သမ္မာတရားက ကျွန်မကို လမ်းပြပေးလိုက်ပြီဖြစ်သည်

27.02.2021

ရှီဂျိုင်း ဂျပန်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊ ယင်းက သင်သည် သင်ကိုယ်တိုင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို အစေခံသည်၊ သင်၏ အစေခံခြင်းသည် သင်၏စာတန်ဆန်သော သဘာဝအပေါ် အခြေခံထားသည်ကို သက်သေပြပေသည်။ သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကထဲ၌ အသက်ရှင်ခြင်းနှင့်ဆိုင်သည့် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်‌ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို လှည့်ဖြားသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်) ဘုရားသခင်၏ ဤနှုတ်ကပတ်တော်ကျမ်းပိုဒ်ကို ဖတ်ရင်း၊ လွန်ခဲ့သည့် ငါးနှစ်က ကျွန်မ ကြုံခဲ့ရသည့် အတွေ့အကြုံတစ်ခုကို ပြန်သတိရမိသည်။ ကျွန်မက အသင်းတော်ခေါင်းဆောင် တစ်ယောက်အဖြစ် အရွေးခံရပြီးခါစဖြစ်သည်။ ကျွန်မက တကယ်ကို စိတ်အားထက်သန်ပြီး၊ ကျွန်မတာဝန်ကို အလေးအနက် သဘောထားသည်။ ကျွန်မက အသင်းတော်၏အလုပ်ကို ကောင်းအောင် လုပ်မည်ဟု ဆုံးဖြတ်ခဲ့ပါသည်။ အဖွဲ့ဝင်များ အားလုံး၏ လုပ်ဆောင်ချက် အခြေအနေများကို စပြီး သုံးသပ်ကြည့်သည့်အခါ၊ အချို့အဖွဲ့ဝင်များက အလုပ်အတွက် မသင့်တော်ဘဲ၊ အဖွဲ့ခေါင်းဆောင်များကလည်း ဤသည်ကို မပြင်ပေးသည်ကို ကျွန်မ တွေ့လာသည်။ အချို့က အခြေခံသဘောတရားများကို နားမလည်ကြဘဲ၊ သူတို့၏ ခေါင်းဆောင်များကလည်း မိတ်သဟာယပြုခြင်းနှင့်၊ မြန်ဆန်စွာ အကူအညီပေးခြင်း မပြုကြဘဲ၊ ယင်းက အသင်းတော်အလုပ်ကို ထိခိုက်ခဲ့သည်။ ဤသည်ကို ကျွန်မ တကယ် ပူပန်မိပြီး၊ “ဒီလောက် ပေါ်ပေါ်တင်တင်ဖြစ်နေတဲ့ ပြဿနာတွေကို မဖြေရှင်းဘဲ ထားကြတယ်။ သူတို့က ကိုယ့်အလုပ်မှာ တာဝန်မယူဘူးဆိုတာ ရှင်းနေတာပဲ။ လာမယ့်စည်းဝေးပွဲမှာ ငါ သူတို့ကို ကောင်းကောင်း ဆွေးနွေးပေးမှဖြစ်မယ်၊ ပြီးတော့ သူတို့မှားနေတဲ့နေရာကို သေချာ သိသွားအောင် လုပ်ပေးရမယ်။” ဟု စဉ်းစားမိသည်။ စည်းဝေးပွဲကျတော့ ကျွန်မက ထိုအဖွဲ့ခေါင်းဆောင်များကို သူတို့အလုပ်အကြောင်း အကြိမ်ကြိမ် မေးပြီး ကျွန်မ မြင်ထားသည့် အမှားများ၊ ပြဿနာများကို ထောက်ပြသည်။ သူတို့က လက်တွေ့ကျသည့်အလုပ်ကို မလုပ်နေသည်ကို သိပြီး ပြောင်းလဲလိုကြသော်ငြားလည်၊ ကျွန်မက မကျေနပ်မိသေးပါ။ ကျွန်မက ယင်းကို အမှန်တကယ် ပြင်းပြင်းထန်ထန် စိစစ်ပြီး သူတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိပါက၊ မည်သည့်အရာမျှ ထူးလာမည် မဟုတ်ဟု စဉ်းစားမိသည်။ သူတို့၏ အလုပ်တာဝန်များကို ဝတ်ကျေတမ်းကျေ လုပ်နေကြပြီး၊ တကယ့်ပြဿနာများကိုလည်း မဖြေရှင်းကြဘဲ၊ ဤသည်က အသင်းတော်၏အလုပ်ကို အနှောင့်အယှက်ဖြစ်စေကြောင်း စသည်တို့ကို ၎င်းတို့ကို ကျွန်မပြောခဲ့သည်။ ကျွန်မ ပြောပြီး သွားသည့်နောက်၊ သူတို့ မည်သို့ခံစားရမည်ကို ကျွန်မ မမေးမိသော်လည်း၊ ကျွန်မက ပြဿနာများကို တွေ့အောင်ရှာပြီး ပြုပြင်ပေးလိုက်ပြီဟု တွေးလျက်၊ မိမိကိုယ်ကိုယ်သာ ချီးကျူးလိုက်မိသည်။ သို့ရာတွင် တစ်ရက်နှစ်ရက်ခန့် အကြာတွင်၊ တွဲဖက်အမှုဆောင်တစ်ယောက်က ကျွန်မကို “အဖွဲ့ခေါင်းဆောင် တစ်ယောက်က အစ်မနဲ့တွေ့ဖို့ ကြောက်နေတယ်လို့ ပြောတယ်၊ အစ်မက သူ့အလုပ်က ပြဿနာတွေကို မြင်သွားရင်၊ သူ့ကို ကိုင်တွယ်ဖြေရှင်းလိမ့်မယ်လို့ သူက ထင်နေတယ်။” ဟု ပြောခဲ့သည်။ ဤသည်ကို ကြားရသည့်အခါ၊ ကျွန်မ အနည်းငယ် စိတ်မကောင်း ဖြစ်သော်လည်း၊ ငါက လိုအပ်သည့်အရာကိုသာ လုပ်ခဲ့ခြင်းဖြစ်သည်၊ ပြဿနာများကို တွေ့အောင်ရှာပြီး မှန်အောင် ပြင်ပေးရမည်၊ ပြီးလျှင် သူတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းကလည်း သူတို့ သင်ခန်းစာ ရကြစေဖို့ဖြစ်သည်ဟု ချက်ချင်း တွေးမိသွားသည်။ ထိုအကြောင်းကို ကျွန်မ သေချာ မစဉ်းစားမိပါ။ အဖွဲ့ခေါင်းဆောင်များနှင့် နောက်ထပ်စည်းဝေးပွဲတွင် ကျွန်မက သူတို့အလုပ်အကြောင်းကို ခပ်တင်းတင်းပဲ မေးသည်၊ ထို့နောက်တွင် သူတို့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြဿနာတစ်ခုကို ကျွန်မ တွေ့သည့်အခါ၊ စိစစ်လိုက်သည်။ ကျွန်မက မိမိကိုယ်ကိုယ်လည်း “ညီအစ်ကိုမောင်နှမ တချို့က သူတို့အလုပ်အကြောင်း မေးမြန်းခံရမှာကို ကြောက်နေကြတယ်။ ကိုယ်က လက်တွေ့ကျတဲ့အလုပ်ကို လုပ်နေတယ်ဆိုရင်၊ ဘာကို ကြောက်စရာရှိလဲ။ ကိုယ့်အလုပ်အကြောင်းကို လေ့လာ သင်ယူနေမှ၊ ပြဿနာတွေကို ရှာတွေ့ပြီး အချိန်မီ ပြင်နိုင်တာပါ။” ဟု ယုံယုံကြည်ကြည်နှင့် ပြောသေးသည်။ စည်းဝေးပွဲ ပြီးသည့်နောက် အဖွဲ့ခေါင်းဆောင်တစ်ယောက်က “ကျွန်တော်က ကိုယ့်တာဝန်ကို ဘယ်လိုလုပ်ရမလဲဆိုတာ လေ့လာနေတုန်းပဲ၊ ပြီးတော့ အခက်အခဲတွေလည်း အများကြီးရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ စည်းဝေးပွဲမှာ မိတ်သဟာယပြုပြီး ဖြေရှင်း ပေးစေချင်တာ၊ ဒါပေမဲ့ အဲဒီအစား ပိုပြီး စိတ်ဖိစီးတာပဲရှိတယ်။” ဟု ပြောသည်ကို ကျွန်မ ကြားလိုက်သည်။ ဤသည်ကို ကြားလိုက်ရသည်မှာ ကျွန်မ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားပြီး၊ စည်းဝေးပွဲက အကျိုးမရှိခဲ့သည်မှာ ကျွန်မအပြစ် ဖြစ်သည်ဟု ခံစားရသည်။ သို့ရာတွင် ကျွန်မ၏ ဝိညာဉ်ရင့်ကျက်မှု နည်းသောကြောင့်၊ ကျွန်မ၏ မိတ်သဟာယက မရှင်း၍ ဖြစ်နိုင်သည်ဟု တွေးမိသည်။ အဖွဲ့ခေါင်းဆောင်သစ် တစ်ယောက်က စိတ်ဖိစီးမှုများစွာ ခံစားရသည်မှာ ပုံမှန်ဖြစ်သည်။ ကျွန်မက “စိတ်ဖိစီးတယ်ဆိုတာ တွန်းအားပေးနေတာ။ ရှင်က အဲဒီလို မခံစားရဘူးဆိုရင်၊ အဲဒါက အမှန်ဖြစ်မှာ မဟုတ်ဘူး။” ဟု ပြန်ပြောလိုက်သည်။ အဖွဲ့ခေါင်းဆောင်များက ကျွန်မကို တွေ့ပြီး ကိုင်တွယ်ဖြေရှင်းခံရမည်ကို စိုးရိမ်ကြသည်ကို၊ တွဲဖက် အကျိုးဆောင်တစ်ယောက်က နောက်ပိုင်း သိသွားပြီး၊ “လူတွေကို အဲဒီနည်းနဲ့ ကိုင်တွယ်ဖြေရှင်းတယ်ဆိုတာ ဒေါသကြောင့် လုပ်တာပဲ။ ညီအစ်ကိုမောင်နှမတွေကို စိတ်ဓာတ်မြှင့်တင်ပေးတာ မဟုတ်ဘူး။ ကျွန်တော်တို့က သူတို့ပြဿနာတွေ၊ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ သမ္မာတရားကို ပိုပြီး ဆွေးနွေး ပေးသင့်တယ်။” ဟု သတိပေးသည်။ ကျွန်မရည်ရွယ်ချက်များက မှန်ပြီး အနည်းငယ်လေး ကြမ်းသွားလျှင်ပင်၊ ကျွန်မက ကျွန်မ၏ အလုပ်အတွက် တာဝန်ယူနေခြင်းဖြစ်သည်ဟု ယုံကြည်လျက်၊ ထိုအကြောင်းနှင့်ပတ်သက်ပြီး ကျွန်မက မည်သည့်အရာကိုမျှ မတွေးသေးပါ။ ထို့ကြောင့် တွဲဖက်အကျိုးဆောင်များက ထပ်ခါထပ်ခါ သတိပေးသည့်ကြားမှ၊ ကျွန်မက မိမိကိုယ်ကိုယ် ဆင်ခြင်ဖို့ ဘုရားသခင်ရှေ့ကို လုံးဝ မလာခဲ့ပါ။ ကျွန်မ၏ ဝိညာဉ်ထဲမှာလည်း အမှောင်ထု ကြီးလာသကဲ့သို့ တဖြည်းဖြည်း ခံစားလာရပြီး သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကျွန်မ မခံစားမိခဲ့ပါ။ ကျွန်မက စိတ်ညစ်ရပြီး၊ နာကျ။ ထို့နောက်မှသာ ဘုရားသခင်ရှေ့ ရောက်ပြီး၊ ကျွန်မ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ကြည့်သည်။ “ငါ့အလုပ်မှာ တစ်ခုမှ မအောင်မြင်သေးဘဲ၊ ဘာဖြစ်လို့ အမြဲတမ်း ပင်ပင်ပန်းပန်း လုပ်နေရတာပဲ။ ညီအစ်ကိုမောင်နှမတွေက ဘာဖြစ်လို့ ငါ့ကို ချုပ်ချယ်တယ်ဆိုပြီး အမြဲတမ်း ပြောကြတာလဲ။ တွဲဖက်အကျိုးဆောင်တွေ ပြောသလို ငါက တကယ်ပဲ လူတွေကို ဒေါသနဲ့ ကိုင်တွယ်ဖြေရှင်းနေတာမျိုးလား။ ဒါပေမဲ့ ငါက မာမာထန်ထန်ပဲ ပြောတယ်ဆိုတာ၊ အသင်းတော်ရဲ့အလုပ် ကောင်းကောင်းမွန်မွန် ပြီးသွားအောင်လို့ပါ။ ငါက မပြောဘူးဆိုရင်၊ ဒီပြဿနာတွေ ဘယ်လောက် စိုးရိမ်ရတယ်ဆိုတာ ညီအစ်ကို မောင်နှမတွေက နားလည်ပါ့မလား။” ဤစိတ်ဆင်းရဲမှုကြားမှပင် ကျွန်မက မိမိကိုယ်ကိုယ် မှန်သည်ဟု ရှင်းချက်ထုတ်နေခဲ့သည်။ ကျွန်မက တကယ်ကို ဒုက္ခများခဲ့သည်။

ဆုတောင်းပြီးသည့်နောက်၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်မိသည်၊ “အသင်းတော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့်၊ သင်တို့သည် ဘုရားသခင်ရွေးချယ်ထားသော လူတို့ကို သမ္မာတရား၏ စစ်မှန်မှုထဲသို့ ခေါ်ဆောင်လိုပြီး ဘုရားသခင်၏ သက်သေခံများအဖြစ် အစေခံလိုပါက၊ အရေးကြီးဆုံးအနေဖြင့် သင်သည် လူတို့ကို ကယ်တင်ရာ၌ ဘုရားသခင်၏ ရည်မှန်းချက်နှင့် သူ့အလုပ်၏ ရည်ရွယ်ချက်တို့အပေါ် ပို၍နက်နဲသော သိနားလည်ခြင်း ရှိရမည်။ ဘုရားသခင်၏ အလိုတော်နှင့် လူတို့အပေါ် သူ၏ အမျိုးမျိုးသော သတ်မှတ်ချက်များကို သင်နားလည်ရမည်။ သင်၏ ကြိုးစားအားထုတ်မှုများ၌ လက်တွေ့ကျရမည်။ သင်နားလည်သမျှလောက်ကိုသာ လက်တွေ့လုပ်ဆောင်ပြီး သင်သိထားသည့်အရာအပေါ်၌သာ မိတ်သဟာယပြုလော့။ မကြွားဝါနှင့်၊ ပုံကြီးမချဲ့နှင့်၊ ပြီးလျှင် တာဝန်မဲ့သော မှတ်ချက်များကို မပြောလေနှင့်။ အကယ်၍ သင်သည် ပုံကြီးချဲ့ပြောလျှင် လူတို့က သင့်ကို မုန်းတီးလိမ့်မည်ဖြစ်၍ ထို့နောက်တွင် အပြစ်တင်ခံရလိမ့်မည်။ ဤသည်မှာ အလွန်တရာပင် မသင့်လျော်ပါပေ။ အခြားသူများကို သင် သမ္မာတရား ထောက်ပံ့ပေးသည့်အခါ သင်သည် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းဖို့နှင့် သမ္မာတရားကို ၎င်းတို့ ရရှိဖို့အတွက် ဆူပူကြိမ်းမောင်းစရာ သေချာပေါက် မလိုပါပေ။ သင်ကိုယ်တိုင်က သမ္မာတရားမရှိဘဲ အခြားသူများကို ကိုင်တွယ်ဖြေရှင်းပြီး ဆူပူကြိမ်းမောင်းပါက ၎င်းတို့ သင့်ကို ကြောက်လန့်မည် ဖြစ်သော်လည်း ယင်းက သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု မဆိုလိုပေ။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့၌မူ သင့်အနေဖြင့် အခြားသူများကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ဖို့နှင့် သူတို့ကို အတိုင်းအတာတစ်ခုအထိ ဆုံးမပဲ့ပြင်ဖို့မှာ သင့်အတွက် အဆင်ပြေသည်။ သို့သော် သင်သည် သမ္မာတရားကို မထောက်ပံ့ပေးနိုင်ဘဲ မည်ကဲ့သို့ ခြယ်လှယ်လွန်းပြီး အခြားသူများကို အပြစ်ဆိုရမည်ကိုသာ သိနားလည်ပါက သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အကျည်းတန်ခြင်းတို့ ဖော်ထုတ်ခံရလိမ့်မည် ဖြစ်သည်။ အချိန်ကုန်လွန်သည်နှင့်အမျှ လူတို့သည် သင့်ထံမှ အသက်တာ ထောက်ပံ့ပေးခြင်း သို့မဟုတ် လက်တွေ့ကျသော အရာများကို မရရှိနိုင်ပါက ၎င်းတို့သည် သင့်ကို မုန်းတီးလာပြီး သင့်အားဖြင့် စက်ဆုပ်ရွံရှာမှုကို ခံစားလာရလိမ့်မည်။ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူတို့သည် သင့်ထံမှ အပျက်သဘောဆောင်သော အရာများကို သင်ယူကြလိမ့်မည်။ အခြားသူများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပြုပြင်ရန်၊ စိတ်ဆိုးရန်နှင့် ၎င်းတို့၏ ဒေါသထွက်ရန်အတွက် သင်ယူကြလိမ့်မည်။ ယင်းမှာ ပေါလု၏လမ်းကြောင်းပေါ်နှင့် ထာဝရအပြစ်ဒဏ်ခံရမည့် လမ်းကြောင်းပေါ်သို့ အခြားသူများကို ခေါ်ဆောင်ခြင်းသဘော သက်ရောက်သည်မဟုတ်လော။ ယင်းမှာ ဒုစရိုက်အမှုပြုခြင်းတစ်ခု မဟုတ်သလော။ သင်၏အလုပ်က အခြားသူများအတွက် သမ္မာတရားကို မိတ်သဟာယပြုခြင်းနှင့် အသက်ကို ထောက်ပံ့ပေးခြင်းအပေါ် အာရုံစိုက်သင့်သည်။ အကယ်၍ သင်ပြုလုပ်သမျှမှာ အခြားသူများကို ကျိုးကြောင်းမမြင်ဘဲ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် သြဝါဒပေးခြင်းဖြစ်ပါက ၎င်းတို့သည် သမ္မာတရားကို မည်သို့ နားလည်ကြလိမ့်မည်နည်း။ အချိန်ကုန်လွန်သည်နှင့်အမျှ လူတို့က သင် အမှန်တကယ်မည်သူဖြစ်သည်ကို မြင်တွေ့လိမ့်မည်ဖြစ်ပြီး သင့်ကို စွန့်ခွာကြလိမ့်မည်။ သင်သည် ဤနည်းဖြင့် အခြားသူများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ရန် အဘယ်သို့ မျှော်မှန်းနိုင်သနည်း။ ဤအရာက အမှုကို မည်သို့ လုပ်ဆောင်ပေးနေသနည်း။ ဤနည်းအတိုင်း သင် ဆက်လက်လုပ်ဆောင်နေပါက လူတိုင်းကို ဆုံးရှုံးရလိမ့်မည်။ ထို့အပြင် မည်သည့်အမှုကို ပြီးမြောက်အောင်မြင်ရန် သင်မျှော်လင့်သနည်း။ အချို့သောခေါင်းဆောင်များသည် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မိတ်သဟာယပြုနိုင်စွမ်း မရှိကြပေ။ ထို့အစား ၎င်းတို့က အခြားသူများကို ကျိုးကြောင်းမမြင်ဘဲလျက်နှင့် ကိုင်တွယ်ဖြေရှင်းကာ အခြားသူများက ၎င်းတို့ကို ကြောက်လန့်ပြီး နာခံလာရန်အတွက် မိမိတို့၏ သြဇာအာဏာကို ကြွားလုံးထုတ်ကြသည်- ထိုကဲ့သို့သော လူတို့သည် အတုအယောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များနှင့်သာ စပ်ဆိုင်လေသည်။ မိမိတို့၏ စိတ်သဘောထား ပြောင်းလဲထားခြင်း မရှိသောသူတို့သည် အသင်းတော်အလုပ်ကို ထမ်းဆောင်နိုင်စွမ်း မရှိသည့်အပြင် ဘုရားသခင်ကို အစေမခံနိုင်ကြပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏ လက်တွေ့အရှိတရား ရှိသူများသာလျှင် ဦးဆောင်လမ်းပြနိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏အခြေအနေကို အတိအကျ ဖော်ထုတ်ပြလိုက်သည်။ ယင်းက ကျွန်မ၏တာဝန်ကို လုပ်နေခဲ့သည့်ပုံစံ အတိအကျဖြစ်လေသည်။ ပြဿနာများ ကိုင်တွယ်ဖို့ သမ္မာတရားနှင့် မိတ်သဟာယပြုပေးခြင်းအပေါ် အာရုံမစိုက်ဘဲ၊ ကျွန်မက အခြားသူများကို ဒေါသတကြီးဖြင့် ကိုင်တွယ်ဖြေရှင်းသည်၊ ဆူပူကြိမ်းမောင်းပြီး အပြစ်တင်သည်။ အကျိုးဆက်အနေဖြင့် သူတို့က ချုပ်ချယ်ခံရသကဲ့သို့ဖြစ်ပြီး ကြောက်သွားကြသည်၊ ပြီးလျှင် ကျွန်မကို ရှောင်ကြသည်။ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအတွင်း၌ ကျွန်မက နေထိုင်နေခဲ့သောကြောင့်၊ ဘုရားသခင်က ကျွန်မကို စက်ဆုပ်စေခြင်းလည်း ဖြစ်စေခဲ့သည်။ ကျွန်မက သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ဆုံးရှုံးပြီး၊ အမှောင်ထဲသို့ နစ်မြှုပ်ခဲ့သည်။ ထိုအချိန်များကို ပြန်စဉ်းစားကြည့်သည့်အခါ၊ ကျွန်မက ညီအစ်ကိုမောင်နှမများ၏ တာဝန်များမှာ ပြဿနာများ တွေ့သည့်အခါ၊ သတ်သတ်မှတ်မှတ် မိတ်သဟာယပြုပေးဖို့အတွက် သမ္မာတရားကို ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုဖြစ်စေ ရှာဖွေခဲ့သည်၊ ပြီးလျှင် ကျွန်မက သူတို့ကို လက်တွေ့လုပ်ဆောင်သည့်လမ်းသို့ အမှန်တကယ် ညွှန်ပြနေခြင်း မဟုတ်ပါ။ သူတို့ကို ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထားနှင့် အပြစ်ရှာပြီး ဝေဖန်နေခြင်းဖြစ်သည်။ ကျွန်မကြောင့် သူတို့ ချုပ်ချယ်ခံရသကဲ့သို့ ခံစားရသည်ကို မြင်သည့်အခါ၊ ကျွန်မက မိမိကိုယ်ကိုယ် ပြန်လည်မဆင်ခြင်သေးပါ။ ကျွန်မက ကျွန်မ၏တာဝန်၌ တာဝန်သိခြင်း ဖြစ်သည်၊ ဘုရားသခင်အလိုတော်ကို အရေးထား‌နေခြင်း ဖြစ်ပြီး၊ လက်တွေ့ကျသည့် ပြဿနာများကို ဖြေရှင်းနေခြင်းဖြစ်သည်ဟု တွေးခဲ့သည်။ ဘုရားသခင်က လူများကို ဒေါသနှင့် တစ်ဖက်သတ် ကိုင်တွယ်မဖြေရှင်းဖို့၊ တွဲဖက်အကျိုးဆောင်များမှတစ်ဆင့် ကျွန်မကို သတိပေးခဲ့သော်လည်း၊ ကျွန်မက ယင်းကို လျစ်လျူရှုခဲ့သည်။ အကျိုးဆက်အနေနှင့် အချို့ညီအစ်ကိုမောင်နှမများက အပျက်သဘောဆောင် လာကြသည်။ သူတို့က ကျွန်မကို ကြောက်ပြီး ရှောင်ကြသည်။ အသင်းတော်၏အလုပ်ကလည်း အဆင်မပြေတော့ပါ။ ခေါင်းဆောင်များနှင့် အကျိုးဆောင်များက အဓိကအားဖြင့် သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းမှတစ်ဆင့် သူတို့၏အလုပ်ကို လုပ်ဆောင်ကြဖို့ကို ဘုရားသခင်က ရှင်းရှင်းလင်းလင်း သတ်မှတ်ထားသည်။ ညီအစ်ကိုမောင်နှမများက သူတို့၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် သူတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့်သက်ဆိုင်သည့် အမှန်တရားတို့ကို သတိမပြုမိသေးမီ၊ သမ္မာတရားကို နားလည်ကြရမည် ဖြစ်သည်၊ ထို့နောက်မှသာ သူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့နှင့် သူတို့၏တာဝန်များကို ကောင်းစွာ လုပ်ဆောင်ဖို့ တွန်းအားရကြသည်။ သို့ရာတွင် ကျွန်မကမူ ကျွန်မအလုပ်မှာ ခပ်ကြမ်းကြမ်း လုပ်ရမည်၊ ပြဿနာများ တွေ့ပြီဆိုပါက၊ သူတို့ကို မညှာမတာ ကြိမ်းမောင်းပြီး အပြစ်ပြောရမည်၊ ပြီးလျှင် သူတို့၏ပြဿနာများကို မြင်ပြီး ပြင်ကြဖို့ ထိုတစ်နည်းပဲရှိသည်ဟု ကျွန်မ ထင်ခဲ့သည်။ ရလဒ်ကောင်းများ ထွက်ဖို့ ထိုတစ်နည်းပဲ ရှိသည်ဟု ကျွန်မ ထင်ခဲ့သည်။ ထိုရှုထောင့်က တကယ်ကို အဓိပ္ပာယ်မရှိသည်ကို ထို့နောက်မှသာ ကျွန်မ မြင်ခဲ့သည်။ ထိုနည်းလမ်းနှင့် အလုပ် လုပ်ခြင်းအားဖြင့်၊ ကျွန်မက မိမိ၏ရာထူးကို အခွင့်အရေး ယူနေခြင်းဖြစ်ပြီး လူများကို အထက်စီးမှ အပြစ်တင်ပြီး ချုပ်ချယ်နေခြင်း ဖြစ်သည်။ အခြားသူများ၏ပြဿနာများကို ကျွန်မက သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းဖြင့် မဖြေရှင်း ပေးခဲ့ပါ။ ခေါင်းဆောင်များသည် ညီအစ်ကိုမောင်နှမများ၏ ပြဿနာများကို ဖြေရှင်းပေးဖို့ သမ္မာတရားအပေါ် မိတ်သဟာယ ပြုရမည် ဖြစ်ကြောင်း၊ သူတို့က လူတိုင်းနှင့် တူညီသည့် အဆင့်အတန်း ရှိရမည်ဖြစ်ကြောင်း၊ သူတို့က လူများ၏ တကယ့် အခက်အခဲများကို အခြေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိတ်သဟာယ ပြုရမည်ဖြစ်ကြောင်း၊ ပြီးလျှင် အခြားသူများကို လမ်းပြကူညီပေးဖို့၊ သူတို့၏ကိုယ်ပိုင် အတွေ့အကြုံနှင့် နားလည်မှုများကို မိတ်သဟာယပြု ပေးရမည်ဖြစ်ကြောင်းတို့ကို ဘုရားသခင်က သတ်မှတ်ခဲ့သည်။ သူတို့က တစ်ယောက်ယောက်ကို ကိုင်တွယ်ဖြေရှင်းပါက သို့မဟုတ် ဖော်ထုတ်ပါက၊ ဘုရားသခင် သတ်မှတ်သည့်အရာကို လူများ နားလည်စေဖို့၊ သူတို့၏ ပြဿနာများ၊ သူတို့ပြဿနာများ၏ သဘာဝ၊ သူတို့ပြဿနာများ၏ အန္တရာယ်ရှိသော အကျိုးဆက်များကို သူတို့ရှင်းလင်းစွာ တွေ့မြင်နိုင်ဖို့နှင့် သမ္မာတရားနှင့်အညီ လုပ်ဆောင်ရမည့် အရာနှင့် ဘုရားသခင် သတ်မှတ်ထားသည့်အတိုင်း သူတို့၏တာဝန်ကို လုပ်ဆောင်ရမည့် နည်းလမ်းတို့ကို သူတို့ သိစေဖို့အလို့ငှာ၊ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုခြင်းကို အခြေခံရမည် ဖြစ်ပြီဂ၊ ၎င်းတို့အနေဖြင့် ပြဿနာတစ်ခု၏ အနှစ်သာရနှင့် အဓိကအချက်များကို သိသာအောင် လုပ်ရမည် ဖြစ်သည်။ သို့ရာတွင် ကျွန်မက ကျွန်မတာဝန်ကို ဘုရားသခင် သတ်မှတ်သည့်အတိုင်း မလုပ်ခဲ့ပါ။ တွဲဖက်အကျိုးဆောင်များ၏ သတိပေးချက်များကို ကျွန်မ နားမထောင်ခဲ့ပါ၊ ကျွန်မတာဝန်၌ ကျွန်မ၏ဆိုးယုတ်သည့် စိတ်သဘောထားကို အခြေခံပြီး လူများကို ဆူပူခြင်း၏ သဘာဝနှင့် အကျိုးဆက်များကို ပြန်လည်သုံးသပ်ခြင်း သာ၍ နည်းပါးခဲ့ပါသည်။ ကျွန်မက ယင်းကို သူတို့၏ ကောင်းကျိုးအတွက်ဖြစ်ပြီး အသင်းတော်အလုပ်အတွက် ဖြစ်သည်ဟု ပြောလျက်၊ မိမိကိုယ်ကိုယ် မှန်သည်ဟု ရှင်းချက်ထုတ်ခဲ့သည်။ ကျွန်မက မိမိ၏တာဝန်၌ လမ်းမှန်ပေါ် မရှိခဲ့ဘဲ၊ ကျွန်မက အခြားသူများကို လုံးဝ အကျိုးမပြုရုံမက၊ သူတို့ကို တကယ်တမ်းတွင် ကန့်သတ်နေမိခဲ့သည်။ သူတို့အားလုံး စိတ်ဆင်းရဲပြီး ချုပ်ချယ်ခံရသကဲ့သို့ ဖြစ်ခဲ့ကြသည်။ ကျွန်မက သူတို့ကို ဒုက္ခပေးခဲ့ခြင်း မဟုတ်ပါလား။ ကျွန်မက မကောင်းမှုလုပ်နေခြင်း ဖြစ်သည်။ ကျွန်မ၏ဆိုးယုတ်သည့် စိတ်သဘောထားကို အခြေခံပြီး ကျွန်မ၏တာဝန်ကို လုပ်ဆောင်ခြင်းသည် ထိုမျှ ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်လာလိမ့်မည်ဟု ကျွန်မ မည်သည့်အခါမျှ မတွေးမိပါ။ သူတို့များကို ထိုနည်းလမ်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းနှင့်၊ ဆူပူမိခြင်းတို့ကို ကျွန်မ တကယ် နောင်တရခဲ့သည်။ ဘုရားသခင် ရှေ့မှောက်ကို ကျွန်မ အမြန်သွားပြီး ဆုတောင်း ရှာဖွေကြည့်သည်၊ ပြီးလျှင် စဉ်းစားမိသည်။ မည်သည့်အရာကများ ကျွန်မအား မသိလိုက်ဘဲ မကောင်းမှုကို ကျူးလွန်မိစေသနည်း။

ထို့နောက်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲ၌ ဤစာပိုဒ်ကို ဖတ်မိသည်၊ “သင်သည် သင့်အတွင်း၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်း ဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ အကယ်၍ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင်၏အတွင်းတွင် တည်ရှိခဲ့ပါက၊ ဘုရားသခင်ကို ဖီဆန်ခြင်းမှ ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ထိုအရာကို ပြုမည်မဟုတ်၊ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ အဆုံးတွင် သင်သည် အကိုးကွယ်ခံရဖို့ရန် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို သမ္မာတရားများအဖြစ် ပြောင်းလဲလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ မကောင်းမှုလုပ်မိသည် ဇာစ်မြစ်ကို ထုတ်ဖော်ပြလိုက်ခြင်း ဖြစ်သည်။ ကျွန်မ၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်နေသည့် သဘာဝက ကျွန်မကို ထိန်းချုပ်နေခဲ့ခြင်း ဖြစ်သည်။ ကျွန်မ၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့် သဘာဝကြောင့်၊ ကျွန်မက အခြားသူများထက် ပို၍ တာဝန်သိသည်ဟု အမြဲတမ်း ယူဆသည်၊ ထို့ကြောင့် အခြားသူများအပေါ် ဆရာလုပ်သည်။ ညီအစ်ကိုမောင်နှမများ၏ အလုပ်မှာ အမှားများ၊ မျက်စိလျှမ်းသွားခြင်းများ ရှိပါက၊ သူတို့ကို ဆူပူဖို့နှင့် ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်မရာထူးကို သုံးလျက်၊ ကျွန်မက သူတို့ကို အထင်သေးမိသည်။ ကျွန်မမှာ နားလည်မှုမရှိခဲ့သကဲ့သို့၊ စာနာစိတ်လည်း မရှိခဲ့ပါ။ ဤမာနထောင်လွှားသည့် သဘာဝ၏ ထိန်းချုပ်ခံရခြင်းအားဖြင့်၊ ပြဿနာများကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းက လူများကို ခပ်ကြမ်းကြမ်း ကိုင်တွယ်ဖြေရှင်းဖို့သာ ဖြစ်သည်ဟု ထင်လျက်၊ မိမိကိုယ်ကိုယ်လည်း လုံးဝ ယုံကြည်မှုရှိနေသည်။ ကျွန်မ၏ အယူအဆများနှင့် စိတ်ကူးများကိုလည်း သမ္မာတရားအဖြစ် ပုံဖမ်းလိုက်သည်။ မိမိ အလုပ်လုပ်သည့်ပုံစံက ကျန်သည့်သူများကို ချုပ်ချယ်သကဲ့သို့ ဖြစ်နေမည်ကို မြင်သည့်အခါတွင်ပင်၊ ကျွန်မက မိမိ၏နည်းလမ်းများကို မပြောင်းလဲသေးဘဲ၊ ညီအစ်ကို မောင်နှမများ ပြောသည့်အရာကို နားထောင်ချင်စိတ် မရှိခဲ့ပါ။ တွဲဖက်အကျိုးဆောင်များက သတိပေးကြလျှင်ပင်၊ ကျွန်မက မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်း မရှိသေးပါ။ ကျွန်မက လေသံကို အနည်းငယ် မာမာသုံးမိခြင်းသာ ဖြစ်ပြီး သူတို့ကလည်း ကိုင်တွယ်ဖြေရှင်း ခံရသည်ကို မခံနိုင်ကြခြင်းဖြစ်သည်ဟု ကျွန်မက ထင်နေခဲ့သည်။ ကျွန်မက ညီအစ်ကိုမောင်နှမများကို ဒုက္ခပေးပြီး အသင်းတော်၏ အလုပ်ကိုလည်း နှောင့်နှေးစေလျက်၊ မာနထောင်လွှားသည့်၊ ဆိုးယုတ်သည့် စိတ်သဘောထားကို အခြေခံပြီး ကျွန်မတာဝန်ကို လုပ်ဆောင်နေခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်မ လုပ်ခဲ့သည့်အရာ အားလုံးက ဘုရားသခင်ကို ခုခံသည့် မကောင်းမှုများသာ ဖြစ်လေသည်။

နောက်ပိုင်းတွင် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်မိသည်၊ “သင်သည် သင်၏ သဘာဝ အလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကထဲ၌ အသက်ရှင်ခြင်းနှင့်ဆိုင်သည့် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်‌ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို လှည့်ဖြားသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျင့်စရိုက်နောက်လိုက်ပြီး မိမိတို့ကိုယ်တိုင်၏ အလိုဆန္ဒအတိုင်း ပြုမူကြပါက၊ အချိန်မရွေး စွန့်ပစ်ခြင်းခံရနိုင်သည့် အန္တရာယ် ရှိသည်။ အခြားသောသူများ၏ စိတ်နှလုံးများကို သိမ်းသွင်းရန်၊ ၎င်းတို့ကို ဩဝါဒပေးရန်နှင့် ထိန်းချုပ်ရန်၊ ပြီးလျှင် အထက်စီး၌နေရန်၊ ဘုရားသခင်အား အစေခံရာတွင် ရရှိထားသော ၎င်းတို့၏ နှစ်များစွာ အတွေ့အကြုံကို အသုံးချသောသူများ- ပြီးလျှင် မည်သည့်အခါမျှ နောင်တမရသောသူများ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မချသောသူများနှင့် ရာထူးနေရာ၏ အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သော သူများ- ဤလူများသည် ဘုရားသခင် ရှေ့မှောက်တွင် လဲကျကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ဝါရင့်မှုကြောင့် ရောင့်တက်ကာ၊ ၎င်းတို့၏ အရည်အချင်းများကို ကြွားလုံး ထုတ်ရင်း၊ ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို စုံလင်ခြင်းသို့ ရောက်စေလိမ့်မည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အမှုကို ဝင်ရောက်စွက်ဖက်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်) ဤနှုတ်ကပတ်တော်များက ကျွန်မကို နက်ရှိုင်းစွာ စိတ်ထိခိုက်စေပြီး ဘုရားသခင်၏ စိတ်သဘောထားက မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည်ကို ကျွန်မ သိသွားသည်။ ကျွန်မ၏ ယုံကြည်ခြင်းနှစ်များတွင် ကျွန်မက သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေဖို့ အာရုံမစိုက်ခဲ့ဘဲ၊ ကျွန်မ၏တာဝန်ကို မိမိ၏နည်းလမ်းဖြင့် လုပ်ဆောင်နေခဲ့ခြင်းသာ ဖြစ်သည်။ ကျွန်မက မိမိ၏မာနထောင်လွှားသည့် စိတ်သဘောထားနှင့် ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပြီး၊ လူများကို မိမိ၏ ရာထူးအာဏာနှင့် ဆူပူပြီး ဘောင်ခတ်သည်၊ ပြီးလျှင် နောက်ဆုံး၌ ညီအစ်ကိုမောင်နှမများကို ချုပ်ချယ်မိသည်။ သူတို့လည်း မွန်းကျပ်ပြီး နာကျင်ခဲ့ကြသည်။ ကျွန်မက သာမန်လူ့သဘာဝကို အလွန် ကင်းမဲ့ခဲ့ခြင်း ဖြစ်သည်။ ကျွန်မက ညီအစ်ကို မောင်နှမများ၏ လက်တွေ့ပြဿနာများကို ဖြေရှင်းပေးဖို့ ပျက်ကွက်ခဲ့ရုံသာမက၊ သူတို့၏အသက်ဝင်ရောက်မှုကို နှောင့်ယှက်မိခဲ့ပြီး အသင်းတော်အလုပ်ကိုလည်း နှောင့်နှေးစေခဲ့သည်။ ယင်းက မည်သို့များ ကျွန်မ၏တာဝန်ကို လုပ်နေခြင်း ဖြစ်သနည်း။ ကျွန်မက စာတန်၏လက်ပါးစေအဖြစ် ပြုမူခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလား။ ကျွန်မ၏ ရည်ရွယ်ချက်များက မှန်သည်၊ ကျွန်မက အသင်းတော်၏အလုပ်ကို အလေးထားသည်ဟု အမြဲတမ်း ထင်ခဲ့ဖူးသည်၊ သို့ရာတွင် စိတ်ထက်သန်မှု အနည်းငယ်သာ ရှိခြင်းနှင့်၊ အယူဝါဒ အနည်းငယ် သိခြင်းတို့က ကျွန်မတာဝန်ဖြင့် ဘုရားသခင် ကျေနပ်စေဖို့ မလုံလောက်သည်ကို ကျွန်မ မြင်သွားသည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့ကို လက်မခံဘဲ၊ ကျွန်မ၏ ဆိုးယုတ်သည့် စိတ်သဘောထားက ပြောင်းလဲနိုင်မည်မဟုတ်ပါ၊ သို့ဆိုလျှင် ကျွန်မ၏အလုပ်ကလည်း ဘုရားသခင်အလိုတော်နှင့် ကိုက်ညမည် မဟုတ်ပါ။ ကျွန်မက မကောင်းမှုများသာ လုပ်မိပြီး၊ ဘုရားသခင်ကို အလိုလို ခုခံနေမိလိမ့်မည်။ သုတ်သင်ဖယ်ရှင်းခြင်း ခံခဲ့ရသည့် ခေါင်းဆောင် အတုအယောင်များ၊ အန္တိခရစ်များ အကြောင်းကို ကျွန်မ စဉ်းစားကြည့်သည်။ သူတို့က ဘုရားသခင်နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်မခံသကဲ့သို့၊ သမ္မာတရားကိုလည်း လက်တွေ့မလုပ်ဆောင်ခဲ့ဘဲ၊ မာနထောင်လွှားလွန်းသည့်၊ စိတ်ကြီးဝင်ပြီး မောက်မာလွန်းသည့် သူတို့၏ ဆိုးယုတ်သော စိတ်သဘောထားများနှင့်သာ သူတို့အလုပ်ကို လုပ်ခဲ့ကြသည်၊ အာဏာရှင်ဆန်ဆန်နှင့် အထက်စီးကနေ ဆက်ဆံရင်း၊ လူများကို တစ်ဖက်သတ် ကိုင်တွယ်ဖြေရှင်းပြီး ဆူပူခဲ့ကြသည်။ အခြားသူများအပေါ် သူတို့၏သက်ရောက်မှုက ထိခိုက်နစ်နာစေခြင်းများသာ ဖြစ်ပြီး၊ သူတို့က အသင်းတော်၏ အလုပ်ကို ဖျက်ဆီး၊ နှောင့်ယှက်ခြင်းများသာ လုပ်ခဲ့ကြသည်။ သူတို့၏လုပ်ဆောင်ချက်သည် မကောင်းမှုလုပ်ခြင်းများ၊ ဘုရားသခင်ကို ခုခံခြင်းများသာ ဖြစ်သည်။ သခင်ယေရှု ပြောခဲ့သကဲ့သို့ဖြစ်သည်၊ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) ဤသည်က ကျွန်မကို အနည်းငယ် ကြောက်သွားစေသည်။ ကျွန်မက မိမိ၏ဆိုးယုတ်သည့် စိတ်သဘောထားကို အားကိုးပြီး ကျွန်မတာဝန်ကို ဆက်လုပ်နေလျှင်၊ အသင်းတော်၏အလုပ်ကိုသာ နှောင့်ယှက်မိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်ကို ခုခံခဲ့သည့် ဒုစရိုက်ကိုပြုသော အခြားသူများကဲ့သို့ပင် ဘုရားသခင်၏ စီရင်ခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းတို့ကို ခံရလိမ့်မည် ဖြစ်သည်။ ထို့နောက်တွင် အသင်းတော်အသက်တာနှင့် ကျွန်မ၏တာဝန်တို့က အချည်းနှီး ဖြစ်နေသည်မှာ ဘုရားသခင်က ကျွန်မကို ဖော်ထုတ်နေခြင်း ဖြစ်ကြောင်းနှင့်၊ ကျွန်မက မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့နှင့် နောင်တရဖို့အတွက်၊ ဘုရားသခင်၏ ရှေ့မှောက်သို့ လာသင့်ကြောင်းတို့ကို ကျွန်မ သဘောပေါက် သွားခဲ့သည်။ ကျွန်မသည် အလွန် မာနထောင်လွှားပြီး ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ဖော်ထုတ်မှုအပြင်၊ အချက်အလက်များနှင့် ထုတ်ဖော်ပြခြင်းများ မရှိခဲ့ပါက၊ ကျွန်မ မည်သည့်အခါမျှ နာခံနိုင်ခဲ့မည် မဟုတ်ပါ။ ကျွန်မတာဝန်ကို ဆိုးယုတ်သည့် စိတ်သဘောထားနှင့် လုပ်ခြင်း၏ ကြောက်စရာကောင်းသည့် အကျိုးဆက်များကိုလည်း ကျွန်မ မည်သည့်အခါမျှ မြင်ခဲ့မိမည် မဟုတ်ပါ။ ထိုအချိန်တွင်ပင် ကျွန်မ တကယ်ကို တို့ထိခြင်းခံရပြီး ထိုအတိုင်း ဆက်သွား၍မဖြစ်သည်ကို ခံစားလိုက်ရသည်။ ကျွန်မ၏ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေမှဖြစ်မည်။

ထို့နောက် ဘုရားသခင်နှုတ်ကပတ်တော်များထဲ၌ ဤသည်ကို ကျွန်မ ဖတ်ရသည်၊ “ပြဿနာတစ်ခု သင့်အပေါ် ကျရောက်သောအခါ၊ သင့်အနေဖြင့် ခေါင်းအေးအေးထားကာ မှန်ကန်သော ချဉ်းကပ်မှုရှိရမည်ဖြစ်ပြီး၊ ရွေးချယ်မှုတစ်ခုကို သင် ပြုလုပ်ရမည်။ ပြဿနာကို ဖြေရှင်းရန်သမ္မာတရားကို အသုံးပြုဖို့ သင် သင်ယူသင့်သည်။ ပုံမှန်အချိန်များတွင်၊ သမ္မာတရား အချို့ကို နားလည်ခြင်းသည် အဘယ်အသုံးဝင်သနည်း။ ယင်းမှာ သင်၏ ဝမ်းကို ပြည့်စေရန်မဟုတ်ပေ၊ ပြီးလျှင် ယင်းသည် သင့်ကို တစ်စုံတစ်ရာ ပြောစေရန်မျှမဟုတ်သကဲ့သို့၊ အခြားသူများ၏ ပြဿနာများကို ဖြေရှင်းရန်လည်း မဟုတ်ပေ။ သာ၍ အရေးကြီးသည်မှာ၊ ယင်း၏ အသုံးဝင်မှုသည် သင်ကိုယ်တိုင် ပြဿနာများ၊ သင်ကိုယ်တိုင်၏ အခက်အခဲများကို ဖြေရှင်းရန် ဖြစ်ပြီး- သင်ကိုယ်တိုင်၏ အခက်အခဲများကို သင် ဖြေရှင်းပြီးမှသာ၊ အခြားသူများ၏ အခက်အခဲများကို သင် ဖြေရှင်းနိုင်ပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်ဇဝေဇဝါဖြစ်နေသောလူများကို မကယ်တင်နိုင်ပေ”)သင်မိတ်သဟာယဖွဲ့သည့် လူတို့အပေါ် သိနားလည်မှုတစ်ခု သင်၌ ရှိရမည်ဖြစ်ပြီး အသက်တာထဲက ဝိညာဉ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သင် မိတ်သဟာယဖွဲ့ရမည်။ ထိုအခါမှသာ၊ သင်သည် အခြားသူတို့အား အသက်ကို ထောက်ပံ့ပေးနိုင်ကာ ၎င်းတို့၏ ချို့ယွင်းချက်များကို ဖာထေးပေးနိုင်မည်ဖြစ်သည်။ ၎င်းတို့ကို ဩဝါဒပေးသည့် လေသံဖြင့် မပြောဆိုသင့်ပေ။ ယင်းသည် အခြေခံအားဖြင့် မှားယွင်းသော အနေအထားဖြစ်သည်။ မိတ်သဟာယဖွဲ့ရာတွင်၊ သင်သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို သိနားလည်မှု ရှိရမည့်အပြင် ဉာဏ်ပညာ ပိုင်ဆိုင်ရမည်ဖြစ်ပြီး လူတို့၏နှလုံးသားများထဲတွင် မည်သည့်အရာ ရှိသည်ကို သင်နားလည်နိုင်ရမည်။ အကယ်၍ သင်သည် အခြားသူများကို အစေခံဖို့ဖြစ်ပါက၊ သင်သည် မှန်ကန်သော လူစားမျိုး ဖြစ်ရမည်ဖြစ်ပြီး သင်၌ ရှိသမျှဖြင့် မိတ်သဟာယဖွဲ့ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) အခြားလူများ၏ ပြဿနာများကို ဖြေရှင်းပေးဖို့၊ ကျွန်မတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဦးစွာ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရမည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ကျွန်မ နားလည်သွားသည်။ ကျွန်မတို့က သမ္မာတရားကို ရှာဖွေပြီး၊ ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းရမည်။ ယင်းက အရေးကြီးဆုံး ဖြစ်သည်။ ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ခွဲခြားသိမြင်တတ်ဖို့ အရေးကြီးသောကြောင့်၊ အခြားတစ်ယောက်ယောက်က ထိုကဲ့သို့ ဖောက်ပြန်ပျက်စီးမှုမျိုး ထုတ်ဖော်ပြပါက၊ ကျွန်မတို့က သူတို့ကို လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ပြပေးဖို့ မည်သို့ကူညီရမည်၊ ကျွန်မတို့၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် နားလည်မှုကို မည်သို့ မိတ်သဟာယ ပြုပေးရမည်တို့ကို ကျွန်မတို့ သိကြလိမ့်မည်။ ကျွန်မတို့က အခြားသူများကိုလည်း မှန်ကန်စွာ ချဉ်းကပ်နိုင်လာလိမ့်မည် ဖြစ်ပြီး၊ အခြားသူများထံ၌ မြင်ရသည့် ဖောက်ပြန်ပျက်စီးမှုက ကျွန်မတို့ထံ၌ ရှိကြောင်း၊ အားလုံးက လုံးလုံး အတူတူသာ ဖြစ်ကြောင်းတို့ကို မြင်လာလိမ့်မည်။ ထို့နောက်တွင် ကျွန်မတို့သည် အခြားသူများထက် သာသည်ကို မတွေးမိတော့ဘဲ၊ ကျွန်မတို့က တန်းတူရည်တူ မိတ်သဟာယပြုနိုင်သည်။ ယင်းကသာ အခြားသူများကို အကျိုးရှိစေသည့် တစ်ခုတည်းသော မိတ်သဟာယပြုနည်း ဖြစ်သည်။ သို့ရာတွင် ကျွန်မက ထိုအစား မည်သည့်အရာကို လုပ်နေမိသနည်း။ ကျွန်မက မိမိ၏ ကိုယ်ပိုင်ဝင်ရောက်မှုအတွက် အာရုံမစိုက်ခဲ့သကဲ့သို့၊ ကျွန်မ၏ တာဝန်ရှိ ပြဿနာများကိုလည်း ပြန်လည်မသုံးသပ်ခဲ့ပါ။ ထိုအစား ကျွန်မကသာ ဖောက်ပြန်ပျက်စီးမှု ကင်းသည့်အလား၊ အလုပ်အတွက်သာ လုပ်နေခဲ့ခြင်းဖြစ်သည်။ အခြားလူများ၏ ပြဿနာများကို ပြင်ပေးဖို့အတွက် အာရုံနစ်မြုပ်နေပြီး၊ ကျွန်မ မိတ်သဟာယက အထောက်အကူမဖြစ်သည့်အခါ၊ ကျွန်မက သူတို့ကို အထက်စီးက ဆူပူခဲ့သည်။ ကျွန်မက လူသားပုံသဏ္ဌာန်တစ်ခုနှင့် အသက်ရှင်နေထိုင်ခဲ့ခြင်း မဟုတ်ပါ။ ကျွန်မက နတ်ဆိုးတစ်ယောက်ကဲ့သို့ ဖြစ်ခဲ့သည်။ ကျွန်မက ဘုရားသခင်အတွက် ရွံရှာစရာနှင့် မုန်းတီးစရာဖြစ်ခဲ့ပြီး အခြားသူများအတွက် မနှစ်မြို့စရာဖြစ်ခဲ့သည်။ တကယ်တမ်းတွင် ထိုညီအစ်ကိုမောင်နှမများက သူတို့၏တာဝန်ကို ကောင်းစွာ လုပ်ဆောင်ချင်ခဲ့ကြသော်လည်း၊ ၎င်းတို့က အခြေခံသဘောတရားများကို အပြည့်အဝ နားမလည်ကြသောကြောင့်၊ မည်သို့လုပ်ရမည်ကို သူတို့ မသိခဲ့ကြခြင်း ဖြစ်သည်။ အလုပ်ထဲ၌ အမှားများ သို့မဟုတ် ထိမ်ချန်ခြင်းများ ရှိသည့်အခါ၊ ကျွန်မတို့က သမ္မာတရားကို အတူတကွ ရှာဖွေနိုင်ဖို့နှင့် အကြောင်းကိစ္စများကို ဖြေရှင်းနိုင်ကြဖို့အလို့ငှာ၊ ကျွန်မတို့က နားလည်ပြီး ခွင့်လွှတ်ပေးသင့်သည်၊ ပို၍ အပြုသဘောဆောင်သည့် နည်းလမ်းနှင့် လမ်းပြကူညီပေးသင့်သည်။ သူတို့၏တာဝန်များ၌ တမင်ပျက်ကွက်သည့် လူများကိုသာ ကျွန်မတို့က ဆုံးမပြီး သတိပေးသင့်သည်။ ကျွန်မတို့က အခြေအနေတိုင်းအတွက် တူညီသော ချဉ်းကပ်မှုကိုသာ မသုံးသင့်ပါ။ ဤသည်ကို နားလည်သွားခြင်းက ကျွန်မကို အားတက်စေပြီး ထိုအချိန်ကစ၍ ကျွန်မ၏တာဝန်ကို မည်သို့လုပ်သင့်သည်ကို ကျွန်မ သိသွားသည်။

ထိုနောက် သိပ်မကြာမီတွင် အစွမ်းအစကောင်း ရှိပြီး သမ္မာတရားကိုလည်း တကယ်နားလည်သည့်အပြင်၊ လက်တွေ့ပြဿနာများကိုလည်း သမ္မာတရားနှင့် မိတ်သဟာယ ပြုပြီး ဖြေရှင်းပေးနိုင်သည့် အဖွဲ့ခေါင်းဆောင် တစ်ယောက် ရှိသည်ကို ကျွန်မ ကြားခဲ့သည်၊ သို့ရာတွင် သူက ပြဿနာများ၊ အခက်အခဲများနှင့် ရင်ဆိုင်ရာ၌ စိတ်ဓာတ်ကျပြီး နောက်ဆုတ်နေပြီ ဖြစ်သည်။ ဤအကြောင်းကို ကျွန်မ ကြားကြားချင်း သူမ၏ တာဝန်ကို လေးလေးနက်နက် သဘောမထားဘဲ၊ သူမကို ကျွန်မ ခပ်ကြမ်းကြမ်း ကိုင်တွယ်ဖြေရှင်းရမည်ဟု စဉ်းစားလျက်၊ နေမထိထိုင်မထိ ဖြစ်သွားခဲ့သည်။ သို့ရာတွင် ကျွန်မက ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထားနှင့် မဆင်မခြင် လုပ်နေပြန်ပြီဖြစ်သည်ကို ရုတ်တရက် နားလည်သွားသည်။ ကျွန်မက ဘုရားသခင်ကို အမြန် ဆုတောင်းလိုက်ပြီး ဤတစ်ကြိမ်တွင် သူ၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ထို့နောက်တွင် ကျွန်မက ထိုအဖွဲ့ခေါင်းဆောင်၏ အခြေအနေနှင့် အခက်အခဲများကို နားလည်နိုင်ဖို့အလို့ငှာ၊ သူမကို သွားတွေ့ပြီး သူမနှင့် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သည်။ ကျွန်မ၏ မိတ်သဟာယ၌ ဘုရားသခင်ထံမှ သင့်တော်သည့် နှုတ်ကပတ်တော်များကို ရှာပြီး ကျွန်မ၏ ကိုယ်ပိုင် အတွေ့အကြုံများကို အသုံးပြုခဲ့သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူမက စိတ်ရောကိုယ်ပါ မမြှုပ်နှံမိသည်ကို နားလည်သွားပြီး သူမ ပြောင်းလဲချင်ခဲ့သည်။ ကျွန်မ၏ညီမက သူမကိုယ်သူမ ပြန်လည်သုံးသပ်နိုင်ပြီး ပြောင်းလဲဖို့ ဆန္ဒရှိလာသည်ကို မြင်ရသည်မှာ ကျွန်မ တကယ်ကို တို့ထိခြင်းခံရလေသည်။ အသင်းတော်ခေါင်းဆောင် တစ်ယောက်က အခြားသူများကို အမှန်တကယ် တည်ဆောက် ပေးဖို့အတွက် သမ္မာတရားနှင့် မိတ်သဟာယပြုခြင်းကိုသာ အာရုံစိုက်ရမည်ဖြစ်သည်ကို ကျွန်မ တကယ် နားလည်သွားသည်။ ယင်းကသာ လူများ၏ အသက်များကို အကျိုးပြုသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အတွက် ကျွန်မ၏ အနစ်နာခံခြင်းများထဲက ရောထွေးခြင်းများ

ကျန်းဖင် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ ဧပြီလက တစ်ရက်မှာ၊ နောက်ကျောညာဘက်ခြမ်းမှာ တော်တော်နာတာကို ရုတ်တရက် ခံစားရတယ်။ တစ်နည်းနည်းနဲ့...

ကယ်တင်ခံရဖို့ သင်ရိုးသားလာရမည်

အိုက်ကွမ်း ပြင်သစ်နိုင်ငံ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ပြင်သစ် လူသစ်အသင်းတော်သို့ ယုံကြည်သူသစ်များကို ရေလောင်းပေးဖို့ ကျွန်မလာခဲ့သည်။...

လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ခြင်း၏ ခါးသီးမှု

ဂျူချူံး ဂရိနိုင်ငံ ပြီးခဲ့တဲ့နှစ်က၊ လမ်းပေါ်မှာ ကျွန်တော်နဲ့ ဧဝံဂေလိအတူဟောခဲ့တဲ့ အစ်ကိုစင်း အထုတ်ခံခဲ့ရတယ်။ အဲဒီအကြောင်း သူ့ကို မေးတော့၊...

လူလည်ကျပြီး လှည့်စားတတ်ခြင်းမှ ရရှိခဲ့သည့် နာကျင်စရာ သင်ခန်းစာ

အန်းန အီတာလီ ၂၀၂၀မှာ ကျွန်မက အသင်းတော်မှာ ဒီဇိုင်းအလုပ်လုပ်တယ်။ အဓိကက ပုံကြမ်းဆွဲတာပေါ့။ အချိန်နည်းနည်းကြာတော့ ပုံကြမ်းဆွဲရတာက...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
​ဘောင်အပြည့်ချဲ့ကြည့်မည်
​ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်