ကျွန်မတာဝန် ဆုံးရှုံးပြီးနောက် ဆင်ခြင်သုံးသပ်ခြင်းများ
အာရာဘယ်လာ၊ တောင်ကိုရီးယားတစ်ခါတုန်းက ခေါင်းဆောင်တွေက ကျွန်မကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ရွတ်ဆိုတာ လေ့ကျင့်ဖို့ စီစဉ်ပေးခဲ့တယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ ညီအစ်ကိုမောင်နှမတွေက အသင်းတော်မှာ ကျွန်မကို ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခဲ့တယ်၊ ရေလောင်းတဲ့အလုပ်ကို အဓိက တာဝန်ယူရတာပေါ့။ ဒီသတင်းကို ကြားတော့ ကျွန်မ အရမ်းဖိအားများသွားတယ်။ ကျွန်မ တွေးမိတယ်၊ “အသင်းတော်ရဲ့ အလုပ်မှာ တာဝန်တွေ အများကြီးပါတာ။ ငါက အခုမှ စပြီး လေ့ကျင့်ခါစဆိုတော့ ဘာအတွေ့အကြုံမှ မရှိဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့ အလုပ်ကို သွားပြီး နောက်ဆက်တွဲ လိုက်လုပ်ပေးတဲ့အခါ ငါ မဖြေရှင်းနိုင်တဲ့ တချို့အမှုအရာတွေ ရှိနေရင် သူတို့ ငါ့ကို ဘယ်လို ထင်ကြမလဲ။ ကိုယ်တိုင် ဘယ်လိုလုပ်ရမယ်ဆိုတာတောင် မသိဘဲနဲ့ သူများအလုပ်ကို နောက်ဆက်တွဲလိုက်လုပ်တယ်ဆိုပြီး ငါ့ကို ဆင်ခြင်တုံတရား ကင်းမဲ့တယ်လို့များ ပြောကြမလား” လို့ပေါ့။ ကျွန်မရဲ့ ချို့တဲ့တာတွေကို သူတို့သိသွားပြီး အထင်သေးမှာကို မလိုလားတဲ့အတွက် ခေါင်းဆောင်တာဝန်ကို ကျွန်မ ငြင်းပယ်ခဲ့တယ်။ ကြီးကြပ်ရေးမှူးကို ကျွန်မ ပြောလိုက်တယ်၊ “အခုလက်ရှိ တာဝန်မှာပဲ ကျွန်မ ကြိုးကြိုးစားစား လုပ်တာက ပိုကောင်းပါတယ်” လို့ပေါ့။ ကြီးကြပ်ရေးမှူးက ကျွန်မနဲ့တွေ့ပြီး မိတ်သဟာယပြုပေးတယ်၊ “ညီမ ကိုယ့်ကိုယ်ကိုယ် တောင်းဆိုမှုတွေက အရမ်းများနေတယ်။ လူတိုင်းမှာ ချို့တဲ့မှုတွေ ရှိကြတာပဲ၊ ကိုယ့်အလုပ်မှာ အားနည်းချက်တချို့ ရှိနေတာက လုံးဝကို ပုံမှန်ပါပဲ။ ကျွန်တော်တို့အပေါ် ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေက အဲဒီလောက် မမြင့်မားပါဘူး။ ဘုရားသခင် အလေးထားတာက တာဝန်အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ သဘောထားပါ၊ ပြီးတော့ ကိုယ့်အလုပ်မှာ အပြည့်အဝ လုံ့လစိုက်ထုတ်မှု ရှိမရှိကို သူ ကြည့်တာပါ” တဲ့။ ကြီးကြပ်ရေးမှူး ပြောတာကို ကြားတော့ သူပြောတာ မှန်တယ်လို့ ကျွန်မ တွေးမိတယ်။ လူတိုင်းမှာ ချို့တဲ့တာတွေ၊ အားနည်းချက်တွေ ရှိကြတယ်၊ ဒါကြောင့်မို့လို့ ကျွန်မတို့အားလုံး ပိုပြီး လေ့ကျင့်သင်ယူဖို့ လိုအပ်တာပေါ့။ ဒီတာဝန်ကို ကျွန်မ မငြင်းခဲ့သင့်ဘူးလေ။ အဲဒီနောက်မှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တယ်။ ဒီတာဝန်က ပေါ်လာတဲ့အခါမှာ ဘာလို့ ငါ ခဏခဏ ငြင်းနေခဲ့တာလဲပေါ့။
တစ်နေ့မှာတော့ ဝတ်ပြုနေတုန်း ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ “သင်သည် အမှုအရာအားလုံးတွင် သစ္စာစောင့်သိလိုပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းလိုပါက တာဝန်တစ်ခုတည်းကို ထမ်းဆောင်ရုံမျှဖြင့် ယင်းကို သင် လုပ်ဆောင်၍မရပေ။ ဘုရားသခင် သင့်အား ပေးသည့် မည်သည့် တာဝန်ပေးစေခိုင်းချက်ကိုမဆို သင် လက်ခံရမည်။ ယင်းမှာ သင်၏ အကြိုက်နှင့် ကိုက်ညီပြီး သင်၏ စိတ်ဝင်စားမှုများနှင့် ကိုက်ညီသည်ဖြစ်စေ၊ သင် မနှစ်သက်သောအရာတစ်ခု ဖြစ်သည်ဖြစ်စေ၊ ယခင်က သင် တစ်ခါမျှ မလုပ်ဆောင်ဖူးသည့်အပြင် ခက်ခဲသည်ဟု မြင်သောအရာ ဖြစ်သည်ဖြစ်စေ သင်သည် ယင်းကို လက်ခံပြီး ကျိုးနွံနာခံသင့်သည်။ သင်သည် ယင်းကို လက်ခံရမည်သာမက တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခြင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူခြင်းနှင့် အတွေ့အကြုံများနှင့် ဝင်ရောက်မှုကို ရရှိခြင်းတို့ကိုလည်း ပြုလုပ်ရမည်။ သင်သည် အခက်အခဲ သို့မဟုတ် မောပန်းနွမ်းနယ်မှု၊ အရှက်ရခြင်း သို့မဟုတ် အပယ်ခံရခြင်းတို့ကို ခံစားရလျှင်ပင် ယင်းကို သစ္စာစောင့်သိစွာ ထမ်းဆောင်ရမည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် အမှုအရာအားလုံးတွင် သစ္စာစောင့်သိနိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ သင်သည် ယင်းကို သင်၏ ကိုယ်ပိုင်လုပ်ငန်းအဖြစ် မဟုတ်ဘဲ သင်၏ တာဝန်အဖြစ် ထမ်းဆောင်ရမည်။ တာဝန်ကို သင်မည်သို့ နားလည်သင့်သနည်း။ တာဝန်ဟူသည်မှာ ဖန်ဆင်းရှင်ဖြစ်သည့် ဘုရားသခင်က တစ်စုံတစ်ဦးကို လုပ်ဆောင်ရန် ပေးသည့်အရာတစ်ခုဖြစ်သည်။ ဤသည်မှာ လူများ၏တာဝန်များ ဖြစ်ပေါ်လာသည့်ပုံ ဖြစ်သည်။ သင့်ကို ဘုရားသခင်က ပေးသည့် တာဝန်ပေးစေခိုင်းချက်မှာ သင်၏တာဝန်ဖြစ်သည်၊ ထို့ပြင် သင်သည် ဘုရားသခင် တောင်းဆိုသည့်အတိုင်း သင့်တာဝန်ကို ထမ်းဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတလေသည်။ ဤတာဝန်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ကြောင်း၊ ဤသည်မှာ သင့်အပေါ် ကျရောက်သည့် ဘုရားသခင်၏ ချစ်ခြင်းနှင့် ဘုရားသခင်၏ကောင်းချီး ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိပါက သင်သည် ဘုရားသခင်ကို ချစ်သောစိတ်နှလုံးဖြင့် သင့်တာဝန်ကို လက်ခံနိုင်လိမ့်မည်။ ထို့ပြင် သင့်တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင် ကျေနပ်စေရန် အခက်အခဲများအားလုံးကို သင်ကျော်လွှားနိုင်လိမ့်မည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အစစ်အမှန် အသုံးခံကြသူများသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မည်သည့်အခါမျှ မငြင်းရပေ။ သူတို့သည် မည်သည့်တာဝန်ကိုမဆို မည်သည့်အခါမျှ မငြင်းရပေ။ ဘုရားသခင်က သင့်အား မည်သည့်တာဝန်ကို အပ်နှံသည်ဖြစ်စေ၊ မည်သည့်အခက်အခဲများ ပါဝင်ပတ်သက်သည်ဖြစ်စေ ယင်းကို သင်သည် မငြင်းသင့်ဘဲ လက်ခံသင့်သည်။ ဤသည်မှာ ဘုရားသခင်ကို ကျေနပ်စေရန်အလို့ငှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် အရာခပ်သိမ်း၌ သစ္စာစောင့်သိရန် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းဖြစ်သည်။ ဤနေရာတွင် အဓိကအချက်သည် မည်သည်နည်း။ ‘အရာခပ်သိမ်း၌’ ဟူသောစကားလုံးများ ဖြစ်သည်။ ‘အရာခပ်သိမ်း’ သည် သင်၏ဆန္ဒများနှင့် ကိုက်ညီချင်မှ ကိုက်ညီပေမည်၊ ထို့အပြင် သင် လုပ်ဆောင်လိုသော သို့မဟုတ် သင် လက်ခံရန် နှစ်သက်သည်ဟု ခံစားရသော အမှုအရာများ အမြဲတစေ ဖြစ်ချင်မှလည်း ဖြစ်မည်။ သင် ကျွမ်းကျင်မှုမရှိသည့်အပြင် လုပ်ဆောင်ရန် သင်ယူရမည့် အလုပ်တာဝန်အချို့ ရှိသည်၊ ခက်ခဲသော အချို့အရာများ ရှိသည်၊ သင် ဆင်းရဲဒုက္ခခံရန် လိုအပ်သည့် အခြားအရာများလည်း ရှိသည်။ သို့သော် မည်သည့်အရာပင်ဖြစ်စေ ယင်းသည် ဘုရားသခင်က သင့်ထံ အပ်နှံထားသည့် တစ်စုံတစ်ခုဖြစ်နေသရွေ့ သင်သည် ယင်းကို ဘုရားသခင်ထံမှ ခံယူသင့်သည်၊ ဤတာဝန်ကို ထမ်းဆောင်သင့်ပြီး သင်၏ သစ္စာစောင့်သိမှုကို ပူဇော်ဆက်ကပ်နိုင်ရန်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အလို့ငှာ ယင်းကို ကောင်းမွန်စွာ ဖြည့်ဆည်းရာ၌ သင်၏စိတ်ကို နှစ်ထားသင့်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ဖြစ်သည်။ မည်သည်တို့ ဖြစ်ပျက်သည်ဖြစ်စေ သင်သည် သမ္မာတရားကို အစဉ်သဖြင့် ရှာဖွေရမည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မည်သည့် လက်တွေ့လုပ်ဆောင်ခြင်းမျိုးက ကိုက်ညီသည်ကို သင်သေချာသည်နှင့်တစ်ပြိုင်နက် ယင်းသည် သင်လက်တွေ့လုပ်ဆောင်သင့်သည့်နည်းဖြစ်သည်။ ဤသည်ကို လုပ်ခြင်းဖြင့်သာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်ပြီး ဤနည်းလမ်းတစ်ခုတည်းဖြင့်သာ သင်သည် သမ္မာတရားလက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေ အထမြောက်ဖို့အတွက်ဆိုရင် ဘုရားသခင်ဆီကလာတဲ့ ဘယ်တာဝန်ကိုမဆို ကျွန်မတို့ လက်ခံရမယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ ကျွန်မတို့ဆီ ရောက်လာတဲ့ တာဝန်က အရင်က တစ်ခါမှ မထမ်းဆောင်ဖူးတဲ့ တာဝန်ဖြစ်နိုင်တယ်၊ ဒါကြောင့် ဒီတာဝန်ကို သင်ယူဖို့ အချိန်နဲ့ အားထုတ်မှုတွေ ပေးရမယ်၊ ပြီးတော့ ကိုယ့်ဇာတိပကတိက ပိုပြီး ဒုက္ခခံဖို့ လိုအပ်တယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ ချို့တဲ့မှုတွေကြောင့် ကိုယ့်ရဲ့ သိက္ခာကျဆင်းရတာမျိုးလည်း ရှိနိုင်တယ်၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ဆီမှာ ရိုးရှင်းပြီး နာခံတတ်တဲ့ စိတ်နှလုံး ရှိရမယ်။ ဒါဟာ ဖန်ဆင်းခံတစ်ဦးအနေနဲ့ တာဝန်အပေါ် ထားရှိသင့်တဲ့ သဘောထားပဲလေ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်ယှဉ်ကြည့်လိုက်တယ်။ အသင်းတော်မှာ ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခံရမှန်း သိလိုက်ရတဲ့အခါ ခေါင်းဆောင်တွေက အသင်းတော်ရဲ့ အလုပ်အမျိုးမျိုးကို နောက်ဆက်တွဲလိုက်လုပ်ပေးရမယ်ဆိုတာ သိခဲ့ပေမဲ့ ကျွန်မက ကဏ္ဍပေါင်းစုံမှာ ချို့တဲ့နေခဲ့တယ်။ ဒါကြောင့် အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ပေးနေရင်း ကိုယ်မဖြေရှင်းတတ်တဲ့ ပြဿနာတချို့နဲ့ ကြုံရလို့ ညီအစ်ကိုမောင်နှမတွေကို ဖြေရှင်းနည်း မညွှန်ပြနိုင်ခဲ့ရင် လူတိုင်းက ကိုယ့်ကို အထင်သေးပြီး အရည်အချင်းမရှိဘူးလို့ ပြောကြမှာသေချာတယ်လို့ စိုးရိမ်ခဲ့မိတယ်။ ဒါကြောင့် အလုပ်တော်တော်များများကို ကျွန်မ မလုပ်တတ်ဘူး၊ ဒီအလုပ်ကို လုပ်ဖို့ အရည်အချင်းမမီဘူးလို့ ပြောဖို့ ဆင်ခြေတွေ ရှာခဲ့တယ်။ ဒီတာဝန် ပေါ်လာတဲ့အခါ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ဘယ်လို အလေးထားရမလဲ၊ ကိုယ့်တာဝန်ကို ဘယ်လို ထမ်းရွက်ရမလဲဆိုတာကို ကျွန်မ မစဉ်းစားခဲ့ဘူး၊ အဲဒီအစား လူတွေ အထင်မသေးအောင်လို့ တာဝန်ကို ငြင်းပယ်ချင်ခဲ့တာ။ အသင်းတော်ရဲ့ အလုပ်ကို ကျွန်မ လုံးဝ မကာကွယ်ခဲ့ဘူး။ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တာပါ။ ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ခွင့်ပေးပြီးတော့ ဘုရားသခင်က ကျွန်မအပေါ် ကျေးဇူးပြုခဲ့တယ်။ ဒါက သမ္မာတရားကို ရရှိဖို့ အခွင့်အရေးကြီးတစ်ခုဖြစ်ပြီး တက်ကြွပြီး အပြုသဘောဆောင်တဲ့ သဘောထားနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်တယ်။ ဒီအချက်ကို နားလည်သွားတဲ့အခါ မှားယွင်းနေတဲ့ ကိုယ့်ရဲ့ အတွေးအခေါ်ကို ပြောင်းလဲဖို့ လိုလိုလားလားရှိသွားတယ်။ ကျွန်မမှာ ချို့တဲ့တာတွေ၊ အားနည်းချက်တွေ အများကြီး ရှိနေပေမဲ့ ညီအစ်ကိုမောင်နှမတွေဆီကနေ သင်ယူဖို့ လိုလားခဲ့တယ်။ ဒါကြောင့် ခေါင်းဆောင်ဖြစ်အောင် လေ့ကျင့်ဖို့ ဆန္ဒရှိနေတယ်လို့ ကြီးကြပ်ရေးမှူးကို ပြောလိုက်တယ်။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ပထမအမျိုးအစားမှာ လုပ်ငန်းအမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများ ဖြစ်နိုင်သောသူများ ဖြစ်သည်။ ၎င်းတို့အတွက် ပထမဆုံး တောင်းဆိုချက်မှာ သမ္မာတရားကို သဘောပေါက်နားလည်နိုင်သည့် စွမ်းရည်နှင့် အစွမ်းအစ ရှိရန်ဖြစ်သည်။ ဤသည်မှာ အနိမ့်ဆုံး တောင်းဆိုချက် ဖြစ်သည်။ ဒုတိယတောင်းဆိုချက်မှာ ၎င်းတို့တွင် ဝန်တာ ရှိခြင်းဖြစ်သည်။ ဤအရာသည် မရှိမဖြစ်လိုအပ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) “အချို့သောလူများက ‘မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရရန်အတွက် အရည်အချင်းရှိသူများ ပြည့်မီသင့်သည့် စံသတ်မှတ်ချက်များတွင် သမ္မာတရားကို နားလည်ခြင်း၊ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်စွမ်းရှိခြင်းတို့ အဘယ်ကြောင့် မပါဝင်သနည်း။ ဘုရားသခင်ကို သိနိုင်စွမ်းရှိခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်းရှိခြင်း၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းနှင့် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်ခြင်းတို့ အဘယ်ကြောင့် မပါဝင်သနည်း။ ဤအရာများကို ချန်ထားခဲ့ခြင်းလော။’ ဟု မေးကောင်းမေးနိုင်သည်။ ငါ့ကို ပြောလော့၊ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်းရှိပြီး ဘုရားသခင်အပေါ် သစ္စာစောင့်သိကာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည့်အပြင် ဘုရားသခင်ကို သိကျွမ်းပြီး သူ့ကို အတိုက်အခံမလုပ်ဘဲ စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်နေလျှင် ထိုသူကို ပျိုးထောင်ရန် လိုအပ်နေသေးသလော။ အကယ်၍ သူသည် ဤအရာအားလုံးကို အမှန်တကယ် စွမ်းဆောင်ရရှိပြီးဖြစ်လျှင် ပျိုးထောင်ခြင်း၏ အကျိုးရလဒ်သည် ပြီးမြောက်ပြီးသား မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့်၊ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရမည့် အရည်အချင်းရှိသူများအတွက် သတ်မှတ်ချက်များတွင် ဤအချက်များ မပါဝင်ပေ။ အကြောင်းမှာ သင့်တော်သူများကို သမ္မာတရားကို နားမလည်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပြည့်နေသော လူသားများထဲမှနေ၍ မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်း ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ဤအားပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရမည့်သူများအတွက် သမ္မာတရား လက်တွေ့ကျမှု ရှိနှင့်ပြီးသားဖြစ်ရန် သို့မဟုတ် ဘုရားသခင်ကို အပြည့်အဝ ကျိုးနွံနာခံနှင့်ပြီးသားဖြစ်ရန် မဖြစ်နိုင်ပေ၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ သစ္စာစောင့်သိနှင့်ပြီးသားဖြစ်ရန်မှာမူ ပြောစရာမလိုပေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်းတို့နှင့် အသေအချာပင် ပို၍ပင် ဝေးကွာနေသေးသည်။ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရရန်အတွက် အရည်အချင်းရှိသူအမျိုးမျိုးတို့ အဓိကအားဖြင့် ပြည့်မီသင့်သည့် စံသတ်မှတ်ချက်များမှာ ငါတို့ ယခု ဖော်ပြခဲ့သည့်အရာများသာ ဖြစ်သည်၊ ဤသည်တို့မှာ လက်တွေ့ကျဆုံးနှင့် အတိကျဆုံးသော အရာများ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) “ငါ့ကို ပြောလော့၊ သင်သည် သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သော သူတစ်ဦး မည်သို့ ဖြစ်နိုင်မည်နည်း။ ဘုရားသခင် ပြောသည့်အတိုင်း ကြီးကျယ်သော ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် မဟာလူသားတစ်ဦး ဖြစ်ရန် မကြိုးစားဘဲ ဖန်ဆင်းခံတစ်ဦး၏ သင့်လျော်သော နေရာကို သင် မည်သို့ ရယူနိုင်မည်နည်း။ သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သော လူတစ်ဦးဖြစ်ရန် သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤအရာကို မည်သို့ ဖြစ်မြောက်အောင်မြင်နိုင်မည်နည်း။ မည်သူ စကားပြောလိုသနည်း။ (ပထမဦးစွာ ကျွန်ုပ်တို့သည် သာမန်လူများ၊ အလွန် ရိုးရိုးသာမန်ဖြစ်သော လူများဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့ သဘောမပေါက်သော၊ နားမလည်သော၊ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသော အရာများစွာ ရှိကြောင်းကို ကျွန်ုပ်တို့ ဝန်ခံရပါမည်။ ကျွန်ုပ်တို့သည် ဖောက်ပြန်ပျက်စီးပြီး အပြစ်အနာအဆာရှိကြောင်းကို ကျွန်ုပ်တို့ ဝန်ခံရပါမည်။ ထို့နောက်တွင် ကျွန်ုပ်တို့သည် ရိုးသားဖြူစင်သော စိတ်နှလုံး ရှိရမည်ဖြစ်ပြီး ရှာဖွေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာရပါမည်။) ပထမဦးစွာ မိမိကိုယ်ကို အမည်ဂုဏ်ပုဒ်တစ်ခု မပေးနှင့်၊ ထို့နောက် ယင်းက သင့်ကို ဘောင်ခတ်သည်ကို ခွင့်မပေးဘဲ ‘ငါသည် ခေါင်းဆောင် ဖြစ်သည်၊ ငါသည် အဖွဲ့ခေါင်းဆောင် ဖြစ်သည်၊ ငါသည် ကြီးကြပ်ရေးမှူး ဖြစ်သည်၊ သို့မဟုတ် ငါသည် ဤနယ်ပယ်တွင် အသိပညာအကြွယ်ဝဆုံးနှင့် နည်းပညာအရ အကျွမ်းကျင်ဆုံးသူ ဖြစ်သည်’ ဟု မပြောနှင့်။ သင် ကိုယ်တိုင်ပေးထားသော အမည်ဂုဏ်ပုဒ်၏ တားဆီးခြင်းကို မခံရစေနှင့်။ ဤအရာ ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက် ယင်းက သင့်ကို တင်းကျပ်စွာ ချည်နှောင်လိမ့်မည် ဖြစ်သည်၊ သင်၏ စကားများနှင့် လုပ်ရပ်များသည် ယင်း၏ သက်ရောက်မှုကို ခံရလိမ့်မည်ဖြစ်ပြီး သင်၏ ပုံမှန် တွေးခေါ်မှုနှင့် ဆုံးဖြတ်ချက်တို့သည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်။ ဤအဆင့်အတန်း၏ ကန့်သတ်ချက်များမှ သင် ရုန်းထွက်လွတ်မြောက်ရမည်။ ပထမဦးစွာ ဤတရားဝင် အမည်ဂုဏ်ပုဒ်၏ ရာထူးမှ ဆင်းပြီး သာမန်လူတစ်ဦး၏ နေရာကို ရယူလော့။ ထို့နောက် သင်၏ စိတ်သဘောထားသည် အတော်အတန် ပုံမှန် ဖြစ်လာလိမ့်မည်။ သင်သည် ဤသို့လည်း ဝန်ခံရမည်၊ ‘ဤအရာကို မည်သို့ လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ၊ ပြီးလျှင် ထိုအရာကို ကျွန်ုပ် နားမလည်ပါ၊ ကျွန်ုပ် လေ့လာစုံစမ်းမှုအချို့ ပြုလုပ်ပြီး လေ့လာရမည်’ သို့မဟုတ် ‘ဤအရာကို ကျွန်ုပ် မည်သည့်အခါမျှ မကြုံဖူးပါ၊ ထို့ကြောင့် မည်သည့်အရာ လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ’ ဟူ၍ ဖြစ်သည်။ သင် အမှန်တကယ် တွေးနေသည့်အရာကို သင် ပြောနိုင်ပြီး ဤကဲ့သို့ ရိုးသားစွာ ပြောဆိုနိုင်သောအခါ သင်သည် ပုံမှန် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ သင်သည် အခြားသူများကို သင့်ပကတိအခြေအနေကို သိခွင့်ပေးပါက ၎င်းတို့သည် သင့်အပေါ် ပုံမှန် အမြင်တစ်ခု ရှိကြလိမ့်မည်ဖြစ်ပြီး သင်သည် ဟန်ဆောင်နေရန် လိုအပ်မည် မဟုတ်ပေ။ သင်သည် ပြင်းထန်စွာ ဖိအားပေးခံရသည်ဟု ခံစားရတော့မည် မဟုတ်ဘဲ အခြားသူများနှင့် ပုံမှန် ဆက်သွယ်ပြောဆိုနိုင်လိမ့်မည် ဖြစ်သည်။ ဤကဲ့သို့ အသက်ရှင်ခြင်းသည် လွတ်လပ်ပြီး လွယ်ကူလေသည်။ ဘဝသည် အလွန် ပင်ပန်းသည်ဟု ခံစားရသူ မည်သူမဆိုသည် မိမိကိုယ်ကိုသာ အပြစ်တင်ရန် ရှိလေသည်။ မည်သည့်အရာကိုမျှ ဟန်မဆောင်နှင့် သို့မဟုတ် မဖုံးကွယ်နှင့်။ ပထမဦးစွာ လူတိုင်းက ယင်းတို့ကို သိရှိပြီး နားလည်စေရန်အလို့ငှာ သင်၏ စိတ်နှလုံးထဲတွင် သင် တွေးနေသည့်အရာနှင့် သင်၏ စစ်မှန်သော အတွေးများကို ပွင့်ပွင့်လင်းလင်း ပြောဆိုလော့။ ဤသို့ဖြင့် သင်၏ စိုးရိမ်ပူပန်မှုများအပြင် သင်နှင့် အခြားသူများကြားရှိ အတားအဆီးများနှင့် သံသယများအားလုံးသည် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည် ဖြစ်သည်။ သင်သည် အခြားတစ်စုံတစ်ခုကြောင့် အခက်အခဲဖြစ်ရသည်။ သင့်ကိုယ်သင် အဖွဲ့၏ ဦးဆောင်သူ၊ ခေါင်းဆောင်၊ အမှုဆောင်၊ သို့မဟုတ် ရာထူး၊ အဆင့်အတန်းနှင့် ရပ်တည်ချက် ရှိသူတစ်ယောက်အဖြစ် အစဉ် သတ်မှတ်သည်။ သင်သည် တစ်စုံတစ်ခုကို နားမလည်၊ မလုပ်ဆောင်နိုင်ဟုပြောလျှင် သင့်ကိုယ်သင် သိက္ခာချနေသည် မဟုတ်လော။ သင်၏စိတ်နှလုံးတွင် ဤအချုပ်အနှောင်များကို ဘေးဖယ်ထားသောအခါ၊ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင့်ကိုယ်သင် တွေးထင်ခြင်းကို ရပ်လိုက်သောအခါ၊ သင်သည် အခြားလူတို့ထက် ပိုသာသည်ဟု တွေးထင်ခြင်းကို ရပ်လိုက်ပြီး သင်သည် အခြားလူတိုင်းနှင့်တူသော သာမန်လူတစ်ယောက်ဖြစ်ကြောင်းနှင့် သင်သည် သူတစ်ပါးတို့ထက် နိမ့်ကျသည့် အချို့နယ်ပယ်များရှိသည်ဟု ခံစားရသောအခါ၊ သင်သည် ဤသဘောထားနှင့် သမ္မာတရား၊ အလုပ်နှင့်ဆက်နွှယ်သော ကိစ္စများကို မိတ်သဟာယဖွဲ့သောအခါ အခြေအနေ ကွာခြားသကဲ့သို့ သက်ရောက်မှုက ကွာခြားသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ လူတွေကို ရာထူးတိုးမြှင့်ပေးခြင်းနဲ့ ပျိုးထောင်ပေးခြင်းဆိုင်ရာ ဘုရားအိမ်တော်ရဲ့ စည်းမျဉ်းတွေကို ကျွန်မ နားလည်သွားတယ်။ သမ္မာတရား လက်တွေ့ကျမှု ရှိတဲ့သူ ဒါမှမဟုတ် အလုပ်မျိုးစုံအားလုံးကို လုပ်နိုင်တဲ့သူမှ ခေါင်းဆောင်အနေနဲ့ ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခံရနိုင်တာမျိုး မဟုတ်ပါဘူး။ အဲဒီအစား သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းရှိသရွေ့၊ ကောင်းမွန်တဲ့ လူ့သဘာဝရှိသရွေ့၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ဝန်တာထားသရွေ့၊ ပြီးတော့ အတွေ့အကြုံမရှိရင်တောင် သင်ယူဖို့လိုလားနေသရွေ့ ပျိုးထောင်ခံရနိုင်ပါတယ်။ နောက်ပြီး ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခံရတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သူများထက်သာတယ်လို့ မမှတ်ယူရဘူး၊ သင့်တော်တဲ့ နေရာမှာပဲနေပြီး ကိုယ်က သာမန်လူတစ်ယောက်သာဖြစ်တယ်ဆိုတာ လက်ခံရမယ်။ နောက်ပြီး ဘယ်အလုပ်ပဲဖြစ်ဖြစ် မွေးကတည်းက တတ်လာတာ မဟုတ်ပါဘူး၊ ကိုယ်မလုပ်တတ်တာ ဒါမှမဟုတ် နားမလည်တာတွေ ကြုံလာတဲ့အခါ ညီအစ်ကိုမောင်နှမတွေဆီကနေ ရှာဖွေလို့ရပါတယ်လေ။ လူသစ်တွေကို စပြီး ရေလောင်းပေးဖို့ လေ့ကျင့်တုန်းက ဘယ်လိုအလုပ်လုပ်ရမှန်း ကျွန်မ မသိခဲ့တာကို သတိရမိတယ်။ ဒါပေမဲ့ အဲဒီတုန်းက လူသစ်တွေကို ရေလောင်းပေးတယ်ဆိုတာ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ဘယ်လိုသုံးရမလဲဆိုတာ လေ့ကျင့်တာဖြစ်ပြီး ကျွန်မရဲ့ အသက် ဝင်ရောက်မှုအတွက် အကျိုးရှိတယ်ဆိုတာကို သဘောပေါက်ခဲ့လို့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ချင်တဲ့ စိတ်အားထက်သန်မှု ရှိခဲ့တာပါ။ ညီအစ်ကိုမောင်နှမတွေနဲ့ အတူတူ လေ့ကျင့်တဲ့အခါ ဖြည်းဖြည်းချင်းသွားပြီး အချိန်တစ်ခုကြာတော့ ပြဿနာတချို့ကို ကျွန်မ ဖြေရှင်းနိုင်လာတယ်။ ဘယ်အလုပ်ပဲဖြစ်ဖြစ် ကိုယ်လုပ်တတ်ပြီး နားလည်မှပဲ လုပ်လို့ရတယ်ဆိုတာမျိုး မဟုတ်ဘူး၊ လေ့လာသင်ယူပြီး လေ့ကျင့်တဲ့ လုပ်ငန်းစဉ်ကို အမြဲတမ်း ဖြတ်သန်းဖို့ လိုအပ်တယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ဒါပေမဲ့ ကျွန်မက မာနထောင်လွှားတဲ့ စိတ်သဘောထားရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပြီး အသင်းတော်မှာ ခေါင်းဆောင်ဖြစ်ရင် သူများတွေထက် ပိုနားလည်ရမယ်၊ အလုပ်မှာ သူများတွေထက် ပိုတော်ရမယ်လို့ တွေးခဲ့တယ်။ ဒါမှသာ တခြားလူတွေရဲ့ အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ပေးဖို့ အရည်အချင်းပြည့်မီမယ်လို့ ထင်ခဲ့တာလေ။ ကိုယ်တိုင် မလုပ်နိုင်ရင်၊ ကိုယ်တိုင် နားမလည်ရင် တခြားလူတွေက ကိုယ့်ကို သေချာပေါက် အထင်သေးကြမှာပဲလို့လည်း တွေးခဲ့တယ်၊ အဲဒါကြောင့် တာဝန်ကို ငြင်းခဲ့တာပေါ့။ ကိုယ့်ရဲ့ တကယ့်စွမ်းဆောင်ရည်ကို မသိခဲ့ဘူး။ ကျွန်မမှာ ဆင်ခြင်တုံတရား အရမ်း ကင်းမဲ့နေခဲ့တာပဲ။ အမှန်တော့ ကျွန်မတို့အပေါ် ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေက မမြင့်မားပါဘူး။ သာမန်လူတွေပဲဖြစ်ဖို့၊ ကိုယ့်ရဲ့ အားနည်းချက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖို့၊ ကိုယ်နားမလည်တဲ့ အမှုအရာတွေနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတွေဆီကနေ အကူအညီကို တက်တက်ကြွကြွ ရှာဖွေဖို့နဲ့ ကိုယ့်ရဲ့ ချို့တဲ့မှုတွေကို ဖြည့်ဆည်းဖို့ သမ္မာတရားကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ တဖြည်းဖြည်း လေ့ကျင့်သွားရင် ကျွန်မတို့ရဲ့ တိုးတက်မှုက ပိုမြန်လာမှာပါ။ ဒါကို နားလည်သွားတဲ့အခါ “ငါက ခေါင်းဆောင်ပဲ၊ သူများတွေထက် ပိုတော်ရမယ်၊ သူများတွေထက် ပိုနားလည်ရမယ်” ဆိုတဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်ကို စွန့်လွှတ်ပြီး ရိုးသားတဲ့သူတစ်ဦးဖြစ်ဖို့ လက်တွေ့လုပ်ဆောင်လိုစိတ် ရှိသွားတယ်။ ခေါင်းဆောင်တာဝန်ကို ကျွန်မရဲ့ ရင်ထဲအနက်ရှိုင်းဆုံးကနေ လက်ခံလိုက်တယ်။
အစပိုင်းမှာတော့ ကျွန်မရှိနေတဲ့ အသင်းတော်အတွက်ပဲ တာဝန်ယူခဲ့ရတာပါ။ အသင်းတော်ရဲ့ အလုပ်တွေ၊ လူတွေနဲ့ တော်တော်လေး ရင်းနှီးပေမဲ့ မကြာခင်မှာပဲ ကြီးကြပ်ရေးမှူးက နောက်ထပ် အသင်းတော်သုံးလေးခုရဲ့ အလုပ်ကိုပါ တာဝန်ယူခိုင်းတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီအသင်းတော်တွေက ညီအစ်ကိုမောင်နှမတွေရဲ့ အလုပ်လုပ်နိုင်စွမ်းက အရမ်းကောင်းတယ်။ သူတို့က ငါ့ထက်တောင် ဘုရားသခင်ကို ယုံကြည်လာတာ ပိုကြာသေးတယ်။ ငါက သူတို့လောက် မတော်ဘူး။ သူတို့အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ပေးတဲ့အခါ ငါမလုပ်နိုင်တာတွေ အများကြီးရှိရင် သူတို့ ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါ့ကို အထင်သေးကြမလား” လို့ပေါ့။ ကျွန်မက အရည်အချင်းမမီလို့ မလုပ်နိုင်ဘူးဆိုပြီး ကြီးကြပ်ရေးမှူးဆီ စာပို့လိုက်တယ်။ ကြီးကြပ်ရေးမှူးက ကျွန်မကို လေ့ကျင့်ကြည့်ဖို့ ပြောတယ်။ နောက်ပိုင်းမှာ အရင်က ဖတ်ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “တာဝန်ထမ်းဆောင်သောသူ အားလုံးအတွက် ၎င်းတို့၏ သမ္မာတရားကို နားလည်မှုသည် မည်မျှ နက်နဲသည်ဖြစ်စေ၊ အပေါ်ယံဆန်သည်ဖြစ်စေ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အရိုးရှင်းဆုံးသော လက်တွေ့လုပ်ဆောင်မှုမှာ အရာရာတိုင်း၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားရန်၊ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ ဂုဏ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးခြင်း ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့ အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ တာဝန်ထမ်းဆောင်သောသူတစ်ဦးသည် ဤမျှလောက်ကိုပင် မလုပ်ဆောင်နိုင်ပါက ၎င်းသည် မိမိ၏ တာဝန်ကို ထမ်းဆောင်နေသည်ဟု မည်သို့ ဆိုနိုင်မည်နည်း။ ယင်းမှာ လူတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း မဟုတ်ပေ။ သင်သည် ဦးစွာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး အသင်းတော်၏ အလုပ်ကို ထည့်သွင်းစဉ်းစားသင့်သည်။ ဤအရာများကို ဦးစားပေး ထားရှိပါ၊ ထို့နောက်မှသာ သင်သည် သင်၏ အဆင့်အတန်း တည်ငြိမ်မှု သို့မဟုတ် အခြားသူများ သင့်ကို မည်သို့ သဘောထားသည်ကို စဉ်းစားနိုင်သည်။ ယင်းကို အဆင့်နှစ်ဆင့်ခွဲ၍ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့်နည်းလမ်းကို ရှာဖွေလိုက်ပါ၊ ဤအရာက အမှုအရာများကို အနည်းငယ် ပိုမိုလွယ်ကူစေသည်ဟု သင်တို့ မခံစားရသလော။ သင်သည် ဤသို့ ခဏတာ လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းသည် ခက်ခဲသောအရာမဟုတ်ကြောင်း သင် ခံစားလာရလိမ့်မည်။ ထို့အပြင် သင်သည် သင်၏ တာဝန်ယူမှုများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ပြီး သင်၏ ဝတ္တရားများနှင့် တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည့်အပြင် သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထား၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏ အလုပ်နှင့် သင် ထမ်းဆောင်သင့်သည့် တာဝန်ကို ဦးစားပေးနိုင်လျှင် ဤသို့ အချိန်တစ်ခုကြာ တွေ့ကြုံခံစားပြီးနောက် ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူခြင်းသည် ကောင်းကြောင်း၊ လူတို့သည် ရိုးသားပြီး ပွင့်လင်းသောပုံစံဖြင့် အသက်ရှင်သင့်ကြောင်း၊ ၎င်းတို့သည် စိတ်ဓာတ်ပျော့ညံ့ပြီး အောက်တန်းကျကာ ယုတ်ညံ့သော တည်ရှိမှုဖြင့် အသက်မရှင်သင့်ဘဲ ထိုအစား ၎င်းတို့သည် တော်ဖြောင့်ပြီး တရားမျှတသင့်ကြောင်း သင် ခံစားရလိမ့်မည်။ ဤသည်မှာ လူတစ်ဦး အသက်ရှင်နေထိုင်သင့်သည့် ပုံသဏ္ဌာန်ဖြစ်သည်ဟု သင် ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဖြည့်ဆည်းလိုသော သင်၏ လိုအင်ဆန္ဒသည် လျော့နည်းသွားလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ မာနနဲ့ အဆင့်အတန်းကို စွန့်လွှတ်ရမယ်၊ ပြီးတော့ အချိန်တိုင်းမှာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ဦးစားပေးရမယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ ဒါမှသာ ဘုရားသခင်ကို စိတ်ကျေနပ်စေမှာပါ။ ဒီတာဝန် ကျွန်မဆီ ရောက်လာတာဟာ ဘုရားသခင်က ကျွန်မကို ချီးမြှောက်တာဖြစ်ပြီး သမ္မာတရားကို ပိုရှာဖွေဖို့နဲ့ သမ္မာတရားကို လိုက်စားတဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ တိုက်တွန်းနေတာပါပဲ။ မြန်မာနိုင်ငံရဲ့ အခြေအနေက စစ်ပွဲတွေ ဆက်တိုက်ဖြစ်ပြီး တင်းမာနေတာကို ကျွန်မ တွေးမိတယ်။ ကိုယ့်တာဝန်ကို ဘယ်လောက်ကြာကြာ ထမ်းဆောင်နိုင်မလဲဆိုတာ ကျွန်မ မသိဘူး။ အခု တာဝန်တစ်ခု ထမ်းဆောင်ဖို့ အခွင့်အရေးရလာပြီဆိုတော့ သေသေချာချာ တန်ဖိုးထားသင့်တယ်၊ သူများတွေ ကိုယ့်ကို ဘယ်လိုထင်မလဲဆိုပြီး စိုးရိမ်တဲ့စိတ်နဲ့ ဒီတာဝန်ကို ငြင်းလို့မဖြစ်ဘူးလေ။ ရှေ့ဆက်ပြီးတော့ ကိုယ့်တာဝန်မှာ ဘယ်လို ပြဿနာတွေပဲ ဖော်ထုတ်ခံရပါစေ ကိုယ့်ရဲ့ အားနည်းချက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သင့်တယ်။ ဒီလိုတွေးလိုက်တဲ့အခါ ကျွန်မရင်ထဲ နည်းနည်း ပိုအေးချမ်းသွားတယ်။ တစ်နေ့တော့ ကျွန်မနဲ့ တွဲလုပ်နေတဲ့ ညီအစ်ကို ညီအစ်မတို့နဲ့ တွေ့ပြီး ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေအကြောင်း ဆွေးနွေးဖြစ်တယ်။ သူတို့နှစ်ယောက်ကို ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်၊ “ကျွန်မမှာ ချို့တဲ့တာတွေ အများကြီးရှိတယ်၊ အလုပ်တော်တော်များများကို မလုပ်နိုင်ဘူး၊ အဲဒါကြောင့်မို့လို့ ကျွန်မတို့ အတူတူ တွဲလုပ်ဖို့ လိုပါတယ်” ပေါ့။ ဒီစကားကိုပြောဖို့ ပါးစပ်ဟလိုက်တဲ့အချိန်မှာ ကျွန်မ မျက်နှာကြီး ရဲတက်သွားတာပဲ။ နည်းနည်း သိက္ခာကျသွားတယ်လို့ ခံစားရပေမဲ့ ကိုယ့်ရဲ့ ချို့တဲ့မှုတွေကို သူတို့ဆီ ဝန်ခံပြီး ရင်ထဲကလာတဲ့စကားကို ပြောလိုက်ရတဲ့အတွက် ကျွန်မစိတ်ထဲမှာ အရမ်းကို ပေါ့ပါးသွားတယ်။ ကျွန်မရဲ့ ညီအစ်ကို ညီအစ်မတို့က ကျွန်မကို အထင်မသေးတဲ့အပြင် အလုပ် ကောင်းကောင်းလုပ်ဖို့ ကျွန်မနဲ့အတူတူ တွဲလုပ်ဖို့ဆန္ဒရှိနေကြတယ်။
တစ်နေ့မှာတော့ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ဖတ်ရပြီး တာဝန်ကို ကျွန်မ ငြင်းဆန်ရတဲ့ အဓိက အကြောင်းရင်းကို နည်းနည်း နားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအများစုသည် သမ္မာတရားကို ရှာဖွေမည့်အစား အသေးအဖွဲ လှည့်ကွက်များကို အားကိုးကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ၊ သိက္ခာနှင့် အခြားလူများ၏ စိတ်ထဲရှိ ၎င်းတို့၏ နေရာ သို့မဟုတ် ရပ်တည်ချက်တို့အပေါ် အလွန်ပင် အလေးထားကြသည်။ ဤအရာများသည် ၎င်းတို့ တန်ဖိုးထားသည့် တစ်ခုတည်းသော အရာများ ဖြစ်ကြသည်။ ၎င်းတို့သည် ဤအရာများကို တင်းကျပ်စွာ ဖက်တွယ်ထားကြပြီး ယင်းတို့ကို ၎င်းတို့၏ အသက်အဖြစ် မှတ်ယူကြလေသည်၊ ဤအရာများကို ဘုရားသခင်က မည်သို့ ရှုမြင်ပြီး သဘောထားပြုမူသည်ဟူသည်နှင့် ပတ်သက်၍မူ ၎င်းတို့က ယင်းကို ဂရုမစိုက်ကြပေ၊ ၎င်းတို့သည် အုပ်စု၏ ခေါင်းဆောင် ဖြစ်မဖြစ်၊ အခြားသူများ၏ အထင်ကြီးလေးစားခြင်းကို ခံရသည့် ရာထူးတစ်ခုကို ၎င်းတို့ ရယူနိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့ ပြောသည့်အရာကို တစ်စုံတစ်ဦးက နားထောင်ခြင်း ရှိမရှိဟူသည်တို့ကို ၎င်းတို့ ပထမဆုံး စဉ်းစားကြသည်။ ၎င်းတို့သည် ထိုရာထူးကို နေရာယူရန် ပထမဆုံး စတင်လုပ်ဆောင်ကြသည်။ လူအားလုံးနီးပါးသည် အုပ်စုတစ်ခုထဲတွင် ရှိနေသည့်အခါ ဤရာထူးမျိုး၊ ဤအခွင့်အရေးမျိုးကို ရှာဖွေကြသည်။ ၎င်းတို့သည် အလွန် စွမ်းဆောင်နိုင်ရည်ရှိပါက ထိပ်ဆုံးနေရာကို ယူရန် ၎င်းတို့ ကြိုးစားကြသည်မှာ သေချာပေသည်။ ၎င်းတို့သည် သာမန်မျှသာ ဖြစ်နေလျှင်ပင် အုပ်စုထဲတွင် ထင်ရှားသော ရာထူးတစ်ခုကို ရယူထားရန် ၎င်းတို့ ကြိုးစားကြသေးသည်။ ပြီးလျှင် ၎င်းတို့သည် သာမန် အစွမ်းအစနှင့် စွမ်းရည်သာရှိပြီး အုပ်စုထဲရှိ အောက်ခြေအဆင့်များ၏ အစိတ်အပိုင်း ဖြစ်နေပါကလည်း အခြားသူများက ၎င်းတို့ကို အထင်ကြီးလေးစားရန် ကြိုးစားကြသည်၊ အခြားသူများက ၎င်းတို့ကို အထင်သေးခွင့် မပေးနိုင်ကြပေ။ ဤလူများ၏ သိက္ခာနှင့် ဂုဏ်သည် ၎င်းတို့ ကန့်သတ်ချက်ထားသည့် နောက်ဆုံးစည်း ဖြစ်သည်၊ ဤအရာများကို ၎င်းတို့ ဆုပ်ကိုင်ထားရမည်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တည်ကြည်မှုကို ဆုံးရှုံးလျှင်ပင် သို့မဟုတ် ဘုရားသခင်က ၎င်းတို့ကို မနှစ်သက်ဘဲ အသိအမှတ်မပြုလျှင်ပင် ၎င်းတို့သည် မိမိတို့၏ သိက္ခာနှင့် အဆင့်အတန်းအတွက် ကြိုးပမ်းရဦးမည်သာ ဖြစ်သည်၊ ၎င်းတို့သည် အရှက်ရခြင်းကို မည်သို့ပင်ဖြစ်ပါစေ ရှောင်ရှားရမည် ဖြစ်သည်။ ဤသည်မှာ စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့သည် ဤအရာကို သဘောမပေါက်ကြပေ။ ၎င်းတို့တွင် ကျန်ရှိနေသည့် သိက္ခာ အနည်းငယ်ကို ၎င်းတို့ ဆုံးရှုံး၍မရနိုင်ဟု ထင်ကြသည်။ ဤအပေါ်ယံအရာများကို လုံးဝ စွန့်လွှတ်ပြီး စွန့်ပစ်လိုက်သည့်အခါမှသာ ၎င်းတို့သည် စစ်မှန်သော လူများ ဖြစ်လာမည်ဖြစ်ကြောင်းနှင့် စွန့်ပစ်သင့်သည့် ဤအရာများကို ၎င်းတို့၏ အသက်အဖြစ် ၎င်းတို့ စောင့်ရှောက်ပါက ၎င်းတို့၏ အသက် ဆုံးရှုံးသွားမည်ဖြစ်ကြောင်းကို မသိကြပေ။ မည်သည့်အရာက အန္တရာယ်ရှိနေသည်ကို ၎င်းတို့ မသိကြပေ။ ထို့ကြောင့် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် တစ်စုံတစ်ရာကို အစဉ်သဖြင့် ထိမ်ချန်ထားတတ်ကြသည်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် သိက္ခာနှင့် အဆင့်အတန်းကို ကာကွယ်ရန်အလို့ငှာ အစဉ်သဖြင့် ပြုမူကြပြီး ဤအရာများကို ဦးစားပေးကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျိုးအတွက်သာ စကားပြောပြီး မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော ငြင်းခုံမှုများကို ပြုလုပ်ကြသည်၊ မိမိတို့အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့ကို အကောင်းမြင်ခံရမည့် မည်သည့်အရာတွင်မဆို ပါဝင်ရန် ၎င်းတို့ အလုအယက် သွားကြပြီး ယင်းတွင် ၎င်းတို့ ပါဝင်ပတ်သက်နေကြောင်းကို အခြားသူများ သိစေချင်ကြသည်။ ယင်းက ၎င်းတို့နှင့် အမှန်တကယ် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကောင်း မရှိနိုင်သော်လည်း ၎င်းတို့သည် မည်သည့်အခါမျှ နောက်ကောက်ကျ မကျန်ရစ်ချင်ကြပေ၊ အခြားသူများက ၎င်းတို့ကို အထင်သေးမည်ကို အစဉ်သဖြင့် ကြောက်ရွံ့ကြသည်၊ အခြားလူများက ၎င်းတို့က အသုံးမကျသူများဖြစ်ကြောင်း၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မလုပ်နိုင်ကြကြောင်း၊ ၎င်းတို့တွင် ကျွမ်းကျင်မှုများ မရှိကြောင်း ပြောဆိုကြမည်ကို အစဉ်သဖြင့် စိုးရိမ်ကြသည်။ ဤအရာအားလုံးသည် စာတန်ဆန်သော စိတ်သဘောထားတစ်ခု၏ တွန်းအားပေးခြင်း ခံရသည် မဟုတ်လော။ သိက္ခာနှင့် အဆင့်အတန်းကဲ့သို့သော အရာများကို သင် စွန့်လွှတ်နိုင်သောအခါ သင်သည် များစွာ ပို၍ သက်တောင့်သက်သာရှိပြီး ပို၍ လွတ်လပ်လာလိမ့်မည် ဖြစ်သည်၊ သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်ခြင်း လမ်းကြောင်းပေါ်သို့ ခြေချပြီးဖြစ်လိမ့်မည်။ သို့သော် လူများစွာအတွက် ဤသည်မှာ ဖြစ်မြောက်အောင်မြင်ရန် မလွယ်ကူပေ။ ဥပမာအားဖြင့် လူတို့သည် ၎င်းတို့ကို ထင်ပေါ်ကျော်ကြားခွင့်ပေးမည့် အရာတစ်ခုခုနှင့် ကြုံတွေ့ရသောအခါ ၎င်းတို့အားလုံးသည် ရှေ့သို့ အလုအယက် သွားကြသည်၊ ထင်ပေါ်ကျော်ကြားခြင်းကို နှစ်သက်ကြပြီး ပို၍ ထင်ပေါ်ကျော်ကြားလေလေ ပို၍ ကောင်းလေလေ ဖြစ်သည်၊ ၎င်းတို့သည် လုံလောက်အောင် ထင်ပေါ်ကျော်ကြားမှု မရှိမည်ကို ကြောက်ရွံ့ကြပြီး ထင်ပေါ်ကျော်ကြားရရန် အခွင့်အရေးအတွက် မည်သည့်အဖိုးအခမဆို ပေးဆပ်ကြလိမ့်မည်။ ပြီးလျှင် ဤအရာအားလုံးသည် စာတန်ဆန်သော စိတ်သဘောထားတစ်ခု၏ တွန်းအားပေးခြင်း ခံရသည် မဟုတ်လော။ ဤသည်မှာ စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် သင်သည် ထင်ပေါ်ကျော်ကြားလာသည်၊ ထို့နောက် မည်သို့ ရှိသနည်း။ လူတို့က သင့်ကို အထင်ကြီးကြသည်၊ သို့ဆိုလျှင် အဘယ်အရာ ဖြစ်သနည်း။ ၎င်းတို့က သင့်ကို ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်၊ ပြီးလျှင် မည်သို့ ရှိသနည်း။ ဤအရာက သင့်တွင် သမ္မာတရား လက်တွေ့ကျမှု ရှိကြောင်း သက်သေပြနိုင်သလော။ ဤအရာတွင် မည်သည့် တန်ဖိုးမျှ မရှိပေ။ သင်သည် သိက္ခာ၊ အချည်းနှီးသော ဂုဏ်မောက်ခြင်း၊ အဆင့်အတန်းနှင့် အခြားလူများ၏ အထင်ကြီးလေးစားမှုတို့ကို ကျော်လွှားနိုင်သောအခါ၊ ဤအရာများအပေါ် သင် လျစ်လျူရှုလာပြီး ယင်းတို့သည် အလွန် အရေးကြီးသည်ဟု မထင်တော့သောအခါ၊ ပြီးလျှင် ဤအရာများသည် သင်၏ တာဝန်ကို ထမ်းဆောင်ပုံအပေါ်တွင် မဆိုထားနှင့်၊ သင်၏ အတွေးများနှင့် အပြုအမူကို လွှမ်းမိုးခြင်း မရှိတော့သည့်အခါ သင်၏ တာဝန်တွင် သင် ရရှိသည့် ရလဒ်များသည် ဆက်လက် တိုးတက်နေလိမ့်မည်ဖြစ်ပြီး ယင်းကို သင် ထမ်းဆောင်မှုတွင် မစင်ကြယ်မှုများ ပို၍ပို၍ နည်းပါးလာလိမ့်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ လူတိုင်းက အဆင့်အတန်းကို တန်ဖိုးထားကြတယ်၊ သူတို့လုပ်သမျှ အရာတိုင်း၊ အချိန်တိုင်းမှာ ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ထည့်တွေးကြတယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ အသင်းတော်မှာ ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခံရတဲ့ အစပိုင်းတုန်းက အခြေအနေကို ကျွန်မ ပြန်တွေးမိတယ်။ အဲဒီတုန်းက လေ့ကျင့်ခါစဆိုတော့ ချို့တဲ့မှုတွေ အများကြီးရှိခဲ့တယ်။ ကိုယ်မလုပ်တတ်တဲ့ အရာတွေ အများကြီးရှိနေတဲ့အခါမှာ ညီအစ်ကိုမောင်နှမတွေရဲ့ အလုပ်ကို နောက်ဆက်တွဲ လိုက်လုပ်ပေးရင် ကိုယ်က တကယ်ကို အရည်အချင်းမရှိတဲ့ပုံပေါက်သွားမှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် လူတွေ ကိုယ့်ကို အထင်မသေးအောင်လို့ ကိုယ့်တာဝန်ကို ခဏခဏ ငြင်းခဲ့တာပေါ့။ ကျွန်မ ခေါင်းဆောင်ဖြစ်အောင် လေ့ကျင့်နိုင်တာဟာ ဘုရားသခင်ရဲ့ ချီးမြှောက်မှုပါပဲ။ သမ္မာတရားကို လိုက်စားတဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို တဖြည်းဖြည်း ဖြေရှင်းနိုင်ဖို့ ဘုရားသခင်က မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မက အဲဒီကျေးဇူးကို နားမလည်ခဲ့ဘဲ ကိုယ့်သိက္ခာကို ကာကွယ်ဖို့အတွက် တာဝန်ကို ငြင်းဖို့ချည်းပဲ ကြိုးစားနေခဲ့တယ်။ ဒါဟာ ဘုရားသခင်ကို ပုန်ကန်တာပါပဲ။ ဒီနှစ်တွေတစ်လျှောက်လုံး ဘုရားနှုတ်ကပတ်တော်တွေ အများကြီးရဲ့ ရေလောင်းပေးတာနဲ့ ထောက်ပံ့မှုကို ကျွန်မ မွေ့လျော်ခံစားခဲ့ရပေမဲ့ အသင်းတော်ရဲ့ အလုပ်ကို ကျွန်မလုပ်ဖို့ လိုအပ်လာတဲ့အခါမှာတော့ ကိုယ့်တာဝန်ကို ဘယ်လို ကောင်းကောင်း ဖြည့်ဆည်းရမလဲ၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဘယ်လို ပြန်ဆပ်ရမလဲဆိုတာ မစဉ်းစားခဲ့ဘူး။ ကျွန်မက တကယ်ကို လူ့သဘာဝ ကင်းမဲ့လွန်းတာပဲလေ။ အမှန်တော့ ခေါင်းဆောင်ဖြစ်လာကတည်းက ပိုင်းခြားသိမြင်မှုအပိုင်းမှာ သမ္မာတရားတချို့နဲ့ ကိုယ့်ကိုယ်ကိုယ် တဖြည်းဖြည်း ပြင်ဆင်ခဲ့ပြီး ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ဘယ်လိုသုံးရမလဲဆိုတာ လေ့ကျင့်ဖြစ်ခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အမှုအရာတော်တော်များများကို ကြုံတွေ့ခဲ့ရပြီး သမ္မာတရားကို ရရှိဖို့ အခွင့်အရေး အများကြီး ရခဲ့တယ်။ ဒါတွေအားလုံးဟာ တကယ့် အကျိုးအမြတ်တွေချည်းပါပဲ။ ခေါင်းဆောင်အနေနဲ့ တာဝန်မထမ်းဆောင်ဘဲ သူများတွေရဲ့ အလုပ်ကိုသာ နောက်ဆက်တွဲ လိုက်မလုပ်ပေးခဲ့ရင် ကျွန်မရဲ့ ကိုယ်ပိုင် ချို့တဲ့မှုတွေက ဖော်ထုတ်ခံရမှာ မဟုတ်သလို သိက္ခာလည်း ကျမှမဟုတ်ပါဘူး။ ဒါပေမဲ့ နောက်ဆုံးမှာ သမ္မာတရားကို ရမှာမဟုတ်ဘဲ ကျွန်မရဲ့ စိတ်သဘောထားတွေကလည်း ပြောင်းလဲမှာ မဟုတ်ဘူး။ အဆုံးမှာ အားလုံးက အချည်းနှီး ဖြစ်သွားမှာ မဟုတ်ဘူးလား။ အဆုံးကျရင် ကယ်တင်ခြင်းရမယ့် အခွင့်အရေး ဆုံးရှုံးပြီး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသလိုပဲ ဖြစ်သွားမှာပေါ့။ တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းပါတယ်။ နောက်ပိုင်းမှာတော့ သိက္ခာရဲ့ ဘောင်ခတ်မှုကို သိပ်မခံရတော့ဘဲ ကိုယ့်တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ခဲ့တယ်။
တစ်ခါက အသင်းတော်တစ်ခုရဲ့ စုဝေးပွဲကို ကျွန်မ သွားတက်ခဲ့တယ်။ ညီအစ်မတစ်ယောက်က အလုပ်နဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့နေရာမှာ ရှင်းလင်းတဲ့ အကြံဉာဏ်တွေကို ဖော်ပြခဲ့လို့ ကျွန်မက ဖြည့်စွက်ပြီး ပြောချင်ခဲ့တာ။ ဒါပေမဲ့ အဲဒီညီအစ်မက အရမ်းကောင်းပြီး ပြည့်ပြည့်စုံစုံ ပြောသွားတယ်လို့ ခံစားရလို့ ကျွန်မ ဘာမှ မပြောဖြစ်ခဲ့ဘူး။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ ဒီကိုလာပြီး အကြံပြုချက် နည်းနည်းလေးတောင် မပေးရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါက တကယ်ကို အသုံးမကျဘူး၊ အလုပ်လုပ်နိုင်စွမ်း ဘာမှမရှိဘူးလို့များ မထင်ကြဘူးလား” လို့ပေါ့။ ဒီလိုတွေးမိတော့ ကျွန်မ နည်းနည်း ရှက်သွားပြီး ညီအစ်ကိုမောင်နှမတွေကတော့ ငါ့ကို သေချာပေါက် ထိုးထွင်းမြင်သွားပြီလို့ ထင်မိတယ်။ ဒါကြောင့် သူတို့ရဲ့ စုဝေးပွဲတွေကို ဆက်မတက်ချင်တော့ဘူး။ အဲဒီရက်တွေတုန်းက သူတို့အလုပ်ကို ကျွန်မ နောက်ဆက်တွဲ လိုက်မလုပ်ပေးခဲ့သလို မလေ့လာဖြစ်ခဲ့ဘူး။ အဲဒီအချိန်က ကျွန်မ ကိုယ့်ကိုယ်ကိုယ် နည်းနည်းအပြစ်တင်မိတယ်၊ “ညီအစ်ကိုမောင်နှမတွေက ငါ့ကို အထင်သေးမှာ ကြောက်လို့ အလုပ်ကို နောက်ဆက်တွဲ လိုက်မလုပ်ပေးခဲ့ဘူး။ ဒါက တာဝန်ပျက်ကွက်တာ မဟုတ်ဘူးလား။ အလုပ်ကို အချိန်အကြာကြီး နောက်ဆက်တွဲ လိုက်မလုပ်ပေးရင် ဒီတာဝန်ကို သေချာပေါက် ဆုံးရှုံးရမှာဖြစ်ပြီး သမ္မာတရားကို ရရှိဖို့ အခွင့်အရေးများစွာလည်း ဆုံးရှုံးသွားမှာပဲ။ တခြားလူတွေ ငါ့အပေါ် ဘယ်လိုထင်မလဲဆိုတာကို အမြဲတမ်း ထည့်တွေးနေလို့ မဖြစ်ဘူး။ လူတွေက ငါ့ကို ဘယ်လောက်ပဲ အထင်ကြီးကြီး အသုံးမဝင်ပါဘူး။ အဓိကက ဘုရားသခင်က ငါ့ကို ဘယ်လိုသဘောထားလဲဆိုတာပါပဲ၊ အဲဒါက အရေးအကြီးဆုံးပဲ” လို့ပေါ့။ ဒါကြောင့် ကိုယ့်မာနကို စွန့်လွှတ်လိုက်ပြီး အလုပ်ကို ခပေးဖို့ သွားခဲ့တယ်။ နောက်ပိုင်းမှာ ကိုယ့်အတွက် အစီအစဉ်တစ်ခု ဆွဲလိုက်တယ်၊ တစ်ပတ်အတွင်းမှာ ဘယ်အသင်းတော်တွေကို နောက်ဆက်တွဲ လိုက်ကြည့်ပေးမလဲ၊ အလုပ်ရဲ့ ဘယ်ကဏ္ဍတွေကို နောက်ဆက်တွဲ လိုက်လုပ်ပေးမလဲဆိုတာကို အကြမ်းဖျင်း အစီအစဉ်ချခဲ့တယ်။ အစပိုင်းမှာတော့ အရမ်း စိတ်လှုပ်ရှားခဲ့တာပေါ့။ ကိုယ့်ကိုယ်ကိုယ် သေချာ မဖော်ပြနိုင်လို့ ညီအစ်ကိုမောင်နှမတွေက အထင်သေးမှာကို ကြောက်နေခဲ့တယ်။ အဲဒီလိုဖြစ်တိုင်း စိတ်ကို တည်ငြိမ်အောင်ထားပြီး သိက္ခာရဲ့ ဘောင်ခတ်တာ မခံရအောင် ကာကွယ်ပေးဖို့ ဘုရားသခင်ဆီ တောင်းလျှောက်ပြီး ဆုတောင်းခဲ့တယ်။ ကိုယ့်ရဲ့ စိတ်နေသဘောထားကို မှန်ကန်အောင် ပြုပြင်လိုက်တဲ့အခါ စိတ်နှလုံးကို ငြိမ်သက်အောင်ထားနိုင်ခဲ့ပြီး အလုပ်ကို ပုံမှန်အတိုင်း နောက်ဆက်တွဲ လိုက်လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အလုပ်ကို နောက်ဆက်တွဲ လိုက်လုပ်ပေးရင်းနဲ့ ညီအစ်ကိုမောင်နှမတိုင်းမှာ အားသာချက်တွေ ကိုယ်စီရှိကြတယ်ဆိုတာကို တွေ့ရှိခဲ့ပြီး အဲဒီကနေတစ်ဆင့် ကျွန်မရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းနိုင်ခဲ့တယ်။ တစ်ခါတလေ အလုပ်ကို နောက်ဆက်တွဲ လိုက်လုပ်ပေးရင်း သဘောမပေါက်နိုင်တဲ့ ပြဿနာတစ်ခုခု ကြုံလာရင် သူတို့ကို တိုက်ရိုက်ပဲ ဖွင့်ဟပြောလိုက်တယ်၊ “ဒီပြဿနာကို ကျွန်မ သဘောမပေါက်သေးဘူး၊ နောက်မှပဲ ဆက်ရှာဖွေကြည့်ပါ့မယ်” လို့ပေါ့။ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်လိုက်တဲ့အခါ ကျွန်မစိတ်နှလုံးထဲမှာ အရမ်းကို အေးချမ်းသွားတယ်။ ဒီလို နားလည်သဘောပေါက်မှုလေးတွေ ရရှိပြီး အခုလို ပြောင်းလဲမှုလေးတွေ ရရှိနိုင်တာဟာ ဘုရားနှုတ်ကပတ်တော်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်တစ်ခုပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အာရာဘယ်လာ၊ တောင်ကိုရီးယားတစ်ခါတုန်းက ခေါင်းဆောင်တွေက ကျွန်မကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ရွတ်ဆိုတာ လေ့ကျင့်ဖို့ စီစဉ်ပေးခဲ့တယ်။...
ယန်မင်ကျမ်း ကနေဒါနိုင်ငံဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင်၏အမှုကို ကျိုးနွံနာခံခြင်းသည် စစ်မှန်ပြီး အမှန်တကယ်...
ကျန်းချီ ကိုးရီးယားနိုင်ငံ ကျွန်တော် အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတဲ့ ၂၀၁၉ ခုနှစ်တုန်းကပေါ့။ အဲဒီတုန်းက ဗီဒီယိုထုတ်လုပ်ရေးကို...
ဆယ်လ်ဗီ၊ ဖိလစ်ပိုင်လစ်ဇ်က အသင်းတော်မှာ အထွေထွေအလုပ်ကို တာဝန်ယူရတယ်။ ရော်ဂျာက စပြီးလေ့ကျင့်ခါစပဲ ရှိသေးတော့ အထွေထွေအလုပ်နဲ့...