ဆုတ်ဆိုင်းမှုမှ သင်ယူခဲ့ရသည့်အရာ

12.03.2023

စွတ်ဖန့် ကိုးရီးယားနိုင်ငံ

၂၀၁၄ မှာ ကျွန်တော်က အသင်းတော်အတွက် ဗီဒီယိုထုတ်လုပ်သူအဖြစ် လေ့ကျင့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဗီဒီယိုအသစ်တစ်ခုကို ထုတ်လုပ်ရေးစလုပ်တယ်။ ပြင်ဆင်တဲ့အဆင့်မှာ ကျွန်တော် သိပ်မရင်းနှီးတဲ့ အလုပ်တွေ၊ နည်းပညာတွေနည်းနည်းရှိနေတယ်။ အခက်အခဲတွေ ရှိတဲ့အခါမှာ ကျွန်တော်က စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး သူများတွေနဲ့ မိတ်သဟာယဖွဲ့တယ်။ ဖြေရှင်းချက်တွေ ရှာတယ်။ အချိန်နည်းနည်းကြာတော့ တဖြည်းဖြည်းနဲ့ ဒီနည်းပညာတွေကို ပိုရင်းနှီးလာပြီး ကျွမ်းကျင်လာတယ်။ သူများတွေက အခက်အခဲတွေ ကြုံရတဲ့အခါ သူတို့အားလုံးက ကျွန်တော်နဲ့ လာဆွေးနွေးကြတယ်။ နောက်ပိုင်းမှာ ကျွန်တော်က အဖွဲ့ခေါင်းဆောင်အဖြစ် တင်မြှောက်ခံရတယ်။ အဖွဲ့ရဲ့ ပြဿနာတချို့ကို ဖြေရှင်းနိုင်ခဲ့တယ်။ ကျွန်တော်က ကိုယ့်အလုပ်မှာ တော်တော်ကျွမ်းကျင်တယ်လို့ ထင်တာပေါ့။ မဟုတ်ရင် ဘာလို့ အဖွဲ့ခေါင်းဆောင်အဖြစ် တင်မြှောက်ခံရမှာလဲပေါ့။ အဖွဲ့က အလုပ်အကြောင်း ဆွေးနွေးတဲ့အခါမှာ ကျွန်တော်က အမြဲတမ်း အဓိကနေရာကို ယူတယ်။ ဆွေးနွေးနေတုန်းမှာ ထင်မြင်ချက်မတူတာရှိရင် ကျွန်တော်က ကျွန်တော့်ရဲ့ အရင်က အလုပ်အတွေ့အကြုံကို အဖွဲ့ကို ဝေမျှတယ်။ ကျွန်တော့်အမြင်ကို ပံ့ပိုးပေးတာရှိတယ်ဆိုတာ လူတိုင်း သိအောင်ပေါ့။ အဆုံးမှာတော့ အမြဲတမ်း ကျွန်တော့်နည်းလမ်းအတိုင်းပဲ လုပ်ကြတယ်။

နောက်ပိုင်းမှာ အသင်းတော်က ကြီးကြပ်ရေးမှူးအသစ်နှစ်ယောက်ကို တင်မြှောက်လိုက်တယ်။ သူတို့တွေက အရင်က ကျွန်တော့်တွဲဖက်တွေဖြစ်တဲ့ ကလယ်ရာနဲ့ လီလီဖြစ်မှန်း တွေ့လိုက်ရတယ်။ ကျွန်တော် အံ့အားသင့်သွားတာပေါ့။ “သူတို့နှစ်ယောက်လုံးရဲ့ ကျွမ်းကျင်မှုက သာမန်ပါပဲ။ အတွေ့အကြုံသိပ်မရှိဘူး။ ကြီးကြပ်ရေးမှူးတစ်ယောက်ရဲ့ အလုပ်ကို ကိုင်တွယ်နိုင်ပါ့မလား။ ငါ့ ကျွမ်းကျင်မှုက သူတို့ထက် အများကြီးသာတယ်။ ဘယ်သူက ဘယ်သူ့အလုပ်ကို ညွှန်ကြားသင့်တာလဲ” ပေါ့။ နောက်တော့ ကြီးကြပ်ရေးမှူးတွေက ကျွန်တော်တို့အလုပ်ကို လိုက်စစ်တဲ့အခါမှာ ကျွန်တော်က အထင်သေးတယ်။ တစ်ခါတော့ ကလယ်ရာက ကျွန်တော့်ဆီ လာစကားပြောတယ်။ ကျွန်တော် တာဝန်ယူရတဲ့ အဖွဲ့က ဗီဒီယိုတစ်ခုက ပြဿနာနည်းနည်းရှိတယ်လို့ပြောပြီး သူက အပြောင်းအလဲနည်းနည်းလုပ်ဖို့ အကြံပေးတယ်။ ဒါကို ကြားတော့ ကျွန်တော် နည်းနည်းအောင့်သက်သက်ဖြစ်သွားပြီး စိတ်မရှည်ဘဲ ပြောလိုက်တယ်။ “အစ်မ တင်ပြတဲ့ အပြောင်းအလဲတွေက အလုပ်ဖြစ်မှာမဟုတ်ဘူး။ အစ်မတင်ပြတဲ့အတိုင်း လုပ်ရင် အစနဲ့အဆုံးက ကိုက်မှာမဟုတ်ဘူး။ ပြဿနာတွေ ထုတ်ပြတဲ့အခါ အဘက်ဘက်က အယူအဆတွေကို အရင် ကြည့်သင့်တယ်။ ဒီတစ်ပိုင်းထဲ မကြည့်သင့်ဘူး။ ဒီအလုပ်အကြောင်းကို ပိုသိအောင်လုပ်ပြီး ပိုပြီး ခဏခဏလေ့လာဖို့ လိုတယ်” ပေါ့။ အဲဒါနဲ့ ဒီအစ်မရဲ့ မျက်နှာက နီရဲသွားပြီး အရမ်းရှက်ပြီး စကားမပြောနိုင်ဘူး။ တခြားအစ်ကိုနှစ်ယောက်က ကျွန်တော့်အမြင်အတိုင်း လိုက်ပြောတယ်။ လူတိုင်းက ကျွန်တော်နဲ့ သဘောတူတာကို တွေ့ရတော့ ကျွန်တော် တော်တော်လေး ဘဝင်ခိုက်သွားတယ်။ “ကြည့်လေ။ အရင်က ငါတို့ တွေးတဲ့ပုံစံက မင်းထက်ကောင်းတယ်။ ဗီဒီယိုထုတ်လုပ်ရေးနဲ့ ပတ်သက်ရင် ငါ့ ကျွမ်းကျင်မှုတွေက မင်းတို့နှစ်ယောက်လုံးထက် သေချာပေါက် ပိုသာတယ်” ပေါ့။ အဲဒီနောက်တော့ ကျွန်တော် ထုတ်လုပ်တဲ့ ဗီဒီယိုတွေကို သူတို့က အကြံတွေပေးတဲ့အခါမှာ ကျွန်တော်က လက်ခံဖို့ ပိုပြီးတော့တောင် စိတ်မပါဘူး။ သူတို့ကို အထင်သေးပြီး စဉ်းစားတယ်။ “မင်းတို့ ကျွမ်းကျင်မှုတွေက ငါ့ထက် နိမ့်တယ်။ မင်းတို့ အကြံတွေနဲ့ ငါ့ကို လာမရှုပ်တာ ကောင်းမယ်” ပေါ့။ နောက်ဆုံးတော့ ကြီးကြပ်ရေးမှူးနှစ်ယောက်က ကျွန်တော့်ကြောင့် စိတ်ကျဉ်းကျပ်လာကြတယ်။ တစ်ခါတော့ ကြီးကြပ်ရေးမှူးတစ်ယောက်က မိတ်သဟာယပြုဖို့ ကျွန်တော့်ဆီလာပြီး ပြောတယ်။ “ကျွန်မတို့က အစ်ကိုနဲ့ တွဲလုပ်တော့ အစ်ကို့ကြောင့် တော်တော်စိတ်ကျဉ်းကျပ်ရတယ်။ ကျွန်မတို့က အလုပ်ကျွမ်းကျင်မှုမရှိတာကို သိပါတယ်။ ဒီတော့ ကျွန်မတို့ဘက်ကနေ အားနည်းချက်တစ်ခုကို အစ်ကိုတွေ့ရင် ထောက်ပြပြီး ကူညီပေးပါ။ ဒါဆို လိုက်ဖက်ညီညီနဲ့ လုပ်လို့ရတာပေါ့။ ပြီးတော့လည်း အစ်ကို့ကိုယ်ပိုင်အမြင်တွေကိုပဲ အမြဲတမ်း ကိုင်မထားဖို့ မျှော်လင့်ပါတယ်။ မတူတဲ့ အမြင်တွေကို ရင်ဆိုင်ရတဲ့အခါ ပိုပြီးတော့ ရှာဖွေနိုင်ရင် စည်းမျဉ်းတွေကို ကျွန်မတို့ အတူတူ မိတ်သဟာယဖွဲ့နိုင်တယ်။ အချင်းချင်းရဲ့ အားနည်းချက်တွေကို ဖြည့်စွက်ပေးနိုင်တယ်။ ဗီဒီယိုတွေကိုကောင်းကောင်းလုပ်လို့ရတယ်” တဲ့။ ဒါကို ကြားပြီးတော့ ကျွန်တော်က အပြင်ပန်းမှာတော့ ကျွန်တော် မာနထောင်လွှားတဲ့ စိတ်သဘောထားရှိတာကို ဝန်ခံလိုက်တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ဒါကို လက်မခံဘူး။ ကျွန်တော်က တွေးတယ်။ “ငါက မင်းတို့ထက်ပိုပြီး စည်းမျဉ်းတွေကို နားလည်တယ်။ ဒါကြောင့် မင်းတို့မှားရင် ငါက မင်းတို့ကို ပြင်ပေးသင့်တာ။ ဟုတ်တယ်။ ငါက မာနထောင်လွှားတဲ့ စိတ်သဘောထား နည်းနည်းပြတယ်။ ဒါပေမဲ့ ဒါက အလုပ်အတွက်ပဲ။ မင်းတို့က စိတ်ကြီးဝင်နေလို့ စိတ်ကျဉ်းကျပ်နေတာ” ပေါ့။ ဒီကိစ္စမှာ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရမယ့်အစား ပိုဆိုးအောင် လုပ်ခဲ့တယ်။

တစ်ညနေမှာ အဖွဲ့က ဗီဒီယိုတစ်ခုအတွက် ထုတ်လုပ်ရေးစိတ်ကူးတွေ ဆွေးနွေးကြတယ်။ ဗီဒီယိုအယူအဆတွေက အတော်လေး ရှုပ်ထွေးပြီး ခက်ခဲတော့ သုံးလေးနာရီ ဆွေးနွေးပြီးတာတောင် ဘာကိုမှ မဆုံးဖြတ်ရသေးဘူး။ ကျွန်တော် စပြီး စိတ်မရှည်ဖြစ်လာပြီးတော့ တွေးမိတယ်။ “မင်းတို့ ကြီးကြပ်သူတွေက ဘာဖြစ်နေတာလဲ။ ငါတို့ အတတ်ပညာပိုင်းအလုပ်ကို မညွှန်ကြားနိုင်လည်း ကိစ္စမရှိဘူး။ ဒါပေမဲ့ စည်းမျဉ်းတွေနဲ့အညီ အစီအစဉ်တစ်ခုကိုတောင် မဆုံးဖြတ်နိုင်ဘူးလား” ပေါ့။ အဲဒါနဲ့ ကြီးကြပ်သူတွေကို ကျွန်တော် ပြောလိုက်တယ်။ “ခင်ဗျားတို့က ဘာတွေဖြစ်နေတာလဲ။ နာရီနဲ့ချီပြီး အချိန်ဆွဲနေကြတယ်။ စိတ်ကူးတစ်ခုကိုတောင် ကိုင်မထားနိုင်ကြဘူးလား။ ခင်ဗျားတို့ ကြီးကြပ်သူတွေက အသုံးမကျပါဘူး” ပေါ့။ ကျွန်တော် ညည်းတာကို ကြားပြီး တခြားလူသုံးလေးယောက်က လိုက်ပြောတယ်။ “ဟုတ်တယ်။ ကျွန်တော်တို့အားလုံး စောင့်နေတာ။ ဒီမှာပဲ အချိန်ဖြုန်းပြီး ထိုင်မနေကြပါနဲ့” တဲ့။ တခြားလူတွေက ပြောတယ်။ “မြန်မြန်လုပ်ပြီး ဆုံးဖြတ်ချက်ချပါတော့။ နောက်ကျနေပြီ” တဲ့။ ကျွန်တော်တို့ ညည်းတာတွေကြောင့် ကြီးကြပ်ရေးမှူးတွေက ပိုပြီးတော့တောင် အနေရခက်လာပြီး သူတို့စကားပြောတာကို အတိုချုံ့လိုက်တယ်။

နောက်ပိုင်းမှာ အသင်းတော်ခေါင်းဆောင်က ကျွန်တော့် အပြုအမူကို သိသွားပြီး ကျွန်တော့်ကို ကိုင်တွယ်ဖြေရှင်းပြီး ပြောတယ်။ “အစ်ကို့ စိတ်သဘောထားက မာနထောင်လွှားလွန်းတယ်။ သူများတွေကို ချုပ်ချယ်ရတာကို ကြိုက်တယ်။ သူများတွေနဲ့ သာမန် ပူးပေါင်းပြီး မလုပ်နိုင်ဘူး။ အစ်ကိုက အဖွဲ့ခေါင်းဆောင်ဖြစ်ပေမဲ့ အသင်းတော်အလုပ်ကို မကာကွယ်ဘူး။ အဲဒီအစား အစ်ကိုက ဦးဆောင်ပြီးတော့ သူများတွေကို ညည်းညူပြီး ဝေဖန်တယ်။ အဖွဲ့တွေကွဲအောင်လုပ်ပြီး ကြီးကြပ်ရေးမှူးတွေက သူ့အလုပ်သူလုပ်တာကို တားဆီးတယ်။ ဒါတွေကြောင့် ဗီဒီယိုထုတ်လုပ်ရေးက နှောင့်နှေးကုန်တယ်။ အစ်ကို့လုပ်ရပ်တွေက အသင်းတော်အလုပ်ကို နှောင့်ယှက်တားဆီးနေတာပဲ” တဲ့။ ခေါင်းဆောင်က ကျွန်တော့်ကို ကိုင်တွယ်ဖြေရှင်းပြီးတဲ့နောက်မှာ ကျွန်တော် အရမ်းကို တုန်လှုပ်သွားတယ်။ ကျွန်တော့် စိတ်ထဲမှာ “ဘာ” “ငါက အလုပ်ကို နှောင့်ယှက်တားဆီးနေတယ် ဟုတ်လား။ ကျွမ်းကျင်မှုက စံမမီတာ၊ တကယ့်အလုပ်ကို လုပ်နိုင်စွမ်းမရှိတာက ကြီးကြပ်ရေးမှူးတွေဆိုတာ သိသာပါတယ်။ ငါ့လုပ်နိုင်စွမ်းက သူတို့ထက်သာတယ်။ စည်းမျဉ်းတွေကို ပိုပြီး နားလည်တယ်။ သူတို့လုပ်တာတွေမှားနေတာကို ငါသတိထားမိလို့ သူတို့ကို ပြင်ပေးတာ။ ဒါက နှောင့်ယှက်တားဆီးနေတာလား” ပေါ့။ ကျွန်တော်က ခေါင်းမာပြီး အတိုက်အခံဖြစ်နေတာကို ခေါင်းဆောင်က မြင်တော့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ကို ကျွန်တော့်ကို ဖတ်ပြတယ်။ ဘုရားသခင်က ပြောသည်- “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံဖို့နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ— ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှား ခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အစဉ်တစိုက် ပြစားဝင့်ဝါအောင် လုပ်လိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး လူများအား သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်)

စာတန်၏ စိတ်သဘောထားအတွင်းတွင် ပါဝင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား များစွာရှိသော်လည်း၊ အထင်ရှားဆုံးနှင့် အပေါ်လွင်ဆုံးမှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။ မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ပို၍ ဆင်ခြင်တုံတရားမဲ့လေဖြစ်ကာ၊ သူတို့ ပို၍ ဆင်ခြင်တုံတရားမဲ့လေ ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြပြီး သူတို့၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိချေ။ လူတို့သည် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိတို့ကိုယ်ကို အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ကြားရတော့ ကျွန်တော့် စိတ်နှလုံးက နိုးကြွလာတယ်။ ဆိုးယုတ်တဲ့ သဘာဝရှိတဲ့သူတစ်ယောက်က ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့အညီ ကိစ္စတွေကို မရည်ရွယ်ဘဲ လုပ်မိတယ်၊ အသင်းတော်အလုပ်ကိုတောင် နှောင့်ယှက်တားဆီးနိုင်တယ်ဆိုတာ ကျွန်တော် မြင်သွားတယ်။ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက အစွန်းရောက်လွန်းတယ်။ ကျွန်တော်က ဗီဒီယိုထုတ်လုပ်ရေးမှာ အတွေ့အကြုံရှိပြီး စည်းမျဉ်းတွေကို နားလည်တယ်လို့ ထင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် အရမ်း ယုံကြည်တယ်။ အရာရာမှာ ကျွန်တော်က အဆုံးအဖြတ်ပေးခွင့်ရှိသင့်တယ်၊ သူများတွေက ကျွန်တော့်ကို နားထောင်သင့်တယ်လို့ ခံစားမိတယ်။ ကြီးကြပ်ရေးမှူးတွေနဲ့ ကျွန်တော် လက်တွဲလုပ်တော့ သူတို့ကို တစ်ခါမှ အရေးတောင်မစိုက်ဘူး။ ကျွန်တော်က သူတို့ထက် အဘက်ဘက်ကနေ သာတယ်လို့ ထင်ပြီးတော့ပေါ့။ ထင်မြင်ချက်မတူတာရှိတိုင်း ကျွန်တော် ပထမဆုံး တုံ့ပြန်တာက မင်းတို့နားမလည်ဘူး။ “ငါနားလည်တယ်။ မင်းတို့က အရည်အချင်းမပြည့်မီဘူး” ဆိုတာမျိုးတွေ တွေးတာပဲ။ ပြီးတော့ သူတို့အကြံတွေကို လှောင်တယ်။ တစ်ခါတလေမှာ ကျွန်တော်က အရင်မစဉ်းစားဘဲနဲ့တောင် ပြန်ပြောတယ်။ ရှာဖွေခြင်း၊ လက်ခံခြင်းသဘောထား နည်းနည်းလေးမှမရှိဘူး။ ဒါကြောင့် ကြီးကြပ်ရေးမှူးတွေက ကျွန်တော့်ကြောင့် စိတ်ကျဉ်းကျပ်ပြီး အကြံတွေပေးရမှာ ကြောက်လာတယ်။ သူများတွေက ကျွန်တော့်နောက်လိုက်ပြီးတော့ ကြီးကြပ်ရေးမှူးတွေကို မကောင်းမြင်တယ်။ ဒါကြောင့် သူတို့တွေက အဖွဲ့အလုပ်ကို လိုက်စစ်ဖို့ ခက်သွားတယ်။ ဒါက ဘယ်လိုလုပ်ပြီး အသင်းတော်အလုပ်ကို မနှောင့်ယှက်တာ ဖြစ်မှာလဲ။ ကြီးကြပ်ရေးမှူးတွေနဲ့ ကျွန်တော် တွဲလုပ်တော့ သူတို့က ဘာအကြံပဲပေးပါစေ လု်ပဖို့ စည်းမျဉ်းနဲ့ညီမယ့် နည်းလမ်းကို လုံးဝ မရှာဘူး။ ကိုယ်ပိုင်အမြင်ကိုပဲ ဖက်တွယ်ထားတယ်။ ကျွန်တော့်အမြင်က ဘယ်လိုလုပ် အမြဲတမ်းမှန်နိုင်မှာလဲ။ မှန်တယ်လို့ ကျွန်တော် ထင်တာအားလုံးက သမ္မာတရားစည်းမျဉ်းတွေနဲ့ ညီနိုင်မလား။ တကယ်တော့ ကျွန်တော်က အကြောင်းအရာတွေကို ကျွန်တော့်ရဲ့ ဆုကျေးဇူးနဲ့ အတွေ့အကြုံကို အခြေခံပြီး ကြည့်နေတာပါ။ ကျွန်တော့်အမြင်အများစုက စည်းမျဉ်းတွေနဲ့ မညီဘူး။ ဒါတွေအတိုင်း ကျွန်တော် အသက်ရှင်လေလေ ကျွန်တော်က တန်ဖိုးရှိပြီး မှန်တယ်လို့ ထင်လေလေပဲ။ လူတွေနဲ့ တွဲလုပ်တဲ့အခါမှာ ကျွန်တော်က အမြဲတမ်းပဲ သူတို့ကို လျှော့တွက်ပြီး ကြွားဝါနေတာ။ အသိစိတ်အားလုံး မရှိတော့တဲ့အထိ မာနထောင်လွှားခဲ့တာပါ။ တာဝန်ထမ်းဆောင်တဲ့အခါမှာ အမြဲတမ်း ကိုယ့်နည်းလမ်းအတိုင်းပဲ လုပ်တယ်။ ကိုယ့်အမြင်နဲ့ နားလည်မှုကို အမှန်တရားလိုမျိုး ဖက်တွယ်ထားတယ်။ သူများတွေရဲ့ အကြံတွေကို လက်မခံဘူး။ သူတို့စိတ်ကူးတွေကို ကျွန်တော့်ထက် သာခွင့်မပေးဘူး။ ကျွန်တော်က သမ္မာတရားရဲ့ အရှင်သခင်လိုမျိုးပေါ့။ ဒါက ဘယ်လိုလုပ် ဘုရားကို ယုံကြည်တာဖြစ်မှာလဲ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေတာ သိသာပါတယ်။ ဒါကို သဘောပေါက်သွားတော့ ကျွန်တော် ကြောက်လန့်သွားပြီး နောင်တတွေနဲ့ ပြည့်သွားတယ်။ ကျွန်တော့်သဘာဝက အရမ်းမာနထောင်လွှားတော့ ဘုရားကို အာခံတဲ့ ဒီမကောင်းမှုတွေကို အမှတ်တမဲ့ လုပ်ခဲ့မိတယ်။ ကျွန်တော့်အတွက် မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ တာဝန်ထမ်းဆောင်ဖို့ အန္တရာယ်များလွန်းတယ်ဆိုတာ မြင်ခဲ့ပါတယ်။

အချိန်နည်းနည်းကြာတော့ ဗီဒီယိုထုတ်လုပ်ရေးက ပြီးသွားတယ်။ ဒါပေမဲ့ ကျွန်တော်က သူများတွေနဲ့ ပူးပေါင်းမလုပ်နိုင်တာကြောင့်၊ လူတွေကို ချုပ်ချယ်ပြီး ဗီဒီယိုအလုပ်ကို နှောင့်ယှက်တာကြောင့် အထုတ်ခံလိုက်ရတယ်။ နောက်တော့ နောက်ထပ် ဗီဒီယိုတစ်သုတ်ကို ထုတ်ဖို့ လိုလာတယ်။ ဒါပေမဲ့ ကျွန်တော် မလုပ်ရဘူး။ ကျွန်တော် စပြီး အတိုက်အခံ ထပ်ဖြစ်လာပြီး တွေးမိတယ်။ “ငါက အရင်အတွေ့အကြုံကြောင့် ငါ့ရဲ့ မာနထောင်လွှားတဲ့ သဘာဝကို နည်းနည်း နားလည်လာပြီ။ ဘာလို့ ငါ့ကို မပါခိုင်းတာလဲ” ပေါ့။ ပိုပြီးတော့တောင် မျှော်လင့်မထားတာက ကျွန်တော့် တခြားဗီဒီယိုတစ်ခုအတွက်လည်း ထုတ်လုပ်သူတွေထဲမှာ မပါဘူး။ ဒါက ကျွန်တော့်အတွက် ခံယူဖို့ တော်တော်ခက်တယ်။ ဒီလိုဆက်ဖြစ်နေရင် ကျွန်တော်က အသင်းတော်မှာ အသုံးမဝင် ဖြစ်သွားမှာမဟုတ်ဘူးလား ပေါ့။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က ရုတ်တရက် စိတ်ထဲရောက်လာတယ်။ “သင်သည် အရည်အချင်းကောင်း ပိုင်ဆိုင်သော်လည်း အမြဲ မာနထောင်လွှားပြီး စိတ်ကြီးဝင်လျှင် သင်ပြောသမျှသည် မှန်ပြီး အခြားသူများပြောသမျှသည် မှားသည်ဟု အစဉ်ထင်မြင်နေလျှင်၊ အခြားလူများက မည်သည့်အကြံများကို အဆိုပြုသည်ဖြစ်စေ ငြင်းဆန်ပြီး၊ သမ္မာတရားကိုပင် မည်သို့ မိတ်သဟာယဖွဲ့ပါစေ လက်မခံဘဲ အစဉ်အတိုက်အခံပြုနေလျှင် သင်ကဲ့သို့သောသူသည် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိနိုင်သလော။ သင်ကဲ့သို့သော ထိုသူတွင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်မည်လော။ အလုပ်လုပ်မည်မဟုတ်ပေ။ ဘုရားသခင်က သင်သည် မကောင်းသော စိတ်သဘောထားတစ်ခုရှိပြီး၊ သူ၏ ဉာဏ်အလင်းဖွင့်ပြခင်းကို ရရှိဖို့ ထိုက်တန်ခြင်းမရှိဟု ပြောလိမ့်မည်ဖြစ်သကဲ့သို့ သင်နောင်တမရလျှင် တစ်ချိန်က သင်ရှိခဲ့သည့်အရာကိုပင် ဘုရားသခင် ယူငင်သွားလိမ့်မည်။ ဤသည်မှာ ဖော်ထုတ်ခံရခြင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ကျွန်တော် ရင်ထိတ်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်အခြေအနေကို တိုက်ရိုက်ပြောနေတာပဲ။ ကျွန်တော် ဘုရားကို ယုံကြည်တဲ့ နှစ်တွေအားလုံးမှာ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ တာဝန်ကို အမြဲတမ်းထမ်းဆောင်တယ်။ အဲဒီအချိန်အတွင်းမှာ ကျွန်တော် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတဲ့ အရေအတွက်က မနည်းဘူး။ ဒါပေမဲ့ သမ္မာတရားကို လုံးဝ မရှာဘူး။ ကျွန်တော့် စိတ်သဘောထားက မပြောင်းလဲဘူး။ အခုတော့ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး ကြီးလေးတဲ့ ပြစ်မှားမှုတစ်ခု ကျူးလွန်ခဲ့တယ်။ ဘုရားသခင်က ဖော်ထုတ်ပြီး စွန့်ပစ်တာကို ကျွန်တော် ခံရမှာလား ပေါ့။ ကျွန်တော့် အပြုအမူကို ပြန်စဉ်းစားကြည့်တော့ ကျွန်တော်က ဘယ်ကိုသွားသွား အမြဲတမ်း ထင်ပေါ်ချင်တယ်။ သူများတွေထက် ပိုလုပ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး ညီအစ်ကိုမောင်နှမတွေကို နှိမ်ပြောတယ်။ သူများတွေက ကျွန်တော့်ထက်ပိုလုပ်တဲ့အခါ သူတို့ကို ဘယ်လိုအနိုင်ယူရမယ်ဆိုတာ အမြဲတမ်း စဉ်းစားတယ်။ ကျွန်တော့်အကြံတွေကို မသုံးရင် ကျွန်တော်က လက်မခံနိုင်ဘူး။ ပြန်ငြင်းဖို့အတွက် ဦးနှောက်ခြောက်ခံစဉ်းစားတယ်။ ကျွန်တော့် အကြံကို လူတိုင်းက အသုံးပြုအောင်ပေါ့။ သူများတွေက ကျွန်တော့်အားနည်းချက်တွေကို ထောက်ပြတဲ့အခါ ကျွန်တော်က ဘာမှမပြောပေမဲ့ စိတ်ထဲမှာ အတိုက်အခံဖြစ်တယ်။ သူတို့တွေက ဘာမှမဟုတ်ဘူး၊ အရည်အချင်းမရှိဘူးလို့ ထင်တယ်။ ကျွန်တော်ကတော့ တစ်ခုခုဟုတ်နေသလိုမျိုးပေါ့။ ဒါကို ကျွန်တော် တွေးကြည့်လေလေ ကြောက်လာလေလေပဲ။ ဒီနှစ်တွေအားလုံးမှာ ကျွန်တော့်တာဝန်ကို မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ထမ်းဆောင်ခဲ့ပါတယ်။ သမ္မာတရားကို လက်မခံဘူး။ မသုံးသပ်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် မသိခဲ့ဘူး။ ဒါကြောင့် ကျွန်တော့် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ပိုပိုဆိုးလာတယ်။ အထုတ်ခံရတာက ဘုရားရဲ့ ဖြောင့်မတ်ခြင်း ဖွင့်ပြတာပဲ။ နာကျင်နေရင်းနဲ့ ကျွန်တော် ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် ကိုယ်တော့်ကို ကျွန်တော် ယုံကြည်ခဲ့တဲ့ဒီနှစ်တွေအားလုံးမှာ သမ္မာတရားကို မရှာခဲ့ဘူးဆိုတာ သိပါတယ်။ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ဘူး။ နားလည်အောင်မလုပ်ခဲ့ဘူး။ ရလဒ်အနေနဲ့ အသင်းတော်အလုပ်ကို နှောင့်ယှက်တဲ့ မကောင်းမှုကို လုပ်ခဲ့ပါတယ်။ ဘုရားသခင် ကျွန်တော့် ဖောက်ပြန်ပျက်စီးမှုကို နားလည်ဖို့ သမ္မာတရားကို ရှာတဲ့လမ်းကြောင်းကိုလျှောက်ဖို့ ကျွန်တော့်ပြစ်မှားမှုတွေနဲ့ အကြွေးတွေအတွက် ပေးဆပ်ဖို့ ကျွန်တော့်ကို ဦးဆောင်လမ်းပြတော်မူပါ” ဆိုပြီးတော့။

ကျွန်တော် ဘုရားဝတ်ပြုတဲ့အချိန်တစ်ချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်မိတယ်။ “လူတို့၏ မိမိကိုယ်ကိုယ် သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်- ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကိုယ်၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာလိမ့်မည်။ မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး ယင်းကို အားသွန်ခွန်စိုက်လုပ်ရသည်ဟု ယုံကြည်ခြင်းမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝဗီဇမှာ မည်မျှအကျည်းတန်ကြောင်း၊ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းနှင့် မည်မျှသနားစဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အခါ သူသည် ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် လွန်စွာမောက်မာခြင်း၊ လွန်လွန်ကဲကဲပင် မာနကြီးခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရခြင်း ရှိမည်မဟုတ်ပေ။ ‘ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရာတွင် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် မှန်းချက်ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်’ ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်သည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကိုယ် မစက်ဆုပ်လျှင်၊ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကို အမှန်တကယ် စက်ဆုပ်ခြင်းသည် ရိုးရှင်းသောကိစ္စတစ်ခု မဟုတ်ပေ။ ဤတွင် တွေ့ရှိရမည့် အရာအချို့ရှိသည်။ ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုယ် ချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုယ် အလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကိုယ် ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကိုယ် အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ကျွန်တော် ရှက်သွားတယ်။ ဘုရားသခင်က ပြောတယ်။ ကိုယ့်သဘာဝကို သိမြင်လာမှသာ ကိုယ် ဘယ်လို သတိတရားဝင်လာတယ်၊ ကိုယ့်ရဲ့ ကင်းမဲ့မှု၊ သနားစရာကောင်းမှုတွေကို ရှင်းရှင်းလင်းလင်း မြင်မှသာ ကိုယ့်ကိုယ်ကိုယ် ရွံရှာ မုန်းတီးနိုင်တယ်။ ဘုရားကို နောင်တရနိုင်တယ် တဲ့။ အဲဒါနဲ့ ကျွန်တော် ဘာကြောင့် အရမ်း မာနထောင်လွှားသလဲဆိုတာ စပြီး သုံးသပ်တယ်။ ဗီဒီယို အဖွဲ့ကို ကျွန်တော် ဝင်ပြီးတဲ့နောက်မှာ အရေးကြီးတဲ့ ဗီဒီယိုတွေ ထုတ်တာ လူတိုင်းဆီက လေးစားတာ၊ ချီးကျူးတာတွေကို ရပြီး ကျွန်တော်က အတွေ့အကြုံရှိပြီး စည်းမျဉ်းတော်တော်များများကို နားလည်တယ်လို့ ထင်ခဲ့တာကို တွေးကြည့်တယ်။ ကျွန်တော်က အစွမ်းအစကောင်းတယ်၊ အမြန် သင်ယူနိုင်တယ် အသင်းတော်မှာ ရှားပါးတဲ့ ပါရမီရှင်လို့လည်း ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက ပိုပိုဆိုးလာတယ်။ ဗီဒီယိုထုတ်လုပ်ရေးကို စလုပ်တော့ ကျွန်တော်သိတာ ဘယ်လောက်နည်းတယ်ဆိုတာ၊ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်လက်ကိုဆွဲပြီး ပြပေးခဲ့တာတွေကို တွေးမိတယ်။ တစ်ခါတလေမှာ သူတို့က အသေးစိတ် ရှင်းရှင်းလင်းလင်း ရှင်းပြပေမဲ့ မှန်အောင် မလုပ်နိုင်သေးဘဲ ကောင်းကောင်းမထုတ်လုပ်နိုင်ခင်မှာ ကျွန်တော့်ကို ထပ်ခါထပ်ခါ လမ်းပြပေးဖို့ လိုအပ်ခဲ့တယ်။ ဒီကနေ ကျွန်တော်က တော်လို့၊ အစွမ်းအစမြင့်လို့ မဟုတ်ဘဲ လက်တွေ့လုပ်ဖို့ အခွင့်အရေးအများကြီးရှိခဲ့ပြီး အတွေ့အကြုံတချို့ စုဆောင်းမိလို့ဆိုတာ မြင်ခဲ့တယ်။ ဒါပေမဲ့ ဒါကို ကျွန်တော်က အရင်းအနှီးအဖြစ်မြင်ခဲ့ပြီး ကျွန်တော့်တာဝန်ကို အသိတရားရှိရှိနဲ့ မလုပ်ခဲ့ဘူး။ အထူးသဖြင့် ကျွန်တော့်တာဝန်မှာ အတော်အတန် ထိရောက်မှုရှိလာတဲ့အခါ ကျွန်တော်က ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းသိတယ်လို့ ထင်တယ်။ အဲဒါနဲ့ မာနကြီးပြီး သူများတွေကို အထင်သေးတယ်။ ပူးပေါင်းလုပ်ချင်စိတ်မရှိဘူး။ ကျွန်တော့်လူ့သဘာဝနဲ့ အသိစိတ်က ဘယ်မှာလဲ။ ကျွန်တော်နဲ့ တွဲလုပ်တဲ့ ကြီးကြပ်ရေးမှူးနှစ်ယောက်ကို တွေးကြည့်တယ်။ သူတို့ကို ကျွန်တော် အမြဲတမ်း အထင်သေးခဲ့တယ်။ တကယ်တမ်းတော့ သူတို့နဲ့ ဆက်ဆံတာကနေတဆင့် သူတို့မှာ အားသာချက်တွေ အများကြီးရှိတာ တွေ့ရတယ်။ သူတို့က ဗီဒီယိုထုတ်လုပ်ရေး ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံ အတော်လေးမရှိပေမဲ့ သူတို့ စိတ်နှလုံးက နေရာမှန်မှာ ရှိတယ်။ အခက်အခဲတွေကို ကျော်လွှားတဲ့နေရာမှာ တက်ကြွတယ်။ ထက်မြက်တဲ့ စိတ်တွေလည်းရှိပြီး စည်းကမ်းတွေကိုပဲ ကိုင်မထားဘူး။ ဆန်းသစ်ပြောင်းလဲတာတွေ လုပ်ရဲတယ်။ အသစ်တွေကို သင်ချင်စိတ်ရှိတယ်။ အခက်အခဲတွေ၊ ပြဿနာတွေ ရင်ဆိုင်ရတဲ့အခါ သူတို့ကိုယ်သူတို့ ဘေးဖယ်ထားပြီး သူများတွေကို အကြံတောင်းနိုင်ကြတယ်။ ဒါပေမဲ့ ကျွန်တော့် စိတ်သဘောထားက မာနထောင်လွှားလွန်းပြီး ဘယ်သူကမှ ကျွန်တော့်လောက် တော်မနေဘူး။ သူများတွေရဲ့ အားသာချက်တွေကို မမြင်နိုင်ခဲ့ဘူး။ ပေါလုက တော်တော်လေး မာနထောင်လွှားတာကို ကျွန်တော် တွေးမိတယ်။ သူက အစွမ်းအစ၊ ဆုကျေးဇူးရှိတယ်လို့ ထင်ပြီး သူ့စိတ်နှလုံးက ဘယ်သူ့ကိုမှ ဦးမညွှတ်ဘူး။ သူက တခြား တပည့်တော်တွေထက်သာတယ်လို့ အမြဲတမ်း သက်သေခံတယ်။ သူ့အတွက် အသက်ရှင်ခြင်းက ခရစ်တော်ဖြစ်တယ်ဆိုတဲ့ စက်ဆုပ်ဖွယ်စကားတွေကိုတောင် ပြောတယ်။ သူက အသိစိတ်မရှိတော့တဲ့အထိ မာနထောင်လွှားခဲ့တယ်။ ကျွန်တော့် သဘာဝက ပေါလုနဲ့အတူတူပဲလို့ သုံးသပ်မိတယ်။ ကြီးကြပ်သူတွေကို ကျွန်တော် အမြဲတမ်း အထင်သေးတယ်။ အရာရာကို ကျွန်တော်ပြောသလိုလုပ်ဖို့ သူများတွေကို အမြဲတမ်း ခိုင်းတယ်။ ကျွန်တော်က ပေါလုရဲ့ လမ်းကြောင်းနောက်ကို လိုက်နေတာပါ။ ဒါကို ကျွန်တော် မြင်တဲ့အခါ အကန့်အသတ်မရှိတဲ့ နောင်တစိတ်ကို ခံစားရတယ်။ ဘုရားကို ကျွန်တော် ဆုတောင်းတယ်။ “ဘုရားသခင် အခုမှပဲ ကျွန်တော့်သဘာဝနဲ့ အနှစ်သာရကို နည်းနည်းနားလည်လာပါတယ်။ ဘုရားသခင်ကို ယုံကြည်တဲ့ဒီနှစ်တွေအတွင်းမှာ ဘုရားအိမ်တော်က ကျွန်တော့်ကို အမြဲတမ်း ရေလောင်းခဲ့ပြီး သမ္မာတရားကို ပံ့ပိုးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က သမ္မာတရားကို မရှာဘဲ အန္တိခရစ်လမ်းကြောင်းကို လျှောက်ခဲ့တယ်။ ကိုယ်တော်ရဲ့ အပင်ပန်းခံ အရေးစိုက်မှုကို လျစ်လျူရှုခဲ့တယ်။ ကိုယ်တော်က ကျွန်တော့်ကို သတိပေးဖို့ လူတွေ၊ ဖြစ်ရပ်တွေ၊ အကြောင်းအရာတွေ အများကြီး စီစဉ်ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ခေါင်းမာပြီး နောင်တရဖို့ မသိခဲ့ဘူး။ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ သဘာဝနောက်ကိုလိုက်ပြီး လမ်းမှားလိုက်ခဲ့ပြီး ကိုယ်တော့်ကို ရွံရှာစေခဲ့တယ်။ ဘုရားသခင် ကျွန်တော် နောင်တရချင်ပါတယ်။ ဒီနောက်မှာ အသင်းတော်က ဘာအစီအစဉ်တွေပဲ လုပ်ပါစေ နာခံပါမယ်” ဆိုပြီးတော့။

ဒါကို ကျွန်တော် သဘောပေါက်တော့ နောက်တစ်နေ့မှာ ကျွန်တော် အံ့ဩသွားရတာက အစ်မ တစ်ယောက်က ကျွန်တော့်ဆီကို သတင်းတစ်ခုယူလာတယ်။ အဖွဲ့ဝင်သစ်တချို့လုပ်တာက စံမမီဘူး၊ သူတို့ကို ကျွန်တော် လေ့ကျင့်ပေးဖို့ သူမျှော်လင့်နေတယ်လို့ ပြောတယ်။ ကျွန်တော် ဆန္ဒရှိသလား မေးတယ်။ ကျွန်တော့် စိတ်နှလုံးက ဘုရားကို အရမ်းကျေးဇူးတင်တယ်။ ကျွန်တော် နောင်တရချင်တဲ့အချိန်မှာပဲ အသင်းတော်က ကျွန်တော့်ကို တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးတစ်ခုပေးတယ်။ ဒီတစ်ခါ ဒါကို ကျွန်တော် ချစ်မြတ်နိုးရမယ်လေ။ ဒီတော့ ပျော်ရွှင်စွာနဲ့ လက်ခံလိုက်တယ်။ ပိုပြီးတော့တောင် မျှော်လင့်မထားတာက သုံးလေးရက်ကြာတော့ ဗီဒီယိုအသစ်တစ်ခု ထုတ်လုပ်တဲ့နေရာမှာ ကျွန်တော့်ကို ဝင်လုပ်ဖို့ ခေါင်းဆောင်က စီစဉ်ပေးတယ်။ ဘုရားကို ကျွန်တော် တကယ်ကို ကျေးဇူးတင်ခဲ့တာပေါ့။

မကြာခင်မှာ သူများတွေနဲ့ တွဲလုပ်ရမှာကို တွေးရင်းနဲ့ သူများတွေနဲ့ ပူးပေါင်းလုပ်ဖို့ လမ်းကြောင်းကို ရှာတယ်။ ဘုရားနှုတ်ကပတ်တော်က ဒီလိုပြောတာကို ကျွန်တော် တွေ့ရတယ်။ “သင်တို့သည် မိမိ၏ တာဝန်များကို ဖြည့်ဆည်းရန် အခြားလူများနှင့် ပူးပေါင်းဆောင်ရွက်သည့်အခါ၊ မတူညီသည့် ထင်မြင်ချက်များကို သင် လိုလိုလားလား လက်ခံနိုင်သလား။ သင်သည် အခြားလူများကို စကားပြောခွင့်ပေးနိုင်သလော။ (အနည်းငယ် ပေးနိုင်ပါသည်။ ယခင်က အချိန်အများစုတွင် ညီအစ်ကိုမောင်နှမများ၏ အကြံပြုချက်များကို ကျွန်ုပ် နားမထောင်ခဲ့သကဲ့သို့၊ အမှုကိစ္စများကို မိမိ၏သဘောကျ လုပ်ဆောင်ဖို့ မရမကပြောခဲ့သည်။ နောက်ပိုင်းတွင် ကျွန်ုပ်မှားကြောင်း အချက်အလက်များက သက်သေပြသည့်အခါမှသာ၊ ၎င်းတို့၏ အကြံပြုချက်အများစုသည် မှန်ကန်နေခဲ့ကြောင်း၊ လူတိုင်း ဆွေးနွေးသည့် ရလဒ်သည်သာ အမှန်တကယ် သင့်တော်ကြောင်း၊ ကျွန်ုပ်၏ အမြင်များသည် မှားယွင်းပြီး ချို့တဲ့နေကြောင်း ကျွန်ုပ် မြင်ခဲ့ရသည်။ ဤအရာကို တွေ့ကြုံပြီးသည့်နောက်တွင် သဟဇာတဖြစ်သည့် ပူးပေါင်းလုပ်ဆောင်ခြင်းက မည်မျှ အရေးကြီးသည်ကို ကျွန်ုပ် သဘောပေါက်ခဲ့သည်။) ပြီးလျှင် ဤအရာမှ အဘယ်အရာကို တွေ့မြင်နိုင်သနည်း။ ဤအရာကို တွေ့ကြုံပြီးသည့်နောက်၊ အကျိုးကျေးဇူးအချို့ကို လက်ခံရရှိပြီး သမ္မာတရားကို နားလည်ခဲ့သလော။ မည်သူမဆို အမှားကင်းသည်ဟု သင်တို့ ထင်သလော။ လူတို့သည် မည်မျှ သန်စွမ်းသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ စွမ်းဆောင်နိုင်ပြီး ပါရမီရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ခြောက်ပြစ်ကင်း မဟုတ်သေးပေ။ ဤအရာကို လူများ သတိပြုမိရမည်။ ယင်းမှာ အမှန်တရားဖြစ်သည်။ ယင်းမှာ လူတို့သည် မိမိတို့၏ကိုယ်ပိုင် အရည်အချင်းများနှင့် အားသာချက်များ၊ သို့မဟုတ် အမှားများအပေါ် ထားရှိသင့်သည့် သဘောထားလည်း ဖြစ်ပေသည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် စဉ်းစားချင့်ချိန်နိုင်စွမ်း ဖြစ်သည်။ ဤသို့သော ဆင်ခြင်တုံတရားဖြင့် သင်သည် သင်ကိုယ်တိုင်၏ အားသာချက်များနှင့် အားနည်းချက်များအပြင် အခြားသူတို့၏ ယင်းအချက်များကိုပါ သင့်လျော်စွာ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး၊ ဤအချက်သည် သင့်အား ၎င်းတို့နှင့်အတူ သဟဇာတဖြစ်စွာ အလုပ်လုပ်နိုင်စေလိမ့်မည်။ သင်သည် သမ္မာတရား၏ ဤရှုထောင့်ကို နားလည်ပြီးဖြစ်ကာ၊ သမ္မာတရား၏ လက်တွေ့အရှိတရား ဤသွင်ပြင်လက္ခဏာအတွင်း ဝင်ရောက်နိုင်လျှင်၊ သင့်တွင်ရှိသော မည်သည့်အားနည်းချက်ကိုမဆို ချိန်ညှိရန် အချင်းချင်းရှိ အားသာချက်များကို အသုံးပြုရင်း၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် သဟဇာတဖြစ်လျက် အဆင်ပြေနိုင်သည်။ ဤနည်းအားဖြင့် မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ သင်သည် ယင်းအမှုအရာတွင် အစဉ်သဖြင့် ပိုမိုကောင်းမွန်လာပြီး ဘုရားသခင်၏ကောင်းချီးကို ရရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘယ်သူကမှ မပြည့်စုံဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကြောင့် ကျွန်တော် နားလည်သွားတယ်။ လူတိုင်းက အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေရှိတယ်။ လူတစ်ယောက်ရဲ့ ဆုကျေးဇူးတွေ၊ အတွေ့အကြုံတွေက ဘယ်လိုဖြစ်ပါစေ ဒါတွေက သူ့မှာ သမ္မာတရားရှိတယ် သူ့လုပ်ရပ်တွေက အမြဲတမ်း သမ္မာတရားနဲ့ ကိုက်တယ်လို့ မဆိုလိုဘူး။ လူတိုင်းက လိုက်ဖက်ညီညီနဲ့ ပူးပေါင်းလုပ်ပြီး အချင်းချင်းရဲ့ အားနည်းချက်တွေကို ဖြည့်စွက်ဖို့ လိုတယ်။ အထူးသဖြင့် ထင်မြင်ချက် မတူတာတွေရှိတဲ့အခါ ကိုယ့်အတ္တကို ဘေးဖယ်ထားရမယ်။ ရှာဖွေခြင်းသဘောထားတစ်ခုနဲ့ ပြဿနာကို အတူတူ မိတ်သဟာယဖွဲ့ပြီး စူးစမ်းရမယ်။ ဒါက လူ့သဘာဝနဲ့ အသိစိတ်ရှိဖို့၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုကို လက်ခံရရှိဖို့၊ ကိုယ့်တာဝန်မှာ သတိမထားမိတာတွေကို လျှော့ချဖို့ နောက်ဆုံးမှာ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ကျွန်တော်တို့က သမ္မာတရားကို နားမလည်ဘူး။ ဒါကြောင့် အတူတူအလုပ်လုပ်ပြီး အချင်းချင်းရဲ့ အားနည်းချက်တွေအတွက် ဖြည့်ဆည်းပေးဖို့လိုပါတယ်။ ဒါကသာ ကျိုးကြောင်းသင့်စွာနဲ့ ပြုမူဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ဒါကို နားလည်သွားတော့ ကျွန်တော် ဒီလမ်းကြောင်းကို လက်တွေ့လုပ်ရင်းနဲ့ ရှေ့ဆက်တယ်။ သူများတွေနဲ့ စုံစမ်းစစ်ဆေးတဲ့အခါမှာ ထင်မြင်ချက်မတူတာတွေ ထပ်ရှိလာရင် သူများတွေရဲ့ ထင်မြင်ချက်တွေကို နားထောင်ပေးဖို့အတွက် ကျွန်တော့်အမြင်ကို အသိစိတ်ရှိရှိနဲ့ ငြင်းဆန်တယ်။ သဘောမတူတာရှိတဲ့အခါ အသုံးပြုလို့ရတဲ့ စည်းမျဉ်းတွေကို လူတိုင်းနဲ့ မိတ်သဟာယပြုတယ်။ နောက်ဆုံးမှာ စည်းမျဉ်းတွေနဲ့ညီတဲ့ နည်းအတိုင်း လက်တွေ့လုပ်တယ်။ အချိန်နည်းနည်းကြာတော့ သူများတွေနဲ့ ကျွန်တော့်ဆက်ဆံရေးက သိသိသာသာ တိုးတက်လာတယ်။ ကျွန်တော့်အတ္တကို ဘေးချထားပြီး လိုက်ဖက်ညီညီနဲ့ ပူးပေါင်းလုပ်မှသာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုနဲ့ လမ်းပြမှုကို အလွယ်တကူ ရနိုင်တယ်၊ တာဝန်ထမ်းဆောင်ရင်းနဲ့ ထိရောက်မှုရှိနိုင်တယ်ဆိုတာ ကျွန်တော် နားလည်သွားတယ်။

ဒီအခြေအနေတွေကို တွေ့ကြုံခြင်းကတစ်ဆင့် ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို နည်းနည်းနားလည်လာပြီး ပြောင်းလဲမှုတချို့လုပ်ခဲ့တယ်။ ဒီရလဒ်က ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းကြောင့် သက်သက်ပါပဲ။ ဘုရားကို ကျွန်တော် အရမ်းကျေးဇူးတင်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

တာဝန်ထမ်းဆောင်ခြင်းသည် ရိုးသားခြင်းမရှိဘဲ မဖြစ်နိုင်ပေ

မုရီ အမေရိကန်နိုင်ငံ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတာကို ဦးဆောင်ရတယ်။ တချို့ယုံကြည်သူအသစ်တွေက ပါဝင်တာ သိပ်မကြာသေးဘူး။ သူတို့ထဲက...

တာဝန်ထမ်းဆောင်ရာတွင် သမ္မာတရားလိုက်စားဖို့ လို၏

ဆွန်ယု နယ်သာလန်နိုင်ငံ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ဧဝံဂေလိ ဖြန့်ဝေခြင်း အလုပ်ကို ကျွန်မစတင်လက်တွေ့လုပ်ဆောင်ခဲ့သည်။ ဤတာဝန်ကို...

လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။