လူမုန်းမခံချင်သူ ဖြစ်ရခြင်း၏ အမှန်တရားကို ကျွန်တော်သိမြင်ခဲ့ပါပြီ။

28.02.2021

ကျွန်တော်၏ မိတ်ဆွေများ၊ မိသားစုနှင့် အိမ်နီးချင်များနှင့် အပြန်အလှန် ဆက်ဆံရေးများတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းရာ၌ ကျွန်တော် များစွာ အားထုတ်ကြိုးပမ်းဖူးသည်။ မည်သူကမျှ ကျွန်တော်နှင့်ပတ်သက်၍ မကောင်း မပြောကြစေဖို့အလို့ငှာ၊ မည်သည့်အရာကိုမဆို ကျွန်တော် သည်းခံပြီး လူများအား သူတို့အလိုကျ လုပ်ခွင့်ပေးခဲ့သည်။ ကျွန်တော် မည်သူနှင့်မျှ မည်သည့်အခါမျှ မငြင်းခုံခဲ့ပါ။ တစ်စုံတစ်ဦးတွင် ပြဿနာရှိသည်ကို ကျွန်တော် သတိပြုမိသည့်အခါတွင်ပင်၊ ကျွန်တော် မည်သည့်အရာကိုမျှ မပြောသေးဘဲ ရှိလေသည်။ အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းက ကျွန်တော့်ကို လူကောင်းတစ်ယောက်အဖြစ် တွေးထင်လာကြသည်။ ယုံကြည်သူတစ်ယောက် ဖြစ်လာပြီးသည့်နောက်တွင်ပင်၊ ကျွန်တော်၏ အရေးကိစ္စများနှင့် အခြားသူများနှင့် အပြန်အလှန် ဆက်ဆံရေးများ၌ ရှင်သန်ခြင်းအတွက် ဤအတွေးအမြင်စနစ်ကို ဆက်လက်ကျင်သုံးခဲ့ပါသည်။ ကျွန်တော် ယုံကြည်မှုရပြီးသည့်နောက် သိပ်မကြာမီတွင် ကျွန်တော်တို့ ဝတ်ပြုစည်းဝေးပွဲများ၏ တာဝန်ခံတစ်ယောက်ဖြစ်သည့် အစ်ကိုတျန်းက၊ စကားပြောလျှင် အမြဲတမ်း သိမ်မွေ့ပြီး၊ ဘုရားသခင် နှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် သူ့၏ မိတ်သဟာယဖွဲ့ခြင်းများက အလင်းရစေသည်ကို သတိထားခဲ့မိသည်ကို ကျွန်တော် အမှတ်ရမိပါသည်။ ကျွန်တော် တစ်ခုခုဖြစ်တိုင်း သို့မဟုတ် အခက်အခဲ တစ်မျိုးမျိုး ရှိတိုင်း၊ ယင်းကို ကူညီဖြေရှင်းဖို့ သူ့ကို အကူအညီတောင်းရသည်ကို ကျွန်တော် သဘောကျပြီး၊ သူက ကျွန်တော်နှင့် မိတ်သဟာယဖွဲ့သည့်အချိန်မှာ သူက အမြဲတမ်း တကယ်ကို စိတ်ရှည်ခဲ့ပါသည်။ ကျွန်တော်တို့ အလွန် အဆင်ပြေခဲ့ကြသည်။ နောက်ပိုင်း နှစ်အနည်းငယ် ကြာသည့်အခါ၊ ကျွန်တော်တို့ နှစ်ယောက်လုံး အသင်းတော် ခေါင်းဆောင်အဖြစ် ရွေးကောက်ခံခဲ့ရပြီး၊ ကျွန်တော်လည်း သူနှင့်အတူ ကျွန်တော်၏တာဝန်ကို ထမ်းဆောင်ခွင့် ရသည့်အတွက် ပျော်ရွှင်နေမိခဲ့ပါသည်။ သို့ရာတွင် သိပ်မကြာမီပင် အစ်ကိုတျန်းက တကယ်တမ်း သူ၏တာဝန်ကို ထမ်းဆောင်ခဲ့ခြင်း မဟုတ်ဘဲ၊ ညီအစ်ကိုမောင်နှမများ အပျက်သဘောဆောင်ပြီး အားနည်းနေသည့်အချိန်တွင်၊ သူက ဟန်ဆောင်ပြီး၊ ရိုးရှင်းသည့် မိတ်သဟာယ အချို့ကိုသာ ဝေမျှဝေခဲ့သည်ကို ကျွန်တော် သတိပြုမိခဲ့သည်။ တစ်ခုခု အကျိုးရှိ မရှိ ကို သူတကယ် ဂရုမစိုက်ခဲ့ပါ။ “သူက တာဝန်မှာ တကယ်ဂရုမစိုက်တာပဲ မဟုတ်လား။ ဒါက သေချာပေါက် ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေလိမ့်မယ်။ ငါသူနဲ့ မိတ်သဟာယဖွဲ့မှ ရတော့မယ်။ ဒါပေမဲ့ ပြီးတော့၊ သူက ဒီတာဝန်ကို ထမ်းဆောင်နေတာ ငါ့ထက် ပိုကြာခဲ့ပြီး ဒီအလုပ်မှာ အတွေ့အကြုံအချို့ ရှိပြီးသားလေ။ ငါက အခုမှ ခေါင်းဆောင်အဖြစ် တာဝန်လုပ်ဆောင်တာ။ သူ့ကို သူ့တာဝန်မှာ သေချာ မထမ်းဆောင်ပါဘူးလို့ ငါကသာ ပြောရင်၊ သူ ငါ့ကို ဘယ်လိုထင်သွားမလဲ” ဟု ကျွန်တော် တွေးမိသည်။ “မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ် နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှု ဖြစ်စေ၏” ဟု လူများပြောကြသကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့၏ဆက်ဆံရေး ယခင်ကဲ့သို့ တည်မြဲဖို့အတွက် ကျွန်တော်သူ့ကို စကားသာပြောခဲ့ပြီး သူ့ပြဿနာများကို လျှော့ပြောခဲ့သည်။

ကျွန်တော်တို့ ဝတ်ပြုအစည်းအဝေးများထဲမှ တစ်ခုတွင်၊ ညီအစ်ကိုမောင်နှမအချို့က သူတို့ ဧဝံဂေလိတရား ဟောရာတွင်၊ ကြုံရသည့် အခက်အခဲများကို ပြောပြကြကာ၊ ကျွန်တော်တို့က ထိုကိစ္စများကို ကူညီပေးနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။ ကျွန်တော်တို့ အတူတူသွားဖို့ အစ်ကိုတျန်းကို ပြောခဲ့သော်လည်း၊ သူက ဧဝံဂေလိတရားဟောခြင်းကို မကျွမ်းကျင်၍ မသွားချင်ဘူးဆိုသည့် ဆင်ခြေမျိုး ပေးလာပါသည်။ ကျွန်တော်က ညီအစ်ကို မောင်နှမများ သူတို့၏တာဝန်မှာ အခက်အခဲ ကြုံနေရသောကြောင့်၊ ကျွန်တော်တို့လည်း အစွမ်း ရှိသလောက် အားလုံးလုပ်ပေးသင့်ကြောင်းနှင့် တာဝန်ကို ထမ်းဆောင်ရာမှာ မိမိတို့နှစ်သက်ရာများ အခြေခံပြီး လုပ်၍မရကြောင်း သူနှင့် မိတ်သဟာယ ဖွဲ့ခဲ့ပါသည်။ သူက မည်သည့်အရာမျှ ပြန်မပြောသောကြောင့်၊ ကျွန်တော်လည်း ဤသည်မှာ သူ ဝန်ခံသဘောတူခြင်း ဖြစ်သည်ဟု ထင်မိခဲ့သည်။ နောက်နေ့တွင် သူပေါ်၍ပင် မလာသည်ကို ကျွန်တော် အံ့ဩခဲ့ရပါသည်။ ကျွန်တော်သူ့ကို အနည်းငယ် စိတ်ပျက်ခဲ့ရသည်- ယင်းမှာ အသင်းတော် ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏ တာဝန်မသိမှု၊ ညီအစ်ကိုမောင်နှမများ၏ ပြဿနာများကို ကူညီဖို့ မကြိုးစားခြင်း ဖြစ်သည်မဟုတ်ပါလား။ ကျွန်တော် သူနှင့် ထိုကိစ္စ ပြောဖို့လိုပြီဖြစ်သည်ကို သိခဲ့ပါသည်။

ကျွန်တော်လည်း တွေ့ဆုံပွဲပြီး‌နောက် ချက်ချင်း အစ်ကိုတျန်းဆီ စကားပြောဖို့ သွားခဲ့ပြီး၊ လမ်းတစ်လျှောက်လုံး သူနှင့် မည်သို့မိတ်သဟာယဖွဲ့မည်ကိုသာ စဉ်းစားနေခဲ့မိသည်။ သို့ရာတွင် ကျွန်တော် သူ့အိမ်ရောက်သည့်အခါ၊ သူက အရမ်း နွေးထွေးကာ ဖော်ရွေနေပြီး၊ ကျွန်တော်လည်း အနည်းငယ် လျှိုထားခဲ့သည်။ ကျွန်တော်က “အစ်ကိုတျန်းက ပြုံးရွှင်ပြီး ငါ့ကိုတောင် လက်ဖက်ရည်တိုက်နေတာပဲ။ ငါသူ့ကို ဘယ်လိုလုပ် ဒီစကားပြောရက်မှာလဲ။ သူက အလုပ်မှာ တာဝန်မသိဘဲ၊ သူလည်း စိုးရိမ်ရတဲ့ အနေအထားဖြစ်နေပြီလို့ ပြောလိုက်ရင် သူ့အတွက် တကယ့်ကို အရှက်ကွဲစရာများဖြစ်နေမယ် မဟုတ်လား။ လူတွေပြောသလိုမျိုး ပြုံးနေတဲ့သူကို လက်ထောင်ပြီး မဆန့်ကျင်ပါနဲ့ ဆိုတာမျိုး။ ငါတို့ အမြဲတမ်း သင့်မြတ်နေခဲ့ကြတယ်။ ငါတို့ ဆက်ဆံရေးကို ဖျက်ဆီးမိလိုက်ရင် ငါတို့ဘယ်လိုလုပ် အလုပ်အတူ ဆက်လုပ်လို့ရမလဲ။ ငါတို့က တစ်ချိန်လုံး တွေ့နေမြင်နေရတာကြောင့်၊ အဲဒါက တကယ့်ကို ကြောင်တောင်တောင်ကြီး ဖြစ်သွားမှာ” ဟု တွေးမိသည်။ ထို့ကြောင့် သူ့ကို “ကျွန်တော်တို့ တာဝန်တွေမှာ တာဝန်သိစိတ်ထားဖို့ လိုနေပြီနော်။ ကျွန်တော်တို့ရဲ့ အကြိုက်တွေကို အခြေခံပြီးတော့ လုပ်လို့မရဘူး” ဟု ညင်ညင်သာသာ ပြောခဲ့ပါသည်။ သူခေါင်းငိုက်စိုက်ပြီး မည်သည့်အရာမျှ မပြောသည့်အခါ၊ ကျွန်တော် ဆက်ပြောဖို့ စိတ်မကောင်းဖြစ်ခဲ့ရသည်။ ကျွန်တော် အသင်းတော် ခေါင်းဆောင်အဖြစ် စလုပ်ဖြစ်သည်မှာ သိပ်မကြာသေးသည်ကိုလည်းကောင်း၊ အသင်းတော်အလုပ်ကို ကောင်းကောင်းမသိသေးသည်ကိုလည်းကောင်း တွေးမိလိုက်သည်။ ကျွန်တော် သူ့အကူအညီလိုသည့် ကိစ္စများ အများကြီး ရှိသေးပြီး၊ “လူတစ်ယောက်၏ တံတားကို မီးမရှို့မိစေနဲ့” ဆိုသည့် ရှေးဆိုရိုးတစ်ခုကဲ့သို့ပင် ဖြစ်သည်။ ကျွန်တော် သူ့အပေါ် အရမ်း ကြမ်းကြမ်းတမ်းတမ်း ပြော၍မဖြစ်ဟု ခံစားခဲ့ရသောကြောင့်၊ မည်သည့်အရာမှ ထပ်မပြောဖြစ်ခဲ့ပါ။

နောက်ပိုင်းတွင် ကျွန်တော်တို့၏ခေါင်းဆောင်များဆီက ဝတ်ပြုစည်းဝေးပွဲတစ်ခုနှင့် ပတ်သက်ပြီး အသိပေး စာတစ်စောင် ရောက်လာသည်၊ ပြီးလျှင် အစ်ကိုတျန်းနှင့် ကျွန်တော်လည်း ညီအစ်ကိုမောင်နှမတိုင်းကို အသိပေးဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။ နောက်နေ့ သူနှင့်တွေ့သည့်အခါ သူ့ကို လိုက်ပြောပြီးခြင်း ရှိမရှိ မေးခဲ့ရာ၊ သူက အခြားကိစ္စများနှင့် အလုပ်ရှုပ်နေ၍ ယင်းကို မေ့သွားခဲ့သည်ဟု လုံးဝ အပူအပင်မရှိဘဲ ပြောသည်။ သူ မည်မျှ စိတ်မဝင်စားသည်ကို မြင်သည့်အခါ၊ သူ့ကို အပြစ်မတင်ဘဲ မနေနိုင်ခဲ့ပါ။ “ခင်ဗျားအလုပ်ကို ဒီလိုလုပ်နေတာက တာဝန်မဲ့ရာကျပြီးတော့ အသင်းတော်ရဲ့အလုပ်ကို နှောင့်နှေးစေနိုင်တယ်။” ဟု ကျွန်တော် ပြောခဲ့သည်။ သူ့မျက်နှာတစ်ချက်မဲ့ သွားပြီး၊ သော့ကိုယူကာ ထွက်သွားသည့်အခါ ကျွန်တော် အံ့ဩခဲ့ရသည်။ သူ၏ မလိုလားသည့်ပုံကို တွေ့လိုက်ရသည့်အခါ၊ ကျွန်တော်တို့ ဆက်ဆံရေး လုံးလုံး ပျက်စီးသွားမည်ကို စိုးရွံ့လျက်၊ ကျွန်တော် မည်သည့်အရာမျှ မဆက်မပြောရဲခဲ့ပါ။

အစ်ကိုတျန်းက သူ၏တာဝန်ကို တစ်ခုမျှ မထမ်းရွက်ခဲ့ကြောင်း၊ ဂရုမစိုက်ဘဲ တစ်ခါတစ်လေ နှောင့်နှေးခြင်းများ ဖြစ်စေခဲ့ကြောင်းနှင့်၊ ပြဿနာရင်ဆိုင်ရတိုင်း သူ့အကြောင်းသူ မသိကြောင်းတို့ကို ကျွန်တော် တွေ့ခဲ့ရပါသည်။ အခြားသူများက သူ့ပြဿနာကို ထောက်ပြ မိတ်သဟာယ ဖွဲ့ပြသည့်အခါ၊ သူက လက်မခံခဲ့ပါ။ ထိုအရာများအားလုံးက သူသည် သမ္မာတရားကို လက်မခံနိုင်သည့် သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုမရှိသည့် ခေါင်းဆောင်ဖြစ် အတုအယောင် တစ်ဦး ဖြစ်နေသည်ကို ပြနေခြင်း မဟုတ်ပါလား။ သူသာ ခေါင်းဆောင်အဖြစ် ဆက်လုပ်နေမည်ဆိုပါက၊ ယင်းက အသင်းတော်၏ အလုပ်ကို နှောင့်နှေးစေမည် ဖြစ်ပါသည်- ခေါင်းဆောင်များကို သူ့ပြဿနာများနှင့် ပတ်သက်ပြီး သိအောင်ပြောပြသင့်သည်ကို သိခဲ့ပါသည်။ သို့ရာတွင် ထို့နောက် ခေါင်းဆောင်များက အားလုံးကို သိသွားသည့်အခါ၊ သေချာပေါက် သူ့ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းကာ သူ့ရာထူးကိုလည်း ဆုံးရှုံးရနိုင်သည်ကို တွေးမိခဲ့ပါသည်။ တိုင်သည့်သူက ကျွန်တော်ဖြစ်သည်ကို အစ်ကိုကျန်းသာ သိသွားခဲ့ပါက၊ ကျွန်တော့်ကို နှလုံးသားမရှိသည့်၊ သူငယ်ချင်းအရင်းကြီးကို သစ္စာဖောက်သည့် လူဟု ပြောမည် ဖြစ်သည်။ ထို့နောက်ပိုင်း သူ့ကို မည်သို့ မျက်နှာချင်းဆိုင်ရမည်နည်း။ ထိုအတွေးက ကျွန်တော် မည်သည့်အရာလုပ်ရမည်ကို မသေမချာ ဖြစ်စေခဲ့ပါသည်။ တော်တော်များများ အသေအချာတွေးပြီးသည့်နောက် အဆုံး၌ သူ့ကို တိုင်ဖို့ ကိစ္စကို ခဏ နောက်ဆုတ်ထားဖို့ ဆုံးဖြတ်ခဲ့ပါသည်။ သူ့ပြဿနာများကို ပြောပြလိုက်မည်၊ သို့ဆိုလျှင် သူလည်း ပြန်သုံးသပ်ပြီး သူ့ပြဿနာများကို နားလည်ပြီး နောင်တရသွားမည်။ သူက ယုံကြည်သူဖြစ်လာသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီး သူလည်း အရင်က အလုပ်မှာ တကယ့်ကို တာဝန်သိခဲ့သည်။ ထို့ကြောင့် ရက်ပိုင်းလောက် သေချာစောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူမပြောင်းလဲသေးပါက၊ တိုင်လိုက်၍ရပြီဖြစ်သည်။

နောက်တော့ ကျွန်တော်တို့ထံတွင် လူ့သဘာဝကောင်းပြီး နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုတော်ကို စုံစမ်းလေ့လာဖို့ စိတ်ဝင်စားနေသည့် ပြောင်းလဲလိုသူတစ်ယောက် ရှိလာခဲ့သည်၊ သို့ရာတွင် သူက ရက်ပိုင်းလောက် အလုပ်ကိစ္စနှင့်မြို့အပြင် သွားစရာရှိ နေသည်။ ကျွန်တော်တို့ တတ်နိုင်သမျှ အမြန်ဆုံး သူ့ကို ဧဝံဂေလိတရားဟောဖို့လူ ရှာဖို့လိုခဲ့ပါသည်။ ယင်းကို ဆွေးနွေးခဲ့ပြီးသည့်နောက်တွင် အစ်ကိုတျန်းကို သွားခိုင်းဖို့ ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် မမျှော်လင့်စွာပင် သူက အချိန်ရောသွားပြီး သွားရမည့်နေ့မှာ မသွားခဲ့ပါ။ ကျွန်တော် ထိုအကြောင်းကို သိသွားသည့်အခါ၊ တကယ် စိတ်ဆိုးခဲ့ပါသည်။ သူ့ကို အကြိမ်များစွာ သတိပေးခဲ့သော်လည်း၊ သူ လုံးဝ မပြောင်းလဲခဲ့ဘဲ၊ ထိုအချိန်သည် သူအရေးကြီးကိစ္စတစ်ခုကို တကယ် တလွဲလုပ်ပစ်သည့် အချိန်ဖြစ်သည်။ အစ်ကိုတျန်းက တာဝန်ကို အချိန်တစ်ခုကြာ လျော့တိလျော့ရဲ လုပ်ခဲ့ပြီးတာဝန်သိစိတ် မရှိသည်ကို ကျွန်တော် သိခဲ့သော်လည်း၊ ကျွန်တော်က ဆက်ဆံရေးနှင့် ချည်နှောင်ထားခံခဲ့ရခြင်း ဖြစ်သည်။ သူစိတ်ဆိုးအောင် လုပ်မိမည်ကို စိုးရိမ်မိသောကြောင့်၊ သူ့ပြဿနာများအကြောင်း ခေါင်းဆောင်များကို မပြောခဲ့ရပါ။ ယင်းကပင် အသင်းတော်၏ အမှုတော်ကို တစ်ကြိမ်ပြီးတစ်ကြိမ် နှောင့်နှေးစေခဲ့ပါသည်။ ကျွန်တော်က ဆိုးယုတ်မှုကို လုပ်နေမိခြင်း မဟုတ်ပါလား။ ကျွန်တော် ထိုအတွေးနှင့် စိတ်ပျက်ပြီး မိမိကိုယ်ကိုယ် အပြစ်တင်မှုများ အပြည့်နှင့် ဖြစ်နေခဲ့ရပါသည်။

ထိုညနေမှာပင် ကျွန်တော့်ပြဿနာများကို နားလည်အောင် လမ်းညွှန်ပေးဖို့ တောင်းလျှောက်လျက်၊ ကျွန်တော် ဘုရားသခင်ထံ ဆုတောင်းခဲ့ပါသည်။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဤအပိုဒ်ကို ဖတ်ခဲ့ရပါသည်။ “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ ၎င်းတို့အတွင်းတွင် သမ္မာတရားနှင့်ဆိုင်သော အသက် မပိုင်ဆိုင်ကြ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ကောက်ကျစ်စဉ်းလဲပြီး ဆိုးသွမ်းသော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် ဘုရားသခင်၏အိမ်တော်၏ အမှုကို ဆုံးရှုံးမှုများဖြစ်စေပြီး ဘုရားသခင်ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က စေ့စေ့စပ်စပ် နားလည်ခြင်းမရှိသောကြောင့် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာမျှ မဟုတ်ပေ။ ယင်းမှာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား အချို့၏ ထိန်းချုပ်ခြင်းကို ခံရနေခြင်း ဖြစ်သည်။ ဤစိတ်သဘောထားများထဲမှ တစ်ခုမှာ ကလိမ်ကကျစ်အပြုအမူ ဖြစ်သည်။ သင်က၊ ‘ကျွန်ုပ် ထုတ်ပြောလိုက်လျှင်၊ ကျွန်ုပ်ကို မည်သို့ အကျိုးပြုမည်နည်း။ ကျွန်ုပ် ထုတ်ပြောလိုက်ပြီး တစ်စုံတစ်ဦးကို သဘောမကျဖြစ်စေပါက၊ အနာဂတ်တွင် ကျွန်ုပ်တို့ မည်သို့ အဆင်ပြေမည်နည်း’ ဟု တွေးရင်း၊ သင့်ကိုယ်သင် ဦးစွာပထမ စဉ်းစားလေသည်။ ဤသည်မှာ ကလိမ်ကကျစ် စိတ်နေစိတ်ထားဖြစ်၏၊ မှန်သည်လော။ ဤသည်မှာ ကလိမ်ကကျစ် စိတ်သဘောထား၏ အကျိုးဆက်မဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး ခက်ထန်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းကို ငါမြင်ကာ ဖြစ်ပျက်နေသည်ကို ကြားလျှင်ပင်၊ မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ မလိုအပ်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်- ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်’ဟု တွေးသည်။ ထိုသို့သော အရာများသည် သင်၏ မသိစိတ်မှ ပေါက်ဖွားသည့်အလား၊ ပြီးလျှင် သင်၏ စိတ်နှလုံးတွင် ယင်းတို့က အမြဲတမ်းနေရာများ ယူထားကြသည့်အလား- သင်၏ အတွင်းတွင် ရှိကြလေသည်၊ ယင်းတို့သည် လူသား၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက သင်၏ အတွေးများကို ထိန်းချုပ်ပြီး သင်၏ လက်များနှင့် ခြေများကို ချည်နှောင်ကာ သင်၏ နှုတ်ကို ထိန်းချုပ်လေသည်။ သင်၏ စိတ်နှလုံးထဲရှိ တစ်စုံတစ်ရာကို သင် ပြောလိုသည့်အခါတွင်၊ စကားလုံးများက သင်၏ နှုတ်ခမ်းများဆီသို့ ရောက်ရှိသော်လည်း သင် မပြောပေ၊ သို့မဟုတ် သင် ပြောဆိုပါက၊ သင်၏ စကားများသည် သင်လှည့်ပတ်လမ်းကြောင်းစရာ နေရာပေးလျက် ဝေ့လည်ကြောင်ပတ် ဖြစ်လေသည်- သင်သည် လုံးဝ ရှင်းရှင်းလင်းလင်း မပြောဆိုပေ။ သင့်ကို ကြားပြီးသည့်နောက်တွင် အခြားသူများသည် မည်သည့်အရာမျှ မခံစားရကြသကဲ့သို့၊ သင် ပြောပြီးသည့် အရာက ပြဿနာကို မဖြေရှင်းသေးပေ။ သင်က၊ ‘ကောင်းပြီ၊ ငါ ထုတ်ပြောခဲ့သည်။ ငါ၏ အသိစိတ်က အေးချမ်းသည်။ ငါ၏ တာဝန်ကို ငါ ဖြည့်ဆည်းပြီးပြီ’ ဟု မိမိကိုယ်ကိုယ် တွေးလေသည်။ အမှန်တွင်၊ သင်ပြောသင့်သည့် အရာအားလုံး သင် မပြောသေးသည်ကို၊ သင် ပြောပြီးသည့်အရာသည် အကျိုးသက်ရောက်မှုရှိသကဲ့သို့၊ ဘုရားအိမ်တော်၏ အမှုအပေါ် ထိခိုက်နစ်နာစေခြင်း ရှိနေသေးသည်ကို သင်၏ စိတ်နှလုံးထဲတွင် သင် သိပေသည်။ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းသေးပေ၊ သို့သော် သင်က သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်သည်၊ သို့မဟုတ် ဖြစ်ပျက်နေခဲ့သည့်အရာသည် သင့်အဖို့ မရှင်းလင်းခဲ့ပါဟု ပေါ်ပေါ်ထင်ထင် ဆိုသည်။ ထိုသို့ဆိုလျှင် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေသည် မဟုတ်လော။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များ တစ်လုံးချင်းစီတိုင်းက ကျွန်တော့်ကို မိုးကြိုးသွားကဲ့သို့ ပစ်ချခဲ့ပါသည်၊ ဘုရားသခင်က ကျွန်တော့်ကို တရားစီရင်ပြီး ဖော်ထုတ်နေစဉ် ကျွန်တော်က မျက်နှာချင်းဆိုင်မှာ ရှိနေခဲ့သကဲ့သို့ပင် ဖြစ်ပါသည်။ အလွန် အပြစ်ရှိသိုကဲ့သို့ ခံစားခဲ့ရပါသည်။ အစ်ကိုတျန်းက တာဝန်ကို တစ်ခုမှ မလုပ်ဆောင်ကြောင်းနှင့် အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့ကြောင်းတို့ကို ရှင်းရှင်းလင်းလင်း သိခဲ့ရသော်လည်း၊ သူနှင့် ဆက်ဆံရေးကို ကာကွယ်နိုင်ဖို့အတွက် သဘောကောင်းသည့် လူတစ်ယောက်ကဲ့သို့ နေခဲ့ပြီးတော့၊ မျက်ကွယ်ပြု ထားခဲ့မိပါသည်။ ကျွန်တော်လည်း သူ့ပြဿနာများကို ထောက်ပြဖို့ သတ္တိများမွေးခဲ့သော်လည်း၊ သူ့အပြုအမူများ၏ ပကတိ အကြောင်းအရင်းနှင့် ထိခိုက်စေသည့် အကျိုးဆက်များ အကြောင်း မပြောရဲခဲ့ဘဲ နောက်တွန့်ခဲ့ရသည်။ မိမိကိုယ်ကိုလည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု တွေးပြီး အရူးလုပ်ခဲ့မိပါသည်။ ခေါင်းဆောင်အတုအယောင် တစ်ဦးက ဘုရားသခင့်အိမ်တော်၏ အမှုတော်ကို ဖြစ်စေနိုင်သည့် ထိခိုက်မှုကို မြင်ခဲ့ရသော်လည်း၊ မိမိကိုယ်ကိုယ် ကာကွယ်ဖို့အတွက် သူ့ကို လူသိအောင်မဖော်ပြခဲ့သကဲ့သို့၊ မတိုင်ကြားခဲ့မိပါ။ ကျွန်တော်က လူတစ်ယောက်ကို စော်ကားဖို့ထက်၊ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားဖို့ ပိုပြီး ဆန္ဒရှိနေခဲ့မိခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ လုပ်နေခြင်းက ကျွန်တော့်ကို ခေါင်းဆောင် အတုအယောင်တစ်ဦး၏ဘေးမှာ ရပ်ကာ သူနှင့်အတူ ဒုစရိုက်နွံနစ်ပြီး အသင်းတော်၏အလုပ်ကို နှောင့်နှေးစေလျက်၊ စာတန်၏ လက်ပါးစေ ဖြစ်စေခဲ့သည်။ ဤသည်မှာ ဘုရားသခင်အတွက် ရွံစရာနှင့် မသတီစရာ ဖြစ်ခဲ့ပါသည်။ ကျွန်တော်က သမ္မာတရားနှင့် မိတ်သဟာယဖွဲ့မည်၊ ညီအစ်ကို မောင်နှမများ၏ ကိစ္စများကို ဖြေရှင်းပေးပြီး အသင်းတော်အမှုကို ထိန်းသိမ်းမည်ဆိုသည့် မျှော်လင့်ချက်နှင့် ဘုရားသခင်က အသင်းတော် ခေါင်းဆောင်တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခွင့်ပေးလျက် ကျွန်တော့်ကို မြှင့်တင်ပေးခဲ့သည်။ သို့ရာတွင်လည်း ထိုအစား ကျွန်တော်က ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးများကို ကာကွယ်ပြီး၊ မှားယွင်းသည့် ခေါင်းဆောင်က အသင်းတော်အလုပ်ကို နှောင့်ယှက်နေသည့်အချိန် သူ့ကို မျက်နှာသာပေးခဲ့မိသည်။ ကျွန်တော်တာဝန်မှာ စိတ်အားထက်သန်မှု လုံးဝ မရှိသည်ကို သိခဲ့ရပါသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကျရှုံးခဲ့ရုံတင်မဟုတ်ဘဲ၊ ပြစ်မှားခြင်းကိုပါ ကျူးလွန်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်က ဘုရားသခင်၏ အနစ်နာခံ အားထုတ်မှုများကို တကယ့်ကို ကျရှုံးစေခဲ့ခြင်း ဖြစ်ပါသည်။ နောက်ဆုံးမှာမူ လူမုန်းမခံချင်သူများသည် တကယ်တော့ လူကောင်းများမဟုတ်ဘဲ၊ တစ်ကိုယ်ကောင်းဆန်ပြီး ကောက်ကျစ်သည်ကို ကျွန်တော် မြင်လိုက်ပါသည်။ ယင်းကို သိလိုက်ရသည့်အခါ၊ ကျွန်တော့်အတွက် တကယ်ကို စိတ်ပျက်စရာဖြစ်ခဲ့ပြီး မိမိကိုယ်ကိုယ် အရမ်းဆိုးသည်ဟု ခံစားခဲ့ရပါသည်။ ကျွန်တော်သည် လူမုန်းမခံချင်သူအဖြစ် ဆက်နေ၍ မရတော့ဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အစ်ကိုတျန်း၏ လက်တွေ့လုပ်ဆောင်မှုမရှိခြင်းအား ဖော်ထုတ်ရမည်ကို သိခဲ့ပါသည်။ သူ့ပြဿနာများနှင့်ပတ်သက်ပြီး ခေါင်းဆောင်များကို အမှန်အတိုင်း ပြောပြီး သူ့အတွက် ကာပေးခြင်းများကို ရပ်ရမည်ဖြစ်သည်။

ထိုညတွင်ပင် အစ်ကိုတျန်း၏ ဆောင်ရွက်ချက် အကြောင်း ခေါင်းဆောင်များထံ စာရေးခဲ့ပါသည်။ စာရေးပြီးသည့်နောက်မှာ အရမ်းစိတ်သက်သာပြီး ငြိမ်းချမ်းသွားခဲ့ပြီး‌၊ နောက်ဆုံးမှာ ယခင်ကကဲ့သို့ ရွံစရာကောင်းပြီး နိမ့်ကျမှု မရှိတော့ဘဲ၊ နောက်ဆုံးတွင် တရားမျှတမှုအသိစိတ် စတင် ရရှိလာပြီဟု ခံစားခဲ့ရပါသည်။ ဘုရားသခင် ပြောသကဲ့သိုပင် ဖြစ်ပါသည်၊ “သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်လျှင်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်လျှင်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်လျှင်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားနိုင်လျှင်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားသခင်နှင့် သူ၏အိမ်တော်တို့၏ အကျိုးများကို ဦးစားပေးနိုင်လျှင်၊ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင်၊ ဤသည်မှာ အသက်ရှင်ရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စိတ်သဘောထားကျဉ်းမြောင်းခြင်း သို့မဟုတ် ခက်ထန်ခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ စိတ်နှလုံးအတွင်းရှိ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) နောက်နေ့ အစ်ကိုတျန်းကို တွေ့တော့၊ သူနှင့် မိတ်သဟာယဖွဲ့ခဲ့ပြီး သူ့တာဝန်၏ ပြဿနာများကို ပွင့်ပွင့်လင်းလင်းပြောခဲ့ပြီး၊ အလွန် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ လုပ်ခြင်း၏ အကျိုးဆက်နှင့် သဘာဝအကြောင်း ကျွန်တော် ပြောခဲ့ပါသည်။ ကျွန်တော် ပြောသည်ကို နားထောင်ပြီး သူ့မှာ ပြဿနာရှိသည်ကို သူသိခဲ့ပါသည်။ အခြားခေါင်းဆောင်များကလည်း လက်တွေ့လုပ်ဆောင်မှု တစ်ခုမျှ မလုပ်ခဲ့သည့် သူ၏ အကြမ်းဖျင်း ဆောင်ရွက်ချက်မှတစ်ဆင့်လည်းကောင်း၊ သူသည် ခေါင်းဆောင် အတုအယောင် ဖြစ်သည်ဟု လည်းကောင်း ဆုံးဖြတ်ချက်ချပြီး ရာထူးက ဖယ်ရှားခဲ့ကြပါသည်။ သူ့ရာထူးကို ဆုံးရှုံးခဲ့ရသော်လည်း၊ ကျွန်တော့်မှာ သူ့ကြောင့် ထိခိုက်ခဲ့ရသည့် အသင်းတော်၏ အလုပ်အတွက် ငြင်းမရနိုင်သည့် တာဝန်ရှိနေပါသေးသည်။ ကျွန်တော်သည် မည်သည့်အခါမှ လူမုန်းမခံချင်သူ ထပ်မဖြစ်စေရဘဲ၊ အသင်းတော်၏အလုပ်မှာ အတားအဆီး ဖြစ်စေတော့မည် မဟုတ်ဟု ကျွန်တော့်ကိုယ် ကျွန်တော် ကျိန်ဆိုခဲ့ပါသည်။

မကြာမီတွင် အသင်းတော် ခေါင်းဆောင်ဖြစ်လာသည့် အစ်ကိုလီနှင့် ကျွန်တော် စပြီး အလုပ်လုပ်ခဲ့ရသည်။ အလုပ်မှာ ကြုံရသည့် မည်သို့ အခက်အခဲအကြောင်းမဆို ဆွေးနွေးပြီး မိတ်သဟာယ ဖွဲ့ခဲ့ပါသည်။ ကျွန်တော် အခြေအနေဆိုးတစ်ခုတွင် ရှိသည့်အချိန်က သူက မိတ်သဟာယဖြင့် ကူညီပေးခဲ့ပါသည်။ ကျွန်တော်တို့ တကယ်ကို သင့်မြတ်ခဲ့ကြသည်။ သို့သော် အချိန်ကြာလာသည့်နောက်တွင် အစ်ကိုလီက သူ၏တာဝန်မှာ လက်တွေ့လုပ်ဆောင်မှု မရှိသည်မှာ သိသာလာခဲ့သည်။ သူက ဝတ်ပြုစည်းဝေးပွဲများတွင် တွေ့ဆုံပွဲများမှာ ဟန်ဆောင်နေပြီး ညီအစ်ကိုမောင်နှမများ၏ လက်တွေ့ဘဝအခက်အခဲများကို မဖြေရှင်းပေးခဲ့ပါ။ အစ်ကိုလီက သိပ်ပြီးတာဝန်မသိကြောင်းနှင့် ကျွန်တော်သူ့ကို မိတ်သဟာယဖွဲ့ပေးသင့်ကြောင့် ကျွန်တော် တွေးမိလာသည်။ သိပ်မကြာမီတွင် ဤကိစ္စကို သူနှင့်ပြောဆိုခဲ့ပြီး၊ သူ၏တာဝန်ကို သူ လုပ်ဆောင်သည့်နည်းလမ်း၏ သဘာဝနှင့် အကျိုးဆက်တို့ကို ကျွန်တော် ဖော်ထုတ်ခဲ့ပါသည်။

အချိန်အချို့ ကုန်သွားခဲ့သော်လည်း၊ အစ်ကိုလီက သူ့တာဝန်နှင့်ပတ်သက်သည့် သဘောထားကို မပြုပြင်သေးသည်ကို သတိထားခဲ့မိပြီး၊ ထို့အပြင် သူက အမြဲတမ်း နာမည်ကောင်းနှင့် ဂုဏ်ဒြပ်တို့ကိုသာ ရှေ့တန်းတင်နေခဲ့သည်ကို ကျွန်တော် သတိပြုမိခဲ့သည်။ သူ၏တာဝန်မှာ မည်သည့်အရာမျှ မဆောင်ရွက်နိုင်ဘဲ၊ အခြားသူများ၏ လေးစားမှုကို မရသည့်အခါ၊ သူက အပျက်သဘောဆောင်လာပြီး၊ အသင်းတော်၏အလုပ်ကို စိတ်မဝင်စားတော့ပါ။ ကျွန်တော်လည်း သူနှင့် မိတ်သဟာယဖွဲ့ဖို့ ထပ်သွားခဲ့ပြီး သူ၏ တာဝန်အပေါ် သူ၏ကြံရွယ်ချက်များကို ပြန်သုံးသပ်ဖို့နှင့် နားလည်အောင် ကြိုးစားဖို့ ပြောခဲ့ပါသည်။ ထိုအချိန်တွင်ပင် သူ့လိုက်စားမှု၌ သူ၏ ရှုထောင့်က လမ်းလွဲနေပြီဖြစ်သည်ကို သိခဲ့သော်လည်း၊ ရှေ့လျှောက်လည်း သူ့စိတ်က လုံးဝ မပြောင်းလဲခဲ့ပါ။ သူသာ ထိုတာဝန်မှာ ဤကဲ့သို့ ဆက်လုပ်နေမည်ဆိုပါက၊ အသင်းတော်၏အလုပ်ကို ထိခိုက်စေမည်ကို ကျွန်တော်သိလိုက်သောကြောင့်၊ ခေါင်းဆောင်များ သိအောင်ပြောဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါသည်။ သို့ရာတွင် ကျွန်တော် ဘောလ်ပင် ကောက်ကိုင်ပြီး စာရေးဖို့ အဆင်သင့် ဖြစ်နေသည့်အချိန်မှာ၊ “တကယ်လို့များ ခေါင်းဆောင်တွေက အစ်ကိုလီရဲ့ အပြုအမူအကြောင်း သိသွားပြီဆိုရင်၊ သူတို့က စည်းမျဉ်းနဲ့အညီလုပ်ပြီး သူ့ကို ရာထူးက ဖြုတ်ပစ်မှာ သေချာတယ်။ အစ်ကိုလီက သူ့ဂုဏ်သိက္ခာကို အရမ်းတန်ဖိုးထားတာ- သူသာ အဖြုတ်ခံရရင် ငါ့ကို စိတ်ဆိုးမှာ မဟုတ်လား။ ငါရဲ့တာဝန်ကို စလုပ်တဲ့အချိန်က သူကအမြဲတမ်း မိတ်သဟာယဖွဲ့ပြီး ကူညီခဲ့တဲ့အတွက်၊ အခုသူ့ပြဿနာကို တိုင်လိုက်ပြီဆိုရင် ငါ့ကို နှလုံးသားမရှိဘူးလို့များထင်သွားမလား။ အဲဒီနောက်ပိုင်း သူ့ကိုဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ။” ဟု တွေးမိလိုက်သည်။ ထို့နောက် ကျွန်တော် လူမုန်းမခံချင်သူ နောက်တစ်ကြိမ် ဖြစ်လာတော့မည်ဖြစ်ပြီး၊ ဘုရားသခင့်အိမ်တော်၏ အမှုတော်ကို ထိန်းသိမ်းနေခြင်း မဟုတ်သည်ကို ကျွန်တော် သိလိုက်သည်။ ယင်းမှာ ကျွန်တော်သည် အတော်အတန် အပြစ်ရှိသကဲ့သို့ ခံစားရသောကြောင့်၊ “ဘုရားသခင်၊ ကျွန်တော်က အစ်ကိုလီရဲ့ပြဿနာကိုမြင်ခဲ့ပြီးတော့ တိုင်ကြားချင်ပေမယ့် သူစိတ်မကျေမနပ်ဖြစ်သွားမှာကို ကြောက်နေပါတယ်။ သမ္မာတရားကို ကောင်းကောင်းသိပေမဲ့၊ လက်တွေ့မလုပ်ဆောင်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒါက ဘုရားသခင့်အိမ်တော်ရဲ့ အလုပ်ကို ထိန်းသိမ်းနေတာ မဟုတ်တော့ပါဘူး။ အို ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်တော် နောင်တရပြီးပြောင်းလဲသွားအောင် ကိုယ့်ကိုယ်ကို သိဖို့ လမ်းညွှန်ပေးပါ” ဟု အဆောတလျင် ဆုတောင်းခဲ့ပါသည်။

ဆုတောင်းပြီးသည့်နောက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဤအပိုဒ်ကို ဖတ်ခဲ့ရပါသည်။ “စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ ‘လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော’ ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။...လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။...လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”)

ဘုရားသခင်၏နှုတ်ကပတ်တော်များမှတစ်ဆင့် ကျွန်တော်၏ လူမုန်းမခံချင်သူ ဖြစ်ရခြင်းက၊ အလွန် တစ်ကိုယ်ကောင်းဆန်ကာ၊ ရွံရှာစရာကောင်းသည်၊ ကောက်ကျစ်ပြီး စဉ်းလဲသည်ကို နားလည်နိုင်ခဲ့ပါသည်။ ကျွန်တော်က ကိစ္စတိုင်းမှာ မိမိ၏အကျိုးစီးပွားများ အမြဲရှေ့တန်းတင်နေခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်က အသက်ရှင်ဖို့အတွက် “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏၊” “မပြောမီ ကြိုစဉ်းစားပါ၊ ထို့နောက် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုပါ၊” နှင့် “အခြားသူများကို မည်သည့်အခါမျှ မစော်ကားပါနှင့်၊ သို့မဟုတ် ၎င်းတို့၏ချို့ယွင်းချက်များအတွက် အပြစ်မတင်ပါနှင့်” တို့ကဲ့သို့သော ရှင်သန်ခြင်းအတွက် စာတန်၏ စည်းမျဉ်းများ အမြင်များဖြင့် အသက်ရှင်ခဲ့ခြင်း ဖြစ်သည်။ အခြားသူများ၏ ပြဿနာများနှင့်ပတ်သက်ပြီး မည်သူနှင့် ရင်ဆိုင်ရပါစေ၊ သူများအမြင်မှာ မိမိကို အခြားသူများက ချစ်ခင်နှစ်လိုမည်၊ သူတို့က ကျွန်တော့်ကို ခင်ကြမည်ဟု တွေးထင်လျက်၊ ပါးစပ်ကို ပိတ်ပြီးနေခဲ့မိခြင်း ဖြစ်ပါသည်။ အချိန်တိုင်း ကျွန်တော့်၏ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးကို ကာကွယ်ခဲ့သည်၊ သူများအမြင်မှာ မိမိနှင့်ပတ်သက်သည့် အမြင်ကို ကာကွယ်ခဲ့သည်။ စာတန်၏ လှည့်ဖြားအကွက်ချမှုများ ကဲ့သို့ပင်၊ ကျွန်တော်၏ ကိုယ်ပိုင်ကြံရွယ်ချက်များနှင့် လုပ်ဆောင်မှုများက ကျွန်တော် မည်သည့်အရာကိုလုပ်သည်ဖြစ်စေ ရောထွေးနေပါသည်။ ကျွန်တော်သိခဲ့သည်မှာ၊ အစ်ကိုတျန်းက သူ၏တာဝန်၌ တာဝန်သိစိတ် တစ်စက်မျှ မခံစားရဘဲ၊ အသင်းတော်၏အလုပ်ကို ခဏခဏ နှောင့်ယှက် နှောင့်နှေးစေခဲ့သည်ကို ကျွန်တော် သိသော်လည်း၊ သူ့ကို စော်ကားမိမည်ကို စိုးရွံ့ကာ ကျွန်တော်နှင့်ပတ်သက်သည့် သူ၏အမြင်ကို ထိန်းသိမ်းဖို့ မျှော်လင့်လျက်၊ ခေါင်းဆောင်များအား သူ့ပြဿနာကို အသေးစိတ် မပြောခဲ့သကဲ့သို့ မတိုင်ကြားခဲ့ပါ။ ဤသည်မှာ အသင်းတော်၏ အလုပ်ကို ထိခိုက်စေခဲ့ပါသည်။ ပြီးလျှင် လတ်တလောတွင်၊ အစ်ကိုလီက သူ၏တာဝန်မှာ နာမည်ကောင်းနှင့် ဂုဏ်ဒြပ်ကိုသာ အာရုံစိုက်ပြီး အသင်းတော်၏အလုပ်အတွက် တာဝန်ယူမှု မရှိခဲ့သည်ကို မြင်ခဲ့ရပါသည်။ သူ့ကိုယ်သူ စစ်မှန်သော နားလည်မှု မရှိဘဲ၊ သူသည် ထိုရာထူးအတွက် ကောင်းစွာ မကိုက်ညီခဲ့သည်ကိုလည်း ကျွန်တော် သိခဲ့ပြီး ဘုရားသခင့်အိမ်တော်၏ အလုပ်ကို ကာကွယ်ဖို့ ခေါင်းဆောင်များကို ကျွန်တော် ချက်ချင်းပြောသင့်ခဲ့သည်ကို သိခဲ့ပါသည်။ သို့ရာတွင် သူကျွန်တော့်ကို မကျေမချမ်းဖြစ်ပြီး ကျွန်တော့်၏ကိုယ်ပိုင် အကျိုးစီးပွားနှင့် ဂုဏ်သတင်းထိခိုက်မည်ကို စိုးရိမ်သောကြောင့်၊ လူမုန်းမခံချင်သည့်သူတစ်ယောက်၏ အခန်းကဏ္ဍကို ကျွန်တော် ပြန်ယူလိုခဲ့ပါသည်။ ကျွန်တော်က အသင်းတော်၏အလုပ်ကို လုံးဝ ထည့်မတွက်ဘဲ မိမိကိုယ်ပိုင် အကျိုးစီးပွားများနှင့် ဂုဏ်သတင်းတို့ကို အရာအားလုံးထက် ရှေးရှုလျက်၊ အချိန်တိုင်း စာတန်၏ အသက်ရှင်ဖို့အတွေးအခေါ်များနှင့်ရှင်သန်နေခဲ့သည်ကို ကျွန်တော် သတိပြုမိခဲ့သည်။ ကျွန်တော်က တကယ့်ကို တစ်ကိုယ်ကောင်းဆန်ပြီး ရွံစရာကောင်းခဲ့ပါသည်။ ဤအရာများ အားလုံးက ကျွန်တော်သည် စာတန်၏ဘဝ အတွေးအမြင် စနစ်များကို အခြေခံပြီး လူမုန်းမခံချင်သူ တစ်ဦးအဖြစ် ရှင်သန်ခဲ့သောကြောင့်၊ လုံးလုံး ဖြစ်ရသည်ကို ကျွန်တော် သိခဲ့ရသည်။

ကျွန်တော်က လူတိုင်းနှင့် သဟဇာတဖြစ်ပြီး မည်သူ့ကိုမျှ စိတ်မဆင်းရဲစေပါက၊ လူကောင်းတစ်ယောက်ဖြစ်ပြီဟု ယခင်က တွေးခဲ့မိပါသည်။ သို့ရာတွင် လူမုန်းမခံချင်သည့်သူများက သူများကို စိတ်မဆင်းရဲစေသော်လည်း၊ သူတို့က လူတစ်ယောက်သည် သူ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဖြင့် ရှင်သန်ခြင်း၊ စာတန်၏ ဒုက္ခပေးခံရခြင်းနှင့်၊ အသင်းတော်၏အကျိုးစီးပွား ထိခိုက်စေခြင်းများကို မြင်ရသည့်အခါ၊ သူတို့ဂရုစိုက်သည်မှာ သူတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးများကို ကာကွယ်ဖို့သာ ဂရုစိုက်ခြင်း ဖြစ်သည်ကို လက်တွေ့အရှိတရားက ကျွန်တော့်ကို ပြသခဲ့ပါသည်။ သူတို့က ညီအစ်ကို မောင်နှမများကို ကူညီထောက်ပံ့ဖို့ သမ္မာတရားဘက်မှာ မရပ်တည်နိုင်သကဲ့သို့၊ အသင်းတော်၏အလုပ်ကိုလည်း မလုပ်ဆောင်နိုင်ကြပါ။ လူမုန်းမခံချင်သူများသည် မျှတပြီး နားလည်မှု ရှိသည့် လူကောင်းများဟု ထင်ရသော်လည်း၊ အားလုံးက ဟန်ပြသက်သက်သာ ဖြစ်သည်။ သူတို့၏ စိတ်ထဲတွင် သူတို့၏ ကိုယ်ပိုင်အကျိုးအတွက်သာ တွေးတတ်ကြခြင်း ဖြစ်သည်။ သူတို့က အသင်းတော်၏အလုပ် ထိခိုက်ပြီး ညီအစ်ကိုမောင်နှမများ၏ ဘဝတိုးတက်ရေးကို နှောင့်နှေးနေသည့်အခါ၊ စိုးစဉ်းမျှ ထောက်ထားခြင်း မရှိဘဲ၊ ရှေ့ဆက်ကြသည်။ သူတို့က သူများကို စတေးပြီး ကိုယ်ကျိုးကိုသာ ရှာဖွေကြသည်။ ထိုနေရာတွင် လူ့သဘာဝဆိုသည်မှာ အဘယ်နည်း။ ယင်းတို့သည် မယုံကြည်ရသည့်၊ လှည့်ဖြားကာ၊ ဖြည်းဖြည်းချင်း ထိခိုက်စေပြီး ရွံစရာကောင်းသည့် ကြောင်သူတော်များ ဖြစ်သည်မှာ အလွန် သိသာထင်ရှားပါသည်။ ကျွန်တော် ဤသည်ကို သဘောပေါက်သွားသည့်အချိန်မှာ အရမ်းကို ရှက်မိပါသည်။ ကျွန်တော်က ဘုရားသခင်ထံမှလာသည့် အရာတိုင်းကို ပျော်မွေ့ခံစားနေခဲ့ရသော်လည်း၊ ပြဿနာနှင့် ရင်ဆိုင်ရသည့်အခါ၊ လူမုန်းမခံချင်သူတစ်ဦးအဖြစ် စာတန်ဘက်မှာ ရပ်တည်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းက မည်သို့များ ကျွန်တော်၏တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်မည်နည်း။ ကျွန်တော်က ရန်သူကို မျက်နှာသာပေးပြီး ကျွေးသည့်လက်ကို ပြန်ကိုက်နေခြင်းသာ ဖြစ်သည်။ ကျွန်တော်က စာတန်၏ လက်ကိုင်တုတ်များထဲမှ တစ်ယောက်ဖြစ်ပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်လျက်၊ ဆိုးယုတ်မှုများ လုပ်ဆောင်ကာ ဘုရားသခင်ကို ခုခံခဲ့သည်။

ဤသဘောပေါက်သွားခြင်းက ကျွန်တော့်အတွက် တကယ်ကို ကြောက်စရာကောင်းခဲ့ပါသည်။ ကျွန်တော် ဘုရားသခင်၏ ရှေ့မှောက်ကိုလာပြီး “ဘုရားသခင်၊ ကျွန်တော် ဒုစရိုက်မှုတွေ အများကြီး လုပ်ခဲ့မိပါပြီ။ ကိုယ်တော်ရဲ့ အပြစ်ပေးမှုနဲ့ အရမ်းကို ထိုက်တန်တာ ကြာခဲ့ပေမဲ့ ကိုယ်တော်က အခုထိ တာဝန် ထမ်းဆောင်ခွင့် ပေးထားတုန်းပါပဲ။ ကိုယ်တော်ရဲ့ သနားညှာတာမှု အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။ အို ဘုရားသခင်၊ ကျွန်တော် နောင်တရချင်ပါတယ်။ ကျေးဇူးပြုပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာဖွေနိုင်အောင် လမ်းညွှန်ဦးဆောင်ပေးပါ။” ဟု ချက်ချင်းဆုတောင်းခဲ့သည်။

ထို့နောက် ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ဤအပိုဒ်ကို ဖတ်ခဲ့ပါသည်။ “သမ္မာတရားသည် သင်၏ စိတ်နှလုံးတွင် ဩဇာလွမ်းမိုးပြီး သင်၏အသက် ဖြစ်လာသည့်အခါ၊ မတုန်မလှုပ်၊ အပျက်သဘောဆောင်သည့် သို့မဟုတ် ဆိုးယုတ်သည့် တစ်စုံတစ်ရာ ထွက်ပေါ်ခြင်းကို သင် မြင်သည့်အခါ သင့်စိတ်နှလုံးထဲက တုန့်‌ပြန်မှုသည် လုံးဝ ကွဲပြား၏။ ပထမဦးစွာ၊ သင်သည် အပြစ်တင်မှုနှင့် စိုးရိမ်ပူပန်မှု အသိစိတ်တစ်ခု ခံစားရပြီးနောက် ‘ကျွန်ုပ်အနေဖြင့် အလဟဿနေမြဲနေပြီး မသိကျိုးကျွန် မပြုနိုင်။ ကျွန်ုပ် ထရပ်ပြီး စကားပြောရမည်၊ ကျွန်ုပ် ထရပ်ပြီး တာဝန်ယူရမည်’ ဟူသည့် ခံစားချက်က ချက်ချင်း လိုက်လာသည်။ ထိုအခါ သင်သည် ထရပ်ပြီး ယင်းတို့ကို ဖော်ထုတ်ရင်း၊ ဘုရားသခင်၏ အိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးရန်နှင့် ဘုရားသခင်၏ အလုပ်ကို အနှောင့်အယှက် ပေးခံရခြင်းမှ တားဆီးရန် ကြိုးပမ်းရင်း ဤဆိုးယုတ်သော လုပ်ရပ်များကို သင် ရပ်တန့်နိုင်သည်။ သင်သည် ဤသတ္တိနှင့် စိတ်ဆုံးဖြတ်ချက် ရှိပြီး ကိစ္စရပ်ကို လုံးဝ သိနားလည်နိုင်စွမ်း ရှိလိမ့်မည်သာမက၊ ဘုရားသခင်၏အမှုနှင့် သူ၏အိမ်တော် အကျိုးစီးပွားများအတွက် ယူသင့်သည့် တာဝန်ကိုလည်း သင် ဖြည့်ဆည်းလိမ့်မည် ဖြစ်ပြီး ထိုသို့ဖြင့် သင်၏ တာဝန်သည် ကျေပွန်လိမ့်မည်။ ယင်းကို မည်သို့ ဖြည့်ဆည်းမည်နည်း။ သမ္မာတရားက ယင်း၏ အကျိုးသက်ရောက်မှုကို သင့်အပေါ် အသုံးပြုခြင်းနှင့် သင်၏ အသက်ဖြစ်လာခြင်းမှတစ်ဆင့် ယင်းကို ဖြည့်ဆည်းလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”)အသင်းတော်တွင်၊ ငါ့အတွက် သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်လော့၊ သမ္မာတရားကို ထိန်းသိမ်းလော့။ အမှန်သည် အမှန်၊ အမှားသည် အမှား ဖြစ်၏။ အဖြူနှင့် အမည်းကို ရောထွေးခြင်း မရှိနှင့်။ သင်သည် စာတန်နှင့် တိုက်ပွဲဖြစ်လိမ့်မည် ဖြစ်ပြီး ၎င်းကို အဘယ်သောအခါမျှ တစ်ဖန် မထကြွစေဖို့အလို့ငှာ အလျှင်း နှိမ်နင်းရမည်။ ငါ၏ သက်သေခံချက်ကို ကာကွယ်ရန်အတွက် သင်၌ ရှိသမျှအရာရာကို ပေးရမည်။ ဤအရာသည် သင်တို့ အပြုအမူများ၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်ရလိမ့်မည်- ဤအရာကို မမေ့လျော့နှင့်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) ကျွန်တော်၏တာဝန်မှာ ကျွန်တော်က ဘုရားသခင်၏အလိုတော်ကို ထည့်သွင်းစဉ်းစားဖို့လိုပြီး အသင်းတော်၏ အကျိုးစီးပွားကို အမြဲတမ်း ရှေ့တန်းတင်ရမည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ခြင်းက ကျွန်တော့်ကို နားလည်အောင် ကူညီပေးခဲ့ပါသည်။ အကယ်၍ သမ္မာတရား၏ အခြေခံသဘောတရားများကို ချိုးဖောက်နေခြင်းတစ်ခုခု တွေ့ခဲ့ပါက၊ သံယောဇဉ်ကြောင့် မိမိ၏ဆက်ဆံရေးများကို ကာကွယ်၍ မရသကဲ့သို့၊ မိမိ၏ကိုယ်ပိုင်အကျိုးစီးပွားများကိုလည်း ကာကွယ်၍ မရပါ၊ သို့ရာတွင် ထိုအစား အပျက်သဘောဆောင်သည့် အရာများကို အလင်းဘက်ကို ယူဆောင်ရဲဖို့နှင့် အခြေခံသဘောတရားများနှင့် ကိုက်ညီသည့်အရာများကို လုပ်ဆောင်ရဲဖို့၊ ဘုရားသခင်၏အိမ်တော်၏ အမှုတော်ကို ထိန်းသိမ်းရဲဖို့ လိုအပ်ပါသည်။ ဤသည်က ကျွန်တော့်တာဝန်နှင့် ဝတ္တရားကို ပြည့်စုံစေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။ အစ်ကိုလီက အသင်းတော်ခေါင်းဆောင်ဖြစ်သောကြောင့်၊ ကျွန်တော်ကသာ သူ၏တာဝန်ကို လုပ်ဆောင်သည့်ပုံစံ၌ ပြဿနာများကို တွေ့မြင်ပြီး မတိုင်ခဲ့ပါက၊ ယင်းမှာ ဘုရားသခင်အိမ်တော်၏အလုပ်ကို ထိခိုက်စေရုံသာ မဟုတ်ဘဲ၊ အစ်ကိုလီအတွက်လည်း ထိခိုက်စေမည် ဖြစ်သည်။ သူ မည်သို့ထင်ပါစေ၊ နောက်ပိုင်း သူက ကျွန်တော့်ကို မည်သို့ဆက်ဆံပါစေ၊ ကျွန်တော် သမ္မာတရားကို ထိန်းသိမ်းပြီး သူ၏ပြဿနာကို တိုင်ရမည်ကို သိခဲ့ပါသည်။ ကျွန်တော် ထိုစာရေးဖို့ အဆင်သင့်လုပ်နေစဉ်တွင် ခေါင်းဆောင်များက ကျွန်တော်တို့အတွက် ဝတ်ပြုစည်းဝေးပွဲ စီစဉ်ခဲ့ပါသည်။ ထိုတွေ့ဆုံပွဲတွင် အစ်ကိုလီ၏ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး အားလုံးကို ပြောပြခဲ့ပါသည်။ နောက်နေ့မှာ ခေါင်းဆောင်များက အားလုံးကို စစ်ဆေးပြီးသည့်နောက်တွင်၊ အစ်ကိုလီက လက်တွေ့ကျသည့်အလုပ်ကို မလုပ်ဆောင်နိုင်သည်ကို အတည်ပြုခဲ့ပြီး သူ့ကို တာဝန်ကနေ ရုတ်သိမ်းခဲ့ပါသည်။ ဤကဲ့သို့ လုပ်ခြင်းက ကျွန်တော့်ကို တကယ့်ကို စိတ်အေးပြီး ငြိမ်းချမ်းခဲ့ရပါသည်။

ယခင်က ကျွန်တော့်အကြောင်းကျွန်တော် မသိခဲ့ပါ။ အမှုအရာ အားလုံးတွင် စာတန်၏ အတွေးအမြင်စနစ်များနှင့် ရှင်သန်နေသည့် လူမုန်းမခံချင်သူသာ အစဉ် ဖြစ်ခဲ့ပါသည်။ အမှားတစ်ခုခုဖြစ်သွားပြီး အခြားသူများနှင့်ဆက်ဆံရေးကို ဖျက်ဆီးမိမည်ကို ကြောက်လျက်၊ မိမိအကျိုးကို ကာကွယ်ခဲ့သည်။ အခြားသူများ မှားနေမှန်းသိလျှင်ပင်၊ ပါးစပ်ပိတ်ပြီးနေခဲ့သည်။ ကျွန်တော်က သမ္မာတရား၏ အခြေခံသဘောတရားများကို မလိုက်နာနိုင်ခဲ့သကဲ့သို့၊ ဘုရားသခင်၏အိမ်တော်၏အကျိုးစီးပွားကို မကာကွယ်ခဲ့ပါ။ ဂုဏ်သိက္ခာနှင့်သမာဓိမရှိဘဲ နေခဲ့ခြင်း ဖြစ်ပါသည်။ တစ်ကိုယ်ကောင်းဆန်သည့် လိုအင်ဆန္ဒများကို စွန့်လွှတ်ခြင်း၊ ကျွန်တော်၏တာဝန်မှာ ဘုရားသခင်အပေါ် ရိုသေလေးမြတ်သည့် နှလုံးသားရှိခြင်းနှင့် အခြေခံသဘောတရားများကို လိုက်နာပြီး ဘုရားသခင်၏အိမ်တော်၏ အလုပ်ကို ကာကွယ်ပေးခြင်းတို့အားဖြင့်သာ ကျွန်တော်အခုတော့ ငြိမ်းချမ်းခြင်းကို လုံးဝခံစားရပြီ ဖြစ်သည်။ ဤသည်မှာ လူသားပုံသဏ္ဌာန်ကို ရှင်သန်ဖို့ တစ်ခုတည်းသောနည်းလမ်းဟု ကျွန်တော် ခံစားရပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် အလွန် ကျေးဇူးတင်ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်၏ မာနကြီးသောပုံစံများကို ပြောင်းလဲခဲ့ပုံ

ဘားနဒ် ကင်မာရွန်းနိုင်ငံ အရင်က ကိုယ့်ကိုယ်ကိုယ် အရမ်းတော်တဲ့ လူလို့ အမြဲတွေးခဲ့တယ်။ တခြားလူတွေရဲ့ အကူအညီမပါဘဲ ဘာမဆို အမြဲ လုပ်နိုင်တယ်လို့...

ကြီးကြပ်မှုကို ကျွန်တော် လက်မခံရသည့် အကြောင်းပြချက်

ဖာဖီးရပ့်စ် အာဖရိကတိုက် ကျွန်တော်က အသင်းတော်မှာ လူသစ်တွေကို တစ်နှစ်ကျော် ရေလောင်းနေခဲ့ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့တစ်လျှောက်မှာ...

ရိုးရာအကျင့်သီလများကို လက်ခံလိုက်နာသင့်ပါသလား

ရှောင်ရှန့် ပြင်သစ်နိုင်ငံ ကျွန်မ မူလတန်းကျောင်းတုန်းက ကျွန်မအပေါ် တော်တော်သက်ရောက်သွားတဲ့ စာတစ်ခုရှိတယ်။ သစ်တော်သီးလက်ဆောင်ပေးတဲ့...

ဝတ်ကျေတမ်းကျေဆန်ခြင်းကြောင့် ဖြစ်သော ထိခိုက်မှု

ရှင်းကျိ အီတလီနိုင်ငံ ၂၀၂၁ခုနှစ်၊ အောက်တိုဘာမှာ လူသစ်တွေကို ရေလောင်းတာကို ကျွန်မ စလေ့ကျင့်တယ်။ တစ်ပတ်ကြာတော့ ကျွန်မ သင်ရမှာတွေ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။