အကြံဉာဏ်ရယူခြင်းက အဘယ်ကြောင့် အလွန်ခက်ခဲသနည်း

12.03.2023

ကြူးတီ ဖိလစ်ပိုင်နိုင်ငံ

၂၀၂၁၊ ဇွန်လမှာ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းရတယ်။ အစ်ကိုဂျရမီက ကျွန်မတို့အလုပ်ကို ကြီးကြပ်တယ်။ သူက ကျွန်မတာဝန်မှာရှိတဲ့ ပြဿနာ၊ အခက်အခဲတိုင်းကို မေးလေ့ရှိတယ်။ ယုံကြည်သူအသစ်တွေကို ဘယ်လို ဆက်သွယ်ပြောဆိုပြီး ပြဿနာတွေကို ကူညီဖြေရှင််းပေးရမယ်ဆိုတာ ကျွန်မကို လမ်းပြပေးလေ့ရှိတယ်။ တစ်ခါတလေမှာ ကျွန်မအလုပ်မှာ အမှားတွေ၊ ပြဿနာတွေ ရှိတယ်။ သူက အဲဒါတွေကို သတိထားမိတဲ့အခါ ကျွန်မကို ထောက်ပြပြီး ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ပြောပြတယ်။ အစတော့ အစ်ကိုဂျရမီရဲ့ အကြံတွေကို ကျွန်မ ကျေကျေနပ်နပ်နဲ့ လက်ခံတယ်။ ဒါပေမဲ့ သူက ပြဿနာတွေ အများကြီးကို ပြောတော့ ကျွန်က ဆက်ပြီး လက်မခံချင်တော့ဘူး။ ကျွန်မ စဉ်းစားတယ်။ “ကျွန်မက လူသစ်တွေကို နေ့တိုင်းရေလောင်းရင်း အရမ်းအလုပ်ရှုပ်နေတာ။ တစ်ခါတလေမှာ ထမင်းတောင် အချိန်မှန်မစားနိုင်ဘူး။ ကျွန်မက အားကုန်လုပ်နေတာပါ။ ဒါကြောင့် ဘာလို့ ကျွန်မပြဿနာတွေကိုပဲ အမြဲတမ်း ပြောနေရတာလဲ။ ကျွန်မ အစွမ်းအစက တော်တော်လေးကောင်းတယ်လို့ ခံစားမိတယ်။ ဘာလုပ်ရမယ်ဆိုတာ ကျွန်မသိတယ်။ ကျွန်မကို ပြောပြဖို့ ဘယ်သူ့ကိုမှ မလိုအပ်ဘူး” ပေါ့။

တစ်နေ့တော့ ဂရုတစ်ခုထဲက ယုံကြည်သူတစ်ယောက်က စာတစ်ခုပို့တယ်။ သူက အလုပ်အရမ်းရှုပ်နေလို့ နောက်ဆုံးစုဝေးပွဲကို မတက်ခဲ့ဘူးဆိုပြီး တောင်းပန်ပြီး ပြောတယ်။ အဲဒီအချိန်မှာ ကျွန်မက တခြားကိစ္စတစ်ခုလုပ်နေတော့ ချက်ချင်း စာမပြန်လိုက်ဘူး။ သူ့စာကို ကျွန်မမြင်တော့ လူသစ်ဆီကစာကို အစ်ကိုဂျရမီက ပြန်ပြောပြီးနေပြီ။ သူက ကျွန်မကိုလည်း အချိန်မီစာပြန်ဖို့ သတိပေးတဲ့စာကို သီးသန့်ပို့လိုက်တယ်။ ပြီးတော့ သူတို့နဲ့ ဆက်ဆံတာနဲ့ပတ်သက်ပြီး အကြံတွေပေးတယ်။ ကျွန်မက သူ့စာကို စိတ်ဆိုးသလိုလိုဖြစ်ပြီး သူက ကျွန်မကို အပူကပ်နေသလို ခံစားမိပြီး “သူတို့နဲ့ ဘယ်လိုစကားပြောရမယ်ဆိုတာ ကျွန်မ သိတယ်။ ဒါဆို ဘာလို့ ကျွန်မကို အကြံတွေပဲ ဆက်ပေးနေတာလဲ။ ရှင်က မိတ်သဟာယဖွဲ့နိုင်တယ်လို့ ခံစားရရင် ကိုယ့်ဘာသာပဲ လုပ်လိုက်ပါလား” ပေါ့။ ကျွန်မက စိတ်အနှောင့်အယှက်ဖြစ်လိုတောင် ခံစားမိတယ်။ “ကျွန်မက အကုန်လုံးကို လုပ်နေတာ။ တစ်ခါတလေမှာ စားဖို့တောင် မေ့တဲ့အထိပဲ။ ဒါပေမဲ့ ကျွန်မက ဒါကို ကောင်းကောင်းမလုပ်ဘူး၊ ဟိုဟာကို ကောင်းကောင်းမလုပ်ဘူးဆိုပြီး ရှင်က ပြောနေတုန်းပဲ” ပေါ့။ အစ်ကိုဂျရမီက ကျွန်မကို အလုပ်ကို စစ်ဆေးဖို့ ဖုန်းခေါ်တော့ ကျွန်မက မကိုင်ဘူး။ စာတောင် မပို့ဘူး။ ကျွန်မက သူ့ကို အသိအမှတ်မပြုချင်တာပေါ့။ ဒါပေမဲ့ သူက ကျွန်မအလုပ်အကြောင်းကို ဆက်မေးနေပြီး အကြံတွေ ဆက်ပေးနေတယ်။ တစ်ခါတော့ ယုံကြည်သူတစ်ယောက်က ကျွန်မပို့လိုက်တဲ့စာကို မပြန်တဲ့အခါမှာ ကျွန်မက နောက်ဆက်တွဲဆက်မလုပ်ဘူး။ ကျွန်မ သူ့ကို ဆက်ပြီးဆက်သွယ်သင့်တယ်လို့ အစ်ကိုဂျရမီက ပြောတယ်။ ကျွန်မက လူသစ်တွေကို စိတ်ရှည်ဖို့၊ အကူအညီတွေ အများကြီးပေးဖို့လိုတယ်လို့ ပြောတယ်။ သူ့အကြံကို ကျွန်မ မယူချင်ခဲ့ဘူးလေ။ ကျွန်မ တွေးမိတယ်။ “လူသစ်က စာမပြန်ဘူးဆိုတော့ ငါ အချိန်ထပ်ဖြုန်းနေဖို့ မလိုတော့ဘူး။ ဒါဘာမှ မမှားဘူးလေ။ ဒီတော့ ရှင်ပြောတာ ဘာလို့နားထောင်ရမှာလဲ” ပေါ့။ အဲဒါနဲ့ သူ့အကြံကို ကျွန်မ လက်မခံခဲ့ဘူး။ ကျွန်မကို ပြန်မဆက်သွယ်တဲ့လူတွေကိုတော့ ကျွန်မက သူတို့ကို မနှောင့်ယှက်တော့ဘူးလေ။ တဖြည်းဖြည်းနဲ့ ကျွန်မတာဝန်ယူရတဲ့ အဖွဲ့တွေထဲက လူသစ်တွေအများကြီးက စုဝေးပွဲတွေ တက်ဖို့ကို စိတ်ဝင်စားမှုမရှိတော့ဘူး။ ဒါကို သတိထားမိတော့မှ အကြံဉာဏ်ကို လက်မခံတဲ့ ကျွန်မသဘောထားက မှားတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ အစ်ကိုဂျရမီကို လျစ်လျူရှုပြီး သူ့အကြံတွေကို ငြင်းပယ်နေပေမဲ့ သူက ကျွန်မစာတွေကို အမြဲတမ်း စာပြန်တာကိုလည်း ကျွန်မ တွေးမိတယ်။ ကျွန်မ သူ့ကို တောင်းပန်ဖို့ရှိတယ်လို့ ခံစားမိတယ်။ အဲဒါနဲ့ ကျွန်မ ဆုတောင်းပြီး ကျွန်မကိုလမ်းပြပြီး ခွန်အားပေးဖို့ ဘုရားသခင်ကို တောင်းခံလိုက်တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်စိတ်ကူးတွေကို ကျောခိုင်းပြီး ဒီအစ်ကိုရဲ့ အကြံကို လက်ခံချင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ ဖတ်ရတယ်။ “အချို့သောသူများသည် သူတို့၏တာဝန်များ ဆောင်ရွက်စဉ်တွင်ပင် သမ္မာတရားကို မရှာဖွေကြပေ။ သူတို့ စိတ်ကျေနပ်စေရုံမျှသာ လုပ်ဆောင်ကြသည်။ သူတို့၏ ကိုယ်ပိုင်စိတ်ကူးများအတိုင်းသာ ပြုမူကြပြီး အမြဲပင် ထင်ရာစိုင်းကာ မဆင်မခြင် ပြုလုပ်ကြပေသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို မလျှောက်ကြပေ။ ‘မဆင်မခြင်ထင်ရာစိုင်းခြင်း’ ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ၎င်းသည် ကိစ္စတခုခုတွေ့ကြုံသည့်အခါ သူတစ်ပါးပေးသော အကြံဉာဏ်ကို အလေးမထား၊ စဉ်းစားတွေးခေါ်မှုမရှိဘဲ ကိုယ့်အမြင်အတိုင်း ပြုမူခြင်းကို ဆိုလိုသည်။ သို့မဟုတ် ရှာဖွေခြင်းအတွက် မည်သည့်နည်းစနစ်မှ မရှိခြင်းကို ဆိုလိုသည်။ အခြားသူတစ်ဦးတလေ ပြောသည့် မည်သည့်အရာမျှ သင့်စိတ်နှလုံးကို မတို့ထိနိုင်၊ သို့မဟုတ် သင့်စိတ်ကို မပြောင်းလဲနိုင်ပေ။ သင့်ကို သမ္မာတရား မိတ်သဟာယဖွဲ့သည့်အခါတွင် သင်သည် လက်ပင်မခံနိုင်ပေ။ အခြားလူများက အမှန်တစ်ခုတလေကို ပြောသည့်အခါတွင် သင်နားမထောင်ဘဲ၊ သင့်ကိုယ်သင် မှန်ကန်သည်ဟု ယုံကြည်ပြီး သင်၏ကိုယ်ပိုင် စိတ်ကူးများကို ဖက်တွယ်ထားလျက်၊ မိမိ၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များကိုသာ ဆုပ်ကိုင်ထားသည်။ သင်၏အတွေးက မှန်ကန်လျှင်ပင် သင်သည် အခြားလူများ၏ ထင်မြင်ယူဆချက်များကိုလည်း ထည့်တွက်စဉ်းစားသင့်သည် မဟုတ်လော။ သင်သည် လုံးဝ ထည့်တွက်မစဉ်းစားလျှင်၊ ဤသည်မှာ အလွန်အမင်း မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်း မဟုတ်သလော။ မိမိကိုယ်ကိုယ် မှန်သည်ဟု အလွန်အမင်း မှတ်ယူပြီး ထိန်းရကျောင်းရခက်သော လူများအတွက် သမ္မာတရားကို လက်ခံဖို့ မလွယ်ကူပေ။ သင်သည် မှားသည့်အရာတစ်စုံတစ်ခု လုပ်ပြီး အခြားလူများက ‘သင်သည် သမ္မာတရားအတိုင်း လုပ်ဆောင်နေခြင်း မဟုတ်’ ဟု ပြောလျက်၊ သင့်အား ဝေဖန်လျှင်၊ သင်က ‘ကျွန်ုပ် သမ္မာတရားအတိုင်း မလုပ်လျှင်ပင်၊ ဤသည်မှာ ကျွန်ုပ် လုပ်ဆောင်မည့်ပုံစံ ဖြစ်နေဆဲ ဖြစ်သည်’ ဟု ပြန်ပြောသည်။ ထို့နောက်တွင် ဤအရာမှာ မှန်ကန်ကြောင့််၎င်းတို့အား တွေးစေဖို့ သင်သည် အကြောင်းပြချက်အချို့ ရှာတွေ့သည်။ ၎င်းတို့က ‘သင် ဤသို့ပြုလုပ်ခြင်းသည် ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်ပြီးအသင်းတော်အလုပ်ကို ထိခိုက်လိမ့်မည်’ ဟု ပြောလျက်၊ သင့်အား ပြစ်တင်မောင်းမဲလျှင်၊ သင်က နားမထောင်ရုံမျှမက၊ ‘ဤသည်မှာ မှန်ကန်သည့်နည်းလမ်းဖြစ်သည်ဟု ကျွန်ုပ် ထင်သည်၊ ထို့ကြောင့် ဤသည်မှာ ကျွန်ုပ် လုပ်ဆောင်မည့်နည်းလမ်းဖြစ်သည်’ ဟူ၍ ဆင်ခြေများ သင့်နှုတ်မှ ဆက်တိုက်ထွက်လာသည်။ ဤသည်မှာ အဘယ်စိတ်သဘောထားနည်း။ (မာနထောင်လွှားခြင်း ဖြစ်ပါသည်။) မာနထောင်လွှားခြင်းဖြစ်သည်။ မာနထောင်လွှားသော သဘာဝသည် သင့်ကို တဇွတ်ထိုးလုပ်စေသည်။ သင်က မာနထောင်လွှားသော သဘာဝရှိလျှင် သင်သည် မည်သူမဆိုက ပြောသည့်အရာကို အရေးမစိုက်ဘဲ ထင်ရာမြင်ရာ၊ အလျင်စလို ပြုမူလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအပေါ် လေးလေးနက်နက် သက်ရောက်ခဲ့တယ်။ ကျွန်မက တာဝန်ထမ်းဆောင်နေပေမဲ့ သမ္မာတရားစည်းမျဉ်းတွေကို မရှာခဲ့ဘူး။ ကျွန်မက ကိုယ့်နည်းလမ်းအတိုင်းပဲ လုပ်နေပြီး ကိုယ့်စိတ်ကူးနောက်ပဲ လိုက်နေခဲ့တာ။ ဘယ်သူပြောပြော လက်မခံဘူး။ ကျွန်မက အစွမ်းအစကောင်းရှိပြီး နည်းလမ်းမှန်နဲ့ လုပ်နေတယ်လို့ ခံစားမိတယ်။ ဒါကြောင့် သူများတွေက လမ်းပြတာ၊ အကြံပေးတာတွေကို လက်ခံဖို့ မလိုခဲ့ဘူး။ ကျွန်မက တော်တော်ကို ခေါင်းမာပြီး ကိုယ့်ကိုယ်ကိုယ် အမှန်ထင်ခဲ့တာပဲ။ လူသစ်တွေရဲ့ စာတွေကို ကျွန်မ လျစ်လျူရှုတော့ အစ်ကိုဂျရမီက စာတွေကို လိုက်ကြည့်ထားဖို့ သတိပေးတယ်။ ယုံကြည်သူအသစ်တွေနဲ့ ဆက်ဆံတာနဲ့ပတ်သက်ပြီး အကြံပေးတယ်။ ဒါပေမဲ့ ကျွန်မက သူ့အကြံတွေကို လက်မခံဘူး။ ကျွန်မက ဘာလုပ်ရမယ်ဆိုတာ သိနေပြီ၊ ကျွန်မကို ပြောပြဖို့မလိုဘူးဆိုပြီး ခံစားမိလို့ပေါ့။ အဲဒီဟာကြောင့် ကျွန်မက သူ့ကို စိတ်ဆိုးလာခဲ့တယ်။ ဒါကြောင့် သူက လူသစ်တွေရဲ့ ပြဿနာတွေအကြောင်းကို ကျွန်မကို ပြောချင်တဲ့အချိန်မှာ သူဖုန်းခေါ်တာကို ကျွန်မ မကိုင်ဘူး။ သူ့စာတွေကိုလည်း မဖတ်ဘူး။ ယုံကြည်သူအသစ်တွေကို ချစ်ခင်ဖို့ သူက ကျွန်မကို ပြောတယ်။ ဒါက သူတို့ကို ဆက်ဆံဖို့ တာဝန်သိတဲ့နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာ ကျွန်မ သိပေမဲ့ ကျွန်မက သူတို့အပေါ် တော်တော်ကောင်းနေပြီ၊ စာတွေထပ်ပြီးပို့နေတာက အချိန်ဖြုန်းတာပဲလို့ ခံစားမိတယ်။ ကိုယ့်ကိုယ်ကိုယ် အရမ်းသေချာနေပြီး အစ်ကိုဂျရမီရဲ့ အကြံကို မယူတာကြောင့် လူသစ်တွေတော်တော်များများက စုဝေးပွဲတွေမှာ စိတ်ဝင်စားမှုမရှိတော့ဘူး။ ကျွန်မက ဘုရားသခင်ဖော်ပြသလိုပဲ။ ခေါင်းမာတယ်၊ မာနထောင်လွှားတယ်၊ ကိုယ့်ကိုယ်ကိုယ် အမှန်ထင်တယ်ဆိုတာ ဒီရလဒ်ကြောင့် ကျွန်မ မြင်သွားတယ်။ ကျွန်မက စည်းမရှိဘူး။ ကိုယ့်တာဝန်မှာ ထင်ရာမြင်ရာလုပ်ပြီး အလျင်လိုတယ်။ သမ္မာတရားကို မရှာဘူး။ ကျွန်မက တာဝန်တွေကို ဖြည့်ဆည်းနေတာမဟုတ်ပါဘူး။ ကျွန်မက ကိုယ့်အတ္တကို ဘေးဖယ်ထားပြီး သူများတွေရဲ့ အကြံကို ယူနိုင်ရင် ကျွန်မအလုပ်မှာ တော်တော် အဆင်မပြေဖြစ်နေမှာမဟုတ်ဘူး။ ဒါကို သေချာစဉ်းစားကြည့်တော့ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို တကယ် ရွံမိတယ်။ ကျွန်မ သစ္စာဆိုလိုက်တယ်။ အခုကစပြီး ဇာတိပကတိကို စွန့်လွှတ်မယ်၊ သမ္မာတရားကို လက်တွေ့လုပ်မယ်၊ အကြံတွေကို လက်ခံဖို့ သင်ယူမယ်ပေါ့။ ကျွန်မတာဝန်မှာ ကောင်းကောင်းလုပ်ဖို့ ကြိုးပမ်းမယ်ပေါ့။ အဲဒီနောက်တော့ အစ်ကိုဂျရမီအကြံပေးတဲ့ဟာကို လုပ်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်မကို စာမပြန်တဲ့လူသစ်တွေနဲ့ အဆက်အသွယ်ရှိနေဖို့ သေချာလုပ်တယ်။ ကျွန်မ အံ့ဩရတာက မကြာခင်မှာပဲ တချို့က စုဝေးပွဲတွေကို တက်ချင်လာကြတယ်။ အစ်ကိုဂျရမီရဲ့ အကြံတွေက ဘယ်လောက်အထောက်အကူဖြစ်တယ်ဆိုတာ ဒါဟာ တာဝန်ထမ်းဆောင်ရာမှာ တာဝန်သိတဲ့နည်းပဲဆိုတာ နောက်ဆုံးမှာ ကျွန်မ မြင်သွားတယ်။ အဲဒီနောက်တော့ ညီအစ်ကိုမောင်နှမတစ်ယောက်က အကြံပေးတိုင်းမှာ ကျွန်မ လက်ခံဖို့ ကြိုးစားတယ်။

နောက်ပိုင်းမှာ ကျွန်မ ဧဝံဂေလိကို စပြီး ဖြန့်ဝေတယ်။ အစ်မမိုနာက ကျွန်မတို့အလုပ်ကို ကြီးကြပ်နေတာ။ ဧဝံဂေလိကို ပထမဆုံး စပြီး မျှဝေတော့ ကျွန်မ တော်တော် စိတ်လှုပ်ရှားတယ်။ ဒါပေမဲ့ ဧဝံဂေလိမျှဝေဖို့ သင့်တော်သူတွေနဲ့ မိတ်သဟာယဖွဲ့ဖို့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ ကျွန်မလုပ်တာ ကောင်းနေပြီလို့ ထင်တာ။ ဒါပေမဲ့ ပထမအပတ်ပြီးသွားတော့ ရလဒ်ကောင်းတွေ လုံးဝ မရဘူး။ ကျွန်မ အခက်အခဲတစ်ခုခုရှိသလားဆိုပြီး အစ်မမိုနာက မေးတယ်။ ဧဝံဂေလိမျှဝေဖို့ သင့်တော်သူတွေရဲ့ အယူအဆတွေ၊ ပြဿနာတွေကို ဖြေရှင်းဖို့ သူတို့နဲ့ ခဏခဏ ဆက်သွယ်ဖို့ သူက သတိပေးတယ်။ သူဒီလိုပြောတာကို ကြားတော့ ကျွန်မက နည်းနည်းစိတ်တိုပြီး ပြောလိုက်တယ်။ “ကျွန်မက မိတ်သဟာယဖွဲ့ပြီးပြီ။ ဒါပေမဲ့ သူတို့က စာမပြန်ဘူး” ပေါ့။ ကျွန်မက သူတို့ကို စာပို့တယ်ဆိုတာ သက်သေပြဖို့ သူ့ကို စကရင်ရှော့တွေတောင် ပို့လိုက်တယ်။ နောက်တော့ အစ်မမိုနာက ကျွန်မဆီကို ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို သက်သေခံထားတဲ့ အစ်ကိုဂျိုးဇက်အသံသွင်းထားတာကို ပို့လိုက်တယ်။ အဲဒီကနေ ကျွန်မ သင်ယူနိုင်အောင်ပေါ့။ သူက ဧဝံဂေလိဖြန့်ဝေတာမှာ တော်တော်ကျွမ်းကျင်ပြီး ဒီနေရာမှာ အရမ်းအောင်မြင်တယ်လို့ ပြောတယ်။ ဒါက ကျွန်မအတွက် တော်တော်ရှက်စရာကောင်းတာပေါ့။ သူက ကျွန်မကို အစ်ကိုဂျိုးဇက်နဲ့ ယှဉ်နေသလို ခံစားမိတယ်။ ကျွန်မအတွက် ခံယူဖို့ ခက်တယ်လေ။ “ဘာလို့ အဲဒီအသံသွင်းထားတာကို ငါ့ဆီ ပို့လိုက်တာလဲ။ သူ့မိတ်သဟာယက ငါ့ထက်သာနေတာများ ဖြစ်နိုင်သလား။ သူက အောင်မြင်တယ်လို့ ပြောတော့ ငါက မတော်ဘူးလို့ ဆိုလိုတာဖြစ်ရမယ်” ပေါ့။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ “ငါ့မိတ်သဟာယက အဆင်ပြေပါတယ်။ ငါက တာဝန်မှာ လူသစ်ဖြစ်နေပြီး စည်းမျဉ်းတွေကို မရင်းနှီးသေးလို့ပါ” ပေါ့။ လူတိုင်းမှာ သူ့ကိုယ်ပိုင်ပုံစံရှိတယ်လို့ ကျွန်မ ခံစားမိတယ်။ ဒါကြောင့် အသံသွင်းထားတာကိုတောင် ကျွန်မ နားမထောင်ခဲ့ဘူး။ အစ်မမိုနာကို ကျွန်မ ပြန်ပြောလိုက်တယ်။ “တခြားလူတွေက သူတို့ပုံစံရှိတယ်။ ကျွန်မလည်း ကျွန်မပုံစံရှိတယ်။ သူများတွေရဲ့ ပုံစံတွေကို ပိုကြိုက်တယ်ဆိုရင် ကျွန်မ လူသစ်တွေကို ရေလောင်းတာ ပြန်လုပ်လို့ရပါတယ်” ပေါ့။ အစ်မမိုနာက ကျွန်မကို အထင်သေးနေတယ်၊ ကျွန်မက ဧဝံဂေလိ အမှုဆောင်ကောင်းတစ်ယောက်မဟုတ်သလို သူခံစားရတယ်လို့ ကျွန်မ မြင်မိတယ်။ ကျွန်မ တော်တော်စိတ်ညစ်၊ စိတ်တိုနေပြီး သူ့အကြံကို လက်မခံချင်ဘူး။ ကျွန်မ စိတ်ထိခိုက်ရင်းနဲ့ သူ့ကို ပြောလိုက်တယ်။ “ကျွန်မတို့က တရားဟောတဲ့ပုံစံတွေ မတူပါဘူး။ ဘာလို့အဲဒီအသံသွင်းထားတာကို ပို့လိုက်တာလဲ ပေါ့။” အဲဒီနောက်တော့ ကျွန်မ သူ့ကို စာမပြန်တော့ဘူး။

ကျွန်မက ကောင်းတဲ့အခြေအနေမှာရှိမနေတာကို ခံစားမိတော့ အစ်မမိုနာက ကျွန်မဆီကို ဘုရားနှုတ်ကပတ်တော်တချို့ ပို့လိုက်တယ်။ ကျွန်မ တော်တော်ကို လှုံ့ဆော်ခြင်း ခံရပါတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “မည်သည့် တာဝန်မျိုးကို သင် ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် မည်သည့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို သင် လေ့လာနေသည်ဖြစ်စေ အချိန်ကြာလာသည်နှင့်အမျှ ထိုအရာ၌ သင်သည် ပိုမိုကျွမ်းကျင်လာသင့်သည်။ သင်သည် တိုးတက်ရန် ဆက်၍ကြိုးစားနိုင်ပါက သင်သည် တာဝန်ထမ်းဆောင်ခြင်း၌ပို၍ ပို၍ ကျွမ်းကျင်လာလိမ့်မည်။...မည်သည့်တာဝန်ကို သင် ထမ်းဆောင်နေသည်ဖြစ်စေ၊ အမှုအရာများကို လေ့လာရာတွင် သင် စိတ်နှစ်ထားဖို့ လိုအပ်သည်။ သင်သည် အတတ်ပညာဆိုင်ရာ အသိပညာကင်းမဲ့ပါက အတတ်ပညာဆိုင်ရာ အသိပညာကို လေ့လာလော့။ သမ္မာတရားကို နားမလည်ပါက သမ္မာတရားကို ရှာဖွေလော့။ သမ္မာတရားကို သင် နားလည်ပြီး အတတ်ပညာဆိုင်ရာ အသိပညာကို သင် ရရှိပါက သင်၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ထိုအရာများကို သင် အသုံးချနိုင်လိမ့်မည်ဖြစ်ပြီး ရလဒ်များ ရရှိလိမ့်မည်။ ဤသည်မှာ မှန်သော ပါရမီနှင့် စစ်မှန်သော အသိပညာရှိသည့် လူတစ်ဦး ဖြစ်သည်။ သင်၏ တာဝန်အတောအတွင်းတွင် သင်သည် မည်သည့် အတတ်ပညာဆိုင်ရာ အသိပညာကို လုံးဝ မလေ့လာပါက သမ္မာတရားကို မရှာဖွေသကဲ့သို့ သင်၏ အစေခံခြင်းသည် သာမန်ထက်နိမ့်ကျပါက သင်၏ တာဝန်ကို မည်သို့ ထမ်းဆောင်နိုင်မည်နည်း။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ရန် အသုံးဝင်သည့် အသိပညာများစွာ သင် လေ့လာရမည်ဖြစ်ပြီး သင့်ကိုယ်သင် သမ္မာတရားများစွာဖြင့် ပြင်ဆင်ရမည်။ သင်ယူမှုကို မည်သည့်အခါတွင်မျှ မရပ်တန့်ရ၊ ရှာဖွေမှုကို လုံးဝ ရပ်တန့်ရမည်မဟုတ်သကဲ့သို့ အခြားသူများထံမှ သင်ယူခြင်းအားဖြင့် သင်၏ အားနည်းချက်များနှင့် ပတ်သက်၍ တိုးတက်စေခြင်းကို မည်သည့်အခါတွင်မျှ မရပ်တန့်ရပေ။ အခြားလူများ၏ အားသာချက်များက မည်သည့်အရာဖြစ်ပါစေ၊ သို့မဟုတ် မည်သည့်နည်းဖြင့် သင့်ထက် ၎င်းတို့ ပိုမိုအားကောင်းသည်ဖြစ်စေ ၎င်းတို့ထံမှ သင် သင်ယူရမည်။ သင့်ထက် သမ္မာတရား ပိုမိုကောင်းမွန်စွာ နားလည်သောသူ မည်သူမဆိုထံမှ သင် ပို၍ပင် သင်ယူသင့်ပေသည်။ နှစ်အချို့ကြာ သင်၏ တာဝန်ကို ဤသို့ ထမ်းဆောင်ခြင်းအားဖြင့် သင်သည် သမ္မာတရားကို နားလည်ကာ ယင်း၏ လက်တွေ့အရှိတရားများထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်သည်၊ သင့်တာဝန်ကို သင်ထမ်းဆောင်ခြင်းသည် စံချိန်မီလိမ့်မည်။ သင်သည် သမ္မာတရားနှင့် လူ့သဘာဝ ပိုင်ဆိုင်သည့်‌ လူတစ်ဦး၊ သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်လာပြီးဖြစ်လိမ့်မည်။ ဤအရာကို သမ္မာတရား လိုက်စားခြင်းအားဖြင့် စွမ်းဆောင်ရရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) တာဝန်တစ်ခုမှာ တိုးတက်ပြီး ဧဝံဂေလိ အလုပ်မှာ အောင်မြင်ဖို့အတွက် သူများတွေရဲ့ အကြံတွေကို လက်ခံဖို့ သင်ယူရမယ်၊ သူတို့ရဲ့ အားသာချက်တွေနဲ့ အောင်မြင်တဲ့ နည်းလမ်းတွေကို သင်ရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကျွန်မ မြင်သွားပါတယ်။ ဒါက အရမ်းကို အရေးကြီးပါတယ်။ ကျွန်မက သမ္မာတရားကို နားလည်မှုနည်းပြီး အမှားတွေ၊ အားနည်းတာတွေ အများကြီးရှိတယ်။ တာဝန်က ဘာပဲဖြစ်ပါစေ သက်ဆိုင်တဲ့ စည်းမျဉ်းတွေနဲ့ ကျွမ်းကျင်မှုတွေကို ကျွန်မ သင်ရမယ်။ သင်ယူပြီး သူများတွေရဲ့ အကြံကို လက်ခံချင်စိတ်ရှိသရွေ့ ကျွန်မအားနည်းချက်တွေကို ဖာထေးနိုင်ပြီး တိုးတက်အောင်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မက မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေခဲ့တယ်။ ကျွန်မက ဧဝံဂေလိစပြီး မျှဝေတာ မကြာသေးဘူး။ စည်းမျဉ်းတွေကို နားမလည်ဘူး။ သိပ်မအောင်မြင်ဘူး။ ဒါပေမဲ့ ကျွန်မလုပ်တာ ကောင်းတယ်လို့ ခံစားမိပြီး အကြံယူချင်စိတ်မရှိဘူး။ အစ်မမိုနာက ကျွန်မပြဿနာတွေကို ထောက်ပြတဲ့အချိန်မှာတောင် ကျွန်မက ကိုယ်လုပ်တာ ကိုယ်သိတယ်၊ ဘာအကြံမှမလိုဘူးဆိုတာ သက်သေပြဖို့ သူ့ကို စကရင်ရှော့တွေပဲ ပို့လိုက်တယ်။ ကျွန်မက စိတ်ကူးကောင်းတွေရှိတယ်၊ သူများတွေဆီကနေ သင်ဖို့မလိုဘူးလို့ ခံစားမိတော့ သူက အစ်ကိုဂျိုးဇက် ဧဝံဂေလိမျှဝေထားတဲ့ အသံသွင်းထားတာကို ကျွန်မဆီပို့တော့ လက်မခံဘူး။ ကျွန်မရဲ့ မာနထောင်လွှားမှုကြောင့် အပြုသဘောဆောင်တဲ့၊ ကြိုတင်စီမံတဲ့ အကြံတွေကို လက်ခံချင်စိတ်မရှိဘူး။ အစ်မမိုနာနဲ့ အစ်ကိုဂျရမီရဲ့ အကြံနှစ်ခုလုံးအပေါ်မှာ ကျွန်မက ဒီသဘောထားပဲရှိခဲ့တယ်။ အမြဲတမ်း အတိုက်အခံဖြစ်တယ်။ ငြင်းဆန်တယ်။ ကိုယ့်ခံယူချက်အတိုင်း ရပ်တည်တယ်။ ဒီလိုသဘောထားမျိုးနဲ့ ကျွန်မက ဘယ်တာဝန်မဆို ရလဒ်ကောင်းတွေ ရမှာမဟုတ်ဘူး။ ဘာတိုးတက်မှုမှရှိမှာမဟုတ်ဘူး။ ဘုရားသခင်ကလည်း ကျွန်မတာဝန်ကို လက်ခံမှာမဟုတ်ဘူး။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ်အမှန်ဟု မှတ်ယူခြင်းသည် လူများ၏ အသိသာဆုံးသော ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်၊ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ခြင်း မရှိပါက၊ ၎င်းတို့ သန့်စင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။ လူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် အမှန်ထင်သည့် စိတ်သဘောထားများရှိကြသည်။ ၎င်းတို့ မှန်ကန်သည်ဟု အစဉ်ယုံကြည်ကြသည်။ ၎င်းတို့ထင်မြင်သည့်အရာ၊ ပြောဆိုသည့်အရာနှင့် ထင်မြင်ချက်ရှိသည့်အရာအားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်အမြင်နှင့် စိတ်ထားက မှန်ကန်သည်၊ အခြားမည်သူမဆိုက ပြောသည့်အရာတိုင်းက ၎င်းတို့ပြောသကဲ့သို့ ကောင်းမွန်ခြင်း၊ မှန်ကန်ခြင်းမရှိဟု အစဉ် ယုံကြည်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များကိုသာ အစဉ် စွဲကိုင်ထားကြပြီး အခြားမည်သူမဆိုက ပြောသည့်အရာတိုင်းကို နားမထောင်ကြပေ။ အခြားလူတို့ပြောသည့်အရာက မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည့်အခါတွင်ပင် ၎င်းတို့က လက်မခံကြပေ။ နားထောင်နေသည့်ပုံစံမျှသာရှိပြီး မည်သည့်အရာကိုမျှ လက်မခံပေ။ လုပ်ဆောင်ရန် အချိန်ကျရောက်လာသောအခါ၎င်းတို့က ကိုယ်ပိုင်နည်းလမ်းဖြင့် သွားဆဲဖြစ်သည်။ ၎င်းတို့သည် မှန်ကန်ပြီး ခိုင်လုံမှုရှိသည်ဟု အစဉ်သဖြင့် ထင်ကြသည်။ သင်သည် မှန်ကန်ပြီး ခိုင်လုံကောင်း ခိုင်လုံနိုင်သည်၊ သို့မဟုတ် ပြဿနာများမရှိဘဲ မှန်ကန်သည့်အရာကို သင်လုပ်ကောင်းလုပ်နိုင်သည်။ သို့သော် သင် ထုတ်ဖော်ပြသော စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းသည် မာနထောင်လွှားခြင်းဖြစ်ပြီး မိမိကိုယ်ကို အမှန်ဟုထင်မြင်ခြင်း မဟုတ်သလော။ သင်က ဤမာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားကို မပစ်ပယ်နိုင်လျှင် ယင်းက သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်မည်လော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင်၏ အရည်အချင်းကို ထိခိုက်မည်လော။ ဤမာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားကို သင် မဖြေရှင်းနိုင်လျှင် နောင်တွင် ကြီးမားသော အနှောင့်အယှက်များကို ကြုံရနိုင်ခြေရှိသည်။ ကြုံရမည်မှာ သံသယရှိစရာမလိုပေ။ ဤသည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ လူ၌ ထင်ရှားပြသသောဤအရာများကို ဘုရားသခင်က မြင်နိုင်ပါသလား။ အလွန့်အလွန်ပင် ကောင်းစွာ မြင်နိုင်သည်။ ဘုရားသခင်သည် လူသား၏ အတွင်းကျဆုံး ဖြစ်တည်မှုကို ဆန်းစစ်လေ့လာရုံမကဘဲ ၎င်းတို့၏ နှုတ်ထွက်စကားတိုင်း၊ လုပ်ရပ်တိုင်းကို အစဉ် စောင့်ကြည့်နေသည်။ ဘုရားသခင်က သင့်၌ ထင်ရှားပြသသော ဤအရာများကို မြင်သောအခါ မည်သို့ပြောမည်နည်း။ ဘုရားသခင်က ‘သင်သည် ခေါင်းမာသည်။ သင်က မှားယွင်းနေသည်ကို မသိသောအခါ သင်၏ ထင်မြင်ချက်အတိုင်းလုပ်ဆောင်ခြင်းက နားလည်ပေးနိုင်သည်။ သို့သော် သင်က မှားယွင်းနေသည်ကို အပြည့်အဝ ကောင်းစွာ သိသောအခါတွင် သင်၏ ထင်မြင်ချက်အတိုင်း လုပ်ဆောင်ဆဲဖြစ်ပြီး နောင်တရရန် ငြင်းဆန်လျှင် သင်သည် ခေါင်းမာ၍ အသက်ကြီးသော အရူးတစ်ယောက်ဖြစ်ပြီး ဒုက္ခရောက်လိမ့်မည်။ မည်သူ၏ အကြံပြုချက်ဖြစ်ပါစေ သင်က အပျက်သဘောဆောင်ပြီး ရန်မူလိုသော သဘောထားနှင့် တုံ့ပြန်လျှင်၊ သမ္မာတရားကို လုံးဝ လက်မခံလျှင်၊ သင်၏ စိတ်နှလုံး၌ ရန်ငြိုး၊ ပိတ်ထားခြင်း၊ ငြင်းဆန်ခြင်းမှလွဲ၍ အခြားမရှိလျှင် သင်သည် ရယ်ဖွယ်ရာ၊ အဓိပ္ပာယ်မရှိသော အရူးတစ်ယောက်ဖြစ်သည်။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလွန်းသည်။’ သင်သည် ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲသည်မှာ မည်သို့ဖြစ်သနည်း။ သင်နှင့်ပတ်သက်၍ ခက်ခဲသည့်အရာမှာ သင်၏အပြုအမူသည် အမှုကိစ္စများကို မှားယွင်းသော လုပ်ဆောင်ပုံလုပ်ဆောင်နည်း သို့မဟုတ် မှားယွင်းသော အပြုအမူ မဟုတ်ပေ၊ ထိုထက် ယင်းက စိတ်သဘောထားတစ်မျိုးမျိုးကို ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ယင်းက အဘယ်စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြသနည်း။ သင်သည် သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) ကျွန်မရဲ့ စိတ်သဘောထားက ဘယ်လောက် တကယ်ကို မာနထောင်လွှားပြီး ခေါင်းမာတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက ကိစ္စတွေကို နားလည်ပြီး မှန်မှန်ကန်ကန်လုပ်တယ်လို့ အမြဲတမ်း ခံစားမိတယ်။ အစ်မမိုနာနဲ့ အစ်ကိုဂျရမီက ကျွန်မကို အကြံတွေ ထပ်ခါထပ်ခါ ပေးတယ်။ ဒါပေမဲ့ လုံးဝ လက်မခံဘူး။ ကိုယ့်ကိုယ်ကိုယ် သူတို့နဲ့ ယှဉ်ပြီး သူတို့ကို စိတ်ကောက်တယ်။ ကျွန်မတာဝန်က ဧဝံဂေလိမျှဝေပြီး ဘုရားကို သက်သေခံဖို့ပါ။ ဒါကြောင့် သူတို့အကြံတွေက ကျွန်မတာဝန်အတွက်၊ လမ်းမှန်ကို လက်ခံတဲ့ ဧဝံဂေလိမျှဝေဖို့ သင့်တော်သူတွေအတွက် အထောက်အကူဖြစ်ရင် ကျွန်မက လက်ခံပြီး လက်တွေ့လုပ်သင့်တယ်။ ဒါပေမဲ့ ကျွန်မ မလုပ်ခဲ့ဘူး။ ကျွန်မက အခြေအနေမှန်ကို သိပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်တယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းမှာ စည်းမျဉ်းတွေကို နားမလည်ဘူး။ ဧဝံဂေလိမျှဝေတာ မကျွမ်းကျင်ဘူး။ ကျွန်မက တာဝန်မှာ လုံးဝ မအောင်မြင်ပါဘူး။ ညီအစ်ကိုမောင်နှမတွေက ကျွန်မပြဿနာတွေကို ထောက်ပြတာ၊ အကြံပေးတာတွေလုပ်တဲ့အခါ ကျွန်မက မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ်အမှန်လုပ်တယ်။ လက်ခံဖို့ အခက်အခဲဖြစ်နေတယ်။ တစ်ခါတလေမှာ ကျွန်မက အတိုက်အခံဖြစ်တာ၊ စိတ်ဆိုးတာတောင် ရှိတယ်။ ဒါက ကျွန်မရဲ့ အပေါ်ယံအပြုအမူမှာရှိတဲ့ အမှားတစ်ခုသက်သက်မဟုတ်ဘူး။ သမ္မာတရားကို ရွံ့မုန်းတာကို ပြနေတာပါ။ ကျွန်မက အတိုက်အခံဖြစ်ပြီး မနာခံတာက အခြေခံအားဖြင့် သမ္မာတရားကို ငြင်းဆန်ပြီး တိုက်ခိုက်နေတာပါ။ သမ္မာတရားကို မုန်းတီးခြင်းပါ။ နောက်တော့ ဘုရားသခင်က လူတွေရဲ့ အပြင်ပန်းအပြုအမူကိုပဲ ကြည့်တာမဟုတ်ဘူး၊ စိတ်နှလုံးထဲကို ကြည့်တယ်၊ သမ္မာတရားအပေါ်၊ သူ့အပေါ် လူတွေရဲ့ စိတ်သဘောထားကို ကြည့်တယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ ကျွန်မက ယုံကြည်သူတစ်ယောက်ပါ။ တာဝန်ထမ်းဆောင်ပြီး စုဝေးပွဲတွေသွားခဲ့တယ်။ ဒါပေမဲ့ သမ္မာတရားနဲ့ညီတဲ့ အကြံတွေကို လက်မခံဘူး၊ အပြုသဘောဆောင်တာတွေကို လက်မခံဘူး။ သမ္မာတရားကို ငြင်းပယ်တယ်၊ တိုက်ခိုက်တယ်၊ မုန်းတောင် မုန်းတီးတယ်။ ကျွန်မက ဘုရားအပေါ် ဘာကြောက်ရွံ့မှုမှ မရှိပါဘူး။ ဒီလို ဆက်သွားနေရင် ကိုယ့်တာဝန်ကို လုပ်တာ မကောင်းရုံတင်မကဘဲ နောက်ဆုံးမှာ ဘုရားကို ရွံရှာအောင် လုပ်မိပြီး ဘုရားက ရှုတ်ချပြီး အပြစ်ဒဏ်ပေးတာ ခံရမယ်။ ရလဒ်ကောင်းမှာမဟုတ်ဘူး။ ကျွန်မကိုယ်တိုင်ရဲ့ အကျည်းတန်တဲ့၊ ဆိုးယုတ်တဲ့ မျက်နှာကို မြင်ရတာ စိတ်သောကရောက်ပြီး ကြောက်မိတယ်။ ကျွန်မက အရမ်းဖောက်ပြန်ပျက်စီးနေတယ်၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် ဘုရားကို ဆန့်ကျင်မိမယ်လို့ တစ်ခါမှ စိတ်မကူးမိဘူး။ ဒါကို သဘောပေါက်တော့ ကိုယ့်ကိုယ်ကိုယ် တော်တော်မုန်းမိတယ်။

နောက်တစ်နေ့မှာ အဖွဲ့တစ်ခုမှာ အစ်မမိုနာပို့တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ပြီး လက်တွေ့လုပဖို့ လမ်းကြောင်းတစ်ခု တွေ့သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတစ်ဦး၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်း၏ ထူးခြားသော လက္ခဏာအချို့ ရှိသည်။ ပထမဆုံး ထူးခြားသော လက္ခဏာမှာ မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည့် ကိစ္စရပ်များကို ကျိုးနွံနာခံနိုင်ခြင်း ဖြစ်သည်။ မည်သူက အယူအဆကို ပေးသည်ဖြစ်စေ၊ ထိုသူသည် အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ၎င်းတို့နှင့် သင် အဆင်ပြေနိုင်သည်ဖြစ်စေ၊ မပြေနိုင်သည်ဖြစ်စေ၊ ၎င်းတို့ကို သင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ၎င်းတို့နှင့် သင် ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ၊ ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ၎င်းတို့ ပြောသည့်အရာ မှန်ကန်သရွေ့၊ သမ္မာတရားနှင့် ကိုက်ညီပြီး ဘုရားသခင်၏ အိမ်တော် အလုပ်အဖို့ အကျိုးရှိသရွေ့ မည်သည့် အကြောင်းအရင်းမျှ၏ လွှမ်းမိုးခြင်းမခံရဘဲ သင်သည် နားထောင်နိုင်သည်၊ ခံယူပြီး လက်ခံနိုင်သည်။ မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည့် ကိစ္စရပ်များကို လက်ခံပြီး ကျိုးနွံနာခံနိုင်ခြင်းသည် ပထမ ထူးခြားသော လက္ခဏာဖြစ်သည်။ ဒုတိယ ထူးခြားသော လက္ခဏာရပ်မှာ တစ်စုံတစ်ခု ဖြစ်ချိန်တွင် သမ္မာတရားကို ရှာဖွေနိုင်ခြင်း ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်ရုံမက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းလည်း ဖြစ်ပြီး၊ မိမိကိုယ်ပိုင် အလိုဆန္ဒအတိုင်း ကိစ္စရပ်များကို မကိုင်တွယ်ခြင်း ဖြစ်သည်။ မည်သည့် ပြဿနာကို သင် ရင်ဆိုင်နေရသည်ဖြစ်စေ သင် နားမလည်သည့်အခါ ရှာဖွေပြီး ပြဿနာအား မည်သို့ ကိုင်တွယ်ရမည်ဆိုသည်နှင့် သမ္မာတရား၏ စည်းမျဉ်းများနှင့် ကိုက်ညီပြီး ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းဖို့အလို့ငှာ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင် ကြည့်နိုင်သည်။ တတိယမြောက် ထူးခြားသော လက္ခဏာမှာ မည်သည့် ပြဿနာကို သင် ရင်ဆိုင်ရသည်ဖြစ်စေ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား ရရှိရန် ဇာတိပကတိကို ဆန့်ကျင်ပုန်ကန်ရင်း ဘုရားသခင်၏ အလိုတော်ကို သင် ထည့်တွက်စဉ်းစားခြင်း ဖြစ်ပေသည်။ မည်သည့် တာဝန်ကို သင် ထမ်းဆောင်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ အလိုတော်ကို ထည့်တွက်စဉ်းစားပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း မိမိတာဝန်များကို ထမ်းဆောင်သည်။ ဤတာဝန်အတွက် မည်သည့် သတ်မှတ်ချက်များ ဘုရားသခင်တွင် ရှိသည်ဖြစ်စေ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သင်သည် သူ၏ သတ်မှတ်ချက်များအတိုင်း ယင်းကို ဆောင်ရွက်နိုင်သည်။ ဤစည်းမျဉ်းကို သင် သဘောပေါက်ရမည်ဖြစ်ပြီး သင်၏ တာဝန်ကို တာဝန်သိသိနှင့် သစ္စာရှိစွာ ထမ်းဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ကို ထည့်တွက်စဉ်းစားခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အချို့သော ကိစ္စတွင် သင်သည် ဘုရားသခင်၏ အလိုတော်ကို မည်သို့ ထည့်တွက်စဉ်းစားရမည်၊ သို့မဟုတ် ဘုရားသခင်ကို မည်သို့ စိတ်ကျေနပ်စေရမည်ကို မသိပါက သင် ရှာဖွေရမည်။ ပြောင်းလဲသည့် စိတ်သဘောထား၏ ဤထူးခြားသော လက္ခဏာသုံးရပ်နှင့် သင့်ကိုယ်သင် နှိုင်းယှဉ်သင့်ပြီး ဤထူးခြားသော လက္ခဏာများအား သင် ပိုင်ဆိုင်ခြင်း ရှိလား၊ မရှိလားဆိုသည်ကို မြင်ရန် ကြည့်သင့်သည်။ သင်သည် ဤသွင်ပြင်လက္ခဏာသုံးရပ်တွင် လက်တွေ့ကျသော အတွေ့အကြုံရှိပြီး ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းရှိပါက ဤသည်မှာ ကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ မည်သည့် ကိစ္စရပ်ကို သင် ရင်ဆိုင်ရသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် ပြဿနာကို သင် ကိုင်တွယ်ဖြေရှင်းနေရသည်ဖြစ်စေ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ၊ သမ္မာတရား၏ စည်းမျဉ်းတစ်ခုစီတွင် မည်သည့် အသေးစိတ်အချက်များ ပါဝင်သည်ဆိုသည်နှင့် စည်းမျဉ်းများကို ချိုးဖောက်ခြင်းမရှိဘဲ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်တို့ကို သင် အမြဲ ရှာဖွေရမည်။ ဤပြဿနာများ ရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင် အလိုလို သိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည်)သင်သည် သမ္မာတရားကို နားမလည်သောအခါ တစ်စုံတစ်ယောက်က သင့်ကို အကြံတစ်ခုပေးလျှင်၊ သမ္မာတရားနှင့်အညီ မည်သို့လုပ်ဆောင်ရမည်ကို သင့်အား ပြောပြလျှင်၊ ပထမဆုံး သင်လုပ်ဆောင်သင့်သည်မှာ လက်ခံပြီး လူတိုင်းကို အတူတကွမိတ်သဟာယဖွဲ့ရန် တောင်းဆိုဖို့ဖြစ်သည်။ ဤသည်မှာ မှန်ကန်သည့်လမ်းကြောင်းဖြစ်သလော၊ သမ္မာတရားစည်းမျဉ်းများနှင့်ညီသလောဆိုသည်ကို ကြည့်ရန်ဖြစ်သည်။ သမ္မာတရားနှင့်ညီသည်ဟု သင်သေချာသိရှိလျှင် ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်လော့။ သမ္မာတရားနှင့်မညီဟု သင်သေချာသိရှိလျှင် လက်တွေ့မလုပ်ဆောင်နှင့်။ ထိုမျှ ရိုးရှင်းသည်။ သင်သည် လူများစွာထံမှ သမ္မာတရားကို ရှာဖွေသင့်သည်။ လူတိုင်းကပြောသည့်အရာကို နားထောင်ပြီး အားလုံးကို အလေးအနက် ခံယူသင့်သည်။ နားမထောင်ခြင်း၊ သို့မဟုတ် လူတို့ကို ပစ်ပယ်ခြင်း မလုပ်ဆောင်နှင့်။ ဤသည်မှာ သင်၏တာဝန်တွင် ပါဝင်သည်။ ထို့ကြောင့် လေးနက်စွာ မှတ်ယူသင့်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားနှင့် အခြေအနေဖြစ်သည်။ သင်သည် မှန်ကန်သော အခြေအနေရှိသောအခါ သမ္မာတရားအပေါ် စိတ်ကုန်ပြီး ရန်လိုသော စိတ်သဘောထားကို ပြတော့မည်မဟုတ်ပေ။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ နေရာကို ယူပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ဤနည်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အကျိုးသက်ရောက်မှုမှာ အဘယ်နည်း။ (သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုရှိသည်။) သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုရှိခြင်းသည် တစ်ချက်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိုကိစ္စသည် အလွန်ရိုးရှင်းပြီး သင်၏ ကိုယ်ပိုင်အသိဉာဏ်ကို အသုံးပြုခြင်းအားဖြင့် ရရှိနိုင်သည်။ လူတို့က သင့်အား အကြံများပေးပြီး သင်က နားလည်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက် သင်သည် အမှုအရာများကို ကောင်းစွာပြောင်းလဲပြီး ရိုးရှင်းစွာဖြင့် စည်းမျဉ်းနှင့်အညီ ရှေ့ဆက်သည်။ လူသားများအတွက်မူ ဤအရာသည် အသေးအဖွဲဖြစ်သည့်ပုံစံရှိသည်။ သို့သော် ဘုရားသခင်၏ အမြင်တွင် ဤသည်မှာ အရေးကြီးသည်။ အဘယ်ကြောင့် ကျွန်ုပ် ဤသို့ပြောသနည်း။ သင်သည် ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်သောအခါ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြောင်း၊ သမ္မာတရားကို စိတ်ကုန်သောသူမဟုတ်ဘဲ၊ သမ္မာတရားကို ချစ်သောသူတစ်ဦး ဖြစ်ကြောင်းကို ဘုရားသခင်က မြင်ပြီး တစ်ချိန်တည်းတွင် သင်၏ စိတ်နှလုံးကို မြင်သည့်အခါ၊ ဘုရားသခင်သည် သင်၏ စိတ်သဘောထားကိုလည်း မြင်သည်။ ဤသည်မှာ အရေးကြီးသည်။ သင်သည် တာဝန်တစ်ခုကို ထမ်းဆောင်ပြီး ဘုရားသခင်ရှေ့တွင် အမှုအရာများကို လုပ်ဆောင်သောအခါ သင် အသက်ရှင်နေထိုင်သည့်အရာနှင့် ဖွင့်ပြသောအရာတို့သည် လူတို့တွင်တွေ့ရှိသင့်သော သမ္မာတရား၏ စစ်မှန်မှုဖြစ်သည်။ ဘုရားသခင်ရှေ့မှောက်တွင် သင်လုပ်ဆောင်သမျှရှိ သင်၏ သဘောထား၊ အတွေးများနှင့် အခြေအနေတို့သည် အရေးကြီးဆုံးဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်က စိစစ်သောအရာများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကိုလည်း တကယ် အမြင်ဖွင့်ပေးတယ်။ တစ်ယောက်ယောက်က ကျွန်မကို အကြံပေးရင် ဘယ်သူပဲ ဖြစ်ပါစေ သူက မှန်ပြီး သမ္မာတရားနဲ့ ကိုက်သရွေ့ ကျွန်မ လက်ခံသင့်တယ်။ ဆောင်ရွက်သင့်တယ်။ ဘုရားအလိုတော်နဲ့အညီ ပြုမူသင့်တယ်။ ဒါက သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်တဲ့ အပြုအမူပဲ။ ဒါက ကျွန်မတာဝန်မှာ ပိုပြီးတော့ အလွယ်တကူနဲ့ ဘုရားရဲ့ လမ်းပြမှုကို ရပြီး ရလဒ်ကောင်းတွေရဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ဒါဆိုရင် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက တဖြည်းဖြည်းချင်း ပြောင်းလဲနိုင်တယ်။ အရင်က ကျွန်မရဲ့ ဂုဏ်နဲ့ မာနထောင်လွှားမှုကြောင့် ကိုယ့်တာဝန်မှာ သမ္မာတရား စည်းမျဉ်းတွေကို မရှာခဲ့ဘူး။ သူများတွေရဲ့ အကြံကို လက်မခံခဲ့ဘူး။ ဒါကြောင့် ကျွန်မလုပ်တာ မကောင်းခဲ့ဘူး။ အခု ဘုရားအလိုတော်နဲ့ သတ်မှတ်ချက်တွေကို ကျွန်မ နားလည်သွားပြီ။ ကျွန်မတာဝန်မှာ ဘုရားအလိုတော်ကို အရေးစိုက်ရမယ်၊ သမ္မာတရားကို ရှာဖွေရမယ်၊ စည်းမျဉ်းတွေနဲ့အညီ လက်တွေ့လုပ်ရမယ်၊ တာဝန်တွေကို ဖြည့်ဆည်းရမယ်။ ဧဝံဂေလိဖြန့်ဝေတာနဲ့သက်ဆိုင်တဲ့ ဘာကိုမဆို ကျွန်မ အားလျော့လို့မဖြစ်ဘူး။ ဒါကို အလေးအနက်ထားရမယ်။ ဧဝံဂေလိ မျှဝေဖို့ သင့်တော်သူတွေရဲ့ လမ်းမှန်ကို လက်ခံခြင်းနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေရှင်းပေးရမယ်။ ကျွန်မက သမ္မာတရား စစ်မှန်မှုမရှိဘူး။ စည်းမျဉ်းတွေကို နားမလည်ဘူး။ ဒါကြောင့် သူများတွေဆီက အကြံတွေ၊ အကူအညီတွေလိုတယ်။ သူတို့က ကျွန်မကို အကြံပေးတဲ့အခါမှာ ကျွန်မတာဝန်မှာ တိုးတက်မှုရှိအောင် ကူညီပေးဖို့သက်သက်ပဲ။ ကျွန်မတာဝန်တွေကို ဆောင်ရွက်နိုင်အောင်ပေါ့။ သူတို့က ကျွန်မကို အထင်မသေးပါဘူး။ ဒါကြောင့် သူတို့ရည်ရွယ်ချက်တွေကို ပုံမဖျက်သင့်ဘူး။ အဲဒီနေ့ နေ့လည်မှာ အစ်မမိုနာဆီကို ကျွန်မ စာပို့လိုက်ပြီး ကျွန်မအပြုအမူအတွက် တောင်းပန်လိုက်တယ်။ သူက ကျွန်မကို နည်းနည်းလေးမှ စိတ်မဆိုးဘူး။ ဒါပေမဲ့ ကျွန်မက အပြစ်ရှိတယ်လို့ ခံစားမိတော့ လိပ်ပြာမလုံဖြစ်နေတုန်းပဲ။ ဒါတွေအားလုံးက သမ္မာတရားကို ကျွန်မ လက်မခံတာကြောင့်ပဲ။ ကျွန်မက အရမ်းမာနထောင်လွှားပြီး ခေါင်းမာလွန်းတယ်။ အဲဒီကစပြီး အစ်မမိုနာက ကျွန်မကို ဘယ်လိုအကြံမျိုးတွေ ပေးပါစေ သူများတွေက ကျွန်မရဲ့ ဘယ်ပြဿနာတွေကို ထောက်ပြပါစေ သူတို့ပြောတာကမှန်ပြီး ကျွန်မတာဝန်မှာ အထောက်အကူဖြစ်သရွေ့ ကျွန်မ လက်ခံဖို့ ကြိုးစားတယ်။ တစ်ခါတလေမှာ ဧဝံဂေလိ မျှဝေတာမှာ စိန်ခေါ်မှုတွေကို ကျွန်မ ကြုံရတော့ သူများတွေရဲ့ အကြံတွေကို တက်တက်ကြွကြွနဲ့ ရှာဖွေတယ်။ ဒီလိုလုပ်တော့ ဧဝံဂေလိဖြန့်ဝေတာမှာ ပိုကောင်းတဲ့ ရလဒ်တွေရပြီး ယုံကြည်ခြင်းဆီကို လူတွေပိုပြီး ခေါ်ခဲ့တယ်။ တစ်ခါတော့ တချို့ ဧဝံဂေလိမျှဝေဖို့ သင့်တော်သူတွေကို ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ သက်သေခံပြီးတဲ့နောက်မှာ သူတို့ထဲက တချို့က ဆက်ပြီး လေ့လာချင်တယ်။ ဒါပေမဲ့ တချို့ကတော့ ကျွန်မစာကိုဖတ်ပြီးတဲ့နောက်မှာ စာမပြန်ဘူး။ အဲဒါနဲ့ ကျွန်မက သူတို့ကို ထပ်ပြီး အရေးမစိုက်တော့ဘူး။ ကျွန်မက ဖြစ်ကတတ်ဆန်းလုပ်နေတယ်ဆိုတာ အစ်မမိုနာက သတိထားမိပြီး သူတို့တွေကို လွယ်လွယ်လေးနဲ့ လက်မလျှော့ဖို့ အကြံပေးတယ်။ ကျွန်မစာတွေကို သူတို့ ဖတ်သရွေ့ သူတို့နဲ့ အဆက်အသွယ်လုပ်နေသင့်ပြီး သူတို့တွေကို ဆွဲခေါ်ဖို့ နည်းလမ်းစဉ်းစားဖို့ ကြိုးစားသင့်တယ် ပေါ့။ ဒီတစ်ခါတော့ သူ့အကြံကို ကျွန်မ မငြင်းဆန်ခဲ့ဘူး။ ဘုရားသခင်ပြောတာတစ်ခုကို ကျွန်မ သတိရတယ်။ “လူတစ်ဦး၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်း၏ ထူးခြားသော လက္ခဏာအချို့ ရှိသည်။ ပထမဆုံး ထူးခြားသော လက္ခဏာမှာ မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည့် ကိစ္စရပ်များကို ကျိုးနွံနာခံနိုင်ခြင်း ဖြစ်သည်။ မည်သူက အယူအဆကို ပေးသည်ဖြစ်စေ၊ ထိုသူသည် အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ၎င်းတို့နှင့် သင် အဆင်ပြေနိုင်သည်ဖြစ်စေ၊ မပြေနိုင်သည်ဖြစ်စေ၊ ၎င်းတို့ကို သင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ၎င်းတို့နှင့် သင် ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ၊ ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ၎င်းတို့ ပြောသည့်အရာ မှန်ကန်သရွေ့၊ သမ္မာတရားနှင့် ကိုက်ညီပြီး ဘုရားသခင်၏ အိမ်တော် အလုပ်အဖို့ အကျိုးရှိသရွေ့ မည်သည့် အကြောင်းအရင်းမျှ၏ လွှမ်းမိုးခြင်းမခံရဘဲ သင်သည် နားထောင်နိုင်သည်၊ ခံယူပြီး လက်ခံနိုင်သည်။” ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြောင်းလဲပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ချင်ရင် တခြားလူတွေရဲ့ အကြံတွေကို လက်ခံဖို့ သင်ယူရမယ်ဆိုတာ ကျွန်မ သိသွားတယ်။ အစ်မမိုနာရဲ့ အကြံအတိုင်းလုပ်ဖို့ ကြိုးစားတယ်။ အဲဒီဧဝံဂေလိ မျှဝေဖို့ သင့်တော်သူတွေကို ဆက်ပြီး စာပို့တယ်။ သူတို့အခက်အခဲတွေကို မေးတယ်။ အရင်က စာမပြန်တဲ့သူတွေက တရားဟောတာကနေ သူတို့ ဘာတွေရခဲ့တယ်ဆိုတာကို ကျွန်မနဲ့စပြီး ဆွေးနွေးတော့ ကျွန်မ အံ့ဩသွားတာပေါ့။ သူတို့က စစ်မှန်တဲ့လမ်းကို စပြီးတော့ တက်တက်ကြွကြွလေ့လာကြတယ်။ ကျွန်မ အရမ်းပျော်သွားတာပေါ့။ သူများတွေရဲ့အကြံကိုယူတာက ဘယ်လောက်အကျိုးရှိတယ်ဆိုတာ ကျွန်မ ကိုယ်တိုင်တွေ့သွားတယ်။ ဒီနည်းနဲ့ ကျွန်မ တော်တော်သိလိုက်ရတယ်။ ဧဝံဂေလိမျှဝေခြင်းနဲ့ပတ်သက်တဲ့ သမ္မာတရားတချို့ကို သိရရုံတင်မကဘူး။ ဧဝံဂေလိမျှဝေဖို့ သင့်တော်သူတွေရဲ့ အခက်အခဲတွေ၊ မေးခွန်းတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ဘယ်လိုမိတ်သဟာယဖွဲ့ရမယ်ဆိုတာလည်း သိသွားတယ်။ သူတို့နဲ့ ဆက်သွယ်ပြောဆိုရတာက အရမ်းခက်နေသလို မခံစားရတော့ဘူး။ ကျွန်မတာဝန်မှာ ကျွန်မလုပ်တာ ပိုပိုပြီးကောင်းလာတယ်။

ဘုရားနှုတ်ကပတ်တော်တွေက ဘယ်လောက် တန်ဖိုးမဖြတ်နိုင်သလဲဆိုတာ၊ ကိုယ့်ကိုယ်ကိုယ် သိဖို့ ကူညီပေးနိုင်တယ်ဆိုတာ ဒီအတွေ့အကြုံကနေ ကျွန်မ သိလိုက်ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ လက်တွေ့လုပ်တဲ့အခါ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက ပြောင်းလဲနိုင်တယ်။ တစ်ခါတလေမှာ မာနထောင်လွှားမှုနည်းနည်းကို ကျွန်မ ပြနိုင်သေးပေမဲ့ ကျွန်မအတ္တကို ဘေးဖယ်ထားဖို့၊ သမ္မာတရားကို လက်ခံအောင် သင်ယူဖို့၊ သူများတွေရဲ့ အကြံကို ယူဖို့၊ သမ္မာတရားတွေ ပိုပြီး သင်ယူဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ ဘုရားသခင်က ကျွန်မကို ဆက်ပြီး လမ်းပြပြီး စိစစ်ဖို့ ကျွန်မ မျှော်လင့်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မတို့ မိသားစု ပျက်စီးခြင်းကို ဘယ်သူ ဖြစ်စေခဲ့လဲ

ချိုင်န တရုတ်နိုင်ငံ ကျွန်မယောက်ျားနဲ့ ကျွန်မက တစ်ရွာတည်းမှာပဲ ကြီးပြင်းလာခဲ့ကြပြီး၊ ငယ်ငယ်ကတည်းက မိဘတွေနဲ့အတူ သခင်ယေရှုကို...

ကျွန်ုပ်တာဝန်တွင် မကြိုးပမ်းခြင်းက ကျွန်ုပ်ကို ထိခိုက်နစ်နာစေသည်

အိုဝမ်၊ စပိန်နိုင်ငံ ၂၀၁၈ ခုနှစ်မှာ၊ ကျွန်တော် ဗီဒီယို တည်းဖြတ်သူအနေနဲ့ အသင်းတော်မှာ အလုပ်လုပ်တယ်။ ပထမတော့၊ ဗီဒီယို တည်းဖြတ်ရာမှာ...

သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို နာခံရန် အလွန်အရေးကြီးပါသည်

ချောင်ဝေ၊ ရှန်ဟိုင်းမြို့ လွန်ခဲ့သောအချိန်ကာလ၌ ကျွန်မနှင့်အတူ တာဝန်များအား လုပ်ဆောင်ခဲ့သော ညီအစ်မ တစ်ယောက်သည် သူမက ဘုရားသခင်၏...

အသိပညာမရှိတာဟာ အကြောင်းပြချက်မဟုတ်ပါဘူး

၂၀၂၁ ခုနှစ် မေလမှာ အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် အစေခံဖို့ ကျွန်မရွေးချယ်ခံရပြီး ကျွန်မတို့ရဲ့ဗီဒီယိုထုတ်လုပ်ရေးပိုင်းကို အဓိကအနေနဲ့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။