လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါ

28.02.2021

မြောင်ရှောင် တရုတ်နိုင်ငံ

ကျွန်မက မိမိတာဝန်ကို ထမ်းဆောင်ခြင်း၊ ညီအစ်ကို မောင်နှမများနှင့် အဆင်ပြေခြင်း၊ သိသာသည့် အပြစ်များကို မကျူးလွန်ခြင်းအားဖြင့်၊ လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင် နေထိုင်နေခြင်း ဖြစ်သည်ဟု ထင်ခဲ့ဖူးသည်။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း၊ ထပ်ခါထပ်ခါ ဖော်ထုတ်ခြင်းကို ကျွန်မ ခံရပြီး လူသားပုံသဏ္ဌာန်ရှိခြင်းသည် အပြင်ပန်း အပြူအမူသက်သက်သာ မဟုတ်သည်ကို နောက်ဆုံးမှာ ကျွန်မ မြင်ခဲ့ရသည်။ အဓိကသော့ချက်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့၊ တစ်ခုခု ဖြစ်ပျက်သည့်အခါ မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားကို စွန့်လွှတ်ပြီး အခြေခံသဘောတရားများကို ထိန်းသိမ်းဖို့၊ ဘုရားသခင်၏ အမှုတော်ကို ထိန်းသိမ်းဖို့၊ ဘုရားအလိုတော်ကို ဂရုစိုက်ဖို့သာ ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇူလိုင်လမှာ ကျွန်မတို့ အသင်းတော်က အစ်မတစ်ယောက်က ဧဝံဂေလိဖြန့်ဝေနေစဉ် အဖမ်းခံခဲ့ရသည်။ သူမက ကျွန်မ၏အိမ်ကို ရောက်ဖူးသောကြောင့်၊ ရဲများက သူ့ကို နောက်ယောင်ခံလိုက်နေပါက၊ ကျွန်မ မည်သည့်နေရာတွင် နေသည်ကို သူတို့ သိမည် ဖြစ်သည်။ ကျွန်မတို့ အခြားနေရာကို အမြန် ပြောင်းရွှေ့ခဲ့ကြသည်။ အခြေချပြီးသည့်နောက်မှာ ကြီးကြပ်သူ တစ်ယောက် ရောက်လာပြီး “ညီအစ်ကို မောင်နှမသုံးယောက်က နောက်ယောင်ခံလိုက်ခံရပြီး အဖမ်းခံခဲ့ရတယ်။ ဝတ်ပြုအစည်းအဝေး လုပ်ဖို့ သူတို့သွားတဲ့နေရာမှာရှိတဲ့ လူတိုင်းလည်း ပြောင်းကုန်ကြပြီ။ နင်တို့ ဂရုစိုက်သင့်တယ်။” ဟု ပြောသည်။ “ရဲတွေက ညီအစ်ကို မောင်နှမတချို့ကို ဖမ်းပြီးပြီဆိုတော့ သူတို့ကို ခြေရာခံလိုက်နေတာ နည်းနည်း ကြာလောက်ပြီ။ ကွန်မြူနစ်ပါတီက ဘုရားသခင်နဲ့ သမ္မာတရားကို မုန်းတီးတယ်။ သူတို့က ဘုရားသခင်ရဲ့ အသင်းတော်ကို ဖျက်ဆီးပြီး ယုံကြည်သူတွေကို ဖမ်းဆီးဖို့အတွက် သဲလွန်စတွေကို ရှာဖွေဖို့၊ အဓိကလူကို ဖမ်းမိဖို့ အခွင့်ကောင်း စောင့်နေကြတာ။ ကျွန်မတို့ရဲ့ စုဝေးတဲ့ နေရာတွေအားလုံးကို စောင့်ကြည့်နေကြလောက်တယ်၊ အဲဒီနေရာတွေမှာ နေနေတဲ့သူတိုင်း အမြန်ဆုံး ပြောင်းရွှေ့သင့်တယ်။” ဟု ကျွန်မ စဉ်းစားမိသည်။ သို့ရာတွင် ကြီးကြပ်သူ က အဖမ်းခံရသည့်သူများ သွားခဲ့သည့်နေရာများကိုသာ သတိပေးခဲ့ခြင်း ဖြစ်သည်၊ အခြားလူများ မည်သူ့ကိုမှ သတိမပေးရသေးပါ။ ကျွန်မ သူ့ကို တစ်ခုခုပြောသင့် မပြောသင့်ကို တွေးနေမိသည်။ ကျွန်မက မပြောခဲ့ဘဲ တစ်ခုခုဖြစ်သွားပါက၊ လူမည်မျှ အဖမ်းခံရပြီး နှိပ်စက်ခံရမည်ကို မသိနိုင်ပါ။ ဤသည်က အသင်းတော်၏ အလုပ်ကိုလည်း ထိခိုက်မည် ဖြစ်သည်။ သို့ရာတွင် ကျွန်မက ထုတ်ပြောပြီးတော့မှ သူက နားမထောင်ပါက သို့မဟုတ် ကျွန်မက အရမ်းကြောက်လွန်းသည်ဟု ပြောပါက၊ ကျွန်မအပေါ် သူ အကောင်းမြင်နေခြင်းက ပျောက်သွားမလား။ ဤအကြောင်းနှင့် ပတ်သက်ပြီး စိတ်ပူနေစဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ စဉ်းစားမိသည်။ “ဘုရားသခင်၏အမှုအတွက် အကျိုးရှိသည့်အရာတိုင်းကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ ဘုရားသခင်၏နာမတော်၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတော်တို့ကို ကာကွယ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်) ယုံကြည်သူတစ်ယောက်အနေနှင့် ဘုရားသခင်၏ အမှုတော်နှင့် အသင်းတော်၏ အကျိုးစီးပွားကို ထိန်းသိမ်းသင့်သည်ကို ဤနှုတ်ကပတ်တော်က ကျွန်မကို သတိပေးနေသည်။ ထို့ကြောင့် ကျွန်မ၏ အတွေးနှင့် ထင်မြင်ချက်ကို သူ့ကို ဝေမျှပြောပြခဲ့သည်။ ကျွန်မ ပြော၍ မဆုံးမီတွင် သူက မကြည်သည့်မျက်နှာနှင့် “နေရာပြောင်းမယ် ဟုတ်လား။ နည်းနည်းလေးဖြစ်တာနဲ့ ငါတို့က ထွက်ပြေးရင် ဒါ ဘုရားရဲ့ အုပ်စိုးမှုကို ယုံကြည်တာ ဟုတ်ရဲ့လား။ နင်က ဝိညာဉ်ရင့်ကျက်မှုရှိပြီး အဖွဲ့မှာ ဦးဆောင်နိုင်တယ်လို့ ငါ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ လက်စသတ်တော့ တစ်ခုခုဖြစ်လာတာနဲ့ နင်က တိမ်းရှောင်တာပဲ။” ဟု ပြောသည်။ ဤသည်ကို ကြားရတော့ ကျွန်မ အလွန် စိတ်ညစ်သွားသည်။ သူမက ကျွန်မကို ထိုပုံစံနှင့် ကိုင်တွယ်ဖြေရှင်းပြီးသည့်နောက်မှာ အခြားလူများက မည်သို့ထင်ကြမည်နည်း။ ဤကဲ့သို့ဖြစ်ပြီး ကျွန်မက သူမကို မည်သို့ မျက်နှာချင်းဆိုင်ရမည်နည်း။ သို့ရာတွင် အသင်းတော်အလုပ်ကို ထိန်းသိမ်းပြီး ညီအစ်ကို မောင်နှမများ၏ ဘေးကင်းမှုအတွက် ကာကွယ်ပေးဖို့ကို စဉ်းစားမိသောကြောင့်၊ ယင်းကို ကျွန်မ ထပ်ပြီး ဆွေးနွေးချင်ခဲ့သည်။ သို့ရာတွင် သူမက မည်မျှ စိတ်ခိုင်မာနေသည်ကို မြင်ရလျက် ကျွန်မ စိတ်ပူမိသည်။ ကိုင်တွယ်ဖြေရှင်းခံရပြီးလျှင်ပြီးချင်း ကျွန်မက ယင်းကို ဆက်ပြီး ဆွေးနွေးနေပါက၊ ကျွန်မက သမ္မာတရား၏ စစ်မှန်မှု မရှိကြောင်းနှင့် မာနထောင်လွှားပြီး ခေါင်းမာကြောင်း သူမက ပြောမှာပဲ။ သူမက ကျွန်မကို သမ္မာတရားကို ရှာဖွေသူအဖြစ် မြင်ပါဦးမလား။ သူမက အရေးကြီးသည့် တာဝန်များမှာ ကျွန်မကို ထည့်သွင်းပြီး အကြောင်းကိစ္စများမှာ ကျွန်မနှင့် တိုင်ပင်လျက်၊ ကျွန်မကို အမြဲတမ်း တန်ဖိုးထားခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင်အမြင်ကို မလျှော့တမ်း ပြောနေပါက၊ သူမ ကျွန်မကို လေ့ကျင့်ပေးနေသည်မှာ ရပ်သွားနိုင်ပြီး၊ ထိုသို့ဖြင့် အခြားသူများက ကျွန်မကို အထင်သေးကြမည်။ ကျွန်မ လွတ်ထားလိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ ကျွန်မ ခေါင်းငုံ့နေပြီး စကားတစ်လုံးမျှ မပြောတော့ပါ။

သူ ပြန်သွားသည့်နောက်မှာ ကျွန်မ တကယ်ကို အနေရခက်နေသောကြောင့်၊ ကျွန်မ တိတ်တဆိတ် ဆုတောင်းလိုက်သည်။ ထို့နောက်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက ကျွန်မ စိတ်ထဲကို ရောက်လာသည်။ “တစ်ဦးတစ်ယောက်၏ လူ့သဘာဝတွင် အခြေခံအကျဆုံး နှင့် အရေးကြီးဆုံး အစိတ်အပိုင်းများမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ သို့မဟုတ် ဆိုးသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ဤအရာကို သေချာစွာ စိစစ်ကြစို့။ ဤလူသည် လူ့သဘာဝ မရှိဟု လူတို့ပြောဆိုသည်အထိ သူသည် ဖောက်ပြန်ပျက်စီးသော လူ့သဘာဝကို မည်သို့ ပြသနည်း။ ထိုသို့သော လူများသည် မည်သည့် ထူးခြားသော လက္ခဏာရပ်များ ပိုင်ဆိုင်ကြသနည်း။ ၎င်းတို့သည် မည်သည့် သရုပ်သကန်များ အတိအကျကို ပြကြသနည်း။ ထိုသို့သော လူတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကိုလည်း အရေးထားခြင်း မပြကြပေ။ ဘုရားသခင်အတွက် သက်သေခံခြင်း သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။...၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ရာတွင် ပြဿနာကို သိမြင်သောအခါ ဆိတ်ဆိတ်နေသော သူတို့ပင် ရှိကြသည်။ ၎င်းတို့သည် အခြားသောသူတို့က နှောင့်ယှက်ခြင်းများနှင့် အတားအဆီးများ ဖြစ်စေလျက်ရှိကြသည်ကို တွေ့မြင်သော်လည်း၊ ထိုသူတို့ကို တားဆီးရန် မည်သည့်အရာမျှ မလုပ်ဆောင်ကြချေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးတို့ကို အနည်းဆုံး ထည့်သွင်းစဉ်းစားခြင်း မရှိသည်သာမက ၎င်းတို့ကိုယ်တိုင်၏ ဝတ္တရားများနှင့် တာဝန်များနှင့် ပတ်သက်၍လည်း မစဉ်းစားကြချေ။ ၎င်းတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဝင့်ဝါမှု၊ သိက္ခာ၊ ရာထူး၊ အကျိုးများနှင့် ဂုဏ်သရေတို့အတွက်သာ ပြောဆို၊ လုပ်ဆောင်၊ ထင်ပေါ်၊ အားထုတ်ကြိုးပမ်းကာ အားအင်ကို အသုံးပြုကြသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ တကယ့် အခြေအနေကို ထုတ်ဖော်ပြခဲ့သည်။ ထိုနေရာများက အန္တရာယ်ရှိပြီး ထိုနေရာတွင် ရှိသည့်သူများ ပြောင်းရွှေ့ပါက၊ အဖမ်းခံရနိုင်သည်ကို ကျွန်မ သိခဲ့သည်။ သို့ရာတွင် ကျွန်မက သတ္တိနည်းပြီး ယုံကြည်ခြင်းမရှိဟု ကြီးကြပ်သူ က ပြောပြီး သူမက ကျွန်မကို အထင်မကြီးတော့မည်ကို စိုးရိမ်ခဲ့သည်။ အခြေခံသဘောတရားများကို မလိုက်နာရဲခဲ့ဘဲ၊ အသင်းတော်၏အလုပ်ကို မထိန်းသိမ်းရဲခဲ့ပါ။ သမ္မာတရားကို ကျွန်မ သိသော်လည်း၊ လက်တွေ့မလုပ်ဆောင်ခဲ့ပါ။ ဘုရားသခင်ကို “အို ဘုရားသခင် ကျွန်မ၏ ယုံကြည်ခြင်းမှာ သမ္မာတရားကို ကျွန်မ လက်တွေ့မလုပ်ဆောင်ဘူးဆိုတာ လက်တွေ့အရှိတရားက ပြသခဲ့ပါတယ်။ ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ မထိန်းသိမ်းဘူး။ ကျွန်မရဲ့ ဩဇာတိက္ကမ၊ အဆင့်အတန်းနဲ့ အကျိုးစီးပွားတွေကိုပဲ ထည့်စဉ်းစားခဲ့တယ်။ ကျွန်မဟာ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းပါတယ်။ ဘုရားသခင် ကျေးဇူးပြုပြီး ကျွန်မကို လမ်းညွှန်ခြင်း ပေးတော်မူပါ။ ကျွန်မ အမှန်တကယ် နောင်တရဖို့ ဆန္ဒရှိပါတယ်။” ဟု ကျွန်မ ဆုတောင်းခဲ့သည်။ ထို့နောက် ကျွန်မတို့က မိမိတာဝန်မှာ ဘေးကင်းလုံခြုံမှုကို အမြဲတမ်း သတိပြုရမည် အလုပ်အစီအစဉ်များမှာ ပြဌာန်းသတ်မှတ်ထားသည်ကို ကျွန်မ သတိရမိခဲ့သည်။ ဘေးကင်းသည့် ပတ်ဝန်းကျင်တွင်၊ ညီအစ်ကို မောင်နှမများက သူတို့၏တာဝန်ကို စိတ်အေးလက်အေးနှင့် ထမ်းဆောင်နိုင်ပြီး၊ ဘုရားသခင်၏အိမ်တော်၏ အလုပ်လည်း အလွယ်တကူ မနှောင့်ယှက်ခံရတော့ပါ။ ထို့နောက်တွင် အဖွဲ့မှာရှိသည့် အခြားလူများနှင့် ကျွန်မ၏ အတွေးများကို ဝေမျှခဲ့ပြီး အခြားနေရာများက အန္တရာယ်ရှိပြီး ပြောင်းရွှေ့သင့်သည်ဟု သူတို့ သဘောတူခဲ့ကြသည်။ ကြီးကြပ်သူကို ကျွန်မ တွေ့သည့်အခါ၊ သူမနှင့် ယင်းကို ထပ်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကျွန်မ ဘုရားသခင်ကို ဆုတောင်းပြီး ရဲရင့်မှုကို ပေးဖို့ တောင်းလျှောက်ခဲ့သည်။

သုံးလေးရက်ကြာပြီးနောက်၊ အခြား ကြီးကြပ်သူ တစ်ယောက် ဖြစ်သည့် အစ်မကျန်းက ကျွန်မတို့ အဖွဲ့ကို အလည်အပတ် ရောက်လာသည်။ အဖမ်းခံရသည့်ကိစ္စကို ကျွန်မတို့ ကြားခြင်း ရှိမရှိနှင့် မည်သို့ထင်သည်တို့ကို သူမက မေးသည်။ “တခြား စုဝေးတဲ့ နေရာတွေကလည်း မလုံခြုံလောက်ဘူးလို့ ထင်တယ်။ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကျွန်မတို့ သူတို့တွေကို ချက်ချင်းပြောင်းရွှေ့ဖို့ ပြောသင့်တယ်။” ဟု ကျွန်မ အမြန်ပြောလိုက်သည်။ ကျွန်မ ပြောလို့ မပြီးသေးခင်မှာဘဲ အစ်မကျန်းက “မလုံခြုံဘူး ဟုတ်လား။ တရုတ်ပြည်မှာ ဘုရားသခင်ကို ယုံကြည်တာက ဘယ်နေရာမှာ လုံခြုံလို့လဲ။ ငါတို့ အန္တရာယ်ကနေ လွတ်ကင်းတာ ဘယ်နေရာရှိလို့လဲ။ အခုအချိန်က ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ အရေးကြီးတဲ့အချိန်ပါ။ ငါတို့က တစ်ခုခုဖြစ်တိုင်း ကြောက်နေရင် ကိုယ့်တာဝန်ကို ဘယ်လို လုပ်နိုင်မှာလဲ။ ဘုရားသခင်ရဲ့ အမှုတော်ကပြီးဆုံးပြီး ကွန်မြူနစ်ပါတီ ကျရှုံးသွားတဲ့အထိ နင်က စောင့်ချင်လို့လား” ဟု ခပ်ကြမ်းကြမ်းပြောသည်။ ကျွန်မက “ကျွန်မ ပြောတာ အဲဒီလိုမျိုးမဟုတ်ဘူး။ ဘုရားသခင်က ကျွန်မတို့ကို ကျေးဇူးတော်ခေတ်မှာ ပြောခဲ့တယ်။ ‘တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။(ရှင်မဿဲခရစ်ဝင် ၁ဝ:၁၆)တမြို့၌ သင်တို့ကို ညှဉ်းဆဲလျှင် တမြို့သို့ပြေးကြလော့။(ရှင်မဿဲခရစ်ဝင် ၁၀:၂၃) တရုတ်ပြည်မှာ ကျွန်မတို့ တာဝန်ကို ထမ်းဆောင်တာက ဉာဏ်ပညာ လိုအပ်ပါတယ်။” ဟု တွေးမိသည်။ သို့ရာတွင် သူမက ဤနေရာများမှ မပြောင်းရွှေ့ချင်ဘဲ၊ ကျွန်မက မလျှော့တမ်းဆက်ပြောနေပါက၊ သမ္မာတရားကို ကျွန်မ လက်ခံမည် မဟုတ်ဘဲ၊ ကျွန်မ တစ်ခုခုလွဲနေသည်ဆိုပြီး သူ ပြောကောင်းပြောနိုင်သည်ကို အစ်မကျန်း၏ တုံ့ပြန်ချက်ကနေ ကျွန်မ မြင်နိုင်သည်။ နောက်တော့ သူမက “ကြောက်တဲ့သူတွေက သူတို့ တာဝန်ကို မထမ်းဆောင်နိုင်ဘူး။ အဖမ်းခံရတဲ့အခါမှာ ယုဒတွေ ဖြစ်ကုန်ကြတယ်။” ဟု ဆက်ပြောသည်။ ကျွန်မ တကယ်ကို ဒွိဟ ဖြစ်သွားခဲ့သည်။ အားလုံး ပြောင်းရွှေ့ကြဖို့ ကျွန်မက ဆက်ပြီး အကြံပေးနေပါက၊ ကြီးကြပ်သူများက ကျွန်မကို သူရဲဘောနည်းသည်ဟု မြင်ကြနိုင်သည်။ ကျွန်မကို ထုတ်ပင် ထုတ်ပစ်နိုင်သည်။ သို့ဆိုလျှင် အခြားသူများက ကျွန်မကို မည်သို့ထင်ကြမည်နည်း။ ကျွန်မ၏ စိတ်အားထက်သန်မှုကြောင့်၊ သူတို့က ကျွန်မကို အကောင်းမြင်လေ့ ရှိကြပြီး၊ သူတို့ ပြဿနာများကို မိတ်သဟာယဖွဲ့ပေးဖို့ ကျွန်မကို တောင်းဆိုလေ့ရှိသည်။ ကျွန်မက သတ္တိနည်းပြီး သမ္မာတရားကို လက်မခံဟု သူတို့ ထင်သွားပါက၊ ကျွန်မကို ယခင်ကကဲ့သို့ မြင်တော့မည် မဟုတ်ဘဲ၊ ကျွန်မလည်း သူတို့နှင့် မျက်နှာချင်းဆိုင်ဖို့ ရှက်နေမည် ဖြစ်သည်။ ကျွန်မ များစွာ စဉ်းစားသော်လည်း၊ မှန်ကန်သည့်အရာကို လုပ်ဖို့ ကျွန်မ ဆန္ဒက ပျောက်ကွယ်သွားခဲ့သည်။ ကျွန်မ ကြီးကြပ်သူနှင့် အဆင်မပြေ မဖြစ်ချင်ပါ။ ကျွန်မက “ငါ တွေးမိတာကို ပြောပြတာပါ။ ဘာလုပ်မလဲဆိုတာ အစ်မတို့အပေါ်မှာ မူတည်ပါတယ်။” ဟု ပြောလိုက်သည်။

သုံးလေးရက်လောက်ကြာပြီးသည့်နောက် တစ်မနက်မှာ အစ်မတစ်ယောက်က ပျာယာခတ်လျက် ထိုအဖမ်းခံရခြင်းများ ပြီးသည့်နောက်မှာ အချို့ စုဝေးသည့်နေရာများက ပြောင်းရွှေ့သည်မှာ နှေးနေကြသည်ဟု ပြောသည်။ ရဲများက သူတို့ကို ခြေရာခံလိုက်နေသောကြောင့်၊ ကြီးကြပ်သူ သုံးယောက်နှင့် စုဝေးပွဲနေရာက အချို့လူများ အဖမ်းခံလိုက်ရသည်။ ဤသည်မှာ ကျွန်မ တော်တော် စိတ်ထိခိုက်သွားစေသည်။ ကျွန်မသာ ထိုအချိန်က အခြေခံသဘောတရားများကို လိုက်နာပြီး အရေးကြီးသည့်အရာကို ရှင်းပြခဲ့ပါက သို့မဟုတ် အသင်းတော်ခေါင်းဆောင်ကို တိုက်ရိုက် ဆက်သွယ်ခဲ့ပါက၊ ကျွန်မတို့ ထိုအခြေအနေကို ရောက်လာမည် မဟုတ်ပါ။ ထို့ကြောင့် လူများစွာ အဖမ်းခံရပြီး အသင်းတော်၏အလုပ်က အလွန်ကို နှောင့်နှေးသွားသည်။ ယင်းက ကျွန်မ တာဝန်မသိတတ်ခြင်း၊ စည်းမျဉ်းများအတိုင်း မလုပ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။ သို့ရာတွင် ယခုအခါ အရမ်း နောက်ကျသွားပြီ။ အန္တရာယ် ရှိနိုင်သည့်သူများအားလုံးကို တရုတ်ကွန်မြူနစ်ပါတီ၏ ဆိုးယုတ်သည့် လက်ထဲကို ရောက်မသွားစေဖို့ အမြန်ဆုံး အသိပေးရန်သာ ဖြစ်သည်။ ညီအစ်ကို မောင်နှမများကို ယင်းကို ကျွန်မ ချက်ချင်းလုပ်ခိုင်းခဲ့သည်။

နောက်ပိုင်းမှာ ကျွန်မ ပြန်ဆင်ခြင်ကြည့်ခဲ့သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားနှင့် အသင်းတော်အလုပ်ကို ကာကွယ်သင့်သည်ကို ကျွန်မ သိခဲ့သောကြောင့်၊ ကျွန်မ အဘယ့်ကြောင့် လက်တွေ့ မလုပ်ဆောင်ခဲ့သနည်း။ ကျွန်မ အဘယ့်ကြောင့် အရမ်း တစ်ကိုယ်ကောင်းဆန်ခဲ့သနည်း။ ကျွန်မက မိမိ၏ အကျိုးစီးပွားကိုသာ အဘယ့်ကြောင့် ကာကွယ်ခဲ့သနည်း။ နောက်တော့ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဤအပိုဒ်ကို ကျွန်မ ဖတ်မိသည်။ “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ သင်တို့အတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ ဒုစရိုက်ကိုပြုသူအချို့ကို ၎င်းတို့ အဘယ်ကြောင့် မကောင်းမှုပြုကြသည်ကို သင်မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသောစကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ သူတို့သည် အမှုအရာများကို ဤရည်ရွယ်ချက် သို့မဟုတ် ထိုရည်ရွယ်ချက်အတွက် ပြုလုပ်ကောင်းပြုလုပ်ကြသော်လည်း၊ ထိုသူတို့သည် ယင်းကို မိမိတို့အတွက်သာ ပြုကြခြင်းဖြစ်သည်။ ကိုယ့်အတွက်သာ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်၊ သူတို့သည် မိမိတို့၏ကိုယ်ပိုင် အကျိုးအတွက်သာ အသက်ရှင်သင့်ပြီး၊ အစားအစာနှင့် ကောင်းမွန်သော အဝတ်အစားအတွက် ရာထူးကောင်းတစ်နေရာ ရရှိရန် သူတို့ အရာရာကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်သင့်သည်ဟု အယောက်တိုင်းက ထင်မှတ်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ၎င်းက လူသား၏ သဘာဝဗီဇကိုလည်း ကိုယ်စားပြုလေသည်။ စာတန်၏ ဤစကားများမှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး၊ လူတို့က ယင်းကို နှလုံးသွင်းကြသည့်အခါတွင်၊ ယင်းသည် သူတို့၏ သဘာဝဗီဇ ဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ယင်းတို့က ၎င်းကို လုံးလုံး ကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်များဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မတို့၏ တစ်ကိုယ်ကောင်းဆန်မှု၏ အရင်းအမြစ်ကို ထုတ်ဖော်ပြသည်။ ကျွန်မတို့သည် “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ” ဟူသည့် ဤဆိုးယုတ်သည့် အတွေးအမြင်စနစ်များနှင့် ရှင်သန်နေခဲ့သည်။ ယင်းတို့က ကျွန်မတို့၏ တကယ့် သဘာဝဖြစ်လာသည်။ လူတိုင်းက သူတို့ကိုယ်တိုင်အတွက် တိုက်ခိုက် ရှင်သန်ကြသည်။ သူတို့အကျိုးအတွက် အခြားသူများ၏ အကျိုးကိုပင် အသုံးချကြလိမ့်မည်။ ဖောက်ပြန်ပျက်စီးသည့် လူများအားလုံးက ပို၍ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတတ်လာကာ၊ ဤနည်းလမ်းဖြင့် ရှင်သန်ကြပြီး ကမ္ဘာကြီးကလည်း ပိုပြီး မှောင်မိုက်ပြီး ဆိုးယုတ်လာသည်။ ယုံကြည်သူ တစ်ယောက်အနေနှင့်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ ဘဝ ဖြစ်မလာခဲ့ပါ။ ကျွန်မ၏ အတွေးအခေါ်က ဤဆိုးယုတ်သည့် အဆိပ်များ၏ တိုက်စားခြင်းကို ခံနေရဆဲ ဖြစ်သည်၊ ထိုအကြောင်းကြောင့် သမ္မာတရားကို ကျွန်မ သိသော်လည်း၊ လက်တွေ့မလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ကြီးကြပ်သူများကို စော်ကားမိပြီး ကျွန်မ၏ ဂုဏ်သတင်းကို ထိခိုက်လာမည်ကို ကြောက်ခဲ့သည်။ အဓိကကျသည်မှာ သမ္မာတရားနှင့် အသင်းတော်၏ အလုပ်မဟုတ်ဘဲ၊ ကျွန်မ ကိုယ်တိုင်၏ နာမည်ကောင်းနှင့် ဂုဏ်အဆင့်အတန်း ဖြစ်ခဲ့သည်။ ကျွန်မသည် အလွန် တစ်ကိုယ်ကောင်းဆန်ခဲ့ပါသည်။ ကျွန်မ မည်သည့်တာဝန်ကို ထမ်းဆောင်ပြီး မည်သည့်အချိန်တွင် ထမ်းဆောင်ရမည်ကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားပြီးသားပါ။ သို့ရာတွင် ကျွန်မ၏ ကံကြမ္မာက အကြီးအကဲများ၏ လက်ထဲမှာ ရှိနေသောကြောင့်၊ သူတို့ကို စော်ကားမိပါက၊ ယင်းမှာ ကျွန်မ တာဝန်၏ဇာတ်လမ်းအဆုံးသာ ဖြစ်သည်ဟု မိုက်မဲစွာ ထင်ခဲ့မိသည်။ ဘုရားသခင်၏ အိမ်တော်မှာ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းက စိုးမိုးသည်ကို ကျွန်မ ငြင်းနေခြင်း မဟုတ်ပါလား။ အကြောင်းအရာများကို ကျွန်မက မယုံကြည်သူအဖြစ်နှင့် ကြည့်နေခြင်း ဖြစ်သည်။ ကျွန်မ ယုံကြည်သူတစ်ယောက် မဖြစ်ခဲ့ပါ။ နောက်တော့ ဘုရားသခင်၏နှုတ်ကပတ်တော်များထဲက ဤအပိုဒ်ကို ကျွန်မ စဉ်းစားမိသည်။ “ဘုရားသခင်၏ အမှုအဖို့ မည်မျှကြီးမားသည့် ဆုံးရှုံးမှုဖြစ်စေ၊ သင်သည် သင်၏ အသိစိတ်မှ အပြစ်တင်ခြင်း ခံစားရလိမ့်မည်မဟုတ်၊ ယင်းမှာ သင်သည် မိမိ၏ စာတန်သော စိတ်သဘောထားဖြင့် အသက်ရှင်သည့် သူတစ်ဦး ဖြစ်လိမ့်မည်ဟု ဆိုလိုသည်။ စာတန်သည် သင့်ကို ထိန်းချုပ်ပြီး သင့်အား လူသားလည်း အတော်အတန် မဟုတ်သကဲ့သို့ မကောင်းဆိုးဝါးလည်း အတော်အတန် မဟုတ်သည့် တစ်စုံတစ်ရာအဖြစ် အသက်ရှင်စေသည်။ ဘုရားသခင် ပိုင်ဆိုင်သည့်အရာကို သင် စားသည်၊ ဘုရားသခင် ပိုင်ဆိုင်သည့်အရာကို သင် သောက်ပြီး သူ့ထံမှ လာသည့်အရာအားလုံးကို သင် မွေ့လျော်ခံစားသော်လည်း၊ ဘုရားအိမ်တော်၏ အမှုက ဆုံးရှုံးမှု တစ်စုံတစ်ရာ ခံစားရသည့်အခါ၊ ယင်းသည် သင်နှင့် မည်သည့် ပတ်သက်မှုမျှမရှိဟု သင် ထင်ပြီး ထိုအရာ ဖြစ်ပျက်သည်ကို သင် မြင်သည့်အခါ၊ သင်သည် ‘တံတောင်ကိုတွန်းထုတ်’က ခြင်းပင် ပြုပြီး ဘုရားသခင်၏ဘက်တွင် မနေသကဲ့သို့ ဘုရားသခင်၏အမှု သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မထိန်းသိမ်းကြချေ။ ဤသည်မှာ စာတန်သည် သင့်အပေါ် တန်ခိုးအာဏာရှိသည်ဟု ဆိုလို၏၊ ဟုတ်သည် မဟုတ်လော။ ထိုသို့သော လူများသည် လူသားများကဲ့သို့ အသက်ရှင်ကြသလော။ ၎င်းတို့သည် လူသားများ မဟုတ်၊ မကောင်းဆိုးဝါးများ ဖြစ်သည်မှာ သိသာထင်ရှားပေ၏။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ စိတ်နှလုံးကို ဓားတစ်ချောင်းကဲ့သို့ ထိုးဖောက်ခဲ့သည်။ ကျွန်မက သူ့၏ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ မစဉ်းစားခဲ့ဘဲ၊ သူ့ဆီက အသက်နှင့် သမ္မာတရားကို ခံစားလျက်၊ ဘုရားသခင် ပြုလုပ်ခဲ့သည့် လေကို ရှူပြီး အစာကို စားခဲ့သည်။ ဘုရားသခင့်အိမ်တော်၏ အလုပ်က တော်တော်ကို ထိခိုက်ခံရပြီး ညီအစ်ကို မောင်နှမများ အန္တရာယ်ရှိနေသည်ကို ကျွန်မ သိခဲ့သော်လည်း၊ ကိုယ်ကျိုးအတွက် စိုးရိမ်ပြီး အခြေခံသဘောတရားများကို မထိန်းသိမ်းရဲခဲ့ပါ။ ယင်းက လူ ၂၀ ကျော် အဖမ်းခံရပြီး ထောင်ကျ၊ အနှိပ်စက်ခံခဲ့ရပြီး။ ကျွန်မတို့၏ ဧဝံဂေလိ အလုပ်က တော်တော်ကို နှောင့်နှေးသွားခဲ့သည်။ ဖောက်ပြန်ပျက်စီးမှုနှင့် အသက်ရှင် နေထိုင်ခြင်းသည် ပြောပြ၍မရနိုင်သည့် အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ ကျွန်မက မကောင်းမှုကို လုပ်နေခြင်း သက်သက်သာ ဖြစ်သည်။ ဘုရားသခင်က အဘယ့်ကြောင့် တစ်ကိုယ်ကောင်းဆန်သည့် လူများကို မုန်းတီးသည်၊ သူတို့မှာ လူ့သဘာဝ ကင်းမဲ့ပြီး စာတန်နှင့်သက်ဆိုင်သည်လို့ အဘယ့်ကြောင့် ပြောသည်ကို ကျွန်မ လုံးဝ နားမလည်ခဲ့ဖူးပါ။ တစ်ကိုယ်ကောင်းဆန်သည့်သူများသည် သူတို့အတွက်သာ စဉ်းစားပြီး အခြားသူများအတွက် မစဉ်းစားဘဲ၊ အသင်းတော်၏ အလုပ်ကို ထိခိုက်စေအောင်ပင် သူတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ကြသည်ကို ကျွန်မ ယခု နားလည်ခဲ့သည်။ ယင်းက မည်သို့များ လူသားဆန်မည်နည်း။ တိရိစ္ဆာန်များကပင် ပိုသာသေးသည်။ ခွေးများက သူတို့ပိုင်ရှင်၏အိမ်ကို မည်သို့ ကာကွယ်ပြီး မည်သို့ သစ္စာရှိရမည်ကို သိသည်၊ သို့ရာတွင် ဘုရားသခင်က ကျွန်မကို အများကြီး ပေးအပ်ခဲ့သော်လည်း၊ အစာကျွေးသည့်လက်ကို ကျွန်မ ကိုက်နေဆဲပဲ။ ကျွန်မ လုံးဝကို သစ္စာမရှိခြင်း ဖြစ်သည်၊ လူသားဟု အခေါ်ခံရဖို့ မထိုက်တန်ပါ။ ထို့နောက်တွင် ဘုရားသခင်က တစ်ကိုယ်ကောင်းဆန်သည့် သူများကို အသက်ရှင်နေသည့် စာတန်များဟု ခေါ်ခြင်းသည် လုံးဝ မလွန်သည်ကို ကျွန်မ သိခဲ့ရသည်။ ကျွန်မက နောင်တရကာ ပြောင်းလဲပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းများကို မလုပ်ပါက၊ မကောင်းမှုကို လုပ်ပြီး ဘုရားသခင်ကို အာခံမိမည် ဖြစ်ပြီး၊ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရမည် ဖြစ်သည်။ သမ္မာတရားကို လိုက်စားပြီး ဆိုးယုတ်သည့် စိတ်သဘောထားကို ဖြေရှင်းခြင်း မရှိပါက၊ ကျွန်မတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့၊ ဘုရားသခင်ကို မနာခံနိုင်သည်ကို ဤကျရှုံးမှုက ကျွန်မကို ပြသခဲ့ပါသည်။ သို့ဆိုလျှင် ကျွန်မတို့ မည်မျှကြာကြာ ယုံကြည်ပါစေ၊ မည်မျှထိ အနစ်နာခံ စွန့်လွှတ်ပြီး ဒုက္ခခံပါစေ၊ ကျွန်မတို့၏ စိတ်သဘောထားများကို ကျွန်မတို့ လုံးဝ ပြောင်းလဲမှာမဟုတ်သကဲ့သို့ ကယ်တင်ခြင်း ခံရမည်မဟုတ်ပါ။ ထို့နောက်တွင် ကျွန်မက “အနန္တတန်ခိုးရှင်ဘုရားသခင် ကျွန်မ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်တာကြောင့်၊ စည်းမျဉ်းမလိုက်နာတာကြောင့် အသင်းတော်အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေကို အများကြီး ထိခိုက်နစ်နာစေခဲ့ပါတယ်။ ဘုရားသခင် ကျွန်မ မကောင်းမှုလုပ်ခဲ့ပါတယ်။ ကျွန်မက နောင်တရဖို့နဲ့ ကိုယ်တော်ရဲ့ စေ့စေ့စပ်စပ် စစ်ဆေးမှုကို လက်ခံဖို့ အဆင်သင့်ပါပဲ။ ကျွန်မ မပြောင်းလဲသေးဘဲ၊ တစ်ကိုယ်ကောင်းဆန်ပြီး ဘုရားသခင့်အိမ်တော်ရဲ့ အလုပ်ကို မပံ့ပိုးရင်၊ ကိုယ်တော် ကျွန်မကို တရားစီရင်ပြီး ပြစ်တင်ဆုံးမ နိုင်ပါတယ်။” ဟု ဘုရားသခင်ထံ ဆုတောင်းခဲ့ပါသည်။

ကျွန်မ ဆုတောင်းပြီးသည့်နောက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဤအပိုဒ်ကို ဖတ်သည်။ “သင်သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည်ကို သင့်ကိုယ်သင် ထုတ်ဖော်ပြီး ဤသည်ကို သတိထားမိလာသောအခါ သမ္မာတရားကို သင်ရှာဖွေသင့်သည်- ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်နှင့်ညီအောင် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ လူတိုင်းကို အကျိုးရှိစေရန် ကျွန်ုပ် မည်သို့ပြုမူသင့်သနည်း။ ဆိုလိုသည်မှာ သင်သည် သင်၏ကိုယ်ပိုင် အကျိုးအမြတ်များကို ဘေးဖယ်ထားပြီး သင်၏ဝိညာဉ်အသက်တာအရ ယင်းတို့ကို တစ်ဖြည်းဖြည်း တစ်ကြိမ်တွင် နည်းနည်းချင်းစီ စွန့်လွှတ်ခြင်းဖြင့် အစပြုရပါမည်။ သင်သည် ဤအရာကို အကြိမ်အနည်းငယ် တွေ့ကြုံပြီးသည့်နောက်၊ ယင်းတို့ကို လုံးလုံးလျားလျား ဘေးဖယ်ထားပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ ထိုသို့ဘေးဖယ်ထားသည်နှင့်အမျှ သင်သည် ပို၍ပို၍ တည်ကြည်ခိုင်မာလာသည်ဟု ခံစားရလိမ့်မည်။ သင်၏ အကျိုးအမြတ်များကို ဘေးဖယ်ထားလေလေ၊ လူသားတစ်ဦးအနေဖြင့် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသင့်သည်ဟု ခံစားရလေလေဖြစ်မည်။ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ မရှိဘဲနှင့် သင်သည် ရိုးဖြောင့်သော၊ တည်ကြည်သော လူတစ်ဦးဖြစ်ပြီး သင်သည် ဘုရားသခင်ကို ကျေနပ်စေရန်အလို့ငှာသာ အမှုအရာများကို ပြုလုပ်နေသည်ဟု သင်ခံစားရလိမ့်မည်ဖြစ်သည်။ ထိုကဲ့သို့သော အပြုအမူက သင့်ကို ‘လူသား’ဟု ခေါ်ထိုက်စေပြီး ကမ္ဘာမြေပေါ် ဤနည်းအတိုင်း အသက်ရှင်ခြင်းဖြင့် သင်သည် ပွင့်လင်းရိုးသားနေကြောင်း၊ သင်သည် စစ်မှန်သောလူတစ်ဦး ဖြစ်နေကြောင်း၊ သင်၌ ရှင်းလင်းသောအသိစိတ်ရှိပြီး သင့်အပေါ် ဘုရားသခင် နှင်းအပ်ထားသော အရာများအားလုံးနှင့် ထိုက်တန်ကြောင်း သင်ခံစားရလိမ့်မည်။ သင်သည် ဤကဲ့သို့ ပို၍အသက်ရှင်လေ၊ ပို၍တည်ကြည်ခိုင်မာပြီး ပို၍ထက်မြက်သည်ဟု သင်ခံစားရလေ ဖြစ်မည်။ ထိုသို့ဆိုသော် သင်သည် မှန်ကန်သောလမ်းကြောင်းပေါ် ခြေချထားပြီးဖြစ်မည် မဟုတ်လော။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”)သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ထို့နောက်တွင် ခရစ်ယာန်တစ်ယောက်အနေနှင့် သမာဓိ၊ ဂုဏ်၊ လူ့သဘာဝတို့နှင့် ရှင်သန်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့အားဖြင့် အသက်ရှင်ဖို့၊ ဘုရားအလိုတော်ကို သတိပြုမိဖို့၊ အကြောင်းကိစ္စတိုင်းမှာ မိမိတို့၏အကျိုးစီးပွားကို စွန့်လွှတ်ပြီး အရာခပ်သိမ်းတွင် ဘုရားသခင်၏ အမှုတော်ကို ကာကွယ်ဖို့ဖြစ်သည်ကို ယခုအချိန်မှာ ကျွန်မ နားလည် သွားခဲ့သည်။ သို့ဆိုလျှင် ကျွန်မတို့ ငြိမ်သက်ခြင်း ခံစားရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး ဖြောင့်မတ်သည့်သူ တစ်ယောက်ဖြစ်ဖို့ အားထုတ်ရမည်ကို ကျွန်မ သိခဲ့သည်။

နိုဝင်ဘာလ တစ်ညနေမှာ၊ အချိန်က ၁၀ နာရီကျော်ပြီ ဖြစ်သည်၊ ကြီးကြပ်သူ အသစ်တစ်ယောက်ဖြစ်သည့် အစ်မလီက ကျွန်မတို့ အဖွဲ့ဆီကို ရောက်လာခဲ့သည်။ သူက သူ့၏ အလုပ်ဖော် အစ်မလျူက ယခင်နှစ်ရက်လောက်က မြို့ပြင်ကလာသည့် အစ်မတစ်ယောက်နှင့်တွေ့ဖို့ ထွက်သားသော်လည်း၊ လုံးဝ ပြန်မလာခဲ့ဟု ပြောသည်။ သူမက သူ အဖမ်းခံနေရမည်ကို စိုးရိမ်သည်။ သို့ဆိုလျှင် အခြားလူများကို ချက်ချင်း ပြောင်းရွှေ့ကြဖို့ ပြောရမည် ဖြစ်သည်။ အစ်မလျူက သူ့အိမ်ကို အကြောင်းတစ်ခုခုရှိ၍ ပြန်သွားခြင်းလည်း ဖြစ်နိုင်ပြီး၊ လူတိုင်းကို နေရာ ပြောင်းရွှေ့ပါက သူတို့တာဝန်များကို ထိခိုက်မည်ဟု သူမက ထင်သည်။ သူမက မည်သည့်အရာကို လုပ်ရမှန်း မသိခဲ့ပါ။ ဤသည်ကို ကြားရလျက်၊ “အစ်မလျူက ဘုရားသခင်ကို ယုံကြည်လာတာ နှစ်အတော်ကြာပြီ။ သူ့တာဝန်မှာလည်း စိတ်ချရတယ်။ သူ အိမ်ပြန်သွားရင်၊ ငါတို့ကို အသိပေးမှာပဲ။ သူ အဖမ်းခံရတာ ဖြစ်နိုင်တယ်။ ငါ အသင်းတော် ခေါင်းဆောင်ကို ချက်ချင်းပြောသင့်တယ်” ဟု ကျွန်မ စဉ်းစားမိသည်။ သို့ရာတွင် ကျွန်မက “အစ်မလီက ကြီးကြပ်သူ တစ်ယောက်ပဲ။ သူက မသေချာနေဘဲ အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်မှာကို သူ စိုးရိမ်နေရင် ငါက ဘယ်လိုလုပ် သေချာနိုင်မှာလဲ။ ငါတို့က ဒုက္ခခံပြီး လူတိုင်းကို ပြောင်းရွှေ့ခဲ့ပြီးတော့ အစ်မလျူက အဖမ်းမခံရရင်၊ ခေါင်းဆောင်က ငါတို့ကို ကိုင်တွယ်ဖြေရှင်းပြီး ငါတို့က အသင်းတော် အလုပ်ကို နှောင့်ယှက်နေတယ်လို့ ပြောကောင်းပြောနိုင်သည်။ ငါ ထုတ်ပြောသင့်သလား၊ မပြောသင့်ဘူးလား” ဟု ထပ်စဉ်းစားမိပြန်သည်။

ကျွန်မ အခက်ကြုံနေစဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခဲ့ရသည်။ “ဘုရားသခင်၏အမှုအတွက် အကျိုးရှိသည့်အရာတိုင်းကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ ဘုရားသခင်၏နာမတော်၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတော်တို့ကို ကာကွယ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်)အခိုက်အတန့်တစ်ခုသည် အရေးပါလေလေ၊ လူတို့သည် ကျိုးနွံနာခံနိုင်လေလေ ဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးများ၊ ဘဝင်မြင့်ခြင်း၊ မာနတို့ကို လက်လွှတ်နိုင်လေလေ ဖြစ်ကာ ၎င်းတို့၏ တာဝန်များကို သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်နိုင်လေလေ ဖြစ်ပါက၊ ထိုအခါတွင်မှသာ ၎င်းတို့ကို ဘုရားသခင် အမှတ်ရမည် ဖြစ်သည်။ ထိုအရာအားလုံးသည် ကောင်းမွန်သော လုပ်ဆောင်ချက်များ ဖြစ်ကြပေသည်။ လူတို့ မည်သည့်အရာကို လုပ်ဆောင်ကြသည်ဖြစ်စေ၊ မည်သည့်အရာသည် သာ၍ အရေးကြီးသနည်း- ၎င်းတို့၏ ဘဝင်မြင့်ခြင်းနှင့် မာနလော၊ သို့မဟုတ် ဘုရားသခင်၏ ဘုန်းအသရေလော။ (ဘုရားသခင်၏ ဘုန်းအသရေဖြစ်ပါသည်။) မည်သည့်အရာသည် သာ၍ အရေးကြီးသနည်း- သင်၏ တာဝန်ဝတ္တရားများလော၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးများလော။ သင်၏တာဝန်များကို ဖြည့်ဆည်းခြင်းသည် အရေးအကြီးဆုံးသောအရာ ဖြစ်ပြီး၊ သင်သည် ထိုအရာများအတွက် တာဝန်ရှိပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သမ္မာတရားကို ရရှိခြင်းသည် ပျော်ရွှင်စရာအကောင်းဆုံးအရာဖြစ်၏”) ဘုရားသခင်က သူ့အမှုကို ထိန်းသိမ်းပြီး မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ ကျွန်မတို့ကို ရှင်းလင်းစွာ ပါသည်။ ယခုအချိန်မှာ ကျွန်မ၏ အကျိုးစီးပွားနှင့် အသင်းတော်၏ အကျိုးစီးပွားနှစ်ခုကြားက ပြဿနာကို ရင်ဆိုင်နေရသည့်အခါ၊ ဘုရားသခင်က စောင့်ကြည့်နေပါသည်။ ကျွန်မ ယခင်ကကဲ့သို့ တစ်ကိုယ်ကောင်းဆန်နေခဲ့ပါက၊ ယင်းမှာ လူသားဆန်မှု ကင်းမဲ့ခြင်း ဖြစ်သည်။ ယခင်တစ်ခါက ထိခိုက်နာကျင်ရသည့် သင်ခန်းစာတစ်ခု၊ ဆိုးဝါးလှသည့် ပေးဆပ်မှုတစ်ခု ဖြစ်ပါသည်။ ထိုအမှားကို ထပ်လုပ်၍ မဖြစ်ပါ။ ကျွန်မ အစ်မလီကို “အစ်မလီက အိမ်ပြန်သွားတာလည်း ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ သေချာမပြောနိုင်ဘူး။ ကျွန်မတို့ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားပြီး အဲဒီ ညီအစ်ကို မောင်နှမတွေကို ပြောင်းရွှေ့သင့်တယ်။ ကျွန်မတို့ မှားခဲ့တယ်ဆိုရင်တောင်၊ ဒါ အသင်းတော်အလုပ်အတွက်ဖြစ်ပြီး အားလုံး ဘေးကင်းလုံခြုံဖို့အတွက်ပါ။ ကျွန်မတို့က အားလုံး ခြုံငုံကြည့်တာပါ။ အန္တရာယ်ကိုမြင်ပြီး အချိန်မီ မလှုပ်ရှားဘဲ လူတွေ အဖမ်းခံရရရင်၊ ကျွန်မတို့က ယုဒတွေဖြစ်ကြပြီး နောင်ကျမှ နောင်တရကြလိမ့်မယ်။ အန္တရာယ်က တစ်ရက်ပြီးတစ်ရက် ကြီးလာနေတယ်။ အဲဒါကို ချက်ချင်း ကိုင်တွယ်ကြရအောင်။” ဟု ပြောလိုက်သည်။ ယခင်ကလည်း အချို့ အသင်းသားများ အဖမ်းခံခဲ့ရဖူးသည်ကို သူမကို ကျွန်မ ပြောပြခဲ့ပြီး သူမက သဘောတူခဲ့ပါသည်။ နောက်နေ့မနက်မှာ သူမ စလုပ်ခဲ့ပြီး၊ နောက်နေ့ညမှာတော့ ကျွန်မတို့က မိမိတို့၏နေရာကို ရှင်းလင်းကြသည်။

ဤသည်ကို လုပ်နေကြရင်းနှင့် ကြီးကြပ်သူက “အစ်မလျူနဲ့ အဲဒီတခြားအစ်မတစ်ယောက် အဖမ်းခံခဲ့ရပြီး စုဝေးတဲ့နေရာတစ်ခုကနေ နောက်ထပ် လေးယောက်ကို ရဲတွေ ဖမ်းမိသွားတယ်။ ငါတို့ အချိန်မီလေး ပြောင်းရွှေ့သွားခဲ့တာပဲ။ ငါတို့ စောင့်နေရင် လူတွေ ဒီထက်ပိုပြီးတော့တောင် အဖမ်းခံရမှာ။” ဟု ပြောခဲ့သည်။ ဤသည်ကို ကြားရသည့်အခါ ကျွန်မ တော်တော်ဒေါသထွက်နေခဲ့သည်။ ကွန်မြူနစ်ပါတီက အလွန် ဆိုးယုတ်ပေသည်။ တရုတ်ပြည်ကဲ့သို့ ကြီးမားသည့်နိုင်ငံမှာ ခရစ်ယာန်များ ပုန်းကွယ်ဖို့ နေရာမရှိပါ။ အသင်းတော်၏ အကျိုးစီးပွားကို ကာကွယ်ဖို့ ဘယ်လောက် အရေးကြီးသည်ကိုလည်း ကျွန်မ ခံစားခဲ့ရသည်။ ဤတစ်ခေါက်မှာ ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခဲ့ပြီး တာဝန်သိတတ်ခဲ့၍ ထိခိုက်မှုများ နည်းပါးခဲ့တာကြောင့် ကျွန်မ စိတ်သက်သာရာရခဲ့သည်။ ဘုရားသခင်၏ နှုတ်ပတ်တော်များအားဖြင့် အသက်ရှင်ခြင်းက လူ့သဘာဝနှင့် ရှင်သန်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ခံစားခဲ့ရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ တရားစီရင်းခြင်း မပါပါက၊ ဆိုးယုတ်သည့် အတွေးအခေါ်များ၊ စိတ်သဘောထားများ၏ ချုပ်နှောင်ခြင်းကို ခံရပြီး မကောင်းမှုများ လုပ်နေကာ ဘုရားကို အာခံနေဦးမည် ဖြစ်သည်ကို ကျွန်မ ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပါသည်။ ကျွန်မ၏ ကိုယ်ပိုင်အကျိုးစီးပွားကို စွန့်လွှတ်နိုင်မှာမဟုတ်ဘဲ၊ စည်းမျဉ်းများကိုလည်း လိုက်နာနိုင်မည် မည်မဟုတ်ပါ၊ ပြီးလျှင် ကျွန်မမှာ လူ့သဘာဝလည်း လုံးဝ ရှိမည်မဟုတ်ပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသကဲ့သို့ပင် ဖြစ်လေသည်။ “သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်လျှင်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်လျှင်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်လျှင်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားနိုင်လျှင်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားသခင်နှင့် သူ၏အိမ်တော်တို့၏ အကျိုးများကို ဦးစားပေးနိုင်လျှင်၊ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင်၊ ဤသည်မှာ အသက်ရှင်ရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စိတ်သဘောထားကျဉ်းမြောင်းခြင်း သို့မဟုတ် ခက်ထန်ခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”)

အောက်ခြေမှတ်စု(များ)-

က။ “မိမိ၏ တံတောင်ကို တွန်းထုတ်သည်” ဆိုသည်မှာ တရုတ် ဥပစာစကားတစ်ခု ဖြစ်သည်၊ ယင်းမှာ လူတစ်ဦးသည် အခြားသူများအား ထိုသူနှင့် ရင်းနှီးသောလူများ၊ ဥပမာအားဖြင့် မိဘများ၊ သားသမီးများ၊ ဆွေမျိုးများ သို့မဟုတ် တစ်အူတုံဆင်း ညီရင်းအစ်ကို မောင်နှမများကို အထိခိုက်ခံလျက် ကူညီနေသည်ဟု ဆိုလိုသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ခေါင်းဆောင်များက ပါရမီရှင်များကို ထိန်းထားရမည် မဟုတ်

ရှရှင်း စပိန်နိုင်ငံ ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ၊ ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရပြီး အသင်းတော်ရဲ့ ဗီဒီယိုနဲ့ဆက်နွှယ်တဲ့ အလုပ်ကို...

မိမိတာဝန်အပေါ် မည်သို့သဘောထားသင့်ပုံ

ကျုံးချန် တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံအကျဆုံးသော သတ်မှတ်ချက်မှာ...

သာလွန်ဖို့ ကျွန်ုပ်၏ ကြိုးစားရုန်းကန်ခြင်းမှ လွတ်မြောက်ပြီ

ရှင်းလျန် ဂျာမနီနိုင်ငံ ရေလောင်းတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မ စအစေခံချိန်မှာ၊ အဲဒီတာဝန်မှာရှိတဲ့ ညီအစ်ကို မောင်နှမတွေက ပြဿနာတွေ...

အသင်းတော်ခေါင်းဆောင်သည် အရာရှိမဟုတ်ပါ

မက်ချူး ပြင်သစ်နိုင်ငံ ကျွန်တော့်နာမည်က မက်သယူးပါ။ လွန်ခဲ့တဲ့ သုံးနှစ်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။