တစ်ကိုယ်ကောင်းဆန်ခြင်းသည် ဆိုးယုတ်သည်

13.12.2022

ယောင်ရှော့ တရုတ်နိုင်ငံ

ဤနှစ်အစပိုင်းတွင် အစ်မကျန်းနှင့် ကျွန်မသည် အသစ်တည်ထောင်ထားသော အသင်းတော်တစ်ခုကို အတူတကွ ပံ့ပိုးပေးကြသည်။ အစ်မကျန်းသည် ယုံကြည်သူအသစ်ဖြစ်သလို ဘဝအတွေ့အကြုံသိပ်မရှိပေ။ သို့သော် အစွမ်းအစကောင်းပြီး သမ္မာတရားကို တက်ကြွစွာ လိုက်စားသည်။ ထို့ကြောင့် ကျွန်မက သူမကို အမြန်ဆုံး ပျိုးထောင်ပေးချင်သည်။ ဤသည်မှာ အသင်းတော်အလုပ်ကို ပို၍ ချောမွေ့စွာ လည်ပတ်စေမည်ဖြစ်သောကြောင့်ဖြစ်သည်။ ကျွန်မက အစ်မကျန်းကို အသင်းတော်၏ အမျိုးမျိုးသော အလုပ်ပရောဂျက်အားလုံးတွင် တမင်တကာ ပါဝင်လုပ်ကိုင်စေသည်။ သူမ၏ အားနည်းချက်တစ်ခုတလေကို သတိပြုမိတိုင်း ကျွန်မက သူမကို ပံ့ပိုးပေးသည်။ အချိန်ကာလတစ်ခုအထိ လေ့ကျင့်ပြီးနောက်တွင် အစ်မကျန်းသည် အလွန် တိုးတက်မှုရှိလာသည်။ သို့သော် လအနည်းငယ်ကြာပြီးနောက် သူမက ရာထူးတိုးသွားပြီး အခြားရာထူးခန့်အပ် ခံရသည်။ ကျွန်မသည် သူမကို လက်လွှတ်လိုက်ရန် တွန့်ဆုတ်နေပြီး အလွန်အစွမ်းအစရှိသော လက်ထောက်တစ်ယောက်ကို ဆုံးရှုံးရသကဲ့သို့ ခံစားမိသည်။ ရှေ့ဆက်ရာတွင် အသင်းတော်အလုပ်အားလုံးကို ကိုယ့်ဘာသာ မည်သို့ကိုင်တွယ်ရမည်ကို တွေးရင်း၊ ပို၍ ကြိုးစားလုပ်ဆောင်ရမည်မှာ ပြဿနာတစ်ခုဖြစ်သည်။ သို့သော် ကျွန်မ၏ အလုပ်စွမ်းဆောင်မှုကို ထိခိုက်လျှင် လူများက ကျွန်မကို မည်သို့ထင်မည်နည်း။ ထို့နောက် သူမသည် ပို၍ ကြီးမားသောတာဝန်ကို ယူခြင်းက ဘုရားအိမ်တော်၏အလုပ်အတွက် အကျိုးဖြစ်မည်ဟု ကျွန်မ စဉ်းစားမိသည်။ ကျွန်မက အလွန် တစ်ကိုယ်ကောင်းမဆန်သင့်ပါ။ အစ်မကျန်းထွက်သွားသောအခါ အခြားတစ်ယောက်ကို ပျိုးထောင်ပေးလိုက်၍ ရသည်။

ထို့နောက် မကြာမီတွင် အနီးအနားမှ အသင်းတော်အနည်းငယ်က ရေလောင်းအမှုဆောင်များအတွက် စုဝေးပွဲတစ်ခုစီစဉ်သည်။ သူတို့၏ အတွေ့အကြုံများကို အနှစ်ချုပ်ပြီး မျှဝေရန်ဖြစ်သည်။ ခေါင်းဆောင်က ရေလောင်းအမှုဆောင်တစ်ယောက် တက်ရောက်ရန် ကျွန်မကို ရွေးခိုင်းခဲ့သည်။ ထိုအချိန်က ကျွန်မက အစ်မဝမ်ကို အကြံပြုပေးဖို့ စဉ်းစားမိသည်။ သူမက ထိရောက်မှုရှိသော ရေလောင်းသူဖြစ်သလို၊ အလွန်စေ့စပ်ပြီး တာဝန်ယူတတ်သည်။ သူမအား စုဝေးပွဲသို့ ကျွန်မ စေလွှတ်လိုက်လျှင် သူမ ပြန်လာသည့်အခါ ပို၍ပင်များသော ညီအစ်ကိုမောင်နှမများကို သူမ ပျိုးထောင်ပေးနိုင်သည်။ ဤသို့ဆိုလျှင် အသင်းတော်၏ ရေလောင်းအလုပ်သည် ပို၍ပင် ထိရောက်မှုရှိမည်။ သို့ဖြစ်၍ ကျွန်မက နာမည်ရလိမ့်မည်။ ထို့ကြောင့် စုဝေးပွဲသို့ အစ်မဝမ်ကို ကျွန်မ စေလွှတ်လိုက်သည်။ သို့ရာတွင် အစ်မဝမ်က စုဝေးပွဲမှ ပြန်လာပြီးနောက် ရက်အနည်းငယ်တွင် ခေါင်းဆောင်က သူမအား ဆက်လက်ရှာဖွေနေခဲ့သည်။ ကျွန်မက ဤသို့ မတွေးမိဘဲ မနေနိုင်ပါ။ “ခေါင်းဆောင်က အစ်မဝမ်ကို ရာထူးတိုးပေးတော့မှာလား။ သူက ငါတို့အသင်းတော်ရဲ့ ရေလောင်းအလုပ်အတွက် အရေးပါတယ်။ သူ ထွက်သွားရင် ငါတို့ရေလောင်းအလုပ် ထိခိုက်မှာမဟုတ်ဘူးလား။ ဒါဆိုရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုထင်မလဲ။ ဒီလိုဖြစ်မယ်မှန်းသိရင် အဲဒီစုဝေးပွဲကို သူ့ကို ငါလုံးဝ တက်ခွင့်ပေးခဲ့မှာမဟုတ်ဘူး” နောက်ပိုင်းတွင် အစ်မဝမ်က ကျွန်မကို ပြောသည်။ ရေလောင်းအမှုဆောင်များကို အလွန်အမင်းလိုအပ်နေသော အခြားအသင်းတော်တစ်ခုရှိသောကြောင့် ခေါင်းဆောင်က သူမကို အခြားတာဝန်ခန့်ရန် စီစဉ်ခဲ့သည် ဟူ၍ဖြစ်သည်။ ကျွန်မက ဤအရာကို ခွင့်ပြုရန် တွန့်ဆုတ်နေသည်။ သို့သော် ကျွန်မက သဘောမတူလျှင် ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး ဘုရားအလိုတော်ကို မထောက်ထားပါဟု ခေါင်းဆောင်က ပြောမည်ကို စိုးရိမ်မိသည်။ အစ်မဝမ်ကို လက်လွှတ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိခဲ့ပေ။ သူမ ထွက်ခွာသွားပြီးနောက်တွင် ကျွန်မ အလွန်စိတ်ဓာတ်ကျခဲ့သည်။ ကျွန်မ ကိုယ့်ဘာသာ တွေးသည်။ “ယုံကြည်သူအသစ်တွေက သူတို့ကိုရေလောင်းဖို့ အစွမ်းအစရှိတဲ့ အမှုဆောင်တွေမရှိလို့ အသင်းတော်က ထွက်သွားရင် ခေါင်းဆောင်က ငါ့ကို ကိုင်တွယ်ဖြေရှင်းပြီး ငါက ကိုယ့်တာဝန်ကို မဖြည့်ဆည်းဘူးလို့ ပြောမှာလား။ ဒီလိုအရှက်ကွဲတာကို ငါဘယ်လို ရင်ဆိုင်နိုင်မှာလဲ” ကျွန်မ စဉ်းစားလေလေ၊ အတိုက်အခံဖြစ်လေလေဖြစ်သည်။

တစ်နေ့တွင် ကျွန်မသည် စုဝေးပွဲတစ်ခုမှ အိမ်သို့ ပြန်လာစဉ်တွင် လူသစ်များကို ရေလောင်းရန်အလုပ်လုပ်နေသော အစ်မနှစ်ယောက်က ကျွန်မကို ပြောသည်။ “ကျွန်မတို့ ခေါင်းဆောင်ဆီက စာရတယ်။ အစ်မကို နောက်ထပ် ရေလောင်းအမှုဆောင်နှစ်ယောက်ရှာပြီး ကျွန်မတို့နှစ်ယောက်အတွက် အကဲဖြတ်ချက်တွေရေးပေးဖို့ ပြောထားတယ်။” ဤသို့ ကျွန်မ ကြားရသောအခါ ကျွန်မ သိသိသာသာ စိတ်ညစ်သွားသည်။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားလိုက်သည်။ “ခေါင်းဆောင်က သူတို့ကိုပါ တခြားတာဝန်ပေးဖို့ စီစဉ်နေတာလား။ ဒီအစ်မနှစ်ယောက်ကို ငါ လေ့ကျင့်ပေးထားတာ မကြာသေးဘူး။ သူတို့ကို ငါအလုပ်တွေအများကြီး ခွဲပေးနိုင်ပြီး အခုဆို စိတ်ပူစရာသိပ်မရှိတော့ဘူး။ သူတို့ကို နေရာပြောင်းပြီး တာဝန်ချပေးရင် ငါ့အလုပ်ပမာဏက တိုးလာရုံတင်မကဘဲ ငါ့ရဲ့အလုပ်စွမ်းဆောင်မှုက သေချာပေါက် ထိခိုက်မှာပဲ။ ဒီလိုဖြစ်ရင် ငါက ခေါင်းဆောင်ကောင်းမဟုတ်ဘူးလို့ ခေါင်းဆောင်က ပြောမှာမဟုတ်ဘူးလား။” ကျွန်မက ဤသို့တွေးမိပြီး စိတ်ညစ်စွာဖြင့် ပြန်ပြောလိုက်သည်။ “ခေါင်းဆောင်က ဘာတွေစဉ်းစားနေမှန်းကို မသိဘူး။” ကျွန်မ စိတ်ညစ်သွားသည်ကို ထိုအစ်မနှစ်ယောက်ကမြင်ပြီး ဇဝေဇဝါဖြင့် မေးကြသည်။ “ဘာဖြစ်လို့လဲ။ ခေါင်းဆောင်က အစ်မကို နောက်ထပ် ရေလောင်းအမှုဆောင်နှစ်ယောက် ရှာခိုင်းတာ သက်သက်ပဲမဟုတ်ဘူးလား။” သူတို့၏ တုံ့ပြန်မှုကို ကျွန်မ ကြားပြီးနောက် ကျွန်မ အနည်းငယ်ရှက်သွားသည်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်ပြီးနောက် ဝတ်ကျေတမ်းကျေ ပြန်ပြောလိုက်သည်။ “အင်း။ ဒါဆိုရင် အရည်အချင်းပြည့်တဲ့ သင့်တော်တဲ့သူတချို့ကို ကျွန်မတို့ ရွေးသင့်တယ်။” ဤသို့ ကျွန်မ အသံထွက်ပြီးပြောလိုက်သော်လည်း စိတ်ထဲတွင်မူ ဤဆုံးဖြတ်ချက်ကို ခုခံနေသည်။ “ခေါင်းဆောင်က အသင်းတော်ကို ပါရမီရှင်တွေကို လေ့ကျင့်ပေးတဲ့ စင်တာလို ဆက်ဆံနေတာလား။ အစတော့ သူက ဒီတစ်ယောက်လိုချင်တယ်။ အခု ဟိုတစ်ယောက်လိုချင်တယ်။ အသင်းတော်က နောက်ဆုံးတော့ ငါတို့အလုပ်မှာ တိုးတက်မှုရှိလာတယ်။ ဒါပေမဲ့ ဒီပါရမီရှင်တွေကို သူက တခြားရာထူးတွေ ပေးနေရင် ငါတို့က ဘယ်လိုရှေ့ဆက်ရမှာလဲ။” ကျွန်မ စဉ်းစားလေလေ၊ စိတ်ညစ်လေလေဖြစ်ပြီး ခေါင်းဆောင်ကို အနည်းငယ် စတင် မုန်းတီးလာခဲ့သည်။ ကျွန်မတာဝန်ကို ကျွန်မ ဆက်၍ ထမ်းဆောင်သော်လည်း၊ ယခင်ကထက် စိတ်အားထက်သန်မှု လျော့နည်းနေသည်။ ထို့နောက် မကြာမီ စုဝေးပွဲတစ်ခုတွင် ခေါင်းဆောင်က အစ်ကိုကျောက်ကို ရာထူးတိုးပြီး ပျိုးထောင်ပေးလိုသောကြောင့် သူ့အကြောင်းကို သူမက ပိုကြားချင်သည်ဟု ဆိုသည်။ ဤအရာကို ကျွန်မကြားသည်နှင့် ထိုမကျေနပ်စိတ်က ပြန်ပေါ်လာသည်။ ကျွန်မ ကိုယ့်ဘာသာ တွေးလိုက်သည်။ “အစ်ကိုကျောက်က သူ့တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်တယ်။ သူ့ကို ရေလောင်းအလုပ်ကို ဦးဆောင်ဖို့ ငါက တာဝန်ချပေးချင်တာ။ ဒီလူတွေအားလုံးကို တခြားရာထူးတွေပေးရင် ဒီအလုပ်တွေအားလုံးကို ငါ့ဘာသာ ဘယ်လိုလုပ်ရမှာလဲ။ ဒါဆိုရင် ငါက ရလဒ်ကောင်းတွေကို တကယ်ရနိုင်ပါ့မလား။” ကျွန်မ တွေးကြည့်လေလေ၊ စိတ်ဆိုးလေလေဖြစ်လာသည်။ “လုပ်လေ။ နေရာပြောင်းပြီး တာဝန်ချပေးလိုက်ပေါ့။ ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ဖို့ စိတ်တောင်မကူးဘူး။” ထို့နောက်တွင် ကျွန်မက ကိုယ့်ကိုယ်ကိုယ် စိတ်မထိန်းနိုင်ဘဲ စုဝေးပွဲတွင် ပျာယာခတ်နေခဲ့သည်။ စုဝေးပွဲပြီးနောက်တွင် ကျွန်မသည် အိမ်သို့ လေးပင်စွာဖြင့် ပြန်လျှောက်လာခဲ့ပြီး ခေါင်းဆောင်ဆီသို့ စာရေးကာ အစ်ကိုကျောက်ကို အခြားတာဝန် ချပေးခြင်းမပြုရန်ပြောဖို့ ဆုံးဖြတ်လိုက်သည်။ ထိုအချိန်က ကျွန်မက ဆင်ခြင်တုံတရားမဲ့နေသည်ကို သဘောပေါက်မိသည်။ ထို့ကြောင့် စာမရေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် ကျွန်မက စိတ်တိုပြီး စိတ်ညစ်နေဆဲဖြစ်သည်။

နောက်ပိုင်းတွင် ခေါင်းဆောင်က ကျွန်မတို့နှင့်အတူ စုဝေးပွဲတစ်ခုပြုလုပ်သည်။ ကျွန်မက မိမိ၏ လတ်တလောအခြေအနေနှင့် အပြုအမူအကြောင်းကို မိတ်သဟာယပြုခဲ့သည်။ ခေါင်းဆောင်က ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မကို ပြသည်။ “အန္တိခရစ်တို့၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာမှုတို့၏ အနှစ်သာရသည် ဆိုးရွားစွာ သိသာထင်ရှားပေသည်။ ဤသွင်ပြင်လက္ခဏာသည် အထူးသဖြင့် သိသာသည်။ ၎င်းတို့နှင့် သင် မိတ်သဟာယပြုသည့်အခါတွင် ၎င်းတို့၏ဂုဏ်အဆင့်အတန်း၊ ဂုဏ်သတင်းတို့နှင့် မသက်ဆိုင်သည့်အရာမှန်သမျှကို ၎င်းတို့ စိတ်မဝင်စားပေ၊ ၎င်းတို့ ဂရုမစိုက်ချေ၊ ပြီးလျှင် ယင်းက ၎င်းတို့နှင့် အဆက်အစပ်မရှိသည့်အလား ဖြစ်လေသည်။ ၎င်းတို့သည် အမှုကိစ္စများကို အရေးအကြီးဆုံးသောအရာများမှ ကြည့်ရှုပြီး ဘုရားအိမ်တော်၏ အလုပ်အကြောင်း တွေးဖို့မဆိုထားနှင့်၊ အတွင်းရှိ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်ဖို့ မည်သည့်အခါမျှ ကြိုးစားမည် မဟုတ်ချေ။ ဘုရားအိမ်တော်၏ အလုပ်နယ်ပယ်အတွင်းတွင် အလုပ်က တောင်းဆိုသည့်အတိုင်း လူအချို့ကို ပြောင်းရွှေ့ဖို့ လိုအပ်လေသည်။ ဥပမာအနေဖြင့်၊ ခေါင်းဆောင်တစ်ဦးသည် အုပ်စု၏အလုပ်နှင့်သက်ဆိုင်သည့် အကြီးအကဲဖြစ်ပြီး အုပ်စုဝင်တစ်ဦးကို ၎င်း၏တာဝန် ထမ်းဆောင်ဖို့ အခြားအုပ်စုထဲသို့ ပြောင်းရွှေ့ရန် လိုအပ်ပေသည်၊ ဤသည်ကို ဘုရားအိမ်တော်၏အလုပ်က လိုအပ်ခြင်းဖြစ်သည်။ သို့ဖြစ်၍ သာမန်လူ့အသိစိတ်အရ၊ ဤအရာကို မည်သို့ ကိုင်တွယ်သင့်သနည်း။ အခြေအနေနှင့် သင့်တော်သည့်အတိုင်း ခေါင်းဆောင်သည် လစ်လပ်မှုကို ဖြည့်ဖို့ လူစားရှာသင့်သည်။ သင့်တော်သည့် လူတစ်ဦးကို တွေ့သည်နှင့်၊ နဂိုမူလပုဂ္ဂိုလ်ကို လွှတ်ပေးသင့်ပြီး ဘုရားအိမ်တော်၏အလုပ်က ၎င်းတို့ကို လိုအပ်သည့်နေရာသို့ သွားခွင့်ပြုသင့်သည်။ ဤသည်မှာ လူများသည် တစ်ဦးတည်း သီးခြားရပ်တည်ခြင်း မဟုတ်ဘဲ ဘုရားအိမ်တော်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သောကြောင့်ပင်တည်း။ ၎င်းတို့အား အခြေခံသဘောတရားကို ချိုးဖောက်ကာ စိတ်ကူးပေါက်သလို ပြောင်းရွှေ့ခြင်း မဟုတ်ပါက၊ ဘုရားအိမ်တော်၏ မည်သည့်စီမံကိန်းက လိုအပ်သည့်နေရာကိုမဆို ၎င်းတို့ သွားသင့်သည်။ ယင်းသည် အခြေခံသဘောတရားနှင့်ညီသော ပုံမှန်ပြောင်းရွှေ့ခြင်းဖြစ်ပါက၊ မည်သည့်ခေါင်းဆောင်မျှ ယင်းကို တားပိုင်ခွင့်မရှိချေ။ ဘုရားအိမ်တော်၏ အလုပ်မဟုတ်သည့် အလုပ်တစ်ခုတလေ ရှိသည်ဟု သင်တို့ပြောမည်လော။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ တိုးချဲ့ခြင်း မပါဝင်သည့် အလုပ်တစ်ခုတလေ ရှိသလော။ ယင်းသည် ဘုရားအိမ်တော်၏အလုပ်ချည်းသာ ဖြစ်သည်၊ အလုပ်အသီးသီးသည် တန်းတူဖြစ်ပြီး ‘သင်၏အလုပ်’ နှင့် ‘ကျွန်ုပ်၏အလုပ်’ ဟူ၍ မရှိချေ။ သို့တိုင် ဤအခြေအနေမျိုးကို ရင်ဆိုင်ရသည့်အခါ အန္တိခရစ်တို့၏ တုံ့ပြန်မှုမှာ အဘယ်နည်း။ ၎င်းက အသင့်တော်ဆုံးဖြစ်သည့်သူ၊ အကောင်းဆုံးဖြစ်သည့်သူကို သိသော်လည်း၊ ယင်းမှာ ၎င်းတို့ပေးသည့်သူ မဟုတ်ပေ။ ၎င်းတို့က သာမန်လူနှစ်ဦးကိုသာ ပေးပြီး၊ ထို့နောက်တွင် အလုပ်က မည်မျှ အလွန်ရှုပ်ကြောင်းကိုဖြစ်စေ၊ ၎င်းတို့ လူမလောက်ကြောင်း၊ လူများ ရှာရခက်ကြောင်းနှင့် ဤလူနှစ်ဦးကို ပြောင်းရွှေ့ပါက၊ အလုပ် ဆိုးရွားစွာ ထိခိုက်မည်ဖြစ်ကြောင်းကိုဖြစ်စေ ပြောကြလျက်၊ သင့်အား အကျပ်ရိုက်စေဖို့ မူမမှန်သော အကြောင်းပြချက်အချို့ကို ရှာကြလေသည်။ ပြီးလျှင် ၎င်းတို့မည်သည့်အရာကို လုပ်သင့်သည်ကို သင့်အား မေးပြီး သင့်အား အပြစ်ရှိသလို ခံစားရစေသည်။ ဤသည်မှာ နတ်ဆိုး အလုပ်လုပ်သည့် နည်းလမ်းမဟုတ်လော။ ဤသည်မှာ မယုံကြည်သူများ အမှုကိစ္စများကို လုပ်ဆောင်သည့်ပုံစံဖြစ်သည်။ ဘုရားသခင်၏အိမ်တော်၌ ဤကဲ့သို့ပြုမူသည့်သူများသည် လူကောင်းများဖြစ်သလော။ ၎င်းတို့သည် အခြေခံသဘောတရားအတိုင်း ပြုမူသည့်သူများ ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ မယုံကြည်သူများ၊ ယုံကြည်မှုမရှိသူများ လုပ်ဆောင်သည့် အရာဖြစ်သည်။ ပြီးလျှင် ဤအရာသည် တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးညစ်သည်မဟုတ်လော။ တတ်နိုင်စွမ်းရှိသော ပါရမီရှင်တစ်ဦးမရှိခြင်းက ခေါင်းဆောင်၊ သို့မဟုတ် အဖွဲ့အကြီးအကဲကို လုံးလုံး အားနည်းချည်နဲ့ စေရစ်သလော၊ သင်တို့ အဘယ်သဘောရသနည်း။ မိမိတို့၏ ဂုဏ်အဆင့်အတန်းနှင့် အောက်မှလူတို့ကို မိမိတို့၏ ချုပ်ကိုင်ခြင်းတို့အား အကျိုးသက်ရောက်လျက်၊ မိမိတို့၏အလုပ် နှေးသွားခြင်းနှင့် ပတ်သက်၍ ၎င်းတို့ စိတ်ပူနေကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်၍ ၎င်းတို့သည် ပညာရှင်များကို ထိန်းသိမ်းထားလိုကြသည်။ ဤပါရမီရှင်များသည် အခြားတစ်နေရာရာသို့ ပြောင်းရွှေ့ပါက၊ ၎င်းတို့၏ ညာလက်ရုံးကို ဆုံးရှုံးရသကဲ့သို့ ဖြစ်လိမ့်မည်၊ ၎င်းတို့အလုပ်၏အရှိန်နှင့် အကျိုးဖြစ်မြောက်နိုင်ခြင်းတို့လည်း ထိခိုက်လိမ့်မည်။ ယင်းက ၎င်းတို့၏ဂုဏ်အဆင့်အတန်းကို ထိခိုက်လိမ့်မည်။ ဤသည်မှာ ၎င်းတို့တွေးနေသည့်အရာဖြစ်သည်။ ပြီးလျှင် မိမိတို့၏ ဂုဏ်အဆင့်အတန်းနှင့် ပတ်သက်၍ ၎င်းတို့ စတင် တွေးတောပြီးသည့်နောက်၊ ဤလူများကို ၎င်းတို့ လက်မလွှတ်ပေ။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း ဖြစ်ပေသည်။ ဘုရားသခင်၏အိမ်တော်သည် မိမိ၏အမှုထမ်းများကို အချက်အချာကျကျ အခြေခံသဘောတရားနှင့်အညီ ချိတ်ဆက်ညှိနှိုင်းမှုပြုသည်။ ဤအရာက မည်သည့်ခေါင်းဆောင်၊ အဖွဲ့အကြီးအကဲ၊ သို့မဟုတ် သီးခြားလူတစ်ဦးချင်းစီနှင့်မျှ မသက်ဆိုင်ပေ။ လူတိုင်းက အခြေခံသဘောတရားအတိုင်း ပြုမူဆောင်ရွက်ရမည်။ ဤသည်မှာ ဘုရားအိမ်တော်၏ စည်းမျဉ်းဖြစ်သည်။ ထို့ကြောင့် ဘုရားအိမ်တော်၏ အခြေခံသဘောတရားများကို မလိုက်နာသည့်သူများ၊ မိမိတို့၏ အကျိုးစီးပွားများနှင့် ဂုဏ်အဆင့်အတန်းတို့အတွက် အစဉ် အကွက်ချပြီး ကျိတ်ကြံသည့်သူများ၊ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည် မဟုတ်လော။ ၎င်းတို့က ညီအစ်ကိုမောင်နှမများကို အသုံးချကြသည်၊ ဤစွမ်းဆောင်နိုင်သူများကို မိမိတို့အတွက် အလုပ်လုပ်စေဖို့၊ အလုပ်အကျိုးဖြစ်မြောက်နိုင်ခြင်းကို ထိန်းသိမ်းရာတွင် ကူညီဖို့နှင့် မိမိတို့၏ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းခိုင်မြဲစေဖို့ ကောင်းကောင်း အသုံးချကြသည်။ ဤသည်မှာ ၎င်းတို့ ရည်မှန်းနေသည့်အရာ ဖြစ်သည်။ အပြင်ပန်းမှကြည့်သည့်အခါ၊ သင် သေချာမကြည့်လျှင်၊ ဤလူသည် အလွန် တာဝန်ယူပုံရသည်။ မယုံကြည်သူများက ၎င်းတို့အား ဩဇာအာဏာရှိသော လူကျော်လူမော်တစ်ဦး၊ လျှမ်းလျှမ်းတောက်တစ်ဦးဟု ခေါ်ကြမည်ဖြစ်ပြီး၊ ၎င်းတို့သည် ပါရမီရှင်များကို ထိန်းသိမ်းခြင်းနှင့်ပတ်သက်လာသည့်အခါ၊ ကြီးမားသော စွမ်းရည်နှင့် လိုသည့်အခါ ထုတ်သုံးရန် ပရိယာယ်အနည်းငယ် ရှိကြသည်ဟု ပြောကြမည် ဖြစ်သည်။ ဤသည်မှာ မယုံကြည်သူများအကြား မနာလိုမှု ရင်းမြစ်တစ်ခု ယင်းသည် လူများ ဆန္ဒပြင်းပြကြသည့်အရာတစ်ခုဖြစ်သည်၊ ယင်းကို အထူးတန်ဖိုးထားကြသည်— သို့ရာတွင် ဘုရားသခင်၏ အိမ်တော်သည် အတိအကျပင် ဆန့်ကျင်ဘက် ဖြစ်လေသည်။ ဘုရားသခင်၏ အိမ်တော်၌ ဤအရာကို ပြစ်တင်ရှုတ်ချသည်။ ဘုရားအိမ်တော်၏ ပိုမိုကျယ်ပြန့်သော အလုပ်ကို မတွေးခြင်း၊ မိမိ၏ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းကိုသာ တွေးခြင်းနှင့်— ဘုရားအိမ်တော်၏အကျိုးစီးပွားများ ဆုံးရှုံးနစ်နာခြင်းနှင့် အသင်းတော်၏အလုပ် ထိခိုက်နစ်နာမှုတို့အတွက် လိပ်ပြာမလုံခြင်း မရှိဘဲ— မိမိ၏ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းကို သေချာစေခြင်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)) အန္တိခရစ်များသည် အလွန်ပင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်ပုံကို ဘုရားနှုတ်ကပတ်တော်က ဖော်ထုတ်ပြသည်။ သူတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ထိန်းသိမ်းရန် လူတို့ကို သိမ်းဆည်းထားပြီး မျှဝေလိုစိတ်မရှိပေ။ ဘုရားအိမ်တော်၏အလုပ်ကို တစ်စက်မျှ ထည့်မစဉ်းစားပေ။ ကျွန်မ၏အပြုအမူသည် အန္တိခရစ်တစ်ဦးကဲ့သို့ပင်ဖြစ်သည်ကို ကျွန်မ မြင်ခဲ့သည်။ အထူးသဖြင့် ဤစာကြောင်းများကို ဖတ်သောအခါတွင်ဖြစ်သည်။ “ထို့ကြောင့် ဘုရားအိမ်တော်၏ အခြေခံသဘောတရားများကို မလိုက်နာသည့်သူများ၊ မိမိတို့၏ အကျိုးစီးပွားများနှင့် ဂုဏ်အဆင့်အတန်းတို့အတွက် အစဉ် အကွက်ချပြီး ကျိတ်ကြံသည့်သူများ၊ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည် မဟုတ်လော။ ၎င်းတို့က ညီအစ်ကိုမောင်နှမများကို အသုံးချကြသည်၊ ဤစွမ်းဆောင်နိုင်သူများကို မိမိတို့အတွက် အလုပ်လုပ်စေဖို့၊ အလုပ်အကျိုးဖြစ်မြောက်နိုင်ခြင်းကို ထိန်းသိမ်းရာတွင် ကူညီဖို့နှင့် မိမိတို့၏ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းခိုင်မြဲစေဖို့ ကောင်းကောင်း အသုံးချကြသည်။ ဤသည်မှာ ၎င်းတို့ ရည်မှန်းနေသည့်အရာ ဖြစ်သည်။” ဘုရားနှုတ်ကပတ်တော်များသည် ကျွန်မကို စိတ်ထိခိုက်စေသည်။ ကျွန်မ၏ လတ်တလောအပြုအမူကို ပြန်သုံးသပ်ကြည့်သည်။ ထိုအစ်မဝမ်က ရာထူးတိုးနိုင်သည်ကို ကျွန်မသိရသောအခါ ရေလောင်းအလုပ် ထိခိုက်ပြီး ကျွန်မ၏ ဂုဏ်သတင်းကို ထိခိုက်မည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ကျွန်မ သူမကို မသွားစေချင်ခဲ့ပေ။ စုဝေးပွဲတက်ဖို့ သူမကို စေလွှတ်ခဲ့သည်ကိုပင် နောင်တရခဲ့သည်။ ခေါင်းဆောင်က ကျွန်မကို နောက်ထပ်ရေလောင်းသူနှစ်ယောက်ကိုရှာပြီး ကျွန်မအစ်မများအပေါ် အကဲဖြတ်ချက်ရေးဖို့ ပြောသောအခါ ခေါင်းဆောင်က သူတို့ကို အခြားတာဝန်ချပေးဖို့ စီစဉ်နေသည်ဟု မှန်းဆကာ အတိုက်အခံဖြစ်ပြီး ငြင်းခုံခဲ့သည်။ ခေါင်းဆောင်အပေါ် မလိုမုန်းထားမှုပင် ဖြစ်ခဲ့သည်။ ခေါင်းဆောင်က အစ်ကိုကျောက်ကို ရာထူးတိုးပေးချင်သောအခါ အစ်ကိုကျောက်သည် ရာထူးတိုးပေးပြီး သင်တန်းပေးဖို့ စည်းမျဉ်းများနှင့်ညီသည်ကို ကျွန်မ သိသော်လည်း သူ ထွက်သွားလျှင် အသင်းတော်၏ ဧဝံဂေလိအလုပ်နှင့် ရေလောင်းအလုပ်အပေါ် သက်ရောက်မှုရှိမည်ကို ကျွန်မ တွေးမိသောအခါ သူ့ကို မထွက်သွားစေချင်ခဲ့ပေ။ ကျွန်မသည် ညီအစ်ကိုမောင်နှမများကို ကျွန်မ၏ စွမ်းဆောင်နိုင်သော ညာလက်ရုံးများအဖြစ် ဆက်ဆံခဲ့သည်။ ကျွန်မ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို မြဲစေပြီး ကျွန်မ၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ကူညီဖြည့်ဆည်းပေးရန် သူတို့ကို ကျွန်မထံတွင်သာ ခေါ်ထားချင်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကျွန်မ မစဉ်းစားသကဲ့သို့ ဘုရားကို ကျေနပ်စေရန် မည်သို့ပြုမူရမည်ကိုလည်း ထည့်မတွက်ပေ။ ကျွန်မက အလွန်ပင် တစ်ကိုယ်ကောင်းဆန်ပြီး နိမ့်ကျခြင်းသာဖြစ်သည်။ လောကီကမ္ဘာ၏ မယုံကြည်သူများသည် သူတို့၏ လုပ်ငန်းများကို ချဲ့ထွင်ပြီး တိုးတက်အောင် ကူညီပေးဖို့ သူတို့၏ ထိပ်တန်းပါရမီရှင်များကို ခေါ်ထားရန် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ကျွန်မသည် ထိုနည်းတူစွာဖြင့် ကိုယ့်တာဝန်ကို ဆောင်ရွက်သည်။ ကျွန်မသည် ကျွန်မတာဝန်ကို ကိုယ်ပိုင်လုပ်ငန်းကဲ့သို့ မှတ်ယူပြီး ကိုယ့်အတွက်အကျိုးပြုသော စည်းမျဉ်းများနှင့်အညီ ပြုမူသည်။ ကိုယ့်ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုသာ ထည့်စဉ်းစားသည်။ ဘုရားသခင်သည် ထိုသို့သောလုပ်ရပ်များကို အလွန်မုန်းတီးပြီး ရွံရှာသည်။ ကျွန်မသည် ဘုရားသခင်ကို အာခံသည့် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။

နောက်ပိုင်းတွင် နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့မိသည်။ “တစ်စုံတစ်ဦးက ၎င်းသည် သမ္မာတရားကို ချစ်ကြောင်းနှင့် ၎င်းသည် သမ္မာတရားကို လိုက်စားကြောင်း ပြောသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်သည် ဂုဏ်အဆင့်အတန်း ရဖို့၊ မိမိကိုယ်ကို ထင်ပေါ်ဂုဏ်တက်စေဖို့၊ ကြွားဝါဖို့၊ လူများက ၎င်းကို အထင်ကြီးစေဖို့၊ မိမိ၏တစ်ကိုယ်ရေ အကျိုးစီးပွားကို ရရှိဖို့ဖြစ်ပြီး ၎င်း၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို နာခံဖို့ဖြစ်စေ၊ စိတ်ကျေနပ်စေဖို့ဖြစ်စေ မဟုတ်ဘဲ၊ ထိုအစား ဂုဏ်သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို ရရှိဖို့ ဖြစ်ပါက ၎င်း၏လိုက်စားမှုသည် လျော်ကန်ခြင်းမရှိပေ။ ထိုသို့ဖြစ်၍ အသင်းတော်၏အလုပ်နှင့်ပတ်သက်ပါက ၎င်းတို့ ၏ လုပ်ရပ်များသည် အဟန့်အတားတစ်ခုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် ရှေ့ဆက်တိုးတက်ဖို့ ကူညီပေးသလော။ ၎င်းတို့သည် အဟန့်အတားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် ရှေ့ဆက်တိုးတက်အောင် မလုပ်ပေ။ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအချို့— ဤလူအမျိုးအစားသည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံးသည် အသင်းတော်၏အလုပ်ကို အထူးသဖြင့် အဆက်ပြတ်စေကာ၊ နှောင့်ယှက်ပြီး၊ ထိခိုက်စေသည်။ အဆင့်အတန်းနှင့် သိက္ခာတို့ကို ၎င်းတို့ လိုက်စားခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ပထမဦးစွာ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပုံနှင့် သမ္မာတရားကို နားလည်ပုံကို ထိခိုက်သည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို တားဆီးသည်။ ယင်းက ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးပြီး လမ်းမှားသို့ ဆိုက်ရောက်စေသည်— ယင်းသည် ရွေးချယ်ခံရသူများကို ဘေးဖြစ်စေပြီး ၎င်းတို့အား ပျက်စီးစေသည်။ ပြီးလျှင် ယင်းက အဆုံးတွင် အသင်းတော်၏ အလုပ်ကို အဘယ်အရာ ဖြစ်စေသနည်း။ ဖြိုဖျက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် အဟန့်အတားတို့ ဖြစ်စေသည်။ ဤသည်မှာ လူတို့၏ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းနောက်သို့ လိုက်ခြင်းမှ ဖြစ်ပေါ်လာသော အကျိုးဆက်ဖြစ်သည်။ ၎င်းတို့သည် တာဝန်ကို ဤနည်းလမ်းဖြင့် ထမ်းဆောင်သည့်အခါ၊ ဤအရာကို အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ခြင်းအဖြစ် မသတ်မှတ်နိုင်သလော။ လူများ မိမိတို့၏ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ကို ဘေးဖယ်ထားဖို့ ဘုရားသခင်က တောင်းဆိုသည့်အခါ၊ သူသည် လူများ၏လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်ချေ။ ယင်းထက် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားစဉ်တွင် လူများသည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ အသက်ဝင်ရောက်မှုကို နှောင့်ယှက်ပြီး ဖျက်လိုဖျက်ဆီးလုပ်ကာ၊ အခြားသူများ၏ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သမ္မာတရား နားလည်ခြင်းတို့အပေါ်တွင် ဩဇာလွှမ်းမိုးမှုများ ရှိနိုင်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခြင်းအပေါ် ဩဇာလွှမ်းမိုးမှု ရှိသောကြောင့် ဖြစ်လေသည်။ ပို၍ပင် စိုးရိမ်ရသောအရာမှာ လူတို့က ဤသည်မှာ မငြင်းခုံနိုင်သော အချက်ဖြစ်သည်။ လူများသည် မိမိတို့၏ ကိုယ်ပိုင် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားသည့်အခါတွင်၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားမည် မဟုတ်ကြောင်း၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်မည်မဟုတ်ကြောင်းမှာ သေချာပေသည်။ ၎င်းတို့သည် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းအတွက်သာ ပြောဆို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သမျှသည် ထိုအရာများအတွက်သာ ဖြစ်သည်မှာ ခြွင်းချက်တစ်စက်မျှ မရှိပေ။ ထိုသို့သော ပြုမူလုပ်ဆောင်ခြင်းသည် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်ခြင်း ဖြစ်သည်မှာ သံသယမရှိပေ။ ယင်းမှာ ဘုရားအမှုတော်အပေါ် အနှောင့်အယှက်နှင့် အဖျက်အဆီးဖြစ်ပြီး ယင်း၏ အကျိုးဆက်မျိုးစုံမှာ နိုင်ငံတော် ဧဝံဂေလိတရား ပျံ့နှံ့ခြင်းနှင့် အသင်းတော်အတွင်း ဘုရားအလိုတော် လွတ်လပ်စွာ စီးဆင်းခြင်းကို တားဆီးခြင်း ဖြစ်သည်။ ထို့ကြောင့် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားသူတို့ လိုက်လျှောက်သည့် လမ်းကြောင်းသည် ဘုရားသခင်ကို ခုခံသည့်လမ်းကြောင်း ဖြစ်သည်ဟု အသေအချာ ပြောနိုင်ပေသည်။ ယင်းမှာ သူ့ကို တမင်တကာ ခုခံခြင်း၊ ငြင်းပယ်ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ခုခံခြင်းနှင့် သူ့ကို ဆန့်ကျင်ဖို့ ရပ်တည်ရာ၌ စာတန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့နောက် လိုက်သည့် လူများ၏ သဘာဝ ဖြစ်လေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ လူများက မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားခြင်းနှင့် ပတ်သက်သည့် ပြဿနာမှာ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များသည် စာတန်၏ပန်းတိုင်များ ဖြစ်နေခြင်းပင် ဖြစ်သည်— ယင်းတို့သည် ယုတ်မာပြီး မတရားသည့်ပန်းတိုင်များ ဖြစ်သည်။ လူများသည် ဂုဏ်သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကဲ့သို့သော တစ်ကိုယ်ရေ အကျိုးစီးပွားများကို လိုက်စားသည့်အခါ၊ ၎င်းတို့သည် စာတန်၏တန်ဆာပလာတစ်ခု အမှတ်တမဲ့ ဖြစ်လာသည်၊ ၎င်းတို့သည် စာတန်အတွက် လမ်းကြောင်းတစ်ခု ဖြစ်လာသည်၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ပြယုဂ်ဖြစ်လာသည်။ ၎င်းတို့သည် အသင်းတော်တွင် အပျက်သဘောဆောင်သော ကဏ္ဍကို ပါဝင်လုပ်ဆောင်ကြသည်။ အသင်းတော်၏ အလုပ်၊ အသင်းတော် ပုံမှန်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန်လိုက်စားမှုတို့အပေါ် ၎င်းတို့ဖြစ်စေသည့် အကျိုးသက်ရောက်မှုသည် နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့ ဖြစ်သည်။ ၎င်းတို့၌ ကောင်းကျိုးမပေးသည့်၊ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)) သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ပြီး ကိုယ်ကျိုးစီးပွားကို အစဉ် ကာကွယ်ခြင်း၏ သဘာဝနှင့် အကျိုးဆက်များသည် အမှန်ပင် ပြင်းထန်သည်ကို ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် ကျွန်မ သဘောပေါက်နားလည်ခဲ့သည်။ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ပြီး ပိတ်ဆို့သည်။ စာတန်အတွက် ထမ်းဆောင်သော ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ ဘုရားအိမ်တော်သည် လူတို့ကို သင့်တော်သော ရာထူးတစ်ခုတွင် လေ့ကျင့်ပေးခြင်းကို လက်ခံရရှိခွင့်ပြုရန်၊ သူတို့၏ ကျွမ်းကျင်မှုကို အပြည့်အဝအသုံးချခွင့်ပေးရန် လူတို့ကို ပျိုးထောင်ပေးပြီး ရာထူးတိုးပေးသည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုနှင့် ဘုရားအိမ်တော်၏ အလုပ်အတွက် အကျိုးဖြစ်ပြီး ဘုရားအလိုတော်နှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ကျွန်မ ထိန်းသိမ်းပြီး ပံ့ပိုးသင့်သည့် အပြုသဘောဆောင်သောအရာဖြစ်သည်။ ထိုအစား ညီအစ်ကိုမောင်နှမများ ရာထူးတိုးသည်ကို ကျွန်မ မြင်သောအခါ ကျွန်မက သူတို့အတွက် မပျော်ရွှင်ဘဲ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုသာ ထည့်စဉ်းစားသည်။ ဤညီအစ်ကိုမောင်နှမများသည် ထိရောက်မှုရှိသည်၊ ကျွန်မ၏ ညာလက်ရုံးများ၊ စွမ်းဆောင်ရည်ရှိသော လက်ထောက်များဖြစ်သည်ဟု ခံစားမိသည်။ သူတို့သည် အသင်းတော်တွင် တာဝန်များ ထမ်းဆောင်နေလျှင် ကျွန်မအတွက် စိုးရိမ်စရာ အလွန်နည်းပေလိမ့်မည်။ အလွန်ပို၍ ထိရောက်စွာ အလုပ်လုပ်နိုင်သည်။ ကျွန်မ၏ အဆင့်အတန်းက ခိုင်မာလိမ့်မည်။ ထို့ကြောင့် တစ်ယောက်ပြီးတစ်ယောက် ရာထူးတိုးပြီး အခြားတာဝန်ချပေးခံရသောအခါ ကျွန်မက အတိုက်အခံဖြစ်ပြီး မကျေမနပ်ဖြစ်သည်။ သူတို့ကို မသွားစေချင်ပေ။ ဘုရားအိမ်တော်၏ အလုပ်အတွက် မည်သည့်အရာက ပို၍ကောင်းမွန်မည်ကို တစ်စက်မျှ မစဉ်းစားသကဲ့သို့၊ သူတို့အတွက် မည်သည့်ပတ်ဝန်းကျင်မျိုးက အကောင်းဆုံးလေ့ကျင့်မှုပေးပြီး သူတို့၏ ကျွမ်းကျင်မှုကို အသုံးချခွင့်ရစေမည်ကို ထည့်မစဉ်းစားပေ။ ဤအရာကို ကိုယ့်တာဝန်ကိုထမ်းဆောင်ခြင်းဟု ကျွန်မက ခေါ်နေပါသလား။ ကျွန်မက စာတန်၏ ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်နေပြီး ဘုရားအိမ်တော်အလုပ်ကို ပိတ်ဆို့နေခြင်းမှာ သိသာပါသည်။ ကျွန်မသည် ကိုယ့်ဂုဏ်သတင်းနှင် အဆင့်အတန်းအတွက်သာ ကိုယ့်တာဝန်ကို ဖြည့်ဆည်းနေခြင်းဖြစ်သည်။ ကျွန်မ မည်မျှလုပ်ဆောင်ပါစေ ဘုရားသခင်က အသိအမှတ်ပြုမည်မဟုတ်ပေ။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က သခင်ပြန်ကြွလာပြီးဖြစ်သည်ဟု သက်သေခံခဲ့သည်ကို အပြည့်အဝ သတိပြုမိသည့်တိုင် အဆင့်အတန်းနှင့် ဝင်ငွေအတွက် စစ်မှန်သည့်လမ်းကို ယုံကြည်သူများက စုံစမ်းပြီး သခင့်ကိုကြိုဆိုခြင်းအား တားဆီးရန် အလွန်ပင် အားစိုက်လုပ်ဆောင်ကြသည့် ဘာသာရေးလောကမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများအကြောင်းကို ကျွန်မ စဉ်းစားမိသည်။ သူတို့က သူတို့၏ ယုံကြည်သူများကို မိမိတို့၏အဖိုးတန်သောအရာများအဖြစ် မှတ်ယူသည်။ သူတို့၏ အုပ်စိုးမှုအောက်တွင် ခိုင်မြဲစွာ ထားရှိသည်။ သူတို့သည် ယုံကြည်သူများကိုရရှိရန် ဘုရားနှင့် ယှဉ်ပြိုင်ကြိုးစားပြီး အန္တိခရစ်များ၊ မကောင်းမှု၏ အစေခံများဖြစ်လာကြကာ ဘုရား၏ ရှုတ်ချခြင်း၊ ကျိန်ဆဲခြင်းကို ခံရသည်။ ကျွန်မပြုမူသည့်ပုံစံသည် ဤသင်းအုပ်ဆရာများ၊ အကြီးအကဲများနှင့် မည်သို့ကွာခြားသနည်း။ ကျွန်မ၏ အဆင့်အတန်းကို ကာကွယ်ပြီး ခိုင်မာစေရန်အ သူတစ်ပါးတို့၏ အသက်ဝင်ရောက်မှု၊ သို့မဟုတ် ကောင်းမှုများကို ပြင်ဆင်ပြီး သူတို့၏ကယ်တင်ခံရခွင့်ကို စွန့်လွှတ်ရသည်ကို အရေးမစိုက်ခဲ့ပေ။ ကျွန်မသည် အလွန်ပင် တစ်ကိုယ်ကောင်းဆန်ပြီး လူ့သဘာဝကင်းမဲ့သည်။ ကျွန်မ နောင်တမရလျှင် ကျွန်မသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းနှင့် ကျိန်ဆဲခြင်းများကို ခံယူလျက် ဘာသာရေးလောက၏ ဖာရိရှဲများကဲ့သို့ တူညီသောကံကြမ္မာကို ကြုံတွေ့ရမည်ဖြစ်သည်။

ထိုအချိန်တွင် နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်မိသည်။ “မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ တစ်ဦးချင်းစီ၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ မာနနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့— ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ မိမိ၏ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင်၊ မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ဤသည်မှာ လူတစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဘုရားအိမ်တော်၏ အကျိုးများကို သင် ပထမဦးဆုံး စဉ်းစားသင့်သည်၊ ဘုရားသခင်၏ အလိုတော်နှင့် အသင်းတော အလုပ်တို့ကို စဉ်းစားသင့်ပြီး၊ ဤအရာများကို ဦးစားပေးသင့်၏။ ထို့နောက်တွင်မှ၊ သင့်အဆင့်အတန်း၏ တည်ငြိမ်မှု သို့မဟုတ် အခြားသူများက သင့်ကို မည်သို့ မြင်သည်တို့နှင့်ပတ်သက်၍ သင် စဉ်းစားနိုင်သည်။ ယင်းကို ဤအဆင့်များအဖြစ်သို့ ပိုင်းခြားလိုက်ပြီး အပေးအယူအချို့ ပြုလုပ်သည့်အခါ၊ အနည်းငယ် ပိုမို လွယ်ကူသွားသည်ဟု သင် မခံစားရသလော။ ခဏတာ ဤအရာကို သင် လက်တွေ့လုပ်ဆောင်လျှင်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းမှာ ခက်ခဲခြင်းမရှိဟု သင် ခံစားလာရလိမ့်မည်။ ထို့အပြင်၊ သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်သင့်သည်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်သင့်သည်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်သင့်သည်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားနိုင်သင့်သည်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားအိမ်တော်၏ အကျိုးများ၊ အသင်းတော်အလုပ်နှင့် သင်ထမ်းဆောင်သင့်သည့် တာဝန်တို့ကို ဦးစားပေးနိုင်သင့်သည်။ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင်၊ ဤသည်မှာ ပြုမူကျင့်ကြံရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စက်ဆုပ်ဖွယ်‌ကောင်းခြင်းနှင့် ယုတ်မာခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ စိတ်နှလုံးအတွင်းရှိ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ညွှန်ပြသဖြင့် ဘုရားကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ကျွန်မတို့တာဝန်များကို ထမ်းဆောင်ခြင်း၏ အဓိကအချက်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးပြီး ဘုရားအိမ်တော်၏ အလုပ်ကို အကာအကွယ်ပေးရန် ကိုယ်ကျိုးစီးပွားများကို ဘေးချထားရန်ဖြစ်သည်။ လက်တွေ့တွင် အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝရှိသူတို့သည် အလုပ်က လိုအပ်သည့်အရာကို ထည့်စဉ်းစားလိမ့်မည်။ လူတို့ကို နေရာပြောင်း၍ တာဝန်ချပေးလျှင် ဘုရားအိမ်တော်၏ အစီအစဉ်ကို နာခံလိမ့်မည်။ သူတို့၏ ကိုယ်ကျိုးစီးပွားများကို ထည့်စဉ်းစားမည်မဟုတ်ပေ။ ခေါင်းဆောင်တစ်ယောက်အဖြစ် မိမိအလုပ်၏ အဓိကအချက်သည် ညီအစ်ကိုမောင်နှမများကိုရေလောင်းပြီး ပါရမီရှိသူများကို ပျိုးထောင်ပေးလျက် ညီအစ်ကိုမောင်နှမတိုင်းကို သူတို့၏ ပါရမီများကို အသုံးချပြီး သူတို့နှင့် အသင့်တော်ဆုံးဖြစ်သော တာဝန်များကို ထမ်းဆောင်ခွင့်ပေးခြင်းဖြစ်သည်။ ဘုရားရွေးချယ်ထားသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည်။ လူတစ်ယောက်နှင့် မသက်ဆိုင်ပေ။ အသင်းတော်သည် အလုပ်အတွက် မည်သည့်အရာလိုအပ်သည်၊ မည်သည့်တာဝန်အတွက် မည်သူက အသင့်တော်ဆုံးဖြစ်သည်ကို အခြေခံပြီး လူတို့ကို နေရာပြန်လည်ချထားပေးရန် ရွေးချယ်နိုင်သည်။ ကျွန်မသည် ကိုယ့်အတွက်ကိုယ် လူတို့ကို ခေါ်ထားပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ နားလည်သည်နှင့် ကျွန်မသည် မိမိ၏ ဇာတိပကတိကို စွန့်လွှတ်ပြီး ကိုယ့်အကျိုးစီးပွားများကို တစ်ကိုယ်ကောင်းဆန်စွာ၊ စက်ဆုပ်စွာဖြင့် ဦးစားမပေးတော့ဖို့ ဆန္ဒရှိလျက်ရှိသည်။

တစ်နေ့တွင် ခေါင်းဆောင်ထံမှ စာတစ်စောင် လက်ခံရရှိသည်။ အစ်ကိုကျောက်အား အကဲဖြတ်ချက်တစ်ခုရေးဖို့ ကျွန်မကို ပြောထားသည်။ သူ့ကို ရေလောင်းသည့်အလုပ်အား ဦးဆောင်စေရန် ရာထူးတိုးပေး၍ ရမရကို ခေါင်းဆောင်က အကဲဖြတ်ချင်သည်။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားလိုက်သည်။ “အစ်ကိုကျောက်က လက်ရှိမှာ ငါတို့အသင်းတော်ရဲ ဧဝံဂေလိနဲ့ ရေလောင်းတဲ့အလုပ်ကို ဦးဆောင်တယ်။ သူ ထွက်သွားပြီး ငါတို့အလုပ်စွမ်းဆောင်မှုထိခိုက်ရင် ငါက အရည်အချင်းမရှိဘူးလို့ ခေါင်းဆောင်က ပြောမှာမဟုတ်ဘူးလား။” ထို့နောက်တွင် ကျွန်မ ရုတ်တရက် သတိပြုမိသွားသည်။ ကျွန်မသည် တစ်ဖန် တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးကြည့်နေပြန်သည်။ အစ်ကိုကျောက်သည် ပါရမီရှိသော ရေလောင်းသူတစ်ယောက်ဖြစ်သည်။ အလုပ်၏ ပို၍ကြီးသောအပိုင်းကို သူ့အား တာဝန်ယူစေခြင်းသည် ဘုရားအိမ်တော်၏ အလုပ်အတွက် အကျိုးဖြစ်လိမ့်မည်။ ရလဒ်အဖြစ် သူသည် လေ့ကျင့်မှုကို ပို၍ရမည်။ ထို့ကြောင့် ကျွန်မက ပံ့ပိုးပေးသင့်သည်။ သူ ထွက်ခွာသွားသည့်ရလဒ်အနေဖြင့် အလုပ်က ထိခိုက်ကောင်းထိခိုက်နိုင်သည်။ သို့သော် ကျွန်မတို့အတွက် သင့်တော်သောအစားထိုးမှုတစ်ခုကို ဘုရားက ပြင်ဆင်ပေးမည်ဖြစ်သည်ကို ကျွန်မ သေချာသည်။ ထိုအချိန်တွင် ဤသို့ဆိုထားသော ဘုရားနှုတ်ကပတ်တော်များကို ကျွန်မ ပြန်အမှတ်ရသည်။ “ဘုရားသခင်သည် အစဉ်အမြဲ အထွတ်အထိပ်ဖြစ်၍ အမြဲဂုဏ်သရေရှိသည်၊ လူသားမှာမူ အစဉ်အမြဲ ယုတ်ညံ့၍ အစဉ်အမြဲ သုံးမရပေ။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် စွန့်လွှတ်မှုများ အမြဲပြုပေးကာ သူ့ကိုယ်သူ ပေးအပ်မြှုပ်နှံထားသောကြောင့် ဖြစ်သည်၊ သို့သော်လည်း လူသားမှာမူ အစဉ်အမြဲ မိမိအတွက်သာလျှင် ရယူပြီး ကြိုးပမ်းလေ၏။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် အစဉ်အမြဲ အပတ်တကုတ် ကြိုးပမ်းနေသော်လည်း လူသားကမူ အလင်းအတွက်၊ သို့မဟုတ် ဖြောင့်မတ်ခြင်းအတွက် မည်သည့်အရာကိုမျှ လုံးဝမထောက်ကူပေးပေ။ လူသားအနေဖြင့် တစ်ခဏတာမျှ လုံ့လစိုက်ထုတ်လျှင်ပင် ထိုးနှက်ချက် တစ်ခုကိုမျှပင် ခံနိုင်မည်မဟုတ်ပေ၊ အကြောင်းမှာ လူသား၏လုံ့လသည် သူ့ကိုယ်ပိုင်အကျိုးအတွက်သာ အစဉ်အမြဲ ဖြစ်နေပြီး အခြားသူများအတွက် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ လူသားသည် အစဉ်အမြဲ တစ်ကိုယ်ကောင်းဆန်၏၊ ဘုရားသခင်ကမူ အစဉ်အမြဲ ကိုယ်ကျိုးမငဲ့ပေ။ ဘုရားသခင်သည် တရားမျှတသောအရာ၊ ကောင်းသောအရာနှင့် လှပသောအရာအားလုံး၏ အရင်းအမြစ်ဖြစ်ပြီး လူသားမှာမူ အကျည်းတန်ပြီး ဆိုးယုတ်သော အရာအားလုံးကို ဆက်ခံကာ ထင်ရှားအောင် ပြုလုပ်သူဖြစ်၏။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ပြီး လှပသည့် အနှစ်သာရကို မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ၊ သို့သော် လူသားကမူ အချိန်မရွေး၊ အခြေအနေမရွေး၌ ဖြောင့်မတ်ခြင်းကို သစ္စာဖောက်ကာ ဘုရားသခင်ထံမှ လမ်းလွဲသွားကြရန် ကောင်းကောင်းတတ်နိုင်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏) ဘုရားသခင်သည် အသန့်ရှင်းဆုံးဖြစ်သည်။ ဘုရားသခင်သည် ထာဝရ တစ်ကိုယ်ကောင်းဆန်ခြင်းမရှိပေ။ မည်သည့်အလုပ်ကို သူလုပ်ဆောင်သည်ဖြစ်စေ၊ လူတို့အတွက် မည်သည့်အခြေအနေကို သူ ဖန်တီးသည်ဖြစ်စေ သူသည် လူတို့၏ အသက်တာများကို ထည့်စဉ်းစားပြီး ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ပြောင်းလဲရန် အစဉ်လုပ်ဆောင်ကာ ကျွန်မတို့ကို ကယ်တင်ခံရပြီး သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရသည့်အခွင့်ကိုပေးသည်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်ရာတွင် ကျွန်မသည် ဘုရားဖန်တီးသော အခြေအနေက ကိုယ့်အကျိုးစီးပွားများကို ခြိမ်းခြောက်သည်နှင့် စောဒကတက်ပြီး အာခံသည်။ အလွန်ပင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသည်။ ဘုရားသခင်၏ သန့်စင်ခြင်း၊ တစ်ကိုယ်ကောင်းမဆန်ခြင်းကို စဉ်းစားပြီး ကျွန်မသည် အရှက်ရမိသည်။ ဝမ်းနည်းမိပြီး နောင်တရသည်။ ဤပုံစံဖြင့် အသက်ရှင်ခြင်းသည် စိတ်ဆင်းရဲရသည်၊ နိမ့်ကျပြီး တန်ဖိုးမရှိသည်ကို ကျွန်မ သဘောပေါက်ခဲ့သည်။ ကိုယ့်ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုသာ စဉ်းစားလျက် အလွန်တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်နေခြင်းကို ကျွန်မ ရပ်တန့်ရမည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကျွန်မ ရှေ့တန်းတင်ဖို့ လိုသည်။ ထို့ကြောင့် အစ်ကိုကျောက်အတွက် အကဲဖြတ်ချက်များအားလုံးကို စုဆောင်းပြီး ခေါင်းဆောင်ထံ တင်ပြလိုက်သည်။ ထို့နောက်တွင် အစ်ကိုကျောက်သည် ကြီးကြပ်ရေးမှူးအဖြစ် ရာထူးတိုးခြင်းခံရသည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ပြီးနောက်တွင် ကျွန်မသည် တည်ငြိမ်မှုရှိပြီး ငြိမ်သက်ခြင်းကို ခံစားရသည်။

အချိန်အနည်းငယ်ကြာပြီးနောက် အစ်မလီသည် အစွမ်းအစကောင်းရှိကြောင်း၊ သမ္မာတရားကို အသေးစိတ်၊ အထပ်ထပ်ကျသော နည်းလမ်းဖြင့် မိတ်သဟာယပြုသည်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများအပေါ် ချစ်ခင်စိတ်ရှည်သည်ကိုလည်းကောင်း၊ ဧဝံဂေလိဖြန့်ဝေပြီး ယုံကြည်သူအသစ်များကို ရေလောင်းရန်လိုသည့် ပါရမီများရှိပြီး လေ့ကျင့်ပေးဖို့ သင့်တော်ကြောင်း ကျွန်မ သတိထားမိသည်။ ကျွန်မစိတ်နှလုံးတွင် ဘုရားသခင်ကို အဆက်မပြတ် ကျေးဇူးတင်မိသည်။ ကျွန်မအတွက် အစားထိုးမှုတစ်ခုကို သူ ပြင်ဆင်ပြီးဖြစ်သည်။ အစ်ကိုကျောက် ထွက်သွားပြီးနောက်တွင် ကျွန်မတို့၏ ဧဝံဂေလိအလုပ်က မထိခိုက်ရုံမကဘဲ အနည်းငယ်ပင် တိုးတက်လာသည်။ ယခင်က ဤလူများထွက်သွားသောအခါတွင် ကျွန်မတို့အလုပ် ထိခိုက်မည်ဟု ကျွန်မ အစဉ်ထင်မြင်ခဲ့သည်။ ယခုအခါတွင် ကျွန်မက လုံးဝ မှားနေသည်ကို သဘောပေါက်သွားသည်။ ဤသည်မှာ နဂိုရှိပြီးသား တန်ဖိုးရှိသောလူများကို အားကိုးပြီး လက်တွေ့အလုပ်ကို မလုပ်ခြင်းအတွက ကျွန်မ၏ ဆင်ခြေသာဖြစ်သည်။ လက်တွေ့တွင် လူတစ်ယောက်၏ စိတ်နှလုံးသည် မှန်ကန်သည့်နေရာတွင်ရှိရန် အရေးကြီးသည်။ သင်သည် ဘုရားအလိုတော်ကို ထောက်ထားနိုင်လျှင်၊ ကိုယ်ကျိုးကြည့်ခြင်းကို ရှောင်ကြဉ်နိုင်လျှင် အခြားလူများကို အခြားရာထူးများပေးပြီးသည်နှင့် တစ်ပြိုင်နက် ပါရမီရှိသူအသစ်များကို လေ့ကျင့်ပေးနိုင်လျှင် သင့်အလုပ်မှ ပြဿနာများကို အချိန်မီဖြေရှင်းနိုင်လျှင် ဘုရားသခင်၏ ကောင်းချီးများကို သင် လက်ခံရရှိလိမ့်မည်။ သင်၏အလုပ်က ဆက်လက်၍ တိုးတက်လိမ့်မည်။ ဘုရားကျေးဇူးတော်ချီးမွမ်းပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နှုတ်ကပတ်တော်သည် မုသားအားလုံးကို အောင်နိုင်သည်

ယေ့ချိုး တရုတ်နိုင်ငံ အခုနှစ်၊ ဇွန်လမှာ ကျွန်မက ရေလောင်းသင်းထောက်အဖြစ် အရွေးခံရတယ်။ တစ်နေ့တော့ အစ်မချန်းလင်နဲ့ ကျွန်မတို့ လူသစ်တွေနဲ့...

မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ပြောင်းလဲခြင်း

ရှောင်ဖန် တရုတ်နိုင်ငံ ၂၀၁၉ ဩဂုတ်လမှာ ကျွန်မ ဗီဒီယိုထုတ်လုပ်ရေးတာဝန်ကို ယူခဲ့ပြီး အလုပ်မှာ ကြီးကြပ်ရတယ်။ အဲဒီအချိန်မှာအဖွဲ့ထဲက ဘယ်သူမဆိုထက်...

မာနထောင်လွှားသော စိတ်သဘောထား၏ အကျိုးဆက်များ

ဘားနဒ် ဖိလစ်ပိုင်နိုင်ငံ ၂၀၀၆ ခုနှစ်မှာ ကျွန်တော်က အထက်တန်းကျောင်းသားပဲ ရှိသေးတယ်။ ကျွန်တော်တို့ သမ္မာကျမ်းစာ သင်ရမယ့်အချိန်ဆို၊ အဖွင့်စကား...

လူ့သဘာဝကို အပြင်ပန်းသဏ္ဌာန်အားဖြင့် ပိုင်းခြားမသိမြင်နိုင်ပေ

ရန်ရွယ်၊ ယူဆီမြို့၊ ရှန်စီမြို့နယ် ကျွန်မ၏ နှလုံးသားထဲတွင် ကျွန်မ ဖခင်သည် လူကောင်းတစ်ယောက်ဟု ကျွန်မ အမြဲတမ်း ယုံကြည်ခဲ့သည်။ တစ်နေ့သောအခါ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။