ကျွန်တော့်ရဲ့ ချို့ယွင်းချက်တွေကို အခု မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ပါပြီ

15.04.2026

ချန်ကန်း၊ တရုတ်ပြည်

ကျွန်တော် ငယ်ငယ်တုန်းက စကားပြောရင် လူကြီးတွေက ကျွန်တော့်ကို ခဏခဏ လှောင်ပြောင်တတ်ကြတယ်။ အဲဒီတုန်းက နားမလည်တဲ့အရွယ်ဆိုတော့ ဘာဖြစ်မှန်း မသိခဲ့ပေမဲ့ ကြီးလာတော့မှ ကျွန်တော် စကားထစ်မှန်း သိလိုက်ရတာပေါ့။ အဲဒါကို ပြင်ဖို့ ကျွန်တော် ကြိုးစားခဲ့ပေမဲ့ ဘယ်လိုမှ ပြင်လို့မရတော့ တော်တော်လေး စိတ်ဒုက္ခရောက်ခဲ့ရတယ်။ ဒီချို့ယွင်းချက်ကြောင့် သူများတွေရဲ့ လှောင်ပြောင်တာ၊ ကဲ့ရဲ့တာကို ခဏခဏ ခံရတော့ တဖြည်းဖြည်းနဲ့ ကျွန်တော် စကားသိပ်မပြောတော့ဘဲ လူတွေကိုလဲ မတွေ့ချင်တော့လို့ တစ်ယောက်တည်းနေဖို့ပဲ ပိုနှစ်သက်လာခဲ့တယ်။ ကျောင်းတက်တုန်းကဆိုရင် အတန်းဖော်တွေရဲ့ ပါတီပွဲတွေကို ဘယ်တော့မှ မသွားခဲ့သလို ဆောင်းရာသီနဲ့ နွေရာသီ ကျောင်းပိတ်ရက်တွေမှာလည်း အပြင်ထွက်တာ၊ ဆွေမျိုးတွေဆီ သွားလည်တာတွေ မလုပ်ချင်ခဲ့ဘူး။ ကျွန်တော်က အရမ်းကို သီးခြားဆန်ပြီး သိမ်ငယ်စိတ် ဝင်ခဲ့တာပေါ့။ တစ်ခါတလေ အိမ်မှာ ကျွန်တော် စကားထစ်တာကို အမေကြားရင် ကျွန်တော့်ကို နားပူနားဆာလုပ်တတ်တယ်၊ “စကားကို ပိုပြီး ဖြည်းဖြည်း ပြောလို့မရဘူးလား။ လောမနေနဲ့။ ဒီပုံစံအတိုင်းသာ ဆက်သွားရင် ကြီးလာတဲ့အခါ မိန်းမတောင် ရမှာမဟုတ်ဘူး” ဆိုပြီးတော့ပေါ့။ အလုပ်စဝင်ပြီးတဲ့နောက်မှာ တစ်ခါတော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကျွန်တော် စကားထစ်တာကို ကြားသွားပြီး ကျွန်တော့်ကို စနောက်ခဲ့တယ်၊ “ခင်ဗျားက ဘာလို့ စကားထစ်နေတာလဲ။ ခင်ဗျားပုံစံက တော်တော် ရယ်စရာကောင်းတာပဲ” တဲ့။ အဲဒါက နောက်ပြောင်တာဖြစ်ပေမဲ့ ကျွန်တော် ရှက်လွန်းလို့ မျက်နှာတွေပူထူပြီး စကားထစ်တာကို မပြင်နိုင်လို့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိခဲ့တယ်။

၂၀၀၈ ခုနှစ်၊ စက်တင်ဘာလမှာ ဘုရားသခင်ရဲ့ အမှုတော်သစ်ကို ကျွန်တော် လက်ခံခဲ့တယ်။ ကျွန်တော် စကားထစ်တာကို ညီအစ်ကို မောင်နှမတွေ သတိထားမိတဲ့အခါ ကျွန်တော့်ကို လှောင်ပြောင်တာ၊ နှိမ်တာမျိုး မလုပ်ဘဲ အားပေးကူညီခဲ့ကြတယ်။ တစ်ခါတလေ စုဝေးပွဲတွေမှာ မရင်းနှီးတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ တွေ့ရင် ကျွန်တော် စိတ်လှုပ်ရှားတတ်တယ်။ ဘုရားနှုတ်ကပတ်တော် ဖတ်တဲ့အခါ ကျွန်တော် စကားထစ်နေရင် ညီအစ်ကို မောင်နှမတွေက ကျွန်တော်နဲ့အတူ လိုက်ဖတ်ပေးကြသလို စိတ်မကျဉ်းကျပ်ဖို့လည်း အားပေးကြတယ်။ ဘုရားအိမ်တော်မှာ အထူးနွေးထွေးမှုတစ်ခုကို ကျွန်တော် ခံစားခဲ့ရတယ်။ သုံးနှစ်ကြာပြီးနောက်မှာ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို အသင်းတော် ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြတယ်။ ဒါက ဘုရားသခင် ကျွန်တော့်ကို ချီးမြှောက်တာဖြစ်မှန်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်တာက သမ္မာတရား မိတ်သဟာယပြုတာနဲ့ ပြဿနာတွေကို ဖြေရှင်းတာတွေ ပါဝင်သလို ညီအစ်ကို မောင်နှမတွေနဲ့လည်း ခဏခဏ စုဝေးရတယ်လေ။ အထူးသဖြင့် စုဝေးပွဲအကြီးတွေမှာဆိုရင် ကျွန်တော် စကားထစ်တာကြောင့် အရမ်းကို စိတ်ကျဉ်းကျပ်ပြီး အကြီးအကျယ် စိတ်လှုပ်ရှားမိတယ်။ မိတ်သဟာယပြုတဲ့အချိန်မှာ စကားထစ်သွားရင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမိမှာ၊ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို ဝိုင်းရယ်ကြမှာကို ကြောက်ခဲ့တာပေါ့။ မှတ်မှတ်ရရ စုဝေးပွဲတစ်ခုမှာ ကျွန်တော် သိပ်မရင်းနှီးတဲ့ ညီအစ်မတစ်ယောက်ကို တွေ့တော့ ကျွန်တော်သာ ကောင်းကောင်း မိတ်သဟာယမပြုရင် သူ ကျွန်တော့်ကို ဘယ်လိုထင်မလဲဆိုပြီး စိုးရိမ်ခဲ့တယ်။ အဲဒီလိုနဲ့ ဘုရားနှုတ်ကပတ်တော် ဖတ်တဲ့အချိန်မှာ ကျွန်တော် တော်တော်လေးကို စကားထစ်သွားတယ်။ အဲဒီညီအစ်မက အောင့်မထားနိုင်တော့ဘဲ ထပြီး အော်ရယ်ပါလေရော။ ဒါက ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို အကြီးအကျယ် ထိုးနှက်လိုက်တာပါပဲ။ အဲဒီညီအစ်မက ကျွန်တော့်ကို စိတ်ရင်းမှန်နဲ့ တောင်းပန်ပေမဲ့ ကျွန်တော့်ရင်ထဲမှာတော့ တော်တော်လေး ထိခိုက်ခံစားရပြီး အမြဲတမ်း သိမ်ငယ်စိတ် ဝင်နေခဲ့တယ်။ ဒါကြောင့် ကျွန်တော် ခဏခဏ ညည်းတွားခဲ့မိတယ်၊ “ငါ့မှာ ဘာလို့ ဒီလိုချို့ယွင်းချက် ရှိနေရတာလဲ။ ဘာလို့ ငါ မပြင်နိုင်ရတာလဲ” ပေါ့။ နောက်ပိုင်း ညီအစ်ကို မောင်နှမတွေနဲ့ ဆက်ဆံတဲ့အခါ ကျွန်တော်က အရမ်းကို ထိခိုက်လွယ်လာတယ်။ ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတဲ့အချိန် ဒါမှမဟုတ် မိတ်သဟာယပြုပြီးတဲ့ အချိန်တိုင်းမှာ ညီအစ်ကို မောင်နှမတွေရဲ့ မျက်နှာအမူအရာတွေကို ကျွန်တော် သေချာ ဂရုစိုက်ကြည့်တတ်လာတယ်။ သဘာဝမကျတဲ့ လှုပ်ရှားမှုတစ်ခုခု မြင်လိုက်ရင် “သူတို့ ငါ့ကို ရယ်နေကြတာလား” ဆိုပြီး ကျွန်တော် တွေးမိတယ်၊ ဒါက ကျွန်တော့်ကို ပိုပြီးတော့တောင် စိတ်လှုပ်ရှားစေတယ်။ တစ်ခါတလေဆိုရင် အရမ်းစိတ်လှုပ်ရှားလွန်းလို့ ကျွန်တော့်လက်ဖဝါးတွေ ချွေးပြန်တဲ့အထိပဲ။ နောက်ဆုံးတော့ ကျွန်တော် စုဝေးပွဲတွေကို ကြောက်လာပြီး အထူးသဖြင့် စုဝေးပွဲအကြီးတွေမှာဆိုရင် တာဝန်တွေကို ကျွန်တော့်ရဲ့ တွဲဖက် ညီအစ်ကိုဆီပဲ လွှဲပေးလိုက်တော့တယ်။ ဒီလို နာကျင်ရပြီး ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အခြေအနေမျိုးမှာ အကြာကြီး နေခဲ့ရပြီး နောက်ဆုံးကျတော့ ဖိအားကို ကျွန်တော် မခံနိုင်တော့လို့ နှုတ်ထွက်လိုက်တယ်။ နှုတ်ထွက်ပြီးတဲ့နောက်မှာ စာနဲ့ပတ်သက်တဲ့ တာဝန်တစ်ခုကို ကျွန်တော် ယူလိုက်တယ်။ နေ့တိုင်း ဆောင်းပါးတွေ ရွေးရင်းနဲ့ပဲ အချိန်ကုန်ပြီး တခြားလူတွေနဲ့ စကားမပြောဘူး၊ မဆက်ဆံရဘူး။ ဒီတော့ စကားထစ်တာကြောင့် ကျွန်တော် စိတ်ကျဉ်းကျပ်စရာ မလိုတော့ဘူးပေါ့။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလမှာ အသင်းတော် ခေါင်းဆောင်အဖြစ် ကျွန်တော် ထပ်အရွေးခံရပြန်တယ်။ ဒါပေမဲ့ အလုပ်ဖိအားများတာနဲ့ မရင်းနှီးတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ ခဏခဏ ဆက်ဆံရတာကြောင့် ကျွန်တော့်ရဲ့ စကားထစ်တဲ့ပြဿနာက ပိုဆိုးလာတယ်။ စုဝေးပွဲအချိန်ရောက်ပြီဆိုရင် သူများတွေ ကျွန်တော့်ကို ဘယ်လိုမြင်မလဲဆိုတာကို ကျွန်တော် အရမ်းပူပန်တယ်။ ကျွန်တော် ဘယ်လောက်တောင် စိတ်ကျဉ်းကျပ်လဲဆိုရင် လူတွေအများကြီးနဲ့ ဆက်ဆံစရာမလိုဘဲ ဖိအားနည်းတဲ့ စာနဲ့ပတ်သက်တဲ့ တာဝန်ကို ထမ်းဆောင်ခဲ့တုန်းက နေ့ရက်တွေကို မလွမ်းဘဲ မနေနိုင်တော့ဘူး။ စာနဲ့ပတ်သက်တဲ့ တာဝန်ကိုပဲ ပြန်လုပ်ရဖို့ မျှော်လင့်ခဲ့တယ်။ မထင်မှတ်ဘဲ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို တရားဟောဆရာအဖြစ် အမည်စာရင်း တင်သွင်းကြတယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်၊ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အသင်းတော် ခေါင်းဆောင် ဖြစ်နေတာတင် ဖိအားက များနေပြီ။ ထပ်ပြီး ရာထူးတိုးဖို့ ငါ မမျှော်လင့်ရဲပါဘူး” ပေါ့။ ဒါပေမဲ့ ဆင်ခြင်တုံတရားအရတော့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ကျွန်တော် သွားခဲ့ပါသေးတယ်။ ရွေးကောက်ပွဲ စုဝေးပွဲ လုပ်နေတုန်းမှာ တရားဟောဆရာတစ်ယောက်က လူအများကြီးနဲ့ ဆက်ဆံရပြီး အသင်းတော်အများကြီးအတွက် တာဝန်ယူရတာကို ကျွန်တော် တွေးမိတယ်၊ ပြီးတော့ သူတို့အလုပ်က ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုတဲ့အပေါ် မူတည်မှန်းလည်း ကျွန်တော် တွေးမိတယ်။ ကျွန်တော် စဉ်းစားမိတယ်၊ ဒီလောက် စကားထစ်နေတာနဲ့ ငါ ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုနိုင်ပါ့မလား။ ညီအစ်ကို မောင်နှမတွေသာ ငါ့ကို ထပ်ရယ်ကြရင် ငါ လုံးဝ အရှက်ကွဲမှာ မဟုတ်လား ပေါ့။ နောက်ဆုံးတော့ ကျွန်တော် ထွက်လိုက်တယ်။ ဒီနောက်ပိုင်းမှာ ရွေးကောက်ပွဲနည်းနည်း ထပ်ရှိလာတယ်။ ဘုရားသခင်ကို ယုံကြည်တာ နှစ်အတော်ကြာပြီဖြစ်လို့ ကိုယ်တော်ရဲ့ အလိုတော်ကို ထည့်စဉ်းစားပြီး တာဝန်ပိုယူသင့်မှန်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ချို့ယွင်းချက်ကို တွေးမိလိုက်တာနဲ့ တစ်ခါတည်း တွန့်ဆုတ်သွားပြီး အကြိမ်တိုင်းမှာ မပါဝင်တော့ဘူး။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ခေါင်းဆောင်ပိုင်းဆီက စာတစ်စောင် ကျွန်တော် လက်ခံရရှိတယ်၊ အဲဒီစာထဲမှာ ပါတာက ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို ခရိုင်ခေါင်းဆောင်အဖြစ် ထောက်ခံထားပြီး ရွေးကောက်ပွဲမှာ ပါဝင်စေချင်တယ် ဆိုတဲ့အကြောင်းပေါ့။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါ့ရဲ့ ချို့ယွင်းချက်နဲ့ဆိုရင် လုံးဝ ပါဝင်ဖို့ မသင့်တော်ပါဘူး။ အရွေးခံရရင်တောင်မှ တာဝန်ကို ငါ ကိုင်တွယ်နိုင်မှာမဟုတ်ဘူး။ ငါ ဘာလုပ်သင့်လဲ” ပေါ့။ ကျွန်တော်သာ မပါဝင်ဘဲ နေလိုက်ရင် အသင်းတော် အလုပ်ကို မထိန်းသိမ်းရာရောက်မှာ ကြောက်တယ်၊ ဒါပေမဲ့ ပါဝင်ပြန်ရင်လည်း အရည်အချင်း မမီဘူးလို့ ခံစားရတယ်။ ကျွန်တော် တော်တော်လေး ဗျာများနေခဲ့တယ်။ ကျွန်တော် ဘုရားဝတ်ပြုတဲ့တစ်ချိန်မှာ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ဖတ်တယ်။ “ယခု စကားပြောသည့်အခါ စကားထစ်ခြင်းနှင့် အထစ်ထစ်အငေါ့ငေါ့ဖြစ်ခြင်းတို့ကို ကြည့်ကြစို့၊ ဤသည်မှာ မည်သည့်ပြဿနာအမျိုးအစား ဖြစ်သနည်း။ (ပင်ကိုအခြေအနေတစ်ခု ဖြစ်ပါသည်။) ဤသည်မှာ ပင်ကိုအခြေအနေတစ်ခုဖြစ်ပြီး ကာယပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်မျိုးလည်း ဖြစ်သည်။ စကားထစ်ခြင်း၏ ပုံစံများ ကွဲပြားသည်မှာ အမှန်ပင်ဖြစ်သည်။ အချို့ စကားထစ်သူများသည် စကားလုံးတစ်လုံးကို ဆွဲဆန့်ပြောဆိုကြပြီး အချို့မှာမူ စကားလုံးတစ်လုံးကို ထပ်ခါတလဲလဲ ပြောဆိုနေကြကာ ပြည့်စုံသော ဝါကျတစ်ကြောင်းကို ပြောဆိုနိုင်ဖို့ကို တစ်နေကုန် အချိန်ယူကြသည်။ အတိုချုပ်ဆိုရလျှင် ဤသည်မှာ ပင်ကိုအခြေအနေတစ်ခုဖြစ်ပြီး ကာယပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်မျိုးလည်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ပါဝင်သလော။ (မပါဝင်ပါ။) ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မပါဝင်ပေ။ တစ်စုံတစ်ဦးက ‘သင် စကားပြောသည့်အခါ ထစ်သည်၊ သင် အတော် စဉ်းလဲပါတကား’ သို့မဟုတ် ‘သင် စကားပြောသည့်အခါ စကားပင်ထစ်သေးသည်၊ သင်မည်သို့ ထိုမျှလောက် မာနထောင်လွှားနိုင်ရသနည်း’ ဟု ပြောဆိုပါက ထိုသို့သော ပြောဆိုချက်များသည် တိကျသလော။ (မတိကျပါ။) စကားထစ်ခြင်းသည် ချို့ယွင်းချက် သို့မဟုတ် အပြစ်အနာအဆာတစ်ခုအနေဖြင့် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ မည်သည့်ကဏ္ဍနှင့်မျှ မသက်ဆိုင်ပေ။ သို့ဖြစ်၍ စကားထစ်ခြင်းသည် ပင်ကိုအခြေအနေတစ်ခုနှင့် ကာယပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်မျိုး ဖြစ်သည်။ သိသာထင်ရှားသည်မှာ ယင်းသည် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မပါဝင်သည့်အပြင် ၎င်းတို့နှင့် လုံးဝ ဆက်စပ်မှုမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၉))လူတို့ မဖြေရှင်းနိုင်သည့် ပြဿနာအချို့ ရှိသည်။ ဥပမာအနေဖြင့် သင်သည် အခြားသူများကို စကားပြောနေချိန်တွင် စိတ်လှုပ်ရှားတတ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အခြေအနေများနှင့် သင် ရင်ဆိုင်ရသည့်အခါ သင့်ထံတွင် ကိုယ်ပိုင် စိတ်ကူးများနှင့် ရှုထောင့်များ ရှိကောင်းရှိနိုင်သော်လည်း ယင်းတို့ကို ရှင်းလင်းစွာ သင် မပြောဆိုနိုင်ပေ။ အထူးသဖြင့် လူများစွာ ရှိနေချိန်တွင် သင် စိတ်လှုပ်ရှားသည်။ သင် ဗလုံးဗထွေးပြောဆိုပြီး သင်၏ ပါးစပ်က တုန်တုန်ယင်ယင်ဖြစ်နေသည်။ လူအချို့သည် သာ၍ပင် စကားထစ်ကြသည်။ အခြားသူများအတွက်မူ ဆန့်ကျင်ဖက်လိင်တစ်ဦး ရှိနေလျှင် ၎င်းတို့သည် မည်သည့်အရာ ပြောရမည်ကိုဖြစ်စေ၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကိုဖြစ်စေ တကယ်ပင် မသိဘဲ မိမိကိုယ်ကို ရှင်းလင်းစွာ သာ၍ပင် ဉာဏ်ရည်နည်းပါးကြလေသည်။ ဤသည်မှာ အောင်မြင်ကျော်လွှားရန် လွယ်ကူသလော။ (မလွယ်ကူပါ။) ဤချို့ယွင်းချက်သည် သင်တို့၏ ပင်ကိုယ်သဘာဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် အနည်းဆုံးအားဖြင့် ကာလတိုအတွင်း၌ ယင်းကို ကျော်လွှားနိုင်ရန် မလွယ်ကူလှပေ။...ထို့ကြောင့် အချိန်တိုတိုဖြင့် ဤချို့ယွင်းချက်၊ ဤအပြစ်အနာအဆာကို သင် အောင်မြင်ကျော်လွှားနိုင်လျှင် ထိုသို့လုပ်ဆောင်လော့။ အောင်မြင်ကျော်လွှားရန် ခက်ခဲလျှင် ဒုက္ခမခံနှင့်။ ထိုအရာကို မတွန်းလှန်နှင့်။ သင့်ကိုယ်သင် အခက်မတွေ့စေနှင့်။ ထိုအရာကို သင် အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိလျှင် အပျက်သဘောမဆောင်သင့်သည်မှာ အမှန်ဖြစ်၏။ သင်၏ တစ်သက်တာတွင် ထိုအရာကို သင် လုံးဝ အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိလျှင်ပင် ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်သည့်အတွက် ဘုရားသခင်က သင့်ကို ရှုတ်ချလိမ့်မည် မဟုတ်။ သင်၏ စင်မြင့်ကြောက်ခြင်း၊ သင်၏ စိတ်လှုပ်ရှားခြင်းနှင့် အကြောက်တရားဖြစ်သည့် ဤသရုပ်သကန်များသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မထင်ဟပ်စေပေ။ ယင်းတို့သည် မွေးရာပါဖြစ်စေ၊ ဘဝတွင် နောက်ပိုင်း၌ ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်သည်ဖြစ်စေ၊ ယင်းတို့သည် အလွန်ဆုံးအနေဖြင့် သင့်လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု၊ အပြစ်အနာအဆာတစ်ခု ဖြစ်သည်။ ရေရှည်တွင်ဖြစ်စေ၊ သင်၏တစ်သက်တာတွင်ပင်ဖြစ်စေ ထိုအရာကို သင် မပြောင်းလဲနိုင်လျှင် ထိုအရာကို တဝဲလည်လည် မတွေးနှင့်။ သင့်အား ဘောင်ခတ်ခွင့် မပေးနှင့်။ ပြီးလျှင် ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်သည့်အတွက် ထိုအရာကြောင့် သင် အပျက်သဘောဆောင်မလာသင့်ပေ။ ထိုအရာကို ပြောင်းလဲရန် သို့မဟုတ် ထိုအရာကို တွန်းလှန်ရန် ကြိုးစားရာတွင် အသုံးဝင်မှု မရှိပေ။ ထိုအရာကို သင် မပြောင်းလဲနိုင်လျှင်၊ လက်ခံလော့။ ထိုအရာကို တည်ရှိခွင့်ပေးကာ မှန်မှန်ကန်ကန် သဘောထားလော့။ အဘယ်ကြောင့်ဆိုသော် သင်သည် ဤချို့ယွင်းချက်၊ ဤအပြစ်အနာအဆာနှင့်အတူ ယှဉ်တွဲနေထိုင်သောကြောင့် ဖြစ်သည်။ သင့်ထံတွင် ထိုအရာရှိခြင်းသည် သင်၏ ဘုရားသခင်နောက် လိုက်လျှောက်ခြင်းနှင့် သင်၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့အား မထိခိုက်ပေ။ သမ္မာတရားကို သင် လက်ခံကာ သင်၏ တာဝန်များကို အစွမ်းကုန် ထမ်းဆောင်သရွေ့၊ သင် ကယ်တင်ခံရနိုင်သေး၏။ ထိုအရာသည် သင်၏ သမ္မာတရားလက်ခံခြင်းအား မထိခိုက်သကဲ့သို့ သင်၏ ကယ်တင်ခြင်း ရရှိခြင်းကို မထိခိုက်ပေ။ ထို့ကြောင့် သင်သည် သင်၏ လူ့သဘာဝတွင်ရှိသည့် ချို့ယွင်းချက် သို့မဟုတ် အပြစ်အနာအဆာတစ်ခုခုအားဖြင့် ဘောင်ခတ်မခံရသင့်သကဲ့သို့ မကြာခဏ အပျက်သဘောဆောင်ကာ စိတ်ဓာတ်မကျသင့်ပေ၊ သို့မဟုတ် ထိုအကြောင်းရင်းကြောင့်ပင် သင်၏ တာဝန်ကိုပင်လျှင် စွန့်လွှတ်ကာ သမ္မာတရား လိုက်စားခြင်းအား လက်လျှော့၍ ကယ်တင်ခံရမည့် အခွင့်အရေးဖြင့် မလွဲချော်သင့်ပေ။ ထိုအရာသည် လုံးဝ မတန်ပေ။ ယင်းမှာ မိုက်မဲသည့်၊ မသိနားမလည်သော လူများ လုပ်ဆောင်မည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်လိုက်တာက စကားထစ်တာ၊ ဗလုံးဗထွေးဖြစ်တာတွေဟာ မွေးရာပါ အခြေအနေတွေ၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေသာ ဖြစ်ပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား မဟုတ်သလို ဘုရားသခင် ရှုတ်ချတဲ့အရာလည်း မဟုတ်ဘူး ဆိုတာပါပဲ။ အဲဒါက ကျွန်တော့်ရဲ့ သမ္မာတရား လိုက်စားမှု၊ ဒါမှမဟုတ် ကယ်တင်ခြင်း လိုက်စားမှုကို မထိခိုက်ပါဘူး။ ကိုယ့်ရဲ့ ချို့ယွင်းချက်တွေရဲ့ ဘောင်ခတ်တာကို ကျွန်တော် မခံသင့်ဘူး။ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုကြောင့် သမ္မာတရား လိုက်စားတာကိုရော၊ ရာထူးတိုးပြီး ပြုစုပျိုးထောင်ခံရမယ့် အခွင့်အရေးကိုပါ ကျွန်တော် စွန့်လွှတ်လိုက်မယ်၊ ပြီးတော့ ကယ်တင်ခြင်းနဲ့ဆိုင်တဲ့ အရေးကြီးကိစ္စကို နှောင့်နှေးစေမယ်ဆိုရင် အသေးအဖွဲလေးအတွက် အကြီးကြီးကို စွန့်လွှတ်လိုက်ရာ မကျဘူးလား။ အဲဒါက တကယ်ကို မိုက်မဲပြီး မတန်တဲ့ကိစ္စ မဟုတ်ဘူးလား။ ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေကို ဖတ်လိုက်ရတော့ ကျွန်တော် တကယ်ကို စိတ်သက်သာရာ ရသွားတယ်။ ပြန်ကြည့်လိုက်ရင် ကျွန်တော် ငယ်ငယ်ကတည်းက ကျွန်တော့်ရဲ့ စကားပြော ချို့ယွင်းချက်အပေါ် အာရုံအများကြီး ထားခဲ့တာကို တွေ့ရတယ်။ အဲဒါက ကျွန်တော့်ရဲ့ ဘဝ၊ အလုပ်နဲ့ တာဝန်တွေမှာ ကျွန်တော့်ကို မကြာခဏ အဆင်မပြေဖြစ်စေပြီး ထိခိုက်စေတယ်လို့ ယုံကြည်နေခဲ့တာ ဒီဟာကြောင့် ကျွန်တော်က စကားမပြောချင်ဖြစ်ပြီး တော်တော်လေး အထီးကျန်ဆန်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ် ဝင်သွားတယ်။ ကျွန်တော် ဘာလုပ်လုပ် ယုံကြည်မှု ဒါမှမဟုတ် စိတ်ပါဝင်စားမှု မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားတာပေါ့။ စုဝေးပွဲတွေမှာ ညီအစ်ကို မောင်နှမတွေက သူတို့ရဲ့ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုကို အချင်းချင်း ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုတဲ့အခါ ဒါက လွတ်လပ်ပြီး ပေါ့ပါးမှု ရှိသင့်တယ်လေ၊ မိတ်သဟာယပြုတာကနေတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို လက်ခံရရှိဖို့လည်း ပိုလွယ်ကူသင့်တယ်။ ဒါပေမဲ့ စကားထစ်တာကြောင့် ကျွန်တော် ဖိနှိပ်ချုပ်ချယ်ခံရသလို ခံစားရပြီး စုဝေးပွဲတွေမှာ လွတ်လပ်မှု ရှာမတွေ့နိုင်ခဲ့ဘူး။ စုဝေးပွဲတွေကို ကြောက်တောင် ကြောက်လာပြီး ဖြစ်နိုင်ရင် ရှောင်လွှဲတတ်လာတယ်။ ဒီလိုနဲ့ သမ္မာတရား ရရှိဖို့ အခွင့်အရေးအများကြီးကို ကျွန်တော် လက်လွှတ်ဆုံးရှုံးခဲ့ရတာပေါ့။ အသင်းတော် ရွေးကောက်ပွဲတွေ ကြုံရတဲ့အခါ ပါဝင်ဖို့ အခွင့်အရေးကို ကျွန်တော် အမြဲ စွန့်လွှတ်ခဲ့တယ်။ အသင်းတော် အလုပ်က လူတွေ ပူးပေါင်းဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေတဲ့အချိန်မှာ ကျွန်တော်က တာဝန်မယူနိုင်ခဲ့သလို ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကိုလည်း ထည့်မစဉ်းစားပေးခဲ့ဘူး။ စကားထစ်တာကြောင့် ကျွန်တော် ဘယ်လို မကြာခဏ အနှောင်အဖွဲ့ခံရပြီး ဘောင်ခတ်ခံနေရတယ်၊ နာကျင်ရပြီး ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အခြေအနေတစ်ခုမှာ နေနေရတယ်ဆိုတာ၊ ပြီးတော့ ဒါတွေအားလုံးဟာ ကျွန်တော့်ရဲ့ ချို့ယွင်းချက်တွေကို မှန်မှန်ကန်ကန် မရှုမြင်နိုင်တာကြောင့် ဖြစ်ရတယ်ဆိုတာတွေကို ကျွန်တော် မြင်ခဲ့တယ်။ ကျွန်တော် သမ္မာတရားကို နားမလည်ခဲ့သလို လူတွေနဲ့ ကိစ္စရပ်တွေကို ဘုရားနှုတ်ကပတ်တော်နဲ့အညီ ဘယ်လိုရှုမြင်ရမယ်ဆိုတာကိုလည်း မသိခဲ့ဘူး။ ဒါက ကျွန်တော့်ကို နှောင်ဖွဲ့ပြီး ဘောင်ခတ်ရုံသာမကဘဲ ကျွန်တော့်ရဲ့ တာဝန်တွေကို ထပ်ခါတလဲလဲ ငြင်းဆန်မိသွားတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်တောင် ဘောင်ခတ်မိခဲ့တယ်၊ စကားထစ်နေတဲ့အတွက် ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးလို့ ယုံကြည်ပြီး ဘုရားသခင်ကို အထင်လွဲပြီး ဘုရားသခင်နဲ့ ဝေးကွာသွားစေခဲ့တယ်လေ။ ကျွန်တော် တကယ်ကို မိုက်မဲခဲ့တာပဲ။ ကျွန်တော် ဆက်ပြီး ဒီလောက် အပျက်သဘောဆောင်လို့ မဖြစ်တော့ဘူး။ ကျွန်တော့်ရဲ့ ချို့ယွင်းချက်ကို မှန်မှန်ကန်ကန် သဘောထားပြီး ဒီရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရမယ်။

ရက်နည်းနည်းကြာတော့ ညီအစ်မနှစ်ယောက်က အကြောင်းပြချက်တချို့ကြောင့် ရွေးကောက်ပွဲမှာ မပါဝင်နိုင်ဘူးဆိုတာ ကျွန်တော် သိလိုက်ရတယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်၊ “ဒီညီအစ်မနှစ်ယောက်က အရွေးခံရဖို့ အလားအလာ အရှိဆုံးပဲ။ သူတို့သာ မပါဝင်နိုင်ရင် ငါ အရွေးခံရဖို့ အခွင့်အရေး ပိုများသွားမှာ မဟုတ်ဘူးလား” ပေါ့။ ကျွန်တော် စကားထစ်တာကို တွေးမိလိုက်တာနဲ့ ချက်ချင်းပဲ ဖိအားတွေ အများကြီး ခံစားလိုက်ရတယ်။ အသင်းတော်မှာ မျက်နှာပျက်ရတာက တစ်မျိုးပေါ့။ ဒါပေမဲ့ ခရိုင်ခေါင်းဆောင် ဖြစ်လာရင် အဲဒီလို အရှက်ရတာက ပိုတောင်ဆိုးဦးမှာ။ ကျွန်တော့်အခြေအနေကို ညီအစ်မတစ်ယောက်နဲ့ ဝေမျှလိုက်တော့ သူက ကျွန်တော်ဟာ သူများတွေ ဘယ်လိုမြင်မလဲဆိုတာကို သိပ်ဂရုစိုက်လွန်းနေပြီး ဂုဏ်နဲ့ မာန်မာနအပေါ် အရမ်း အလေးထားလွန်းနေတယ်လို့ ထောက်ပြတယ်။ ညီအစ်မရဲ့ သတိပေးမှုနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ပိုဖတ်ဖြစ်တယ်။ “လူခပ်သိမ်းတို့သည် အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်း၊ မျှော်လင့်ချက် ကင်းမဲ့နေခြင်းနှင့် နုနယ်ခြင်းတို့ကဲ့သို့သော မမှန်ကန်သည့် အခြေအနေအချို့ ၎င်းတို့အတွင်း၌ ရှိ၏။ သို့မဟုတ် ၎င်းတို့တွင် ယုတ်ညံ့သော ကြံရွယ်ချက်များရှိသည်။ သို့မဟုတ် မိမိတို့၏ မာန၊ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများနှင့် ကိုယ်ကျိုးစီးပွားများဖြင့် စဉ်ဆက်မပြတ် သောကရောက်ကြသည်။ သို့မဟုတ် ၎င်းတို့တွင် ညံ့ဖျင်းသည့် အစွမ်းအစရှိသည်ဟု တွေးထင်ကြပြီး အပျက်သဘောဆောင်သည့် အခြေအနေအချို့ကို ၎င်းတို့ တွေ့ကြုံကြရသည်။ သင်သည် ဤအခြေအနေများတွင် အမြဲ အသက်ရှင်ပါက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရရှိရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန် သင့်အတွက် ခက်ခဲပါက သင့်အတွင်းရှိ တက်ကြွသော အရိပ်လက္ခဏာများ နည်းပါးလိမ့်မည်ဖြစ်ပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများ ပေါ်ထွက်လာကာ သင့်ကို နှောင့်ယှက်လိမ့်မည်။ လူတို့သည် ထိုအပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသော အခြေအနေများကို ချုပ်တည်းရန် မိမိတို့ကိုယ်ပိုင် စိတ်စွမ်းအားအပေါ်သာ အမြဲ မှီခိုကြသည်။ သို့ရာတွင် ယင်းတို့ကို ၎င်းတို့ မည်မျှ ခါချပါစေ ခါမချနိုင်ကြချေ။ ဤအရာအတွက် အဓိကအကြောင်းရင်းမှာ လူတို့သည် ဤအပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသောအရာများကို လုံးလုံးလျားလျား ပိုင်းခြားမသိမြင်နိုင်ခြင်း ဖြစ်သည်။ ယင်းတို့၏ အနှစ်သာရကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။ ဤအရာက ၎င်းတို့အတွက် ဇာတိပကတိနှင့် စာတန်ကို ပုန်ကန်ရန် အလွန်ခက်ခဲစေသည်။ ထို့အပြင် လူတို့သည် ဤအပျက်သဘောဆောင်သည့်၊ စိတ်အားငယ်ပြီး ဆုတ်ယုတ်သော အခြေအနေများတွင် အမြဲ ပိတ်မိကြပြီး ၎င်းတို့သည် ဆုမတောင်းကြဘဲ၊ သို့မဟုတ် ဘုရားသခင်ကို အားမကိုးကြဘဲ ထိုအစား ယင်းတို့ကို အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်သွားကြသည်။ အကျိုးဆက်အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ထဲ၌ အလုပ်မလုပ်သကဲ့သို့ ၎င်းတို့သည် ထိုအကြောင်းကြောင့် သမ္မာတရားကို နားမလည်နိုင်ကြ၊ ၎င်းတို့ လုပ်သမျှတိုင်းတွင် လမ်းကြောင်းတစ်ခု ကင်းမဲ့ပြီး မည်သည့်ကိစ္စကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။ သင့်အတွင်းတွင် အပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသော အရာများစွာ များလွန်းပြီး ယင်းတို့က သင်၏ စိတ်နှလုံးကို ဖြည့်ပြီးဖြစ်သောကြောင့် သင်သည် စိတ်ဝိညာဉ်၌ မကြာခဏ အပျက်သဘောဆောင်၍ အားငယ်ကာ ဘုရားသခင်ထံမှ ပို၍ပို၍ သွေဖည်သွားပြီး အားနည်းသည်ထက် အားနည်းလာခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလုပ်ကို သင် မရရှိနိုင်ပါက ဤအခြေအနေများကို သင်လွတ်မြောက်နိုင်လိမ့်မည်မဟုတ်သကဲ့သို့ သင်၏ အပျက်သဘောဆောင်သော အခြေအနေများသည် ပြောင်းလဲသွားလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်လုပ်မနေပါက လမ်းကြောင်းတစ်ခုကို သင်ရှာမတွေ့နိုင်သောကြောင့် ဖြစ်သည်။ ဤအကြောင်းရင်း နှစ်ခုကြောင့် သင်၏ အပျက်သဘောဆောင်သော အခြေအနေကို စွန့်ပယ်ပြီး ပုံမှန်အခြေအနေတစ်ခုထဲသို့ ဝင်ရောက်ရန် သင့်အတွက် အလွန်ခက်၏။ ယခုတွင် သင်တို့၏ တာဝန်ကို သင်တို့ ထမ်းဆောင်သော်လည်း၊ အခက်အခဲကို ကြံ့ကြံ့ခံသော်လည်း၊ အလုပ်ကြိုးစားသော်လည်း၊ အားထုတ်မှုများစွာ ပြုပြီး သင်၏ မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ကာ အရာရာကို စွန့်သော်လည်း သင့်အတွင်းရှိ အပျက်သဘောဆောင်သော အခြေအနေများသည် အမှန်တကယ် မပြောင်းလဲသေးချေ။ သင်တို့ကို သမ္မာတရား လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမှ ချည်နှောင်ထားသည့် သင်တို့၏ အယူအဆများ၊ စိတ်ကူးများ၊ အသိပညာ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ၊ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကဲ့သို့သော အနှောင်အဖွဲ့များ အလွန်များ၏။ ဤကောင်းကျိုးမပြုသော အရာများသည် သင်တို့၏ စိတ်နှလုံးကို ပြည့်စေပြီး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်လိုက်တာက ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ရင် ကျွန်တော် အမြဲတမ်း မတက်မကြွဖြစ်နေခဲ့တာဟာ စကားထစ်တာရဲ့ ဘောင်ခတ်မှုကို ခံရလို့တင် မဟုတ်ဘဲ မာန်မာနနဲ့ ဂုဏ်ရဲ့ နှောင်ဖွဲ့မှုတွေကြောင့်လည်း ပါတယ်ဆိုတာပါပဲ။ ကျွန်တော် တွေးမိတယ်၊ “တာဝန်တွေ ပိုများလေလေ၊ ညီအစ်ကို မောင်နှမတွေနဲ့ ပိုပြီး ဆက်ဆံရလေလေ ဖြစ်မှာ။ ပြီးတော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရား မိတ်သဟာယပြုဖို့ လိုအပ်မယ်။ စုဝေးပွဲတွေမှာ မိတ်သဟာယပြုနေတုန်း ငါသာ စကားထစ်သွားရင် ငါ စကားထစ်တာကို လူတွေ ပိုသိကုန်မှာ။ ဒါဆိုရင် ငါ့သိက္ခာက ရစရာမရှိအောင် ဖြစ်သွားမှာ မဟုတ်ဘူးလား” ပေါ့။ ဒီအတွေးတွေ ဝင်လာတာနဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ဖို့ ကျွန်တော် ကြောက်လာပြီး ရာထူးတိုးတာ၊ ပြုစုပျိုးထောင်ခံရတာကို မလိုချင်နေဘူး။ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတိုင်း ကျွန်တော် အသက်ရှင်နေခဲ့တာဖြစ်ပြီး သူများတွေ ကျွန်တော့်အားနည်းချက်ကို မမြင်အောင် ကျွန်တော့်ရဲ့ ချို့ယွင်းချက်တွေကို ဖုံးကွယ်ဖို့ အမြဲတမ်း အစွမ်းကုန် ကြိုးစားနေခဲ့တာလေ။ အသင်းတော် အလုပ်ရဲ့ လိုအပ်ချက်တွေကို ကျွန်တော် ထည့်မစဉ်းစားဘဲ ရွေးကောက်ပွဲဝင်မယ့် အခွင့်အရေးကို ထပ်ခါတလဲလဲ စွန့်လွှတ်ခဲ့တယ်။ အသင်းတော် အလုပ်က လူတွေ ပူးတွဲလုပ်ဖို့ အရေးတကြီး လိုအပ်နေတဲ့အချိန်မှာတောင် ကျွန်တော်က လက်ပိုက်ကြည့်နေပြီး ထွက်သွားခဲ့သေးတယ်။ ကျွန်တော် တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တာပဲ။ အသင်းတော်က ကျွန်တော့်ကို နှစ်ပေါင်းများစွာ ရေလောင်းပြီး ပြုစုပျိုးထောင်ပေးခဲ့တာ။ ကျွန်တော်က အသင်းတော် အလုပ်ကို ထမ်းရွက်ခဲ့သင့်တာ။ ဒါက ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ တာဝန်လည်း ဖြစ်သလို အကြွင်းမဲ့လက်ခံပြီး ကျိုးနွံနာခံခဲ့သင့်တာပါ။ ဒါပေမဲ့ မျက်နှာမပျက်ရအောင် ရွေးကောက်ပွဲတွေမှာ ပါဝင်ဖို့ ကျွန်တော် ရှောင်ဖယ်ပြီး ငြင်းဆန်ခဲ့တယ်၊ ဘုရားအိမ်တော်အတွက် ဝန်တာကို မယူချင်ခဲ့သလို ဒါဟာ ဂုဏ်ယူစရာဖြစ်မှန်းလည်း လုံးဝမသိမြင်ခဲ့ဘူး။ ဒါဟာ ဘုရားသခင် စက်ဆုပ်ရွံရှာပြီး မုန်းတီးတဲ့အရာပဲလေ။ ဖိနှိပ်ချုပ်ချယ်ခံရပြီး ဆင်းရဲဒုက္ခရောက်ရတဲ့ ကျွန်တော့်ဘဝဟာ ဂုဏ်နဲ့ မာန်မာနအပေါ် အရမ်း အာရုံစိုက်လွန်းတာ၊ ပြီးတော့ သူများတွေရဲ့ အမြင်တွေကို အလွန်အကျွံ ဂရုစိုက်လွန်းတာကြောင့် ဖြစ်ရမှန်း အဲဒီတော့မှ ကျွန်တော် နားလည်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဘုရားသခင်ရဲ့ အရမ်းလေးနက်တဲ့ ရည်ရွယ်ချက်ကို ကျွန်တော် ခံစားခဲ့ရတယ်။ ကျွန်တော့်ရဲ့ ချို့ယွင်းချက်တွေကြောင့် ဘုရားသခင်က ကျွန်တော့်ကို အထင်မသေးခဲ့ပါဘူး။ အဲဒီအစား ရာထူးတိုးဖို့နဲ့ ပြုစုပျိုးထောင်ခံရဖို့ အခွင့်အရေးတွေကို ထပ်ခါတလဲလဲ ပေးခဲ့တယ်။ ကျွန်တော့်ရဲ့ ချို့ယွင်းချက်တွေနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ဘောင်ခတ်တာ၊ ချည်နှောင်တာကို ခံရပြီး စိတ်ဓာတ်ကျပြီး ဆုတ်ယုတ်သွားတဲ့အခါ ဘုရားသခင်က သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုပြီး ကျွန်တော့်ကို ဉာဏ်အလင်းပွင့်စေပြီး အလင်းပေးခဲ့တယ်၊ သမ္မာတရားကို နားလည်စေပြီး အပျက်သဘောဆောင်တဲ့ ခံစားချက်တွေရဲ့ နှောင်ဖွဲ့မှုကနေ လွတ်မြောက်အောင် ကူညီပေးခဲ့တယ်။ ဘုရားသခင်ရဲ့ မေတ္တာက တကယ်ကို စစ်မှန်မှန်း ကျွန်တော် မြင်ခဲ့ရတယ်။ ကျွန်တော် ဆက်ပြီး မတက်မကြွဖြစ်ပြီး စိတ်ဓာတ်ကျမနေသင့်တော့ဘဲ ကျွန်တော့်ရဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်ကို စွန့်လွှတ်ရမယ်၊ ရွေးကောက်ပွဲမှာ ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်ပြီး ပါဝင်ရမယ်ဆိုတာ ကျွန်တော် သိလိုက်တယ်။

နောက်ပိုင်းမှာ ကျွန်တော် နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ “သင့်လူ့သဘာဝ၏ အသိစိတ်က ပုံမှန်ဖြစ်လျှင် မှန်ကန်သည့် ပုံစံဖြင့် သင်၏ ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများကို သင် ရင်ဆိုင်သင့်သည်။ ယင်းတို့ကို သင် အသိအမှတ်ပြုကာ လက်ခံသင့်သည်။ ဤသည်မှာ သင့်အတွက် အကျိုးရှိပေသည်။ ယင်းတို့ကို လက်ခံခြင်းဟူသည်မှာ ယင်းတို့၏ ဘောင်ခတ်မှုကို ခံရခြင်းကို မဆိုလိုသကဲ့သို့ ယင်းတို့ကြောင့် မကြာခဏ အပျက်သဘောဆောင်နေခြင်းကိုလည်း ဆိုလိုခြင်းမဟုတ်ဘဲ ထိုအစား ယင်းတို့၏ ဘောင်ခတ်မှု မခံရဘဲ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင် သာမန်တစ်ဦးသာဖြစ်၍ မိမိကိုယ်ပိုင် ချို့ယွင်းချက်များနှင့် အားနည်းချက်များရှိကာ ဝါကြွားစရာ တစ်စက်မျှ မရှိကြောင်း၊ တာဝန်ထမ်းဆောင်ရန် လူတို့ကို ချီးမြှောက်သောသူမှာ ဘုရားသခင်ဖြစ်ကြောင်းနှင့် ဘုရားသခင်သည် သူတို့အား ကယ်တင်ခြင်းကို ရရှိစေပြီး စာတန်၏ စွမ်းအား လွတ်မြောက်စေရန်အလို့ငှာ သူတို့အတွင်းသို့ ကိုယ်တော်၏ နှုတ်ကပတ်တော်နှင့် အသက်ကို သွင်းပေးရန် ရည်ရွယ်ကြောင်း၊ ဤသည်မှာ ဘုရားသခင်က လူတို့ကို ချီးမြှောက်ခြင်းသာ လုံးဝဥဿုံ ဖြစ်ကြောင်းကို အသိအမှတ်ပြုခြင်းကို ဆိုလိုပေသည်။ လူတိုင်းတွင် ချို့ယွင်းချက်များနှင့် အားနည်းချက်များ ရှိကြသည်။ သင်သည် သင်၏ ချို့ယွင်းချက်များနှင့် အားနည်းချက်များကို သင်နှင့်အတူ ယှဉ်တွဲတည်ရှိခွင့်ပြုသင့်၏။ ယင်းတို့ကို ရှောင်ကြဉ်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း မပြုပါနှင့်။ ယင်းတို့ကြောင့် စိတ်ထဲ၌ မကြာခဏ ဖိနှိပ်ခံစားရခြင်း သို့မဟုတ် အမြဲတစေ သိမ်ငယ်စိတ် ဝင်နေခြင်းမျိုးလည်း မဖြစ်သင့်ပေ။ သင်သည် မနိမ့်ကျပေ။ သင်သည် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှဖြင့်၊ အစွမ်းကုန် ထမ်းဆောင်နိုင်ပြီး ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခုရှိလျှင် ဘုရားသခင်၏ ရှေ့မှောက်၌ သင်သည် ရွှေတမျှတန်ဖိုးရှိပေသည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် အဖိုးအခ မပေးနိုင်သကဲ့သို့ သစ္စာစောင့်သိမှု ကင်းမဲ့လျှင် သင်၏ မွေးရာပါ အခြေအနေများက ထိုသာမန်လူထက် ပိုကောင်းလျှင်ပင် ဘုရားသခင်၏ ရှေ့မှောက်၌ သင်သည် တန်ဖိုးမရှိ၊ သင်သည် သဲတစ်ပွင့်မျှပင် တန်ဖိုးမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်လိုက်တာက ဘုရားသခင်ဟာ လူတွေအပေါ် အလွန်အကျွံ တောင်းဆိုတာမျိုး မလုပ်ဘဲ သူတို့ရဲ့ စွမ်းဆောင်ရည်အတိုင်းပဲ လုပ်ဆောင်စေတယ် ဆိုတာပါပဲ။ သူတို့ရဲ့ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းအတိုင်း လုပ်ဆောင်တဲ့အခါ၊ မွေးရာပါ အခြေအနေတွေအပေါ် အခြေခံပြီး သူတို့ရဲ့ အလားအလာကို အပြည့်အဝ အသုံးပြုတဲ့အခါ၊ ပြီးတော့ ကိုယ်တော်နဲ့ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်တဲ့အခါ ဘုရားသခင် နှစ်သက်သဘောကျပါလိမ့်မယ်။ ဘုရားသခင်က လူတွေရဲ့ ဟန်ဆောင်မှုကို မလိုချင်ဘဲ ရိုးသားတဲ့ စိတ်နှလုံးနဲ့ သူတို့တာဝန်တွေကို ထမ်းဆောင်တာကိုပဲ ပိုလိုလားပါတယ်။ စကားထစ်တာက ကျွန်တော့်ကို ဘယ်လို သိမ်ငယ်စိတ် ဝင်စေတယ်၊ စိတ်ဓာတ်ကျစေတယ်၊ ထိခိုက်လွယ်ပြီး ခံနိုင်ရည်မရှိ ဖြစ်စေတယ် ဆိုတာတွေ၊ ပြီးတော့ သူများတွေရဲ့ အမြင်ကို ကျွန်တော် ဘယ်လောက် ဂရုစိုက်လွန်းတယ်၊ အဲဒီနောက်ဆက်တွဲအနေနဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ဖို့ ကျွန်တော် ဘယ်လို ဆက်တိုက် ငြင်းဆန်ခဲ့တယ်၊ ကြီးမားတဲ့ တာဝန်တွေကို မယူချင်ခဲ့ဘူး ဆိုတာတွေကို ကျွန်တော် ပြန်ဆင်ခြင်မိတယ်။ အခု ကျွန်တော် နားလည်ပါပြီ စကားထစ်တာဟာ ကျော်လွှားဖို့ ခက်ခဲတဲ့ ချို့ယွင်းချက်တစ်ခု ဖြစ်တယ်ဆိုတာ၊ အဲဒါကို လက်ခံပြီး မှန်မှန်ကန်ကန် ရှုမြင်တတ်ဖို့ သင်ယူရမယ်ဆိုတာတွေကိုပေါ့။ လိုအပ်တဲ့အခါ ဟန်ဆောင်တာ၊ ဖုံးကွယ်တာမျိုး မလုပ်ဘဲ ညီအစ်ကို မောင်နှမတွေကို ကျွန်တော့်ရဲ့ ချို့ယွင်းချက်အကြောင်း ဖွင့်ပြောသင့်တယ်။ ဒါဟာ ကျွန်တော့်ရဲ့ ချို့ယွင်းချက်အပေါ် ထားရှိသင့်တဲ့ သဘောထားပါပဲ။

ရက်နည်းနည်းကြာတော့ ရွေးကောက်ပွဲ ရလဒ်တွေ ကြေညာပြီး ကျွန်တော် ခရိုင်ခေါင်းဆောင်အဖြစ် အရွေးခံလိုက်ရတယ်။ ကျွန်တော် တော်တော်လေး ကြည်နူးသွားပြီး ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်...ခေါင်းဆောင်အဖြစ် အရွေးခံရတာဟာ ကိုယ်တော်ရဲ့ ချီးမြှောက်ခြင်းပါပဲ။ ဒီ တာဝန်ထမ်းဆောင်ဖို့အခွင့်အရေးကို ကျွန်တော် ချစ်မြတ်နိုးပါမယ်။ ကိုယ်တော်ရဲ့ မေတ္တာကို ပြန်ပေးဆပ်ဖို့ ဒီတာဝန်ကို ကောင်းကောင်း လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်” ပေါ့။ အဲဒီနောက်မှာ ကျွန်တော် တွေးမိတယ်၊ “ငါ့မှာ ချို့ယွင်းချက် ရှိရက်နဲ့ ငါ့တာဝန်ကို ဘယ်လို ကောင်းကောင်း လုပ်နိုင်မလဲ” ပေါ့။ တစ်နေ့မှာ ကျွန်တော့်ကို တော်တော်လေး ခံစားမိစေပြီး ကျွန်တော့်အတွက် လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ညွှန်ပြပေးတဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်တော် ဖတ်လိုက်ရတယ်။ ဘုရားသခင်က ပြောသည် “သင်သည် ထိုထိုသောအချို့တာဝန်များကို ထမ်းဆောင်နေရသောကြောင့် သို့မဟုတ် ထိုထိုသော အချို့လုပ်ငန်းကိစ္စများကို ကြီးကြပ်သူတစ်ဦးအဖြင့် တာဝန်ထမ်းဆောင်သောကြောင့် သင်၏ပင်ကိုစရိုက်ကို ပြောင်းလဲဖို့ မကြိုးစားနှင့်။ ဤသည်မှာ မှားယွင်းသောစိတ်ကူးတစ်ခုပင်ဖြစ်သည်။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်၏ပင်ကိုစရိုက် သို့မဟုတ် ပင်ကိုအခြေအနေများကို ထည့်မစဉ်းစားဘဲ သင်သည် သမ္မာတရားစည်းမျဉ်းများကို လိုက်နာစောင့်ထိန်းပြီး လက်တွေ့လုပ်ဆောင်သင့်သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သင်တို့သည် ကိုယ်တော်၏ လမ်းခရီးကို လိုက်လျှောက်ခြင်း ရှိမရှိ သို့မဟုတ် ကယ်တင်ခြင်းကို ရရှိနိုင်ခြင်း ရှိမရှိကို သင်တို့၏ ပင်ကိုစရိုက်အပေါ်၌ဖြစ်စေ၊ သင်တို့ ပိုင်ဆိုင်သော ပင်ကို အစွမ်းအစ၊ ကျွမ်းကျင်မှု၊ စွမ်းရည်၊ ဆုကျေးဇူးများ သို့မဟုတ် ပါရမီများအပေါ်၌ဖြစ်စေ မူတည်၍ တိုင်းတာဆုံးဖြတ်ခြင်း မဟုတ်ပေ။ ထို့ပြင် မလွဲဧကန်ပင် ကိုယ်တော်သည် သင်တို့၏ ဇာတိပကတိဆိုင်ရာ ဗီဇစိတ်များနှင့် လိုအပ်ချက်များကို မည်မျှအထိ ချုပ်တည်းခဲ့သည်ကိုလည်း မကြည့်ချေ။ ထိုအစား ဘုရားသခင်နောက်သို့ လိုက်လျှောက်ပြီး သင်၏တာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း သင်သည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနေခြင်း ရှိမရှိ၊ သင့်တွင် သမ္မာတရားကို လိုက်စားဖို့ လိုလားခြင်းနှင့် စိတ်ပိုင်းဖြတ်ထားခြင်းတို့ ရှိမရှိနှင့် နောက်ဆုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏လမ်းခရီးကို လိုက်လျှောက်ခြင်းတို့ကို စွမ်းဆောင်ရရှိပြီး ရှိမရှိတို့ကို ဘုရားသခင်က ကြည့်သည်။ ဤသည်မှာ ဘုရားသခင်က ကြည့်သည့်အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃))သမ္မာတရားကို လိုက်စားခြင်းကို မည်သည့်ရှုထောင့်မှ သင်ကြည့်သည်ဖြစ်စေ ယင်းသည် အရေးအကြီးဆုံးအရာ ဖြစ်သည်။ လူ့သဘာဝ၏ချို့ယွင်းချက်များနှင့် ပျော့ကွက်များကို သင်ရှောင်ရှားနိုင်သော်လည်း သင်သည် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းကို မည်သည့်အခါမျှ ရှောင်လွှဲနိုင်မည်မဟုတ်ချေ။ သင်၏လူ့သဘာဝက မည်မျှပြီးပြည့်စုံနေနိုင်သည်ဖြစ်စေ၊ မြင့်မြတ်နေနိုင်သည်ဖြစ်စေ၊ အခြားလူများထက် သင့်တွင် ပို၍နည်းပါးသောအပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များ ရှိကောင်းရှိနိုင်ပြီး ပို၍များသောခွန်အားများကို ပိုင်ဆိုင်သည်ဖြစ်စေ၊ ဤသည်မှာ သင်သည် သမ္မာတရားကို နားလည်သည်ဟု မညွှန်ပြသကဲ့သို့ ယင်းက သင်၏သမ္မာတရားလိုက်စားခြင်းကိုလည်း အစားမထိုးနိုင်ချေ။ ယင်းနှင့်ပြောင်းပြန်အနေဖြင့် အကယ်၍ သင်သည် သမ္မာတရားကို လိုက်စားပါက၊ သမ္မာတရားအကြောင်း များစွာ နားလည်ပြီး ယင်းနှင့်ပတ်သက်၍ လုံလောက်စွာ နက်နက်ရှိုင်းရှိုင်းနှင့် လက်တွေ့ကျကျ နားလည်မှုရှိပါက သင်၏လူ့သဘာဝရှိ ချို့ယွင်းချက်များနှင့် ပြဿနာများ အမြောက်အမြားကို ဤအရာက ထေမိစေလိမ့်မည်။ ဥပမာအားဖြင့် သင်သည် ကြောက်တတ်ပြီး သီးသန့်နေတတ်သူဖြစ်သည်၊ သင်သည် စကားထစ်သည်၊ သင်သည် ပညာကောင်းစွာမတတ်ဟု ဆိုကြပါစို့၊ ဆိုလိုသည်မှာ သင်၌ ချို့ယွင်းချက်များနှင့် မလုံလောက်မှုများစွာ ရှိသည်၊ သို့သော် သင်၌ လက်တွေ့ကျသော အတွေ့အကြုံရှိပြီး သင်စကားပြောသောအခါ စကားထစ်သော်လည်း သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်သည်၊ ဤမိတ်သဟာယဖွဲ့ခြင်းသည် လူတိုင်းကြားသောအခါ ၎င်းတို့ကို တည်ဆောက်မှုဖြစ်စေသည်၊ ပြဿနာများကို ဖြေရှင်းပေးသည်၊ လူတို့ကို အပျက်သဘောဆောင်ခြင်းမှ ထွက်ပေါ်လာစေပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ မကျေမနပ်ပြောဆိုမှုများနှင့် နားလည်မှုလွဲမှားခြင်းများကို ဖယ်ရှားပေးသည်။ ကြည့်လော့၊ သင်သည် သင်၏ စကားလုံးများကို ထစ်ထစ်ငေါ့ငေါ့ ပြောဆိုသော်လည်း ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းပေးနိုင်သည်၊ ဤစကားလုံးများ အရေးကြီးလှပါတကား။ သာမန်လူများ ကြားသောအခါ ၎င်းတို့က သင်သည် ပညာမတတ်သူတစ်ဦး ဖြစ်သည်၊ သင်စကားပြောသောအခါ သဒ္ဒါစည်းမျဉ်းများကို မလိုက်နာ၊ တစ်ခါတစ်ရံ သင်အသုံးပြုသော စကားလုံးများသည်လည်း အမှန်တကယ် မသင့်တော်ဟု ဆိုကြသည်။ သင်သည် ဒေသသုံးစကား သို့မဟုတ် နေ့စဉ်သုံးဘာသာစကားကို အသုံးပြုခြင်းဖြစ်နိုင်ပြီး သင်၏ စကားလုံးများသည် အလွန်တရာ သာယာနာပျော်ဖွယ်ကောင်းစွာ ပြောဆိုသော အလွန်ပညာတတ်သူများ၏ အဆင့်အတန်းနှင့် ဟန်ပန်တို့ ကင်းမဲ့နေနိုင်သည်။ သို့သော် သင်၏ မိတ်သဟာယဖွဲ့ခြင်းတွင် သမ္မာတရား လက်တွေ့ကျမှု ပါဝင်သည်၊ ယင်းက လူတို့၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ပြီး လူတို့ကြားပြီးနောက် ၎င်းတို့ပတ်လည်ရှိ မှောင်မိုက်တိမ်တိုက်အားလုံး ပျောက်ကွယ်သွားကာ ၎င်းတို့၏ ပြဿနာအားလုံး ဖြေရှင်းပြီးဖြစ်သည်။ သင်မြင်သလော၊ သမ္မာတရားကို နားလည်ခြင်းသည် အရေးမကြီးသလော။ (အရေးကြီးပါသည်။) သင်သည် သမ္မာတရားကို နားလည်ခြင်းမရှိဟု ဆိုကြပါစို့၊ သင်၌ ပညာရပ်ဆိုင်ရာ အသိပညာအချို့ရှိပြီး သင်သည် သာယာနာပျော်ဖွယ်ကောင်းစွာ ပြောဆိုသော်လည်း လူတိုင်းက သင်ပြောသည်ကို ကြားသောအခါ ၎င်းတို့က ‘သင်၏ စကားလုံးများသည် အယူဝါဒများသာဖြစ်သည်၊ ယင်းတို့ထဲတွင် သမ္မာတရား လက်တွေ့ကျမှု တစ်စက်မျှမရှိဘဲ ယင်းတို့သည် စစ်မှန်သော ပြဿနာများကို လုံးဝမဖြေရှင်းနိုင်ပေ၊ သို့ဆိုလျှင် သင်၏ ဤစကားလုံးများအားလုံးသည် အနှစ်မဲ့သည် မဟုတ်လော။ သင်သည် သမ္မာတရားကို နားမလည်ပေ။ သင်သည် ဖာရိရှဲတစ်ဦးမျှသာ မဟုတ်လော’ ဟု တွေးကြသည်။ သင်သည် အယူဝါဒများစွာကို ပြောခဲ့သော်လည်း ပြဿနာများသည် ဖြေရှင်းပြီးမဖြစ်ဘဲ ကျန်ရှိနေဆဲဖြစ်ပြီး သင်ကိုယ်တိုင်က ‘ကျွန်ုပ်က အတော်ပင် ရိုးသားစွာ အလေးအနက်ထားပြီး ပြောခဲ့ခြင်းဖြစ်သည်။ သင်တို့သည် ကျွန်ုပ်ပြောသည့်အရာကို အဘယ့်ကြောင့်များ နားမလည်ကြသနည်း’ ဟု တွေးသည်။ သင်သည် အယူဝါဒများ အစုအပုံလိုက်ကို ပြောခဲ့သော်လည်း အပျက်သဘောဆောင်သူများသည် အပျက်သဘောဆောင်ဆဲဖြစ်ပြီး ဘုရားသခင်အပေါ် နားလည်မှုလွဲမှားခြင်းများ ရှိသူများသည် ထိုနားလည်မှုလွဲမှားခြင်းများ ရှိနေဆဲဖြစ်ကာ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် တည်ရှိသော အခက်အခဲများထဲမှ တစ်ခုမျှ ဖြေရှင်းပြီးမဖြစ်ပေ၊ ဤသည်မှာ သင်ပြောခဲ့သော စကားလုံးများသည် အနှစ်သာရမရှိသော စကားများသာဖြစ်သည်ဟု ဆိုလိုသည်။ သင်၏ လူ့သဘာဝ၌ ချို့ယွင်းချက်များနှင့် ဟာကွက်များ မည်မျှပင်ရှိသည်ဖြစ်စေ သင်ပြောသော စကားလုံးများတွင် သမ္မာတရား လက်တွေ့ကျမှု ပါဝင်လျှင် သင်၏ မိတ်သဟာယဖွဲ့ခြင်းသည် ပြဿနာများကို ဖြေရှင်းပေးနိုင်သည်၊ သင်ပြောသော စကားလုံးများသည် အယူဝါဒများဖြစ်ပြီး ၎င်းတို့တွင် လက်တွေ့ကျသော အသိပညာ အနည်းငယ်မျှ ကင်းမဲ့နေလျှင် သင်မည်မျှပင် ပြောသည်ဖြစ်စေ သင်သည် လူတို့၏ စစ်မှန်သော ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ လူတို့က သင့်ကို မည်သို့ပင် ရှုမြင်သည်ဖြစ်စေ သင်ပြောသော အရာများသည် သမ္မာတရားနှင့် မကိုက်ညီသရွေ့၊ ၎င်းတို့သည် လူတို့၏ အခြေအနေများကို မဖြေရှင်းနိုင်သရွေ့ သို့မဟုတ် လူတို့၏ အခက်အခဲများကို မဖြေရှင်းနိုင်သရွေ့ လူတို့သည် ယင်းတို့ကို နားထောင်လိုကြမည်မဟုတ်ပေ။ သို့ဆိုလျှင် မည်သည်က ပို၍အရေးကြီးသနည်း။ သမ္မာတရားလော သို့မဟုတ် လူတို့၏ ကိုယ်ပိုင်အခြေအနေများလော။ (သမ္မာတရားက ပို၍အရေးကြီးပါသည်။) သမ္မာတရားကို လိုက်စားခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းတို့သည် အရေးကြီးဆုံးအရာများ ဖြစ်သည်။ သို့ဖြစ်၍ သင်၏ လူ့သဘာဝ သို့မဟုတ် သင်၏ ပင်ကိုအခြေအနေများအရ သင်၌ မည်သို့သော ချို့ယွင်းချက်များပင် ရှိသည်ဖြစ်စေ သင်သည် ၎င်းတို့၏ ဘောင်ခတ်ခြင်းကို မခံရပေ။ ထိုအစား သင်သည် သမ္မာတရားကို လိုက်စားသင့်ပြီး သမ္မာတရားကို နားလည်ခြင်းဖြင့် သင်၏ အမျိုးမျိုးသော ချို့ယွင်းချက်များကို ဖြည့်ဆည်းသင့်ကာ သင်ကိုယ်တိုင်၌ အားနည်းချက်အချို့ကို တွေ့ရှိလျှင် ၎င်းတို့ကို ပြင်ဆင်ရန် အလျင်အမြန်လုပ်ဆောင်သင့်သည်။ အချို့လူများသည် သမ္မာတရားကို လိုက်စားခြင်းအပေါ် အာရုံစိုက်ရမည့်အစား ၎င်းတို့၏ လူ့သဘာဝရှိ အခက်အခဲများ၊ ဟာကွက်များနှင့် ချို့ယွင်းချက်များကို ဖြေရှင်းခြင်းနှင့် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာများကို ပြုပြင်ခြင်းအပေါ် အမြဲအာရုံစိုက်ကြပြီး ၎င်းတို့သည် နှစ်ပေါင်းများစွာ အားထုတ်ကြိုးပမ်းသော်လည်း ရှင်းလင်းသောရလဒ်များ မရရှိဘဲ နောက်ဆုံးတွင် ၎င်းတို့သည် ကိုယ့်အပေါ်ကိုယ် စိတ်ပျက်ကာ ၎င်းတို့၏ လူ့သဘာဝသည် အလွန်ညံ့ဖျင်းပြီး ၎င်းတို့သည် ကယ်တင်ခြင်းမခံရနိုင်ဟု တွေးကြသည်။ ဤသည်မှာ အလွန် မိုက်မဲသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို နက်နက်ရှိုင်းရှိုင်း တို့ထိခဲ့ပြီး ဘုရားသခင်က ကျွန်တော်တို့ကို လမ်းခရီးကို တကယ် လက်တွေ့ကျကျ ပြသနေမှန်း ကျွန်တော် မြင်ခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ တာဝန်ကို ထမ်းဆောင်ရာမှာ ပင်ကိုစရိုက်၊ အစွမ်းအစ၊ ဒါမှမဟုတ် အသက်အရွယ်တွေရဲ့ ဘောင်ခတ်တာကို မခံသင့်ပါဘူး။ လူတစ်ယောက်က သူ့တာဝန်ကို စံနှုန်းမီအောင် ထမ်းဆောင်သလားဆိုတာနဲ့ ပတ်သက်တဲ့ ဘုရားသခင်ရဲ့ အတိုင်းအတာဟာ အဲဒီလူက အနေအေးသလား၊ သွက်လက်သလား၊ သူ့ရဲ့ အဆင့်အတန်း၊ ဒါမှမဟုတ် သူ့ရဲ့ အစွမ်းအစနဲ့ အသက်အရွယ်အပေါ် အခြေခံတာ မဟုတ်ပါဘူး။ သူ့မှာ ချို့ယွင်းချက်တွေ၊ မသန်စွမ်းမှုတွေ ရှိမရှိဆိုတာအပေါ်ကို ပိုပြီးတော့တောင် မမူတည်ပါဘူး။ သူက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလား၊ သူ့တာဝန်တွေကို သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ ထမ်းဆောင်သလား ဆိုတာနဲ့ သူဟာ ဘုရားသခင်ရဲ့ လမ်းခရီးကို လိုက်လျှောက်တဲ့သူ ဖြစ်မဖြစ် ဆိုတာအပေါ်မှာပဲ မူတည်ပါတယ်။ ဥပမာအားဖြင့် ခေါင်းဆောင်တာဝန်မှာ အရေးကြီးတာက ညီအစ်ကို မောင်နှမတွေရဲ့ အသက် ဝင်ရောက်မှုနဲ့ တာဝန်ထမ်းဆောင်မှုအပိုင်းမှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ပါ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သမ္မာတရား ပြင်ဆင်ဖို့နဲ့ လက်တွေ့လုပ်ဆောင်ဖို့ကိုပဲ အာရုံစိုက်ပြီး သမ္မာတရား လက်တွေ့ကျမှု ရှိလာရင်၊ သမ္မာတရား မိတ်သဟာယပြုရာမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပွင့်စေခြင်းနဲ့ အလင်းပေးခြင်း ရှိသရွေ့ ပြီးတော့ ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပြီး လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ညွှန်ပြပေးနိုင်သရွေ့ ကျွန်တော် စကားထစ်ရင်တောင်မှ ညီအစ်ကို မောင်နှမတွေက အကျိုးကျေးဇူး ရရှိကြမှာပါ။ ကျွန်တော်သာ သမ္မာတရား လိုက်စားဖို့ မကြိုးစားရင် စကားကို ဘယ်လောက်ပဲ ကျွမ်းကျွမ်းကျင်ကျင်၊ ညက်ညောအောင် ပြောနိုင်ပါစေ၊ သမ္မာတရား မိတ်သဟာယ မပြုနိုင်ရင်၊ ဒါမှမဟုတ် တကယ့်ပြဿနာတွေကို မဖြေရှင်းနိုင်ရင် ခေါင်းဆောင်အလုပ်ကို ကျွန်တော် လုပ်နိုင်မှာ မဟုတ်ပါဘူး။ အရင်တုန်းကတော့ ကျွန်တော် အမြဲ ထင်ခဲ့တာက ခေါင်းဆောင်တာဝန်ကို လုပ်ဖို့ဆိုရင် အနည်းဆုံးတော့ စကားပြောကောင်းပြီး ရှင်းလင်းအောင် ပြောနိုင်ရမယ်၊ ကျွန်တော့်လို စကားထစ်ပြီး အာလေးလျှာလေး ဖြစ်တဲ့လူမျိုးက ခေါင်းဆောင်တာဝန်နဲ့ မသင့်တော်ဘူးလို့ ထင်ပြီး ခေါင်းဆောင်အဖြစ် အရွေးခံဖို့ ဆက်တိုက် ငြင်းဆန်ခဲ့တာပေါ့။ တကယ်တမ်းကျတော့ ခေါင်းဆောင်ရွေးချယ်ဖို့ ကျွန်တော့်ရဲ့ စံနှုန်းတွေက မှားနေခဲ့တာပါ။ ဘုရားအိမ်တော်မှာ ခေါင်းဆောင်ရွေးချယ်တာက စည်းမျဉ်းတွေအပေါ် အခြေခံတာဖြစ်ပြီး လူတစ်ယောက်ရဲ့ အပြင်ပန်း ပုံပန်းသဏ္ဌာန်အပေါ် အခြေခံတာ မဟုတ်သလို မွေးရာပါ ချို့ယွင်းချက်တွေ ရှိမရှိဆိုတာအပေါ်လည်း အခြေခံတာ မဟုတ်ပါဘူး။ အဲဒီလူက သမ္မာတရား လိုက်စားသလား၊ ပြီးတော့ သူ့ရဲ့ လူ့သဘာဝနဲ့ အစွမ်းအစအပေါ်မှာပဲ အခြေခံပါတယ်။ ကျွန်တော့်ရဲ့ မွေးရာပါ ချို့ယွင်းချက်တွေနဲ့ အပြစ်အနာအဆာတွေဟာ တာဝန်ထမ်းဆောင်ဖို့အတွက် အတားအဆီးတွေ၊ အနှောင့်အယှက်တွေ မဟုတ်ဘူးဆိုတာ၊ ပြီးတော့ တာဝန်ကို ငြင်းဆန်ဖို့အတွက် ဆင်ခြေတွေအဖြစ် ဒါတွေကို အသုံးချလို့ မရဘူးဆိုတာကို ကျွန်တော် တွေးကြည့်လေလေ၊ နားလည်လေလေပါပဲ။ သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ လက်တွေ့လုပ်ဆောင်တာဟာ တာဝန်ကို ကောင်းကောင်း လုပ်ဆောင်နိုင်ဖို့ သော့ချက်တွေပါပဲ။ ရှေ့ဆက်ဖို့အတွက် လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတစ်ခုကို ကျွန်တော် ရရှိခဲ့ပါပြီ။ ကျွန်တော် စကားထစ်ပြီး စကားပြောတာ တုံ့ဆိုင်းနေပေမဲ့ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ တာဝန်ထမ်းဆောင်ဖို့၊ သမ္မာတရား စည်းမျဉ်းတွေကို ပြင်ဆင်ဖို့ အာရုံစိုက်ပြီး ဂုဏ်နဲ့ မာန်မာနကို ဘေးဖယ်ထားဖို့၊ ပြီးတော့ ကျွန်တော့်ရဲ့ အပြုအမူနဲ့ လုပ်ဆောင်မှုတွေမှာ လက်တွေ့ကျပြီး အခြေခံခိုင်မာဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။ အခု စုဝေးပွဲတွေမှာ မိတ်သဟာယပြုတဲ့အခါ၊ ဒါမှမဟုတ် ဘုရားနှုတ်ကပတ်တော် ဖတ်တဲ့အခါ ကျွန်တော် စကားထစ်နေတုန်းပါပဲ။ ဒါပေမဲ့ ဒါကို မှန်မှန်ကန်ကန် သဘောထားနိုင်ပြီး ကျွန်တော့်စိတ်ထားက အများကြီး ပိုတည်ငြိမ်လာတယ်။ တစ်ခါတလေ အဲဒါကို ကျော်လွှားဖို့ ကျွန်တော် သတိထားပြီး ကြိုးစားတယ်။ ပြီးတော့ ညီအစ်ကို မောင်နှမတွေက သတိပေးခဲ့တာတွေကိုကျွန်တော် သတိရတယ်၊ “စကားပြော နည်းနည်း မြန်နေတယ်နော်။ အဲဒါကြောင့် ပိုပြီး စကားထစ်တတ်တာ။ နည်းနည်း ဖြည်းဖြည်း ပြောရင် ပိုကောင်းလိမ့်မယ်” တဲ့။ ပြီးတော့ “ထစ်နေတဲ့အချိန်မှာ နောက်ဆုံး စကားလုံးကို ဆွဲပြီး ပြောကြည့်လေ။ ဒါဆိုရင် စကား သိပ်ထစ်မှာ မဟုတ်တော့ဘူး” တဲ့။ စုဝေးပွဲတွေမှာ မိတ်သဟာယပြုတဲ့အခါ စကားပြောတာကို နှေးလိုက်ပြီး လိုအပ်ရင် စကားလုံးတွေကို ဆွဲပြောဖို့ ကြိုးစားတယ်။ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သတိထားပြီး အားထုတ်တယ်။ ကျွန်တော် အရင်လို စိတ်မလှုပ်ရှားတော့ဘူး။ ဒါက စုဝေးပွဲတွေမှာ ကျွန်တော့်ကို ပိုပြီး လွတ်လပ်ပေါ့ပါးစေတယ်။ တစ်ခါတုန်းက အလုပ်ကိစ္စ ဆွေးနွေးဖို့ စာနဲ့ပတ်သက်တဲ့ အလုပ် ကြီးကြပ်ရေးမှူးနဲ့ တွေ့ဖို့သွားတော့ ကျွန်တော် နည်းနည်း စိတ်ပူမိတယ်၊ “သူက ငါ့ထက် စည်းမျဉ်းတွေကို ပိုနားလည်တာ။ ငါသာ စိတ်လှုပ်ရှားပြီး စကား တော်တော်ထစ်သွားရင် ဘယ်လိုလုပ်မလဲ။ သူ ငါ့ကို ဘယ်လိုထင်မလဲ” လို့ တွေးမိတာပေါ့။ ဒါပေမဲ့ အလုပ်မှာ အခက်အခဲတွေ ကြုံနေရတာကို ကျွန်တော် တွေးမိတယ်၊ ပြီးတော့ အရင်ပေးတဲ့စာက ရလဒ် သိပ်မကောင်းခဲ့တာတွေကိုလည်း တွေးမိတယ်၊ ဒါကြောင့် ပြဿနာကို ဆွေးနွေးပြီး ဖြေရှင်းဖို့အတွက် လူချင်းတွေ့ဖို့ လိုအပ်တယ်လေ။ စကားထစ်တာကြောင့် ပြဿနာဖြေရှင်းတာကို ရပ်လို့မဖြစ်ဘူး။ ဒါဆိုရင် အလုပ်က နှောင့်နှေးသွားမှာ။ ဒီလို တွေးမိလိုက်တော့ ကျွန်တော် စိတ်မကျဉ်းကျပ်တော့ဘဲ အလုပ်ကိစ္စ ဆွေးနွေးဖို့ ကြီးကြပ်ရေးမှူးနဲ့ စုဝေးဖို့ စီစဉ်လိုက်တယ်။

စကားထစ်တာကြောင့်၊ တာဝန်တွေကို ထပ်ခါတလဲလဲ ငြင်းဆန်ခဲ့တဲ့ အခြေအနေကနေ နောက်ဆုံးမှာ စကားထစ်တာကြောင့် စိတ်မကျဉ်းကျပ်တော့ဘဲ တာဝန်တွေကို တည်တည်ငြိမ်ငြိမ် လက်ခံနိုင်လာတဲ့ အခြေအနေအထိကို ပြန်ကြည့်ကြည့်တော့ ဒီခရီးလမ်းတစ်လျှောက်လုံး ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို နှစ်သိမ့်ပေးတယ်၊ အားပေးတယ်၊ လမ်းပြပေးတယ်ဆိုတာ ကျွန်တော် မြင်ရတယ်။ ကျွန်တော့်ရဲ့ စိတ်နှလုံးအတွင်းထဲကနေ ဘုရားသခင်ကို တကယ်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ယုံကြည်ခြင်းမှာ ဘုရားသခင်အပေါ် မှီခိုအားကိုးခြင်းကို ဆိုလိုသည်

ချန်ချန် အီတလီနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌...

အခက်အခဲမှတစ်ဆင့် ဖြစ်ပေါ်သည့် အကျိုးအမြတ်များ

ရော်ဘင်ဆန် ဗင်နီဇွဲလားနိုင်ငံ၂၀၁၉ ခုနှစ် အကုန်တွင်၊ အမျိုးတစ်ယောက်က ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ ဧဝံဂေလိ...

အစွမ်းအစညံ့ဖျင်းမှုကြောင့် ဘောင်ခတ်ခံရတယ်လို့ ကျွန်မ မခံစားရတော့ပါ

ရှန်ယု၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ ဧပြီလတုန်းကပေါ့၊ ဗီဒီယိုလုပ်တဲ့နေရာမှာ ကျွန်မမှာ အားသာချက်နည်းနည်းရှိတာကြောင့် ခေါင်းဆောင်က...

ဝန်ထုပ်တစ်ခုကို ကျွန်ုပ် အဘယ်ကြောင့် မထမ်းရွက်ချင်သနည်း

ထုံရှင်း ကိုးရီးယားနိုင်ငံ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ၊ ဗီဒီယို ကြီးကြပ်တဲ့အလုပ်ကို ကျွန်မလုပ်နေခဲ့တာ။ အစ်ကို လီယိုနဲ့ အစ်မ ကလယ်ရာတို့နဲ့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။