အရှိအတိုင်း ကျွန်မ ဖော်ထုတ်ခံရခြင်း

23.01.2022

ဝေးရှောင် စပိန်နိုင်ငံ

ဒီနှစ်အစောပိုင်းမှာ ကျွန်မ အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်တုန်းက ဧဝံဂေလိအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မဝမ်က တခြားအသင်းတော်တစ်ခုဆီကို ပြောင်းရွှေ့ရတယ်။ တစ်နေ့မှာ တခြားအစ်မတစ်ယောက်က ကျွန်မကို ပြောတယ်။ အစ်မဝမ်က ကျွန်မမှာ အယောင်ဆောင်ခေါင်းဆောင် အပြုအမူတွေရှိတယ်၊ ကျွန်မရဲ့ ဧဝံဂေလိအလုပ်မှာ ပေါ့ဆတယ်၊ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို မြန်မြန်မကိုင်တွယ်ဘူး၊ ဒါက အဖွဲ့ရဲ့ ထိရောက်မှုနဲ့ အကျိုးဖြစ်ထွန်းမှုကို လျော့ကျစေတယ်ဆိုပြီး တခြားညီအစ်ကို မောင်နှမတွေကို ပြောတယ်တဲ့။ ကျွန်မ စိတ်ဆိုးသွားပြီး တွေးမိတယ်။ “အခုနောက်ပိုင်းမှာ ငါက အသေးစိတ် နောက်ဆက်တွဲအလုပ်တွေကို လုပ်မနေပေမဲ့ အကြောင်းပြချက်ကောင်းတစ်ခုရှိတယ်။ ငါ့ကို ထိပ်တိုက်လာမပြောဘဲ နောက်ကွယ်မှာပြောတာက ပြဿနာဖြစ်အောင် လုပ်နေတာမဟုတ်ဘူးလား။ ညီအစ်ကို မောင်နှမတွေက ငါ့ကို ဘယ်လိုထင်မလဲ။ ငါ နင့်ကို အလွယ်တကူ လွှတ်မပေးနိုင်ဘူး။ ငါလည်း နင့်အမှားတွေကို ဖော်ထုတ်ပစ်မယ်” ဆိုပြီးတော့။ အဲဒါနဲ့ ကျွန်မက ပြောလိုက်တယ်။ “အစ်မဝမ်က ကျွန်မကို အမြဲတမ်း အထင်သေးခဲ့ပြီး အမှားရှာခဲ့တယ်။ သူက သိပ်ကောင်းတဲ့သူမဟုတ်ဘူး။ ဒါကို လူတိုင်းသိပါတယ်။ သူက သူများတွေနဲ့ ဘယ်တော့မှ ကောင်းကောင်းမလုပ်ဘဲ အရမ်းကြေးများတယ်။ အခု သူက ကျွန်မကို ပစ်မှတ်ထားနေပြီ။ ဒါပေမဲ့ ကျွန်မက သူ့အပေါ် ဘာမှမလုပ်ခဲ့ဖူးဘူး။ ဒါ ကျွန်မက သူ့ကို တခြားအသင်းတော်တစ်ခုဆီကို ပြောင်းရွှေ့လိုက်လို့ ဖြစ်နိုင်တယ်။ ဒါကြောင့် သူ့ရဲ့ အဖွဲ့ခေါင်းဆောင်ရာထူးပြုတ်သွားပြီး ဒီအတွက် ကျွန်မအပေါ်ကို သူ လက်စားပြန်ချေချင်တာ” ဆိုပြီးတော့။ ကျွန်မက ပြဿနာမရှိဘူး၊ အဲဒါ အစ်မဝမ်ရဲ့ ပြဿနာဆိုပြီး အဲဒီအစ်မကို ကျွန်မ ထင်မြင်စေချင်ခဲ့တယ်။ အဲဒီနောက်မှာ အစ်မဝမ်က ကျွန်မကို ဒီလူတွေအားလုံးရှေ့မှာ ဖော်ထုတ်တာ ဘယ်လောက်ရှက်စရာကောင်းလဲဆိုတာကို ကျွန်မ စဉ်းစားနေမိတယ်။ လူတိုင်းက သူ့ကို ယုံပြီး ကျွန်မက အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်လို့ ထင်ရင် သူတို့ ကျွန်မကို ဘယ်လိုမြင်ကြမလဲ ပေါ့။ ပြီးတော့ ဒါကို အထက်ပိုင်းခေါင်းဆောင်တွေဆီ တိုင်ခံရရင် ကျွန်မရဲ့ ရာထူးတောင် ဆုံးရှုံးရနိုင်တယ် ပေါ့။ ကျွန်မ ဒါကိုပဲ ပိုပိုပြီး စိတ်ထဲမှာစွဲနေပြီးတော့ အစ်မဝမ်ကို မုန်းလာတယ်။ သူက ငါ့တစ်ယောက်တည်းကိုပဲ ပြောနေတာမဟုတ်ဘူးလား ပေါ့။ သူက မညှာတာရင်၊ ကျွန်မကို မမျှတလို့ဆိုပြီး အပြစ်တင်လို့မရဘူးဆိုပြီး တွက်မိတယ်။ ဒါဆို ကျွန်မ ခေါင်းဆောင်ဖြစ်နေသရွေ့ သူ နောက်ထပ် ရာထူးတိုးမှာမဟုတ်ဘူး ပေါ့။ သူက လူတွေကို သူတို့နောက်ကွယ်မှာ ဝေဖန်နေတာကို ကျွန်မတွေ့ရင် ကျွန်မကသူ့အပြုအမူတွေအားလုံးကို ဖွင့်ချမယ်။ လူတိုင်းက သိမြင်အောင် သူ့ကို အသင်းတော်ကနေ ပထုတ်အောင် သေချာလုပ်မယ် ပေါ့။ ကျွန်မ ဒီလိုစဉ်းစားပုံမျိုးနဲ့ လုံးဝ စိတ်သက်သောင့်သက်သာ မရှိခဲ့သလို၊ သူ့ကို ဒီလိုဆက်ဆံတာက ဘုရားအလိုတော်နဲ့ ညီရဲ့လား တွေးမိတယ်။ ဘုရားက ဒီလိုဖြစ်ပျက်ဖို့ ခွင့်ပြုခဲ့တယ်။ ကျွန်မက သမ္မာတရားကို မရှာဖွေဘဲ၊ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ဘဲနဲ့ သူ့အပေါ်ပဲ လုံးဝ အာရုံစိုက်နေခဲ့တယ်။ သူ့ကို လက်တုံ့ပြန်ဖို့အတွက် သူ့အမှားတွေကို ကျွန်မ အမိအရဖမ်းချင်ခဲ့တယ်။ ဒါဟာ သမ္မာတရားကို လက်ခံခြင်းကို မပြမှန်း ကျွန်မ သိခဲ့ပါတယ်။

အဲဒီညမှာ ကျွန်မ ဒီကိစ္စအပေါ်နည်းနည်းတွေးခဲ့တယ်။ ကျွန်မက အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်လို့ အစ်မဝမ်ကပြောပြီး ကျွန်မက ဒါကို လုံးဝ လက်မခံဘူး။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် ကျွန်မက ကောင်းတဲ့၊ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တစ်ယောက်လား။ ခေါင်းဆောင်တစ်ယောက်ဟာ အလုပ်ရဲ့ ရှုထောင့်တိုင်းအပေါ် နားလည်မှုရှိသင့်ပြီး ပြဿနာတွေကို တွေ့တာနဲ့ တစ်ပြိုင်နက် ဖြေရှင်းသင့်တယ်။ ကျွန်မက ဧဝံဂေလိအလုပ်ကို ကြီးကြပ်ရတာဆိုတော့၊ ဒီအဖွဲ့က ပြဿနာကြုံတွေ့ရတဲ့အခါ ကျွန်မက ချက်ချင်းပဲ လက်တွေ့ကူညီလမ်းပြသင့်တယ်။ ဒါပေမဲ့ ကျွန်မက အဲဒီလို သိပ်လုပ်မနေဘူး။ အယောင်ဆောင်ခေါင်းဆောင်က လက်တွေ့အလုပ်ကို မလုပ်တဲ့သူမဟုတ်ဘူးလား ပေါ့။ အစ်မဝမ်က မမှားပါဘူး။ သူက အရမ်းကောင်းတဲ့ လူ့သဘာဝမရှိပေမဲ့ မကောင်းတဲ့လူတစ်ယောက် မဟုတ်ဘူး။ သူက သူ့တာဝန်မှာ ရလဒ်တွေရှိပြီး သူ့မှာ ပါရမီတချို့နဲ့ အားသာချက်တွေ ရှိတယ်။ ဒါကြောင့် သူဟာ ဘုရားအိမ်တော်ရဲ့အလုပ်အတွက် တော်ပါတယ်။ ကျွန်မက ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အာဃာတတစ်ခုကြောင့် သူ့တာဝန်ကို ပေးမလုပ်ဘူး၊ ထုတ်တောင်ထုတ်ပစ်တယ်ဆိုရင် အစ်မဝမ်ကို ထိခိုက်ရုံတင်မက ဘုရားအိမ်တော်ရဲ့အလုပ်ကိုပါ အနှောင့်အယှက်ဖြစ်စေမှာပဲ။ ဘုရားကို စက်ဆုပ်ရွံရှာစေတဲ့အရာတစ်ခုကို ကျွန်မ လုပ်လို့မဖြစ်ဘူး။ ဒီလိုစဉ်းစားမိပြီး သူ့အပေါ် ကျွန်မရဲ့ တစ်ဖက်သတ်အမြင်ကို စွန့်လွှတ်နိုင်ခဲ့တယ်။ ဘယ်လို လက်တွေ့အလုပ်မျိုးကို ကျွန်မ လုပ်မနေခဲ့သလဲဆိုတာကိုလည်း ဆင်ခြင်သုံးသပ်ခဲ့ပါတယ်။ သူ ပြောပြခဲ့တဲ့ နေရာတွေမှာ ကျွန်မ အပြောင်းအလဲတွေ စလုပ်ခဲ့ပြီး ညီအစ်ကိုမောင်နှမတွေကို သူတို့အခက်အခဲတွေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ပါတယ်။ ဒီလိုလုပ်ပြီးနောက်မှာ ကျွန်မ ပိုပြီး နေလို့ကောင်းသွားတယ်။

အဲဒီအချိန်တုန်းက အားလုံးပြီးသွားပြီလို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ နှစ်ရက်လောက်ကြာတော့ တခြားအစ်မတစ်ယောက်က ကျွန်မကို ပြောတယ်။ “အစ်မက အယောင်ဆောင် ခေါင်းဆောင်ဖြစ်တဲ့ လက္ခဏာတွေရှိတဲ့အကြောင်း အစ်မဝမ်က လူ ၄၀ ကျော်စုဝေးပွဲတစ်ခုမှာ ပြောတယ်” တဲ့။ ဒါကို ကြားတော့ ကျွန်မရဲ့ ဒေါသတွေအားလုံး ထွက်ပေါ်လာပြီး အစ်မဝမ်က လူတွေအများကြီးရှေ့မှာ ကျွန်မကို ဖော်ထုတ်တာက ကျွန်မ နာမည်ကို တကယ်ကို မြောင်းထဲဆွဲချလိုက်တာပဲလို့ တွေးမိတယ်။ သူက ဒီလိုဆက်လုပ်နေရင် ကျွန်မက ဘယ်လိုလုပ် ခေါင်းမော့နေနိုင်မှာလဲ ပေါ့။ အယောင်ဆောင်ခေါင်းဆောင်ဖြစ်လို့ဆိုပြီး ထုတ်တောင် ထုတ်ခံရနိုင်တယ်လေ။ ကျွန်မ သူ့ကို အကြောင်းသိသွားအောင် ပြချင်ခဲ့တယ်။ ကျွန်မက ကျိုးနွံတတ်တဲ့ သိုးလေးလို့ သူ မထင်အောင်ပေါ့။ ကျွန်မ သူ့ပုံစံအတိုင်းပဲ သူ့ကို ပြန်လုပ်မယ်ပေါ့။ လူတိုင်းရှေ့မှာ ကျွန်မကို သူက ဖော်ထုတ်ပြီး ကျွန်မနာမည်ကို ထိခိုက်စေချင်ရင် သူ ဘာအမှားလုပ်ခဲ့သလဲဆိုတာကို ရှာပြီး အထောက်အထားတွေ စုစည်းလို့ရတယ်။ ပြီးရင် သူ့ကိုရှင်းပစ်ဖို့ အခွင့်အရေးကို ရှာလို့ရတယ်ပေါ့။ နောက်သုံးလေးရက်မှာ ကျွန်မ အမြဲတမ်းကို စိတ်တင်းကျပ်နေခဲ့တယ်။ ကျွန်မရဲ့ မာနနဲ့ ဂုဏ်သိက္ခာကို ဘယ်လို အဖတ်ဆယ်ရမယ်ဆိုတာ၊ သူ့ကို ဘယ်လိုပြန်လုပ်ရမယ်ဆိုတာကိုပဲ စဉ်းစားနေခဲ့တယ်။ သူ့ရဲ့အသင်းတော်အသစ်က ခေါင်းဆောင်ကို ကျွန်မ ပြောလိုက်တယ်။ သူက ကောင်းတဲ့လူ့သဘာဝမရှိဘူး၊ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေအပေါ် အမြဲတမ်း ဝေဖန်အကဲဖြတ်တယ်၊ ဒါကြောင့် သူ့ကို စောင့်ကြည့်သင့်တယ်။ သူ မကောင်းတာလုပ်ရင် အမြန်ဆုံး ထုတ်ပြီး ဖယ်ရှားပစ်သင့်တယ် ပေါ့။ အဲဒါတွေအားလုံးကို ကျွန်မပြောပြီးတော့ ကျွန်မ အပြစ်ရှိပြီး စိတ်မသက်သာသလိုမျိုး ခံစားမိတယ်။ “ငါ ဘာလုပ်နေတာလဲ။ ဒါ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပုံစံမဟုတ်ဘူးလား။ ဒါ ဒေါသနဲ့ပြောဆိုပြီး သူများတွေကို ဖယ်ထုတ်နေတာမဟုတ်ဘူးလား။ ဒီအရာကနေ ဘာသင်ခန်းစာကို ဘုရားက ငါ့ကိုသင်ယူစေချင်တာလဲ” ဆိုပြီး တွေးမိတယ်။ နောက်ဆုံးမှာ ဆုတောင်းပြီး ရှာဖွေဖို့အတွက် ဘုရားရှေ့ကို ကျွန်မ လာခဲ့ပါတယ်။

ကျွန်မ ရှာဖွေတဲ့အခါမှာ သူတို့နဲ့ သဘောမတူတဲ့ သူတိုင်းကို ဖယ်ရှားတတ်တဲ့ အန္တိခရစ်တွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အမြင်မတူသူတစ်ဦးကို တိုက်ခိုက်ပြီး ကြဉ်ထားသည့်အခါ အန္တိခရစ်တစ်ဦး၏ အဓိကရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့က အသင်းတော်ထဲ၌ မိမိတို့၏ကိုယ်ပိုင် သဘောထားနှင့် ဆန့်ကျင်သော သဘောထားလုံးဝ မရှိသည့်အခြေအနေတစ်ခု၊ ၎င်းတို့၏အာဏာ၊ ၎င်းတို့၏အုပ်စိုးမှုနှင့် ၎င်းတို့၏စကားများက အကြွင်းမဲ့ဖြစ်သည့် အခြေအနေတစ်ခုကို ဖန်တီးရန် ကြိုးစားကြ၏။ လူတိုင်းက ၎င်းတို့ကို အလေးဂရုပြုရပြီး တစ်စုံတစ်ဦး၌ မတူညီသော ထင်မြင်ယူဆချက် တစ်ခုရှိပါက ထိုသူအနေဖြင့် ယင်းကို မိမိစိတ်ထဲတွင်သာ ထားရပြီး ယင်းကို အညွန့်ချိုးပစ်ရသည်။ ဤသည်မှာ မိမိတို့၏ဂုဏ်အဆင့်အတန်းကို ခိုင်မြဲစေဖို့ အမြင်မတူသူများကို တိုက်ခိုက်ပြီး ကြဉ်ထားသည့်သူများ အသုံးပြုသည့် နည်းနိဿယတစ်ခု ဖြစ်လေသည်။ ၎င်းတို့က ‘သင်၌ မတူညီသည့် ထင်မြင်ချက်များ ရှိသည်မှာ အဆင်ပြေသည်၊ သို့ရာတွင် ငါ၏အာဏာနှင့် ဂုဏ်အဆင့်အတန်းကို ထိခိုက်စေဖို့မဆိုထားနှင့်၊ ထိုထင်မြင်ချက်များကို သင့်သဘောရှိ လျှောက်ပြောနေ၍ မရပေ။ သင့်မှာ ပြောစရာရှိပါက ငါ့ကို နှစ်ကိုယ်ကြား ပြောနိုင်သည်။ လူတိုင်းရှေ့တွင် သင်ပြောပြီး ငါမျက်နှာပျက်ရအောင် လုပ်ပါက သင်သည် သင့်ကိုပစ်ပယ်ဖို့ တောင်းဆိုနေခြင်းဖြစ်ပြီး သင့်ကို ငါထိန်းရလိမ့်မည်’ ဟု ပြောကြသည်။ ဤသည်မှာ အဘယ်စိတ်သဘောထားမျိုးဖြစ်သနည်း။ အန္တိခရစ်တို့သည် အခြားသူများကို လွတ်လပ်စွာ စကားပြောခွင့်မပေးချေ။ သူတို့၌— အန္တိခရစ်အကြောင်းဖြစ်စေ၊ အခြားအရာ တစ်ခုတလေအကြောင်းဖြစ်စေ— ထင်မြင်ယူဆချက်တစ်ခု ရှိပါက သူတို့စိတ်ထဲ၌ ထားထားရသည်။ သူတို့သည် အန္တိခရစ်၏မျက်နှာကို ဆင်ခြင်ထောက်ထားရသည်။ မထောက်ထားပါက အန္တိခရစ်သည် သူတို့ကို ရန်သူတစ်ဦးအဖြစ် နာမည်ဆိုးတပ်ကာ သူတို့ကို တိုက်ခိုက်ပြီး ကြဉ်ထားလိမ့်မည်။ ဤသည်မှာ အဘယ်သဘာဝမျိုးနည်း။ ယင်းသည် အန္တိခရစ်တစ်ဦး၏ သဘာဝဖြစ်သည်။ ၎င်းတို့သည် ဤအရာကို အဘယ်ကြောင့် ပြုသနည်း။ အကြောင်းမှာ ၎င်းတို့သည် လူတို့၏စိတ်ထဲတွင် မိမိတို့၏ အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ကို အဆက်မပြတ် ခိုင်မြဲစေလိုသောကြောင့်ဖြစ်ပြီး မိမိတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ တည်မြဲပြီး မယိမ်းယိုင်စေဖို့အတွက် ဖြစ်လေသည်။ ၎င်းတို့သည် မိမိတို့၏လေးစားကြည်ညိုခံရခြင်း၊ ဂုဏ်သတင်း၊ သို့မဟုတ် ခေါင်းဆောင်တစ်ဦးအနေဖြင့် ဂုဏ်အဆင့်အတန်းနှင့် တန်ဖိုးတို့အပေါ် သက်ရောက်မှုရှိမည့်၊ သို့မဟုတ် ခြိမ်းခြောက်မည့် မည်သည့်အရာကိုမျှ သည်းမခံကြပေ။ ဤသည်မှာ အန္တိခရစ်တို့၏ ဆိုးဝါးသော သဘာဝဆိုင်ရာ သရုပ်သကန်တစ်ခု ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် မိမိတို့ပိုင်ဆိုင်နှင့်ပြီးဖြစ်သည့် အာဏာဖြင့် မတင်းတိမ်နိုင်ဘဲ ယင်းကို ခိုင်မြဲစေပြီး လုံခြုံစေကာ အကြွင်းမဲ့ စိုးမိုးခြယ်လှယ်မှုကို ရှာဖွေသည်။ ၎င်းတို့သည် အခြားသူများ၏အပြုအမူကို ထိန်းချုပ်လိုသည်သာမက၊ သူတို့၏စိတ်နှလုံးကိုလည်း ထိန်းချုပ်လိုသည်။ ထိုသို့သော လုပ်ရပ်များသည်လည်း အာဏာအတွက် ဖြစ်သည် မဟုတ်လော— အာဏာကို ငမ်းငမ်းတက် တပ်မက်ခြင်း၏ စေ့ဆော်မှုနှင့် ဦးဆောင်မှုကို ခံထားရသည် မဟုတ်သလော။...ဤသည်မှာ အမြင်မတူသူတစ်ဦး ရှိနေပြီး ထိုအမြင်မတူသူသည် ၎င်းနှင့်ပတ်သက်၍ တစ်စုံတစ်ခုကို ပြောကြောင်း၊ သို့မဟုတ် ၎င်း၏နောက်ကွယ်၌ ၎င်းကို ဝေဖန်ပုတ်ခတ်ကြောင်းကို အန္တိခရစ် ကြားသည့်အခါတွင် အထူးသဖြင့် မှန်ကန်လေသည်။ ဤအခြေအနေတွင် ၎င်းတို့သည် ထိုကိစ္စကို မကြာမတင်မှာပင် ဖြေရှင်းလိမ့်မည်ဖြစ်ကာ မဖြေရှင်းပြီးခင်အထိ အိပ်လည်းမအိပ်၊ အစာလည်း မစားဘဲ နေမည်ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော ကြိုးပမ်းအားထုတ်မှုကို အဘယ်သို့လျှင် ပြုနိုင်သနည်း။ ယင်းမှာ ၎င်းတို့၏အာဏာက ခြိမ်းခြောက်ခံရသည်ဟုလည်းကောင်း၊ ၎င်းတို့၏နာမည်၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ ထိခိုက်နစ်နာသည်ဟုလည်းကောင်း ၎င်းတို့ခံစားရသောကြောင့် ဖြစ်သည်။ ဤပုဂ္ဂိုလ်သည် ဤအရေးကိစ္စနှင့်သက်ဆိုင်သည့် အမှန်တရားကို ပြောပါက ခေါင်းဆောင်တစ်ဦးအနေဖြင့် အန္တိခရစ်၏ ဂုဏ်အဆင့်အတန်းသည် ပျောက်ဆုံးသွားနိုင်သည်။ ထိုသတင်းသည် အထက်ကို ရောက်သွားလျှင်၊ သို့မဟုတ် နောက်ထပ် ညီအစ်ကိုမောင်နှများ၏ နားထဲသို့ ရောက်သွားလျှင် အထက်က ၎င်းတို့ကို အစားထိုးကောင်း ထိုးနိုင်၏၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ဖြုတ်ချကောင်း ဖြုတ်ချနိုင်သည်။ ၎င်းတို့သည် နုတ်ထွက်စာကို အတင်းအကျပ် ရေးခိုင်းခံရနိုင်သည်။ ဤအကြောင်းပြချက်ကြောင့် ၎င်းတို့သည် အရေးကိစ္စနှင့်ပတ်သက်၍ မိတ်သဟာယပြုဖို့ တစ်ခါတစ်ရံ အစားပျက်ရသကဲ့သို့ တစ်ညလုံး အအိပ်ပျက်ရင်း၊ အာခြောက်သည်အထိ စကားပြောလျက်၊ များလှစွာသော ကြိုးပမ်းအားထုတ်မှုကို အသုံးခံပြီး ကြီးစွာသော အဖိုးအခကို ပေးကြခြင်းဖြစ်သည်။ ၎င်းတို့၏ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့၏ ရာထူးဂုဏ်သိန်ကို အခိုင်အမာပြုဖို့ဖြစ်သည်။ ဤကဲ့သို့လူများအတွက်မူ ရာထူးဂုဏ်သိန်သည် ၎င်းတို့၏အသက်သွေးဖြစ်၏။ ၎င်းတို့က မိမိတို့၏ ဂုဏ်အဆင့်အတန်းသည် ခြိမ်းခြောက်ခံနေရသည်ဟု စိုးစဉ်းမျှ သိလိုက်ရသည်နှင့်တစ်ပြိုင်နက်၊ စိတ်နှလုံးထဲတွင် ဂနာမငြိမ်ဖြစ်လာပြီး ၎င်းတို့သည် ကြောက်လန့်တကြား ဖြစ်ကြ၏— မနက်ဖြန်တွင် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်နေမည့်အစား သာမန်ညီအစ်ကိုမောင်နှမတစ်ဦး ဖြစ်ကောင်း ဖြစ်သွားနိုင်ပြီး ၎င်းတို့၏ဂုဏ်အဆင့်အတန်းက ပေးသည့် သာလွန်ခြင်း ခံစားချက်ကိုလည်းကောင်း၊ ယင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း မခံစားနိုင်တော့မည်ကို ကြောက်ကြသည်။ မည်သူကမျှ ၎င်းတို့ကို ဆက်လိုက်နာကြတော့မည် မဟုတ်၊ သို့မဟုတ် ၎င်းတို့နောက်ကို ဆက်လိုက်ကြတော့မည် မဟုတ်ပေ၊ မည်သူကမျှ ၎င်းတို့ကို မျက်နှာလိုမျက်နှာရ လုပ်ဖို့ ကြိုးစားမည် မဟုတ်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့ကို ခယဝပ်တွားလိမ့်မည် မဟုတ်ချေ။ ဤသည်မှာ ၎င်းတို့အတွက် မခံမရပ်နိုင်အဖြစ်ရဆုံးအရာ ဖြစ်ပေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အမြင်မတူသူများကို ၎င်းတို့တိုက်ခိုက်ကာ ကြဉ်ထားကြ၏”)အန္တိခရစ်တစ်ဦးအတွက်မူ အမြင်မတူသူသည် သူ၏ဂုဏ်အဆင့်အတန်းနှင့် အာဏာအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် အာဏာကို ခြိမ်းခြောက်သည့်သူ မည်သူမဆို၊ ထိုသူသည် မည်သူဖြစ်နေပါစေ၊ အန္တိခရစ်တို့က သူတို့ကို ထိန်းဖို့ မည်သည့်အရာမဆို လုပ်လိမ့်မည်။ ဤလူများကို နာခံအောင် အမှန်တကယ် မလုပ်နိုင်လျှင်၊ သို့မဟုတ် သူတို့၏ကိုယ်ပိုင် အင်အားစုထဲသို့ ပါဝင်ပေါင်းစည်းအောင် မလုပ်နိုင်လျှင် အန္တိခရစ်တို့သည် သူတို့ကို ဖြုတ်ချလိမ့်မည်၊ သို့မဟုတ် သုတ်သင်လိမ့်မည်။ အဆုံး၌ အန္တိခရစ်တို့သည် အကြွင်းမဲ့ အာဏာရရှိဖို့နှင့် ထင်ရာစိုင်းဖို့ဟူသည့် မိမိတို့၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိလိမ့်မည်။ ဤသည်မှာ မိမိတို့၏ ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းဖို့ အန္တိခရစ်များ အသုံးပြုနေကျ နည်းနိဿယများထဲမှ တစ်ခုဖြစ်သည်— ၎င်းတို့သည် အမြင်မတူသူများကို တိုက်ခိုက်ပြီး ကြဉ်ထားသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အမြင်မတူသူများကို ၎င်းတို့တိုက်ခိုက်ကာ ကြဉ်ထားကြ၏”) ဘုရားနှုတ်ကပတ်တော်တွေက တကယ်ကို ထိထိမိမိရှိပြီး၊ ကျွန်မ ကြောက်သွားခဲ့တယ်။ ကျွန်မက ကျွန်မနာမည်နဲ့ အဆင့်အတန်းအတွက် လူတစ်ယောက်ကို ဒေါသနဲ့ဝေဖန်ပြီး ဖယ်ရှားနိုင်တယ်၊ အန္တိခရစ်ရဲ့ မကောင်းမှုကိုလုပ်နေတယ်ဆိုတာ ကျွန်မ သဘောမပေါက်ခဲ့ဘူး။ ကျွန်မက လက်တွေ့အလုပ်ကိုမလုပ်ဘူးလို့ အစ်မဝမ်က သူများတွေကို ပြောတာကို ကျွန်မ ကြားတဲ့အခါမှာ အဲဒါကို ဘုရားသခင်ဆီကလို့ ကျွန်မ လက်မခံခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ခဲ့ဘူး။ ဒါဟာ မှန်သလားဆိုတာကို မတွေးခဲ့ဘဲ သူက ကျွန်မကို ပစ်မှတ်ထားပြီး ကျွန်မနောက်ကွယ်မှာ ကျွန်မကို ဝေဖန်အကဲဖြတ်နေတယ်လို့ပဲ တွေးမိတယ်။ ကျွန်မရဲ့ မာနကို ထိခိုက်ခဲ့လို့၊ ကျွန်မ သူ့ကို မကြည်ဖြစ်လာပြီးတော့ အာဃာတ ထားလာခဲ့တယ်။ သူ့ကို စိတ်ဆိုးပြီးတော့တောင် ဝေဖန်ချင်ခဲ့တယ်။ အဲဒီနောက်မှာ လူပိုများတဲ့ စုဝေးပွဲမှာ ကျွန်မကို သူဖော်ထုတ်တဲ့အကြောင်းကို ကျွန်မ သိရတော့ သူ့ကို ပိုပြီးတော့တောင် မုန်းတီးခဲ့တယ်။ ကျွန်မရဲ့ မာနနဲ့ ရာထူးကို အဖတ်ဆယ်ချင်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ အရင်က ပြစ်မှားမှုတွေအပေါ် ပုံကြီးချဲ့ခဲ့ပြီးတော့ သူ့မှာ ကောင်းတဲ့လူ့သဘာဝမရှိဘူးလို့ သူများတွေထင်ပြီး သူ့ကို ငြင်းပယ်အောင်လုပ်ခဲ့တယ်။ သူ အထုတ်ခံရအောင် သူလုပ်ခဲ့တဲ့အရာ တချို့ကို စုဆောင်းခဲ့ပြီး သူ့ရဲ့လက်ရှိခေါင်းဆောင်ကိုတောင် ပြောပြခဲ့တယ်။ သူ့မှာ ပါရမီနဲ့ အားသာချက်တွေရှိပြီး၊ သူ့တာဝန်မှာ လုပ်တာ အဆင်ပြေတယ်၊ အသင်းတော်မှာ တာဝန်တစ်ခုကို ဆက်လုပ်ဖို့အတွက် ကောင်းကောင်းသင့်တော်တယ်ဆိုတာ ကျွန်မ တကယ်ကို သိခဲ့ပါတယ်။ အစ်မဝမ်က ကျွန်မရဲ့ တကယ့်ပြဿနာတွေကို ထုတ်ဖော်ပြနေမှန်းလည်း ကျွန်မသိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ နာမည်နဲ့ ဂုဏ်ကို ထိခိုက်တာကြောင့် သူ့ကို သဘောထားကွဲလွဲသူ၊ ရန်သူ၊ ကျွန်မရဲ့ အာဏာကို ခြိမ်းခြောက်တဲ့သူအဖြစ် စမြင်လာခဲ့တယ်။ ကျွန်မ လက်စားပြန်ချေချင်ခဲ့တယ်။ ကျွန်မက တကယ်ကို ကြမ်းတမ်းတဲ့ သဘာဝရှိတာကို မြင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘုရားအိမ်တော်ကနေ ထုတ်ပယ်ခံရတဲ့ အန္တိခရစ်တွေအကြောင်းကို ကျွန်မ စဉ်းစားမိခဲ့တယ်။ သူတို့က သမ္မာတရားကို မလိုက်စားခဲ့ဘူး။ ဒါကြောင့် လူတစ်ယောက်က သူတို့အဆင့်အတန်းကို ခြိမ်းခြောက်လာတာနဲ့ တစ်ပြိုင်နက် သူတို့က ဒေါသတကြီးပြောဆိုတယ်။ အသင်းတော်ကို သူတို့ရဲ့ နယ်မြေအဖြစ် ပြောင်းလဲချင်တယ်။ အရာရာကို အုပ်စိုးချင်တယ်။ မကောင်းမှုတွေ အလွန်အကျွံလုပ်တဲ့အတွက် နောက်ဆုံးမှာ ထုတ်ပယ်ခံရတယ်။ ကျွန်မအပြုအမူက အဲဒီ အန္တိခရစ်တွေရဲ့ အပြုအမူနဲ့ မကွာပါဘူး။

ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ဆင်ခြင်ခဲ့တယ်။ ကျွန်မက နှစ်ပေါင်းများစွာ ယုံကြည်သူတစ်ယောက်ဖြစ်ခဲ့ပေမဲ့ အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်ပြီး ဒီလိုမကောင်းမှုတွေကိုလုပ်တာကနေ ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် မတားဆီးနိုင်လဲဆိုတဲ့အပေါ် ဆင်ခြင်သုံးသပ်ခဲ့ပါတယ်။ နောက်တော့ စုဝေးပွဲတစ်ခုမှာ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်” ဆိုတာကို ကျွန်မတို့ ဖတ်မိတယ်။ ကျွန်မရဲ့ ရိုးတွင်းခြင်ဆီထိ ထိသွားတဲ့ အပိုဒ်တစ်ခုရှိပြီး နောက်ဆုံးမှာ ကျွန်မ ဒါကို ပိုပြီးနားလည်သွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏ အမှုအားလုံး၌ သင်ယုံကြည်မှု ထားရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို နာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော ‘ရတနာများ’ ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော ‘နှိမ်နင်း၍မရသည့် သူရဲကောင်းများ’ ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ ‘အလေးထားအပ်ပြီး မချိုးဖောက်အပ်သော’ တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ ‘ဘုရင်များ’ ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ နာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားဘိ၊ နာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက် နိုင်ကြပါတကား။ ဘုရားသခင်၏ အမှုကို လူသားက အလွယ်တကူ မရရှိနိုင်ပေ။ သူတို့၌ရှိသော ခွန်အားမှန်သမျှ အသုံးပြုခြင်းအားဖြင့်ပင် လူတို့သည် ယင်း၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ ရရှိနိုင်မည်ဖြစ်ပြီး၊ အဆုံးသတ်တွင် စုံလင်အောင်ပြုခြင်းကို ရရှိခွင့်ပြုမည် ဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်၏အမှုကို ဖျက်ဆီးရန်ကြိုးစားသော ကောင်းကင်တမန်မင်း၏ သားသမီးများသည် မည်သို့ဖြစ်လိမ့်မည်နည်း။ သူတို့၌ ဘုရားသခင်၏ရယူခြင်းကို ခံရဖို့ မျှော်လင့်ချက်သည် သာ၍ပင် နည်းသည် မဟုတ်လော။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် တကယ်ကို တို့ထိစရာတွေပါပဲ။ ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့၊ ကြီးကျယ်ခမ်းနားတဲ့ စိတ်သဘောထားကို ကျွန်မ မြင်တွေ့ခဲ့တယ်။ အထူးသဖြင့် ဒီအပိုင်းပေါ့။ “သူတို့သည် မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။...မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ ‘ဘုရင်များ’ ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။” အဲဒီအပိုင်းက ကျွန်မကို ပိုပြီးတော့တောင် ကြောက်စေတယ်။ အစ်မဝမ်က ကျွန်မကို အယောင်ဆောင်ခေါင်းဆောင်အဖြစ် ဖော်ထုတ်တုန်းက ကျွန်မက ရန်လိုမှု၊ မကျေနပ်မှု၊ မကျေမချမ်းဖြစ်မှု၊ ခုခံမှုတွေနဲ့ တုံ့ပြန်ခဲ့တယ်။ စိတ်တိုပြီး ဒေါသနဲ့ ကြမ်းကြမ်းတမ်းတမ်း ဝေဖန်ပြောဆိုခဲ့တယ်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့တောင်မှ သမ္မာတရားကို ကျွန်မ လက်မခံခဲ့သလို၊ လုံးဝ ကျိုးနွံနာခံမှု ကင်းမဲ့ခဲ့တယ်။ လူတစ်ယောက်က ကျွန်မ ပြဿနာတွေကို ထုတ်ဖော်ပြတဲ့အခါမှာ ကျွန်မ မာနကို ထိခိုက်ပြီး ကျွန်မရာထူးကို ခြိမ်းခြောက်တဲ့အခါမှာ သူ့ကို တားဆီးဖို့၊ ပြန်လုပ်ဖို့အတွက် နည်းလမ်းရှိသမျှကို အသုံးပြုချင်ခဲ့တယ်။ သူ့ရဲ့ တာဝန်လုပ်ဆောင်ပိုင်ခွင့်ကို ယူပြီး အသင်းတော်ကနေ ထုတ်ဖို့တောင် ကြိုးစားခဲ့တယ်။ ကျွန်မ သူ့ကို လုံးဝ ပျက်စီးအောင် မလုပ်ရမချင်း မနားဘူးဆိုတဲ့ မလိုမုန်းထားတဲ့ စိတ်ရှိခဲ့တယ်။ ဘုရားအိမ်တော်မှာ ဘယ်သူကမှ မထိရဲတဲ့ “ဘုရင်” တစ်ပါး ဖြစ်လာမယ် ပေါ့။ ဒါက စီစီပီနတ်ဆိုးတွေ၊ အဲဒီအာဏာရှင်တွေနဲ့ ဘယ်လိုလုပ်ကွာတော့မှာလဲ။ သူတို့ရဲ့ ဆောင်ပုဒ်က “ငါ့ကို နာခံသူများ ရှင်သန်စေ၊ ငါ့ကိုခုခံသူများ ပျက်စီးစေ” ဆိုတာပဲ။ စီစီပီဟာ သူ့ရဲ့ အုပ်ချုပ်မှုကို ထိန်းသိမ်းပြီး အာဏာကို ခိုင်မာစေဖို့အတွက် သူတို့လုပ်တဲ့ မကောင်းမှုကို လက်မခံတဲ့သူ၊ ဝေဖန်ရဲတဲ့သူမှန်သမျှကို ဖိနှိပ်တယ်၊ အမြစ်ဖြတ်တယ်၊ လုံးဝ ချေမှုန်းပစ်တယ်။ တျန်နန်မန် ဝင်း သရုပ်ပြမှုတွေလို၊ လူမျိုးစုတွေဖြစ်တဲ့ လူနည်းစုတွေနဲ့ ဖြစ်ခဲ့တဲ့အတိုင်းပေါ့။ ယုံကြည်သူတွေနဲ့ဆို ပိုပြီးတော့တောင် ဆိုးတယ်။ ကျွန်မတို့ကို ဖမ်းဆီးတယ်။ ဖိနှိပ်တယ်။ နှိပ်ကွပ်တယ်။ အပြစ်မရှိတဲ့အသက်တွေအများကြီး သူတို့လက်ထဲမှာ ဆုံးရှုံးကြရပြီးပြီ၊ သူတို့ဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်စွာ အပြစ်ဒဏ်ပေးခြင်းကို ခံရဖို့ သေချာတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်။ ကျွန်မ ငယ်ငယ်ကတည်းက အဲဒီ ကွန်မြူနစ်နတ်ဆိုးတွေရဲ့ ပညာသင်ကြားပေးတာကို ခံခဲ့ရတယ်။ “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏”၊ “ငါ့ကိုနာခံသူများ ရှင်သန်စေ၊ ငါ့ကိုခုခံသူများ ပျက်စီးစေ” “သင်က မကြင်နာလျှင် မမျှတခြင်းအတွက် ငါ့ကို အပြစ်မတင်ပါနှင့်” “မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား” ဆိုတာမျိုး၊ ဆိုးယုတ်တဲ့ အဆိပ်တွေအများကြီးက ကျွန်မစိတ်နှလုံးထဲမှာ အရမ်းကို အမြစ်တွယ်နေပြီး ရှင်သန်ရပ်တည်ရေးအတွက် ကျွန်မရဲ့ စည်းမျဉ်းတွေ ဖြစ်လာခဲ့ပြီးပြီ၊ ကျွန်မကို ပိုပြီး မာနထောင်လွှားစေသလို ကြမ်းတမ်လာစေတယ်။ ဒီအရာတွေနဲ့ ကျွန်မ အသက်ရှင်နေတာကြောင့် မကောင်းမှုလုပ်တာ၊ သူများတွေကို ဖိနှိပ်ပြီး နာကျင်စေတာတွေကို လုပ်နိုင်လာတယ်။ အယောင်ဆောင်ခေါင်းဆောင်တွေကို ပိုင်းခြားသိမြင်ခြင်းနဲ့ပတ်သက်လို့ ဘုရားသခင်ဖော်ပြထားတဲ့ သမ္မာတရားတွေအားလုံးကိုလည်း စဉ်းစားခဲ့ပေမဲ့ ကျွန်မ ဘယ်တော့မှ အဲဒီအတိုင်းမလုပ်နိုင်ခဲ့ဘူး။ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်လို ဘယ်လိုပြုမူခဲ့သလဲဆိုတာကို မဆင်ခြင်ခဲ့ဘူး။ အခု လူတိုင်းက သမ္မာတရားကို သင်ယူပြီး နိုးထလာကြပြီဆိုတော့ တချို့လူတွေက အယောင်ဆောင်ခေါင်းဆောင်တွေကို ဖော်ထုတ်ပြီး တိုင်ကြားကြတယ်။ ဒါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာဖြစ်ပြီး အသင်းတော်အလုပ်ကို ကာကွယ်တာပဲ။ ဒါဟာ အပြုသဘောဆောင်တဲ့ အရာပါ။ ကျွန်မကို ဖော်ထုတ်တဲ့သူက ဘယ်လိုလူမျိုးပဲဖြစ်ပါစေ၊ ကျွန်မကို ပစ်မှတ်ထားနေတာပဲ ဖြစ်ပါစေ ကျွန်မကို ထိပ်တိုက် လာပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ သူတို့ပြောတာ အမှန်တရား ဖြစ်သရွေ့ ဘုရားသခင်ဆီက အဲဒါကို ကျွန်မ လက်ခံသင့်တယ်။ မှန်မှန်ကန်ကန် လက်ခံသင့်တယ်။ ကျိုးနွံနာခံပြီး သင်ခန်းစာတစ်ခုကို သင်ယူသင့်တယ်။ ဒါက သမ္မာတရားကို လက်ခံပြီး ဘုရားကို နာခံခြင်းပါပဲ။ ဒါပေမဲ့ ကျွန်မကတော့ ကျိုးနွံနာခံဖို့ ငြင်းဆန်ရုံတင်မကဘဲ ကျွန်မကို ဖော်ထုတ်တဲ့သူကို ဒေါသတကြီး ရမ်းမိခဲ့်တယ်။ ဒါက ပုဂ္ဂိုလ်ရေးဆိုင်ရာ အငြင်းပွားမှုမဟုတ်ဘဲ သမ္မာတရားကို ငြင်းဆန်ပြီး ဘုရားကို ဆန့်ကျင်နေတာပါ။ ဒါကို သဘောပေါက်တော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မုန်းတီးပြီး ကြောက်သလိုမျိုး ဖြစ်လာတယ်။ ဆုတောင်းပြီး နောင်တရဖို့အတွက် ကျွန်မ ဘုရားရှေ့ကို အမြန်လာခဲ့တယ်။ “ဘုရားသခင် ကျွန်မ မှားပါတယ်။ ကျွန်မ ဖော်ထုတ်ခံရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ခဲ့ဘူး။ သင်ခန်းစာမယူခဲ့ဘူး။ ကျွန်မ သူ့ကို ပြန်လုပ်ခဲ့တယ်။ ကျွန်မက တကယ်ကို ကြမ်းတမ်းတဲ့ သဘာဝရှိတယ်ဆိုတာ မြင်လို့ရပါတယ်။ ဘုရားသခင်၊ ကျွန်မ ကိုယ်တော့်ထံ နောင်တရချင်ပါတယ်။ ကျေးဇူးပြုပြီး လမ်းပြတော်မူပါ” ဆိုပြီးတော့။

ကျွန်မနဲ့ပတ်သက်ပြီး အစ်မဝမ်ပြောခဲ့တာနဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့တယ်။ အလုပ်အသေးစိတ်အချက်အလက်တွေအပေါ် တကယ့်နောက်ဆက်တွဲအလုပ်တွေကို စလုပ်ခဲ့တယ်။ တကယ်ကို ပြဿနာတွေ အများကြီးရှိနေမှန်း ကျွန်မ တွေ့ခဲ့ရတယ်။ ဧဝံဂေလိအဖွဲ့မှာ လူသစ်ဖြစ်ပြီးတော့ ရူပါရုံ သမ္မာတရားတွေနဲ့ မရင်းနှီးသေးတာကြောင့် သူတို့ တရားဟောတဲ့သူတွေရဲ့ အယူအဆတွေနဲ့ အခက်အခဲတွေကို မဖြေရှင်းနိုင်တာမျိုးပေါ့။ တချို့က ဧဝံဂေလိအလုပ်ရဲ့ စည်းမျဉ်းတွေကို နားမလည်တာကြောင့် မသင့်တော်တဲ့သူတွေ ပြောင်းလဲလာကြတာမျိုးပေါ့။ တချို့လူတွေက နည်းနည်း ရေလောင်းပေးပြီးတဲ့နောက်မှာတောင် သမ္မာတရားကို နည်းနည်းလေးမှ နားမလည်ကြဘူး။ တချို့က သမ္မာတရားကို စိတ်မဝင်စားကြဘဲ ထွက်သွားကြတယ်။ ဒါက အရင်းအမြစ်တွေ အများကြီးကို ဖြုန်းတီးတာပဲ။ စုဝေးပွဲတစ်ခုမှာ ကျွန်မ တွေ့ရတဲ့ ပြဿနာတွေကို ပြောပြခဲ့ပြီး ကိစ္စတွေကို မှန်ကန်အောင်လုပ်ဖို့ စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့ခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက ရူပါရုံ သမ္မာတရားတွေနဲ့ သူတို့ကိုယ်သူတို့ ပြင်ဆင်ဖို့အတွက် အစီအစဉ်တွေ စလုပ်လာကြတယ်။ သူတို့တွေ တစ်ခုခုကို နားမလည်တဲ့အခါ၊ ရှင်းရှင်းလင်းလင်း မိတ်သဟာယမဖွဲ့နိုင်တဲ့အခါမှာ အဲဒါနဲ့ပတ်သက်ပြီး ကျွန်မတို့ အတူတူ မိတ်သဟာယဖွဲ့ကြတယ်။ မကြာခင်မှာပဲ သူတို့က ရူပါရုံ သမ္မာတရားတွေအပေါ် ပိုရှင်းလင်းလာပြီး အဖွဲ့က ပိုပြီး အောင်မြင်လာတယ်။ ဘုရားသခင်က ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ဖို့အတွက် အစ်မဝမ်ကို ကျွန်မ အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်လို့ ဖော်ထုတ်စေပြီး ကျွန်မက လက်တွေ့အလုပ်ကိုမလုပ်ဘူးလို့ ထောက်ပြစေခဲ့တာဖြစ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ သူက ကျွန်မကို ကာကွယ်ပေးနေတာပါ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်နောက်တစ်ပိုဒ်ကို ကျွန်မ စဉ်းစားမိတယ်။ “ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းတွင် အမှုပြုပြီး၊ သူ၏နည်းလမ်းမှာ မည်သို့ပင်ဖြစ်စေ၊ မည်ကဲ့သို့သော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများကို သူ၏ အစေခံခြင်းတွင် သူအသုံးချသည်ဖြစ်စေ၊ သို့တည်းမဟုတ် သူ၏နှုတ်ကပတ်တော်များက မည်သို့သော အသံနေအသံထားမျိုး ရှိပါစေ သူ၌ အဆုံးသတ်ရည်မှန်းချက် တစ်ခုသာလျှင် ရှိသည်- သင့်ကို ကယ်တင်ရန်ပင်တည်း။ သင့်ကို မကယ်တင်မီ သူသည် သင့်ကို သဏ္ဌာန်ပြောင်းလဲစေရန် လိုအပ်သောကြောင့် သင့်အနေဖြင့် အနည်းငယ်မျှ ဒုက္ခမခံရဘဲ ရှိနိုင်မည်လော။ သင်ဒုက္ခခံရဖို့ လိုလိမ့်မည်သာ ဖြစ်သည်။ ဤဒုက္ခခံခြင်းတွင် အခြေအနေများစွာ ပါဝင်နိုင်သည်။ တစ်ခါတစ်ရံတွင် သင့်အနေဖြင့် သင့်ကိုယ်သင် သိနားလည်လာရန်အတွက် ဘုရားသခင်သည် သင့်ဝန်းကျင်တွင် လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများတို့ကို ဖြစ်ပေါ်စေသည်၊ သို့တည်းမဟုတ်ပါက သင်သည် တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို ခံရနိုင်လေသည်။ ခွဲစိတ်ကုသကုတင်ပေါ်တွင်ရှိသော လူတစ်ဦးကဲ့သို့ပင်၊ နာကျင်မှုနှင့် ဒုက္ခဆင်းရဲအချို့ကို ခံစားခြင်းအားဖြင့်သာလျှင် ရလဒ်ကောင်းတစ်ခုကို ရရှိနိုင်ပါသည်။ သင်သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသည့်အချိန်တိုင်းနှင့် လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများတို့ကို သူဖြစ်ပေါ်စေသည့် အချိန်တိုင်းတွင် ယင်းက သင့်ခံစားမှုများကို နှိုးဆော်ပြီး သင့်ကို မြှင့်တင်မှုတစ်ခုပေးပါက ဤဖြစ်စဉ်မှတစ်ဆင့် သင်၌ ဝိညာဉ်ရင့်ကျက်မှု ရှိလာလိမ့်မည်ဖြစ်ပြီး သင်သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်သည်။...ဘုရားသခင်သည် သင့်အတွက် ထိုထိုသော ပတ်ဝန်းကျင်များ၊ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများကို စီစဉ်လျှင်၊ သူသည် သင့်ကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းပြီး သင်သည် ဤအရာမှ သင်ခန်းစာများ သင်ယူရရှိလျှင်၊ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ တိုးဝင်တတ်ကာ၊ သမ္မာတရားကို ရှာဖွေတတ်ပြီးနောက် မသိလိုက်ဘဲ ဉာဏ်အလင်းပေးခြင်းနှင့် ဖွင့်ပြခြင်းကို ခံရလျက် သမ္မာတရားကို ရရှိလျှင်၊ သင်သည် ဤပတ်ဝန်းကျင်များထဲတွင် အပြောင်းအလဲကို တွေ့ကြုံရပြီး ဆုလာဘ်များကို ရိတ်သိမ်းရကာ တိုးတက်မှုရရှိလျှင်၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို အနည်းငယ် စတင်နားလည်သဘောပေါက်လာပြီး ညည်းတွားခြင်းကို ရပ်နားလျှင် ဤအရာအားလုံးက သင်သည် ဤပတ်ဝန်းကျင်များ၏ စမ်းသပ်မှုများအလယ်တွင် အခိုင်အမာရပ်တည်ခဲ့ပြီဖြစ်ပြီး စစ်ဆေးမှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီဟု ဆိုလိုခြင်းဖြစ်လိမ့်မည်။ ဤကဲ့သို့ပင် သင်သည် ဤတုန်လှုပ်ဖွယ်အတွေ့အကြုံကို ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်။ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်သူများအား ဘုရားသခင်က မည်သို့ သဘောထားလိမ့်မည်နည်း။ ဘုရားသခင်က ၎င်းတို့၌ စစ်မှန်သော နှလုံးသားတစ်ခုရှိကြောင်း၊ ၎င်းတို့သည် ဤဒုက္ခမျိုးကို ကြံ့ကြံ့ခံနိုင်ကြောင်းနှင့် စိတ်ထဲတွင် ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးပြီး လိုချင်ကြောင်း ပြောလိမ့်မည်။ သင်နှင့်ပတ်သက်၍ ဘုရားသခင်၌ ဤသို့ အကဲဖြတ်မှုမျိုးရှိပါက၊ သင်သည် ဝိညာဉ်ရင့်ကျက်မှုဖြင့် တစ်စုံတစ်ယောက် မဖြစ်သလော။ သို့ဆိုလျှင် သင်၌ အသက်မရှိသလော။ ပြီးလျှင် ဤအသက်ကို မည်သို့ ကြိုးပမ်းရရှိသနည်း။ ယင်းကို ဘုရားသခင်က ပေးအပ်နှင်းခြင်းလော။ ဘုရားသခင်က သင့်အား နည်းလမ်းမျိုးစုံဖြင့် ထောက်ပံ့ပြီး သင့်အား လေ့ကျင့်ပေးဖို့ လူများ၊ အမှုကိစ္စများနှင့် အရာဝတ္ထုမျိုးစုံကို အသုံးပြုပေသည်။ ဤသည်မှာ ဘုရားသခင်က အစားအသောက်များကို သင့်အား ကိုယ်တိုင်ကိုယ်ကျ ပေးနေပြီး သင့်ကို ကျွေးဖို့နှင့် သင့်အား ပျော်မွေ့ခံစားခွင့်ပြုဖို့ သင့်မျက်နှာ အနီးထိ ကိုင်ထားပေးခြင်း ဖြစ်ပြီး၊ ထို့နောက်မှသာလျှင် သင်သည် ကြီးထွားကာ၊ ခိုင်မာစွာ ရပ်နိုင်သည်။ ဤသည်မှာ ဤအရာများကို သင်ရှုမြင်ပြီး နားလည်ရမည့်ပုံစံဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ထံမှ လာသည့်အရာမှန်သမျှကို ကျိုးနွံနာခံရမည့် ပုံစံဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်”) ဘုရားသခင်ဟာ ကျွန်မတာဝန်မှာရှိတဲ့ ပြဿနာတွေကို ဖော်ထုတ်ဖို့အတွက် အစ်မဝမ်ကို အသုံးပြုနေမှန်း ဒီအရာတွေအားလုံးကတစ်ဆင့် ကျွန်မ နက်နက်နဲနဲ တွေ့ကြုံခဲ့ရပါတယ်။ ကျွန်မအတွက် လက်ခံဖို့ မလွယ်ကူပေမဲ့၊ ကျွန်မရဲ့ အသက်ဝင်ရောက်မှုအတွက် အရမ်းအကျိုးဖြစ်ပါတယ်။ ဒီလိုပုံစံနဲ့ ကိုင်တွယ်ဖြေရှင်းခံရတာဟာ ကျွန်မမှာရှိတဲ့ အယောင်ဆောင်ခေါင်းဆောင် စရိုက်လက္ခဏာမျိုးစုံကို မြင်အောင်ကူညီပေးခဲ့ပြီး သမ္မာတရားကို ရှာဖွေပြီး ပြောင်းလဲဖို့ လှုံ့ဆော်ခဲ့ပါတယ်။ အဲဒါတွေအပြင် ကျွန်မရဲ့ မာနထောင်လွှားတဲ့၊ ကြမ်းတမ်းတဲ့ သဘာဝကို မြင်ခဲ့တယ်။ ကျွန်မရဲ့ နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် လူတစ်ယောက်ကို ဖိနှိပ်ပြီး ဖယ်ထုတ်နိုင်တယ်ဆိုတာ မြင်ခဲ့ရတယ်။ ဒါကို မြင်သွားတာကြောင့် သမ္မာတရားကို ကျွန်မ အားထုတ်ခဲ့တယ်။ ဖောက်ပြန်ပျက်စီးမှုကို စွန့်ပစ်ပြီး သန့်စင်ခြင်းခံခဲ့ရတယ်။ ဒါဟာ ဘုရားသခင်ရဲ့ အထူးကျေးဇူးတော်ဖြစ်ပြီး ကျွန်မအတွက် သူ့ရဲ့ချစ်ခြင်းနဲ့ ကယ်တင်ခြင်းဖြစ်ပါတယ်။ ဘုရားသခင်ကို ကျွန်မ အရမ်းကျေးဇူးတင်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်ုပ် မရုန်းကန်ရတော့ပါ

ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ၊ အသင်းတော်မှာရှိတဲ့ နိုင်ငံခြားကလာတဲ့ လူသစ်တွေကို ကျွန်မ ရေလောင်းပေးနေခဲ့တယ်။ ရေလောင်းတဲ့...

ဧဝံဂေလိဟောခြင်း လမ်းကြောင်း

ဧဝံဂေလိ ဝေမျှဖို့ ပထမဆုံး သင်ယူတဲ့အချိန်ကို ကျွန်တော် အမှတ်ရမိတယ်။ ဟူဘေးမှာ ကြီးမားသော ချီးမွမ်းခြင်း အသင်းတော်ရဲ့ အသင်းသား အစ်ကိုဆူးနဲ့...

သူငယ်ချင်းကောင်းဆိုရင် မမြင်ချင်ယောင်ဆောင်ပါ့မလား

သင်းလိ အမေရိကန်နိုင်ငံ အစ်မ ဘာဘရာနဲ့ ကျွန်မက သိတာ နှစ်နှစ်ရှိပြီ။ တော်တော်ကောင်းတဲ့ ခင်မင်နားလည်မှုကို တည်ဆောက်ခဲ့ကြတယ်။ ကျွန်မတို့...

ဘုရားသခင်အတွက် ဘယ်လိုသက်သေခံရမယ်ဆိုတာ အခု ကျွန်မသိပြီ

ရွှင်လု တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဧပြီလမှာ ကျွန်မက ဧဝံဂေလိ မျှဝေရင်းနဲ့ အစ်မချန်နဲ့အတူ အလုပ်လုပ်တယ်။ ကျွန်မက ဒီအလုပ်နဲ့ပတ်သက်ပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။