မနာလိုစိတ်ကို ကျွန်တော် လက်လွှတ်ခဲ့ပုံ
မယ်လ်ဗင်၊ တောင်ကိုရီးယားအသင်းတော်မှာ ကျွန်တော် ဗီဒီယိုတွေ လုပ်ခဲ့တယ်။ များသောအားဖြင့် ကျွန်တော်လုပ်တဲ့ ဗီဒီယိုတွေမှာ အသစ်အဆန်းလေးတွေ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ မတ်လမှာ ကျွန်မတို့ခရိုင်က ခရိုင်ခေါင်းဆောင်တစ်ယောက်ကို ကြားဖြတ်ရွေးချယ်ခဲ့ကြတယ်။ ကျွန်မ တွေးမိတာက “ငါ့ရဲ့ အသက် ဝင်ရောက်မှုက အကောင်းဆုံး မဟုတ်ပေမဲ့ ငါက ဧဝံဂေလိအလုပ်ကို အမြဲတမ်း တာဝန်ယူခဲ့တာပဲ။ ငါတာဝန်ယူရတဲ့ အတိုင်းအတာက တော်တော်ကျယ်ပြန့်ပြီးတော့ အလုပ်ကလဲ ရလဒ်တချို့ ထွက်ခဲ့တာပဲ။ ဒီ ခရိုင်ခေါင်းဆောင် ရွေးကောက်ပွဲမှာ ညီအစ်ကိုမောင်နှမတွေက ငါ့ကိုပဲ ရွေးလောက်ပါတယ်၊ ဟုတ်တယ်မလား။ ငါက အခုလက်ရှိ ဧဝံဂေလိလုပ်ငန်း ကြီးကြပ်ရေးမှူး ဖြစ်ပေမဲ့ ဒါက တာဝန်တစ်မျိုးတည်းပဲ ရှိတာ၊ ပြီးတော့ ငါ့ကိုသိတဲ့လူကလဲ နည်းနည်းပဲ ရှိတာ။ ဒါပေမဲ့ ခရိုင်ခေါင်းဆောင်ဖြစ်တာကျတော့ မတူတော့ဘူး။ သူတို့က အဘက်ဘက်ကအလုပ်တွေကို ကြီးကြပ်ရတာ၊ ပြီးတော့ ပိုများတဲ့လူတွေက သူတို့ကို အားကျပြီး အထင်ကြီးကြတာ။ ငါသာ အရွေးခံလိုက်ရရင် ညီအစ်ကိုမောင်နှမတွေက ငါ သမ္မာတရားကို လိုက်စားတယ်၊ ပြီးတော့ ငါက ဧဝံဂေလိအလုပ်ကို ကြီးကြပ်နိုင်ရုံမကဘူး ခေါင်းဆောင်လဲ ဖြစ်နိုင်တယ်လို့ သေချာပေါက် ထင်ကြမှာ” ပေါ့။ အဲဒါကို တွေးမိတော့ ကျွန်မ တော်တော် ပျော်သွားတယ်။
အဲဒီရက်တွေတုန်းက ကျွန်မ တာဝန်တွေမှာ တော်တော် တက်ကြွခဲ့တယ်၊ အဖွဲ့လိုက်ချက်တင်ထဲမှာ တစ်ယောက်ယောက်က မေးခွန်းမေးတိုင်း ကျွန်မ ချက်ချင်း ပြန်ဖြေခဲ့တယ်။ တစ်ခါတလေကျရင် ခေါင်းဆောင်တွေဆီသွားပြီး ပြဿနာတွေနဲ့ပတ်သက်လို့ မေးမြန်းခဲ့သလို ကျွန်မတွေ့တဲ့ ပြဿနာတွေကိုလဲ သီးသန့် ပြန်တင်ပြခဲ့တယ်။ ကျွန်မမှာ ဝန်တာထားတဲ့စိတ်နဲ့ တာဝန်ယူစိတ် ရှိတယ်လို့ သူတို့ကို ထင်စေချင်လို့၊ ပြီးတော့ ရွေးကောက်ပွဲမှာ သူတို့ ကျွန်မကို မဲပေးလာအောင်လို့လေ။ ကျွန်မ လုံးဝ အံ့သြသွားတာက တစ်ညမှာ အထက်ခေါင်းဆောင်တွေဆီက မက်ဆေ့ချ်တစ်ခုကို တွေ့လိုက်ရတာပဲ၊ အစ်မရှာလော့က ခရိုင်ခေါင်းဆောင်အဖြစ် ရွေးကောက်ခံလိုက်ရကြောင်း ကြေညာထားတာပါ။ အဲဒီနာမည်ကို မြင်လိုက်တော့ ကျွန်မ စိတ်တော်တော် မကောင်းဖြစ်သွားပြီး တွေးမိတယ်၊ “ရှာလော့က ခေါင်းဆောင်တာဝန်တွေကို အမြဲ လုပ်နေခဲ့တာ ဖြစ်ပေမဲ့ သူက ငါတို့ခရိုင်ကို ဧဝံဂေလိဟောဖို့ အခုမှ ရောက်လာတာ၊ ပြီးတော့ ဒီဘက်က အခြေအနေနဲ့လဲ သိပ်မရင်းနှီးသေးဘူး။ အဲဒါကို ဘာလို့ သူ့ကို ခရိုင်ခေါင်းဆောင်အဖြစ် ရွေးလိုက်တာလဲ။ ခဏလောက်တော့ သူ့အလုပ်ကို ငါက ကြီးကြပ်နေခဲ့တာ၊ ဒါပေမဲ့ အခုတော့ သူက ခေါင်းဆောင်အဖြစ် အရွေးခံရပြီး ငါ့အလုပ်ကို လိုက်စစ်တော့မှာဆိုတော့ ငါ ဘယ်လိုလုပ် မျက်နှာပြရဲတော့မှာလဲ။ ညီအစ်ကိုမောင်နှမတွေက ငါ့ကို တကယ်ပဲ အဲဒီလောက် ညံ့တယ်လို့ မြင်ကြတာလား” ပေါ့။ ကျွန်မ တော်တော်လေး လက်မခံနိုင် ဖြစ်ခဲ့တယ်။ “ငါက ရှာလော့ထက် အတိအကျ ဘယ်လိုများ ညံ့နေလို့လဲ။ ငါတို့နဲ့ သက်ဆိုင်တဲ့တာဝန်ယူရတဲ့ အတိုင်းအတာချင်း ယှဉ်မယ်ဆိုရင် သူ့ဟာက ငါ့ထက် ပိုမကျယ်ပြန့်ပါဘူး။ အလုပ်အတွေ့အကြုံနဲ့ စည်းမျဉ်းတွေကို ပိုင်နိုင်မှုအပိုင်းမှာဆိုရင်လဲ သူက ငါ့ထက် မသာပါဘူး။ ပြီးတော့ ဒုက္ခခံပြီး အဖိုးအခပေးဆပ်တဲ့ နေရာမှာဆိုရင်လဲ ငါက သေချာပေါက် အများကြီး ဒုက္ခခံခဲ့တာပါ။ ဧဝံဂေလိလုပ်ငန်း ကြီးကြပ်ရေးမှူးအဖြစ် လုပ်တဲ့အချိန်တွေမှာ အသင်းတော်က ငါ့ကို ဘာပဲစီစဉ်စီစဉ် ငါလုပ်ခဲ့တယ်၊ အလုပ်မှာ ပြဿနာတွေ ကြုံရတဲ့အခါ အခြေအနေတွေ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ စိတ်ညစ်ရပါစေ၊ ငါ ဘယ်တော့မှ မညည်းညူခဲ့သလို စောဒက မတက်ခဲ့ဘူး။ ဒါပေမဲ့ ငါ့ရဲ့ အားထုတ်ကြိုးပမ်းမှုတွေ အားလုံးကြားကနေ ဘာလို့ ရှာလော့က အရွေးခံရပြီး ငါ မဟုတ်ရတာလဲ။ ငါ့မှာများ တစ်ခုခု မှားနေလို့လား။ ငါက ခရိုင်ခေါင်းဆောင် ဖြစ်ဖို့ မသင့်တော်လို့လား။ ငါက တာဝန်တစ်မျိုးတည်းကို လုပ်ဖို့ပဲ သင့်တော်တာလား” ပေါ့။ ပိုတွေးလေလေ၊ ကျွန်မ ပိုပြီး နေရထိုင်ရ ခက်လေလေပဲ၊ ပြီးတော့ တာဝန်တွေကို ထမ်းဆောင်ဖို့ ကျွန်မ စိတ်ပါလက်ပါ မရှိတော့ဘူး။
အဲဒီအချိန်တုန်းက အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်မှာ အခက်အခဲနဲ့ ပြဿနာတချို့ ကြုံနေရပြီးတော့ ဖြစ်ချင်တော့ အဲဒီအပိုင်းက ရှာလော့ အဓိက တာဝန်ယူရတဲ့အပိုင်းနဲ့ ကွက်တိ ဖြစ်နေတယ်။ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဆွေးနွေးဖို့ ရှာလော့က ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်သွယ်နေခဲ့တယ်။ ဒီအလုပ်က ကျွန်မ ကြီးကြပ်ရတဲ့ အတိုင်းအတာ အပြင်ဘက်မှာ ဖြစ်ပေမဲ့ ကျွန်မက ဧဝံဂေလိအလုပ်ကို ကြီးကြပ်လာတာ ပိုကြာပြီဆိုတော့ ဖြေရှင်းနည်းတွေကို ဆွေးနွေးဖို့ သူတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်သင့်ခဲ့တာပေါ့။ ဒါပေမဲ့ ဒါက ရှာလော့ တာဝန်ယူရတဲ့ အလုပ်နယ်ပယ် ဖြစ်နေမှန်း တွေးမိတဲ့အခါ ကျွန်မ တကယ်ပဲ ပြဿနာတွေကို ဖြေရှင်းလိုက်မယ်ဆိုရင် အထက်ခေါင်းဆောင်တွေက ဒါကို ရှာလော့ရဲ့ အောင်မြင်မှုလို့ သေချာပေါက် ထင်သွားမှာ၊ ပြီးတော့ သူ့မှာ လုပ်ရည်ကိုင်ရည်ရှိတယ်လို့ ပြောကြမှာဆိုပြီး ကျွန်မ ခံစားလိုက်ရတယ်။ အဲဒါကို တွေးမိတော့ ဆွေးနွေးပွဲမှာ ကျွန်မ မပါဝင်ချင်တော့ဘူး။ ပါဝင်ဖို့ အပြောခံရရင်တောင် “ရှင်တို့ပဲ ဆွေးနွေးကြပါ၊ ကျွန်မက ဒီဘက်အပိုင်းကို သိပ်နားမလည်ပါဘူး” ဆိုပြီး ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ဆင်ခြေတွေပေးလိုက်တယ်။ ရှာလော့ရဲ့ အားနည်းချက်တွေကိုတောင် ကျွန်မ ကိုင်စွဲထားပြီးတော့ “စည်းမျဉ်း နားမလည်ရင်တော့ ဘယ်ဖြစ်မလဲ။ အခု အလုပ်မှာ ပြဿနာတွေ ဒီလောက်များနေတာ၊ စည်းမျဉ်း နားမလည်ဘဲနဲ့ သူ ဘယ်လိုလုပ် အလုပ်ကို နောက်ကလိုက်စစ်ကြည့်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်မှာလဲ” ဆိုပြီး ကျွန်မရဲ့ မကျေနပ်ချက်တွေကို ဘေးနားက ညီအစ်မတွေဆီ ရံဖန်ရံခါ ဖွင့်ထုတ်ပြောလေ့ရှိတယ်။ သူတို့က နားထောင်ပြီးတော့ “ဟုတ်တယ်၊ စည်းမျဉ်း နားမလည်တာတော့ တကယ် မဖြစ်ဘူး၊ ဒီလိုဆို သူ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး” ဆိုပြီး ထောက်ခံကြတယ်။ ဒါကို ကြားပြီးတဲ့နောက် ကျွန်မ စိတ်ထဲမှာ ကျိတ်ပျော်ပြီး တွေးမိတယ်၊ “ရှင်တို့က ကျွန်မကို အထင်မကြီးမှတော့ ရှင်တို့ ရွေးလိုက်တဲ့လူကိုပဲ အလုပ်လုပ်ခိုင်းလိုက်ကြလေ။ သူ အလုပ်ကို တကယ်တမ်း ဘယ်လောက်ကောင်းကောင်း လုပ်နိုင်မလဲဆိုတာ ကျွန်မကြည့်ချင်သေးတယ်။ အလုပ်မှာ ပြဿနာတွေ ပေါ်လာတဲ့အခါ ရှင်တို့ ရွေးတာ မှားကြောင်း သက်သေပြဖို့ အချက်အလက်တွေကို ကျွန်မ သုံးမယ်၊ ပြီးတော့ ကျွန်မကို မရွေးတဲ့ အကျိုးဆက်တွေကို ရှင်တို့ကို သိအောင်လုပ်မယ်” ပေါ့။ တကယ်တမ်းကျတော့ အဲဒီအချိန်တုန်းက ကျွန်မစိတ်ထဲမှာ အမှောင်ထုတွေ၊ နာကျင်မှုတွေနဲ့ ပြည့်နေခဲ့တာပါ၊ အလုပ်မှာ ပြဿနာတွေ ပေါ်လာတာကို မြင်ရတဲ့အခါ ဒီကိစ္စတွေကို အမြန်ဆုံး ဖြေရှင်းဖို့ ရှာလော့နဲ့ အတူတူလုပ်သင့်တယ်လို့ တွေးမိပြီး တစ်ခါတလေကျရင် အပြစ်ရှိသလိုလဲ ခံစားရပါတယ်။ ရှာလော့ဆီ မက်ဆေ့ချ်ပို့ဖို့ ကျွန်မ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ခရိုင်ခေါင်းဆောင်အဖြစ် ကျွန်မ အရွေးမခံရတာကို တွေးမိလိုက်တိုင်း ကျွန်မရဲ့ မာနကို မမြိုသိပ်နိုင်ခဲ့ဘူး။ ဒါနဲ့ ကီးဘုတ်ပေါ်ကနေ လက်ကို ပြန်ရုတ်လိုက်မိတယ်။ ကျွန်မရဲ့ စိတ်နှလုံးဟာ ဝေဒနာခံစားနေရပြီး စိတ်ထဲမှာ အပြန်အလှန် လွန်ဆွဲနေတယ်။ အဲဒါက တော်တော်ကို ဝေဒနာကြီးပါတယ်။ ကျွန်မရဲ့ အခြေအနေ မှားနေမှန်း၊ ချက်ချင်း ပြုပြင်ပြောင်းလဲသင့်မှန်း ကျွန်မ သတိပြုမိပေမဲ့ ရှာလော့နဲ့ မိတ်သဟာယဖွဲ့ဖို့ ကျွန်မရဲ့ မာနကို မစွန့်လွှတ်ချင်ခဲ့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မဟာ ဂုဏ်နဲ့ အဆင့်အတန်းရဲ့ လွှမ်းမိုးတာကို ခံနေရပြီး ကျွန်မအာရုံက တာဝန်ပေါ်မှာ မရှိခဲ့ဘူး။ ခေါင်းဆောင်တွေက အလုပ်တချို့ကို အကောင်အထည်ဖော်တဲ့အခါ ကျွန်မ မပူးပေါင်းချင်ခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေမှာ စည်းမျဉ်းတွေကို နားမလည်ဘဲ အခက်အခဲတွေကြားမှာနေပြီး ဦးတည်ချက်ပျောက်နေတဲ့အခါ သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ကျွန်မ မကူညီခဲ့ဘူး။ ပြီးတော့ ဧဝံဂေလိအလုပ်ကို နောက်လိုက်စစ်နိုင်အောင် အထက်ခေါင်းဆောင်တွေက လမ်းပြပေးတဲ့အခါ ကျွန်မက အလုပ်ကို လိုက်စစ်မကြည့်ခဲ့သလို လမ်းပြမှုကိုလဲ အချိန်မီ အကောင်အထည် မဖော်ခဲ့ဘူး။ ရလဒ်အနေနဲ့ ဧဝံဂေလိအလုပ်ရဲ့ ထိရောက်မှုက ဆက်တိုက် ကျဆင်းလာပြီးတော့ နောက်ဆုံးမှာ ရပ်ဆိုင်းလုနီးပါး အခြေအနေကို ရောက်သွားပါလေရော။
သိပ်မကြာခင်မှာပဲ ကျွန်မ ဖြုတ်ချခံလိုက်ရတယ်။ အဲဒီနောက် ခေါင်းဆောင်တွေက ဧဝံဂေလိအုပ်စုတစ်ခုရဲ့ အလုပ်ကို တာဝန်ယူဖို့ ကျွန်မကို တာဝန်ပေးတယ်။ ကျွန်မက ဘာကြောင့် ဖြုတ်ချခံရလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်တဲ့အပြင် ခေါင်းဆောင်တွေက ကျွန်မကို မဖြုတ်ချသင့်ပါဘူးဆိုပြီး အပြစ်တင်ခဲ့တယ်၊ ပြီးတော့ အလုပ်ကို နောက်ကလိုက်စစ်ဖို့ စိတ်မပါဘဲနဲ့ အတိုက်အခံလုပ်ချင်တဲ့ စိတ်တွေနဲ့ပဲ ဆက်ပြီး အသက်ရှင်နေခဲ့တယ်။ အလုပ်က ပြဿနာတွေကို အချိန်မီ မဖြေရှင်းတာ၊ ပြီးတော့ အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်တဲ့နေရာမှာ အရမ်းနှေးကွေးနေတာတွေနဲ့ပတ်သက်ပြီး ကြီးကြပ်ရေးမှူးက ကျွန်မကို ဖော်ထုတ်ပြီး ပြုပြင်ခဲ့ပေမဲ့ ကျွန်မ လုံးဝ လက်မခံနိုင်ခဲ့ဘူး။ တစ်လကျော် ကြာပြီးတဲ့နောက်မှာ ကျွန်မ တာဝန်ယူထားတဲ့ အလုပ်က ဘာမှ တိုးတက်လာတာ မရှိသေးဘူး။ ကျွန်မက သမ္မာတရားကို လက်မခံဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ ဆက်တိုက် ငြင်းဆန်နေတာကို ကြီးကြပ်ရေးမှူးက မြင်သွားပြီးတော့ အဖွဲ့ခေါင်းဆောင် ရာထူးကနေ ကျွန်မကို ဖြုတ်ချလိုက်တယ်။ အဲဒီနောက်မှာ ကျွန်မကို သာမန်အသင်းတော်တစ်ခုဆီပို့ပြီး အဆင့်ချ လိုက်တယ်၊ ပြီးတော့ ကျွန်မရဲ့ အခြေအနေက ပိုပြီးတော့တောင် ဆိုးဝါးသွားတယ်။ ကျွန်မ ဘယ်သူနဲ့မှ စကားမပြောချင်ဘူး၊ စုဝေးပွဲတွေမှာ မိတ်သဟာယဖွဲ့ဖို့ ပါးစပ်တောင် မဟဘူး။ ခေါင်းဆောင်တွေက ကျွန်မကို ကူညီဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ ကျွန်မက သူတို့ဖုန်းတွေကို မကိုင်ခဲ့ဘူး။ ကျွန်မရဲ့ အလုပ်ကို နောက်ကလိုက်စစ်နေတဲ့ အဖွဲ့ခေါင်းဆောင်ကိုလဲ ကျွန်မ စိတ်ထဲကနေ အတိုက်အခံလုပ်နေခဲ့တယ်၊ ဒီလိုနဲ့ သုံးလေးလ ဆက်တိုက်ကြာတဲ့အထိ ကျွန်မ တာဝန်တွေမှာ ဘာရလဒ်မှ မထွက်ခဲ့ဘူး။ လေးလလောက် ကြာတော့ ခေါင်းဆောင်တစ်ယောက်က ကျွန်မကို ရုတ်တရက် ဆက်သွယ်ပြီး ပြောတယ်၊ “ညီအစ်ကိုမောင်နှမတွေက ညီမရဲ့ တာဝန်အပေါ်ထားတဲ့ သဘောထားက ပေါ့ဆတယ်၊ ဘာရလဒ်မှ မရှိဘူး၊ ပြီးတော့ လူ့သဘာဝ မကောင်းဘူးလို့ ပြောကြတယ်။ ဖြုတ်ချခံရကတည်းက ညီမက အပျက်သဘောဆောင်ပြီး အတိုက်အခံလုပ်တဲ့ အခြေအနေထဲမှာပဲ အသက်ရှင်နေခဲ့တာ။ ညီမမှာ သမ္မာတရားကို လက်ခံတဲ့ သဘောထား လုံးဝ မရှိဘူး၊ အဖွဲ့ခေါင်းဆောင်က ကြီးကြပ်ပြီး အလုပ်ကို နောက်ကလိုက်စစ်တာကိုလဲ လက်မခံဘူး။ စည်းမျဉ်းတွေအရ ညီမကို ဆင်ခြင်သုံးသပ်ဖို့ သီးခြားခွဲထားဖို့ လိုတယ်” တဲ့။ ကျွန်မ သီးခြားခွဲထားခံရမယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျွန်မစိတ်က ဗလာဖြစ်သွားတယ်။ ဘုရားသခင်ကို ဒီလောက်နှစ်တွေအများကြီး ယုံကြည်ပြီးတော့ တာဝန်အတွက် မိသားစုနဲ့ အလုပ်ကို စွန့်လွှတ်ခဲ့ပြီးမှ အခုလိုမျိုး သီးခြားခွဲထားခံရတဲ့ အဆုံးသတ်မျိုး ကြုံရမယ်လို့ ကျွန်မ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ အဲဒီရက်တွေမှာ ခေါင်းဆောင်က ကျွန်မကို စိစစ်တုန်းက ပြောခဲ့တဲ့ စကားတွေကို ကျွန်မ ခဏခဏ ပြန်တွေးမိတယ်။ “ညီမက သမ္မာတရားကို လက်ခံတဲ့လူ မဟုတ်ဘူး”၊ “ညီမရဲ့ လူ့သဘာဝက မကောင်းဘူး”၊ ပြီးတော့ “ညီမမှာ စစ်မှန်တဲ့ နာခံမှု လုံးဝ မရှိဘူး” ဆိုတဲ့ ဒီစကားတွေက ကျွန်မ ခေါင်းထဲမှာ ထပ်ခါတလဲလဲ ပေါ်လာတယ်။ “ငါ့ရဲ့ ယုံကြည်ခြင်းလမ်းခရီးက ဒီမှာပဲ အဆုံးသတ်သွားပြီလား” လို့ ကိုယ့်ကိုယ်ကိုယ် မေးနေမိတယ်။ ကျွန်မရဲ့ စိတ်နှလုံးဟာ ဟာတာတာ ဖြစ်နေတယ်၊ ငိုချင်ပေမဲ့ မျက်ရည်က ထွက်မလာဘူး။ ကျွန်မအတွက် ကောင်းမွန်တဲ့ အဆုံးသတ် မရှိတော့ဘူးလို့ ခံစားရပြီး လောကီထဲကို ပြန်သွားဖို့ အတွေးတွေတောင် ဝင်လာတယ်။ ကျွန်မ တကယ် ထွက်သွားချင်တဲ့အခါ စိတ်ထဲမှာ အပြစ်ရှိသလို ခံစားရတယ်၊ ဘာပဲဖြစ်ဖြစ် ဘုရားသခင်ကို စွန့်ခွာမှာ မဟုတ်ဘူးလို့ ကျွန်မ သစ္စာဆိုခဲ့ဖူးတာကို ပြန်သတိရမိတယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်တွေအများကြီး ကြာခဲ့ပြီ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အများကြီး စားသောက်ခဲ့ရသလို သူ့ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေကိုလဲ အများကြီး ခံစားခဲ့ရပြီးပြီလေ။ ဒီလိုသာ ထွက်သွားမယ်ဆိုရင် ကျွန်မက တကယ်ကို အသိစိတ် ကင်းမဲ့ရာ ကျလွန်းပါတယ်။ ဒါပေမဲ့ အသင်းတော်က ကျွန်မကို သီးခြားခွဲထားလိုက်ပြီ ဆိုတာကို တွေးမိပြန်တော့ ကျွန်မ တော်တော် အပျက်သဘောဆောင်သွားပြီး ဘာလုပ်ရမှန်း မသိတော့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး၊ နေ့တိုင်း လမ်းလျှောက်နေတဲ့ အလောင်းကောင်လိုပဲ အသက်ရှင်နေခဲ့တယ်။
တစ်နေ့မှာ ကျွန်မသွားက ရုတ်တရက် အရမ်းကိုက်လာတယ်၊ ဘာဆေးသောက်သောက် မသက်သာဘူး။ ညဘက်ကျတော့ စောင်ခေါင်းမြီးခြုံပြီး တစ်ယောက်တည်း ငိုနေခဲ့တယ်၊ ရင်ထဲမှာ ပြောမပြတတ်လောက်အောင် အထီးကျန်ပြီး ဆွေးမြေ့နေတယ်။ ဘုရားသခင်ဆီ ဆုတောင်းချင်ပေမဲ့ ဘုရားသခင်ကို ရင်ဆိုင်ဖို့ ကျွန်မ အရမ်း ရှက်မိတယ်။ ကျွန်မက ဘုရားသခင် ကယ်တင်မယ့်လူ မဟုတ်တော့ဘူး၊ ဘုရားသခင်ဆီ ဆုတောင်းဖို့ မထိုက်တန်တော့ဘူးလို့ ခံစားရတယ်။ ဘုရားသခင်ကို စိတ်နှလုံး တံခါးပိတ်လေလေ၊ သွားကိုက်တာက ပိုဆိုးလေလေပဲ။ ကျွန်မ စိတ်ထဲကနေ “ဘုရားသခင်၊ ဘုရားသခင်...” လို့ အော်ဟစ်နေမိတယ်။ ကျွန်မ ဒူးထောက်ပြီး ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီး အရမ်း ခံစားနေရပါတယ်။ ကိုယ်တော့်ကို ယုံကြည်တာကို သမီး လက်မလျှော့ချင်ပါဘူး၊ ဒါပေမဲ့ သမီး ဘာလုပ်ရမှန်း မသိတော့ပါဘူး” ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဒီ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရမိတယ်။ “ဤလမ်း မှန်ကန်သည်ဟု သင်သေချာသည့်အတွက်၊ အဆုံးထိတိုင် သင် လိုက်လျှောက်ရမည်။ ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို သင် ထိန်းသိမ်းရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အပေါ် သင်၏ သစ္စာစောင့်သိခြင်းကို သင် ထိန်းသိမ်းသင့်သည်) “သင်သည် မည်သို့သော အမှားများကို ကျူးလွန်ပြီးသည်ဖြစ်စေ၊ မည်သည့်မှားယွင်းသောလမ်းကြောင်းကို လျှောက်လှမ်းပြီးဖြစ်စေ၊ မည်မျှ ပြစ်မှားထားသည်ဖြစ်စေ၊ ဘုရားသခင်ကို သိကျွမ်းခြင်းအား သင်၏လိုက်စား ရှာဖွေမှုတွင် ဤအရာများကို သင်နှင့်အတူ သယ်ဆောင်သွားရမည့် ဝန်ထုပ်ဝန်ပိုးများ သို့မဟုတ် အပို ဝန်စည်စလယ်များ ဖြစ်မလာစေနှင့်။ ရှေ့သို့သာ ဆက်၍ ချီတက်လော့။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားပြီး ကျွန်မ စိတ်ထဲမှာ တော်တော်ခံစားလိုက်ရတယ်။ ဘုရားသခင်က ကျွန်မကို လမ်းပြနေတုန်းပဲ၊ လက်မလျှော့ဖို့နဲ့ ရှေ့ဆက်သွားဖို့ အားပေးနေတယ်လို့ ကျွန်မ ခံစားလိုက်ရတယ်၊ ပြီးတော့ ကျွန်မ ရင်ထဲမှာ ခွန်အားအကြီးကြီး ရရှိသလို တကယ်လဲ အပြစ်ရှိသလို ခံစားရတယ်။ ကျွန်မက ဂုဏ်နဲ့ အဆင့်အတန်းကို လိုက်စားပြီး လမ်းမှန်ကို မလျှောက်ခဲ့ဘဲ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တာလေ။ ကျွန်မရဲ့ အပြုအမူနဲ့ဆိုရင် အသင်းတော်က ကျွန်မကို ဘယ်လိုပဲ စီမံစီမံ သင့်တော်ပါတယ်။ ဒါပေမဲ့ သီးခြားခွဲထားခံရပြီးတဲ့နောက်မှာ ကျွန်မက ဘုရားသခင်ကိုတောင် သစ္စာဖောက်ချင်နေတုန်းပဲ။ ကျွန်မ တော်တော် စိတ်နှလုံးမာကျောခဲ့တာပဲ။ ကျွန်မ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်တွေအများကြီး ရှိပြီ၊ နှုတ်ကပတ်တော်တွေကို အများကြီး စားသောက်ခဲ့ပြီးပြီ၊ ပြီးတော့ ဒါက မှန်သော လမ်းခရီးဆိုတာကိုလဲ ကျွန်မ သိတယ်။ ကောင်းမွန်တဲ့ အဆုံးသတ် မရှိရင်တောင် ကျွန်မ ဘုရားသခင်နောက်ကို အဆုံးထိ လိုက်သင့်တာပေါ့။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီး မှားသွားပါပြီ၊ သမီး တော်တော် ပုန်ကန်မိပါတယ်။ ဒီအခြေအနေကို ရောက်ရတာ သမီး ကိုယ်တိုင်ကြောင့်ပါ။ ဘုရားသခင်၊ သမီး ကိုယ့်ကိုယ်ကိုယ် သေချာလေး ဆင်ခြင်သုံးသပ်ပြီး လဲကျတဲ့နေရာကနေ ပြန်ထချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်အောင် သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြပေးတော်မူပါ” ပေါ့။ အဲဒီရက်တွေတုန်းက ကျွန်မ ဘုရားသခင်ဆီ အဲဒီလိုပဲ ဆက်တိုက်အော်ဟစ်ဆုတောင်းနေခဲ့တယ်။
ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းတစ်ခုမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် နည်းနည်း နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အန္တိခရစ်တို့သည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အခြားမည်သည့်အရာမဆိုထက်ပို၍ အရေးကြီးသည်ဟု သဘောထားကြသည်။ ဤလူတို့သည် လှည့်ဖြားတတ်ရုံ၊ ဉာဏ်များရုံနှင့် ကောက်ကျစ်ဆိုးယုတ်ရုံသာမကဘဲ အလွန်အမင်း ရက်စက်ကြမ်းကြုတ်သည်။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်အဆင့်အတန်းကို ထိခိုက်နိုင်ချေရှိသည်ကို သတိပြုမိသောအခါ၊ သို့မဟုတ် လူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ နေရာကို ဆုံးရှုံးရသောအခါ၊ ဤလူတို့၏ ထောက်ခံမှုနှင့် ချစ်ခင်တွယ်တာမှုတို့ကို ၎င်းတို့ ဆုံးရှုံးရသောအခါ၊ လူတို့သည် ၎င်းတို့အား ကြည်ညိုလေးစားခြင်း၊ အထင်ကြီးခြင်း မရှိတော့ဘဲ လူပုံအလယ်တွင် ၎င်းတို့ အရှက်ရသောအခါ ၎င်းတို့သည် မည်သည့်အရာကို ပြုကြသနည်း။ ၎င်းတို့က ရုတ်တရက် ရန်လိုကုန်ကြသည်။ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရသည်နှင့် တစ်ပြိုင်နက်မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်ရန် မလိုလားကြတော့ပေ။ ၎င်းတို့လုပ်သမျှ အရာတိုင်းသည် ဝတ်ကျေတမ်းကျေဖြစ်သည်။ ၎င်းတို့၏ မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် စိတ်မဝင်စားကြပေ။ သို့သော် ဤသည်မှာ အဆိုးဆုံး သရုပ်သကန်မဟုတ်ပေ။ အဆိုးဆုံး သရုပ်သကန်မှာ အဘယ်နည်း။ ဤလူတို့သည် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရပြီး မည်သူမျှ ၎င်းတို့ကို မလေးစားလျက် မည်သူကမျှ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို မခံရသည်နှင့်တစ်ပြိုင်နက် မုန်းတီးခြင်း၊ မနာလိုခြင်းနှင့် လက်စားချေခြင်းတို့ ထွက်ပေါ်လာသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိရုံမက ကျိုးနွံနာခံခြင်း တစ်စက်မျှလည်း မရှိပေ။ ထို့အပြင် ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်၊ အသင်းတော်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို မုန်းတတ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် အသင်းတော်အလုပ်သည် ပြဿနာများကို ကြုံတွေ့စေရန်၊ ရပ်တန့်သွားစေရန် တောင့်တကြသည်။ ၎င်းတို့သည် အသင်းတော်အပေါ်၊ ညီအစ်ကိုမောင်နှမတို့အပေါ် ရယ်မောလိုကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို ကြောက်ရွံ့သောမည်သူကိုမဆိုကိုလည်း မုန်းတီးကြသည်။ မိမိတို့၏ တာဝန်တွင် သစ္စာစောင့်သိပြီး အဖိုးအခပေးရန် လိုလားသူ မည်သူကိုမဆို ၎င်းတို့က တိုက်ခိုက်ပြီး လှောင်ပြောင်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။ ယင်းသည် မဆိုးယုတ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ဒီ ဘုရားနှုတ်ကပတ်တော် အပိုဒ်ကို မြင်လိုက်ရတဲ့အခါ ကျွန်မ တော်တော်စိတ်သောကရောက်သွားတယ်။ ဘုရားသခင် ဖော်ထုတ်လိုက်တဲ့ အပြုအမူတိုင်းက ကျွန်မအကြောင်းကို ဖော်ပြနေသလို ခံစားရတယ်၊ အထူးသဖြင့် အန္တိခရစ်တွေက သူတို့ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို ဘာထက်မဆို တန်ဖိုးထားပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံမှုနဲ့ ကြောက်ရွံ့မှု လုံးဝ မရှိကြဘူးလို့ ဘုရားသခင် ပြောထားတာကို မြင်လိုက်ရတဲ့အချိန်မှာပေါ့။ သူတို့က အဆင့်အတန်းရဖို့ ခေါင်းခြောက်ခံပြီး စဉ်းစားတယ်၊ နည်းလမ်းမျိုးစုံ သုံးတယ်၊ ပြီးတော့ သူတို့ရဲ့ ဂုဏ်နဲ့ အဆင့်အတန်း ဆုံးရှုံးသွားတာနဲ့၊ ဒါမှမဟုတ် လူတွေရဲ့ ထောက်ခံမှုနဲ့ လေးစားမှုကို မရတော့တာနဲ့ သူတို့က ချက်ချင်း ရန်လိုလာတယ်၊ အပျက်သဘောဆောင်ပြီး အလုပ်မှာ အချောင်ခိုလာကြတယ်၊ ပြီးတော့ စိတ်ထဲမှာ မကျေမနပ်ဖြစ်ပြီး အငြိုးထားကြတယ်။ အသင်းတော်ကို လှောင်ပြောင်နိုင်အောင်လို့ အသင်းတော်အလုပ်မှာ ပြဿနာတွေ ပေါ်လာဖို့တောင် သူတို့ ဆန္ဒရှိကြတယ်။ ပြီးတော့ ကျွန်မရဲ့ အပြုအမူကို ပြန်တွေးကြည့်တော့ အဲဒါနဲ့ တစ်ပုံစံတည်း ဖြစ်မနေဘူးလား။ အရင်တုန်းက ခရိုင်ခေါင်းဆောင်အဖြစ် အရွေးခံရဖို့နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးမှုကို ရဖို့အတွက် ညီအစ်ကိုမောင်နှမတွေ မေးခွန်းမေးပြီး မက်ဆေ့ချ်ပို့တာ မြင်တာနဲ့ ခေါင်းဆောင်တွေ သတိထားမိအောင် ကျွန်မ ချက်ချင်း ပြန်ဖြေခဲ့တယ်။ ဒါပေမဲ့ ခရိုင်ခေါင်းဆောင်အဖြစ် ရှာလော့က အရွေးခံရမှန်း ကျွန်မသိလိုက်တဲ့အခါ ကျွန်မက ဘယ်နေရာမှာ လိုအပ်ချက်ရှိနေသလဲဆိုတာကို ဆင်ခြင်သုံးသပ်မကြည့်ခဲ့ဘူး။ အဲဒီအစား ကျွန်မ အရွေးမခံရလို့၊ ပြီးတော့ အဆင့်အတန်းနဲ့ လူတွေက ပိုပြီးတော့ အားကျကြတာကို မရနိုင်တော့လို့ ကျွန်မ စိတ်ထဲမှာ အတိုက်အခံလုပ်ပြီး ငြင်းခုံနေခဲ့တယ်။ ကျွန်မက ရှာလော့ထက် အတွေ့အကြုံ ပိုရှိတယ်၊ ဧဝံဂေလိအလုပ်ကို သူ ကြီးကြပ်တာထက် ပိုကြာကြာ ကြီးကြပ်ခဲ့တယ်လို့ တွေးပြီး ဒါတွေကို အရင်းအနှီးအဖြစ် သဘောထားပြီး မကျေမနပ် ဖြစ်ခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ မကျေနပ်ချက်တွေကို ဖွင့်ထုတ်ဖို့ တာဝန်တွေကို အသုံးချခဲ့တယ်။ ရှာလော့ တာဝန်ယူထားတဲ့ ဧဝံဂေလိအလုပ်မှာ ပြဿနာတွေ ကြုံရတာကို ကျွန်မ မြင်တဲ့အခါ ကျွန်မက ကူညီဖြေရှင်းမပေးတဲ့အပြင် သူတို့ ကံဆိုးတာတွေကို ပျော်နေခဲ့ပြီး သူ့ကို လှောင်ပြောင်ခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေရှေ့မှာ သူ အရှက်ကွဲအောင်လို့၊ သူက ကျွန်မလောက် မတော်မှန်း လူတိုင်းမြင်အောင်လို့ ဒီပြဿနာတွေ မပြေလည်ရင် ကောင်းမှာပဲလို့တောင် ဆန္ဒရှိခဲ့သေးတယ်။ ဒါတင်မကသေးဘူး၊ ဘေးနားက ညီအစ်မတွေဆီမှာလဲ ကျွန်မရဲ့ မကျေနပ်ချက်တွေကို ဖွင့်ထုတ်ခဲ့သေးတယ်။ ရှာလော့ရဲ့ တာဝန်ထဲက ပြဿနာသေးသေးမွှားမွှားလေးတွေကို ကိုင်စွဲပြီးတော့ သူ့ကို ကွယ်ရာမှာ ဝေဖန်အပြစ်တင်ခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေ ကျွန်မဘက်ပါလာပြီး အသင်းတော်က လူရွေးမှားသွားတယ်၊ ကျွန်မလို လူတော်တစ်ယောက်ကို နေရာမပေးဘဲ ထားလိုက်တယ်လို့ ထင်လာအောင် မျှော်လင့်ပြီးတော့ပေါ့။ ဖြုတ်ချခံရပြီးနောက်မှာလဲ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာ၊ သိမြင်တာ မရှိတဲ့အပြင် ဆက်တိုက် အတိုက်အခံလုပ်ပြီး ကျိုးနွံနာခံဖို့ ငြင်းဆန်ခဲ့တယ်၊ ခေါင်းဆောင်တွေက ကျွန်မနဲ့ မိတ်သဟာယဖွဲ့ဖို့ ကြိုးစားတဲ့အခါ ကျွန်မက သူတို့နဲ့ စကားမပြောချင်ခဲ့ဘူး။ ကျွန်မမှာ သမ္မာတရားကို လက်ခံတဲ့သဘောထား၊ ရှာဖွေတဲ့သဘောထား လုံးဝ မရှိခဲ့ပါဘူး။ အဲဒီအချိန်ကျမှ ခေါင်းဆောင်အဖြစ် အရွေးမခံရတာက ကျွန်မအတွက် တကယ်တမ်း အကာအကွယ်တစ်ခု ဖြစ်မှန်း ရုတ်တရက် သတိပြုမိလိုက်တယ်။ ကျွန်မရဲ့ စိတ်သဘောထားက ရက်စက်ကြမ်းကြုတ်ပြီး အဆင့်အတန်းကို အာရုံစိုက်လွန်းတဲ့အတွက် ကျွန်မ အဆင့်အတန်း မရတဲ့အခါ ကျွန်မက အမုန်းပွားတယ်၊ သူများကို လှောင်ပြောင်တယ်၊ သူများကို ဝေဖန်ပြီး အောက်ကျအောင်တောင် လုပ်ခဲ့တယ်။ ကျွန်မသာ အဆင့်အတန်း တကယ်ရခဲ့ရင် ကျွန်မစကား နားမထောင်တဲ့ ဘယ်သူ့ကိုမဆို သေချာပေါက် ဖိနှိပ်ပြီး ဖယ်ထုတ်ပစ်မှာ၊ ပြီးတော့ ပိုကြီးမားတဲ့ မကောင်းမှုတွေကိုတောင် ကျူးလွန်မိမှာ။ အဲဒါကို ချင့်ချိန်စဉ်းစားမိတဲ့အခါ ကျွန်မရဲ့ အခြေအနေက ဘယ်လောက် အန္တရာယ်များခဲ့လဲဆိုတာ သဘောပေါက်လိုက်တယ်။ ဒါပေမဲ့ ကျွန်မက လုံးဝ သတိမထားမိဘဲ ဆက်ပြီး စိတ်နှလုံးမာကျောနေခဲ့တယ်၊ ခေါင်းမာနေခဲ့တယ်။ သီးခြားခွဲမထားခံရဘူးဆိုရင် ကျွန်မ ဆက်ပြီး ခေါင်းမာနေမှာ၊ နောင်တရမှာ မဟုတ်ဘူး။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ကိုယ်တော့်ရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။ အခုမှ သမီး ကိုယ့်ကိုယ်ကိုယ် နည်းနည်း နားလည်လာပြီး ချောက်ကမ်းပါးစွန်းမှာ ရပ်နေမိမှန်း မြင်လာပါပြီ။ သမီး နှင်ထုတ်ခြင်းမခံရတာကတင် ကိုယ်တော့်ရဲ့ သနားကရုဏာဖြစ်ပြီး သမီးကို နောင်တရဖို့ အခွင့်အရေး ပေးနေတာပါ။ ဘုရားသခင်၊ သမီး တကယ် နောင်တရချင်ပါတယ်။ အဆင့်အတန်း လိုက်စားခြင်းရဲ့ အနှစ်သာရနဲ့ အကျိုးဆက်တွေကို မြင်အောင် သမီးကို လမ်းပြပေးတော်မူပါ” ပေါ့။
ကျွန်မ ဝတ်ပြုကိုးကွယ်တဲ့အချိန်တစ်ချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကျွန်မရဲ့ သဘာဝ အနှစ်သာရကို နည်းနည်း နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်၊ အခြားမည်သည့်အရာမျှ မဟုတ်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သည့်အပြင် ၎င်းတို့အသက်တာတစ်လျှောက် ၎င်းတို့ လိုက်စားသည့် ပန်းတိုင်ဖြစ်သည်။...အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော ရုပ်သွင်နှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည် မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး ဤအရာနှစ်ခုကို တန်းတူရည်တူ ထားရှိလေသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မမျှော်ကိုး၊ သို့မဟုတ် အထင်မကြီး၊ သို့မဟုတ် မလိုက်နာဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် စိတ်ပျက်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ ငါသည် မျှော်လင့်ချက် မမဲ့သလော’ ဟု မိမိတို့ကိုယ်ကို ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် မကြာခဏ တွက်ချက်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်၊ ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်အောင် မည်သို့လုပ်ဆောင်နိုင်သည်နှင့် ၎င်းတို့ပြုမူလုပ်ဆောင်သည့်အခါ မိမိတို့အား ပံ့ပိုးကြအောင် မည်သို့လုပ်ဆောင်နိုင်သည်၊ ၎င်းတို့ မည်သည့်နေရာသို့ရောက်ပါစေ လူများက ၎င်းတို့နောက်လိုက်အောင် မည်သို့လုပ်ဆောင်နိုင်သည်၊ အသင်းတော်တွင် ဩဇာညောင်းမှု မည်သို့ရရှိနိုင်သည်၊ ပြီးလျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း မည်သို့ရရှိနိုင်သည် ဟူသည့် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တစ်ယောက်ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို လိုက်စားခြင်းက ယာယီမဟုတ်ဘဲ သူ့ရဲ့ သဘာဝနဲ့ အနှစ်သာရထဲက အရာတစ်ခု ဖြစ်ကြောင်း ဘုရားသခင် နှုတ်ကပတ်တော်တွေကနေ ကျွန်မ တွေ့လိုက်ရတယ်။ အန္တိခရစ်တွေက ဂုဏ်နဲ့ အဆင့်အတန်း လိုက်စားတာကို သူတို့ရဲ့ ဘဝပန်းတိုင်အဖြစ် သတ်မှတ်ကြတယ်။ ဂုဏ်နဲ့ အဆင့်အတန်း ရမှသာ အရာအားလုံးကို ရမယ်လို့ သူတို့ ယုံကြည်ကြတယ်၊ ဂုဏ်နဲ့ အဆင့်အတန်း ဆုံးရှုံးသွားတာနဲ့ အသက်ရှင်ရတာ အဓိပ္ပာယ်မရှိတော့ဘူးလို့ သူတို့ ယုံကြည်ကြတယ်။ ကျွန်မလဲ အဲဒီလိုပဲ ဖြစ်နေခဲ့မှန်း သဘောပေါက်လိုက်တယ်။ “ထူးချွန်ထက်မြက်သူ ဖြစ်ရမယ်”၊ “လူတို့ထဲမှ အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမားဆုံးသော အခက်အခဲများကို ခါးစည်းခံရမည” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ ကျွန်မ ငယ်ငယ်ကတည်းက အသက်ရှင်ခဲ့တာပါ။ ကျောင်းတက်တုန်းကဆိုရင် အတန်းထဲမှာ ထူးချွန်တဲ့ကျောင်းသား၊ အတော်ဆုံးကျောင်းသား ဖြစ်ဖို့ ကြိုးစားခဲ့တယ်၊ အဲဒါမှ ဆရာတွေနဲ့ အတန်းဖော်တွေရဲ့ အထင်ကြီးမှုကို ရမယ်လို့ ကျွန်မ ထင်ခဲ့တာ။ အိမ်ထောင်ကျပြီးတဲ့နောက်မှာလဲ ယောကျ်ားဘက်က အမျိုးတွေ၊ အိမ်နီးချင်းတွေ အများကြီးက ကျွန်မတို့ထက် ပိုချမ်းသာတာကို မြင်တော့ ကျွန်မက သူတို့နောက်မှာ မကျန်ခဲ့ချင်ဘူး၊ ဒါနဲ့ ရွာထဲမှာ လူချမ်းသာတစ်ယောက်ဖြစ်ဖို့၊ သူများတွေ အထင်ကြီးအားကျတာ ခံရဖို့အတွက် ကျွန်မ ယောကျ်ားနဲ့အတူ စီးပွားရေးတစ်ခု လုပ်ခဲ့တယ်။ ဘုရားသခင်ကို တွေ့ပြီးတဲ့နောက်မှာလဲ ဂုဏ်နဲ့ အဆင့်အတန်းကို ကျွန်မ လိုက်စားတဲ့ ရည်ရွယ်ချက်အဖြစ် သတ်မှတ်ထားတုန်းပဲ၊ ခေါင်းဆောင်ဖြစ်လာရင် ကျွန်မ တာဝန်ယူရတဲ့ အတိုင်းအတာ ကျယ်ပြန့်လာပြီး ကျွန်မကို အထင်ကြီးလေးစားတဲ့သူတွေ ပိုများလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါကမှ အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတဲ့ ဘဝကို ရှင်သန်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းလို့ ကျွန်မ ယုံကြည်ခဲ့တာ။ အဆင့်အတန်းနဲ့ အထင်ကြီးမှု ရဖို့အတွက် ကျွန်မ ခေါင်းခြောက်ခံပြီး ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်အဖြစ် အရွေးမခံရဘဲ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးမှုနဲ့ ထောက်ခံမှုကို မရနိုင်တဲ့အခါ ကျွန်မ မကျေမနပ်ဖြစ်ပြီး အလိုမကျ ဖြစ်ခဲ့တယ်၊ အသစ်ရွေးကောက်ခံရတဲ့ ခေါင်းဆောင်ကိုလဲ ဝေဖန်ခဲ့တယ်။ ဧဝံဂေလိအလုပ်မှာ ပြဿနာတွေ တွေ့တဲ့အခါ ကျွန်မ လျစ်လျူရှုခဲ့တယ်၊ အဲဒီလိုဖြစ်နေတာကို မြင်ပြီး ပျော်တောင်ပျော်နေခဲ့တယ်။ ဖြုတ်ချခံရတဲ့အခါ ကျွန်မ ဆက်ပြီး အပျက်သဘောဆောင်ပြီး အတိုက်အခံ လုပ်ခဲ့တယ်၊ တခြားလူတွေက ကျွန်မအလုပ်ကို နောက်ကလိုက်စစ်တဲ့အခါလဲ ကျွန်မ စိတ်ထဲကနေ အတိုက်အခံဖြစ်နေခဲ့တယ်။ သီးခြားခွဲထားခံရတဲ့အချိန်မှာတောင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ခဲ့ဘူး၊ ဘုရားသခင်ကို သစ္စာဖောက်ပြီး အသင်းတော်ကနေ ထွက်သွားဖို့တောင် တွေးခဲ့သေးတယ်။ ကျွန်မ လုပ်ခဲ့သမျှ အရာအားလုံးက ဂုဏ်နဲ့ အဆင့်အတန်းအတွက် ရုန်းကန်ခဲ့တာ ဖြစ်မှန်း၊ ဂုဏ်နဲ့ အဆင့်အတန်းကို လိုက်စားခြင်းက ကျွန်မ သဘာဝရဲ့ အစိတ်အပိုင်း ဖြစ်လာပြီး အန္တိခရစ် လမ်းကြောင်းပေါ် ကျွန်မ လျှောက်နေပြီဖြစ်မှန်း မြင်လိုက်ရတယ်။ အဲဒီအချိန်မှာ ဂုဏ်နဲ့ အဆင့်အတန်းက ကျွန်မကို တကယ်ပဲ အများကြီး ထိခိုက်စေခဲ့မှန်း ကျွန်မ ရင်ထဲကနေ ခံစားလိုက်ရတယ်။ ဂုဏ်နဲ့ အဆင့်အတန်းအတွက်နဲ့ ကျွန်မရဲ့ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား ပျောက်ဆုံးခဲ့ရတယ်။ အသင်းတော်အလုပ်ကို ကျွန်မ အဖျက်အမှောင့် လုပ်ခဲ့သလို ဘေးနားကလူတွေကိုလဲ ထိခိုက်စေခဲ့တယ်၊ ဂုဏ်နဲ့ အဆင့်အတန်းကို လိုက်စားခြင်းက ကျွန်မကို ဘုရားသခင်နဲ့ ဝေးသထက်ဝေးစေခဲ့ပြီး ပိုပိုပြီးတော့ လူသားပုံသဏ္ဌာန်ကင်းမဲ့စေခဲ့တယ်။ ဂုဏ်နဲ့ အဆင့်အတန်းရဲ့ ဘောင်ခတ်မှုနဲ့ နှောင်ဖွဲ့မှုတွေကနေ ကျွန်မ အမြန်ဆုံး ရုန်းထွက်ချင်ခဲ့ပြီး သမ္မာတရားကို လိုက်စားဖို့ စိတ်ပိုင်းဖြတ်လာခဲ့တယ်။
အဲဒီနောက်မှာ ဘုရားသခင် နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပြီးတော့ ဂုဏ်နဲ့ အဆင့်အတန်းကို လိုက်စားတာဟာ ပျက်စီးခြင်းဆီ ဦးတည်တဲ့ လမ်းကြောင်းဖြစ်မှန်း ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခြင်းသည် မှန်ကန်သောလမ်းကြောင်းမဟုတ်ပေ။ ယင်းသည် သမ္မာတရားကို လိုက်စားခြင်း၏ ဆန့်ကျင်ဘက် ဦးတည်ရာသို့ သွားသည်။ အနှစ်ချုပ်လျှင် သင့်လိုက်စားမှု၏ ဦးတည်ချက်၊ သို့မဟုတ် ပန်းတိုင်က မည်သည့်အရာဖြစ်စေ၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို လိုက်စားခြင်းအား ပြန်လည်သုံးသပ်ခြင်းမရှိလျှင်၊ ဤအရာကို ဘေးချထားရန် အလွန်ခက်ခဲသည်ဟု မြင်လျှင် ယင်းက သင်၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် အဆင့်အတန်းက နေရာတစ်နေရာရှိနေသရွေ့ ယင်းသည် သင်၏ ဘဝဦးတည်ချက်နှင့် သင့်လိုက်စားမှု၏ ပန်းတိုင်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိမည်ဖြစ်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိမည်ဖြစ်သည်၊ ဤသို့ဆိုလျှင် သင်သည် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်ရန်၊ သင်၏ စိတ်သဘောထားပြောင်းလဲမှုကို ရရှိခြင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ ပြောစရာမလိုတော့ရန် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်။ သင်သည် အဆုံးတွင် ဘုရားသခင်၏ လက်ခံမှုကို ရနိုင်ခြင်း ရှိမရှိက သိသာသည်မှာ မှန်သည်။ ထို့အပြင် သင်၏ အဆင့်အတန်းကို လိုက်စားခြင်းအား မည်သည့်အခါမျှ မစွန့်လွှတ်နိုင်လျှင် ဤအရာသည် သင်၏ တာဝန်ကို စံနှုန်းပြည့်မီသည့် နည်းလမ်းတစ်ခုဖြင့် ထမ်းဆောင်နိုင်ရန် သင်၏ အရည်အချင်းအပေါ် သက်ရောက်လိမ့်မည်။ ဤသည်မှာ သင့်အနေဖြင့် စံနှုန်းပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာရန် အလွန်ခက်ခဲစေလိမ့်မည်။ အဘယ်ကြောင့် ငါ ဤသို့ပြောသနည်း။ လူတို့သည် ဂုဏ်အဆင့်အတန်းကို လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းကိုလိုက်စားခြင်းသည် စာတန်ဆန်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ယင်းက လမ်းမှားတစ်ခုဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ မွေးဖွားလာသည်။ ယင်းသည် ဘုရားသခင်ရှုတ်ချသည့်အရာဖြစ်သည်။ ဘုရားသခင် တရားစီရင်ပြီး သန့်စင်သည့် အရာပင်ဖြစ်သည်။ အဆင့်အတန်းကို လူတို့ လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ သို့တိုင်အောင် သင်သည် ခေါင်းမာစွာဖြင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်သည်။ ယင်းကို မပျက်မကွက် ချစ်မြတ်နိုးပြီး ကာကွယ်သည်။ သင်ကိုယ်တိုင်အတွက် ရယူဖို့ အစဉ် ကြိုးစားသည်။ ဤအရာအားလုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည့် စရိုက်အနည်းငယ် မရှိသလော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်သည်၊ ဤသို့ဖြင့် ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ နောက်ဆုံးတွင် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး၊ သေးနုပ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက တစ်ဖက်ပိတ်လမ်းဖြစ်သည်။ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းအတွက် သင်၏အကြောင်းပြချက်က အဘယ်မျှ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ဤလမ်းကြောင်းက လမ်းကြောင်းမှားတစ်ခုပင် ဖြစ်နေဆဲဖြစ်ကာ ဘုရားသခင်၏ လက်ခံခြင်းကို မခံရပေ။ သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်။ သင်သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်ကာ လမ်းဆုံးတစ်ခုဖြင့် ကြုံရလိမ့်မည်။ ဤအရာကို သင်နားလည်သည်မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဂုဏ်နဲ့ အဆင့်အတန်းကို လိုက်စားတာဟာ လမ်းမှန်မဟုတ်ဘဲ ဘုရားသခင် အမုန်းဆုံးအရာ ဖြစ်မှန်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မ တွေ့လိုက်ရတယ်။ ဘုရားသခင်က လူတွေကို တာဝန်ပေးတာပါ၊ အဆင့်အတန်းပေးတာ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က လူတွေကို စံနှုန်းပြည့်မီတဲ့ ဖန်ဆင်းခံတွေ ဖြစ်စေချင်တာပါ၊ လူတွေကို ကျော်ကြားဖို့၊ ဒါမှမဟုတ် ကြီးမြတ်ဖို့အတွက် အားထုတ်ဖို့ မဟုတ်ပါဘူး။ လူတွေက ဂုဏ်နဲ့ အဆင့်အတန်းကိုပဲ ဆက်တိုက် လိုက်စားနေမယ်ဆိုရင် ဒါက ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါလိမ့်မယ်၊ တကယ်တမ်းကတော့ ဒါက ဘုရားသခင်ကို အတိုက်အခံလုပ်နေတာပါ၊ ပြီးတော့ ဒီအရာရဲ့ နောက်ဆုံး အဆုံးသတ်ကတော့ ဘုရားသခင်က ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းတာကို ခံရခြင်းပါပဲ။ ဧဝံဂေလိလုပ်ငန်း ကြီးကြပ်ရေးမှူးအဖြစ် ကျွန်မ အရင်က ထမ်းဆောင်ခဲ့တာတွေကို ပြန်ပြီးဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ကျွန်မမှာ တာဝန်တွေ အများကြီး ရှိခဲ့ပေမဲ့ ကိုယ့်ရဲ့ အဓိကအလုပ်ကို ဘယ်လို ကောင်းကောင်းလုပ်ရမလဲ ဆိုတာကို အာရုံမစိုက်ခဲ့ဘူး။ အဲဒီအစား ပိုမြင့်တဲ့ အဆင့်အတန်း ရဖို့နဲ့ လူတွေက ပိုပြီးအထင်ကြီးတာကိုခံရဖို့အတွက် ခရိုင်ခေါင်းဆောင်အဖြစ် အရွေးခံရဖို့လောက်ပဲ ကျွန်မ ဆန္ဒရှိခဲ့တယ်။ ခရိုင်ခေါင်းဆောင်အဖြစ် အရွေးမခံရဘဲ ကျွန်မရဲ့ ရည်မှန်းချက်နဲ့ လိုအင်ဆန္ဒတွေ မပြည့်ဝတဲ့အခါ ကျွန်မ မကျေမနပ်ဖြစ်ပြီး အလိုမကျ ဖြစ်ခဲ့တယ်၊ ပြီးတော့ ကျွန်မ အားမလိုအားမရဖြစ်တာကို အသင်းတော်အလုပ်အပေါ် ပုံချခဲ့လို့ ဧဝံဂေလိအလုပ်က ရပ်ဆိုင်းလုနီးပါး အခြေအနေကို ရောက်သွားခဲ့တယ်။ ကျွန်မသာ နောင်တမရရင် ကျွန်မရဲ့ များပြားလှတဲ့ မကောင်းမှုတွေကြောင့် သေချာပေါက် နှင်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာ။ ဂုဏ်နဲ့ အဆင့်အတန်းကို လိုက်စားတာဟာ လမ်းဆုံးဖြစ်တယ်လို့ ဘုရားသခင် ပြောထားတာကို အဲဒီအချိန်ကျမှ ကျွန်မ နည်းနည်း နားလည်လာတယ်။ အဲဒါကို တွေးမိတော့ ဘုရားသခင်ကို ကျွန်မ တကယ် ကျေးဇူးတင်မိတယ်။ သီးခြားခွဲထားတာမခံရရင် ကျွန်မ အချိန်မီ နိုးထလာမှာ မဟုတ်သလို ဂုဏ်နဲ့ အဆင့်အတန်းကို လိုက်စားခြင်းရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကိုလဲ သိမှာ မဟုတ်ဘူး။ အသင်းတော်က ကျွန်မကို မနှင်ထုတ်ဘဲ သီးခြားခွဲထားတာကတင် ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ သနားကရုဏာ ဖြစ်နေပါပြီ၊ ဒါကြောင့် ကျွန်မ အမြန်ဆုံး နောင်တရမှ ဖြစ်မှာပါ။
တစ်နေ့မှာ ဘုရားသခင် နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပြီး ခရိုင်ခေါင်းဆောင်အဖြစ် အရွေးမခံရတဲ့ အချက်ကို ဘယ်လိုသဘောထားရမလဲဆိုတာ သိလိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် သင့်တော်သည်၊ ခေါင်းဆောင်မှုအတွက် ပါရမီ၊ အစွမ်းအစနှင့် လူ့သဘာဝတို့ကို ပိုင်ဆိုင်သည်ဟု တွေးထင်သော်လည်း၊ ဘုရားအိမ်တော်က သင့်ကို ရာထူးမတိုးပေးသေးသည့်အပြင် ညီအစ်ကိုမောင်နှမများကလည်း သင့်ကို ရွေးကောက်တင်မြှောက်ခြင်းမပြုသေးပါက၊ ထိုကိစ္စကို သင်မည်သို့ သဘောထားသင့်သနည်း။ ဤနေရာတွင် သင်လိုက်လျှောက်နိုင်သော လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် လမ်းကြောင်းတစ်ခု ရှိသည်။ သင်သည် မိမိကိုယ်ကို လုံးလုံးလျားလျား သိရှိရမည်။ အဓိကအချက်မှာ သင်၏ လူ့သဘာဝတွင် ပြဿနာတစ်ခုခု ရှိခြင်းဖြစ်သလော၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာတစ်ခုခု ထုတ်ဖော်ခြင်းက လူတို့ကို ရွံရှာစက်ဆုပ်စေခြင်းလောဟူသည်ကို ကြည့်ရှုလော့။ သို့မဟုတ် သင်သည် သမ္မာတရား လက်တွေ့ကျမှုကို မပိုင်ဆိုင်သည့်အပြင် အခြားသူများအတွက် ယုံကြည်လက်ခံနိုင်ဖွယ်မရှိခြင်း ဟုတ်၊ မဟုတ် သို့မဟုတ် သင်၏ တာဝန်ထမ်းဆောင်မှုက စံနှုန်းမမီခြင်း ဟုတ်၊ မဟုတ်ဟူသည်ကို ကြည့်ရှုလော့။ သင်သည် ဤအရာအားလုံးကို ဆင်ခြင်သုံးသပ်ရမည်ဖြစ်ပြီး မည်သည့်နေရာတွင် သင် အတိအကျ စံမမီသည်ကို ကြည့်ရှုရမည်။...သင်သည် အသက် ဝင်ရောက်မှုကို လိုက်စားရမည်၊ သင်၏ လွန်ကဲသောလိုအင်ဆန္ဒများကို ဦးစွာ ဖြေရှင်းရမည်၊ နောက်လိုက်တစ်ဦးဖြစ်ဖို့ လိုလိုလားလား ရှိရမည်ဖြစ်ပြီး ဘုရားသခင် စီစဉ်ညွှန်ကြားသည့်၊ သို့မဟုတ် စီစဉ်သည့် မည်သည့်အရာအတွက်မဆို စောဒကတက်သည့်စကားများမရှိဘဲ ဘုရားသခင်ကို စစ်မှန်စွာ ကျိုးနွံနာခံတတ်လာရမည်။ သင်သည် ဤဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်သောအခါ၊ သင်၏ အခွင့်အရေးက ရောက်လာလိမ့်မည်။ သင်သည် လေးလံသောဝန်ကို ခံယူလိုခြင်း၊ သင်၌ ဤဝန်ထုပ်ဝန်ပိုးရှိခြင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ ယင်းက သင်သည် တိုးတက်မှုဖြစ်စေရန် ကြိုးစားသော တက်ကြွသည့်စိတ်နှလုံးတစ်ခုရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားကာ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်လိုကြောင်း ပြသသည်။ ဤသည်မှာ ရည်မှန်းချက်တစ်ခုမဟုတ်၊ စစ်မှန်သော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လိုက်စားသောသူများ၏ တာဝန်ဖြစ်ပြီး ၎င်းတို့ လိုက်စားမှု ပန်းတိုင်လည်း ဖြစ်သည်။ သင်၌ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ မရှိသည့်အပြင် သင်၏ ကိုယ်ကျိုးအတွက် မဟုတ်ဘဲ၊ ဘုရားသခင်ကို သက်သေခံပြီး သူ့ကို ကျေနပ်စေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်း အခံရဆုံးသောအရာဖြစ်ပြီး၊ သူသည် သင့်အတွက် သင့်တော်သော အစီအစဉ်များကို ပြုလုပ်ပေးလိမ့်မည်။...ဘုရားသခင်၏ ရည်ရွယ်ချက်သည် သူ့ကို သက်သေခံနိုင်သောလူများကို ပို၍ ရရှိရန်ဖြစ်သည်။ ဤသည်မှာ သူ့ကိုချစ်သောသူအားလုံးကို စုံလင်စေရန်၊ သူနှင့် စိတ်နှလုံးတစ်လုံးတစ်ဝတည်းရှိသော လူတစ်စုကို ပြည့်စုံစေဖို့ အမြန်ဆုံး ပြုလုပ်ရန်အတွက်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အိမ်တော်တွင် သမ္မာတရားကို လိုက်စားသူအားလုံးသည် ကြီးမားသော အလားအလာများရှိကြသည်။ ဘုရားသခင်ကို ရိုးသားစွာချစ်သောသူများ၏ အလားအလာသည် အကန့်အသတ်မရှိပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို လူတိုင်း နားလည်သင့်သည်။ ဤဝန်ထုပ်ဝန်ပိုးကို ရရှိခြင်းသည် အမှန်တကယ်ပင် အပြုသဘောဆောင်သောအရာဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူတို့ ပိုင်ဆိုင်သင့်သည့် အရာတစ်ခုဖြစ်သည်။ သို့သော် လေးလံသောဝန်ကို လူတိုင်းက မလွဲမသွေ ခံယူနိုင်လိမ့်မည်မဟုတ်ပေ။ ဤခြားနားချက်က မည်သည့်နေရာမှ လာသနည်း။ သင်၏ အားသာချက်များ၊ သို့မဟုတ် လုပ်ကိုင်နိုင်စွမ်းက မည်သည့်အရာဖြစ်စေ၊ သင်၏ ဉာဏ်ရည်က မည်မျှမြင့်သည်ဖြစ်စေ အရေးပါသည့်အရာမှာ သင်၏ လိုက်စားမှုနှင့် သင်လျှောက်သည့်လမ်းကြောင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၆)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားကြည့်လိုက်တော့ အသင်းတော်ရဲ့ ခေါင်းဆောင် ရွေးချယ်ပွဲက စည်းမျဉ်းတွေအပေါ် အခြေခံတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လူ့သဘာဝ ရှိရမယ်၊ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုနိုင်ရမယ်၊ လုပ်ရည်ကိုင်ရည် အတိုင်းအတာတစ်ခုအထိ ရှိရမယ်၊ ပြီးတော့ သမ္မာတရားကို လိုက်စားရမယ်။ လူတစ်ယောက်က သမ္မာတရားကို မလိုက်စားဘဲ လမ်းမှားကို လျှောက်နေရင် ခေါင်းဆောင်ဖြစ်လာရင်တောင် သူ ရေရှည်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မကျတော့ လူတစ်ယောက်က ခေါင်းဆောင်ဖြစ်နိုင်မလားဆိုတာကို သူတာဝန်ယူရတဲ့ အတိုင်းအတာ၊ သူ ဘယ်လောက် ဒုက္ခခံခဲ့လဲ၊ ပြီးတော့ သူ လေ့ကျင့်ခဲ့တဲ့အချိန် ဘယ်လောက်ကြာလဲ ဆိုတာတွေအပေါ်မှာပဲ မူတည်ပြီး အကဲဖြတ်ခဲ့တာကိုး။ ကျွန်မရဲ့ စံနှုန်းတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ လုံးဝ ကွဲလွဲနေခဲ့တာ။ ပြန်တွေးကြည့်ရင် ဧဝံဂေလိဟောဖို့ ကျွန်မ အကြာကြီး လေ့ကျင့်ခဲ့ပြီး ဧဝံဂေလိဟောတဲ့ စည်းမျဉ်းတချို့ကို နားလည်ခဲ့ပေမဲ့၊ ပြီးတော့ တာဝန်မှာလဲ ရလဒ်တချို့ ရှိခဲ့ပေမဲ့ ကိုယ့်ရဲ့ အသက် ဝင်ရောက်မှုကို ကျွန်မ အာရုံမစိုက်ခဲ့ဘူး၊ နေ့တိုင်း တာဝန်တွေနဲ့ အလုပ်ရှုပ်နေတာကိုပဲ ကျေနပ်နေခဲ့တယ်။ ကြုံတွေ့ရတဲ့ ကိစ္စတွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆင်ခြင်သုံးသပ်ပြီး သိမြင်တာမျိုး ရှားပါးသလို သမ္မာတရား စည်းမျဉ်းတွေကို ချင့်ချိန်စဉ်းစားတာလဲ ရှားပါတယ်။ ကျွန်မက သမ္မာတရားကို ချစ်မြတ်နိုးတဲ့သူ၊ လိုက်စားတဲ့သူ လုံးဝ မဟုတ်ပါဘူး။ ခေါင်းဆောင်တစ်ယောက်ရဲ့ အဓိက တာဝန်က ညီအစ်ကိုမောင်နှမတွေ သမ္မာတရားကို နားလည်ပြီး ဘုရားနှုတ်ကပတ်တော်ရဲ့ လက်တွေ့ကျမှုထဲ ဝင်ရောက်နိုင်အောင် ဦးဆောင်ပေးဖို့ပါ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆင်ခြင်သုံးသပ်ပြီး သိမြင်ဖို့ အာရုံမစိုက်ဘဲ အပြင်ပန်း အလုပ်လုပ်ဖို့လောက်ပဲ အာရုံစိုက်ခဲ့တယ်၊ အသက် ဝင်ရောက်မှုလဲ နည်းနည်းပဲ ရှိတော့ ကျွန်မက ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီခဲ့ဘူး။ ကျွန်မသာ ခေါင်းဆောင်အဖြစ် တကယ် အရွေးခံရပြီး တကယ့်အလုပ်ကို မလုပ်နိုင်ရင် ခေါင်းဆောင်အတု ဖြစ်မသွားပေဘူးလား။ နောက်ပြီးတော့ ခေါင်းဆောင်ဖြစ်ဖို့ဆိုတာ အလုပ်ရဲ့ ကဏ္ဍပေါင်းစုံကို ကြီးကြပ်ကွပ်ကဲဖို့ လိုသလို လုပ်ရည်ကိုင်ရည် အတိုင်းအတာတစ်ခုအထိ ရှိဖို့လဲ လိုပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မက ဧဝံဂေလိအလုပ် တစ်ခုတည်းကိုပဲ ကြီးကြပ်နေတာ၊ တစ်ခါတလေ အလုပ်တွေ များလာရင် နိုင်နင်းအောင် မလုပ်နိုင်ခဲ့ဘူး။ ကျွန်မမှာ ခေါင်းဆောင်ဖြစ်ဖို့ အစွမ်းအစ၊ ဒါမှမဟုတ် လုပ်ရည်ကိုင်ရည် လုံးဝ မရှိပါဘူး။ ရှာလော့က အရင်တုန်းက ခေါင်းဆောင်အဖြစ် အမြဲ လုပ်ခဲ့တာ၊ သမ္မာတရားကိုလဲ ကျွန်မထက် ပိုရှင်းလင်းအောင် မိတ်သဟာယပြုခဲ့တယ်၊ ဧဝံဂေလိအလုပ်ကို ကြီးကြပ်တဲ့ အတွေ့အကြုံ နည်းပေမဲ့ သူ့စိတ်နှလုံးက မှန်ကန်တဲ့နေရာမှာ ရှိတယ်။ လက်တွေ့လုပ်ဆောင်ပြီး လေ့လာသင်ယူလိုစိတ် ရှိတယ်။ သူ့ကို ခေါင်းဆောင်အဖြစ် ရွေးတာ သင့်တော်ပါတယ်၊ ရှာလော့ရဲ့ အလုပ်ကို ကျွန်မ ကူညီပေးသင့်ပါတယ်။ ဒီကိစ္စကို ချင့်ချိန်စဉ်းစားပြီးတဲ့နောက်မှာ ခေါင်းဆောင်အဖြစ် အရွေးမခံရတာကို ကျွန်မ တည်တည်ငြိမ်ငြိမ်ပဲ သဘောထားနိုင်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားသခင် နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ပြီးတော့ ဘုရားသခင်က ဘယ်လိုလူမျိုးကို လိုချင်လဲဆိုတာ ကျွန်မ နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဖန်ဆင်းခံ လူသားမျိုးနွယ်အဖွဲ့ဝင်တစ်ဦးအနေဖြင့် သင်သည် သင်၏ သင့်လျော်သောနေရာကို ထိန်းသိမ်းပြီး လိမ္မာသောဟန်အမူအရာဖြင့် ကျင့်ကြံပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် မြဲမြံစွာ ဆုပ်ကိုင်ထားရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်သောသူတစ်ဦး၊ မဟာလူသားတစ်ဦး သို့မဟုတ် ကြီးကျယ်ခမ်းနားသောပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းကို မလိုက်စားနှင့်။ ပြီးလျှင် ဘုရားဖြစ်အောင်လည်း မလိုက်စားနှင့်။ ဤသည်တို့အားလုံးမှာ လူတို့တွင် မရှိသင့်သည့် ဆန္ဒများဖြစ်သည်။ ကြီးမြတ်သောသူ၊ သို့မဟုတ် မဟာလူသားဖြစ်ခြင်းကို လိုက်စားခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် လိုက်စားခြင်းက ပို၍ပင် ရှက်ဖွယ်ကောင်း၏။ ဤသည်မှာ ရွံရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ အမှန်တကယ် တန်ဖိုးရှိပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ခြင်းဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်စားသင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) “လူတို့သည် ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ဘုရားသခင် တောင်းဆိုသောအခါ လုပ်ငန်းတချို့တလေကို ပြီးမြောက်ရန် သို့မဟုတ် ကြီးကျယ်သော ကြိုးပမ်းမှုများကို ဆောင်ရွက်အောင်မြင်ရန်၊ သို့တည်းမဟုတ် ကြီးကြီးမားမား ဆောင်ရွက်ချက်တစ်ခုခုကို ပြုလုပ်ရန် တောင်းဆိုခြင်းမရှိပေ။ ဘုရားသခင် အလိုရှိသောအရာမှာ လူတို့အနေဖြင့် လက်တွေ့ကျသော နည်းလမ်းဖြင့် သူတို့တတ်နိုင်သမျှကို လုပ်ဆောင်နိုင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်အား ကြီးမြတ်ရန် သို့မဟုတ် မွန်မြတ်ရန်၊ သို့မဟုတ် ထူးဆန်းသောတန်ခိုးများ ပြုစေရန် မလိုအပ်သကဲ့သို့ သင့်တွင် ကျေနပ်စရာကောင်းသော အံ့သြဖွယ်ရာများကို မြင်လိုခြင်းမရှိပေ။ သူသည် ထိုသို့သောအရာများကို မလိုအပ်ချေ။ ဘုရားသခင်လိုအပ်သမျှမှာ သင့်အနေဖြင့် သူ၏နှုတ်ကပတ်တော်များအတိုင်း စွဲစွဲမြဲမြဲ လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်သောအခါ သင်နားလည်ထားသည့်အရာကို ပြုလုပ်လော့၊ သင်သဘောပေါက်နားလည်ထားသည့်အရာကို ဆောင်ရွက်လော့၊ သင်ကြားခဲ့သည့်အရာကို ကောင်းစွာ မှတ်သားလော့၊ ပြီးနောက် လက်တွေ့လုပ်ဆောင်ချိန် ရောက်သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်လော့။ ယင်းတို့ကို သင်၏ဘဝ၊ သင်၏ လက်တွေ့ကျမှုများနှင့် သင်အသက်ရှင်နေထိုင်နေသော အရာများ ဖြစ်စေလော့။ သို့ဖြစ်၍ ဘုရားသခင် ကျေနပ်လိမ့်မည်။...ဘုရားသခင်၏အလုပ်က ကယ်တင်သော လူအမျိုးအစားနှင့် သူ၏ကယ်တင်ခြင်း၏ အဓိပ္ပာယ်ကို သင်တို့ ရှင်းရှင်းလင်းလင်း သိရမည်။ ဘုရားသခင်သည် လူတို့ကို သူ၏ရှေ့မှောက် ရောက်လာရန်၊ သူ၏ နှုတ်ကပတ်တော်များကို နားထောင်ရန်၊ သမ္မာတရားကို လက်ခံရန်၊ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပြီး ဘုရားသခင် ပြောဆိုပြီး မိန့်မှာသည့်အတိုင်း လက်တွေ့လုပ်ဆောင်ရန် တောင်းဆိုသည်။ ဤသည်မှာ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများ၊ စာတန်ဆန်သော အတွေးအခေါ်များနှင့် ဆန့်ကျင်သော၊ သို့မဟုတ် လူသား၏ ‘ပျော်ရွှင်မှု’ အား လိုက်စားခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမထောင်ဘဲ သို့မဟုတ် သမ္မာတရားကို လက်မခံဘဲ စာတန်၏ အတွေးအခေါ်များနှင့် စာတန်ဆန်သော စိတ်သဘောထားဖြင့် နောင်တမရဘဲ အသက်ရှင်နေသေးသောသူ မည်သူဖြစ်စေ ထိုလူစားမျိုးကို ဘုရားသခင်က မကယ်တင်နိုင်ပါ။ သင်သည် ဘုရားသခင်နောက် လိုက်သော်လည်း ဤသည်မှာ ဘုရားသခင်က သင့်ကို ရွေးချယ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်မှာ ပြောစရာမလိုချေ။ သို့သော် သင့်ကို ဘုရားသခင်က ရွေးချယ်သည့် အဓိပ္ပာယ်ကား အဘယ်နည်း။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သူ၊ အမှန်တကယ် ဘုရားသခင်နောက် လိုက်သူ၊ ဘုရားသခင်အတွက် အရာရာကို စွန့်လွှတ်နိုင်သူနှင့် ဘုရားသခင်၏လမ်းခရီးကို လိုက်နိုင်သူတစ်ဦးအဖြစ်သို့လည်းကောင်း၊ စာတန်နောက် မလိုက်ဘဲ၊ သို့မဟုတ် ၎င်း၏အာဏာအောက်တွင် အသက်မရှင်တော့ဘဲ သူတို့၏ စာတန်ဆန်သော စိတ်သဘောထားကို ဖယ်ရှားထားခဲ့သူအဖြစ်သို့လည်းကောင်း သင့်အား ပြောင်းလဲရန်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်နောက်လိုက်ကာ သူ၏အိမ်တော်၌ မိမိ၏တာဝန်ကို ထမ်းဆောင်သည့်တိုင် အရာရာနှင့်စပ်လျဥ်း၍ သမ္မာတရားကို ချိုးဖောက်ပြီး သူ၏နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် တွေ့ကြုံခံစားခြင်းမရှိ၊ သူ့ကိုပင် ဆန့်ကျင်ခြင်းရှိမည်ဆိုလျှင်၊ သင်သည် ဘုရားသခင်၏ လက်ခံမှု ရရှိနိုင်သလော။ လုံးဝမရရှိနိုင်ချေ။ ဤအရာအားဖြင့် ငါဘာကိုဆိုလိုသနည်း။ တာဝန်ထမ်းဆောင်ခြင်းက အမှန်တွင် မခက်သည်သာမက သစ္စာစောင့်သိစွာနှင့် စံနှုန်းပြည့်မီစွာဖြင့် ထိုသို့လုပ်ဖို့လည်း မခက်ချေ။ သင်သည် အသက်စတေးရန်ဖြစ်စေ၊ အထူးဖြစ်သည့်အရာတစ်ခုတလေကိုဖြစ်စေ၊ ခက်ခဲသည့်အရာ တစ်ခုတလေကိုဖြစ်စေ ပြုလုပ်ရန် မလိုအပ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လမ်းညွှန်ချက်များကို ရိုးသားစွာနှင့် စွဲစွဲမြဲမြဲ လိုက်နာရုံသာဖြစ်ကာ သင့်ကိုယ်ပိုင် အကြံဉာဏ်များကို ထည့်သွင်းခြင်း သို့မဟုတ် သင့်ကိုယ်ပိုင်လုပ်ငန်းကို မစီမံဘဲ သမ္မာတရားလိုက်စားသော လမ်းကြောင်းကို လျှောက်လှမ်းခြင်းသာ လိုအပ်သည်။ လူတို့သည် ဤအရာကို ပြုလုပ်နိုင်လျှင် သူတို့တွင် အခြေခံအားဖြင့် လူသားအသွင်သဏ္ဌာန် ရှိမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံမှုရှိပြီး ရိုးသားသောလူတစ်ဦး ဖြစ်လာသောအခါ စစ်မှန်သောလူသား၏ ပုံသဏ္ဌာန်ကို ပိုင်ဆိုင်ကြလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားသခင်က ကျွန်မတို့ကို လက်တွေ့ကျကျ ကျင့်ကြံပြုမူဖို့၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ နေရာမှန်မှာ ရပ်တည်ဖို့နဲ့ ကိုယ့်တာဝန်တွေကို စွဲကိုင်ထားဖို့ တောင်းဆိုပါတယ်။ ဒါတွေက ကျွန်မတို့ လိုက်စားသင့်တဲ့ ပန်းတိုင်တွေ ဖြစ်သလို ဒါကမှ စစ်မှန်တဲ့လူတစ်ယောက်မှာ ရှိသင့်တဲ့ လူသားပုံသဏ္ဌာန် ဖြစ်ပါတယ်။ လူတစ်ယောက်က သမ္မာတရားကို ဘယ်တော့မှ မလိုက်စားဘူး၊ လက်မခံဘူး ဆိုရင် သူ့ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာက ဘယ်လောက်ပဲ ကြီးမားနေပါစေ ဘုရားသခင်ရဲ့ အမြင်မှာတော့ သူတို့က နိမ့်ကျပြီး တန်ဖိုးမရှိပါဘူး၊ ပြီးတော့ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို သူတို့ မရနိုင်ပါဘူး။ တစ်ချိန်တုန်းက ကျွန်မ တာဝန်ယူရတဲ့ အတိုင်းအတာ တော်တော် ကျယ်ပြန့်ခဲ့ပေမဲ့ ဂုဏ်နဲ့ အဆင့်အတန်းကိုပဲ လိုက်စားပြီး သမ္မာတရားကို မလိုက်စားခဲ့တာကို ကျွန်မ ပြန်တွေးမိတယ်။ ခရိုင်ခေါင်းဆောင်အဖြစ် အရွေးမခံရတဲ့အခါ ကျွန်မက အလုပ်ကို အသုံးချပြီး မကျေနပ်ချက်တွေကို ဖွင့်ထုတ်ခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းပေါ် လျှောက်မှန်းမသိ လျှောက်မိပြီး အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တဲ့အတွက်၊ ခေါင်းမာပြီး နောင်တရဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ကျွန်မ ဖြုတ်ချခံခဲ့ရတယ်။ အန္တိခရစ်တချို့က ခေါင်းဆောင်တွေ ဖြစ်ခဲ့ဖူးပြီး အဆင့်အတန်း မြင့်ခဲ့ပေမဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို လိုက်စားခဲ့တယ်၊ စည်းမျဉ်းတွေကို မရှာဖွေဘဲ တာဝန်ထမ်းဆောင်ခဲ့တယ်၊ ပြုပြင်တာကို လက်ခံဖို့ လုံးဝ ငြင်းဆန်ခဲ့တယ် ဆိုတာကိုလဲ ကျွန်မ တွေးမိတယ်။ နောက်ဆုံးမှာ သူတို့ရဲ့ များပြားလှတဲ့ ဒုစရိုက်အမှုတွေကြောင့် အသင်းတော်ကနေ နှင်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းတာ ခံလိုက်ရတယ်။ ဒီအချက်အလက်တွေကနေ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို ကျွန်မ တွေ့လိုက်ရတယ်။ လူတစ်ယောက်ရဲ့ အဆင့်အတန်း ဘယ်လောက်ပဲ မြင့်ပါစေ၊ လူဘယ်နှယောက်ကပဲ သူ့ကို အားကျပါစေ၊ သမ္မာတရားကို မလိုက်စားရင် နောက်ဆုံးမှာ သူ ဖယ်ရှားရှင်းလင်းခံရမှာပါပဲ။ လူတစ်ယောက်မှာ အဆင့်အတန်း ရှိမရှိ၊ လူတွေ သူ့ကို အားကျမကျ ဆိုတာက အရေးမကြီးပါဘူး၊ ဘာလို့လဲဆိုတော့ ဂုဏ်နဲ့ အဆင့်အတန်းက လူတစ်ယောက် သမ္မာတရားကို နားလည်ပြီး ကယ်တင်ခံရဖို့ မကူညီနိုင်လို့ပါ။ ဘုရားသခင်က လူတစ်ယောက်ရဲ့ အဆုံးသတ်ကို သူ အဆင့်အတန်း ဘယ်လောက်မြင့်လဲ ဆိုတာကို အခြေမခံဘဲ နောက်ဆုံးမှာ သမ္မာတရားကို ရနိုင်မရနိုင် ဆိုတာကို အခြေခံပြီး တိုင်းတာဆုံးဖြတ်တာပါ။ ကျွန်မသာ သူများတွေရဲ့ အားကျတာကို ခံရအောင် လိုက်စားဖို့သက်သက် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို မလိုက်စားရင်၊ ဒါမှမဟုတ် ကြုံတွေ့ရတဲ့ ကိစ္စတွေမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းဖို့ သမ္မာတရား ရှာဖွေတာကို အာရုံမစိုက်ရင် အဆုံးထိ ယုံကြည်ရင်တောင်မှ သမ္မာတရားကို နားလည်နိုင်မှာ၊ ရနိုင်မှာ မဟုတ်ဘဲ ဖယ်ရှားရှင်းလင်းခံရဦးမှာပါပဲ။ သမ္မာတရားကို လိုက်စားတဲ့သူ၊ ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းတဲ့သူ၊ ပြီးတော့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ စီစဉ်ပေးမှုတွေကို ကျိုးနွံနာခံတဲ့သူတွေသာ ဘုရားသခင်ရဲ့ အမြင်မှာ အဖိုးတန်ပါတယ်။ ဘုရားအိမ်တော်မှာ အသင်းတော်က လူတစ်ယောက်ချင်းစီက ဘယ်တာဝန်နဲ့ သင့်တော်လဲဆိုတာကို အလုပ်ရဲ့ လိုအပ်ချက်တွေ၊ သူတို့ရဲ့ အားသာချက်တွေနဲ့ အစွမ်းအစတွေအပေါ် မူတည်ပြီး အကျိုးသင့်အကြောင်းသင့် ဆုံးဖြတ်သတ်မှတ်ပြီး တာဝန်ပေးတာပါ။ ကျွန်မက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျိုးနွံနာခံပြီး ကိုယ့်ရဲ့ သင့်တော်တဲ့နေရာမှာ ရပ်တည်သင့်တယ်၊ လက်ရှိတာဝန်မှာ အကောင်းဆုံး လုပ်သင့်တယ်။ ထောင့်တစ်နေရာက အသေးအဖွဲဆုံးလူ ဖြစ်နေရင်တောင်မှ ကိုယ့်တာဝန်ကို စောင့်ထိန်းသင့်ပါသေးတယ်။ ဒီနားလည်မှုကို ရပြီးတဲ့နောက်မှာ ကျွန်မ ပိုပြီး ငြိမ်းချမ်းသလို လွတ်မြောက်သွားသလို ခံစားရတယ်။ ဒါနဲ့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ကိုယ်တော့်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ စီစဉ်ပေးမှုတွေကို သမီး ကျိုးနွံနာခံချင်ပါတယ်။ ဘယ်သူကပဲ သမီးကို အားကျကျ၊ မကျကျ၊ လူတွေကြားထဲမှာ သမီးရဲ့ အဆင့်အတန်းက ဘယ်လိုပဲ ရှိနေပါစေ၊ သမီးရဲ့ တာဝန်က မျက်စိကျစရာ မကောင်းရင်တောင်မှ သမီးရဲ့ တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းပြီး သမီး လုပ်နိုင်သမျှကို လုပ်ပါ့မယ်” လို့ပေါ့။ ကျွန်မ အဲဒီလို ခဏခဏ ဆုတောင်းခဲ့တယ်၊ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ အရင်တုန်းက အပျက်သဘောဆောင်တဲ့၊ မတက်မကြွဖြစ်တဲ့ ပြီးတော့ အတိုက်အခံလုပ်တဲ့ စိတ်ခံစားချက်တွေ လျော့နည်းလာပြီး တာဝန်ရဲ့ ရလဒ်တွေလဲ နည်းနည်းချင်းစီ တိုးတက်လာတယ်။
မကြာခင်မှာပဲ ကျွန်မတို့ အသင်းတော်က ခေါင်းဆောင်တစ်ယောက်ကို ကြားဖြတ်ရွေးချယ်ခဲ့တယ်၊ ကျွန်မ ကြီးကြပ်ပေးဖူးတဲ့ ညီအစ်မတစ်ယောက် အရွေးခံလိုက်ရတယ်။ အဲဒီနောက်မှာ ခေါင်းဆောင်တွေက ကျွန်မကို အဖွဲ့ခေါင်းဆောင် လုပ်ခိုင်းပြီး အုပ်စုငယ်လေးတစ်ခုရဲ့ စုဝေးပွဲကို ကြီးကြပ်ခိုင်းတယ်။ လေ့ကျင့်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ပေးတဲ့အတွက် ဘုရားသခင်ကို ကျွန်မ အရမ်း ကျေးဇူးတင်မိတယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ နည်းနည်းတော့ စိတ်ပျက်မိတယ်၊ အဖွဲ့ခေါင်းဆောင်တစ်ယောက်ပဲ ဖြစ်နေတာ၊ အသင်းတော် ခေါင်းဆောင်တစ်ယောက် ဖြစ်ရတာလောက် မက်မောစရာ မရှိတာတွေကို တွေးမိပြီးတော့ပေါ့။ ဂုဏ်နဲ့ အဆင့်အတန်း လိုချင်တဲ့ ကျွန်မရဲ့ ဆန္ဒက ခေါင်းပြန်ထောင်လာမှန်း သတိပြုမိလိုက်တော့ ကျွန်မ စိတ်ထဲကနေ ဘုရားသခင်ဆီ တိတ်တိတ်လေး ဆုတောင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “ဖန်ဆင်းခံ လူသားမျိုးနွယ်အဖွဲ့ဝင်တစ်ဦးအနေဖြင့် သင်သည် သင်၏ သင့်လျော်သောနေရာကို ထိန်းသိမ်းပြီး လိမ္မာသောဟန်အမူအရာဖြင့် ကျင့်ကြံပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် မြဲမြံစွာ ဆုပ်ကိုင်ထားရမည်။ စည်းကျော်၍ မလုပ်ရ” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) “ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်သည်၊ ဤသို့ဖြင့် ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ နောက်ဆုံးတွင် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး၊ သေးနုပ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားရင်း ကျွန်မ စိတ်နှလုံး လင်းလက်လာပြီး ဒီကိစ္စ ကြုံရတာဟာ ဘုရားသခင်က ကျွန်မစိတ်နှလုံးကို စိစစ်နေတာ ဖြစ်မှန်း သဘောပေါက်လိုက်တယ်။ အရင်တုန်းက ကျွန်မဟာ သူများတွေ အထင်ကြီးအားကျတာ ခံရဖို့ အမြဲ ကြိုးစားခဲ့ပြီး ဂုဏ်နဲ့ အဆင့်အတန်းကို အသက်ထက်တောင် ပိုတန်ဖိုးထားခဲ့တယ်။ ခရိုင်ခေါင်းဆောင်အဖြစ် အရွေးမခံရမှန်း သိလိုက်ရတဲ့အခါ ကျွန်မ တာဝန်ကို ပစ်ထားခဲ့ပြီး ညီအစ်ကိုမောင်နှမတွေ ကျရှုံးတာကို ကြည့်ပြီး ပျော်ခဲ့တယ်၊ အဲဒါကြောင့် အသင်းတော်အလုပ် နှောင့်နှေးခဲ့ရပြီး ထာဝရအစွန်းအထင်းတစ်ခု ဖြစ်သွားခဲ့ရတယ်။ ဒါဟာ ကျွန်မ ရင်ထဲမှာလည်း ဖျောက်ဖျက်လို့မရတဲ့ နာကျင်မှုတစ်ခုအဖြစ် ကျန်ရစ်ခဲ့တယ်။ အဆင့်အတန်းနဲ့ ယှဉ်ရင် တာဝန်တွေက ပိုအရေးကြီးမှန်း အခု ကျွန်မ ရှင်းရှင်းလင်းလင်း နားလည်သွားပါပြီ။ ဒီတစ်ခါတော့ အရင်တုန်းကလို အဆင့်အတန်းကို ကျွန်မ မလိုက်စားနိုင်တော့ပါဘူး။ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ဖို့ ကျွန်မ ဆုံးဖြတ်ထားပါတယ်။ မထင်ရှားဆုံး ထောင့်တစ်နေရာမှာ ထားခံရရင်တောင်မှ ကျွန်မ တာဝန်ကို ကောင်းကောင်း လုပ်ဆောင်ဦးမှာပါ၊ ဟန်ဆောင်မှုကင်းပြီး တာဝန်ကျေပွန်တဲ့ ဖန်ဆင်းခံတစ်ယောက် ဖြစ်အောင် နေထိုင်ပြီး အတိတ်က ကျွန်မရဲ့ အကြွေးတွေကို ပြန်ပေးဆပ်ပါမယ်။ ကျွန်မက ဘုရားသခင်ကို စိတ်ပျက်စေဖို့ မပြောနဲ့။ စာတန်ရဲ့ လှောင်ပြောင်စရာတောင် အဖြစ်မခံနိုင်တော့ပါဘူး။ ရှေ့ဆက်ပြီးတော့ တာဝန်ထဲမှာ ခေါင်းဆောင်တွေနဲ့ ကျွန်မ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ အုပ်စုထဲမှာ ကျွန်မ ကူညီဖြေရှင်းပေးဖို့လိုတဲ့ ပြဿနာတွေ ဘာရှိလဲဆိုတာ မေးမြန်းခဲ့တယ်၊ တစ်ခါတလေကျရင် ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကို စစ်ဆေးကြည့်ဖို့ ခေါင်းဆောင်တွေက ခိုင်းတဲ့အခါ ကျွန်မ တက်တက်ကြွကြွ လုပ်ခဲ့တယ်။ အဲဒီလို လက်တွေ့လုပ်ဆောင်တာက ကျွန်မကို စိတ်ထဲမှာ တော်တော်လေး စိတ်သက်သာစေပါတယ်။ နောက်ပိုင်းမှာ ကျွန်မ အနားက ညီအစ်ကိုမောင်နှမတချို့ ရာထူးတိုးခံရတယ်၊ တချို့ဆို တစ်ချိန်ကကျွန်မ ကြီးကြပ်ပေးဖူးတဲ့ သူတွေတောင် ပါတယ်ဆိုတာ ကြားလိုက်ရတယ်။ အဲဒီအချိန်တုန်းက စိတ်ထဲမှာ နည်းနည်းတော့ ဂနာမငြိမ် ဖြစ်သွားပေမဲ့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းပြီး ဒီကိစ္စကို မှန်မှန်ကန်ကန် သဘောထားခဲ့တယ်။ အခက်အခဲ ကြုံနေရတဲ့ ညီအစ်ကိုမောင်နှမတချို့ကို တွေ့တဲ့အခါ ကျွန်မ အတတ်နိုင်ဆုံး မိတ်သဟာယပြုပြီး ကူညီပေးခဲ့တယ်၊ ဒီလိုနဲ့ ကျွန်မတို့ တာဝန်တွေရဲ့ ရလဒ်တွေက တဖြည်းဖြည်း ပိုတိုးတက်လာတယ်။ အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ အသင်းတော်က ကျွန်မကို ပြန်လက်ခံလိုက်ပြီလို့ အသင်းတော်ခေါင်းဆောင်က ပြောတယ်။ ဒီသတင်းကို ကြားလိုက်ရတော့ ကျွန်မ ရင်ထဲမှာ ပြောပြလို့မရတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာတယ်။ ကျွန်မ အရမ်း စိတ်လှုပ်ရှားမိတယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်က ပိုများပါတယ်။ ကျွန်မက ဂုဏ်နဲ့ အဆင့်အတန်းကို လိုက်စားပြီး လမ်းမှန်ကို မလျှောက်ခဲ့ဘဲ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့လို့ ဖြုတ်ချခံခဲ့ရတာလေ။ ဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို အပြည့်အဝ ထုတ်ဖော်လိုက်တာပါပဲ။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မကို ဖယ်ရှားရှင်းလင်းတာ မလုပ်ဘဲ သူ့ရဲ့ နှုတ်ကပတ်တော်တွေနဲ့ တရားစီရင်ခဲ့တယ်၊ ပြီးတော့ ဘေးနားက ညီအစ်ကိုမောင်နှမတွေကတစ်ဆင့် ကျွန်မကို ပြုပြင်ပေးခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ကျွန်မ လျှောက်နေတဲ့ လမ်းမှားကို သိမြင်ပြီး အချိန်မီ ပြန်လှည့်လာစေဖို့၊ ဂုဏ်နဲ့ အဆင့်အတန်းက ယူဆောင်လာတဲ့ ဒုက္ခတွေကနေ အမြန်ဆုံး လွတ်မြောက်စေဖို့၊ ရှိသင့်ရှိထိုက်တဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ပြန်ရလာပြီး လူသားပုံသဏ္ဌာန်နဲ့ အသက်ရှင်နိုင်စေဖို့ပါ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ စိတ်နှလုံးကို နားမလည်ဘဲ သူ့ကို စွန့်ခွာလုနီးပါး ဖြစ်ခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို တကယ်ပဲ အကြွေးတင်သလို ခံစားခဲ့ရတယ်။ ဘုရားသခင်ရဲ့ မေတ္တာကို ကျွန်မ မြင်လိုက်ရပြီး ကျွန်မရဲ့ စိတ်နှလုံးအတွင်းထဲကနေ ကျွန်မရဲ့ ကျေးဇူးတင်ရှိခြင်းနဲ့ ချီးမွမ်းခြင်းကို ဘုရားသခင်ဆီ စစ်မှန်စွာ ပူဇော်ဆက်ကပ်ခဲ့ပါတယ်။
ဒီအရာတွေကို ကြုံတွေ့ပြီးတဲ့နောက်မှာ ဘုရားသခင် ဘာပဲလုပ်လုပ် လူတွေ လေးလေးနက်နက် နောင်တရပြီး လမ်းမှန်လျှောက်ဖို့ မျှော်လင့်ချက်နဲ့ အမြဲ လုပ်ဆောင်တယ်ဆိုတာ ကျွန်မ တကယ် ခံစားမိလိုက်တယ်။ လူတစ်ယောက်က ဖြုတ်ချခံရရင်ပဲဖြစ်ဖြစ်၊ သီးခြားခွဲထားခံရရင်ပဲဖြစ်ဖြစ် ဘုရားသခင်က သူ့ကို ဘယ်တော့မှ မစွန့်ပစ်ဘဲ ဆက်ပြီး ဂရုစိုက်တယ်၊ လမ်းပြပေးတယ်။ လူတွေရဲ့ စိတ်နှလုံးကို နိုးထစေဖို့နဲ့ ပြန်လှည့်လာစေဖို့ နည်းလမ်းမျိုးစုံကို သူ အသုံးပြုတယ်။ ဒီအတွေ့အကြုံကတစ်ဆင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ နည်းနည်း နားလည်လာတယ်။ ကျွန်မ ဘုရားသခင်ကို ဆက်တိုက် ပုန်ကန်ပြီး အတိုက်အခံလုပ်နေတဲ့အချိန်မှာ သူ့ရဲ့ အမျက်ဒေါသက ကျွန်မဆီ ရောက်လာခဲ့တယ်။ ကျွန်မ အနားက လူ၊ ဖြစ်ရပ်နဲ့ အမှုအရာတွေကတစ်ဆင့် သူ ကျွန်မကို ပြင်းပြင်းထန်ထန် ပြုပြင်ပြီး ဆုံးမပဲ့ပြင်ခဲ့တယ်၊ ပြီးတော့ ကျွန်မကို ဘေးဖယ်ထားခဲ့တယ်။ သူ့ရှေ့မှောက်မှာ နောင်တရဖို့ ကျွန်မ ဆန္ဒရှိလိုက်တဲ့အချိန်မှာ ဘုရားသခင်က ကျွန်မကို ဆက်ပြီး ဉာဏ်အလင်းပေးဖို့နဲ့ လမ်းပြဖို့ သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုခဲ့တယ်။ ဘုရားသခင်ဆီ ကျွန်မ တကယ် ပြန်လှည့်လာပြီး သူ့နှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်တဲ့အချိန်မှာ အသင်းတော်က ကျွန်မကို ပြန်လက်ခံခဲ့တယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားကအထင်းသားမြင်ရပြီး စစ်မှန်ပါတယ်၊ ပြီးတော့ လူတွေကို ကယ်တင်တဲ့ သူ့ရဲ့ စိတ်နှလုံးက စစ်မှန်ပြီး ကောင်းမြတ်ပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
မယ်လ်ဗင်၊ တောင်ကိုရီးယားအသင်းတော်မှာ ကျွန်တော် ဗီဒီယိုတွေ လုပ်ခဲ့တယ်။ များသောအားဖြင့် ကျွန်တော်လုပ်တဲ့ ဗီဒီယိုတွေမှာ အသစ်အဆန်းလေးတွေ...
ဒေါင်အန်း ပြင်သစ်၂၀၁၉ ခုနှစ်မှာ ကျွန်မ အသင်းတော်ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့သည်။ ကျွန်မသည် အကြောင်းကိစ္စများကို ကိုယ်ပိုင် နည်းလမ်းနှင့်...
ရှီးဖန် တောင်ကိုရီးယားနိုင်ငံ လွန်ခဲ့တဲ့ နှစ်နှစ်က လူသစ်တွေကို ရေလောင်းပေးတဲ့ တာဝန် ကျွန်မ ယူခဲ့တယ်။ အဲဒါ ဘုရားဆီက ဂုဏ်ပြုခြင်းတစ်ခုလို့...
ချန်ရှင်း၊ တရုတ်နိုင်ငံကျွန်တော် ယုံကြည်လာတဲ့နှစ်တွေတစ်လျှောက် အဓိကအားဖြင့် စာနဲ့ပတ်သက်တဲ့ တာဝန်တွေကိုပဲ လုပ်ခဲ့တယ်။ အချိန်ကြာလာတော့...