ကျွန်မ မီးစာကုန်ဆီခန်း အရွယ်တွင် သားဖြစ်သူက ကျွန်မအတွက် ပြုစုစောင့်ရှောက်ပေးဖို့ ကျွန်မ၏ မျှော်လင့်ချက် ပျက်စီးသွားပြီးနောက်

06.06.2026

ဝမ်ယန်၊ တရုတ်ပြည်

ကျွန်မ မှတ်မှတ်ရရရှိတဲ့အရွယ်ကတည်းက၊ သားသမီးတွေက မိဘအပေါ် ဝတ်ကျေပွန်ကြရင် ဘယ်သူဘယ်ဝါကတော့ ကံကောင်းလိုက်တာဆိုပြီး လူကြီးတွေ ပြောတာကို ခဏခဏ ကြားဖူးတယ်။ နေမကောင်းဖြစ်ရင် သားသမီးတွေက ကုတင်ဘေးမှာ ပြုစုကြတယ်၊ အသက်ကြီးသွားရင်လည်း ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးကြတယ်ဆိုတော့ သူတို့ရှင်သန်နေထိုင်ခဲ့တဲ့ဘဝက တန်ဖိုးရှိပုံရတာပေါ့။ “အသက်ကြီးလာရင် ကိုယ့်ကို စောင့်ရှောက်ဖို့ သားသမီးမွေးတာ” ဆိုတဲ့ ဒီယုံကြည်မှုက ကျွန်မနှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တယ်။ မိဘတွေ နေမကောင်းဖြစ်တုန်းက ကျွန်မတို့ မောင်နှမတွေ အလှည့်ကျ ပြုစုခဲ့ကြတဲ့အပြင် မိဘတွေ ဆုံးပါးသွားတော့လည်း ကျွန်မတို့ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးခဲ့ကြတယ်။ မိဘတွေ ကျွန်မတို့ကို ကျွေးမွေးပြုစုခဲ့တာ အလကားမဖြစ်ဘူးလို့ ကျွန်မ ယုံကြည်ခဲ့ပြီး “လူတစ်ယောက် သားသမီး မွေးတယ်ဆိုတာ သူ သေတဲ့အထိ စောင့်ရှောက်ပေးဖို့နဲ့ သူ့ရဲ့ နာရေးကို စီစဉ်ပေးဖို့ တစ်ယောက်ယောက် ရှိနေအောင် မဟုတ်ဘူးလား” လို့လည်း ကိုယ့်ဘာသာကိုယ် တွေးခဲ့မိပါတယ်။ ကျွန်မတို့ရွာမှာ အထီးကျန် သက်ကြီးရွယ်အို အမျိုးသမီးတစ်ယောက် ရှိတယ်။ ယောက်ျားရော သားရော ဆုံးသွားတော့ တစ်ယောက်တည်း ကူကယ်ရာမဲ့ ဖြစ်ခဲ့ရတာပေါ့။ အသက်ကြီးလာလို့ ဖျားနာတော့လည်း ပြုစုမဲ့သူမရှိ၊ သေတော့လည်း နာရေးစီစဉ်ပေးမယ့်သူ မရှိခဲ့ဘူး။ သူ့ဘဝက စိတ်မချမ်းမြေ့စရာကောင်းတယ်လို့ ကျွန်မ မြင်တယ်။ အိမ်ထောင်ကျပြီးတော့ ကျွန်မ သားလေးတစ်ယောက် မွေးတယ်။ သား ၁၅ နှစ်သားမှာ ခင်ပွန်း ဆုံးသွားတယ်။ ခင်ပွန်းဆုံးသွားတာက ကျွန်မအတွက် အကြီးအကျယ် ထိုးနှက်ချက်ပဲ။ ဘဝရဲ့ ခက်ခဲမှုတွေ၊ လူတွေရဲ့ နိုင်ထက်စီးနင်း လုပ်တာတွေနဲ့ ကောလာဟလတွေက ကျွန်မကို ဆက်ပြီး ရှင်သန်ဖို့ သတ္တိတွေ ဆုံးရှုံးလုနီးပါးဖြစ်အောင် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သားကို တွေးမိပြီး ဘဝက ဘယ်လောက်ခက်ခဲပါစေ သူ့ကို ပြုစုပျိုးထောင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နောင်ကျရင် သူက ကျွန်မ သေတဲ့အထိ ပြုစုစောင့်ရှောက်ပြီး ဈာပနကို စီစဉ်ပေးမယ်လို့ မျှော်လင့်ခဲ့တာပေါ့။ နောက်ပိုင်း ကျွန်မ နှလုံးရောဂါရလာပြီး အလုပ်လုပ်တိုင်း နေလို့မကောင်းဘူး။ သားက ကျွန်မကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ သိတယ်။ နေမကောင်းရင် စိတ်ပူပေးတော့ ကျွန်မ စိတ်ချမ်းသာရတယ်။ သူ့ကို ကျွေးမွေးခဲ့တာ အလကားမဖြစ်ဘူးလို့ ခံစားရတယ်။ နောက်တော့ လက်ရှိခင်ပွန်းနဲ့ တွေ့တယ်။

၂၀၀၈ ခုနှစ်မှာ၊ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ တစ်နှစ်ကြာတော့ အသင်းတော်မှာ ကျွန်မ တာဝန်စထမ်းဆောင်ခဲ့တယ်။ ရံဖန်ရံခါ အိမ်ပြန်ပြီး သားကို ကြည့်ရှုစောင့်ရှောက်တယ်။ သူအကြိုက်ဆုံးအစားအစာတွေ ချက်ကျွေးတယ်၊ အိမ်မှုကိစ္စ ကူလုပ်ပေးတယ်၊ မုန့်ဖိုးနည်းနည်းလည်း ပေးဖြစ်တယ်။ သူ့လိုအပ်ချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ကြိုးစားခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ၊ သား စစ်ထဲဝင်ဖို့ နိုင်ငံရေးနောက်ကြောင်းလိုက် စစ်ဆေးရတော့၊ ရွာက ရဲတွေက ကျွန်မရဲ့ ယုံကြည်ခြင်းကို လာစုံစမ်းကြတယ်။ ဒါနဲ့ အိမ်ကထွက်ပြီး တခြားနေရာမှာ ပုန်းရှောင်နေလိုက်တယ်။ နှစ်လကြာတော့ ခင်ပွန်းက ဧဝံဂေလိတရားဟောလို့ အဖမ်းခံရတယ်ဆိုတာ ကြားလိုက်ရတယ်။ အဲဒီနောက်ပိုင်း ကျွန်မ အိမ်မပြန်ရဲတော့ဘူး၊ သားနဲ့လည်း မဆက်သွယ်ရဲတော့ဘူး။

၂၀၁၇ ရောက်တော့ ခဏခဏ အားနည်းပြီး ရင်တုန်လာလို့ ဆေးကုဖို့ အိမ်ပြန်ချင်ခဲ့တယ်။ ဒါပေမဲ့ အိမ်ပြန်ဖို့က ကျွန်မအတွက် မလုံခြုံတော့ အစ်မအိမ်မှာပဲ နေပြီး သားကို ဆက်သွယ်ခိုင်းလိုက်တယ်။ သားနဲ့ မတွေ့ရတာ ၅ နှစ်ရှိပြီဆိုတော့ တွေ့တဲ့အခါ အရမ်းစိတ်လှုပ်ရှားမိတယ်။ ပြီးခဲ့တဲ့နှစ်တွေက ဖြစ်ပျက်ခဲ့တာတွေအကြောင်း ပြောကြတာပေါ့။ သားက အိမ်ထောင်ကျပြီလို့ ပြောတယ်။ ကျွန်မကို အိမ်ခေါ်သွားချင်တယ်၊ ကျွန်မ ဆရာဝန်သွားပြရင် သူ့မိန်းမကို လိုက်ပို့ခိုင်းချင်တာတဲ့။ ကျွန်မ အသက်ကြီးလာရင် နေဖို့ အိမ်တစ်လုံးလည်း ဖယ်ထားတယ်လို့ ပြောတယ်။ ဒီလိုကြားရတော့ ကျွန်မ အရမ်းဝမ်းသာမိတယ်။ သားနဲ့ မတွေ့ရတာ၊ သူ့ကို ကြည့်ရှုစောင့်ရှောက်တာမျိုး မလုပ်ပေးခဲ့တာ နှစ်တွေကြာပြီဖြစ်ပေမဲ့ မီးစာကုန်ဆီခန်း ဖြစ်တဲ့အချိန် ကျွန်မရဲ့ အနာဂတ်အတွက် သူစဉ်းစားပေးသေးတာပဲလို့ တွေးမိတယ်။ သားကို အားကိုးလို့ရသေးတယ်လို့ ခံစားလိုက်ရတယ်။ ဒါပေမဲ့ နောက်တစ်ရက် ညနေပိုင်းမှာ၊ သားက အလုပ်ဆင်းပြီး ကျွန်မဆီ လာတယ်။ မျက်နှာက မကောင်းဘူး။ ပြီးတော့ “အမေ၊ ကျွန်တော့်မိန်းမက အမေ့ကို အသိအမှတ်မပြုဘူး။ ဒီနှစ်တွေအများကြီး အမေ အိမ်မှာ မရှိခဲ့တာကို သူ ဘဝင်မကျဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ အကြီးအကျယ် ရန်ဖြစ်ကြတယ်။ သူက သူနဲ့ အမေနဲ့ကြားမှာ တစ်ယောက်ယောက် ရွေးခိုင်းတယ်။ ခက်ခဲတဲ့အချိန်တွေတုန်းက သူက ကျွန်တော့်ကို ပြုစုစောင့်ရှောက်ခဲ့တာဆိုတော့ ကျွန်တော် သူ့ကိုပဲ ရွေးလိုက်တယ်” လို့ ပြောတယ်။ ကျွန်မ မိုးကြိုးပစ်ချခံရသလို ခံစားမိတယ်။ ဒီနှစ်တွေတစ်လျှောက်လုံး သားကိုပဲ ကျွန်မရဲ့ အသက်သွေးကြောအနေနဲ့ မှတ်ယူခဲ့တာ။ ကျွန်မ သေတဲ့အထိ သူ ပြုစုစောင့်ရှောက်ပြီး ဈာပနကို စီစဉ်ပေးမှာပဲလို့ မျှော်လင့်ပြီး သူ့ကို ပြုစုပျိုးထောင်ဖို့ ကျွန်မ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့တာ။ ဒါပေမဲ့ အခုတော့၊ ကျွန်မကို ရွေးမဲ့အစား သူ့မိန်းမကို ရွေးလိုက်ပြီး ကျွန်မကို အိမ်ထဲတောင် ပေးမဝင်ဘူးတဲ့။ သူ့ကို ပြုစုပျိုးထောင်ဖို့ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုတွေ အလကားဖြစ်သွားပြီ မဟုတ်လား။ တော်တော်ကြာတဲ့အထိ ဒီအဖြစ်မှန်ကို ကျွန်မ လက်မခံနိုင်ခဲ့ဘူး၊ မျက်ရည်တွေလည်း အများကြီး ကျခဲ့ရတယ်။

သားပြန်သွားပြီးတဲ့နောက်၊ ကျွန်မ အစ်မအိမ်မှာပဲ ဆက်နေခဲ့တယ်၊ စိတ်ထိခိုက်မှုကြောင့် ရောဂါအခြေအနေ ပိုဆိုးလာတယ်။ ခင်ပွန်းကလည်း အနားမှာ မရှိ၊ အခု သားကလည်း အားကိုးလို့ မရတော့ဘူး။ မိဘတွေက အသက်ကြီးလာရင် ကိုယ့်ကို စောင့်ရှောက်ဖို့ သားသမီးမွေးတာလို့ လူတွေ ပြောကြပေမဲ့၊ ကျွန်မမှာ မှီခိုအားထားစရာ ဘယ်သူမှ မရှိဘူး။ ကျွန်မ တကယ်ပဲ ဝမ်းနည်းပြီး စိတ်ဆင်းရဲခဲ့ရတယ်။ အစ်မရဲ့ မိသားစု ပျော်ပျော်ရွှင်ရွှင် စုဝေးပြီး နွေးနွေးထွေးထွေး ရယ်မောပြောဆိုနေကြတာကို ကြည့်ပြီး၊ သားရှိတာနဲ့ မရှိတာ ဘာမှမထူးတော့ဘူး၊ ငါကတော့ အထီးကျန် အဘွားအိုကြီး ဖြစ်သွားပြီလို့ ခံစားရတယ်။ နေမကောင်းဖြစ်ရင် ဘယ်သူမှ ပြုစုမှာ မဟုတ်တဲ့အပြင် သေရင်လည်း ဘယ်သူမှ ဈာပနလုပ်ပေးမှာ မဟုတ်ဘူး။ ကျွန်မဘဝက လုံးဝ ကျရှုံးသွားသလို ခံစားရတယ်။ ဘုရားသခင်ကို ယုံကြည်ရဲ့သားနဲ့ ဘာလို့များ ဘာသာတရားမရှိသူတွေက ကျွန်မထက် ဘဝက ပိုကောင်းနေရတာလဲ။ တွေးလေလေ ပိုဝမ်းနည်းလေလေ ဖြစ်ပြီး၊ နေ့တိုင်း စိတ်ဓာတ်ကျပြီး ဘာမှလုပ်ချင်စိတ် မရှိဘဲ ကုန်ဆုံးခဲ့ရတယ်။ နောက်ပိုင်း တစ်ရက်ကျတော့၊ သားက ရုတ်တရက် လာတွေ့တယ်။ သူ အမှုတစ်ခု ရင်ဆိုင်နေရလို့ ကျွန်မတို့ဆီက ပိုက်ဆံနည်းနည်း ချေးချင်တယ်တဲ့။ ပြီးခဲ့တဲ့နှစ်တွေမှာ သူ့ကို ကောင်းကောင်း ဂရုမစိုက်နိုင်ခဲ့တာကို တွေးမိတယ်၊ အခု သူ ဒုက္ခရောက်နေတော့ မိခင်တစ်ယောက်အနေနဲ့ ဒီခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်ရာမှာ ကူညီပေးသင့်တယ်လို့ တွေးမိတာပေါ့။ ဒါနဲ့ သူ့အတွက် ကျွန်မယောကျာ်းကို ပိုက်ဆံနည်းနည်းပေးခိုင်းလိုက်တယ်။ နောက်ကျရင် သူ့မိန်းမနဲ့ သမီးလေးကို ကျွန်မတို့နဲ့ ပေးတွေ့ဖို့ခေါ်လာမယ်လို့ သားက ပြောတယ်။ နွေဦးပွဲတော်ပြီးတဲ့နောက်၊ သားက တကယ်ပဲ သူ့သမီးလေးကို ခေါ်လာပြီး ကျွန်မကို လာတွေ့တယ်။ ချွေးမက ကျွန်မကို လက်မခံသေးပေမဲ့၊ အနည်းဆုံးတော့ ကျွန်မ အသက်ကြီးလာရင် ပြုစုစောင့်ရှောက်ဖို့ သားနဲ့ မြေးမလေး ရှိနေမှာပါ၊ ကျွန်မ သေတဲ့အထိ သူတို့ ပြုစုပြီး ဈာပနကို စီစဉ်ပေးကြမှာပါလို့ တွေးမိတယ်။ နောက်ပိုင်းနှစ်တွေမှာ အားကိုးရမဲ့သူတွေ ရှိလာပြီဆိုပြီး ကျွန်မ အရမ်းဝမ်းသာပြီး မျှော်လင့်ချက်တွေ ရှိလာတယ်။

၂၀၂၄ နွေဦးပွဲတော် မတိုင်မီလေးမှာပဲ၊ ကျွန်မရဲ့ ညီမတစ်ဝမ်းကွဲ အဖမ်းခံရပြီး ကျွန်မကို သစ္စာဖောက်ခဲ့တယ်။ ရဲတွေ စောင့်ကြည့်တာ၊ ဖမ်းဆီးတာကို ရှောင်ဖို့၊ တခြားနေရာတစ်ခုကို သွားပြီး တာဝန်ထမ်းဆောင်ခဲ့ရတယ်၊ နွေဦးပွဲတော်အတွက် အိမ်ပြန်ဖို့ မရဲတော့ဘူး။ သား ကျွန်မဆီ လာလည်ရမယ့်ရက် ရောက်လာတော့၊ ကျွန်မ စိတ်မတည်ငြိမ်နိုင်ဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်ထဲမှာမှ သားနဲ့ ဆက်ဆံရေး ပြန်အဆင်ပြေခါစ ရှိသေးတာ၊ အခု ကျွန်မ ထပ်ထွက်သွားရပြန်ပြီလို့ တွေးမိတယ်။ သူ ကျွန်မကို စိတ်ဆိုးပြီး နောက်ဘယ်တော့မှ စကားမပြောဘဲ နေမလား။ သားကို ထပ်ဆုံးရှုံးရတော့မလား။ အနာဂတ်ကို တစ်ယောက်တည်း ရင်ဆိုင်ရမှာ တွေးမိတဲ့အခါ၊ ရင်ကွဲမတတ် ခံစားရပြီး ဂနာမငြိမ်ဖြစ်ရတယ်၊ စားလို့လည်းမဝင်၊ အိပ်လို့လည်း မပျော်ဘူး။ ကိုယ့်တာဝန်ကို ဆက်ထမ်းဆောင်နေပေမဲ့၊ စိတ်မပါတော့ဘူး။ အသင်းတော်အလုပ်ကိုလည်း နောက်ဆက်တွဲ လိုက်လုပ်ဖို့ ဆန္ဒမရှိတော့ဘူး။ ဒီအပျက်သဘောဆောင်တဲ့ အခြေအနေကနေ လမ်းပြခေါ်ထုတ်ပေးဖို့ ဘုရားသခင်ဆီ အကြိမ်ကြိမ် တောင်းလျှောက်ပြီး ဆုတောင်းခဲ့တယ်။

နောက်ပိုင်း၊ “သားနဲ့ မတွေ့ရလို့ ဘာလို့ ငါ ဒီလောက် စိတ်ဆင်းရဲပြီး နာကျင်ရတာလဲ။ အရင်းခံအကြောင်းရင်းက ဘာလဲ” လို့ ဆင်ခြင်မိတယ်။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မိတယ်။ “မိဘများသည် အရွယ်ရောက်သောသားသမီးများအတွက် ဤမျှော်မှန်းချက်များရှိသည့်အပြင် မိမိတို့၏ သားသမီးအရင်းများအပေါ် သတ်မှတ်ချက်တစ်ခုလည်းရှိသည်။ ယင်းကို ကမ္ဘာပေါ်တွင် မိဘများအားလုံး၌ အတွေ့ရများ၏။ ယင်းမှာ သားသမီးများသည် သားသမီးဝတ်ကျေပွန်သော သားသမီးများဖြစ်ကာ မိဘများကို ကောင်းစွာဆက်ဆံနိုင်ဖို့ မျှော်လင့်ခြင်း ဖြစ်သည်။ အချို့သော လူမျိုးစုများနှင့် ဒေသများတွင် မိမိတို့၏သားသမီးများအပေါ် ပို၍ သတ်သတ်မှတ်မှတ်ဖြစ်သော သတ်မှတ်ချက်များရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ဥပမာ သားသမီးများသည် မိဘများအပေါ် သားသမီးဝတ် ကျေပွန်ခြင်းအပြင် မိဘများသေသည်အထိ ပြုစုစောင့်ရှောက်ပြီး မိဘများ၏ အသုဘကို စီစဉ်ရန်၊ အရွယ်ရောက်ပြီးနောက်တွင် မိဘများနှင့်အတူနေထိုင်ရန်နှင့် မိဘများ၏ အသက်မွေးမှုအတွက် တာဝန်ယူရန်လည်း လိုအပ်သည်။ ဤသည်မှာ ယခုတွင် ငါတို့ဆွေးနွေးမည့် မိမိတို့၏သားသမီးများအပေါ် မိဘများ၏ မျှော်မှန်းချက်များနှင့် သက်ဆိုင်သော နောက်ဆုံးကဏ္ဍဖြစ်သည်။ သားသမီးများအား သားသမီးဝတ်ကျေပွန်ပြီး မိဘများ အသက်ကြီးသောအခါတွင် မိဘများအား စောင့်ရှောက်ရန် တောင်းဆိုခြင်းဖြစ်သည်။ ဤသည်မှာ မိဘများအားလုံးက သားသမီးယူရာတွင်ရှိသည့် နဂိုမူလရည်ရွယ်ချက်ဖြစ်သည့်အပြင် သားသမီးများအပေါ် အခြေခံသတ်မှတ်ချက်လည်း ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။)...သားသမီးများက အလွန်ငယ်ရွယ်သေးသောအချိန်တွင် မိဘများသည် တောင်းဆိုချက်များကို စတင်သတ်မှတ်နေပြီဖြစ်ပြီး သားသမီးများအား အစဉ်စမ်းသပ်ကာ ‘သင် အရွယ်ရောက်သောအခါ မိခင်နှင့် ဖခင်ကို ထောက်ပံ့မည်လော’ ‘ထောက်ပံ့ပါမည်’ ‘ဖခင်၏ မိဘများကို ထောက်ပံ့မည်လော’ ‘ထောက်ပံ့ပါမည်’ ‘မိခင်၏ မိဘများကို ထောက်ပံ့မည်လော’ ‘ထောက်ပံ့ပါမည်’ ‘မည်သူကို အနှစ်သက်ဆုံးနည်း’ ‘မိခင်ကို အနှစ်သက်ဆုံးဖြစ်သည်’ ထို့နောက်တွင် ဖခင်က မနာလိုဖြစ်ကာ ‘ဖခင်ဆိုလျှင် အဘယ်သို့နည်း’ ‘ဖခင်ကို အနှစ်သက်ဆုံးဖြစ်သည်’ မိခင်က မနာလိုဖြစ်သည်။ ‘မည်သူ့ကို အမှန်တကယ် အနှစ်သက်ဆုံးဖြစ်သနည်း’ ‘မိခင်နှင့် ဖခင်ဖြစ်သည်’ ဟူ၍ဖြစ်သည်။ ထို့နောက် မိဘနှစ်ဦးလုံးက ကျေနပ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ သားသမီးများအား စကားပြောတတ်ခါစအချိန်တွင်ပင် စတင်၍ သားသမီးဝတ် ကျေပွန်စေရန် ကြိုးပမ်းကြသည်။ ပြီးလျှင် မိမိတို့၏ သားသမီးများသည် အရွယ်ရောက်သောအခါတွင် ၎င်းတို့အား ကောင်းစွာဆက်ဆံလိမ့်မည်ဟု ၎င်းတို့ မျှော်လင့်သည်။ ဤငယ်ရွယ်သော သားသမီးများသည် ရှင်းလင်းစွာ မပြောဆိုနိုင်သကဲ့သို့ များစွာနားမလည်သော်လည်း မိဘများသည် မိမိတို့သားသမီးများ၏ အဖြေများတွင် ကတိတစ်ခုကို ကြားလိုဆဲဖြစ်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် မိမိတို့၏ သားသမီးများတွင်ရှိသော ၎င်းတို့ကိုယ်တိုင်၏အနာဂတ်ကိုလည်း မြင်လိုပြီး ၎င်းတို့ ပျိုးထောင်သည့် သားသမီးများသည် ကျေးဇူးကန်းခြင်း ရှိမည်မဟုတ်ဘဲ ၎င်းတို့အတွက် တာဝန်ယူမည့် သားသမီးဝတ်ကျေပွန်သော သားသမီးများဖြစ်မည်၊ ထို့အပြင် ၎င်းတို့အမှီပြုနိုင်မည့်သူများနှင့် ၎င်းတို့အသက်ကြီးသောအခါ၌ ၎င်းတို့ကို ပံ့ပိုးမည့်သူများဖြစ်မည်ဟု မျှော်လင့်သည်။ ၎င်းတို့သည် မိမိတို့၏သားသမီးများ ငယ်စဉ်ကတည်းက ဤမေးခွန်းများကို မေးနေခဲ့သော်လည်း ယင်းတို့သည် ရိုးရှင်းသောမေးခွန်းများ မဟုတ်ပေ။ ယင်းတို့သည် ဤမိဘများ၏ စိတ်နှလုံးအတွင်းထဲမှ ဖြစ်ပေါ်လာသော တောင်းဆိုချက်များနှင့် မျှော်လင့်ချက်များ၊ အမှန်တကယ်ကို စစ်မှန်သော တောင်းဆိုချက်များနှင့် အမှန်တကယ်ကို စစ်မှန်သော မျှော်လင့်ချက်များ လုံးလုံးလျားလျား ဖြစ်လေ၏။ ထို့ကြောင့် မိမိတို့၏ သားသမီးများက အမှုအရာများကို စတင်နားလည်လာသည်နှင့်တစ်ပြိုင်နက် မိဘများသည် ၎င်းတို့ဖျားနာသောအခါတွင် သားသမီးများက အရေးစိုက်နိုင်ရန်၊ ၎င်းတို့သောက်ရန် ရေထည့်ပေးခြင်းသာဖြစ်လျှင်ပင် ၎င်းတို့၏ အိပ်ရာဘေးတွင် ၎င်းတို့ကို အဖော်ပြုပြီး ပြုစုစောင့်ရှောက်နိုင်ရန် မျှော်လင့်သည်။ ၎င်းတို့သည် များစွာမလုပ်ဆောင်နိုင်သော်လည်း ငွေရေးကြေးရေး၊ သို့မဟုတ် ပို၍လက်တွေ့ကျသော အကူအညီကို မပေးနိုင်သော်လည်း အနည်းဆုံးအနေဖြင့် မိမိတို့၏သားသမီးများက ဤမျှသော သားသမီးဝတ်ကျေပွန်မှုကို ပြသသင့်သည်။ မိဘများသည် မိမိတို့၏သားသမီးများ ငယ်ရွယ်စဉ်တွင် ဤသားသမီးဝတ်ကျေပွန်ခြင်းကို မြင်လိုပြီး ရံဖန်ရံခါ မှန်ကန်ကြောင်း စစ်ဆေးလိုသည်။ ဥပမာ မိဘများသည် နေမကောင်းသောအခါ၊ သို့မဟုတ် အလုပ်ကြောင့် ပင်ပန်းသောအခါ သားသမီးများက ၎င်းတို့အား သောက်ရေခပ်ပေးရကောင်းမှန်း၊ ၎င်းတို့၏ဖိနပ်များကို ယူပေးရကောင်းမှန်း၊ ၎င်းတို့၏ အဝတ်အစားများကို လျှော်ရကောင်းမှန်း၊ သို့မဟုတ် ထမင်းနှင့် ကြက်ဥမွှေကြော်သာ ဖြစ်လျှင်ပင် ၎င်းတို့အတွက် ရိုးရှင်းသော အစားအစာပြုလုပ်ပေးရကောင်းမှန်း သိမသိကို ကြည့်ကြသည်။ သို့မဟုတ် ‘ပင်ပန်းနေပါသလား။ ပင်ပန်းနေလျှင် စားစရာတစ်ခုခု ပြုလုပ်ပေးပါရစေ’ ဟု မိဘများအား မေးမည် ဟုတ်မဟုတ်ဆိုသည်ကို ကြည့်ကြသည်။ အချို့မိဘများသည် သားသမီးများက အရွယ်ရောက်ပြီး သိတတ်လာခြင်း ရှိမရှိ၊ ၎င်းတို့အတွက် ချက်ပြုတ်ရကောင်းမှန်း သိမသိ၊ သားသမီးဝတ်ကျေပွန်ပြီး အလေးထားရကောင်းမှန်း သိမသိ၊ မိဘများ၏ အခက်အခဲများကို ၎င်းတို့ မျှဝေခံစားခြင်း ရှိမရှိ၊ သို့မဟုတ် သားသမီးများသည် အကြင်နာမဲ့သော ကျေးဇူးကန်းသူများ ဖြစ်မဖြစ်၊ သားသမီးများအား ပျိုးထောင်ခဲ့သည်မှာ အချည်းနှီးဖြစ်မဖြစ်ဆိုသည်ကို ကြည့်ရန်အတွက်သက်သက်ဖြင့် အားလပ်ရက်များ၌ အပြင်ထွက်ပြီး အစာစားချိန်တွင် အစားအစာပြင်ဆင်ရန်အတွက် တမင်တကာ ပြန်မလာပေ။ သားသမီးများ ကြီးပြင်းလာစဉ်တွင် လူကြီးဖြစ်သည့် အချိန်အတောအတွင်းတွင်ပင် မိဘများသည် သားသမီးများအား စဉ်ဆက်မပြတ် စမ်းသပ်နေပြီး ဤကိစ္စကို စူးစမ်းအစ်အောက်နေကြသည်။ တစ်ချိန်တည်းတွင်ပင် မိဘများသည် သားသမီးများအပေါ် စဉ်ဆက်မပြတ် တောင်းဆိုမှုများ ပြုလုပ်သည်။ ‘သင်သည် အလွန်ပင် အကြင်နာမဲ့သော ကျေးဇူးကန်းသူ မဖြစ်သင့်။ သင့်မိဘများဖြစ်သော ငါတို့သည် အဘယ်ကြောင့် သင့်ကို ပျိုးထောင်ခဲ့ရသနည်း။ ဤသည်မှာ ငါတို့ အသက်ကြီးသောအခါ ငါတို့ကို သင်စောင့်ရှောက်ရန် ဖြစ်သည်။ ငါတို့သည် သင့်အား ပျိုးထောင်ခဲ့သည်မှာ အချည်းနှီးဖြစ်သလော။ သင်သည် ငါတို့ကို အာမခံသင့်။ ငါတို့အနေဖြင့် သင့်အား ပျိုးထောင်ရသည်မှာ မလွယ်ကူပေ။ ခက်ခဲသောအလုပ်ဖြစ်သည်။ သင်သည် စာနာထောက်ထားသင့်ပြီး ဤအရာများကို သိသင့်သည်’ ဟူ၍ ဖြစ်သည်။ အထူးသဖြင့် ပုန်ကန်သောအဆင့်ဆိုသော အချိန်အတောအတွင်းတွင်၊ ဆိုလိုသည်မှာ ကြီးကောင်ဝင်ချိန်မှ အရွယ်ရောက်သည်အထိ ကူးပြောင်းမှုတွင် အချို့သားသမီးများသည် အလွန်အသိတရားရှိခြင်း၊ သို့မဟုတ် ပိုင်းခြားသိမြင်ခြင်းမရှိပေ။ ပြီးလျှင် ၎င်းတို့သည် မိဘများကို မကြာခဏအာခံပြီး ပြဿနာရှာသည်။ မိဘများက ငိုသည်။ သောင်းကျန်းသည်။ သားသမီးများအား နားပူနားဆာလုပ်ပြီး ‘သင်ငယ်စဉ်အချိန်က သင့်အား ကြည့်ရှုစောင့်ရှောက်ရန် ငါတို့မည်မျှ ဒုက္ခခံခဲ့သည်ကို သင်မသိ။ သင့်အား ဤသို့ကြီးပြင်းလာရန် ငါတို့ မမျှော်လင့်ခဲ့ပါ။ သားသမီးဝတ်ကျေပွန်ခြင်း လုံးဝမရှိ။ အိမ်အလုပ်များ၏ ဝန်ထုပ်ဝန်ပိုးကိုဖြစ်စေ၊ ငါတို့၏ အခက်အခဲများ၏ ဝန်ထုပ်ဝန်ပိုးကိုဖြစ်စေ မည်သို့မျှဝေခံစားရမည်ကို မသိနားမလည်ပေ။ ဤသည်တို့အားလုံးမှာ ငါတို့အတွက် မည်မျှခက်ခဲသည်ကို သင်မသိ။ သင်သည် သားသမီးဝတ် မကျေပွန်ပေ။ အာခံသည်။ သင်သည် လူကောင်းတစ်ယောက် မဟုတ်’ ဟု ဆိုသည်။ သားသမီးများက ၎င်းတို့စာသင်ရာတွင်၊ သို့မဟုတ် နေ့စဉ်ဘဝတွင် မနာခံခြင်း၊ သို့မဟုတ် တစ်ယူသန်အပြုအမူကို ပြသခြင်းတို့အား စိတ်ဆိုးခြင်းအပြင် မိဘများ၏ ဒေါသ၏ အခြားသောအကြောင်းပြချက်တစ်ခုမှာ ၎င်းတို့၏သားသမီးများတွင် ၎င်းတို့ကိုယ်တိုင်၏ အနာဂတ်ကို မမြင်နိုင်ခြင်းကြောင့်၊ သို့မဟုတ် ၎င်းတို့၏သားသမီးများက အနာဂတ်တွက် သားသမီးဝတ်ကျေပွန်မည် မဟုတ်ဟုသော်လည်းကောင်း၊ သားသမီးများသည် မိဘများအတွက် ထောက်ထားခြင်းမရှိသကဲ့သို့ စိတ်မကောင်းဖြစ်ခြင်းလည်း မရှိဟုသော်လည်းကောင်း၊ ၎င်းတို့သည် ၎င်းတို့စိတ်နှလုံးထဲတွင် မိဘများကို ထည့်သွင်းထားခြင်းမရှိဟုသော်လည်းကေင်း၊ ပို၍ အတိအကျဆိုရလျှင် ၎င်းတို့သည် မိဘများထံသွား၍ သားသမီးဝတ် ကျေပွန်ရမည်ကို မသိဟုသော်လည်းကောင်း မိဘများက မြင်ရခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် မိဘများ၏ အမြင်တွင် ဤသို့သော သားသမီးများအပေါ် ၎င်းတို့၏ မျှော်လင့်ချက်များကို မထားရှိနိုင်ပေ။ သားသမီးများသည် ကျေးဇူးမသိတတ်ခြင်း၊ သို့မဟုတ် အာခံခြင်း ဖြစ်နိုင်သည်။ မိဘများသည် မိမိတို့၏ သားသမီးများအတွက် ၎င်းတို့ပြုလုပ်ခဲ့သည့် ရင်းနှီးမြုပ်နှံမှုနှင့် ကုန်ကျစရိတ်များသည် အချည်းနှီး ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့ ရင်းထားသမျှ အလဟဿဖြစ်ခဲ့ရသည်ဟုလည်းကောင်း၊ ယင်းသည် မထိုက်တန်ဟုလည်းကောင်း ခံစားရလျက် စိတ်နှလုံးကွဲကြေရသည်။ ပြီးလျှင် ဝမ်းနည်းလျက်၊ စိတ်သောက ရောက်လျက်၊ မချိတင်ကဲဝေဒနာ ဖြစ်လျက် နောင်တရသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) မိဘတွေက သားသမီးအပေါ် မျှော်လင့်ချက်တွေထားတယ်ဆိုတာ ဘုရားသခင်က ဖော်ထုတ်ထားတယ်၊ အထူးသဖြင့် သားသမီးတွေက ကိုယ်သေတဲ့အထိ ပြုစုစောင့်ရှောက်ပြီး ဈာပနကို စီစဉ်ပေးဖို့ မျှော်လင့်ကြတယ်ဆိုတာကိုပါ။ သားသမီးတွေက ဒီမျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်တဲ့အခါ မိဘတွေက နာကျင်ပြီး စိတ်ပျက်ရတယ်၊ သားသမီးတွေကို ကျွေးမွေးပြုစုခဲ့တာ အလကားပဲလို့ တွေးကြတယ်တဲ့။ အဲဒါက ကျွန်မရဲ့ အခြေအနေအတိအကျပဲ။ သား ငယ်ငယ်လေးကတည်းက သူ့အပေါ် ကျွန်မ ဒီလိုမျှော်လင့်ချက်တွေ ထားခဲ့တာ။ ကျွန်မ နေမကောင်းရင် သူ ပြုစုမယ်၊ နောင်ကျရင် ကျွန်မ အသက်ကြီးပြီး မသွားနိုင်မလာနိုင်ဖြစ်တဲ့အခါ သူ ထောက်ပံ့ပြီး နေ့စဉ်ဘဝကို ဂရုစိုက်မယ်၊ ကျွန်မ ဆုံးပါးသွားရင် သူ ဈာပနကို စီစဉ်ပေးမယ်လို့ မျှော်လင့်ခဲ့တာ။ သား ကြီးလာတော့၊ စီစီပီရဲ့ နှိပ်ကွပ်မှုကြောင့်၊ ကျွန်မ နှစ်နှစ်သုံးနှစ် အိမ်မပြန်ရဲခဲ့ဘူး။ ပြန်ရောက်တော့၊ သားက ကျွန်မ အသက်ကြီးလာရင် ပြန်နေနိုင်ဖို့ အိမ်တစ်လုံး ဖယ်ထားပေးတယ်လို့ ကြားရတယ်။ ကျွန်မ အရမ်းဝမ်းသာပြီး သားက သားသမီးဝတ်ကျေပွန်ပြီး အားကိုးရတုန်းပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မအစား သူ့မိန်းမကို ရွေးလိုက်တော့ ကျွန်မ ရင်ကွဲမတတ် ခံစားရပြီး စိတ်ပျက်သွားတယ်။ သားကို အားကိုးလို့ မရတော့ဘူး၊ သူ့ကို ကျွေးမွေးပြုစုခဲ့တာ အလကားပဲလို့ တွေးမိတယ်။ သားက မြေးမလေးကို ခေါ်လာပြီး ကျွန်မကို လာတွေ့တော့၊ စိတ်သက်သာရာ ရသွားတယ်။ ဒါပေမဲ့ စီစီပီရဲ့ ဖမ်းဆီးတာကို ရှောင်ဖို့ လိုတဲ့အတွက် သူ့ကို ထပ်မတွေ့နိုင်တော့တဲ့အခါ သားက ကျွန်မကို အသိအမှတ်မပြုတော့မှာကို စိုးရိမ်မိတယ်၊ ပြီးတော့ ကျွန်မရဲ့ မီးစာကုန်ဆီခန်း အရွယ်မှာ ကျွန်မအတွက် ပြုစုစောင့်ရှောက်ဖို့ သူ့ကို အားကိုးမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပျက်စီးသွားတယ်။ ကျွန်မ ထပ်ပြီး နာကျင်ရပြန်တယ်၊ အသင်းတော်အလုပ်ကို နောက်ဆက်တွဲ လိုက်လုပ်ဖို့လည်း အာရုံမစိုက်နိုင်တော့ဘူး။ ဒါပေမဲ့ အခုမှ ကျွန်မ နားလည်လိုက်တာက ကျွန်မ နာကျင်ရတဲ့ အရင်းခံအကြောင်းရင်းက “အသက်ကြီးလာရင် ကိုယ့်ကို စောင့်ရှောက်ဖို့ သားသမီးမွေးတာ” ဆိုတဲ့ အတွေးအခေါ်ရဲ့ ထိန်းချုပ်တာကို ခံနေရလို့၊ ပြီးတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံနိုင်တာမျိုး မရှိလို့ ဖြစ်နေခဲ့တယ်။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်တယ်။ “တစ်ဖက်တွင် မိဘများသည် မိမိတို့၏သားသမီးများအား ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ရန် မျှော်မှန်းသည့်ကိစ္စနှင့်ပတ်သက်ပြီး အရာရာတိုင်းကို ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး ဘုရားသခင်၏ စီမံမှုအပေါ်တွင် မူတည်ကြောင်းကို မိဘများက သိရမည်။ အခြားတစ်ဖက်တွင် လူတို့သည် ကျိုးကြောင်းဆီလျော်မှုရှိရမည်။ ပင်ကိုအားဖြင့် မိဘများသည် သားသမီးများအား မွေးဖွားခြင်းအားဖြင့် ဘဝတွင် ထူးခြားသောအရာတစ်ခုကို ကြုံတွေ့နေရခြင်း ဖြစ်သည်။ ၎င်းတို့သည် သားသမီးများထံမှ များစွာ ရရှိပြီးဖြစ်ကာ မိဘအုပ်ထိန်းမှု၏ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်မှုတို့ကို တန်ဖိုးထားလာသည်။ ဤဖြစ်စဉ်သည် ၎င်းတို့ဘဝတွင် ကြွယ်ဝသောအတွေ့အကြုံတစ်ခု ဖြစ်သည်။ အမှတ်ရစရာ အတွေ့အကြုံလည်း ဖြစ်သည်။ ယင်းသည် ၎င်းတို့လူ့သဘာဝတွင် တည်ရှိသော အားနည်းချက်များနှင့် မသိနားမလည်ခြင်းကို အစားထိုးပေးသည်။ မိဘများအနေဖြင့် ၎င်းတို့သည် သားသမီးများအား ပျိုးထောင်ခြင်းမှတစ်ဆင့် ၎င်းတို့ရသင့်သည့်အရာကို ရရှိနှင့်ပြီး ဖြစ်သည်။ ၎င်းတို့သည် ဤအရာဖြင့် ကျေနပ်ရောင့်ရဲခြင်းမရှိဘဲ သားသမီးများအား အခြွေအရံများ သို့မဟုတ် ကျွန်များအဖြစ် ၎င်းတို့အား အလုပ်အကျွေးပြုရန် တောင်းဆိုလျှင်၊ သားသမီးများအား ပျိုးထောင်ပေးသည့်အတွက် သားသမီးများအား ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ခြင်း၊ အိုမင်းသောအချိန်တွင် ၎င်းတို့အား စောင့်ရှောက်ခြင်း၊ ၎င်းတို့အား မြေမြှုပ်သဂြိုဟ်ပေးခြင်း၊ ၎င်းတို့အား ခေါင်းတလားအတွင်းသို့ ထည့်ခြင်း၊ အိမ်တွင် ၎င်းတို့၏ ကိုယ်ခန္ဓာကို မပုပ်မသိုးရန် ထိန်းသိမ်းပေးခြင်း၊ ၎င်းတို့ကွယ်လွန်သောအခါ နာကျင်စွာငိုကြွေးခြင်း၊ သုံးနှစ်ကြာသည်အထိ ဝမ်းနည်းပြီး ပူဆွေးလျက်ရှိခြင်း စသည်တို့အားဖြင့် ၎င်းတို့ကို ပြန်လည်ပေးဆပ်ရန် မျှော်လင့်ကာ သူတို့၏ အကြွေးကို ပြန်လည်ပေးဆပ်ရန် ဤအရာများကို သားသမီးများအား အသုံးပြုစေလျှင် ကျိုးကြောင်းမသင့်သကဲ့သို့ လူသားမဆန်ပေ။ သင်မြင်သလော။ ဘုရားသခင်က လူတို့အား ၎င်းတို့၏မိဘများကို မည်သို့ဆက်ဆံရမည်ဆိုသည်ကို သွန်သင်ခြင်းနှင့်ပတ်သက်လျှင် သူသည် လူတို့အား ၎င်းတို့၏မိဘများအပေါ် သားသမီးဝတ် ကျေပွန်ရန်သာ တောင်းဆိုသည်။ ပြီးလျှင် သားသမီးများအား မိဘများသေသည်ထိ ပံ့ပိုးရန် လုံးဝ မတောင်းဆိုပေ။ ဘုရားသခင်သည် လူတို့အား ဤတာဝန်နှင့် ဝတ္တရားကို မပေးပေ။ ဤသို့သောအရာတစ်ခုခုကို သူ လုံးဝ မပြောခဲ့ပေ။ ဘုရားသခင်သည် သားသမီးများအား မိဘများအပေါ် သားသမီးဝတ်ကျေပွန်ရန်သာ အကြံပေးသည်။ မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်းသည် ကျယ်ပြန့်သောနယ်ပယ်ရှိသည့် အကြမ်းဖျဉ်း ပြောဆိုချက် ဖြစ်သည်။ ယနေ့တွင် တိကျသောဝေါဟာရများဖြင့် ယင်းအကြောင်းကို ပြောလျှင် ယင်းသည် သင်၏တာဝန်များကို သင့်ထံတွင် ရှိသောစွမ်းရည်နှင့် အခြေအနေများအတွင်းမှ ဖြည့်ဆည်းခြင်း ဖြစ်သည်။ ဤသည်မှာ လုံလောက်သည်။ ထိုမျှ ရိုးရှင်းသည်။ ယင်းသည် သားသမီးများအတွက် တစ်ခုတည်းသော သတ်မှတ်ချက်ဖြစ်သည်။ ဤသို့ဆိုလျှင် မိဘများက ဤအရာကို အဘယ်သို့ နားလည်သင့်သနည်း။ ဘုရားသခင်က ‘သားသမီးများသည် မိဘများအပေါ် သားသမီးဝတ်ကျေပွန်ရမည်။ မိဘများ အိုမင်းသောအခါတွင် စောင့်ရှောက်ရမည်။ ကွယ်လွန်သောအခါတွင် မိဘများ၏ ဈာပနအတွက် စီစဉ်လုပ်ဆောင်ပေးရမည်’ ဟု မတောင်းဆိုပေ။ ထို့ကြောင့် မိဘဖြစ်သူများသည် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်မှုကို လက်လွှတ်သင့်ပြီး ၎င်းတို့က သားသမီးများအား မွေးဖွားခဲ့ရုံဖြင့် သားသမီးများနှင့်ပတ်သက်သည့်အရာရာတိုင်းကို ၎င်းတို့အပေါ် ဗဟိုပြုရန် မမျှော်လင့်သင့်ပေ။ သားသမီးများက မိဘများကို ဗဟိုပြုခြင်း မရှိဘဲ မိဘများအား ၎င်းတို့ဘဝ၏ အဓိကအချက်အချာအဖြစ် မသတ်မှတ်လျှင် မိဘများက သားသမီးများအား အဆက်မပြတ်ဆူခြင်း၊ အစဉ်သဖြင့် အပြစ်ရှိသည်ဟု ခံစားရအောင် လုပ်ဆောင်ခြင်း၊ ‘သင်သည် ကျေးဇူးမသိတတ်။ သားသမီးဝတ်မကျေပွန်သည့်အပြင် မနာခံပါ။ သင့်အား အလွန်ကြာရှည်စွာ ပျိုးထောင်ပြီးသည့်နောက်တွင်ပင် သင့်အပေါ် အားကိုး၍မရသေးပါ’ ဆိုသကဲ့သို့သော အရာများအား ပြောဆိုပြီး သားသမီးများအား ဤသို့ အစဉ်ဆူငေါက်ကာ ၎င်းတို့အပေါ် ဝန်ပိစေခြင်းတို့သည် မမှန်ပေ။ သားသမီးများအား သားသမီးဝတ်ကျေပွန်ပြီး မိမိကို အဖော်ပြုရန်၊ အိုမင်းသည့်အခါတွင် စောင့်ရှောက်ပြီး မြေမြှုပ်သဂြိုဟ်ပေးရန်၊ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ မိမိတို့အကြောင်းကို စဉ်ဆက်မပြတ် တွေးရန် တောင်းဆိုခြင်းသည် ပင်ကိုအားဖြင့် မှားယွင်းသော ဆောင်ရွက်ပုံနည်းလမ်းဖြစ်ပြီး လူသားမဆန်သော အတွေး၊ အယူအဆဖြစ်သည်။ ဤသို့သော တွေးခေါ်မှုမျိုးသည် မတူညီသောနိုင်ငံများ၊ သို့မဟုတ် မတူညီသော လူမျိုးစုများကြားတွင် အနည်းနှင့်အများဆိုသလို တည်ရှိနေနိုင်သည်။ သို့သော် တရုတ်ရိုးရာ ယဉ်ကျေးမှုကိုကြည့်လျှင် အထူးသဖြင့် တရုတ်လူမျိုးများသည် သားသမီးဝတ်ကျေပွန်ခြင်းကို အလေးပေးသည်။ ရှေးကာလမှ ယခုအချိန်အထိ ဤအရာကို လူတို့၏ လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းအဖြစ်၊ လူတစ်ယောက်ကောင်းသည်၊ မကောင်းသည်ကို အကဲဖြတ်သည့် စံနှုန်းအဖြစ် အစဉ်ဆွေးနွေးပြီး အလေးပေးခဲ့သည်။ လူ့အဖွဲ့အစည်းတွင် သားသမီးများက သားသမီးဝတ် မကျေပွန်လျှင်၊ ၎င်းတို့၏မိဘများကလည်း ရှက်လိမ့်မည် ဖြစ်သကဲ့သို့ သားသမီးများသည်လည်း ၎င်းတို့၏ ဂုဏ်သတင်းတွင် ဤအမှတ်အသားကို ခံနိုင်မည်မဟုတ် ဆိုသည့် အတွေ့ရများသည့် ကျင့်သုံးမှုနှင့် လူအများ၏ ထင်မြင်ချက်ရှိသည်မှာလည်း အမှန်ပင်ဖြစ်သည်။ အမျိုးမျိုးသော အကြောင်းအရင်းများ၏ လွှမ်းမိုးမှုအောက်တွင် မိဘများသည်လည်း ဤရိုးရာအတွေးအခေါ်၏ အဆိပ်ခတ်ခြင်းကို အလွန်အမင်းခံထားရပြီး မစဉ်းစားဘဲ၊ သို့မဟုတ် ပိုင်းခြားသိမြင်မှုမရှိဘဲ ၎င်းတို့၏ သားသမီးများအား သားသမီးဝတ်ကျေပွန်ရန် တောင်းဆိုကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့၊ “အသက်ကြီးလာရင် ကိုယ့်ကို စောင့်ရှောက်ဖို့ သားသမီးမွေးတာ” ဆိုတဲ့ အတွေးအခေါ်က မှားမှန်း ကျွန်မ နားလည်လာတယ်။ မိဘတွေအနေနဲ့၊ သားသမီးတွေကို ကျွေးမွေးပြုစုတာက ကိုယ့်တာဝန်နဲ့ ဝတ္တရားပါ။ ဒါကို သားသမီးတွေနဲ့ အပေးအယူတစ်ခုလို သဘောထားပြုမူတာမျိုး မလုပ်သင့်ဘူးလေ။ သူတို့ကို မွေးဖွားဖို့ ရွေးချယ်ခဲ့မှတော့၊ သူတို့ကို ပြုစုစောင့်ရှောက်ရမဲ့ တာဝန် ကိုယ့်မှာ ရှိပါတယ်။ ဒါက တိရစ္ဆာန်တွေ သူတို့ သားသမီးလေးတွေကို ဂရုစိုက်သလိုပါပဲ။ သူတို့ဘာသာ အသက်ရှင်နိုင်တဲ့အထိ ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးကြတယ်။ ဒါတွေအားလုံးက ဘုရားသခင် သူတို့ကို ပေးထားတဲ့ ဗီဇစိတ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ သက်ရှိအားလုံး ပွားများပြီး ဆက်လက်ရှင်သန်နိုင်ဖို့ တိရစ္ဆာန်အားလုံးက ဒီနိယာမကို လိုက်နာကြတယ်။ လူတွေလည်း မထူးပါဘူး။ သားကို ကျွန်မ ဘယ်လို ကျွေးမွေးပြုစုခဲ့လဲဆိုတာ တွေးကြည့်တော့၊ အဲဒါက ကျွန်မရဲ့ ဘဝအတွေ့အကြုံကို ကြွယ်ဝစေတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့တာကို တွေ့ရတယ်။ သူ စကားစပြောတာကနေ၊ လမ်းစလျှောက်တာ၊ ကျောင်းတက်တာ၊ အိမ်မှုကိစ္စတွေ ကူလုပ်ပေးတာအထိ၊ အဲဒါတွေအားလုံးက မိခင်တစ်ယောက်ရဲ့ တာဝန်သိစိတ်ကို ကျွန်မကို ခံစားနားလည်စေခဲ့တယ်။ ကျွန်မရဲ့ လူ့သဘာဝကိုလည်း ရင့်ကျက်စေခဲ့တယ်။ သားသမီးတွေကို ကျွေးမွေးပြုစုတာက မိဘတွေအနေနဲ့ ကျွန်မတို့ရဲ့ တာဝန်နဲ့ ဝတ္တရားပါ၊ ကျေးဇူး မဟုတ်ဘူး။ ဒါပေမဲ့ “အသက်ကြီးလာရင် ကိုယ့်ကို စောင့်ရှောက်ဖို့ သားသမီးမွေးတာ” ဆိုတဲ့ ရိုးရာအယူအဆကို ကျွန်မ လက်ခံထားမိလို့၊ သူ့ကို ကျွေးမွေးပြုစုခဲ့တာကို အပေးအယူဖို့ ကြိုးစားစရာ အခွင့်အရေးတစ်ခုလို အသုံးချခဲ့မိတယ်။ ကျွန်မ သူ့ကို ကျွေးမွေးခဲ့လို့၊ ကျွန်မ အသက်ကြီးတဲ့အခါ၊ နေမကောင်းတဲ့အခါ သူက ကျွန်မနားမှာ အပြေးအလွှား ပြုစုသင့်တယ်၊ ကျွန်မ သေရင်လည်း ခမ်းခမ်းနားနား ဈာပနလုပ်ပေးသင့်တယ်လို့ တွေးခဲ့တာ။ သူ့ကို ကျွေးမွေးပြုစုခဲ့တာတွေ အားလုံးက ကျွန်မရဲ့ ဇာတိပကတိ အကျိုးစီးပွားကို ဖြည့်ဆည်းဖို့သက်သက်ပဲ ဖြစ်နေတာ။ ဘုရားသခင်ကတော့ လူတွေကို သူတို့ရဲ့ လက်တွေ့အခြေအနေတွေအရ မိဘတွေအပေါ် တာဝန်ကျေဖို့ပဲ တောင်းဆိုပါတယ်။ သားသမီးတွေက မိဘတွေ အသက်ကြီးရင် ပြုစုစောင့်ရှောက်ရမယ်၊ ဒါမှမဟုတ် ဈာပနစီစဉ်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိပါဘူး။ ဒါပေမဲ့ ကျွန်မက “အသက်ကြီးလာရင် ကိုယ့်ကို စောင့်ရှောက်ဖို့ သားသမီးမွေးတာ”၊ “သူ ငယ်တုန်းက ကိုယ်ကျွေးမွေးပြုစုခဲ့တယ်၊ ကိုယ် အိုတော့ သူပြန်ပြီး ပြုစုစောင့်ရှောက်ပေါ့” ဆိုတဲ့ ရိုးရာအယူအဆတွေကို ဖက်တွယ်ထားတော့ သားက ကျွန်မဘဝအတွက် အပြည့်အဝ တာဝန်ယူရမယ်လို့ တောင်းဆိုခဲ့တယ်။ ဒါက လုံးဝ ဆင်ခြင်တုံတရားမဲ့တာမဟုတ်ဘူးလား၊ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာ မကောင်းဘူးလား။ သားကို အားကိုးလို့မရနိုင်တာ တွေ့တိုင်း၊ ကျွန်မ ရင်ကွဲမတတ် ခံစားရပြီး စိတ်ပျက်ခဲ့တယ်၊ ဘဝမှာ မျှော်လင့်ချက်မရှိသလို ခံစားခဲ့ရတယ်။ ဘုရားသခင်ကိုတောင် ညည်းညူမိပြီး၊ ယုံကြည်သူဖြစ်ရဲ့သားနဲ့ ငါ့ဘဝက မယုံကြည်သူတွေထက်တောင် ဆိုးနေပါလားလို့ တွေးမိတယ်။ အနာဂတ်အတွက် အမြဲ စိတ်ပူနေပြီး ကိုယ့်တာဝန်တွေကို အာရုံမစိုက်နိုင်ခဲ့ဘူး။ “အသက်ကြီးလာရင် ကိုယ့်ကို စောင့်ရှောက်ဖို့ သားသမီးမွေးတာ” ဆိုတဲ့ ရိုးရာယဉ်ကျေးမှု အတွေးအခေါ်က ကျွန်မကို ထိခိုက်နစ်နာစေပြီး ချည်နှောင်ထားတာ၊ အမှားအမှန် မခွဲခြားနိုင်အောင် လုပ်နေတာကို ကျွန်မ မြင်လိုက်ရတယ်။ ဒီအတွေးအခေါ်က လုံးဝ အဓိပ္ပာယ်မရှိပါဘူး။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ဖြစ်တယ်။ “မိဘများသည် သားသမီးများထံမှ ဤအရာများကို ခံစားပြီး ရရှိခဲ့ပြီးဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် ကြီးမားသောစည်းစိမ်နှင့် ဆုလာဘ်ဖြစ်သည်။ အမှန်တကယ်တွင် သားသမီးများအား မွေးဖွားခြင်း၊ ပျိုးထောင်ခြင်းလုပ်ဆောင်မှုမှပင် သားသမီးများထံမှ များစွာရရှိပြီး ဖြစ်သည်။ သင့်သားသမီးများက သင့်အပေါ် သားသမီးဝတ်ကျေပွန်မည်၊ မကျေပွန်မည်၊ သင်မသေမီတွင် သင်သည် ၎င်းတို့အပေါ် အားကိုးနိုင်ခြင်းရှိမရှိနှင့် ၎င်းတို့ထံမှ မည်သည့်အရာကို သင်ရရှိနိုင်သည်ဆိုသည့် ဤအရာများမှာမူ သင်တို့သည် အတူတကွနေထိုင်ရန် ကံပါလာခြင်းရှိမရှိအပေါ်တွင် မူတည်ပြီး ဘုရားသခင်၏ စီမံမှုအပေါ်တွင် မူတည်သည်။ အခြားတစ်ဖက်တွင် သင့်သားသမီးများက မည်သည့်ပတ်ဝန်းကျင်မျိုးတွင် နေသည်၊ ၎င်းတို့၏ နေထိုင်သည့် အခြေအနေများ၊ ၎င်းတို့၌ သင့်ကို စောင့်ရှောက်နိုင်သည့် အခြေအနေရှိမရှိ၊ ၎င်းတို့သည် ငွေရေးကြေးရေးတွင် အဆင်ပြေမှု ရှိမရှိ၊ သင့်အား ရုပ်ဝတ္ထုဆိုင်ရာ ပျော်မွေ့မှုနှင့် ကူညီမှုတို့ဖြင့် ပံ့ပိုးပေးရန် ၎င်းတို့၌ ပိုက်ဆံအပိုရှိမရှိတို့သည်လည်း ဘုရားသခင်၏ စီမံမှုအပေါ် မူတည်သည်။ ထို့အပြင် သင်သည် မိဘတို့၏ အမြင်ရှုထောင့်မှကြည့်လျှင် သင့်သားသမီးများက သင့်အားပေးသည့် ရုပ်ဝတ္ထုပစ္စည်းများ၊ ငွေ၊ သို့မဟုတ် စိတ်ခံစားချက်ဆိုင်ရာ နှစ်သိမ့်မှုတို့ကို ခံစားရရန် ကံပါခြင်းရှိမရှိသည်လည်း ဘုရားသခင်၏ စီမံမှုအပေါ် မူတည်သည်။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ လူသားများက တောင်းခံ၍ ရနိုင်သောအရာများ မဟုတ်။ သင်မြင်သလော။ သားသမီးအချို့ကို ၎င်းတို့မိဘများက မနှစ်သက်ပေ။ ပြီးလျှင် ၎င်းတို့မိဘများသည် ၎င်းတို့နှင့်အတူ နေထိုင်လိုစိတ်မရှိ။ သို့သော် ဘုရားသခင်သည် ၎င်းတို့အား ၎င်းတို့မိဘများနှင့်အတူ နေထိုင်ရန် စီမံပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အဝေးသို့ ခရီးမထွက်နိုင်၊ သို့မဟုတ် ၎င်းတို့မိဘများကို မထားခဲ့နိုင်ပေ။ ၎င်းတို့သည် တစ်ဘဝလုံး ၎င်းတို့မိဘများနှင့် ပိတ်မိနေသည်။ သင်သည် ကြိုးစားလုပ်ဆောင်လျှင်ပင် ၎င်းတို့ကို နှင်မထုတ်နိုင်ပေ။ အခြားတစ်ဖက်တွင်မူ သားသမီးအချို့၌ ၎င်းတို့နှင့်အတူအလွန်ပင်နေထိုင်လိုစိတ်ရှိသော မိဘများရှိသည်။ ၎င်းတို့သည် ခွဲ၍မရပေ။ တစ်ယောက်ကိုတစ်ယောက် အစဉ် လွမ်းဆွတ်နေသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့သည် ၎င်းတို့မိဘများနေထိုင်သည့် တစ်မြို့တည်းတွင်၊ သို့မဟုတ် တစ်နိုင်ငံတည်းတွင်ပင် မနေထိုင်နိုင်ပေ။ ၎င်းတို့အတွက် တစ်ယောက်မျက်နှာတစ်ယောက် တွေ့မြင်ပြီး တစ်ယောက်နှင့်တစ်ယောက် စကားပြောရန် ခက်ခဲသည်။ ဆက်သွယ်ရေးနည်းလမ်းများက အလွန်ဖွံ့ဖြိုးတိုးတက်ပြီး အွန်လိုင်း ဗီဒီယိုစကားဝိုင်းဖြင့် ပြောဆိုနိုင်သော်လည်း တစ်ရက်ပြီးတစ်ရက် အတူတကွနေထိုင်ခြင်းနှင့် ကွဲပြားနေဆဲ ဖြစ်သည်။ ၎င်းတို့သားသမီးများသည် အကြောင်းတစ်ခုခုကြောင့် နိုင်ငံခြားသွားသည်။ အိမ်ထောင်ကျပြီးနောက်တွင် အခြားတစ်နေရာ၌ အလုပ်လုပ်သည်၊ နေထိုင်သည် စသည်တို့ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့မိဘများနှင့် အလွန့်အလွန် ဝေးကွာစွာဖြင့် ခွဲနေကြသည်။ တစ်ကြိမ်ပင်တွေ့ဆုံဖို့ မလွယ်ကူပေ။ ပြီးလျှင် ဖုန်းပြောဆိုခြင်း၊ သို့မဟုတ် အွန်လိုင်း ဗီဒီယိုခေါ်ဆိုမှုဖြင့် ပြောဆိုခြင်းသည် အချိန်အပေါ်တွင် မူတည်သည်။ အချိန်ကွာခြားမှု၊ သို့မဟုတ် အခြားသော အဆင်မပြေမှုများကြောင့် ၎င်းတို့သည် ၎င်းတို့မိဘများနှင့် မကြာခဏ မဆက်သွယ်နိုင်ပေ။ ဤအဓိကသွင်ပြင်လက္ခဏာများသည် မည်သည်အရာနှင့် ဆက်နွှယ်နေသနည်း။ ယင်းတို့အားလုံးသည် ဘုရားသခင်၏ စီမံမှုနှင့် မဆက်နွှယ်သလော။ (ဆက်နွှယ်ပါသည်။) ဤသည်မှာ မိဘ၊ သို့မဟုတ် သားသမီး၏ စိတ်ခံစားချက်မှဖြစ်သော ဆန္ဒဖြင့် ဆုံးဖြတ်နိုင်သောအရာတစ်ခု မဟုတ်ပေ။ အဓိကအားဖြင့် ဘုရားသခင်၏ စီမံချက်အပေါ် မူတည်သည်။ နောက်တစ်ခုတွင် မိဘများသည် အနာဂတ်တွင် သားသမီးများအား အားကိုးနိုင်ခြင်းရှိမရှိကို စိတ်ပူကြသည်။ သင်သည် ၎င်းတို့အား မည်သည့်အတွက် အားကိုးလိုသနည်း။ လက်ဖက်ရည်ယူပေးရန်နှင့် ရေထည့်ပေးရန်လော။ ဤသည်မှာ မည်သို့သော မှီခိုမှုမျိုးနည်း။ သင့်ဘာသာ မလုပ်ဆောင်နိုင်သလော။ သင်သည် ကျန်းမာပြီး လှုပ်ရှားနိုင်ကာ သင့်ကိုယ်သင် ဂရုစိုက်နိုင်လျှင်၊ အရာရာတိုင်းကို သင့်ဘာသာ လုပ်ဆောင်နိုင်လျှင် ဤသည်မှာ မကောင်းသလော။ သင့်အား အစေခံရန် အဘယ်ကြောင့် သူတစ်ပါးတို့ကို အားကိုးရသနည်း။ သင့်သားသမီးများ၏ စောင့်ရှောက်မှုနှင့် အဖော်ပြုမှု၊ ထို့အပြင် ထမင်းစားပွဲတွင်ရော၊ အခြားနေရာတွင်ပါ သင့်အား အလုပ်အကျွေးပြုမှုတို့ကို ခံစားခြင်းသည် အမှန်ပင် ပျော်ရွှင်မှု ဖြစ်သလော။ ဖြစ်ချင်မှ ဖြစ်ပေမည်။ သင်သည် မလှုပ်ရှားနိုင်လျှင်၊ ၎င်းတို့က အမှန်ပင် သင့်အား ထမင်းစားပွဲတွင်ရော၊ အခြားနေရာတွင်ပါ အမှန်တကယ် အလုပ်အကျွေးပြုဖို့ လိုအပ်လျှင် ယင်းသည် သင့်အတွက် ပျော်ရွှင်မှုပါဝင်သလော။ သင့်ကို ရွေးချယ်မှုတစ်ခုပေးလျှင် သင်သည် ကျန်းမာပြီး သင့်သားသမီးများ၏ စောင့်ရှောက်မှု အားမလိုအပ်ခြင်းကို ရွေးချယ်မည်လော၊ သို့မဟုတ် သင်သည် သင်၏ဘေး၌ သင့်သားသမီးများရှိပြီး လေဖြတ်နေရခြင်းကို ရွေးချယ်မည်လော။ မည်သည့်အရာကို သင်ရွေးချယ်မည်နည်း။ (ကျန်းမာရန် ရွေးချယ်ပါမည်။) ကျန်းမာခြင်းက အလွန်ပို၍ ကောင်းသည်။ သင်သည် အသက် ၈၀၊ ၉၀၊ သို့မဟုတ် ၁၀၀ အထိပင် နေထိုင်ရသည်ဖြစ်စေ သင့်ကိုယ်သင်ဆက်လက်၍ ဂရုစိုက်နိုင်သည်။ ဤသည်မှာ ကောင်းသောဘဝအရည်အသွေးဖြစ်သည်။ သင်သည် အိုမင်းနိုင်သော်လည်း၊ သင်၏ အသိဉာဏ်က နှေးကွေးလာနိုင်သော်လည်း၊ မကောင်းသောမှတ်ဉာဏ်ရှိပြီး အစားနည်းနိုင်သော်လည်း၊ အမှုအရာများကို လုပ်ဆောင်ရာတွင် ပို၍နှေးကွေးလာပြီး ယခင်ကကဲ့သို့ ကောင်းစွာ မလုပ်ဆောင်နိုင်သော်လည်း၊ အပြင်ထွက်ခြင်းသည် ယခင်ကကဲ့သို့ အဆင်မပြေသော်လည်း သင်ကိုယ်တိုင်၏ အခြေခံလိုအပ်ချက်များကို တာဝန်ယူနိုင်သည်မှာ ကောင်းနေဆဲ ဖြစ်သည်။ သင့်သားသမီးများက နှုတ်ဆက်စကားပြောရန်အတွက် ရံဖန်ရံခါ ဖုန်းခေါ်ခြင်း၊ သို့မဟုတ် အားလပ်ရက်များတွင် ၎င်းတို့အား အိမ်သို့လာစေပြီး သင်နှင့်အတူနေစေခြင်းသည် လုံလောက်သည်။ ၎င်းတို့ထံမှ အဘယ်ကြောင့် တစ်စုံတစ်ခုပို၍ တောင်းဆိုမည်နည်း။ သင်သည် အစဉ်သဖြင့် သင့်သားသမီးများအပေါ် အားကိုးနေသည်။ ၎င်းတို့သည် သင်၏ ကျွန်များဖြစ်မှသာ ပျော်ရွှင်မည်လော။ သင့်အနေဖြင့် ဤသို့ တွေးသည်မှာ တစ်ကိုယ်ကောင်း မဆန်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့၊ ကျွန်မ ရုတ်တရက် အလင်းတွေ့သွားတယ်။ လူတစ်ယောက်က ဘဝမှာ သားသမီးတွေရဲ့ ပြုစုစောင့်ရှောက်တာ၊ အလေးထားတာကို ပျော်မွေ့ခံစားရနိုင်မလား၊ ဒါမှမဟုတ် သားသမီးတွေဆီကနေ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုကို ဘယ်လောက်ရနိုင်မလဲ ဆိုတာတွေ အားလုံးက ဘုရားသခင်ရဲ့ အမိန့်နဲ့ ပြဋ္ဌာန်းထားတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မတို့ လိုချင်ရုံနဲ့ ဖြစ်လာတဲ့အရာ မဟုတ်ဘူး။ ဥပမာ ကျွန်မ အစ်ကိုကြီးကို ကြည့်ပါလား။ သူ့မှာ သားသမီး ငါးယောက်တောင် ရှိတာ၊ ဒါပေမဲ့ သူ နေမကောင်းဖြစ်တော့၊ သူ့ကို ပြုစုဖို့ တစ်ယောက်မှ ရောက်မလာဘူး။ နောက်ဆုံးတော့၊ သူ ဆုံးတဲ့အထိ ကျွန်မ ခင်ပွန်းကပဲ ပြုစုပေးခဲ့ရတာ။ ပြန်ကြည့်လိုက်ရင်၊ ပြီးခဲ့တဲ့သုံးလေးနှစ်မှာ တာဝန်ထမ်းဆောင်ရင်း ကျွန်မ ကျန်းမာရေး သိပ်မကောင်းခဲ့ဘူး။ သုံးလေးကြိမ် နှလုံးဖောက်ဖူးတယ်၊ အကြိမ်တိုင်းမှာ ဘုရားသခင်ကပဲ ကျွန်မကို ကွယ်ကာပြီး အန္တရာယ်ကနေ ကယ်တင်ပေးခဲ့တာပါ။ တစ်ခါတုန်းက၊ နှလုံးထဲမှာ ရုတ်တရက် အရမ်း နေလို့မကောင်းဖြစ်ပြီး နှလုံးရပ်သွားသလို ခံစားလိုက်ရတယ်။ ခေါင်းတွေမူးပြီး လုံးဝ မလှုပ်နိုင်တော့ဘူး၊ သေတော့မယ်လို့ ထင်လိုက်တာ။ နှလုံးသားထဲကနေ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီးရဲ့ အသက်က ကိုယ်တော်လက်ထဲမှာပါ။ ဒီနေ့ ဒီမှာ သေရရင်တောင် ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့ သမီး လိုလားပါတယ်” လို့ပေါ့။ အဲဒီအချိန်မှာပဲ၊ ဧည့်ခံတဲ့မိသားစုက မောင်လေးတစ်ယောက် တခြားမြို့ကနေ ပြန်ရောက်လာတယ်။ သူက ဆရာဝန်ဆိုတော့ ကျွန်မကို နည်းနည်းအကြောနှိပ်ပေးတယ်၊ ခဏနေတော့ နည်းနည်းသက်သာသွားတယ်။ ဘုရားသခင်က ကျွန်မကို ကူညီဖို့ ကျွန်မအနားက လူတွေ၊ ဖြစ်ရပ်တွေနဲ့ အမှုအရာတွေကို ဘယ်လို စီစဉ်ပေးတယ်ဆိုတာ ကျွန်မ မြင်လိုက်ရတယ်၊ ဒါဟာ ဘုရားသခင်ရဲ့ အံ့ဖွယ် ကွယ်ကာမှုဖြစ်မှန်း ကျွန်မ သိလိုက်တယ်။ စဉ်းစားကြည့်ရင်၊ ကျွန်မ နေမကောင်းဖြစ်တုန်းက သားဘေးမှာ ရှိနေရင်တောင်၊ ကျွန်မ ခံစားရတာတော့ ခံစားရဦးမှာပါပဲ။ ဘုရားသခင်ကသာ ကျွန်မအသက်ကို နုတ်ယူချင်တယ်ဆိုရင်၊ သားက ဘေးမှာ ရှိနေရင်တောင် ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ ကျွန်မရဲ့ ကံကြမ္မာက ဘုရားသခင်လက်ထဲမှာ ရှိပြီး၊ ကျန်းမာရေးကလည်း ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုအောက်မှာပဲ ရှိပါတယ်။ ပြီးတော့ ကိုယ့်အသက်အတွက် ကိုယ်တာဝန်ယူရမယ်၊ အရာရာတိုင်းအတွက် သားကို မမှီခိုသင့်ဘဲ၊ သူ မရှိလည်း ကိုယ့်ဘဝကို အမှီအခို ကင်းကင်းနဲ့ ဘာသာ စီမံသင့်တယ်လေ။ အဲဒါက မိဘတွေမှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားပဲ။ ဒါကို သဘောပေါက်ပြီးတဲ့နောက်၊ ကျွန်မ နှလုံးသားထဲမှာ အများကြီး လင်းသွားတယ်။

ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်တော့၊ ကြီးကျယ်ခမ်းနားတဲ့ ဈာပနဖြစ်သွားအောင် လိုက်လုပ်တာ၊ ကိုယ့်ဈာပနကို စီစဉ်ပေးဖို့ သားသမီးမွေးတာတွေရဲ့ အဓိပ္ပာယ်မရှိမှုကို သိနားလည်မှုတချို့ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့ကသင့်အား ခေါင်းတလားအတွင်းသို့ ထည့်ရန်၊ သင့်အား မြေမြှုပ်သဂြိုဟ်သည့် အဝတ်အစားများ ဝတ်ဆင်ပေးရန်၊ မိတ်ကပ်လိမ်းပေးရန်နှင့် ခမ်းနားသောအသုဘ စီစဉ်ရန်အတွက် သင့်အနီးတွင် သားသမီးများ ရှိခြင်းသည် ဂုဏ်ဝင့်ဖွယ်သောအရာတစ်ခု ဖြစ်သည်။ သင့်အတွက် အသုဘစီစဉ်ပေးသော၊ သို့မဟုတ် သင့်အား မြေမြှုပ်သဂြိုဟ်ပေးသော သူတစ်ဦးမျှမရှိဘဲ သင်သေဆုံးလျှင် သင်၏ တစ်ဘဝလုံးတွင် သင့်လျော်သော အဆုံးသတ်မရှိသကဲ့သို့ဖြစ်သည်’ ဟု တွေးကြသည်။ ဤအယူအဆသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ယခုခေတ်ကာလတွင် လူငယ်တို့သည် ဤအရာများကို များစွာ အရေးစိုက်ခြင်းမရှိ။ သို့သော် သားသမီးများသည် မိဘများ အိုမင်းသောအခါတွင် စောင့်ရှောက်ရမည်ဖြစ်ပြီး မြေမြှုပ်သဂြိုဟ်ပေးရမည်ဆိုသည့် စိတ်နှလုံးထဲတွင် နက်နဲစွာ တည်ရှိနေသော အတွေးနှင့် အမြင်ရှိသည့် ထိုးထွင်းအမြင် နည်းပါးရှိသော ဝေးလံသောဒေသရှိလူများနှင့် သက်ကြီးရွယ်အိုများ ရှိဆဲဖြစ်သည်။ သင်သည် သမ္မာတရားအကြောင်းကို မည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့က လက်မခံပေ။ ဤအရာ၏ နောက်ဆုံးအကျိုးဆက်မှာ အဘယ်နည်း။ အကျိုးဆက်မှာ ၎င်းတို့သည် ကြီးစွာဒုက္ခခံရခြင်း ဖြစ်သည်။ ဤအကျိတ်အခဲသည် ၎င်းတို့အတွင်းတွင် ကြာရှည်စွာ ကွယ်ဝှက်နေခဲ့ပြီး ယင်း၏ အဆိပ်ခတ်ခြင်းကို ၎င်းတို့ ခံရမည်။ ၎င်းတို့က ယင်းကို တူးဖော်ပြီး ဖယ်ရှားလိုက်သောအခါတွင် ယင်း၏ အဆိပ်ခတ်ခြင်းကို ခံရတော့မည်မဟုတ်ဘဲ ၎င်းတို့၏ဘဝသည် လွတ်လပ်လိမ့်မည်။ မည်သည့်မှားယွင်းသော လုပ်ရပ်မဆိုသည် မှားယွင်းသော အတွေးများကြောင့် ဖြစ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့အိမ်တွင် သေဆုံးပြီး ပုပ်ဆွေးမည်ကို ကြောက်ရွံ့လျှင် ‘ငါသည် သားတစ်ယောက်ကို ပြုစုပျိုးထောင်ရမည်။ ငါ၏သားက ကြီးပြင်းသောအခါ၌ သူ့အား ဝေးလံလွန်းရာသို့ သွားခွင့်ပြု၍မဖြစ်။ ငါသေသောအခါတွင် သူသည် ငါ၏အနီး၌မရှိလျှင် အဘယ်သို့ လုပ်မည်နည်း။ အိုမင်းသောအခါ၌ ငါ့အား စောင့်ရှောက်မည့်သူ၊ သို့မဟုတ် မြေမြှုပ်သဂြိုဟ်ပေးမည့်သူမရှိခြင်းသည် ဘဝတွင် ငါ၏အကြီးမားဆုံးသော နောင်တဖြစ်လိမ့်မည်။ ငါ့အတွက် ဤအရာကို လုပ်ဆောင်ပေးရန် တစ်စုံတစ်ယောက်ရှိလျှင် ငါ၏ဘဝကို အချည်းနှီးအသက်ရှင်ခဲ့ခြင်း ဖြစ်မည်မဟုတ်။ ပြည့်စုံသောဘဝ ဖြစ်လိမ့်မည်။ မည်သို့ဖြစ်စေ ငါသည် အိမ်နီးချင်းများက လှောင်ပြောင်ခြင်းကို ခံရသည့်သူ ဖြစ်၍မရပေ’ ဟု ၎င်းတို့ အစဉ် စဉ်းစားနေလိမ့်မည်။ ဤသည်မှာ ဖောက်ပြန်ပျက်ယွင်းနေသော သဘောတရားမဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် အမြင်ကျဉ်းမြောင်းပြီး ဆုတ်ယုတ်သည်။ ရုပ်ခန္ဓာကို လွန်စွာ အရေးထားလွန်းသည်။ လက်တွေ့တွင် ရုပ်ခန္ဓာသည် တန်ဖိုးမရှိ။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့ကို တွေ့ကြုံရပြီးနောက်တွင် မည်သည့်အရာမျှ မကျန်တော့ပေ။ လူတို့သည် အသက်ရှင်စဉ်တွင် သမ္မာတရားကို ရရှိမှသာ ၎င်းတို့ကယ်တင်ခြင်းခံရသောအခါ ၎င်းတို့သည် ထာဝရ အသက်ရှင်လိမ့်မည်။ သင်သည် သမ္မာတရားကို မရရှိသေးလျှင် သင်၏ကိုယ်ခန္ဓာသေဆုံးပြီး ဆွေးမြည့်သောအခါ မည်သည့်အရာမျှ ကျန်ရှိမည်မဟုတ်။ သင့်သားသမီးများက သင့်အပေါ် မည်မျှ သားသမီးဝတ်ကျေပွန်ပါစေ သင်က ယင်းကို ခံစားနိုင်မည်မဟုတ်ပေ။ လူတစ်ယောက်သေဆုံးပြီး သူ၏ သားသမီးများက သူ့ကို ခေါင်းတလားအတွင်း၌ မြေမြှုပ်သောအခါ ထိုကိုယ်ခန္ဓာ အဟောင်းသည် တစ်စုံတစ်ခုကို ခံစားရနိုင်သလော။ တစ်စုံတစ်ခုကို သိမြင်နိုင်သလော။ (မသိမြင်နိုင်ပါ။) ယင်းတွင် လုံးဝ သိမြင်နားလည်မှုမရှိပေ။ သို့သော် ဘဝတွင် လူတို့သည် ဤအမှုကိစ္စကို လွန်စွာ အလေးထားပြီး သားသမီးများသည် ၎င်းတို့အား မြေမြှုပ်သဂြိုဟ်နိုင်ခြင်းရှိမရှိတွင် သားသမီးများအား အလွန်တောင်းဆိုသည်။ ဤသည်မှာ မိုက်မဲသည်မဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းပါတယ်။ လူတစ်ယောက် သေပြီးတဲ့နောက်၊ သူ့ဝိညာဉ်က ထွက်သွားပြီ။ သူ့ခန္ဓာကိုယ်က အသက်ရဲ့ လက္ခဏာ မရှိတော့ဘဲ ရက်ပိုင်းအတွင်းမှာ ပုပ်သိုးသွားတယ်။ သူ့သားသမီး မြေးမြစ်တွေက လျှော်တေဝတ်ပြီး ဈာပနကို ဘယ်လောက်ပဲ ကြီးကြီးကျယ်ကျယ် လုပ်ပေးပါစေ၊ သူ့ရဲ့ ခန္ဓာကိုယ်မှာတော့ ဘယ်လို သိမြင်မှုမှ မရှိတော့သလို ဘာကိုမှလည်း သိမှာ မဟုတ်ပါဘူး။ သေပြီးနောက်မှာ ခမ်းခမ်းနားနား ဈာပနကို လုပ်ပေးဖို့ တောင်းဆိုတာက အရမ်းကို မိုက်မဲရာကျတယ်။ အရင်ကတော့ ကျွန်မက ဒီကိစ္စကို အရမ်း အလေးအနက်ထားခဲ့မိတယ်။ သားက ကျွန်မအစား သူ့မိန်းမကို ရွေးလိုက်တဲ့အခါ တစ်နေ့ ပြင်းထန်တဲ့ ရောဂါနဲ့ ကျွန်မသေသွားနိုင်ပြီး ဘယ်သူမှ မြေမချပေးရင်၊ ကျွန်မဘဝက မလှမပနဲ့ သနားစရာကောင်းပြီး အဆုံးသတ်သွားမှာကို စိုးရိမ်ခဲ့တာလေ။ ကျွန်မရဲ့ ဒီအတွေးတွေက တကယ်ကို အဓိပ္ပာယ်မရှိပါဘူး။ တကယ်တော့ နောက်ဆုံးသော ကာလမှာ ဘုရားသခင်က သမ္မာတရားကို ဖော်ပြပါတယ်၊ လူတွေထဲကို သမ္မာတရား ရိုက်သွင်းပေးဖို့ ရည်ရွယ်တာပါ၊ သမ္မာတရားကို လိုက်စားမှသာ လူတွေက အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတဲ့ ဘဝကို ရှင်သန်နိုင်မှာပါ။ ဘုရားသခင်က လူတစ်ယောက်ရဲ့ အဆုံးသတ်ကို သူတို့မှာ သမ္မာတရား ရှိမရှိဆိုတာနဲ့ ဆုံးဖြတ်ပါတယ်။ သမ္မာတရားကို ရရှိပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်မှသာ ထာဝရအသက်ကို ရနိုင်ပြီး လှပတဲ့ ပန်းတိုင်ဆီ ပို့ဆောင်ခံရမှာပါ။ လူတစ်ယောက်က ကိုယ့်သက်တမ်းတစ်လျှောက်မှာ သမ္မာတရားကို မလိုက်စားခဲ့ရင်၊ ကောင်းမှုတွေ မလုပ်ခဲ့ရင် သူ့ဈာပနက ဘယ်လောက်ပဲ ခမ်းနားပါစေ၊ သူ့စိတ်ဝိညာဉ်က ငရဲကို ရောက်မှာပါပဲ။ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ၊ သမ္မာတရားကို ဘယ်လိုလိုက်စားမလဲ၊ စိတ်သဘောထား ပြောင်းလဲဖို့ ဘယ်လိုလိုက်စားမလဲ၊ ပြီးတော့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ဘယ်လို ကောင်းကောင်းထမ်းဆောင်မလဲ ဆိုတာတွေကိုပဲ စဉ်းစားသင့်ပါတယ်။ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရမှသာ တန်ဖိုးနဲ့ အဓိပ္ပာယ် ပြည့်ဝတဲ့ ဘဝကို ရှင်သန်နိုင်မှာပါ။ ဘုရားသခင် ပြောသလိုပါပဲ၊ “လက်တွေ့တွင် ရုပ်ခန္ဓာသည် တန်ဖိုးမရှိ။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့ကို တွေ့ကြုံရပြီးနောက်တွင် မည်သည့်အရာမျှ မကျန်တော့ပေ။ လူတို့သည် အသက်ရှင်စဉ်တွင် သမ္မာတရားကို ရရှိမှသာ ၎င်းတို့ကယ်တင်ခြင်းခံရသောအခါ ၎င်းတို့သည် ထာဝရ အသက်ရှင်လိမ့်မည်။” ကျွန်မက ဘုရားသခင်ကို ယုံကြည်သူတစ်ယောက် ဖြစ်ရဲ့သားနဲ့ သေပြီးနောက်မှာ ရမဲ့ ခမ်းနားကြီးကျယ်မှုကို လိုက်စားပြီး ဒါတွေကို အမှီပြုပြီး အသက်ရှင်ရင် ကျွန်မက အရူးတစ်ယောက်၊ မယုံကြည်သူတစ်ယောက် ဖြစ်သွားမှာပေါ့။ သားက ကျွန်မကို ဘယ်လိုဆက်ဆံမလဲ ဆိုတာတွေအားလုံးက ဘုရားသခင်ရဲ့ အမိန့် ပြဋ္ဌာန်းတားတဲ့ အထဲမှာပဲ ရှိပါတယ်။ ကျွန်မ သေတဲ့အထိ သူ မပြုစုရင်တောင်၊ ဈာပန မစီစဉ်ပေးရင်တောင်၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုကို ကျွန်မ ကျိုးနွံနာခံသင့်ပါတယ်။ ဒါက ကျွန်မမှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားပါပဲ။ ကျွန်မတို့က ဘုရားသခင်ရဲ့ ဧဝံဂေလိတရား ဖြန့်ဝေဖို့ အရေးကြီးတဲ့ အချိန်ကာလမှာ ရောက်နေကြတာ၊ ကျွန်မ လုပ်သင့်တာက ကိုယ့်မှာ အခုရှိတဲ့အချိန်ကို တန်ဖိုးထားပြီး ကိုယ့်တာဝန်ကို လက်တွေ့ကျကျ ထမ်းဆောင်ဖို့၊ ကိုယ့်ကိုယ်ကိုယ် သမ္မာတရားနဲ့ ပိုပြီး ပြင်ဆင်ဖို့၊ ဘုရားသခင်အတွက် သက်သေခံဖို့နဲ့ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေရာမှာ ကိုယ့်အပိုင်းကနေ ပါဝင်ကူညီဖို့ပါပဲ။ အခု ဒီအရာတွေကို နားလည်သွားပြီဆိုတော့၊ ဘဝမှာ မှန်ကန်တဲ့ ပန်းတိုင်နဲ့ ဦးတည်ချက် ရှိလာပြီ၊ နှလုံးသားထဲမှာ လွတ်လပ်ပြီး လွတ်မြောက်သွားတယ်၊ ကိုယ့်တာဝန်မှာလည်း ဘာအနှောင့်အယှက်မှ မရှိတော့ဘူး။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မိမိကိုယ်ကိုယ်အပေါ် မဖြစ်စေချင်မည့်အရာကို အခြားသူများထံ မလုပ်ခြင်းနှင့် ပတ်သက်၍ သုံးသပ်ဆင်ခြင်မှုများ

ပိုင်ရွှဲ တောင်ကိုရီးယားနိုင်ငံ ကျွန်မ တာဝန်မှာ ပြဿနာ အကြီးရော၊ အသေးပါ အများကြီး ပေါ်ပေါက်ခဲ့တယ်။ တချို့က သတိမမူလွန်းရာကနေ ဖြစ်ပြီး၊...

ကျွန်မ အသက်ကြီးတဲ့အခါ စောင့်ရှောက်ပေးဖို့အတွက် ကျွန်မသားကို အားမကိုးတော့ပါ

တရုတ်နိုင်ငံ၊ ချင်းစုန်၂၀၀၁ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့...

“မိမိကိုယ်ကို စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံခြင်း”သည် အမှန်တကယ် သူတော်ကောင်းတရားတစ်ခု ဖြစ်သလော

အရင်က၊ တခြားလူတွေကို ကျွန်မ သည်းခံပြီး သဘောထားကြီးသင့်တယ်၊ သူတို့ရဲ့ ခံစားချက်တွေကို ထောက်ထားပြီး၊ သူတို့ရဲ့ အခက်အခဲတွေကို...

တစ်စုံတစ်ယောက်၏ ကျေးဇူးကို ဆပ်ခြင်းသည် ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းတစ်ခု ဖြစ်ပါသလား

လီချွန်း၊ တရုတ်ပြည်၂၀၂၂ ဖေဖော်ဝါရီလ တစ်နေ့မှာ အသင်းတော်ခေါင်းဆောင်က ကျွန်တော့်ကို ဝူဂျွန်အကြောင်း အကဲဖြတ်ချက်ရေးခိုင်းတယ်။ ကျွန်တော်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။