ခက်ခဲသည့်အချိန်များမှ သင်ယူခြင်း

23.01.2022

လီယန် တရုတ်နိုင်ငံ

ကျွန်တော့်ရဲ့ယုံကြည်မှုကြောင့် ၂၀၂၀ တရုတ် နှစ်သစ်ကူးပြီးပြီးချင်း ကျွန်တော် အဖမ်းခံခဲ့ရ တယ်။ ကျွန်တော်ဆေးရုံတက်ပြီး ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်တော့ ကျွန်တော့်ရဲ့အဆုတ်မှာ အမည်းစက်တွေကို သူတို့တွေ့တယ်။ အဲဒီအချိန်ဟာ ကိုဗစ်ရောဂါ အလွန်ဆိုးရွားစွာ ဖြစ်ပွားနေတဲ့အချိန်ပေါ့၊ ဒါကြောင့် သူတို့ ကျွန်တော့်ကို မခေါ်သွားရဲ ကြဘူး။ ကျွန်တော့်ကို အိမ်ပြန်ခေါ်သွားဖို့ ရဲတွေက ကျွန်တော့်ရဲ့မိသားစုကို ဆက်သွယ်တယ်။ အိမ်အပြန်လမ်းမှာ ကျွန်တော့်ရဲ့ညီမက ကျွန်တော့်ကို ပြောပြတယ်၊ “အရင်နှစ်က အဖေ အရမ်းနေမကောင်းဖြစ်ပြီး သူ့ရဲ့ဆီးအိမ်မှာ ကင်ဆာတွေ့တယ်။ ခွဲစိတ်တာကိုက ခြောက်နာရီကျော် ကြာတယ်။ သူ့ကျောက်ကပ်တစ်ခုရဲ့တစ်ဝက်ကို သူတို့ ထုတ်ပစ်လိုက်ပြီးတော့ သူသေမလိုတောင် ဖြစ်ခဲ့သေးတယ်။ အခုထိတော့ သူ့ကိုအသက်ရှင်အောင် သူတို့လုပ်ပေးထားတယ်၊ ဒါပေမယ့် သူ့ရဲ့ဆီးအိမ်ကို ကီမိုဆေးရည်နဲ့ လစဉ် ဆေးကြောနေရတယ်။ သူဘယ်လောက်အထိ ဆက်ပြီးတောင့်ခံထား နိုင်မယ်ဆိုတာ ညီမတို့ မသိဘူး။” သူက ပြောရင်းနဲ့ငိုနေပြီး၊ လွန်ခဲ့တဲ့ ၂ နှစ် အတွင်းမှာ ဖြစ်ခဲ့တဲ့ တခြားအကြောင်းအချို့ ကိုလည်း မျှဝေပြီးပြောပြခဲ့တယ်။ ကျွန်တော် ဖော်ပြလို့မရအောင် ခံစားခဲ့ရပြီး တိတ်တိတ်လေး ဆုတောင်းခဲ့တယ်- “ဘုရားသခင်၊ ကျွန်တော်ရင်ဆိုင်နေရတဲ့အရာထဲမှာ ကိုယ်တော်ရဲ့ အလိုတော်ပါတယ်ဆိုတာ သေချာတယ်။ ကျေးဇူးပြု၍ ကျွန်တော့်ရဲ့စိတ်နှလုံးကို ကာကွယ်ပေးပြီး ကိုယ်တော့်ကို အပြစ်မတင်ဘဲ ကျွန်တော် နာခံအောင် မစပေးတော်မူပါ။”

ကျွန်တော်တို့ အိမ်ကိုရောက်တော့ အဖေက အရမ်းအားနည်းနေတဲ့ပုံပေါ်ပြီး သူ့မျက်နှာက ဖောနေတာ ကျွန်တော်တွေ့လိုက်ရတယ်။ သူ့ကို ကျွန်တော်ထားခဲ့တုန်းကအခြေအနေနဲ့ ယှဉ်ရင် လုံးဝမတူတဲ့လူနောက်တစ်ယောက်လို ပဲ။ အဲဒါ ကျွန်တော့်ကို ပိုပြီးခံစားရစေတယ်။ ကျွန်တော်တို့ရဲ့သစ်သီးခြံထဲက သစ်သီးပင် အတော်များများ မိုးခေါင်မှုကြီးတစ်ခုကြောင့် သေကုန်တာကိုလည်း ကျွန်တော်တွေ့တယ်၊ ပြီးတော့ မိသားစုရဲ့စုဆောင်းငွေအားလုံးနီးပါး အဖေ့ကုသမှုအတွက် သုံးလိုက်ရတယ်။ သူတို့ရဲ့တစ်ခုတည်းသောဝင်ငွေအရင်းအမြစ် ဖြစ်တဲ့ သစ်သီးပင်တွေက ဖြစ်ထွန်းမှုမရှိတော့ သလောက်ပဲ။ ခက်ခဲတဲ့အချိန်တွေပဲ။ ဒါတွေအားလုံးကို တွေ့ရတဲ့အခါ ကျွန်တော့် အတွက် တကယ်စိတ်မချမ်းမသာဖြစ်စေတယ် ပြီးတော့ ကျွန်တော်ဘယ်လိုရင်ဆိုင်ရမလဲဆို တာ မသိဘူး။ ကျွန်တော် သတိမထားမိခင်မှာပဲ ဘုရားသခင် ကို ကျွန်တော် စပြီးအပြစ်တင်တယ်။ အဲဒီအချိန်မတိုင်မီ နှစ်အနည်းငယ်က ကျွန်တော်အဖမ်းခံရပြီး တစ်လ အထိန်းသိမ်းခံ ရတယ်။ ကျွန်တော့်ရဲ့ ဘုရားသခင်အပေါ် ယုံကြည်မှု ကြောင့်ပေါ့။ ထွက်လာပြီးကတည်းက၊ ကျွန်တော် တခြားတစ်နေရာမှာ ကျွန်တော့်ရဲ့ တာဝန်ကို သွားပြီးထမ်းဆောင်နေတယ်။ အရာရာကို ကျွန်တော် စွန့်လွှတ်ပြီး၊ ဒုက္ခခံပြီး တာတောင်မှ ဘာကြောင့် ကျွန်တော့်မိသားစုက ဒီလိုဖြစ်ရတာလဲ။ ဒီအတွေးက ကျွန်တော့်ကို ပိုပြီးစိတ်ဓာတ်ကျ စေခဲ့တယ်၊ ပြီးတော့ ဒါကို ဘယ်လိုကျော်လွှားရမယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး။ ဘယ်လိုနည်းနဲ့မှ စိတ်ဓာတ်တက်အောင် မလုပ် နိုင်ခဲ့ဘဲ ကပ်ရောဂါပြီးသွားတဲ့အခါ မိသားစုရဲ့ဝင်ငွေကို ကူညီဖြည့်ဆည်းပေးဖို့အတွက် အလုပ်အကိုင် တစ်ခုရဖို့အတွက်ပဲ ကျွန်တော်နစ်မြောနေ တယ်။ အချိန်အနည်းငယ်ကြာပြီးနောက် ကျွန်တော့် ညီအစ်ကိုမောင်နှမတွေဆီက စာတစ်စောင် ရတယ်၊ အိမ်မှာနေတာ ကျွန်တော့်အတွက် မလုံခြုံတာ ကြောင့် ဘုရားကျောင်းက တခြားအဖွဲ့ဝင် တစ်ဦးရဲ့အိမ်မှာ ခဏလောက်သွားပုန်းနေသင့် တယ်လို့ ပြောတယ်။ ကပ်ရောဂါကြောင့်သာ ကျွန်တော် အဖမ်းမခံရသေးတာကို ကျွန်တော်သိတယ်၊ ပြီးတော့ ကျွန်တော့်ကို အချိန်မရွေး သူတို့ လာ‌ခေါ်နိုင်တယ်။ အိမ်ကနေ ထွက်သွားတာ ပိုပြီးစိတ်ချရတယ်၊ ဘုရားကျောင်းမှာနေပြီး ကျွန်တော့်တာဝန်တွေ ကို ထမ်းဆောင်နိုင်တယ်။ ဒါပေမယ့် ကျွန်တော့်မိသားစု အခုလိုအခက်အ ခဲတွေ ကြုံနေတာတွေ့ရတော့ ကျွန်တော့် တာဝန်တွေကို ကျွန်တော် မလုပ်ချင်ဘူး။ သူတို့ရဲ့စာကို ကျွန်တော်ပြန်လိုက်တယ်၊ ကျွန်တော် မသွားဘူးလို့ ပြောလိုက်တယ်။ အဲဒီစာပို့လိုက်ပြီးနောက် တကယ်အပြစ်ရှိသလို ကျွန်တော်ခံစားရပေမယ့်၊ အဲဒါကို သိပ်ပြီးမစဉ်းစားခဲ့ဘူး။ နောက်တစ်နေ့မှာ၊ လျှပ်စစ်စက်ဘီးနဲ့ ကွင်းထဲ ကို အလုပ်လုပ်ဖို့အသွား၊ ကျွန်တော် စက်ဘီးမှောက်ပြီး ကျွန်တော့်ခြေထောက် ခိုက်မိသွားတယ်။ ဘုရားသခင်က ကျွန်တော့်ကို သတိပေးနေတယ်ဆိုတာ ကျွန်တော် သဘောပေါက်မိတယ်။ ကျွန်တော် ဘုရားသခင်ရှေ့မှောက်ကိုသွားပြီး ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ကျွန်တော့်ရဲ့ စာတန်မာရ်နတ်ဆန်တဲ့ ဖောက်ပြန်ပျက်စီးမှုထဲမှာနေပြီး ကိုယ်တော့်ကို မတိုက်ခိုက်ချင်ပါဘူး။ ဒီပတ်ဝန်းကျင်ထဲမှာနေပြီး နာခံနိုင်ဖို့အတွက် ကျွန်တော့်ကိုယ်ကျွန်တော်သိအောင် ကျေးဇူး ပြု၍ လမ်းညွှန်ပေးတော်မူပါ။” ဆုတောင်းပြီးတဲ့အခါမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက ဒါကို ကျွန်တော် ဖတ်တယ်- “သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။...သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ)လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးနှင့် ဆင်ဆင်တူပေသည်။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်လုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့်၊ မည်သူသည် ထိုသို့သော လမ်းကြောင်းတစ်ခုကို ပြောင်းပြန် လှည့်နိုင်မည်နည်း။ ဤဆက်ဆံရေးက မည်မျှ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဖြစ်သည်ကို လူမည်မျှက အမှန်တကယ် နားလည်နိုင်စွမ်းရှိသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကိုယ် နှစ်မြုပ်ထားသည့်အခါ၊ ဘုရားသခင်နှင့် ထိုသို့သော ဆက်ဆံရေးက မည်မျှရှက်ဖွယ်ကောင်းပြီး မြင်မကောင်း ရှုမကောင်း ဖြစ်သည်ကို မည်သူမျှ စိတ်မကူးနိုင်ဟု ငါယုံကြည်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားသခင် ဖော်ထုတ်လိုက်တဲ့အရာအားလုံး ဟာ ကျွန်တော့်ရဲ့ စစ်မှန်တဲ့အနေအထားပဲ။ ကျွန်တော်ရှက်မိတယ်။ ကျွန်တော့်အဖေ ဘယ်လောက်အထိ နေမကောင်းဖြစ်နေတာတွေ၊ သေနေတဲ့သစ်သီး ပင်တွေကို တွေ့ရကတည်းက၊ ပြီးတော့၊ မိသားစုက ခက်ခဲတဲ့အချိန်တွေထဲ ကျရောက်နေတာတွေကြောင့်၊ ကျွန်တော်ဟာ ဘုရားသခင်အပေါ် နားလည်မှု လွဲပြီး အပြစ်တင်ခဲ့တဲ့အပြင်၊ သူ့ကို ဆင်ခြေတွေတောင် ပေးခဲ့တယ်။ ကျွန်တော်ဟာ သူ့အတွက် စွန့်လွှတ်မှုတွေ လုပ်ပေးခဲ့ပြီး အလုပ်ကြိုးစားခဲ့တယ်။ ကျွန်တော် ထောင်ချခံရပြီး သူ့ကို သစ္စာမဖောက်ဘဲ ဒုက္ခခံခဲ့တယ်၊ ဒါကြောင့် သူ့အနေနဲ့ ကျွန်တော့်ကို ကာကွယ် ပေးပြီး ကျွန်တော့်မိသားစုကို ကောင်းချီးပေး သင့်တယ်လို့ ခံစားမိတယ်။ ကျွန်တော်ဟာ ကျွန်တော့်တာဝန်မှာ သမ္မာတရားကို ရှာနေတာ မဟုတ်သလို ကျွန်တော့်ရဲ့စိတ်သဘောထားကို ပြောင်းဖို့လုပ်နေတာ မဟုတ်ဘဲ၊ ကျွန်တော့်ရဲ့စွန့်လွှတ်မှုတွေကို ကောင်းချီး မင်္ဂလာတွေအတွက် ဘုရားသခင်နဲ့ အလဲအလှယ်လုပ်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ ကျွန်တော် အသုံးပြုချင်ခဲ့တယ်ဆိုတာကို တွေ့ခဲ့ရတယ်။ အဲဒါဟာ ကျွန်တော့်ရဲ့တာဝန်ကို အပြန်အ လှန်အပေးအယူပုံစံ ပြောင်းလိုက်တာ မဟုတ် လား။ အဲဒီလိုနည်းလမ်းနဲ့ ယုံကြည်မှုရှိပြီး ကျွန်တော့်ရဲ့တာဝန်ကို ထမ်းဆောင်တာဟာ အပြင်လောကမှာ အလုပ်အကိုင်တစ်ခုလုပ်တာ နဲ့ ဘာမှမကွာခြားဘူး။ ဒါဟာ တကယ်စစ်မှန်တဲ့ခံစားချက်မပါဘဲ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အပေးအယူ လုပ်တာပဲ။

ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ရရှိတာ၊ သူ့ရဲ့နှုတ်ကပတ်တော်တွေရဲ့ အာဟာရနဲ့ရေ လောင်းပေခြင်းတွေကို ခံစားတာ၊ သူ့ရဲ့တရား စီရင်မှုနဲ့ သန့်စင်ဆေးကြောမှုကို ရရှိတာတွေ ပြီးတော့ နောက်ဆုံးမှာ ကယ်တင်ခံရဖို့ အခွင့်အရေးရရှိတာတွေအတွက် ကျွန်တော် အရမ်းကံကောင်းတယ်လို့ ကျွန်တော် သဘောပေါက်ခဲ့ပါတယ်။ ဘယ်လောက်ဆန်းကြယ်တဲ့ ကောင်းချီးမင်္ဂလာ လဲ။ ဒါပေမယ့် ဘုရားသခင်ရဲ့ချစ်ခြင်းကို ပြန်ဆပ်ဖို့ သမ္မာတရားကို ဘယ်လိုအားထုတ်ပြီး ကိုယ့်တာဝန်ကို ဘယ်လိုကောင်းကောင်း ထမ်းဆောင်ရမယ်ဆိုတာကို ကျွန်တော် မစဉ်းစားခဲ့ဘူး။ ကျွန်တော့်မိသားစုရဲ့ ရုန်းကန်မှုတွေ ကျွန်တော် တွေ့လိုက်တော့ သမ္မာတရားကို ဘယ်လိုရှာပြီး သက်သေခံရမယ်ဆိုတာကို ကျွန်တော် မစဉ်းစားခဲ့ဘူး။ ကိုယ်ပိုင်အကျိုးအမြတ်ကိုပဲ ကျွန်တော် စဉ်းစားခဲ့ပြီး၊ မိမိကိုယ်ပိုင် အရှုံးအမြတ်တွေကို တွက်ချက်ခဲ့တယ်။ ဘုရားသခင်ကို အပြစ်တောင်တင်ခဲ့ပြီး နားလည်မှုလွဲခဲ့တဲ့အပြင် ကျွန်တော့်ရဲ့တာဝန် တွေကိုလည်း မထမ်းဆောင်ချင်တော့ဘူး။ ဒါ ဘုရားသခင်ကို သစ္စာဖောက်တာပဲ၊ ပြီးတော့ လူ့သဘာဝ လုံးဝကင်းမဲ့တာပဲ။

နောက်တော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေရဲ့ နောက်စာပိုဒ်တစ်ပိုဒ်ကို ကျွန်တော် ဖတ်တယ်- “မည်သူမျှ ဆင်းရဲဒုက္ခမရှိဘဲ ၎င်းတို့၏ တစ်ဘဝလုံး မသွားကြပေ။ လူအချို့အတွက် ယင်းက မိသားစုနှင့်သက်ဆိုင်သည်၊ အချို့အတွက်မူ အလုပ်နှင့်သက်ဆိုင်သည်၊ အချို့အတွက် အိမ်ထောင်ရေးနှင့် သက်ဆိုင်ပြီး၊ အချို့အတွက် ကိုယ်မကျန်းမာခြင်းနှင့်သက်ဆိုင်သည်။ လူတိုင်း ဒုက္ခခံစားကြသည်။ လူအချို့က ‘လူများသည် အဘယ့်ကြောင့် ဒုက္ခခံစားရမည်နည်း။ ကျွန်ုပ်တို့၏ အသက်တာများတစ်ခုလုံး၌ ငြိမ်းချမ်းစွာနှင့် ပျော်ရွှင်စွာ ရှင်သန်ဖို့ဆိုသည်မှာ မည်မျှ ကောင်းလိုက်မည်နည်း။ ကျွန်ုပ်တို့ ဒုက္ခမခံ၍ မရနိုင်သလော။’ ဟု ပြောကြသည်။ မရပေ- လူတိုင်း ဒုက္ခခံစားရမည်။ ဒုက္ခက လူပုဂ္ဂိုလ်တိုင်းကို ရုပ်ခန္ဓာ အသက်၏ မြောက်မြားလှသော ခံစားရခြင်းများကို တွေ့ကြုံစေသည်၊ ဤခံစားရခြင်းများသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ၊ နိုးကြားတက်ကြွသည်ဖြစ်စေ သို့မဟုတ် မတုန်မလှုပ်ရှိသည်ဖြစ်စေ၊ ဒုက္ခက လူတိုင်းကို ကွဲပြားသော ခံစားချက်များနှင့် နားလည်သဘောပေါက်ခြင်းတို့ကို ပေးသည်၊ သင့်အတွက်မှာမူ ယင်းက အသက်တာ အတွေ့အကြုံများသာ ဖြစ်ပေသည်။ ဤသည်မှ သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားအလိုတော်ကို နားလည်နိုင်ပါက သင်သည် ဘုရားသခင်က သင့်ထံမှ လိုအပ်သည့် စံနှုန်းဖြင့် ယခင်ထက် သာ၍ နီးကပ်လာလိမ့်မည်။ ယင်းက ရှုထောင့် တစ်ခုဖြစ်ပြီး ယင်းမှာ လူများကို သာ၍အတွေ့အကြုံ ရှိစေဖို့လည်း ဖြစ်သည်။ နောက်ထပ် ရှုထောင့်မှာ ဘုရားသခင်က လူသားကို ပေးသည့် တာဝန် ဖြစ်သည်။ မည်သည့်တာဝန်နည်း။ သင်သည် ဤဒုက္ခကို ကြုံရမည်။ ဤဒုက္ခကို ခံယူရမည်။ ခံယူနိုင်လျှင် ဤသည်မှာ သက်သေခံချက်ဖြစ်ပြီး ရှက်စရာမဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)”) ဒါက ကျွန်တော့်ကို ဘာပြလဲဆိုရင် ယုံကြည်သူတွေရော မယုံကြည်သူတွေပါ ရုန်းကန်မှုမျိုးစုံနဲ့အခက်အခဲမျိုးစုံကို သူတို့ဘဝတွေမှာ ရင်ဆိုင်ကြရတယ်။ ဘဝမှာ ကျွန်တော်တို့ ဘယ်လောက် ဒုက္ခတွေ ဖြတ်သန်းရမယ်၊ ဘယ်လောက် ဆုတ်ဆိုင်းမှု တွေခံရမယ် ဆိုတာကို ဘုရားသခင်က သတ်မှတ်တယ်။ ဘုရားသခင်က ကျွန်တော်တို့ကို အချို၊ အချဉ်၊ အခါးအရသာတွေပေးပြီး၊ ဘဝမှာ ကျွန်တော်တို့ကို စမ်းသပ်တယ်၊ ကျွန်တော်တို့ကို အတွေ့အကြုံပိုပြီးပေးဖို့အ တွက်နဲ့ အခက်အခဲတွေကြားမှာ ကျွန်တော်တို့ ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကို စမ်းသပ်ဖို့ဖြစ်တယ်။ ကျွန်တော်တို့ကို တာဝန်ဝတ္တရားတစ်ခုပေးတာ လည်း သူပဲဖြစ်တယ်။ ကျွန်တော့်အဖေ အရမ်းနေမကောင်းဖြစ်နေတာ ရယ် ကျွန်တော့်မိသားစု ရုန်းကန်နေရတာတွေ ရယ်ကို တွေ့ရတာ တကယ့်ရုန်းကန်မှုတစ်ခု ဖြစ်ပေမယ့် ဘုရားသခင်က ကျွန်တော့်အတွက် အရာရာကို ခက်ခဲအောင်သက်သက် လုပ်နေတာမဟုတ်ဘူး။ နှစ်ပေါင်းများစွာ ယုံကြည်မှုနဲ့ကောင်းချီး မင်္ဂလာတွေနောက်ကို လိုက်တဲ့အချိန်အတွင်း ကျွန်တော့်မှာရှိခဲ့တဲ့ မှားယွင်းတဲ့အမြင်တွေကို သူ အလင်းပြနေတာဖြစ်တယ် ဒါမှ ကျွန်တော်ပြန်လှည့်ပြီး သမ္မာတရား နောက်ကိုလိုက်တဲ့လမ်းကို ကျွန်တော်လျှောက် နိုင်ဖို့ဖြစ်တယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့အလိုတော်ကို နားမလည်တော့၊ ဘုရားသခင်နဲ့ အကျိုးသင့်အကြောင်းသင့်ပြော ဖို့သာ ကျွန်တော်ကြိုးစားပြီး သူ့ကို တိုက်ခိုက်ခဲ့ တယ်။ ကျွန်တော်ဟာ အလွန်ပုန်ကန်လိုပြီး၊ ကျွန်တော် ဘုရားသခင်အပေါ် တကယ်တာဝန်မကျေခဲ့ ဘူး။ ကျွန်တော်ညည်းညူနေတာတွေကို ရပ်ရမယ် ဆိုတာနဲ့ ဘုရားသခင်ရဲ့အချုပ်အခြာအာဏာနဲ့အစီအစဉ် တွေကို နာခံပြီး၊ ဒီကတစ်ဆင့် သက်သေခံ ရမယ်ဆိုတာကို ကျွန်တော်သိလိုက်တယ်။

ကျွန်တော် ကိုယ့်ကိုကိုယ် ပြန်ပြီးသုံးသပ်ကြည့် တယ်။ နှစ်နဲ့ချီပြီး ကျွန်တော် ဘုရားသခင်ကို ယုံကြည် ခဲ့တယ်။ ယုံကြည်မှုရှိခြင်းဟာ သဘာဝကျပြီး မှန်ကန် တယ်ဆိုတာနဲ့ ဘုရားသခင်နဲ့ အပေးအယူမလုပ်သင့်ဘူး ဆိုတာ ကျွန်တော်သိတယ်။ ဒီလိုဆိုရင် ကျွန်တော် ဘာဖြစ်လို့ ကောင်းချီး မင်္ဂလာနောက်လိုက်ပြီး ဘုရားသခင်နဲ့ အလဲအလှယ်မလုပ်ဘဲ မနေနိုင်တာလဲ။ ဒါရဲ့ဇာစ်မြစ်က ဘာလဲ။ နောက်တော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော် တွေထဲက စာပိုဒ်တစ်ပိုဒ်ကို ကျွန်တော်ဖတ်ခဲ့ တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက မြွက်ဆိုတာက၊ “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် အမှုအရာများကို စွန့်လွှတ်ကြသည်၊ သူ့အတွက် မိမိကိုယ်ကို အသုံးခံပြီး သူ့အပေါ် သစ္စာရှိကြသည်၊ သို့သော် ၎င်းတို့သည် ဤအရာအားလုံးကို မိမိကိုယ်ကျိုးအတွက် လုပ်ဆောင်ခြင်းသာဖြစ်၏။ အတိုချုပ်အားဖြင့် ယင်းမှာ မိမိအတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်အတွက်ချည်းသာ ဖြစ်၏။ လူ့အဖွဲ့အစည်းတွင် အရာခပ်သိမ်းကို ကိုယ်ကျိုးအတွက် လုပ်ကြခြင်း ဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြခြင်းဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော သဘောသဘာဝအပေါ် လက်တွေ့ကိုအခြေခံသော အထောက်အထားဖြစ်၏။ စိတ်သဘောထားများ ပြောင်းလဲပြီးသည့် လူများသည် ကွဲပြားကြသည်၊ ၎င်းတို့က သမ္မာတရားအားဖြင့် အသက်ရှင်သန်ခြင်းမှ အဓိပ္ပာယ်ရှိလာကြောင်း၊ ဘုရားဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်သည့် လူများသာလျှင် လူသားဟု အခေါ်ခံထိုက်ကြောင်း၊ လူသားဖြစ်ခြင်း၏ အခြေခံမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းသည် ကောင်းကင်ဘုံနှင့် မြေကြီးမှ ပြဋ္ဌာန်းထားသော တာဝန်ဝတ္တရားတစ်ခုဖြစ်ကြောင်း— ပြီးလျှင် ၎င်းတို့က ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့၊ သူ့ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်နိုင်ခြင်း မရှိလျှင်၊ ၎င်းတို့သည် လူသားဟု အခေါ်မခံထိုက်ကြောင်း ခံစားကြရသည်။ ၎င်းတို့အတွက်မူ မိမိအတွက် အသက်ရှင်သန်ခြင်းသည် အနှစ်သာရမဲ့ပြီး အဓိပ္ပာယ်မရှိပေ။ လူတို့သည် ၎င်းတို့သေဆုံးရမည့်အချိန်တွင်ပင် အားရကျေနပ်မှုရှိပြီး စိုးစဉ်းမျှပင် နောင်တမရစေရေးအတွက်၊ ၎င်းတို့သည် အချည်းနှီးအသက်ရှင်ခဲ့ခြင်း မဟုတ်ဟု ခံစားရစေရေးအတွက်၊ ဘုရားသခင်ကျေနပ်စေဖို့ရန်၊ ၎င်းတို့၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နှင့် အဓိပ္ပာယ်ရှိသော အသက်တာများကို နေထိုင်ရန် အသက်ရှင်သင့်သည်ဟု သူတို့ခံစားရသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်”) နှစ်ပေါင်းများစွာ ယုံကြည်မှုရှိခဲ့ပေမယ့် ဘာဖြစ်လို့ ကောင်းချီးမင်္ဂလာတွေနောက်ပဲ လိုက်နေတယ်ဆိုတာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ပြသတယ်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” ဆိုတာမျိုး စာတန်ရဲ့အဆိပ်တွေဟာ ကျွန်တော့်ရဲ့နှလုံးသားထဲကို နက်ရှိုင်းစွာ တဖြည်းဖြည်းချင်းစိမ့်ဝင်နေပြီး ကျွန်တော်လုပ်သမျှအားလုံးမှာ ကိုယ်ပိုင်အကျိုးအမြတ်ကို ရှေ့တန်းတင်အောင် လုပ်တယ်။ ကျွန်တော့်ရဲ့ကိုယ်ကျိုးကိုပဲ ကျွန်တော် အမြဲ ထည့်သွင်းစဉ်းစားခဲ့တယ်။ CCP က ကျွန်တော့်နောက်ကို လိုက်နေပြီး ကျွန်တော်အိမ်ပြန်မသွားနိုင်တဲ့အခါမှာ၊ ကျွန်တော့်တာဝန်ကို ကျွန်တော်ဆက်ပြီး ထမ်းဆောင်နေနိုင်တယ် ဒါပေမယ့် အဲဒါဟာ စစ်မှန်စွာနဲ့ ဘုရားသခင် အတွက် ကိုယ့်ကိုကိုယ် အသုံးချနေတာ မဟုတ်သလို ကျွန်တော့်တာဝန်ကိုလည်း ထမ်းဆောင်နေတာ မဟုတ်ဘူး။ အဲဒါက ဘုရားသခင်ထံက ကောင်းချီးမင်္ဂလာ ရရှိဖို့နဲ့ ကောင်းမွန်တဲ့ပန်းတိုင်ရရှိဖို့ မျှော်လင့်နေတာပဲ။ အိမ်မှာ ဒုက္ခကျရောက်ပြီး သူတို့ဆက်လက် ရပ်တည်ဖို့ ရုန်းကန်နေရတဲ့အခါမှာ၊ ကောင်းချီးပေးခံရဖို့ ကျွန်တော့်ရဲ့မျှော်လင့် ချက်တွေက ကြေမွသွားတာကြောင့် ကျွန်တော် ဟာ အပျက်သဘောဆောင်လာပြီး ကျွန်တော့် ရဲ့တာဝန်တွေကို မထမ်းဆောင်ချင်တော့ဘူး။ ကျွန်တော့်ရဲ့ယုံကြည်မှုနဲ့တာဝန်တွေထဲမှာ အသေးဆုံးကြိုးပမ်းမှုတွေအတွက် အလဲအလှယ်အနေနဲ့ ကောင်းချီးမင်္ဂလာများစွာ ရရှိဖို့ပဲ ကျွန်တော်လိုချင်ခဲ့တယ်ဆိုတာကို ကျွန်တော်မြင်ခဲ့ရတယ်။ ကျွန်တော်ဟာ ဘုရားသခင်ကို အသုံးချပြီး တွက်ချက်မှုတွေလုပ်နေခဲ့တယ်။ ဒါဟာ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတယ်။

ဘုရားသခင် ပြောတာက၊ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်၊” လုံးဝမှန်တယ်။ ကျွန်တော်ဟာ ဒီနှစ်တွေမှာ အပေါ်ယံမှာ စွန့်လွှတ်မှုတွေ လုပ်ခဲ့ပြီး ကိုယ့်ကိုကိုယ် အသုံးချခဲ့သလို၊ ကျွန်တော့်တာဝန်မှာလည်း ဒုက္ခခံခဲ့ပေမယ့်၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သ ဘောထားက မပြောင်းဘူး၊ ဘာကြောင့်လဲဆို တော့ ကျွန်တော်ဟာ သမ္မာတရားနောက်ကို မလိုက်တာကြောင့်၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ပြစ်တင်ဆုံးမမှုကို လက်မခံ ခဲ့တာကြောင့်ဖြစ်တယ်။ ကျွန်တော့်ရဲ့အယူအဆတွေနဲ့ မကိုက်ညီတဲ့ အရာတွေ ဖြစ်ပွားတဲ့အခါ ကျွန်တော်ဟာ ဘုရားသခင်ကို ပုန်ကန်ဆန့်ကျင်ခဲ့တယ်။ ကျွန်တော်ဟာ ဘုရားသခင်အပေါ် ရန်လိုခဲ့တယ်။ ကျွန်တော့်ရဲ့ ယုံကြည်မှုအပေါ်အမြင်က ကိုယ့်ဗိုက်တွေကိုသာ ဖြည့်ချင်တဲ့ ဘာသာရေး သမားတွေ၊ သူတို့ရဲ့စွန့်လွှတ်မှုတွေကို ကောင်းကင်ဘုံဆီသွားဖို့ လက်မှတ်တစ်စောင် အနေနဲ့ အသုံးပြုကြတဲ့ ဘာသာရေးသမားတွေ နဲ့ တထေရာတည်းဖြစ်နေတယ်။ ကျွန်တော်ဟာ ဘုရားသခင်ကို ဆန့်ကျင်တဲ့ လမ်းကြောင်းတစ်ခုပေါ် ရောက်ခဲ့တယ်၊ ပေါလုလိုပဲ သမ္မာတရားနဲ့ စိတ်သဘောထားပြောင်းလဲမှု နောက်ကို အမှန်တကယ်လိုက်တဲ့လူတွေက အပေးအယူလုပ်ပြီး သူတို့ရဲ့တာဝန်တွေကို ညစ်ညမ်းအောင်မလုပ်ဘူး၊ ဒါပေမယ့် သူတို့က ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့အတွက် သမ္မာတရားနောက်ကိုလိုက်ပြီး စိတ်ပါလက်ပါ လုပ်ကိုင်ကြတယ်။ သူတို့ဟာ ဘုရားသခင်ကို ချစ်ဖို့အတွက်နဲ့ ကျေနပ်အောင်လုပ်ဖို့အတွက် ကြိုးစားကြပြီး၊ အဓိပ္ပာယ်ပြည့်ဝတဲ့ဘဝတွေမှာ နေထိုင်ကြ တယ်။ သူတို့ဟာ ပေတရုလိုပဲ ဘုရားသခင်ရဲ့ အထွတ်အထိပ်အချစ်ကို ရယူဖို့ ကြိုးပမ်းကြပြီး သေတဲ့အထိ နာခံသွားကြတယ်။ ဘုရားသခင်အတွက် ကားစင်တင်အသတ်ခံ ပြီး လှပတဲ့သက်သေခံခြင်းကိုလည်း သူပေး သွားတယ်။ အဲဒါ ဘုရားသခင်ရဲ့ထောက်ခံမှုကို ရရှိပြီး အဲဒါက အဓိပ္ပာယ်ပြည့်ဝပြီး တန်ဖိုးရှိစွာနဲ့ နေနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ။

နောက်တော့၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော် တွေကိုဖတ်တဲ့ ဗွီဒီယိုတစ်ခုကိုလည်း ကျွန်တော် ကြည့်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံပေးသည့် သူ၏အသက်မွေးအလုပ် ဖြစ်ပြီး၊ ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး၊ သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက၊ ဤသည်မှာ သူ၏ ပုန်ကန်မှုကြောင့် ဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရာတွင် ဟန်ဆောင်လုပ်ပြရုံမျှလုပ်ပြပြီး သမ္မာတရားကို မရှာဖွေသောသူတို့သည် အဆုံးတွင် သုတ်သင်ပယ်ရှင်းခြင်းကို ခံရလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ၎င်းတို့၏ တာဝန်ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မလုပ်ဆောင်ကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသည့် အတွက် ဖြစ်သည်။ ၎င်းတို့သည် မပြောင်းမလဲ ရှိနေသူများဖြစ်ပြီး ကျိန်ခြင်းကို ခံကြရလိမ့်မည်။ ၎င်းတို့၏ ဖော်ပြချက်များသည် မစင်ကြယ်သည်သာမက၊ ၎င်းတို့ ဖော်ပြသည့် အရာတိုင်းသည် ဆိုးယုတ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဒီအကြောင်းကို ကျွန်တော်စဉ်းစားတဲ့အခါ၊ ကျွန်တော် ဘာတွေ့လည်းဆိုတော့၊ တာဝန် တစ်ခုဆိုတာ ဖန်ဆင်းခံထားရတဲ့သတ္တဝါတွေ ဖြစ်တဲ့ ကျွန်တော်တို့အနေနဲ့ လုပ်သင့်တဲ့အရာပဲ ဖြစ်တယ်။ ဒါဟာ ကျွန်တော်တို့ ရှောင်ပြေးလို့မရတဲ့ တာဝန်ဝတ္တရားတစ်ခုပဲ။ ဒါကို အပေးအယူတွေနဲ့ ညစ်ညမ်းအောင် လုပ်လို့မရသလို ကိုယ်ပိုင်အကျိုးအမြတ်နဲ့ လည်း ပတ်သက်လို့မရဘူး။ ဒါဟာ သားသမီးတို့ရဲ့ ရိုသေလေးစားမှုလိုမျိုး ပဲ— ဒါဟာ အရာရာရဲ့သဘာဝဖြစ်စဉ်ဖြစ်ပြီး ပြောစရာတောင် မလိုပါဘူး။ ကျွန်တော်တို့ရဲ့တာဝန်မှာ ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ပြစ်တင်ဆုံးမမှုကို ကျွန်တော် တို့ခံရပြီး၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ပြောင်းလဲနိုင်ပြီး သန့်စင်နိုင်တယ်။ ဒါဟာ ကယ်တင်ခြင်းခံရဖို့အတွက်နဲ့ ကောင်းမွန်တဲ့ပန်းတိုင် ရောက်ရှိဖို့အတွက် တစ်ခုတည်းသောနည်းလမ်းပဲ။ ကျွန်တော်တို့ သမ္မာတရားနောက်ကို မလိုက်ရင်၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီး နေတဲ့ စိတ်သဘောထားတွေကို လုံးဝမပြောင်း ဘဲ နှစ်ပေါင်းများစွာယုံကြည်မှုရှိပေမယ့်၊ ကျွန်တော်တို့ရဲ့ အပေးအယူလုပ်ချင်တဲ့စိတ်နဲ့ လွန်ကဲတဲ့လိုအင်ဆန္ဒတွေကို ဆက်ပြီးထိန်း သိမ်းထားရင်၊ ဘယ်လောက်ကြာမြင့်စွာပင် ယုံကြည်မှုရှိနေပါ စေ၊ ဒါမှမဟုတ် ဘယ်လောက်ပဲ ကျွန်တော်တို့ စွန့်လွှတ်ပါစေ၊ ကျွန်တော်တို့ဟာ ဘုရား သခင်ရဲ့ထောက်ခံမှုကို ရမှာမဟုတ်သလို၊ သူက ကျွန်တော်တို့ကို သုတ်သင်ဖယ်ရှင်းပစ် မှာဖြစ်တယ်။ ယောဘအနေနဲ့ သူပိုင်ဆိုင်တဲ့အရာအားလုံး အပြင် သူ့သားသမီးကိုတောင် ဆုံးရှုံးပေမယ့်၊ ဘုရားသခင်ကို သူအပြစ်မတင်တာ ကျွန်တော် စဉ်းစားမိတယ်။ အားလုံးက ဘုရားသခင်ပေးထားတယ်ဆိုတာ ကို သူသိသလို၊ ဘုရားသခင်က ပြန်ယူတဲ့အခါမှာ သူ့အနေနဲ့ ခြွင်းချက်မရှိနာခံရတယ်။ ဒါကြောင့် ယောဘပြောတာက၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ဘုရားသခင်က ဆုလာဘ်တွေပေးတာပဲဖြစ်စေ၊ ပြန်ယူတာပဲဖြစ်စေ သူ့နှလုံးသားထဲမှာ သူသိ ထားတာက၊ ဘုရားသခင်ကို သူကိုးကွယ်သင့်တယ်။ ဒါဟာ သူ့ရဲ့တာဝန်ပဲ။ ယောဘဟာ ဘုရားသခင်အတွက် သူ့ရဲ့တာဝန် ကို ဆက်လက်ထမ်းဆောင်ပြီး သူ့အတွက် သက်သေခံပေးတယ်။ ဒါဟာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ ဖန်ဆင်းခံတွေ ပြုလုပ်သင့်တဲ့အရာဖြစ်တယ်။ ကျွန်တော် ယောဘရဲ့ဥပမာအတိုင်း လုပ်ခဲ့ရ တယ်။ ကျွန်တော့်ရဲ့စွန့်လွှတ်မှုတွေကို ဘုရားသခင်ဆီ ကနေ အရာဝတ္ထုတွေ တောင်းဆိုဖို့အတွက် ညှိနှိုင်းမှု ပစ္စည်းတစ်ခုအနေနဲ့ မသုံးနိုင်တော့ ဘဲ၊ ကျွန်တော့်ရဲ့တာဝန်ကို တာဝန်ဝတ္တရားတစ်ခု အနေနဲ့ မြင်ခဲ့ရတယ်။ ဒါကသာ အသိတရားနဲ့ အသိစိတ်ရှိတာ ဖြစ်တယ်။

နောက်ကျတော့၊ ရဲတွေက ကျွန်တော့်ကို ထပ်ပြီးဖမ်းဆီးမှာဖြစ်တဲ့အတွက်၊ ကျွန်တော် အိမ်ကထွက်ခဲ့ပြီး သက်ကြီးအစ်ကို တစ်ယောက်အိမ်မှာ ခဏသွားပြီးနေတယ်။ နောက်တော့ ကျွန်တော် ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်တယ်- “သင်သည် သင်၏ စိတ်နှလုံး၊ ခန္ဓာနှင့် သင်၏စစ်မှန်သော ချစ်ခြင်းမေတ္တာ အားလုံးကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ယင်းတို့ကို ဘုရားသခင်ရှေ့တွင် ထားရှိနိုင်ပါက၊ သူ့အပေါ် လုံးဝ နာခံနိုင်ပြီး သူ၏အလိုကို လုံးဝ ထောက်ထားနိုင်ပါက- ဇာတိပကတိအတွက် မဟုတ်၊ မိသားစုအတွက် မဟုတ်၊ သင်၏ ကိုယ်ရေးကိုယ်တာ ဆန္ဒများအတွက် မဟုတ်ဘဲ၊ ဘုရားသခင့်အိမ်တော်၏ အကျိုးများအတွက်၊ အရာရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အခြေခံသဘောတရားနှင့် အခြေခံအုတ်မြစ် အဖြစ်ခံယူလျက်- ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်၏ ရည်ရွယ်ချက်များနှင့် သင်၏ ရှုထောင့်အမြင်များအားလုံးသည် နေရာမှန်တွင် ရှိကြလိမ့်မည်ဖြစ်ပြီး၊ ထိုအခါ သင်သည် ဘုရားသခင့်ရှေ့တွင် သူ၏ချီးမွမ်းမှုကို ရရှိသော လူတစ်ဦး ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို လမ်းကြောင်းတစ်ခုနဲ့လမ်းညွှန်မှု တစ်ခု ပေးတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော့်မိသားစုနဲ့ သွေးသားဆိုင်ရာအကျိုးအမြတ်တွေကိုပဲ မစဉ်းစားသင့်ဘဲ၊ ကျွန်တော့်ရဲ့စေ့ဆော်မှုတွေကို ပြင်ဆင်ခဲ့ရပြီး၊ ကျွန်တော့်ရဲ့အင်အားနဲ့အတွေးတွေကို ကျွန်တော့်ရဲ့တာဝန် ကောင်းမွန်စွာဆောင်ရွက် ဖို့ အသုံးပြုရတယ်။ ဘုရားသခင်ရဲ့အလိုတော်ကို နားလည်လိုက်တဲ့ အခါမှာ ကျွန်တော့်ရဲ့စိတ်နှလုံးကို ငြိမ်သက်စေ ခဲ့ပြီး၊ အစ်ကိုရဲ့အိမ်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရင်း ကျွန်တော့်ရဲ့ အချိန်ကို သုံးခဲ့တယ်။ အချိန်အခိုက်အတန့်တစ်ခုကြာပြီးနောက်၊ ကျွန်တော့်ကို နောက်ထပ်တာဝန်တစ်ခု ပေးတယ်။ ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ပြစ်တင်ဆုံးမမှု တို့ရဲ့ ကျေးဇူးတော်ကြောင့် ကျွန်တော့်ရဲ့ ယုံကြည်မှုအပေါ် ကျွန်တော့်ရဲ့မှားယွင်းတဲ့ ချဉ်းကပ်ပုံကို ပြင်ဆင်ခဲ့ပြီး၊ အခုဆိုရင် ကျွန်တော့်ရဲ့ရှာဖွေမှုအတွက် ကျွန်တော့်မှာ မှန်ကန်တဲ့ရည်ရွယ်ချက်ရှိနေပြီ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မနာလိုခြင်းမှ လွတ်မြောက်ခဲ့ပြီ

ခဲ့လော့ဒ် ပြင်သစ်နိုင်ငံ ၂၀၂၁ အစမှာ ကျွန်တော်က တရားဟောဆရာအဖြစ် အစေခံပြီး အသင်းတော်အလုပ်ကို ကြီးကြပ်ဖို့ အစ်ကိုမက်သယူးနဲ့ တွဲလုပ်ရတယ်။...

အကျပ်အတည်းကြားက ရွေးချယ်မှု

ကျန်းကျင့် တရုတ်နိုင်ငံ လွန်ခဲ့တဲ့တစ်ချိန်က အစ်ကိုကျောက်ဆီက စာတစ်စောင် ရခဲ့တယ်။ သူတို့အသင်းတော်ခေါင်းဆောင်နဲ့ ညီအစ်ကိုတစ်ယောက်...

ဧဝံဂေလိကို ကောင်းစွာ ဟောပြောရာတွင် တာဝန်ယူမှုသည် အဓိကကျ၏

မာရီ အိုင်ဗရီကို့စ်နိုင်ငံ အစ်မက ကိုယ့်တာဝန်တွေကို အလေးအနက် မထားဘဲ၊ တော်တော်ကို ပေါ့လျော့ခဲ့ဖူးတယ်။ များသောအားဖြင့် ပေါ့ပေါ့တန်တန်ပဲ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။