍ မရနိုင်ပေ။ ဘုရားသခင်သည် အကောင်းဆုံးလုပ်ဆောင်ပြီး ဤအရာအားလုံးတို့ကို အချိန်မီ ရပ်တန့်စေခဲ့သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာသည် လူသားကို ဖော်ထုတ်ပြီး တရားစီရင်သော်လည်း လူသားကို ကယ်တင်ခြင်းလည်း ပြုလေသည်။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးကြီးဆုံးအပိုင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်”) ဒီကျမ်းပိုဒ်ကို ကျွန်မမြင်တော့၊ ကျွန်မစိတ်နှလုံးထဲမှာ နွေးထွေးမှု ခံစားခဲ့ရတ။ ဘုရားက ကျွန်မဘေးမှာရှိနေပြီး ကျွန်မကို နှစ်သိမ့်အားပေးနေသလိုပဲ။ ကျွန်မတွေ့ကြုံရတဲ့ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကို ကျွန်မ နားလည်ခဲ့တယ်။ အဲဒါဟာ ထုတ်ဖော်ခံရပြီး တရားစီရင်ခံရတာဆိုပေမဲ့၊ ဘုရားရဲ့မေတ္တာက ပိုများပါတယ်။ ဘုရားက ကျွန်မကို ဆိုးယုတ်မှုတွေ နောက်ထပ်လုပ်တာကနေ တားမြစ်ဖို့ တရားစီရင်ပြီး ဖော်ထုတ်ခဲ့တယ်။ အဲဒါက ကျွန်မရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ကျွန်မလျှောက်ခဲ့တဲ့ မှားယွင်းတဲ့ လမ်းကြောင်းကိုလည်း သတိပြုမိစေခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဒီလို ဆက်သွားခွင့်ပြုထားရင်၊ အကျိုးဆက်တွေက မတွေးရဲစရာဖြစ်မှာ။ သမ္မာကျမ်းစာထဲမှာ နိနေဝေမြို့သားတွေဆီ ယောနရဲ့ကြေညာချက်ကို တွေးမိတယ်။ “အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်းခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။” (ယောန ဝတ္ထု ၃:၄) ဘုရားက ဒါကို ကြေညာဖို့ ယောနကို စေလွှတ်တာဟာ သူတို့ကို ဖျက်ဆီးဖို့ ဘုရားရဲ့ရည်ရွယ်ချက်ကို ပြောပြဖို့ မဟုတ်ဘဲ၊ သူတို့ကို အသိပေးပြီး သတိပေးဖို့၊ သူတို့ကို နောင်တရဖို့ အခွင့်အရေးပေးဖို့ပါ။ ဘုရားရဲ့စိတ်သဘောထားက ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်ရှိပေမဲ့၊ ချစ်ခင်ဖွယ်လည်း ကောင်းပြီး သနားကရုဏာလည်း ရှိပါတယ်။ ဒါက ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားပါ။ ကျွန်မ ပိုပြီးတော့တောင် ရှင်းရှင်း နားလည်သွားခဲ့တယ်။ ဘုရားက ကျွန်မကို တရားစီရင်ပြီး ထုတ်ဖော်ခဲ့သလို၊ ကျွန်မကို သတိပေးဖို့ အမှုအရာတွေ၊ ကိစ္စတွေနဲ့ လူတွေကို စီစဉ်ညွှန်ကြားခဲ့တယ်။ ဘုရားရဲ့ရည်ရွယ်ချက်က ကျွန်မကို အပြစ်ဒဏ်ပေးဖို့ မဟုတ်ခဲ့ဘူး။ ကျွန်မကို လှုပ်နှိုးပြီး နောင်တရစေဖို့ နည်းလမ်းအနေနဲ့ သူက ဒါကို သုံးခဲ့တာပါ။ ဒါတွေကို ကျွန်မ နားလည်လိုက်တာနဲ့၊ ကျွန်မရဲ့စိတ်နှလုံးက အားတက်သွားပြီး ကျွန်မ သိပ်စိတ်မချမ်းမသာ မဖြစ်တော့ဘူး။ ကျွန်မ နောင်တရရမယ်၊ မဟုတ်ရင်တော့ အန္တရာယ်ရှိလိမ့်မယ်ဆိုတာ သိခဲ့တယ်။ ဘုရားဆီကို ကျွန်မ အကြိမ်ကြိမ် ဆုတောင်းခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး အသိရဖို့ လမ်းပြမှုတောင်းလျှောက်ဖို့ပေါ့။

တစ်နေ့မှာ ကျွန်မရဲ့ဝတ်ပြုခြင်းအတောအတွင်းမှာ၊ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။ အချို့လူတို့သည် အပြင်ပန်းတွင် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် အသိဉာဏ်ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကိုယ် ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ကြည်ညိုသောအဆင့်ဆီ ရောက်လိုလျှင် သူတို့သည် သူတို့၏ ထောင်လွှားသော စိတ်သဘောထားများကို ပထမဦးစွာ ဖြေရှင်းရမည်။ သင်၏ ထောင်လွှားသောစိတ်သဘောထားကို စေ့စပ်သေချာစွာ ဖြေရှင်းလေလေ၊ ဘုရားသခင်ကို ကြည်ညိုကိုင်းရှိုင်းလေလေ ဖြစ်သည်။ ထိုအခါမှသာ သင်သည် ကိုယ်တော်ကိုနာခံနိုင်ကာ သမ္မာတရားကို ရနိုင်ပြီး ကိုယ်တော်ကို သိနိုင်မည်။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ပြီးနောက်မှာ နားလည်သွားခဲ့တယ်။ ကျွန်မက ထင်ရာမြင်ရာ ပြုမူပြီး သူများတွေနဲ့ ပူးပေါင်းမလုပ်ဆောင်နိုင်ခဲ့ဘူး။ ကျွန်မမှာ မာနထောင်လွှားတဲ့ သဘာဝ အများကြီး ရှိခဲ့လို့ပါ။ ကျွန်မမြင်ခဲ့တာက၊ ကြီးကြပ်သူအဖြစ် ကျွန်မ အရွေးခံရလို့၊ အတတ်ပညာဆိုင်ရာအသိပညာ အများကြီး ကျွမ်းကျင်ခဲ့လို့၊ ကိုယ့်တာဝန်တွေမှာ ရလဒ်တချို့ ရခဲ့သလို ပြဿနာတချို့ကို ဖြေရှင်းနိုင်ခဲ့လို့၊ ကျွန်မက ထိန်းချုပ်မှုမဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးခဲ့တယ်ဆိုတာပဲ။ ကျွန်မက ပါရမီရှိပြီး ဘယ်သူမှ ကျွန်မလိုမတော်သလို၊ ဘယ်သူမှ မြင့်မားတဲ့အစွမ်းအစ မရှိသလို၊ ဒီအလုပ်မှာ ပိုပြီး ကျွမ်းကျင်မှုမရှိသလို ခံစားခဲ့ရတယ်။ ဒီတော့ ကျွန်မက သူများတွေရဲ့အပေါ်မှာနေပြီး သူတို့ကို စိုးမိုးခြယ်လှယ်ခဲ့တယ်။ ကျွန်မရဲ့တာဝန်တွေမှာ ကျွန်မလုပ်ချင်တာခဲ့သလို၊ သူများတွေနဲ့လည်း လုံးဝ မဆွေးနွေး၊ မပြောဆိုခဲ့ဘူး။ ကျွန်မအလုပ်ဖော်တွေရဲ့ အကြံတွေတောင် နားမထောင်ခဲ့ဘူး။ သူတို့ဘာပဲပြောပြော၊ ကျွန်မမှာ အကောင်းဆုံး ထင်မြင်ယူဆချက်တွေရှိတယ်လို့ ထင်ခဲ့တယ်။ သူတို့ကို ကျွန်မ စိတ်နှလုံးထဲမှာ အထင်သေးပြီး၊ ကျွန်မရဲ့အလုပ်ဖော်တွေကို အယောင်ပြတွေကလွဲပြီး ဘာမှမဟုတ်သလို ဆက်ဆံခဲ့တယ်။ ကျွန်မရဲ့အလုပ်ဖော်တွေက သူတို့နဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ ထပ်ခါထပ်ခါ သတိပေးခဲ့တယ်။ ဒါတွေဟာ ဘုရားရဲ့စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်မှုတွေပဲ။ ကျွန်မက အမြဲအမှားလုပ်ပြီး ကိုယ့်တာဝန်တွေမှာ အခက်အခဲတွေ ကြုံခဲ့ရတယ်။ ဒါဟာ ဘုရားက ကျွန်မကို ကိုင်တွယ်ဖြေရှင်းပြီး ဆုံးမပဲ့ပြင်တာပဲ။ ဒါပေမဲ့ ကျွန်မကို ဒါတွေဖြစ်တော့၊ ကျွန်မ မရှာဖွေဘူး၊ မဆင်ခြင်ခဲ့ဘူး။ ကျွန်မက ဘုရားကို နာခံခြင်း၊ ကြောက်ရွံ့ခြင်းရှိတယ်လို့ ဘယ်လိုများ ပြောလို့ရမှာလဲ။ ကောင်းကင်တမန်မင်း ဘယ်လောက် မာနထောင်လွှားခဲ့တာကို ကျွန်မ တွေးမိတယ်။ သူ့စိတ်နှလုံးထဲမှာ ဘုရားကို ကြောက်ရွံ့ခြင်း မရှိခဲ့ဘူး။ ဘုရားက လူသားတွေကို ဖန်ဆင်းခဲ့ပေမဲ့၊ သူကတော့ လူသားတွေကို စီမံခန့်ခွဲချင်ခဲ့တယ်။ ပြီးတော့ ဘုရားနဲ့ တန်းတူဖြစ်ချင်ခဲ့တယ်။ မာနထောင်လွှားခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ထင်တာတွေဟာ စံပြ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေပဲ။ ကျွန်မမှာ ဒီလိုဆိုးယုတ်တဲ့ သဘာဝမျိုးရှိလို့ ဘုရားကို ဘယ်လိုလုပ်ကြောက်ရွံ့နိုင်၊ နာခံနိုင်မှာလဲ။ ကျွန်မက သမ္မာတရားကို ဘယ်လို လက်တွေ့လုပ်ဆောင်နိုင်မှာလဲ၊ သာမန်လူ့သဘာဝကို ဘယ်လို အသက်ရှင်နေထိုင်နိုင်မှာလဲ။ ဒါဟာ ကျွန်မ နားလည်လိုက်တဲ့အချိန်ပဲ။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဖြေရှင်းတာက စိတ်သဘောထား ပြောင်းလဲမှု ရဖို့ သော့ချက်ပဲဆိုတာကိုပေါ့။ ဒါက ကျွန်မရဲ့အလုပ်ဖော်တွေနဲ့ ပူးပေါင်းမလုပ်ဆောင်နိုင်တဲ့ အကြောင်းအရင်းရဲ့ ဇာစ်မြစ်လည်း ဖြစ်တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ် တစ်ပိုဒ်ကို ကျွန်မ သတိရခဲ့တယ်။ “လူသားတို့အား ဘုရားသခင် တောင်းဆိုသောအရာသည် အလုပ်တာဝန်များကို အရေအတွက်တစ်ခုထိ ပြီးစီးနိုင်စွမ်းရှိခြင်း သို့မဟုတ် ဧရာမတာဝန်ယူမှုများကို ပြီးမြောက်ခြင်း မဟုတ်သကဲ့သို့ ကိုယ်တော်သည် ၎င်းတို့အား တာဝန်ကြီးတစ်ခုခုကို စတင်ပြုလုပ်စေလိုသည်လည်း မဟုတ်ပေ။ ဘုရားသခင်က လိုချင်သည်မှာ လူတို့သည် လက်တွေ့ကျသော နည်းလမ်းဖြင့် ၎င်းတို့တတ်နိုင်သမျှအားလုံးကို လုပ်နိုင်စွမ်းရှိရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ နေထိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ကြီးမြတ်ခြင်း သို့မဟုတ် မြင့်မြတ်ခြင်း ရှိစေလိုသည် မဟုတ်သကဲ့သို့၊ သူသည် သင့်အား အံ့သြဖွယ်ရာတစ်ခုခုကို ဖြစ်ပွားစေလိုသည်လည်း မဟုတ်၊ ထို့ပြင် သင့်အထဲ၌ နှစ်လိုဖွယ် အံ့အားသင့်စရာများကို တွေ့လိုခြင်းလည်း မဟုတ်ပေ။ ထိုသို့သောအရာများကို မြင်တွေ့လိုသည်လည်း မဟုတ်ပေ။ ကိုယ်တော်သည် ထိုကဲ့သို့သော အရာများကို အလိုရှိသည် မဟုတ်ပေ။ ဘုရားသခင် အလိုရှိသမျှအားလုံးမှာ သင့်အနေဖြင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို နားထောင်ရန်နှင့် နားဆင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့ကို နှလုံးသွင်းရန်နှင့် လက်တွေ့ကျသောနည်းလမ်းဖြင့် သင် လက်တွေ့လုပ်ဆောင်ရင်း ၎င်းတို့ကို အလေးဂရုပြုရန်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ အသက်ရှင်နေထိုင်မှုနှင့် သင်၏အသက်တာ ဖြစ်လာစေရန် ဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင် စိတ်ကျေနပ်လိမ့်မည်။ သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှုနှင့် ဂုဏ်သိက္ခာကို အစဉ်ရှာဖွေနေသည်။ သင်သည် ဂုဏ်သရေကို အစဉ်ရှာဖွေသည်။ ဘုရားသခင်သည် ၎င်းအဖြစ်ကိုတွေ့ပါက မည်သို့ခံစားရမည်နည်း။ ကိုယ်တော်သည် ၎င်းကို စက်ဆုပ်ပြီး မကြည့်လိုပေ။ သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှု စသောအရာများနောက်ကို လိုက်လေလေဖြစ်ပြီး၊ အခြားသူများထက် သာလွန်သော၊ အောင်မြင်သော၊ ထူးချွန်သော၊ ဂရုပြုထိုက်သောသူ ဖြစ်လိုလေလေ၊ ဘုရားသခင်သည် သင့်အားစက်ဆုပ်လေလေ ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် ဆန်းစစ်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် သင့်ကို စက်ဆုပ်ရွံရှာပြီး စွန့်ပစ်လိမ့်မည်။ ဘုရားသခင် စက်ဆုပ်သောသူ မဖြစ်လေနှင့်။ ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်အောင်နေလော့။ ဤသို့ဆိုလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို အကြင်သူသည် မည်သို့ ရရှိနိုင်သနည်း။ သမ္မာတရားကို မှန်မှန်ကန်ကန် လက်ခံခြင်းအားဖြင့်၊ ဖန်ဆင်းခံတစ်ဦး၏ နေရာတွင် ရပ်တည်ခြင်းအားဖြင့်၊ ရိုးသားသောသူတစ်ဦးဖြစ်ပြီး မိမိ၏တာဝန်များကို ထမ်းဆောင်ဖို့ ဘုရားနှုတ်ကပတ်တော်အပေါ် ခိုင်မာစွာ မှီခိုခြင်းအားဖြင့်၊ ပြီးလျှင် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းအားဖြင့် ဖြစ်ပေသည်။ ဤသည်မှာ လုံလောက်ပေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်သွားစေခဲ့တယ်။ ကျွန်မတို့ ဘယ်လောက် စွမ်းဆောင်ရရှိတာ၊ ကျွန်မတို့ အလုပ်ဘယ်လောက် လုပ်တာကို ဘုရားက မကြည့်ဘူး။ ကျွန်မတို့ရဲ့ ဆုကျေးဇူးတွေနဲ့ အစွမ်းအစကိုလည်း ကိုယ်တော် မကြည့်ဘူး။ ကျွန်မတို့က သူ့နှုတ်ကပတ်တော်တွေကို နားထောင်နိုင်လား၊ သူ့ကို နာခံနိုင်လား သူ့သတ်မှတ်ချက်တွေအရ သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်လား၊ သူများတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်လား၊ ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းနိုင်လားဆိုတာပဲ ဘုရားက ကြည့်တယ်ဆိုတာပေါ့။ ဒါက ဘုရားကြည့်တဲ့အရာ၊ သူ့ထောက်ခံမှုကို ရနိုင်တဲ့အရာပါပဲ။ ဒါပေမဲ့ ဘုရားရဲ့သတ်မှတ်ချက်တွေကို ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မ အလုပ်နည်းနည်းလုပ်နိုင်ပြီး အစွမ်းအစနဲ့ ဆုကျေးဇူးတချို့ရှိခဲ့လို့၊ မာနထောင်လွှားလာပြီး၊ ပါရမီရှိတယ်လို့ တွေးထင်ခဲ့တယ်။ လူတကာထက် တော်တယ်လို့ ခံစားရပြီး၊ လူတိုင်းအပေါ်မှာ နေခဲ့သလို၊ သူ့တို့ကို ကိုယ့်ကို နားထောင်ခိုင်းခဲ့တယ်။ ကျွန်မက အသိစိတ်လုံးလုံး တကယ်ကို မရှိခဲ့တာပဲ။ ကျေးဇူးတော်ခေတ်ထဲက ပေါလုအကြောင်း ကျွန်တော် တွေးမိခဲ့တယ်။ သူ့မှာ အစွမ်းအစနဲ့ ဆုကျေးဇူးတွေ ရှိခဲ့တယ်။ ဧဝံဂေလိတရား ဟောကြားဖို့ အများကြီး ဒုက္ခခံခဲ့တယ်၊ အလုပ်အများကြီး လုပ်ခဲ့တယ်။ သူများတွေ သူ့ကို လေးစားပြီး ကြည်ညိုအောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ သူအလုပ်လုပ်ခဲ့တဲ့နှစ်တွေတစ်လျှောက်လုံးမှာ သူ့အသက်စိတ်သဘောထားမှာ ပြောင်းလဲမှုကို မရခဲ့ဘူး။ သူ့ကိုယ်သူ ချီးမြှောက်ပြီး ကြွားဝါခဲ့တယ်။ နောက်ဆုံးမှာ သူ့ရဲ့ မာနအထောင်လွှားဆုံး စကားတွေကို ပြောခဲ့သေးတယ်။ “အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။” (ဖိလိပ္ပိ သြဝါဒစာ ၁:၂၁) ဒါတွေအားလုံးကြောင့် နောက်ဆုံးမှာ ပေါလုက ဘုရားရဲ့လက်ခံမှုကို မရနိုင်ခဲ့ဘဲ၊ ဘုရားရဲ့ အပြစ်ဒဏ်ပေးတာကို ထာဝရခံခဲ့ရတယ်။ လူတစ်ယောက်မှာ ဘာဆုကျေးဇူး၊ အစွမ်းအစ ရှိပါစေ၊ လူတွေအလယ်မှာ ဘာအဆင့်အတန်း၊ ဘာအင်အား ပိုင်ဆိုင်ပါစေ၊ သမ္မာတရားကို မလိုက်စားရင်၊ စိတ်သဘောထားပြောင်းလဲမှု မရရင်၊ အဲဒါက အလကားပါပဲ။ ဒါတွေက လူတွေရဲ့ကယ်တင်ခြင်းအတွက် သမ္မာတရား၊ အရင်းအနှီး မဟုတ်ပါဘူး။ ဘုရားက လူတွေကို ဒါတွေအရ ကယ်တင်တာ၊ စုံလင်စေတာ မဟုတ်ဘူး။ ကျွန်မက ကိုယ့်မှာ အစွမ်းအစ၊ ဆုကျေးဇူးတွေနဲ့ ပါရမီရှိတယ်လို့ ခံစားခဲ့ရပေမဲ့၊ အခြေခံအကျဆုံး သာမန်လူ့သဘာဝကိုတောင် ကျွန်မ အသက်ရှင်မနေထိုင်နိုင်ခဲ့ဘူး။ ကိုယ့်ညီအစ်ကိုမောင်နှမတွေအတွက် အခြေခံအကျဆုံး လေးစားမှု မရှိခဲ့ဘူး။ မှန်ကန်တဲ့ အကြံကို လက်မခံနိုင်ခဲ့ဘူး။ ကျွန်မရဲ့စိတ်သဘောထားမှာ ပြောင်းလဲမှု တစ်စက်မှ မပြခဲ့ဘူး။ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အကြိမ်ပေါင်းများစွာ သတိပေးပြီး ကူညီခဲ့သလို၊ ဘုရားက ဒဏ်ခတ်ပြီး ဆုံးမပဲ့ပြင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့ ပြင်းပြင်းထန်ထန် ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်း လိုအပ်ခဲ့တယ်။ ကျွန်မက သိပ်ခံစားချက်မဲ့ခဲ့တယ်။ ကျွန်မမှာ ဆိုးရွားတဲ့ အစွမ်းအစရှိခဲ့တယ်။ အစွမ်းအစကောင်းရှိတဲ့သူတစ်ယောက်က ကိစ္စတွေဖြစ်တဲ့အခါမှာ သမ္မာတရားကို ရှာဖွေပြီး ဘုရားအလိုတော်ကို နားလည်နိုင်မှာဖြစ်သလို၊ ဘုရားစီစဉ်ပေးတဲ့ ပတ်ဝန်းကျင်တွေကနေ သင်ခန်းစာ ယူနိုင်မှာပဲ။ ကိုယ့်ကိုယ်ကိုယ် ကြည့်ရင်းနဲ့၊ ကျွန်မက ကျိုးကြောင်းမမြင်ဘဲ မာနထောင်လွှားတာကို တွေ့ခဲ့တယ်။ ကျွန်မမှာ အသိစိတ် လုံးဝ မရှိခဲ့သလို၊ လူသားပုံသဏ္ဌာန်ကို အသက်ရှင်မနေထိုင်ခဲ့ဘူး။ ဒီတော့ ဘုရားရဲ့လက်ခံမှုကို ဘယ်လိုရနိုင်မှာလဲ။ ကျွန်မရဲ့အလုပ်ဖော်နှစ်ယောက်က ဒီတာဝန်ကို လုပ်ခဲ့တာ ကျွန်မထက် ကြာပေမဲ့ သူတို့ရဲ့အရည်အချင်းတွေအကြောင်း ကြွားတာကို ကျွန်မ တစ်ခါမျှ မမြင်ဖူးတာကိုလည်း တွေးမိတယ်။ သူတို့မှာ ပြဿနာတွေရှိတဲ့အခါ သူတို့က ကျွန်မကို ရှာဖွေပြီး ဆွေးနွေးတုန်းပဲ။ ကျွန်မက သူတို့ကို အထင်သေးပြီး သိမ်ငယ်စေတဲ့အခါမှာ၊ သူတို့က အမြဲသည်းခံပြီး စိတ်ရှည်တယ်၊ ကျွန်မကို ချစ်ချစ်ခင်ခင်နဲ့ ကူညီခဲ့တယ်။ သူတို့အသက်ရှင်နေထိုင်တဲ့ လူ့သဘာဝကို မြင်တော့ ကျွန်မ အပြစ်ရှိသလိုခံစားရပြီး ရှက်မိတယ်။ ကျွန်မရဲ့အသိစိတ်နဲ့ လူ့သဘာဝို့က ဆိုးရွားတာကို သဘောပေါက်လိုက်တယ်။ ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ် သိစိတ်လုံးဝ မရှိခဲ့ဘူး။ ဗီဒီယိုအဖွဲ့ရဲ့အလုပ်ကို အပျက်အစီးနဲ့ အဟန့်အတားတွေ အများကြီး ကျွန်မ ဖြစ်စေခဲ့တယ်။ ကျွန်မရဲ့အလုပ်ဖော်တွေကို အများကြီး ထိခိုက်စေခဲ့တယ်။ ကျွန်မရဲ့လုပ်ရပ်တွေကို ထောက်ရင်၊ ကျွန်မက အဲဒီလို အရေးကြီးတဲ့တာဝန်နဲ့ မထိုက်တန်ပါဘူး။ ဒါကို သဘောပေါက်လိုက်တော့၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ လေးလံတဲ့ ခံစားမှုကို ခံစားခဲ့ရတယ်။ ကျွန်မကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုလိုက်တယ်။ ကျွန်မ အထုတ်ပဲခံရခံရ၊ အနာဂတ်မှာ ဘာရလဒ်ပဲ ကြုံရကြုံရ သမ္မာတရားကို လိုက်စားမယ်၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းပြီး မာနထောင်လွှားပြီး မဆင်မခြင် မလုပ်တော့ဘူးလို့ပေါ့။

နောက်ပိုင်းမှာ ကျွန်မရဲ့ပြဿနာကို ပစ်မှတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ “သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းတွင် အခြားသူများကို ဆုံးဖြတ်ခွင့်ပေးခြင်းနှင့် အခြား အကြံပြုချက်ပေးခွင့်ပြုခြင်းတို့ လိုအပ်သည်၊ ပြီးလျှင် ယင်းမှာ အခြားသူများ၏ အကူအညီနှင့် အကြံဉာဏ်များကို လက်ခံဖို့ နည်းလမ်းကို သင်ယူခြင်းကို ဆိုလိုသည်။ တစ်ခါတစ်ရံတွင် လူတို့သည် မည်သည့်အရာမျှ မပြောကြပေ၊ သင့်အနေဖြင့် ၎င်းတို့၏ထင်မြင်ယူဆချက်ကို စေ့ဆော်သင့်သည်။ သင်သည် မည်သည့်ပြဿနာကို ကြုံရပါစေ၊ သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေသင့်ပြီး အများသဘောတူညီချက်ရဖို့ ကြိုးစားသင့်သည်။ ဤနည်းလမ်းဖြင့် အမှုကိစ္စများကို လုပ်ဆောင်ခြင်းက သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းကို ရရှိလိမ့်မည်။ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး အနေဖြင့် သင့်ရာထူး၏ အကျိုးအမြတ်များကို အစဉ် ငမ်းငမ်းတက်ဖြစ်ရင်း၊ အမြဲ သင့်ကိုယ်ပိုင် အစီအစဉ်များ ပြုလုပ်လျက်၊ ကိုယ်ပိုင်လုပ်ငန်းကို စီမံကာ အောင်မြင်မှုနှင့် ရာထူးတိုးခြင်းတို့အတွက် အစဉ်ကြိုးစားရင်း၊ သင့်ကိုယ်သင် အခြားသူများ၏ အထက်တွင် ရှိသည်ဟု အစဉ်တွေးထင်ကာ အစိုးရအရာရှိကဲ့သို့ တာဝန်တွင် ပျော်ပါးမြူးထူးနေလျှင်၊ ဤသည်မှာ ပြဿနာဖြစ်ပေသည်။ ဤနည်းအားဖြင့် အစိုးရအရာရှိတစ်ဦးကဲ့သို့ ပြုမူခြင်းသည် အလွန်အမင်း အန္တရာယ်ရှိပေသည်။ ဤသည်မှာ သင်အစဉ် ပြုမူသည့်ပုံစံဖြစ်ပြီး အခြား မည်သူတစ်စုံတစ်ဦးနှင့်မျှ ပူးပေါင်းလိုခြင်းမရှိပါက၊ အခြားသူများကို သင်၏ ဩဇာအာဏာ ခွဲဝေပေးလိုခြင်းမရှိပါက၊ အခြားသူများကို သင့်ထက်ပို၍ အစွမ်းမပြစေလိုပါက၊ သင့်အား အခြားသူများက ကြည်ညိုလေးစားနေသည်ကို မစွန့်လွှတ်လိုပါက— အရာများကို သင်တစ်ဦးတည်းသာ ရလိုပါက သင်သည် အန္တိခရစ်တစ်ဦးဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို မကြာခဏ ရှာဖွေလျှင်၊ ဇာတိပကတိ၊ သင်၏ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် ဒီဇိုင်းများကို ကျောခိုင်းလျှင်၊ ပြီးလျှင် သင်သည် အခြားသူများနှင့် တိုင်ပင်ဖို့နှင့် ၎င်းတို့၏အကြံပြုချက်ကို ရယူဖို့ သင့်စိတ်နှလုံးကို မကြာခဏ ဖွင့်ပေးလျက် အခြားသူများနှင့် ပူးပေါင်းခြင်းကို အစပြုလုပ်ဆောင်နိုင်ပါက၊ ပြီးလျှင် သင်သည် အခြားသူများ၏ အကြံပေးချက်များကို သဘောတူလက်ခံနိုင်ပြီး ၎င်းတို့၏ အတွေးအခေါ်များနှင့် စကားများကို အသေအချာ နားထောင်နိုင်ပါက သင်သည် မှန်ကန်သော လမ်းကြောင်း၊ မှန်ကန်သော ဦးတည်ချက်၌ သွားနေသည်။ မာနတစ်ခွဲသား လုပ်မနေဘဲ သင်၏ရာထူးကို ဘေးဖယ်ထားလော့။ ဤအရာများကို ဂရုမစိုက်နှင့်၊ ယင်းတို့ကို အရေးမပါသည့် အရာအဖြစ် သဘောထားလော့၊ ပြီးလျှင် ယင်းတို့ကို ဂုဏ်အဆင့်အတန်း၏ အမှတ်အသားအဖြစ် အောင်ဆုအောင်ပန်းအဖြစ် မရှုမြင်လေနှင့်။ သင်နှင့် အခြားသူများသည် တန်းတူဖြစ်သည်ဟု သင်၏စိတ်နှလုံးထဲ၌ ယုံကြည်လော့။ သင့်ကိုယ်သင် အခြားသူများနှင့် တန်းတူရည်တူ အခြေအနေတစ်ခုတွင် ထားရန်နှင့် အခြားသူများထံမှ ၎င်းတို့၏ ထင်မြင်ချက်များကို တောင်းခံဖို့ နှိမ့်ချနိုင်ရန်ပင် သင်ယူလော့။ အခြားသူများ ပြောစရာရှိသည့်အရာကို လေးနက်စွာ၊ သတိကြီးစွာနှင့် အလေးဂရုစိုက်၍ နားထောင်နိုင်ခြင်း ရှိလော့။ ဤနည်းအားဖြင့် သင်သည် သင်နှင့် အခြားသူများအကြား ငြိမ်းချမ်းသော ပူးပေါင်းဆောင်ရွက်ခြင်းကို ပေါက်ဖွားစေလိမ့်မည်။ သို့ဆိုလျှင် ငြိမ်းချမ်းသော ပူးပေါင်းဆောင်ရွက်ခြင်းက မည်သည့်တာဝန်ကို ဖြည့်ဆည်းပေးသနည်း။ ယင်းက အမှန်တကယ်ပင် ကြီးစွာသော တာဝန်တစ်ခုကို ဖြည့်ဆည်းပေးသည်။ ယခင်က သင် တစ်ခါမျှ မရဖူးသည့် အရာများ၊ အသစ်သော အရာများ၊ သာ၍ မြင့်မားသော နယ်ပယ်မှ အရာများကို သင်ရလိမ့်မည်။ သင်သည် အခြားသူများ၏ ကောင်းကွက်များကို သိပြီး ၎င်းတို့၏အားသာချက်များမှ သင်ယူလိမ့်မည်။ ပြီးလျှင် အခြားအရာတစ်ခုလည်း ရှိသေး၏— အခြားသူများကို ပေါကြောင်ကြောင်နိုင်သည်၊ တုံးအသည်၊ မိုက်မဲသည်၊ သင့်ထက်နိမ့်ကျသည်ဟု သင်ထင်မှတ်သည့် သင်၏အယူအဆများ အလယ်မှ ရှုထောင့်များ— သင့်အနေဖြင့် အခြားသူများ၏ အကြံပြုချက်များကို နားထောင်သည့်အခါတွင်ဖြစ်စေ၊ အခြားသူများက သင့်ကို စကားပြောဖို့ ၎င်းတို့၏စိတ်နှလုံးကို ဖွင့်ချသည့်အခါတွင်ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်ကမျှ ရိုးအမနေဘဲ မည်သူပင်ဖြစ်ပါစေ လူတိုင်း၌ မှတ်သားလောက်စရာ အတွေးအခေါ်အချို့ ရှိသည်ကို သင်အမှတ်တမဲ့ သဘောပေါက်လာသည်။ ပြီးလျှင် ဤနည်းအားဖြင့် သင်သည် လူတတ်ကြီးတစ်ဦး လုပ်ခြင်းကို ရပ်လိမ့်မည် ဖြစ်သည်၊ သင့်ကိုယ်သင် ထက်မြက်ပြီး အခြားလူတိုင်းထက် သာလွန်သည်ဟု တွေးထင်တော့မည် မဟုတ်ပေ။ ယင်းက အတ္တပေမ အခြေအနေ၊ မိမိကိုယ်ကို နှစ်ထောင်းအားရခြင်း အခြေအနေ၌ ရှင်သန်နေခြင်းမှ သင့်ကို တားဆီးပေးပေသည်။ ယင်းက သင့်ကို ကာကွယ်ပေးသည် မဟုတ်လော။ ယင်းမှာ အခြားသူများနှင့် အလုပ်လုပ်ခြင်း၏ ရလဒ်နှင့် အကျိုးကျေးဇူးတို့ဖြစ်ပေသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်လိုက်တယ်။ ဘယ်သူမှ ပြီးပြည့်စုံတာ မဟုတ်ဘူး။ ဘယ်သူမှ ပြဿနာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ ကျွန်မတို့တာဝန်တွေထဲက အမှားတွေနဲ့ သွေဖည်မှုတာတွေက ရှောင်လွှဲလို့မရဘူးလေ။ ဒါပေမဲ့ သူများတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့သင်ယူပြီး၊ အချင်းချင်းရဲ့ အားသာချက်တွေကနေ သင်ယူသရွေ့၊ ဒီပြဿနာတွေကို ကျွန်မတို့ ရှောင်နိုင်ပြီး၊ အဲဒီတော့မှ ကျွန်မတို့ တာဝန်တွေ တိုးတက်နိုင်မယ်။ ကျွန်မတို့အလုပ်ဖော်တွေနဲ့ ပိုပူးပေါင်းဆောင်ရွက်လေ၊ သူများတွေရဲ့ အားသာချက်တွေကို ကျွန်မတို့ ရှာတွေ့နိုင်လေပဲ။ သူများတွေကို သိမ်ငယ်စေဘဲ၊ အထင်မသေးဘဲ၊ လူတိုင်းကို မျှမျှတတ၊ တရားသဖြင့် ဆက်ဆံနိုင်လေပဲ။ ကျွန်မတို့တွေ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်တဲ့ အခြေအနေမှာ နေနေတာ၊ အာဏာရှင်လို ပြုမူတာ၊ ထင်ရာမြင်ရာ ကိစ္စတွေလုပ်တာ၊ အန္တိခရစ်လမ်းကြောင်းကိုလျှောက်တာတွေကနေလည်း ဟန့်တားပေးတယ်။ ဒါပေမဲ့ ကျွန်မရဲ့တာဝန်တွေမှာ ကျွန်မက မာနထောင်လွှားလာတယ်၊ သူတို့က ကိုယ့်ထက်နိမ့်ကျတယ်လို့ ထင်ခဲ့တယ်။ ကျွန်မက အမြဲတမ်း အပြီးသတ်ဆုံးဖြတ်ချင်တယ်။ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေနဲ့ မပူးပေါင်းခဲ့ဘူး။ အဆုံးမှာ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ထိခိုက်ရုံသာမက၊ သူတို့ကိုလည်း နာကျင်မှုနဲ့ ဒုက္ခတွေ ဖြစ်စေခဲ့မိသလို၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ အဲဒီနောက်မှာမှ ကျွန်မညီအစ်ကိုမောင်နှမတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းရဲ့ အရေးပါမှုကို သဘောပေါက်ခဲ့တယ်။

နောက်ပိုင်းမှာ ကိုယ့်အလုပ်ဖော်ကို ဖွင့်ပြောပြဖို့ အခွင့်အရေးရခဲ့တယ်။ ကျွန်မရဲ့တာဝန်မှာ ကျွန်မ ဘယ်လောက် မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ထင်လာခဲ့တာ၊ သူတို့ကို ကျွန်မ ဖြစ်စေခဲ့တဲ့ ထိခိုက်နစ်နာမှုနဲ့ ဆင်ခြင်ပြီးနောက်မှာ ကျွန်မ သတိထားမိတဲ့ ပြဿနာတွေအားလုံး အကြောင်းကို သူတို့ကို ပြောခဲ့တယ်။ သူတို့ကိုလည်း တောင်းပန်ခဲ့ပြီး သူတို့ရဲ့ ကြီးကြပ်မှုကို တောင်းခဲ့တယ်။ ကျွန်မက မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်တာ၊ သူတို့အကြံတွေ လက်မခံတာကို သူတို့ သတိထားမိရင်၊ သူတို့ ထောက်ပြလို့ရတယ်လေ။ ကျွန်မက အဲဒါကို လက်မခံရင် ကျွန်မကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်တယ်၊ ကျွန်မကို တိုင်နိုင်တယ်။ ကျွန်မလို မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်တဲ့ လူတစ်ယောက်က ဒီလို အထူးကုစားမှုမျိုး လိုအပ်ခဲ့တယ်။ ဒီလိုလက်တွေ့လုပ်ဆောင်ရင်းနဲ့၊ အထူးသဖြင့် တည်ကြည်ခိုင်မာတယ်လို့ ခံစားရတယ်။ နောက်ဆုံးမှာ ကုထုံးရသွားတဲ့ ကင်ဆာရောဂါရှင်တစ်ယောက်လိုပဲ။ နေ့တိုင်း ဘုရားရှေ့ကို ကျွန်မရဲ့ ပြဿနာတွေကို ယူလာပြီး ဆုတောင်းခဲ့တယ်။ သူ့ကာကွယ်ခြင်းနဲ့ ဆုံးမပဲ့ပြင်ခြင်းကို တောင်းလျှောက်ဖို့လေ။ ဒါမှသာ အဲဒီလို ယုတ္တိမတန်တဲ့အရာတွေ လုပ်တာကို ကျွန်မ ရှောင်နိုင်မှာ။ သတိမထားလိုက်မိဘဲ၊ ကျွန်မ အများကြီး ပိုပြီး ဘာသာတရား ကိုင်းရှိုင်းလာတယ်။ တစ်ခုခုမလုပ်ခင် ကိုယ့်အလုပ်ဖော်တွေနဲ့လည်း တက်တက်ကြွကြွ ဆွေးနွေးပြောဆိုတယ်။ သူတို့က မတူတဲ့ ထင်မြင်ယူဆချက်တွေပေးတဲ့အခါ၊ အဲဒါတွေကို မျက်စိစုံမှိတ် ငြင်းပယ်တာထက်၊ ကျွန်မ ရှာဖွေပြီး ချင့်ချိန်စဉ်းစားနိုင်လာတယ်။ သူတို့အမြင်တွေက စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု ရှိမရှိ၊ အားသာချက်တွေက ဘာတွေလဲဆိုတာကို မြင်အောင်လို့ပေါ့။ အဲဒါက ကျွန်မ အပြီးသတ် ဆုံးဖြတ်ခွင့်ရဖို့ တောင်းဆိုရာမှာလည်း ဟန့်တားတယ်။

တစ်ခါက ကျွန်မတို့က ဝန်ထမ်းအပြောင်းအရွှေ့ကို ဆွေးနွေးနေခဲ့ကြတာ သတိရမိသေးတယ်။ ညီအစ်မတစ်ယောက်ကို နောက်တစ်ဖွဲ့ဆီ ပြောင်းရွှေ့ဖို့ ကျွန်မ အကြံပြုခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အလုပ်ဖော်တွေက လူတွေကို အများကြီး ပြောင်းရွှေ့ဖို့ အကြံမပေးခဲ့ဘူး။ ကျွန်မတို့က လူသစ်တွေကို ရွေးပြီး လေ့ကျင့်ပေးရမယ်တဲ့။ ကျွန်မအလုပ်ဖော်တွေရဲ့ မတူညီတဲ့ ထင်မြင်ချက်တွေကို ကြားတော့၊ ကျွန်မရဲ့ အမြင်မှန်တယ်ဆိုတာ အလေးထား ပြောချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ပြုမူတော့မယ်ဆိုတာကို သတိပြုမိသွားတယ်။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားကို ချက်ချင်း ဆုတောင်းခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ပြီး စွန့်လွှတ်အောင် ကူညီပေးဖို့ တောင်းလျှောက်ရင်းနဲ့ပေါ့။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ရုတ်တရက် တွေးမိတယ်။ “ပညာရှင်ဆိုင်ရာ ရှုထောင့်များဖြင့် မည်သည့်မတူညီသော အယူအဆများကိုမဆို အလွန် အလေးအနက်ထားရမည် ဖြစ်သည်။ ယင်းတို့ကို လျစ်လျစ်ရှုပြီး ‘သင် ဤအရာအကြောင်း သိသလော၊ သို့မဟုတ် ကျွန်ုပ် သိသလော။ ဤအရာကို ကျွန်ုပ် လုပ်ဆောင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်— ကျွန်ုပ်က သင့်ထက် အဘယ်သို့လျှင် သာ၍ မသိဘဲနေမည်နည်း။ သင် အဘယ်အရာ သိသနည်း။ အဘယ်အရာမျှ မသိ’ ဟု မပြောနှင့်။ ဤသည်မှာ မကောင်းသည့် စိတ်သဘောထားဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ ရှေ့မှောက် အမြဲအသက်မရှင်နိုင်သူတို့မှာ မယုံကြည်သူများဖြစ်သည်”) ဟုတ်တယ်။ ကျွန်မရဲ့အလုပ်ဖော်တွေက ကန့်ကွက်ခဲ့ကြတယ်။ ဒါနဲ့ ကျွန်မက အဲဒါကို ချင့်ချိန်ပြီး ကျွန်မရဲ့အမြင်ကို မရမက မပြောတော့ဘူး။ အဲဒီကိစ္စအပေါ် ကျွန်မအမြင်က ပြဿနာရှိနေရင် ဘယ်လိုလုပ်မလဲ။ သူတို့အကြံက ဘာကောင်းလဲ။ ဘုရားအိမ်တော်ရဲ့ အလုပ်အတွက် ဘာအကျိုးတွေရှိလဲ။ အဲဒီလို တွေးကြည့်လိုက်တော့၊ သူတို့ အကြံက ကျွန်မတို့ အလုပ်အတွက် တကယ်ကို ပိုအကျိုးရှိတာကို ကျွန်မ သဘောပေါက်သွားတယ်။ ပါရမီရှင်အသစ်တွေကို ပျိုးထောင်ပေးတာဟာ ဝန်ထမ်းမလောက်တဲ့ပြဿနာရဲ့ ဇာစ်မြစ်ကို ပြေလည်စေတယ်။ နှိုင်းယှဉ်လိုက်ရင် ကျွန်မ အမြင်က တစ်ဖက်သတ် ဖြစ်နေတယ်။ အဆုံးမှာတော့ သူတို့အကြံကို ကျွန်မတို့ လက်တွေ့အကောင်ထည်ဖော်ခဲ့တယ်။ ကျွန်မ စိတ်အေးချမ်းသွားတယ်။ နောက်ဆုံးတော့ ကျွန်မက တစ်ခါလောက် ဆင်ခြင်တုံတရားရှိတဲ့သူ ဖြစ်ခဲ့ရပြီလို့ ကျွန်မ တွေးမိတယ်။ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ပြီး သမ္မာတရားကို နာခံခဲ့ပြီပေါ့။ အဲဒီလိုဖြစ်ရတာ ကျွန်မ ဝမ်းမြောက်တယ်။

ကာလတစ်ခုကြာ ကျွန်မအလုပ်ဖော်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ညီအစ်မနှစ်ယောက်က ပြဿနာတွေကို ကျွန်မထက်တောင် ပိုခြုံငုံစဉ်းစားတတ်တာကို သိလိုက်ရတယ်။ ကျွန်မရဲ့အကြံပြုချက်အများစုက တကယ်ကို မသင့်တော်ခဲ့ဘူး။ ဒါပေမဲ့ သူတို့အကြံကတော့ ကျွန်မရဲ့ချို့ယွင်းချက်တွေကို ထေမိခဲ့တယ်။ ကျွန်မတို့ ကိုယ့်အလုပ်ဖော်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ၊ အချင်းချင်းရဲ့ အားသာချက်တွေကနေ သင်ယူပြီး တစ်ယောက်ကိုတစ်ယောက် ကူညီ၊ ကြီးကြပ်ပြီး ထိန်းသင့်တယ်။ အဲဒါက ကျွန်မတို့တာဝန်တွေမှာ ကျွန်မတို့ ပိုတော်လာတဲ့နည်းလမ်းပဲ။ ကျွန်မတို့ တစ်ယောက်မှ သူများတွေထက် မတော်ဘူးဆိုတာကိုလည်း ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မတို့ တစ်ယောက်ချင်းစီမှာ ကိုယ့်အားသာချက်နဲ့ အားနည်းချက်တွေ ရှိတယ်။ ဘယ်သူကမှ ကိုယ့်တာဝန်တွေကို ကိုယ့်ဘာသာ မထမ်းဆောင်နိုင်ဘူး။ ကျွန်မတို့က ကိုယ့်အလုပ်ဖော်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အချင်းချင်း ဖြည့်ဆည်းပေးဖို့လိုတယ်။ အဲဒါဟာ ကျွန်မတို့တာဝန်တွေကို အကောင်းဆုံးလုပ်ဖို့နဲ့ လမ်းမှားကို လျှောက်တာ ရှောင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်း မရှိဘဲ၊ ကျွန်မက ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကနေ ပြုမူပြီး အန္တိခရစ်ရဲ့လမ်းကြောင်းကို လျှောက်နေဦးမှာ။ အဆုံးမှာ ဘုရားရဲ့ သုတ်သင်ဖယ်ရှင်းပြီး အပြစ်ဒဏ်ပေးတာကို ခံရမှာပဲ။ ဒီနေ့ ဒီနားလည်မှုရပြီး ပြောင်းလဲတာက ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း ရလဒ်ပဲ။ ကျွန်မကို ကယ်တင်တဲ့အတွက် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်မိတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လှည့်စားခြင်းနှင့် သံသယဝင်ခြင်းသည် ဒုက္ခကိုသာ သယ်ဆောင်လာသည်

ကျန်ဟန် ဂရိနိုင်ငံ ကျွန်မက အသင်းတော်က ဗီဒီယိုထုတ်လုပ်ရေးသင်တန်းမှာ ဆက်တိုက်ရှိနေခဲ့တာ။ နောက်တော့ ၂၀၂၀ခုနှစ်၊ ဇွန်လရဲ့ နေ့တစ်နေ့မှာ...

ရိုးသားသော လူတစ်ဦးဖြစ်ခြင်းမှာ မလွယ်ကူပါ

ကျီရှင်း၊ ဟူဘေးစီရင်စု အနန္တတန်ခိုးရှင် ဘုရားသခင်၏ အဆုံးသတ်ကာလ အမှုတော်ကို လက်ခံပြီးနောက်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့်...

ခင်တွယ်မှုများက မူအရဖြစ်ရမည်

ရှန့်ရှန့် အမေရိကန်နိုင်ငံ ကလေးတစ်ယောက်အနေနဲ့ ကျွန်မ မိဘတွေနဲ့ ဆရာတွေက လူကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ကျေးဇူးတင်တတ်ဖို့ သွန်သင်ပေးခဲ့တယ်။...

ဤလမ်းကြောင်းပေါ် ကျွန်ုပ် ဆုံးဖြတ်ချက်ခိုင်မာသည်

ဟန်ချန် တရုတ်နိုင်ငံ ဟိုတစ်နှစ်က ဧဝံဂေလိဟောမှုနဲ့ အစ်မအဖမ်းခံရတယ်။ အစ်မကို ကွန်မြူနစ်ပါတီက အစွန်းရောက်ဂိုဏ်းကို စုစည်းအသုံးပြုပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။